The Blind Men and the Elephant (Burmese
by James Baldwin

" ဆင်တကောင်နဲ့ မျက်မမြင်များ" ဆိုတာ အင်ဒီးယားက ပုံပြင်တပုဒ်ပါ။ ဘာသာတရား အဆုံးအမတွေမှာလည်း ထည့်သုံးကြတယ်။ ကလေးရော လူကြီးပါ ဖတ်ဖို့ ပုံပြင်အဖြစ် ပုံစံအမျိုးမျိုးနဲ့ ထုတ်ဝေကြတယ်။ မျက်မမြင်တစုက ဆင်တကောင်ကို လေ့လာကြတယ်။ ထိမိထိရာ ကိုင်ပြီး ငြင်းကြတယ်။ သူတို့ သိသမျှ စုမိမှ အမှန်တရား ရုပ်လုံးပေါ်မယ်။
တခါက မျက်မမြင် ၆ ယောက်ဟာ လမ်းဘေးမှာ ထိုင်ပြီး ဖြတ်သွားဖြတ်လာတွေထံက တောင်းရမ်းကြတယ်။ သူတို့ဟာ ဆင်အကြောင်း ကြားဖူးပေမယ့် ဆင်ကို မမြင်ဖူးကြဘူး။ မျက်မမြင်ပါဆိုမှ ဘယ်လို မြင်ဖူးပါ့မလဲလေ။
တမနက်တော့ သူတို့ထိုင်နေတဲ့ လမ်းပေါ်ကို ဆင်တကောင် မောင်းလာတာ ကြုံရတယ်။ ဆင်ကြီးလာနေတယ်လို့ ပြောကြတော့ သူတို့က ဆင်ဦးစီးကို ခဏရပ်ပြီး ကြည့်ပါရစေလို့ တောင်းဆိုကြတယ်။
မျက်စိနဲ့ မမြင်နိုင်ကြပေမယ့် ဘယ်လိုအကောင်မျိုးလဲလို့ လက်နဲ့ထိပြီး လေ့လာလို့ရမယ် ထင်ကြတယ်။
ပထမတယောက်က ဆင်ရဲ့နံဘေးကို ထိကြည့်ပြီး "ဟုတ်ပြီ၊ ဟုတ်ပြီ။ ဒီကောင်ကြီးကို ငါသိပြီ။ ဆင်ဆိုတာ နံရံနဲ့ တကယ် တူတာပဲ။" တဲ့။
ဒုတိယလူက အစွယ်ကို စမ်းပြီး၊ "ငါ့ညီရေ မင်းမှားပြီ။ နံရံနဲ့ မတူဘူးကွ။ လုံးတယ်၊ ချောတယ်၊ ချွန်တယ် ဆိုတော့ တခြားဟာတွေထက် လှံနဲ့ ပိုတူတယ်ကွ။" လို့ ပြောတယ်။
တတိယလူက ဆင်နှာမောင်းကို ကိုင်မိတယ်။ "မင်းတို့ နှစ်ယောက်လုံး မှားတယ်။ သိတဲ့လူတွေကတော့ ဆင်ဆိုတာ မြွေနဲ့ တူတယ်လို့ မြင်မှာပဲ။ လို့ ပြောတယ်။
လေးယောက်မြောက်လူက သူ့လက်တွေကို ဆန့်ပြီး ဆင်ခြေထောက်ကို ဖမ်းကိုင်မိတယ်။ "မင်း တော်တော်ကန်းပါလား။ လုံးလုံး၊ ရှည်ရှည် ဆိုတော့ သစ်ပင်နဲ့ တူတာ ရှင်းနေတာပဲ။" လို့ ပြောတယ်။
ငါးယောက်မြောက်က အရပ်ရှည်တယ်။ သူ့လက်နဲ့ ဆင်နားရွက်ကို ကိုင်မိတယ်။ အကန်းတွေ၊ မင်းတို့ပြောသလို မဟုတ်ဘူး။ ဆင်ဆိုတာ ယပ်တောင် အကြီးကြီးနဲ့ တူတာ။" လို့ ပြောတယ်။
ခြောက်ယောက်မြောက်ကတော့ လုံးလုံး ဘာမှ မမြင်တဲ့သူ။ ဆင်နားရောက်အောင် မနည်းသွားရတယ်။ နောက်ဆုံးတော့ ဆင်မြီးကို ဆွဲမိတယ်။
"အော်၊ မိုက်လိုက်တဲ့လူတွေ။ ဘာမှမသိ၊ ဘာမှ အကင်းမပါးကြပါလား။ ဆင်ဆိုတာ နံရံတွေ၊ လှံတွေ၊ မြွေတွေ၊ သစ်ပင်တွေနဲ့ မတူဘူး။ ယပ်တောင်နဲ့လည်း မတူဘူး။ အကင်းပါးတဲ့လူဆိုရင် ဆင်ဆိုတာ ကြိုးနဲ့ တကယ်တူမှန်း သိတယ်။" လို့ ပြောတယ်။
အဲဒီနောက် ဆင်ထွက်သွားတယ်။ မျက်မမြင် ၆ ယောက်က လမ်းဘေးမှာ တနေကုန်ထိုင်ပြီး ငြင်းကြတယ်။ လူတိုင်းက သူတို့ကိုယ်သူတို့ သိတယ်ပဲ ထင်နေကြတယ်။ ပြောတာလက်မခံတော့ စကားလုံး ခပ်ကြမ်းကြမ်းတွေ ပြောလာကြတယ်။ မျက်စိမြင်သူတွေလည်း တခါတလေ အဲဒီလို ခပ်ကောင်ကြောင်တွေ လုပ်တတ်ပါတယ်။
ကောင်းကင်ရောက်ဖို့
ကောင်းတာတွေ လုပ်မှရမယ်လို့ လူအများထင်တတ်ပါတယ်။ တကယ်တော့
ကောင်းကင်ရောက်ဖို့ကို ဘုရားသားတော်က လာပြီး အသေခံပေးခဲ့ပါပြီ။
ကိုယ်စားအသေခံပြီး အပြစ်ကြွေးကို ဆပ်ပေးခဲ့ပါပြီ။ လူက တခုခု လုပ်မှရမယ်၊ Do
လို့ ထင်တယ်။ ဘုရားက ငါ လုပ်ပေးပြီးပြီ၊ Done လို့ ပြောပါတယ်။ ဒါကို
နားမလည်ဘဲ မနေသင့်ပါဘူး။ လားဟူပုံပြင်လေးက ရယ်စရာကောင်းပါတယ်။ ဒါပေမယ့် မအ,
ဖို့ သတိပေးနေပါတယ်။
The Foolish Boy: A Folktale from the Lahu People of Southeast Asia and China
This folktale warns about the perils of being foolish.It has a startling and rather final ending.
Once, there was a woman with a very foolish son who just stayed home all day.
One day, the boy smelled a neighbor's curry. Its smelled so good that he said, "Mother, I want to eat a delicious curry."
"How
can I make a curry at all if you do not bring back any food from the
jungle? If you want curry, go look for some food to put in it."
So
the boy made a fish trap. But he did not have the patience to wait
along. Giving up, sure that the trap was empty, he threw it up into the
trees. But there had been a small fish caught in the trap, and an egret
landed on the trap and had a nice snack. The boy caught the egret and
said to it, "Fly to my home and tell my mother that I said to kill you
and make a curry out of you." Then, he let the egret go and watched it
fly away.
He went home. "Mother, did you get the egret? I told it to fly home so could make a curry out of it."
"Son, if you want food, you first to kill it, then bring it back."
The next day, the foolish boy found a clump of edible mushrooms. He
remembered what his mother said. He beat the mushrooms to a pulp to make
sure they were dead, and then he brought the mess home.
"Son," his mother said, "this type of food needs to be pick one at a time, then carried home in your shoulder bag."
Off the son went. He found a hive of bees. Even though they stung him
very badly, he managed to put them one by one into his shoulder bag and
carry them home.
"Son," his mother said after she, too, had
been stung and had chased the bees away with smoke, "for this kind of
thing, you must first burn out the hive, then bring it home."
The next day, the foolish boy found a barking deer, which is a small
deer that makes doglike noise. "I must burn it," the boy said. He set
fire to the deer. It barked, leaped into a river, and swam away.
When the boy told his mother what had happened, she sighed.
"Son, you must first strike it and kill it, then bring it home."
So the boy went off into the jungle. He found a Buddhist monk there, struck him over the head, and dragged him home.
His mother, setting about reviving the stunned monk, said, "Son, this
is a holy man. You do not strike him. You bow to him."
So
the boy went off the jungle again. He found a tiger. Remembering what
his mother had said, he bowed to it. The tiger ate him.
And that is why there is a Lahu proverb; Stupid never survives.
(From "World Folklore for Storytellers")
The Foolish Boy: A Folktale from the Lahu People of Southeast Asia and China
လူအ, လေးတယောက်အကြောင်း - အရှေ့တောင်အာရှနဲ့ တရုတ်ပြည်မှာနေထိုင်သော လားဟူလူမျိုးများရဲ့ ပုံပြင်။
ဒီပုံပြင်လေးက မ,အဖို့ သတိပေးထားတာပါ။ ဇာတ်သိမ်းက တမျိုးလေးပါ။
တခါတုန်းက
အမျိုးသမီးတယောက်မှာ တနေကုန် အိမ်မှာပဲ ထိုင်နေတဲ့ သားတယောက် ရှိသတဲ့။
တနေ့တော့ ကောင်လေးက ဘေးအိမ်က ဟင်းနံ့ကို ရသတဲ့။ အနံ့လေးက သိပ်မွှေးတော့ -
“အမေ၊ ဟင်းကောင်းစားချင်လိုက်တာဗျာ” လို့ ပြောသတဲ့။
“ငါက ဘယ်လိုလုပ်
ဟင်းကောင်းချက်မလဲ။ မင်းက တောထဲသွားပြီး ဟင်းချက်စရာမှ မရှာတာ။
ဟင်းကောင်းစားချင်ရင် တောထဲသွားပြီး ဟင်းချက်စရာ ရှာခဲ့။” လို့ ပြောသတဲ့။
ဒါနဲ့
ကောင်လေးဟာ ငါးထောင်ဖို့ ယက်သဲ့တခုကို ရက်သတဲ့။ ဒါပေမယ့် သူက
သိပ်မစောင့်နိုင်ဘူး။ ငါးမရဘူးဆိုပြီး လက်လျှော့လိုက်တယ်။ ယက်သဲ့ကိုတော့
ချုံပုတ်ပေါ် လွှင့်ပစ်လိုက်တယ်။ ဒါပေမယ့် ယက်သဲ့ထဲမှာ ငါးသေးသေးတကောင်
ပါလာတယ်။ ဗျိုင်းတကောင်က ယက်သဲ့ပေါ် ဆင်းလာပြီး အဆာပြေ စားလိုက်ရသတဲ့။
ကောင်လေးက ဗျိုင်းကို ဖမ်းလိုက်တယ်၊ “အိမ်ကို ပျံပြီး၊ ငါ့အမေကို ပြော။
နင့်ကို သတ်ပြီး ဟင်းကောင်းတခွက် ချက်လို့ ပြော။” ဆိုပြီး၊ ဗျိုင်းကို
လွှတ်လိုက်ပြီး၊ ဗျိုင်းပျံပြေးတာကို ငေးကြည့်နေလိုက်ပါတယ်။
အိမ်ရောက်တော့ “အမေ၊ ဗျိုင်းတကောင် မလာဘူးလား? ဟင်းချက်စားဖို့ အိမ်ပြန်သွားလို့ ပြောလိုက်တာ။”
“သားရယ်။ ဟင်းစားချင်ရင် အရင်သတ်ရတယ်။ ပြီးမှ အိမ်ကိုယူလာခဲ့။”
နောက်တနေ့
လူအ,လေးဟာ စားလို့ရတဲ့ မှိုတကျင်းကို တွေ့သတဲ့။ အမေ့စကား သူ သတိရသွားတယ်။
မှိုတွေကို သေအောင် ရိုက်သတ်လိုက်တယ်။ ပြီးမှ မှိုအကြေတွေကို အိမ်ကို
ယူလာတော့တယ်။ “သား၊ ဒါမျိုးက တပွင့်ချင်း ကောက်ယူရုံပဲ။ ကျောပိုးအိတ်ထဲ
ထည့်ယူလာခဲ့။” လို့ အမေက ပြန်ပြောတယ်။
ဒါနဲ့ သားက သွားပြန်တယ်။
ပျားအုံကြီး တအုံကို တွေ့တယ်။ ပျားတွေ အကြီးအကျယ် တုပ်ပေမယ့် တစုချင်း
ကောက်ပြီး ကျောပိုးအိတ်ထဲ ထည့်ပြန်လာခဲ့တယ်။ အမေလည်း ပျားတုတ်ခံရလို့
ပျားတွေကို မီးခိုးနဲ့ မောင်းပြီးမှ “သား၊ ဒါမျိုး အသံမြည်ရင် မီးအရင်
ရှို့ရတယ်။ ပြီးမှ ယူခဲ့” လို့ မှာတယ်။
နောက်တနေ့မှာ လူအ,လေးက
အသံမြည်နေ၊ တောက်နေတဲ့ သမင်လေးတကောင်ကို တွေ့တယ်။ သူရဲ့တောက်သံက
ခွေးဟောင်သံလိုပဲ။ ကောင်လေးက “မီးရှို့မှပဲ” လို့ ဆိုပြီး၊ သမင်ကို
မီးရှို့ဖို့ လုပ်တယ်။ သမင်လေးက အော်ပြီး၊ မြစ်ထဲ ခုန်ချ၊
ရေကူးပြေးတော့တယ်။
ကောင်လေးက အမေကို အဖြစ်အပျက် ပြောပြတဲ့အခါ၊ အမေက သက်ပြင်းချတယ်။ “သား၊ ဒါမျိုးဆို၊ ရိုက်သတ်ပြီးမှ အိမ်ကို ယူခဲ့။”
ဒါနဲ့
တောထဲသွားပြန်တော့ သစ်ခေါက်ဆိုးတဲ့ ဝါဖန့်ဖန့် သင်္ကန်းဝတ်ထားတဲ့
ရသေ့တပါးကို တွေ့တယ်။ ခေါင်းကို ရိုက်ပြီး အိမ်ကို ဆွဲခေါ်လာတယ်။ အမေက
သတိမေ့နေတဲ့ ရသေ့ကို ပြုစုပြီး - “သား၊ ဒီလို သူတော်စဉ်ဆိုရင် မရိုက်ရဘူး။
ဦးချရတယ်ကွဲ့။” လို့ မှာတယ်။
ဒါနဲ့ ကောင်လေးက တောထဲ သွားပြန်တယ်။ ကျားတကောင်ကို တွေ့တယ်။ အမေပြောတဲ့စကား အမှတ်ရပြီး၊ ကျားရှေ့မှာ ဦးချသတဲ့။ ကျားစာမိပါလေရော။
လားဟူပုံပြင်ပါ။ အ,လွန်းရင် သေတတ်ပါတယ်။