စိတ်ကောင်း စေတနာကောင်း၊ အတွေးအခေါ်ကောင်းများနဲ့ ယိုင်းပင်းကူညီကြသော နေ့ရက်များသို့ - To See Good Days!
Showing posts with label I.Q Test. Show all posts
Showing posts with label I.Q Test. Show all posts
Thursday, May 14, 2015
I.Q Test Questions for children (Burmese)
၁။ နွားနို့နဲ့ မလိုင် ဘယ်ဟာက ပိုလေးပါသလဲ?
၂။ ရွှေ တပိသာနဲ့ ငှက်မွေး တပိသာ ဘယ်ဟာက ပိုလေးပါသလဲ?
၃။ လယ်သမားတယောက်မှာ သိုး ၁၇ ကောင်ရှိပါတယ်။ ၉ ကောင်က လွဲလို့ အကုန်သေရင်၊ သိုး ဘယ်နှစ်ကောင် ကျန်သလဲ?
၄။ လျှပ်စစ်ရထားတစင်းဟာ တောင်ဖက်ကို သွားနေတယ်။ လေက မြောက်ဖက်ကို တိုက်နေတယ်။ မီးခိုး ဘယ်ဖက်ကို သွားမလဲ?
၅။ ဧဝရက်တောင်ကို လူတွေ မတွေ့ခင်မှာ ကမ္ဘာအမြင့်ဆုံးတောင်ဟာ ဘယ်တောင်ပါလဲ?
၆။ မြန်မာစာမှာ စာလုံးတစု ရှိပါတယ်။ ဘယ်သူပဲ ရေးရေး၊ ဘယ်လောက်ပဲ ကြိုးစားရေးရေး၊ စာလုံးပေါင်းက မှားနေတယ်။ အဲဒါ ဘယ်စာလုံးများ ဖြစ်မလဲ?
၇။ အစီအစဉ်အတိုင်း ရေးထားတာဆိုရင်၊ 9, 16, 25, 36, _ _ ရဲ့ နောက်ဆုံးကဏန်းက ဘာဖြစ်မလဲ?
၈။ ခွေးတကောင်မှာ သူ့အမြီးကို ခြေထောက်လို့ အမည်ပြောင်း ခေါ်လိုက်ကြရင်၊ အဲဒီခွေးမှာ ခြေထောက် ဘယ်နှစ်ချောင်း ရှိမလဲ?
၉။ ၁ နဲ့ ၁၀၀ ကြားမှာ ၉ အလုံးပေါင်း ဘယ်နှစ်လုံး ရှိသလဲ?
၁၀။ စားသောက်ပွဲတခုမှာ လူ ၁၀ ယောက် တယောက်နဲ့ တယောက် အပြန်အလှန် လက်ဆွဲနှုတ်ဆက်ကြရင်၊ လက်ဆွဲနှုတ်ဆက်တဲ့ အကြိမ်ပေါင်း ဘယ်လောက်ရှိမလဲ?
အဖြေ......
၁။ နွားနို့ ၂။ အတူတူပါ။ ၃။ ၉ ကောင် ၄။ လျှပ်စစ်ရထားမှာ မီးခိုး မထွက်ပါ။
၅။ ဧဝရက်တောင် ၆။ မှားနေတယ် ရ။ 49 ၈။ ၄ ချောင်း ၉။ 20 ၁၀။ 45
Subscribe to:
Comments (Atom)

