စိတ်ကောင်း စေတနာကောင်း၊ အတွေးအခေါ်ကောင်းများနဲ့ ယိုင်းပင်းကူညီကြသော နေ့ရက်များသို့ - To See Good Days!
Showing posts with label သဘာ၀. Show all posts
Showing posts with label သဘာ၀. Show all posts
Friday, June 1, 2012
The Miracle of Photosynthesis - အံ့ဩစရာကောင်းတဲ့ အစာချက်ခြင်း
အစိမ်းရောင်အပင်အားလုံး၊ ရေမှော်ပင်တချို့နဲ့ တချို့ ဘက်တီးရီးယားတွေဟာ လေ၊ ရေ၊ အလင်းနဲ့ သတ္တုဓါတ်အနည်းငယ်လောက်နဲ့ အစားအစာချက်လုပ်တတ်ကြပါတယ်။ ဒါကို photosynthesis လို့ခေါ်ပါတယ်။ ဒီလိုအစာ မချက်လုပ်ကြရင်လည်း လူတွေမှာ စားစရာမရှိ၊ ရှူစရာလေမရှိ ဖြစ်ကြရမှာပါ။
အစိမ်းရောင်အပင်တွေက လူနဲ့ တိရစ္ဆာန်တွေ စွန့်ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုတ်ယူပါတယ်။ ရေနဲနဲနဲ့ အစာချက်ပြီးတော့ အောက်စီဂျင်နဲ့ ကာဗွန်ဟိုက်ဒရိတ်ကို ထုတ်လုပ်ပါတယ်။ ထုတ်ယူခဲ့တဲ့ ရေရဲ့ ၄ ပုံ ၃ ပုံကိုလည်း နောင်သုံးဖို့ ပြန်ထုတ်ပေးပါတယ်။
Photosynthesis ဓါတ်ပြောင်းလဲသွားပုံကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထဲက ကာဗွန်အက်တမ်ကို အောက်စီဂျင်ထဲကနေ ခွဲထုတ်လိုက်ပါတယ်။ ပြီးမှ ရေမော်လီကျူးတခုနဲ့ပေါင်းပြီး ကာဗွန်ဟိုက်ဒရိတ် ဖြစ်လာစေပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ဆိုတာ အစားအစာပါပဲ။ ဒါက ရိုးရိုးကလေးပါ။ ဒါပေမယ့် ဖြစ်ပျက်ပုံကို အသေးစိတ် တဆင့်ချင်းရေးရင်တော့ စာတအုပ် ဖြစ်သွားပါလိမ့်မယ်။
ဒါကို ဒါ၀င်အယူအဆကိုလက်ခံတဲ့ Evolutionists တွေက အပင်တွေဟာ စွန့်ပစ်ပစ္စည်းတွေထဲက အကျိုးရှိတာတွေ ထုတ်ယူတတ်ပါလားဆိုပြီး အံ့ဩကြတယ်။ အပင်တွေကို လိုက်တုပြီး၊ သိပ္ပံပညာရှင်တွေက အာကသမှာ solar cell အသစ်တမျိုးကို လုပ်ဆောင်လာကြတယ်။ အပင်တွေက သူတို့ရတဲ့ အလင်းကို စွမ်းအင်အဖြစ် ၁၀၀% နီးပါး ပြောင်းလဲပေးနိုင်ပေမယ့်၊ လူတွေ အစွမ်းကုန် ကြိုးစားထားတာကတော့ ၈% ပဲ ထိရောက်ပါတယ်။
အဲဒီတော့ ဖန်ဆင်းခြင်းကို ယုံကြည်တဲ့ Creationists တွေက မေးလာကြတယ်။ လူဦးနှောက်နဲ့ နှစ်ပေါင်းများစွာ ကြိုးစားတာက ၈% ပဲ အကျိုးရှိပြီး၊ ဦးနှောက်မရှိတဲ့ သစ်ပင်တွေက ၁၀၀% နီးပါး အကျိုးရှိနေပါလားပေါ့။
ကဲ... တို့ လူသားတွေ အတော့ကို တော်နေပြီပေါ့နော်...
ရည်ညွှန်း။ http://www.creationmoments.com/radio/transcripts/miracle-photosynthesis
Subscribe to:
Comments (Atom)

