Showing posts with label Christmas. Show all posts
Showing posts with label Christmas. Show all posts

Thursday, December 23, 2021

နားထောင်၊ ကောင်းကင်သား ကြွေးကြော် သီချင်းရဲ့ နောက်ခံသမိုင်း

 

Charles Wesley
ဒီကယ်ရို သီချင်းကို Charles Wesley က ၁၇၃၉ မှာ ရေးခဲ့တုန်းက လူကြိုက်များမယ်လို့ မသိခဲ့ဘူး။ အစတုန်းက သီချင်းနာမည်ကို “Hark, how all the welkin ring,” လို့ ပေးခဲ့တယ်။ welkin ဆိုတာက ရှေးအဂ်လိပ်စကား၊ ကောင်းကင်ကို ခေါ်ပါတယ်။ George Whitefield က ၁၇၅၃ မှာ ပထမဆုံး ပုံနှိပ်ဖြန့်ချီတဲ့အခါ ပထမစာကြောင်းကို “Hark! The herald angels sing,” လို့ ပြောင်းလိုက်ရာက အခုအထိ အဲဒီလိုပဲ တွင်သွားပါတယ်။ ပထမ နှစ်ပေါင်း ၁၂၀ လောက်အထိတော့ ဒီသီချင်းကို သံစဉ်အမျိုးမျိုးနဲ့ ဆိုခဲ့ကြတယ်။ ၁၈၅၆ မှာတော့ Gutenberg Festival ပွဲတော် - 1840 အထိမ်းအမှတ် ထုတ်ဝေရာမှာ William Cummings က စာသားကို Felix Mendelssohn ရဲ့ သံစဉ်နဲ့ တွဲလိုက်တယ်။ ဆိုကြသူတွေရော ကြားရသူတွေပါ သူရေးတဲ့သံစဉ်ဟာ ဘုရားတရား စာသားတွေနဲ့ မလိုက်လောက်ဘူးလို့ ထင်ကြသူတွေက ကြိုဆိုကြတော့ Felix Mendelssohn လည်း အံ့အားသင့်လောက်ပါတယ်။
Charles Wesley ရဲ့ သီချင်းက ဘုရားတရား ဓမ္မပညာ အနှစ်ချုပ်ကို ပေးတယ်။ ခရစ်တော်ရဲ့ ဘွဲ့နာမတွေ အများကြီးပါတယ်။ ဘုရင်၊ အရှင်သခင်၊ ငြိမ်သက်ခြင်း အရှင်၊ တရားတော် နေမင်း၊  ထာဝရ အရှင်၊ လူမျိုးတကာတို့ရဲ့ နှစ်လိုဘွယ်ရာ၊ လူ့ဇာတိခံသော ဘုရား၊ ဧမာနွေလ။ ပထမ စာကြောင်းအပြီးမှာပဲ အသစ်ဖွါးမြင်တဲ့ ဘုရင် “the new-born King” ကို ချီးမွမ်းဖို့ နှိုးဆော်တယ်။ နောက်တကြောင်းက "အပျိုကညာမှ ဖွါးမြင်ခြင်း၊ ခရစ်တော်ရဲ့ ဘုရားဇာတိ၊ ကိုယ်ခန္ဓာနဲ့ ရှင်ပြန် ထမြောက်ခြင်း၊ အသစ်ဖွါးမြင်ခြင်းအကြောင်းတွေကို ဖေါ်ပြတယ်။ “Mild he lays his glory by” ဆိုတဲ့ စကားစု နှစ်စုကတော့ ခရစ်တော်ဟာ လူတွေနဲ့ တသားတည်းဖြစ်ဖို့ ဘုန်းစည်းစိမ်ကို စွန့်ပြီး လူ့ဇာတိခံယူကြောင်းကို ဖေါ်ပြတယ်။ “Late in time behold him come” ဆိုတဲ့ စာသားကတော့ "ယခုနောက်ဆုံးသောကာလ၌" သားတော်အားဖြင့် ဘုရားသခင် စကားပြောတယ် ဆိုတဲ့ ‌ဟေဗြဲ ၁း ၂ ကို သတိရစေတယ်။
Hark! the Herald Angels Sing Lyrics

Hark the herald angels sing
"Glory to the newborn King!
Peace on earth and mercy mild
God and sinners reconciled"
Joyful, all ye nations rise

Join the triumph of the skies
With the angelic host proclaim:
"Christ is born in Bethlehem"
Hark! The herald angels sing
"Glory to the newborn King!"

Christ by highest heaven adored
Christ the everlasting Lord!
Late in time behold Him come
Offspring of a Virgin's womb
Veiled in flesh the Godhead see

Hail the incarnate Deity
Pleased as man with man to dwell
Jesus, our Emmanuel
Hark! The herald angels sing
"Glory to the newborn King!"

Hail the heaven-born Prince of Peace!
Hail the Son of Righteousness!
Light and life to all He brings
Ris'n with healing in His wings
Mild He lays His glory by

Born that man no more may die
Born to raise the sons of earth
Born to give them second birth
Hark! The herald angels sing

"Glory to the newborn King!"

နားထောင်၊ ကောင်းကင်သား ကြွေးကြော်

၁။ နားထောင်၊ ကောင်းကင်သား ကြွေးကြော်
ခုဖွါးမြင် ဘုရင့်ဘုန်းတော်၊
ကမ္ဘာပေါ်တွင် ငြိမ်သက်စေ၊ ကောင်းကင်ဘုံတွင် ဘုန်းကြီးစေ။
ပြစ်ရှိသူများ ချမ်းသာ၍၊ ဘုရားသခင်နှင့် ဆုံတွေ့၊
ဗက်လင်မြို့တွင် ကယ်တင်ရှင်၊ ဘွားမြင်ပြီ ငါတို့သခင်။
နားထောင်၊ ကောင်းကင်သား ကြွေးကြော်၊ ခုဖွါးမြင် ဘုရင့်ဘုန်းတော်။ 


၂။ ကောင်းကင်ဘုံသားတို့ဘုရင်၊ ထာဝရ ခရစ်တော်ရှင်၊
ချိန်တန်ကာလ ဆင်းသက်၍၊ ကညာဝမ်း၌ ကိန်းအောင်းလေ၊
လူ့ဇာတိ ကိုယ်တော်မြတ်ဆောင်၊ ကယ်တင်အံ့ငှါ လူတို့ဘောင်။
ဧမာနွေလ ဆင်းသက်ပြီ၊ လူတို့တွင် တည်တော်မူသည်။  
နားထောင်၊ ကောင်းကင်သား ကြွေးကြော်၊ ခုဖွါးမြင် ဘုရင့်ဘုန်းတော်။ 


၃။ ကောင်းကင်ဖွါး ငြိမ်သက်အရှင်၊ တရားမင်း၊ ဘုန်းကြီးဘုရင်။
အလင်း၊ အသက်၊ စည်းစိမ်မျိုး၊ ဘေးဒဏ်ပေါင်း ကင်းရှင်း တန်ခိုး။
ပေးပိုင်ရှင် သခင်မြတ်သည်၊ လူထာဝရ သက်တည်ကြည်၊
ရစိမ့်သောငှါ ကောင်းကင်မှ၊ ဆင်းသက်သည်းခံ ဖွါးမြင်ရ။
နားထောင်၊ ကောင်းကင်သား ကြွေးကြော်၊ ခုဖွါးမြင် ဘုရင့်ဘုန်းတော်။


Monday, December 20, 2021

It Came Upon a Midnight Clear - "ကြည်လင်လှစွာ သန်းခေါင်ယံမှာ"


Edmund Sears
စာသား Edmund Sears


Edmund Sears ကို Massachusett မက်စက်ချူးဆက်ပြည်နယ်၊ Sandisfield စင်ဒစ်ဖီး မြို့မှာ ၁၈၁၀ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ မွေးဖွါးပါတယ်။ သူ့အသက် ၆၆ နှစ်မှာ နယူးယော့ပြည်နယ်၊ စင်ဒစ်ဖီးမြို့ရဲ့   Union College မှ ဘွဲ့၊ ဟားဗတ်မှ ဒေါက်တာဘွဲ့ရပြီး၊ မက်စက်ချူးဆက်ပြည်နယ်ထဲက Wayland, Lancaster and Weston စတဲ့ မြို့တွေရဲ့  အသင်းတော်ငယ် ၃ ပါးမှာ သင်းအုပ်လုပ်တယ်။ ၁၈၇၆ မှာ သေဆုံးတယ်။ သေးသေးမွှားမွှား အချက်လေး တချက်ကလွဲလို့ သူ့ကို လူတွေ မေ့သွားကြမှာပါ။
၁၈၄၆ မှာ Peace on Earth ဆိုတဲ့ ကဗျာလေးကို ရေးပါတယ်။ ဒီအရင် ၁၈၃၄ မှာရေးတဲ့ ခရစ်စမတ် သီချင်းက လူတွေ သိပ်လက်မခံတော့ အခုကဗျာလေးကို စားပွဲမှာပဲ သိမ်းထားခဲ့တယ်။ Peace on Earth ကဗျာလေးဟာ စားပွဲမှာပဲ ၃ နှစ်ကြာခဲ့ပေမယ့် ဘုရားသခင်မှာ အကြံအစည် ရှိနေတယ်။ အဲဒီကဗျာလေးကြောင့်သာ အဲဒီတောသား တရားဟောဆရာကို လူတွေ မှတ်မိစရာဖြစ်သွားပါတယ်။
ဆရာ စီးယားဟာ ဘော့စ်တွန်မြို့ ဘုရားကျောင်းကြီးမှာ အမှုတော်ဆောင်လို့ ရပေမယ့် သူက ဘတ်ရှိုင်းယားတောင်တန်းတွေမှာပဲ ကြီးပြင်းခဲ့တယ်။ တောသဘာဝကို ချစ်တယ်။ တောအရပ်သဘာဝနဲ့ နွေရက်ရှည်ကနေ ဆောင်ညချမ်းဆီ ရာသီအပြောင်းအလဲတွေက  ဒီကဗျာကို ရေးဖို့ စိတ်ကူးရစေတယ်။
နယူးအဂ်လန်ပြည်နယ်ရဲ့ ဆောင်းညချမ်းမှာ နှင်းပွင့်တွေ တွဲလောင်းကျနေတဲ့ ပြတင်းတံခါးကနေ စိတ်မြင်ကွင်းမှာ ရှေးခေတ် ယုဒပြည် တောင်းကုန်းပေါ်မှာ ကောင်းကင်တမန်တွေ ဆင်းသက်လာတာကို မြင်ယောင်မိမယ်။ သိုးထိန်းတွေ ကြောက်ရွံ့သွားတယ်။ ကောင်းကင်အရှင်သခင် ဘုရင့်အမိန့်တော်ပါတယ်။ "မြေကြီးပေါ်မှာ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာ ကရုဏာ ရှိစေသတည်း။" ဒီလို မြင်ယောင်ရင်း Peace on Earth ကဗျာလေး မွေးဖွါးလာတယ်။
အချိန်ကာလက ဆရာ စီးယားရဲ့ ကဗျာလေးကို ဝါးမြိုသွားပေမယ့် Peace on Earth ကဗျာလေးကို ဘော့စတွန်မြို့ရဲ့  Christian Register စာစောင် ထုတ်ဝေသူထံ ပို့လိုက်တယ်။ တနှစ်အကြာ ၁၈၅၀ ခုနှစ်မှာတော့ အားလုံးဖတ်စရာ ပုံနှိပ်စာအဖြစ်ပါလာတယ်။ ကဗျာစားသားတွေကို သံစဉ်လေးဖြည့်ပြီး ပျံဝဲစေသူကတော့ ယေးလ်တက္ကသိုလ်ကျောင်းဆင်း၊ နယူးယော့ ထရစ်ဗြူး  New York Tribune ရဲ့ ဂီတဝေဖန်ရေးဆရာ Richard Willis ဖြစ်တယ်။ နောက်နှစ်အတော်ကြာမှာတော့ Oliver Wendell Holmes က "သမိုင်းတလျှောက် ရေးခဲ့သမျှမှာ အကောင်းဆုံး၊ အလှဆုံး ဓမ္မသီချင်းအဖြစ် ကြေညာလိုက်တယ်။
သီချင်းလေးက လှနေတုန်းပဲ။ သူ့ပေးတဲ့ သတင်းစကားကလည်း ကြားဖို့ လိုနေတုန်းပဲ။ ဒီနေ့ခေတ်မှာတော့ Edmund Sears ရဲ့ ငြိမ်းချမ်းရေးကဗျာလေးကို  It Came Upon
the Midnight Clear ခေါင်းစဉ်နဲ့ သီချင်းအဖြစ် ဆိုနေကြပါပြီ။

သံစဉ် Richard Willis

    It came upon the midnight clear,
    That glorious song of old,
    From angels bending near the earth,
    To touch their harps of gold; 


    “Peace on the earth, good will to men,
    From Heav’n’s all-gracious King.”
    The world in solemn stillness lay,
    To hear the angels sing. 


    Still through the cloven skies they come
    With peaceful wings unfurled,
    And still their heav’nly music floats
    O’er all the weary world; 


    Above its sad and lowly plains,
    They bend on hov’ring wing,
    And ever o’er its Babel sounds
    The blessed angels sing. 


    Yet with the woes of sin and strife
    The world has suffered long;
    Beneath the angel strain have rolled
    Two thousand years of wrong; 


    And man, at war with man, hears not
    The love-song which they bring;
    Oh, hush the noise, ye men of strife
    And hear the angels sing. 


    And ye, beneath life’s crushing load,
    Whose forms are bending low,
    Who toil along the climbing way
    With painful steps and slow, 


    Look now! for glad and golden hours
    Come swiftly on the wing.
    Oh, rest beside the weary road,
    And hear the angels sing! 


    For lo! the days are hast’ning on,
    By prophet seen of old,
    When with the ever-circling years
    Shall come the time foretold 


    When Christ shall come and all shall own
    The Prince of Peace, their King,
    And saints shall meet Him in the air,
    And with the angels sing.

၁။ ကြည်လင်လှသော ကောင်းကင်ယံမှာ ..
ကောင်းကင်တမန်များသည်
ရွှေစောင်းများကို ကိုယ်စီကိုင်ကာ
ချီးမွမ်းဧကျူးကြ၏။
ငြိမ်သက်ခြင်းနှင့် အလိုတော်သည်
မြေပေါ်မှာ ရောက်စေသတည်း ။
ကောင်းကင်သီချင်းသံ ကြားစိမ့်ငှါ
တိတ်ဆိတ်လှ မြေပေါ်မှာ ...
၂။ ကောင်းကင်သား သီချင်းသံ သာယာ
ကောင်းကင်မှ ထွက်လာသည်။
မောပန်းလှသော ဤလောကမှာ
ထိုသီချင်းသံ ကြား၏။
ဝမ်းနည်းဘွယ်ရာ ထိုကွင်းပေါ်မှာ
ကောင်းကင်သားများ ဝဲကြ
လောက ရှုပ်ထွေး ဒုက္ခထဲမှာ
ထိုသီချင်းသံ ကြားရ ....
၃။  ပရောဖက်များ ဟောကြားသမျှ
လျင်မြန်စွာ ပြည့်စုံရ
နှစ်များသည် လွန်သွားနေစဉ်ခါ
ဟောချက်အတိုင်း ဖြစ်လာ။
ကောင်းကင်သစ်နှင့် မြေကြီးသစ်လျှင်
ကိုယ်တော်ကို ဝန်ခံစဉ်
ကောင်းကင်သားများ၏ သီချင်းကို
တလောကလုံး ကျူးဆို။

Monday, December 22, 2014

Silent Night, Holy Night (Burmese)

တိတ်ဆိတ်ည၊ သန့်ရှင်းည

Facts:

 Lyricist စာသား : Joseph Mohr
    Lyrics Date: 1816
    Translator
    Key: C
    Theme အကြောင်းအရာ : Christ's Birth ခရစ်တော်ဖွါးမြင်ခြင်း
    Additional Resources
    Composer တေးသွား :Franz Gruber
    Music Date: 1818
    Tune Title: STILLE NACHT
    Meter: irregular
    Scripture ကျမ်းချက်  :  လုကာ ၂း ၁၆ 

၁၉၁၄ ခုနှစ်ရဲ့ ခရစ်စမတ် အကြိုညနေခင်းမှာပေါ့။ ပထမကမ္ဘာစစ်အတွင်းမှာပေါ့။ ဂျာမန် စစ်သားတွေက နှစ်ဦးပိုင်းကတည်းက ရှေ့တန်းထွက်လာကြရတော့ ခရစ်စမတ်အမှီ အောင်ပွဲနဲ့အတူ အိမ်ပြန်ရကောင်းလောက်ရဲ့လို့ မြော်လင့်နေကြတယ်။ အဲဒီစစ်သားကလေးတွေဟာ ခရစ်စမတ်အမှီ အိမ်ပြန်မရောက်တဲ့အပြင် စစ်ပွဲက ဥရောပနဲ့ ကမ္ဘာတလွှားမှာ ၄ နှစ်ကြာနေခဲ့တယ်။

၁၉၁၄ ဒီဇင်ဘာမှာတော့ မိုင် ၂၀၀ ရှည်လျားတဲ့ ရှေ့တန်းစစ်မျက်နှာက တူးမြောင်းကြီးဟာ အခက်ခဲဆုံး အသေအပျောက် အများဆုံးနေရာ ဖြစ်ခဲ့ပါတယ်။ တူးမြောင်းတလျှောက်ဟာ ရွှံ့တွေ၊ ကြွက်တွေ  ခြင်တွေ ယင်တွေ၊ လူသေအလောင်းတွေနဲ့ ပြည့်နေတယ်။ ၁၉၁၄ ခုနှစ်ရဲ့ ခရစ်စမတ်ကလည်း တကယ်အေးလွန်းတယ်။ နှင်းမှုန်တွေ တိုက်ခတ်နေတယ်။ လူသေအလောင်းတွေ မြှုပ်နေတဲ့ ကတုတ်ကျင်းတွေထဲက ရေကလည်း လေနဲ့အတူ တဝုန်းဝုန်း တိုက်ခတ်နေတယ်။

ဒါပေမယ့် ဒီဇင်ဘာ ၂၄ မှာတော့ အနောက်ဖက်စစ်မျက်နှာက တူးမြောင်းတလျှောက်မှာရှိတဲ့ ဗရစ်တစ်ရှ်နဲ့ စကော စစ်သားတွေဟာ အံ့အားသင့်စရာ သီချင်းသံတသံကို ကြားလိုက်ကြရတယ်။ သီချင်းရဲ့ သံစဉ်ကို သိကြပေမယ့် စာသားကိုတော့ နားမလည်ကြဘူး။ သီချင်းက Silent Night ပါ။ ဂျာမန်တွေဆိုတော့ Stille nacht, heilige nacht တဲ့။

 အံ့အားသင့်စရာဖြစ်ပေမယ့် အဲဒီသီချင်းက နွေးထွေးမှုလည်းရှိနေတော့ အဲဒီဂျာမန်သီချင်းကို အင်္ဂလိပ်လို ပြန်ဆိုလိုက်ကြတယ်။ မကြာခင်မှာပဲ နှစ်ဖက်လုံးမှာ Silent Night သီချင်းကို အားထုတ် ဆိုသံတွေဟာ ကောင်းကင်ယံမှာ ပြည့်လျှံလာပါတော့တယ်။

ရန်သူ့ တူးမြောင်းတလျှာက် လှမ်းကြည့်လိုက်တော့ စစ်သားတွေဟာ ဖယောင်တိုင်တွေကို တိုင်တွေ၊ လှံစွပ်တွေပေါ်မှာ ထွန်းပြီး ထွန်းပြလာကြတယ်။ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ရန်သူစစ်သား တချို့ဟာ ခရစ်စမတ်သစ်ပင်တွေကို သူတို့ရဲ့ဦးခေါင်းတွေပေါ်မှာ တပ်ဆင်လာတယ်။ နှစ်ဖက် စစ်သားတွေဟာ အခုနကပဲ တယောက်နဲ့တယောက် အသေအကြေ သတ်ဖြတ်နေကြပေမယ့် ကတုတ်ကျင်းတွေထဲက စမ်းသပ်ထွက်လာကြတယ်။ ကြောက်စရာ ပစ်ကွင်းထဲကို ထွက်လာကြပြီး သူတို့စစ်ဝတ်တန်ဆာတွေထဲကနေ လက်ဆောင်တွေ အားရဝမ်းသာ ထုတ်လာကြတယ်။ လူသေ အလောင်းတွေကိုလည်း မြှုပ်ပေးလာကြတယ်။
ဖြစ်နိုင်ချေ မရှိတဲ့ကြားကပဲ တနေ့တာ အပစ်အခတ် ရပ်စဲသွားပါတယ်။ စစ်စည်းကမ်းတွေလည်း ဂရုမစိုက်ကြတော့ဘူး။ ဘယ်သူမှလည်း မလိုက်နာကြတော့ဘူး။ တချို့အရာရှိတွေက ဒီလို ညီအကိုလို
 ဖြစ်သွားတာကို ဖျက်ပစ်ဖို့ ကြိုးစားကြပါသေးတယ်။ မြို့ထဲမှာ တပ်သွဲထားတဲ့ သြစတြီးယား စစ်သား တယောက်ကတော့ စစ်အတွင်းမှာ ဒီလို နားလည်မှုမျိုးကို ခွင့်မပြုသင့်ဘူး လို့ ညည်းပါတယ်။ ကဲ ဟစ်တလာ ကြားရင် ဘာလုပ်မလဲ?

တကယ်တော့ ဘုရားသခင်က ဒီသီချင်း အားဖြင့် ခဏတာ ငြိမ်သက်ခြင်း ပေးလိုက်တာပါ။ ဒီသီချင်းကလေး နားထောင်ရင်းနဲ့ ကိုယ်ကြုံရတဲ့ အခြေအနေထဲမှာပဲ သခင်ယေရှုထံ ဆုတောင်းလိုက်ပါ။ ငြိမ်သက်ခြင်းကို ပေးတော်မူပါလိမ့်မယ်။ ဒီငြိမ်သက်ခြင်း peace က ဘုရားသခင်နဲ့ ရန်ငြိမ်းခြင်းလည်း ပါပါတယ်။ တကယ်စစ်မှန်တဲ့ ပျော်ရွှင်ခြင်းရလာပါလိမ့်မယ်။


Hymn Story: သီချင်းသမိုင်းကြောင်း

Joseph Mohr and Franz Gruber
၁၈၁၈ ခု၊ ဒီဇင်ဘာ ၂၄ ရက်နေ့ သြစတြီးယား နိုင်ငံ Oberndorf မြို့မှာ ဖြစ်ပါတယ်။ လက်ထောက် သင်းအုပ်ဆရာ တယောက် သူ့မိတ်ဆွေရဲ့ အိမ်ကို ရောက်လာတယ်။ မိတ်ဆွေက အသင်းတော်လေးရဲ့
 အော်ဂင်ဆရာ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူရေးထားတဲ့ ကဗျာကလေးကို သူယူလာတယ်။
ခရစ်စမတ်အကြိုညရဲ့ သန်းခေါင်ယံ ဝတ်ပြုစည်းဝေးမှာ ဆိုဖို့ သံစဉ်ထည့်ပေးဖို့ တောင်းဆိုတယ်။

  အော်ဂင်ဆရာ Franz Xaver Gruber က အော်ဂင်ပျက်နေတယ်။ ဒီည ဝတ်ပြုစည်းဝေးမှာ သုံးလို့မရနိုင်ဘူးလို့ Fr. Joseph Mohr ကို ပြောပြတယ်။ Fr. Mohr က တဖက်ခန်းထဲကို ဝင်သွားပြီး ဂစ်တာတလက် ပါလာတယ်။  Gruber က ကော့ဒ်တချို့ကို တီးခတ်ကြည့်ရင်း နဲနဲညည်း ကြည့်လိုက်တယ်။ "စာသားထဲမှာ အသံပါနေတာပဲ" လို့ ဝမ်းသာအားရ ပြောလိုက်တယ်။ နာရီအနည်းငယ်အတွင်းမှာပဲ သံစဉ်ရသွားတယ်။  ဒီသီချင်းကို အဲဒီည ဝတ်ပြုစည်းဝေးမှာ ပထမဆုံးအကြိမ်အဖြစ် သူတို့ ၂ ယောက်ဆိုကြတယ်။

 အော်ဂင်ပြင်တဲ့ဆရာ Carl Mauracher က နောက်ပိုင်း ဒီ Carol သီချင်းကို ကြားရတဲ့အခါ သူက
 ကော်ပီတရွက် ယူထားပြီး၊ နယ်တကာ သီချင်းလှည့်ဆိုတဲ့ အဖွဲ့နှစ်ဖွဲ့ကို ပေးလိုက်တယ်။ သူတို့က ခရစ်စမတ်ပြဇာတ်တွေမှာ ဆိုကြတယ်။ ဒီလိုနဲ့ ဒီသီချင်းက ကမ္ဘာပတ်သွားပါတော့တယ်။

The Strasser and Rainer families ဆိုတဲ့ မိသားစုနှစ်စုဟာ ဥရောပတခွင်သွားရောက်ဖျော်ဖြေကြတယ်။ "the Tyrolian folk carol"ဆိုတဲ့ သီချင်းကို ဆိုကြတယ်။  The Rainer family ဆိုတဲ့ မိသားစုကတော့ အဲဒီသီချင်းကို အမေရိကားကို ယူဆောင်လာတယ်။ သူတို့ ပထမဆုံးဆိုဖြစ်တာက ၁၈၃၉ ခုနှစ် နယူးယော့ပြည်နယ် ဂျာမန်ဆိုတဲ့ မြို့မှာပါ။

သီချင်းစာအုပ်ထုတ်ဝေသူတယောက်က အဲဒီသီချင်းကို ၁၈၃၂ ခုနှစ်လောက်မှာ သြစတြီးယားနိုင်ငံ Innsbruck မြို့မှာ Carol သီချင်းအဖြစ်ဆိုတာ ကြားဖူးတယ်။ သူကြိုက်သွားလို့ ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေလိုက်တယ်။ မူရင်းသီချင်းက "Tyrolian folk song" လို့ ဖေါ်ပြပါတယ်။ မူရင်းသီချင်းရေးသူကို လူတွေ မသိကြသေးဘူး။ သံစဉ်ကလည်း မူရင်းနဲ့မတူပဲ နဲနဲပြောင်းထားတယ်။ အဲဒီစာအုပ်ထဲက သံစဉ်အတိုင်းပဲ ဒီကနေ့အထိ တွင်တွင်ကျယ်ကျယ် ဆိုနေကြတာပါ။ ဒါပေမယ့် ၁၉၉၅ ခုနှစ်မှာ "Silent Night" သီချင်းစာရွက်ကို ပြန်တွေ့ကြတယ်။  Fr. Joseph Mohr ရဲ့ လက်ရေးမူရင်းနဲ့ပါ။ မူရင်းသီချင်းရေးဆရာတွေရဲ့ မူရင်းလက်ရာပါ။

"Silent Night ကို ၁၈၆၃ ခုနှစ်မှာ အင်္ဂလိပ်လို ပြန်ဆိုပါတယ်။ ဘယ်သူပြန်သလဲဆိုတာ မသေချာဘူး။ John Young က အပိုဒ် ၁ နဲ့ ၃ ကို ဘာသာပြန်တယ်လို့ တချို့က ဆိုပါတယ်။ Jane Campbell ကလည်း ဘာသာပြန်ခဲ့နိုင်တယ်လို့ ဆိုကြပါတယ်။ အမေရိကန် ဓမ္မသီချင်းစာအုပ် အဖြစ် စတင်ပုံနှိပ်တာကတော့ Charles Hutchins’ Sunday School Hymnal သီချင်းစာအုပ်ပါ။

"Silent Night" ကို ကမ္ဘာပေါ်ရှိ ဘာသာစကားမျိုးစုံနီးပါးနဲ့ ပြန်ဆိုခဲ့ပါပြီ။ အမေရိကားမှာတော့ ခရစ်စမတ်ကာလမှာ ကြားကြရပါတယ်။ ဒါပေမယ့် သြစတြီးယားနိုင်ငံမှာတော့ နိုင်ငံပိုင်သီချင်းအဖြစ် အသိအမှတ်ပြုထားပြီး၊ စီးပွါးဖြစ် ထုတ်ဝေခွင့်မရှိပါဘူး။ မူရင်းသံစဉ်အတိုင်းဆိုဖို့ နိုးဆော်လေ့ရှိပါတယ်။  သြစတြီးယားနိုင်ငံကို သွားရောက်လည်ပတ်ရင် ဒီ carol သီချင်းနဲ့ပတ်သက်လို့ Oberndorf မြို့ရဲ့ ပြတိုက်တွေ၊ အထိမ်းအမှတ်ပြခန်းတွေမှာ လေ့လာနိုင်ပါတယ်။

အော်ဂင် အဆင်မပြေလို့ ဂစ်တာနဲ့ ဖြစ်သလိုရေးလိုက်ရတဲ့ သီချင်းကလေးအတွက် သီချင်းရေးသူ နှစ်ယောက်ကို ကျေးဇူးတင်ကြရမှာပါ။ သီချင်းကလေးက ရိုးပေမယ့် ခရစ်တော် ဖွါးဖြင်တဲ့ညကို ပုံဖေါ်ရာမှာတော့ လှပပါတယ်။
#https://songsandhymns.org/ မှ

Sunday, December 14, 2014

Joy to the world - လောကဝမ်းမြောက် ဘုရားကြွလာ

Joy to the World! The Lord Is Come

လောကဝမ်းမြောက်၊ ဘုရားကြွလာ

Isaac Watts - အိုက်ဇက် ဝပ်စ်
Facts:
    Lyricist စာသား: Isaac Watts
    Lyrics Date: 1719
    Arranger: Lowell Mason
    Key: D
    Theme: Christmas, Christ's birth ခရစ်စမတ်၊ ခရစ်တော် ဖွါးမြင်တော်မူခြင်း
    Composer သံစဉ် : G. F. Handel
    Music Date: 1742
    Arranged Date: 1836
    Tune Title: ANTIOCH
    Meter: C.M.rep
    Scripture: Psalm 98 ဆာလံ ၉၈

Isaac Watts ဟာ အင်္ဂလိပ် ခရစ်ယာန် ဓမ္မသီချင်းရေးဆရာ၊ ဓမ္မပညာရှင်နဲ့ ယုတ္တိဗေဒပညာရှင် တယောက်ဖြစ်ပါတယ်။ သီချင်းရေးရာမှာ အောင်မြင်ပြီး ဧဝံဂေလိကို အထောက်အကူပြုတဲ့ သီချင်းတွေ ရေးခဲ့တယ်။ သူ့ကို အင်္ဂလိပ် ဓမ္မသီချင်းများရဲ့ ဖခင် "Father of English Hymnody" လို့ အသိအမှတ် ပြုကြတယ်။ အပုဒ်ပေါင်း ရ၅၀ လောက် ရေးခဲ့သူပါ။

"Joy to the World" ဆိုတဲ့သီချင်းကို Isaac Watts ရေးဖွဲ့တယ်။ ခရစ်စမတ် သီချင်းတွေထဲမှာ လူကြိုက်များတဲ့ သီချင်းဖြစ်တယ်။ ရေးတုန်းကတော့ Watts က ခရစ်စမတ် သီချင်းရယ်လို့
 ရေးခဲ့တာမဟုတ်ဘူး။ ဆာလံ ၉၈ ကို မှီးရေးခြင်းသာ ဖြစ်ပါတယ်။

 "Shout for joy to the Lord, all the earth . . . for he comes. . ." (vs. 4, 9).
"မြေကြီးသားအပေါင်းတို့  ...... ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ ..... အကြောင်းမူကား ...  ကြွလာတော်မူ၏။"

Watts က ခရစ်တော် ဒုတိယကြွလာခြင်းအကြောင်း ပြောရင်းနဲ့ သူ့စာသားထဲမှာ ခရစ်စမတ်နဲ့ဆိုင်တဲ့ စကားလုံးတွေ ထည့်ထားတယ်။
 "Joy to the world! the Lord is come . . . Let every heart prepare him room." ကိုယ်တော်အတွက် နေရာပေးတယ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ပေးလို့ရပါတယ်။ ပြင်ပအရာတွေ ဆွဲဆောင်လွန်းတဲ့ ခရစ်စမတ်မှာတော့ ပြောဖို့ အလိုဆုံးအချိန်ပေါ့။  ခရစ်တော် ပထမအကြိမ်      ကြွလာရာမှာ နှိမ့်ချစွာလာခဲ့တယ်။ ဒုတိယအကြိမ်ကတော့ တရားစီရင်ဖို့ ဖြစ်ပါတယ်။ ဒီအချက်ကို စဉ်စားရင်း "လောက  ဝမ်းမြောက် ဘုရားကြွလာလို့" "Joy to the world! the Lord is come" နှလုံးသားမှာ ဝမ်းမြောက်နိုင်ပါစေ။

Hymn Story သီချင်းသမိုင်း။

Isaac Watts ဟာ ကျန်းမာရေး ယို့ယွင်းလာတဲ့အတွက် တရားဟောတဲ့ အလုပ်ကို လျှော့ချလိုက်တယ်။ တခြားအလုပ်တခုအဖြစ် ဆာလံသီချင်းတွေကို ခရစ်ယာန်အမြင်နဲ့ ပြန်ရေးလိုက်တယ်။ အသက် ၄၅ နှစ်အရွယ်မှာ ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ ခြံထဲက သစ်ပင်ကြီးအောက်မှာ "Joy to the World" ဆိုတဲ့ နောင်မှာ နာမည်ကြီးလာမယ့် သီချင်းစာသားတွေကို ရေးခဲ့ပါတယ်။ သူ့ရဲ့ 1719 hymnal, Psalms of David ဆိုတဲ့ သီချင်းတွေဟာ ဓမ္မသစ် အသုံးအနှုံးတွေနဲ့ ရေးသားထားပြီး၊ မူလ သီချင်း စာသား ခေါင်းစဉ်ကတော့  "The Messiah's Coming and Kingdom" ဖြစ်ပါတယ်။

 Watts က "Joy to the World" ရေးရာမှာ ဆာလံ ၉၈ ရဲ့ "မြေကြီးသားအပေါင်းတို့  ...... ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ မြစ်တို့သည် လက်ခုပ်တီး၍ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ။ Shout for joy to the Lord all the earth, . . . Let the rivers clap their hands, let the mountains sing together for joy; let them sing before the Lord, for he comes to judge the earth." (vs. 4, 8) ကို အခြေခံခဲ့တယ်။

ဆာလံ ၉၈ ဟာ ဘုရားရဲ့ကွယ်ကာခြင်းနဲ့ ရွေးကောက်ထားသူတွေကို ပြန်လည် နေရာပေးတဲ့ အကြောင်း ဖွဲ့ဆိုထားတယ်။  Watts ရဲ့ သီချင်းကတော့ ဘုရားသားတော် လူ့ဇာတိခံခြင်းကြောင့် ရလာတဲ့ ကယ်တင်ခြင်းကို ချီးမွမ်းထားခြင်း ဖြစ်ပါတယ်။ ဆာလံရော၊ အခုသီချင်းပါ ခရစ်တော် ကြွလာခြင်းကို မြော်လင့်ပါတယ်။  "တရားစီရင်ခြင်းငှါ  ကြွလာတော်မူ၏။" " (v. 9)

"Joy to the World" မှာ တခြား ကျမ်းချက်တွေလည်း ပါပါတယ်။ ကမ္ဘာ ၃း ၁၇၊ ရောမ ၅း ၂၀ နဲ့ လုကာ ၂း ၁၀။ ဒါပေမယ့် မာရိ၊ ယောသပ်၊ သိုးထိန်းတွေ၊ ကောင်းကင်တမန်တွေ၊ ပညာရှိတွေ၊ နွားစာခွက်တွေ မပါပေမယ့်လူတွေ အနှစ်သက်ဆုံး ခရစ်စမတ် carol သီချင်းတပုဒ် ဖြစ်ပါတယ်။ ခရစ်တော် ဖွါးမြင်ခြင်းကို ကျင်းပကြတဲ့ ခရစ်စမတ်ကာလမှာ Watts ရဲ့ ဓမ္မတေးက ကာ်တင်ရှင် ကြွလာလို့ လူတွေ ဝမ်းမြောက်ရတာကို လှလှပပ ပုံဖေါ်ထားပါတယ်။
## https://songsandhymns.org/ မှ

Saturday, November 26, 2011

ပျော်ပျော်နေပါ BE HAPPY!



 ပျော်ပျော်နေပါ။
            လောကမှာ လူတွေပျော်နေကြပါသလား။ အများစုကတော့ဝမ်းနည်းနေ၊ ညည်းတွားနေ၊ စိတ်ပျက်နေကြတာပါ။ ခဏတာ လူ့ဘဝကလေးကို ပျော်ပျော်မဖြတ်နိုင်ဘဲ ၀မ်းနည်းစွာ ဖြတ်နေကြရတာပါ။ နေ့တိုင်း ပျော်ရွှင်နိုင်ဖို့ရာကတော့…

၁။ ရောင့်ရဲပါ။
            “ငွေ ကိုတပ်မက်ခြင်းသည် မကောင်းသောအမှု  အပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။” လို့ ကျမ်းစာကဆိုပါတယ်။ ငွေမက်တော့ မကောင်းတာလုပ်ဖို့ အသင့်ဖြစ်နေတတ်တယ်။ ငွေမက်တော့ ပူပန် စိတ်တွေ ၀င်လာပြီး မပျော်နိုင်ဖြစ်ရတာပါ။
             “ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်းချင်းအငြိုးထား သောစိတ်နှင့် စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ ကောင်း၏။” လို့ ကျမ်းစာကဆိုပါတယ်။ ဒါကြောင့် “စားရန်၊ ၀တ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နှင့် နေကြကုန်အံ့” ဆိုတဲ့ ကျမ်းစကားလိုနေကြရင်တော့ အတော် အတန်ပျော်ရွှင်လာနိုင်မှာပါ။

၂။အကောင်းမြင်တတ်ပါ။

                  တွေ့ကြုံရတဲ့အခြေအနေတွေအပေါ်မှာ လူတွေရဲ့သဘောထားပုံ နှစ်မျိုးကွဲ နေပါ တယ်။ အကောင်းမြင်သဘော Positive thinking နဲ့ အဆိုးမြင်သဘော Negative thinking တို့ပါပဲ။ ကလေးနှစ်ယောက်ကို လိမ္မော်သီး တစ်လုံးစီ ပေးတဲ့အခါ၊ တစ်ယောက်က လိမ္မော်သီးတစ်လုံးစား ရလို့ ပျော်နေတယ်။ ကျန်တစ်ယောက်ကတော့ နှစ်လုံး မရ လို့ စိတ်ညစ်နေတယ်။ နွားနို့ ဖန်ခွက်တစ်ဝက်စီ ဝေတိုက်တော့၊ တစ်ယောက်က  ခွက် တစ်ဝက််သောက်ရလို့ ပျော်နေတယ်။ ကျန်တစ်ယောက်ကတော့ နှစ်ယောက်ဝေရလို့ တစ်ဝက်ပဲရတယ်ဆိုပြီး စိတ်ညစ်နေပါတယ်။
                  နှင်းဆီခြံနားဖြတ်သွားကြတော့ တစ်ယောက်က “နှင်းဆီပန်းတွေလှလိုက်တာ၊ အတော်မွှေးမှာပဲ” ဆိုပြီး ကျန်တစ်ယောက်ကတော့ “ဆူးတွေနဲ့နော်၊ စူးလိမ့်မယ်” လို့စိုးရိမ်နေပါတယ်။ တောအုပ်တစ်ခုကို ဖြတ်သွားကြရာမှာတော့ ပျားအုံတစ်အုံတွေ့ပါတယ်။ တစ်ယောက်က “ပျားရည်ရှိလောက်တယ်။ အတော်ချိုမှာပဲ” တဲ့။ ကျန်တစ်ယောက်ကတော့ “ပျားတုပ်မယ်နော် သတိထား” လို့စိုးရိမ်နေပါတယ်။ ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ အကောင်းမြင် သဘော နဲ့ကြည့်ပါ။ အတော်အတန်ပျော်ရွှင်လာနိုင်မှာပါ။

၃။ကောင်းတာတွေကြိုးစားလုပ်ပါ။
                  ကျွန်တော်တော့ ဘဝတစ်ခုလုံးကောင်းတာတွေလုပ်ဖို့ပဲ ဆုံးဖြတ်အားယူထားပါတယ်။ အကူအညီလိုသူ၊ အခက်ခဲကြံုသူ၊ ဝေဒနာခံစားနေရသူ၊ ဆာလောင်မွတ်သိပ်သူတွေအတွက် တတ်နိုင်သမျှ ကူညီဖို့ အားခဲထားပါတယ်။ ဒီလိုပေးလှူကူညီရာမှာ ဘာသာရေးအဆောက်အဦးတွေထက် ဘာသာဝင်လူတွေကို ပိုပေးလှူကူညီဖို့မြင်တတ်ရမယ်။ “ဘာသာတရားက တအားချမ်းသာနေပြီး၊ ဘာသာဝင်တွေဆင်းရဲနေရင်၊ အဲဒီဘာသာတရားဟာ အမှောင်ဖုံးနေပြီ”လို့ Dr.Curtis Hutson ကဆိုတယ်။ ဘုရားရှိခိုးကျောင်းကြီးတော ့ဟိန်းနေအောင် ဆောက်ထားကြပေမယ့်၊ ဘာသာဝင်မုဆိုးမတွေ၊ မိဘမဲ့၊ မသန်မစွမ်းသူတွေ၊ ဆွေမျိုး ပေါက်ဖော်မဲ့သူတွေ စားရမဲ့သောက်ရမဲ့ဖြစ်နေကြရင် ဘယ်ကောင်းပါ့မလဲ။ ဘုရားသခင်ရဲ့ အဓိကစေတနာက သူချစ်တဲ့လူသားတွေကို ချစ်ကြ၊ ကြင်နာကြ၊ ရိုင်းပင်းကြဖို့ပါ။
                 ကောင်းတာတွေ ကြိုးစားလုပ်တဲ့အခါ၊ ထူးခြားတာက ကိုယ်မကောင်းတာကို ပိုသိလာတာပါဘဲ။ ကိုယ့်အသိစိတ် Conscience ကပြောလာတာပါ။ ကောင်းတာတွေ လုပ်လေလေ၊ ကိုယ်မကောင်းမှန်းသိ လာလေလေပါ။ တစ်ချို့က “ငါက အခုသာ ကောင်းတာမလုပ်ဖြစ်သေးတာ။ တစ်ချိန်ကျရင်တော့ ကောင်းတာတွေလုပ်ဦးမယ်´ လို့ ပြောတတ်ပါတယ်။ လုပ်ကြည့်ပါ။ ကိုယ်မကောင်းတာကို ပိုပိုသိလာမှာပါ။ ဒါကြောင့် “ကုသိုလ်တပဲ ငရဲတစ်ပိဿာ” လို့ သတိစကားလေး ရှေးလူတွေ ထားခဲ့ကြတာပါ။ အဲဒီတော ကောင်းတာလုပ်ပေမယ့် ပျော်သလားဆိုတော့ အမြဲမပျော်နိုင်ပါဘူး။ အဲဒီအပြင် ကိုယ်ကျေးဇူး ပြုသူတွေထဲမှာ သစ္စာမရှိသူတွေ၊ ကျေးဇူးမသိသူတွေ အကောင်းမမြင်တတ်သူတွေလည်း အများကြီးရှိနေနိုင်သေးတယ် မဟုတ်လား။

၄။အမြဲတည်မယ့် အရာတွေကိုရှာပါ ။
                  မျက်စိနဲ့မြင်ရတဲ့အရာတွေဟာ မမြဲပါဘူး။ မမြင်ရတာတွေက မြဲပါတယ်။ မြေကြီးနဲ့ဖန်ဆင်းထားတဲ့ ကိုယ်ခန္ဓာဟာ မမြဲပါဘူး။ အဲဒီကိုယ်ထဲက ၀ိညာဉ်ကတော့ ထာဝရတည်မြဲနေပါတယ်။ လက်ရှိ လူ့ဘဝဟာ ခဏတာပါ။ တမလွန်ကတော့ ထာဝရပါ။
                  အပြစ်ရှိလို့ ငရဲသွားထိုက်ပေမယ့် ဘုရားကကယ်မလို့၊ ဘုရားကျေးဇူးတော်ကြောင့် ငရဲမသွားရ၊ ကောင်းကင်ရောက်မယ်လို့ စိတ်ချရရင်ပျော်စရာပါ။ ဒီလိုပျော်ရအောင် ဘုရားသခင် ပြင်ဆင်ပေးခဲ့ပါပြီ။
                 ဘုရားသခင်ရဲ့ တစ်ပါးတည်းသောသားတော်ကို ဒီလောကထဲလွှတ်ပြီး၊ လူတွေအတွက် ကိုယ်စားအသေခံပေးခဲ့ပါတယ်။ ကျွန်တော်တို့မွေးတဲ့နေ့ကနေ-သေတဲ့နေ့အထိလုပ်တဲ့ အပြစ်တွေအားလုံးရဲ့ ပြစ်ဒဏ်ကတော့ သေဒဏ်ပါ။ အဲဒီသေဒဏ်ကို ကိုယ်စားအသေခံပေးခဲ့တာပါ။ လူစားထိုးခဲ့တာပါ။ အဲဒီလို အသေခံကယ်ပြီးမှ ဘုရားသခင်ကသားတော်ကို ရှင်ပြန်ထမြောက်အသက်ပြန်ရှင်စေပြီး ကောင်းကင်မှာ နေရာပြန် ပေးခဲ့ပါတယ်။ ဘုရားသားတော်သခင်ယေရှုကယ်တာကို လက်ခံရင်ကောင်းကင်မှာ နေစရာအခန်းတွေ ပြင်ထားပေးမယ်။ မစိုးရိမ်နဲ့လို့ဂတိပေးထားပါတယ်။ တည်မြဲတဲ့ကောင်းကင်အိမ်မှာနေဖို့ အခုလိုဆုတောင်းပါ။

အဘဘုရားသခင်
ကောင်းကင်ဘုံမှာနေချင်ပါတယ်။
သားတော်သခင်ယေရှုကယ်ခဲ့လို့ကျေးဇူးတင်ပါတယ်။
ဆက်လက်မစတော်မူပါ။ အာမင်။

                      ဒီလိုစိတ်ရင်းမှန်နဲ့ ဆုတောင်းလိုက်တာနဲ့၊ ဘုရားသခင်ဂတိထားတဲ့အတိုင်း ကောင်း ကင်အရပ်မှာ နေရာရသွားပါပြီ။ ၀မ်းသာစရာပါ။ နောက်တစ်ခု ဒီလောကမှာ နေ့တိုင်း ပျော်ရွှင်ဖို့ရာတော့ “သခင်ယေရှု ကျွန်တော့စိတ်ကိုအုပ်စိုးပါ” လို့ နေ့တိုင်း ဆုတောင်း ၀န်ခံရင်တော့ မျက်မြင်အရာတွေအပေါ် ကြည့်ပျော်နေတဲ့အပျော်မျိုးမဟုတ်တော့ပဲ၊ အခြေအနေပေါ်မူမတည်တဲ့ အံ့သြစရာ ပျော်ရွှင်ကြည်နူးမှုတွေ ခံစားလာရမှာပါ။

ပျော်ရွှင်နိုင်ပါစေ။

မေတ္တာဖြင့်၊

ဆရာထိန်ဝင်းအိ၊
အောင်လံနှစ်ခြင်းအသင်းတော်။
BE HAPPY!       By. Saya Htein Win Ei

Monday, November 21, 2011

ခရစ်စမတ်လက်ဆောင် - ဝေစာ

 
 GOD’S GREATEST GIFT - ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်
လူတွေအတွက် အရေးအကြီးဆုံး၊ အလိုအပ်ဆုံး၊ တန်ဖိုးအကြီးမားဆုံး၊ အကောင်းဆုံး လက်ဆောင်တခုကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ခန့်က ဘုရားသခင် စတင် ပေးသနားခဲ့ပါတယ်။ ဒီကနေ့အထိလည်း ပေးနေဆဲပါပဲ။ အဲဒီလက်ဆောင်ဟာ…….

(၁) အားလုံးအတွက်
                   ဘုရားသခင်က ဒီလက်ဆောင်ကို စိတ်ကြိုက်လူတချို့ကိုသာ ပေးခဲ့တာမဟုတ်ပါဘူး။ လူမျိုးတမျိုးတည်းကိုသာ ပေးခဲ့တာလည်း မဟုတ်ဘူး။

                  ယောကျင်္ား မိန်းမမရွေး၊ ပျိုပျိုအိုအို၊ ကလေးတွေတောင် ရနိုင်ပါတယ်။ ပညာတတ်တွေကို ပေးသလို၊ ပညာမတတ်သူတွေလည်း ရနိုင်ပါတယ်။ လှတဲ့သူ ရနိုင်သလို၊ မလှတဲ့သူလည်း ရနိုင်ပါတယ်။ အသားအရာင် မခွဲခြားပဲ၊ အသားဖြူ၊ အသားညို၊ အသားမဲ၊ အသားဝါ လူမျိုးစုံကို ပေးနေတာပါ။
ဘုရားပေးတဲ့ လက်ဆောင်ထိုက်သူဆိုတာ လောကမှာမရှိပါဘူး။ အားလုံးရထိုက်သူတွေပါ။

(၂) လက်ဆောင်
                 ဘုရားသခင်ပေးတဲ့ လက်ဆောင်ဟာ လောကအရာတွေလို ဟောင်းနွမ်းပျက်စီးမသွားဘူး။ သံချေး၊ ပိုးရွမတက်သလို၊ သူခိုးလည်း ထွင်းဖေါက်မခိုးယူနိုင်ပါဘူး။

                 ဘာကြောင့်လဲ? ဘုရားသခင်က သူ့ရဲ့ တပါးတည်းသောသားတော်ကို လက်ဆောင်အဖြစ်ပေးနေလို့ပါ။ ဘုရားသခင်ရဲ့သားတော်ဟာ လူ့လောကကို ကြွလာခဲ့ရတယ်။ အကြောင်းက - လူတွေရဲ့ အပြစ်ကြွေးကို ကိုယ်စား အသေခံပေးဆပ်ပေးဖို့ပါ။
               အပြစ်ရဲ့အခဟာ သေခြင်းပါ။ အပြစ်လုပ်သူဟာ သေထိုက်ပါတယ်။ ဘုရားသားတော်က အားလုံးကိုယ်စား လူစားထိုးအသေခံပေးခဲ့ရတာပါ။  အသေခံပေးလို့ င်္သဂြိုဟ်ပြီးမှ ၃ ရက်မြောက်တဲ့နေ့မှာ အသက်ပြန်ရှင်တော်မူခဲ့ပါတယ်။ ရက် ၄၀ အကြာမှ ကောင်းကင်ထက််ကို ပြန်လည်တက်ကြွတော်မူခဲ့ပါတယ်။

              အဲဒီလိုကြွလာခဲ့တာဟာ `အော်- ငါ့ကို လာကယ်တာပါလား ´ လို့ စိတ်ထဲက အသိအမှတ်ပြုရင်၊ ဘုရားသားတော် ကယ်တင်ရှင်ကို လက်ခံတာ၊ အကယ်ခံတာပါပဲ။
လူလူချင်း လက်ဆောင်ပေးရင် ဘူးတွေနဲ့ ထုပ်ပေးတတ်လို့၊အထဲမှာ ဘာတွေပါသလဲ၊ မုန့်လား? အ
ဝတ်အထည်လား? ပစ္စည်းတခုခုလား? ဆိုပြီး စိတ်လှုပ်ရှားစွာ ဖွင့်ကြရတာပါ။

ဒီလိုပါပဲ။ ဘုရားသခင်က သားတော်ကို ပေးပါတယ်။ သားတော်အထဲမှာ ဘာပါသလဲ? `ထာဝရအသက်´ပါပါတယ်။  `ထာဝရအသက်´ ဆိုတာ ဘာလဲ?..
             ထာဝရအသက်ဆိုတာ သေတဲ့နေမှာ ငရဲမလားတော့ဘူး။ အပြစ်ဒဏ်မခံရတော့ဘူး။ မအို၊ မနာ၊ မသေတော့ပဲ ကောင်းကင်ဘုံထက်မှာ ဘုရားသခင်ကို ဖူးမြော်ပြီး၊ ထာဝရ ပျော်ရွှင်စွာ အသက်ရှင်ရခြင်းပါပဲ။
`သားတော်ကိုရသောသူသည် အသက်ကိုရ၏။´
(၃) အခမဲ့
            ဘုရားသခင်က ထာဝရအသက်ကို ရောင်းတာမဟုတ်ပါ။ ဒါကြောင့် အလှူငွေများများပေးပြီး ၀ယ်စရာမလိုပါဘူး။
            ဆုပေးတာမဟုတ်လို့ ဘုရားကြိုက်မယ်ထင်တာတွေ ကြိုးစားလုပ်ပြီး မြော်လင့်နေဖို့မလိုပါဘူး။
ဘုရားသခင်က သင့်ကို တရားပြနေတာမဟုတ်သလို၊ ပညတ်တွေ ချပြနေတာမဟုတ်ဘူး။

 ဘုရားသခင်က လူတွေကို ကောင်းကောင်းနေစေချင်ပေမယ့် အမိ၀မ်းထဲကတည်းက အပြစ်လုပ်ချင်တဲ့ ဗီဇပါနေကြတဲ့ အတွက် ….. `ကောင်းကောင်းနေမှ ပေးမယ်ကွာ´ လို့လည်း အကြပ်ကိုင်တော်မမူပါဘူး။
ဘာသာဝင်ခိုင်းနေတာမဟုတ်ဘူး။ ဘုရားသခင်က သနားလို့ လက်ဆောင်ပေးနေတာပါ။
(၄) လက်ခံကြပါစို့

            လက်ဆောင်ဆိုတာ လက်ခံလိုက်ရုံပဲ။ လက်ခံလိုက်ရင် ရတာပါပဲ။ ဘုရားပေးလို့ ကိုယ်ရတာပါ။

ဒါပေမယ့် ပေးတဲ့သူက ဘယ်လောက်ရက်ရက်ရောရော စေတနာနဲ့ပေးပေမယ့် လက်ခံရမယ့်သူက ငြင်းနေရင်တော့ အလကားပဲပေါ့။ ဘုရားကပေးရဲ့သားနဲ့ မရတာဟာ မထိုက်တန်လို့မဟုတ်ပဲ၊ လက်မခံလို့သာ မရတာပါ။ ဘုရားသခင်ပေးတဲ့ လက်ဆောင်ကို လက်ခံဖို့ရာ အခုလို ရိုးရိုးကလေး ဆုတောင်းလိုက်ပါ။

`ဘုရားသခင်
ကျွန်တော် အပြစ်သားပါ။
ငရဲသွားထိုက်ပါတယ်။ ဒါပေမယ့်
သားတော် သခင်ယေရှုကို အခု လက်ခံပါပြီ။
ထာဝရအသက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘ။´


              ဒီလို ဆုတောင်းလိုက်တဲ့အခါ ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်ကို ရပါပြီ။ သားတော်ကို ရပြီ။ ထာဝရအသက်ကို ရပြီ။ ဘုရားသခင်က ကျမ်းစာထဲမှာ ဂတိပေးထားပါတယ်။

` ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏။ သားတော်ကိုမရသောသူမူကား အသက်ကိုမရ။´ ၁ ယော ၅: ၁၁-၁၂။

အောင်လံနှစ်ခြင်းအသင်းတော်
စမ်းချောင်းရပ်၊ အောင်လံ။
GOD’S GREATEST GIFT
By Saya Htein Win Ei.

God's Greatest Gift


God gave the world the best, the most important and most needed gift 2,000 years ago. He still gives that Gift to the world.

1. That is for All
God gave the gift not only for a chosen people and not for a nation. Men, women, the old, the young, and even a child can get that Gift. Both the wise and the fool can get the Gift. The Gift is not only for the beautiful but also for the ugly ones.
The white, the black, the yellow and all the people in all colors can get the Gift. No one is unworthy to get that Gift. All are worthy to get the Gift!

2. That is a Gift
God's Gift is neither old nor out of date as worldly things do. Thieves cannot steal the Gift. Also, worms cannot destroy the Gift.
Why?
God gave his only Son as a gift to us. The Son of God came down to us on the earth. He died for us to pay the wage of our sins.
"For the wage of sin is death." – Romans 6: 23. One who does sin should die. But God let his Son die for us. On the third day after the Son died, he rose again! Then He climbed up to heaven again on the 40th day after he rose.
You know he came to save you! And you accept him as your savior. That is, you let him save you.
People give friends gifts in packages. It is so exciting to see what is inside the package. Food? Cloth? Gadget? or Other things?  ....
Like that, God gave us his Son. What is in his Son? Everlasting Life! What is everlasting life? It is you will never go to hell when you die. God will not punish you. Seeing God's face, you will live forever in heaven happily and healthily.
"He who has the Son has the life." (1 John 5: 12)

3. That is Free
God does not sell us the Gift. God is not doing fundraising.
That is not a prize that you should earn by doing many good skillful works.
God is not giving you laws. He is not teaching you about the laws. It is true that God wants you to do good works. But God does not press on you to live in the best way you can. He knows you are a born sinner. He knows you were not good even in your mom's womb.
God is not asking you to join a church. He feels pity for you and just giving you a gift.

4. Please accept the Gift
What do you need to get a Gift? Nothing! Just take it! God give you the Gift. You take the Gift! You got it! That's so easy! God give you the Gift free. But if you refuse the Gift, you do not get the Gift. It is not because you are not worthy! It is because you refuse the Gift. If you want the Gift, please pray to God like this.

Dear God,
I am just a sinner.
I deserve to go to hell.
But now I accept God's Son, Jesus Christ as my savior.
Thank you for your Gift, eternal life. Amen.

Once you take the Gift, you get God's Gift. You get the Son of God. You get eternal life. Here is a promise God gave in the Bible for you.
"God has given to us eternal life, and this life is in his Son.
He that has the Son has life;
He that has not the Son of God has not life." (1 John 5: 11- 12)

Wednesday, November 17, 2010

ထူးဆန်းတဲ့ ခရစ်စမတ် ပြဇာတ်တပုဒ် Trouble at the Inn


ထူးဆန်းတဲ့ ခရစ်စမတ် ပြဇာတ်တပုဒ်
"Trouble at the Inn" 
 By Dina Donohue

      အမေရိကန်ပြည် အနောက်အလယ်ပိုင်းဒေသရဲ့ မြို့ကလေးတမြို့မှာ ခရစ်စမတ် ပြဇာတ်တွေ အကြောင်း အခု နောက်ပိုင်း ပြောကြပြီဆိုရင် "ဝေါလေ့စ် ပါလင်း" Wallace Purling ရဲ့ နာမည် အမြဲ ပါလာလေ့ ရှိတယ်။ တင်ဆက်နေကျ သူတို့ မြို့ကလေးရဲ့ ကျောင်းပြဇာတ်မှာ ဝေါလီ Wally ရဲ့ သရုပ်ဆောင်ပုံကတော့ ပြောစမှတ်တွင်လောက်အောင် လွဲချော်သွားတယ်။ ဒါပေမယ့် အဲဒီည ပြဇာတ် သွားကြည့်တဲ့ သူတွေကတော့ ဖြစ်ပျက်ပုံ အတိအကျကို ပြန်ပြောကြရတာ မမောနိုင် မပန်းနိုင်အောင်ပါပဲ။
                       အဲဒီတုန်းက ဝေါလီက ၉ နှစ်။ အသက်နဲ့စာရင် အတန်းက တတန်း နောက်ကျနေတယ်။ ကျောင်းစာမှီဖို့ မလွယ်တဲ့သူလို့ မြို့ထဲကလူအများစုက သိထားတဲ့သူပါ။ လူကောင်က ကြီးကြီး၊ ထုံထုံထိုင်းထိုင်းနဲ့ အလွန်နှေးကွေးသူပါ။ အတန်းဖေါ် ကလေးတွေကတော့ ဝေါလီကို သဘောကျကြတယ်။ သူတို့အားလုံးဟာ ဝေါလီထက် အသက်ငယ်ကြတယ်။ သူများနဲ့ တွဲမကစားတတ်တဲ့ ဝေါလီက ဘောလုံး ဝင်ကန်ချင်တယ်ဆိုရင်တော့ သူတို့ခမျာ စိတ်အတော် ထိန်းကြရရှာတယ်။
                  အများစုက ဝေါလီကို ကွင်းပြင်ထုတ်ထားတာပဲ ကောင်းတယ်လို့ သဘောထားကြတယ်။ ဘာပဲဖြစ်ဖြစ် ဝေါလီက ပါချင်တယ်။ စိတ်မခုတတ်ပေမယ့် ခုန်ဆွခုန်ဆွ လုပ်နေတော့တယ်။ သူဟာ အမြဲ ကူညီတတ်သူပါ။ စေတနာကောင်းတယ်။ ပြုံးပြုံးရွှင်ရွှင် နေတတ်တယ်။ ရှုံးတဲ့သူ၊ နစ်နာနေတဲ့သူဖက်မှာ နားလည်ရခက်လောက်အောင် ဝင်ကူတတ်သူပါ။ အကြီးကလေးတွေက အငယ်ကလေးတွေကို လိုက်ဖမ်းတဲ့အခါ "သူတို့လည်း နေပါစေကွာ။ နှောက်ယှက်တာမှ မဟုတ်ပဲ" လို့ ဝင်ပြောတတ်တယ်။
                  ဒီနှစ် ခရစ်စမတ် ပြဇာတ်မှာတော့ ပလွေတချောင်းကိုင်ပြီးတော့ သိုးထိန်းလုပ်မယ်လို့ ဝေါလီ စိတ်ကူးယဉ်တယ်။ ဒါပေမယ့် ပြဇာတ်ဒါရိုက်တာ "မစ္စ လမ်ဘတ်ဒ်" Miss Lumbard က ဝေါလီကို ပိုအရေးပါတဲ့ ဇာတ်ကောင်နေရာကို ပေးတယ်။ တည်းခိုခန်းပိုင်ရှင်နေရာဆိုရင် စကားပြော အများကြီး မကျက်ရဘူး။ ပြီးတော့ ဝေါလီရဲ့ ကိုယ်လုံးကိုယ်ထည်ကလည်း ယောသပ်ကို ငြင်းတဲ့နေရာမှာ ပိုပြီး မာန်ပါမယ်လို့ စဉ်းစားမိလို့ပါ။
                  အဲဒီ မြို့ကလေးရဲ့ ခရစ်စမတ် ပြဇာတ်ကို ကူညီပံ့ပိုးပေးနေကျ မြို့ထဲက လူအတော် များများကလည်း ခရစ်စမတ်နဲ့ဆိုင်တဲ့ အသုံးအဆောင်တွေ ရှာပြီး ယူလာပေးကြတယ်။ သိုးထိန်း တောင်ဝှေးတွေ၊ နွားစာခွက်တွေ၊ မုတ်ဆိတ်မွေး အတုတွေ၊ ခေါင်းဆောင်းတွေ၊ ဦးထုပ်တွေ၊ သရဖူတွေ၊ ရောင်ခြည်ဖြာဖို့ မီးလုံးကလေးတွေ ရှာယူလာကြတယ်။ ပြဇာတ်စင်တခုလုံး တယောက်တပေါက် ဆူညံနေပြီ။ အဲဒီည စိတ်လှုပ်ရှားတဲ့နေရာမှာတော့ စင်ပေါ်က လူတွေရော၊ စင်အောက်က လူတွေပါ "ဝေါလေ့စ် ပါလင်း" ကို မှီကြမှာ မဟုတ်ဘူး။ အချက်မပြခင် စင်ပေါ်မှာ မမှားရအောင် မစ္စ လမ်ဘတ်ဒ်က အထပ်ထပ် လေ့ကျင့်ပေးထားတာဆိုတော့ သူ့ခမျာ ကုလားကာကြားမှာ ရပ်ပြီး ပြဇာတ်ကို အကြီးအကျယ် စိတ်ဝင်တစား ကြည့်နေခဲ့တာလို့ နောက်ပိုင်း သူတို့ ပြောပြချက်အရ သိရတယ်။
                 ဒီလိုနဲ့ ယောသပ်ထွက်ရမယ့်အချိန် ရောက်လာတယ်။ မာရိကို တည်းခိုခန်း တံခါးဝ အထိ ညင်ညင်သာသာ ကြင်ကြင်နာနာ တွဲခေါ်လာတယ်။ ယောသပ်က နောက်ခံ ပန်းချီကားပေါ်မှာ ဆွဲထားတဲ့ သစ်သားတံခါးကြီးကို ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။ တံခါးနားမှာ အသင့်စောင့်နေသူကတော့ တည်းခိုခန်းပိုင်ရှင်ကြီး ဝေါလီ ပေါ့။
                     ဝေါလီက တံခါးကို ဆွဲဖွင့်လိုက်ပြီး၊ "ဘာလိုချင်သလဲ ဟေ့" လို့ ခပ်ပြတ်ပြတ် အမူအယာနဲ့ မေးလိုက်တယ်။
                 "တည်းခိုစရာ ရှာတာပါ ခင်ဗျာ"
                 "တခြားမှာ သွားရှာကြ" လို့ ဝေါလီက ခပ်တည်တည် ကြည့်ပြီး၊ ခပ်ငေါက်ငေါက် ပြောလိုက်တယ်။ "ငါ့ တည်းခိုခန်းက ပြည့်နေပြီ" ။
                 "ကျွန်တော်တို့ နေရာအနှံ့ ရှာပြီးပါပြီ။ မရပါဘူး ခင်ဗျာ။ ခရီးဝေးက လာကြရလို့ အတော် ပင်ပန်းနေလို့ပါ ဆရာကြီးရယ်"
                 "ဒီ တည်းခိုခန်းမှာ မင်းတို့နေစရာ မရှိဘူး" လို့ ဝေါလီက ခပ်မိုက်မိုက် စိုက်ကြည့်ပြီး ပြောတယ်။
                 "သနားပါဦး၊ တည်းခိုခန်း ဆရာကြီးရယ်။ ဒါ၊ ကျွန်တော့် အမျိုးသမီး မာရိပါ။ သူ့မှာ ကိုယ်ဝန် အရင့်အမာကြီးနဲ့ပါ။ နားဖို့ လိုလို့ပါ။ သူ့အတွက် တနေရာစာလေး၊ ထောင့်တထောင့် ဖြစ်ဖြစ် ရနိုင်ကောင်းပါရဲ့ ခင်ဗျာ။ သူ တအား ပင်ပန်းနေလို့ပါ ဆရာကြီးရယ်"
                 ဒီအခါမှာတော့ ပထမဦးဆုံးအကြိမ်အဖြစ် တည်းခိုခန်းပိုင်းရှင်ကြီး ဝေါလီဟာ သူ့ရဲ့ ခပ်ကြမ်းကြမ်း အမူအယာကို လျှော့ချလိုက်ပြီး မာရိကို ငုံ့ကြည့်လိုက်တယ်။ ကြည့်ပြီး အတော်ကြာအောင် ငြိမ်သက်သွားတယ်။ သူ ငြိမ်တာ ကြာသွားတော့ ပရိတ်သတ်လည်း နဲနဲ ကြောင်သွားတယ်။
                 "မရဘူး။ သွားကြ" လို့ ထောက်ပေးသူက ကုလားကာကြားက တိုးတိုးကလေး ထောက်ပေးတယ်။
                 "မရဘူး" လို့ ဝေါလီ ချက်ချင်း လိုက်ဆိုတယ်။ "သွားကြ"။
                 ယောသပ်က ဝမ်းနည်းစွာနဲ့ မာရိကို သိုင်းဖက်လိုက်တယ်။ မာရိကလည်း သူ့ခေါင်းကို ခင်ပွန်းသည်ရဲ့ ပခုံးအပေါ်မှာ မှီထားလိုက်တယ်။ သူတို့နှစ်ယောက် ထွက်သွားစ ပြုပြီ။ တည်းခိုခန်းပိုင်းရှင်က ပြန်မဝင်သေးဘူး။ တံခါးဝမှာ ဆက်ရပ်နေတုန်းပဲ။ ကယ်သူမဲ့တဲ့ ဇနီးမောင်နှံကို ဆက်ကြည့်နေဆဲပဲ။ သူ့ ပါးစပ်က အဟ သား။ နဖူးကြောက စိုးရိမ်စိတ်ကြောင့် ရှုံ့မဲ့နေပြီ။ သူ့ မျက်ဝန်းမှာ မျက်ရည်တွေ ပီပီပြင်ပြင် ပြည့်လျှံလာတယ်။
                  အဲဒီအချိန်မှာ ရုတ်တရက် ဆိုသလို အခုပြဇာတ်က တခြားခရစ်စမတ် ပြဇာတ်တွေနဲ့ မတူတော့ပဲ ပုံစံကွဲသွားတယ်။
                  "ယောသပ်၊ မသွားနဲ့တော့" လို့ ဝေါလီ လှမ်းခေါ်လိုက်ပြီ။ "မာရိကို ပြန်ခေါ်ခဲ့"။ ဝေါလေ့ ပန်လင်းရဲ့ မျက်နှာဟာ တဖြည်းဖြည်း တောက်ပစွာ ပြုံးလာတယ်။ "မင်းတို့ ငါ့အခန်းကို ယူကြ"။
                  "ပြဇာတ်တော့ ပျက်ပြီ" လို့ မြို့က လူတချို့က ထင်ကြတယ်။ ဒါပေမယ့် တချို့- အတော် များများ တချို့ကတော့ သူတို့ ကြည့်ဖူးသမျှထဲမှာ ဒီခရစ်စမတ် ပြဇာတ်ဟာ အကောင်းဆုံးပဲ လို့ မှတ်ယူခဲ့ကြတယ်။          ။

                   *                             *                            *                              *
(ဒီ ဝတ္ထုတိုကလေး ဖတ်ပြီး အကူအညီလိုအပ်နေသူတွေကို တတ်နိုင်သမျှ ကူညီနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။)
(THE SWORD OF THE LORD, December 17, 2004 စာစောင်မှ ဘာသာပြန်ပါတယ်။)   Pa.  (November 14, 2010)