Showing posts with label Biography. Show all posts
Showing posts with label Biography. Show all posts

Sunday, December 26, 2021

Leo Tolstoy - ရုရှား စာရေးဆရာကြီး လီယို၊ ထော စတိုင်း

လီယို ထော စတိုင်း

ရုရှားစာရေးဆရာ လီယို၊ ထော စတိုင်းဟာ 'War and Peace,' 'Anna Karenina' and 'The Death of Ivan Ilyich,' စတဲ့ ဝတ္ထုများကို ရေးခဲ့ပြီး ကမ္ဘာ့ ထိပ်တန်း စာရေးဆရာကြီး ဖြစ်တယ်။
၁၈၆၀ ပြည့်နှစ်များမှာ သူ့ရဲ့ အကောင်းဆုံး ဝတ္ထု 'War and Peace' ကို ရေးတယ်။ ၁၈၇၃ မှာ သူ့ရဲ့ ဒုတိယ လူသိအများဆုံး ဝတ္ထု  'Anna Karenina' ကို ရေးတယ်။ ၁၈၈၀ နဲ့ ၁၈၉၀ နှစ်များအတွင်းမှာ ဝတ္ထုတွေ ဆက်ရေးတယ်။  နောက်ပိုင်းရေးတဲ့ ဝတ္ထုတွေထဲမှာ အအောင်မြင်ဆုံး ဝတ္ထုကတော့  'The Death of Ivan Ilyich,' ဖြစ်တယ်။
Leo Tolstoy ကို ရုရှားပြည်၊ Tula ပြည်နယ်၊ Yasnaya Polyana မြို့မှာ ၁၈၂၈၊ စက်တင်ဘာ ၉ ရက်မှာ မွေးဖွါးတယ်။ ညီအကို လေးယောက်မှာ အငယ်ဆုံးဖြစ်တယ်။ ၁၈၃၀ မှာ အမေ သေတယ်။ သူတို့ညီအကိုတွေကို အဖေ့ရဲ့ တဝမ်းကွဲ ညီမက ပြုစုစောင့်ရှောက်ရတယ်။ နောက် ၇ နှစ်အကြာမှာ အဖေဖြစ်သူ မြို့စား Count Nikolay Tolstoy ဆုံးပါးတယ်။ အဒေါ် က တရားဝင် အုပ်ထိန်းရတယ်။ အဒေါ်လည်း ဆုံးပါးပြန်တယ်။ နောက်အဒေါ်တယောက်ရှိရာ ရုရှားပြည်၊ Kazan မြို့ကို ပြောင်းရွှေ့ကြရတယ်။ ငယ်ဘဝက ကြေကွဲစရာ မိဘဆုံးရှုံးရတာတွေကို စာရေး မှတ်တမ်းတင်ခဲ့တယ်။
ငယ်ငယ်က အိမ်မှာပဲ ပြင်သစ်ဆရာ၊ ဂျာမန်ဆရာတွေနဲ့ သင်တယ်။ သူက စာတော့ မတော်ဘူး။ အမှတ်မကောင်းတော့ ဉပဒေကို ပြောင်းယူရတယ်။ ဒါလည်းမရတော့ နောက်ဆုံး တက္ကသိုလ်က ဘွဲ့မရဘဲ ကျောင်းထွက်လိုက်ရတယ်၊ ကျောင်းထွက်ပြီး လယ်ယာလုပ်တော့လည်း မအောင်မြင်ဘူး။ ဒါပေမယ့် မှတ်စုတွေ ရေးလေ့ရှိတာက နောင်စာရေးရာမှာ အထောက်အကူ ပြုလာတယ်။
လယ်ယာအလုပ် မအောင်မြင်တော့ စစ်တပ်ကနေ ခွင့်နဲ့ပြန်လာတဲ့ သူ့အကို Nikolay က စစ်ထဲ ဝင်ခိုင်းတယ်။ ၁၈၅၅၊ ဩဂတ်စ်လမှာဖြစ်တဲ့ Crimean စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ရတယ်။  
စစ်တပ် မော်တော်ယဉ်တပ်မှာနေရင်း ငယ်ဘဝအကြောင်းတွေကို Childhood ဆိုတဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိ စာအုပ်ရေးတယ်။ ၁၈၅၂ မှာ အဲဒီဝတ္ထုကို အဲဒီခေတ်ရဲ့ အကြော်ကြားဆုံး စာစောင် The Contemporary ကို ပေးပို့တော့ ဝမ်းသာအားရ လက်ခံလို့ သူ့ရဲ့ ပထမဆုံး ပုံနှိပ်ဝတ္ထု ဖြစ်လာတယ်။ အဲဒီနောက် စစ်တပ်ထဲက နေ့စဉ်ဘဝအကြောင်းကို ဆက်ရေးပေမယ့် ၁၈၆၂ တိုင် The Cossacks ဝတ္ထုမပြီးဘဲ စစ်တပ်ထဲမှ ထွက်ခဲ့တယ်။
စစ်တပ်ထဲနေရင်း စာဆက်ရေးတဲ့အတွက် Boyhood (1854) ဟာ သူ့အကြောင်းရေးတဲ့ ၃ အုပ်တွဲမှာ ဒုတိယစာအုပ်ဖြစ်ခဲ့တယ်။

Philosophy, Religious Conversion

Anna Karenina ဝတ္ထုအောင်မြင်ပေမယ့် ဘာသာရေးမှာ အတွေးအခေါ် လွန်ဆွဲရင်း စိတ်ဖိစီးမှု ခံစားခဲ့ရတယ်။ ဘဝအဓိပ္ပါယ်ကို ရှာဖွေရင်း၊ Russian Orthodox Church ကို သွားခဲ့တယ်။ ဒါပေမယ့် အဖြေမရ။ အသင်းတော်လည်း ပျက်စီးနေပြီလို့ ထင်လာတယ်။ ကိုယ်နားလည်သလို တွေးလာတယ်။ ဒါတွေကို ၁၈၈၃ မှာ  The Mediator စာစောင်ကို တည်ထောင်ရင်း ရေးသားဖေါ်ပြလာတယ်။
သူ့အယူအဆတွေကို ဘုရားကျောင်းက လက်မခံ။ ထုတ်ပယ်လိုက်တယ်။ ထောက်လှမ်းရေးက စောင့်ကြည့်တာလည်း ခံခဲ့ရတယ်။ သူ့အယူအဆက ပိုက်ဆံရှိရင် သူတပါးကို မဆိုင်းမတွ ပေးပစ်တတ်တယ်။ ဒါကို သူ့မိန်းမက လုံးဝ မကြိုက်။ အိမ်ထောင်မှာ ပြဿနာ ဖြစ်လာတယ်။ နောက်တော့ ၁၈၈၁ မတိုင်ရေးခဲ့တဲ့ စာမူခတွေအားလုံးရဲ့ မူပိုင်ခွင့်ကို ပေးလိုက်တယ်။

Elder Years

သူ့ရဲ့ နောက်ဆုံး အနှစ် ၃၀ အတွင်းမှာ သူဟာ ကိုယ်ကျင့်တရားကောင်းတဲ့ ဘုရားတရားသမားလို နေထိုင်တယ်။ သူက အကြမ်းမဖက်ဘဲ အကောင်းအားဖြင့် အဆိုးကို အနိုင်ယူမယ် လို့ ခံယူတယ်။
နောက်ပိုင်းနှစ်တွေမှာ နိုင်ငံတကာရဲ့ ဆုတံဆိပ်တွေ ရလာတယ်။ ဒါပေမယ့် သူ့ရဲ့ ဘာသာရေး အယူအဆကြောင့် ဖြစ်လာတဲ့ အိမ်ထောင်ရေး မပြေလည်မှုကို ရင်ဆိုင်ခံစားခဲ့ရတယ်။ သူ့အယူအဆတွေကို မိန်းမက လက်မခံရုံမျှမက အိမ်လာပြီး သင်ယူနေတဲ့ တပည့်တွေကို မကြိုက်တော့ဘူး။ အိမ်ထောင်ရေး မပြေလည်တာက သတင်းစာတွေမှာ ပါလာတယ်။ မိန်းမလက်က လွတ်ချင်စိတ်နဲ့ ၁၉၁၀၊ ဩဂတ်စ်လမှာ သမီး Aleksandra နဲ့ သူ့ရဲ့ သမားတော်  Dr. Dushan P. Makovitski တို့ကို ခေါ်ပြီး တိတ်တဆိတ် ရှောင်ထွက်လာခဲ့တယ်။

Death and Legacy

ဒါပေမယ့် အသက်အရွယ်ကြီးရင့်ပြီဖြစ်လို့ ဒီခရီးစဉ်ဟာ သူ့အတွက် အလွန်ပင်ပန်းခဲ့တယ်။ ၁၉၁၀၊ နိုဝင်ဘာမှာတော့ Astapovo မြို့ ၊ ရထားဘူတာရုံ ရုံပိုင်ကြီးတဉီးက သူ့ကို အိမ်မှာ ခေါ်ထားပြီး အနားယူစေခဲ့တယ်။ သိပ်မကြာဘူး၊ ၁၉၁၀၊ နိုဝင်လာ ၂၀ မှာ ဆုံးပါးပြီး၊ မိဘ ဆွေမျိုးတွေကို သဂ်ြိုဟ်ရာ သူ့တို့ပိုင် ခြံမြေမှာပဲ သဂ်ြိုဟ်ခဲ့တယ်။ မိန်းမနဲ့ သားသမီး ၈ ယောက် ကျန်ရစ်တယ်။

ထော စတိုင်းရဲ့ လက်ရာတွေဟာ ဒီနေ့ထက်တိုင် ကမ္ဘာ့ အကောင်းဆုံး စာရင်း ဝင်နေဆဲအဖြစ် သတ်မှတ်ကြတယ်။ War and Peace ကတော့ သမိုင်းတလျှောက် အကောင်းဆုံး ဝတ္ထုလို့ မကြာခဏ ပြောနေကြဆဲပါ။ အခုခေတ်ပညာရှင်တွေကလည်း ထော စတိုင်းဟာ ဇာတ်ကောင်တွေရဲ့ အတွင်းစရိုက် characters' unconscious motives ကို ဖေါ်ပြရာမှာ သိပ်တော်တယ် လို့ အများက အသိအမှတ် ပြုနေကြဆဲပါ။ လူတွေရဲ့ စရိုက်နဲ့ စိတ်ထား character and purpose ကို နေ့စဉ်အပြုအမူလေးတွေနဲ့ ဖေါ်ပြရာမှာ ဆရာတဆူ၊ ချန်ပီယန် တပါး ဖြစ်ပါတယ်။

Wednesday, November 3, 2021

Samo Pu Lay "လူတမျိုး ရှိသေး၏။"

ဆမို ပုလေး

Samo Pu Lay, Daw Kyaing, son & daughter
Samo Pu Lay & his wife, Daw Kyaing
Asho Chin Bible School

Samo Pu Lay's daughter, Daw Aye Kyaing

ဒီခေါင်းစဉ်ရဲ့ အိုင်ဒိယာကို "There is a river." ဆိုတဲ့ ကျမ်းစာပိုဒ်မှ ရပါတယ်။
"သမုဒ္ဒရာရေသည် ဟုန်းဟုန်းမြည်၍ မွှေနှောက်ပါလေစေ။ လှိုင်းတံပိုးထသဖြင့်၊ တောင်များ တုန်လှုပ်ပါလေစေ။
မြစ်တမြစ် ရှိသေး၏။ ထိုမြစ်ရေသည် စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်းစေတတ်၏။" - ဆာလံ ၄၆: ၃-၄
ရေဟာ အစုအဝေးကြီးလာရင် ပင်လယ်၊ သမုဒ္ဒရာလို ဖြစ်ပြီး အားကြီးလာ၊ ဒုက္ခပေးလာနိုင်တယ်။ ရေသိပ်မများတဲ့ စမ်းချောင်းကတော့ စီးဆင်းရာ အရပ်ကို အကျိုး ပြုတယ်။ လူလည်း ဒီလိုပါပဲ။
လူအုပ်စုကြီးမားပြီး၊ လူညီလာရင် အကျိုးမရှိတာတွေ လုပ်မိတတ်တယ်။ လူနည်းပေမယ့် အကျိုးရှိတာတွေကို လုပ်သူတချို့လည်း ရှိတယ်။ အဲလိုလူနည်းစုတွေထဲက လူတယောက်အကြောင်း ပြောပြချင်တယ်။
"ဆမို ပုလေး"
ဦးပိုလေးနဲ့ ဒေါ်ပပွိုင်တို့ရဲ့ စတုတ္ထမြောက်သား ဖြစ်ပြီး၊ တောင်တွင်းကြီး၊ နှစ်ကျပ်ခွဲရွာ ဇာတိ၊ ၁၉၁၃ မှာ မွေးဖွါးတယ်။ အဖ ဦးပိုလေးက အရှိုရိုးရာ ပဆန်းဆရာကြီး (ယဇ်ပရောဟိတ်၊ ယဇ်ပူဇော်ပေးရသူ) ဖြစ်တယ်။ ဒါပေမယ့် သင်းအုပ်ဆရာ ဦးထွန်း (မြန်မာ) နဲ့ တွေ့တဲ့အခါ ခရစ်ယာန်တွေကို စိတ်ဝင်စားသွားတယ်။ သူက စိတ်ထား​ကို ကြိုက်တာ။ ခရစ်ယာန်တွေက ပိုက်ဆံ၊ လက်ကိုင်ပဝါ ကောက်တွေ့တာကို ပိုင်ရှင်ရှာ၊ ကြေညာပြီး ပြန်ပေးနေတာ တွေ့တယ်။ ရွာမှာဆိုရင် ပွဲလန်းသဘင်မှာ ဖိနပ် သိပ်ပျောက်တာ လို့ တွေးမိတယ်။
အဲဒီနောက်တော့ ဆရာဦးထွန်းကို ဖိတ်ပြီး ကျမ်းစာသင်၊ ဆုတောင်းပေးပါ၊ သားတွေကိုလည်း ဘိန်းဖြတ်ပေးပါ လို့ တောင်းဆိုတယ်။ သားတွေက ဆိုးတယ်။ တဝမ်းကွဲ ညီအကိုတွေနဲ့ ပေါင်းပြီး လူမိုက်အုပ်စုဖွဲ့၊ ရွာနားတဝိုက် ပွဲလန်းသဘင် ရှိရင် ပုလိပ် ခေါ်စရာ မလို၊ သူတို့ပဲ ပွဲထိန်းကြတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ အရက်၊ ဘိန်း ပြတ်သွားကြတယ်။
အရက် မသောက်၊ ဘိန်းမစားတတ်သေးတဲ့ အငယ်ဆုံးသား နှစ်ယောက် ပုလေးနဲ့ ဗက်အိတို့ကို ကျွဲလှည်းနဲ့ ဆင်ပေါင်ဝဲအထိ ပို့၊ အဲဒီက တဆင့် သင်္ဘောစောင့်စီးပြီး သရက် မြို့ American Baptist Mission school ကို ပို့တယ်။
အဲဒီကျောင်းဟာ တောအရပ်က ကျောင်းမို့ တောကျောင်းလို့လည်း ခေါ်တယ်။ အဲဒီတုန်းက အမေရိကန် နှစ်ခြင်း ဆရာတွေက စွန့်လွှတ် အနစ်နာခံပြီး မဖွံ့ဖြိုး မတိုးတက်တဲ့ တောအရပ်မှာ စာလာသင်ပေးခဲ့တယ်။
ဟိုခေတ်ကတော့ အသိအမြင် နည်းပါးတော့ အများစုက အမေရိကန်တွေ၊ အင်္ဂလိပ်တွေ၊ ပြင်သစ်တွေ မခွဲတတ်ဘူး။ အသားဖြူရင် "ဘို" လို့ပဲ ခေါ်ကြတော့တယ်။ ဒါကြောင့် 3 Ms (စစ်ရေး၊ စီးပွါးရေး၊ ဘာသာရေး) နဲ့ နယ်ချဲ့တယ် ဆိုပြီး အကုန် ရောထွေး စွပ်စွဲကြတယ်။
တကယ်တော့ တောသားလေးတွေဟာ ABM ကျောင်းမှာ အမေရိကန်ဆရာနဲ့ စာသင်ရတဲ့ ထူးခြားတဲ့ အခွင့်အရေးကြီးကို ရခဲ့ကြတယ်။ (အခုခေတ်မှာပင် အမေရိကန်ဆရာနဲ့ စာသင်ဖို့ ဆိုတာ လွယ်တာမဟုတ်။ ကိုယ်တိုင် ကြိုးစားမှ၊ တော်မှ။ အမေရိကားမှာ အဆက်အသွယ်၊ အမျိုးအဆွေ ရှိမှ။ ပိုက်ဆံလည်း တတ်နိုင်ဦးမှ။) ဟိုခေတ် ABM ကျောင်းကတော့ ရွာက ဆန်ပါလာရုံနဲ့ အဆင်ပြေတယ်။ တချို့မတတ်နိုင်ရင်လည်း ပေးစရာ မလိုဘူး။ (သရက် မြို့ရဲ့ စိန့်မေရီဆိုတဲ့ RC ကျောင်းလည်း ဒီလိုပါပဲ။)
အဲဒီခေတ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတချို့က နိုင်ငံရေးကို ခရေဇီဖြစ်နေပေမယ့် ကိုပုလေးတို့က နိုင်ငံရေးထက် ကိုယ့်လူမျိုးကို ပညာတတ်ပြီး တိုးတက်စေချင်တဲ့ စိတ်က ပြင်းပြနေတယ်။
အဲဒီခေတ်လူငယ် နိုင်ငံရေးခေါင်းဆောင်တချို့ အင်္ဂလိပ်လို ပြောတဲ့ မိန့်ခွန်းတွေဟာ အင်ဒီးယား အသံဝဲပြီး၊ ကျက်ထားတာကို ​ပြန်ရွတ်သလား မှတ်ရတယ်။ ABM ကျောင်းသားတွေရဲ့ အင်္ဂလိပ် စကားပြော လေယူ လေသိမ်းကတော့ အမေရိကန် ဆန်တယ်။ လူမမြင်ရရင် အမေရိကန်လို့ ထင်ရတယ်။
နိုင်ငံရေးလုပ်တဲ့ လူငယ်တွေက စိတ်အားကြီးပေမယ့် အဲဒီခေတ်ရဲ့ နိုင်ငံတကာ အခင်းအကျင်းကို သိပ်သိပုံ မရဘူး။ တတိုက်တည်းနေ အာရှသား ဂျပန်တပ်ကို ခေါ်လာတဲ့အခါ ပြည်သူလူထု အကြီးအကျယ် ဒုက္ခရောက်ရတယ်။ ကျောင်းတွေ ပိတ်ခဲ့ရတယ်။ ပညာသင်ချင်၊ တိုးတက်ချင်တဲ့ လူငယ်တွေအတွက် အဲဒီခေတ် နိုင်ငံရေးဟာ အနှောက်အယှက် သက်သက်ပါ။ ABM ကျောင်းပိတ်ချိန်မှာ ကျောင်းကို လွမ်းတဲ့အ​ကြောင်း သီချင်းတပုဒ်ကို ဆမိုပုလေး ရေးခဲ့တယ်။ "အို၊ အရှို ကျုန်လှဲင် ဟို" -( အို၊ အရှိုကျောင်းကြီးရယ် လွမ်းမိတယ်) သီချင်းဟာ သရက် မြို့ အရှို ABM ကျောင်းသားတိုင်းနဲ့ သူတို့ရဲ့ သားမြေးမြစ်များအတွက် မျက်ရည်ဝဲစရာ ဖြစ်တယ်။ တန်ဖိုးထားစရာ သမိုင်းဖြစ်ရပ်တွေကို ပြန်အောက် မေ့စရာ ဖြစ်တယ်။ ဂျပန်ခေတ်မှာ ပုံနှိပ်ပြီးစ အရှို ဓမ္မသီချင်း စာအုပ်တွေကို ဗုံးဒဏ်၊ မီးဘေးဒဏ် မသင့်ခင် ဆမိုပုလေးနဲ့ ဆမိုညီလေးက ရန်ကုန်မှာ သွားယူပြီး အရှိုရွာတွေကို ဖြန့်ဝေပေးချိန်မှာ ဒီသီချင်းကို ရေးခဲ့ပုံရတယ်။
ABM ကျောင်းသားတွေဟာ အင်္ဂလိပ်စာကောင်းတော့ ၇ တန်း၊ ၈ တန်း၊ ၉ တန်း ဆိုရင်ပဲ အလုပ်အကိုင် ကောင်းကောင်းရကြတယ်။ အများစုက လစာကောင်းတဲ့ အစိုးရအလုပ်ကို လုပ်ကြပေမယ့် ဆမိုပုလေးက လစာမကောင်းတဲ့ တရားဟောဆရာ အလုပ်ကို ရွေးချယ်တယ်။
ဆရာဦးထွန်းရဲ့သမီးဖြစ်သူ ဒေါ်ကြိုင်နဲ့ အိမ်ထောင်ကျတယ်။
ဆမိုပုလေးက သနားတတ်တယ်။ တောရွာတွေကို သွားရာက ပြန်လာရင် ဇနီးသည်က သူ့ထည့်ပေးလိုက်တဲ့ အဝတ်အစားတွေ ပြန်စစ်တယ်။ မတွေ့လို့ မေးရင်၊ "မမ မမေးနဲ့တော့။ မရှိတဲ့သူတွေကို ပေးလိုက်ပြီ။" ဖြေတတ်တယ်။
သားသမီး မထွန်းကားပေမယ့် နှစ်ယောက်လုံးက သနားတတ်တော့ မွေးစား သားသမီးတွေ ရှိတယ်။ သားအငယ်က တရုတ်နွယ်ဖွါး။ ဦးပုလေးနဲ့ ဒေါ်ကြိုင်တို့ရဲ့ သားဆိုတော့ "ကို လေးကြိုင်" လို့ မှည့်ကြတယ်။ နာမည်လေးမှာ နွေးထွေးမှုကို တွေ့နိုင်တယ်။ သမီးအကြီးက မအေးကြိုင်။ သူက အင်ဒီးယား နွယ်ဖွါး။ မောင်နှမ နှစ်ယောက် မှန်ကြည့်ကြတော့ "နင်နဲ့ ငါနဲ့ မောင်နှမသာ ဆိုတယ်။ ဘာတခုမှ မတူပါလား" လို့ ပြောမိကြတဲ့ အထိ ဆမိုပုလေးရဲ့ မေတ္တာတရားဟာ အံဩစရာပါ။
သမီးကြီးက ချင်းထမီလေး ဝတ်တော့ အဖေက ကြည်နူးတယ်။ သမီးတော်ကြောင်း ဂုဏ်ယူစွာနဲ့ ပြောမိတယ်။ "အရှိုတွေက ကြက်ဆင်ကို ကြက်ဆင်လို့ပဲ ခေါ်နေကြတယ်။ ငါ့သမီးကမှ အာမွီ လို့ ခေါ်တတ်သေးတယ်" တဲ့။ အရှိုမှာ ကြက်က "အာ"၊ ဆင်က "မွီ"။ ကြက်ဆင်အတွက် မရှိခဲ့ဘူး။ သူ့စကားဟာ လူအများ ကဲ့ရဲ့စရာ ဖြစ်ခဲ့တယ်။ ဟာသ ဖြစ်ခဲ့တယ်။ သာမန်အားဖြင့် မိဘက သားသမီးအတွက် ဂုဏ်ယူရင် အပြစ်မတင်ကြပေမယ့် မွေးစားအဖေ ဆိုတော့ ကဲတယ် လို့ မြင်ကြတယ်။
တကယ်တော့ အရောင် မတူပေမယ့်လည်း သမီးအရင်းလို ချစ်ခဲ့တဲ့ အဖေတယောက်ရဲ့ မေတ္တာ လယ်ဗယ်ကို မမှီကြတာပါ။ ချစ်ခြင်း မေတ္တာ ဆိုတာ အတန်းပညာလို တဆင့်ချင်း သင်ယူရတာမျိုးပါ။ ဆမို ပုလေးဟာ အသားအရောင် မခွဲခြားဘဲ ချစ်တတ်ခဲ့တယ်။
မွေးစားတဲ့ သားသမီးတွေအပြင် သူ့ဘက် ကိုယ့်ဘက် အမျိုးထဲက ကျောင်းထားပေးတဲ့ သားသမီးတွေပါ ပေါင်းရင် ၁၈ ယောက် ရှိတယ်။ လူမျိုးက စုံတယ်။ အရှို၊ မြန်မာ၊ တရုတ်၊ အင်ဒီးယား၊ ဂျပန် အစုံ ပါပဲ။ ၅ ပင်အိမ်ကြီးမှာ မိသားစုကြီး တခုလို နေကြတယ်။ မစားရ၊ မဝတ်ရ၊ ပညာမသင်ရ ဆိုတဲ့ စကားကို နှစ်ယောက်လုံးက မကြားနိုင်ကြ။ ကူချင်၊ ကယ်ချင်တယ်။ ကိုယ်က ချမ်းသာတာ မဟုတ်ဘဲ ကူချင် ကယ်ချင်လွန်းတော့ လင်မယား စကားများကြရတယ်။ စကားများရပြီဆိုရင် တခြားပြဿနာ မဟုတ်ပါ။ ကူချင်ကယ်ချင်တဲ့ ပြဿနာပါ။
တရားဟောဆရာလုပ်တော့ ဆမို ညီလေးနဲ့ အတွဲညီကြတယ်။ အလုပ်အစည်းအဝေးတွေမှာ ဘာမှဝင်မပြောတဲ့ အရှိုတွေကို အားမရကြဘူး။ ကိုယ့်အမြင်ကို ရဲရဲဝံ့ဝံ့ ပြောစေချင်ကြတယ်။ တနေ့ အလုပ်စည်းဝေးမှာ ဆမိုပုလေးနဲ့ ဆမိုညီလေး သဘောထား ကွဲပြီး အကြီးအကျယ် အခြေအတင် စကားများတယ်။ လူတွေ လန့်ကြတယ်။ "ဒီလောက်ခင်တဲ့ ဆရာနှစ်ယောက် ဒီနေ့တော့ ကွဲပြီ" လို့ ထင်ကြတယ်။ စည်းဝေးအပြီး ခန်းမထဲကနေ တယောက်ပုခုံး၊ တယောက်ဖက်ပြီး ထွက်သွားတဲ့ ဆမိုပုလေးနဲ့ ဆမိုညီလေး အတွဲကိုကြည့်ပြီး အံ့ဩကျန်ခဲ့ကြရတယ်။ သဘောထား မတူပေမယ့် အခင်အမင် မပျက် ချစ်တတ်အောင် လက်တွေ့သင်ပေးခဲ့ကြတယ်။ သူတို့က သဘောထား ကွဲလွဲခွင့်ပေးနိုင်တဲ့ မေတ္တာလယ်ဗယ်အထိ ချစ်တတ်ခဲ့ကြတယ်။
ဆမိုပုလေးက ပျော်ပျော်နေတတ်တယ်။ ရယ်စရာလေးတွေ ပြောတတ်တယ်။ သူပြောတဲ့ ရယ်စရာ စကားတွေကြောင့် လူတွေ ပေါ့ပေါ့ပါးပါး ဖြစ်ရတယ်။ တနေ့ ရွာတရွာကို အသွား၊ လမ်းမှာ လှည်းချင်း ဆုံနေတယ်။ ဆမိုပုလေးက "ဗျိုး၊ ဟိုးရှေ့က သူကြီးမင်းရေ၊ ဒီမှာ မြို့အုပ်မင်း လာနေလို့၊ လှည်းဖယ်ပေးပါဦး။ " လို့ ပြောတော့ တဖက်လှည်းသမားလည်း စိတ်မဆိုးအား၊ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ လှည်းရှောင်ပေးတယ်။ လှည်းပေါ်ပါလာသူ အားလုံးလည်း ချက်ချင်းကြီး ရာထူးတွေ တိုးကြတော့ ပြုံးစိစိနဲ့ပေါ့။
တနေ့တော့ ဆမို ညီလေး ရုတ်တရက် ဆုံးတဲ့သတင်းကို သရက် မြို့မှ လူငယ် တယောက် ပြည်မြို့ ဆမိုပုလေးထံ လာပြောတယ်။ သတင်းကြားရချင်း ဆမို ပုလေး ရှိုက်ကြီးတငင် ငိုတယ်။ ယောင်္ကျားတန်မဲ့ ငိုနေတာက သတင်းပို့လာတဲ့ လူငယ်အတွက် အံ့အားသင့်စရာ။ ဒါပေမယ့် သရက် မြို့အသွား ကားပေါ်မှာတော့ ဘေးနားက လူတွေနဲ့ ရယ်စရာတွေ စ,နောက်နေပြန်တော့ ပိုပြီး အံ့အားသင့်ရတယ်။ ကိုယ်က ဝမ်းနည်း ကြေကွဲနေပေမယ့် ဘေးလူတွေကို ပျော်စေချင်တဲ့ မေတ္တာမျိုး သူ့မှာ ရှိခဲ့တယ်။
သရက် မြို့ရောက်ပြီး ဆမိုညီလေးရဲ့ နာရေးမှာ ဆမိုပုလေး တရားဟောရင်း "ခလောင်ဟိုး" - (လူရေ/ ကိုယ့်လူရေ) လို့ ပြောလိုက်တဲ့အခါ၊ ဒီစကားက ဆမိုပုလေးက ဆမိုညီလေးကို ခေါ်နေကျ စကားဆိုတော့ နာရေးပို့ဆောင်တဲ့သူတွေ အားလုံး မျက်ရည်မဆည်နိုင် ငိုကြရတယ်။
ဆမိုပုလေးရဲ့ နောက်ဆုံးနေ့ရက် နီးလာချိန်မှာ ဝမ်းနည်းစရာ နားလည်လွဲ ခံခဲ့ရတယ်။ ခရီးမသွားခင် မိသားစု ဆုတောင်းကြတယ်။ ဆမိုပုလေးက "ဘုရားသခင်၊ အရှိုတွေကို ကောင်းကြီးပေးပါ။ တိုးတက်​စေပါ" လို့ ဆုတောင်းတယ်။ ဇနီးသည်က "အာမင်" မဆိုပါ။ သဘောမတူပါ။ ဆမိုပုလေးက "မမ ဘာလို့ အာမင် မဆိုတာလဲ" လို့ မေးတဲ့အခါ "တဖက်စွန်းရောက်တာကိုး။ ဘုရားသခင်က အရှိုကိုပဲ ချစ်တာလား၊ တခြားလူမျိုးတွေကိုရော မချစ်ဘူးလား။ ဆုတောင်းတာ မမှန်ရင် အာမင် မခေါ်နိုင်ဘူး" လို့ ပြန်ပြောခဲ့တယ်။ ဆမိုပုလေး တချက်တွေသွားပြီး၊ ဆုတောင်းချက်ကို ပြင်လိုက်တယ်။
လူသားအားလုံးကို ဘုရားသခင် ကောင်းကြီးပေးဖို့၊ တိုးတက်စေဖို့ပေါ့။ (တကယ်တော့ အရှိုက အရှိုကို ချစ်တာ အပြစ်မဟုတ်ပါ။ အစွန်းရောက်တာလည်း မဟုတ်ပါ။ ကိုယ့်လူမျိုးကို တကယ်မချစ်ဘဲ တတိုင်းပြည်လုံးကို မချစ်နိုင်ပါ။ တကမ္ဘာလုံးကိုလည်း မချစ်နိုင်ပါ။)
"If a man say, I love God, and hateth his brother, he is a liar: for he that loveth not his brother whom he hath seen, how can he love God whom he hath not seen? 1 John 4: 20
ဆမိုပုလေးက သူဆုတောင်းချက်ကို ပြင်ပေးခဲ့တယ်။ တိုင်းပြည်ကို ချစ်တဲ့စကား၊ တကမ္ဘာလုံး ငြိမ်းချမ်းရေး ဆိုတဲ့ စကားကို တလောကလုံး ကြားချင်ကြမှာပါ။ ဒါပေမယ့် ကိုယ့်အနားက လူကို မချစ်ဘဲ ပြောနေသမျှဟာ ကြားကောင်းရုံ သက်သက်ပါ။ လူ့လောကမှာ လိုအပ်နေတာက ကိုယ့်မိသားစုကို တကယ်ချစ်တဲ့ သူ၊ ကိုယ့်လူမျိုးကို တကယ်ချစ်တဲ့ သူပါ။
အဲဒီလို တကယ်ချစ်သူတွေ များလာရင်တော့ တိုင်းပြည် တိုးတက်ဖို့၊ ကမ္ဘာကြီး သာယာ ငြိမ်းချမ်းဖို့ ဖြစ်လာဖို့ မြော်လင့်နိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ကြားကောင်းရုံပဲ ရှိမယ်။ တကယ်လို့များ ဆမိုပုလေးက ဆုတောင်းချက် မပြင်ရင် ဆုတောင်းခြင်းရဲ့ အကျိုးဆက် ဘာဖြစ်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ အခုကတော့ ပြင်လိုက်တဲ့ စကားလုံးလှတဲ့ ဆုတောင်းဟာ အသက် မပါခဲ့ပါ။
၁၉၆၂၊ အောက်တိုဘာ ၂၃ ရက်၊ ရန်ကုန်ကနေ ပြည်ပြန်မယ့်နေ့ကတော့ သူ့အတွက် နောက်ဆုံးနေ့ပါ။
မိသားစုအတွက် လက်ဆောင်ဝယ်ရာက တည်းခိုရာအရပ်ကို ပြန်လာခဲ့တယ်။ ရောက်ခါနီးမှာ ရင်ဘတ်အောင့်လာတယ်။ လက်တဖက်က ရင်ဘတ်ကို ဖိရင်း၊ လက်တဖက်နဲ့ တည်းခိုဆောင်ရှိ မိတ်ဆွေတွေကို လက်ယပ်ခေါ်တယ်။ သူနောက်နေတယ် ထင်လို့ မိတ်ဆွေတွေက ရယ်ကြတယ်။ တည်းခိုဆောင်ထဲ အရောက် မှာ လဲကျသွားတယ်။
အိမ်ထဲက ကရင်မိန်းကလေးက "ဦးလေး၊ ဦးလေး၊ ဘာဖြစ်လဲ" ဆိုပြီး ပွေ့ထားပေမယ့်၊ စကားပြန် မရဘဲ သူ့လက်​ပေါ်မှာပဲ နှလုံးရောဂါနဲ့ ရုတ်တရက် ဆုံးပါးသွားခဲ့တယ်။
အခုဆိုရင် နှစ်ပေါင်း ၆၀ ကြာခဲ့ပါပြီ။ သူ့ဘဝကို စကားလုံးတလုံးနဲ့ ချုပ်ရရင် ဆမိုပုလေးဟာ ကိုယ်နဲ့သက်ဆိုင်သူတွေကို တကယ်ချစ်ခဲ့သူပါ။ He is "the one who loved his neighbors".
(ဆမိုပုလေးအကြောင်း ပြောပြပေးတဲ့ ဆမိုပုလေးရဲ့သား ဦးလေးကြိုင်နဲ့ အမှတ်တရတချို့ ပြောပြပေးတဲ့ ဦးဆလိုင်းအောင်ချစ်၊ ဓါတ်ပုံများ သုံးခွင့်ပေးတဲ့ ဆမိုပုလေးရဲ့ မြေး ဒေါ်ဇင်မင်း တို့ကို ကျေးဇူးတင်ပါတယ်။)

Wednesday, February 24, 2016

Dr. Russell Anderson

Dr. Russell Anderson
သမိုင်းတလျှောက်မှာ ဘုရားသခင်ရဲ့ လူတွေကို သုံးသလို၊ သူတို့နောက်မှာ ပံပိုးဖို့ သာမန်လူတွေကိုလည်း သုံးပါတယ်။ အများအားဖြင့် ငွေကြေးအားဖြင့် ကူညီရတာပါ။ Dr. Jack Hyles အတွက် Russell Anderson ကို ဘုရားစေလွှတ်ပေးတယ်။ ငွေကြေးနဲ့ပါတ်သက်တဲ့ ဘုရားပေးတဲ့အစွမ်းက သူ့မှာ ထူးခြားပါတယ်။

သမိုင်းတလျှောက် အဦးဆုံး ထင်ရှားတဲ့ အလှူရှင်တယောက်ကတော့ ဖီလဒဲဖီးယားမှ John Wanamaker ပါ။ ၁၈၀၀ ပြည့်နှစ်များမှာ Chain စတိုးဆိုင်တွေ အစီအရီ ဖွင့်ပြီး ဖွံ့ဖြိုး တိုးတက်စေခဲ့တယ်။ ဧဝံဂေလိလုပ်ငန်းတွေကို တသက်လုံး ကူညီခဲ့တယ်။ ဖီလဒဲဖီးယားမှာ ပြိုပျက်နေတဲ့  အကြီးမားဆုံးအဆောက်အဦ ပင်ဆယ်ဗေးနီးယား ဘူတာရုံကြီးကို D. L. Moody ရဲ့ အောင်မြင်တဲ့ တရားပွဲတွေအတွက် ဝယ်ပေးခဲ့တယ်။ ဆေးရုံး၊ ဘုရားကျောင်း၊ ကောလိပ်နဲ့ ဆန်းဒေးစကူးကျောင်းတွေ ဒေါ်လာ သန်း ၂၀ ဖိုး ပေးလှူခဲ့တယ်။

နောက်တယောက်က Henry P. Crowell ပါ။ “The Autocrat of the Breakfast Table” – “မနက်စာ ဆရာကြီး” လို့ ချစ်စနိုး အခေါ်ခံရသူပါ။ ငယ်စဉ်က D. L. Moody တရားဟောတာ ကြားပြီးနောက် “ငါတော့ တရားဟောဆရာ မဖြစ်နိုင်ဘူး။ အောင်မြင်တဲ့ စီးပွါးရေးသမားတော့ ဖြစ်နိုင်တယ်။ ဘုရားအလိုတော်ရှိလို့ ပိုက်ဆံရှာနိုင်ရင် အမှုတော်ထဲမှာ သုံးပါမယ်” လို့ ဆုတောင်းတယ်။ ဒီလိုပဲ သူဆုတောင်းလိုက်တယ်။ အိုဟိုင်အိုးပြည်နယ်၊ ရေဗယ်နာမြို့မှာ ရှိတဲ့ အရှုံးပေါ်နေတဲ့ ကွေကာစက်ရုံကို ဝယ်လိုက်တယ်။ ဆယ်နှစ်အတွင်းမှာ ကွေကာအုပ်ကို လူတွေ ရင်းနှီးကျွမ်းဝင်သွားတယ်။ Mr. Crowell က ဝင်ငွေရဲ့ ၆၀ မှ ရ၀ ရာနှုန်းအထိ အမှုတော်အတွက် ပေးလှူခဲ့ပါတယ်။

မြေသယ်စက်တွေကို အောင်အောင်မြင်မြင် တီထွင်ခဲ့တဲ့ R. G. Letourneau က Forbes မဂ္ဂဇင်း အင်တာဗျူးမှာ ပြောဖူးတယ်။ “ကျွန်တော် လုပ်ချင်တာ နှစ်ခု ရှိတယ်။ စက်တွေ ဒီဇိုင်းဆင်မယ်။ စက်နှိုးပြီး အလုပ်ခိုင်း ကြည့်မယ်။ နောက်တခုက ဧဝံဂေလိကို စက်နှိုးပြီး လူတွေ ပြောင်းလဲအောင် လုပ်တာ ကြည့်ချင်တယ်။” သူသေဆုံးချိန်မှာ တီထွင်မှု မူပိုင်ခွင့် ၃၀၀ ကျော် ပိုင်ဆိုင်ပြီး၊ သူရဲ့ မြေတူးစက်ကြီးက ပေါင် ၂၀၀,၀၀၀ လေးတယ်။ ၃၅ ပေ မြေအနက် တူးမြေင်းကို တူးပေးနိုင်တယ်။ အချင်း ၅ ပေ ရှိတဲ့ သစ်ပင်တွေကို ရွေ့စိုက် ပေးနိုင်တယ်။ ဝင်ငွေရဲ့  ၉၀ ရာနှုန်းကို အမှုတော်အတွက် ပေးလှူရုံသာမက သခင်ယေရှုအကြောင်းကို နေရာတကာမှာ သွားရောက် ဟောပြောနိုင်စွမ်း ရှိတယ်။

William Colgate အကြောင်းကလည်း စိတ်ဝင်စားစရာပါ။ ၁၆ နှစ်အရွယ်မှာ ပိုင်ဆိုင်သမျှလေးကို ထုပ်ပိုးပြီး တိုးတက်ရာရှာဖို့ အိမ်က ထွက်လာခဲ့တယ်။ တူးမြောင်းသင်္ဘော ကပ္ပတိန်အဘိုးကြီးနဲ့ တွေ့တယ်။ အဖေက မကျွေးနိုင်တော့လို့ အိမ်က ထွက်လာရတယ်။ လုပ်တတ်တာကလည်း ဆပ်ပြာနဲ့ ဖယောင်းတိုင်ပဲ လုပ်တတ်တယ် လို့ ပြောပြလိုက်တယ်။ ကပ္ပတိန် အဘိုးကြီးက ဝီလျမ်အတွက် ဒူးထောက် ဆုတောင်းပေးတယ်။ ခရစ်တော်ရဲ့ ကယ်တင်ခြင်းကို ပြောပြတယ်။ ကပ္ပတိန်က “နယူးယော့မြို့မှာ ထိပ်တန်း ဆပ်ပြာသူဌေးတယောက် ပေါ်လာတော့မယ်။ မင်းလည်း ဖြစ်နိုင်တာပေါ့။ လူကောင်းတယောက် ဖြစ်အောင်နေ။ ရိုးသားပါ။ ဘုရားပိုင်တဲ့အရာ ဘုရားကို ပေးလှူ။ ဆပ်ပြာအစစ်ကို ထုတ်။ အချိန်အတွယ်၊ အချိုးအစား မှန်ပါစေ။ ဘုရားကောင်းကြီးပေးရင်၊ မင်း သူဌေးဖြစ်လာမယ်။” လို့ ပြောတယ်။ ဒါကြောင့် ဝီလျမ်ကိုးလ်ဂိတ်ဟာ ဘုရားအမှုတော်အတွက် ဒေါ်လာ သန်းချီပြီး ပေးလှူခဲ့ပါတယ်။

အမှုတော်အတွက် သန်းချီပြီး ပေးလှူတဲ့ သာမန်ယုံကြည်သူတွေ အများကြီး ရှိပါသေးတယ်။ တကယ် ထူးမြတ်သူတွေ ဖြစ်ကြပေမယ့် သမိုင်းတလျှောက် အပေးလှူဆုံးကတော့ Russell Anderson ဖြစ်မယ် ထင်ပါတယ်။ အခုအချိန်အထိ သူဟာ ဒေါ်လာ ၃၅ သန်း အမှုတော်အတွက် ပေးလှူပြီးပါပြီ။ သူဟာ Hyles-Anderson ကောလိပ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

၁၉၆၂ ခုရဲ့ တနင်္ဂနွေ တမနက်မှာ ဒေါက်တာ အင်ဒါဆင်နဲ့ မိသားစု First Baptist Church ကို ဘုရားကျောင်း လာတက်ကြတယ်။ ဘုရားကျောင်းအပြီးမှာ အသင်းသား မုဆိုးမတယောက်က နေ့လည်စာ စားဖို့ စီစဉ်ထားတာ ရှိလား လို့ မေးတယ်။ မရှိဘူးဆိုတော့ သူနဲ့ အိမ်မှာ လိုက်စားဖို့ ခေါ်တယ်။ ဒီလို ဂရုစိုက်တာလေးက Dr. Hyles နဲ့ တသက်တာ မိတ်ဆွေဖြစ်ဖို့ ဇာတ်လမ်း အစပါပဲ။

၁၉၃၁ ခု၊ မေ ၁၆၊ ကင်တာကီပြည်နယ်၊ Hunter ဟန်တာမြို့မှာ မွေးဖွါးတဲ့ ဒေါက်တာ ရပ်ဆယ်၊ အင်ဒါဆင်ဟာ ကင်တာကီမှ ကျောက်မီးသွေး လုပ်သားတယောက် ဖြစ်ခဲ့ပါတယ်။ အဖေ ကျောက်မီးသွေးသမားနဲ့ အိမ်အလုပ် ကြိုးစားလုပ်တဲ့ အမေ့မှာ သားသမီး ၆ ယောက်ရှိတယ်။ ယောကျင်္ားလေး ၄ ယောက်၊ မိန်းကလေး ၂ ယောက်။ သားတယောက်က ငယ်ငယ်မှာ ဆုံးတယ်။ ငယ်ငယ်က ဆင်းဆင်းရဲရဲနဲ့ စခဲ့ရတော့ အလုပ်ကြိုးစားရင် ကျမ်းစာနဲ့အညီ နေထိုင်သူကို ဘုရားကောင်းကြီးပေးတဲ့ စံနမူနာကောင်း တယောက်ပါပဲ။

အင်ဒါဆင်မိသားစုဟာ ကင်တာကီတောင်တန်းပေါ်က အခန်း ၃ ခန်းပါ အိမ်မှာ နေခဲ့ရတယ်။ အခန်း ၃ ခန်းနဲ့ ရေချိုးခန်း ပါတဲ့ အိမ်မျိုး မဟုတ်ဘူး။ အခန်း ၃ ခန်းနဲ့ ပေ ၃၀၀ လောက်ရှည်တဲ့ ခြံပြင်ထွက်တဲ့ လမ်းပါတဲ့အိမ်ပါ။ လျှပ်စစ်မီး မရှိဘူး။ မီးအိမ်ကလေး ထွန်းကြရတယ်။ ရပ်ဆယ်လ် ငယ်ငယ်က အိပ်ရာဆိုတာ သစ်သားပြားပေါ်မှာ စောင်တထည် ခင်းထားတာပဲ ဖြစ်တယ်။

ရှစ်နှစ်အရွယ်ရောက်တော့ ယာခင်းထဲမှာ တနေ့ ဆင့် ၅၀ နဲ့ အလုပ်လုပ်ရတယ်။ ဆောင်းရာသီမှာ ပိုက်ဆံရဖို့ ဖျံ၊ ကြွက်၊ ဝက်ဝံတွေ ထောင်ဖမ်းရတယ်။ အရေခွံကိုတော့ Sear (သို့) Montgomery ရပ်ကွက်မှာ သွားရောင်းရတယ်။ မနက် ၄ နာရီ၊ ၅ နာရီမှာ ထောင်ချောက်တွေ စစ်ဖို့ အိပ်ရာထရတယ်။ အလုပ်ကြိုးစားရမယ်၊ ပိုက်ဆံရဖို့ ဘာမဆို လုပ်မယ်ဆိုတာ ရပ်ဆယ် ငယ်ငယ်ကတည်းက နားလည်နေပါပြီ။

လွှစက်မှာ အလုပ်လုပ်ဖူးသလို၊ တောင်ပေါ်မှာ သစ်ခုတ်သမားလည်း လုပ်ရတယ်။ အလုပ်လုပ်ဖို့ မြည်းအိုကြီး တကောင် ဝယ်လိုက်တော့ အလုပ်မှာ အထောက်အကူပြုတယ်။ အသုံးကျတယ်။ ဒါနဲ့ တနေ့ ၂ ဒေါ်လာ ရလာတယ်။ အထက်တန်း ကျောင်းသားဘဝမှာ စနေနေ့တိုင်း ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ရတယ်။ တခါတရံ ညနေဖက်တွေမှာ လုပ်ရတယ်။ တနေ့ ၂ ဒေါ်လာရတယ်။ အထက်တန်းကျောင်းပြီးတော့ ကျောက်မီးသွေးတွင်းမှာ အချိန်ပြည့် ၆ နှစ် လုပ်တယ်။

၁၉၅၅ မှာ ကျောက်မီးသွေးတွင်းမှ ထွက်ပြီး၊ မီချီဂန်ပြည်နယ်၊ Ypsilanti မြို့ကို ပြောင်းတယ်။ အဲဒီမှာ အလုပ် ၂ ခု လုပ်ရတယ်။ အထပ်သား နံရံဆေးသုတ်နည်း သင်ရတယ်။ အဆက်တွေမှာ တိပ်ကပ်ရတယ်။ တနာရီ ၁ ဒေါ်လာခွဲ ရတယ်။ တနေ့ ၁၂ နာရီ လုပ်ရလေ့ရှိတယ်။ ၁၉၅၇ မှာတော့ ရပ်ဆယ်နဲ့ လူတစုဟာ တယောက် ဒေါ်လာ ၅၀၀ စီ ထည့်ဝင်ပြီး ကိုယ်ပိုင် နံရံကပ် လုပ်ငန်း Drywall တည်ထောင်ကြတယ်။

အလုပ်ကိုပဲ ကြိုးစားနေတဲ့ ရပ်ဆယ်ဟာ ၁၉၅၈ မှာ အိမ်ထောင်ပြုဖို့ အချိန်ယူလိုက်ပါတယ်။ သူကိုယ်တိုင်က ခရစ်ယာန် မဟုတ်ပေမယ့် ခရစ်ယာန်မိန်းကလေး Maxine Ramsey လက်ထပ်ဖို့ စီစဉ်တယ်။ မိန်ကလေးဖက်က ဆရာက လက်ထပ်မပေးလို့ ရပ်ဆယ်က ဆဲတယ်။ တခြားမှာပဲ လက်ထပ်ရတော့တယ်။

အိမ်ထောင်ကျပြီးနောက် ရပ်ဆယ်က ဇနီးသည်ကို အသင်းတော်ထဲက ဆွဲထုတ်ဖို့ အမျိုးမျိုး ကြိုးစားတယ်။ မရဘူး။ မိန်ကလေးက သူ့ဘာသာဖက် မဆွယ်သမျှတော့ အလိုက်သင့်နေဖို့ ရပ်ဆယ် သဘောပေါက်လာတယ်။ နောက်ဆုံးတော့ ရပ်ဆယ်ဟာ ဇနီးသည်နဲ့ Sunday school တက်လာပြီး၊ ၁၉၅၉ မှာ ခရစ်တော်ကို လက်ခံလာတယ်။ ငွေကြေးအဆင်မပြေချိန်မှာပင် ဆယ်ဖို့တဖို့ ပေးလာတယ်။ ၂၀ %၊ ၃၀ %  တိုးပေးလာရင်း ၁၉၇၀ မှာ ၅၀% ပေးလာတယ်။ ၁၉၉၉ တနှစ်တည်းမှာပဲ အမှုတော်အတွက် ဒေါ်လာ ၁၁ သန်း ပေးလှူခဲ့တယ်။

နောက်တော့ မီချီဂန်ပြည်နယ်ကို ပြောင်းရွေ့ပြီး အိမ်ရာဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တယ်။ သူအသက်ကြီးရင် အနားယူမယ့် အိမ်ခန်းမျိုး ၁၀ ခန်း ဆောက်လိုက်တယ်။ သူသက်သေခံတာက “ပထမ ၁၀ ခန်းမပြီးခင်၊ အကုန်ဝယ်သွားရင်၊ မြေထပ်ဝယ်ပြီး နောက်ထပ် ၁၀ ခန်း ထပ်ဆောက်မယ်။ ပထမ ၁၀ ခန်း ဆောက်ဖို့ လူတယောက် ငှါးတယ်။ ဘဏ်က ဒေါ်လာ ၆၀,၀၀၀ ချေးပြီး၊ အဲဒီလူကို အိပ်ထဲက ၅,၀၀၀ ပေးတယ်။ ဒုတိယ ၁၀ ခန်းတွဲမှာတော့ ဘဏ်က ဒေါ်လာ ၆၅,၀၀၀ ချေးတယ်။ ဆောက်ပြီးတော့ လက်ထဲမှာ ဒေါ်လာ ၃,၀၀၀ ကျန်တယ်။ ဒါနဲ့ ငွေထပ်ချေးပြီး နောက် ၅ ခန်း၊ နောက်ထပ် ၁၅ ခန်းနဲ့ ဆောက်လိုက်တာ အခန်း ၆၀ ဖြစ်သွားတယ်။ ပထမတော့ ၁၀ ခန်းပဲ ဆောက်ချင်တာပါ။ ဘုရားက ၆၀ ဖြစ်စေတယ်။ အခန်း ၆၀ ဆောက်ပြီးတဲ့အခါ လက်ထဲမှာ ဒေါ်လာ ၂၅,၀၀၀ ကျန်တယ်။ အကြွေးကင်းတယ်။ ဘဏ်ကို ဘယ်လိုသုံးရမယ်ဆိုတာ ဘုရားသင်ပေးတာပါ။”

ခရစ်ယာန်သမိုင်းမှာတော့ ဒေါက်တာ အင်ဒါဆင်ဟာ ဧဝံဂေလိတရားအတွက် တခြားသူတွေထက် ပိုပေးလှူခဲ့သူပါ။ ကမ္ဘာတဝန်းမှာ အသင်းတော်များစွာ၊ ကောလိပ်ကျောင်းများစွာကို စတင်ခဲ့သူဖြစ်တယ်။ ဧဝံဂေလိတရားအတွက် မရပ်သေးဘူး။ အမေရိကန်ပြည်တဝန်းမှာ သူနဲ့အတူ တရားဟောဖူးပါတယ်။ သူဟာ ကိုယ်တိုင်က ကယ်တင်ခြင်းတရားကို သက်သေခံသူဖြစ်သလို၊ ယုံကြည်ခြင်းတရားကို ကွယ်ကာသူလည်း ဖြစ်တယ်။ fundamentalism ကျမ်းစာကျောင်းများတွေ စာတွေ့မှာ နစ်မြုပ်နေတာကို သူလက်မခံဘူး။ သူက ကျွန်တော့ကို သူ့ မိတ်ဆွေလို့ ခေါ်တယ်။ ဒီခေတ်လူငယ်ကို အရင်ခေတ်က ဘုရားအမှုတော်ဆောင်ကြီးတွေနဲ့ ပြန်ချိတ်ဆက်ပေးနေသူပါ။

Dr. Hyles ကို Dr. Anderson လောက်နားလည်တဲ့သူ ရှားတယ်လို့ ဆိုရပါမယ်။ သူ့စိတ်ကို သိတယ်။ လူငယ်တွေကို သင်ပေးချင်တဲ့ အာသီသကိုလည်း နားလည်တယ်။ သူ့မိတ်ဆွေ Dr. Hyles ရဲ့ အမွေကို ဆက်လက် မြင်နေချင်စိတ် ပြင်းပြသူတယောက်ဖြစ်တယ်။ Dr. Jack Hyles သေပေမယ့်လည်း သူ့မိတ်ဆွေက သူ့ဆန္ဒတွေကို ဆက်လက် အကောင်အထည်ဖေါ်ဖို့ ကြိုးစားနေတယ်။ သူ့မိတ်ဆွေ Dr. Hyles သူလုပ်ခဲ့သမျှ၊ နောင်လုပ်ဦးမယ့်အရာတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ အခုရေးတဲ့စာအုပ် “When Principle was King” ဟာ Dr. Russell Anderson ကို ရည်ရွယ်ရေးသားပါတယ်။
Dr. Bob Gray, Sr.

Tuesday, April 21, 2015

Great Men of God and How they served God ဘုရားသခင့် လူများနှင့် သူတို့ ဘုရားအမှုဆောင်ပုံ


ဘုရားသခင့် လူများနှင့် သူတို့ ဘုရားအမှုဆောင်ပုံ

အမှုတော်ဆောင်ရာမှာ

၁။ ကျမ်းစာကျောင်းနဲ့ ဘွဲ့ဒီဂရီက အရေးမကြီးပါ။

D. L. Moody
D. L. Moody ဟာ ကျမ်းစာကျောင်း တက်ဖူးသူမဟုတ်ပါ။ The Sword of the Lord မဂ္ဂဇင်းရဲ့ ဒုတိယမြောက် အယ်ဒီတာ Dr. Curtis Hutson ဟာလည်း ကျမ်းစာကျောင်း မတက်ခဲ့ဖူးပါ။ အမေရိကရဲ့ ထိပ်တန်း တရားဟောဆရာ ၁၀၀ မှာ ၃၀ ကျော်ဟာ ကျမ်းစာကျောင်း မတက်ဖူးသူတွေ ဖြစ်ပါတယ်။

D. L. Moody ဟာ သူဟာ ၅ တန်းလောက်အထိပဲ ကျောင်းနေခဲ့ရတယ်။ Congregational အသင်းတော်တခုမှာပါဝင်ခွင့်ရဖို့အတွက် ကျမ်းစာအသိ နဲပါးနေတာကြောင့် တနှစ်လောက် ကြန့်ကြာနေခဲ့တယ်။ လက်တင်ရသူလည်း မဟုတ်ဘူး။ သူက အသံထွက်အတိုင်း စာလုံးပေါင်းတတ်တော့ သူရေးတဲ့ စာတွေ၊ တရားဟောချက် မှတ်စုတွေမှာ စာလုံးပေါင်းမှားတတ်သလို၊ သဒ္ဒါလည်း မှားတတ်ပါတယ်။

ဒါပေမယ့် D. L. Moody ဟာ ၁၉ ရာစုရဲ့ ဧဝံဂေလိဆရာတပါးဖြစ်ပြီး ပရိတ်သတ် ၁ သောင်း၊ ၂ သောင်းလောက်ကို မကြာခဏ ဟောပြောရသူဖြစ်တယ်။ သူ့ဟောပြောမှု၊ ရေးသားမှုတွေကြောင့် လူသန်း ၁၀၀ လောက် ကယ်တင်ခြင်းအကြောင်း ကြားခွင့်ရခဲ့တယ်။ သူ့ကို ၁၉ ရာစုရဲ့ “Mr. Protestant” လို့ ဆိုကြတယ်။ အမေရိကတိုက်နဲ့ ဥရောပတိုက်ကြီး ၂ တိုက်ကို သြဇာသက်ရောက်ခဲ့သူဖြစ်တယ်။

ဒါကြောင့် ဘွဲ့ဒီဂရီနဲ့ ဝတ်ရုံတွေဟာ ဘုရားအမှုတော်မှာ ဘာမှမဟုတ်ဘူး။ အမေရိကန် သမ္မတဟောင်း Woodrow Wilson ပြောပြတဲ့ အဖြစ်အပျက်တခုရှိတယ်။ သူက "တခါက ကျွန်တော် ဆံသဆိုင်မှာ ထိုင်နေတယ်။ နောက်မှာ လူတယောက်ဝင်လာပြီး ထိုင်တယ်။ အခိုင်းအစေ တယောက်လို ခပ်ရို့ရို့လေး ဝင်ထိုင်တယ်။ ပညာမတတ်ပေမယ့် သူပြောသမျှ စကားတွေက သူ့ကို ဆံပင်ညှပ်ပေးနေတဲ့သူကို စိတ်ဝင်တစား ပြောပြနေတာပါ။ ပြောနေတာကတော့ အေးအေးဆေးဆေး သာမန်ပါပဲ။ ဒါပေမယ့် သူပြန်သွားတဲ့အခါ ကျွန်တော်ဟာ ဘုရားရှိခိုးပြီးလို့ ပြန်လာသလို ခံစားလိုက်ရတယ်။"

၂။ ဆာငတ်မှုနဲ့ ကြိုးစားအားထုတ်မှု လိုတယ်။

“ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။” - မဿဲ ၅း ၆။
Charles Spurgeon

Charles Spurgeon ဟာ ၆ နှစ်သားအရွယ်မှာ ဓမ္မခရီးသည်လို့ လူသိများတဲ့ The Pilgrim's Progress စာအုပ်ကို ဖတ်နေပြီ။ ငယ်ငယ်ကတည်းက တနင်္ဂနွေနေ့ ဘုရားကျောင်းကအပြန် အဖိုးသင်းအုပ်ဆရာအိမ်မှာ အဖိုးနဲ့ ဆက်ပြီး ကျမ်းစာဆွေးနွေးကြတဲ့ သင်းထောက်တွေရဲ့ စကားဝိုင်းကို နားထောင်လေ့ရှိပါတယ်။ ၁၀ နှစ်အရွယ်မှာ သင်းထောက်တွေနဲ့ ကျမ်းစာ ဆွေးနွေးနိုင်ပြီ။ ၁၇ နှစ်အရွယ်မှာ အောင်မြင်တဲ့ တရားဟောဆရာဖြစ်နေပြီ။ လန်ဒန် သူ့အသင်းတော်မှာ တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ရဖို့ တပတ်အလိုမှာ လက်မှတ်တန်းစီရတယ်။ အသင်းသားတွေက ဧည့်သည်ကို ဦးစားပေးတဲ့အနေနဲ့ ဘုရားကျောင်းတက်ဖို့ နေရာမရကြဘူး။ ပြီးမှ တချိန် ပါဝင်ကြရတယ်။ သူ့ဒေသနာတွေကို အဲဒီခေတ် သတင်းစာတွေမှာ အပြေးအလွှား ထည့်ကြရတယ်။

သူ့ရဲ့ အဟောအပြောကောင်းတဲ့ ဆုကျေးဇူးက ထူးခြားတယ်။ သူငယ်ငယ်က ကယ်တင်ခြင်းတရား ကြားချင်ပုံကို ….”မြို့ထဲက ဘုရားကျောင်းမှန်သမျှ အကုန်တက်ကြည့်တယ်။ ဒါပေမယ့် ကယ်တင်းခြင်းအကြောင်း ကောင်းကောင်း မဟောကြဘူး။ သူတို့ကိုတော့ အပြစ်မတင်ချင်ပါဘူး။ ဆရာတယောက်က ဘုရားသခင် ကြီးမြတ်ကြောင်း ဟောတယ်။  စိတ်ဝင်တစား နားထောင်မိတယ်။ ဒါပေမယ့် အပြစ်ရှိသူတယောက် ကယ်တင်ခြင်းရချင်နေတာကို သူ့တရားက ဘာလာ လုပ်ပေးနိုင်ပါ့မလဲ?  တခြားဆရာတယောက်က လေးစားစရာကောင်းတယ်။ သူက ပညတ်တော် အကြောင်းပဲ အမြဲဟောတယ်။ ဒါပေမယ့် မျိုးကြဲစေချင်တဲ့ နှလုံးသားကို သူက ထွန်ပဲထွန်နေတော့ ဘာလုပ်မလဲ? တခြားဆရာတယောက်ကတော့ လက်တွေ့ကျတယ်။ ဒါပေမယ့် သူဟောတာ နားထောင်တော့ ခြေထောက်မရှိတဲ့ လူတစုကို စစ်ချီဖို့ အမိန့်ပေးနေတာနဲ့ အတော်တူနေတယ်။ ဘယ်လိုလုပ်မလဲ? သူတက်တက်ကြွကြွ နိုးဆော်နေလည်း ကျွန်တော့အတွက် အလကားပဲ။” လို့ ထိထိမိမိ ပြောတတ်တယ်။

ဆာလံ ၂၃ - “သေမင်း၏အရိပ် လွမ်းမိုးသော ချိုင့်ထဲသို့ လျှောက်ရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။” - ဆိုတော့ သူက - ဘယ်ကြောက်မလဲတဲ့။ ခွေးကိုသာ ကြောက်တာ။ ခွေးအရိပ်တော့ ဘယ်ကြောက်မလဲတဲ့။

၃။ ယုံကြည်ခြင်းလိုတယ်။

George Muller

George Muller ဟာ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ရာမှာ နာမည်ကြီးတယ်။ သူက ဘယ်မှာမှ အလှူမခံဘူး။ အလှူခံ မလွှတ်ဘူး။ လိုတာကို ကလေးတွေနဲ့ အတူဆုတောင်းတယ်။

ငယ်ငယ်တုန်းက သူဟာ လူဆိုးလေးပါ။ အဖေက မယုံကြည်သူ။ သားက လူလိမ်လေး၊ သူခိုးလေးပါ။ ၁၄ နှစ်သားမှာ အမေဆုံးတယ်။ အမေသေလုဆဲဆဲအချိန်မှာ သားက လမ်းပေါ်မှာ အပေါင်းအသင်းတွေနဲ့ အရက်မူးနေတယ်။ ခိုးမှုနဲ့ အသက် ၁၆ နှစ်မှာ ထောင်ကျတယ်။ အဖေက ပိုက်ဆံပေးပြီး ရွေးထုတ်ရလို့ သားကို ရိုက်ပြီး သားကို တခြားမြို့ ပို့လိုက်တယ်။ အသက် ၂၀ အရွယ်မှာ ကျမ်းစာသင်တန်းတခုကို အဖိတ်ခံရပြီး အသက်တာ ပြောင်းလဲလာတယ်။

မိဘမဲ့ကလေးတွေအတွက် လိုသမျှကို ဆုတောင်းခဲ့တယ်။

တခါက သူနေတဲ့ Bristol မြို့ပတ်ဝန်းကျင်မှာ မိုးခေါင်တယ်။ ရေတွင်းတွေ ရေခန်းကုန်တယ်။ George Muller ကဆုတောင်းတယ်။ မိုးခေါင်းတဲ့ ကာလ တလျောက်လုံး ရေတွင်းမှာ ရေရှိနေလို့ ပတ်ဝန်းကျင်က လယ်သမားတွေကို ရေပေးလှူ ကူညီနိုင်ခဲ့တယ်။

တမနက်တော့ မိဘမဲ့ကလေးကျောင်းမှာ စားစရာပြတ်တယ်။ မနက်စာ ဘယ်ကရမယ် ဆိုတာ မပြောနိုင်ဘူး။ ကလေးတွေက ထုံးစံအတိုင်း မုန့်ရဖို့ တန်းစီနေကြပြီ။ တကယ်တော့ မုန့်ဘီဒိုတွေထဲမှာ ဘာမုန့်မှ မရှိဘူး။ မီးဖိုချောင်မှာလည်း မရှိဘူး။ ဒါပေမယ့် George Muller က ဘူး။ ဆုတောင်းပြီး ကျေးဇူးတော် ချီးမွမ်းနေတယ်။ ပြီးတာနဲ့ တခါးခေါက်သံကြားရတယ်။ မြို့ထဲက မုန့်ဖုတ်သမားက မုန့်လာပို့တယ်။ ကြည့်ရတာ ညက အိပ်မက်မှာ ဘုရားက မိဘမဲ့ကလေးကျောင်းကို မုန့်ပို့ခိုင်းလိုက်ပုံရတယ်။ ကလေးတွေအတွက် တပတ်စာ မုန့်ရလိုက်တယ်။ ဒီအချိန်မှာပဲ ကျောင်းရှေ့မှာ နွားနို့ပို့တဲ့ ထရပ်ကားတစီး ပျက်လို့ရပ်လိုက်ရတယ်။ ကားစက်ပြန်မကောင်းခင် ကားပေါ်က နွားနို့တွေ ပျက်ကုန်မယ်လို့ အကြံပေးလို့ ကျောင်းကို လှူလိုက်ရတယ်။ ကလေးတွေ အဲဒီမနက် နွားနို့သောက်ရကြတယ်။

  ၄။ တကယ်စေတနာထားဖို့လိုတယ်။  - compassion

မဿဲ ၉း ၃၆။ “လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား သူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသော သိုးစုကဲ့သို့ ဖြစ်ကြ၏။”
အစ္စရေးမှာ လူတွေဟာ သိုးလို ထိတ်လန့်ကွဲပြားနေချိန်မှာ သိုးထိန်း ဒါဝိတ်ကို ပေါ်ထွန်းစေခဲ့ပါတယ်။

David Yone Moe
ဆရာဦးဒေးဗစ်ဟာ Papa of the Outcasts အပယ်ခံတွေရဲ့ ပါပါးလို့ ဆိုတယ်။

ဆရာဦးဒေးဗစ်က မူးယစ်ဆေးသမားတွေကို ရှိသမျှ ရောင်းချကျွေးခဲ့ရုံမက အပေါ့အလေး မထိန်းနိုင်သူတွေကိုပင် သည်းခံကူညီနိုင်ခဲ့တယ်။ တချို့က နေ့စဉ် တကိုယ်ရည် ကိစ္စတွေကိုပင် ကိုယ်တိုင်မလုပ်နိုင်တော့ဘူး။ အလေးအပေါ့ စွန့်တာကိုပင် မထိန်းနိုင်၊ မသိမ်းနိုင်တော့ဘူး။ အကူအညီလိုနေတယ်။
ဒီလိုလူတွေကို ကူညီဖို့ စေတနာလိုသလို၊ ခွန်အား အစွမ်းအစ လိုတယ်။

ဘုရားသခင့်လူတွေဟာ ရယူဖို့ မစဉ်းစားဘဲ ပေးလှူကူညီနေသူတွေသာ ဖြစ်ပါတယ်. ရဖို့ပဲ စဉ်းစားနေရင် စစ်မှန်တဲ့ အမှုတော်ဆောင် မဟုတ်တော့ပါဘူး။

Thursday, November 20, 2014

Charles Spurgeon ရဲ့ ထူးခြားချက် ၈ ခု

Eight Glimpses of the Genius of Charles Spurgeon by J. J. Brown


 Charles Spurgeon ရဲ့ ထူးခြားချက် ၈ ခု

(ဒီဆောင်းပါးရေးသူ J. J. Brown ဟာ Spurgeon's College Council မှာ Chairman ဖြစ်ခဲ့ဖူးသလို၊ Spurgeon's College (London) မှာ Secretary လည်းဖြစ်ပါတယ်။  Spurgeon ခေတ်ရဲ့ စာရွက်စာတမ်း အထောက်အထားတွေ၊ အမှတ်တရ ပစ္စည်းတွေ သိမ်းဆည်းထားတဲ့  Spurgeon's College Archives ပြတိုက်မှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်။)


# ၁- His Spiritual Depth ဝိညာဉ်ရေး ရင့်ကျက်နက်ရှိုင်းမှု

ဝိညာဉ်တော်ကို လုံးဝအမှီပြုသူ ဖြစ်တယ်။ — "သခင်ယေရှုကတိပေးထားတဲ့ ဝိညာဉ်တော်ကို မရရင်၊ သခင်ယေရှုခိုင်းတဲ့ အလုပ်ကိုလည်း လုပ်နိုင်မှာ မဟုတ်ဘူး။" ဘုရားကို ရိုးရိုးကလေး ယုံကြည် အားကိုးတတ်သူဆိုတော့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ ဘဝရဲ့ လိုအက်မှုတွေကို ဆုတောင်းပြီးတော့ ဖြေရှင်းခဲ့တယ်။ "ကျွန်တော့ဘဝမှာ ဆုတောင်းတာဟာ အဆုပ်က အသက်ရှုနေသလိုပဲ မတောင်း မနေရ သဘောမျိုး ဖြစ်လာတယ်။" လို့ဆိုတယ်။
 

#၂ - His Preaching Power ဟောပြောနိုင်စွမ်း

သူ့ကို "the greatest preacher in an age of great preachers." “တရားဟောဆရာကောင်းတွေ ပေါ်ထွန်းတဲ့ခေတ်ရဲ့ အကောင်းဆုံးဆရာ” လို့ ပြောကြတယ်။ အသက်က ၁၇ နှစ်ပဲ ရှိသေးတယ်။ Cambridgeshire မှာရှိတဲ့ ဘုရားကျောင်းတွေဆီ လူတွေ ရာနဲ့ချီပြီး ရောက်လာစေခဲ့ပြီ။ ၁၉ နှစ် အရွယ်မှာတော့ လန်ဒန်မှာရှိတဲ့ သူ့အသင်းတော်ကို လူတွေ ထောင်ချီပြီး ပါဝင်လာကြတယ်။ ကျမ်းစာကို ရိုးရိုးရှင်းရှင်း၊ မှတ်မိလွယ်တဲ့စကားနဲ့ ခေါင်းလောင်းထိုးသလို ဟောလိုက်တဲ့အခါ ပရိတ်သတ်ကလည်း တခါတည်း စွဲထင်သွားတော့တာပါပဲ။

 သူ့တရားက သင်းအုပ်အလုပ်နဲ့ ပရဟိတ ကူညီစောင့်ရှောက်မှုအလုပ်တွေနဲ့ ပတ်စည်းထားတာပါ။ သူဟောတဲ့ တရားတွေထဲမှာ အကောင်းဆုံးတရားကတော့ ကလေး ၅၀၀ ရှိတဲ့ Stockwell Orphanage ဆိုတဲ့ မိဘမဲ့ကလေးကျောင်း ပဲလို့ ပြောစမှတ်ပြုကြတယ်။
 

#၃ - His Uncompromising Stance မရွေ့လျော့တဲ့ ရပ်တည်မှု

ဟောတဲ့ဆရာက သူ့တရားသူ မသေချာသေးရင် သေချာသည့်အထိ တိတ်တိတ်နေခိုင်းလိုက်ပါဦး။” လို့ဆိုတယ်။ ကျမ်းစာဆိုတာ ပြောပြရှင်းပြဖို့သာ ဖြစ်တယ်။ ဝေဖန်လေကန်ဖို့ မဟုတ်ဘူး။ ကယ်တင်ခြင်းဆိုတာ ပြောပြဖို့သာ ဖြစ်တယ်။ စကားနိုင်လုဖို့ မဟုတ်ဘူး။ ပြတ်သားတဲ့ သူ့စကားက ပြသနာများစွာကို ပြေလည်စေတယ်။ ဒါပေမယ့် သူက ခိုင်ခိုင်မာမာရပ်တည်တယ်။ သိသိကြီးနဲ့ မဖေါက်ပြန်ဘူး။ 

#၄ - His Reading Talent စာဖတ်စွမ်းရည်


သူ့ရဲ့ကလေးဘဝ ကစားစရာဆိုတာ စာအုပ်တွေပါပဲ။ ငယ်ငယ်ကလေးတည်းက စာတွေ
 မြန်မြန်ဆန်ဆန် ဖတ်တတ်အောင် သင်ယူခဲ့တယ်။ သာမန် ၆ အုပ်လောက်ကို တထိုင်တည်း ဖတ်လာနိုင်တယ်။ စာအုပ်ထူထူ ခပ်များများကို တပတ်နဲ့ ပြီးအောင်ဖတ်နိုင်တယ်။ ကွန်ပြူတာလို အတော်ကောင်းတဲ့ မှတ်ဉာဏ်က တရားဒေသနာပြင်ဖို့၊ သင်ခန်းစာပြင်ဖို့၊ စာအုပ်တွေရေးဖို့ သိပ်အသုံးကျပါတယ်။ Spurgeon ရဲ့ The Sword and the Trowel မဂ္ဂဇင်းထဲမှာ စာအုပ်အများကြီးကို ဝေဖန်ပြတဲ့ သူကိုယ်တိုင်ရေးတဲ့ဆောင်းပါးတွေ ပါလေ့ရှိပါတယ်။ အဲဒီမှာ သူ့ရဲ့ တတ်ကျွမ်းတဲ့ အစွမ်းအစကို မြင်ရနိုင်ပါတယ်။

#၅ - His Generous Giving ရက်ရက်ရောရော ပေးကမ်းမှု

သူ့ကိုယ်ပိုင် ငွေကြေးအများစုဟာ သူ့ကောလိပ်ကျောင်း၊ သူ့မိဘမဲ့ကလေးကျောင်းနဲ့ သူတည်ထောင်တဲ့ တခြားလုပ်ငန်းတွေအတွက်ပဲ သုံးစွဲခဲ့ပါတယ်။ ဒီအပြင် လူအများကြီးကိုလည်း တဦးချင်းစီ ကူညီခဲ့သေးတယ်။


#၆ - His Evangelistic Passion ဧဝံဂေလိ စိတ်ထက်သန်မှု

“လူတယောက်ရဲ့ ဝိညာဉ်ကို ဝယ်လို့ရနိုင်မယ့် စည်းစိမ်တွေသာရှိရင်၊ အကုန်ပေးပြီး ဝယ်လိုက်ချင်တယ်။ ခရစ်တော်ထံ ပို့ပေးဖို့ပါ။” အစောပိုင်း သူထုတ်တဲ့ တရားဒေသနာ စာအုပ်တွေရဲ့ ရှေ့ဖုံးမှာ အဆိပ်သင့်နေသူတွေ အသက်ချမ်းသာရဖို့ မောရှေက ကြေးဝါမြွေရုပ်ကို ထောင်ပြထားတဲ့ ပုံပါလေ့ရှိတယ်။  အဲဒီပုံလေးရဲ့ ပတ်လည်မှာ ခရစ်တော်နဲ့ သူ့ရဲ့ကားတိုင် အကြောင်းကို ဟောပြောတယ်။” ဆိုတဲ့ စာသားပါလေ့ရှိပါတယ်။ ဒါက သူကယ်တင်ခြင်းရတုန်းက ခရစ်တော်ကို မြော်ကြည့်ခဲ့တာကို သတိရလို့ ဖြစ်ပါတယ်။ သူ့လုပ်ခဲ့သမျှ အလုပ်အားလုံးဟာ သူရဲ့ကယ်တင်ရှင်ကို လူတွေမြင်လာစေဖို့ ရည်ရွယ်ထားတယ်။ သူ့ကျမ်းစာကျောင်းကိုလည်း ဧဝံဂေလိဆရာတွေ၊ သင်းအုပ်ဆရာတွေ ပေါ်ပေါက်လာဖို့ တည်ထောင်ခဲ့တာပါ။   


#၇ - His Observant Faculties လေ့လာစူစမ်းနိုင်စွမ်း

သူ့ပတ်ဝန်းကျင်က မြင်ရတွေ့ရသမျှကို မျက်လုံးဖွင့်ထားတယ်။ ကြားရသမျှကို နားစွင့်ထားတယ်။ သူ့တရားအများစုက သူမြင်သမျှ၊ ကြားသမျှတွေနဲ့ စိတ်ဝင်းစားစရာ ကောင်းနေတယ်။ ကလေးဘဝ အချိန်အတော်ကြာ သူကျင်လည်ခဲ့ဖူးတဲ့ တောဒေသဟာ သူ့အတွေး၊ သူ့ဟောပြောမှုတွေကို ချယ်မှုန်းပေးနေတယ်။ "John Ploughman" ဆိုတဲ့ ဇာတ်ကောင်ကို သူဖန်းတီးပြီး၊ "Farm Sermons" ဆိုတဲ့ တောအရပ်အကြောင်း ဒေသနာတွေ အတွဲလိုက် ဟောပြောခဲ့တယ်။ သူက လူ့သဘာဝကိုလည်း ကြည့်တတ်ဝေဖန်တတ်၊ လေ့လာနည်းယူတတ်သူ တယောက်ဖြစ်တယ်။ သူ့ကျမ်းစာကျောင်းသားတွေကို စကားပြောကြည့်၊ မေးမြန်းကြည့်ရင်းနဲ့လည်း အသိအမြင် ထက်မြက်လာတယ်။ လူတွေရဲ့ လိုအပ်ချက်တွေကို မြင်တယ်။ လက်တွေ့ကူညီလိုက်ဖို့လည်း လက်မနှေးသူ ဖြစ်တယ်။
 

#၈ - His Nonconformist Mould အဆောင်အယောင်မမက်တဲ့ မိဘမျိုးရိုး

သူ့ဘိုးဘေးတချို့က ဘာသာရေးလွတ်လပ်ခွင့်အတွက် အညှင်းပန်းခံခဲ့ရသူတွေပါ။ အဖေနဲ့ အဖိုးက Independent (Congregationalist) အမှုတော်ဆောင်တွေပါ။ သူတို့အသင်းတော်တွေက အစိုးရလက်အောက်ခံမဟုတ်တဲ့ ကိုယ်ထူကို်ထ၊ ကိုယ်ပိုင်အုပ်ချုပ်တဲ့အသင်းတော်တွေ ဖြစ်ခဲ့တယ်။ Spurgeon ရဲ့ အစဉ်အလာမလိုက်ဘဲ ထူးခြားတဲ့အချက်ကတော့ သင်းအုပ်ဝတ်ရုံ မဝတ်၊ ဘွဲ့နာမတွေ မတတ်တာပဲ ဖြစ်တယ်။  တရားဟောဖို့ စဉ်မြင့် platform ကို မသုံးဘဲ တရားဟောစဉ် pulpit ကို ပြောင်းသုံးတယ်။ လောကီနေရာတွေမှာ တရားဟောဖို့ မကြိုက်တတ်ဘူး။ သူ့တရားတွေကို အပတ်စဉ်တိုင်း ထုတ်ဝေခဲ့တာ ၁၈၅၅ ကနေ၊ သူသေဆုံးတဲ့ ၁၈၉၂ မတိုင်ခင် အထိပါပဲ။ (အရင်က မထုတ်ဝေဖြစ်ခဲ့တဲ့ တနင်္ဂနွေနဲ့ ကြာသပတေး တရားဒေသနာတွေကိုတော့ ၁၉၁၇ အထိ အပတ်စဉ် ထုတ်ဝေခဲ့တာ၊ ပထမကမ္ဘာစစ် ဖြစ်တော့မှ ရပ်သွားပါတော့တယ်။

Conclusion နိဂုံး

ငုပ်နေတဲ့ သူ့အစွမ်းအစတွေဟာ သန့်ရှင်းသော ဝိညာဉ်တော်က အစွမ်းမြှင့်တင်ပေးတဲ့အတွက် Spurgeon ကို ထူးခြားတဲ့သူတယောက်အဖြစ် ပေါ်ထွန်းစေတယ်။ သူ့အသံ၊ စကားအသုံးအနှုံး နိုင်နင်းမှု၊ နှစ်လိုဖွယ်ဟန်ပန်၊ သိတတ်မြင်တတ် နားလည်ပေးတတ်မှု၊ စိတ်ကူးစိတ်သန်း ကောင်းခြင်း၊ ကြင်နာတတ်ခြင်း၊ ဉာဏ်ထက်မြက်ခြင်းတွေဟာ သူ့သခင် ကယ်တင်ရှင်အတွက် အားလုံး အသုံးပြုခဲ့တယ်။ သူ့ ကျမ်းစာကောလိပ်၊ မိဘမဲ့ကလေးကျောင်း၊ သူ့အသင်းတော်နဲ့ ထုတ်ဝေခဲ့တဲ့ တရားဒေသနာတွေ၊ စာအုပ်တွေအားဖြင့် စပါဂျင် Spurgeon ဟာ “သေလွန်သော်လည်း တရားဟောနေပါသေးတယ်။”

ကဲ ... သူ့စာဖတ်ရင်း သူ့အသံ နားထောင်ကြည့်ပါဦး။

Through his College, his Child Care Charity, his churches, his printed sermons and published books...

"He being dead yet speaketh." Listen for his word through the book you hold in your hand.

J. J. BROWN is the author of The Adventures of Charles,

an excellent new children's biography about C. H. Spurgeon (Pilgrim Publications).

ခေတ်မှီနေတဲ့ တရားစကား
A Message For Today
by Dr. Raymond Brown — Former Principal, Spurgeon's College

ဆရာကြီး စပါဂျင်ရဲ့ တရားဒေသနာတွေက ဒီကနေ့ခေတ်အထိ ခေတ်စားနေတုန်းလို့ သိရတာ ဝမ်းသာစရာပါ။ တကယ်လည်း ကောင်းတဲ့ အနက်ဖွင့် တရားဒေသနာတွေ ဖြစ်ပါတယ်။
# Spurgeon ရဲ့ တရားဒေသနာတွေက are so utterly BIBLICAL ဖြစ်တယ်။ လုံးဝ ကျမ်းစာနဲ့ညီတယ်။ ကျမ်းစာအတိုင်းကို သူသိစေချင်တယ်။ ကျမ်းစာကို ကျမ်းစာနဲ့ပဲ အနက်ဖွင့်တာ တွေ့ရတယ်။ English Puritan tradition အမွေကို ကောင်းကောင်းရတဲ့သူဖြစ်တဲ့အတွက် ကျမ်းစာကပြောတဲ့အတိုင်းကို ရှင်းရှင်းလင်းလင်း နက်နက်ရှိုင်းရှိုင်း သူသိစေချင်တယ်။

# Spurgeon ရဲ့ တရားဒေသနာတွေက so utterly CHRISTOCENTRIC  ဖြစ်တယ်။ ခရစ်တော်ကို လုံးဝ ဦးထိပ်ထားတယ်။ ခရစ်တော်ကို သူချီးမြှောက်တယ်။ ခရစ်တော်နဲ့ သူ့လက်ရာကို အာရုံစိုက်တယ်။ အရေးမကြီးတာ၊ အဓိကမကျတာကို သူစိတ်မဝင်စားဘူး။ သူ့စာဖတ်လိုက်ရင် ကယ်တင်ရှင်ကို မျက်ဝါးထင်ထင် မြင်လာရတယ်။

# Spurgeon ရဲ့ တရားဒေသနာတွေက so utterly RELEVANT  ဖြစ်တယ်။ လုံးဝခေတ်မှီတယ်။ သူ့စာဖတ်ရင် ရှေးခေတ်ကို ပြန်ရောက်မသွားဘူး။ ခေတ်မမှီတော့တာတွေကို လေ့လာသလို ဖြစ်မသွားဘူး။ လူ့ဘဝဒုက္ခတွေကို ကောင်းကောင်းနားလည်ရင်းနဲ့ မြော်လင့်ခြင်း အစစ်အမှန်ကိုလည်း ဒီခေတ်လူတွေကို ပေးနိုင်တယ်။

သူ့စာတွေကို ဖတ်ရင် အလကားတော့ ဖြစ်မသွားဘူး။ သူ့စာတွေကို သေသေချာချာ လေ့လာရင် စိတ်ကူးညဏ် ထက်သန်လာမယ်။ သူ့စာတွေ ရှင်သန်နေတယ်ဆိုတာ ဝမ်းသာစရာပါ။

— Brown's comments here are from the Jacket Cover for MTP Vol 49, Year 1903

Monday, August 4, 2014

Charles Spurgeon အကြောင်း

   Did You Know?
    by  Eric W. Hayden,
former pastor of Metropolitan Tabernacle, London
From Christian History Magazine, Issue 29, pp. 2-3.
Copyright © 1991 by CHRISTIAN HISTORY.
1. Charles Haddon Spurgeon ဟာ သမိုင်းတလျှောက်လုံးမှာ လူဖတ်အများဆုံး တရားဟောဆရာ ဖြစ်တယ်။ ဒီနေ့ခေတ်မှာ တခြားခရစ်ယာန်ဆရာတွေရဲ့ စာအုပ်တွေထက် သူ့စာအုပ်တွေ ပိုပြီးရှာလို့ ရလွယ်တယ်။

 2. Spurgeon  ရဲ့ တရားတပုဒ်ထဲက စာရွက်ကလေးတရွက်ကို ဖတ်မိတာနဲ့ အမျိုးသမီး တယောက် ပြောင်းလဲခဲ့တယ်။ ဒီစာရွက်က သူဝယ်တဲ့ ထောပတ်ပုလင်းကို ပတ်ထားတဲ့ စက္ကူပါ။

3. Spurgeon ဟာ The Pilgrim's Progress စာအုပ်ကို ၆ နှစ်သားအရွယ်ကတည်းက ဖတ်ခဲ့ပြီး၊ အကြိမ် ၁၀၀ ကျော် ဖတ်ခဲ့တယ်။

4.  The New Park Street Pulpit and The Metropolitan Tabernacle Pulpit— ဆိုတဲ့ သူအမှုတော်ဆောင်စဉ်မှာ ဟောတဲ့တရားတွေက ၆၃ တွဲ ရှိတယ်။ အဲဒီတရားတွေမှာ ပါတဲ့ စာလုံးရေ ၂၀-၂၅ သန်းဟာ အတွဲ ၂၇ တွဲပါတဲ့ ၉ ကြိမ်မြောက်တည်းဖြတ်ထုတ်တွေတဲ့ Encyclopedia Britannica နဲ့ ညီမျှတယ်။ သူ့ရဲ့အဲဒီစာအုပ်တွဲဟာ ခရစ်ယာန်သမိုင်း တလျှောက်မှာ စာရေးဆရာ တယောက်တည်းရေးတဲ့ စာအုပ်တွေထဲမှာ အရှည်လျားဆုံး စာအုပ်တွဲ ဖြစ်တယ်။

5.  Spurgeon ရဲ့ အမေမှာ သားသမီး ၁၇ ယောက် ရှိပြီး၊ ၉ ယောက်က ကလေးဘဝမှာပဲ ဆုံးပါးကြတယ်။

6.  Charles Spurgeon အသက် ၁၀ အရွယ်မှာ လာလည်တဲ့ သာသနာပြုဆရာ Richard Knill  က ပြောဖူးတယ်။ Spurgeon ဟာ တနေ့သောအခါ လူထောင်ပေါင်းများစွာကို တရားဟောမယ်။ လန်ဒန်မှာရှိတဲ့ ခွဲထွက်လာတဲ့ အသင်းတော်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ Rowland Hill's chapel မှာ တရားဟောရမယ်လို့ ဆိုဖူးပါတယ်။ ဒီစကားအတိုင်း ဖြစ်လာခဲ့တယ်။

7. Spurgeon ကောလိပ်ကျောင်းဝင်ခွင့် မရခဲ့ပါဘူး။ ဝန်ထမ်းအမျိုးသမီးငယ်က အခန်းမှား ပြမိတဲ့အတွက် သူ့ကို အင်တာဗျူးဖို့ စောင့်နေတဲ့ ကျောင်းအုပ်ကြီးနဲ့ လွဲသွားရတယ်။ (နောက်ပိုင်းမှာတော့ ဘုရားသခင်က သူ့ကို “ကြီးစွာသောအရာတို့ကို ကိုယ့်အဖို့ ရှာသလော။ မရှာနှင့်။” လို့ ပြောသလို ခံစားရတဲ့အတွက် နောက်ထပ်ပြန်မလျှောက်တော့ဘူး။)

8. Spurgeon ရဲ့ကိုယ်ပိုင် စာကြည့်တိုက်ဟာစာအုပ်အတွဲပေါင်း ၁၂,၀၀၀ ရှိတယ်။ အုပ်ရေ ၁,၀၀၀ က ၁,၇၀၀ မတိုင်ခင်က ပုံနှိပ်တဲ့စာအုပ်တွေပါ။ အဲဒီစာကြည့်တိုက်ရဲ့ ၅,၁၀၃ အုပ်ကို လေလံတင်ကာစမှာ William Jewell College in Liberty, Missouri မှာ ထားတယ်။ နောက်ပိုင်း ၂၀၀၆ ခုနှစ်မှာ Midwestern Baptist Theological College & Seminary ကို ပြောင်းရွှေ့ခဲ့တယ်။

9. အသက် ၂၀ မတိုင်မှာ တရားအကြိမ် ၆၀၀ ဟောပြီးပြီ။

10. Spurgeon တရားဟောရာကို ဝန်ကြီးချုပ် W. E. Gladstone, တော်ဝင်မိသားစုများ၊ ပါလီမန်အမတ်များ၊ စာရေးဆရာ John Ruskin ၊ Florence Nightingale နဲ့ နောင်မှာ အမေရိကန်သမတ ဖြစ်လာမယ့် ဗိုလ်ချုပ် James Garfield တို့ လာခဲ့ဖူးတယ်။

11.  New Park Street Church အသင်းတော်က  Spurgeon ကို ၆လ အစမ်းခန့်ဖို့ ဖိတ်ခေါ်တယ်။ ဒါပေမယ့် သူက ၃လ ပဲလာမယ်။ “ပရိတ်သတ်မကြိုက်ပဲနေမယ်၊ အရှုပ်မဖြစ်ချင်ဘူး။” လို့ တောင်းဆိုခဲ့တယ်။

12. ၁၈၅၄ ခုနှစ် New Park Street Church အသင်းတော်ကို ရောက်ချိန်မှာတော့ အသင်းသား ၂၃၂ ယောက်ရှိပါတယ်။ ၃၈ နှစ်အကြာ သူ့သက်တမ်းအဆုံးမှာတော့ ၅,၃၁၁ အထိ တိုးပွါးခဲ့တယ်။ သူ့သက်တမ်းအတွင်း လူပေါင်း ၁၄,၄၆၀ ယောက် အသင်းတော်မှာ ပါဝင်လာကြတယ်။ အသင်းတော်ကလည်း ကမ္ဘာအကြီးဆုံး Independent အသင်းတော်ဖြစ်သွားခဲ့တယ်။

13.  Spurgeon ဟာ တပတ်ကို ၆ အုပ်လောက်ဖတ်နိုင်ပြီး၊ ဖတ်ပြီးသမျှကိုလည်း နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ မှတ်မိနေတတ်တယ်။

14.  Spurgeon ဟာ ပရိသတ် ၂၃,၆၅၄ ယောက်ကို မိုက်ခရိုဖုန်းမပါ၊ အသံချဲ့စက်မပါဘဲ ဟောပြောခဲ့တယ်။

15. Spurgeon ဟာ pastors' college ကိုစတင်တည်ထောင်ခဲ့ပြီး၊ သူ့သက်တမ်းအတွင်း ကျောင်းသား ၉၀၀ ကို သင်ပြခဲ့တယ်။ အခုထိလည်း ဆက်တိုးပွါးနေဆဲပါ။

16. ၁၈၆၅ ခုနှစ်မှာ Spurgeon ရဲ့ တရားဒေသနာပေါင်း ၂၅,၀၀၀ ကို အပတ်စဉ် ရောင်းချရတယ်။ အဲဒီတရားတွေကို ဘာသာစကား ၂၀ ကျော်နဲ့ ဘာသာပြန်ခဲ့ရတယ်။

17. Spurgeon ရဲ့ စာအုပ် အနည်းဆုံး ၃ အုပ်လောက်ဟာ (အတွဲများစွာပါဝင်တဲ့ Metropolitan Tabernacle Pulpit series အပါအဝင်) အုပ်ရေ ၁,၀၀၀,၀၀၀ ကျော် ရောင်းရတယ်။ အဲဒီထဲက တအုပ်ကတော့ Moody Press က ပွဲဦးထွက်စာအုပ်အဖြစ် ထုတ်တဲ့ All of Grace စာအုပ်ဖြစ်တယ်။ အခုထိလည်း ရောင်းရအကောင်းဆုံး စာရင်းဝင်နေဆဲပါပဲ။

18. Spurgeon ဟာ သူ့သက်တမ်းအတွင်းမှာ လူပေါင်း ၁၀,၀၀၀,၀၀၀ (သိန်း ၁၀၀) ခန့်ကို တရားဟောခဲ့တယ်။

19. Spurgeon ဟာ သူတရားဟောနေတုန်း အတွေးစ ၈ မျိုးလောက် တပြိုင်နက်တည်း ရခဲ့တယ်လို့ ဆိုဖူးတယ်။

20. Spurgeon က Agricultural Hall မှာ လျှပ်စစ်မဲ့ တူရိယာတွေကို အသံစမ်းနေတုန်း “ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။” လို့ အော်လိုက်တယ်။ အဲဒီခန်းမရဲ့ ထုတ်တန်းပေါ်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတယောက်က ကြားပြီး၊ ခရစ်တော်ကို ရရှိခဲ့တယ်။

21. Spurgeon ရဲ့ဇနီး Susannah Thompson ဟာ အသက် ၃၃ နှစ်အရွယ်မှာ မကျန်းမမာ ဖြစ်နေခဲ့ပြီး၊ ခင်ပွန်းသည် တရားဟောရာကို လာရောက်နိုင်လေ့ သိပ်မရှိခဲ့ဘူး။

22. Spurgeon ဟာ ဆာလံကျမ်းကို နှစ်ပေါင်း ၂၀ လေ့လာခဲ့ပြီး၊ ဆာလံကျမ်းအနက်ဖွင့်  The Treasury of David ကို ရေးသားခဲ့ပါတယ်။ (ဒါက ဆာလံကျမ်းကို ၁ မှ ၁၅၀ ထိ အနက်ဖွင့်ထားတဲ့ ကျမ်းဖြစ်တယ်။)

23. Spurgeon ဟာ သူ့အသင်းတော်ရဲ့ ဘုရားကျောင်း The Metropolitan Tabernacle ကို ဂရိလက်ရာများနဲ့ ဆောက်လုပ်ဖို့ တိုက်တွန်းခဲ့တယ်။ အကြောင်းကတော့ ဓမ္မသစ်ကျမ်းကို ဂရိစကားနဲ့ ရေးထားလို့ပါ။ ဒီဆုံးဖြတ်ချက်ဟာ ကမ္ဘာတဝှန်းက ဘုရားကျောင်းလက်ရာတွေအပေါ် လွမ်းမိုးခဲ့တယ်။ 

24. Spurgeon ရဲ့ တနင်္ဂနွေနေ့ မနက်ဟောမယ့်တရားဟာ စနေညမရောက်မချင်း ရွေးပြီးလေ့ မရှိသေးပါဘူး။

25. Spurgeon ရဲ့  တရားဒေသနာအတွက် တရားဟောစဉ်မြင့်ရှိရာကို မှတ်စုစာရွက် တမျက်နှာထက် ပိုယူသွားလေ့ မရှိဘူး။ ဒါပေမယ့် တမိနစ်ကို စကားလုံး ၁၄၀ နှုန်းနဲ့ မိနစ် ၄၀ လောက် ဟောပြောတယ်။

26. Spurgeon ဟာ တခါတည်းပဲ သင်းအုပ်ဝတ်ရုံကို ဝတ်ဖူးတယ်။ အဲဒီအချိန်က ဂျနီဗာကို ရောက်တုန်း၊ ဂျွန်း၊ ကယ်လ်ဗင်းရဲ့ တရားဟောစဉ်မြင့်မှာ တရားဟောတုန်းက ဖြစ်တယ်။

27. Spurgeon ဟာ ဖိတ်ခေါ်တာတွေထဲက တချို့ကို လက်ခံရင်းနဲ့ တပတ်ကို ၁၀ ကြိမ် တရားဟောရတယ်။ 

28. Spurgeon ဟာ တရုတ်ပြည်ကို သာသနာပြုတဲ့ Hudson Taylor နဲ့ မကြာခဏ တွေ့ဆုံတတ်သလို၊ မိဘမဲ့ကလေးကျောင်း တည်ထောင်တဲ့ George Muller နဲ့လည်း မကြာခဏ တွေ့ဆုံတတ်တယ်။ 

29. Spurgeon မှာ အမွှာညီအကို သားနှစ်ယောက် ရှိတယ်။ နှစ်ယောက်လုံး တရားဟောဆရာတွေ ဖြစ်လာတယ်။ Thomas က သူ့အဖေရဲ့ နေရာမှာ Tabernacle ရဲ့ သင်းအုပ်အဖြစ်ဆက်ခံတယ်။ Charles, Jr. က ဖခင်တည်ထောင်ခဲ့တဲ့ မိဘမဲ့ကလေးကျောင်းကို ဆက်လက်ဦးစီးတယ်။

30.  Spurgeon ရဲ့ဇနီး Susannah က သူ့ကို Tirshatha လို့ခေါ်တယ်။ (ပါရှင်းအင်ပါယာ လက်အောက်က ယုဒလူမျိုး ဘုရင်ခံတပါးရဲ့ နာမည်ပါ။ “ကြီးမြတ်သော” လို့ ဆိုလိုတယ်။)

31. Spurgeon ဟာ တနေ့ကို ၁၈ နာရီ အလုပ်လုပ်ပါတယ်။ ထင်ရှား စွန့်စားတဲ့ သာသနာပြုဆရာ David Livingstone က သူ့ကို  တခါက မေးဖူးပါတယ်။ “တနေ့တည်း  လူ ၂ယောက်စာ အလုပ်လုပ်ဖို့ ဘယ်လိုများ စီစဉ်သလဲ? “ကျွန်တော်တို့ဟာ ၂ ယောက်ဆိုတာ ဆရာမေ့နေတာကိုး။” လို့ Spurgeon က ပြန်ဖြေတယ်။

32.  Spurgeon က ကျွန်စနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လွန်းတဲ့အတွက် အမေရိကန် ထုတ်ဝေသူတွေပင် သူ့တရားတွေမှာ ဝေဖန်မှုတချို့ကို ဖြုတ်ပယ်စပြုခဲ့ကြတယ်။

33. Spurgeon က လူသစ်တွေ နေရာရဖို့ သူ့အသင်းသားတွေကို နောက်တပတ်တနင်္ဂနွေမှာ ဘုရားကျောင်းမတက်ဖို့ တခါတရံ ပြောရတတ်တယ်။ ၁၈၉၇ ခုနှစ်ရဲ့ တခုသော ဝတ်ပြု စည်းဝေးမှာတော့ ပါဝင်နေကျ အသင်းသားတွေဟာ လူသစ်တွေ အထဲဝင်နိုင်ဖို့၊ လာနေကျ အသင်းသားတွေက အပြင်ထွက်ပေးကြရတယ်။ ဘုရားကျောင်း ချက်ချင်းပြန်ပြီး လူပြည့်ပြန်တယ်။

Saturday, August 2, 2014

Charles H. Spurgeon ... The Prince of Preachers

English Nonconformist ဖြစ်ပြီး၊ Kelvedon, Essex မှာ ၁၈၃၄၊ ဇွန်လ ၁၉ ရက်မှာ မွေးဖွါးတယ်။ သူ့အဖိုးဟာ Essex က သင်းအုပ်ဖြစ်ပြီး၊ အဖေ John Spurgeon က Upper Street, Islington မှာနေတဲ့ Independent အမှုတော်ဆောင်ပါ။ Charles Spurgeon က ခရစ်တော်ထံ သူသိမြင်လာပုံကို အခုလို ကိုယ်တိုင်မှတ်တမ်း ရေးထားခဲ့တယ်။

Charles Haddon Spurgeon
1834- 1892

Spurgeon ခရစ်တော်ကို သိလာရပုံ

ကလေးဘဝမှာ စိတ်ရှုပ်ထွေးနေတာ ၅ နှစ်လောက်ကြာပြီ။  ဘုရားသခင်ရဲ့ တရားတော်ကို  ကြောက်ရွံ့နေတဲ့သူတိုင်းကို ကိုယ်ချင်းစာတယ်။ သနားမိတယ်။ Bunyan ရဲ့ "Grace Abounding" အကြောင်းအရာတွေက ကျွန်တော့ဘဝ လိုလို ဖြစ်နေတယ်။ ကျွန်တော် မကြုံဖူးတာတွေ သူကြုံရသလို၊ သူမကြုံဖူးတာတွေလည်း ကျွန်တော် ကြုံရတယ်။

         ဘဝက မဲမှောင်နေသလို ခံစားရတယ်။ ဘုရားမကြိုက်တာတွေ လုပ်မိလို့ မြော်လင့်ချက်မဲ့နေတယ်။ ဆုတောင်းတယ်။ အဖြေမရဘူး။ ကျမ်းစာဖတ်တယ်။ တွေ့တဲ့ ဂတိတော်တွေက ကြောက်စရာ ဆိုတာထက်တောင် ထိတ်လန့်စရာကောင်းနေတယ်။ ဘုရားအသုံးပြုတဲ့ သူတွေအကြောင်း ဖတ်တယ်။ ဒါပေမယ့် သူတို့နဲ့ ကျွန်တော်ဘဝက ဘာမှမဆိုင်ဘူး ဖြစ်နေတယ်။ စိတ်ညစ်တဲ့ အကြောင်းရင်းက ကယ်တင်ခြင်းအကြောင်း မသိတာပါ။ ခရစ်ယာန်တိုင်းပြည်မှာနေတယ်။ မိဘတွေကလည်း ခရစ်ယာန်ပါ။ ဒါပေမယ့် ကယ်တင်ခြင်းကို ကောင်းကောင်း၊ ရှင်းရှင်း မသိဘူး။ အခမဲ့ ရတယ်ဆိုတာလည်း မသိဘူး။

         မြို့ထဲက ဘုရားကျောင်းမှန်သမျှ အကုန်တက်ကြည့်တယ်။ ဒါပေမယ့် ကယ်တင်းခြင်း အကြောင်း  ကောင်းကောင်း မဟောကြဘူး။ သူတို့ကိုတော့ အပြစ်မတင်ချင်ဘူး။ ဆရာတယောက်က ဘုရားသခင် ကြီးမြတ်ကြောင်း ဟောတယ်။  စိတ်ဝင်တစား နားထောင်မိတယ်။ ဒါပေမယ့် အပြစ်ရှိသူတယောက် ကယ်တင်ခြင်းရချင်နေတာကို သူ့တရားက ဘာလာလုပ်ပေးနိုင်ပါ့မလဲ?  တခြားဆရာတယောက်က လေးစားစရာကောင်းတယ်။ သူက ပညတ်တော်အကြောင်းပဲ အမြဲတမ်းဟောတယ်။ ဒါပေမယ့် မျိုးကြဲစေချင်တဲ့ နှလုံးသားကို သူက ထွန်ပဲထွန်နေတော့ ဘာလုပ်မလဲ? တခြားဆရာတယောက်ကတော့ လက်တွေ့ကျတယ်။ ဒါပေမယ့် သူဟောတာ နားထောင်တော့ ခြေထောက်မရှိတဲ့ လူတစုကို စစ်ချီဖို့ အမိန့်ပေးနေတာနဲ့ အတော် တူနေတယ်။ ဘယ်လိုလုပ်မလဲ? သူတက်တက်ကြွကြွ နိုးဆော်နေလည်း ကျွန်တော့အတွက်က အလကားပဲ။ “သခင်ယေရှုကို ယုံကြည်လော့။ သို့ပြုလျှင် သင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် ကျွန်တော်က ခရစ်တော်မှာ ဘယ်အချက်ကို ယုံရမလဲ မသိခဲ့ဘူး။

         တခါတလေ တွေးမိတယ်။ ဘုရားသခင်ကောင်းမြတ်လို့ တနင်္ဂနွေ တမနက်မှာ နှင်းမုန်တိုင်းတွေ မလွှတ်ခဲ့ရင် ကျွန်တော့ဘဝ မှောင်နေတုန်း၊ အခုထိ စိတ်ပျက်နေတုန်း ဖြစ်နေမှာပဲ။ အဲဒီတုန်းက ဘုရားရှစ်ခိုးကျောင်းကို သွားနေတယ်။ ဆက်ပြီး ဝေးဝေး မသွားနိုင်တော့တဲ့အခါ လမ်းချိုးတခုမှာရှိတဲ့ Primitive မက်သဒစ် ဘုရားကျောင်းကလေးဖက် သွားလိုက်တယ်။ အဲဒီမှာ လူက တဒါဇင် (သို့) ၁၅ ယောက်လောက်ပဲရှိတယ်။ သူတို့ဆရာက အဲဒီမနက်က မလာဘူး။ ကျွန်တော့အထင်တော့ သူက နှင်းမုန်းတိုင်းမိနေတာ။ ဆင်းရဲသားတယောက်_ ဖိနပ်ချုပ်သမားလို၊ စက်ချုပ်သမားလို လူတယောက် တရားတက်ဟောသွားတယ်။

         အင်း၊ ဆရာဆိုတာတော့ ကျောင်းဆင်းတယောက် ဖြစ်သင့်တာပေါ့နှော်။ ဒါပေမယ့် အဲဒီလူက ဘာကျောင်းမှ မတက်ဖူးတဲ့သူ။ သူ့ကျမ်းစာချက်တချက်ကလွဲလို့ တခြားဘာမှ သူ့မှာပြောစရာ မရှိလို့ သူ့ကိုပဲ ပြန်ပြီး ကျေးဇူးတင်ရပါသေးတယ်။ သူဖတ်တဲ့ ကျမ်းစာချက်က “မြေကြီးသားအပေါင်းတို့ ငါ့ကို မြော်ကြည့်၍ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။” အဲဒီလူက အသံထွက်တောင် မှန်အောင် မဖတ်နိုင်ရှာဘူး။ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး။

         သူ့ကျမ်းပိုဒ်မှာ မြော်လင့်စရာတချက်တော့ ပါမယ်လို့ ထင်ခဲ့တယ်။ သူက “မိတ်ဆွေတို့၊ ဒီကျမ်းပိုဒ်က သိပ်ရှင်းတဲ့ကျမ်းပိုဒ်တပိုဒ်ပဲ။ “ကြည့်” တဲ့။ ကြည့်ဖို့ဆိုတာ သိပ်အားစိုက်စရာ မလိုဘူး။ လက်တွေ၊ ခြေတွေ မြှောက်စရာမလိုဘူး။ ကြည့်လိုက်ရုံကလေးပဲ။ ကြည့်တတ်ဖို့များ ကောလိပ်ကျောင်းတက်ပြီး သင်စရာ မလိုပါဘူး။ ကြည့်ဖို့ဆိုတာ ပိုက်ဆံအများကြီး မလိုပါဘူး။ လူတိုင်းကြည့်လို့ရတယ်။ ကလေးလည်း ကြည့်လို့ရတယ်။ ကြည့်လို့ပဲ ကျမ်းစာကလည်း ပြောတာပါ။ ဆက်ပြောတယ်။ "Look unto Me" “ငါ့ကို ကြည့်” တဲ့။

         သူ ဆက်ပြောပါတယ်။ “အေး... တို့အများစုက ကိုယ့်ကိုကိုယ်ပဲ ကြည့်နေကြတာ။ ကိုယ့်ကိုကိုယ် ကြည့်လို့ ဘာမှမရဘူး။ စိတ်သက်သာရာလည်း မရနိုင်ဘူး။ တချို့က ခမည်းတော် ဘုရားသခင်ကို ကြည့်ကြတယ်။ မဟုတ်ဘူး။ သခင်ယေရှုက ပြောတယ်။ “ငါ့ကို မြော်ကြည့်ပါ။” တချို့က ပြောတတ်တယ်။ “ဝိညာဉ်တော် အလုပ်လုပ်တာ စောင့်ဦးမယ်” ... တဲ့။” အခုပြောနေတာက အဲဒီအတွက် မဟုတ်ပါဘူး။ ခရစ်တော်ကို မြော်ကြည့်ပါ။ “ငါ့ကို မြော်ကြည့်ပါ။” တဲ့။

         အဲဒီနောက် သူကျမ်းပိုဒ်ကို ဒီလိုဆက်တယ်။ “ငါ့ကို မြော်ကြည့်ပါ။ ငါ့မှာ သွေးတွေက ယိုစီးနေတယ်။ ငါ့ကို ကားတိုင်မှာ ချိတ်ဆွဲထားတယ်။ ကြည့်။ ငါ သေပြီးတော့ သင်္ဂြိုဟ်ခံရတယ်။ ငါ့ကို ကြည့်။ ငါ ပြန်ရှင်လာတယ်။ ငါ့ကို ကြည့်။ ငါ ကောင်းကင်ပေါ် ပြန်တက်တယ်။ ခမည်းတော် ဘုရားသခင်ရဲ့ လက်ယာဖက်မှာ ထိုင်ရတယ်။ ကဲ ... ငါ့ကို ကြည့်လိုက်ပါ။ ငါ့ကို ကြည့်လိုက်စမ်းပါ။

          ဒီလောက်ကလေးပဲ ပြောပြီးတော့၊ ဆယ်မိနစ်လောက်ပဲ အချိန်ယူတယ်။ ပြီးမှ ကျွန်တော့ကို ကြည့်တယ်။  သူစိမ်းဖြစ်မှန်း သိသွားပုံရတယ်။ “ကောင်းလေး၊ မင်းကြည့်ရတာ အတော်သနားစရာပဲ။” သူပြောတာ ဟုတ်တယ်။ ဒါပေမယ့် ဒီအရင်က ဒီလို တရားဟော စဉ်မြင့်ကနေ ကျွန်တော့ မျက်နှာအမူယာကို ဝေဖန်တာ မကြုံဖူးဘူး။ ဒါပေမယ့် သူစကားက အတော်ထိချက်ပြင်းတယ်။ သူကဆက်ပြီးတော့ “အခုပြောတဲ့ ကျမ်းပိုဒ်ကို မနာခံရင်တော့ မင်း ဆက်ပြီး သနားစရာ ဖြစ်နေဦးမှာပဲ။

 အသက်ရှင်ရင်လည်း သနားစရာ၊ သေတော့လည်း သနားစရာ ဖြစ်နေမှာပဲ။ ဒါပေမယ့် အခု နားထောင်လိုက်ရင်တော့ အခု အကယ်ခံရမှာပဲ။”

          အဲဒီနောက်မှာ သူက တရားဟောဆရာတယောက်လို အော်ပြီး ဟောတယ်။ “ကောင်လေး၊ ယေရှုခရစ်တော်ကို မြော်ကြည့်လိုက်။” ကျွန်တော် မော့ကြည့်လိုက်တယ်။ အဲဒီမှာ တိမ်တိုက်တွေ လွင့်သွားတယ်။ အမှောင်တွေ လွင့်သွားတယ်။ အဲဒီအချိန်မှာ အလင်းကို မြင်ရတာပဲ။ အဲဒီအချိန်မှာ ထရပ်ပြီးတော့ အသွေးတော်အကြောင်း၊ ကိုယ်တော်တပါးတည်းကို ရိုးရိုးကလေး ယုံကြည် မြော်ကြည့်တဲ့ အကြောင်းတွေကို စိတ်လှုပ်ရှားပြီး သီချင်းဆိုခဲ့တယ်။ အင်း.. အရင်ကတည်းက ဒီလို ပြောပြကြရင် အကောင်းသားပေါ့။ ခရစ်တော်ကို အားကိုးပါ၊ အကယ်ခံရပါလိမ့်မယ်။
  (Spurgeon ကိုယ်တိုင်ရေးတဲ့ မှတ်တမ်းဖြစ်ပါတယ်။)

Tuesday, November 20, 2012

There Shall be Showers of Blessing (Burmese)

D. W. Whittle
Daniel W. White စာသား
Ezekiel 34:26 And I will make them and the places round about my hill a blessing; and I will cause the shower to come down in his season; there shall be showers of blessing.
ယေဇကျေလ ၃၄း ၂၆ - “သူတို့ကို၄င်း၊ ငါ၏တောင်တော်ပတ်လည်၌ရှိသော အရပ်တို့ကို၄င်း၊ ငါကောင်းကြီးပေး၍၊ အချိန်တန်လျှင် မိုဃ်းကိုရွာစေသဖြင့်၊ ကောင်းကြီးမိုဃ်းရေ ကျရလိမ့်မည်။” –

Daniel ရဲ့ လက်ရာ သိပ်လှတဲ့ သီချင်းကလေးပါ။ စာသားတွေက ဘုရားသခင်ကိုရှာနေတဲ့ ခရစ်ယာန်တယောက်ကို မြော်လင့်ချက်နဲ့ အားအင်တွေ ပေးစွမ်းနိုင်ပါတယ်။ Daniel W. White ကို ၁၈၄၀ ခု၊ နိုဝင်ဘာ ၂၂ ရက်မှာ မွေးဖွါးပြီး၊ ၁၉၀၁ ခု၊ မတ်လ ၄ ရက်နေ့မှာ သေဆုံးပါတယ်။ White ဟာ ပြည်တွင်းစစ်ကာလမှာ ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ညာဖက်လက်ပြတ်သွားခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဗိုလ်မှူးလက်ပြတ်လို့ ခေါ်ကြပါတော့တယ်။ စစ်အတွင်းမှာပဲ သူကယ်တင်ခြင်းရခဲ့ပါတယ်။ သူကျမ်းစာဖတ်တာကို မြင်ဖူးထားတဲ့ စစ်သားလေးတယောက်က ဆုတောင်းပေးပါလို့ သေခါနီးမှာ သူ့ကို တောင်းဆိုပါတယ်။ တောင်းဆိုစကားကို နာခံရင်း၊ စစ်သားကလေးရဲ့ ဘေးမှာပဲ ခွင့်လွှတ်ခြင်းကို တောင်းခံခဲ့ပါတယ်။ ဗိုလ်မှူး ဝှိုက်ဟာ စစ်သားကလေးနဲ့အတူ ဆုတောင်းကြပါတယ်။ စစ်သားကလေးဟာ အသက်မထွက်ခင်ကလေးမှာ သခင်ခရစ်တော်ကို သိခွင့်၊ တွေ့ခွင့်ရသွားပါတယ်။ ဒီစစ်သားကလေး ဘုရားထံပြန်ဖို့ ဗိုလ်မှူးဝှိုက်ကို ဘုရားအသုံးပြုလိုက်တာပါ။ ဒီအကြောင်းကလေးက ဖတ်လို့ သိပ်ကောင်းတဲ့အကြောင်းလေးပါ။ စစ်ကြီးပြီးတော့ နာရီကုမ္ပဏီတခုမှာ ငွေထိန်းဖြစ်လာပါတယ်။ တိတ်ဆိတ်တဲ့ ကုမ္ပဏီရုံးခန်းထဲမှာပဲ သူ့အသက်တာကို ကယ်တင်ခြင်းတရားအတွက် ဆက်ကပ်ခဲ့ပါတယ်။

ဗိုလ်မှူးဝှိုက်ဟာ ဒီသီခြင်းတပုဒ်သာမကပဲ၊ တခြားသီချင်းနှစ်ပုဒ်ဖြစ်တဲ့ The Banner of the Cross and Christ Liveth in Me တို့ကိုလည်း ရေးသားခဲ့ပါတယ်။

There Shall be Showers of Blessing
Composer: Daniel W. Whittle
There shall be showers of blessing:
This is the promise of love;

James McGranahan သံစဉ်
There shall be seasons refreshing,
Sent from the Savior above.

Refrain

Showers of blessing,
Showers of blessing we need:
Mercy drops round us are falling,
But for the showers we plead.

There shall be showers of blessing,
Precious reviving again;
Over the hills and the valleys,
Sound of abundance of rain.

Refrain

There shall be showers of blessing;
Send them upon us, O Lord;
Grant to us now a refreshing,
Come, and now honor Thy Word.

Refrain

There shall be showers of blessing:
Oh, that today they might fall,
Now as to God we’re confessing,
Now as on Jesus we call!

Refrain

There shall be showers of blessing,
If we but trust and obey;
There shall be seasons refreshing,
If we let God have His way.


ဟောရှေ ၁၀း ၁၂ “ကိုယ့်အဘို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲ၍၊ ဂရုဏာတော်အသီးအနှံကို ရိတ်ကြလော့။ မလုပ်သေးသောလယ်ကို ထွန်ကြလော့။ ထာဝရဘုရားသည် ကြွလာ၍၊ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်းမိုဃ်းကို ရွာစေတော်မမူမှီတိုင်အောင် ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ။”

Count Your Blessings (Burmese)

“ကောင်းကြီးရေတွက်” သီချင်းအကြောင်း
Johnson Oatman, Jr.; စာသား
Johnson Oatman, Jr.;

သီချင်းစာအုပ်တွေထဲမှာ ပါဝင်လေ့အရှိဆုံး သီချင်းတပုဒ်ပါပဲ။ Sunday School မှာကတည်းက ဆိုကြသလို၊ ဧဝံဂေလိဆန်တဲ့ ဝတ်ပြုစည်းဝေးတွေမှာလည်း ဆိုနေကြဆဲပါပဲ။

Rev. Johnson Oatman, Jr., ဟာ ၁၉ ရာစုနောက်ပိုင်းနဲ့ ၂၀ ရာစုအစပိုင်းမှာ သွက်လက်ပြီး။ အသိအမှတ်ပြုလောက်တဲ့ ဧဝံဂေလိသီချင်းရေးဆရာပါ။ သူ့ကို ၁၈၅၆၊ ဧပြီ ၂၁၊ နယူးဂျာစီပြည်နယ်၊ မက်ဖေါ့မြို့မှာ မွေးဖွါးတယ်။ အဖေက သီချင်းအဆိုကောင်းတော့ ဘုရားကျောင်းက သီချင်းတွေနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တယ်။ ၁၉နှစ်အရွယ်ရောက်တော့ မက်သဒစ်အသင်းတော်မှာ ပါဝင်တယ်။ နောင်နှစ်ပေါင်းများစွာ ကြာတော့ မက်သဒစ် အသိအမှတ်ပြု ဆရာတပါး ဖြစ်လာတယ်။ သီချင်းစာသား ၅,၀၀၀ ကျော်ရေးသားခဲ့ပေမယ်လည်း ကုန်သည်ဘဝမှာ ကျင်လည်ခဲ့သူဖြစ်တယ်။ နောက်ပိုင်းမှာတော့ နယူးဂျာစီပြည်နယ်မှာ အာမခံကုမ္ပဏီကြီးတခုမှာ စီမံခန့်ခွဲသူဖြစ်ခဲ့တယ်။ သူ့ရဲ့ တခြားလူကြိုက်များတဲ့ ဓမ္မသီချင်းတွေကတော့ “Higher ground” (သာ၍ မြင့်ရာ) နဲ့ “No, Not One!”  တို့ဖြစ်တယ်။ 
“Count Your Blessings” ဟာ Oatman ရဲ့ အကောင်းဆုံသီချင်းလို့ မှတ်ယူကြပါတယ်။ ဒီသီချင်းဟာ ၁၈၉၇ မှာ Edwin O. Excell ထုတ်တဲ့ “Song for Young People” သီချင်းစာအုပ်မှာ စတင် ပါဝင်လာပြီး၊ ကမ္ဘာတဝှန်း ဆိုလာကြတယ်။

Edwin Othello Excell သံစဉ်

Edwin Othello Excell
“ကမ္ဘာအမှောင်ဒေသတွေကို နေရောင်ခြည်လို ထွန်းလင်းစေခဲ့တဲ့ သီချင်း” လို့ လူတယောက်က မှတ်ချက်ချ ရေးသားဖူးပါတယ်။
ဒီသီချင်းလောက် ဘယ်အမေရိကန်ဓမ္မသီချင်းမှ အင်္ဂလန်မှာ လူကြိုက်မများဘူးလို့ ဆိုနိုင်မယ် ထင်ပါတယ်။

Gypsy Smith က “လန်ဒန်တောင်ပိုင်းမှာ ဒီသီချင်းကို အမျိုးသားတွေက ဆိုကြတယ်။ ကလေးတွေက လေချွန်ကြတယ်။ အမျိုးသမီးတွေက ကလေးအိပ်ဖို့ ဒီသီချင်းနဲ့ ပုခက်လွှဲကြတယ်” လို့ဆိုပါတယ်။

“Wales ပြည်နယ်မှာ နိုးထမှုဖြစ်တော့ Welsh လူမျိုးတွေရဲ့ အကြိုက်ဆုံးသီချင်းတွေဖြစ်တဲ့ “Guide me, O Thou Great Jehovah” နဲ့ “O That Will be Glory” သီချင်းတွေနဲ့အတူ စည်းဝေးတိုင်းမှာ ဆိုခဲ့တဲ့ သီချင်းပါ။

သံစဉ်ထည့်တဲ့ E. O. Excell က နာမည်ကျော် ဓမ္မတေးရေးဆရာပါ။ သူ့ကို ၁၈၅၁၊ ဒီဇင်ဘာ ၁၃ ရက်၊ Ohio ပြည်နယ်၊ Stark County မှာ မွေးတယ်။ အသက် ၂၀ မှာ အဆိုနည်းပြအဖြစ်နဲ့ နိုင်ငံတဝှန်း လှည့်လည်ရင်း အဆိုသင်တန်းကျောင်းတွေ တည်ထောင်ခဲ့တယ်။ နာမည်ကြီးတဲ့ တောင်ပိုင်း နိုးထမှုဆရာ Sam Jones နဲ့ နှစ်ပေါင်း ၂၀လောက် လက်တွဲခဲ့ပါတယ်။ သူ့ခေတ်မှာ အကောင်းဆုံး သီချင်းရေးဆရာတွေထဲက တယောက်ရယ်လို့ အသိအမှတ်ပြုခံရသူပါ။ ဓမ္မသီချင်းအပုဒ်ပေါင်း ၂,၀၀၀ ကျော် ရေးခဲ့သလို၊ သီချင်းစာအုပ် ၅၀ လောက် ထုတ်ဝေခဲ့တယ်။ ရှီဂါဂိုမှာ အောင်မြင်တဲ့ သီချင်းစာအုပ် ထုတ်ဝေရေးကို ဦးဆောင်ခဲ့သူဖြစ်တယ်။ Gypsy Smith ကို တရားဟောပွဲတခုမှာ ကူညီရင်း ၁၉၂၁ ခု၊ Kentucky ပြည်နယ်၊ Louisville မြို့မှာ ရုတ်တရက် အသက် ရ၀ အရွယ်နဲ့ ဘုန်းတော်ဝင်စားရင်း ကောင်းကင်သီချင်းတွေကြား တိုးဝင်သွားသူပါ။    

Monday, November 19, 2012

Brighten the Corner Where You Are (Burmese)

Ira D. Ogden
Brighten the Corner Where You Are

Composer Ira D. Ogden

Ira D. Ogdon

Ira D. Ogdon (1872-1964) ဟာ ကျောင်းဆရာမဘဝကနေ ဧဝဂေလိလုပ်ငန်းတွေမှာ ပါဝင်နေချင်သူပါ။ မကျန်းမာတဲ့အဖေကို ပြုစုဖို့အတွက် ဒီရည်ရွယ်ချက်ကို စွန့်လွှတ်ခဲ့ရပါတယ်။ ၁၉၁၃ မှာ Ogdon ဟာ တရားဟောစဉ်မြင့်နဲ့ သာသနာပြုနယ်မြေတွေမှာပဲ ဘုရားသခင်အတွက် လုပ်လို့ရတာမဟုတ်ဘူးဆိုတာကို Brighten the Corner Where You Are သီချင်းနဲ့ ခရစ်ယာန်တွေကို သတိပေးခဲ့ပါတယ်။ သူရေးတဲ့ တခြားသီချင်းတွေဖြစ်တဲ့    Carry your Cross With a Smile and What Would Jesus Do?, တို့မှာလည်း ဒီသဘောကိုပဲ အဓိကထား ရေးထားပါတယ်။

ဒီသီချင်းရဲ့ သံစဉ်ကိုတော့ နာမည်ကြီးဂီတဆရာ  Charles Hutchinson Gabriel (1856-1932) က ရေးဖွဲ့ပါတယ်။ . Gabriel  က I Stand Amazed In the Presence အပါအဝင် ဓမ္မသီချင်း အပုဒ် ၂၀ ကျော်အတွက် စာသားတွေ ရေးခဲ့ပြီး၊ လူသိများတဲ့ Will the Circle be Unbroken အပါအဝင် အပုဒ် တရာနီးပါးအတွက် သံစဉ်တွေ ရေးခဲ့ပါတယ်။

Hutchinson Gabriel (1856-1932)




Brighten the Corner Where You Are သီချင်းကို  Sunday schools နဲ့ အသင်းတော်များစွာမှာ ဆိုကြပါတယ်။ အမေရိကန် နာမည်ကြီး Jazz အဆိုတော် Ella Fitzgerald အပါအဝင် အဆိုတော်များစွာကလည်း အသံသွင်းဖြန့်ချီခဲ့ကြပါတယ်။       ။
Brighten the Corner Where You Are

Do not wait until some deed of greatness you may do,
Do not wait to shed your light afar,
To the many duties ever near you now be true,
Brighten the corner where you are.
Refrain:
Brighten the corner where you are!
Brighten the corner where you are!
Someone far from harbor you may guide across the bar;
Brighten the corner where you are!

Just above are clouded skies that you may help to clear,
Let not narrow self your way debar;
Though into one heart alone may fall your song of cheer,
Brighten the corner where you are.
Refrain

Here for all your talent you may surely find a need,
Here reflect the bright and Morning Star;
Even from your humble hand the Bread of Life may feed,
Brighten the corner where you are.
Refrain
“And whatsoever ye do in word or deed, do all in the name of the Lord Jesus, giving thanks to God and the Father by him.” (Colossians 3:17)