Showing posts with label George Muller. Show all posts
Showing posts with label George Muller. Show all posts

Tuesday, June 1, 2010

ANSWERS TO PRAYER ( Chapter 2 ) ဆုတောင်းလို့ရတဲ့ အဖြေများ -- အခန်း ၂


ဆုတောင်းလို့ရတဲ့ အဖြေများ --  အခန်း ၂
ဂျော့ချ် မူးလာ
ASHLEY DOWN အရပ်က မိဘမဲ့ကျောင်းဆောင်သစ်များ



၁၈၄၅၊ အောက်တိုဘာမှာ လူကြီးလူကောင်းတယောက်ဆီက ပြစ်တင်စာ ရတယ်။ မိဘမဲ့ကျောင်းဆောင်တွေကြောင့်  Wilson  လမ်းထဲကလူတွေမှာ အနှောက်အယှက်ဖြစ်ရတယ် လို့ ဆိုတယ်။ နောက်ဆုံးတော့ တခြားအကြောင်းတွေလည်း ရှိတော့ သေသေချာချာ ဆုတောင်း စဉ်းစားပြီးတဲ့အခါ၊ တခြားတနေရာမှာ ကျောင်းဆောင်ဆောက်ဖို့ Mr. Müller ဆုံးဖြတ်ချက် ချရတယ်။ ကလေး ၃၀၀ အတွက် နေရာရဖို့ ဆုတောင်းရတယ်။

" ဇန်နဝါရီ ၃၁၊ ၁၈၄၆ ။  -- ကျောင်းဆောင်ဆောက်ဖို့ ဆုတောင်းတာ အခုဆိုရင် ၈၉ ရက်ရှိပြီ။ အခုအချိန်ဆိုရင် ဘုရားသခင်က မြေတကွက်တော့ ပေးဖို့နီးလာပြီလို့ထင်မိတယ်။ ပုံမှန် စနေညနေဆုတောင်းစည်းဝေးအပြီးမှာ ဒီအကြောင်း ညီအကို၊ မောင်နှမတွေကို ပြောပြလိုက်တယ်။
" ဖေဖေါ်ဝါရီ ၁။ -- ဆင်းရဲတဲ့ မုဆိုးမတယောက်က 10s  ပေးလှူတယ်။
"ဖေဖေါ်ဝါရီ ၂။ -- ASHLEY DOWN  အရပ်မှာ သင့်တော်ပြီး၊ စျေးချိုတဲ့ မြေကွက် အကြောင်း ကြားရတယ်။
"ဖေဖေါ်ဝါရီ ၃။ -- မြေကွက်ကိုကြည့်တယ်။ မြင်ဖူးသမျှထဲမှာတော့ အကြိုက်ဆုံးပဲ။ -- ကျွန်တော့်အိမ်က မိဘမဲ့ကလေးပုံးထဲမှာ ဘယ်သူမှန်းမသိ ငွေ ၁ ပေါင်နဲ့အတူ စာရွက်တရွက် ထည့်သွားတယ်။ ရေးထားတာက " ကျောင်းဆောင်သစ်" တဲ့။
"ဖေဖေါ်ဝါရီ ၄။ -- ဒီညနေမှာ မြေကွက်ရှင်ကို ခေါ်တယ်။ ဒါပေမယ့် သူက အိမ်မှာမရှိဘူး။ အလုပ်ထဲမှာ သွားတွေ့ဖို့ပြောလို့ လိုက်သွားရတယ်။ မတွေ့ဘူး။ ပြန်သွားပြီ။ သူ့အိမ်ကတယောက်က ၈ နာရီမှာတော့ ပြန်လာမှာပါလို့ ပြောတယ်။  ဖုန်းဆက်ဖို့ပဲ။ ဒါပေမယ့် နှစ်နေရာလုံးမှာ မတွေ့တာကိုက ဘုရားလက်တော်ပဲလို့ ယူဆတဲ့အတွက် ဖုန်းမဆက်ဖြစ်ဘူး။ အတင်းအကြပ်မလုပ်တာ အကောင်းဆုံးပဲ။ သည်းခံခြင်းက သူ့အလုပ်သူလုပ်ပါစေ။
"ဖေဖေါ်ဝါရီ ၅။ မြေကွက်ရှင်ကို ဒီမနက် သွားတွေ့တယ်။ မနက် ၃ နာရီမှာ သူထတယ်တဲ့။ ၅ နာရီ အထိ အိပ်မရဘူး။ နိုးလျှက်နဲ့ အိပ်ယာထဲမှာ လှဲနေတုန်း၊  သူစိတ်က မြေကွက်ဆီ ရောက်နေတယ်။ ကျောင်းမြေကွက်အတွက် စုံစမ်းတာကို သဘောကျတယ်။ ဝယ်မယ်ဆိုရင် အရင်ဆိုစျေး တဧက ပေါင် ၂၀၀ အစား၊ ပေါင် ၁၂၀ နဲ့ ပေးမယ်လို့ ပြောတယ်။ ဘုရားရှင် သိပ်ကောင်းမြတ်တယ်။ ဒီမနက်မှာပဲ သဘောတူလိုက်ကြတယ်။ တဧကကို ပေါင် ၁၂၀ နဲ့ ရ ဧကနီးပါး ဝယ်လိုက်တယ်။ " မြေကွက်ရှင်ကို သူ့အိမ်မှာ မတွေ့ရတဲ့အကြောင်းကို စဉ်းစားကြည့်ပါ။ ကျွန်တော်နဲ့ မတွေ့ခင်၊ အိပ်မရတဲ့ညမှာ ဆုံးဖြတ်ထားဖို့ ဘုရားသခင် ကြိုစကားပြောတဲ့သဘောပဲ။ "

" အတင်းပူဆာတဲ့အတွက် "
" နိုဝင်ဘာ ၁၉၊ ၁၈၄၆။ -- ကျောင်းဆောင်ဆောက်နိုင်ဖို့ လိုတာတွေကို ဘုရားသခင်ထံ အတင်းအကြပ် ပူဆာဖို့ နိုးဆော်ခံရတယ်။ အကြောင်းက (၁) Wilson Street လမ်းထဲကလူတွေ အနှောက်အယှက်ဖြစ်နေလို့၊ ဖြစ်နိုင်ရင် မြန်မြန် ရွှေ့ချင်တယ်။
(၂) နေရာသစ်မှာ ကလေးတွေအတွက် ကျန်းမာရေးရော၊ ကိုယ်ကျင့်တရားပါ ပိုအကျိုးရှိမယ်လို့ မြင်လာတယ်။
(၃) ကျောင်းဝင်ခွင့်စောင့်နေတဲ့ ဆင်းဆင်းရဲရဲကလေးတွေ အများကြီးရှိနေသေးတယ်။ ပုံမှန် ထပ်လျှောက်နေကြတာပါ။ အလိုတော်ရှိရင် တရက်တောင် နောက်မကျဘဲ စ, ဆောက်လိုက်ချင်တယ်။ လိုတာတွေ အချိန်မှီ ဘုရားသခင်ပေးမယ်လို့ ယုံကြည်တယ်။ အတင်းပူဆာပြီး ဆုတောင်းနေဖို့တော့ ဘုရားသခင်နှစ်သက်တယ် ကျွန်တော်သိထားတယ်။ မတရားတဲ့ တရားသူကြီးနဲ့ မုဆိုးမလိုပေါ့။ - လုကာ ၁၈: ၁-၈ ။ ဒါကြောင့် ပြီးခဲ့တဲ့ညနေမှာ ထပ်ဆုတောင်းခဲ့တယ်။ အထက်ကအချက်တွေအပြင်၊ ပြီးခဲ့တဲ့လ ၂၉ ကတည်းက ငွေအဝင်နည်းနေတာလည်း ပါတယ်။ ဒီမနက် ၅ နာရီနဲ့ ၆ နာရီကြားမှာ ကျောင်းဆောင်အတွက် ဆုတောင်းပြီး ကျမ်းစာဖတ်တယ်။ ဖတ်ရင်း မာကု ၁၁: ၂၄ ရောက်လာတယ်။ " သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကိုရကြလိမ့်မည်။ " ဒီကျမ်းချက်ရဲ့ အရေးကြီးတဲ့ အချက်ကို နားလည်ရုံမက ပြောပြလည်း ပြောပြလေ့ရှိတယ်။ ဒါပေမယ့် ဒီမနက်တော့ ကျောင်းဆောင်သစ်အတွက် လက်တွေ့ ဆုတောင်းလိုက်တယ်။ " ပေးမယ်လို့ ယုံကြည်တယ် ကိုယ်တော်" လို့ပြောလိုက်တယ်။

ဒါနဲ့ စိတ်ငြိမ်သက်သွားတယ်။ တခန်းပြီး တခန်း ဆက်ဖတ်သွားတယ်။ မိသားစုနဲ့ ဆုတောင်း အပြီးမှာ ကျွန်တော်တယောက်တည်း ဆက်ဆုတောင်းတယ်။ အမှုတော်ထဲမှာ လိုသမျှ၊ လုပ်ဖေါ်ဆောင်ဖက်တွေ၊ ကျမ်းစာနဲ့ ဝေစာ ဝေငှဖို့တွေ၊ လူကြီးကျောင်း၊ Sunday Schools နဲ့ ၆ ရက်ကျောင်း၊ မိဘမဲ့ကျောင်းဆောင် ၄ ဆောင် အတွက် ဆုတောင်းတယ်။ ကျောင်းဆောင်အတွက် လိုတာတွေလည်း ထည့်ဆုတောင်းတယ်။ ဒူးထောက်ရာက ထပြီး ၅ မိနစ်လောက်အကြာမှာ မှတ်ပုံတင်စာတစောင် ရောက်လာတယ်။ ပေါင် ၃၀၀ တန် ချက်လက်မှတ်တစောင် ပါလာတယ်။ ပေါင် ၂၈၀ က ကျောင်းဆောင် အတွက်၊ ၁၀ က ကျွန််တော်သုံးဖို့၊ နောက် ၁၀ က ဆရာ Craik သုံးဖို့။ ဘုရားရဲ့ သန့်ရှင်းတဲ့နာမတော်ကို ချီးမွှမ်းပါတယ်။ ဘုရားသခင် အားပေးတဲ့အတွက် ဖြစ်တယ်။ ကျောင်းဆောင်အတွက် အလှူငွေက အခုဆိုရင် ပေါင်ငွေ ၆,၀၀၀ ကျော်နေပါပြီ။

ဂျော့ချ် မူးလာရဲ့ ပထမဆုံးကျောင်း

ဇန် ၂၅၊ ၁၈၄၇ ။ - - - နှစ်စမှာ ကျောင်းဆောင်လည်း စဆောက်ရတော့မယ်။ ဒါနဲ့ ကြိုးစား ဆုတောင်းတယ်။ ယုံကြည်ခြင်းကို စိတ်တော်နဲ့ တွေ့ဖို့ ပူဆာတယ်။ လိုတဲ့ ငွေ အရေအတွက်ကိုလည်း ပြောတယ်။ စ,ဖို့လိုတဲ့ အရာတွေ ပေးမှာပဲလို့ နီးလာလေလေ ခံစားမိလေလေပါပဲ။ ဘုရားသခင်ကို အခြေအတင်ပြောနေကြ စကားတွေနဲ့ ဒီမနက်လည်း ပြောပါတယ်။ ဒီကိစ္စအတွက် ဆုတောင်းတာ ၁၄ လနဲ့ ၃ ပတ်ရှိပြီ။ ဒူးထောက်ရာက ထတော့ စိတ်ချမှု အပြည့်ရှိတယ်။ ဘုရားသခင် တတ်နိုင်ရုံတင်မက၊ မကြာခင် ပေးလည်း ပေးတော့မှာ ဆိုတာ စိတ်ချနေတယ်။ ဒီ ၁၄ လနဲ့ ၃ ပတ်အတွင်း သံသယ နဲနဲမှ မဖြစ်ခဲ့ဘူး။ ကဲ - အတူ ဝမ်းသာ၊ ချီးမွမ်းတော့။ ဆုတောင်းပြီး တနာရီအကြာမှာ ကျောင်းဆောင်အတွက် ပေါင်ငွေ နှစ်ထောင် ရောက်လာတယ်။ စုစုပေါင်း ပေါင် ၉,၂၈၅ ကျော်ရပြီ။ ပျော်လိုက်တာ၊ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ကြုံဖူးမှ ခံစားဖူးမှာပါ။ ၄၄၇ ရက်၊ နေ့တိုင်း ဆုတောင်းခဲ့ရတာ။ အားကိုးရင်၊ သည်းခံစောင့်စားရင် ကောင်းကြီးပေးတယ်။ ဒီလို ဆုတောင်းလို့ ရတာနဲ့ကို ဘုရားအမှုတော်မှာ ပါဝင်ရတာ ထူးမြတ်လှတယ်။ ဒီလိုနဲ့ စုစုပေါင်း ပေါင် ၁၅,၇၈၄ ကျော်ရလာပြီ။

ကျောင်းဆောင် အမှတ် ၂ နဲ့ ၃
" မတ်လ ၁၂၊ ၁၈၆၂။ - - -  ကျောင်းသား ၃၀၀ ကနေ၊ ၁,၀၀၀ အထိ တိုးချဲ့ဖို့ စိတ်ကူးရလာတာက နိုဝင်ဘာ၊ ၁၈၅၀ မှာပါ။ ဆုတောင်းနေတုန်း ခုနှစ်လလောက် လျှို့ဝှက်ထားရာကနေ၊ ဇွန်လ၊ ၁၈၅၁ မှာ အများသိကြတယ်။ နိုဝင်ဘာလကုန် ၁၈၅၀ ကနေ၊ ဒီနေ့ မတ်လ ၁၂၊ ၁၈၆၂ အထိ ဆုမတောင်းဘဲ တရက်မှ မနေဘူး။ တနေ့ တခါမက ဆုတောင်းခဲ့တယ်။ ဒါပေမယ့် အဖြေမရခင် အကြိမ် ထောင်၊ သောင်းချီပြီး ဆုတောင်းခဲ့ရတဲ့ ကျောင်းဆောင် အမှတ် ၃ ဟာ ရပါပြီ။  ၁၁ နှစ်ကြာ ဆုတောင်းခဲ့ရတယ်။

ကူညီမယ့်သူတွေအတွက် နေ့တိုင်း ၃ ကြိမ် ဆုတောင်းပေးခြင်း

" ကျောင်းဆောင် ၂ နဲ့ ၃ အတွက် ကူညီလုပ်ဆောင်မယ့်သူတွေ လိုတဲ့အတွက် နေ့တိုင်း ဆုတောင်းရတယ်။ ကျောင်းဆောင်အတွက် ကျောက်မြစ်မချခင်ကတည်းက ဆုတောင်းတယ်။ နေ့တိုင်း တောင်းတယ်။ စိတ်ချမှုလည်း ရလာတယ်။ လုပ်ငန်းအားလုံးကတော့ ဘုရားဘုန်းတော် ထင်ရှားဖို့ပဲ။ " နောက်ဆုံးတော့ ကျောင်းဖွင့်ဖို့လည်း နီးလာ၊ အလုပ််ဝင်ခွင့် လျှောက်လွှာတွေလည်း ၂ နှစ်စာလောက် စီစစ်စရာ ရှိနေတယ်။ နေရာမျိုးစုံအတွက် လျှောက်ကြတာ အယောက် ၅၀ လောက် ရှိတယ်။ တချို့နေရာတွေအတွက် လျှောက်တာတွေက အိမ်ထောင်ရှင်ဖြစ်တာ၊ တခြား အရည်အချင်းမပြည့်တာတွေကြောင့် မခန့်နိုင်ခဲ့ဘူး။ လုပ်ဆောင်မယ့်သူ လိုနေတုန်းပါပဲ။ ဒီအတွက်လည်း ဆုပဲတောင်းခဲ့တယ်။ ဘုရားသခင်က သစ္စာရှိသလား ? အားကိုးထိုက်ရဲ့လား ? ဆုတောင်းတာကော အကျိုးရှိသလား ? ရှိတာပေါ့။ ဘုရားသခင်က လုပ်ငန်းတိုးချဲ့ဖို့ မ,စခဲ့သလို၊ အခက်အခဲတွေလည်း အများကြီး၊ အများကြီး ကျော်လွှားနိုင်ဖို့ မ,စတော်မူတယ်။ အမှတ် ၂ ကျောင်းအတွက် လုပ်ဖေါ်ဆောင်ဖက်တွေ ပြင်ဆင်ပေးတယ်။ ကျေးဇူးတော် ချီးမွှမ်းစရာပါ။

ဘုရားသခင်ကို အားမကိုးဘဲနေမယ့်အစား အဖြေမရသေးတာဟာ ယုံကြည်ခြင်းကို စစ်ကြောနေတာလို့ မြင်တယ်။ ဒါ ကြောင့် ဇနီးသည်နဲ့အတူ နှစ်ပေါင်းများစွာ တနေ့တကြိမ် ဆုတောင်းရာကနေ၊ တနေ့ ၃ ကြိမ် ဆုတောင်းတယ်။ လုပ်ဖေါ်ဆောင်ဖက်တွေကိုလည်း ပြောပြပြီး အတူဆုတောင်းကြတယ်။ ဆက်ဆုတောင်းလာတာ ၄ လ လောက်ရှိပြီ။ လုပ်ဆောင်မယ့်သူတွေ တယောက်ပြီး၊ တယောက် ဘုရားပေးလာတယ်။ လုပ်ဆောင်မယ့်သူတွေ နောက်ကျနေရင်တော့  လုပ်ငန်းခွင်မှာ စိတ်ရှုပ်စရာတွေ ဖြစ်နေမယ်။ ကလေးကျောင်းအပ်လက်ခံရာမှာ နှောင့်နှေး ကြန့်ကြာနေမယ်။ တကယ် လိုတဲ့အခါ ဘုရားပေးပါတယ်။ "

အခက်အခဲတွေကို သည်းခံ ဆုတောင်းခြင်းနဲ့ ဖြေရှင်းခဲ့တယ်။

ဂျော့ချ် မူးလာ က ပေါင်ငွေ ၅ ထောင်ရပြီးတဲ့အခါ အမှတ် ၄ နဲ့ အမှတ် ၅ ကျောင်းတွေအတွက် မြေကွက် ဝယ်ခဲ့တဲ့အကြောင်း ဆက်ပြောပြတယ်။
" မေ ၂၆၊ ၁၈၆၄ နေ့ကစပြီး ဝင်လာသမျှ အလှူငွေဟာ ပေါင်ငွေ ၂၇,၀၀၀ ကျော်ရှိတယ်။ ဘုရားရဲ့အချိန်ကို သည်းခံ စောင့်နေတယ်။  ကျောင်းဆောင် ၂ ခုအတွက် လိုတဲ့ငွေ တဝက် မရ၊ မချင်း ဘာမှမလုပ်ဖူးလို့ ဆုံးဖြတ်ထားတယ်။ အခုတော့ တဝက်မကတော့ပဲ၊ ပေါင် ၂,၀၀၀ တောင်ကျော်လာပြီ။ ဆုတောင်း အဖြေရှာပြီး၊ မြေကွက်ဝယ်ရာမှာ အတော် ပျော်ရွှင် ကြည်နူးရတယ်။ 
"ကျောင်းဆောင်အမှတ် ၃ နဲ့ လမ်းပဲခြားတဲ့   မြေကွက်ကို ကျွန်တော် မျက်စိကျနေတာ ကြာပါပြီ။  အဲဒီ မြေကွက်က ၁၈ ဧကလောက် ကျယ်တယ်။ အိမ်ကလေး တလုံးနဲ့ တဖက်ရပ် အဖီလေး ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ အကြိမ် ရာချီပြီး ဆုတောင်းခဲ့တယ်။ အဲဒီမြေကွက်မှာ ကျောင်းဆောင် ၂ ဆောင် ဆောက်ချင်တယ်။ သခင်ယေရှု အကျိုးအတွက် ပေးတော်မူပါ လို့ ဆုတောင်းခဲ့တယ်။ အကြိမ် ရာနဲ့ချီ ဆုတောင်းရင်း အဲဒီမြေကွက်ကို မျှော်ကြည့်နေခဲ့တယ်။ ဝယ်ဖို့ငွေလည်း ရှိလာတယ်။ ဒါပေမယ့် အလိုတော်ဝန်ခံပြီး ဘုရားအချိန်ကို ရှင်းရှင်းလင်းလင်း သိရဖို့ သည်းခံစောင့်နေခဲ့တယ်။ အလိုတော်နဲ့အညီပဲ လုပ်ဆောင်တယ်။ ဒီကျောင်းက ကျွန်တော့် ကျောင်းဆိုရင်၊ သခင်ဘုရားရဲ့ ကျောင်းမဟုတ်ဘူး။ ဒါဆိုရင် ကောင်းကြီး မြော်လင့်စရာလည်း မလိုဘူး။ ဒါပေမယ့် သခင်ဘုရားက ရှင်းရှင်းလင်းလင်း၊ ထူးထူးခြားခြား ဖေါ်ပြလာတယ်။ မြေကွက် ဝယ်ဖို့နဲ့ ကျောင်းတဆောင် ဆောက်ဖို့ ငွေလည်း ရှိလာပြီ။ လမ်းပြတော်မူဖို့ ဆုတောင်းရင်း၊ ဆက်လုပ်ရမှာကို အလိုတော်ရှိတာ သေချာမှ ဆက်လုပ်တယ်။ ပထမဦးဆုံး လုပ်ရတာက မြေရှင်ဖက်က အကျိုးဆောင်မယ့်သူကို ရှာရတယ်။ မြေကွက် ရောင်းမှာလား မေးရမယ်။ ရောင်းမယ်၊ ဒါပေမယ့် မတ်လ ၂၅၊ ၁၈၆၇ အထိ နေဦးမယ် လို့ ဆိုတယ်။ စျေးကိုတော့ စာရေးပြောပြမယ်။ ခက်တာက မြေကွက်ကို ၂ နှစ်နဲ့ ၄ လ ကြာအောင် နေဦးမှာ ဖြစ်တယ်။ ၆ လအတွင်း ဝယ်ပြီး၊ ကျောင်းဆောက်ဖို့ လိုမယ်။ ဒီ့အတွက်တော့ စိတ်မပျက်ဘူး။ သူ့ကို အချိန်မတိုင်ခင် ရွှေ့ပေးရတဲ့အတွက် နစ်နာကြေး ပေးရမယ်။  ဒါပေမယ့် ပိုင်ရှင်က ပေါင်ငွေ ရ,၀၀၀ ဆိုတယ်။ ဒါက နဲနဲများတယ်။ Bristol Waterworks ကုမ္ပဏီကလည်း ဒီမြေကွက်ကို ရေသိုလှောင်ကန် အဖြစ် သုံးဖို့ ဝယ်ချင်နေတယ်။ ပါလီမန်မှာ ဆောက်ခွင့်တောင်းနေတယ်။

" ကဲ၊ ဘုရားသခင်က ငွေကြေး၊ ဘယ်လိုပြင်ဆင်ပေးသလဲ ကြည့်ရအောင်။ ဆက်လုပ်ခွင့် ပေးတော်မူတယ်လို့ ထင်တာကြောင့်၊ ဆုလည်း အကြိမ် ထောင်ချီတောင်းထားတာကြောင့်၊ ရာချီတဲ့ ကျောင်းသားတွေလည်း ကျောင်းဝင်ခွင့် စောင့်နေကြတာကြောင့်၊ ဘုရားသခင်ကလည်း ပေါင်ငွေ ၅,၀၀၀ ကို ပြင်ဆင်ပေးတာတွေကြောင့်ပါ။ တကယ်တော့ အခက်အခဲတွေ ကြန့်ကြာနေတာဟာ ယုံကြည်ခြင်းနဲ့ သည်းခံခြင်းကို လေ့ကျင့်ပေးတာပါ။ ပိုဆုတောင်း၊ ပိုသည်းခံဖို့ ဖြစ်တယ်။ မအောင်မြင်၊ မကျော်လွှားနိုင်လောက်တဲ့ အခက်အခဲတွေ မဟုတ်ဘူး။ ကျမ်းစာတချက်ကို ကျွန်တော်ယုံတယ်။ " ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသောသူတို့၏ ခိုလှုံရာ၊ ဘေးအန္တာရာယ်ရောက်သည့်ကာလ ခိုလှုံရာ ဖြစ်တော်မူ၏။ - နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား၊ အို ထာဝရဘုရား၊ ကိုယ်တော်ကို ရှာသောသူတို့ကို စွန့်ပစ်တော်မမူတတ်ပါ။ " ( ဆာလံ ၉: ၉-၁၀ ) မြေကွက်ရဖို့ အခက်အခဲ ၃ ခုရှိတာကြောင့် ကြိုးစား ဆုတောင်းနေခဲ့တယ်။  နေ့တိုင်း အကြိမ်များစွာ ဆုတောင်းတယ်။ အခုလို ဖြေရှင်းခဲ့တယ်။

 ၁။ Bristol Waterworks ကုမ္ပဏီကလည်း ဒီမြေကွက်ကို ရေသိုလှောင်ကန်အဖြစ် သုံးဖို့ ဝယ်ချင်နေတော့ မေးကြည့်တဲ့အခါ၊ သူတို့ လိုချင်တာက တစိတ်တပိုင်းပဲ၊ အကုန်လုံး မဟုတ်ဘူး လို့ အကြောင်းပြန်တယ်။ ဒီ တစိတ်တပိုင်းကိုလည်း မဝယ်ဘဲ၊ ရှောင်ပေးရင်လည်း ရပါတယ်လို့ ဆိုတယ်။

၂။ ဒါပြီးတော့၊ ပိုင်ရှင်ကို ခရစ်ယာန်တယောက်အနေနဲ့ ရင်းရင်းနှီးနှီး သွားတွေ့သင့်တယ်လို့ ထင်တယ်။  စ,တွေ့ကြတော့ ကျွန်တော် အစီအစဉ်ကို ပြောပြတယ်။ သူက စဉ်းစားပါဦးမယ်။ နောက်တပတ်မှာ ထပ်တွေ့ပြန်တယ်။ ဒီလို အစီအစဉ်ရှိတယ်ဆိုရင် မငြင်းချင်ပါဘူး။ ဒါပေမယ့် အချိန်မတိုင်ခင် ရွှေ့ပေးရတဲ့အတွက် နစ်နာကြေး ပေးစေချင်ပါတယ်။ ကျွန်တော်ကလည်း ပေးချင်ပါတယ်။  ဒါဟာ ဆုတောင်းခြင်းရဲ့ အဖြေပဲ လို့ ယုံကြည်တယ်။

၃။ တတိယ အခက်အခဲက စျေးနှုန်းပါ။ ဘယ်လောက်ပဲ တန်တယ်ဆိုတာ သိထားတော့ ပေါက်စျေး မဟုတ်တာ သိနေတယ်။  နေ့တိုင်း ဆုတောင်းပြန်တယ်။ နဲနဲလျှော့ဖို့ပါ။ ဘာဖြစ်လို့ အဲဒီလောက် မတန်တာကိုလည်း ပြောပြတယ်။ ပိုင်ရှင်က ပေါင်ငွေ ရ,၀၀၀ အစား၊ ပေါင် ၅,၅၀၀ နဲ့ ပေးလာတယ်။ စျေးတည့်သွားတယ်။ ဒီမြေကွက်မှာ ကျောင်းဆောင် ၂ ဆောင် ဆောက်လို့ ရနိုင်တယ်။ ပြီးတော့ လယ်ကွင်းတွေနီးတဲ့ အကောက်ဂိတ်နားက ဖြတ်သွားတဲ့ မြေအောက် ရေပိုက်လိုင်းသစ်ကလည်း ပြီးခဲ့တဲ့ လအနဲငယ်ကပဲ ပြီးသွားတာဆိုတော့ အကျိုးရှိမှာ သေချာတယ်။ ဒီနှစ်ချက်အပြင် Bristol က gas လည်း အရင်ကျောင်း ၃ ဆောင်လို ရနိုင်တယ်။ ပြီးတော့ အရေးအကြီးဆုံးအချက်က အရင်ကျောင်းဆောင်တွေနဲ့ နီးတော့ တနေရာထဲက ထိန်းသိမ်းအုပ်ချုပ်ရတာ အဆင်ပြေတယ်။ တကယ်တော့ တခြား နီးနီးဝေးဝေး ဘယ်မြေကွက်မဆို ဒီမြေကွက်လောက် အများကြီး အဆင်မပြေနိုင်ဘူး။ တကယ် ဘုရားမ,တာပါ။ ကျောင်းဆောင်တွေ ဆောက်ပြီးတာနဲ့ အရင် ကျောင်းဆောင် ၁၊ ၂၊ ၃ ရဲ့ ထိန်းသိမ်းရေးအဖွဲ့လက်ကို လွှဲပြောင်း ပေးလိုက်တယ်။ အခက်အခဲကြောင့် စိတ်ညစ်နေတဲ့ စာဖတ်သူတွေ ခွန်အားရစေဖို့ ဒီစာကို ချက်ချင်းပဲ ရေးလိုက်တယ်။ ပြဿနာက ကြီးကြီးသေးသေးပါ၊ ဘုရားကို အားကိုးပြီး ဆုတောင်းပါ၊ အချိန်ကျရင် ဘုရားသခင်က သူ့နည်းနဲ့သူ မ,စမှာ သေချာတယ်။ "

ကျောင်းဆောင်အမှတ် ၄ နဲ ၅

 " မတ်လ ၅၊ ၁၈၄၇။  - - -  ၄ နဲ့ ၅ နှစ်ဆောင်လုံး ဖွင်ခဲ့တာ ကြာပါပြီ။ အဆောင် ၄ ကို နိုဝင်ဘာ၊ ၁၈၈ ကတည်းက ဖွင့်ပြီး၊ အဆောင် ၅ ကို ၁၈၇၀ နှစ်စကတည်းက ဖွင့်တယ်။ ကလေး ၁,၂၀၀ ကျော် ရှိတယ်။ မိဘမဲ့ ကလေးတွေက အလုပ်သင်၊ ဒါမှမဟုတ် အစေခံဘဝကနေ ပို့လွှတ်နေကြတော့ လတိုင်းလိုလို ကျောင်းသားသစ် တိုးတယ်။ ကျောင်းဆောက်တာ၊ မွမ်းမံတာ၊ ကျောင်းသုံးပရိဘောဂ ထည့်တာတွေပြီးတော့ ပေါင်ငွေ ထောင်ချီပြီး ကျန်သေးတယ်။ ဒါက ပြုပြင်စရိတ်ပေါ့။  ကဲ- ဆုတောင်းတာကို ဘုရားသခင် သိပ်အဖြေပေးတယ်နော်၊ သိပ်ရှင်းပါတယ်။ မမှားပါဘူး။ သည်းခံ၊ ဆုတောင်းပြီး အလိုတော် ရှာတဲ့အခါမှာပေါ့။  အားယူပါ၊ အသက်ရှင်တဲ့ဘုရားကို တိုး၊ တိုး ယုံကြည် အားကိုးပါ။ "   ။         ။

Tuesday, May 18, 2010

ဆုတောင်းလို့ရတဲ့ အဖြေများ - အပိုင်း ၁

 Answers to Prayer , by George Müller, Edited

ဆုတောင်းလို့ရတဲ့ အဖြေများ
ဂျော့ချ် မူးလာ
ဘုရားအလိုတော်သေချာအောင်ရှာနည်း

၁။  စိတ်နှလုံးထဲမှာ ကိုယ်အလိုကို လုံးဝ နေရာမပေးပါနဲ့။ အခက်အခဲအားလုံးရဲ့ ၁၀ ပုံ၊ ၉ပုံ ဟာ ဒီအချက်ပေါ်မှာ မူတည်တယ်။ အလိုတော်အတိုင်းလုပ်ဆောင်မည်ဆိုရင် အောင်မြင်နိုင်တယ်။ အလိုတော်ကိုသိလာဖို့် လမ်းစလည်း ဖြစ်တယ်။
၂။  ပြီးရင် စိတ်ခံစားချက်တွေကို ဦးစားမပေးပါနဲ့။ ပေးရင် မှားပြီမှတ်။
၃။  ဝိညာဉ်တော်ရဲ့အလိုတော်ကိုရှာစဉ်မှာ၊ နှုတ််ကပတ်တော်အားဖြင့် ရှာပါ။ ဒီနှစ်ခုကတွဲထားရမယ်။ ကျမ်းစာမပါဘဲ၊ ဝိညာဉ်တော်ကိုရှာရင် လွဲတော့မယ်ဆိုတာ သတိရပါ။ ဝိညာဉ်တော်က ကျမ်းစာနဲ့ ဆန့်ကျင်လေ့မရှိဘူး။
၄။  အရိပ်အခြေကို ကြည့်ရမယ်။ ဝိညာဉ်တော်နဲ့ကျမ်းစာကို ဆက်စပ်ပြီး အလိုတော်ကို ဖေါ်ပြလေ့ရှိတယ်။
၅။  အလိုတော်ကို ဖေါ်ပြဖို့ ဆုတောင်းပါ။
၆။  ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းနဲ့ အရိပ်အခြေကြည့်ခြင်းအားဖြင့် တတ်နိုင်သလောက် အကောင်းဆုံး ဆုံးဖြတ်ချက်ချပါ။ စိတ်ငြိမ်သက်ခြင်းရလာရင်၊ နှစ်ခု၊ သုံးခုလောက် ဆက် ဆုတောင်းပါ။ အရေကြီးတာရော၊ အရေးမကြီးတာတွေ အတွက်ပါ၊ ဒီနည်းဟာ အမြဲတမ်း ထိရောက်ပါတယ်။
                                                                   ဂျော့ချ် မူးလာ   GEORGE MÜLLER.

ဆုတောင်းလို့ရတဲ့ အဖြေများ

အခန်း ၁

မိဘမဲ့ကျောင်းရဲ့ အစပိုင်းနေ့ရက်များ

"အရည်ကျို၍  စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သောရွှေကို စစ်ကြော စုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ အချီးအမွှမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလို့ငှါ ဖြစ်မည်အကြောင်း၊ --"  ၁ပေ ၁: ရ
ဒီနေ့ခေတ်အတွက် ဆုတောင်းခြင်းအဖြေအဖြစ်နဲ့  ကြီးမားတဲ့သက်သေတွေလို နှစ်ပေါင်းများစွာ တိုင်အောင် စိုက်ထူထားနိုင်ခဲ့တဲ့ Bristol မြို့  Ashley Down မှ ဂျော့ချ်မူးလာက " တခါတရံမှာ ဘုရားသားသမီး တချို့ဟာ အသက်ကြီးလို့၊ အလုပ်မလုပ်နိုင်တော့လို့ ဆိုပြီး ကြောက်စိတ်ရဲ့ ဆွဲချမှုကို ခံနေရတာကို တွေ့ရတယ်။ ခေတ်ချင်း မတူတော့ဘူးလို့ ပြောတတ်ကြတယ်။ ဒါဟာ ဘုရားသခင်ကို အသက်ရှင်တဲ့ ဘုရားလို့ မထင်မှတ်သလို  ဖြစ်နေတယ်။ ယုံကြည် အားကိုးသူတွေကို ဒီနေ့ခေတ်မှာလည်း ပစ်မထားတဲ့အကြောင်း ကျွန်တော် လက်တွေ့ ပြချင်လာတယ်။
" စီးပွါးရေးသမားတွေကလည်း စီးပွါးရေးလုပ်ရင်း အပြစ်ကို စိတ်မလုံတော့ လောကီသားလို ဖြစ်လာတယ်။ အပြိုင်အဆိုင်လုပ်ရ၊ ကြပ်တည်းတဲ့ကာလနဲ့ ကြုံရ၊ လူဦးရေ တိုးပွါးနေတာကြောင့် ကျမ်းစာအတိုင်းသွားလို့ မဖြစ်ဘူးလို့  ဆင်ခြေအဖြစ် ပေးတတ်ကြတယ်။ ဘုရားသခင် မပြောင်းလဲဘူး ဆိုတာ သူတို့ မြင်နိုင်တဲ့သက်သေတခု ပြချင်လာတယ်။

" နောက်တမျိုးကတော့ ပညာတတ်တွေ။ သူတို့တွေအားလုံးကို ကျမ်းစာထဲကအကြောင်းတွေ ပြောပြရုံမျိုး မဟုတ်ဘဲ၊ ဒီနေ့ခေတ်မှာကို လက်တွေ့ပြချင်တာပါ။ ကျမ်းစာဟာ ကျွန်တော်အတွက် လုံလောက်ပေမယ့်၊ သူတို့ရဲ့ယုံကြည်ခြင်းကို ထောက်မဖို့ လက်တချောင်း ငှါးချင်လာတယ်။ ဘုရားသခင်က A. H. Franke  အပေါ် ပြုခဲ့တာတွေ သတိရလာတယ်။ ဘုရားကိုပဲ အားကိုးတယ်။ မိဘမဲ့ကလေးကျောင်း အကြီးကြီး ထောင်တယ်။ သူ့လိုပဲ လူ့မျက်စိနဲ့ မြင်နိုင်တဲ့ မိဘမဲ့ကလေးကျောင်း ထောင်ချင်လာတယ်။ ဘယ်လူတဦးတယောက်ကိုမှ မတောင်းဆိုပဲ၊ ယုံကြည်ခြင်း၊ ဆုတောင်းခြင်းနဲ့ပဲ ကျောင်းထောင်ပြီး၊ သယ်ပိုးချင်လာတယ်။ လက်တွေ့ မြင်ရစေချင်တာကြောင့် ကျောင်းထောင်ချင်တာပါ။ ဆင်းရဲတဲ့ကလေးတွေကို ပြုစုရာမှာ ဘုရားသခင် အသုံးပြုခံချင်သလို၊ ဘုရားကြောက်တတ်အောင်လည်း သင်ပေးချင်စိတ်လည်း ရှိတယ်။ ဒါပေမယ့် အဓိကကတော့ ဘုရားသခင် သစ္စာရှိမြဲ၊ ဆုတောင်းတာကို နားထောင်နေမြဲ ဆိုတာကို လူတွေသိစေ၊ မြင်စေချင်တာပါ။ ကျောင်းအကြောင်းဖတ်ရလို့ အပြစ်သားတွေ နောင်တရ ပြောင်းလဲကြသလို၊ ယုံကြည်သူတွေလည်း တိုးတက်လာာကတာကို ၁၈၃၅၊ နိုဝင်ဘာလကတည်းက ဘုရားသခင် သက်သေထူတော်မူတယ်။ ဒီအတွက် ဘုရားဘုန်းတော် ထင်ရှားရုံမျှမက၊ ဘုရားသခင်ကို မြင်လာစေနိုင်အောင် ကျွန်တော်ကို မစတဲ့အတွက် ကျေးဇူးတော် ချီးမွှမ်းတယ်။

"သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။"

ဇန်နဝါရီ ၁၆၊ ၁၈၃၆ မှတ်တမ်းအရ-
မိဘမဲ့ကျောင်းဖွင့်ခါစ ၂ ပတ်အတွင်းမှာပဲ စိတ်ကူးက ဘုရားသခင်ကြောင့်ဆိုရင် တည်ပါစေ၊ မဟုတ်ရင် ပယ်ပါစေလို့ ဆုတောင်းတယ်။ မိဘမဲ့ကလေးတွေအတွက် နေစရာ၊ ကျမ်းစာ သင်ပေးဖို့တွေ လိုတာမှန်ပေမယ့် ကိုယ့်ကို အဲဒီနေရာမှာ တကယ်သုံးဖို့ အလိုတော်ရှိသလား သိချင်လာတယ်။ အလိုတော်ရှိရင်တော့ လုပ်ဆောင်သူရော၊ လိုတဲ့ပစ္စည်းတွေပါ ပေးသနားမှာပဲလို့ ဖြေသာစရာကတော့ ရှိပါတယ်။ ကိုယ်က ဒီအကြောင်း စဉ်းစားလေ့လာဖို့ပဲ။ ပထမနှစ်ပတ်အတွင်း ငွေရော၊ လက်တွဲလုပ်မဲ့သူပါ မတောင်းသေးဘူး။

ဒီဇင်ဘာ ၅ မှာ ဆုတောင်းချက်က ချက်ချင်းပြောင်းသွားတယ်။ ဆာလံ ၈၁ ကို ဖတ်မိတယ်။ အငယ် ၁၀ ကို ထိထိတွေ့တွေ့ဖြစ်သွားတယ်။ "သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့၊ ဝပြောစွာကျွေးမည်။" ဒီကျမ်းချက်က ကျောင်းဖွင့်၊ မဖွင့်၊ အလိုတော်သိရုံပဲ တောင်းပြီး၊ တခြားဘာမှ မတောင်းရသေးတဲ့အဖြစ်ကို မြင်လာစေတယ်။ အလိုတော်တော့ တောင်းခံတယ်၊ အချိန်အကန့်အသတ်မပါပဲတောင်းခဲ့မိတာပါ။ အိမ်တလုံး၊ ငွေ £1000 နဲ့ လုပ်ဆောင်မဲ့ လူတွေ တောင်းတယ်။ အိမ်အသုံးအဆောင်တွေနဲ့၊ ကလေးအဝတ်အထည်တွေရဖို့ ယုံကြည်သူတွေကို နှိုးဆော်ဖို့ ဆက်ဆုတောင်းတယ်။ အသိမိတ်ဆွေတွေထံက ရဖို့ မြော်လင့်မထားဘူး။

ဒီဇင်ဘာ ၁၀၊ ၁၈၃၅ - မှာရေးထားတာက-
 ဒီမနက် စာတစောင်ရတယ်။ အဲဒီ အကိုနဲ့ အမက "မိဘမဲ့ကျောင်းမှာ ပါဝင်ပါရစေ၊ အရည်အချင်း ကိုက်ညီလို့ ခွင့်ပြုမယ်ဆိုရင်၊ အိမ်အသုံးအဆောင်တွေလည်း လှူချင်ပါတယ်။ လစာမယူပါဘူး။ ပါဝင်လုပ်ဆောင်ဖို့ အလိုတော်ရှိရင်၊ ကျွန်တော်တို့ကို ဘုရားကျွေးမှာပါ။"

ဒီဇင်ဘာ ၁၃-
" ညီအကိုတယောက်က အပတ်စဉ် (သို့မဟုတ်) နှစ်စဉ် ပေးလှူမယ်လို့ ပြောလာတယ်။ - " ဒီနေ့ အဲဒီ အကိုနဲ့ အမ - မိဘမဲ့ကျောင်းမှာ ပါဝင်လာပြီ။ အိမ်အသုံးအဆောင် ရှိသမျှ လာပေးတယ်။"

စိတ်အားတက်စရာ အဖြစ်အပျက်

ဒီဇင်ဘာ ၁၇-- ညဖက်ကနေ၊ မနက်အထိ စိတ်ဓါတ်ကျနေတယ်။ ဘယ်လိုလုပ်ရပါ့မလဲ၊ ခွန်အားပေးဖို့ ဆုတောင်းတယ်။ မကြာဘူး၊ ညီအကိုတယောက်က အဝတ်အထည် နှစ်အုပ်၊ ပိတ်အုပ် ၄ အုပ်၊ အခင်းတွေ ယူလာတယ်။ ညနေဖက်မှာ တခြား ညီအကိုတယောက်က အဝတ်အထည်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ ယူလာတယ်။ တချိန်တည်းမှာပဲ တယောက်သော သူရဲ့ စိတ်ထဲမှာ မနက်ဖန် £100   ပေးလှူဖို့ နှိုးဆော်ခံထားရတယ် လို့ ပြောသွားတယ်။

ပေါင်ငွေ ၁၀၀၀

ဇွန် ၁၅၊ ၁၈၃၇--    "ဒီနေ့ ပေါင်ငွေ ၁၀၀၀ အတွက် တခါထပ် ကြိုးစား ဆုတောင်းတယ်။ ဒီညနေ ၅ ပေါင် စရလိုက်တာ လိုတဲ့ငွေ အကုန်ပြည့်သွားတဲ့အထိပဲ။ ငွေအားလုံး၊ အဝတ်အထည်အားလုံးနဲ့ အသုံးအဆောင်အားလုံးဟာ လူတဦးတယောက်ကို ဘာတခုမှ မတောင်းပဲရတာပါ။"

ကျောင်းမှာလာနေမယ့် မိဘမဲ့ကလေးတွေ

တတိယအချက်အနေနဲ့ ခိုကိုးရာမဲ့ကလေးတွေအတွက် မိဘမဲ့ကျောင်းဖွင့်ပြီလို့ ကြေငြာဖို့ မေလမှာ သတင်းစာထဲ ထည့်တယ်။
၁၈၊ ၁၈၃၆ မှာ ရေးထားတာက ---
" ကျောင်းသာ ထောင်မယ်၊ ကလေးတွေ ရောက်လာဖို့ တခါမှ ဆုတောင်းမိဘူး၊ အများကြီး ရောက်လာကြမှာပါ လို့ ထင်ထားတယ်။ ဖွင့်ရက်နီးလာပေမယ့် ကလေးတယောက်မှ ရောက်မလာဘူး။ ကိုယ့်အထင်ကို ဘုရားသခင် စိတ်ပျက်စေပြီ၊ ဘုရားမပါ ဘာမှ မရနိုင်ဘူးဆိုတာ ပြနေပြီ။ အချိန်ကျပေမယ့် ကလေး တယောက်မှ ရောက်မလာဘူး။ ဒီ့အရင်မှာ ဘုရားစိတ်တော်နဲ့ မဆန့်ကျင်ဖို့ အခါခါ ကြိုးစားခဲ့တယ်။ နှိမ့်ချစွာ ပြပ်ဝပ်ဖို့ သွန်သင်နေတာပါ။ ဖေဖေါ်ဝါရီ ၃ မှာ တညနေလုံး ကိုယ့်စိတ်ရင်းကို ပြန်စစ်ကြည့်မိတယ်။ ပထမက ဘုရားဘုန်းတော်ထင်ရှားဖို့၊ ဒုတိယက မိဘမဲ့ကလေးတွေရဲ့ ဝိညာဉ်ရေး၊ တတိယက ကျန်းမာရေး။ ကျောင်းသား လာအပ်ဖို့ စိတ်ပါလက်ပါ ဆုတောင်းတယ်။ စိတ်အေးသွားတယ်။ နောက်တနေ ဖေဖေါ်ဝါရီ ၄ မှာပဲ ပထမဆုံး ကျောင်းသား လာလျှောက်တယ်၊ အဲဒီကနေ ၄၂ ယောက်အထိပါပဲ။ "

ဒီနေ့ အတွက်သာ

နောက်တော့ ကျောင်းသား ၁၀၀ နီးပါး ရောက်လာတယ်။ ငွေကလည်း ပေါင် ၂၀ အထိ လျှော့ကျလာတယ်။
ဆရာမူးလာ ရေးထားတာက--
" ဇွန်လိုင် ၂၂ ( ၁၈၃၈ ) -- -  ဒီညနေ ပန်းခြံလေးထဲ လမ်းလျှောက်ရင်း၊ ဟေဗြဲ ၁၃: ၈ ၊ "ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲ နေတော်မူ၏။" မပြောင်းမလဲတဲ့ မေတ္တာတော်၊ တန်ခိုးတော်၊ ပညာတော် ----  စတာတွေကို စဉ်းစားဆင်ခြင်ရင်း ကိုယ့်ဝိညာဉ်ရေးနဲ့ လက်ရှိ တွေ့ကြုံနေရတာတွေကို ဆုတောင်းမိတယ်။
ကျောင်းအတွက် လိုတာတွေကို ချက်ချင်း စဉ်းစားမိလာတယ်။ သခင်ယေရှုက အခုကျောင်းမှာ လိုနေတာတွေကို မေတ္တာတော်၊ တန်ခိုးတော်နဲ့ မစပြီးပြီ။ နောင်လိုမယ့် အရာတွေလည်း ဖြည့်ဆည်းပေးဦးမှာပဲ လို့ ပြောဖို့ ချက်ချင်းစိတ်မှာ ပေါ်လာတယ်။ မပြောင်းလဲတဲ့ဘုရားသခင်ရဲ့ သဘောထားကို သိလာတဲ့အခါ အတော်ပျော်မိတယ်။ တမိနစ်အကြာမှာ စာတစောင်နဲ့ အတူ ပေါင်ငွေ ၂၀ ရောက်လာတယ်။ ရေးထားတာက " ဒီငွေကို ကျမ်းစာလေ့လာကြရာမှာ ဖြစ်ဖြစ်၊ ကျောင်းဆောက်ရာမှာ ဖြစ်ဖြစ်၊ ဆုတောင်းရာမှာ ဘုရားသခင်လမ်းပြသလို ဖြစ်ဖြစ် သုံးပေးပါ။ မများပေမယ့် ဒီနေ့အတွက် လတ်တလော သုံးဖို့် လုံလောက်မှာပါ။ မနက်ဖန်မှာလည်း လိုသလောက် မစတော်မူမှာပါ။ -- စသည်ဖြင့် --- " ပါတယ်။

ကူညီမစမှုကို စောင့်မျှော်နေခြင်း

" နိုဝင်ဘာ ၂၁- ၁၈၃၈ --  ဒီနေ့လောက် ပိုက်ဆံပြတ်တဲ့နေ့ မရှိ၊ ကျောင်းဆောင် ၃ ဆောင်လုံးရဲ့ ဆရာမကြီးတွေရဲ့ လက်ထဲမှာ တပြားမှ မရှိ။ ဒါပေမယ့် ညစာကတော့ ကောင်းပါတယ်။ ဒီနေ့ပြီးရင်တော့ ဘယ်အဆောင်မှာမှ မရှိတော့ဘူး။ တနာရီ အချိန် ဆုတောင်းအပြီးမှာ မ,စမှုကို စောင့်ကြည့်ကြမယ်။ မစတော်မူမှာပါ၊ ဒါပေမယ့် ကြပ်တာကတော့ အမှန်ပေါ့။ ပြန်လာချိန်မှာ အေးတော့ လေ့ကျင့်ခန်းလုပ်ဖို့ လိုမယ်ဆိုပြီး အနီးဆုံးလမ်းကနေ အိမ်မပြန်ပဲ၊ ကွေ့ပတ်ပြန်တယ်။ အိမ်နားအရောက် ကိုက် ၂၀ အကွာမှာ နောက်ကနေ လမ်းလျှောက်လာတဲ့ လူတယောက်နဲ့ တွေ့တယ်။ စကားနဲနဲပြောပြီး ၁၀ပေါင် ပေးတယ်။ တမိနစ်လောက် နောက်ကျရင် သူနဲ့ လမ်းမှာ လွဲသွားနိုင်တယ်။ လိုနေတာ ဘုရားသခင်သိတယ်။ ဒါကြောင့် ဆုံတွေ့စေတာ ဖြစ်တယ်။

စိတ်ပျက်ခြင်းတို့ ကင်းဝေးရာ

" စက်တင်ဘာ ၂၁- (၁၈၄၀)၊ တနင်္လာ၊ လက်ထဲမှာ ရှိတာလေးရယ်၊ မနေ့က ရောက်လာတာလေးရယ် ဆိုရင် ဒီနေ့စာထက် ပိုနေတယ်။ မနက်ဖန်အတွက်လည်း လောက်တယ်။ ဒီနေ့ ညီအကိုတယောက်က အလိုအပ်ဆုံးနေရာတွေမှာ သုံးဖို့ ၁၀ပေါင် ပေးတယ်။ ကျောင်းအတွက် ဆုတောင်းနေတာ ကြာပြီ။ ကျမ်းစာအုပ်တွေ၊ သာသနာပြုဖို့ အလှူငွေတွေ အတွက် ထည့်လိုက်တယ်။ သူက ဒီမြို့ကို ရောက်ခါစ သုံးရက်ပဲ ရှိသေးတော့ ကျောင်းအကြောင်း ဘာမှ မသိဘူး။ ဘုရားကို အားကိုးရင် စိတ်ရှုပ်စရာမရှိဘူး။ ပေးလှူဖူးသူတချို့ ခရစ်တော်၌ အိပ်ပျော်ပြီ။ တချို့ အမှုတော်မှာ စိတ်မပါတော့ဘူး။ တချို့ ကူညီဖို့ စိတ်ပါနေဆဲပဲ။ ဒါပေမယ့် ကူညီဖို့ မတတ်နိုင်။ တချို့တော့ ကူလည်းကူချင်၊ တတ်လည်းတတ်နိုင်တယ်။ ကူစရာလည်း ရှိ။ ဒါပေမယ့် ဘုရားနှိူးဆော်မှ ရတာ။ လူကိုအားရင် စိတ်ရှုပ်လာမှာ သေချာတယ်။ ဘုရားကို အားကိုးရင်တော့ စိတ်ရှုပ်ဖို့ မလိုဘူး။ ဘုရားသခင်နဲ့ အတူရပ်တည်ရင်၊ ကောင်းတဲ့အရာတွေ မစတော်မူမှာပါ။

ဆိုးတဲ့ အပြစ်သားတယောက်ရဲ့ ပြောင်းလဲခြင်း

၁၈၄၁၊ မှတ်တမ်းမှာ ---  "အမှုတော်ဆောင်တဲ့ သက်တမ်းတလျှောက်မှာ အဆိုးဆုံးလူတယောက် ပြောင်းလဲတယ်လို့ ဒီနှစ်ထဲမှာ ကြားရတယ်။ သူ့မိန်းမနဲ့အတူ ခဏခဏ ဆုတောင်းပေးခဲ့ရသူပါ။ သူ့မိန်းမက ခဏခဏ နှိပ်စက်ခံရလို့ အတော်စိတ်ညစ်နေရပြီ။ မဿဲ ၁၈: ၁၉ ရဲ့ ဂတိတော်အတိုင်း ဆုတောင်းကြတယ်။ " တဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော်သည် ပေးတော်မူလတံ့။" ဒါနဲ့ပဲ အဆိုးဆုံး လူတယောက် ပြောင်းလဲသွားတယ်။

ယုံကြည်သူတွေ ကောင်းကြီးခံစားရဖို့ ဆုတောင်းခြင်း

" မေ ၂၅-  ကျွန်တော်နေတဲ့  Bristol မြို့က ယုံကြည်သူတွေ ဝိညာဉ်ကောင်းကြီး အရင်ကထက် ခံစားရဖို့ စဆုတောင်းတယ်။ အဖြေရတယ်။ အရင်က ဒီလို ကျေးဇူးတရား၊ သမ္မာတရားနဲ့ ဝိညာဉ်တန်ခိုး တခါမှ မရဖူးဘူး။

သတင်းထုတ်ပြန်ဖို့ ငြင်းပယ်ခြင်း

" ဒီဇင်ဘာ ၉၊ ၁၈၄၁ -- အခုဆိုရင် ဒီလုပ်ငန်းဟာ ၆နှစ် ပြည့်ခါနီးပြီ။ လက်ထဲလာပေးတဲ့ အလှူငွေပဲ ရှိတယ်။ ဒါပေမယ့် ဒီနှစ်တနှစ်လုံး လိုတာမှန်သမျှ ဘုရားသခင် ဖြည့်စွမ်းတော်မူတယ်။
"ပြီးခဲ့တဲ့ ၃နှစ်အတွင်းမှာတော့ ဒီရက်ဆိုရင် စာရင်းချုပ်ပြီး၊ တရားဟောပွဲတချို့မှာ နားထောင်သူတွေ အကျိုးရှိစေဖို့ တနှစ်အတွင်း ဘုရားသခင်လုပ်ဆောင်ပေးသမျှကို ပြောပြလေ့ရှိတယ်။ ပြီးရင် ဒါကို ကျယ်ကျယ်ပြန့်ပြန့် သိစေဖို့ စာစောင်ထုတ်ဝေတယ်။ ဒီတခါမှာတော့ စာဖတ်သူတွေကို လှူချင်လာအောင် ဆွဲဆောင်သလိုဖြစ်နေတာကြောင့် စာစောင်ကို နောက်ကျပြီးထုတ်ဖို့ ဆုံးဖြတ်တယ်။ ယုံကြည်သူတွေရဲ့ အကျိုးအတွက် ရေးလည်း ရေးသင့်တယ်ဆိုတော့ ခက်ခဲဆင်းရဲနေချိန်မှာ မထုတ်သေးဘဲ၊ အောင်မြင် ကျော်လွှားပြီးခါမှ ရေးမယ်။ လူတဦးတယောက်ကို အားမကိုးဘဲ၊ ဘုရားသခင်တပါးတည်းကိုသာ အားကိုးဖို့ ဖြစ်တယ်။
" ဒီဇင်ဘာ ၁၈ --  စနေမနက်။ အကြီးအကျယ်လိုနေပြီ။ လက်ထဲမှာ သေတ္တာထဲက တွေ့ထားတဲ့    ငွေအကြွေ ၄ စေ့ပဲ ရှိတယ်။ စာစောင်နောက်ကျထုတ်ဖို့ လုပ်ထားတော့ ဘုရားကို အားကိုးသလား၊ မကိုးဘူး လား စစ်ဆေးတဲ့သဘောပါပဲ။ ဒီဇင်ဘာ ၁၂၊ ၁၈၄၁ ကနေ ဧပြီ ၁၂၊ ၁၈၄၂ အထိ ၄ လကြာ လောက် ယုံကြည်ခြင်းကို ပြင်းပြင်းထန်ထန် အစစ်ခံရတဲ့ကာလ မရှိတော့ပါဘူး။

သစ္စာရှိတော်မူတယ်။

ဇန်နဝါရီ ၂၅၊ ၁၈၄၂။ "  စာဖတ်သူတွေ စိတ်ထဲမှာ တွေးမိကောင်း တွေးမိမယ်၊ " ဘယ်လို လုပ်ကြမလဲ၊ မိဘမဲ့ကလေးတွေအတွက် ငွေ လုံးဝ မရှိတော့ဘူး၊ ပါဝင်လုပ်ဆောင်သူတွေမှာလည်း စိုက်ထားစရာ ဘာမှမရှိ၊ စားချိန်ရောက်ပြီဆိုပါတော့၊ ကလေးတွေအတွက် စားစရာ ဘာမှမရှိဘူး။"
" ဟုတ်တယ်။ ဒီလိုဖြစ်တတ်ပါတယ်။ အဲဒီအချိန်မျိုးမှာ ဘုရားကို အားမကိုးတော့ဘဲ နေတတ်တယ်။ ဒါမှမဟုတ် ဘုရားကို အားကိုးမယ်ဆိုရင်တော့ ဘုရားဘုန်းတော် ထင်ရှားလာတော့မယ်။"

နှောင့်နှေးကြန့်ကြာပေမယ့်၊ သေချာပါတယ်။

" မတ်လ ၉၊ ၁၈၄၂၊ -- တအား လိုအပ်နေတဲ့ အချိန်၊ နေ့ကျောင်းအတွက်ရော၊ မိဘမဲ့ကလေးတွေ အတွက်ပါ အကူအညီမလာရင် မဖြစ်တော့တဲ့အချိန်၊ ဒီနေ့မှာ Dublin မြို့နားမှာနေတဲ့ ညီအကို တယောက်က £10 ပေးလာတယ်။ အဲဒီငွေကို နေ့ကျောင်းနဲ့ မိဘမဲ့ကလေးကျောင်းတွေကို ခွဲဝေပေးလိုက်တယ်။ ဒီငွေရောက်လာပုံက တမျိုးလေး။ တအားလိုအပ်နေတဲ့အချိန်၊ ဘုရားသခင် မ,စဖို့ စောင့်မြော်နေချိန်၊ ဒီမနက် ဘာလာမလဲလို့ မြော်နေချိန်ပေါ့။ ဒါပေမယ့် စာတိုက် မဖွင့်ဘူး၊ ဒီအတွက်ကြောင့်တော့ စိတ်မပျက်ဘူး။ စာတိုက်နဲ့ မဟုတ်လည်း ဘုရားသခင် ပို့ပေးနိုင်တယ်။ ဒီတခါတော့ အဲဒီညီအကိုက တိုက်ရိုက် ပို့ပေးတယ်။"

"အဖေတယောက်လို"

မတ်လ ၁၇၊ -- ၁၂ ရက်ကနေ ၁၆ ရက်အတွင်း £4 5s  11½d ရောက်လာတယ်။ ဆင်းရဲတာတော့ လချီ ကြာပြီ၊ ဒါပေမယ့် ဒီမနက် ပိုဆိုးတယ်။ ရ နာရီထိုးပြီးကာစမှာ အိမ်က ထွက်လာတယ်။ ၈ နာရီမှာ နွားနို့ဝယ်ရမှာဆိုတော့ ပိုက်ဆံရှိ၊ မရှိ ကြည့်ဖို့ ရောက်လာတယ်။ လမ်းမှာ အသနားခံ ဆုတောင်းလာတယ်။ အဖေက သူ့သားသမီးတွေကို သနားသလိုမျိုး သနားဖို့ပေါ့။ မခံနိုင်တဲ့ ဒုက္ခတွေ မပေးပါနဲ့ပေါ့။ ဘုရားသခင် ပေးသနားရင် စိတ်တွေ ကြည်လင်လန်းဆန်းမယ်ပေါ့။ မတတ်နိုင်တော့လို့ အလုပ်ရပ်လိုက်ရရင် ယုံကြည်သူ၊ မယုံကြည်သူ အားလုံးအတွက် မကောင်းဘူးပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ဘုရားသခင် ဆက်လက်အသုံးပြုဖို့ မထိုက်တန်ဘူး လို့ ဝန်ခံ ဆုတောင်းတယ်။ ဆုတောင်းရင်း ကျောင်းနဲ့ ၂ မိနစ် ခရီးအကွာအဝေးမှာ ဒီလို မနက်စောစော အလုပ်သွားတတ်တဲ့ ညီအကိုတယောက်ကို တွေ့တယ်။ စကားနဲနဲ အပြန်အလှန် ပြောရင်း ဆက်သွားတယ်။ ဒါပေမယ့် သူက နောက်ကပြေးလိုက်လာပြီး ကလေးတွေအတွက် £1 ပေးတယ်။ ဆုတောင်းတာကို အဲဒီလို ထူးထူးခြားခြား အဖြေပေးတယ်။ ဆင်းရဲရင်း၊ ယုံကြည်ခြင်းကို အစစ်ခံထိုက်ပါတယ်။ ကြင်နာတတ်တဲ့ အဖေတယောက်လို ဘုရားသခင်ဟာ အကြင်နာသက်သေတွေ နေ့စဉ် ပြလေ့ရှိတယ်။ သူ့ရဲ့တပါးတည်းသော သားတော်ကိုတောင် ပေးခဲ့သေးတာဆိုတော့ အရာရာကို ရက်ရက်ရောရော ပေးနေဦးမှာ သေချာတယ်။"

ဘုရားသခင်ကိုအားကိုးခြင်းဟာ လူပေးတဲ့ဂတိတွေထက် ပိုကောင်းတယ်။

" မေ ၆၊ ၁၈၄၅ --  ပြီးခဲ့တဲ့ ရက်ပေါင်း ၆ ပတ်လောက််တုန်းက ငွေအတော်များများ ရဖို့ မြော်လင့်စရာ ရှိနေတဲ့ ညီအကိုတယောက်က ရင်းရင်းနှီးနှီး ဆက်သွယ်လာတယ်။ ငွေတွေ ရလာရင် £100 လောက် လှူမယ်။ ကျွန်တော်နဲ့ Brother Craik တို့ သုံးဖို့လည်း ရမယ်ပေါ့။ ဒါပေမယ့် ရက်တွေသာ ကြာလာတယ်၊ ငွေက ရောက်မလာဘူး။ ငွေကတော့ အနဲနဲ့အများ လိုနေတဲ့ အချိန်ပါပဲ။ သူ့ငွေဆီ စိတ်ကရောက်ပေမယ့်၊ သူ့ဂတိကို အားမကိုးပဲ၊ ဘုရားကိုပဲ အားကိုးနေတယ်။ ဘာမှ ရစရာမရှိသလိုပဲ နေပြီး၊ ဘုရားသခင်ကိုပဲ အားကိုးနေတယ်။ အမျိုးသမီးနဲ့ အတူ ဆုတောင်းလို့မှ မပြီးသေးဘူး၊ ငွေပို့မယ့် စာတစောင် ရောက်လာတယ်။ --- မေ ၅၊ ၁၈၄၅ ။ ဒါဟာ လူပေးတဲ့ ဂတိကို အဓိကမထားပဲ၊ ဘုရားအပေါ်မှာ အားကိုးလို့ရလာတာပါ။ ဒါတင်မကသေးဘူး။ နေ့လည် ၂ နာရီလောက်မှာ ရက်ပေါင်း ၄၀ အကြာတုန်းက ဂတိပေးထားတဲ့ ညီအကိုဆီက စာရောက်လာတယ်။ သူ့ဂတိအတိုင်း £100 ပေးလှူတယ်။ "

၁၈၄၂ ခုနှစ်။ -- -- " ဒီလို အသေးစိတ်ပြောပြတဲ့အတွက် ယုံကြည်သူတွေက မိတ်ဆွေတွေ၊ ဆွေမျိုးတွေ ပြောင်းလဲဖို့ ဆုတောင်းချင်လာဖို့ ရည်ရွယ်တယ်။ ဒီလိုဆုတောင်းတာဟာ ကျွန်တော်တယောက်အတွက်ပဲ၊ ကျန်တဲ့ယုံကြည်သူတွေ မရနိုင်ဘူးလို့ စာတန်က လမ်းလွဲအောင် လုပ်တတ်တယ်။ မိဘမဲ့ကျောင်းတွေ၊ အခမဲ့ကျောင်းတွေ တည်ထောင်ဖို့ လူတိုင်းကို မခိုင်းပေမယ့်၊ လိုတာတွေအတွက် ဘုရားကို အားမကိုးခိုင်းပေမယ့်၊ ယုံကြည်သူတိုင်းဟာ ကိုယ့်ပြဿနာတွေ အတွက် ဘုရားကို အားကိုးနိုင်တယ်။ ဆုတောင်းယုံမျှမက အဖြေရဖို့ပါ မြော်လင့်နိုင်တယ်။ ကျွန်တော်မှာ ယုံကြည်ခြင်းဆုကျေးဇူး the gift of faith  ရထားတယ်လို့ မထင်စေချင်ဘူး။ ဒီဆုကျေးဇူးဟာ ၁ ကော ၁၂: ၉ မှာ " အနာငြိမ်းစေတဲ့ ဆုကျေးဇူး"၊ " နမိတ်လက္ခဏာပြတဲ့ ဆုကျေးဇူး"၊ " ပရောဖက်ပြုခြင်း ဆုကျေးဇူး"တွေနဲ့အတူ ဖေါ်ပြထားတာပါ။
ကျွန်တော်ရဲ့ယုံကြည်ခြင်းဟာ ၁ ကော ၁၂: ၉ မှာပြောတဲ့ ယုံကြည်ခြင်းမျိုး မဟုတ်ဘူး။ အကြောင်းကတော့ - ၁။   ကျောင်းကကလေးတွေအတွက် လိုအပ်တာတွေရဖို့ ၆၉ နှစ်လုံးလုံး နဲနဲချင်း တိုးလာခဲ့တဲ့ ယုံကြည်ခြင်းပါ။ ယုံကြည်သူတိုင်းမှာ ရရှိနိုင်ပါတယ်။ မေတ္တာမရှိလျှင် ငါ၌ အကျိုးမရှိဆိုတဲ့ " တောင်တွေကို ရွေ့နိုင်တဲ့ ယုံကြည်ခြင်းမျိုး"မဟုတ်ဘူး။

၂။  ကျွန်တော်အပြစ်တွေ ခွင့်လွှတ်ခံရပြီးတာကို ဘယ်တော့မှ သံသယမဖြစ်ဘူး။ ကောင်းကင်ရောက်မယ် သေချာတယ် လို့ ကျမ်းစာက ပြောတာတွေကို ယုံတယ်။ ( ၁ ယော ၅:၁ ၊ ဂလာ ၃:၂၆ ၊ တမန် ၁၀: ၄၃ ၊ ရောမ ၁၀: ၉-၁၀ ၊ ယောဟန် ၃: ၁၆ ၊ ---- ) အခက်အခဲကြုံတဲ့ နေရက်တွေမှာ ဘုရားသခင်ထံမှာ ခွန်အားယူတယ်။ တန်ခိုးတော်၊ မေတ္တာတော်၊ ပညာတော်အပေါ်မှာ မှီခိုနေတယ်။ သားတော်အရင်းကိုတောင် မနှမြောပဲ ပေးခဲ့ပြီဆိုတော့ တခြားအရာတွေကို မပေးဘဲနေမလားလို့ ကိုယ့်ကိုကိုယ် ပြန်ပြောရတယ်။  - ရောမ ၈: ၃၂ ၊ အဲဒီမှာ ငြိမ်သက်ခြင်းရတယ်။ စားစရာတောင် မလုံလောက်အောင် ပြတ်လပ်နေတဲ့အခါ၊ ကိုယ်ကလည်း မိုင် ၁,၀၀၀ အကွာကို ရောက်နေတဲ့အခါ၊ စိတ်ဝိညာဉ်က ဘုရားနဲ့အတူ နေရတယ်။ လက်တွေ့ပြဿနာနဲ့ ကိုက်ညီမယ့် ကျမ်းချက်ကို ယုံကြည်ပြီး၊ စိတ်နှလုံးကို ဘုရားသခင်ထံမှာ သွန်းလောင်းထားရတယ်။ စိတ်ငြိမ်သက်မှုရမှ ဒူးထောက်ရာက ထတယ်။ ကြွားမယ်ဆိုရင် ကြွားလို့ရပေမယ့် ဒီယုံကြည်ခြင်းဟာ တခြားသူတွေ မရနိုင်တဲ့ ယုံကြည်ခြင်းမျိုး မဟုတ်ပါဘူး။ ဆုကျေးဇူးတမျိုး မဟုတ်ဘူး။ ပိုက်ဆံတခုထဲ တောင်းနေတာမဟုတ်ဘဲ၊ လိုအပ်သမျှကို တောင်းယူနေတာပါ။  ကျွန်တော်နဲ့ မိသားစုအတွက်၊ လုပ်ဖေါ်ဆောင်ဖက်တွေနဲ့ အသင်းတော်အတွက် လတ်တလော လိုအပ်တာတွေ၊ ဝိညာဉ်ရေးလိုအပ်တာတွေအတွက် ဆုတောင်းရတယ်။ ယုံကြည်ခြင်းကြီး ရထားပြီဆိုတဲ့ သဘောမျိုး မဟုတ်ဘဲ၊ ထပ်တိုးဖို့တောင် ဆုတောင်းနေရတယ်။ တခုခု၊ ဥပမာ- သော့ပျောက်တဲ့အခါ၊ ချိန်းထားတဲ့သူ ရောက်မလာတဲ့အခါ၊ အဖြေရဖို့ ဆုတောင်းရတယ်။  ကျမ်းစာတပိုဒ်ကို နားမလည်တဲ့အခါ၊ ဘုရးသခင်ရဲ့ လမ်းပြသွန်သင်ခြင်းကို တောင်းခံရတယ်။ ကိုယ်မစွမ်းပေမယ့် စိတ်ဓါတ်မကျဘူး။ မ,စဖို့ ဆုပဲ တောင်းတယ်။ ဒီလို လူတိုင်း တောင်းနိုင်ပါတယ်။ ကျွန်တော်ကို ထူးထူးခြားခြား လူတယောက်လို့ မထင်နဲ့။ အခက်အခဲတွေ့ရင် ဘုရားကို အားကိုးပါ၊ ဘုရားမ,တာကို တွေ့ရလိမ့်မယ်။ ဒါပေမယ့် ဒုက္ခရောက်ရင် ဘုရားနည်းကို စွန့်ပစ်တတ်ကြတယ်။ အဲဒီမှာ ယုံကြည်ခြင်း တိုးပွါးစရာ အစာပြတ်တော့တာပဲ။  အရေးကြီးတဲ့ အချက်တချက်ရှိတယ်။ ယုံကြည်ခြင်းခိုင်မာအောင် ဘယ်လိုလုပ်ရမလဲ လို့ မေးကြတယ်။ အဖြေက --
၁။  " ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရာက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ။ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။" ယာကုပ် ၁: ၁၇ ၊ ဆုတောင်းရမယ်။
၂။ အထောက်အကူပြုမယ့်နည်းတွေ ရှိတယ်။ ကျမ်းစာကို သေသေချာချာ ဖတ်ပြီး၊ စဉ်းစား ဆင်ခြင်ပါ။ ဘုရားသခင်ကို ပိုနားလည်လာမယ်။ သန့်ရှင်းတော်မူခြင်း၊ တရားတော်မူခြင်းတွေထက် ချစ်ခြင်း၊ သနားခြင်း၊ ကျေးဇူးပြုချင်း၊ တန်ခိုးကြီးခြင်းနဲ့ သစ္စာရှိခြင်းတွေကို ပိုနားလည်လာမယ်။ တကယ်ခက်ခဲတဲ့အချိန်မှာ တကယ်အရေးတကြီး ဂရုစိုက်တာကို တွေ့လာရမယ်။ ချက်ချင်း မ,စတာကို တွေ့မြင်လာမယ်။ ကျမ်းစာဖတ်တော့ ဘုရားကို ပိုနားလည်လာတာပေါ့။ နားလည်တော့ ပိုအားကိုးချင်လာတာပေါ့။ ယုံကြည်ခြင်း တိုးပွါးဖို့ရာ ကျမ်းစာဖတ်ခြင်းဟာ အတော်အရေးပါတယ်။
၃။ စိတ်ကောင်းနှလုံးကောင်းထားဖို့လည်း အရေးကြီးတယ်။ မဟုတ်ရင် ဘုရားစိတ်တော်နဲ့ မကိုက်ဘူး။ အားကိုးမယ့်လူက ဘုရားကို စိတ်နာနေစေတဲ့သူ မဖြစ်သင့်ဘူး။ စိတ်မလုံရင် အားကိုးစိတ် လျော့စေတယ်။ ဘုရားကို အားမကိုးရင်၊ ကိုယ့်ကိုကိုယ် အားကိုးစေတယ်။ ဘုရားကို အားကိုးရင်၊ ကိုယ့်ကိုကိုယ်နဲ့ မိတ်ဆွေတွေ၊ အခြေအနေတွေကို အားမကိုးတော့ဘူး။ တခြား ဘာကိုမှလည်း အားမကိုးတော့ဘူး။
၄။ ယုံကြည်ခြင်းတိုးပွါးစေမယ့် ခက်ခဲတဲ့ အခြေအနေတွေကို ရှောင်မပြေးနဲ့။ စစ်ကြောပြီးမှ ခိုင်မာတာပါ။ လူ့သဘာဝက ဘုရားနဲ့ တိုက်ရိုက် မတွေ့ချင်ဘူး။ ဘုရားကို ရှောင်မယ်။ ထာဝရကာလကို ရှောင်မယ်။ ယုံကြည်သူတွေလည်း ဒီလိုပဲ။ ဘုရားကို ရှောင်တတ်တယ်။ အားမကိုးဘူး။ ပြဿနာကို မရှောင်မှ ယုံကြည်ခြင်း တိုးပွါးလာမှာ ဖြစ်တယ်။ အခက်အခဲ တွေ့လေလေ၊ ဘုရားကို ပိုမြင်ရလေလေ ဖြစ်တယ်။ ဘုရားလက်တော် မြင်ရတော့မယ်ဆိုပြီး၊ အခက်အခဲကို ဝမ်းမြောက်ဝမ်းသာ လက်ခံရမယ်။
၅။ နောက်ဆုံး အရေးအကြီးဆုံးက ဘုရားကို အခွင့်ပေးဖို့ ဖြစ်တယ်။ ကိုယ်ဘာသာကိုယ် မဖြေရှင်းနဲ့။ လိုအပ်တဲ့ ယုံကြည်ခြင်းကို ပေးမှာပဲ။ ကြင်နာစွာ လမ်းပြမှာပဲ။ မထမ်းနိုင်တဲ့ဝန်ကို မပေးဘူး။ ဘုရားကို မစောင့်ပဲ၊ ကိုယ်ကိုကိုယ် အားကိုးရင်၊ ယုံကြည်ခြင်း အားနည်းလာမယ်။ ဘုရားလက်တော် မမြင်ရဘဲ နေမယ်။ ယုံကြည်ခြင်းက တိုးလာဖို့ လိုသေးတယ်။ ဘုရားကို အခွင့်ပေးပါ။ ဘုရားကို အချိန်ပေးပါ။ "
အစောပိုင်းနှစ်တွေမှာ Mr. Müller နဲ့ သူ့လုပ်ဖေါ်ဆောင်ဖက်တွေဟာ အခက်အခဲတွေ အများကြီး တွေ့ရတယ်။ အဲဒီထဲက တချို့ကတော့ -- သူရေးထားတာက --

" ဇွန်လ၊ ၁၈၄၅။ ရ နှစိလောက် တော်တော် ဒုက္ခရောက်ရတယ်။ လူ ၁၀၀ အတွက်၊ ၃ ရက်စာ ပြည့်အောင်တောင် လက်ထဲမှာ မရှိဖူးဘူး။ စက်တင်ဘာလ ၁၈၊ ၁၈၃၈ နေ့မှာတော့၊ တော်တော် အစစ်ခံလိုက်ရတယ်။ အစမှာ ဆုတောင်းသံကို နားမညောင်းသလိုပဲ။ နောက်မှ မ,စတော်မူတယ်။ ယုံကြည်ခြင်းကို စစ်တဲ့သဘောပဲ။ ဘုရားက မေ့မထားဘူး။ ပစ်မထားဘူး။

၁၂ ပေါင် အလှူ

" သြဂုတ်လ ၂၀၊ ၁၈၃၈။ ပေါင်ငွေ ၅ ပေါင်ကို ၁၈ ရက်နေ့ကရတာ ကျောင်းမှာ လိုတာတွေအတွက် ပေးရတယ်။ ဒီနေ့တော့ တပြားမှ မရှိပြန်တော့ဘူး။ ဒါပေမယ့် ဘုရားသခင်ကို မြော်ကြည့်နေတယ်။ ဒီတပတ်အတွက် ပေါင် ၂၀ မဟုတ်ရင်တောင်၊ အနည်းဆုံး ၁၃ ပေါင်တော့ရှိမှ ဖြစ်မယ်လို့ သိထားတော့ ဆုပဲတောင်းနေတယ်။ ဒီနေ့ ဆုတောင်းတဲ့အဖြေအဖြစ် ၁၂ ပေါင် ရတယ်။ Clifton  မှာနေတဲ့ အမျိုးသမီးတယောက်က ပေးတာ။ သူ့ကိုအရင်က တခါမှ မမြင်ဖူးဘူး။ ကြည်ညိုစရာကောင်းတဲ့ ဘုရားသခင်ဟာ ခွန်အားသစ်ကို ပေးပြန်ပြီ။

အရေးတကြီး အခက်အခဲ

အခက်ဆုံးအချိန်ထဲက တခုကို Mr. Müller  မှတ်တမ်းတင်ထားတာက --
" စက်တင်ဘာ ၁၀၊ ၁၈၃၈၊ တင်္နလာမနက်။ မနေ့ကရော၊ စနေနေ့ကရော ပိုက်ဆံ မဝင်ဘူး။ ဒါဟာ ကျောင်းကို သွားပြီး၊ ဆရာ၊ ဆရာမတွေနဲ့ အတူဆုတောင်းဖို့ လိုလာတယ်။ ( အဲဒီထဲမှာ ဆရာတယောက်ကိုတော့ ငွေကြေးအကြောင်း ဘယ်တော့မှ မပြောဘူး။ ) အခြေအနေကို ပြောပြတယ်။ အခု ငွေဘယ်လောက် လိုတယ်ဆိုတာ ပြောပြတယ်။ ခက်ခဲပေမယ့် မ,စမယ်လို့ ဘုရားသခင်ကို ယုံတဲ့အကြောင်း၊ ဆုတောင်းကြဖို့ ပြောလိုက်တယ်။ ဒီလိုပြောရတာက အခုရှိတဲ့ ငွေကလွဲလို့၊ တခြားတခုခု ဝယ်ဖို့ ငွေမရှိဘူးလို့ ပြောပြချင်တာလည်း ပါတယ်။ ဝတ်စရာ၊ စားစရာတွေနဲ့အတူ၊ ဘာမှမလိုရအောင် ထားချင်ပေမယ့်၊ ချို့ချို့တဲ့တဲ့ဆိုရင်တော့ အိမ်ပဲ ပြန်လွတ်ချင်မိတယ်။ အဲဒီတော့ အသုံးမလိုတာတွေရှိရင်လည်း ပိုက်ဆံရအောင် ရောင်းဖို့ဖြစ်တယ်။ ဒါက အရေးတကြီးပြဿနာပဲ။ ငွေနည်းနည်းဝင်လာတယ်။ အမည်မသိရဘူး။ ကျွန်တော်အတွက်တော့ ဒါက စရံပဲ။ ဘုရားသခင် သနားပြီ။ ထပ်ပေးဦးမှာ။ ၁၀ နာရီလောက်မှာ ညီအကို Craik  ဆီက ရင်ဖွင့်ပြီးပြန်အလာ၊ တခါထပ် ဆုတောင်းနေတုန်း၊ အမျိုးသမီးတယောက်က  ကျွန်တော့်ဇနီးသည်ကို ငွေဒင်္ဂါး ၂ ပြားပေးတယ်။ လာချင်ပေမယ့်၊ တော်တော်ကြာအောင် မလာဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြတယ်။ ခဏကြာတော့ အခန်းထဲ ကျွန်တော်ရောက်သွားတော့ ကျွန်တော်ကိုလည်း ဒင်္ဂါး ၂ ပြား ထပ်ပေးတယ်။ ဒီမှာ လိုနေတာကို သူဘာမှ မသိရှာဘူး။ ဘုရားက ယုံကြည်ခြင်းကို အားပေးတာပါ။ နောက် ခဏကြာတော့  ယောက်ျားလေးဆောင်နဲ့ မိန်းကလေးဆောင်တွေက ပိုက်ဆံ လာတောင်းပါတော့တယ်။ "

ကြည်နူးစရာ ကယ်မခြင်း

" စက်တင်ဘာ ၁၇၊ ၁၈၃၈။ --  အခက်အခဲက ရှိနေဆဲပဲ။ ယုံကြည်ခြင်းကို နေ့တိုင်း အစစ်ခံနေရတယ်။ ဘုရားသခင်ကို ဆုတောင်းတတ်အောင် အကြောင်းတွေ ဖန်ပေးနေတာပါ။ ဘုရားပေးမှာ သေချာတယ်။ စောင့်ရမှာပေါ့။ လုပ််ဖေါ်ဆောင်ဖက်တယောက်က ပိုက်ဆံနဲနဲ လာပေးတယ်။ တခြားတယောက်ကလည်း လာပေးတယ်။ သူက ရှိသမျှ အကုန်ပေးတာ။ ပေးစရာတွေအတွက် ပေးလို့ ရသွားတယ်။ ဝယ်စရာတွေလည်း ဝယ်နိုင်သွားတယ်။ ဒီညနေမှာ  ငွေက ဒီလို ခပ်နှေးနှေးဝင်လာနေတာက စစ်ကြောခြင်းပဲ။  ဒါပေမယ့် ကျမ်းစာဖတ်တော့ ဆာလံ ၃၄ ကြောင့် ခွန်အားရမိတယ်။ လုပ််ဖေါ်ဆောင်ဖက်တွေနဲ့ ဆုတောင်းဖို့ စိတ်ပျော်သွားတယ်။ ဆာလံ ၃၄ ကို ဖတ်ပြတယ်။ သူတို့လည်း ခွန်အားရအောင် ပြောပြတယ်။

" စက်တင်ဘာ ၁၈၊ -- ဆရာတယောက်ရဲ့ ငွေနဲ့ ကျွန်တော်မှာ ရှိတဲ့ငွေ ပေါင်းပြီး ကလေးတွေအတွက် လိုနေတဲ့ နွားနို့နဲ့ ပေါင်မုန့် ဝယ်တယ်။ အဆောင်တဆောင်အတွက်က လဘက်ခြောက်နည်းနည်းနဲ့ အဆောင်အားလုံးအတွက်က နွားနို့ဝယ်တယ်။ လိုသလောက်ပဲ ဝယ်နိုင်တယ်။ အပို မဝယ်နိုင်ဘူး။ မုန့်က ၂ ရက်စာ ရှိတယ်။ ဒါပေမယ့် ငွေက ပြတ်နေတယ်။ လုပ််ဖေါ်ဆောင်ဖက်တွေကလည်း ရှိသမျှလေးတွေလည်း ပေးကြတယ်။ လန်ဒန်က အမျိုးသမီး တယောက်က ရောက်လာပြီး၊ ကျောင်းဆောင်ဘေးက အိမ်မှာ ၄ ၊ ၅ ရက်လောက်တည်း နေတယ်။ ပြီးမှ သမီးဖြစ်သူရဲ့ ငွေနဲ့ အထုပ်တထုပ် လာပေးတယ်။ နှမြောစရာ အသုံးအဆောင်တွေ ရောင်းပြီး သုံးနေရတာကို တားတော်မူဖို့ ဆုတောင်းတယ်။ ကျောင်းဆောင်နားမှာ ငွေက ရောက်နေပြီ ဆိုတော့၊ ဘုရားက ပေးဖို့ အကြံအစဉ်တော့ ရှိပြီးသားပေါ့။ ရောက်မလာတာက ကြာကြာ ဆုတောင်းစေချင်တဲ့ သဘော ဖြစ်ပုံရတယ်။ ယုံကြည်ခြင်းကို စစ်ရင်း၊ အဖြေရတော့လည်း ကြည်နူးစရာ ဖြစ်စေချင်တဲ့သဘောပါ။ ကျွန်တော်တယောက်တည်းရှိတုန်း ပိုက်ဆံရပြီးတဲ့နောက် အလန့်တကြား ထအော် ချီးမွှမ်းလိုက်တယ်။ ဒီညနေမှာ လုပ််ဖေါ်ဆောင်ဖက်တွေနဲ့ ကျေးဇူးတော် ချီးမွှမ်းဖို့ သွားလိုက်တယ်။ သိပ်တော့ မပျော်ကြဘူးပေါ့။ ပိုက်ဆံကို ဒီညနေမှာပဲ ဝေခြမ်းရေး လုပ်ကြတယ်။ မနက်ဖန်စာတော့ ရပြီပေါ့။     ။