Showing posts with label အဆိုအမိန့်. Show all posts
Showing posts with label အဆိုအမိန့်. Show all posts

Wednesday, November 17, 2010

QUOTATIONS (2010 ) အဆိုအမိန့်

  • Prayer flies where the eagle never flew.

ဆုတောင်းသံဟာ သိန်းငှက်မပျံဖူးတဲ့အရပ်မှာ ပျံဝဲတတ်ပါတယ်။

  • I will prepare myself and be ready, and perhaps my chance will come. Abraham Lincoln.

          ကိုယ့်ကိုကိုယ် ပြင်ဆင်ထားမယ်၊ အသင့်နေမယ်ဆိုရင်၊

          ကိုယ့်အတွက် အခွင့်အခါဆိုတာ ရောက်လာကောင်းပါရဲ့။ 

  • Wherever your heart is, there your feet will soon take you. –  Roger Green.

          စိတ်ရောက်နေတဲ့ နေရာကို ခြေထောက်က မကြာခင် ပို့ပေးပါလိမ့်မယ်။

  • Virtue shows quite as well in rags and patches as she does in purple and fine linen.

                     - Charles Dickens.

      အကျင့်သီလဆိုတာ ဝတ်ကောင်းစားလှ ဝတ်ရာမှာ ပြတတ်သလို၊

      နွမ်းပါးပြီး ဖါရာပါတဲ့ အဝတ်စုတ်မှာလည်း အပြည့်အဝ ပြတတ်ပါတယ်။ 

       I am only one, but I am one; 

 I can not do everything, but I can do something;

     and what I ought to do, by the grace of God I will do.

     By grace I am what I am.          - Horatius Bonar.

          တယောက်တည်းပါ။ ဒါပေမယ့် တယောက်ဆို တယောက်ပဲ။

          အားလုံးတော့ မတတ်စွမ်းဘူး။ ဒါပေမယ့် တချို့အရာတွေ လုပ်နိုင်တယ်။

          လုပ်သင့်တာတွေကို ( ဘုရားမ စလို့ ) လုပ်ပါမယ်။

          ဘုရားကျေးဇူးတော်ကြောင့် ဒီအခြေအနေ ရောက်ရတာပါ။

    If you want to feel rich,

     just count up all the things you have that money can not buy. - Daniel Webster.

         ချမ်းတာတဲ့ အရသာကို ခံစားချင်ရင်၊

         ကိုယ့်မှာရှိတဲ့ ငွေနဲ့ ဝယ်လို့မရတာတွေကို ရေတွက်ကြည့်ပါ။

    The enemies you make by taking a firm stand have more respect for you

Than the friends you make by straddling the fence.

ခြံစည်းရိုး ခွထိုင်ရင်းရတဲ့ မိတ်ဆွေထက်၊ ပြတ်ပြတ်သားသား

ရပ်တည်လို့ရလာတဲ့ ရန်သူက သင့်ကို ပိုလေးစားပါတယ်။

    God is a help in trouble.

In worry you are on your own.

ဘုရားသခင်ဟာ ဒုက္ခရောက်ချိန်မှာ ကူမ သူပါ။

စိုးရိမ်တာကတော့ ကိုယ့်ကိုကိုယ် အားကိုးလို့ ဖြစ်ရတာပါ။

    Not to do what we ought to do is as bad as

Doing what we ought not to do. – George W. Truett.  

လုပ်သင့်တာကို မလုပ်တာဟာ

မလုပ်သင့်တာကို လုပ်တာလိုပဲ ဆိုးပါတယ်။

     We must be willing, individually and as a nation,

To accept whatever sacrifice may be required of us.

A people who value their privileges

above their principles soon lose both. – Dwight Eisenhower.

တဦးချင်းရော၊ တတိုင်းပြည်လုံးပါ လိုအပ်တဲ့အခါ

စွန့်လွှတ် ပေးဆပ်ရဲရမယ်။

စိတ်ကောင်းနှလုံးကောင်း ထားဖို့ထက် အခွင့်အရေးပဲ လိုချင်တဲ့ လူမျိုးဟာ

မကြာခင် နှစ်ခုစလုံး ဆုံးရှုံးရလိမ့်မယ်။

     It is not safe to go around when the Lord tells us to go ahead. -       T. DeWitt Talmage.

          ဘုရားသခင်က ရှေ့တည့်တည့် သွားလို့ ပြောချိန်မှာ၊

          ဘေးဖက် လှည့်သွားနေတာဟာ အန္တရာယ် မကင်းဘူး။

     No one is useless in this world who lightens

     the burden of it to anyone else. -       Charles Dickens.

           သူတပါးရဲ့ လောကီဒုက္ခတွေကို ကူညီထမ်းပိုး ပေါ့ပါးစေသူဟာ

           သုံးမရတဲ့ လူစားမျိုး မဟုတ်ဘူး။

    The face that God has commanded us to do a thing proves that we can do it.  – Guthrie.

ဘုရားခိုင်းတာဟာ ကျွန်တော်တို့ လုပ်နိုင်လို့ပါ။

    The most important trip a man can make is

That involved in meeting the other fellow halfway. -   Brice Van Horn.

          လူတယောက် လျှောက်နိုင်တဲ့ အရေးအကြီးဆုံးခရီးဆိုတာဟာ

          လမ်းတဝက်မှာ တခြားသူတယောက် ပါဝင်လာစေတဲ့ ခရီးမျိုး ဖြစ်ပါတယ်။

    The only people with whom you should try to get even are those who have helped you.  – John E. Southward.

      ကိုယ့်ကိုကူညီဖူးသူတွေနဲ့ပဲ အတူနေဖို့ ကြိုးစားသင့်ပါတယ်။

     Everyone has a fair turn to be as great as he pleases. -  Jeremy Collier.

          လူတိုင်းမှာ ကိုယ်ကြီးမြတ်ချင်သလောက် ကြီးမြတ်ဖို့

          အခွင့်အခါ အလှည့်အပြောင်းတခု ရှိတတ်ပါတယ်။

     If you wish to be happy, We'll tell you the way:

Don't live tomorrow till you've lived today. – Anon.

ပျော်ချင်သလား။ နည်းပြောပြမယ်။

ဒီနေ့ မကုန်သေးခင်၊ မနက်ဖန်နေ့ ရောက်နှင့််မနေနဲ့။

     If wrinkles must be written upon our brows,

Let them not be written upon the heart.

The spirit should never grow old.  -  James A. Garfield. 20th President of U.S.A

          မျက်နှာမှာ ပါးရေနားရေ တွန့်လာရင်တောင်၊

         စိတ်နှလုံးမှာ အရေမတွန့်ပါစေနဲ့။

         စိတ်ဝိညာဉ်ဆိုတာ မအိုစာကောင်းဘူး။

     A "theory" is a hunch with a college education. -  Wingspread.

           သီအိုရီဆိုတာ ကောလိပ်ပညာကလာတဲ့ ထင်မြင်ယူဆချက်တခုမျှသာ ဖြစ်ပါတယ်။

    The poorest man is not he who is without a cent but he who is without a dream.

    - Pennsylvania School Journal.

အဆင်းရဲဆုံးလူဆိုတာ ပိုက်ဆံမရှိတဲ့ လူကို ပြောတာမဟုတ်ဘူး။

      ရည်မှန်းချက်မရှိတဲ့ လူကိုပြောတာပါ။

1.  Some people have yet to learn that they cannot travel in the wrong direction and reach the right destination.

     လူတချို့မှာ မှားတဲ့ဖက်ကို ဦးတည်ရင် မှန်တဲ့ အရပ်ကို ရောက်မှာ မဟုတ်ဘူးဆိုတာ သင်ယူဖို့ လိုပါသေးတယ်။

2. One-half the trouble of this life can be traced to saying yes too quickly and not saying no soon. – Josh Billings.

     လူ့ဘဝရဲ့ ဒုက္ခတဝက်က "Yes" လို့ အပြောမြန်လွန်းတာနဲ့ "No" လို့ မြန်မြန် မပြောလို့ ဖြစ်ရတာပါ။

  3. Few men have virtue to withstand the highest bidden.  – George Washington.

       မက်လုံး ကြီးကြီးပေးတာကို ခံနိုင်ရည်ရှိတဲ့သူ နည်းနည်းပဲရှိတယ်။

 4. If I can not do great things, I can do small things in a great way. – J. F. Clarke.

ကြီးမြတ်တဲ့အရာတွေ မလုပ်နိုင်ရင်၊ သေးငယ်တာကို မြင့်မြတ်တဲ့ နည်းနဲ့ လုပ်ပါ။

  5. You do not test the resources of God until you attempt the impossible. – F. B. Meyer.

မဖြစ်နိုင်ကို လုပ်မကြည့်မချင်း ဘုရားသခင် ဘယ်လောက် ကြွယ်ဝချမ်းသာတယ်ဆိုတာ သိဦးမှာ မဟုတ်ဘူး။

  6. The humblest citizen of all the land, when clad in the armor of a righteous cause, is stronger than all the hosts of error.

အနိမ်ကျဆုံး ပြည်သားတယောက်က ဖြောင့်မတ်တဲ့ တရားအတွက် လက်နက်စုံကို ဝတ်ဆင်လိုက်တဲ့အခါ မကောင်းမှု တပ်မဟာကြီးထက် ပိုအားကြီးပါတယ်။

  7. When God shuts and bolts the door, do not try to get in through the window.

ဘုရားသခင်က တံခါးပိတ်၊ ဂျက်ချထားတဲ့အခါ - ပြတင်းပေါက်က ကျော်ဝင်ဖို့ မကြိုးစားပါနဲ့။

  8. Love is never afraid of giving too much. ချစ်ခြင်းမေတ္တာဟာ အများကြီး ပေးဆပ်ရမှာကို ကြောက်ရွံ့လေ့မရှိပါ။

  9. People may doubt what you say, but they will always believe what you do. – The Bible Friend.

     ကိုယ့်စကားကို လူတွေ သံသယရှိနိုင်ပေမယ့် ကိုယ့်လုပ်ရပ်ကိုတော့ အမြဲ ယုံကြည်တတ်ကြပါတယ်။

  10. The tavern keeper is the only businessman who is ashamed of his customers.

     ကိုယ့်ဖေါက်သည်အတွက် အရှက်ရ ရတဲ့ စီးပါွးရေးသမားကတော့ အရက်ရောင်းတဲ့သူပါ။

  11. Slight not what's near through aiming at what's far. အဝေးကို ရည်ရွယ်ရင်း၊ အနီးကို မထီလေးစား မလုပ်ပါနဲ့။

   12. If you would not be forgotten as soon as you are dead, either write things worth reading or do things worth writing. – Benjamin Franklin.

      သေတဲ့နောက်ပိုင်း ကိုယ့်ကို မမေ့စေချင်ရင်၊ ဖတ်ထိုက်တဲ့ စာတွေရေး၊ (သို့) ရေးဖို့ကောင်းတဲ့ အလုပ်တွေ လုပ်ခဲ့ပါ။

13.  Do your giving while you're living, so you will be knowing where it's going.

     အသက်ရှင်တုန်း ပေးကမ်းပါ၊ လှူပါ။ ဒါမှ ဒီငွေတွေ ဘယ်ရောက်သွားသလဲဆိုတာ သိလာနေပါလိမ့်မယ်။

14.   Happiness is the flag that flies from the window of the heart when the King is in residence. - Curtis Hutson.

ပျော်ရွှင်မှုဆိုတာ နန်းတော်ထဲမှာ ရှင်ဘုရင်ကြီး ရှိနေချိန်၊ စိတ်နှလုံး ပြတင်းပေါက်မှာ လွင့်ထားတဲ့ အလံပါပဲ။

15.   A good father who finds his son on the wrong track will provide switching facilities.

လမ်းမှားနေတဲ့ သားကိုတွေ့တဲ့ ဖခင်ကောင်းတယောက်ဟာ လမ်းကြောင်းပြောင်းနိုင်မယ့် အရာတွေနဲ့ ကူမတတ်ပါလိမ့်မယ်။

   16.  God sometimes puts his children to bed in the dark. – D.L. Moody.

      ဘုရားသခင်က သူ့သားသမီးတွေကို တခါတရံ အမှောင်မှာ သိပ်တတ်ပါတယ်။

  17. The optimist has no brakes, the pessimist has no motor.

  အကောင်းမြင်သမားမှာ ဘရိတ်မရှိပါ။ အဆိုးမြင်သမားမှာ မော်တာမပါပါ။

  18. Before he can accumulate dollars, a man needs some sense. ငွေ မရှာခင်၊ အသိတရားတချို့ ရှိဖို့လိုပါတယ်။

   19. Success is getting what you want; happiness is wanting what you get.

  လိုတာရတာဟာ အောင်မြင်မှုပါ။ ရတာကိုပဲ လိုချင်နေတာကတော့ ပျော်ရွှင်မှုပေါ့။

    20. The little man begins to preen himself as soon as he gets authority; the big man is concerned as to how he can use his authority for the common welfare.

  သေးနုတ် သိမ်ဖျင်းတဲ့သူ အာဏာရလာရင် သူ့ကိုသူပဲ သ နေတော့တယ်။ ကြီးမြတ်သူကတော့ အများအကျိုးအတွက် သူ့အာဏာကို ဘယ်လိုသုံးရမလဲလို့ ဆင်ခြင်လေ့ရှိပါတယ်။

    21. A poor listener seldom hears a good sermon. ခပ်ညံ့ညံ့ တရားနာသူဟာ တရားကောင်းကိုနာရခဲတယ်။

= = = = = = = = = = = = = = = = =
QUOTATIONS (September)
1.     To get nowhere, follow the crowd. – Cassell.
          အများနောက်လိုက်ရင်၊ ဘယ်မှ မရောက်ဘူး။

2.     All unbelief is the belief of a lie. – Horatius Bonar.
          အမှန်ကို မယုံသူဟာ အမှားကို ယုံနေတာပါ။

3.     Without love, service is slavery.
         ချစ်ခြင်းမေတ္တာ မပါရင်၊ ကိုယ်လုပ်ပေးရတာတွေဟာ ကျွန်ဆန်ဆန်ဖြစ််လာမယ်။

4.     To educate a man in mind not in morals is to educate a menace to society.
          ကိုယ်ကျင့်တရားမသင်ဘဲ၊ စိတ်ကိုသာ အတတ်ပညာသင်တာဟာ၊ လူ့လောကအတွက် အနှောက်အယှက်တယောက်ကို ပညာသင်ပေးနေတာပါပဲ။

5.     Our people do not so much need to have their heads stirred as to have their hearts touched. - Jonathan Edwards.
     လူမှာ နှလုံးသားကို တို့ထိဖို့ပဲ လိုတာပါ။ ဦးနှောက်ကို နိုးဆော်ဖို့က သိပ်မလိုပါဘူး။

6.     The person who often looks up to God rarely looks down on any man. - William Auther Ward.
     ဘုရားသခင်ကို မကြာမကြာ မော့ကြည့်တတ်သူဟာ တခြားသူတယောက်ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ခဲပါတယ်။

7.        The bigger the man, the lesser he is aware of his size.
     လူကောင်ကြီးလာလေလေ၊ ကိုယ့် ကိုယ်ခန္ဓာအရွယ်ကို သတိမထားမိလေလေပါ။

8.     A smooth sea never makes a skillful mariner.
    ညင်သာတဲ့ ပင်လယ်ပြင်ဟာ ကျွမ်းကျင်တဲ့ ရေတပ်သားကို ဖြစ်လာစေမှာ မဟုတ်ဘူး။

9.     Honey is dearly bought if licked from thorns. – Anonymous.
     ဆူးဖျားကကျတဲ့ ပျားရည်ကို လူတွေ အမြတ်နေိုး ဝယ်တတ်ကြတယ်။

10.   Don't feel that you must make all mistakes yourself, learn from the mistakes of others. - Curtis Hutson.
     အကုန်မှားဖူးရမယ်လို့ မမှတ်ပါနဲ့။ သူတပါးအမှားကနေ သင်ခန်းစာရယူပါ။

11.  Few speed records are broken when people run from temptation. – E. C. McKenzie.
 အပြစ်လုပ်ဖို့ သွေးဆောင် ဖြားယောင်းတာကို လွတ်အောင် ပြေးကြတဲ့အခါ လူနဲနဲပဲ စံချိန်ချိုးကြပါတယ်။

12.  No man ever get lost on a straight road. – Abraham Lincoln.
     လမ်းမှန်လျှောက်ရင် မပျက်စီးဘူး။

13.  Peace rules the day when Christ rules the mind.
     စိတ်နှလုံးကို ခရစ်တော်ဘုရား အုပ်စိုးရင်၊ တနေ့တာကို ငြိမ်သက်ခြင်း အုပ်စိုးပါတယ်။

14.  A mark of deep spiritual maturity is to be able to enjoy the journey when God puts you on a detour. – Vance Havner.
     ဝိညာဉ် ရင်ကျက်မှုရဲ့ သက်သေတခုကတော့ ဘုရားက လမ်းလွှဲပြီးလျှောက်ခိုင်းရင်တောင်၊ အဲဒီခရီးစဉ်အပေါ် ပျော်နေနိုင်တာပါပဲ။

15.  "The worthiest persons are generally attacked by slanderers, as we generally find it to be the best fruit which the birds have been picking." – Lord Bacon.
   တန်ဖိုးအရှိဆုံးလူတွေဟာ မမှန်မကန် အတင်းပြောသူတွေရဲ့ အတိုက်အခိုက်ကို ခံကြရတတ်ပါတယ်။ အကောင်းဆုံးအသီးမှ ငှက်က ထိုးတတ်၊ ဆိတ်တတ််တာ မဟုတ်လား။

16.  Plan your future carefully, for that is where you are going to spend the rest of your life!
  အနာဂတ်ကို သတိနဲ့ ကြိုပြင်ပါ။ ကျန်နေတဲ့ ကိုယ်ဘဝရဲ့ အချိန်တွေကို အဲဒီမှာပဲ နေသွားရတော့မှာပါ။

17.  If God is your partner, make your plans large.
     ဘုရားသခင်နဲ့ လက်တွဲလာပြီဆိုရင်၊ အကြံအစီတွေ ချဲ့လိုက်တော့။

18.  No man who thinks in terms of catching mice will ever catch lions.
     ကြွက်ဖမ်းဖို့ စဉ်းစားနေသူဟာ ခြင်္သေ့ မိလာမှာ မဟုတ်ပါ။

19.  Friends are like jewels, precious and rare, but acquaintances are like leaves, scattered everywhere.
     မိတ်ဆွေတွေဟာ ရတနာလိုပဲ၊ အဖိုးတန်ပြီး ရှားပါတယ်။ အပေါင်းအသင်းတွေကတော့ သစ်ရွက်လိုပဲ နေရာတကာမှာ ပြန့်ကျဲနေပါတယ်။

20.  One father is more than a hundred schoolmasters. – George Herbert.
     အဖေဆိုတာ ကျောင်းအုပ်တရာထက် ပိုပါတယ်။

Friday, August 6, 2010

QUOTATIONS ( JULY, AUGUST ) အဆိုအမိန့်


QUOTATIONS    ( JULY )   အဆိုအမိန့် စကားများ

1. God has two thrones: one in the highest heavens, the other in the lowliest heart. – D. L. Moody.
ဘုရားသခင်မှာ ပလ္လင်နှစ်ခု ရှိပါတယ်။ အမြင့်ဆုံး ကောင်းကင်ဘုံနဲ့ အနှိမ့်ချဆုံး နှလုံးသားတို့ပါပဲ။

2.  Behind every work of God you will always find some kneeling form. –  D. L. Moody.
ဘုရားအမှုတော်လုပ်ငန်းတိုင်းရဲ့ နောက်ကွယ်မှာ ဒူးထောက်ပုံ တမျိုးမျိုးတော့ တွေ့ရစမြဲပါ။

3. Love is never afraid of giving too much.
ချစ်ခြင်းမေတ္တာဟာ အများကြီးပေးရမှာကို ကြောက်လေ့မရှိပါ။

4. There never was any heart truly great and gracious that was not also tender and compassionate. – Robert South.
တကယ်ကြီးမြတ်၊ ဖေါ်ရွေတတ်တဲ့ နှလုံးသားတို့မည်သည် ကြင်နာခြင်းနဲ့ သနားခြင်း မရှိဘဲ မနေပါ။

5. Do what God calls you to do and you are a success. – T. DeWitt Talmage.
ဘုရားခိုင်းတာလုပ်၊ အောင်မြင်မယ်။

6. FAITH :  Forsaking  All,  I'  Trust  Him.
ယုံကြည်ခြင်း ရဲ့ အဓိပ္ပါယ်ကို ရှင်းပြဖူးတာတခုကတော့ - - - " အားလုံးပုံပြီး၊ အားကိုးပါ " တဲ့။

7. The Christian who is careless in Bible reading is careless in Christian living. – Max Reich.
ကျမ်းစာဖတ်ဖို့ အလေးမထားတဲ့ ခရစ်ယာန်ဟာ ခရစ်ယာန်လို အသက်ရှင်ဖို့ကိုလည်း အလေးမထားသူပါ။

8. We are all dangerous folk without God's controlling Hand. – W.W. Ayer.
ဘုရားလက်တော်နဲ့ ထိန်းချုပ်မထားရင် လူတိုင်းဟာ ကြောက်စရာကောင်းတဲ့သူတွေပါ။

9.  Associate yourself with men of good quality if you esteem your own reputation; for 'tis better to be alone than in bad company. – George Washington.
မကောင်းတဲ့ အပေါင်းအဖေါ်တွေကြားမှာနေရတာထက်၊ တယောက်တည်းနေရတာက ပိုကောင်းတာကြောင့် ၊ ကိုယ့်သိက္ခာကို လေးစားရင်- ကောင်းတဲ့ အရည်အချင်းရှိသူတွေနဲ့ ပေါင်းဖေါ်ပါ။

10. The greater the man, the greater the courtesy.
လူဟာ ကြီးမြတ်လေလေ၊ သိမ်မွေ့ ယဉ်ကျေးလာလေလေပါ။
 

QUOTATIONS ( AUGUST ) အဆိုအမိန့်များ

1. The future of the race marches forward on the feet of little children. – Phillips Brooks.2. If
လူမျိုးတမျိုးရဲ့ အနာဂတ်ဟာ ကလေးတွေ ခြေထောက်လှည့်တဲ့ဖက်ကို ဦးတည်နေပါတယ်။

2. If the world is ever to get on its feet again,
    the church will get on its knee again.
လောကီသားတွေဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရစမြဲ ဆိုရင်
အသင်းတော်က ကိုယ်ဒူးပေါ် ကိုယ်ရပ်ရပါမယ်။

3. I don't know who my grandfather was;
    I am much more concerned to know what his grandson will be.  - Abraham Lincoln.
ကျွန်တော့အဘိုး ဘယ်သူဆိုတာ ကျွန်တော် မသိဘူး။
သူ့မြေး ဘာဖြစ်လာမလဲ ဆိုတာပဲ သိချင်နေတယ်။

4. No one can believe how powerful prayer is,
    And what is able to effect,
    But those who have learned it by experience. – Martin Luther.
ဆုတောင်းတာဟာ သိပ်တန်ခိုးပါတယ်၊ သိပ်ထိရောက်တယ် ဆိုတာကို လက်တွေ့  သင်ယူထားသူမှတပါး တခြားလူ မသိနိုင် နားမလည်နိုင်ပါ။

5. To know the will of God is the greatest knowledge.
    To do the will of God is the greatest achievement. - George W. Truett
    ဘုရားအလိုတော် သိရတာဟာ အကြီးမြတ်ဆုံး အသိပညာပါ။
    အလိုတော်ကို ဆောင်ရွက်တာကတော့ အကြီးမားဆုံး အောင်မြင်မှုပါ။

    What makes the Dead Sea dead?
Because it is all the time receiving but never giving out.
Why is it that many Christians are cold?
Because they are all the time receiving but never giving out.  - D. L. Moody
ပင်လယ်သေ ဘာကြောင့် သေရသလဲ။
အချိန်ပြည့် အယူပဲရှိပြီး အပေးမရှိလို့ပါ။
ခရစ်ယာန် အများစု ဘာကြောင့် အေးစက်နေသလဲ။
အချိန်ပြည့် အယူပဲရှိပြီး အပေးမရှိလို့ပါ။

    You may never do everything you dream you'll do,
but you'll never do any more than you dream.
So dream and dream big.
It costs no more to shoot at eagles than it does at skunks.  - Curtis Hutson
        လုပ်မယ့် စိတ်ကူးအကုန်လုံး မလုပ်မိတတ်ပေမယ့်
        စိတ်ကူးထားတာထက်တော့ ပိုလုပ်မိမှာ မဟုတ်ဘူး။
        ဒါကြောင့် စိတ်ကူးပါ။ ကြီးကြီးမားမား စိတ်ကူးပါ။
        အနံ့ဆိုးတဲ့ ဖျံကြားတွေကို ပစ်ရတာထက်
        သိန်းငှက်တွေ ပစ်ရတာက ဘာမှပိုမကုန်ကျပါ။

    I will not permit any man to narrow and
     degrade my soul by making me hate him. -  Booker T. Washington
         သူ့ကို မုန်းလို့ ကျွန်တော့ ဝိညာဉ် အမြင်ကျဉ်းမြောင်းလာ၊
         အဆင့်အတန်း နိမ့်ကျတာမျိုး ဘယ်သူ့ကြောင့်မှ
        ကျွန်တော် အဖြစ်မခံဘူး။

    What your conscience says is more important
than what your neighbors say.
သူများပြောတာထက် ကိုယ့် အသိစိတ် ပြောနေတာတွေက
ပို အရေးကြီးပါတယ်။ 
 
Difficulties can afford a platform upon which the LORD can display His power.  -  J. Hudson Taylor
 အခက်အခဲတွေက ဘုရားတန်ခိုးတော်ပြစရာ စင်မြင့် ဖြစ်လာနိုင်ပါတယ်။

     Prayer gives you courage
           to make the decisions you must make in a crisis
   and then the confidence to leave the result to God. -  Gen. Dwight Eisenhower
         ဆုတောင်းတာဟာ အကြပ်အတည်းထဲမှာ
         ဆုံးဖြတ်ချက်ချရဲတဲ့ သတ္တိကိုပေးတယ်။ ပြီးတော့
         အရှုံးအမြတ်ကို ဘုရားလက်ထဲ ပုံအပ်ရဲစေတယ်။

I never prayed earnestly for anything
but it came sooner or later,
and oftentimes in the way I least imagine.  - Adoniram Judson

အသည်းအသန် တခါမှ ဆုမတောင်းဖူးဘူး။
ဒါပေမယ့် အနှေးနဲ့ အမြန် ဆိုသလို ရလာတတ်တယ်။
မထင်မှတ်ပုံနဲ့ ဖြစ်လာတတ်တာ များတယ်။

        When thou prayest, rather let thy heart be without words
        than thy words without heart.
           Prayer will make a man cease from sin,
          or sin will entice a man to cease from prayer. - John Bunyan
           စိတ်မပါဘဲ စကားသက်သက် ဆုတောင်းမယ့် အစား
           စကားမပါဘဲ စိတ်နဲ့ပဲ ဆုတောင်းပါ။
           ဆုတောင်းတာက လူကို အပြစ်မလုပ်စေဘူး။
           အပြစ်ကလည်း လူကို ဆုမတောင်းစေတော့ဘူး။

     To have an unforgiving spirit and harbor bitterness only hurt one's self.
Hatred is a poison that destroys the vessel in which it's kept. - Dr. Curtis Hutson
      ခွင့်မလွှတ်ပဲ ခါးသည်းတဲ့ စိတ်တွေမွေးတာဟာ ကိုယ့်ကိုပဲ ပြန်ထိခိုက်တယ်။
      အမုန်းဆိုတာ ထည့်ထားတဲ့ အိုးကို ဖျက်ဆီးတဲ့ အဆိပ်တမျိုးပဲ။
 
A man who has strong convictions
but who is weak on courage is
only slightly ahead of the man who has no conviction at all. -  Dr. Shelton Smith
      အမှန်ကို သိရဲ့သားနဲ့ မလုပ်ရဲသူဟာ
      အမှန်ကို လုံးဝ မသိဖို့ ဦးတည်လာနေပြီ။

Unless a man cultivates a habit of systematic giving
when he has not much to give,
he will give little when he is rich.  -  Samuel Chadwick
မရှိတဲ့ အချိန်မှာ စနစ်တကျ မပေးတတ််ရင် သူ ချမ်းသာလည်း နဲနဲပဲ ပေးမှာပါ။

     It takes sixty four facial muscles to make a frown
but only thirteen to make a smile.
Why work overtome?
မျက်မှောင်ကြုတ်ဖို့ရာ မျက်နှာပြင်က ကြွက်သား ၆၄ ခု အလုပ် လုပ်ရတယ်။
ပြံုးရင်တော့ ၁၃ ခုပဲ လိုတယ်။ အပို မလုပ်နဲ့။

The religion that makes  a man look sick certainly won't cure the world! - Phillips Brooks

လူကို မရွှင်ပျစေတဲ့ ဘာသာတရားဟာ လောကကြီးရဲ့ ဝေဒနာတွေကို မပျောက်စေနိုင်ဘူး။

Evan you're on the right track, you'll get run over if you just sit there. -  Will Roger လမ်းမှန်ပေါ်မှာရှိ်နေပေမယ့်  ရပ်နေရုံပဲ ရပ်နေရင်တော့ ရွေ့လျော့ လဲကျသွားနိုင်တယ်။
 
 I have oft regretted my speech – never my silence. – Publius Syrus
တိတ်တိတ်နေလို့ မမှားဘူး။ စကားကြောင့်သာ နောင်တ ခဏခဏ ရရတာ။

    There are a hundred men hacking at the branches of evil
            to everyone who is striking  at the roots of evil. -  Henry Ward Beecher
        မကောင်းတဲ့ အမြစ်ကို တိုက်ခိုက်သူ တယောက်ရှိရင်
        မကောင်းတဲ့ အကိုင်းအခက်တွေကို ခုတ်ဖြတ်သူ တရာရှိပါတယ်။

    The strength of a country is the strength of its religious convictions. -  Calvin Coolidge
       တိုင်းပြည်တခုရဲ့ အင်အားဟာ အဲဒီတိုင်းပြည်ရဲ့
       ဘာသာတရား အသိစိတ်ဓါတ်အင်အားပေါ်မှာ မူတည်ပါတယ်။

The Bible is the best book that ever was or ever will be in the world.  - Charles Dickens
သမ္မာကျမ်းစာဟာ ရှိဖူးသမျှ (သို့) နောင် ရှိလာမည့် စာအုပ်တွေထဲမှာ အကောင်းဆုံးပါပဲ။

Just as one digit is valuable in the multiplication table,
and one letter in the alphabet,
far more valuable is just one soul in God's sight. – R. G. Lee
ဂဏန်းတလုံးက အမြှောက်အလီ ဇယားမှာ၊
စာလုံးတလုံးက သင်ပုန်းကြီးမှာ တန်ဖိုးရှိတာထက်
ဘုရားသခင်ရှေ့မှာ လူတယောက်ရဲ့ ဝိညာဉ်က ပိုတန်ဖိုးရှိပါတယ်။
 
Those who give up essential liberty to purchase a little temporary safety deserve neither liberty nor safety. - Benjamin Franklin
         ခဏတာ ဘေးလွတ်ဖို့အတွက် မရှိမဖြစ်တဲ့ လွတ်လပ်မှုကို အရှုံးခံသူဟာ
         မလွတ်လပ်ထိုက်သလို လုံလည်း မလုံခြုံထိုက်ပါ။
 
A smile and a scowl are known and read in every language and dialect. - Walter L. Eberly
        အပြုံးနဲ့ အမဲ့ကို ဘာသာစကားတိုင်းက သိနိုင်၊ နားလည်နိုင်တယ်။
 
Conscience can be trusted as a guide for conduct only
when it is guided by a perfect standard. -  M. E. Dodd
           စုံလင်တဲ့ စိတ်ဓါတ် အဆင့်အတန်းရှိမှသာ ကိုယ့်အသိစိတ်ကို
           အပြုအမူ လမ်းပြအဖြစ် အားကိုးနိုင်တာပါ။

The religion of the world says, "Do and Live".
The religion of the Bible says, "Live and Do".   - Dr. Bob Jones Sr;  
လောကသားတွေရဲ့ ဘာသာတရားက "ကျင့်ပြီးမှ၊ အသက်ရှင်ပါ"၊
သမ္မာကျမ်းစာရဲ့ ဘာသာတရားကတော့ "အသက်ရှင်ပြီးမှ၊ ကျင့်ပါ"။
 
Don't learn "the tricks of the trade" ; learn the trade. -  Curtis Hutson 
အလုပ်မှာ လူလည်ကျနည်း မသင်ယူနဲ့၊ အလုပ်လုပ်တတ်အောင်ပဲ သင်ယူပါ။

    In the Christian life, we must loose to gain;
We must give to obtain;
We must be last to be first;
We must be humble to be exalted;
We must be least to be gratest;
We must die to live. -    E. H. Blake.
          ခရစ်ယာန်ဆိုတာ အောင်မြင်ဖို့ အရှုံးခံရမယ်။
          ရဖို့ ပေးရမယ်။
          အဦး ( ပထမ ) ဖြစ်ဖို့ နောက်ဆုံးကျရမယ်။
          ချီးမြှောက်ခံရဖို့ နှိမ့်ချခံရမယ်။ 
          ကြီးမြတ်ဖို့ သေးငယ်ရမယ်။
          ရှင်ဖို့ သေရမယ်။

     Garments of righteousness never go out of style.
ဖြောင့်မတ်ခြင်း ဝတ်လုံဟာ ဘယ်တော့မှ မရိုး၊ ဘယ်တော့မှ ခေတ်နောက်မကျပါ။

Sunday, May 16, 2010

QUOTATIONS -- အဆိုအမိန့်

                          QUOTATIONS

  1.     What you love and what you hate reveal what you are. ( ကိုယ်ချစ်တဲ့အရာတွေနဲ့ ကိုယ်မုန်းတဲ့အရာတွေက ကိုယ်ဘယ်လိုလူစားဆိုတာ ပြနေတယ်။ )

2.     The greatest ability is dependability.

( အကြီးမားဆုံး စွမ်းရည်ကတော့ ယုံကြည်စိတ်ချရခြင်းပါပဲ။ )

3.     Never buy a car you can't push. ( မတွန်းနိုင်တဲ့ကားမျိုး မဝယ်နဲ့။ )

4.      The second mouse gets the cheese. ( ဒုတိယကြွက်က ဒိန်ခဲစားရတယ်။ )

 (ပထမကြွက်က packing paper စက္ကူ ပဲ ဖေါက်ရမှာပေါ့၊ လည်တိုင်း၊ လျင်တိုင်း ကောင်းတာမဟုတ်ဘူးလို့ ပြောလိုပုံရပါတယ်။ -  Pa )

5.     When everything's coming your way, you're probably in the wrong lane. ( အားလုံးစုပြုံပြီးကိုယ်ဆီရောက်လာနေရင်တော့၊ ကိုယ်ကလမ်းကျဉ်းထဲမှာရောက်နေပြီမှတ်။ )

6.      A truly happy person is one who can enjoy the scenery on a detour. (တကယ်ပျော်ရွှင်မှုရှိတဲ့လူဆိုတာက လမ်းလွှဲရဲ့ မြင်ကွင်းတွေပေါ်မှာပင် ကြည်နူးးနိုင်သူပါ။ )

7.     There are two types of people: Some cause happiness wherever they go; others whenever they go. (လူနှစ်မျိုးရှိတယ်။ ဘယ်နေရာမျိုးကိုမဆို ပျော်ရွှင်မှုဖြစ်စေနိုင်သူနဲ့၊ ဘယ်အချိန်မဆို ပျော်ရွှင်မှု ဖြစ်စေနိုင်သူတွေပါ။ )

8.       If you lend someone $ 20 and never see that person again, it was probably wroth it. (လူတယောက်ကို ဒေါ်လာ ၂၀ လောက်ချေးပြီး၊ နောက်မတွေ့ရတော့ဘူးဆိုရင် တန်ပါတယ်။)

9.       The school of suffering graduates rare students. ( ဒုက္ခကျောင်းမှာ အောင်တဲ့သူရှားတယ်။ )

10.              The one thing worse than a Quitter is the man who is afraid to begin.  ( လက်လျှော့အရှုံးပေးသူထက် ဆိုးတဲ့သူကတော့၊ စကို မစရဲတဲ့သူပဲ။)

11.              Gratitude is the loveliest flower that grows in the garden of man's soul; ကျေးဇူးသိတတ်ခြင်းဟာ လူ့စိတ်ဝိညာဉ် ဥယျာဉ်မှာ ပေါက်တဲ့ အလှဆုံးပန်းပဲ။

                 when gratitude dies on the altar of man's heart,  that man is well nigh hopeless.

                 စိတ်နှလုံးယဇ်ပလ္လင်မှာ ကျေးဇူးတရားသေဆုံးသွားရင်တော့ အဲဒီလူမှာ မြော်လင့်ချက်မဲ့သွားပြီ။

12.              Making someone else look bad never makes you look good. – Raymond Barber.

သူတပါးကို အကျည်းတန်စေတာနဲ့ ကိုယ်လှလာမယ်မထင်နဲ့။

13.              Wise men never explain their failures.

      ပညာရှိသူတွေဟာ ကိုယ်ရှုံးတာကို ဆင်ခြေပေးရှင်းပြလေ့မရှိဘူး။

14.            This generation knows everything about life except how to live it.

ဒီခေတ်လူတွေဟာ လူ့ဘဝမှာအရာရာကို အကုန်သိကြတယ်၊ ဘယ်လိုအသက်ရှင်မလဲဆိုတာ တခုကလွဲရင်ပေါ့။

15.              If  at first you don't succeed, deny you were trying.

စစခြင်း မအောင်မြင်သေးရင် ကြိုးစားခဲ့ပါတယ်လို့မပြောနဲ့ဦး။

16.               Wrong is wrong, even if everyone is doing it;

              and right is right, even though no one does it.

            လူတိုင်းလုပ်နေစေဦးတော့၊ အမှားဆိုတာ အမှားပါပဲ။

             ဘယ်သူမှမလုပ်ဦးတော့ အမှန်ဆိုတာ အမှန်ပါပဲ။

17.              People and telephones repeat what they hear, but the telephone repeats it exactly.

လူတွေနဲ့ တယ်လီဖုန်းတွေဟာ ကြားတာကိုပြန်ပြောကြတယ်။

ဒါပေမယ့် တယ်လီဖုန်းကသာ အတိအကျပြန်ပြောပါတယ်။

18.              Virtues are learned at Mother's knee; vices, at some other joint.

ကောင်တဲ့အရာတွေကို အမေ့ရဲ့ ဒူးပေါ်မှာ သင်ယူကြရပြီးတော့၊

မကောင်းတာတွေကတော့ အမေ့ရဲ့ တခြားအရိုးအဆစ်တွေဆီက သင်ယူကြတာပါ။

19.              Trouble is usually produced by those who are not producing anything else.

        ပြဿနာဆိုတာ တခြားဘာတခုမှ အလုပ်မလုပ်တဲ့သူတွေဆီက လာလေ့ရှိပါတယ်။

20.              Be slow in choosing a friend; slower in changing. – Raymond Barber.

        မိတ်ဆွေရွေးရင် ဖြေးဖြေးရွေးပါ။ မိတ်ဆွေပြောင်းရင်တော့ ဒီထက်ပိုနှေးရပါမယ်။

21.              Do right a thousand times, and you may not hear of it once;

                  do wrong once, and you may hear of it a thousand times.

                 အခါတထောင်မှန်ပေမဲ့ တခါပြန်ကြားရခဲတယ်၊

                  တခါမှားရင်တော့ အခါတထောင် ပြန်ကြားကောင်းကြားရနိုင်တယ်။

22.            We see things not as they are, but as we are.  – H.T. Tomlinson.

အရှိအတိုင်း မမြင်ကြဘူး၊ ကိုယ်ကြည့်တဲ့အကြည့်အတိုင်းပဲ မြင်နေကြတာပါ။

    

23.              It should not be necessary to blow out the other person's light to let your own shine.

ကိုယ်အလင်းလင်းဖို့ရာအတွက်တော့ သူတပါးအလင်းကိုမှုတ်ပစ်စရာမလိုပါ။

24.              Eat crow when it's fresh; it goes down earlier!

ကျီကန်းသားကို လတ်ဆတ်တုန်းမှာစားပါ၊ သူကအပုပ်မြန်တယ်။

25.              There are always too many people who reach for the stool when there is a piano to be moved. (စန္ဒယားကြီး မ- ရွှေ့ရမယ့်အချိန်မှာ၊ ခွေးချေသွားကိုင်နေတဲ့သူက အများသား။)

26.              The world is not interested in storms you encountered, but did you bring in the ship. (လူတွေက မုန်တိုင်းမိတာ စိတ်မဝင်းစားကြဘူး၊ သင်္ဘောကမ်းကပ်နိုင်သလားပဲ သိချင်ကြတာ။)

27.              The brook would lose its song if you to rocks away. (ကျောက်တုန်းတွေဖယ်လိုက်ရင်၊ စမ်းချောင်းရဲ့ သီချင်းသံပျောက်သွားတော့မှာပေါ့။)

28.              There are two ways of spreading light: to be the candle or the mirror that reflects it. ( အလင်းဖြန့်နည်း ၂ နည်းရှိတယ်။ ဖယောင်းတိုင်ဖြစ်ရင် ဖြစ်။ မဟုတ်ရင်၊ သူ့ကိုရောင်ပြန်ထုတ်လွှတ်မယ့် မှန်တချပ်ဖြစ်ပါစေ။)

29.              Tell me how you treat your parents, and I will tell you how your children will treat you. – D. L. Moody. ( သင့်မိဘကို ဘယ်လိုပြုစုသလဲ ပြောပြပါ၊ သားသမီးတွေ သင့်ကို ဘယ်လို ဆက်ဆံမလဲဆိုတာ ပြောပြနိုင်ပါတယ်။)

30.              The measure of a truly great man is courtesy with which he treats small man. (တကယ်ကြီးမြတ်သူတယောက် ဟုတ်၊ မဟုတ်ဆိုတာဟာ နိမ့်ကျသူအပေါ် ယဉ်ကျေးပျူငှါစွာ ဆက်ဆံမှုအပေါ်မှာ မူတည်ပါတယ်။)

31.              Not to do what we ought to do is as bad as doing what we ought not to do.-George W. Truest   ( လုပ်သင့်တာကို မလုပ်တာဟာ၊ မလုပ်သင့်တာကို လုပ်တာလိုပဲ ဆိုးပါတယ်။)

32.              Wherever your heart is, there your feet will soon take you. – Roger Green. (စိတ်ရောက်ရင်၊ ခြေထောက်ပါ ပါတော့မယ်။)

33.              Even if I knew that tomorrow the world would go to pieces,

                 I would still plant my little apple tree and pay my debts.  – Martin Luther.

မနက်ဖန်မှာ ကမ္ဘာပျက်မယ်ဆိုရင်တောင်၊ ငါ့ပန်းသီးပင်ပေါက်ကို ဆက်စိုက်ပြီး၊ ပေးစရာအကြွေးကို ဆက်ပေးပါဦးမယ်။)

34.            The poorest man is not he who is without a cent but he who is without a dream. အဆင်းရဲဆုံးလူဆိုတာ ပိုက်ဆံမရှိတဲ့လူ မဟုတ်ဘူး၊ စိတ်ကူးအိပ်မက်မရှိတဲ့သူပါ။

35.            If you would not be forgotten soon as you are dead,

               either write things worth reading or do things wroth writing. – Benjamin Franklin.

သေတာနဲ့ အမေ့ခံရတာမျိုးမဖြစ်စေချင်ရင်၊ ဖတ်ထိုက်တာတွေရေး၊ ဒါမှမဟုတ်၊ ရေးထိုက်လောက်တဲ့ အလုပ်တွေ လုပ်ပါ။)

36.There are some things that I'd die for,

          Other things that I'd fight for that I would not die for,

          and still other things that I'd fuss about that I wouldn't fight over.

          It's wise to learn to put everything in one of these categories. – Curtis Hutson

သေရဲတဲ့ အကြောင်းအရာတွေ ရှိပါတယ်။

မသေရဲပေမယ့် တိုက်ခိုက်ရဲတဲ့ အကြောင်းအရာတွေလည်းရှိတယ်။

မတိုက်ရဲပေမယ် ဒေါသထွက်ရဲတာတွေရှိပါတယ်။

ဘယ်အကြောင်းအရာကို ဘယ်အတန်းအစားထဲထည့်ရမယ်ဆိုတာက သင်ယူရမယ့် ပညာတမျိုးပဲ။

37. We should not judge until we see clearly; and when we see clearly, we will not judge.

ရှင်းရှင်းလင်းလင်း မသိမချင်း အပြစ်မတင်သင့်ဘူး၊

ရှင်းရှင်းလင်းလင်းသိပြီဆိုရင်တော့ အပြစ်တင်မှာ မဟုတ်တော့ဘူး။

          IT'S LOVE

Rock is strong, but iron cleaves it.

Iron is strong,  but fire melt it.

Fire is strong, but water quenches it.

Water is strong, but clouds carry it away.

Clouds are strong, but wind drives them.

Wind are strong, but man can resist them.

Man is strong, but fear casts him down.

Fear is strong, but love casts out fear.                      

Love is strong: love is eternal.