စိတ်ကောင်း စေတနာကောင်း၊ အတွေးအခေါ်ကောင်းများနဲ့ ယိုင်းပင်းကူညီကြသော နေ့ရက်များသို့ - To See Good Days!
Friday, April 28, 2017
သဘာဝတရားရဲ့ အံ့ၾသဘြယ္ရာမ်ား Miracles in Nature by Dr. Walter Lewis Wilson
မြေပဲစေ့တွေက အစာကို ဘယ်လိုရသလဲ? သူက အခွံနဲ့ ဆက်မနေဘူး။ အခွံနဲ့ဆက်နေတဲ့ မြေပဲစေ့လို့ မရှိဘူး။ သူက အခွံနဲ့ အမြဲလွတ်နေတယ်။ အစာဘယ်လိုရမလဲ? အား ဘယ်လိုရသလဲ?
သူ့မှာ အကာ ၃ မျိုး ရှိပါတယ်။ မြေပဲစေ့မှာ အကာ ပါးပါးလေးတခု ရှိတယ်။ အခွံထဲမှာ နောက်ထပ်တလွှာ ရှိတယ်။ ပြီးတော့ အခွံ ရှိတယ်။ မြေပဲစေ့က အစာ ဘယ်လိုရသလဲဆိုတာဟာ မသိနိုင်ပါဘူး။ အံသြစရာတခုပါ။ စပျစ်ပင်မှာ ဖြောင့်တဲ့အပင်လို့ မရှိပါ။ ဖြောင့်အောင်လည်း စိုက်လို့မရပါ။ သဘာဝကိုက ကောက်တဲ့အမျိုးပါ။
Beans ပဲ
Beans ပဲမျိုးမှန်သမျှဟာ အဖြောင့်မနေနိုင်ဘူး။ တိုင်ထောင်ပေးရင် ဘယ်ဖက်ကို အနွယ်တက်လေ့ရှိတယ်။ စားသမျှ ပဲစေ့တွေဟာ ဘယ်ဖက်အနွယ်က ထွက်တယ်။ တိုင်မှာ ဘယ်ထက်ကနေ ညာကို တက်ပြီး ကြီးရတယ်။ ညာဖက်ကနေ ဘယ်ကိုပြန်တက်ဖို့ ထားကြည့်ပါ။ သုံးရက်အကြာမှာ ပဲပင် သေပါလိမ့်မယ်။ သူနေချင်သလို မနေရရင် သေပါတယ်။
အမျိုးသမီးတယောက် ပဲပင်တွေ တိုင်ထောင်ပြီး ဆယ်ဧကလောက် စိုက်ထားတယ်။ သုံးရက်မြောက်နေ့မှာ ပဲပင်တွေ အကုန်လုံး သေတယ်။ စိုက်ပျိုးကျောင်းဆင်း အတော်ဆံးပညာရှင် ၅ ယောက်ကို ခေါ်ပြီး၊ ပြသနာကို အဖြေရှာခိုင်းတယ်။ သူတို့က မြေဆီကို စစ်တယ်။ ပိုးတွေ တွေ့မလားလို့ မှန်ဘီလူးနဲ့ ရှာကြတယ်။ အဖြေမတွေ့ကြဘူး။ ပြသနာက အဲဒီအမျိုးသမီးရဲ့ လူတွေက ညာသန်တွေ။ ပဲပင်တွေကို ညာကနေ ဘယ်ဖက်ကို ခွေထားတယ်။ ဒီလိုလုပ်ရင် သေမှာပဲ။ သုံးရက်နေ့မှာ သေတယ်။
Dandelions တောပေါင်းပင်များ
Dandelions ပေါင်းပင်တွေကို နှိမ်ထားလို့ မရဘူး။ မြက်ပင်တွေ ၂ လက်မရှိရင်၊ သူက ၃ လက်မပဲ။ မြက်ပင်တွေ ၅ လက်မရှိရင်၊ သူက ၆ လက်မရှိလာမယ်။ မြက်ပင် ၁၀ လက်မရှိရင်၊ သူက ၁၁ လက်မ ရှိလာမယ်။ သူက ပတ်ဝန်းကျင် အခြေအနေရဲ့ အထက်မှာ အမြဲရှိနေတဲ့သူ။ ဘာကြောင့် အဲဒီလို ရှိနေသလဲ? မသိနိုင်ပါဘူး။ တခါက ကျောင်းသားတယောက်က သူနားမလည်တဲ့အရာတွေကို သူမယုံဘူးလို့ ပြောလာပါတယ်။ သူ့ကို မေးခွန်းနဲနဲ မေးကြည့်တယ်။ အနက်ရောင် နွားမတကောင်က အစိမ်းရောင် မြက်ကို စားပြီး၊ အဖြူရောင် နွားနို့ ရတယ်။ ကျိုလိုက်တော့ အဝါရောင် ထောပတ်ရ ဘာလို့ရသလဲ? သူမဖြေတတ်ဘူး။
လူက လက်တွေနွေးအောင် လက်ဖဝါးကို ပါးစပ်နဲ့ လေမှုတ်ပေမယ့် ကော်ဖီအေးအောင် ဘာကြောင့် လေနဲ့မှုတ်သလဲ? သူမဖြေနိုင်ဘူး။
လျှပ်စစ်နဲ့ တဖက်က မုန့်ဖုတ်လို့ရပြီး၊ တဖက်က ရေခဲဘာလို့ ထုတ်ရသလဲ? သူမဖြေနိုင်ဘူး။
လူ့ရဲ့အစာအိမ်ဟာ စားသမျှကို အစာချေနေပေမယ့် သူ့ကိုသူတော့ အစာချေမပစ်ဘူး။ ဘာကြောင့်လဲ? မသိနိုင်ပါဘူး။
Bananas ငှက်ပျောသီး
ငှက်ဖျောဖီးတိုင်းမှာ အောက်ဆုံးအတန်းဟာ ၂၄ လုံးပါတယ်။အပေါ်တတန်းတိုင်းမှာ တလုံးစီလျော့သွားတယ်။ အောက်ဆုံးအတန်းကတော့ အမြဲတမ်းပဲ ၂၄ လုံး ရှိတယ်။ ဘုရားဖန်ဆင်းတယ်ဆိုတာ အမှုမဲ့အမှတ်မဲ့ ဖြစ်ရပ်မျိုး မဟုတ်ဘူး။ စနစ်ကျတယ်။
Salt and Sugar ဆားနဲ့ သကြား
ဆားပွင့်အားလုံးဟာ စတုရန်းပုံ လေးထောင့်ညီ အခဲလေးတွေ ဖြစ်တယ်။ တခြားအခဲတွေဟာ စတုရန်းပုံ ရှိမယ်မထင်ဘူး။ အနုကြည့်မှန် မိုက်ခရိုစကုပ်အောက်မှာ စတုရန်းပုံအခဲဆိုရင်၊ သေချာတယ်။ အဲဒါ ဆိုဒီယမ် ကလိုရိုက်ပဲ။ ဆိုဒီယမ်နဲ့ ကလိုရိုဒ် ပေါင်းစပ်ပြီး စတုရန်းပုံ အခဲလေးတွေ ဖြစ်နေတာပါ။ သကြားကတော့ စတုရန်းပုံ မရှိပါဘူး။ သကြားဟာ အရောင်၊ အနံ့၊ အရသာ မရှိတဲ့ အရာသုံးမျိုး ပေါင်းစပ်ပြီး၊ သကြားဖြစ်လာတယ်။ ဒါပေမယ့် စတုရန်းပုံ သကြားခဲလို့ မရှိဘူး။ အခဲတွေက တူညီတဲ့ပုံစံအဖြစ် မရှိကြဘူး။
Bearing of Young သားပေါက်ခြင်း
ခိုနဲ့ ငုံးကလွဲလို့ ကျန်တဲ့ငှက်တွေဟာ သီတင်းပတ် အတိအကျမှာ ဥပေါက်လေ့ရှိတယ်။ ခိုကတော့ ၁၈ ရက်အကြာမှာ ဥကပေါက်ပါတယ်။ ငုံးကတော့ ၂၃ ရက်အကြာမှာ ပေါက်တယ်။ ကျန်တဲ့ငှက်ဥတိုင်းဟာ ရ ရက်၊ ၁၄ ရက်၊ ၂၁ ရက် တရက်ရက်မှာ ပေါက်တယ်။ တပတ်အတွင်းပေါက်တဲ့ ဥ၊ မရှိလောက်ဘူးထင်ပေမယ့်၊ အာလူးပိုးရဲ့ဥက တပတ်၊ ရ ရက်အကြာမှာ ပေါက်ပါတယ်။
အိမ်မွေးကြက်ငှက်တွေထဲမှာ ကြက်က ၃ ပတ်၊ ဘဲက ၄ ပတ်၊ mallard ဆိုတဲ့ ဂတ်ဘဲက ၅ ပတ်အကြာမှာ ဥပေါက်တယ်။ ကြက်တူရွေး၊ ငှက်ကုလားအုတ်နဲ့ alligator မိချောင်းခေါင်းတိုတွေက ၆ ပတ်အကြာမှာ ဥပေါက်ကြတယ်။ သားပေါက်အကြာဆုံးဥကတော့ မြွေဖြစ်တယ်။ သူက ရ ပတ် ကြာတယ်။
တိရစ္ဆာန်တွေလည်း ဒီလိုပါပဲ။ သတင်းပတ်အလိုက် သားပေါက်ကြတယ်။ mouse ဆိုတဲ့ ကြွက်ကလေးတွေက ၂ ပတ်။ rat ဆိုတဲ့ ကြွက်က ၃ ပတ်။ ကြောင်က ၈ ပတ်။ ခွေးက ၉ ပတ်။ မြေခွေးက ၁၀ ပတ်။ ကြောင်မျိုးနွယ်ဝင် ခြင်္သေ့၊ ကျား၊ ကျားသစ် ..... စတာတွေက ၁၃ ပတ်။ မြင်းကတော့ ၃၉ ပတ်ကြာတယ်။ ချန်ပန်ဇီ၊ မျောက်ဝံ၊ ဂေါ်ရီလာ၊ Baboon စတဲ့ မျောက်ကြီးမျိုးတွေက ၃၅ ပတ်ကြာပြီး၊ မျောက်ကလေးတွေကတော့ ၂၂ ပတ် ကြာတယ်။ ဝက်ဝံက ၂၆ ပတ်။ သမင်က ၂၉ ပတ်။ သူတို့အားလုံးဟာ သတင်းပတ် အတိအကျ၊ ရ ရက်ပေါင်း အတိအကျမှာ ပေါက်ကြတယ်။ ဘာကြောင့်လဲ? ဘုရားသခင်က God of order စနစ်ကျလို့ပါ။လူက ၄၀ ပတ်အကြာမှာ ဖွါးပါတယ်။ ဒါဝင်ဟာ တောင်အမေရိကရဲ့ တောင်ပိုင်းတောနက်ထဲကို သွားခဲ့တယ်။ အနိမ့်ကျဆုံးလူသားတွေကို တွေ့တယ်လို့ဆိုတယ်။ အဲဒီမှာ ကလေးတွေဟာ သတင်းပတ် ၄၀ အကြာမှာ မွေးတာတွေ့ရတယ်။ အမေရိကန်ပြည်မှာ လိုပါပဲ။ လူတွေဟာ အမေရိကားမှာနေနေ၊ တောင်အမေရိက တောနက်ထဲမှာနေနေ၊ သတင်းပတ် ၄၀ အကြာမှာ မွေးဖွါးပါတယ်။
Seas ပင်လယ်များ
ပင်လယ်ရေလှိုင်းတွေဟာ တမိနစ်မှာ ၁၈ ကြိမ် ရိုက်ခတ်တယ်။ လှိုုင်းအမြင့် ၃ လက်မဖြစ်ဖြစ်၊ ၃ ပေဖြစ်ဖြစ်၊ ပေ ၃၀ ဖြစ်ဖြစ် တမိနစ်ကို ၁၈ ကြိမ် ရိုက်ခတ်တယ်။ ရေငြိမ်သည်ဖြစ်စေ၊ မုန်တိုင်းထန်သည်ဖြစ်စေ ၁၈ ကြိမ် ရိုက်ခတ်တယ်။
သင်္ဘောတွေရဲ့ အလျားဟာ ပေ ၃၀၀ နဲ့ ၄၀၀ ကြား (သို့) ပေ ၆၀၀ နဲ့ ရ၀၀ ကြား (သို့) ပေ ၉၀၀ နဲ့ ၁၁၀၀ ကြားမှာ တည်ဆောက်ကြတယ်။ ဒါက လှိုင်းလုံးတခုနဲ့တခု ပေ ၃၀၀ ခြားတဲ့အတွက် ဖြစ်တယ်။ သင်္ဘောငယ်လျှင် ပေ ၃၀၀ ကွာတဲ့ လှိုင်းလုံး ၂ လုံးကြားမှာ ရောက်မယ်။ နောက်တပြန်အတွက်ဆိုရင် နောက်ထပ် ပေ ၃၀၀ လိုတယ်။ Queen Mary, Queen Elizabeth နဲ့ အမေရိကန်ပြည်ရှိ သင်္ဘောအများစုဟာ ပေ ၁၀၀၀ ရှည်ပါတယ်။ အဲဒီသင်္ဘောတွေဟာ လှိုုင်းလုံး ၄ လုံးကို ဖြတ်ရတယ်။ လှိုုင်းလုံးတခုနဲ့တခု ပေ ၃၀၀ ကွာတော့ အဲဒီလောက်အရှည် တည်ဆာက်ဖို့ လိုတယ်။
Human Beings လူ
လူ့ကိုယ်ခန္ဓာကလည်း အံ့သြစရာပါ။ တချက်တည်းနဲ့ ဆီဖြည့်တဲ့စနစ်ပါနေတယ်။ တနေရာတည်းသော လည်ချောင်းပေါက်မှ အစာထည့်လိုက်တဲ့အခါ အရိုးအဆစ်ပေါင်း ၂၆၄ ခုကို ချောဆီထိုးပေးပါတယ်။ နေ့ထိုင်းချောဆီထိုးရတာပါ။ ဒီအချက်ကို စဉ်းစားကြည့်ပါ။ ကိုယ်ဖါသာကိုယ် ချောဆီထိုးရရင် တချို့အဆစ်တွေကို မေ့ကျန်ခဲ့မှာပဲ။ ဒါဆို အဆစ်တွေ တခုနဲ့တခု မဆက်စပ်တော့ဘဲ၊ အလုပ်လုပ်ဖို့ ခက်လာပါလိမ့်မယ်။ ဒီလိုဖြည့်နေရရင် အချိန်ကြာလွန်းလို့ တခြားဘာအလုပ်မှ မလုပ်နိုင်မှာကို ဘုရားသခင်သိတဲ့အတွက် အလိုအလျောက် ချောဆီထိုးတဲ့စနစ်ကို ထည့်ထားပေးပါတယ်။ လူ့ကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေက သူ့အလုပ်သူ ပုံမှန်လုပ်ပါတယ်။ ဒူး၊ မျက်စိ၊ လည်ပင်း ..... စသည်ဖြင့်ပေါ့။ ဒီနေရာမှာ အသားစားတာ၊ ဟင်းသီးဟင်းရွက် စားတာနဲ့ မဆိုင်ဘူး။ ကိုယ်လက်အင်္ဂါတွေက သူ့အလုပ်သူ လုပ်ကြတယ်။
ပါးစပ်ကို စိုစွတ်အောင် ဖန်းဆင်းထားတဲ့အကြောင်းကို ကျေးဇူးတော်ချီးမွမ်းဖူးသလား? မဟုတ်ရင်၊ မြေပဲဆံအနှစ် ထောပတ်ကို စားကြည့်ပါ။ ၂ နာရီလောက် တခြားဘာမှ မစားနိုင်ဘဲနေမယ်။ လျှာမှာ ဇွန်းနဲ့ခြစ်ယူမှ သက်သာလိမ့်မယ်။
မျက်စိတ်ပိတ်မသွားအောင် မျက်တောင်လေးတွေကို စိုစွတ်နေစေတဲ့အတွက် ဝမ်းမသာဘူးလား? ချုံ့နိုင်၊ ချဲ့နိုင်တဲ့ အရေပြားကလည်း အံ့သြစရာပါ။ ထိမိခိုက်မိရင် အလိုက်သင့် အရေပြားကို ချဲ့လိုက်တဲ့အတွက် ပြုတ်ထွက်မကုန်တာ ဖြစ်တယ်။
အမျိုးသမီးတွေမှာ နှုတ်ခမ်းမွေးတွေ၊ မုတ်ဆိတ်မွေးတွေ မပေါက်တာ မကောင်းဘူးလား? ပေါက်နေရင် မနက်စာအတွက် မီးဖိုချောင်မဝင်နိုင်ဘဲ၊ ရေချိုးခန်းမှာ မုတ်ဆိတ်ရိတ်နေရမယ်။
အရိုးအဆစ်တွေကလည်း ထူးဆန်းတယ်။ လူ့ရဲ့ ခြေနှစ်ချောင်းထဲက အရိုးတွေဟာ သေးပါတယ်။ ဒါပေမယ့် လူတကိုယ်လုံးနဲ့အတူ သူသယ်လာသမျှ ပစ္စည်းတွေကို ထောက်မထားနိုင်တယ်။ ဒါပေမယ့် လမ်းလျှောက်တဲ့အခါ လူတကိုယ်လုံးကို ခြေတချောင်းတည်းအပေါ်မှာ ရပ်နေတာ ဖြစ်တယ်။
လူ့ရဲ့နားကလည်း ထူးဆန်းပါတယ်။ ပျော့ပျော့လေးနဲ့ တောင့်တောင့်လေးနေတယ်။ အသံလှိုင်းတွေက နားရွက်ကို ရိုက်ခတ်တယ်။ ပြီးမှ နားထဲကို သူ့သဘာဝအတိုင်း ဝင်လာတယ်။ နားမှာ အံ့သြစရာတခု ရှိတယ်။ ဖြစ်ပေါ်နေတဲ့အသံတိုင်းကို လူက ကြားတာမဟုတ်ဘူး။
ရေဒီယို အသံလွှင့်ဌာန အများကြီးက မြင့်မားတဲ့ ကြိမ်နှုန်းတွေနဲ့ နေ့စဉ် အသံလွှင့်နေတယ်။ တစက္ကန့်မှာ ကြိမ်နှုန်း ၂ သိန်းလောက်ရှိလိမ့်မယ်။ လွှင့်နေသမျှကို လူတွေ ကြားနေရရင် အကုန်ရူးသွားနိုင်တယ်။ ဒါကြောင့် ရေဒီယိုပညာရှင်တွေက ကြိမ်နှုန်းကို ၅၀၀၀ မှ ၂၅၀၀၀ ကြားကို လျော့ချကြတယ်။ လေထုထဲမှာ ဖြစ်နေသမျှအသံတွေကို မကြားနိုင်အောင် လူ့နားကို ဘုရားဖန်ဆင်းထားတယ်။
Wilson opinion ဝေးလ်ဆင်အယူအဆအကြောင်း ပြောပါဦးမယ်။ နှလုံးရောဂါကြောင့် သွားရင်းလာရင်း၊ ထိုင်နေရင်း သေတဲ့လူတွေ ဘာကြောင့်များသလဲ? အကြောင်းရင်း ၃ ခု ရှိတယ်။
ပထမက ဒီနေ့ခေတ်မှာ လျှပ်စစ်လှိုင်းတွေ ထွက်နေတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ နေ့နေ့ညည အမြဲပါတ်သက်နေရတယ်။
ဒုတိယ- ကားတွေ၊ ဆိုင်ကယ်တွေ .... စတဲ့ လောင်စာဆီသုံးတဲ့ ယာဉ်တွေကထွက်တဲ့ ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေကို နေ့စဉ်နဲ့အမျှ ရှုရှိုက်နေကြရတယ်။
တတိယ - လူတွေက သိပ်မနားတော့ဘူး။ စားမယ်၊ သွားမယ်ပဲ ဖြစ်နေပြီ။ အိမ်မှာ အေးအေးဆေးဆေး မနားကြတော့ဘူး။ ဒီအချက် ၃ ချက်ကြောင့် နှလုံးနဲ့ပါတ်သက်တဲ့ ပြသနာတွေ ဖြစ်ကြရတာပါ။
Ants ပုရွက်ဆိတ်
ပုရွက်ဆိတ်တွေက ထူးခြားတယ်။ "အချင်း လူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွား၍၊ သူ့၏ her ways အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။" - သုတ္တံ ၆း ၆း။
ဘာလို့ her ways လို့ ပြောသလဲ? ပုရွက်ဆိတ်ထီးကို မြင်ဖူးကြမှာ မဟုတ်လို့ပါ။ အထီးက မြေတွင်းထဲမှာပဲနေပြီး၊ အမက အပြင်ထွက် စီးပွါးရှာတယ်။
ထူးဆန်းတာ တခုရှိတယ်။ ပရွက်ဆိတ်မှာ နား ၄ စုံ ရှိတယ်။ ခေါင်းမှာ တစုံ၊ ရှေ့ခြေမှာ တစုံ၊ ရင်ဘတ်မှာ တစုံ၊ ဗိုက်မှာ တစုံ ရှိတယ်။ တကောင်နဲ့တကောင် တွေ့ကြတဲ့အခါ ပါလာသမျှအကုန် ချထားလို်က်တယ်။ တခြားတကောင်ကလည်း သူတပါးယူလာတာကို လုံးဝ ကောက်မကိုင်ဘူး။ ဒါက တကယ်မှတ်သားစရာကောင်းတဲ့ အချက်ပါပဲ။
ကျွန်တော်ကိုယ်တိုင် မှန်ဘီလူးနဲ့ သူတို့ကို စောင့်ကြည့်တဲ့အခါ ဒီအချက်ကို တွေ့ရတယ်။
သူက ရှေ့ခြေနဲ့ တခြားပုရွက်ဆိတ်ရဲ့ ခေါင်းကို စမ်းကြည့်တယ်။ ပြီးတော့ သူအစာကို ဘယ်နေရာက ရလာတယ်ဆိုတာ ပြောပြတယ်။ အဲဒီမှာ အစာရကြတယ်။ လမ်းမှာတွေ့သမျှ ပုရွတ်ဆိတ်တွေကို ဒီနည်းအတိုင်း ပြောပြတယ်။ ဒီလိုနဲ့ အကုန်လုံး အစာရသွားကြတယ်။
သူတို့ထံမှ သင်ယူစရာက ရိုးသားမှုပဲ။ သူတပါးပစ္စည်း မယူနဲ့။ ဘုရားကျေးဇူးခံစားရတာကို ပြောပြပါ။ ကိုယ်တွေ့တဲ့ ပျားရည်၊ အသက်ရေ၊ အသက်မုန့်အကြောင်း ပြောပြပါ။ ခရစ်တော်အကြောင်း ပြောပြပါ။
ဒီလိုနည်းနဲ့ ကျွန်တော်ကယ်တင်ခြင်းရခဲ့တာ ဖြစ်တယ်။ ကျောက်မီးသွေးတွင်းတူးသမားတယောက်က သခင်ယေရှုအကြောင်း ပြောပြတယ်။ သူ့ကို ကျွန်တော် မသိဘူး။ သူက အိုင်အိုဝါကနေ ကဲင်းစပ်ကို ရောက်လာတယ်။ သခင်ယေရှုအကြောင်း ပြောပြတယ်။
Spiders ပင့်ကူများ
"လက်ဖြင့်ကိုင်ဆွဲ၍ နန်းတော် ပင် နေတတ်သော အိမ်မြောင် .... "The spider taketh hold with her hands," သုတ္တံ ၃၀း ၂၈။
ပင့်ကူအထီးကို မြင်ဖူးမှာ မဟုတ်ဘူး။ အမက ပင့်ကူအိမ်ကို ဆောက်တယ်။ အထီးက မဆောက်ဘူး။ အထီးက သိပ်သေးတယ်။ အများအားဖြင့် ပင်အပ်ခေါင်းလောက်ပဲ ရှိမယ်။ ပင့်ကူမက ခြေတွေနဲ့ ပင့်ကူမျှင်တွေ ယက်ပြီး၊ စေးကပ်စေတဲ့အရာကို ပင့်ကူမျှင်ပေါ်မှာ ချထားတယ်။ ပိုးကောင်းလေးတွေ ထောင်ခြောက်မိပြီး သူ့အစာဖြစ်ရတယ်။ ပင့်ကူမျှင်ဟာပိုးစာမျှင်ထက် အဆ ၂၀ ပို ခိုင်တယ်လို့ တွေ့ရတယ်။ ဒါပေမယ့် အများကြီးမရနိုင်တဲ့ အကြောင်းရင်းက ပင့်ကူအထီးနဲ့ အမဟာ အတူ မနေနိုင်ကြဘူး။ အမက အထီးကို သဘောမကျတဲ့အခါ စားပစ်လိုက်တယ်။ သူတို့က အသားစားသတ္တဝါတွေပါ။
နောက်တမျိုးကတော့ Bell Spider ခေါင်းလောင်းပင့်ကူပါ။ သူ့မှာ အမွေးတွေ ရှိတယ်။ ချောင်းထဲကို သွားပြီး သစ်ကိုင်း၊ သစ်ရွက်တခုခုမှာ ခိုတယ်။ ပြီးတော့ ခေါင်းလောင်းပုံ ပင့်ကူအိမ် ဖွဲ့တယ်။ တလက်မလောက် ရှိမယ်။ ရေထဲကို ဆင်းလိုက်တက်လိုက် လုပ်မယ်။ တက်လာရင် လေတွေကို သူ့အမွေးနဲ့ ယူသွားမယ်။ ရေအောက်မှာ ကိုယ်က အမွေးတွေကို ညှစ်ပြီး လေထုတ်ယူမယ်။ နောက်ပြန်တက်ပြီး အမွေးနဲ့ လေယူမယ်။ အဲဒီလိုနဲ့ လေအပြည့်ရသည်အထိ ညှစ်ယူမယ်။ ပြီးမှ ရေမှာမျောလာမယ့် အစာကို ထိုင်စောင့်တယ်။ တွေ့ရင် ဖမ်းယူပြီး ရေပေါ်တက်ကာ လေရှိရာအရပ်မှာ စားသောက်တယ်။ ဒီပညာ သူဘယ်က ရသလဲ?
Butterflies လိပ်ပြာ
ကျောင်းသားတယောက်က လာဇရုဟာ သေပြီး ၄ ရက်လောက်မှာ အလောင်းရစ်ပတ်တဲ့ အဝတ်တွေနဲ့ ပြန်ရှင်လာတာကို မယုံဘူးတဲ့။ အလောင်းထုပ်ပိုးထားတဲ့အဝတ်တွေနဲ့ ဘယ်လို လမ်းလျှောက်မလဲတဲ့။
လိပ်ပြာဟာ ပိုးတုံးလုံးဘဝကနေ ကိုက်ဖြတ်ထွက်ဖို့ သွားမရှိဘူး။ ပိုးတုံးလုံးရဲ့ အမျှင်တွေဟာ လေ၊ ရေ၊ အလင်း၊ အပူ လုံးဝမဝင်နိုင်အောင် ကာကွယ်ထားတယ်။ အဲဒီကနေ ဘယ်လိုပွင့်ထွက်လာသလဲ မသိနိုင်ဘူး။ တွားသွားတဲ့ ပိုးကောင်ဘဝရောက်တဲ့အခါ ခြေ ၁၄ ချောင်း ရှိတယ်။ လိပ်ပြာဘဝရောက်တဲ့အခါ ခြေ ၆ ချောင်းပဲ ရှိတော့တယ်။ ၈ ချောင်း ဘယ်ရောက်သွားသလဲ? မသိနိုင်ဘူး။ အမွေးအမျှင်တွေ ပျောက်ပြီး၊ တောင်ပံတွေနဲ့ ဖြစ်လာတယ်။
Watermelon, Trees, Wheat ဖရဲသီး၊ သစ်ပင်၊ ဂျံု
ဖရဲသီးတိုင်းမှာ အစင်းကြောင်း stripes ၁၀ ကြောင်းစီ ပါပါတယ်။ သစ်ပင်တွေမှာ အရွက်တွေ ဘယ်လိုကြီးလာကြသလဲ?ပန်းသီးပင်မှာ ၅ ရွက်မြေက် အရွက်ဟာ ပထမအရွက်ရဲ့ ဆန့်ကျင်ဖက်ကို ထွက်တယ်။ peach မက်မွန်သီးပင်မှာ ၈ ရွက်မြောက်ဟာ ပထမအရွက်နဲ့ ဆန့်ကျင်ဖက် ထွက်တယ်။ Plum ထန်းပင်မှာ ၄ လက်မြောက်ဟာ ပထမအလက်နဲ့ ဆန့်ကျင်ဖက် ထွက်တယ်။ Ash tree ဆိုတဲ့ သံလွင်ပင်တမျိုးဟာ ၂၂ ရွက်မြေက်အရွက်က ပထမအရွက်ကို ဆန့်ကျင် ထွက်တယ်။ သခင်ယေရှုက ယုံကြည်သူဟာ အဆ ၃၀၊ ၆၀၊ ၁၀၀ ကြီးပွါးရမယ်လို့ ဆိုတယ်။ ဂျံုပင်တွေဟာ ဒီအတိုင်း ကြီးကြရတယ်။ အသေးစား ဂျံုပင်တပင်မှာ အစေ့ ၂၈၊ ၃၀ သို့မဟုတ် ၃၂ ရှိပါလိမ့်မယ်။ အမြဲတမ်း စုံဂဏန်းဖြစ်မယ်။ အပင်ကောင်းရင် ၅၈၊ ၆၀ သို့မဟုတ် ၆၂ ရှိမယ်။ အပင်သန်လို့ ခေါင်းညွတ်ကျနေရင် ၉၈၊ ၁၀၀ သို့မဟုတ် ၁၀၂ ရှိမယ်။ သခင်ယေရှုက သူ့ပြောတဲ့စကားကို သူသိတယ်။
Flies ယင်
အီဂျစ်ပြည်မှာ ယင်တွေကို မောင်းထုတ်တော့ တကောင်မှ မရှိတော့ဘူးလို့ ဆိုတယ်။ (ထွက် ၈း ၃၁)
ယင်ကောင်ရဲ့ မျက်စိမှာ ထောင်ချီတဲ့ မှန်ကူကွက်တွေ ပါတယ်။ နောက်က လိုက်ရိုက်တဲ့အခါ မျက်လုံးအကွက်တထောင်ပါပေမယ့် မခုန်ပျံနိုင်ဘူး။ ပျံပြီး မျက်နှာကြက်မှာတော့ ဇောက်ထိုးနားတယ်။ သူ့ကို ဘာက မျက်နှာကြက်မှာ ကပ်နေစေသလဲ? ဆောင်တွင်းမှာ ယင်ကောင်ဟာ ပြတင်းပေါက်ဘောင်ပေါ်မှာ အေးခဲပြီး သေနေတာ တွေ့ရမယ်။ သူ့ကိုယ်က ကော်တမျိုးက အေးခဲသွားတာ ဖြစ်တယ်။ ယင်ရဲ့ခြေထောက်မှာ အမွေးပွ အချောင်း ၁၅၀ ရှိတယ်။ အဲဒီအမွေးပွတွေက ခြေတဖက် အချောင်း ၁၅၀ နဲ့၊ ပေါင်း အမွေး ၉၀၀ လောက်ဟာ သူ့ခြေချတဲ့နေရာတိုင်းမှ ကော်တမျိုးနဲ့ စေးကပ်နေတာ ဖြစ်တယ်။
Elephants ဆင်
ခြေလေးချောင်းပေါ်မှာ တပြိုင်နက်တည်း ထရပ်နိုင်တာ ဆင်ပဲ ရှိတယ်။ နွားက နောက်ခြေကနေ စရပ်တယ်။ မြင်းက ရှေ့ခြေနဲ့ စရပ်တယ်။
ဆင်ကတော့ ကိုယ်ခန္ဓာကြီးလွန်းလို့ ခြေ ၄ ချောင်းလုံးနဲ့ ရပ်ရတယ်။ ဆင်ရဲ့ နောက်ခြေက ရှေ့ကို ကွေးညွှတ်လိုက်တယ်။ လိပ်ကလွဲလို့ ခြေလေးချောင်းသတ္တဝါတွေဖြစ်တဲ့ မြင်း၊ ခွေး၊ ကြောင်၊ နွား စတာတွေဟာ နောက်ခြေကို နောက်ဖက် ကွေးနိုင်တယ်။ ဆင်ရဲ့ နောက်ခြေကတော့ ရှေ့ကို ကွေးနိုင်တယ်။ ဒါမှ သူ့ကိုယ်ကို ထရပ်နိုင်တယ်။ သူ့နှာမောင်းက ကြွက်သားအကြောပေါင်း ၂၄,၀၀၀ ရှိတယ်။ Fulcrum ဆိုတဲ့ ကုတ်တွေမပါဘဲ ဘာလို့ ဒီလောက်သန်မာသလဲဆိုတာ သိပ္ပံပညာရှင်တွေ နားမလည်ကြဘူး။ နှာမောင်းကြွက်သားတချို့က မေးရိုးနဲ့ ဆက်နေတယ်။ ဒါကလည်း အတော်နဲပါတယ်။ ဆင်တကောင်ဟာ ပေါင် ၆၀၀ လောက်ရှိတဲ့ ကျားတကောင်ကို သူ့နှာမောင်းနဲ့ လွှဲချီပစ်ပေါက်နိုင်တယ်။ (ဆင်တကောင်မွေးဖွါးဖို့ ၈၇ ပတ်ကြာပါတယ်။)
Bees ပျားများ
ပျားလေးတွေကလည်း စိတ်ဝင်စားစရာပါ။ သူ့က နံပါတ် ၃ တွေနဲ့ ဖွဲ့စည်းထားတယ်။ အစာအိမ် ၃ ခု ရှိတယ်။ တခုက အစာအတွက်၊ တခုက ပန်းဝတ်ရည်အတွက်၊ နောက်တခုက ပျားအုံရောက်တဲ့အခါ ပျားရည်သွန်ချဖို့ ဖြစ်တယ်။ ပျားတွေရဲ့ ဦးခေါင်းမှာ မျက်လုံး ၃ လုံး ပါတယ်။ အတောင်ပံ ၃ စုံ ရှိတယ်။ အစွယ် ၃ ချောင်း ပါတယ်။ ၉၊ ၁၂၊ ၁၅၊ ၁၈၊ ၂၁၊ ၂၄ စတဲ့ ရက်တွေမှာ ပျားတွေ ပေါက်တယ်။ အားလုံး ၃ နံပါတ်တွေ ဖြစ်တယ်။ အကောင်ပေါက်ပြီး ၃ ရက်အကြာထိ ပျားအုံထဲမှာနေတယ်။ နောက် ၃ ရက်က ပျားသလက်မှာ နေတယ်။ နောက်တော့ ပျားရည်စုဆောင်းတဲ့အလုပ် လုပ်ကြတယ်။
Birds ငှက်များ
Blue Jay ဆိုတဲ့ ငှက်ကလေးတွေဟာ အာဖရိကတောနက်ထဲမှာ မျောက်တွေ မမှီနိုင်တဲ့ သစ်ကိုင်းအဖျားမှာ အသိုက်ဆောက်ကြတယ်။ အဲဒီဉာဏ် သူတို့ ဘယ်ကရသလဲ?
ဇီးကွက်တွေရဲ့ အတောင်ပံ အမွေးဟာ သိပ်နူးညံ့တယ်။ ညအချိန် အစာရှာတဲ့အခါ အတောင်ပံ အသံပြင်းပြင်း မထွက်စေဖို့ ဖြစ်တယ်။
ကြက်ကလေးတွေ ဥပေါက်လာတဲ့အခါ အချွန်ဖက်က မပေါက်ဘူး။ အချွန်ဖက်က သိပ်မာတယ်။ ဒါကြောင့် ကြက်မက ဥပေါက်တဲ့အခါ အချွန်ဖက်က အရင်ဥချတယ်။ အချွန်ဖက်ဟာ အထိုင်ဖက်ထက် ၂ ဆ မာတယ်။ အထိုင်ဖက်မှာ လေခိုနေတဲ့အခန်းလေး ရှိတယ်။ ရက် ၂၀ အကြာမှာ ဥထဲက ကြက်ကလေးက လေနဲနဲ စရှုတယ်။ ၂၁ ရက်အကြာမှာ အပေါက်ဖေါက်ပြီး၊ အကောင်ပေါက်လာတာ ဖြစ်တယ်။ ကြက်ဥထဲက ကြက်ကလေးရဲ့ အနေအထားဟာ ဘယ်တော့မှ မပြောင်းလဲဘူး။ နှာခေါင်းလေးက လေခိုတဲ့အခန်းလေးဖက်မှာ အမြဲရှိတယ်။ ကြက်ဥရဲ့ အဖြူရောင်အကာတွေက အနှစ်တွေကို ပြောင်းပြန်မဖြစ်အောင် ဥနံရံမှာ ထိန်းချုပ်ပေးထားတယ်။
နိဂုံး
ဘုရားလက်ရာတွေဟာ စုံလင်၊ လှပ၊ အံ့သြဖွယ်ရာဖြစ်တယ်။ ဘုရားသခင်ကို အခွင့်ပေးမယ်ဆိုရင် ကိုယ့်အသက်တာနဲ့ စိတ်နှလုံးကို လှပလာစေနိုင်တယ်။ ဘုရားသခင်ကို အားကိုးပါ။
Sunday, September 9, 2012
သခွါးသီး - Cucumber
![]() |
| Cucumber - သခွါးသီး |
- သခွါးသီး - - - ကယ်လိုရီလျော့နည်းစေပါတယ်။
- အသားအရေစိုပြေစေတယ်။
- ၀မ်းပျော့စေတယ်။
- အဆစ်အမြစ်ရောင်တာကို သက်သာစေတယ်။
- ကိုယ်ခန္ဓာကို သန့်ရှင်းစေတယ်။
- သွေးတိုးကျစေတယ်။
- ဆံပင်သန်စေတယ်။
- ကိုယ်အလေးချိန်လျော့ကျစေတယ်။
- ရေဓါတ်များစေတယ်။
- ၀က်ခြံလျော့ပါးစေတယ်။
- နှာစေးခြင်းနဲ့ - ပျို့အန်ခြင်းကို သက်သာစေတယ်။
- အစာအိမ်ပြဿနာများကို သက်သာစေတယ်။
- မျက်စိအညောင်းသက်သာစေတယ်။
- နွေရာသီမှာ ကိုယ်ခန္ဓာကို အေးမြနေစေတယ်။
- သွားနဲ့ သွားဖုံးကို ကျန်းမာစေတယ်။
Saturday, June 16, 2012
Even Bacteria Get Sick - ဘက်တီးရီးယားတွေလည်း ဖျားကြတယ် .....
`ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာကို ခံရသည်ဟု ငါတို့သိကြ၏။´ - ရောမ ၈း ၂၂
သတင်းကောင်းလို့ ပြောမလားပဲ။ ကျွန်တော်တို့ကို ဖျားနာစေတဲ့ ဘက်တီးရီးယားတွေလည်း ဖျားကြပါသတဲ့။ ဖျားရင်တော့ သူတို့လည်း ဆေးသောက်ကြရမှာပဲလို့ ပြောစရာပေါ့လေ.... အဲဒီ ဘက်တီးရီးယားတွေကို ဖျားစေတဲ့အရာတွေဟာ လူတွေအတွက် လိုနေတဲ့ ဆေးပါပဲ။
ဘက်တီးရီးယားတွေမှာလည်း ရန်သူဘက်တီးရီးယားတွေ ရှိတယ်ဆိုတာကို ၁၉၂၅ ခုနှစ်မှာ တွေ့ရှိခဲ့ပါတယ်။ ဘက်တီးရီးယားတွေရဲ့ ရန်သူပိုးမွှားတွေအကြောင်း သိပ္ပံပညာရှင်တွေ လေ့လာနေကြတော့ နောင်အခါဆိုရင် ပဋိဇီဝ ပိုးသတ်ဆေးတွေ သိပ်သုံးကြ၊ သောက်ကြရမှာ မဟုတ်တော့ပါဘူး။
နမိုးနီးယား- အအေးမိရောဂါ၊ တီဘီ အဆုတ်ရောဂါ၊ ၀မ်းရောဂါ နဲ့ ဆုံဆို့နာ ရောဂါတွေကို အပြီးတိုင် ကွယ်ပျောက်သွားဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် အဲဒီလောက် ကောင်းတဲ့ဆေးတော့ မတွေ့ခဲ့ကြသေးပါဘူး။
တခါ ဘက်တီးရီးယားတွေက အကောင်းဆုံးဆိုတဲ့ ဆေးတွေကိုတောင် ဆေးယဉ်လာနေတယ်။ အဲဒါကြောင့် ဘက်တီးရီးယားတွေကို ပြန်စားနေတဲ့ ဘက်တီးရီးယားပိုးတွေကို အဓိကထားပြီး စိတ်ဝင်တစား လေ့လာနေတာ ဖြစ်တယ်။ ဒီပိုးက bacteriophage လို့ ခေါ်တယ်။ သူက ဘက်တီးရီးယားပိုးထဲ ရောက်သွားပြီး သူ့အထဲမှာ ထပ်ပွါးပြီး၊ တနာရီလောက်အကြာမှာ ဘက်တီးရီးယားပိုးကို သတ်ပစ်လိုက်ကာ တခြားပိုးတွေထံ ဆက်ကူးသွားပါတယ်။
စမ်းသပ်ကြည့်တော့ အဲဒီ ဘက်တီးရီးယားစားတဲ့ ပိုးတွေက ပဋိဇီဝ ပိုးသတ်ဆေးတွေထက် ပိုကောင်းနေပါတယ်။ သူတို့က သက်ရှိဆိုတော့ လူတယောက်ကနေ တယောက် ကူးကြပြီးတော့ ရောဂါပြီးအောင် လုပ်ပေးနိုင်ကြပါတယ်။
ဒီအချက်ကို ကြည့်ရင် လူတွေဟာ ဘုရားသခင် ဖန်ဆင်းထားတဲ့ အရာတွေကနေ ပြန်သင်ယူနေကြရတယ် ဆိုတာပါပဲ။ ။
http://www.creationmoments.com/
Monday, June 4, 2012
ဆံပင် - Hair
![]() |
| ဆံပင် |
လူမှာ နူးညံ့တိုတောင်တဲ့ အမွေးအမှင်တွေ တကိုယ်လုံး ပေါက်တတ်ပေမယ့် ခေါင်းက ဆံပင်ကတော့ အထူဆုံးပါပဲ။ ကွယ်ကာဖို့နဲ့ နွေးထွေးစေဖို့ ဖြစ်ပါတယ်။ မျက်ခွံပေါ်နဲ့ ခြေဖဝါး၊ လက်ဖဝါးတွေပေါ်မှာတော့ အမွေးအမှင် မပေါက်တတ်ပါဘူး။
ဆံပင်မွေးတိုင်းမှာ အခြေခံအားဖြင့် ၂ ပိုင်းပါပါတယ်။ ဆံပင်ချောင်းနဲ့ အမြစ်ဖြစ်ပါတယ်။ အရေပြားထဲက ထွက်လာတဲ့အခါ အမြစ်ကနေ ဆံပင်ချောင်း ဖြစ်လာပါတယ်။ တလကို ၁ လက်မခွဲ ရှည်ထွက်ပါတယ်။ ၄ နှစ်လောက် ရှည်ထွက်လာပြီးရင် ကျွတ်ထွက်သွားပါတယ်။ အသစ်တချောင်း အစားထိုးပေါက်လာပါတယ်။ ပေါက်လိုက်၊ ကျွတ်လိုက် ပုံမှန်ဖြစ်နေပါတယ်။
ဆံပင်ချောင်းပိုင်းဟာ လုံဝန်းတဲ့ ပုံစံရှိပါတယ်။ နဂို ဆံပင်ကောက်သူတွေကတော့ ပြားတဲ့ပုံစံ ရှိတတ်ပါတယ်။ ဆံပင်နီရင် ခေါင်းမှာ ဆံပင် ၉၀,၀၀၀ ရှိပါတယ်။ နက်ရင် ၁၀၃,၀၀၀ ။ ညိုရင် ၁၀၉,၀၀၀ ။ ရွှေရောင်က ၁၄၀,၀၀၀ ရဲ့ အထက်ရှိပါတယ်။ ပိုနဲနဲ၊ လိုနဲနဲပဲ ကွာပါမယ်။
ဆံပင်ဟာ အရေပြားဆဲလ်တခုသာ ဖြစ်ပြီး၊ သူ့ကို မာကြောသန်မာစေဖို့ ကဲရတင် Keratin ဓါတ် နဲ့ ဖုံးအုပ်ထားပါတယ်။ ဒီဓါတ်ကို လက်သည်း၊ ကြံချို၊ မြင်းခွါနဲ့ ငှက်မွေးတွေမှာ တွေ့ရပါတယ်။
အမြစ်ပိုင်းကတော့ သွေးကြောမျှင်တွေနဲ့ ဆက်နေပါတယ်။ ဆံပင်တချောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တာတွေ အားလုံးပါပါတယ်။ ဘယ်သူနဲ့မှ မတူတဲ့၊ သီးသန့် ပင်ကိုယ်သဘာဝ ဖြစ်စေတဲ့ DNA ပါပါတယ်။ ကိုယ့်ပင်ကိုယ် သဘာဝဖြစ်စေမယ့် အရာအားလုံးဟာ ဆံပင်တချောင်းထဲမှာ ရှိနေပါတယ်။
ဆံပင်တချောင်းကို စနစ်တကျ လေ့လာကြည့်ရင် ကျား/မ၊ လူမျိုး စတဲ့အကြောင်းအရာ များစွာကို ဖေါ်ပြပေးနိုင်ပါတယ်။ ပြစ်မှုဖြစ်ပွါးတဲ့ နေရာမှာတွေ့ရတဲ့ ဆံပင်ကို ဓါတ်ခွဲခန်းပို့ပြီး လေ့လာရင်၊ တရားခံရဲ့ ဖုံးကွယ်ထားတဲ့ အချက်တွေကို သိနိုင်ပါတယ်။
ဘုရားသခင်က ဆံပင် အမြစ်ကနေ၊ ဆံပင်အဖျား အကွဲပိုင်းအထိ ဖန်ဆင်းထားတာပါ။ ခေါင်းပေါ်မှာ ဆံပင်ဘယ်နှစ်ချောင်း ရှိတယ်ဆိုတာ ဘုရားသခင် အတိအကျ ရေတွက်ထားပါတယ်။ ( မဿဲ ၁၀း ၃၀ ) တကယ်တော့ ကိုယ့်ရဲ့အမွေးအမှင်တွေကို ဘုရားသခင် ဖန်ဆင်းထားတာပါ။
ကိုယ့်မှာရှိတဲ့ ဆံပင်အမျိုးအစားအတွက် စိတ်မညစ်ပါနဲ့။ အသားအရောင်၊ မျက်လုံးအရောင်တွေဟာ ဆံပင်ရောင်နဲ့ ဆက်နေကြတာပါ။ တိုတို၊ ရှည်ရှည် ဘုရားပေးတဲ့အတိုင်း နေကြရတာပါ။ ။
From “Hair: The Long and the Short of It” by Sherry Huston Camperson.
Saturday, June 2, 2012
Superstars - စူပါစတားတွေ အကြောင်း
![]() |
| ဆံပင် |
လူမှာ နူးညံ့တိုတောင်တဲ့ အမွေးအမှင်တွေ တကိုယ်လုံး ပေါက်တတ်ပေမယ့် ခေါင်းက ဆံပင်ကတော့ အထူဆုံးပါပဲ။ ကွယ်ကာဖို့နဲ့ နွေးထွေးစေဖို့ ဖြစ်ပါတယ်။ မျက်ခွံပေါ်နဲ့ ခြေဖဝါး၊ လက်ဖဝါးတွေပေါ်မှာတော့ အမွေးအမှင် မပေါက်တတ်ပါဘူး။
ဆံပင်မွေးတိုင်းမှာ အခြေခံအားဖြင့် ၂ ပိုင်းပါပါတယ်။ ဆံပင်ချောင်းနဲ့ အမြစ်ဖြစ်ပါတယ်။ အရေပြားထဲက ထွက်လာတဲ့အခါ အမြစ်ကနေ ဆံပင်ချောင်း ဖြစ်လာပါတယ်။ တလကို ၁ လက်မခွဲ ရှည်ထွက်ပါတယ်။ ၄ နှစ်လောက် ရှည်ထွက်လာပြီးရင် ကျွတ်ထွက်သွားပါတယ်။ အသစ်တချောင်း အစားထိုးပေါက်လာပါတယ်။ ပေါက်လိုက်၊ ကျွတ်လိုက် ပုံမှန်ဖြစ်နေပါတယ်။
ဆံပင်ချောင်းပိုင်းဟာ လုံဝန်းတဲ့ ပုံစံရှိပါတယ်။ နဂို ဆံပင်ကောက်သူတွေကတော့ ပြားတဲ့ပုံစံ ရှိတတ်ပါတယ်။ ဆံပင်နီရင် ခေါင်းမှာ ဆံပင် ၉၀,၀၀၀ ရှိပါတယ်။ နက်ရင် ၁၀၃,၀၀၀ ။ ညိုရင် ၁၀၉,၀၀၀ ။ ရွှေရောင်က ၁၄၀,၀၀၀ ရဲ့ အထက်ရှိပါတယ်။ ပိုနဲနဲ၊ လိုနဲနဲပဲ ကွာပါမယ်။
ဆံပင်ဟာ အရေပြားဆဲလ်တခုသာ ဖြစ်ပြီး၊ သူ့ကို မာကြောသန်မာစေဖို့ ကဲရတင် Keratin ဓါတ် နဲ့ ဖုံးအုပ်ထားပါတယ်။ ဒီဓါတ်ကို လက်သည်း၊ ကြံချို၊ မြင်းခွါနဲ့ ငှက်မွေးတွေမှာ တွေ့ရပါတယ်။
အမြစ်ပိုင်းကတော့ သွေးကြောမျှင်တွေနဲ့ ဆက်နေပါတယ်။ ဆံပင်တချောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တာတွေ အားလုံးပါပါတယ်။ ဘယ်သူနဲ့မှ မတူတဲ့၊ သီးသန့် ပင်ကိုယ်သဘာဝ ဖြစ်စေတဲ့ DNA ပါပါတယ်။ ကိုယ့်ပင်ကိုယ် သဘာဝဖြစ်စေမယ့် အရာအားလုံးဟာ ဆံပင်တချောင်းထဲမှာ ရှိနေပါတယ်။
ဆံပင်တချောင်းကို စနစ်တကျ လေ့လာကြည့်ရင် ကျား/မ၊ လူမျိုး စတဲ့အကြောင်းအရာ များစွာကို ဖေါ်ပြပေးနိုင်ပါတယ်။ ပြစ်မှုဖြစ်ပွါးတဲ့ နေရာမှာတွေ့ရတဲ့ ဆံပင်ကို ဓါတ်ခွဲခန်းပို့ပြီး လေ့လာရင်၊ တရားခံရဲ့ ဖုံးကွယ်ထားတဲ့ အချက်တွေကို သိနိုင်ပါတယ်။
ဘုရားသခင်က ဆံပင် အမြစ်ကနေ၊ ဆံပင်အဖျား အကွဲပိုင်းအထိ ဖန်ဆင်းထားတာပါ။ ခေါင်းပေါ်မှာ ဆံပင်ဘယ်နှစ်ချောင်း ရှိတယ်ဆိုတာ ဘုရားသခင် အတိအကျ ရေတွက်ထားပါတယ်။ ( မဿဲ ၁၀း ၃၀ ) တကယ်တော့ ကိုယ့်ရဲ့အမွေးအမှင်တွေကို ဘုရားသခင် ဖန်ဆင်းထားတာပါ။
ကိုယ့်မှာရှိတဲ့ ဆံပင်အမျိုးအစားအတွက် စိတ်မညစ်ပါနဲ့။ အသားအရောင်၊ မျက်လုံးအရောင်တွေဟာ ဆံပင်ရောင်နဲ့ ဆက်နေကြတာပါ။ တိုတို၊ ရှည်ရှည် ဘုရားပေးတဲ့အတိုင်း နေကြရတာပါ။ ။
From “Hair: The Long and the Short of It” by Sherry Huston Camperson.
Sunday, May 20, 2012
SKIN - အရေပြား
ကြက်ဥတလုံးကို ရေနဲ့ဆေးလိုက်ရင် သဘာဝ အကာအကွယ် ပျက်စီးသွားလို့၊ မကြာခင် ဥပျက်သွားပါတယ်။ လူ့အရေပြားဟာလည်း ကိုယ်ခန္ဓာတခုလုံးအတွက် ဘုရားပေးတဲ့ အကွယ်အကာ တံတိုင်းတမျိုး ဖြစ်ပါတယ်။ အပြင်က ၀င်လာမယ့် အန္တာရယ်ရှိ ဘက်တီးရီးယားတွေနဲ့ တခြားအရာတွေကို ကာကွယ်ပေးပါတယ်။ ထို့အပြင် ကိုယ်ခန္ဓာအတွင်း လိုအပ်တဲ့အရာတွေကိုလည်း ထိန်းထားပေးပါတယ်။
အရေပြားဟာ ကိုယ်ခန္ဓာ အပူအအေးကို ထိန်းပေးပါတယ်။ ပူအိုက်ချိန်မှာ ကိုယ်ခန္ဓာ အေးစေဖို့ အရေပြားမှ ချွေးထုတ်ပေးပါတယ်။ ချမ်းအေးချိန်မှာတော့ အရေပြားရှိ အပေါက်ကလေးတွေကို ကျုံ့သွားစေပြီး၊ ကိုယ်တွင်းအပူဓါတ်ကို ထိန်းထားပေးပါတယ်။
တခြားသော ကိုယ်အင်္ဂါတွေလိုပဲ အရေပြားမှာလည်း ပြဿနာတချို့ ရှိတတ်ပါတယ်။ ဆယ်ကျော်သက် လူငယ်တွေမှာ ဖြစ်တတ်တာက ၀က်ခြံပါ။ ၀က်ခြံဟာ ဟော်မုန်းဓါတ်နဲ့ အရေပြားမှာရှိတဲ့ အဆီကြိတ်ကလေးတွေ သက်ရောက်ပုံတဲ့ အခြေအနေပေါ်မူတည်ပြီး ဖြစ်လာတတ်ပါတယ်။ အရေပြားရှိ အဆီပေါက်ကလေးတွေ ပိတ်သွားရာက ဖြစ်ရပါတယ်။
နောက်တမျိုးက အရေပြား ကင်ဆာပါ။ နေလောင်ဒဏ် ကြာရှည်ခံစားရရင် ဖြစ်တတ်ပါတယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ အချိန်အကြာကြီး အလုပ်မလုပ်သင့်ပါ။ ဦးထုပ်နဲ့ အကျီတွေ ၀တ်ထားဖို့လိုပါတယ်။
နောက်တမျိုးက အသားမာပါ။ ခပ်ခြောက်ခြောက်ရှိပြီး ယားတတ်ပါတယ်။ ဒူး၊ မျက်ခုံးနဲ့ ဦးခေါင်းတွေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားစနစ်က အရေပြားဆဲလ်များ အလွန်အကျွံထုတ်လုပ်ရာမှ ဖြစ်ရတယ်လို့ ဆိုပါတယ်။
နှင်းခူဖြစ်ရင်တော့ အရေပြားကို ခြောက်သွေ့စေတဲ့ ဆပ်ပြာကို မသုံးရပါဘူး။ ရေကလည်း အရေပြားကို ခြောက်သွေ့စေလို့ နှင်းခူကို ပိုဆိုးစေပါတယ်။ ဒါကြောင့် နှင်းခူဟာ ကိုယ်အပူချိန် အပြောင်းအလဲ၊ စိတ်အခြေအနေတို့နဲ့လည်း သက်ဆိုင်နေပါတယ်။
တချို့ အရေပြားပြဿနာတွေက ကိုယ်ခန္ဓာကို ဒုက္ခမပေးတတ်ပါ။ ဒါပေမယ့် အရေပြားမျက်နှာပြင်ကို ထိခိုက်တဲ့အတွက် စိတ်ခံစားမှုကို ဒုက္ခပေးနိုင်ပါတယ်။
ဥပမာ - ဗစ်တစ်လစ်ဂိုး ( Vitiligo ) ဆိုတာ အရောင်ဆဲလ်တွေ ပျက်စီးသွားတဲ့ ရောဂါပါ။ ဒီရောဂါက အရေပြားကို အရောင် လုံးဝ ပျောက်သွားစေပါတယ်။ တကိုယ်လုံး ဖြူနေမယ်။ ဆံပင်တွေကိုလည်း ဖြူသွားစေနိုင်ပါတယ်။ တကွက်၊ နှစ်ကွက်၊ (သို့မဟုတ်) ကိုယ်တခြမ်း၊ တကိုယ်လုံး စသဖြင့် ဖြူနေတတ်ပါတယ်။ ကမ္ဘာတဝှန်းမှာ ဗစ်တစ်လစ်ဂိုး ( Vitiligo ) အရောင်ပျက် ဝေဒနာရှင် သန်း ၅၀ ခန့် ရှိပါတယ်။ လူမျိုးမရွေး၊ ကျား/မ မရွေး ဖြစ်တတ်ပါတယ်။
ဒီရောဂါ ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ကိုယ်ခံအားစနစ်နဲ့ ဆိုင်မယ်လို့ ယူဆကြပါတယ်။ ဒီရောဂါဖြစ်တဲ့သူဟာ အရေပြား အရောင်ပျက်သွားတဲ့အတွက် စိတ်ထိခိုက်ရမှာပါ။ ဒါကို နားလည်သူတိုင်က စာနာ အားပေးသင့်ပါတယ်။ ။
From: American Mosaic – March, 2004.
Sunday, November 13, 2011
Dinosaur - ဒိုင်နိုဆော
![]() |
| - Dinosaur - ဒိုင်နိုဆော |
ကုန်းသတ္တဝါတွေကို ၆ ရက်နေ့မှာ ဘုရင်သခင်ဖန်ဆင်းတယ်။ အခုဆို အနှစ် ၆၀၀၀ ကြာပြီ။ ဒါ၀င်နောက်လိုက် သိပ္ပံပညာရှင်တချိုကပြောတဲ့ အနှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီဆိုတဲ့ ပုံပြင်ကို မယုံနဲ့။ အဲဒီတုန်းက သူမရှိသေးဘူး။ ရမ်းပြောတာ။
Dinosaur ဒိုင်နိုဆော ဆိုတာ ဂရိစကားကလာတယ်။ “terrible lizard” လို့ ဆိုလိုတယ်။ ကြောက်စရာ ဖွတ်ကြီးလို့ ပြောရမလားပဲ။ နဂါး Dragon လို့လည်းခေါ်နိုင်တယ်။ ကမ္ဘာတဝှန်းမှာ နဂါးပုံပြင်တွေ အများကြီးရှိတယ်။ ဒီမှာလည်း မောင်ပေါက်ကျိုင်းနဲ့ နဂါးကြီး ပုံပြင်ရှိပါတယ်။ ကမ္ဘာဦးကျမ်း ၁: ၂၁ က “great sea monsters . . . ” ငါးကြီး - -ဟာ ရေဒိုင်နိုဆောဖြစ်နိုင်ပါတယ်။ ( ဆာလံ ရ၄: ၁၃၊ ဟေရှာယ ၂၇: ၁ )
ယောဘဝတ္ထု အခန်းကြီး ၄၁ မှာတော့ မီးတွေမှုတ်ထုတ်နိုင်တဲ့ ပင်လယ်နေ လဝိသန်ဆိုတာ ရှိပါတယ်။ သမ္မာကျမ်းစာထဲမှာ ပျံနိုင်တဲ့ မီးမြွေတွေရှိပါတယ်။ - ဟေရှာယ ၃၀: ၆။ နောက်…. ယောဘဝတ္ထု ၄၀: ၁၅-၁၉ မှာတွေ့ရတဲ့ ဗေဟမုတ်မြင်း Behemoth ဟာ ကုန်းဒိုင်နိုဆောတမျိုးပါ။
လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ် Ablity to survive ဆက်လက်ရပ်တည် ရှင်သန်နိုင်စွမ်း ရဖို့လိုပါတယ်။ တချို့ကုန်းသတ္တဝါတွေနဲ့ သစ်ပင်တွေဟာ နောဧခေတ် ရေလွှမ်းမိုးရာမှာ မျိုးတုန်းပျောက်ကွယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အခြေအနေသစ်မှာ ဆက်လက်ရပ်တည်နိုင်စွမ်း မရှိကြလို့ပါ။
ဒိုင်နိုဆောတွေ မျိုးတုန်းပျောက်ကွယ်ရတာ အဓိက ၂ ချက်ရှိပါတယ်။
၁။ ရေလွှမ်းမိုးပြီးတဲ့နောက် ရေခဲခေတ် Ice Age မှာ အစားအစာ ရှားပါးလာတယ်။ မြက်တွေ၊ အရွက်တွေ ရှားလာတော့ သတ်သတ်လွတ်စားတဲ့ ဒိုင်နိုဆောလို သတ္တဝါကြီးတွေအတွက် မျိုးတုန်းသွားရတယ်။
၂။ တခါ ဒိုင်နိုဆောတွေက လူတွေနဲ့ ပြေလည်အောင် မနေတတ်ကြဘူး။ ပုံပြင်တွေထဲမှာ နဂါးကို သတ်နိုင်ရင် သူရဲကောင်းလို့ အမွှမ်းတင်ခံရလာတယ်။
သင်ခန်းစာယူစရာကတော့ အခြေအနေသစ်နဲ့ လိုက်လျောညီထွေနေ၊ ပြီးတော့ သူတပါးနဲ့ အသင့်အတင့်နေတတ်ဖို့၊ တည့်အောင်ပေါင်းဖို့ပါပဲ။
Elephant - ဆင်
`အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့ သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊- နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။´ သုတ္တံ ၆: ၆-၈။
![]() |
| Elephant - ဆင် |
၁။ ဆင် …
အင်္ဂလိပ်လိုဆိုရင်တော့ …. “Go to the Ant” စကားကိုမှီးယူပြီး၊ ဆရာတင်ရမှာဆိုတော့ “Go to the Elephant” (သို့) “Go to Dr. Elephant” လို့ ဆိုကြပါစို့။
“Go to Dr. Elephant” ဒေါက်တာ ဆင်ထံသွား လေ့လာကြပါစို့။
ဆင်က ရေသောက်ရင် ဂါလံ ၄၀ နီးပါးသောက်တယ်။ အသီးအရွက်၊ အကိုင်းအခက်၊ မြက်တွေကို အစုံစားပါတယ်။ ထူးခြားတာက အသားမစားပဲ ကုန်းသတ္တဝါတွေထဲမှာ ကိုယ်ထည်အကြီးဆုံးဖြစ်နေတာပါပဲ။ ဒါကြောင့် လူမှာလည်း အများလိုပဲ လိမ်မှ၊ ညာမှ၊ လုမှ၊ ညစ်မှ၊ အနိုင်ကျင့်တာ၊ လက်ဝါးကြီးအုပ်မှ ကြီးပွါးမယ်လို့ မှတ်ထင်မထားပါနဲ့။ ရိုးသားစွာ အသက်ရှင်ရင်း အောင်မြင်နိုင်ပါတယ်။
ဆင်တွေဟာ အုပ်စုလိုက်သွားလာတတ်ပြီး၊ အများအားဖြင့် အာဏာရှိတဲ့ အမက ဦးဆောင်တတ်ပါတယ်။ အားကြီးပေမယ့် သီးခြားတယောက်တည်းမနေပဲ၊ သံယောဇဉ်နဲ့နေပြီး၊ အုပ်စုရဲ့ အကွယ်အကာကို ယူတတ်ပါတယ်။ လူငယ်တွေဟာ ကိုယ်ခြေထောက်ပေါ်ရပ်ဖို့ ကြိုးစားတာကောင်းပေမယ့်၊ မိဘ၊ ဆရာ၊မိတ်ဆွေ၊ ဆွေမျိုးတွေရဲ့ အကွယ်အကာကို တန်ဖိုးထားသင့်ပါတယ်။
ဆင်တွေကို ယဉ်ပါးအောင် ထိန်းသိမ်း သင်ပြလို့ရပါတယ်။ ဆင်က ရှက်တတ်တယ်။ ဆင်တွေ မိတ်လိုက်ပေါင်းဖေါ်တာကို ဆင်ဦးစီးတွေတောင် မြင်ရခဲတယ်။ တိရစ္ဆာန်တွေဟာ အရှက်မရှိဘူးလို့ အလွယ်ပြောတတ်ကြပါတယ်။ အရှက်မရှိတဲ့ အထဲမှာ ဆင်တွေ မပါပါဘူး။ ဆင်တွေတောင် ရှက်တတ်တယ်ဆိုရင်.. လူတွေက အဝတ်အစား၊ အနေအထိုင်မှာ ပိုပြီးရှက်သင့်တယ်မဟုတ်လား? လုံလုံခြုံခြံုနေထိုင်၊ ၀တ်စားသင့်တယ်မဟုတ်လား? `ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေလော့။´ ဟေဗြဲ ၁၃: ၄။
မကောင်းတာတခုကတော့ ဆင်တွေ စိတ်ဆိုးရင် ကြောစရာကောင်းတာပါပဲ။ လူမှာလည်း တခြားအချက်တွေ သိပ်ကောင်းနေပြီး၊ စိတ်ဆိုးရင်မလွယ်ဘူး၊ ဒေါသကြီးတယ်ဆိုတဲ့ အဖြစ်မျိုးကတော့ ပြုပြင်စရာပါ။
Tuesday, October 18, 2011
ပရွက်ဆိတ်လို အသင်းတော်
| AUNG LAN BAPTIST CHRISTIAN SCHOOL |
ကျွန်တော်တို့ အသင်းတော်ကလည်း တကယ့် သေးသေးကလေးပါ။ ဒါပေမယ့် ကျောင်းသားကလေးငယ် ၅၀ ကျော်ကို နေ့စဉ် ကျွေးမွေးပြုစုရုံမျှမက လိုအပ်ချက်တွေကိုပါ ဖြည့်စွမ်းပေးရပါတယ်။
ခရစ်ယာန်အသင်းတော်တွေဟာ သူ့အရွယ်ထက်ကြီးတဲ့ အလုပ်တာဝန်တွေကို သယ်ပိုးနိုင်ပါတယ်။ ကားတိုင်ထမ်းဖို့ ပြောထားတာမဟုတ်လား? ယုံကြည်ခြင်းနဲ့ ထမ်းကြရမှာပေါ့။ ပရွက်ဆိတ်လို ခရစ်ယာန်မျိုး ဖြစ်ကြပါစို့လား?
`ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။´ - မဿဲ ၁၁: ၂၉။
![]() |
| BE AN ANT ! |
Thursday, September 15, 2011
God’s order - ဘုရား အစီအမံ
ဥတွေပေါက်ပုံကို လေ့လာကြည့်ပါ။
အာလူးပိုးရဲ့ဥဟာ ခုနှစ်ရက်အကြာမှာ ဥပေါက်ပါတယ်။
စာငှက်ကလေးတွေဟာ ၁၄ ရက်အကြာမှာ ဥပေါက်ပါတယ်။
ကြက်တွေက ၂၁ ရက်မှာ ဥပေါက်ပါတယ်။
ဘဲတွေက ၂၈ ရက်အကြာမှာ ဥပေါက်ပါတယ်။ တောဘဲငန်းရိုင်းတွေက ၃၅ ရက်မှာ ဥပေါက်ပါတယ်။
ကြက်တူရွေးနဲ့ ငှက်ကုလားအုပ်တွေက ၄၂ ရက်အကြာမှာ ဥပေါက်ပါတယ်။
ခွေးကတော့ ၆၃ ရက် ကိုယ်ဝန်လွယ်ရပါတယ်။
လူက ရက်ပေါင်း ၂၈၀ ကိုယ်ဝန်ဆောင်ရပါတယ်။ (၄၀x၇၀)
အားလုံးဟာ တပတ်ဆိုတဲ့ ရ ရက်နဲ့စားရင် ပြတ်ပါတယ်။
လူ့ဘဝဟာ ဘုရားသခင်ကိုသာ အားကိုးမယ်ဆိုရင် လှပတဲ့နည်းတမျိုးမျိုးနဲ့ ဘုရားဘုန်း ထင်ရှားမှာပါ။ ကိုယ့်သဘောနဲ့ကိုယ်ဆိုရင်တော့ ဘဝဟာ ရှုပ်ရုံ။ ဆုံးရှုံးရုံပါပဲ။ ဦးနှောက်နဲ့ နှလုံးသားကို ဖန်ဆင်းတဲ့ဘုရားဟာ ဘဝကို လှလှပပကလေး အောင်အောင်မြင်မြင် လမ်းပြနိုင်ပါတယ်။
ဆင်တကောင်ကို ဖန်းဆင်းတာကိုကြည့်ပါ။ သူ့ရဲ့ ခြေထောက် ၄ ချောင်းလုံးဟာ တဖက်တည်းကိုပဲ ကွေးညွတ်တယ်။ ဘယ်ခြေ ၄ချောင်းသတ္တဝါမှ သူ့လို ဖန်ဆင်းထားတာ မရှိဘူး။ ကိုယ်ထည်ကြီးမားတယ်။ အမာခံခြေ ၄ ချောင်းနဲ့ မြန်မြန်ထနိုင်အောင် ဖန်ဆင်းထားတယ်။
မြင်းက ရှေ့ခြေနှစ်ချောင်းနဲ့ အရင်ရပ်ပါတယ်။ နွားက နောက်ခြေ ၂ချောင်းနဲ့ အရင်ထတယ်။ ဘုရားရဲ့ ညဏ်တော် လက်ရာတွေပါပဲ။
အသီးတွေ၊ အရွက်တွေ၊ အစေ့အဆံတွေမှာလည်း ဘုရားညဏ်တော်ကို တွေ့မြင်ရလိမ့်မယ်။
ဖရဲသီးမှာ အစင်းကြောင်းတွေဟာ အရေအတွက် တူညီစွာရှိတယ်။
လိမ်မော်သီးမှာ အမွှာ အရေအတွက် တူညီစွာရှိတယ်။
ပြောင်းဖူးမှာ အတန်း အရေအတွက် တူညီစွာရှိပါတယ်။ ဂျုံနှံတွေမှာ အစေ့ အရေအတွက် တူညီစွာရှိတယ်။
ငှက်ပျောဖီးတိုင်းရဲ့ အောက်ဆုံးအတန်းမှာ ငှက်ပျောသီး အရေအတွက် တူညီစွာရှိတယ်။ အတန်းတိုင်းမှာ တလုံးစီလျော့တယ်။ တတန်းနဲ့ တတန်း တလုံးကွာနေတတ်တယ်။
ဘယ်ရာသီမဆို ပင်လယ်လှိုင်းဟာ ကမ်းခြေကို တမိနစ်မှာ ၂၆ ခါ လာရိုက်တယ်။
အနှံတွေမှာ တူညီတဲ့ အစေ့ အရေအတွက် တူညီစွာရှိတယ်။ သခင်ဘုရားက အဆ ၃၀၊ အဆ ၆၀၊ အဆ ၁၀၀ လို့ အရေအတွက် အတိအကျ ပြောတယ်။
ပန်းတွေကို သူ့အချိန်နဲ့သူ ပွင့်စေတာကြောင့်၊ လင်နေးယပ်စ် Linnaeus ဆိုတဲ့ ရုက္ခဗေဒ ပညာရှင်က မြေအမျိုးအစား၊ ရေဓါတ်၊ အပူချိန်ကိုသိရရင် ပန်းပွင့်ချိန်၊ ပန်းနွမ်းချိန်ကို သူပြောနိုင်တယ်လို့ ဆိုဖူးပါတယ်။
ဘုရားကို အားကိုးသူရဲ့ ဘဝကို မွှေးရနံ့နဲ့အတူ လှပနေဖို့ ဘုရားသခင် စီရင်ပေးနိုင်တယ်။
ဘုရားသခင်စီမံတဲ့ ဘဝဟာ အောင်မြင်တယ်။ ဘုရားလက်ထဲအပ်ရင် ပြည့်စုံပါလိမ့်မယ်။
_ The Trumpet of Truth









