ကြွက်တကောင်ကို တံမြက်စည်းတချောင်း (သို့) စက္ကူမျဉ်းလုံးနဲ့ သတ်လို့ရပါတယ်။ ပြောင်းတိုသေနတ် (သို့) ၂၂ လက်မ ရိုင်ဖယ်နဲ့ သတ်လို့ရပါတယ်။ လက်ပစ်ဗုံးနဲ့ဆိုလည်း ရတာပါပဲ။ ဒါပေမယ့် အဲဒီလိုလုပ်ရင်တော့ ကြွက်ပါမက၊ အိမ်ပါရသွားလိမ့်မယ်။
စိတ်ကောင်း စေတနာကောင်း၊ အတွေးအခေါ်ကောင်းများနဲ့ ယိုင်းပင်းကူညီကြသော နေ့ရက်များသို့ - To See Good Days!
Tuesday, June 29, 2010
Don't Overkill - Articles by Dr. Curtis Hutson ( 1 )
ကြွက်တကောင်ကို တံမြက်စည်းတချောင်း (သို့) စက္ကူမျဉ်းလုံးနဲ့ သတ်လို့ရပါတယ်။ ပြောင်းတိုသေနတ် (သို့) ၂၂ လက်မ ရိုင်ဖယ်နဲ့ သတ်လို့ရပါတယ်။ လက်ပစ်ဗုံးနဲ့ဆိုလည်း ရတာပါပဲ။ ဒါပေမယ့် အဲဒီလိုလုပ်ရင်တော့ ကြွက်ပါမက၊ အိမ်ပါရသွားလိမ့်မယ်။
Wednesday, June 23, 2010
The importance of little things by Dr. Jack Hyles သေးငယ်တဲ့အရာတွေရဲ့ အရေးပါပုံ
THE IMPORTANCE OF LITTLE THINGS
သေးငယ်တဲ့အရာတွေရဲ့ အရေးပါမှု
(Chapter 3 from Dr. Hyle's excellent book, Blue Denim and Lace)
သေးငယ်တဲ့အရာတွေဟာ အရေးပါနေတာကို ကျမ်းစာထဲမှာ တွေ့ရတယ်။ မုဆိုးမရဲ့ နဲပါးတဲ့ အလှူငွေ၊ သခင်ယေရှုရဲ့ ပထမဦးဆုံးပြတဲ့ နိမိတ်လက္ခဏာထဲက ရေထည့်တဲ့ အိုးတွေ၊ ရှန်ဂါရဲ့ နွားမောင်းတဲ့ တုတ်၊ မောရှေရဲ့ တောင်ဝှေး - - - - စသည်ဖြင့် - - - -
အောင်မြင်မှုနဲ့ အရှုံးတို့ရဲ့ကြားက အဓိက ကွာခြားချက်ကြီးတခုကတော့ သေးငယ်တဲ့ အရာတွေ အပေါ်မှာ ထားတဲ့ အလေးထားမှုပါပဲ။ အရည်အချင်းတူပါလျက်နဲ့ အောင်မြင်မှုမတူတတ်ကြတဲ့ အကြောင်းရင်း တချက်ရှိတယ်။ အရည်အချင်းရှိသူထက် မရှိသူက ပိုအောင်မြင်တတ်တာလည်း ခဏခဏပါပဲ။
အောင်မြင်သူတယောက်ကို ဘက်စုံတော်တဲ့သူလို့ ပြောတတ်ကြတယ်။ သူလည်း အသေးအမွှားတွေမှာ အလေးထားလွန်းလို့ ဝေဖန်ခံရဦးမှာပဲ။ ဒါပေမယ့် မအောင်မြင်သေးရင်၊ အောင်မြင်တဲ့သူရဲ့ နည်းကို လေ့လာသင့်ပါတယ်။ ကိုယ်နဲ့မတူလို့ ဝေဖန်တာမျိုး မဟုတ်ဘဲ၊ နည်းစနစ်ကို ဆန်းစစ်တာ ဖြစ်ရမယ်။ တယောက်နဲ့တယောက် မတူတာက အစကတည်းက မတူကြလို့ပါ။ မတူတာလေးတွေက လူကို ထူးခြားစေတာပါ။ ဝေဖန်မယ့်အစား အတုယူလိုက်တာက ပိုကောင်းပါတယ်။
၁။ ထူးမြတ်ဖို့အတွက် အသေးအမွှားတွေလုပ်ရတယ်။
လူတွေက ကြီးမားတာပဲ လုပ်ချင်တယ်။ စိန်ခေါ်နေတဲ့ အရာတွေပေါ့။ လူတွေ မတူရတာက အသေးအမွှားတွေကို ဂရုစိုက်ပုံ မတူလို့ပါ။ အောင်မြင်တဲ့သူတွေကို သေသေချာချာ လေ့လာကြည့်တော့ အသေးအမွှားကို အလေးထားကြတယ်။ အရေးမကြီးတာတွေကို အလေးထားတယ်။ ဘာမဆို အရေးကြီးနေတယ်။ "ပင်လယ် သမုဒ္ဒရာနဲ့ ကုန်းမြေတွေဆိုတာ မိုးရေစက်တွေ၊ သဲပွင့်တွေနဲ့ ဖြစ်တည်နေရတာကို " သိထားကြတယ်။
၂။ အသေးအမွှားကို အလေးမထားသူတွေက အလေးထားသူတွေကို နားလည်လွဲကြတယ်။
" ပိုလွန်းတယ်၊ ကြိုးစားလွန်းတယ် " ဆိုတယ်။ အချိန်တိကျတာ၊ သပ်ရပ်တာ၊ စေ့စပ်တာတွေ အတွက်ပေါ့။ သူ့အတွက်က အသေးအမွှားရယ်လို့ မရှိတော့ လူတွေ နားလည်လွဲတတ်ကြတာပေါ့။
၃။ ကြီးမားတာတွေဟာ သေးငယ်တယ်။
အခုခေတ်မှာ သိလာကြပြီ။ အားအပြင်းဆုံးအရာဟာ အသေးငယ်ဆုံးအရာတွေကို ခွဲစိတ်ထားတာပါ။ အက်တမ်ကို ခွဲထုတ်လိုက်တော့ အားအပြင်းဆုံး ပေါက်ကွဲလာနိုင်တယ်။ အဲဒီတော့ အားဟာ ကြီးမားတဲ့အရာမှာ ရှိတာမဟုတ်ဘူး။ အသေးအမွှားမှာ ရှိနေတယ်။ ပြင်းအားဟာ အသေးအမွှားကို ဂရုစိုက်သူမှာ ရှိနေတယ်။ လုပ်ထိုက်တဲ့အရာ မှန်သမျှကို အကောင်းဆုံး လုပ်ရမယ်။
၄။ အသေးအမွှားကို ကောင်းကောင်းလုပ်ရင်၊ ကြီးမားတာကိုလည်း ကောင်းကောင်းလုပ်မှာပဲ။ တရားဟောရင် နောက်တန်းက ကြားရမှ၊ ရှေ့တန်းကလည်း ကြားရမယ်။
၅။ သေးငယ်တဲ့အရာတွေဟာ ကြီးမားတာတွေ ဖြစ်လာတတ်တယ်။
လူတယောက်က ပြောဖူးတယ်။ " သတင်းစာပို့တဲ့ ကလေးကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံနော်၊ တနေ့ သူဘဏ်မှာ ပိုက်ဆံချေးဖို့ ကြိုးစားရင် ကြိုးစားနေရဦးမယ်။ " တဲ့။ တခြားတယောက်ကလည်း ပြောတယ်။ " ခြံထဲမှာ ကစားနေတဲ့ ကလေးကိုလည်း ကြင်နာပါ၊ တနေ့ သူ့တရားရုံးမှာ အစစ်ခံချင် ခံနေရဦးမယ် " လို့ ဆိုတယ်။ အကောင်းဆုံးကတော့ နိမ့်ကျသူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံ၊ အသေးအမွှားလည်း ကောင်းကောင်းလုပ်၊ လူနဲနဲကိုလည်း ကောင်းကောင်းဟော၊ အသေးအမွှားအလုပ်ကိုလည်း ကောင်းကောင်း ပြင်ဆင််ရင် ကြီးမြတ်သူတယောက် ဖြစ်လာမှာ သေချာတယ်။ သေးငယ်တဲ့အရာတွေဟာ ကြီးမားလာတတ်ပြီး၊ ကြီးမားတာတွေက သေးငယ်သွားတတ်တာကို မမေ့ပါနဲ့။ ဒါကို ခွဲခြားတတ်ဖို့ မလွယ်ဘူး။
၆။ အလုပ်ကို အရွယ်အစားနဲ့ မတိုင်းရဘူး။ အမှန်အတိုင်းပဲတိုင်းရတယ်။
လုပ်ငန်းရှင်ကြီးတယောက် တံမြက်စည်းလှည်းနေတာ တွေ့ရဖူးတယ်။ ဒါကြောင့် ကြီးမြတ်တာပဲ။ အသေးအမွှားမလုပ်ချင်ရင် ကြီးမားတာတွေ မတွေ့ရတတ်ဘူး။ မလုပ်တတ်ဘူး။ ပညာမရဘူး၊ ဇွဲမရှိဘူး။ ကိုယ်နဲ့ မတန်ဘူးထင်ရင်လည်း လုပ်ပါ။ အလုပ်က မကြီးမြတ်ပေမယ့် လုပ်နည်းက ကြီးမြတ်နိုင်တယ်။ လုပ်ပုံကိုကြည့်ပြီး၊ ဒီထက်ပိုကြီးမြတ်တာတွေနဲ့ ထိုက်တန်တယ်လို့ သူတပါး မြင်လာစေနိုင်တယ်။ အောင်မြင်မယ့် နည်းစနစ်တွေလည်း သင်ယူပြီးသား ဖြစ်နေနိုင်တာပေါ့။
၇။ အသေးအမွှားတွေကို အမြဲစစ်ဆေးတဲ့ အကျင့်လုပ်ပါ။
ငွေကို အားမကိုးနဲ့။ ကြီးမားတာတွေကို အလိုလို အမှတ်ရနေမယ်။ အသေးအမွှားတွေကိုတော့ သတိထားတတ်မှ ရမယ်။ ဖြစ်နိုင်ရင် ချက်ချင်း လုပ်ပါ။ အသေးအမွှားတွေကို သတိမထားတတ်လို့ ဒုက္ခရောက်ရတတ်တယ်။ အိမ်တွေကို ပျက်စမှာ မပြင်လို့ စျေးကျရတယ်။ ကားတွေလည်း ပျက်စမှာ မပြင်တော့ စျေးကျတတ်တယ်။
၈။ အသေးအမွှားတွေကို လုပ်ဆောင်ခြင်းဟာ ခရစ်တော်နဲ့ တူစေတယ်။
ခရစ်တော်က အသင်းတော်ကြီးကို ဦးဆောင်ခဲ့တာ မဟုတ်ဘူး။ သမ္မတတို့၊ ဝန်ကြီးတို့၊ မြိုတော်ဝန်တို့လည်း မဖြစ်ခဲ့ဘူး။ ကလေးငယ်တွေအတွက် အချိန်ပေးခဲ့တယ်။ ပုံဥပမာကလေးတွေ ပြောပြတယ်။ ပန်းပွင့်တွေ၊ ငှက်တွေ၊ ဥယျာဉ်ရှင်၊ အလုပ်သမား၊ ပျောက်တဲ့ ဒင်္ဂါးတပြား၊ အိမ်ပြေးကလေးတယောက်အကြောင်းတွေကို ပြောပြတယ်။ ဘုရားသခင်က ငှက်ကလေးတကောင်ကျသွားတာလည်း မှတ်ထားတယ်။ တောနှင်းပန်းကိုလည်း အလှဆင်ထားတယ်။ ခေါင်းပေါ်က ဆံပင်တွေကိုလည်း စိတ်ဝင်စားတယ်။
၉။ အသေးအမွှားတွေကို အလေးမထားရင် အတွေ့အကြုံမှာ စကားပြောလာမယ်။
တိုးတက်ချင်တဲ့လူဟာ ကိုယ်တော်တာ၊ ကိုယ်ညံ့တာတွေ သိရမယ်။ ကြီးမားတာတွေကို လုပ်ပြီးရင် ပြီးပြီလို့ ထင်တတ်တယ်။ အနာဂတ်အောင်မြင်မှုဆိုတာ အခု လက်ရှိဘဝကို စိတ်ကြေနပ်မှု အပေါ်မှာ တည်တယ်။ အဲဒီတော့ အသေးအမွှားတွေကို မလုပ်မိရင် မပျော်တော့ဘူးပေါ့။ အလုပ်မှန်သမျှ အရေးကြီးတယ်၊ နေ့တိုင်းဟာ အရေးကြီးတယ်၊ တရားဒေသနာတိုင်းဟာလည်း အရေးကြီးတယ်လို့ မှတ်ရမယ်။ Every job is a big job. Every day is a big day. Every sermon is a big sermon.
ကျွန်တော်
ကျမ်းစာကျောင်းတက်တုန်းက တပတ်တာ အစီရင်ခံစာကို တနင်္လာနေ့တိုင်း တင်ရတယ်။
ကျွန်တော်က " Dr. Bruce , ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ အတော်
အကျိုးရှိတယ်။ တောက အသင်းတော်သေးသေးလေးမှာ သင်းအုပ်လုပ်ရတယ်။ - - - - - "
လို့ ပြောတော့ ...
Dr. Bruce က စကားဖြတ်ပြီး၊ " ထိုင်တော့ Mr. Hyles " တဲ့။ အစက ဘာလို့ ထိုင်ခိုင်းသလဲဆိုတာ နားမလည်ဘူး။ တခြားသူတွေ ပြောတော့ သူမကြိုက်တာ မတွေ့ရဘူး။ Dr. Bruce ကို လက်မြှောက်ပြပြီး မေးမိတယ်။ " Dr. Bruce ကျွန်တော် ဘာအမှားပြောမိလို့လဲ " - - -
Dr. Bruce ရဲ့ အဖြေကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ဘူး။ "တောက အသင်းတော် သေးသေးလေးလို့ ပြောတယ် မဟုတ်လား။ အသင်းတော် သေးသေးလေးရယ်လို့ မရှိဘူး။" ဒါနဲ့ မတ်တပ်ရပ်ပြီး " အစီရင်ခံစာ ပြန်တင်ချင်ပါတယ်။ မနေ့က အသင်းသား ၁၉ ယောက်၊ တပတ်လစာ ခုနှစ်ဒေါ်လာခွဲနဲ့ အသင်းတော် အကြီးကြီးမှာ သင်းအုပ်လုပ်ရပါတယ်၊ "
တတန်းလုံး ဝါးတနဲ ရီကြတယ်။ ဒါပေမယ့် မမေ့နိုင်စရာ သင်ခန်းစာတခု ကျွန်တော်ရသွားပြီ။ အသင်းတော် သေးသေးလေးရယ် လို့ မရှိဘူး။ တရားဟောဆရာ သေးသေးလေးရယ် လို့ မရှိဘူး။ လူ သေးသေးလေးရယ် လို့ မရှိဘူး။ အလုပ် သေးသေးလေးရယ် လို့ မရှိဘူး။ ။
Monday, June 7, 2010
JOKES - ဟာသ
Billy - ဘေးလီ ။ ။ အတ္တလန်တိတ် သမုဒ္ဒရာကို သိတယ်နော် ? ။ အေး၊ အဲဒီ သမုဒ္ဒရာဖြစ်ဖို့ ငါ့အဖေက ဂွက်ကြီး တူးခဲ့တာကွ။
Gerry - ဂယ်ရီ ။ ။ ဒါ ဘာဟုတ်သေးလို့လဲ ? ။ ပင်လယ်သေဆိုတာ သိသလား?။ အေး၊ အဲဒီ ပင်လယ်ကို သေအောင် သတ်ခဲ့တာ ငါ့အဖေကွ။ ။
" ဂျာမန် ရဲ ခွေးပါ " လို့ ခပ်ကြွားကြွားဖြေတယ်။
" သိပ်မတူဘူးကွ " လို့ မှတ်ချက်ချတဲ့အခါ - - -
" သူက စ ပိုင် ခွေးလေ " လို့ အတည်ပေါက် ပြန်ဖြေတယ်။ ။
" ဘာဖြစ်သလဲ " လို့ ဆရာဝန်က မေးတယ်။
" အော်၊ ကျွန်တော်က မှာ ဘောလုံးပွဲကြည့်နေတုန်း၊ ကျွန်တော့် အမျိုးသမီးက မီးပူတိုက်နေတယ်။ သူက မီးပူကို တယ်လီဖုန်းနားမှာ ချထားတယ်။ တယ်လီဖုန်းမြည်တော့ ကျွန်တော်က မီးပူကို ကောက်ကိုင်ပြီး ထူးမိတာပါပဲ။
ဆရာဝန်က ခေါင်းငြိမ့်တယ်။ " ဒါပေမယ့် ကျန်တဲ့ နားတဖက်က ဘယ်လိုဖြစ်တာလဲ ? "
" ဖုန်းချလို့မှ ဘာမှမကြာသေးဘူး ဆရာရယ်၊ အဲဒီလူက ဖုန်းထပ်ခေါ်တယ်ဗျာ။ ။
အမျိုးသမီး ။ ။ ဒါပေမယ့် ကျွန်မမှာ ဆေးလိုတယ်။ ကျွန်မ လျှာကို ကြည့်ကြည့်ပါ ဆရာ။
ဆရာဝန် ။ ။ အင်း၊ အဲဒီလျှာလည်း နားဖို့ လိုတယ်။ ။
John Jasper ရဲ့ ဟောပြောပုံက အသက်ပါတယ်။ သမ္မာကျမ်းစာထဲက သူရဲကောင်းတွေနဲ့ လူဆိုးတွေဟာ သူ့ဒေသနာကြောင့် စင်မြင့်တလျှောက် ဖြတ်လျှောက်လာသလို ထင်ရစေတယ်။ စစ်မြင်းရထားစီးပြီး ပြန်တဲ့ ဖါရောဘုရင်အကြောင်း ပြောပြပုံကလေးကတော့ - - - -
" နန်းတော်တခုလုံး ဖါးတွေနဲ့ ပြည့်နေပြီ။ ဖါရောဘုရင်ရဲ့ စစ်ခြေထောက်သံဟာ ကျောက်သလင်း ကြမ်းပြင်ပေါ်မှာ ညံသွားတယ်။ ဖါးတွေကတော့ ပတ်ချာလည်မှာ အပြည့်ပဲ။ အကောင်းစား ထိုင်ခုံတွေပေါ်မှာ၊ တန်းလျားရှည်တွေပေါ်မှာ၊ စန္ဒယားကြီးပေါ်မှာ၊ ဟ - ဟ -ဟ ၊ ဖါးတွေက မုန့်တွေအပေါ်မှာ ကစားနေကြ၊ အသားတုံးတွေအပေါ်မှာ ဝပ်နေကြပြီ။ ဖါရောက ရှုပ်ရှက်ခပ်နေတဲ့ အခြေအနေကို တုတ်တချောင်းနဲ့ ရှင်းဖို့ ကြိုစားတယ်။ ဖါးတကောင်ကို ရိုက်ပစ်တယ်။ အဲဒီအချိန်မှာ သူ့မိဖုရားက အကြီးအကျယ် အော်ပြောလာတယ်။ " ဖါရောမင်း - - - ဒီဖါးကြီးတွေကို ရှင်ဘာမှ မလုပ်နိုင်ရင်၊ ကျွန်မ အမေ့အိမ်ပြန်တော့မယ်" ။ ။
" မသိဘူး " လို့ ဖြေတော့ -
" တခါစားရင်၊ တကိုက်ပဲ စား " တဲ့ ။ ။
ဖခင် ။ ။ အေး၊ အစိုးရ လို ပေါ့ကွာ။ သူ့အမေက သံပရာသီးနဲ့ သကြားစိုက်ရတယ်။ ငါကတော့ သူလိုတာ ပြေးဝယ်ပေးရတာပေါ့။ ။
အတွင်းရေးမှူး။ ။ ဆရာ့နား နောက်မှာပါ။
အရာရှိ။ ။ ကဲ - လာပါဦးကွယ်။ မင်းသိတဲ့အတိုင်း ငါသိပ်အလုပ်ရှုပ်နေတာဆိုတော့။ ဘယ်ဖက်နားပါလိမ့်ကွာ။ ။
ခရစ်ယာန်ဖခင်တယောက်က သခင်ဘုရားဟာ တနေ့မှာ သူချစ်တဲ့သူတွေကို ကောင်းကင် အရောက် ခေါ်ဆောင်ဖို့ ကြွလာလိမ့်မယ်လို့ သူ့သားသမီးတွေကို ပြောပြနေတယ်။ စောင့်မြော်နေရင်း သူတို့အသက်တာကလေးတွေမှာ အကျိုးရှိစေဖို့အတွက် သခင်ယေရှုကြွလာရင် ဘာလုပ်နေချင်သလဲလို့ တယောက်ချင်းကို မေးလိုက်တယ်။
အကြီးဆုံးသားက ထင်းကောက်နေချင်တယ် .. တဲ့။
နောက်တယောက်က အိမ်စာလုပ်နေချင်တယ်။
သမီးအကြီးက ပန်းကန်တွေ ဆေးနေချင်တယ်။
ဒါပေမယ့် သမီးငယ်ကလေးကတော့ ငိုနေချင်သတဲ့။
"သခင်ယေရှုကြွလာတာဟာ ငိုစရာမဟုတ်ဘူး သမီးရဲ့ " လို့ အဖေကပြောတော့ ....
" ဟုတ်တယ်လေ၊ ဖေဖေရဲ့။ ဒါမှ - သခင်ယေရှုက သမီးရဲ့ မျက်ရည်တွေကို သုတ်ပေးနိုင်မှာပေါ့။ " လို့ ပိုင်ပိုင်နိုင်နိုင် ဖြေပါတယ်။
-- From Listen, July 1981.
နောက်ပိုင်း ဒီအကြောင်း ပြောမိကြတဲ့အခါ Dr. Ironside က " ကျွန်တော်ကို ချီးကျူးတဲ့ စကားတွေထဲမှာ ဒီစကားက အကောင်းဆုံးပဲဗျာ " လို့ ပြောဖူးပါတယ်။ ။
" မသက်သာဘူးလား " လို့ မင်းသမီးက ကြင်ကြင်နာနာ မေးတယ်။
အဲဒီလူက ခေါင်းငြိမ့်ပြတယ်။
"ဘာလုပ်ရမယ်ဆိုတာ ကျွန်မ ပြောပြမယ်။ ရှင့်အခန်းကို ပြန်။ လိမ်မော်ရည် များများသောက်။ အက်စပရင် ၅ ပြား သောက်။ ရှိသမျှစောင်တွေ ယူခြုံလိုက်။ ဒါဆို အချမ်းပျောက်ပြီး ချွေးထွက်လာမယ်။ ကျွန်မက နားလည်လို့ ပြောတာနော်။ ကျွန်မက ဟောလိဝုဒ်က ရုပ်ရှင်မင်းသမီး ဘေးလီ ဘတ်ခ်ပါ " လို့ ပြောပါတော့တယ်။
အဲဒီလူက ရင်းရင်းနှီးနှီး ပြုံးပြပြီးတော့ ပြောပါတယ်။ " ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် မေယို အထူးကုဆေးခန်းကြီးက ဒေါက်တာ မေယို ပါ။" ။ ။ :)
(Chapter 2 from Dr. Hyle's excellent book, Blue Denim and Lace)
ဘဝဆိုတာ ပေါင်းဖေါ်ပတ်သက်ရတာတွေနဲ့ ပြည့်နေတယ်။ အဖက်ဖက်မှာ ဆက်ဆံရေး တိုးတက်ဖို့ အရေးကြီးတယ်။ မိဘနဲ့ သားသမီး ၊ လင်မယား ၊ မောင်နှမ ဆက်ဆံရေးတွေကတော့ ထူးပြီး ရှင်းပြနေစရာ မလိုပါဘူး။ မိတ်ဆွေ ဆက်ဆံရေး အရေးကြီးပုံကတော့ ရှင်းပြဖို့ လိုမယ်။ အတော်များများက ဒါကို အရေးကြီးတယ် လို့ သဘောမထားကြဘူး။ အလေးထားရပါမယ်။ မိတ်ဆွေဖွဲ့ခြင်းရဲ့ အကျိုးတွေကို လေ့လာကြပါစို့။
၁။ ဒါက ရွေးချယ်လို့ရတဲ့ ဆက်ဆံရေးအနဲငယ်ထဲက တခုဖြစ်တယ်။ ကိုယ့်အမေ၊ အဖေ၊ အကို၊ အမ၊ သား၊ သမီးတွေကို ရွေးယူလို့ မရဘူး။ ဘုရားက ရွေးပေးတယ်။ ဘုရားပေးတဲ့ ဆက်ဆံရေးမို့ သန့်ရှင်းတယ်။ အဲဒီ ဆက်ဆံရေးတွေလို ရင်းနှီးအောင် လုပ်လို့ရတာတွေ နဲနဲရှိပါသေးတယ်။ ကိုယ်ရွေးတာမို့ သန့်ရှင်းပါတယ်။ အဲဒီထဲမှာ မိတ်ဆွေဆိုတာ ပါတယ်။ မိတ်ဆွေဆိုတာ ကိုယ်က ရွေးရတာပါ။ ဂုဏ်ယူစရာကောင်းပါတယ်။ လောကကြီးမှာ လူတွေဟာ မိတ်ဆွေဖွဲ့ နေကြရတာပဲ။ ဒါက သန့်ရှင်းတဲ့အရာပါ။
၂။ လုံးဝ ကိုယ်ကျိုးမကြည့်တဲ့ ဆက်ဆံရေး ဖြစ်နေနိုင်တယ်။ ကလေးမှာ မိဘ လိုတယ်။ အများအားဖြင့် နောက်ပိုင်းမှာ မိဘက သားသမီးကို လိုအပ်လာတယ်။ ယောက်ျားမှာ မိန်းမ လိုတယ်။ မိန်းမကလည်း ယောက်ျား လိုတယ်။ အဲဒီ ဆက်ဆံရေးတွေမှာ ဖြူစင် သန့်ရှင်းစွာ ကိုယ့်အကျိုးကြည့်တာလေးတော့ ပါနေတတ်တယ်။ မိတ်ဆွေရွေးရာမှာတော့ ကိုယ်ကပဲ ပေးပြီးတော့ ပြန်မယူဘဲ နေနိုင်တယ်။ ကိုယ်ကပဲ ကူညီပြီးတော့ အကူအညီ ပြန်မတောင်းဘဲ နေနိုင်တယ်။ ချစ်ရုံချစ်ပြီး၊ အချစ်ကို ပြန်မတောင်းဆိုပဲ နေနိုင်တယ်။ ဂရုစိုက်ပေမယ့် ဂရုစိုက်ဖို့ ပြန်မတောင်းဘဲ နေနိုင်တယ်။ ဘာမှမတောင်းဆိုဘဲ၊ ပေးပဲပေးနေရင် ကိုယ်ကျိုးမကြည့်တဲ့ ဆက်ဆံရေးအဖြစ် စိတ်ချနိုင်တယ်။
၃။ မိတ်ဆွေဆိုတာ မပြောင်းလဲတတ်တဲ့ ဆက်ဆံရေးထဲမှာ ပါတယ်။ သားသမီးတွေ ကြီးလာတော့ အိမ်က ထွက်သွားကြတယ်။ မိဘတွေလည်း အသက်ကြီးပြီး ကွယ်လွန်ကြရတယ်။ အကို အမတွေလည်း အိမ်က ထွက်သွားကြတယ်။ အစမှာတော့ ကလေးက မိဘကို လိုတယ်။ နောက်တော့ မိဘက သားသမီးကို လိုတယ်။ အိမ်ထောင်မှာတောင် နှစ်ကာလ ကြာလာတာနဲ့အမျှ လိုအပ်မှုတွေ ပြောင်းလာတတ်တယ်။ မိတ်ဆွေမှာတော့ အဲဒီလို ပြောင်းဖို့ မလိုဘူး။ မိဘများလည်း သားသမီးတွေ ကြီးလာတဲ့အခါ ကိုယ့်ကို ပြန်ကြည့်ပေးဖို့ လိုလာတာ ဝန်ခံကြမှာပါ။ လူ့ဘဝမှာ ဆက်ဆံရေး အတော်များများက ဒီလိုပါပဲ။ ဒါပေမယ့် မိတ်ဆွေကတော့ နှစ်ကာလတွေ ကြာလာပေမယ့် ပိုသိ ပိုတတ်လာပေမယ့် မိတ်ဆွေဖြစ်မှုကတော့ အရင်အတိုင်းပါပဲ။
၄။ မိတ်ဆွေဖြစ်ဖို့ဆိုတာ တဖက်သားလက်ခံဖို့ မလိုဘူး။ လင်ယောက်ျားဖြစ်ဖို့ တဖက်သားက လက်ခံဖို့ လိုတယ်။ ဇနီးသည်ဖြစ်ဖို့ တဖက်သားက ကမ်းလှမ်းဖို့ လိုတယ်။ မိတ်ဆွေဖြစ်ဖို့ ဆိုတာက ဒီလို မလိုဘူး။ တဖက်က မဖြစ်လည်း ကိုယ်က ဖြစ်နေလို့ ရတယ်။ တနည်းပြောရရင် တုန့်ပြန်ဖို့ မလိုဘူး။ တဖက်သား လက်ခံလို့ ရွေးချယ်တာ မဟုတ်ဘူး။ သူက လက်မခံလည်း ကိုယ်က မိတ်ဆွေ ဆက်ဖြစ်နေနိုင်တယ်။ မိတ်ဆွေရှိတာဟာ ဂုဏ်ယူစရာပါ။
၅။ တခြားတယောက်နဲ့ မိတ်ဆွေဖြစ်ဖို့ လက်ရှိ မိတ်ဆွေကို စွန့်လွှတ်စရာ မလိုဘူး။ တချို့ ဆက်ဆံရေးတွေမှာက တယောက်တည်းပဲ ဖြစ်နိုင်တာမျိုး ရှိတတ်တယ်။ မိတ်ဆွေကတော့ အသစ်ရဖို့ အဟောင်းနဲ့ လဲစရာမလိုဘူး။ တယောက်မှ ဆုံးရှုံးသွားစရာ မလိုဘူး။ ကိုယ့်မိတ်ဆွေလည်း ဖြစ်နိုင်သလို၊ သူ့မိတ်ဆွေလည်း ဖြစ်နေနိုင်တယ်။
၆။ ဝိညာဉ်သဘော အပြည့်အဝရှိနိုင်တဲ့ ဆက်ဆံရေးတမျိုး ဖြစ်တယ်။ အတော်များများ ဆက်ဆံရေးတွေက ကိုယ်ခန္ဓာနဲ့ လိုအပ်ချက်နဲ့ ပါတ်သက်လေ့ ရှိတယ်။ ဝိညာဉ်ရေး လိုအပ်ချက်တွေလည်း ရှိတော့ရှိပါတယ်။ ဝိညာဉ်ရေးဆိုတာကတော့ မြင့်တာပေါ့။ မိတ်ဆွေဖြစ်ဖို့က ကိုယ်ခန္ဓာနဲ့ လိုအပ်ချက်မပါလည်း ရတယ်။ စိတ်ဝိညာဉ်ချင်း ချည်နှောင်ထားနိုင်တယ်။ အသွေးအသား လိုအင်ပြည့်ဝမှုအပေါ်မှာ အခြေမခံဘူး။
၇။ မိတ်ဆွေကို ဘဝရဲ့ ဘယ်အချိန်မှာမဆို ရွေးလို့ရတယ်။ သားသမီးရမှ မိဘဖြစ်ရတယ်။ အရွယ်ရောက်မှလည်း သားသမီး ရနိုင်တာ။ ညီအကို မောင်နှမကို ကလေးဘဝမှာ ရတယ်။ တချို့အသက်အရွယ်တွေဟာ ကလေး မရနိုင်တော့ဘူး။ ဒါပေမယ့် ရှစ်နှစ်သားမှာ မိတ်ဆွေ ရနိုင်သလို၊ အသက်ရှစ်ဆယ်မှာလည်း ရနိုင်ပါသေးတယ်။
မိတ်ဆွေဖြစ်မှုဆိုတာ မြင့်မြတ်တဲ့ ဆက်ဆံရေးတမျိုးပါ။ သူ့ရဲ့နက်နဲမှုကို လူနဲနဲကပဲ သိတယ်။ အများစုက မိတ်ဆွေကို မသိဘူး။ ကိုယ်တိုင်လည်း မိတ်ဆွေ ဘယ်တော့မှ မဖြစ်ဘူး။
ဒါကြောင့် လူ့ဘဝရဲ့ ကြီးမားတဲ့ ဆက်ဆံရေးတွေထဲမှာ ဇနီးနဲ့ ခင်ပွန်း၊ အမေနဲ့ သမီး၊ အဖေနဲ့ သား၊ မောင်နှမတွေနဲ့ အတူ မိတ်ဆွေလည်း ပါတယ်။ မိတ်ဆွေရှိတာဟာ မင်္ဂလာရှိပါတယ်။ မိတ်ဆွေစိတ် ရှိတဲ့သူကတော့ ပို မင်္ဂလာရှိပါတယ်။ အဲဒီ အထဲမှာ မင်္ဂလာအရှိဆုံးကတော့ မိတ်ဆွေလည်းရှိ၊ ကိုယ်တိုင်လည်း မိတ်ဆွေစိတ်ရှိတဲ့သူပါပဲ။ ဒါဟာ သိပ်ပျော်စရာ ကောင်းပါတယ်။ ။
အချိန် Blue Denim and Lace - by Dr. Jack Hyles ( Burmese )
". . .that there should be time no longer." (Revelation 10:6)
" နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်။ " (ဗျာဒိတ် ၁၀: ၆ ) ( Sorry! ဒီကျမ်းချက်က အင်္ဂလိပ်နဲ့ မြန်မာ မတူဘူး။ )
အချိန်ဆိုတာ အနက်ဖွင့်ရှင်းပြဖို့ ခက်တယ်။ အချိန်ဆိုတာ ပျက်စီးယို့ယွင်းခြင်းကို တိုင်းတဲ့ ပေတံတမျိုးလို့ ကျွန်တော်ထင်တယ်။ ဘုရားသခင်မှာ အချိန်မရှိဘူး။ ထာဝရကာလမှာ အချိန်မရှိဘူးဆိုတာ စဉ်းစားဖူးပါသလား။ အဲဒီမှာတော့ ပျက်စီးယို့ယွင်းခြင်း မရှိတော့ဘူး။ တန်ဖိုးလျော့သွားတာလည်း မရှိတော့ဘူး။ အချိန်ဆိုတဲ့ ပေတံလည်း မလိုတော့ဘူးပေါ့။
အသက်ရလာလေလေ၊ ကိုယ်ပေးနိုင်တဲ့ အကြီးမြတ်ဆုံးလက်ဆောင်ဟာ အချိန်ပဲဆိုတာ နားလည်လာတယ်။ တကယ်လည်း ပေးနိုင်တာက အချိန်ပါပဲ။ ပိုက်ဆံပေးရင်၊ အဲဒီပိုက်ဆံရဖို့ သုံးစွဲခဲ့ရတဲ့ အချိန်တွေကို ပေးရတာပါပဲ။ လက်ဆောင်ပေးရင်လည်း အဲဒီလက်ဆောင်ရဖို့ သုံးစွဲခဲ့ရတဲ့ အချိန်တွေကို ပေးရတာပါပဲ။ ဆိုတော့ ပေးနိုင်တာက အချိန်ပါပဲ။ အချိန်ဟာ အကြီးမြတ်ဆုံးလက်ဆောင် ဖြစ်ရခြင်းအကြောင်းတွေကတော့ - - -
၁။ အချိန်ဆိုတာ လူ့ဘဝမို့၊ အချိန်ပေးတာဟာ အသက်ကို ပေးနေရတာပါ။ သူတပါးအသက်ကို နှုတ်ယူတာဟာ သူ့အချိန်တွေကို ယူပစ်လိုက်တာပါ။ လူသတ်တာဟာ သူ့ရဲ့အချိန်တွေကို ယူပစ်တာပါ။ ဒါကြောင့် ကျွန်တော် အချိန်ပေးတယ်ဆိုတာဟာ အသက်ပေးနေတာပါ။ အချိန်ဆိုတာ လူ့ဘဝပါ။ အချိန်ပေးတယ်ဆိုတာထက် ပိုဂုဏ်ပြုတဲ့အရာ ရှိပါဦးမလား။ သူတပါးကို အချိန်ပေးတာဟာ ရင်းနှီးမြှုပ်နှံခြင်းပါပဲ။ ဒါကြောင့် သူတပါးရဲ့ အချိန်တွေကို တန်ဖိုးထားတတ်ကြစို့။
၂။ လူတယောက်ကို အချိန်ပေးတယ်ဆိုတာဟာ အပေးခံရသူတယောက်တည်းကိုသာ ပေးနိုင်တာပါ။ ပေးတဲ့အချိန်ဟာလည်း ပြန်မရနိုင်တော့ဘူး။ ပေးပြီးသားအချိန်ကို တခြားတယောက်ကို ပြောင်းပေးချင်လို့ မရနိုင်ဘူး။ ဒါကို သိထားရင် မိတ်ဆွေတွေကို အချိန်ပေးရတာကို ကြည်နူးလာမှာပါ။ မိတ်ဆွေက ကိုယ့်ကို အချိန်ပေးတာဟာ သူ့အသက်ကို ပေးနေရုံမျှမက တခြားတယောက်ကို ပြောင်းပေးချင်လို့ မရနိုင်တာကို ပေးနေတာပါ။
၃။ တယောက်နဲ့တယောက် အချိန်ပေးတယ်ဆိုတာဟာ တကယ်ပိုင်တယ်လို့ သိတဲ့ အချိန်ကလေးကို လဲလှယ်ကြတာပါ။ လက်ရှိ အချိန်ကလေးကိုပဲ ပိုင်ကြတာပါ။ တကယ်ပိုင်တဲ့ အခုအချိန်ကလေးကိုပဲ ဝေမျှ၊ ဖလှယ်နေကြရတာပါ။ နောက်ထပ် အချိန်ရ၊ မရလည်း မသေချာပါဘူး။
၄။ မိတ်ဆွေတယောက်ကို အချိန်ပေးတယ်ဆိုတာဟာ ကောင်းကင်ကပေးတဲ့ လက်ဆောင်တွေထက်တောင် ကြီးမြတ်ပါသေးတယ်။ ကောင်းကင်မှာ အချိန်မရှိတဲ့အတွက် အတူနေပေမယ့် အချိန်မျှကြရတယ်လို့ မရှိဘူး။ ကောင်းကင်မှာ ထာဝရအသက်ရှင်ရတာမို့ ကောင်းကင်ကျရင် အသက်မပေးနိုင်တော့ဘူး။ ကောင်းကင်မှာ မပေးနိုင်မယ့် လက်ဆောင်ကို အခု မြေကြီးပေါ်မှာ ပေးရတာပါ။ ကောင်းကင်မှာတော့ အချိန်ပေးဖို့အတွက် ဘာမှ ပေးဆပ်စရာ မလိုဘူး။ ဒါကြောင့် သူတပါး အချိန်ပေးတာကို ခပ်ပေါ့ပေါ့ သဘောမထားသင့်ဘူး။
၅။ အချိန်ဆိုတာ ဘုရားကတောင် မပေးနိုင်ဘူး။ ဘုရားက ဆုကျေးဇူး လက်ဆောင်တွေ အများကြီး ပေးထားပါတယ်။ ဘုရားမပေးနိုင်တာက အချိန်ပဲ။ ဘုရားမှာ အချိန်မရှိဘူး။ လူကို အချိန်ပေးဖို့ ဘုရားက အသက်မပေးဘူး။ လူကို ကယ်ဖို့တော့ ကားတိုင်မှာ အသက်ပေးတာ မှန်ပါတယ်။ နောက်ထပ်တော့ အသေခံမပေးတော့ဘူး။ လူကို အချိန်ပေးပေမယ့် သူ့အသက်ကို မထိတော့ဘူး။ တနည်းပြောရရင် လူကို အချိန်ပေးဖို့ ဘုရားက အသက်မပေးဘူး။ လူလူချင်း အချိန်ပေးတာကတော့ အသက်ပေးနေရတာပါ။ ဘုရားတောင် မပေးနိုင်တာကို ပေးနေကြရတာပါ။
၆။ အချိန်ပေးတယ်ဆိုတာဟာ ဘုရားတောင် မပေးနိုင်တာကို ပေးပြီး ဂုဏ်ပြုနေတာပါ။ အချိန်ပေးကြတယ်ဆိုတာဟာ တခြားသူတွေကို မပေးပဲ အချင်းချင်း ဝေမျှတာပါ။ ဘုရားကတော့ နေရာတိုင်းမှာ ရှိနေနိုင်တာပေါ့။ လူတယောက်ကို အချိန်ပေးဖို့ ဘုရားက တခြားသူတွေကို အချိန် ရုတ်သိမ်းထားဖို့ မလိုဘူး။ အချိန်ပေးတာဟာ ကမ္ဘာပေါ်က လူတွေထဲမှာ အဲဒီအချိန်လေးအတွင်း ကိုယ့်ကို ထူးထူးခြားခြား ဂုဏ်ပြုတာပါ။
ဒါကြောင့် အချိန်ပေးတယ်ဆိုတာဟာ ကိုယ်ပေးနိုင်တဲ့ အကြီးမြတ်ဆုံးလက်ဆောင်ကို ပေးနေတာပါ။ တချိန်မှာ တယောက်ကိုသာ ပေးပြီးတော့၊ ပေးပြီးသားကို ထပ်ပေးလို့ မရပါဘူး။ စိတ်ဝင်စားလို့၊ ချစ်လို့ ပေးတာမို့ ကြီးမြတ်တဲ့ လက်ဆောင်အဖြစ် ခံယူတတ်ကြပါစို့။
လူတယောက်က " အရာရာကို ဘုရားတရားအကြည့်နဲ့ပဲ ဘာလို့ ကြည့်သလဲ၊ ခဏတာလေးကိုတောင် ဘုရားတရားအကြည့်နဲ့ပဲ ကြည့်နေပုံရတယ်။ " လို့ မေးလာတယ်။ ကျွန်တော် ရှင်းပြခဲ့ပါပြီ။ ကိုယ်ပိုင်သမျှထဲမှာ တန်ဖိုး အရှိဆုံးအရာဟာ အချိန်ကလေးတွေပဲ။ ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့ အခိုက်အတန့်ကလေးတွေဟာ တန်ဖိုး အကြီးမားဆုံး ပေးနေရတာပါ။ ဒါကြောင့် အကြောင်းအရာတခုကို ကြီးမြတ်မှုတွေ၊ ကြီးမားမှုတွေနဲ့ မတိုင်းတာပဲ ပေးရတဲ့ အဖိုးအခနဲ့ဘဲ တိုင်းတာချင်တယ်။ - အသက်ပေးနေရတာပါ။ ။
Tuesday, June 1, 2010
ကယ်တင်ခြင်း ဆိုတာ မွေးဖွါးခြင်း Our Common Salvation. Sermon By Dr. Curtis Hutson
A Common Experience Pictures Our Common Salvation
By Dr. Curtis Hutson
(preached at Franklin Road Baptist Church, Murfreesboro, Tennessee, December 15, 1985)
ကယ်တင်ခြင်းဆိုတာ မွေးဖွါးခြင်းလိုပါပဲ။
The Sword of the Lord မဂ္ဂဇင်းမှာသုံးဖို့ စာမူ တခုပြီးတခု
ဖတ်ကြည့်ရင်းနဲ့၊ အရင်က မသိခဲ့ဖူးတဲ့ ကျမ်းစာ အသိတချို့ကို တအံ့တသြ
ကျွန်တော်တွေ့လိုက်ရတယ်။
ကျွန်တော်တရားဟောစတုန်းက ဘယ်တော့မှမဟောဘူးလို့ ပြောခဲ့ဖူးတဲ့ အကြောင်းတွေ ရှိတယ်။
၁။
ယောသပ်နဲ့ သူရဲ့ရောင်စုံကုတ်အင်းကျီလေးအကြောင်း ကျွန်တော်ဘယ်တော့မှ ဟောမှာ
မဟုတ်ဘူး။ ဒီအကြောင်း ဟောထားတဲ့ တရားဟောချက်တွေ အများကြီးရှိနေပြီပဲ။
၂။ ဒံယေလနဲ့ ခြင်္သေတွင်းအကြောင်း ဘယ်တော့မှ ဟောမှာ မဟုတ်ဘူး။ Sunday school မှာ ဒီအကြောင်း ခဏခဏကြားဖူးနေပြီပဲ။ စိတ်တောင်ပျက်လာပြီ။
၃။ ပျောက်သောသားအကြောင်း မဟောဘူး။ နိုးထမှုစည်းဝေးတိုင်းမှာ ပျောက်သောသား တပုဒ်တော့ ပါစမြဲပဲ။
၄။ " ဒုတိယမွေးခြင်းခံရမယ် " You must be born again လို့ မဟောတော့ဘူး။ ဒါမျိုး အများကြီး ကြားဖူးပြီပဲ။ ဒါမျိုး မဟောတော့ဘူး။
ဒါပေမယ့် မကြာခင်မှာပဲ ရင်းနှီးပြီးသား ကျမ်းချက်တွေမှာ အဓိပ္ပါယ် အများကြီး ရှိနေတာ တွေ့လာရတယ်။
ဘုရားသခင်က ကယ်တင်ခြင်းကို ပုံဖေါ်ပြဖို့ မွေးဖွားခြင်းကို သုံးတယ်။
ဘုရားသခင်က ကယ်တင်ခြင်းကို ပုံဖေါ်ပြဖို့ မွေးဖွားခြင်းကို သုံးတယ်။
ဒါပေမယ့် တခြားအကြောင်းတွေ အများကြီးနဲ့လည်း ပုံဖေါ်ပြတယ်။ ဥပမာ -
အနူရောဂါနဲ့ ကယ်တင်ခြင်းကို ပုံဖေါ်တယ်။ သိပ်စိတ်ဝင်စားစရာကောင်းတာက
ကျမ်းစာက နူနာကို ပျောက်တယ်လို့ ဘယ်တော့မှ မပြောဘူး။
သန့်ရှင်းသွားပြီလို့ပဲ ပြောတယ်။ ယေရှုခရစ်တော်က ရောဂါသည်ကို ပျောက်စေတယ်။
သေသူကို ရှင်စေတယ်။ နူနာကို သန့်ရှင်းစေတယ်။ နူနာဟာ အပြစ်ကို ပုံဆောင်တယ်။
အပြစ်ဆိုတာ အနာပျောက်ဖို့ မလိုဘူး။ သန့်ရှင်းသွားဖို့ လိုတယ်။
၁ပေ ၁: ရ ကိုကြည့်ပါ။
" ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည် အလင်း၌ ကျင်လည်လျှင်၊
အချင်းချင်း မိသဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏
အသွေးတော်သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။ "
ကယ်တင်ခြင်းအကြောင်း ပုံဖေါ်ရာကို နူနာသန့်ရှင်းစေတဲ့ ဥပမာ တမျိုးတည်းသာ
ရှိမယ်ဆိုရင်၊ ကျွန်တော်ဘယ်တော့မှ ကယ်တင်ခြင်းအကြောင်း နားလည်မှာ မဟုတ်ဘူး။
ကျွန်တော် အနူမဟုတ်သလို၊ နူတဲ့လူတွေနဲ့လည်း မတွေ့ဖူးဘူး။ ဒီလို
ဥပမာမျိုးဆိုရင် ကျွန်တော်သိပ်မရှင်းဘူး။
သမ္မာကျမ်းစာက ကယ်တင်ခြင်းကို ပျောက်သောသား၊ အိမ်ပြေးကလေးနဲ့
ပုံဖေါ်ပြသေးတယ်။ ဒါပေမယ့် ကျွန်တော်က အိမ်ပြေး မဖြစ်ဖူးသလို၊
ပျောက်သောသားလည်း မဟုတ်ဘူး။ ကျမ်းစာထဲမှာ ဒီ ဥပမာတမျိုးပဲ
ကယ်တင်ခြင်းအကြောင်း ရှိလို့ကတော့ ကျွန်တော် နားလည်နိုင််မှာ မဟုတ်ဘူး။
ကျွန်တော်မှ အိမ်ပြေးတွေရဲ့ ခံစားချက်ကို မသိပဲ။
လူသားအားလုံး ကြုံဖူးတဲ့ မွေးဖွါးခြင်း
သမ္မာကျမ်းစာက ကယ်တင်ခြင်းကို မွေးဖွားခြင်းနဲ့လည်း ပုံဖေါ်ထားတယ်။
ဘာကြောင့်များလဲ ? မွေးဖွါးခြင်းဟာ လူတိုင်း ကြုံဖူးလို့ပါ။ လူတိုင်း
ဒီလောကကို ဒီနည်းနဲ့ပဲ ရောက်လာတယ်။ လူတိုင်းမှာ အမေတယောက်နဲ့ အဖေတယောက်
ရှိတယ်။ အမေ ၂ ယောက် (ဒါမှမဟုတ်) အဖေ ၂ ယောက်ရယ် လို့ မရှိဘူး။ အမေ မရှိသူ၊
အဖေ မရှိသူရယ်လို့လည်း မရှိဘူး။ အမေ တယောက်၊ အဖေတယောက်တော့ ရှိကြပါတယ်။
လူတွေဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲရောက်ဖို့ တခါပြန် မွေးတဲ့အခါ၊ အားလုံး
တခုတည်းသော အတွေ့အကြုံကို ကြုံရတယ်။ ကယ်တင်ခြင်းဟာ အသင်းတော်တပါးမှာ
နည်းတမျိုး၊ နောက် အသင်းတော်တပါးမှာ တခြားနည်းတမျိုး မဖြစ်ရဘူး။ ရှင်ယုဒက
ပြောတယ်။ " ချစ်သူတို့ အညီအမျှ ဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို
သင်တို့ထံသို့ ရေး၍ ပေးလိုက်ခြင်းငှါ ငါသည် အလွန်ကြိုးစားသည်တွင် ------ "
တဲ့။ ကယ်တင်ခြင်းဟာ ညီတူညီမျှ ဖြစ်တဲ့ ကိစ္စပါ။
ညီတူညီမျှ
မဖြစ်နိုင်တာတွေ အများကြီးရှိပါတယ်။ လူမှာ စွမ်းရည်တွေ မတူကြဘူး။ မွေးရာပါ
အစွမ်းအစတွေ မတူကြဘူး။ တနေရာတည်းလည်း မနေကြဘူး။ ဒါပေမယ့် ခရစ်ယာန်တွေမှာ
တူညီတာကတော့ ကယ်တင်ခြင်းပဲ။
ဘာကြောင့်လဲဆိုတော့
ကယ်တင်ခြင်းက မွေးဖွားခြင်းနဲ့ တူတယ်။ လူတိုင်းရဲ့ တူညီတဲ့ အတွေ့အကြုံပါ။
လူတိုင်းဟာ ဒီတနည်းတည်း အားဖြင့်သာ ကယ်တင်ခြင်းရကြတယ်။ Russia မှာနေနေ၊
တရုပ်ပြည်မှာနေနေ၊ အီဂျစ်တို့၊ Rutherford County တို့၊ Tennessee ပြည်နယ် -
ဒါမှမဟုတ်၊ Georgia ပြည်နယ်မှာ နေနေ၊ ကယ်တင်ခြင်းဖြစ်ရပ်ဟာ တနည်းထဲပါ။
မွေးဖွားခြင်းဟာ တိုင်းပြည်တခုနဲ့ ပါတ်သက်သွားစေတယ်။
လူတယောက်ဟာ တခါပြန်ပြီး မွေးဖွါးလိုက်ရင် သူဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ
ရောက်သွားတယ်။ ယောဟန် ၃ မှာ --- "ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊
ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ " တဲ့။ ဒါဟာ စိတ်ဝင်စားစရာပါ။
ခရစ်ယာန်ရှုထောင့်ကကြည့်ရင် ဒီလောကမှာ နိုင်ငံတော်ကြီး ၄ ခုရှိတယ်။
(၁) The mineral Kingdom သတ္တုလောက၊ သတ္တုနိုင်ငံ။
(၂) The Animal Kingdom တိရစ္ဆာန်လောက၊ တိရစ္ဆာန်နိုင်ငံ။
(၃) The Human Kingdom လူ့လောက၊ လူ့နိုင်ငံ။
(၄) The Divine Kingdom ဘုရားနိုင်ငံတော်၊ ဘုရားရဲ့တိုင်းပြည် တို့ ဖြစ်တယ်။
သတ္တုလောကကတော့ ရေနံတွေ၊ ဓါတ်ငွေ့တွေ၊ ရွှေ၊ ငွေ၊ ကျောက်မီးသွေးနဲ့ တခြားတွင်းထွက်တွေ ရတဲ့နေရာပါပဲ။
သစ်ပင်လောကကတော့ ရုံးပတီသီး၊ ပဲတောင့်၊ မုန်လာဥ၊ ခရမ်းချဉ်သီးနဲ့ အာလူးတွေ ရတဲ့နေရာပါ။
တိရစ္ဆာန်လောကကတော့ အသားညှပ်မုန့်တွေ၊ အသား၊ ငါးတွေ ရပါတယ်။ ( ကျွန်တော်တော့ ဒါတွေစားရတာ ကြာလွန်းလို့ ခါးတောင်ကိုင်းနေပါပြီ။ )
လူ့လောက၊ လူ့နိုင်ငံ အကြောင်းတော့ ပြောဖို့မလိုပါဘူး။ ကိုယ်နေတဲ့နေရာဆိုတာ သိပြီးသားပဲ။
နောက် - ဘုရားသခင်ရဲ့ နိုင်ငံတော်ဆိုတာ ရှိတယ်။
ဘုရားသခင်က မပြောင်းလဲ၊ မဖျက်သိမ်းနိုင်တဲ့ ဥပဒေတခု ချမှတ်ထားတယ်။ အဲဒီ
ဥပဒေကတော့ - - - - နိမ့်တဲ့ နိုင်ငံတခုကနေပြီး မြင့်တဲ့နိုင်ငံကို
ကိုယ့်သဘောနဲ့ကိုယ် ဝင်းစားချင်လို့ ဘယ်သူမှ မရနိုင်ဘူး။ သတ္တုလောကကနေ
အပင်လောကကို ဝင်စားချင်လို့ မရဘူး။ တိရစ္ဆာန်လောကကနေ လူ့လောကကို
ဝင်စားချင်လို့ မရဘူး။ လူ့လောက၊ လူ့နိုင်ငံကနေ ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ
ဝင်စားချင်လို့ မရဘူး။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဝင်စားလို့
မရနိုင်ဘူး။
တဖက်ကလည်း မြင့်တဲ့နိုင်ငံကနေ ဆင်းပြီး၊ နိမ့်တဲ့နိုင်ငံက
တခုခုကို အမြင့်နိုင်ငံဖက် ဆွဲယူနိုင်စွမ်း ရှိတယ်ဆိုတဲ့
မပြောင်းလဲနိုင်တဲ့ ဥပဒေတခုကို ဘုရားသခင်က ချမှတ်ထားပြန်တယ်။
ဥပမာ - - - ဟင်းသီးဟင်းရွက် အပင်တပင်စိုက်ရင် အမြစ်က မြေကြီးထဲ
ဆင်းသွားပြီး၊ မြေဆီဓါတ်တွေ စုပ်ယူတယ်။ ဒါပေမယ့် အပင်က မစုပ်ယူရင်တော့
အဲဒီဓါတ်တွေဟာ တဆင့်တက်ချင်လို့ မရနိုင်ဘူး။ နောက် - နွားမက ပဲပင်ကို
စားတယ်။ သစ်ပင်ကို တိရစ္ဆာန် လောကထဲ ဆွဲထည့်လိုက်တာပါပဲ။ နောက်တော့ -
အဲဒီနွားမကို နို့ညှစ်တယ်။ နွားမကို သတ်ပြီး အသားညှပ်မုန့်တွေ လုပ်ကြတယ်။
အဲဒါဟာ တိရစ္ဆာန်လောကကို လူ့လောကထဲ ဆွဲသွင်းလိုက်တာပါပဲ။
ကျွန်တော်
အဓိကပြောချင်တာက - - - နိုင်ငံတိုင်းဟာ အနိမ့်ကို ဆင်းပြီး၊
တခြားနိုင်ငံတခုကို ကိုယ်နိုင်ငံထဲ ဆွဲတင်လို့ ရတယ်။ ဒါပေမယ့်
နိုင်ငံတနိုင်ငံဟာ သူဟာသူ အမြင့်ကို ဝင်စားနိုင်စွမ်း မရှိဘူး။ ဒါကို
ထပ်ရှင်းပြဖို့ မလိုလောက်ပါဘူး။
ကျွန်တော်
ရိုးရိုးကလေး ထောက်ပြနေတာက - လူဟာ ဘာပဲလုပ်လုပ် သူ့ဟာသူ မကယ်နိုင်ဘူး။
ဖယောင်းတိုင်တွေ ထွန်းနိုင်တယ်။ မင်္ဂလာဝတ် ရ ပါးကို စောင့်ထိန်းနိုင်တယ်။
နှစ်ခြင်းခံနိုင်တယ်။ ဘာသာတရား ကိုင်းရှိုင်းဟန် ပြနိုင်တယ်။ အသင်းတော်မှာ
ပါဝင်နိုင်တယ်။ ကိုယ်ဘဝကို ရွက်သစ်ပြောင်းသလို ပြောင်းလဲပစ်နိုင်တယ်။
လုပ်ချင်တာတွေ အကုန်လုပ်နိုင်တယ်။ ဒါပေမယ့် ပိုမြင့်တဲ့ - နိုင်ငံကိုတော့
ဝင်စားနိုင်စွမ်း မရှိဘူး။ ဝင်စားဖို့ တနည်းတည်းကတော့ ဘုရားသခင် ဆင်းလာပြီး
ကိုယ့်ကို ဆွဲတင် ဆောင်ယူမှပဲ ဖြစ်မယ်။ " ဒုတိယမွေးခြင်းကို မခံသောသူ
မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ။ "
မွေးဖွားခြင်းက လူ့ရဲ့သဘာဝကို သတ်မှတ်တယ်။
ကျွန်တော်ရဲ့ ဇာတိမြေမှာတုန်းက နွားနဲနဲ နဲ့ အပျော်စီးဖို့ မြင်းနဲနဲ
ရှိဖူးတယ်။ နွားမတကောင် ကလေးမွေးတိုင်း လေ့လာမိတယ်။ ဘယ်လိုမှ မလွဲဘူး။
နွားကလေးပဲ မွေးတယ်။ နွားမတကောင်က ဆိတ်ထီးကလေး မမွေးဘူး။ အပျော်စီး မြင်း ၂
ကောင်က ခွေးကလေး မမွေးဘူး။ မြင်းက မြင်းပဲ မွေးတယ်။
အခုလဲ လူတယောက်ဟာ တခါထပ်မွေးမယ်ဆိုရင် တခြားသဘာဝတမျိုးကို ရပါတယ်။
ဘုရားသခင်ရှေ့မှာ ပြဿနာဖြစ်နေတာက ကျွန်တော်တို့ရဲ့ အပြောအဆို၊ အနေအထိုင်၊
အပြုအမူတွေ မဟုတ်ဘူး။ သဘာဝကြောင့် ဆိုတာ သတိထားမိရဲ့လား။ လူတယောက်ကို
ခင်ဗျားက ပြောမယ်။ " ဖြောင့်ဖြောင့် လျှောက်၊ မှန်တာလုပ်၊ ကောင်းကောင်းနေ၊
မနေရင် ငရဲသွားလိမ့်မယ်။ " ဆိုပါတော့။ ခင်ဗျားပြောတဲ့စကား
ခင်ဗျားသိပုံတော့ ရသလိုပဲ။ ဒါပေမယ့် လူသေကို ပြောသလို ဖြစ်နေတယ်။
ခရစ်တော်မပါရင် လူသေပဲလေ။ အပြစ် ဒုစရိုက်ထဲမှာ သေနေတယ်။ ပိုကောင်းလို့
ကယ်တင်ခြင်း မရဘူး။ ပိုကောင်းဖို့သာ ကယ်တင်ခြင်းရတာပါ။
ဘုရားသခင်ရှေ့မှာ ခင်ဗျား ပြဿနာက အပြစ်လို့ ထင်ချင်ထင်မယ်။ အပြစ်အကြောင်း
တရားဟောတာ ကြားဖူးနေပြီပဲ။ ဒါပေမယ့် ဘုရားသခင်ရှေ့မှာ ခင်ဗျားရဲ့ ပြဿနာက
အပြစ်ကြောင့် မဟုတ်ဘူး။ ယောဟန် ၁၆: ၈၊ ၉ မှာ သန့်ရှင်းသော
ဝိညာဉ်တော်အကြောင်း ဖတ်ရတယ်။ " ဥပဇ္စျာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်
အပြစ်ကို၄င်း၊ အပြစ်ကင်းခြင်းကို၄င်း၊ အပြစ်စီရင်ခြင်းကို၄င်း၊
လောကီသားတို့အား ထင်ရှားစွာ ပြတော်မူမည်။ " တဲ့။ မရှင်းဘူးလား။
ပြဿနာက အပြစ်မဟုတ်ဘူး။ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အားကိုး၊ မကိုးက
အဓိကပါ။ သခင်ယေရှုကို တခါအားကိုးရင်၊ အပြစ်ပြဿနာ - ဒါမှမဟုတ် -
အပြစ်နဲ့ဆိုင်တဲ့ မေးခွန်းဟာ ထာဝရအတွက် ပြီးသွားပါပြီ။ သခင်ယေရှုက
သင့်အပြစ်အားလုံးကို သူ့ကိုယ်ပေါ်မှာ သယ်ဆောင်သွားခဲ့သလား၊
ဘာမှမသယ်ခဲ့ဘူးလား။ တခု - ခု ပြောရမှာပေါ့။ လုပ်ခဲ့သမျှ အပြစ်အားလုံးနဲ့၊
နောင်လုပ်မိဦးမယ့် အပြစ်တွေအတွက်ပါ အသေခံခဲ့ပါပြီ။
ဒါကြောင့် ဘုရားသခင်ရှေ့မှာ ပြဿနာဖြစ်နေတာက အပြုအမူတွေ မဟုတ်ဘူး။ သဘာဝပါ။
ဒါကြောင့် သခင်ယေရှုက " ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ - - - "
လို့ပြောရတာပေါ့။ " ကောင်းကောင်း မနေသောသူ မည်သည်ကား - - -" လို့ မပြောဘူး။
" ရွက်သစ်ပြောင်းသလို၊ ဘဝသစ် မပြောင်းသောသူ မည်သည်ကား - - -" လို့
မပြောဘူး။ ဘဝကို ရွက်သစ်ပြောင်းသလို၊ ပြောင်းအောင် ကြိုးစားလုပ်နေဖို့
မလိုဘူး။ ဘဝ အသစ်ဖြစ်ဖို့ပဲ လိုတယ်။ နေ့တိုင်း သစ်ရွက်တရွက် ပေးမယ်ဗျာ။
နေမဝင်ခင် ညှိုးခြောက်သွားမှာပဲ။
လူတိုင်း
အားနည်းတတ်ပါတယ်။ မှားတတ်ပါတယ်။ ၂၄ နာရီ တရက်ထဲမှာကိုပဲ၊ စုံစုံလင်လင်
နေနိုင်သူရှိသလား။ ရှိရင်တော့ မြင်ဖူးချင်တယ်။ ပြီးခဲ့တဲ့ ၆
နာရီအတွင်းမှာပဲ စုံစုံလင်လင် နေနိုင်သူကော ရှိမလား။ တကယ်တော့
ကျွန်တော်တို့ဟာ တနာရီတောင် စုံစုံလင်လင် နေနိုင်ကြမှာ မဟုတ်ဘူးလို့
ကျွန်တော်ထင်တယ်။
ကိုယ် သတိမထားမိတာကလေးတွေတောင် အပြစ်ဖြစ်နေတတ်တယ်
မဟုတ်လား။ " ကောင်းသောအကျင့်ကို သိလျှက်၊ မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏။ "
ဒါကြောင့် ဘုရားသခင်ရှေ့မှာ ပြဿနာဖြစ်နေတာက အပြုအမူတွေ မဟုတ်ဘူး။ သဘာဝပါ။
အပြုအမူတွေကို ပြင်ပြီး သဘာဝလိုက်ပြောင်းဖို့ ဘုရားသခင်က မတိုက်တွန်းဘူး။
သဘာဝ ပြောင်းပေးပြီးမှသာ၊ အပြုအမူတွေ ပြောင်းစေတယ်။
ယုံကြည်သူရဲ့ အသက်တာမှာ အရေးကြီးတဲ့ စကားလုံး ၂ လုံးရှိပါတယ်။ BE
ဖြစ်သည်နဲ့ DO လုပ်သည် ဆိုတဲ့ စကားတွေပါ။ BE ဖြစ်သည်က DO လုပ်သည်ထက်
ပိုအရေးကြီးပါတယ်။ အကြောင်းကတော့ BE ဖြစ်သည်က၊ DO လုပ်သည်ကို ဆုံးဖြတ်
သတ်မှတ်ပေးလို့ပါ။ လုပ်လို့ ကိုယ့်မှာ ဖြစ်လာတာမဟုတ်ဘူး။
ကိုယ်ဖြစ်တဲ့အတိုင်း လိုက်လုပ်မိတာပါ။
ဟောင်လို့
ခွေးဖြစ်သွားတာမဟုတ်ဘူး။ ခွေးဖြစ်လို့ ဟောင်တာပါ။ တချို့ခွေးတွေထက်
ကျွန်တော် ပိုဟောင်တတ်တယ်။ ဒါပေမယ့် ဟောင်လို့ ခွေးဖြစ်မသွားဘူး။
အသင်းတော်ထဲမှာ တချို့သူတွေက သူများထက် ပိုကောင်းအောင် နေနိုင်ကြတယ်။
ဒါပေမယ့် ဒီလိုနေလို့ ခရစ်ယာန်ဖြစ်တာ မဟုတ်ဘူး။ တခါထပ်မွေးဖို့ လိုတယ်။
ဘုရားက သဘာဝကို အဓိကထားတယ်။ သဘာဝ ပြောင်းရင်၊ အပြုအမူ ပြောင်းလာမှာပါ။
သဘာဝက ပိုအရေးကြီးတယ်။ မွေးဖွားခြင်းက သဘာဝကို ဆုံးဖြတ် သတ်မှတ်လိုက်တယ်။
တခါထပ် မွေးဖွါးပြီးတဲ့သူဆိုရင် ၂ပေ ၁: ၄ - မှာ ဘုရားသဘာဝကို ရတဲ့သူ
ဖြစ်တယ်လို့ ဆိုတယ်။ ဒါဟာ စိတ်ဝင်စားစရာ၊ အံ့သြစရာ အချက်ပါပဲ။
ကျွန်တော် ၁၁ နှစ်သားမှာ ကယ်တင်ခြင်းရတော့ ဘုရားသခင်က ကျွန်တော့်
ကိုယ်ခန္ဓာကို ဘာမှ မပြောင်းလဲစေဘူး။ ကျွန်တော်တို့ ကြားဖူးကြမှာပါ။ - - "
ငါ ကယ်တင်ခြင်းရတော့ အကုန်လုံး ကယ်ပစ်လိုက်ပြီ " လို့ ပြောတတ်ကြတယ်။
မှားပါတယ်။ အဲဒီလိုသာ အကုန်လုံး ကယ်ပစ်ရင် ကျွန်တော်တို့ နှဖူးတွေ
ဘယ်ပြောင်လာမလဲ။ သွားဆရာဝန်တွေလည်း မလိုတော့ဘူးပေါ့။ မျကိမှန်တတ်စရာလည်း
မလိုတော့ဘူးပေါ့။ ပါးရေ နားရေတွန့်စရာလည်း မလိုတော့ဘူးပေါ့။ ကျမ်းစာက - - "
ဇာတိပကတိမွေးသောအရာသည် ဇာတိကတိဖြစ်၏။ " တဲ့။ အသွေးအသားက၊ အသွေးအသားပဲ
ဖြစ်နေမှာပဲ။
သဘာဝကို ပြောင်းအောင်ကြိုးစားဖို့
ဘုရားသခင် မပြောဘူး။ အသစ်စက်စက် သဘာဝတခု အပိုထည့်ပေးတဲ့ အကြောင်းသာ
ပြောပါတယ်။ ဒါပေမယ့် အသစ်စက်စက် သဘာဝက အဟောင်းသဘာဝကို ဖျက်မပစ်ဘူး။
သခင်ယေရှုနဲ့ မျက်နှာချင်းဆိုင် မတွေ့မချင်း ကိုယ်ခန္ဓာကို
မရွေးနှုတ်သေးဘူး။ ရွေးနှုတ်မယ့်နေ့ကတော့ တကယ် ပျော်စရာကောင်းမယ့်
နေ့ပဲ။ ဘုရားသခင်ကို ဖူးတွေ့ကြရမယ့်နေ့မှာ ကိုယ်တော်နဲ့ တူခွင့်ရကြမှာ
ဖြစ်တယ်။
ရှင်ပေါလုက - - " ငါသည် ငြို
ငြင်သောသူဖြစ်ပါသည်တကား။ ဤ အသေကောင်မှငါ့ကို အဘယ်သူကယ်လွှတ် မည်နည်း။ " (
ရောမ ရး ၂၄ ) ရှင်ပေါလုက " ဒီသဘာဝက ငါ့ကို သွေးဆောင်နှောက်ယှက်တယ်။
အားနည်းစေတယ်။ မှားယွင်းစေတယ်။ ငါ့ကိုယ်ခန္ဓာကနေ ဒီသဘာဝကို ဖယ်ပစ်ချင်တယ် "
လို့ ပြောတာပါ။
Buddy Robinson က "ကျွန်တော် လူဖြောင့် တယောက်
ဖြစ်ချင်တယ်။ လုံးဝ စုံလင် သန့်ရှင်းပြီး၊ အပြစ် လုပ်တတ်တဲ့ သဘာဝ
အဟောင်းကို ဖယ်ပစ်ချင်တယ်။ ဒါပေမယ့် ဒီသဘာဝကို အခု
မပယ်ချွတ်နိုင်ကြသေးဘူး။" တဲ့။ ၁ ယော၁: ၁ - ၂ မှာ "ကိုယ် အပြစ်မရှိ ဟု
ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။"
မွေးဖွါးခြင်းက သဘာဝကို သတ်မှတ်ပေးလိုက်တယ်။
သဘာဝက အာသီသကို သတ်မှတ်တယ်။ Nature determines our appetite.
ခဏဆက်စဉ်းစားရအောင်။ သဘာဝဟာ အရေးကြီးတယ်။ အကြောင်းက သဘာဝက အာသီသကို
သတ်မှတ်တယ်။ သိန်းငှက်စားတာကို ကြက်တူရွေးက မစားဘူး။ ကြက်တူရွေးလေးတကောင်
ထိုးဆင်းလာပြီး၊ လယ်ကွင်းထဲက ကြွက်တကောင်ကို သူ့ခြေသည်းနဲ့ ကုတ်ယူသွားတာ
မြင်ဖူးသလား။ ဒါမျိုးကြက်တူရွေးဆို ကျွန်တော်တော့ ဝေးဝေးပဲ နေမယ်။
တည ကျွန်တော် ကားမောင်းရင်းနဲ့ စွန်လား၊ သိန်းငှက်လားမသိ သစ်ပင်ပေါ်မှာ
မြင်လိုက်ရတယ်။ သူက မြက်တောထဲက လှုပ်နေတဲ့အရာကို မြင်တယ်။ ထိုးဆင်းလာပြီး၊
ခြေသည်းနဲ့ ကုပ်ယူသွားတယ်။ သတ်စားလိုက်တယ်။ ကျွန်တော်ကျတော့ အဲဒါမျိုး
မစားချင်ပြန်ဘူး။ ဒါပေမယ့် သိန်းငှက်တို့၊ စွန်တို့က ဒါမျိုးကို သဘောကျတယ်။
သဘာဝက အာသီသကို သတ်မှတ်ပေးတယ်။
ကျွန်တော်
ကလေးဘဝတုန်းက ဘုရားကျောင်း ခဏခဏ သွားတယ်။ ဒီကျမ်းစာကို ဖတ်တာပဲ။ ကျမ်းစာကို
ကျွန်တော် မစွဲလန်းဘူး။ ကျမ်းစာကို မဆာငတ်ဘူး။ သင်းအုပ်ဆရာ
တရားဟောပြီးရင်၊ ကျွန်တော့် အဖွါး ဝေဖန်တာ ကြားဖူးတယ်။ " ဒီညတော့ ငါ့ဝိညာဉ်
တကယ် အစာဝတယ်ဟေ့။ " ကျွန်တော်က " အဖွါးတော့ ရူးပြီ။ အဖွါးကို သေသေချာချာ
ပြောဦးမှပဲ။ အဲဒီမှာ ဘယ်သူမှလဲ မရှိဘဲနဲ့၊ အိမ်က အသားညှပ်ပေါင်မုန့်မှာလည်း
ဒိန်ခဲ မပါတာတောင် အတော်ကြာပြီ။ ဒါနဲ့များ - ငါ့ ဝိညာဉ် အစာဝတယ်လေး၊
ဘာလေးနဲ့၊ ဘာပြောတာပါလိမ့် " လို့ စဉ်းစားဖူးတယ်။
ဒါပေမယ့် ကျွန်တော်
ကယ်တင်ခြင်းရပြီးတဲ့အခါ၊ သဘာဝ အသစ်တခု ရလာတယ်။ ဘာဖြစ်သွားသလဲ မသိပေမယ့်၊
ဘုရားကျောင်းတက်ရတာ ပျော်စပြုလာတယ်။ ဒီကျမ်းစာအုပ်ကိုလည်း သဘောကျလာတယ်။
အကုန်မဖတ်နိုင်သေးပေမယ့်၊ " သိပ်ကောင်းတဲ့ စာအုပ်ပဲ၊ ဝိညာဉ်ခွန်အားရတယ်၊
အစာစားရတယ် " လို့ ကိုယ့် ဘာသာကိုယ် ပြောလာတယ်။ အခုတော့ အဖွားစကားကို
နားလည်သွားပြီ။
သဘာဝက အာသီသကို သတ်မှတ်ပေးတယ်။
ကျွန်တော်တော့ အချစ်ဝတ္ထုတွေ လုံးဝမကြိုက်တတ််ဘူး။ တချို့တော့
မိုးအလင်း ထိုင်ဖတ်ကြတယ်။ ကျွန်တော် အာသီသကတမျိုး၊ ကိုယ့်ကို
ခွန်အားပေးမယ့် စာပဲ ဖတ်ချင်တယ်။ သဘာဝက အာသီသကို သတ်မှတ်ပေးတယ်။
သဘာဝက အပေါင်းအသင်းကို သတ်မှတ်ပေးတယ်။ Nature determines our associations.
" အရောင်တူတဲ့ ငှက်တွေဟာ အတူနေတတ်ကြတယ် " ဆိုတဲ့စကား ကြားဖူးမှာပါ။ (
Birds of a feather flock together. ) အဲဒါ မှန်တယ်။ ဒီ Tennessee
ပြည်နယ်မှာ ငုံးတွေ၊ ခါတွေနဲ့ တခြားငှက်တွေ မြင်ဖူးတယ်။ ငုံး ရ ကောင်။ ၈
ကောင်လောက် လမ်းဖြတ်ပြေးတာလည်း မြင်ဖူးတယ်။ ဒါပေမယ့် ငုံး ၂ ကောင်၊ ငှက်နီ
၁ ကောင်၊ ငှက်ပြာ တကောင်၊ သိန်းငှက် တကောင်၊ ကျီးကန်းတကောင်၊
တောကြက်တကောင် အုပ်ဖွဲ့ပျံလာတာ တခါမှ မမြင်ဖူးဘူး။ ငုံးသပ်သပ်၊
ငှက်နီသပ်သပ်၊ ငှက်ပြာသပ်သပ် နေတတ်တယ်။
ချိုးငှက်ဖမ်းတဲ့ ရာသီတုန်းက ချိုးငှက်တွေ အုပ်ဖွဲ့ပြန်သွားတာ မြင်ဖူးတယ်။
သူတို့အထဲမှာ ကျီးကန်း၊ သိန်းငှက်၊ စွန်ရဲနဲ့ တိုက်ကြက်တွေ မတွေ့ရဘူး။
ချိုးငှက်တွေ ဘာကြောင့် အုပ်စုဖွဲ့ ပျံကြသလဲ။ သူတို့မှာ တူညီတဲ့
ချိုးငှက်သဘာဝ ရှိကြလို့ပါ။ မြင်းတွေက မြက်ခင်းပြင်ပေါ်မှာ ဘာကြောင့်
အတူလမ်းလျှောက်ကြသလဲ။ သူတို့မှာ တူညီတဲ့ မြင်းသဘာဝ ရှိကြလို့ပါ။ ခွေးတွေက
ဘာကြောင့် တောအုပ်ထဲ ပြေးပြီး ခွေးလို ဟောင်ကြသလဲ။ သူတို့အားလုံးမှာ
ခွေးသဘာဝ ရှိကြလို့ပါ။
ကြောင်တကောင်ဟာ ခွေးနဲ့အတူ
တောထဲလိုက်တာ မြင်ဖူးသလား။ ခွေးလိုကော ဟောင်သလား။ သားကောင်ကော
လိုက်ချောင်းသလား။ လိုက်ချောင်းရင်တော့ အဲဒီကြောင်ကို လမ်းမပေါ်ချ၊
စီးပွါးရှာကြတာပေါ့။
ကျွန်တော်တော့
ဘုရားကျောင်းသွားတတ်သူတွေနားမှာ နေရတာကို ပျော်တယ်။
သီချင်းကောင်းကောင်းလည်း နားထောင်ချင်တယ်။ တချို့သူတွေ နားထောင်တဲ့
သီချင်းမျိုးတွေကိုတော့ နားထောင်နိုင်တာပဲ အံ့သြမိတယ်။ သီချင်းလို့
သူတို့ပြောတဲ့ ဘာမှန်းမသိတဲ့ လက်ရာထဲမှာ တသံနဲ့တသံကလည်း မပြေမလည်
ဖြစ်နေတယ်။
ကယ်တင်ခြင်းရသူတွေနားမှာ နေရတာ ပျော်တယ်။ ခရစ်ယာန်ဓမ္မသီချင်း ဆိုသူတွေ ကြားမှာ နေရတာ သဘောကျတယ်။
သဘာဝက အပေါင်းအသင်းကို သတ်မှတ်ပေးတယ်။
သဘာဝက ပတ်ဝန်းကျင်ကို သတ်မှတ်ပေးတယ်။ Nature determines our environment.
သိန်းငှက်တွေက လေမှာ ပျံဝဲတယ်။ လင်းပိုင် ( လပိုင် ) တွေကတော့ ပင်လယ်မှာ
ရေကူးတယ်။ လပိုင်က ရေမှာ ကျင်လည်တာ သူ့သဘာဝမို့ပါ။ သိန်းငှက်လည်း လေမှာ
ကျင်လည်တာ သူ့သဘာဝမို့ပါ။
လူတချို့ဟာ မီးခိုးတွေ
မွန်းနေတဲ့ ညကလပ်မှောင်မှောင်တွေကို ဘာကြောင့် သွားသလဲဆိုတာ ကျွန်တော်
နားမလည်ဘူး။ အဲဒီလိုနေရာတွေရှိတဲ့ ဟိုတယ်တွေမှာ ကျွန်တော် တည်းဖူးပါတယ်။
လူတွေက အဲဒီအမှောင် ညကလပ်တွေမှာ သောက်စား မူးထားကြတော့၊ သူတို့
ဘယ်ရောက်နေမှန်းတောင် မသိကြတော့ဘူး။ မနက်ရောက်လို့ နိုးတဲ့အခါမှာတော့
သူတို့ခေါင်းက စည်ပိုင်းလောက် ကြီးနေပြီ။ ညက ဘယ်မှာရောက်ခဲ့တယ်ဆိုတာ
မပြောနိုင်ကြတော့ဘူး။
လူတယောက် ညကလပ်ကနေ ညနက်မှ
ပြန်တတ်တယ်။ သူက အိပ်ရင် ဟောက်တတ်တယ်။ တချို့အမျိုးသမီးတွေက သူ့မိန်းမကို
သူ့နှာခေါင်းမှာ ဖဲကြိုးပြာတတ်ထားရင် အဟောက်ရပ်မယ်လို့ ပြောကြတယ်။
ဒါနဲ့
မနက် ၃ နာရီလောက် သူပြန်လာတော့ စ, ဟောက်ပါရော။ သူ့မိန်းမက သူ့နှာခေါင်းကို
ဖဲကြိုးပြာနဲ့ ချည်တယ်။ မနက် သူအိပ်ရာထတော့ အညောင်းဆန့်ပြီး မှန်ကြည့်တယ်။
အဲဒီအချိန်မှာ သူ့အမျိုးသမီးလည်း နိုးလာတော့ " ရှင်ညက ဘယ်သွားလဲ" လို့
မေးတယ်။ သူက - " မသိတော့ပါဘူးကွာ၊ ဒါပေမယ့် ငါ ပထမရတယ် " တဲ့။
အဲဒီလိုနေရာတွေကို သွားတတ်သူတွေဟာ ညက ဘယ်သွားခဲ့တယ်ဆိုတာ မသိတော့ဘူး။ ဒါကိုပဲ ရီစရာအဖြစ် သဘောထားကြပြန်တယ်။
ကိုကင်း သုံပြီး၊ တနေ့ကို ဒေါ်လာ ၃၀၀ လောက် ဖြုန်းနေတဲ့ လူတယောက်ရဲ့ ဘဝဟာ ရီစရာ ဖြစ်ပါ့မလား။
ညတုန်းက
မိတ်ဆွေတွေနဲ့ မုန်လာဥတွေ၊ ပဲတောင်တွေ၊ ပေါင်မုန့်တွေနဲ့ တခြား
အစားအသောက်ကောင်းတွေ စားရတယ်။ ဒါမျိုးတွေ မကြိုက်တတ်ရင်
ရွေးနှုတ်မခံရသေးလို့ ဖြစ်နိုင်တယ်။ ကောင်းကင်မန္နမုန့်ဟာလည်း အခု
အစားသောက်ကောင်းတွေလိုပဲ ကောင်းမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဒါမျိုးတွေ
မစားရရင် ကျွန်တော် မပျော်ဘူး။ ကောင်းကင်မှာ မပျော်ဘဲ နေရတာမျိုးလည်း
စဉ်းစားလို့တောင် မရဘူး။
သဘာဝက အာသီသကို
သတ်မှတ်တယ်။ အပေါင်းအသင်းကို သတ်မှတ်တယ်။ ကျင်လည်ရာ ပတ်ဝန်းကျင်ကို
သတ်မှတ်တယ်။ ကယ်တင်ခြင်းရပြီးရင် အသစ်သော သဘာဝကို ရတယ်။ ခုန ပြောတဲ့
နေရာတွေ၊ အဖြစ်အပျက်တွေမှာ မပျော်တော့ဘူး။ ကျွန်တော်လည်း သွားခဲ့ဖူးပါတယ်။
ဒါပေမယ့် အခုတော့ အဲဒီမှာ နောက်ထပ် မကျင်လည်တော့ဘူး။
မွေးဖွါးခြင်းဟာ လူတယောက်ကို အမှောင်ထဲကနေ အလင်းကို ပို့ဆောင်ပေးတယ်။
Birth Brings One From Darkness to Light.
မွေးဖွါးခြင်းဟာ လူတိုင်းကြုံရရုံ၊ နိုင်ငံတခုမှာ ပါဝင်ပတ်သက်ရုံ၊ သဘာဝကို
သတ်မှတ်ရုံသာမက၊ ကလေးငယ်ကို အမှောင်ထဲကနေ အလင်းထဲ ပို့ဆောင်ပေးတယ်။ ၉ လ
လုံးလုံး အမှောင်ထဲမှာ နေရာကနေ ရုတ်တရက် အလင်းထဲ ရောက်လာတယ်။
ကျွန်တော်ကိုပဲ ပြန်ရှင်းပြပါဦး။ သခင်ယေရှုကို အားမကိုးဖူးသေးတဲ့
လူတယောက်က ကျမ်းစာဖတ်ပြီးတော့ " ငါ နားမလည်ဘူး၊ နားမလည်ဘူး။ ဘာမှန်းလည်း
မသိဘူး" လို့ ပြောမယ်။ နောက် သူ ကယ်တင်ခြင်းရပြီး၊ ကျမ်းစာ စ,ဖတ်တော့ "
အေး၊ ဟုတ်တယ်ဟ။ ငါ နားလည်ပြီ။ " လို့ ပြောတယ်။ ဘယ်လိုဖြစ်တာလဲ။ အမှောင်ကနေ
အလင်းထဲ ရောက်သွားတာပါ။
ကျွန်တော်ကို
ရှင်းပြကြည့်ပါ။ John Kennedy လို Harvard တက္ကသိုလ် ကျောင်းဆင်း ဘွဲ့ရ
ထက်ထက်မြက်မြက် လူတယောက်က သမ္မာကျမ်းစာနဲ့ ဘာသာရေး အကြောင်းမှာ ဆွံ့အနေတာ၊
ပုပ်ရဟန်းမင်းကို လုံးဝ အပြစ်ကင်းစင်တယ်လို့ ထင်တာ ဘာကြောင့်လဲ၊
ပုပ်ရဟန်းမင်းဟာ မိန်းမမယူရဘဲနဲ့ ၊ သူက ဘာကြောင့် ပေတရုကို ပထမဆုံး
ပုပ်ရဟန်းမင်းလို့ ယုံနေခဲ့တာလဲ။ ကျမ်းစာကတော့ ပေတရုရဲ့ ယောက္ခမအကြောင်း
ပြောထားတယ်။ ပေတရုမှာ မိန်းမမရှိဘဲ၊ ယောက္ခမ ရှိပါ့မလား။
Catholic ကက်သိုလစ် အသင်းတော်အကြောင်း လေ့လာရင်၊ အဲဒီ အသင်းတော်ဟာ
ကမ္ဘာမှာ အချမ်းသာဆုံး အဖွဲ့အစည်းတခု ဖြစ်တယ်ဆိုတာ သိလာလိမ့်မယ်။ ဒါပေမယ့်
ကက်သိုလစ်တွေ ကြီးစိုးတဲ့ နေရာမှန်သမျှဟာ ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတာ
တွေလာမှာပါ။ တောင်အာဖရိကနိုင်ငံတွေကို သွားကြည့်ပါ။ ကက်သိုလစ် အသင်းတော်က
အကြီးအကျယ် ချမ်းသာ ကြွယ်ဝနေချိန်မှာ လူတွေ ငတ်နေကြတယ်။ ပုပ်ရဟန်းမင်းက
အလှူငွေတွေကို ချုပ်ကိုင်နေလို့ပါပဲ။ ဒါကို အဲဒီလူတွေက ဘာကြောင့်
တိတ်တိတ်နေကြသလဲ။ Born again မဖြစ်သေးလို့၊ တခါထပ် မမွေးသေးလို့ပါ။
မမွေးသေးတော့ အမှောင်ထဲမှာပဲ ရှိနေသေးတယ်။ တခါထပ် မွေးပြီးရင်တော့
အမှောင်ကနေ အလင်းထဲ ရောက်လာတယ်။
မွေးဖွါးခြင်းက အတိတ်ကို ချေဖျက်ပေးတယ်။ Birth Cancels Out the Past.
မွေးဖွါးခြင်းက ကလေးငယ်ကို အမှောင်ထဲကနေ အလင်းထဲ ပို့်ပေးရုံသာမက၊ ကလေးကို
အတိတ်သမိုင်းမပါပဲ၊ မွေးဖွါးလာစေတယ်။
ကောင်းကင်မရှိ၊ ငရဲမရှိဘူး ဆိုရင်တောင်၊ ကျွန်တော်ကတော့ ဒုတိယမွေးခြင်းကို
ခံချင်နေဦးမှာပဲ။ အတိတ်ကို ချေဖျက်ပေးဖို့ လိုတယ်လေ။ ကျွန်တော် အခုသေပြီး၊
ကောင်းကင်ရောက်လို့ ဘုရားသခင်ကို၊ " ကျွန်တော်ပြစ်မှားမိတဲ့ အပြစ်တွေအတွက်
ဝမ်းနည်းပါတယ် ကိုယ်တော် " လို့ ပြောရင်၊ ဘုရားသခင်က " မင်းပြောတဲ့ ကိစ္စ
ငါမသိပါလား " လို့ ဖြေလိမ့်မယ်။ " တကယ်ပါ ကိုယ်တော်၊ ကိုယ်တော် သိပါတယ်။
ကိုယ်တော်က အားလုံး သိတာပဲ။ အဲဒီအပြစ်တွေအတွက် ၄၅ နှစ်လုံးလုံး ကျွန်တော်
စိတ်ပူနေခဲ့ရတာ၊ ကိုယ်တော် သိပါတယ်လေ၊ အဲဒီအပြစ်တွေအတွက် စိတ်မကောင်းပါဘူး။
" လို့ ပြောမိမှာပါ။ ဘုရားသခင်ကတော့ " Curtis မင်းပြောတဲ့ ကိစ္စ၊
ငါမသိဘူးကွ၊ " လို့ ဆက်ပြောနေမှာပါ။ ဘာကြောင့်လဲ ? ဟေရှာယ ၄၃: ၂၅ မှာ "
ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏ အပြစ်တို့ကို ဖြေမည်။ သင်၏
ဒုစရိုက်အမှုတို့ကို မအောက်မေ့။ "
ဒီအချက်ဟာ
အံ့သြစရာ မကောင်းဘူးလား ? ။ ကိုယ့်အိမ်နီးချင်းတွေ၊ ကိုယ့်ဇနီး၊
ကိုယ့်ယောက်ျားက အပြစ်တွေကို မှတ်မိနေပေမယ့်၊ ဘုရားသခင်က ကျွန်တော်တို့
အပြစ်တွေကို မမှတ်မိတော့ဘူး။ ဘုရားသခင် မ,စလို့ အပြစ်တခါမှ
မလုပ်ဖူးတဲ့သူလို ဖြစ်ရတယ်။ ဘုရားသခင် ဖြောင့်မတ်သလို၊ ဖြောင့်မတ်ရတယ်။
သမ္မာကျမ်းစာက လူဟာ ကယ်တင်ခြင်းရရင် ဖြောင့်မတ်ပြီလို့ ပြောတယ်။ တဝက်တပျက်
ဖြောင့်မတ်တာ မဟုတ်ဘူး။ အပြည့်အဝ ဖြောင့်မတ်တာပါ။ အားလုံး လွင့်သွားပြီ။
အပြစ်ပြုတဲ့ အတိတ်မရှိတော့ဘူး။ ဟာလေလုယာ။
ကလေးတယောက်ဟာ အတိတ် သမိုင်းမပါဘဲ မွေးဖွါးတယ်။
လူတယောက်ယောက်ကို ရဲက၊ အရာရှိက ဖမ်းတာ ဆီးတာ မမြင်ရတဲ့ အခြေအနေ နေရာ
နှစ်ခု ရှိတယ်။ တနေရာက အသုဘအိမ်ပါ။ ရဲအရာရှိတယောက် ဝင်လာပြီး၊ အလောင်းကို
လက်ထိပ်ခတ်၊ ဆွဲထုတ်ပြီး၊ ထောင်ထဲပို့လေ့ မရှိဘူး။ ဘာကြောင့်လဲ ?
သေနေပြီလေ။
နောက်တနေရာကတော့ ဆေးရုံက
သားဖွါးခန်းပါ။ ရဲအရာရှိတယောက် စိတ်ဆိုး မာန်ဆိုးနဲ့ ဝင်လာပြီး၊ ၃
နာရီလောက်ပဲ သက်တမ်းရှိသေးတဲ့ ကလေးကို လက်ထိပ်ခတ်ပြီး - " မင်းကို
လူသတ်မှုနဲ့ ငါတို့ သံသယရှိတယ် " လို့ ပြောပါ့မလား ? ။ စဉ်းစားကြည့်ပါ။
ကဲ - မာနတ်ကလည်း ကျွန်တော်တို့ကို ကယ်တင်ခြင်းမရခင်က အပြစ်တွေ အတွက်
လာမဖမ်းနိုင်ဘူး။ အတိတ်မရှိတော့ဘူး။ ကယ်တင်ခြင်းရတော့ ကျွန်တော့ အတိတ်ဟာ
လုံးဝချေဖျက်ခံလိုက်ရပြီ။ ဘုရားရဲ့ စိတ်ထဲမှာတောင် မရှိတော့ဘူး။
မွေးဖွါးခြင်းဟာ ပြီးပြည့်စုံတယ်။ Birth is complete.
မွေးဖွါးခြင်းဟာ အတိတ်ကို ချေဖျက်ရုံသာမက ပြီးပြည့်စုံမှုလည်း ရှိုတယ်။
တခြားသွန်သင်ချက်တွေက " နှစ်ခြင်းတွေလည်း ကောင်းသားပဲ၊ ဒါပေမယ့်
တဖက်စွန်းမရောက်နဲ့၊ မင်း ကယ်တင်ခြင်းရတာ ကောင်းတယ်။ ဒါပေမယ့် ဒါလည်း
လိုသေးတယ်။ ဟိုဟာလည်း လိုသေးတယ်။ တခြားဟာတွေလည်း လိုသေးတယ်။ " လို့
ပြောတတ်ကြတယ်။ အဲဒါမဟုတ်ဘူး။ ကယ်တင်ခြင်းရရင် လိုတာအားလုံး ရလိုက်ပြီ။
ကျွန်တော့
သားသမီး ၄ ယောက်လုံး စုံစုံလင်လင် မွေးဖွါးလာကြတယ်။ ကျွန်တော့်ဇနီးက - - -
" သား Tony ကို ဆရာဝန် ပြန်ပြဦးမှပဲ။ ဆေးမှတ်တမ်းအရှည်ကြီး ပြန်ယူဦးမှ၊
သူ့နားရွက်ကလေး ပြန်တပ်ပြီး၊ သူ့လျှာကလေးလည်း ပြန်တပ်ဦးမှ " လို့
ပြောလေ့မရှိဘူး။ ဒါတွေက သား Tony မှာ ပါပြီးသားပဲ၊ စုံလင်တယ်။
အသစ်တဖန် မွေးတဲ့အခါ စုံလင်တယ်။ သား Tony မှာ လိုတာက ကြီးထွားဖို့
အစားအစာ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ သင်တော်တဲ့ ပတ်ဝန်းကျင်ပဲ လိုတာပါ။
မွေးလာတဲ့ ကလေးတိုင်း ဒီလိုပါပဲ။
အသက်တာ ကြီးထွားဖို့ရာ
ဘုရားကျောင်းတက်ဖို့ လိုတယ်။ ဓါးကိုယူ၊ ခရင်းကို ထုတ်၊ သင်းအုပ်ဆရာ
တရားဟောတော့မယ်၊ စားလိုက်တော့၊ စားကောင်းရင်၊ " ကောင်းတယ်ဗျို့၊ ထပ်ပေးပါဦး
" လို့ ပြော။ စိတ်လှုပ်ရှားမှု အပြည့်နဲ့ နေပါ။
ကျွန်တော့ သမီး Donna ကတော့ စားပွဲနား လာလှုပ်လေ့ရှိတယ်။ စားသောက်ရတာကို သူ
စိတ်လှုပ်ရှားလေ့ ရှိတယ်။ စားပွဲအောက်က သူ့ခြေထောက်လည်း လှုပ်နေလိမ့်မယ်။
စားပွဲတခုလုံး လှုပ်နေလိမ့်မယ်။
ခွေးတကောင်ကို
အစာကျွေးတဲ့အခါ အမြီးလှုပ်တာ စောင့်ကြည့်ဖူးသလား။ မြင်းစာခွက်မှာ
မြင်းစာကျွေးရင် မြင်းမြီး လှုပ်ခါနေတာ မြင်ဖူးသလား? ။
ဘုရားကျောင်းလာတာဟာ ကမ္ဘာမှာ အကောင်းဆုံး အစားအသောက်ကို စားဖို့ လာတာပါ။
ဒါပေမယ့် တချို့က ခေါင်းထဲက သန်းတွေ အသေကျလာသလိုပဲ လာနေကြတယ်။ ဖြစ်သင့်တာက
- - - နှုတ်ခမ်းကို သပ်လိုက်၊ ပြီးတော့ " ဘုရားသခင် ဘုန်းကြီးပါစေ
"လို့ပြော။ သီချင်းဆိုပြီဆိုရင် " ပန်းကန်ထဲမှာထည့်၊ စားဖို့ အသင့်ပဲ "
လို့ပြောပါ။ အဲဒီလိုမှ အသက်တာ ကြီးထွားပါတယ်။
ကလေးဟာ ပြီးပြည့်စုံစွာ မွေးဖွါးလာတယ်။
မွေးပြီဆိုရင် ပြီးပြီ။ Birth is Final.
မမွေးခဲ့ရင် ကောင်းမယ် လို့ ပြင်ချင်လည်း မရတော့ဘူး။ တချို့က
ကျေးဇူးတရားကနေ ရွေ့လျော့တယ် Falling from grace လို့ ဘာကြောင့် သင်ကြလဲ
မသိဘူး။ သူတို့က " ခင်ဗျား အခု သိပ်ကောင်းတယ်၊ နောက် - အားနဲရင်
ဆုံးရှုံးမယ်၊ နောက် - ပြန်ကောင်းရင် ပြန်ရမယ်၊ ပြန်အားနဲရင်
ပြန်ရှုံးပြန်မယ် " တဲ့။ အဲဒါကို ကျွန်တော်တော့ နားမလည်ဘူး။ အမှန်က
မွေးတယ်ဆိုတာ အပြီးပါ။
ဆိုပါစို့၊
ကျွန်တော့်သမီးကလေး မွေးတော့ သမီးကိုကြည့်ပြီး၊ ဇနီးသည် Gerri ကို "
သမီးမျက်နှာကို ငါ သိပ် သဘော မကျဘူးကွာ။ ဗိုက်ထဲ ပြန်ထည့်၊ အစကနေ ပြန်စကွာ "
လို့ ပြောလိုက်မယ်။
ပြန်စလို့ မရဘူး။ မမွေးပြီးချင်လို့ မရဘူး။
ကျွန်တော့်မှာ သားသမီး ၄ ယောက်၊ သမီး ၃ ယောက်၊ သားတယောက်။ မြေးက ၆ယောက်။ (
အဲဒီအချိန်မှာ ဖြစ်ပါတယ်။ ) အားလုံး ကျွန်တော့ သားမြေးတွေပါ။ ဒါကို
အချိန်နဲ့ ထာဝရကာလ က မပြောင်းလဲနိုင်ဘူး။ ကျွန်တော့် သားသမီးတွေကို
ဆိုက်ဘေးရီးယားကို ပို့၊ နာမည် ၄၇ မျိုးလောက် ပေးပစ်။ သူတို့ရဲ့
စိတ်ဓါတ်တွေကို ပြောင်းပစ်၊ တခြား အဖေတယောက်၊ အမေတယောက်ရှိတယ် လို့
ယုံအောင် လုပ်။ ဒါပေမယ့် ကျွန်တော်ဟာ သူတို့ အဖေ၊ Geraldine Crawford
Hutson ဟာ သူတို့အမေဆိုတဲ့ အချက်ကို ပြောင်းပစ်လို့ မရနိုင်ဘူး။ ဒါက
အပြီးပဲ။
ကျွန်တော် ၁၁ နှစ်သား အရွယ်မှာ
ကယ်တင်ခြင်းရတော့ ဒါဟာ အပြီးပဲ။ မာနတ်နဲ့ မရဏာနိုင်ငံက လာပြောင်းပစ်လို့
မရဘူး။ တရားဟောဆရာတယောက်က လာပြောင်းပစ်လို့ မရဘူး။ အကြီးအကျယ် အော်ဟစ်၊
ထခုန်၊ မျက်နှာကို တံတွေးနဲ့ ထွေးပြီးမှ " မင်း မှန်မှန်ကန်ကန်
အသက်မရှင်ပါဘူးကွာ " လို့ ပြောလည်း၊ ကျွန်တော့်ကို ဘုရားသခင်က
ပိုင်သွားပါပြီ။
ကျွန်တော့် သားသမီးတွေထဲမှာ ဘယ်သူမှ
အချိန်ပြည့် မကောင်းနိုင်ပါဘူး။ ခဏခဏ မပြေလည်တာတွေ ရှိတယ်။ ကလေးဆိုတာ
ကြီးကြီးမားမား မထိမခိုက်မချင်း သူတို့ ဘယ်အတိုင်းအတာအထိ နေနိုင်တယ်ဆိုတာ
သူတို့ သိပါတယ်။ အချိန်ပြည့် ကစားမယ်။ သူတို့ကို မရိုက်ခင် လူကြီးက "
မလုပ်နဲ့ " လို့ ဘယ်နှစ်ခါ တားတယ်ဆိုတာ သိပါတယ်။ မရိုက်ခင် " မလုပ်နဲ့ "
လို့ ရှစ်ခါတားရင်၊ ခုနှစ်ခါလောက်တော့ အော်ပြောနေရမှာပဲ။ ကလေးတွေ
မှတ်ထားတတ်ပါတယ်။
အမျိုးသမီးတွေက ကလေးတွေကို
အော်တာကြားဖူးတယ်။ " အဲဒါ မလုပ်နဲ့ ၊ ငါ့ကို စိတ်အနှောက်အယှက် ပေးနေကြတာ၊ "
အဲဒါ မလုပ်နဲ့ ၊ မင်းတို့အဖေလာရင် တိုင်ပြောမယ်။ " ကလေးအမိုက်တွေက သိတယ်။
အမေကတော့ အော်ရုံ၊ ဆူရုံပဲ။ ဒါနဲ့ အမေကို ဂရုမစိုက်ကြဘူး။ အော် - အော် -
ပေါ့။ ဒါပေမယ့် အမေ အအော်ရပ်လို့ ရိုက်ပြီဆိုရင်တော့၊ ကလေးတွေ
နေတတ်သွားပြီ။ ကောင်းသွားကြပြီ။ အသိအတတ် မြန်ကြတယ်။
ကျွန်တော့် မှာ ဘယ်သားသမီးမှ မစုံလင်ပါဘူး။ ဒါပေမယ့် သားသမီးအားလုံး
ကျွန်တော်ပိုင်တယ်။ ဒါကို ဘယ်သူကမှ ပြောင်းလဲပစ်လို့ မရဘူး။
မွေးဖွါးခြင်းဟာ အပြီးပါ။
မွေးဖွါးရတဲ့ ဝေဒနာ ရှိတယ်။ Birth involves travail.
ကျွန်တော့် ဇနီးနဲ့ သမီးတွေ ကလေးမီးဖွါးကြရင် ကျွန်တော် အနားမှာ
ရှိဖူးတယ်။ ကျွန်တော့် သမီးဦး Sherry က သားဦးကလေးမွေးတော့ သူ့ခမျာ အတော်
ကြိုးစားရရှာတယ်။ အပြင်းအထန် အားထုတ် ရုန်းကန်ရရှာတယ်။ သူ့အမျိုးသား Rick
ရယ်၊ သူ့အမေရယ်၊ ကျွန်တော်ရယ် အတူရှိနေတယ်။ နောက်တော့ အခန်းထဲ
ဝင်လိုက်ထွက်လိုက် ဖြစ်လာတယ်။ တကယ် ထိတ်လန့်စရာပဲ။ သမီးခမျာ အတော် ဝေဒနာ
ခံစားရတယ်။ ဒါပေမယ့် ဝေဒနာ မခံစားဘဲ မီးဖွါးလို့ မရဘူး။ " မိမိစိတ်ဝိညာဉ်
ခံရသော ဝေဒနာ၏ အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ " - ဟေရှာယ ၅၃: ၁၁ ။
တနင်္လာ၊
အင်္ဂါနဲ့ တနင်္ဂနွေနေ့တိုင်းလိုလိုမှာ ကျွန်တော် တနေရာရာမှာ တရား
ဟောရလေ့ရှိတယ်။ တနင်္လာ၊ အင်္ဂါ ညနေ တွေမှာတော့ အလုပ်တခုကို ကြံစည်နေတယ်။
ဒါဟာ ခရစ်ယာန် တယောက် အနေနဲ့ ပျောက်ဆုံးသူတွေအတွက် သားဖွါးခြင်း
ဝေဒနာခံရတာပါပဲ။ အသင်းသားတွေ ဝေဒနာ မခံစားရင် ဝိညာဉ်ထပ်မွေးမှာ
မဟုတ်ဘူး။
ဒါပေမယ့် ကျွန်တော်တို့ မသနားကြဘူး၊
ဝေဒနာ မခံစားကြတော့ဘူး ဆိုပါစို့။ တယောက်တလေတော့ ကယ်တင်ခြင်းရ လိမ့်မယ်။
အဲဒါ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီအတွက် ဝေဒနာ မခံစားကြတော့ဘူး။
ပစ်ပယ်လိုက်ကြရင်၊ အားနဲနေကြရင်၊ ပျောက်ဆုံး ဝိညာဉ်တွေ
လွင့်ပါးမယ်။ ကျွန်တော်တို့လည်း ဘာမှ မစိုးရိမ်ကြ၊ ဝေဒနာ မခံစားကြ
ဖြစ်နေမယ်။ ယုံကြည်သူတွေ တကယ် တာဝန်ယူရင်၊ လူငယ်တွေလည်း
ကိုယ့်မိတ်ဆွေတွေအတွက် တကယ် တာဝန်ယူရင်၊ မိတ်ဆွေတွေအတွက် နာကြင်
ဝေဒနာခံစားရင်၊ မိတ်ဆွေတွေအတွက် ငိုကြွေးရင်၊ မိတ်ဆွေတွေအတွက် သားဖွါးတဲ့
ဝေဒနာခံစားရင်၊ ဝိညာဉ်တွေ အသစ် မွေးဖွါး လာမှာပါ။ ဝိညာဉ်
မွေးဖွါးခြင်းပေါ့။ ။
တခါ ပြန်မွေးမလား Will you be born again now?
Dr. Curtis Hutson ရဲ့ တရားဒေသနာကို ဖတ်ရှုခဲ့ရပြီ ဖြစ်ပါတယ်။
တခါပြန်မွေးဖို့ လိုတဲ့ အကြောင်းကို ကျမ်းစာနဲ့တကွ ဥပမာကလေးတွေပေးပြီး
ထောက်ပြသွားပါတယ်။ အသစ်သော မွေးဖွားခြင်းဆိုတာ Born from above အထက်မှ
မွေးခြင်း၊ ဘုရားဇာတိကို ခံယူရခြင်း လို့ ပြောပြသွားပါတယ်။ လူဟာ
သဘာဝအတိုင်း မွေးတဲ့အတွက် လူ့သဘာဝကို ရပါတယ်။ ဘုရားသဘာဝ ရဖို့ကတော့
ဝိညာဉ်မွေးဖို့ လိုတယ်။ ဘုရားသား၊ ကောင်းကင်သားဖြစ်ဖို့ ကိုယ်ဘာမှ
မတတ်နိုင်ဘူး။ တခါထပ်မွေးဖို့ပဲ လိုတာပါ။
ဒီ တရားဒေသနာမှာ
သခင်ယေရှုကို အားကိုးရင် တခါပြန်မွေးတယ်လို့ ရှင်းပြထားတယ်။ သခင်ယေရှုက
သင့် အပြစ်တွေအတွက် ကားတိုင်မှာ လူစားထိုး အသေခံတယ်။ ကယ်တင်ရှင်အဖြစ်
အားကိုးရုံနဲ့ အပြစ်ခွင့်လွှတ်ခံရပြီး၊ ကယ်တင်ခြင်းရကြဖို့ အပြစ်ကြွေးတွေ
ပေးဆပ်သွားတယ်။ သခင်ယေရှုကို အခု အားကိုးရင် ဘုရားသားဖြစ်ပြီး၊
ကောင်းကင်မှာ နေစရာရတယ်။
အားကိုးရင်တော့ - အခုလို ရိုးရိုးကလေး ဆုတောင်းလိုက်ပါ။
သခင်ယေရှု - -
ကျွန်တော် အပြစ်သားပါ။ ငရဲသွားထိုက်ပါတယ်။
ဒါပေမယ့် ကျွန်တော်ကိုယ်စား ကိုယ်တော် အသေခံ၊ အပြစ်ကြွေး ပေးဆပ်တာကို ယုံပါတယ်။
ကယ်တင်ရှင်အဖြစ် အခု လက်ခံပါပြီ။
အပြစ်ခွင့်လွှတ်ပြီး၊ ကယ်တင်ဖို့ အားကိုးပါတယ်။
ကျွန်တော်ကို ချစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကိုယ်တော့် မိသားစုထဲမှာ မွေးဖွါးပေးတော်မူပါ။ အာမင်။ ။
ANSWERS TO PRAYER ( Chapter 2 ) ဆုတောင်းလို့ရတဲ့ အဖြေများ -- အခန်း ၂
ဆုတောင်းလို့ရတဲ့ အဖြေများ -- အခန်း ၂
ဂျော့ချ် မူးလာ
ASHLEY DOWN အရပ်က မိဘမဲ့ကျောင်းဆောင်သစ်များ
" ဇန်နဝါရီ ၃၁၊ ၁၈၄၆ ။ -- ကျောင်းဆောင်ဆောက်ဖို့ ဆုတောင်းတာ အခုဆိုရင် ၈၉ ရက်ရှိပြီ။ အခုအချိန်ဆိုရင် ဘုရားသခင်က မြေတကွက်တော့ ပေးဖို့နီးလာပြီလို့ထင်မိတယ်။ ပုံမှန် စနေညနေဆုတောင်းစည်းဝေးအပြီးမှာ ဒီအကြောင်း ညီအကို၊ မောင်နှမတွေကို ပြောပြလိုက်တယ်။
" ဖေဖေါ်ဝါရီ ၁။ -- ဆင်းရဲတဲ့ မုဆိုးမတယောက်က 10s ပေးလှူတယ်။
"ဖေဖေါ်ဝါရီ ၂။ -- ASHLEY DOWN အရပ်မှာ သင့်တော်ပြီး၊ စျေးချိုတဲ့ မြေကွက် အကြောင်း ကြားရတယ်။
"ဖေဖေါ်ဝါရီ ၃။ -- မြေကွက်ကိုကြည့်တယ်။ မြင်ဖူးသမျှထဲမှာတော့ အကြိုက်ဆုံးပဲ။ -- ကျွန်တော့်အိမ်က မိဘမဲ့ကလေးပုံးထဲမှာ ဘယ်သူမှန်းမသိ ငွေ ၁ ပေါင်နဲ့အတူ စာရွက်တရွက် ထည့်သွားတယ်။ ရေးထားတာက " ကျောင်းဆောင်သစ်" တဲ့။
"ဖေဖေါ်ဝါရီ ၄။ -- ဒီညနေမှာ မြေကွက်ရှင်ကို ခေါ်တယ်။ ဒါပေမယ့် သူက အိမ်မှာမရှိဘူး။ အလုပ်ထဲမှာ သွားတွေ့ဖို့ပြောလို့ လိုက်သွားရတယ်။ မတွေ့ဘူး။ ပြန်သွားပြီ။ သူ့အိမ်ကတယောက်က ၈ နာရီမှာတော့ ပြန်လာမှာပါလို့ ပြောတယ်။ ဖုန်းဆက်ဖို့ပဲ။ ဒါပေမယ့် နှစ်နေရာလုံးမှာ မတွေ့တာကိုက ဘုရားလက်တော်ပဲလို့ ယူဆတဲ့အတွက် ဖုန်းမဆက်ဖြစ်ဘူး။ အတင်းအကြပ်မလုပ်တာ အကောင်းဆုံးပဲ။ သည်းခံခြင်းက သူ့အလုပ်သူလုပ်ပါစေ။
"ဖေဖေါ်ဝါရီ ၅။ မြေကွက်ရှင်ကို ဒီမနက် သွားတွေ့တယ်။ မနက် ၃ နာရီမှာ သူထတယ်တဲ့။ ၅ နာရီ အထိ အိပ်မရဘူး။ နိုးလျှက်နဲ့ အိပ်ယာထဲမှာ လှဲနေတုန်း၊ သူစိတ်က မြေကွက်ဆီ ရောက်နေတယ်။ ကျောင်းမြေကွက်အတွက် စုံစမ်းတာကို သဘောကျတယ်။ ဝယ်မယ်ဆိုရင် အရင်ဆိုစျေး တဧက ပေါင် ၂၀၀ အစား၊ ပေါင် ၁၂၀ နဲ့ ပေးမယ်လို့ ပြောတယ်။ ဘုရားရှင် သိပ်ကောင်းမြတ်တယ်။ ဒီမနက်မှာပဲ သဘောတူလိုက်ကြတယ်။ တဧကကို ပေါင် ၁၂၀ နဲ့ ရ ဧကနီးပါး ဝယ်လိုက်တယ်။ " မြေကွက်ရှင်ကို သူ့အိမ်မှာ မတွေ့ရတဲ့အကြောင်းကို စဉ်းစားကြည့်ပါ။ ကျွန်တော်နဲ့ မတွေ့ခင်၊ အိပ်မရတဲ့ညမှာ ဆုံးဖြတ်ထားဖို့ ဘုရားသခင် ကြိုစကားပြောတဲ့သဘောပဲ။ "
" အတင်းပူဆာတဲ့အတွက် "
" နိုဝင်ဘာ ၁၉၊ ၁၈၄၆။ -- ကျောင်းဆောင်ဆောက်နိုင်ဖို့ လိုတာတွေကို ဘုရားသခင်ထံ အတင်းအကြပ် ပူဆာဖို့ နိုးဆော်ခံရတယ်။ အကြောင်းက (၁) Wilson Street လမ်းထဲကလူတွေ အနှောက်အယှက်ဖြစ်နေလို့၊ ဖြစ်နိုင်ရင် မြန်မြန် ရွှေ့ချင်တယ်။
(၂) နေရာသစ်မှာ ကလေးတွေအတွက် ကျန်းမာရေးရော၊ ကိုယ်ကျင့်တရားပါ ပိုအကျိုးရှိမယ်လို့ မြင်လာတယ်။
(၃) ကျောင်းဝင်ခွင့်စောင့်နေတဲ့ ဆင်းဆင်းရဲရဲကလေးတွေ အများကြီးရှိနေသေးတယ်။ ပုံမှန် ထပ်လျှောက်နေကြတာပါ။ အလိုတော်ရှိရင် တရက်တောင် နောက်မကျဘဲ စ, ဆောက်လိုက်ချင်တယ်။ လိုတာတွေ အချိန်မှီ ဘုရားသခင်ပေးမယ်လို့ ယုံကြည်တယ်။ အတင်းပူဆာပြီး ဆုတောင်းနေဖို့တော့ ဘုရားသခင်နှစ်သက်တယ် ကျွန်တော်သိထားတယ်။ မတရားတဲ့ တရားသူကြီးနဲ့ မုဆိုးမလိုပေါ့။ - လုကာ ၁၈: ၁-၈ ။ ဒါကြောင့် ပြီးခဲ့တဲ့ညနေမှာ ထပ်ဆုတောင်းခဲ့တယ်။ အထက်ကအချက်တွေအပြင်၊ ပြီးခဲ့တဲ့လ ၂၉ ကတည်းက ငွေအဝင်နည်းနေတာလည်း ပါတယ်။ ဒီမနက် ၅ နာရီနဲ့ ၆ နာရီကြားမှာ ကျောင်းဆောင်အတွက် ဆုတောင်းပြီး ကျမ်းစာဖတ်တယ်။ ဖတ်ရင်း မာကု ၁၁: ၂၄ ရောက်လာတယ်။ " သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကိုရကြလိမ့်မည်။ " ဒီကျမ်းချက်ရဲ့ အရေးကြီးတဲ့ အချက်ကို နားလည်ရုံမက ပြောပြလည်း ပြောပြလေ့ရှိတယ်။ ဒါပေမယ့် ဒီမနက်တော့ ကျောင်းဆောင်သစ်အတွက် လက်တွေ့ ဆုတောင်းလိုက်တယ်။ " ပေးမယ်လို့ ယုံကြည်တယ် ကိုယ်တော်" လို့ပြောလိုက်တယ်။
ဒါနဲ့ စိတ်ငြိမ်သက်သွားတယ်။ တခန်းပြီး တခန်း ဆက်ဖတ်သွားတယ်။ မိသားစုနဲ့ ဆုတောင်း အပြီးမှာ ကျွန်တော်တယောက်တည်း ဆက်ဆုတောင်းတယ်။ အမှုတော်ထဲမှာ လိုသမျှ၊ လုပ်ဖေါ်ဆောင်ဖက်တွေ၊ ကျမ်းစာနဲ့ ဝေစာ ဝေငှဖို့တွေ၊ လူကြီးကျောင်း၊ Sunday Schools နဲ့ ၆ ရက်ကျောင်း၊ မိဘမဲ့ကျောင်းဆောင် ၄ ဆောင် အတွက် ဆုတောင်းတယ်။ ကျောင်းဆောင်အတွက် လိုတာတွေလည်း ထည့်ဆုတောင်းတယ်။ ဒူးထောက်ရာက ထပြီး ၅ မိနစ်လောက်အကြာမှာ မှတ်ပုံတင်စာတစောင် ရောက်လာတယ်။ ပေါင် ၃၀၀ တန် ချက်လက်မှတ်တစောင် ပါလာတယ်။ ပေါင် ၂၈၀ က ကျောင်းဆောင် အတွက်၊ ၁၀ က ကျွန််တော်သုံးဖို့၊ နောက် ၁၀ က ဆရာ Craik သုံးဖို့။ ဘုရားရဲ့ သန့်ရှင်းတဲ့နာမတော်ကို ချီးမွှမ်းပါတယ်။ ဘုရားသခင် အားပေးတဲ့အတွက် ဖြစ်တယ်။ ကျောင်းဆောင်အတွက် အလှူငွေက အခုဆိုရင် ပေါင်ငွေ ၆,၀၀၀ ကျော်နေပါပြီ။
ဂျော့ချ် မူးလာရဲ့ ပထမဆုံးကျောင်း
ဇန် ၂၅၊ ၁၈၄၇ ။ - - - နှစ်စမှာ ကျောင်းဆောင်လည်း စဆောက်ရတော့မယ်။ ဒါနဲ့ ကြိုးစား ဆုတောင်းတယ်။ ယုံကြည်ခြင်းကို စိတ်တော်နဲ့ တွေ့ဖို့ ပူဆာတယ်။ လိုတဲ့ ငွေ အရေအတွက်ကိုလည်း ပြောတယ်။ စ,ဖို့လိုတဲ့ အရာတွေ ပေးမှာပဲလို့ နီးလာလေလေ ခံစားမိလေလေပါပဲ။ ဘုရားသခင်ကို အခြေအတင်ပြောနေကြ စကားတွေနဲ့ ဒီမနက်လည်း ပြောပါတယ်။ ဒီကိစ္စအတွက် ဆုတောင်းတာ ၁၄ လနဲ့ ၃ ပတ်ရှိပြီ။ ဒူးထောက်ရာက ထတော့ စိတ်ချမှု အပြည့်ရှိတယ်။ ဘုရားသခင် တတ်နိုင်ရုံတင်မက၊ မကြာခင် ပေးလည်း ပေးတော့မှာ ဆိုတာ စိတ်ချနေတယ်။ ဒီ ၁၄ လနဲ့ ၃ ပတ်အတွင်း သံသယ နဲနဲမှ မဖြစ်ခဲ့ဘူး။ ကဲ - အတူ ဝမ်းသာ၊ ချီးမွမ်းတော့။ ဆုတောင်းပြီး တနာရီအကြာမှာ ကျောင်းဆောင်အတွက် ပေါင်ငွေ နှစ်ထောင် ရောက်လာတယ်။ စုစုပေါင်း ပေါင် ၉,၂၈၅ ကျော်ရပြီ။ ပျော်လိုက်တာ၊ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ကြုံဖူးမှ ခံစားဖူးမှာပါ။ ၄၄၇ ရက်၊ နေ့တိုင်း ဆုတောင်းခဲ့ရတာ။ အားကိုးရင်၊ သည်းခံစောင့်စားရင် ကောင်းကြီးပေးတယ်။ ဒီလို ဆုတောင်းလို့ ရတာနဲ့ကို ဘုရားအမှုတော်မှာ ပါဝင်ရတာ ထူးမြတ်လှတယ်။ ဒီလိုနဲ့ စုစုပေါင်း ပေါင် ၁၅,၇၈၄ ကျော်ရလာပြီ။
ကျောင်းဆောင် အမှတ် ၂ နဲ့ ၃
" မတ်လ ၁၂၊ ၁၈၆၂။ - - - ကျောင်းသား ၃၀၀ ကနေ၊ ၁,၀၀၀ အထိ တိုးချဲ့ဖို့ စိတ်ကူးရလာတာက နိုဝင်ဘာ၊ ၁၈၅၀ မှာပါ။ ဆုတောင်းနေတုန်း ခုနှစ်လလောက် လျှို့ဝှက်ထားရာကနေ၊ ဇွန်လ၊ ၁၈၅၁ မှာ အများသိကြတယ်။ နိုဝင်ဘာလကုန် ၁၈၅၀ ကနေ၊ ဒီနေ့ မတ်လ ၁၂၊ ၁၈၆၂ အထိ ဆုမတောင်းဘဲ တရက်မှ မနေဘူး။ တနေ့ တခါမက ဆုတောင်းခဲ့တယ်။ ဒါပေမယ့် အဖြေမရခင် အကြိမ် ထောင်၊ သောင်းချီပြီး ဆုတောင်းခဲ့ရတဲ့ ကျောင်းဆောင် အမှတ် ၃ ဟာ ရပါပြီ။ ၁၁ နှစ်ကြာ ဆုတောင်းခဲ့ရတယ်။
ကူညီမယ့်သူတွေအတွက် နေ့တိုင်း ၃ ကြိမ် ဆုတောင်းပေးခြင်း
" ကျောင်းဆောင် ၂ နဲ့ ၃ အတွက် ကူညီလုပ်ဆောင်မယ့်သူတွေ လိုတဲ့အတွက် နေ့တိုင်း ဆုတောင်းရတယ်။ ကျောင်းဆောင်အတွက် ကျောက်မြစ်မချခင်ကတည်းက ဆုတောင်းတယ်။ နေ့တိုင်း တောင်းတယ်။ စိတ်ချမှုလည်း ရလာတယ်။ လုပ်ငန်းအားလုံးကတော့ ဘုရားဘုန်းတော် ထင်ရှားဖို့ပဲ။ " နောက်ဆုံးတော့ ကျောင်းဖွင့်ဖို့လည်း နီးလာ၊ အလုပ််ဝင်ခွင့် လျှောက်လွှာတွေလည်း ၂ နှစ်စာလောက် စီစစ်စရာ ရှိနေတယ်။ နေရာမျိုးစုံအတွက် လျှောက်ကြတာ အယောက် ၅၀ လောက် ရှိတယ်။ တချို့နေရာတွေအတွက် လျှောက်တာတွေက အိမ်ထောင်ရှင်ဖြစ်တာ၊ တခြား အရည်အချင်းမပြည့်တာတွေကြောင့် မခန့်နိုင်ခဲ့ဘူး။ လုပ်ဆောင်မယ့်သူ လိုနေတုန်းပါပဲ။ ဒီအတွက်လည်း ဆုပဲတောင်းခဲ့တယ်။ ဘုရားသခင်က သစ္စာရှိသလား ? အားကိုးထိုက်ရဲ့လား ? ဆုတောင်းတာကော အကျိုးရှိသလား ? ရှိတာပေါ့။ ဘုရားသခင်က လုပ်ငန်းတိုးချဲ့ဖို့ မ,စခဲ့သလို၊ အခက်အခဲတွေလည်း အများကြီး၊ အများကြီး ကျော်လွှားနိုင်ဖို့ မ,စတော်မူတယ်။ အမှတ် ၂ ကျောင်းအတွက် လုပ်ဖေါ်ဆောင်ဖက်တွေ ပြင်ဆင်ပေးတယ်။ ကျေးဇူးတော် ချီးမွှမ်းစရာပါ။
ဘုရားသခင်ကို အားမကိုးဘဲနေမယ့်အစား အဖြေမရသေးတာဟာ ယုံကြည်ခြင်းကို စစ်ကြောနေတာလို့ မြင်တယ်။ ဒါ ကြောင့် ဇနီးသည်နဲ့အတူ နှစ်ပေါင်းများစွာ တနေ့တကြိမ် ဆုတောင်းရာကနေ၊ တနေ့ ၃ ကြိမ် ဆုတောင်းတယ်။ လုပ်ဖေါ်ဆောင်ဖက်တွေကိုလည်း ပြောပြပြီး အတူဆုတောင်းကြတယ်။ ဆက်ဆုတောင်းလာတာ ၄ လ လောက်ရှိပြီ။ လုပ်ဆောင်မယ့်သူတွေ တယောက်ပြီး၊ တယောက် ဘုရားပေးလာတယ်။ လုပ်ဆောင်မယ့်သူတွေ နောက်ကျနေရင်တော့ လုပ်ငန်းခွင်မှာ စိတ်ရှုပ်စရာတွေ ဖြစ်နေမယ်။ ကလေးကျောင်းအပ်လက်ခံရာမှာ နှောင့်နှေး ကြန့်ကြာနေမယ်။ တကယ် လိုတဲ့အခါ ဘုရားပေးပါတယ်။ "
အခက်အခဲတွေကို သည်းခံ ဆုတောင်းခြင်းနဲ့ ဖြေရှင်းခဲ့တယ်။
ဂျော့ချ် မူးလာ က ပေါင်ငွေ ၅ ထောင်ရပြီးတဲ့အခါ အမှတ် ၄ နဲ့ အမှတ် ၅ ကျောင်းတွေအတွက် မြေကွက် ဝယ်ခဲ့တဲ့အကြောင်း ဆက်ပြောပြတယ်။
" မေ ၂၆၊ ၁၈၆၄ နေ့ကစပြီး ဝင်လာသမျှ အလှူငွေဟာ ပေါင်ငွေ ၂၇,၀၀၀ ကျော်ရှိတယ်။ ဘုရားရဲ့အချိန်ကို သည်းခံ စောင့်နေတယ်။ ကျောင်းဆောင် ၂ ခုအတွက် လိုတဲ့ငွေ တဝက် မရ၊ မချင်း ဘာမှမလုပ်ဖူးလို့ ဆုံးဖြတ်ထားတယ်။ အခုတော့ တဝက်မကတော့ပဲ၊ ပေါင် ၂,၀၀၀ တောင်ကျော်လာပြီ။ ဆုတောင်း အဖြေရှာပြီး၊ မြေကွက်ဝယ်ရာမှာ အတော် ပျော်ရွှင် ကြည်နူးရတယ်။
"ကျောင်းဆောင်အမှတ် ၃ နဲ့ လမ်းပဲခြားတဲ့ မြေကွက်ကို ကျွန်တော် မျက်စိကျနေတာ ကြာပါပြီ။ အဲဒီ မြေကွက်က ၁၈ ဧကလောက် ကျယ်တယ်။ အိမ်ကလေး တလုံးနဲ့ တဖက်ရပ် အဖီလေး ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ အကြိမ် ရာချီပြီး ဆုတောင်းခဲ့တယ်။ အဲဒီမြေကွက်မှာ ကျောင်းဆောင် ၂ ဆောင် ဆောက်ချင်တယ်။ သခင်ယေရှု အကျိုးအတွက် ပေးတော်မူပါ လို့ ဆုတောင်းခဲ့တယ်။ အကြိမ် ရာနဲ့ချီ ဆုတောင်းရင်း အဲဒီမြေကွက်ကို မျှော်ကြည့်နေခဲ့တယ်။ ဝယ်ဖို့ငွေလည်း ရှိလာတယ်။ ဒါပေမယ့် အလိုတော်ဝန်ခံပြီး ဘုရားအချိန်ကို ရှင်းရှင်းလင်းလင်း သိရဖို့ သည်းခံစောင့်နေခဲ့တယ်။ အလိုတော်နဲ့အညီပဲ လုပ်ဆောင်တယ်။ ဒီကျောင်းက ကျွန်တော့် ကျောင်းဆိုရင်၊ သခင်ဘုရားရဲ့ ကျောင်းမဟုတ်ဘူး။ ဒါဆိုရင် ကောင်းကြီး မြော်လင့်စရာလည်း မလိုဘူး။ ဒါပေမယ့် သခင်ဘုရားက ရှင်းရှင်းလင်းလင်း၊ ထူးထူးခြားခြား ဖေါ်ပြလာတယ်။ မြေကွက် ဝယ်ဖို့နဲ့ ကျောင်းတဆောင် ဆောက်ဖို့ ငွေလည်း ရှိလာပြီ။ လမ်းပြတော်မူဖို့ ဆုတောင်းရင်း၊ ဆက်လုပ်ရမှာကို အလိုတော်ရှိတာ သေချာမှ ဆက်လုပ်တယ်။ ပထမဦးဆုံး လုပ်ရတာက မြေရှင်ဖက်က အကျိုးဆောင်မယ့်သူကို ရှာရတယ်။ မြေကွက် ရောင်းမှာလား မေးရမယ်။ ရောင်းမယ်၊ ဒါပေမယ့် မတ်လ ၂၅၊ ၁၈၆၇ အထိ နေဦးမယ် လို့ ဆိုတယ်။ စျေးကိုတော့ စာရေးပြောပြမယ်။ ခက်တာက မြေကွက်ကို ၂ နှစ်နဲ့ ၄ လ ကြာအောင် နေဦးမှာ ဖြစ်တယ်။ ၆ လအတွင်း ဝယ်ပြီး၊ ကျောင်းဆောက်ဖို့ လိုမယ်။ ဒီ့အတွက်တော့ စိတ်မပျက်ဘူး။ သူ့ကို အချိန်မတိုင်ခင် ရွှေ့ပေးရတဲ့အတွက် နစ်နာကြေး ပေးရမယ်။ ဒါပေမယ့် ပိုင်ရှင်က ပေါင်ငွေ ရ,၀၀၀ ဆိုတယ်။ ဒါက နဲနဲများတယ်။ Bristol Waterworks ကုမ္ပဏီကလည်း ဒီမြေကွက်ကို ရေသိုလှောင်ကန် အဖြစ် သုံးဖို့ ဝယ်ချင်နေတယ်။ ပါလီမန်မှာ ဆောက်ခွင့်တောင်းနေတယ်။
" ကဲ၊ ဘုရားသခင်က ငွေကြေး၊ ဘယ်လိုပြင်ဆင်ပေးသလဲ ကြည့်ရအောင်။ ဆက်လုပ်ခွင့် ပေးတော်မူတယ်လို့ ထင်တာကြောင့်၊ ဆုလည်း အကြိမ် ထောင်ချီတောင်းထားတာကြောင့်၊ ရာချီတဲ့ ကျောင်းသားတွေလည်း ကျောင်းဝင်ခွင့် စောင့်နေကြတာကြောင့်၊ ဘုရားသခင်ကလည်း ပေါင်ငွေ ၅,၀၀၀ ကို ပြင်ဆင်ပေးတာတွေကြောင့်ပါ။ တကယ်တော့ အခက်အခဲတွေ ကြန့်ကြာနေတာဟာ ယုံကြည်ခြင်းနဲ့ သည်းခံခြင်းကို လေ့ကျင့်ပေးတာပါ။ ပိုဆုတောင်း၊ ပိုသည်းခံဖို့ ဖြစ်တယ်။ မအောင်မြင်၊ မကျော်လွှားနိုင်လောက်တဲ့ အခက်အခဲတွေ မဟုတ်ဘူး။ ကျမ်းစာတချက်ကို ကျွန်တော်ယုံတယ်။ " ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသောသူတို့၏ ခိုလှုံရာ၊ ဘေးအန္တာရာယ်ရောက်သည့်ကာလ ခိုလှုံရာ ဖြစ်တော်မူ၏။ - နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား၊ အို ထာဝရဘုရား၊ ကိုယ်တော်ကို ရှာသောသူတို့ကို စွန့်ပစ်တော်မမူတတ်ပါ။ " ( ဆာလံ ၉: ၉-၁၀ ) မြေကွက်ရဖို့ အခက်အခဲ ၃ ခုရှိတာကြောင့် ကြိုးစား ဆုတောင်းနေခဲ့တယ်။ နေ့တိုင်း အကြိမ်များစွာ ဆုတောင်းတယ်။ အခုလို ဖြေရှင်းခဲ့တယ်။
၁။ Bristol Waterworks ကုမ္ပဏီကလည်း ဒီမြေကွက်ကို ရေသိုလှောင်ကန်အဖြစ် သုံးဖို့ ဝယ်ချင်နေတော့ မေးကြည့်တဲ့အခါ၊ သူတို့ လိုချင်တာက တစိတ်တပိုင်းပဲ၊ အကုန်လုံး မဟုတ်ဘူး လို့ အကြောင်းပြန်တယ်။ ဒီ တစိတ်တပိုင်းကိုလည်း မဝယ်ဘဲ၊ ရှောင်ပေးရင်လည်း ရပါတယ်လို့ ဆိုတယ်။
၂။ ဒါပြီးတော့၊ ပိုင်ရှင်ကို ခရစ်ယာန်တယောက်အနေနဲ့ ရင်းရင်းနှီးနှီး သွားတွေ့သင့်တယ်လို့ ထင်တယ်။ စ,တွေ့ကြတော့ ကျွန်တော် အစီအစဉ်ကို ပြောပြတယ်။ သူက စဉ်းစားပါဦးမယ်။ နောက်တပတ်မှာ ထပ်တွေ့ပြန်တယ်။ ဒီလို အစီအစဉ်ရှိတယ်ဆိုရင် မငြင်းချင်ပါဘူး။ ဒါပေမယ့် အချိန်မတိုင်ခင် ရွှေ့ပေးရတဲ့အတွက် နစ်နာကြေး ပေးစေချင်ပါတယ်။ ကျွန်တော်ကလည်း ပေးချင်ပါတယ်။ ဒါဟာ ဆုတောင်းခြင်းရဲ့ အဖြေပဲ လို့ ယုံကြည်တယ်။
၃။ တတိယ အခက်အခဲက စျေးနှုန်းပါ။ ဘယ်လောက်ပဲ တန်တယ်ဆိုတာ သိထားတော့ ပေါက်စျေး မဟုတ်တာ သိနေတယ်။ နေ့တိုင်း ဆုတောင်းပြန်တယ်။ နဲနဲလျှော့ဖို့ပါ။ ဘာဖြစ်လို့ အဲဒီလောက် မတန်တာကိုလည်း ပြောပြတယ်။ ပိုင်ရှင်က ပေါင်ငွေ ရ,၀၀၀ အစား၊ ပေါင် ၅,၅၀၀ နဲ့ ပေးလာတယ်။ စျေးတည့်သွားတယ်။ ဒီမြေကွက်မှာ ကျောင်းဆောင် ၂ ဆောင် ဆောက်လို့ ရနိုင်တယ်။ ပြီးတော့ လယ်ကွင်းတွေနီးတဲ့ အကောက်ဂိတ်နားက ဖြတ်သွားတဲ့ မြေအောက် ရေပိုက်လိုင်းသစ်ကလည်း ပြီးခဲ့တဲ့ လအနဲငယ်ကပဲ ပြီးသွားတာဆိုတော့ အကျိုးရှိမှာ သေချာတယ်။ ဒီနှစ်ချက်အပြင် Bristol က gas လည်း အရင်ကျောင်း ၃ ဆောင်လို ရနိုင်တယ်။ ပြီးတော့ အရေးအကြီးဆုံးအချက်က အရင်ကျောင်းဆောင်တွေနဲ့ နီးတော့ တနေရာထဲက ထိန်းသိမ်းအုပ်ချုပ်ရတာ အဆင်ပြေတယ်။ တကယ်တော့ တခြား နီးနီးဝေးဝေး ဘယ်မြေကွက်မဆို ဒီမြေကွက်လောက် အများကြီး အဆင်မပြေနိုင်ဘူး။ တကယ် ဘုရားမ,တာပါ။ ကျောင်းဆောင်တွေ ဆောက်ပြီးတာနဲ့ အရင် ကျောင်းဆောင် ၁၊ ၂၊ ၃ ရဲ့ ထိန်းသိမ်းရေးအဖွဲ့လက်ကို လွှဲပြောင်း ပေးလိုက်တယ်။ အခက်အခဲကြောင့် စိတ်ညစ်နေတဲ့ စာဖတ်သူတွေ ခွန်အားရစေဖို့ ဒီစာကို ချက်ချင်းပဲ ရေးလိုက်တယ်။ ပြဿနာက ကြီးကြီးသေးသေးပါ၊ ဘုရားကို အားကိုးပြီး ဆုတောင်းပါ၊ အချိန်ကျရင် ဘုရားသခင်က သူ့နည်းနဲ့သူ မ,စမှာ သေချာတယ်။ "
ကျောင်းဆောင်အမှတ် ၄ နဲ ၅
" မတ်လ ၅၊ ၁၈၄၇။ - - - ၄ နဲ့ ၅ နှစ်ဆောင်လုံး ဖွင်ခဲ့တာ ကြာပါပြီ။ အဆောင် ၄ ကို နိုဝင်ဘာ၊ ၁၈၈ ကတည်းက ဖွင့်ပြီး၊ အဆောင် ၅ ကို ၁၈၇၀ နှစ်စကတည်းက ဖွင့်တယ်။ ကလေး ၁,၂၀၀ ကျော် ရှိတယ်။ မိဘမဲ့ ကလေးတွေက အလုပ်သင်၊ ဒါမှမဟုတ် အစေခံဘဝကနေ ပို့လွှတ်နေကြတော့ လတိုင်းလိုလို ကျောင်းသားသစ် တိုးတယ်။ ကျောင်းဆောက်တာ၊ မွမ်းမံတာ၊ ကျောင်းသုံးပရိဘောဂ ထည့်တာတွေပြီးတော့ ပေါင်ငွေ ထောင်ချီပြီး ကျန်သေးတယ်။ ဒါက ပြုပြင်စရိတ်ပေါ့။ ကဲ- ဆုတောင်းတာကို ဘုရားသခင် သိပ်အဖြေပေးတယ်နော်၊ သိပ်ရှင်းပါတယ်။ မမှားပါဘူး။ သည်းခံ၊ ဆုတောင်းပြီး အလိုတော် ရှာတဲ့အခါမှာပေါ့။ အားယူပါ၊ အသက်ရှင်တဲ့ဘုရားကို တိုး၊ တိုး ယုံကြည် အားကိုးပါ။ " ။ ။
Tuesday, May 18, 2010
ဆုတောင်းလို့ရတဲ့ အဖြေများ - အပိုင်း ၁
Answers to Prayer , by George Müller, Edited
ဂျော့ချ် မူးလာ
၁။ စိတ်နှလုံးထဲမှာ ကိုယ်အလိုကို လုံးဝ နေရာမပေးပါနဲ့။ အခက်အခဲအားလုံးရဲ့ ၁၀ ပုံ၊ ၉ပုံ ဟာ ဒီအချက်ပေါ်မှာ မူတည်တယ်။ အလိုတော်အတိုင်းလုပ်ဆောင်မည်ဆိုရင် အောင်မြင်နိုင်တယ်။ အလိုတော်ကိုသိလာဖို့် လမ်းစလည်း ဖြစ်တယ်။
၂။ ပြီးရင် စိတ်ခံစားချက်တွေကို ဦးစားမပေးပါနဲ့။ ပေးရင် မှားပြီမှတ်။
၃။ ဝိညာဉ်တော်ရဲ့အလိုတော်ကိုရှာစဉ်မှာ၊ နှုတ််ကပတ်တော်အားဖြင့် ရှာပါ။ ဒီနှစ်ခုကတွဲထားရမယ်။ ကျမ်းစာမပါဘဲ၊ ဝိညာဉ်တော်ကိုရှာရင် လွဲတော့မယ်ဆိုတာ သတိရပါ။ ဝိညာဉ်တော်က ကျမ်းစာနဲ့ ဆန့်ကျင်လေ့မရှိဘူး။
၄။ အရိပ်အခြေကို ကြည့်ရမယ်။ ဝိညာဉ်တော်နဲ့ကျမ်းစာကို ဆက်စပ်ပြီး အလိုတော်ကို ဖေါ်ပြလေ့ရှိတယ်။
၅။ အလိုတော်ကို ဖေါ်ပြဖို့ ဆုတောင်းပါ။
၆။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းနဲ့ အရိပ်အခြေကြည့်ခြင်းအားဖြင့် တတ်နိုင်သလောက် အကောင်းဆုံး ဆုံးဖြတ်ချက်ချပါ။ စိတ်ငြိမ်သက်ခြင်းရလာရင်၊ နှစ်ခု၊ သုံးခုလောက် ဆက် ဆုတောင်းပါ။ အရေကြီးတာရော၊ အရေးမကြီးတာတွေ အတွက်ပါ၊ ဒီနည်းဟာ အမြဲတမ်း ထိရောက်ပါတယ်။
ဂျော့ချ် မူးလာ GEORGE MÜLLER.
ဆုတောင်းလို့ရတဲ့ အဖြေများ
အခန်း ၁
မိဘမဲ့ကျောင်းရဲ့ အစပိုင်းနေ့ရက်များ
"အရည်ကျို၍ စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သောရွှေကို စစ်ကြော စုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ အချီးအမွှမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလို့ငှါ ဖြစ်မည်အကြောင်း၊ --" ၁ပေ ၁: ရဒီနေ့ခေတ်အတွက် ဆုတောင်းခြင်းအဖြေအဖြစ်နဲ့ ကြီးမားတဲ့သက်သေတွေလို နှစ်ပေါင်းများစွာ တိုင်အောင် စိုက်ထူထားနိုင်ခဲ့တဲ့ Bristol မြို့ Ashley Down မှ ဂျော့ချ်မူးလာက " တခါတရံမှာ ဘုရားသားသမီး တချို့ဟာ အသက်ကြီးလို့၊ အလုပ်မလုပ်နိုင်တော့လို့ ဆိုပြီး ကြောက်စိတ်ရဲ့ ဆွဲချမှုကို ခံနေရတာကို တွေ့ရတယ်။ ခေတ်ချင်း မတူတော့ဘူးလို့ ပြောတတ်ကြတယ်။ ဒါဟာ ဘုရားသခင်ကို အသက်ရှင်တဲ့ ဘုရားလို့ မထင်မှတ်သလို ဖြစ်နေတယ်။ ယုံကြည် အားကိုးသူတွေကို ဒီနေ့ခေတ်မှာလည်း ပစ်မထားတဲ့အကြောင်း ကျွန်တော် လက်တွေ့ ပြချင်လာတယ်။
" စီးပွါးရေးသမားတွေကလည်း စီးပွါးရေးလုပ်ရင်း အပြစ်ကို စိတ်မလုံတော့ လောကီသားလို ဖြစ်လာတယ်။ အပြိုင်အဆိုင်လုပ်ရ၊ ကြပ်တည်းတဲ့ကာလနဲ့ ကြုံရ၊ လူဦးရေ တိုးပွါးနေတာကြောင့် ကျမ်းစာအတိုင်းသွားလို့ မဖြစ်ဘူးလို့ ဆင်ခြေအဖြစ် ပေးတတ်ကြတယ်။ ဘုရားသခင် မပြောင်းလဲဘူး ဆိုတာ သူတို့ မြင်နိုင်တဲ့သက်သေတခု ပြချင်လာတယ်။
" နောက်တမျိုးကတော့ ပညာတတ်တွေ။ သူတို့တွေအားလုံးကို ကျမ်းစာထဲကအကြောင်းတွေ ပြောပြရုံမျိုး မဟုတ်ဘဲ၊ ဒီနေ့ခေတ်မှာကို လက်တွေ့ပြချင်တာပါ။ ကျမ်းစာဟာ ကျွန်တော်အတွက် လုံလောက်ပေမယ့်၊ သူတို့ရဲ့ယုံကြည်ခြင်းကို ထောက်မဖို့ လက်တချောင်း ငှါးချင်လာတယ်။ ဘုရားသခင်က A. H. Franke အပေါ် ပြုခဲ့တာတွေ သတိရလာတယ်။ ဘုရားကိုပဲ အားကိုးတယ်။ မိဘမဲ့ကလေးကျောင်း အကြီးကြီး ထောင်တယ်။ သူ့လိုပဲ လူ့မျက်စိနဲ့ မြင်နိုင်တဲ့ မိဘမဲ့ကလေးကျောင်း ထောင်ချင်လာတယ်။ ဘယ်လူတဦးတယောက်ကိုမှ မတောင်းဆိုပဲ၊ ယုံကြည်ခြင်း၊ ဆုတောင်းခြင်းနဲ့ပဲ ကျောင်းထောင်ပြီး၊ သယ်ပိုးချင်လာတယ်။ လက်တွေ့ မြင်ရစေချင်တာကြောင့် ကျောင်းထောင်ချင်တာပါ။ ဆင်းရဲတဲ့ကလေးတွေကို ပြုစုရာမှာ ဘုရားသခင် အသုံးပြုခံချင်သလို၊ ဘုရားကြောက်တတ်အောင်လည်း သင်ပေးချင်စိတ်လည်း ရှိတယ်။ ဒါပေမယ့် အဓိကကတော့ ဘုရားသခင် သစ္စာရှိမြဲ၊ ဆုတောင်းတာကို နားထောင်နေမြဲ ဆိုတာကို လူတွေသိစေ၊ မြင်စေချင်တာပါ။ ကျောင်းအကြောင်းဖတ်ရလို့ အပြစ်သားတွေ နောင်တရ ပြောင်းလဲကြသလို၊ ယုံကြည်သူတွေလည်း တိုးတက်လာာကတာကို ၁၈၃၅၊ နိုဝင်ဘာလကတည်းက ဘုရားသခင် သက်သေထူတော်မူတယ်။ ဒီအတွက် ဘုရားဘုန်းတော် ထင်ရှားရုံမျှမက၊ ဘုရားသခင်ကို မြင်လာစေနိုင်အောင် ကျွန်တော်ကို မစတဲ့အတွက် ကျေးဇူးတော် ချီးမွှမ်းတယ်။
"သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။"
ဇန်နဝါရီ ၁၆၊ ၁၈၃၆ မှတ်တမ်းအရ-မိဘမဲ့ကျောင်းဖွင့်ခါစ ၂ ပတ်အတွင်းမှာပဲ စိတ်ကူးက ဘုရားသခင်ကြောင့်ဆိုရင် တည်ပါစေ၊ မဟုတ်ရင် ပယ်ပါစေလို့ ဆုတောင်းတယ်။ မိဘမဲ့ကလေးတွေအတွက် နေစရာ၊ ကျမ်းစာ သင်ပေးဖို့တွေ လိုတာမှန်ပေမယ့် ကိုယ့်ကို အဲဒီနေရာမှာ တကယ်သုံးဖို့ အလိုတော်ရှိသလား သိချင်လာတယ်။ အလိုတော်ရှိရင်တော့ လုပ်ဆောင်သူရော၊ လိုတဲ့ပစ္စည်းတွေပါ ပေးသနားမှာပဲလို့ ဖြေသာစရာကတော့ ရှိပါတယ်။ ကိုယ်က ဒီအကြောင်း စဉ်းစားလေ့လာဖို့ပဲ။ ပထမနှစ်ပတ်အတွင်း ငွေရော၊ လက်တွဲလုပ်မဲ့သူပါ မတောင်းသေးဘူး။
ဒီဇင်ဘာ ၅ မှာ ဆုတောင်းချက်က ချက်ချင်းပြောင်းသွားတယ်။ ဆာလံ ၈၁ ကို ဖတ်မိတယ်။ အငယ် ၁၀ ကို ထိထိတွေ့တွေ့ဖြစ်သွားတယ်။ "သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့၊ ဝပြောစွာကျွေးမည်။" ဒီကျမ်းချက်က ကျောင်းဖွင့်၊ မဖွင့်၊ အလိုတော်သိရုံပဲ တောင်းပြီး၊ တခြားဘာမှ မတောင်းရသေးတဲ့အဖြစ်ကို မြင်လာစေတယ်။ အလိုတော်တော့ တောင်းခံတယ်၊ အချိန်အကန့်အသတ်မပါပဲတောင်းခဲ့မိတာပါ။ အိမ်တလုံး၊ ငွေ £1000 နဲ့ လုပ်ဆောင်မဲ့ လူတွေ တောင်းတယ်။ အိမ်အသုံးအဆောင်တွေနဲ့၊ ကလေးအဝတ်အထည်တွေရဖို့ ယုံကြည်သူတွေကို နှိုးဆော်ဖို့ ဆက်ဆုတောင်းတယ်။ အသိမိတ်ဆွေတွေထံက ရဖို့ မြော်လင့်မထားဘူး။
ဒီဇင်ဘာ ၁၀၊ ၁၈၃၅ - မှာရေးထားတာက-
ဒီမနက် စာတစောင်ရတယ်။ အဲဒီ အကိုနဲ့ အမက "မိဘမဲ့ကျောင်းမှာ ပါဝင်ပါရစေ၊ အရည်အချင်း ကိုက်ညီလို့ ခွင့်ပြုမယ်ဆိုရင်၊ အိမ်အသုံးအဆောင်တွေလည်း လှူချင်ပါတယ်။ လစာမယူပါဘူး။ ပါဝင်လုပ်ဆောင်ဖို့ အလိုတော်ရှိရင်၊ ကျွန်တော်တို့ကို ဘုရားကျွေးမှာပါ။"
ဒီဇင်ဘာ ၁၃-
" ညီအကိုတယောက်က အပတ်စဉ် (သို့မဟုတ်) နှစ်စဉ် ပေးလှူမယ်လို့ ပြောလာတယ်။ - " ဒီနေ့ အဲဒီ အကိုနဲ့ အမ - မိဘမဲ့ကျောင်းမှာ ပါဝင်လာပြီ။ အိမ်အသုံးအဆောင် ရှိသမျှ လာပေးတယ်။"
စိတ်အားတက်စရာ အဖြစ်အပျက်
ဒီဇင်ဘာ ၁၇-- ညဖက်ကနေ၊ မနက်အထိ စိတ်ဓါတ်ကျနေတယ်။ ဘယ်လိုလုပ်ရပါ့မလဲ၊ ခွန်အားပေးဖို့ ဆုတောင်းတယ်။ မကြာဘူး၊ ညီအကိုတယောက်က အဝတ်အထည် နှစ်အုပ်၊ ပိတ်အုပ် ၄ အုပ်၊ အခင်းတွေ ယူလာတယ်။ ညနေဖက်မှာ တခြား ညီအကိုတယောက်က အဝတ်အထည်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ ယူလာတယ်။ တချိန်တည်းမှာပဲ တယောက်သော သူရဲ့ စိတ်ထဲမှာ မနက်ဖန် £100 ပေးလှူဖို့ နှိုးဆော်ခံထားရတယ် လို့ ပြောသွားတယ်။ပေါင်ငွေ ၁၀၀၀
ဇွန် ၁၅၊ ၁၈၃၇-- "ဒီနေ့ ပေါင်ငွေ ၁၀၀၀ အတွက် တခါထပ် ကြိုးစား ဆုတောင်းတယ်။ ဒီညနေ ၅ ပေါင် စရလိုက်တာ လိုတဲ့ငွေ အကုန်ပြည့်သွားတဲ့အထိပဲ။ ငွေအားလုံး၊ အဝတ်အထည်အားလုံးနဲ့ အသုံးအဆောင်အားလုံးဟာ လူတဦးတယောက်ကို ဘာတခုမှ မတောင်းပဲရတာပါ။"ကျောင်းမှာလာနေမယ့် မိဘမဲ့ကလေးတွေ
တတိယအချက်အနေနဲ့ ခိုကိုးရာမဲ့ကလေးတွေအတွက် မိဘမဲ့ကျောင်းဖွင့်ပြီလို့ ကြေငြာဖို့ မေလမှာ သတင်းစာထဲ ထည့်တယ်။၁၈၊ ၁၈၃၆ မှာ ရေးထားတာက ---
" ကျောင်းသာ ထောင်မယ်၊ ကလေးတွေ ရောက်လာဖို့ တခါမှ ဆုတောင်းမိဘူး၊ အများကြီး ရောက်လာကြမှာပါ လို့ ထင်ထားတယ်။ ဖွင့်ရက်နီးလာပေမယ့် ကလေးတယောက်မှ ရောက်မလာဘူး။ ကိုယ့်အထင်ကို ဘုရားသခင် စိတ်ပျက်စေပြီ၊ ဘုရားမပါ ဘာမှ မရနိုင်ဘူးဆိုတာ ပြနေပြီ။ အချိန်ကျပေမယ့် ကလေး တယောက်မှ ရောက်မလာဘူး။ ဒီ့အရင်မှာ ဘုရားစိတ်တော်နဲ့ မဆန့်ကျင်ဖို့ အခါခါ ကြိုးစားခဲ့တယ်။ နှိမ့်ချစွာ ပြပ်ဝပ်ဖို့ သွန်သင်နေတာပါ။ ဖေဖေါ်ဝါရီ ၃ မှာ တညနေလုံး ကိုယ့်စိတ်ရင်းကို ပြန်စစ်ကြည့်မိတယ်။ ပထမက ဘုရားဘုန်းတော်ထင်ရှားဖို့၊ ဒုတိယက မိဘမဲ့ကလေးတွေရဲ့ ဝိညာဉ်ရေး၊ တတိယက ကျန်းမာရေး။ ကျောင်းသား လာအပ်ဖို့ စိတ်ပါလက်ပါ ဆုတောင်းတယ်။ စိတ်အေးသွားတယ်။ နောက်တနေ ဖေဖေါ်ဝါရီ ၄ မှာပဲ ပထမဆုံး ကျောင်းသား လာလျှောက်တယ်၊ အဲဒီကနေ ၄၂ ယောက်အထိပါပဲ။ "
ဒီနေ့ အတွက်သာ
နောက်တော့ ကျောင်းသား ၁၀၀ နီးပါး ရောက်လာတယ်။ ငွေကလည်း ပေါင် ၂၀ အထိ လျှော့ကျလာတယ်။ဆရာမူးလာ ရေးထားတာက--
" ဇွန်လိုင် ၂၂ ( ၁၈၃၈ ) -- - ဒီညနေ ပန်းခြံလေးထဲ လမ်းလျှောက်ရင်း၊ ဟေဗြဲ ၁၃: ၈ ၊ "ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲ နေတော်မူ၏။" မပြောင်းမလဲတဲ့ မေတ္တာတော်၊ တန်ခိုးတော်၊ ပညာတော် ---- စတာတွေကို စဉ်းစားဆင်ခြင်ရင်း ကိုယ့်ဝိညာဉ်ရေးနဲ့ လက်ရှိ တွေ့ကြုံနေရတာတွေကို ဆုတောင်းမိတယ်။
ကျောင်းအတွက် လိုတာတွေကို ချက်ချင်း စဉ်းစားမိလာတယ်။ သခင်ယေရှုက အခုကျောင်းမှာ လိုနေတာတွေကို မေတ္တာတော်၊ တန်ခိုးတော်နဲ့ မစပြီးပြီ။ နောင်လိုမယ့် အရာတွေလည်း ဖြည့်ဆည်းပေးဦးမှာပဲ လို့ ပြောဖို့ ချက်ချင်းစိတ်မှာ ပေါ်လာတယ်။ မပြောင်းလဲတဲ့ဘုရားသခင်ရဲ့ သဘောထားကို သိလာတဲ့အခါ အတော်ပျော်မိတယ်။ တမိနစ်အကြာမှာ စာတစောင်နဲ့ အတူ ပေါင်ငွေ ၂၀ ရောက်လာတယ်။ ရေးထားတာက " ဒီငွေကို ကျမ်းစာလေ့လာကြရာမှာ ဖြစ်ဖြစ်၊ ကျောင်းဆောက်ရာမှာ ဖြစ်ဖြစ်၊ ဆုတောင်းရာမှာ ဘုရားသခင်လမ်းပြသလို ဖြစ်ဖြစ် သုံးပေးပါ။ မများပေမယ့် ဒီနေ့အတွက် လတ်တလော သုံးဖို့် လုံလောက်မှာပါ။ မနက်ဖန်မှာလည်း လိုသလောက် မစတော်မူမှာပါ။ -- စသည်ဖြင့် --- " ပါတယ်။
ကူညီမစမှုကို စောင့်မျှော်နေခြင်း
" နိုဝင်ဘာ ၂၁- ၁၈၃၈ -- ဒီနေ့လောက် ပိုက်ဆံပြတ်တဲ့နေ့ မရှိ၊ ကျောင်းဆောင် ၃ ဆောင်လုံးရဲ့ ဆရာမကြီးတွေရဲ့ လက်ထဲမှာ တပြားမှ မရှိ။ ဒါပေမယ့် ညစာကတော့ ကောင်းပါတယ်။ ဒီနေ့ပြီးရင်တော့ ဘယ်အဆောင်မှာမှ မရှိတော့ဘူး။ တနာရီ အချိန် ဆုတောင်းအပြီးမှာ မ,စမှုကို စောင့်ကြည့်ကြမယ်။ မစတော်မူမှာပါ၊ ဒါပေမယ့် ကြပ်တာကတော့ အမှန်ပေါ့။ ပြန်လာချိန်မှာ အေးတော့ လေ့ကျင့်ခန်းလုပ်ဖို့ လိုမယ်ဆိုပြီး အနီးဆုံးလမ်းကနေ အိမ်မပြန်ပဲ၊ ကွေ့ပတ်ပြန်တယ်။ အိမ်နားအရောက် ကိုက် ၂၀ အကွာမှာ နောက်ကနေ လမ်းလျှောက်လာတဲ့ လူတယောက်နဲ့ တွေ့တယ်။ စကားနဲနဲပြောပြီး ၁၀ပေါင် ပေးတယ်။ တမိနစ်လောက် နောက်ကျရင် သူနဲ့ လမ်းမှာ လွဲသွားနိုင်တယ်။ လိုနေတာ ဘုရားသခင်သိတယ်။ ဒါကြောင့် ဆုံတွေ့စေတာ ဖြစ်တယ်။စိတ်ပျက်ခြင်းတို့ ကင်းဝေးရာ
" စက်တင်ဘာ ၂၁- (၁၈၄၀)၊ တနင်္လာ၊ လက်ထဲမှာ ရှိတာလေးရယ်၊ မနေ့က ရောက်လာတာလေးရယ် ဆိုရင် ဒီနေ့စာထက် ပိုနေတယ်။ မနက်ဖန်အတွက်လည်း လောက်တယ်။ ဒီနေ့ ညီအကိုတယောက်က အလိုအပ်ဆုံးနေရာတွေမှာ သုံးဖို့ ၁၀ပေါင် ပေးတယ်။ ကျောင်းအတွက် ဆုတောင်းနေတာ ကြာပြီ။ ကျမ်းစာအုပ်တွေ၊ သာသနာပြုဖို့ အလှူငွေတွေ အတွက် ထည့်လိုက်တယ်။ သူက ဒီမြို့ကို ရောက်ခါစ သုံးရက်ပဲ ရှိသေးတော့ ကျောင်းအကြောင်း ဘာမှ မသိဘူး။ ဘုရားကို အားကိုးရင် စိတ်ရှုပ်စရာမရှိဘူး။ ပေးလှူဖူးသူတချို့ ခရစ်တော်၌ အိပ်ပျော်ပြီ။ တချို့ အမှုတော်မှာ စိတ်မပါတော့ဘူး။ တချို့ ကူညီဖို့ စိတ်ပါနေဆဲပဲ။ ဒါပေမယ့် ကူညီဖို့ မတတ်နိုင်။ တချို့တော့ ကူလည်းကူချင်၊ တတ်လည်းတတ်နိုင်တယ်။ ကူစရာလည်း ရှိ။ ဒါပေမယ့် ဘုရားနှိူးဆော်မှ ရတာ။ လူကိုအားရင် စိတ်ရှုပ်လာမှာ သေချာတယ်။ ဘုရားကို အားကိုးရင်တော့ စိတ်ရှုပ်ဖို့ မလိုဘူး။ ဘုရားသခင်နဲ့ အတူရပ်တည်ရင်၊ ကောင်းတဲ့အရာတွေ မစတော်မူမှာပါ။ဆိုးတဲ့ အပြစ်သားတယောက်ရဲ့ ပြောင်းလဲခြင်း
၁၈၄၁၊ မှတ်တမ်းမှာ --- "အမှုတော်ဆောင်တဲ့ သက်တမ်းတလျှောက်မှာ အဆိုးဆုံးလူတယောက် ပြောင်းလဲတယ်လို့ ဒီနှစ်ထဲမှာ ကြားရတယ်။ သူ့မိန်းမနဲ့အတူ ခဏခဏ ဆုတောင်းပေးခဲ့ရသူပါ။ သူ့မိန်းမက ခဏခဏ နှိပ်စက်ခံရလို့ အတော်စိတ်ညစ်နေရပြီ။ မဿဲ ၁၈: ၁၉ ရဲ့ ဂတိတော်အတိုင်း ဆုတောင်းကြတယ်။ " တဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော်သည် ပေးတော်မူလတံ့။" ဒါနဲ့ပဲ အဆိုးဆုံး လူတယောက် ပြောင်းလဲသွားတယ်။ယုံကြည်သူတွေ ကောင်းကြီးခံစားရဖို့ ဆုတောင်းခြင်း
" မေ ၂၅- ကျွန်တော်နေတဲ့ Bristol မြို့က ယုံကြည်သူတွေ ဝိညာဉ်ကောင်းကြီး အရင်ကထက် ခံစားရဖို့ စဆုတောင်းတယ်။ အဖြေရတယ်။ အရင်က ဒီလို ကျေးဇူးတရား၊ သမ္မာတရားနဲ့ ဝိညာဉ်တန်ခိုး တခါမှ မရဖူးဘူး။သတင်းထုတ်ပြန်ဖို့ ငြင်းပယ်ခြင်း
" ဒီဇင်ဘာ ၉၊ ၁၈၄၁ -- အခုဆိုရင် ဒီလုပ်ငန်းဟာ ၆နှစ် ပြည့်ခါနီးပြီ။ လက်ထဲလာပေးတဲ့ အလှူငွေပဲ ရှိတယ်။ ဒါပေမယ့် ဒီနှစ်တနှစ်လုံး လိုတာမှန်သမျှ ဘုရားသခင် ဖြည့်စွမ်းတော်မူတယ်။"ပြီးခဲ့တဲ့ ၃နှစ်အတွင်းမှာတော့ ဒီရက်ဆိုရင် စာရင်းချုပ်ပြီး၊ တရားဟောပွဲတချို့မှာ နားထောင်သူတွေ အကျိုးရှိစေဖို့ တနှစ်အတွင်း ဘုရားသခင်လုပ်ဆောင်ပေးသမျှကို ပြောပြလေ့ရှိတယ်။ ပြီးရင် ဒါကို ကျယ်ကျယ်ပြန့်ပြန့် သိစေဖို့ စာစောင်ထုတ်ဝေတယ်။ ဒီတခါမှာတော့ စာဖတ်သူတွေကို လှူချင်လာအောင် ဆွဲဆောင်သလိုဖြစ်နေတာကြောင့် စာစောင်ကို နောက်ကျပြီးထုတ်ဖို့ ဆုံးဖြတ်တယ်။ ယုံကြည်သူတွေရဲ့ အကျိုးအတွက် ရေးလည်း ရေးသင့်တယ်ဆိုတော့ ခက်ခဲဆင်းရဲနေချိန်မှာ မထုတ်သေးဘဲ၊ အောင်မြင် ကျော်လွှားပြီးခါမှ ရေးမယ်။ လူတဦးတယောက်ကို အားမကိုးဘဲ၊ ဘုရားသခင်တပါးတည်းကိုသာ အားကိုးဖို့ ဖြစ်တယ်။
" ဒီဇင်ဘာ ၁၈ -- စနေမနက်။ အကြီးအကျယ်လိုနေပြီ။ လက်ထဲမှာ သေတ္တာထဲက တွေ့ထားတဲ့ ငွေအကြွေ ၄ စေ့ပဲ ရှိတယ်။ စာစောင်နောက်ကျထုတ်ဖို့ လုပ်ထားတော့ ဘုရားကို အားကိုးသလား၊ မကိုးဘူး လား စစ်ဆေးတဲ့သဘောပါပဲ။ ဒီဇင်ဘာ ၁၂၊ ၁၈၄၁ ကနေ ဧပြီ ၁၂၊ ၁၈၄၂ အထိ ၄ လကြာ လောက် ယုံကြည်ခြင်းကို ပြင်းပြင်းထန်ထန် အစစ်ခံရတဲ့ကာလ မရှိတော့ပါဘူး။
သစ္စာရှိတော်မူတယ်။
ဇန်နဝါရီ ၂၅၊ ၁၈၄၂။ " စာဖတ်သူတွေ စိတ်ထဲမှာ တွေးမိကောင်း တွေးမိမယ်၊ " ဘယ်လို လုပ်ကြမလဲ၊ မိဘမဲ့ကလေးတွေအတွက် ငွေ လုံးဝ မရှိတော့ဘူး၊ ပါဝင်လုပ်ဆောင်သူတွေမှာလည်း စိုက်ထားစရာ ဘာမှမရှိ၊ စားချိန်ရောက်ပြီဆိုပါတော့၊ ကလေးတွေအတွက် စားစရာ ဘာမှမရှိဘူး။"" ဟုတ်တယ်။ ဒီလိုဖြစ်တတ်ပါတယ်။ အဲဒီအချိန်မျိုးမှာ ဘုရားကို အားမကိုးတော့ဘဲ နေတတ်တယ်။ ဒါမှမဟုတ် ဘုရားကို အားကိုးမယ်ဆိုရင်တော့ ဘုရားဘုန်းတော် ထင်ရှားလာတော့မယ်။"
နှောင့်နှေးကြန့်ကြာပေမယ့်၊ သေချာပါတယ်။
" မတ်လ ၉၊ ၁၈၄၂၊ -- တအား လိုအပ်နေတဲ့ အချိန်၊ နေ့ကျောင်းအတွက်ရော၊ မိဘမဲ့ကလေးတွေ အတွက်ပါ အကူအညီမလာရင် မဖြစ်တော့တဲ့အချိန်၊ ဒီနေ့မှာ Dublin မြို့နားမှာနေတဲ့ ညီအကို တယောက်က £10 ပေးလာတယ်။ အဲဒီငွေကို နေ့ကျောင်းနဲ့ မိဘမဲ့ကလေးကျောင်းတွေကို ခွဲဝေပေးလိုက်တယ်။ ဒီငွေရောက်လာပုံက တမျိုးလေး။ တအားလိုအပ်နေတဲ့အချိန်၊ ဘုရားသခင် မ,စဖို့ စောင့်မြော်နေချိန်၊ ဒီမနက် ဘာလာမလဲလို့ မြော်နေချိန်ပေါ့။ ဒါပေမယ့် စာတိုက် မဖွင့်ဘူး၊ ဒီအတွက်ကြောင့်တော့ စိတ်မပျက်ဘူး။ စာတိုက်နဲ့ မဟုတ်လည်း ဘုရားသခင် ပို့ပေးနိုင်တယ်။ ဒီတခါတော့ အဲဒီညီအကိုက တိုက်ရိုက် ပို့ပေးတယ်။""အဖေတယောက်လို"
မတ်လ ၁၇၊ -- ၁၂ ရက်ကနေ ၁၆ ရက်အတွင်း £4 5s 11½d ရောက်လာတယ်။ ဆင်းရဲတာတော့ လချီ ကြာပြီ၊ ဒါပေမယ့် ဒီမနက် ပိုဆိုးတယ်။ ရ နာရီထိုးပြီးကာစမှာ အိမ်က ထွက်လာတယ်။ ၈ နာရီမှာ နွားနို့ဝယ်ရမှာဆိုတော့ ပိုက်ဆံရှိ၊ မရှိ ကြည့်ဖို့ ရောက်လာတယ်။ လမ်းမှာ အသနားခံ ဆုတောင်းလာတယ်။ အဖေက သူ့သားသမီးတွေကို သနားသလိုမျိုး သနားဖို့ပေါ့။ မခံနိုင်တဲ့ ဒုက္ခတွေ မပေးပါနဲ့ပေါ့။ ဘုရားသခင် ပေးသနားရင် စိတ်တွေ ကြည်လင်လန်းဆန်းမယ်ပေါ့။ မတတ်နိုင်တော့လို့ အလုပ်ရပ်လိုက်ရရင် ယုံကြည်သူ၊ မယုံကြည်သူ အားလုံးအတွက် မကောင်းဘူးပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ဘုရားသခင် ဆက်လက်အသုံးပြုဖို့ မထိုက်တန်ဘူး လို့ ဝန်ခံ ဆုတောင်းတယ်။ ဆုတောင်းရင်း ကျောင်းနဲ့ ၂ မိနစ် ခရီးအကွာအဝေးမှာ ဒီလို မနက်စောစော အလုပ်သွားတတ်တဲ့ ညီအကိုတယောက်ကို တွေ့တယ်။ စကားနဲနဲ အပြန်အလှန် ပြောရင်း ဆက်သွားတယ်။ ဒါပေမယ့် သူက နောက်ကပြေးလိုက်လာပြီး ကလေးတွေအတွက် £1 ပေးတယ်။ ဆုတောင်းတာကို အဲဒီလို ထူးထူးခြားခြား အဖြေပေးတယ်။ ဆင်းရဲရင်း၊ ယုံကြည်ခြင်းကို အစစ်ခံထိုက်ပါတယ်။ ကြင်နာတတ်တဲ့ အဖေတယောက်လို ဘုရားသခင်ဟာ အကြင်နာသက်သေတွေ နေ့စဉ် ပြလေ့ရှိတယ်။ သူ့ရဲ့တပါးတည်းသော သားတော်ကိုတောင် ပေးခဲ့သေးတာဆိုတော့ အရာရာကို ရက်ရက်ရောရော ပေးနေဦးမှာ သေချာတယ်။"
ဘုရားသခင်ကိုအားကိုးခြင်းဟာ လူပေးတဲ့ဂတိတွေထက် ပိုကောင်းတယ်။
" မေ ၆၊ ၁၈၄၅ -- ပြီးခဲ့တဲ့ ရက်ပေါင်း ၆ ပတ်လောက််တုန်းက ငွေအတော်များများ ရဖို့ မြော်လင့်စရာ ရှိနေတဲ့ ညီအကိုတယောက်က ရင်းရင်းနှီးနှီး ဆက်သွယ်လာတယ်။ ငွေတွေ ရလာရင် £100 လောက် လှူမယ်။ ကျွန်တော်နဲ့ Brother Craik တို့ သုံးဖို့လည်း ရမယ်ပေါ့။ ဒါပေမယ့် ရက်တွေသာ ကြာလာတယ်၊ ငွေက ရောက်မလာဘူး။ ငွေကတော့ အနဲနဲ့အများ လိုနေတဲ့ အချိန်ပါပဲ။ သူ့ငွေဆီ စိတ်ကရောက်ပေမယ့်၊ သူ့ဂတိကို အားမကိုးပဲ၊ ဘုရားကိုပဲ အားကိုးနေတယ်။ ဘာမှ ရစရာမရှိသလိုပဲ နေပြီး၊ ဘုရားသခင်ကိုပဲ အားကိုးနေတယ်။ အမျိုးသမီးနဲ့ အတူ ဆုတောင်းလို့မှ မပြီးသေးဘူး၊ ငွေပို့မယ့် စာတစောင် ရောက်လာတယ်။ --- မေ ၅၊ ၁၈၄၅ ။ ဒါဟာ လူပေးတဲ့ ဂတိကို အဓိကမထားပဲ၊ ဘုရားအပေါ်မှာ အားကိုးလို့ရလာတာပါ။ ဒါတင်မကသေးဘူး။ နေ့လည် ၂ နာရီလောက်မှာ ရက်ပေါင်း ၄၀ အကြာတုန်းက ဂတိပေးထားတဲ့ ညီအကိုဆီက စာရောက်လာတယ်။ သူ့ဂတိအတိုင်း £100 ပေးလှူတယ်။ "၁၈၄၂ ခုနှစ်။ -- -- " ဒီလို အသေးစိတ်ပြောပြတဲ့အတွက် ယုံကြည်သူတွေက မိတ်ဆွေတွေ၊ ဆွေမျိုးတွေ ပြောင်းလဲဖို့ ဆုတောင်းချင်လာဖို့ ရည်ရွယ်တယ်။ ဒီလိုဆုတောင်းတာဟာ ကျွန်တော်တယောက်အတွက်ပဲ၊ ကျန်တဲ့ယုံကြည်သူတွေ မရနိုင်ဘူးလို့ စာတန်က လမ်းလွဲအောင် လုပ်တတ်တယ်။ မိဘမဲ့ကျောင်းတွေ၊ အခမဲ့ကျောင်းတွေ တည်ထောင်ဖို့ လူတိုင်းကို မခိုင်းပေမယ့်၊ လိုတာတွေအတွက် ဘုရားကို အားမကိုးခိုင်းပေမယ့်၊ ယုံကြည်သူတိုင်းဟာ ကိုယ့်ပြဿနာတွေ အတွက် ဘုရားကို အားကိုးနိုင်တယ်။ ဆုတောင်းယုံမျှမက အဖြေရဖို့ပါ မြော်လင့်နိုင်တယ်။ ကျွန်တော်မှာ ယုံကြည်ခြင်းဆုကျေးဇူး the gift of faith ရထားတယ်လို့ မထင်စေချင်ဘူး။ ဒီဆုကျေးဇူးဟာ ၁ ကော ၁၂: ၉ မှာ " အနာငြိမ်းစေတဲ့ ဆုကျေးဇူး"၊ " နမိတ်လက္ခဏာပြတဲ့ ဆုကျေးဇူး"၊ " ပရောဖက်ပြုခြင်း ဆုကျေးဇူး"တွေနဲ့အတူ ဖေါ်ပြထားတာပါ။
ကျွန်တော်ရဲ့ယုံကြည်ခြင်းဟာ ၁ ကော ၁၂: ၉ မှာပြောတဲ့ ယုံကြည်ခြင်းမျိုး မဟုတ်ဘူး။ အကြောင်းကတော့ - ၁။ ကျောင်းကကလေးတွေအတွက် လိုအပ်တာတွေရဖို့ ၆၉ နှစ်လုံးလုံး နဲနဲချင်း တိုးလာခဲ့တဲ့ ယုံကြည်ခြင်းပါ။ ယုံကြည်သူတိုင်းမှာ ရရှိနိုင်ပါတယ်။ မေတ္တာမရှိလျှင် ငါ၌ အကျိုးမရှိဆိုတဲ့ " တောင်တွေကို ရွေ့နိုင်တဲ့ ယုံကြည်ခြင်းမျိုး"မဟုတ်ဘူး။
၂။ ကျွန်တော်အပြစ်တွေ ခွင့်လွှတ်ခံရပြီးတာကို ဘယ်တော့မှ သံသယမဖြစ်ဘူး။ ကောင်းကင်ရောက်မယ် သေချာတယ် လို့ ကျမ်းစာက ပြောတာတွေကို ယုံတယ်။ ( ၁ ယော ၅:၁ ၊ ဂလာ ၃:၂၆ ၊ တမန် ၁၀: ၄၃ ၊ ရောမ ၁၀: ၉-၁၀ ၊ ယောဟန် ၃: ၁၆ ၊ ---- ) အခက်အခဲကြုံတဲ့ နေရက်တွေမှာ ဘုရားသခင်ထံမှာ ခွန်အားယူတယ်။ တန်ခိုးတော်၊ မေတ္တာတော်၊ ပညာတော်အပေါ်မှာ မှီခိုနေတယ်။ သားတော်အရင်းကိုတောင် မနှမြောပဲ ပေးခဲ့ပြီဆိုတော့ တခြားအရာတွေကို မပေးဘဲနေမလားလို့ ကိုယ့်ကိုကိုယ် ပြန်ပြောရတယ်။ - ရောမ ၈: ၃၂ ၊ အဲဒီမှာ ငြိမ်သက်ခြင်းရတယ်။ စားစရာတောင် မလုံလောက်အောင် ပြတ်လပ်နေတဲ့အခါ၊ ကိုယ်ကလည်း မိုင် ၁,၀၀၀ အကွာကို ရောက်နေတဲ့အခါ၊ စိတ်ဝိညာဉ်က ဘုရားနဲ့အတူ နေရတယ်။ လက်တွေ့ပြဿနာနဲ့ ကိုက်ညီမယ့် ကျမ်းချက်ကို ယုံကြည်ပြီး၊ စိတ်နှလုံးကို ဘုရားသခင်ထံမှာ သွန်းလောင်းထားရတယ်။ စိတ်ငြိမ်သက်မှုရမှ ဒူးထောက်ရာက ထတယ်။ ကြွားမယ်ဆိုရင် ကြွားလို့ရပေမယ့် ဒီယုံကြည်ခြင်းဟာ တခြားသူတွေ မရနိုင်တဲ့ ယုံကြည်ခြင်းမျိုး မဟုတ်ပါဘူး။ ဆုကျေးဇူးတမျိုး မဟုတ်ဘူး။ ပိုက်ဆံတခုထဲ တောင်းနေတာမဟုတ်ဘဲ၊ လိုအပ်သမျှကို တောင်းယူနေတာပါ။ ကျွန်တော်နဲ့ မိသားစုအတွက်၊ လုပ်ဖေါ်ဆောင်ဖက်တွေနဲ့ အသင်းတော်အတွက် လတ်တလော လိုအပ်တာတွေ၊ ဝိညာဉ်ရေးလိုအပ်တာတွေအတွက် ဆုတောင်းရတယ်။ ယုံကြည်ခြင်းကြီး ရထားပြီဆိုတဲ့ သဘောမျိုး မဟုတ်ဘဲ၊ ထပ်တိုးဖို့တောင် ဆုတောင်းနေရတယ်။ တခုခု၊ ဥပမာ- သော့ပျောက်တဲ့အခါ၊ ချိန်းထားတဲ့သူ ရောက်မလာတဲ့အခါ၊ အဖြေရဖို့ ဆုတောင်းရတယ်။ ကျမ်းစာတပိုဒ်ကို နားမလည်တဲ့အခါ၊ ဘုရးသခင်ရဲ့ လမ်းပြသွန်သင်ခြင်းကို တောင်းခံရတယ်။ ကိုယ်မစွမ်းပေမယ့် စိတ်ဓါတ်မကျဘူး။ မ,စဖို့ ဆုပဲ တောင်းတယ်။ ဒီလို လူတိုင်း တောင်းနိုင်ပါတယ်။ ကျွန်တော်ကို ထူးထူးခြားခြား လူတယောက်လို့ မထင်နဲ့။ အခက်အခဲတွေ့ရင် ဘုရားကို အားကိုးပါ၊ ဘုရားမ,တာကို တွေ့ရလိမ့်မယ်။ ဒါပေမယ့် ဒုက္ခရောက်ရင် ဘုရားနည်းကို စွန့်ပစ်တတ်ကြတယ်။ အဲဒီမှာ ယုံကြည်ခြင်း တိုးပွါးစရာ အစာပြတ်တော့တာပဲ။ အရေးကြီးတဲ့ အချက်တချက်ရှိတယ်။ ယုံကြည်ခြင်းခိုင်မာအောင် ဘယ်လိုလုပ်ရမလဲ လို့ မေးကြတယ်။ အဖြေက --
၁။ " ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရာက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ။ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။" ယာကုပ် ၁: ၁၇ ၊ ဆုတောင်းရမယ်။
၂။ အထောက်အကူပြုမယ့်နည်းတွေ ရှိတယ်။ ကျမ်းစာကို သေသေချာချာ ဖတ်ပြီး၊ စဉ်းစား ဆင်ခြင်ပါ။ ဘုရားသခင်ကို ပိုနားလည်လာမယ်။ သန့်ရှင်းတော်မူခြင်း၊ တရားတော်မူခြင်းတွေထက် ချစ်ခြင်း၊ သနားခြင်း၊ ကျေးဇူးပြုချင်း၊ တန်ခိုးကြီးခြင်းနဲ့ သစ္စာရှိခြင်းတွေကို ပိုနားလည်လာမယ်။ တကယ်ခက်ခဲတဲ့အချိန်မှာ တကယ်အရေးတကြီး ဂရုစိုက်တာကို တွေ့လာရမယ်။ ချက်ချင်း မ,စတာကို တွေ့မြင်လာမယ်။ ကျမ်းစာဖတ်တော့ ဘုရားကို ပိုနားလည်လာတာပေါ့။ နားလည်တော့ ပိုအားကိုးချင်လာတာပေါ့။ ယုံကြည်ခြင်း တိုးပွါးဖို့ရာ ကျမ်းစာဖတ်ခြင်းဟာ အတော်အရေးပါတယ်။
၃။ စိတ်ကောင်းနှလုံးကောင်းထားဖို့လည်း အရေးကြီးတယ်။ မဟုတ်ရင် ဘုရားစိတ်တော်နဲ့ မကိုက်ဘူး။ အားကိုးမယ့်လူက ဘုရားကို စိတ်နာနေစေတဲ့သူ မဖြစ်သင့်ဘူး။ စိတ်မလုံရင် အားကိုးစိတ် လျော့စေတယ်။ ဘုရားကို အားမကိုးရင်၊ ကိုယ့်ကိုကိုယ် အားကိုးစေတယ်။ ဘုရားကို အားကိုးရင်၊ ကိုယ့်ကိုကိုယ်နဲ့ မိတ်ဆွေတွေ၊ အခြေအနေတွေကို အားမကိုးတော့ဘူး။ တခြား ဘာကိုမှလည်း အားမကိုးတော့ဘူး။
၄။ ယုံကြည်ခြင်းတိုးပွါးစေမယ့် ခက်ခဲတဲ့ အခြေအနေတွေကို ရှောင်မပြေးနဲ့။ စစ်ကြောပြီးမှ ခိုင်မာတာပါ။ လူ့သဘာဝက ဘုရားနဲ့ တိုက်ရိုက် မတွေ့ချင်ဘူး။ ဘုရားကို ရှောင်မယ်။ ထာဝရကာလကို ရှောင်မယ်။ ယုံကြည်သူတွေလည်း ဒီလိုပဲ။ ဘုရားကို ရှောင်တတ်တယ်။ အားမကိုးဘူး။ ပြဿနာကို မရှောင်မှ ယုံကြည်ခြင်း တိုးပွါးလာမှာ ဖြစ်တယ်။ အခက်အခဲ တွေ့လေလေ၊ ဘုရားကို ပိုမြင်ရလေလေ ဖြစ်တယ်။ ဘုရားလက်တော် မြင်ရတော့မယ်ဆိုပြီး၊ အခက်အခဲကို ဝမ်းမြောက်ဝမ်းသာ လက်ခံရမယ်။
၅။ နောက်ဆုံး အရေးအကြီးဆုံးက ဘုရားကို အခွင့်ပေးဖို့ ဖြစ်တယ်။ ကိုယ်ဘာသာကိုယ် မဖြေရှင်းနဲ့။ လိုအပ်တဲ့ ယုံကြည်ခြင်းကို ပေးမှာပဲ။ ကြင်နာစွာ လမ်းပြမှာပဲ။ မထမ်းနိုင်တဲ့ဝန်ကို မပေးဘူး။ ဘုရားကို မစောင့်ပဲ၊ ကိုယ်ကိုကိုယ် အားကိုးရင်၊ ယုံကြည်ခြင်း အားနည်းလာမယ်။ ဘုရားလက်တော် မမြင်ရဘဲ နေမယ်။ ယုံကြည်ခြင်းက တိုးလာဖို့ လိုသေးတယ်။ ဘုရားကို အခွင့်ပေးပါ။ ဘုရားကို အချိန်ပေးပါ။ "
အစောပိုင်းနှစ်တွေမှာ Mr. Müller နဲ့ သူ့လုပ်ဖေါ်ဆောင်ဖက်တွေဟာ အခက်အခဲတွေ အများကြီး တွေ့ရတယ်။ အဲဒီထဲက တချို့ကတော့ -- သူရေးထားတာက --
" ဇွန်လ၊ ၁၈၄၅။ ရ နှစိလောက် တော်တော် ဒုက္ခရောက်ရတယ်။ လူ ၁၀၀ အတွက်၊ ၃ ရက်စာ ပြည့်အောင်တောင် လက်ထဲမှာ မရှိဖူးဘူး။ စက်တင်ဘာလ ၁၈၊ ၁၈၃၈ နေ့မှာတော့၊ တော်တော် အစစ်ခံလိုက်ရတယ်။ အစမှာ ဆုတောင်းသံကို နားမညောင်းသလိုပဲ။ နောက်မှ မ,စတော်မူတယ်။ ယုံကြည်ခြင်းကို စစ်တဲ့သဘောပဲ။ ဘုရားက မေ့မထားဘူး။ ပစ်မထားဘူး။
၁၂ ပေါင် အလှူ
" သြဂုတ်လ ၂၀၊ ၁၈၃၈။ ပေါင်ငွေ ၅ ပေါင်ကို ၁၈ ရက်နေ့ကရတာ ကျောင်းမှာ လိုတာတွေအတွက် ပေးရတယ်။ ဒီနေ့တော့ တပြားမှ မရှိပြန်တော့ဘူး။ ဒါပေမယ့် ဘုရားသခင်ကို မြော်ကြည့်နေတယ်။ ဒီတပတ်အတွက် ပေါင် ၂၀ မဟုတ်ရင်တောင်၊ အနည်းဆုံး ၁၃ ပေါင်တော့ရှိမှ ဖြစ်မယ်လို့ သိထားတော့ ဆုပဲတောင်းနေတယ်။ ဒီနေ့ ဆုတောင်းတဲ့အဖြေအဖြစ် ၁၂ ပေါင် ရတယ်။ Clifton မှာနေတဲ့ အမျိုးသမီးတယောက်က ပေးတာ။ သူ့ကိုအရင်က တခါမှ မမြင်ဖူးဘူး။ ကြည်ညိုစရာကောင်းတဲ့ ဘုရားသခင်ဟာ ခွန်အားသစ်ကို ပေးပြန်ပြီ။အရေးတကြီး အခက်အခဲ
အခက်ဆုံးအချိန်ထဲက တခုကို Mr. Müller မှတ်တမ်းတင်ထားတာက --" စက်တင်ဘာ ၁၀၊ ၁၈၃၈၊ တင်္နလာမနက်။ မနေ့ကရော၊ စနေနေ့ကရော ပိုက်ဆံ မဝင်ဘူး။ ဒါဟာ ကျောင်းကို သွားပြီး၊ ဆရာ၊ ဆရာမတွေနဲ့ အတူဆုတောင်းဖို့ လိုလာတယ်။ ( အဲဒီထဲမှာ ဆရာတယောက်ကိုတော့ ငွေကြေးအကြောင်း ဘယ်တော့မှ မပြောဘူး။ ) အခြေအနေကို ပြောပြတယ်။ အခု ငွေဘယ်လောက် လိုတယ်ဆိုတာ ပြောပြတယ်။ ခက်ခဲပေမယ့် မ,စမယ်လို့ ဘုရားသခင်ကို ယုံတဲ့အကြောင်း၊ ဆုတောင်းကြဖို့ ပြောလိုက်တယ်။ ဒီလိုပြောရတာက အခုရှိတဲ့ ငွေကလွဲလို့၊ တခြားတခုခု ဝယ်ဖို့ ငွေမရှိဘူးလို့ ပြောပြချင်တာလည်း ပါတယ်။ ဝတ်စရာ၊ စားစရာတွေနဲ့အတူ၊ ဘာမှမလိုရအောင် ထားချင်ပေမယ့်၊ ချို့ချို့တဲ့တဲ့ဆိုရင်တော့ အိမ်ပဲ ပြန်လွတ်ချင်မိတယ်။ အဲဒီတော့ အသုံးမလိုတာတွေရှိရင်လည်း ပိုက်ဆံရအောင် ရောင်းဖို့ဖြစ်တယ်။ ဒါက အရေးတကြီးပြဿနာပဲ။ ငွေနည်းနည်းဝင်လာတယ်။ အမည်မသိရဘူး။ ကျွန်တော်အတွက်တော့ ဒါက စရံပဲ။ ဘုရားသခင် သနားပြီ။ ထပ်ပေးဦးမှာ။ ၁၀ နာရီလောက်မှာ ညီအကို Craik ဆီက ရင်ဖွင့်ပြီးပြန်အလာ၊ တခါထပ် ဆုတောင်းနေတုန်း၊ အမျိုးသမီးတယောက်က ကျွန်တော့်ဇနီးသည်ကို ငွေဒင်္ဂါး ၂ ပြားပေးတယ်။ လာချင်ပေမယ့်၊ တော်တော်ကြာအောင် မလာဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြတယ်။ ခဏကြာတော့ အခန်းထဲ ကျွန်တော်ရောက်သွားတော့ ကျွန်တော်ကိုလည်း ဒင်္ဂါး ၂ ပြား ထပ်ပေးတယ်။ ဒီမှာ လိုနေတာကို သူဘာမှ မသိရှာဘူး။ ဘုရားက ယုံကြည်ခြင်းကို အားပေးတာပါ။ နောက် ခဏကြာတော့ ယောက်ျားလေးဆောင်နဲ့ မိန်းကလေးဆောင်တွေက ပိုက်ဆံ လာတောင်းပါတော့တယ်။ "
ကြည်နူးစရာ ကယ်မခြင်း
" စက်တင်ဘာ ၁၇၊ ၁၈၃၈။ -- အခက်အခဲက ရှိနေဆဲပဲ။ ယုံကြည်ခြင်းကို နေ့တိုင်း အစစ်ခံနေရတယ်။ ဘုရားသခင်ကို ဆုတောင်းတတ်အောင် အကြောင်းတွေ ဖန်ပေးနေတာပါ။ ဘုရားပေးမှာ သေချာတယ်။ စောင့်ရမှာပေါ့။ လုပ််ဖေါ်ဆောင်ဖက်တယောက်က ပိုက်ဆံနဲနဲ လာပေးတယ်။ တခြားတယောက်ကလည်း လာပေးတယ်။ သူက ရှိသမျှ အကုန်ပေးတာ။ ပေးစရာတွေအတွက် ပေးလို့ ရသွားတယ်။ ဝယ်စရာတွေလည်း ဝယ်နိုင်သွားတယ်။ ဒီညနေမှာ ငွေက ဒီလို ခပ်နှေးနှေးဝင်လာနေတာက စစ်ကြောခြင်းပဲ။ ဒါပေမယ့် ကျမ်းစာဖတ်တော့ ဆာလံ ၃၄ ကြောင့် ခွန်အားရမိတယ်။ လုပ််ဖေါ်ဆောင်ဖက်တွေနဲ့ ဆုတောင်းဖို့ စိတ်ပျော်သွားတယ်။ ဆာလံ ၃၄ ကို ဖတ်ပြတယ်။ သူတို့လည်း ခွန်အားရအောင် ပြောပြတယ်။" စက်တင်ဘာ ၁၈၊ -- ဆရာတယောက်ရဲ့ ငွေနဲ့ ကျွန်တော်မှာ ရှိတဲ့ငွေ ပေါင်းပြီး ကလေးတွေအတွက် လိုနေတဲ့ နွားနို့နဲ့ ပေါင်မုန့် ဝယ်တယ်။ အဆောင်တဆောင်အတွက်က လဘက်ခြောက်နည်းနည်းနဲ့ အဆောင်အားလုံးအတွက်က နွားနို့ဝယ်တယ်။ လိုသလောက်ပဲ ဝယ်နိုင်တယ်။ အပို မဝယ်နိုင်ဘူး။ မုန့်က ၂ ရက်စာ ရှိတယ်။ ဒါပေမယ့် ငွေက ပြတ်နေတယ်။ လုပ််ဖေါ်ဆောင်ဖက်တွေကလည်း ရှိသမျှလေးတွေလည်း ပေးကြတယ်။ လန်ဒန်က အမျိုးသမီး တယောက်က ရောက်လာပြီး၊ ကျောင်းဆောင်ဘေးက အိမ်မှာ ၄ ၊ ၅ ရက်လောက်တည်း နေတယ်။ ပြီးမှ သမီးဖြစ်သူရဲ့ ငွေနဲ့ အထုပ်တထုပ် လာပေးတယ်။ နှမြောစရာ အသုံးအဆောင်တွေ ရောင်းပြီး သုံးနေရတာကို တားတော်မူဖို့ ဆုတောင်းတယ်။ ကျောင်းဆောင်နားမှာ ငွေက ရောက်နေပြီ ဆိုတော့၊ ဘုရားက ပေးဖို့ အကြံအစဉ်တော့ ရှိပြီးသားပေါ့။ ရောက်မလာတာက ကြာကြာ ဆုတောင်းစေချင်တဲ့ သဘော ဖြစ်ပုံရတယ်။ ယုံကြည်ခြင်းကို စစ်ရင်း၊ အဖြေရတော့လည်း ကြည်နူးစရာ ဖြစ်စေချင်တဲ့သဘောပါ။ ကျွန်တော်တယောက်တည်းရှိတုန်း ပိုက်ဆံရပြီးတဲ့နောက် အလန့်တကြား ထအော် ချီးမွှမ်းလိုက်တယ်။ ဒီညနေမှာ လုပ််ဖေါ်ဆောင်ဖက်တွေနဲ့ ကျေးဇူးတော် ချီးမွှမ်းဖို့ သွားလိုက်တယ်။ သိပ်တော့ မပျော်ကြဘူးပေါ့။ ပိုက်ဆံကို ဒီညနေမှာပဲ ဝေခြမ်းရေး လုပ်ကြတယ်။ မနက်ဖန်စာတော့ ရပြီပေါ့။ ။





