Tuesday, March 6, 2012
Good News in the New Year!
Good News in the New Year!
           1. Many political prisoners in our country were released in January 13, 2012.
           2. Our government is seeking to work together with the Lady ( Aung San Su Kyi ), political activists, tribal forces and many foreign countries including United States of America.
          3. And it was said “There will be no more censorship in Myanmar after the media law is enacted".
         4. Currently a mobile phone connection is sold at 500,000 Kyats ( about US$ 630. ). But a company pleads the President to let them sell a GSM SIM card at 5,000 Kyats ( USD$ 6. ).
         5. Car importing was here allowed this January. It will make a better transportation in the country.
        For this New Year good news, I hope we will have a better opportunity to spread the Gospel here. Please pray for us!
Sunday, March 4, 2012
Giving - ပေးကမ်းခြင်း
၁။ လူမြင်အောင် မပေးပါနဲ့။ လူမြင်တော့ လူက လေးစားမယ်၊ အထင်ကြီးမယ်။ အဲဒီအကျိုးရပြီဖြစ်လို့၊ ဘုရားက ဘာမှ ထပ်မပေးတော့ဘူး။
`လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည့်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကို မရကြ။ ထို့ကြောင့် သင်သည် အလှူဒါနကို ပေးသောအခါလျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင် လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာ မှုတ်စေသည့်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။ သင်သည်အလှူဒါနကို ပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ယာလက် ပြုသည့်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။ ´မဿဲ ၆း ၁- ၄။
၂။ မနှမြောနဲ့၊ စေတနာထားပါ။
`လူတိုင်း ကိုယ့်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ။ မလှူပဲ မနေရဟု စိတ်ထင်နှင့် မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။´ ၂ကော ၉::ရ။
၃။ ပိုပိုသာသာ ပေးပါ။
`သူတပါးအား ပေးကြလော့။ ပေးလျှင် သူတပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား အကြင်ချိန် တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ´ လုကာ ၆: ၃၈။
၄။ ဆင်ခြင်ညဏ်နဲ့ ပေးပါ။
`ဘာသာရေး အဆောက်အဦးတွေက ခမ်းနားနေပြီး၊ ဘာသာဝင်တွေရဲ့ ဘဝတွေက နွမ်းပါးနေပြီဆိုရင်၊ အဲဒါ အမှောင်ဖုန်းနေပြီ´ ဆိုတဲ့ စကားဟာ သိပ်မှန်ပါတယ်။ နွမ်းပါးတဲ့သူတွေကို ပေးပါ။ ဘုရားက အဆောက်အဦးတွေကို မမက်ဘူး။ လူတွေကို ချစ်တာပါ။
၅။ မြင့်မြတ်တဲ့ စိတ်နဲ့ ပေးပါ။
ကိုယ့်စိတ်နဲ့ မကိုက်ညီတဲ့ အပြုအမူမျိုး ရှိသူတွေကိုလည်း ပေးကမ်းကူညီပါ။ လူကောင်းတွေက မကောင်းတဲ့လူကို ကြည့်မရတတ်ဘူး။ အဲဒီတော့ မပေးချင်ဘူး။ မကူညီချင်ဘူး။ ပေးကမ်း ကူညီမှန်း သိလို့ ခဏ၊ ခဏ လာတောင်းရင်လည်း မပေးချင်ကြတော့ဘူး။ တခါတလေ ညာတောင်းခံရရင် စေတနာပျက်ပြီးဘယ်တော့မှ မကူညီချင်တော့ဘူး။ လူအများဟာ ဒီအဆင့်ထက် ပိုမကောင်းတတ်ကြဘူး။ တခု သတိရရမှာက သူကောင်းလို့ ပေးတာမဟုတ်ဘူး။ ကိုယ့်မှာ စိတ်ကောင်းနှလုံးကောင်း ရှိလို့ ပေးတာ ဆိုတာပါပဲ။ `ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူ  မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။ သင်တို့အား ချစ်သောသူတို့အားသာ ချစ်တုန့်ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှလောက် ပြုကြသည်မဟုတ်လော။  - - - - - ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည့်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်း ရှိကြလော့။´ မဿဲ ၅: ၄၅- ၄၈။ 
ပေးကမ်းကူညီခြင်းရဲ့ အကျိုး
၁။ ကိုယ်လိုရင် ကူညီသူပေါ်မယ်။
`ကရုဏာမရှိသောသူသည် ကရုဏာကို မခံရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းကို အောင်၍ ၀ါကြွားတတ်၏။´ ယာ ၂: ၁၃။ သူများကို သနားတတ်မှ ကိုယ့်ကိုလည်း သနားမှာပါ။
၂။ ကိုယ့်မှအစ သားမြေးတိုင်အောင် ကောင်းစားမယ်။
`ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကို ခံရသည့်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍ စားရသည့်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည့်တိုင်အောင် မမြင်စဖူး။ - သူသည် အစဉ်သနားသောစိတ်ရှိသည်နှင့်၊ - သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ်၍၊ သူ၏ သားမြေးတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြ၏။´ ဆာလံကျမ်း ၃၇: ၂၅- ၂၆။
၃။ ဒီလောကအရာတွေထက် တည်မြဲတဲ့ ကောင်းကင်အရာတွေကို ပိုပြီး စိတ်စွဲလန်း လာမယ်။
`သံချေး၊ ပိုးရွ ဖျက်ဆီး၍ သူခိုးထွင်းဖေါက် ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဌာကို မဆီးပူးကြနှင့်။  သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖေါက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဌာကို ဆီးပူးကြလော့။ အကြောင်းမူကား အကြင်အရပ်၌ သင်တို့၏ ဘဏ္ဌာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံး ရောက်တတ်၏။´ မဿဲ ၆: ၁၉- ၂၁။ 
၄။ ကောင်းကင်ဘုံမှာ မိတ်ဆွေများမယ်။
`သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌ သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကစည်းစိမ်ကို သုံးဆောင်ကြလော့။´ 
၅။ ကောင်းကင်မှာ ဆုလာဒ်ပြန်ရမယ်။
ဆင်းရဲတဲ့သူကို ကူညီတာဟာ သူ့ကို ဖန်ဆင်းတဲ့ ဘုရားသခင်ကို ကူညီတာပါပဲ။ `အငယ်ဆုံးသောသူတယောက်အား ပြုသမျှအတိုင်း ငါ့ကို ပြုကြပြီ။´ မဿဲ ၂၅: ၄၀။  စားစရာမရှိသူကို စားစရာ၊ အဝတ်မရှိသူကို အဝတ်အထည်နဲ့ စောင်၊ မကျန်းမာသူကို ဆေးဝါးနဲ့ စားစရာ အဟာရ ပေးကြရမှာပါ။ ဘုရားသခင်က ပြန်ဆပ်ပေးမှာပါ။ `ဤသူငယ် တစုံတယောက်အား ရေတခွက်ကိုမျှ ပေး၏။ ထိုသူသည် အကျိုးကို မရဘဲ မနေရာ။´ မဿဲ ၁၀: ၄၂။
Saturday, March 3, 2012
A pair of shoes -
A pair of shoes
“Then the elders of his city shall call him, and speak unto him: and if he stand to it, and say, I like not to take her;
Then shall his brother's wife come unto him in the presence of the elders, and loose his shoe from off his foot, and spit in his face, and shall answer and say, So shall it be done unto that man that will not build up his brother's house.
And his name shall be called in Israel, The house of him that hath his shoe loosed.” Deu 25: 8- 10
When we, believers get to Heaven, there shall be many rewards waiting for us. There shall be crowns, tree of life, hidden manna, white stones, new names, morning stars ( may be some kind of badge or medal for believers ), white raiment, high ranks ( as pillars in the temple of God ) and many other rewards. Some shall be granted to sit with Christ in His throne.  Wow! How wonderful to receive these rewards!  ( Rev. 2 & 3 )
But some of us shall not get anything from the hands of Christ at that time. More than this, if we do not love our fellow believers and we neglect them in need, I think the LORD may say to us to loose our shoes from our feet. I am so afraid of being without a pair of shoes to walk on the road of Heavenly city through the eternity.  So poor!
Wednesday, February 22, 2012
ပေးလှူခြင်း - Giving
Giving hand
၃။ ပိုပိုသာသာ ပေးပါ။
၎။ ဆင်ခြင်ညဏ်နဲ့ ပေးပါ။
Sunday, December 4, 2011
ကယ်တင်ခြင်း - Do or Done?
                လူတိုင်းက တနေ့တော့ သေကြရမှာပဲလေ။ အဲဒီပြေးမလွတ်တဲ့ သေခြင်းတရားကို ရင်ဆိုင်ရရင် ငရဲတော့ ဘယ်သူမှ မသွားချင်ဘူး။ ကောင်းတဲ့နေရာပဲ ရောက်ချင်ကြတာပါ။ ငရဲဆိုတာ မကောင်းတာတွေအများကြီးလုပ်၊ တသက်လုံး နောင်တမရ၊ ဘာတခုမှ အကောင်းမလုပ်သူတွေ ရောက်မှာလို့လည်း ထင်တတ်ကြပါတယ်။ တကယ်တော့ ငရဲသွားဖို့ဆိုတာ အပြစ်အများကြီးလုပ်ဖို့ မလိုပါဘူး။ တခုဆိုရပါပြီ။ `အပြစ်တခုရှိလျှင် ဒဏ်ခံစေ။´ အပြစ်တခုမှ မရှိတဲ့လူရယ်လို့ လောကမှာမရှိဘူး။ လူဆိုတာ အမိ၀မ်းထဲကတည်းက အပြစ်လုပ်တတ်တဲ့ ဗီဇကို ရထားပြီးသားပါ။ အပြစ်အနည်းအများသာ ကွာမယ်။ လူတိုင်းဟာ အပြစ်နဲ့ မကင်းကြပါဘူး။ အဲဒီတော့ သေရင် ငရဲသွားဖို့ သေချာနေတာပေါ့။
               အဲဒီတော့ ဘယ်လိုလုပ်မလဲ? ဘယ်တိုင်းပြည်ကလူကိုပဲ မေးမေး.. `ကောင်းတာလုပ်ရမှာပေါ့´ လို့ပဲ ပြောကြမှာပါ။ ကောင်းတာလုပ်တာဟာ မကောင်းတာတွေ လုပ်နေတာထက်တော့ ပိုကောင်းတာပေါ့လေ။ လူက ကောင်းတာနဲ့ မကောင်းတာကို ချိန်လို့၊ ကောင်းတာများရင် ကောင်းတဲ့အရပ်ရောက်မယ်လို့ အလွယ်ထင်တာပါ။ တကယ်တော့ ကောင်းတာနဲ့ မကောင်းတာဟာ ချေလို့မရပါဘူး။ သပ်သပ်စီနေကြတာပါ။ လူလုပ်တဲ့ ကောင်းမှုကုသိုလ်ဆိုတာ သန့်ရှင်းတဲ့ ဘုရား မျက်စိတော်ရှေ့မှာ လက်ခုစုတ်ပါ။ လူ့လောကမှာပဲ ကြည့်ပါဦး။ မကောင်းတာတွေ တောက်လျှောက်လုပ်ပြီးမှ လူတွေအကျိုးသယ်ပိုးပါမယ်.. ပြစ်ဒဏ်မချပါနဲ့ဆိုရင် ဘယ်တရားပါ့မလဲ? အပြစ်ကြွေးဆိုတာ ပေးဆပ်ရစမြဲပါ။
             ဘယ်လောက်ပေးဆပ်ရမလဲ? အပြစ်ကို ကြေအောင်ဆပ်ရရင် သေဒဏ်ပါ။ ကျွန်တော်တို့ လုပ်ခဲ့သမျှ၊ အခုလုပ်နေသမျှ၊ နောင်လုပ်မိဦးမယ့် အပြစ်တွေကို ပေါင်းရင် အမြင့်ဆုံးပြစ်ဒဏ်က သေဒဏ်ပါ။ ဒီဒဏ်ကို အားလုံးအတွက် ပေးဆပ်ဖို့ ကောင်းကင်ကဘုရားက သူ့သားတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်က လူ့လောကကို စေလွှတ်ခဲ့ပါတယ်။ သားတော်ကို လူနာမည် ပေးတဲ့ အခါ `ယေရှု´ လို့ မှည့်ပါတယ်။ အဓိပါယ်က `ကယ်တင်မယ့်သူပါ´။ ကယ်တင်ရှင်က အစပထမမှာ တရားတွေဟောပါတယ်။ မေတ္တာပါ။ ကိုယ့်အပေါ်မကောင်းတဲ့သူတွေ၊ ရန်သူတွေအပေါ်မှာတောင် မေတ္တာထားဖို့ ပြောတာပါ။ ဒါပေမယ့် ကောင်းတာတွေ ပြောပြရုံနဲ့ လူတွေအတွက် မလုံလောက်တော့…  အလုပ်တခု လုပ်ပေးရဦးမယ်။ အဲဒါကို မလုပ်ပေးရမချင်း - ငြီးငွေ့နေတယ်လို့ ဆိုပါတယ်။ အဲဒီအလုပ်က- ဘာလဲ?
              အားလုံးကိုယ်စား အသေခံပေးဖို့ပါ။ ဘုရားသားတော် အသေခံတဲ့ ကားတိုင်ဆိုတာဟာ တကယ်တော့ လူဆိုးတွေ အပြစ်ရှိသူတွေ နေရမယ့် နေရာပါ။ ကျွန်တော်တို့ကို အပြစ်ပေးရမယ့်နေရာပါ။ သူက လူစားထိုးပေးခဲ့တာပါ။ အဲဒီလို အသေခံချိန်မှာ အသက်စွန့်ခါနီး နောက်ဆုံးစကားတခွန်းပြောခဲ့ပါတယ်။ `အမှုပြီးပြီ´။ အပြစ်ကြွေးတွေကြေပြီလို့ ပြောတာပါ။ အကြီးမားဆုံးပြစ်ဒဏ်ကို ပေးဆပ်ပြီးပါပြီ။ ဒီထက်ဘာမှ လူလုပ်တဲ့ မဖြစ်စလောက်တွေ ပေးစရာမလိုပါဘူး။ ဒါကြောင့် ကောင်းကင်ရောက်ဖို့ အားလုံးလုပ်ပေးခဲ့ပြီ၊ “It is finished” လို့ ပြောခဲ့တာပါ။ ကောင်းကင်ဆိုတာ တကယ်တော့ ဘယ်သူမှ မရောက်ထိုက်ပါဘူး။ ဒါပေမယ့် ဘုရားက အဖေမဟုတ်လား? ကယ်တာပေါ့။ ရအောင် တရားသဖြင့် အသေခံပေးခိုင်းလိုက်တာပေါ့။ ဒါကို လက်ခံတယ်။ မငြင်းဘူးဆို အကယ်ခံတာပါပဲ။ ဘုရားကယ်တာကို လက်ခံတာနဲ့ ဘုရားက ကယ်လိုက်ပါပြီ။ ဒီလောကကြီးသာမကပါဘူး။ ကောင်းကင်နဲ့ ငရဲဆိုတာလည်း ဘုရားလက်ထဲမှာပဲမဟုတ်လား?
ကောင်းကင်ရောက်ဖို့ လူတွေက `တခုခုလုပ်ဖို့´ Do လို့ ပြောနေမှာပါ။ ဘုရားသခင်ကတော့ `ငါလုပ်ပေးပြီးပါပြီကွာ´တဲ့။ Done ပေါ့။ ကဲ.. ကောင်းကင်ရောက်ဖို့ ကောင်နိုးရာရာလေးတွေ လုပ်ရဦးမှာလို့ ထင်နေသေးလား? Do နေတာပေါ့။ အမှန်က Done ပြီးသွားပါပြီ။
သခင်ယေရှုဟာ အသေခံ၊ သဂြိုဟ်ပြီးလို့ ၃ ရက်မြောက်နေမှာ အသက်ရှင်ပြန်ခဲ့ပါပြီး။ လူတွေကို လိုက်လံ နှုတ်ဆက်ပြီး ရက် ၄၀ အကြာမှာ ကောင်းကင်ကိုတက်ကြွခဲ့ပါပြီ။ လူတွေကို ကောင်းကင်က စောင့်နေပါပြီ။
ဒါကြောင့် အခုလို ရိုးရိုးလေးဆုတောင်းလိုက်ပါ။
ဘုရားသခင်….
ကယ်တင်လို့ ကျေးဇူးတင်ပါတယ်။
ကောင်းကင်စာရင်းမှာ နာမည်လေး ရေးမှတ်ပေးပါ´။
လို့ ဆုတောင်းလိုက်ရုံပါပဲ။
မေတ္တာဖြင့်
ဆလိုင်းထိန်ဝင်းအိ
အောင်လံနှစ်ခြင်းအသင်းတော်
အောင်လံ။
Saturday, November 26, 2011
ပျော်ပျော်နေပါ BE HAPPY!
 ပျော်ပျော်နေပါ။
            လောကမှာ လူတွေပျော်နေကြပါသလား။ အများစုကတော့ဝမ်းနည်းနေ၊ ညည်းတွားနေ၊ စိတ်ပျက်နေကြတာပါ။ ခဏတာ လူ့ဘဝကလေးကို ပျော်ပျော်မဖြတ်နိုင်ဘဲ ၀မ်းနည်းစွာ ဖြတ်နေကြရတာပါ။ နေ့တိုင်း ပျော်ရွှင်နိုင်ဖို့ရာကတော့…
၁။ ရောင့်ရဲပါ။
            “ငွေ ကိုတပ်မက်ခြင်းသည် မကောင်းသောအမှု  အပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။” လို့ ကျမ်းစာကဆိုပါတယ်။ ငွေမက်တော့ မကောင်းတာလုပ်ဖို့ အသင့်ဖြစ်နေတတ်တယ်။ ငွေမက်တော့ ပူပန် စိတ်တွေ ၀င်လာပြီး မပျော်နိုင်ဖြစ်ရတာပါ။
             “ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်းချင်းအငြိုးထား သောစိတ်နှင့် စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ ကောင်း၏။” လို့ ကျမ်းစာကဆိုပါတယ်။ ဒါကြောင့် “စားရန်၊ ၀တ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နှင့် နေကြကုန်အံ့” ဆိုတဲ့ ကျမ်းစကားလိုနေကြရင်တော့ အတော် အတန်ပျော်ရွှင်လာနိုင်မှာပါ။
၂။အကောင်းမြင်တတ်ပါ။
                  တွေ့ကြုံရတဲ့အခြေအနေတွေအပေါ်မှာ လူတွေရဲ့သဘောထားပုံ နှစ်မျိုးကွဲ နေပါ တယ်။ အကောင်းမြင်သဘော Positive thinking နဲ့ အဆိုးမြင်သဘော Negative thinking တို့ပါပဲ။ ကလေးနှစ်ယောက်ကို လိမ္မော်သီး တစ်လုံးစီ ပေးတဲ့အခါ၊ တစ်ယောက်က လိမ္မော်သီးတစ်လုံးစား ရလို့ ပျော်နေတယ်။ ကျန်တစ်ယောက်ကတော့ နှစ်လုံး မရ လို့ စိတ်ညစ်နေတယ်။ နွားနို့ ဖန်ခွက်တစ်ဝက်စီ ဝေတိုက်တော့၊ တစ်ယောက်က  ခွက် တစ်ဝက််သောက်ရလို့ ပျော်နေတယ်။ ကျန်တစ်ယောက်ကတော့ နှစ်ယောက်ဝေရလို့ တစ်ဝက်ပဲရတယ်ဆိုပြီး စိတ်ညစ်နေပါတယ်။
                  နှင်းဆီခြံနားဖြတ်သွားကြတော့ တစ်ယောက်က “နှင်းဆီပန်းတွေလှလိုက်တာ၊ အတော်မွှေးမှာပဲ” ဆိုပြီး ကျန်တစ်ယောက်ကတော့ “ဆူးတွေနဲ့နော်၊ စူးလိမ့်မယ်” လို့စိုးရိမ်နေပါတယ်။ တောအုပ်တစ်ခုကို ဖြတ်သွားကြရာမှာတော့ ပျားအုံတစ်အုံတွေ့ပါတယ်။ တစ်ယောက်က “ပျားရည်ရှိလောက်တယ်။ အတော်ချိုမှာပဲ” တဲ့။ ကျန်တစ်ယောက်ကတော့ “ပျားတုပ်မယ်နော် သတိထား” လို့စိုးရိမ်နေပါတယ်။ ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ အကောင်းမြင် သဘော နဲ့ကြည့်ပါ။ အတော်အတန်ပျော်ရွှင်လာနိုင်မှာပါ။
၃။ကောင်းတာတွေကြိုးစားလုပ်ပါ။
                  ကျွန်တော်တော့ ဘဝတစ်ခုလုံးကောင်းတာတွေလုပ်ဖို့ပဲ ဆုံးဖြတ်အားယူထားပါတယ်။ အကူအညီလိုသူ၊ အခက်ခဲကြံုသူ၊ ဝေဒနာခံစားနေရသူ၊ ဆာလောင်မွတ်သိပ်သူတွေအတွက် တတ်နိုင်သမျှ ကူညီဖို့ အားခဲထားပါတယ်။ ဒီလိုပေးလှူကူညီရာမှာ ဘာသာရေးအဆောက်အဦးတွေထက် ဘာသာဝင်လူတွေကို ပိုပေးလှူကူညီဖို့မြင်တတ်ရမယ်။ “ဘာသာတရားက တအားချမ်းသာနေပြီး၊ ဘာသာဝင်တွေဆင်းရဲနေရင်၊ အဲဒီဘာသာတရားဟာ အမှောင်ဖုံးနေပြီ”လို့ Dr.Curtis Hutson ကဆိုတယ်။ ဘုရားရှိခိုးကျောင်းကြီးတော ့ဟိန်းနေအောင် ဆောက်ထားကြပေမယ့်၊ ဘာသာဝင်မုဆိုးမတွေ၊ မိဘမဲ့၊ မသန်မစွမ်းသူတွေ၊ ဆွေမျိုး ပေါက်ဖော်မဲ့သူတွေ စားရမဲ့သောက်ရမဲ့ဖြစ်နေကြရင် ဘယ်ကောင်းပါ့မလဲ။ ဘုရားသခင်ရဲ့ အဓိကစေတနာက သူချစ်တဲ့လူသားတွေကို ချစ်ကြ၊ ကြင်နာကြ၊ ရိုင်းပင်းကြဖို့ပါ။
                 ကောင်းတာတွေ ကြိုးစားလုပ်တဲ့အခါ၊ ထူးခြားတာက ကိုယ်မကောင်းတာကို ပိုသိလာတာပါဘဲ။ ကိုယ့်အသိစိတ် Conscience ကပြောလာတာပါ။ ကောင်းတာတွေ လုပ်လေလေ၊ ကိုယ်မကောင်းမှန်းသိ လာလေလေပါ။ တစ်ချို့က “ငါက အခုသာ ကောင်းတာမလုပ်ဖြစ်သေးတာ။ တစ်ချိန်ကျရင်တော့ ကောင်းတာတွေလုပ်ဦးမယ်´ လို့ ပြောတတ်ပါတယ်။ လုပ်ကြည့်ပါ။ ကိုယ်မကောင်းတာကို ပိုပိုသိလာမှာပါ။ ဒါကြောင့် “ကုသိုလ်တပဲ ငရဲတစ်ပိဿာ” လို့ သတိစကားလေး ရှေးလူတွေ ထားခဲ့ကြတာပါ။ အဲဒီတော ကောင်းတာလုပ်ပေမယ့် ပျော်သလားဆိုတော့ အမြဲမပျော်နိုင်ပါဘူး။ အဲဒီအပြင် ကိုယ်ကျေးဇူး ပြုသူတွေထဲမှာ သစ္စာမရှိသူတွေ၊ ကျေးဇူးမသိသူတွေ အကောင်းမမြင်တတ်သူတွေလည်း အများကြီးရှိနေနိုင်သေးတယ် မဟုတ်လား။
၄။အမြဲတည်မယ့် အရာတွေကိုရှာပါ ။
                  မျက်စိနဲ့မြင်ရတဲ့အရာတွေဟာ မမြဲပါဘူး။ မမြင်ရတာတွေက မြဲပါတယ်။ မြေကြီးနဲ့ဖန်ဆင်းထားတဲ့ ကိုယ်ခန္ဓာဟာ မမြဲပါဘူး။ အဲဒီကိုယ်ထဲက ၀ိညာဉ်ကတော့ ထာဝရတည်မြဲနေပါတယ်။ လက်ရှိ လူ့ဘဝဟာ ခဏတာပါ။ တမလွန်ကတော့ ထာဝရပါ။
                  အပြစ်ရှိလို့ ငရဲသွားထိုက်ပေမယ့် ဘုရားကကယ်မလို့၊ ဘုရားကျေးဇူးတော်ကြောင့် ငရဲမသွားရ၊ ကောင်းကင်ရောက်မယ်လို့ စိတ်ချရရင်ပျော်စရာပါ။ ဒီလိုပျော်ရအောင် ဘုရားသခင် ပြင်ဆင်ပေးခဲ့ပါပြီ။
                 ဘုရားသခင်ရဲ့ တစ်ပါးတည်းသောသားတော်ကို ဒီလောကထဲလွှတ်ပြီး၊ လူတွေအတွက် ကိုယ်စားအသေခံပေးခဲ့ပါတယ်။ ကျွန်တော်တို့မွေးတဲ့နေ့ကနေ-သေတဲ့နေ့အထိလုပ်တဲ့ အပြစ်တွေအားလုံးရဲ့ ပြစ်ဒဏ်ကတော့ သေဒဏ်ပါ။ အဲဒီသေဒဏ်ကို ကိုယ်စားအသေခံပေးခဲ့တာပါ။ လူစားထိုးခဲ့တာပါ။ အဲဒီလို အသေခံကယ်ပြီးမှ ဘုရားသခင်ကသားတော်ကို ရှင်ပြန်ထမြောက်အသက်ပြန်ရှင်စေပြီး ကောင်းကင်မှာ နေရာပြန် ပေးခဲ့ပါတယ်။ ဘုရားသားတော်သခင်ယေရှုကယ်တာကို လက်ခံရင်ကောင်းကင်မှာ နေစရာအခန်းတွေ ပြင်ထားပေးမယ်။ မစိုးရိမ်နဲ့လို့ဂတိပေးထားပါတယ်။ တည်မြဲတဲ့ကောင်းကင်အိမ်မှာနေဖို့ အခုလိုဆုတောင်းပါ။
အဘဘုရားသခင်
ကောင်းကင်ဘုံမှာနေချင်ပါတယ်။
သားတော်သခင်ယေရှုကယ်ခဲ့လို့ကျေးဇူးတင်ပါတယ်။
ဆက်လက်မစတော်မူပါ။ အာမင်။
                      ဒီလိုစိတ်ရင်းမှန်နဲ့ ဆုတောင်းလိုက်တာနဲ့၊ ဘုရားသခင်ဂတိထားတဲ့အတိုင်း ကောင်း ကင်အရပ်မှာ နေရာရသွားပါပြီ။ ၀မ်းသာစရာပါ။ နောက်တစ်ခု ဒီလောကမှာ နေ့တိုင်း ပျော်ရွှင်ဖို့ရာတော့ “သခင်ယေရှု ကျွန်တော့စိတ်ကိုအုပ်စိုးပါ” လို့ နေ့တိုင်း ဆုတောင်း ၀န်ခံရင်တော့ မျက်မြင်အရာတွေအပေါ် ကြည့်ပျော်နေတဲ့အပျော်မျိုးမဟုတ်တော့ပဲ၊ အခြေအနေပေါ်မူမတည်တဲ့ အံ့သြစရာ ပျော်ရွှင်ကြည်နူးမှုတွေ ခံစားလာရမှာပါ။
ပျော်ရွှင်နိုင်ပါစေ။
မေတ္တာဖြင့်၊
ဆရာထိန်ဝင်းအိ၊
အောင်လံနှစ်ခြင်းအသင်းတော်။
BE HAPPY!       By. Saya Htein Win Ei
Monday, November 21, 2011
ခရစ်စမတ်လက်ဆောင် - ဝေစာ
 GOD’S GREATEST GIFT - ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်
လူတွေအတွက် အရေးအကြီးဆုံး၊ အလိုအပ်ဆုံး၊ တန်ဖိုးအကြီးမားဆုံး၊ အကောင်းဆုံး လက်ဆောင်တခုကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ခန့်က ဘုရားသခင် စတင် ပေးသနားခဲ့ပါတယ်။ ဒီကနေ့အထိလည်း ပေးနေဆဲပါပဲ။ အဲဒီလက်ဆောင်ဟာ…….
(၁) အားလုံးအတွက်
                   ဘုရားသခင်က ဒီလက်ဆောင်ကို စိတ်ကြိုက်လူတချို့ကိုသာ ပေးခဲ့တာမဟုတ်ပါဘူး။ လူမျိုးတမျိုးတည်းကိုသာ ပေးခဲ့တာလည်း မဟုတ်ဘူး။
                  ယောကျင်္ား မိန်းမမရွေး၊ ပျိုပျိုအိုအို၊ ကလေးတွေတောင် ရနိုင်ပါတယ်။ ပညာတတ်တွေကို ပေးသလို၊ ပညာမတတ်သူတွေလည်း ရနိုင်ပါတယ်။ လှတဲ့သူ ရနိုင်သလို၊ မလှတဲ့သူလည်း ရနိုင်ပါတယ်။ အသားအရာင် မခွဲခြားပဲ၊ အသားဖြူ၊ အသားညို၊ အသားမဲ၊ အသားဝါ လူမျိုးစုံကို ပေးနေတာပါ။
ဘုရားပေးတဲ့ လက်ဆောင်ထိုက်သူဆိုတာ လောကမှာမရှိပါဘူး။ အားလုံးရထိုက်သူတွေပါ။
(၂) လက်ဆောင်
                 ဘုရားသခင်ပေးတဲ့ လက်ဆောင်ဟာ လောကအရာတွေလို ဟောင်းနွမ်းပျက်စီးမသွားဘူး။ သံချေး၊ ပိုးရွမတက်သလို၊ သူခိုးလည်း ထွင်းဖေါက်မခိုးယူနိုင်ပါဘူး။
                 ဘာကြောင့်လဲ? ဘုရားသခင်က သူ့ရဲ့ တပါးတည်းသောသားတော်ကို လက်ဆောင်အဖြစ်ပေးနေလို့ပါ။ ဘုရားသခင်ရဲ့သားတော်ဟာ လူ့လောကကို ကြွလာခဲ့ရတယ်။ အကြောင်းက - လူတွေရဲ့ အပြစ်ကြွေးကို ကိုယ်စား အသေခံပေးဆပ်ပေးဖို့ပါ။
               အပြစ်ရဲ့အခဟာ သေခြင်းပါ။ အပြစ်လုပ်သူဟာ သေထိုက်ပါတယ်။ ဘုရားသားတော်က အားလုံးကိုယ်စား လူစားထိုးအသေခံပေးခဲ့ရတာပါ။  အသေခံပေးလို့ င်္သဂြိုဟ်ပြီးမှ ၃ ရက်မြောက်တဲ့နေ့မှာ အသက်ပြန်ရှင်တော်မူခဲ့ပါတယ်။ ရက် ၄၀ အကြာမှ ကောင်းကင်ထက််ကို ပြန်လည်တက်ကြွတော်မူခဲ့ပါတယ်။
              အဲဒီလိုကြွလာခဲ့တာဟာ `အော်- ငါ့ကို လာကယ်တာပါလား ´ လို့ စိတ်ထဲက အသိအမှတ်ပြုရင်၊ ဘုရားသားတော် ကယ်တင်ရှင်ကို လက်ခံတာ၊ အကယ်ခံတာပါပဲ။
လူလူချင်း လက်ဆောင်ပေးရင် ဘူးတွေနဲ့ ထုပ်ပေးတတ်လို့၊အထဲမှာ ဘာတွေပါသလဲ၊ မုန့်လား? အ
တ်အထည်လား? ပစ္စည်းတခုခုလား? ဆိုပြီး စိတ်လှုပ်ရှားစွာ ဖွင့်ကြရတာပါ။
ဒီလိုပါပဲ။ ဘုရားသခင်က သားတော်ကို ပေးပါတယ်။ သားတော်အထဲမှာ ဘာပါသလဲ? `ထာဝရအသက်´ပါပါတယ်။  `ထာဝရအသက်´ ဆိုတာ ဘာလဲ?..
             ထာဝရအသက်ဆိုတာ သေတဲ့နေမှာ ငရဲမလားတော့ဘူး။ အပြစ်ဒဏ်မခံရတော့ဘူး။ မအို၊ မနာ၊ မသေတော့ပဲ ကောင်းကင်ဘုံထက်မှာ ဘုရားသခင်ကို ဖူးမြော်ပြီး၊ ထာဝရ ပျော်ရွှင်စွာ အသက်ရှင်ရခြင်းပါပဲ။
`သားတော်ကိုရသောသူသည် အသက်ကိုရ၏။´
(၃) အခမဲ့
            ဘုရားသခင်က ထာဝရအသက်ကို ရောင်းတာမဟုတ်ပါ။ ဒါကြောင့် အလှူငွေများများပေးပြီး ၀ယ်စရာမလိုပါဘူး။
            ဆုပေးတာမဟုတ်လို့ ဘုရားကြိုက်မယ်ထင်တာတွေ ကြိုးစားလုပ်ပြီး မြော်လင့်နေဖို့မလိုပါဘူး။
ဘုရားသခင်က သင့်ကို တရားပြနေတာမဟုတ်သလို၊ ပညတ်တွေ ချပြနေတာမဟုတ်ဘူး။
 ဘုရားသခင်က လူတွေကို ကောင်းကောင်းနေစေချင်ပေမယ့် အမိ၀မ်းထဲကတည်းက အပြစ်လုပ်ချင်တဲ့ ဗီဇပါနေကြတဲ့ အတွက် ….. `ကောင်းကောင်းနေမှ ပေးမယ်ကွာ´ လို့လည်း အကြပ်ကိုင်တော်မမူပါဘူး။
ဘာသာဝင်ခိုင်းနေတာမဟုတ်ဘူး။ ဘုရားသခင်က သနားလို့ လက်ဆောင်ပေးနေတာပါ။
(၄) လက်ခံကြပါစို့
            လက်ဆောင်ဆိုတာ လက်ခံလိုက်ရုံပဲ။ လက်ခံလိုက်ရင် ရတာပါပဲ။ ဘုရားပေးလို့ ကိုယ်ရတာပါ။
ဒါပေမယ့် ပေးတဲ့သူက ဘယ်လောက်ရက်ရက်ရောရော စေတနာနဲ့ပေးပေမယ့် လက်ခံရမယ့်သူက ငြင်းနေရင်တော့ အလကားပဲပေါ့။ ဘုရားကပေးရဲ့သားနဲ့ မရတာဟာ မထိုက်တန်လို့မဟုတ်ပဲ၊ လက်မခံလို့သာ မရတာပါ။ ဘုရားသခင်ပေးတဲ့ လက်ဆောင်ကို လက်ခံဖို့ရာ အခုလို ရိုးရိုးကလေး ဆုတောင်းလိုက်ပါ။
`ဘုရားသခင်
ကျွန်တော် အပြစ်သားပါ။
ငရဲသွားထိုက်ပါတယ်။ ဒါပေမယ့်
သားတော် သခင်ယေရှုကို အခု လက်ခံပါပြီ။
ထာဝရအသက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘ။´
              ဒီလို ဆုတောင်းလိုက်တဲ့အခါ ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်ကို ရပါပြီ။ သားတော်ကို ရပြီ။ ထာဝရအသက်ကို ရပြီ။ ဘုရားသခင်က ကျမ်းစာထဲမှာ ဂတိပေးထားပါတယ်။
` ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏။ သားတော်ကိုမရသောသူမူကား အသက်ကိုမရ။´ ၁ ယော ၅: ၁၁-၁၂။
အောင်လံနှစ်ခြင်းအသင်းတော်
စမ်းချောင်းရပ်၊ အောင်လံ။
GOD’S GREATEST GIFT
By Saya Htein Win Ei.
God's Greatest Gift
God gave the world the best, the most important and most needed gift 2,000 years ago. He still gives that Gift to the world.
1. That is for All
God gave the gift not only for a chosen people and not for a nation. Men, women, the old, the young, and even a child can get that Gift. Both the wise and the fool can get the Gift. The Gift is not only for the beautiful but also for the ugly ones.
The white, the black, the yellow and all the people in all colors can get the Gift. No one is unworthy to get that Gift. All are worthy to get the Gift!
2. That is a Gift
God's Gift is neither old nor out of date as worldly things do. Thieves cannot steal the Gift. Also, worms cannot destroy the Gift.
Why?
God gave his only Son as a gift to us. The Son of God came down to us on the earth. He died for us to pay the wage of our sins.
"For the wage of sin is death." – Romans 6: 23. One who does sin should die. But God let his Son die for us. On the third day after the Son died, he rose again! Then He climbed up to heaven again on the 40th day after he rose.
You know he came to save you! And you accept him as your savior. That is, you let him save you.
People give friends gifts in packages. It is so exciting to see what is inside the package. Food? Cloth? Gadget? or Other things?  ....
Like that, God gave us his Son. What is in his Son? Everlasting Life! What is everlasting life? It is you will never go to hell when you die. God will not punish you. Seeing God's face, you will live forever in heaven happily and healthily.
"He who has the Son has the life." (1 John 5: 12)
3. That is Free
God does not sell us the Gift. God is not doing fundraising.
That is not a prize that you should earn by doing many good skillful works.
God is not giving you laws. He is not teaching you about the laws. It is true that God wants you to do good works. But God does not press on you to live in the best way you can. He knows you are a born sinner. He knows you were not good even in your mom's womb.
God is not asking you to join a church. He feels pity for you and just giving you a gift.
4. Please accept the Gift
What do you need to get a Gift? Nothing! Just take it! God give you the Gift. You take the Gift! You got it! That's so easy! God give you the Gift free. But if you refuse the Gift, you do not get the Gift. It is not because you are not worthy! It is because you refuse the Gift. If you want the Gift, please pray to God like this.
Dear God,
I am just a sinner.
I deserve to go to hell.
But now I accept God's Son, Jesus Christ as my savior.
Thank you for your Gift, eternal life. Amen.
Once you take the Gift, you get God's Gift. You get the Son of God. You get eternal life. Here is a promise God gave in the Bible for you.
"God has given to us eternal life, and this life is in his Son.
He that has the Son has life;
He that has not the Son of God has not life." (1 John 5: 11- 12)
Friday, November 18, 2011
သွားတောင်းပါလား- Go Ahead and Ask!
 ကိုယ်လိုတာကို ဘုရားသခင်ထံတောင်းဖို့ ကျမ်းစာက သွန်သင်ပါတယ်။ သာမန်ခရစ်ယာန်တွေလည်း တောင်းယူနိုင်ပါတယ်။ ဘုရားသခင်က လူ့ရဲ့ခေါင်းပေါ်က ဆံပင်တွေကိုတောင် ရေတွက်ထားတယ်ဆိုတော့ အသေးအမွှားလေးတွေကိုလည်း သတိထားပေးပါတယ်။
`တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တခါးကို ခေါက်ကြလော့။ ခေက်လျှင် ဖွင့်မည်။´ - (မဿဲ ရး ရ) - - - ` --- မရကြ။ အကြောင်းမူကား ဆုမတောင်းပဲနေကြ၏။´ - (ယာကုပ် ၄: ၂)
`ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။´ (ဆာလံ ၃၇: ၄)
`သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ ရကြလိမ့်မည်။´ (ယောဟန် ၁၅: ရ)
`သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။´ (မာကု ၁၁: ၂၄)
ဘုရားသခင်တောင်းစေချင်တာက … ကြီးမားတဲ့အရာတွေပါ။ ဘုရားဘုန်းတန်ခိုး ထင်ရှားမယ်အရာတွေ တောင်းဖို့ကောင်းတာပေါ့။  များများတောင်းလည်း ဘုရားသခင် ဆင်းရဲမသွားပါဘူး။
`ငါ့ကို ခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကို ငါပြမည်။´ (ယေရမိ ၃၃: ၃)
ဘယ်လောက်တောင်းမလဲ?  `ကြီးသောအရာ၊ နက်နဲသောအရာတွေကို´ တောင်းရမှာပါ။ `ကြည့်ရှုလော့။ ထာဝရဘုရားသည် မသယ်မတင်နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။´ (ဟေရှာယ ၅၉: ၁)
ကျွန်တော်တို့ ကောင်းကင်ရောက်သွားရင် လူ့လောကမှာ ဆုမတောင်းခဲ့တာတွေအတွက် အားမလိုအားမရ ဖြစ်ကြရဦးမှာပါ။
တောင်းသင့်ပါတယ်။ ဒီမနက် ခေါင်းဖီးလို့ ဆံပင်တချာင်းတလေ ကျွတ်ရင်၊ ကောင်းကင်မှတ်တမ်းမှာ အပြောင်းအလဲ ရှိသွားပြီ။
                           လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းက Open Door အသင်းတော်ရဲ့ conference တခုမှာပါ။ မနက်အိပ်ရထမှာ ရီဝေနေလို့ ဆရာဝန်ထံ သွားရပါတယ်။ သွေးနီဥ အားနည်းနေလို့ အားရှိမယ့် အစာတွေ စားဖို့ ဆရာဝန်က တိုက်တွန်းပါတယ်။ စစ်တွင်းကာလဆိုတော့ အသားကြော်က စစ်သားတွေအတွက်ပဲ ရနိုင်ပါတယ်။ ဒါမှမဟုတ်၊ စျေးကြီးပေးရတဲ့ ဟိုတယ်တွေမှာသာ ရနိုင်ပါတယ်။ ခက်တာက ဒီကိုယ်ခန္ဓာကလည်း အသားကြော်ကိုမှ လိုအပ်နေပါသတဲ့။ ဆုတောင်းမိတယ်။ `ကိုယ်တော်၊ ဒီမနက် အိမ်မှာသာဆိုရင်၊ ဇနီးသည်က ဘာစားမလဲလို့ မေးရင်၊ အမဲသားကြော်စားမယ်လို့ တောင်းမိမှာပဲ။ သဘောပြောတာပါ´ လို့ ဆိုမိပါတယ်။
                         နေ့လည်စာစားရင် ဆိုင်ကလေးတွေမှာသာ စားတော့ အကျန်အကြွင်းတွေ၊ အရောင်တင် ၀က်အူချောင်းတွေ၊ ၀က်ရိုးကလေးတွေသာ စားလေ့ရှိတာပါ။ စားပွဲထိုးအမျိုးသမီးက ` ဒီနေ့ နေလည်စာ ၂ မျိုးရနိုင်ပါတယ်။ ပထမတမျိုးက အမဲချောင်းကြော်၊ ဟင်းရွက်တို့စရာ၊ အာလူးအကြေနဲ့ - - - - ´
`ကဲ.. အဲဒါပဲ ပေးပါ´ လို့ပြောတော့… အမဲသားကြော် ပန်းကန်ပြား အကြီးကြီးတချပ် ယူလာပေးပါတယ်။ ဆုတောင်းရင် အသေးအမွှားတွေလည်း ရနိုင်ပါတယ်။
ဒါပေမယ့် အတိအကျတောင်းပါ။ ဘုရားတရားမှာမွေ့လျော်ရင် ဘုရားအလိုတော် သိလာပြီး ဘာတွေတောင်းမလဲဆိုတာ ပိုမြင်လာပါလိမ့်မယ်။ ယုံကြည်မှုဟာ ကျမ်းစာအပေါ်မှာသာ အခြေတည်ရမှာပါ။
                         ဆုတောင်းရင် ဘုရားသခင်နဲ့ အခြေအတင် ပြောခွင့်ရှိသလား? ပြောလို့ရပါတယ်။ အာဗြဟံက သောဒုံနဲ့ ဂေါမေရမြို့အကြောင်း ပြောရာမှာ ဘုရားသခင်ကို အခြေအတင်ပြောခဲ့ပါတယ်။ ဖြောင့်မတ်သူ ၁၀ ယောက်ရှိရင် သောဒုံကို မဖျက်ဆီးဖို့ စျေးဆစ်ခဲ့ပါတယ်။ ဒါကို ဘုရားသခင် လက်ခံခဲ့ပါတယ်။
                         ထာဝရဘုရားက မောရှေကို `မင်းလူမျိုးကို ဂတိတော်ပြည်ထဲကို ခေါ်သွား´ လို့ မိန့်တော်မူတော့ `အဲဒါ ကျွန်တော့လူမျိုးမဟုတ်ဘူး။ ကိုယ့်တော့်လူမျိုးလေ´ လို့ ပြောခဲ့ပါတယ်။ `အေးပါ။ ငါ ကောင်းကင်တမန်တပါးကို မင်းတို့နဲ့အတူ လွှတ်ပါ့မယ်´ ဆိုတော့ - - `ကောင်းကင်တမန်နဲ့ ကျွန်တော်နဲ့ မရင်းနှီးဘူး။ သူ့နာမည်လည်းမသိဘူး။ ကိုယ်တော်မပါရင် ကျွန်တော်မသွားတော့ဘူးလို့´ ပြန်ငြင်းခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်က သူတို့နဲ့အတူ လိုက်ပါခဲ့ပါတယ်။ မောရှေက ဘုရားသခင်ကို စျေးဆစ်ခဲ့သူပါ။
                         ရှုရိ ဖိနိတ်ပြည်သူ အမျိုးသမီးလည်း ဒီလိုပါပဲ။ နတ်ဆိုးစွဲနေတဲ့ သမီးအတွက် တောင်းပန်ခဲ့ပါတယ်။ သခင်ယေရှုက - - `သားတွေရဲ့အစာကို မင်းတို့လို တပါးအမျိုးသား ခွေးတွေအတွက် မချပေးသင့်ဘူး´ လို့ မိန့်တော်မူပါတယ်။ (မာကု ရး ၂၅- ၃၀)
အမျိုးသမီးက - သူဟာ ခွေးတကောင်ဖြစ်ရင်လည်း ကိုယ်တော်ရဲ့ ခွေးပါပဲ။ စားပွဲအောက်က အရိုးအရင်းကလေးတော့ စားချင်ပါသတဲ့။ သူငြင်းတာကို သခင်ယေရှု နှစ်သက်ပါတယ်။
                       ကိုယ်ဆုတောင်းတာကို ဘုရားသခင် ဘာကြောင့် အဖြေပေးသင့်သလဲဆိုတဲ့ အကြောင်းပြချက်၊ ဆင်ခြေတွေပေးဖို့ ယုံကြည်ချက်လုံလုံလောက်လောက် ရှိနေတာကို ဘုရားသခင် နှစ်သက်ပါတယ်။
ဘုရားသခင် ဘာကိုနှစ်သက်သလဲဆိုတာ ကျမ်းစာနဲ့ သင့်စိတ်နှလုံးမှာ အဖြေရှာဖို့ပါ။
ကြီးမာတဲ့အရာတွေ တောင်းပါ။ ယုံကြည်စွာတောင်းပါ။ ကိုယ်လိုချင်တာ ဘုရားသခင် မပေးဘူးဆိုရင်တောင် ဆက်လိုချင်၊ တောင်းချင်နေသင့်ပါတယ်။ အဲဒီတော့ - -  တောင်းသာ တောင်းလိုက်ပါ။
` --- မရကြ။ အကြောင်းမူကား ဆုမတောင်းပဲနေကြ၏။´ - (ယာကုပ် ၄: ၂)  ကိုသတိရပါ။
 By Dr. John R. Rice. ( SWORD OF THE LORD, LIX, 18 )
Sunday, November 13, 2011
Dinosaur - ဒိုင်နိုဆော
 - Dinosaur - ဒိုင်နိုဆော
ဒိုင်နိုဆောကို လိုက်ရှာတော့ သိပ္ပံပညာရှင်က အရိုးပဲတွေ့တော့တယ်။ ၄၀% တောင် ပုံဖေါ်ဖို့ မလွယ်တော့ဘူး။ ဒိုင်နိုဆောမှာ အရောင်အကွက် အမျိုးမျိုးရှိနိုင်တယ်။
                 ကုန်းသတ္တဝါတွေကို ၆ ရက်နေ့မှာ ဘုရင်သခင်ဖန်ဆင်းတယ်။ အခုဆို အနှစ် ၆၀၀၀ ကြာပြီ။ ဒါ၀င်နောက်လိုက် သိပ္ပံပညာရှင်တချိုကပြောတဲ့ အနှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီဆိုတဲ့ ပုံပြင်ကို မယုံနဲ့။ အဲဒီတုန်းက သူမရှိသေးဘူး။ ရမ်းပြောတာ။
                 Dinosaur ဒိုင်နိုဆော ဆိုတာ ဂရိစကားကလာတယ်။  “terrible lizard” လို့  ဆိုလိုတယ်။ ကြောက်စရာ ဖွတ်ကြီးလို့ ပြောရမလားပဲ။  နဂါး Dragon လို့လည်းခေါ်နိုင်တယ်။ ကမ္ဘာတဝှန်းမှာ နဂါးပုံပြင်တွေ အများကြီးရှိတယ်။ ဒီမှာလည်း မောင်ပေါက်ကျိုင်းနဲ့ နဂါးကြီး ပုံပြင်ရှိပါတယ်။ ကမ္ဘာဦးကျမ်း ၁: ၂၁ က  “great sea monsters . . . ”   ငါးကြီး - -ဟာ ရေဒိုင်နိုဆောဖြစ်နိုင်ပါတယ်။ ( ဆာလံ ရ၄: ၁၃၊ ဟေရှာယ ၂၇: ၁ )
                 ယောဘဝတ္ထု အခန်းကြီး ၄၁ မှာတော့ မီးတွေမှုတ်ထုတ်နိုင်တဲ့ ပင်လယ်နေ လဝိသန်ဆိုတာ ရှိပါတယ်။ သမ္မာကျမ်းစာထဲမှာ ပျံနိုင်တဲ့ မီးမြွေတွေရှိပါတယ်။ - ဟေရှာယ ၃၀: ၆။ နောက်…. ယောဘဝတ္ထု ၄၀: ၁၅-၁၉ မှာတွေ့ရတဲ့ ဗေဟမုတ်မြင်း Behemoth ဟာ ကုန်းဒိုင်နိုဆောတမျိုးပါ။
                လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ် Ablity to survive ဆက်လက်ရပ်တည် ရှင်သန်နိုင်စွမ်း ရဖို့လိုပါတယ်။ တချို့ကုန်းသတ္တဝါတွေနဲ့ သစ်ပင်တွေဟာ နောဧခေတ် ရေလွှမ်းမိုးရာမှာ မျိုးတုန်းပျောက်ကွယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အခြေအနေသစ်မှာ ဆက်လက်ရပ်တည်နိုင်စွမ်း မရှိကြလို့ပါ။
 ဒိုင်နိုဆောတွေ မျိုးတုန်းပျောက်ကွယ်ရတာ အဓိက ၂ ချက်ရှိပါတယ်။
       ၁။   ရေလွှမ်းမိုးပြီးတဲ့နောက် ရေခဲခေတ် Ice Age မှာ အစားအစာ ရှားပါးလာတယ်။ မြက်တွေ၊ အရွက်တွေ ရှားလာတော့ သတ်သတ်လွတ်စားတဲ့  ဒိုင်နိုဆောလို သတ္တဝါကြီးတွေအတွက် မျိုးတုန်းသွားရတယ်။
      ၂။ တခါ ဒိုင်နိုဆောတွေက လူတွေနဲ့ ပြေလည်အောင် မနေတတ်ကြဘူး။ ပုံပြင်တွေထဲမှာ နဂါးကို သတ်နိုင်ရင် သူရဲကောင်းလို့ အမွှမ်းတင်ခံရလာတယ်။
               သင်ခန်းစာယူစရာကတော့ အခြေအနေသစ်နဲ့ လိုက်လျောညီထွေနေ၊ ပြီးတော့ သူတပါးနဲ့ အသင့်အတင့်နေတတ်ဖို့၊ တည့်အောင်ပေါင်းဖို့ပါပဲ။
Elephant - ဆင်
ဆင် . . . . .
               `အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့ သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊- နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။´ သုတ္တံ ၆: ၆-၈။
 Elephant - ဆင်
ဘုရားသခင်က လူတွေကို နည်းမျိုးစုံနဲ့ သွန်သင်ဆုံးမနေရာမှာ၊ တိရစ္ဆာန်တွေကို လေ့လာခိုင်းပြီးတော့လည်း သွန်သင်ပေးလေ့ ရှိပါတယ်။ တိရစ္ဆာန်တွေကို လေ့လာရင်းနဲ့ လူတွေအတွက် အသိပညာတွေ ရလာနိုင်ပါတယ်။ တိရစ္ဆာန်တချို့ကို လေ့လာကြည့်ရအောင်……
     ၁။ ဆင် …
               အင်္ဂလိပ်လိုဆိုရင်တော့ …. “Go to the Ant” စကားကိုမှီးယူပြီး၊ ဆရာတင်ရမှာဆိုတော့ “Go to the Elephant” (သို့) “Go to Dr. Elephant” လို့ ဆိုကြပါစို့။
“Go to Dr. Elephant” ဒေါက်တာ ဆင်ထံသွား လေ့လာကြပါစို့။
              ဆင်က ရေသောက်ရင် ဂါလံ ၄၀ နီးပါးသောက်တယ်။ အသီးအရွက်၊ အကိုင်းအခက်၊ မြက်တွေကို အစုံစားပါတယ်။ ထူးခြားတာက အသားမစားပဲ ကုန်းသတ္တဝါတွေထဲမှာ ကိုယ်ထည်အကြီးဆုံးဖြစ်နေတာပါပဲ။ ဒါကြောင့် လူမှာလည်း အများလိုပဲ လိမ်မှ၊ ညာမှ၊ လုမှ၊ ညစ်မှ၊  အနိုင်ကျင့်တာ၊ လက်ဝါးကြီးအုပ်မှ ကြီးပွါးမယ်လို့ မှတ်ထင်မထားပါနဲ့။ ရိုးသားစွာ အသက်ရှင်ရင်း အောင်မြင်နိုင်ပါတယ်။
             ဆင်တွေဟာ အုပ်စုလိုက်သွားလာတတ်ပြီး၊ အများအားဖြင့် အာဏာရှိတဲ့ အမက ဦးဆောင်တတ်ပါတယ်။ အားကြီးပေမယ့် သီးခြားတယောက်တည်းမနေပဲ၊ သံယောဇဉ်နဲ့နေပြီး၊ အုပ်စုရဲ့ အကွယ်အကာကို ယူတတ်ပါတယ်။ လူငယ်တွေဟာ ကိုယ်ခြေထောက်ပေါ်ရပ်ဖို့ ကြိုးစားတာကောင်းပေမယ့်၊ မိဘ၊ ဆရာ၊မိတ်ဆွေ၊ ဆွေမျိုးတွေရဲ့ အကွယ်အကာကို တန်ဖိုးထားသင့်ပါတယ်။
            ဆင်တွေကို ယဉ်ပါးအောင် ထိန်းသိမ်း သင်ပြလို့ရပါတယ်။ ဆင်က ရှက်တတ်တယ်။ ဆင်တွေ မိတ်လိုက်ပေါင်းဖေါ်တာကို ဆင်ဦးစီးတွေတောင် မြင်ရခဲတယ်။ တိရစ္ဆာန်တွေဟာ အရှက်မရှိဘူးလို့ အလွယ်ပြောတတ်ကြပါတယ်။ အရှက်မရှိတဲ့ အထဲမှာ ဆင်တွေ မပါပါဘူး။  ဆင်တွေတောင် ရှက်တတ်တယ်ဆိုရင်.. လူတွေက အဝတ်အစား၊ အနေအထိုင်မှာ ပိုပြီးရှက်သင့်တယ်မဟုတ်လား?  လုံလုံခြုံခြံုနေထိုင်၊ ၀တ်စားသင့်တယ်မဟုတ်လား? `ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသရေရှိစေလော့။´ ဟေဗြဲ ၁၃: ၄။
             မကောင်းတာတခုကတော့ ဆင်တွေ စိတ်ဆိုးရင် ကြောစရာကောင်းတာပါပဲ။ လူမှာလည်း တခြားအချက်တွေ သိပ်ကောင်းနေပြီး၊ စိတ်ဆိုးရင်မလွယ်ဘူး၊ ဒေါသကြီးတယ်ဆိုတဲ့ အဖြစ်မျိုးကတော့ ပြုပြင်စရာပါ။
Tuesday, October 18, 2011
ပရွက်ဆိတ်လို အသင်းတော်
ပရွက်ဆိတ်လို အသင်းတော်
AUNG LAN BAPTIST CHRISTIAN SCHOOL
ပရွက်ဆိတ်ဟာ သူ့ကိုယ်ထက် အဆ ၅၀ ကျော်လေးတဲ့ ကျောက်ခဲတလုံးကို ကောက်ယူပြီး တွင်းတလျှောက် သယ်ယူကာ တွင်းပြင်ကို ထုတ်ပစ်နိုင်ပါသတဲ့။
ကျွန်တော်တို့ အသင်းတော်ကလည်း တကယ့် သေးသေးကလေးပါ။ ဒါပေမယ့် ကျောင်းသားကလေးငယ် ၅၀ ကျော်ကို နေ့စဉ် ကျွေးမွေးပြုစုရုံမျှမက လိုအပ်ချက်တွေကိုပါ ဖြည့်စွမ်းပေးရပါတယ်။
ခရစ်ယာန်အသင်းတော်တွေဟာ သူ့အရွယ်ထက်ကြီးတဲ့ အလုပ်တာဝန်တွေကို သယ်ပိုးနိုင်ပါတယ်။ ကားတိုင်ထမ်းဖို့ ပြောထားတာမဟုတ်လား? ယုံကြည်ခြင်းနဲ့ ထမ်းကြရမှာပေါ့။ ပရွက်ဆိတ်လို ခရစ်ယာန်မျိုး ဖြစ်ကြပါစို့လား?
`ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။´ - မဿဲ ၁၁: ၂၉။
BE AN ANT !
A church like an ant!
    I was told that “An ant can pick up a stone more than fifty times its weight, carry it through a long tunnel and drop it outside the nest.”
Our church is a tiny one but we bear a burden to provide 50+ children daily food, health-care, books, used clothes and other needs.
I think every Christian church can bear burden which is more than his size. We are called to take His yoke. Take the yoke and have faith to bear it. Yea! Be an ant Christian.
“Take my yoke upon, and learn of me; for I am meek and lowly in heart: and ye shall find rest unto your souls”. Matthew 11: 29.
Thursday, September 15, 2011
God’s order - ဘုရား အစီအမံ
ဥတွေပေါက်ပုံကို လေ့လာကြည့်ပါ။
  • အာလူးပိုးရဲ့ဥဟာ ခုနှစ်ရက်အကြာမှာ ဥပေါက်ပါတယ်။ 
  • စာငှက်ကလေးတွေဟာ ၁၄ ရက်အကြာမှာ ဥပေါက်ပါတယ်။ 
  • ကြက်တွေက ၂၁ ရက်မှာ ဥပေါက်ပါတယ်။
  • ဘဲတွေက ၂၈ ရက်အကြာမှာ ဥပေါက်ပါတယ်။ တောဘဲငန်းရိုင်းတွေက ၃၅ ရက်မှာ ဥပေါက်ပါတယ်။ 
  • ကြက်တူရွေးနဲ့ ငှက်ကုလားအုပ်တွေက ၄၂ ရက်အကြာမှာ ဥပေါက်ပါတယ်။ 
  • ခွေးကတော့ ၆၃ ရက် ကိုယ်ဝန်လွယ်ရပါတယ်။ 
  • လူက ရက်ပေါင်း ၂၈၀ ကိုယ်ဝန်ဆောင်ရပါတယ်။ (၄၀x၇၀)      
  အားလုံးဟာ တပတ်ဆိုတဲ့ ရ ရက်နဲ့စားရင် ပြတ်ပါတယ်။
   လူ့ဘဝဟာ ဘုရားသခင်ကိုသာ အားကိုးမယ်ဆိုရင် လှပတဲ့နည်းတမျိုးမျိုးနဲ့  ဘုရားဘုန်း ထင်ရှားမှာပါ။ ကိုယ့်သဘောနဲ့ကိုယ်ဆိုရင်တော့ ဘဝဟာ ရှုပ်ရုံ။ ဆုံးရှုံးရုံပါပဲ။   ဦးနှောက်နဲ့ နှလုံးသားကို ဖန်ဆင်းတဲ့ဘုရားဟာ ဘဝကို လှလှပပကလေး အောင်အောင်မြင်မြင်  လမ်းပြနိုင်ပါတယ်။
  ဆင်တကောင်ကို ဖန်းဆင်းတာကိုကြည့်ပါ။ သူ့ရဲ့ ခြေထောက် ၄ ချောင်းလုံးဟာ    တဖက်တည်းကိုပဲ ကွေးညွတ်တယ်။ ဘယ်ခြေ ၄ချောင်းသတ္တဝါမှ သူ့လို ဖန်ဆင်းထားတာ မရှိဘူး။   ကိုယ်ထည်ကြီးမားတယ်။ အမာခံခြေ ၄ ချောင်းနဲ့ မြန်မြန်ထနိုင်အောင် ဖန်ဆင်းထားတယ်။
   မြင်းက ရှေ့ခြေနှစ်ချောင်းနဲ့ အရင်ရပ်ပါတယ်။ နွားက နောက်ခြေ ၂ချောင်းနဲ့ အရင်ထတယ်။    ဘုရားရဲ့ ညဏ်တော် လက်ရာတွေပါပဲ။
   အသီးတွေ၊ အရွက်တွေ၊ အစေ့အဆံတွေမှာလည်း ဘုရားညဏ်တော်ကို တွေ့မြင်ရလိမ့်မယ်။
  • ဖရဲသီးမှာ အစင်းကြောင်းတွေဟာ အရေအတွက် တူညီစွာရှိတယ်။
  • လိမ်မော်သီးမှာ အမွှာ အရေအတွက် တူညီစွာရှိတယ်။
  • ပြောင်းဖူးမှာ အတန်း အရေအတွက် တူညီစွာရှိပါတယ်။ ဂျုံနှံတွေမှာ အစေ့ အရေအတွက် တူညီစွာရှိတယ်။
  • ငှက်ပျောဖီးတိုင်းရဲ့ အောက်ဆုံးအတန်းမှာ ငှက်ပျောသီး အရေအတွက် တူညီစွာရှိတယ်။    အတန်းတိုင်းမှာ တလုံးစီလျော့တယ်။ တတန်းနဲ့ တတန်း တလုံးကွာနေတတ်တယ်။
  • ဘယ်ရာသီမဆို ပင်လယ်လှိုင်းဟာ ကမ်းခြေကို တမိနစ်မှာ ၂၆ ခါ လာရိုက်တယ်။
  • အနှံတွေမှာ တူညီတဲ့ အစေ့  အရေအတွက် တူညီစွာရှိတယ်။ သခင်ဘုရားက အဆ ၃၀၊      အဆ ၆၀၊ အဆ ၁၀၀ လို့ အရေအတွက် အတိအကျ ပြောတယ်။
  ပန်းတွေကို သူ့အချိန်နဲ့သူ ပွင့်စေတာကြောင့်၊ လင်နေးယပ်စ် Linnaeus ဆိုတဲ့ ရုက္ခဗေဒ ပညာရှင်က မြေအမျိုးအစား၊ ရေဓါတ်၊ အပူချိန်ကိုသိရရင် ပန်းပွင့်ချိန်၊ ပန်းနွမ်းချိန်ကို    သူပြောနိုင်တယ်လို့ ဆိုဖူးပါတယ်။
ဘုရားကို အားကိုးသူရဲ့ ဘဝကို မွှေးရနံ့နဲ့အတူ လှပနေဖို့ ဘုရားသခင် စီရင်ပေးနိုင်တယ်။
   ဘုရားသခင်စီမံတဲ့ ဘဝဟာ အောင်မြင်တယ်။ ဘုရားလက်ထဲအပ်ရင် ပြည့်စုံပါလိမ့်မယ်။
  _ The Trumpet of Truth
Friday, May 13, 2011
လူဦးရေနဲ့ ဘာသာတရား
Population ကမ္ဘာ့လူဦးရေ
  •     Total 6,790,000,000    သန်းပေါင်း ၆၇၉၀
  •     Density 118 people/mi2     တမိုင်ပတ်လည်မှာ ၁၁၈ ယောက်နှုန်း
  •     Growth 1.14% per year    တနှစ်တိုးပွါးနှုန်း ၁.၁၄%
  •     Children 27.32%       ကလေး ၂၇.၃၂%
  •     Adult 65.12%      လူကြီး ၆၅.၁၂%
  •     Elderly 7.566%    သက်ကြီးရွယ်အို ရ.၅၆၆%
  •     Annual Births 131,000,000      နှစ်စဉ်ဖွါးနှုန်း ၁၃၁ သန်း
  •     Annual Deaths 56,600,000      နှစ်စဉ်သေနှုန်း ၅၆.၆ သန်း
Religion  ဘာသာတရား        
  •     Christianity 33.32%    ခရစ်ယာန် ၃၃.၃၂%
  •     Islam 21.01%     အစ္စလာမ် ၂၁.၀၁%
  •     Hinduism 13.26%   ဟိန္ဒူ ၁၃.၂၆%
  •     Buddhism 5.84%    ဗုဒ္ဓဘာသာ ၅.၈၄%
  •     Sikhism 0.35%    ဆစ်ခ် ၀.၃၅%
Independent Baptist Ministries
  •     Total 11,022
  •     Christian Schools 889
  •     Mission Agencies 323
  •     Deaf Churches 99
  •     Church Ministries 9,467
  •     Ministerios Hispanos 82
  •     Camp Ministries 43
  •     Military Ministries 15
Royal Wedding – William and Kate တော်ဝင် မင်္ဂလာပွဲ
      ဧပြီ ၂၉၊ ၂၀၁၁ သောကြာနေ့မှာ Great Britain ရဲ့ တော်ဝင် မင်္ဂလာပွဲကို T.V မှာ   ကြည့်လိုက်ရပါတယ်။ ဒီပွဲမှာ စိတ်ဝင်စားစရာတွေ တွေ့လိုက်ရတယ်။
 ၁။ အင်္ဂလန်ရဲ့ ဘုရင်မကြီး - " သက်အဟာရ၊ သက်အဟာရ၊ ကောင်းကင်က ချပေးမူပါ၊  ကောင်းကင်က ချပေးမူပါ၊" ဆိုတဲ့ ဓမ္မသီချင်းကို ပရိတ်သတ်ဆိုကြရာမှာ ဘုရင်မကြီးက  စာသားတော်တော် များများကို အလွှတ်ဆိုတာ တွေ့လိုက်ရတယ်။  လောကီအရိုက်အရာ ကြီးပေမယ့် ဘုရားတရားနဲ့ သိပ်မဝေးတာ ကြည်နူးစရာပါ။
 ၂။ Anglican အသင်းတော်မှ ဦးဆောင်သူများက လိုတိုရှင်းပဲ ပြောကြလို့ အင်္ဂလိ်ပ်လူမျိုး ပီသတာ တွေ့ရတယ်။ ခဏခဏကြားလိုက်ရတဲ့စကားက Spiritual Blessing ပါ။ ဝိညာဉ်ဆိုတာ ဘာမှန်းမသိတဲ့ တချို့ လူမျိုးတွေနဲ့ မတူတဲ့ လူမျိုးစရိုက်ကိုတွေ့ရတယ်။ ဒါက ဘာသာရေးနဲ့ မဆိုင်ဘူး။ လူမျိုးရဲ့ စရိုက်ပါ။
 ၃။ In Jesus Christ's name! လို့ ဆုတောင်းရာမှာ နာမတော်ကို ထည့်ဆုတောင်းတာ  ခဏခဏ တွေ့ရတယ်။ သိပ်ချိုပါတယ်။ ဝိညာဉ်ရေးမှာ နိုးထပါတယ်ဆိုတဲ့ America  မှာတောင် နိုင်ငံတော်ပွဲတွေမှာ ဆုတောင်းရင် နာမတော်ပြောခွင့်မရှိချိန်မှာ  တော်ဝင်မိသားစုရဲ့ပွဲမှာ ထူးထူးခြားခြား တွေ့ခွင့်ရလိုက်တယ်။
 ၄။ သစ္စာဆိုကြရာမှာတော့ သစ္စာဆိုနေတဲ့ သတို့သားကို သတို့သမီးက စေ့စေ့ကြည့်ပြီး ပြုံးနေတာကလည်း ကြည်နူးစရာပါ။ တကယ်ပြောနေတာနော် လို့ ပြောနေသလား မှတ်ရတယ်။ ဒါကို သတိထားမိသွားတဲ့ မင်းသားက ရှက်ပြုံး ပြုံးလိုက်တာတွေ့ရတယ်။ ဒါက သစ္စာကို တန်ဖိုးထားတာပါပဲ။
 ၅။ ပရိတ်သတ်ထဲက လူငယ်တချို့က နဖူးစည်းစာတန်း ကိုင်လာတာတွေ့ရပါတယ်။ "Kate – You have taken the King" " Kate - နင်၊ ဘုရင်ကြီးကို ရထားပြီ" လို့ ရေးထားတယ်။-  ဘေးမှာ ပုံဆွဲထားတာက Chess - စစ်တုရင်ကစားရာမှာပါတဲ့ ရဲတိုက်ရုပ်ကလေးပါ။  မိန်းကလေးတယောက်ရဲ့ ဘဝမှာ ဘယ်သူနဲ့ အိမ်ထောင်ကျမလဲ ဆိုတာ သူ့ဘဝရဲ့ နောက်ပိုင်းအတွက် ကံဆိုး၊ ကံကောင်းပါပဲ။ အခု Kate က ဘုရင်ကြီးကို ချိန်ထားပြီး၊ ရလိုက်ပြီ  ဆိုပါတော့။ အောင််နိုင်သူ စစ်သူကြီး Kate ပါ။ Kate က စစ်သားရုပ်ကလေးကို မဟုတ်ပဲ၊  ဘုရင်ကြီးကို Check ခဲ့သူပါ။
 ၆။ သတို့သမီး အင်းကျီက လုံလုံခြုံခြုံပါ။ တချို့သူတွေလို အပေါ်မပါ၊ ဗလာလုပ်မထားဘူး။  ဒါက တော်ဝင်မိသားစုရဲ့ အဆင့်အတန်းကို ပြတယ်။ အနောက်တိုင်းမှာလည်း လုံလုံခြုံခြုံ ဝတ်ကြသူတွေ ရှိပါတယ်။
 ရ။ ပရိတ်သတ် ၆သိန်း- ၁၀မိနစ်လောက်ကလေး လက်ဝှေ့ရမ်းတာမြင်ရဖို့ အပင်ပန်းခံကြတဲ့  သံယောဇဉ်ကို တွေ့ရတယ်။ အုပ်စိုးသူကို အုပ်စိုးခံလူတွေက ဒီလောက်ချစ်ကြတာဟာ  အဆန်းပါပဲ။ ပိုက်ဆံရှိရုံနဲ့ လူတွေချစ်ကြမှာမဟုတ်ဘူး။  အာဏာရှိရုံနဲ့ လည်း  လူတွေမချစ်ပါဘူး။ ဒီ ကောင်းချီးက တမျိုးပါ။
 ဒီမင်္ဂလာပွဲကြည့်ရင်း Glory! ဘုန်းအသရေဆိုတာ ဘာလဲ? Glorified! ဘုန်းထင်ရှားတယ်ဆိုတာ ဘာလဲ? တွေးကြည့်စရာပါ။  ။
By Salai Htein Win Ei
Monday, March 28, 2011
1. THE UNCHANGING CHRIST
 1. THE UNCHANGING CHRIST
၁။ မပြောင်းလဲသော ခရစ်တော်
၂၀၁၁၊ မတ်လ ၁၃၊ တနင်္ဂနွေ ညနေ 
"ယေရှုခရစ်သည် မနေ့၊ယနေ့၊နောင်ကာလ အစဉ်အမြဲ  မပြောင်းလဲ နေတော်မူ၏။" (ဟေဗြဲ ၁၃:၈)
အသက် ၇၀ ပြည့်ခါနီးပါပြီ။ ဆယ်စုနှစ်၊ ခုနှစ်စုကို ပြန်ကြည့်တော့ အပြောင်းအလဲတွေ အများကြီးတွေ့ခဲ့ရတယ်။ အဝတ်အစား ခပ်နွမ်းနွမ်းနဲ့ လူတယောက် မြင်းရထားစီးပြီး၊ ပြန်သုံးလို့ရမယ့် ပစ္စည်းအဟောင်းတွေ ကျွန်တော်တို့အိမ်မှာ လာကောက်တာ သတိရတယ်။ မြင်းခွါသံကြားရတယ်။ လမ်းထဲရောက်လာရင် ထူးထူးခြားခြား အသံပေးတတ်တယ်။ ရေခဲမုန့်ရောင်းတဲ့ မြင်းလှည်းလည်း လာတတ်တယ်။ ရေခဲစတွေကို ပြေးကောက်လို့ ရလောက်အောင် မြင်းက ဖြည်းဖြည်းပဲသွားတယ်။ အဲဒါ Los Angeles မြို့ထဲမှာပါ။ ရေခဲသေတ္တာတွေ သိပ်မရှိသေးတော့ ရေခဲတုံးတွေ ဝယ်ကြရတယ်။ ကျွန်တော်တို့အိမ်မှာ ရေခဲသေတ္တာမရှိဘူး။ ရေခဲဘူးပဲရှိတယ်။ အပေါ်အကန့်မှာ နွားနို့ထည့်ပြီး။ အောက်အကန့်မှာ တခြားပစ္စည်းတွေ ထည့်တယ်။ အခုထိလည်း ကျွန်တော်ကတော့ ရေခဲဗူး Ice Box လို့ပဲ နှုတ်ကျိုးနေပါတယ်။ တခြားကြီးမားတဲ့ အပြောင်းအလဲတခုကတော့ ရုပ်မြင်သံကြား ပေါ်လာတာပါပဲ။ ငယ်ငယ်က ရေဒီယိုမှာ Jack Benny, Amos နဲ့ Andy၊ Fibber McGee နဲ့ Molly၊ Edgar Bergen နဲ့ Charlie McCarthy၊ The Green Hornet၊ Inner Sanctum၊ နဲ့ The Lone Ranger လို အစီအစဉ်တွေ ကြိုက်တယ်။ TV အကြောင်းကြားရခါစတုန်းက လေလှိုင်းမှာ စကားပြောနေတဲ့လူကို မြင်ရဖို့ဆိုတာ စိတ်ကူးယဉ်ပဲ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာပါ။ "လူရုပ်က အင်တာနာကတဆင့် TV ဖန်သားပြင်ကို ဘယ်လိုဆင်းလာမလဲလို့ ဇဝေဇဝါ ဖြစ်နေခဲ့တယ်။ ကလေးဆိုတော့ နားမလည်နိုင်ခဲ့ဘူး။ TV စမြင်ဖူးတာက တဖက်အိမ်က ငှါးပြီးကြည့်ရတုန်းကပါ။ မိနစ်၃၀ တိုင်းတခါ ပိုက်ဆံထည့်ကြည့်ရတယ်။ ဖန်ပြင်က အလျား ၂လက်မ၊ အနံ၁လက်မ ရှိတယ်။ ရှေ့မှာ မှန်ဘီလူးတပ်လိုက်တော့ အလျား ၆ လက်မ၊ အနံ ၄လက်မ ဖြစ်သွားတယ်။ ၁၉၄၇ တုန်းကပါ။ တော်တော်စွဲလန်းသွားတယ်။ ကောဇောပျံစီးတဲ့ " Arabian Nights" ဇာတ်လမ်းကို မိနစ်၃၀ လောက် ကြည့်ဖူးတယ်။ အိမ်က ကော်ဇောပေါ်မှာ တက်ထိုင်၊ ပျံဖို့ကြိုးစားကြည့်တယ်။ ဘယ်လိုလုပ်လုပ် ထမပျံဘူး။ တော်တော်ခက်တယ်။
          သမ္မတ Franklin D. Roosevelt ၁၉၄၅ မှာသေတာ သတိရတယ်။ ၁၉၄၈ မှာ မဟတ္တမ ဂန္ဒီ လုပ်ကြံခံရတာမှတ်မိတယ်။ ၁၉၄၈ မှာပဲ Harry Truman က Tom Dewey ကို အပြတ်အသတ်နိုင်ပြီး သမ္မတဖြစ်တာ သတိရတယ်။ "Truman နိုင်တယ်" လို့ အိမ်ဘေးက အဒေါ်ကြီးကို ပြေးပြောတယ်။ သူက ခေါင်းငိုက်စိုက်ကျပြီး၊ ဝမ်းနည်းတဲ့ အသံနဲ့ "တို့က Dewey ကို ထောက်ခံတာ" လို့ ပြောတယ်။ စိတ်ထဲမှာ " မဟုတ်သေးပါဘူး၊ သူက ရီပတ်ပလီကင်ပါ" လို့ တွေးမိတယ်။ သူကို အရင်လို ကျွန်တော် ဘယ်တော့မှ နောက်ထပ် နားလည်မလွဲတော့ဘူး။ Adam အထိ တောက်လျှောက် ဒီမိုကရက်ပဲဖြစ်ခဲ့တယ်။ ဗိုလ်ချုပ် ဒေါက်ကလပ်၊ မက်အာသာကို သတိရတယ်။ ဘုရင်မ အဲလိဇဘက်ရဲ့ နန်းတက်ပွဲကို TV မှာ မြင်ဖူးတယ်။ ၁၉၅၂တုန်းက ကနေဒါပြည်၊ တိုရန်တိုမြို့လမ်းမတခုမှာ ရပ်နေတုန်း စတိုးဆိုင် တဆိုင်ရဲ့ ပြတင်းပေါက်ကနေ မြင်ခဲ့ရတာပါ။ Adlai Stevenson ၊ Hank Williams ၊ Ernest Hemingway ၊ John Steinbeck ၊ "Catcher in the Rye" တွေကို သတိရတယ်။ Johnny Bond, Bob Wills, Merle Travis, Tex Ritter တို့နဲ့ တွေ့ဆုံဖူးတာ သတိရတယ်။ Johnny Cash, Elvis, Marilyn Monroe တို့ကို သတိရတယ်။ Groucho Marx, Bob Hope, Milton Berle, Red Skelton, Jackie Gleason နဲ့ Art Carney ၊ ပြီးတော့ Steve Allen က Tonight Show ကို ဦးဆောင်တာ သတိရတယ်။ နောက် Jack Paar က Tonight Show ကို ဦးဆောင်တာ သတိရတယ်။ John F. Kennedy, Beatles, the Doors၊ ပြီးတော့  Johnny Carson က Tonight Show ကို ဦးဆောင်တာ သတိရတယ်။ Selma, Alabama မှာလုပ်တဲ့  Dr. King ရဲ့ ချီတက်ဆန္ဒပြပွဲကို သတိရတယ်။ ခရူးရှော့ဖ် နဲ့ ဆိုဗီယက်တို့ရဲ့ Sputnik ယာဉ်၊ အာကာသပြိုင်ပွဲကို သတိရတယ်။ ဗီယက်နမ်စစ်ပွဲအတွင်းမှာ ကောလိပ် ကျောင်းဝိုင်းတွေထဲက အကြမ်းဖက်မှုတွေကို သတိရတယ်။ Kent State ကို သတိရတယ်။ Churchill သေတဲ့နေ့ကို သတိရတယ်။ Bobby Kennedy သေနတ်ပစ်ခံရတဲ့ည၊ Dr. King အသတ်ခံရတဲ့နေ့တွေကို သတိရတယ်။ ၁၉၆၈ ရှီကာဂို၊ ဒီမိုကရက်ပါတီ ညီလာခံမှာ အကြမ်းဖက်မှုတွေဖြစ်တာ သတိရတယ်။ Flower Children နဲ့ Jesus People တွေကို သတိရတယ်။ Jews for Jesus နဲ့ ကျွန်တော် မိတ်ဆွေ Moishe Rosen (ကျွန်တော်တို့ မင်္ဂလာပွဲကို ကျင်းပပေးပြီး၊ ၂၀၁၀ ခု၊ သူမသေခင်ကလေးမှာ လာလည်သွားသေးတယ်။)
            Neil Armstrong က လပေါ်မှာလမ်းလျှောက်တယ်။ သမ္မတ Nixon တရုတ်ပြည်ကိုသွားပြီး ကမ္ဘာကြီးပြောင်းလဲသွားတာ သတိရတယ်။ Alec Guinness, Laurence Olivier, Boris Karloff, Ingrid  Bergman, Humphrey Bogart, John Wayne, Jimmy Stewart တို့ကို သတိရတယ်။ ၁၉၉၉ ခု၊ Staples Center မှာ Lakers တွေ ပွဲဦးထွက် ကစားတော့ အားကစားအစီအစဉ် ကြော်ညာတဲ့ Chick Hearn ကို သတိရတယ်။ Dustin Hoffman, Ringo Starr, Robert Ryan တို့နဲ့ တွေ့ဖူးတယ်။ Diane Keaton - ကတော့ တနင်္ဂနွေတနေ့မှာ ကျွန်တော်တို့ ဘုရားကျောင်းကိုလာပြီးတော့ တရားဟောတာလာ နားထောင်သွားတယ်။ တနင်္ဂနွေညနေမှာ ဘုရားကျောင်းလာတက်သွားတဲ့ David Soul (Starsky and Hutch) ကို သတိရတယ်။  Hollywood နဲ့ Vine ထောင့်မှာ တရားဟောပွဲတွေလုပ်တော့ Mickey Rooney က ပြတင်းပေါက်ကနေ တရားဟောတာ နားထောင်တာကို သတိရတယ်။ ဘေ့စ်ဘော နာမည်ကျော် Lenny Dykstra ဟာ ညနေဖက် ဝတ်ပြုကိုးကွယ်ပွဲကို ၂ ခါ လာတက်တာမှတ်မိတယ်။ ကျွန်တော်နဲ့ မိတ်ဆွေတွေဟာ Stan Laurel (Laurel နဲ့ Hardy ဟာသအဖွဲ့) ကို Santa Monica ကမ်းခြေက သူ့အခန်းမှာ တွေ့ခဲ့ကြတာ အမှတ်ရတယ်။ Warren Beatty နဲ့ Jack Nicholson ကို တွေ့ဖူးတာ သတိရတယ်။ ဒီလို အဆိုတော်တွေကို တွေ့ဖူးတာ အံသြစရာတော့ မဟုတ်ဘူး။ တသက်လုံးနီပါး နေခဲ့ဖူးတဲ့ Los Angeles မြို့လည်ခေါင်ဟာ Hollywood နဲ့ ၁၅ မိနစ်ပဲ ဝေးတယ်။
             သမ္မတ Nixon နဲ့ နေ့လည်စာ စားဖူးတယ်။ သမ္မတ Reagan နဲ့ နှစ်ခါတွေ့ဖူးတယ်။ သမ္မတရဲ့ မိန့်ခွန်းရေးရတဲ့ Paul Buchanan နဲ့ McLean, Virginia က သူ့အိမ်မှာ ကော်ဖီ သောက်ဖူးတာ သတိရတယ်။ အဲဒီမှာ အစ္စရေးကို ထောက်ပံ့ဖို့ပြောပေမယ့် မအောင်မြင်ခဲ့ဖူး။ သမ္မတဖြစ်လာနိုင်ချေရှိတဲ့ အုပ်ချုပ်ရေးမှူး Mike Huckabee နဲ့ တွေ့ဖူးတာ သတိရတယ်။ ဒုတိယကမ္ဘာစစ်၊ စစ်အေးစစ်၊ ကိုရီးယားစစ်၊ ဗီယက်နမ်စစ်၊ 9/11, အီရတ်စစ်နဲ့ ဆိုဗီယက်ယူနီယံ ကျဆုံခန်းတွေကို အမှတ်ရတယ်။ ကျွန်တော့်မိတ်ဆွေ Dr. John S. Waldrip က ကျွန်တော် တွေ့ဖူး၊ ရင်းနှီးဖူးတဲ့ တရားဟောဆရာတွေ၊ ခရစ်ယာန်ခေါင်းဆောင်တွေ စာရင်းကို မကြာခဏ တောင်းလေ့ရှိတယ်။ စာရင်းရှည်တော့ စိတ်ရှုတ်စရာပါတယ်။ "ငါ့လို ဒီမြို့က တရားဟောဆရာလေးအဖို့ ဒီလောက်များတဲ့ ကမ္ဘာကျော် တရားဟောဆရာတွေ၊ ခေါင်းဆောင်တွေကို ဘယ်လိုများ တွေ့ခဲ့ပါလိမ့်" လို့ စိတ်ထဲတွေးမိတယ်။ ဘာပဲဖြစ်ဖြစ်ပါ၊ စာရင်းပြုစုလိုက်ပြီ။ အစီအစဉ်မကျပေမယ့် မှတ်မိသလောက်ပေါ့။ သင်းအုပ်ဆရာ Richard Wurmbrand တို့ ဇနီးမောင်နှံနဲ့ ကျွန်တော်တို့ ဇနီးမောင်နှံ ညစာစားတာ မှတ်မိတယ်။ Billy Graham, George Beverly Shea တို့နဲ့တွေ့ဖူးတယ်။ Dr. W.A. Criswell နဲ့က နှစ်ကြိမ်ပါ။ Dr. John R. Rice ကို အင်တာဗျူး လုပ်ဖူးတယ်။ Francis Schaeffer နဲ့ သူ့အခန်းမှာ ကော်ဖီသောက်ဖူးတယ်။ သမ္မတ ရော်နယ်ရေဂင် ကျမ်းသစ္စာဆိုတာကို ကြည့်ကြရင်းနဲ့ပါ။ အိမ်မှာ မိတ်ဆွေ Dr. Bob Jones, Jr; နဲ့ ညစာ ခဏခဏ စားဖူးတယ်။ Dr. Bob Jones III အိမ်မှာ လာတည်းတဲ့ညကို သတိရတယ်။ Jerry Falwell နဲ့ နေ့လည်စာ နှစ်ကြိမ် စားဖူးတာ သတိရတယ်။ Christianity Today ရဲ့ ဒုတိယမြောက် အယ်ဒီတာ Dr. Harold Lindsell က ကျွန်တော်တို့ မင်္ဂလာပွဲမှာ တရားဟောတယ်။ Dr. Paige Patterson က ဘုရားကျောင်းမှာ တရားလာဟောတယ်။ Dr. J. Vernon McGee, Dr. Charles L. Feinberg, Dr. Samuel Sutherland, Dr. Gleason Archer, Dr. Wilbur M. Smith, Dr. Walter Martin, နဲ့ (the Banner of Truth Trust) က Rev. Iain H. Murray တို့နဲ့ တွေ့ခဲ့တဲ့နေ့ကို သတိရတယ်။ Dr. Harold Lindsell နဲ့ မိတ်ဆွေ , the Southern Baptist Journal ထုတ်ဝေသူ Dr. Bill Powell တို့နဲ့တွေ့ခဲ့တဲ့နေ့ကို သတိရတယ်။ Dr. John F. Walvoord, တရားသူကြီး Paul Pressler, Dr.James Montgomery Boice တို့ ဘုရားကျောင်းမှာ တရားလာဟောဖူးတယ်။ Dr. R. G. Lee, Dr. E. V. Hill, Dr. Lloys Vess, Dr. Henry M. Morris, Dr. Raymond barber, Hal Lindsey, Dr. Norman Geisler, Dr. George Eldon Ladd, Dr. Bailey Smith, Dr. Phil Shuler, Dr. Neal Weaver, Dr. John Warwick Montgomery, Dr. Bill Monroe, Dr. Gary Grey, Dr. Ken Connolly, Dr. Johnny pope, ကိုယ်ဝန်မဖျက်ချရေးခေါင်းဆောင် Joseph M. Scheidler, Campus Crusade for Christ အဖွဲ့တည်ထောင်သူ Dr. Bill Bright နဲ့ နှစ်ကြိမ်၊ Christianity Today ရဲ့ ပထမမြောက် အယ်ဒီတာ Dr. Carl F. H. Henry တို့နဲ့ တွေ့တာ သတိရမိတယ်။ Dr. G. Beauchamp Vick, Dr. John Rawlings, Dr. Kenneth E. Gillming, Dr. Jack Hyles, Dr. H. L. Willmington, Dr. D. A. Waite, Dr. Bob Ross, Dr. E. Robert Jordan, Dr. Ian R. K. Paisley, Dr. David O. Beale, Dr. Lee Roberson, Dr. James O. Combs, Dr. Clarence Sexton, Dr. Robert L. Sumner, Dr. David Innes, Dr. Louis T. Talbot ရဲ့ ဇနီး,  Billy Graham ရဲ့ဇနီး Ruth တို့နဲ့တွေ့ဖူးတာ သတိရပါတယ်။ တရုပ်ပြည်သာသနာပြု Miss Gladys Aylward နဲ့ ထိုင်ဝမ်မှာရှိတဲ့  China Evangelical Seminary ကျောင်းအုပ် Dr. James Hudson Taylor III တို့ကိုတွေ့ဖူးပါတယ်။ The First Chinese Baptist Church of  Los Angeles မှာ ကျွန်တော်ကို Dr. Timothy Lin က လက်တင်ပေးတာ မှတ်မိပါတယ်။ အဖွါးဆုံးတာ၊ သူငယ်ချင်းဆုံးတာ၊ အဖေဆုံးတာ၊ ကျွန်တော့် ပထွေး Bill McDonell ဆုံးတာ၊ အမေဆုံးတာ၊ ကျွန်တော့်သင်းအုပ် Dr. Timothy Lin ဆုံးတာ သတိရပါတယ်။ Ileana နဲ့ လက်ထပ်တာ၊ သားတွေမွေးတာ၊ အသင်းတော်စတင်တာ၊ အဲဒီအချိန်မှာ လက်တွဲခဲ့ကြတဲ့ သစ္စာရှိသူတွေကို သတိရတယ်။ ကိုယ်တိုင်လည်း အသက် ၇၀ ရောက်ရင် မှတ်မိကြမှာပါ။
               ဧဝံဂေလိ ခရစ်ယာန်တွေမှာ အပြောင်းအလဲတွေဖြစ်ခဲ့တာ တွေ့ရတယ်။ ၁၃ နှစ် အရွယ်မှာ တဖက်အိမ်က Dr. MGowan ဇနီးမောင်နှံက နှစ်ခြင်းဘုရားကျောင်းကို ခေါ်သွားတာ သတိရတယ်။ ၅၇ နှစ်လောက်ကြာခဲ့ပါပြီ။ အသင်းတော်တွေဟာ အပြင်ပန်းအားဖြင့် အရင်ကထက် အားကြီးလာပုံရတယ်။ ဒါပေမယ့် ရုပ်ဝထ္တုပိုင်းမှာ လွန်ကဲလာတာက အရင်ကထက် ဆိုးတယ်။ မပြောင်းလဲပဲ လူတွေ ဘုရားကျောင်းထဲ ရောက်လာတယ်။ အပြင်ဟန်က အားကြီးလာပုံရပေမယ့်၊ အတွင်းက အားနည်းလာတယ်။ ဘုရားကျောင်းတွေ ပိတ်သွားတယ်။ အားလျှော့လာတာ၊ အသက်ငင်နေတာတွေ ရှိလာတယ်။ မဟန်တော့ဘူးလို့ ထင်လာရတယ်။ ဒါပေမယ့် ဒီကနေ့ လမ်းလွဲနေတာတွေက ကျမ်းစာမှန်ကန်ကြောင်း ထောက်ပြနေတယ်။ ၁၉၅၀ ခုနှစ်တွေမှာ ကွန့်တာတွေထက်ပိုလာတယ်။ ( Iain
H. Murray, Lloyd-Jones: Messenger of Grace, The Banner of Truth Trust,
2008, p. 90) မှာကြည့်ပါ။ ခေတ်ကာလ ပြောင်းလဲလာတွေက မပြောင်းလဲတဲ့ ခရစ်တော်ကို လိုနေပြီဆိုတာ ပြနေတယ်။
  "ယေရှုခရစ်သည် မနေ့၊ယနေ့၊နောင်ကာလ အစဉ်အမြဲ  မပြောင်းလဲ နေတော်မူ၏။" (ဟေဗြဲ ၁၃:၈)
Henry F. Lyte ကပြောတယ်၊
"အဆုံးတိုင်အောင်၊ အသက်တာ ဆုတ်လျှော့သည်
မြေကြီးစံစားရာ မွဲဘုန်လည်းကွယ်၏။
ဤလောက၌ အနိစ္စသာ ထင်ရှား၊
အမြဲတည်ရှင်၊ ကြွလာ၊ နေတော်မူပါ။"
 ("Abide With Me" by Henry F. Lyte, 1793-1847).
"ဤလောက၌ အနိစ္စသာ ထင်ရှား၊" ဆိုတဲ့ စကားဟာ လူငယ်တွေအတွက်လည်း မှန်ပါတယ်။
တလောတုန်းက ၁၄နှစ်အရွယ် မိန်းကလေးတယောက်နဲ့ ဘဏ်မှာ ဆုံရတယ်။ အသားဖြူဖြူ။ ကျစ်ဆံမီး ဆံပင်၊် နားနဲ့ နှာခေါင်းမှာ ကွင်းတွေနဲ့။ စကားပြောကြတဲ့အခါ၊ "အကုန်လုံး ပျက်စီးပြီ။ ဘာမှမကျန်တော့ဘူး။" လို့ ပြောလာတယ်။ ဟုတ်ပါတယ်။ ဒီလို အပြောင်းအလဲတွေကြားထဲမှာ အသင်းတော်က မပြောင်းလဲပဲနေဖို့ လိုတယ်။ ကျမ်းစာက - "ဘုရားသခင်သည်၊ - ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ - အာမင်။" (ဧဖက် ၃:၂၁)
"ခမည်းတော်ဘုရား ဘုန်းကြီးစေပါ၊
သားတော်နဲ့ ဝိညာဉ်တော် ဘုရား၊
ရှေး၊ ယခု၊ နောင်ကာလ အဆုံးမရှိ
ဘုန်းကြီးစေမူပါ။ အာမင်၊ အာမင်။"
("The Gloria Patri," an old Scottish chant, author unknown).
ခရစ်ယာန်တိုင်းရဲ့ အဓိကရည်ရွယ်ချက်က ဘုရားဘုန်းတော်ထင်ရှားဖို့ပါပဲ။ အသက်တာ၊ အတွေကအာကြုံ ၊ ဆုတောင်းရာ၊ သီချင်းဆိုရာမှာ ဘုန်းတော်ထင်ရှားရမယ်။ "ဆာလံ ၅:၁၉) ဒါပေမယ့် ခေတ်ပေါ် Junk သီချင်းတွေတော့ မဖြစ်ရဘူးပေါ့။
              ဒုတိယတာဝန်က ဧဝံဂေလိ။   "ယေရှုခရစ်သည် မနေ့၊ယနေ့၊နောင်ကာလ အစဉ်အမြဲ  မပြောင်းလဲ နေတော်မူ၏။" (ဟေဗြဲ ၁၃:၈) ဆိုတဲ့အကြောင်းကို လောကီသားတွေကို ပြောပြရမယ်။ သခင်ယေရှု ခဏခဏမှာတဲ့ စကားပါ။
"သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ နှစ်ခြင်းပေးကြလော့။" (မဿဲ ၂၈:၁၉)
"သင်တို့သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။" (မာကု ၁၆:၁၅)
"ခရစ်တော်၏အခွင့်အားဖြင့် နောင်တနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား  ပြောရမည်။" (လုကာ ၂၄:၄၇)
"ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည့်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်။" (ယောဟန် ၂၀:၂၁)
"ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်။" (တမန် ၁:၈)
"ဧဝံဂေလိ" ဆိုတဲ့ သီချင်းကို ထရပ်ပြီး၊ ဆိုကြပါစို့။ သီချင်းနံပါတ် ၈ ပါ။
"ဒီကာလအတွက် တပ်လှန့်စကားပေးပါ၊ စိတ်တက်ကြွဖွယ် တန်ခိုးပါ စကား၊
သေမလား၊ အောင်မလားဆိုတဲ့ တိုက်ပွဲခေါ်သံ၊
အသင်းတော် ငြိမ်နေရာက သခင့်တောင်းဆိုသံကြား နိုးထမယ့်စကား၊
ဗိုလ်ခြေတို့ ထကြ၊ တပ်လှန့်စကား၊ ဧဝံဂေလိ"
"ဝမ်းမြေက်ဖွယ် ဧဝံဂေလိ ပြောပါ၊ မြေကြီးစွန်းတိုင် သခင်ယေရှုနာမ။
ကောင်းကင်မှာ စကားသံလွင့်ပျံ၊ ဧဝံဂေလိ၊ ဧဝံဂေလိ။
သေကြေ၊ လဲကျ လူသားတို့ကို ကယ်တင်ခြင်းလက်ဆောင် ပေးပါ။
အမှောင်မှာ နေတဲ့ လောကီသားတွေအတွက်  ဧဝံဂေလိ၊ ဧဝံဂေလိ။"
  ("Evangelize! Evangelize!" Words by Dr. Oswald J. Smith, 1889-1986;
    sung to the tune of "And Can It Be?" by Charles Wesley, 1707-1788).
"သခင်က မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိုင့်အထက် ခေါ်သွင်းလော့။" (လုကာ ၁၄:၂၃)
စနေနေ့ ညနေ ၆: ၀၀ နာရီ ဧဝံဂေလိလုပ်ကြစို့။ တခြားအသင်းတော်တွေလည်း လိုက်လုပ်လာမယ်။ မလုပ်ပဲ အိပ်ပျော်နေရင်လည်း၊ သခင်ယေရှုကတော့-
"သခင်က မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိုင့်အထက် ခေါ်သွင်းလော့။" (လုကာ ၁၄:၂၃) ဒါ၊ အသင်းတော်ရဲ့ မပြောင်းလဲတဲ့ တာဝန်ပါပဲ။
"ယေရှုခရစ်သည် မနေ့၊ယနေ့၊နောင်ကာလ အစဉ်အမြဲ  မပြောင်းလဲ နေတော်မူ၏။" (ဟေဗြဲ ၁၃:၈)
           နောက်ဆုံးတချက်က လောကအပြောင်းအလဲ၊ ကိုယ့်ဘဝအပြောင်းအလဲ၊ အသင်းတော် အပြောင်းအလဲတွေကြားထဲမှာ သခင်ယေရှု မပြောင်းလဲတာပြောပြချင်ပါတယ်။ "ယေရှုခရစ်သည် မနေ့၊ယနေ့၊နောင်ကာလ အစဉ်အမြဲ  မပြောင်းလဲ နေတော် မူ၏။" (ဟေဗြဲ ၁၃:၈) ဧဝံဂေလိကို သစ္စာရှိရှိလုပ်သူတွေကို "ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့် အတူ အစဉ်မပြတ်ရှိသည်။" (မဿဲ ၂၈:၂၀) "ငါသည် သင့်ကို မစွန့်၊ သင့်ကို အလျင်းပစ်၍ မထား။"(ဟေဗြဲ ၁၃:၅) ဘယ်တော့မှ စိတ်ဓါတ်မကျနဲ့။ ခရစ်တော်အတူရှိတယ်။
"ယေရှုခရစ်သည် မနေ့၊ယနေ့၊နောင်ကာလ အစဉ်အမြဲ  မပြောင်းလဲ နေတော်မူ၏။" (ဟေဗြဲ ၁၃:၈)
မပြောင်းလဲတဲ့ ခရစ်တော်၊ သုံးပါးတဆူမှာ ဒုတိယပုဂ္ဂိလ်။ မပြောင်းလဲတဲ့ ခရစ်တော်ဟာ "ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။" (၁ပေ ၂:၂၄) သူရဲ့ မပြောင်းလဲတဲ့ အသွေးတော်က "ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏" (၁ယော ၁:၇) အသေခံတဲ့ ကိုယ်ခန္ဓာနဲ့ပဲ အသက်ပြန်ရှင်ပြီး၊ ကောင်းကင်မှာနေတော်မူတယ်။ (လုကာ ၂၄:၃၈-၄၀) မပြောင်းလဲတဲ့ ခရစ်တော်က ဆုတောင်းပေးနေတယ်။ "ကာလအစဉ် အသက်ရှင်သောကြောင့်  --- ကယ်တင်ခြင်းငှါတတ်နိုင်တော်မူ၏" "ယေရှုခရစ်သည် မနေ့၊ယနေ့၊နောင်ကာလ အစဉ်အမြဲ  မပြောင်းလဲ နေတော်မူ၏။" (ဟေဗြဲ ၁၃:၈)
 (ဟေဗြဲ ၇:၂၅)
ခရစ်တော်က မပြောင်းလဲဘူး။ အပြစ်သားတွေကို ချစ်နေဆဲပဲ။ ကယ်တင်ခြင်းမရသေးရင် မပြောင်းလဲတဲ့ ခရစ်တော်ထံ ဒီညပဲ လာပါ။ ယုံကြည်ခြင်းနဲ့လာပါ။ အပြစ်တွေကို သူ့အသွေးနဲ့ ဆေးပေးပါမယ်။ဖြောင့်မတ်တဲ့ ဝတ်လုံကို ဆင်ပေးမယ်။ အပြစ်စီရင်မခံရအောင် ကယ်မယ်။ ထာဝရအသက်ပေးမယ်။ ခရစ်တော်ထံ လာပါ။ ခရစ်တော်ထံ လာဖို့ ဘုရားသခင်နဲ့ ဝိညာဉ်တော်ရဲ့ တန်ခိုးက ဆွဲဆောင်ပါစေ။ အာမင်။ Sermon by Dr. R. L. Hymers (Translated by pastor Htein Win Ei on March, 2011)
Wednesday, January 19, 2011
Prophecy ရှေ့ဖြစ် ကြိုဟောခြင်း
သမ္မာကျမ်းစာတအုပ်လုံးရဲ့ ၂၅% ကျော်ဟာ Prophecy ကြိုတင် ဟောပြောချက်တွေ ဖြစ်တယ်။ ဒါဟာ တခြားဘာသာတွေရဲ့ ကျမ်းတွေနဲ့ မတူတဲ့ အချက်ပါပဲ။ သမ္မာကျမ်းစာရဲ့သာမန်ကျမ်းပိုဒ်တွေမှာပင် အံ့သြစရာတွေ ရှိနေတတ်တယ်။ ကမ္ဘာဦး ၅ မှာပါတဲ့ ဆွေစဉ်မျိုးဆက် စာရင်းဟာ အဓိပ္ပါယ်ရှိတယ်။ အာဒံဆိုတာ လူလို့ အဓိပ္ပါယ်ရတယ်။ သူ့သား ရှေသကတော့ ခန့်ထားသော လို့ ဆိုလိုတယ်။ သူ့အကို အာဗေလရဲ့ နေရာကို ဆက်ခံဖို့ ခန့်ထားခံရလို့ပါ။ စာရင်းတခုလုံးကတော့ - - -
    Adam means "Man". အာဒံ = လူ
    Seth means "Appointed". ရှေသ= ခန့်ထားသော
    Enosh means "Mortal". ဧနုတ် =  သေတတ်သော
    Kenan means "Sorrow". ကာဣနန် = ဝမ်းနည်းခြင်း
    Mahalalel means "The blessed God". မဟာလေလ= မင်္ဂလာရှိသော ဘုရားသခင်
    Jared means "Shall come down". ယာရက် = ဆင်းလာမယ်။
    Enoch means "Teaching". ဧနောက် = သင်ပြခြင်း
    Methuselah means "His death shall bring". မသုရှလ = သူ့သေခြင်းက ယူဆောင်လာမယ်။
    Lamech means "The despairing". လာမက် = မြော်လင့်ခြင်းမဲ့နေသော
    Noah means "Comfort (or rest)". နောဧ = သက်သာခြင်း ( အနားရခြင်း)
ဒါတွေ အားလုံးကို အတူ ဆက်ဖတ်လိုက်တဲ့အခါ လူတွေရဲ့ ပထမဆုံး ဘိုးဘေး ၁၀ ယောက် နာမည်ဟာ ကယ်တင်ရှင် ကြွလာမယ့်အကြောင်းကို ကြိုတင်ပြောထားတဲ့ စကား ဖြစ်နေပါတယ်။
"Man (is) appointed mortal sorrow; (but) the blessed God shall come down, teaching (that) His death shall bring the despairing comfort ( or rest)."
"လူဟာ သေဖို့ ဝမ်းနည်းဖို့ရာ မွေးလာတယ်။ (ဒါပေမယ့်) မင်္ဂလာရှိတဲ့ ဘုရားသခင် ဆင်းလာပြီး၊ မြော်လင့်ချက်မဲ့နေသူတွေကို သူ့သေခြင်းကနေ သက်သာခြင်း ယူဆောင်လာမယ်လို့ သွန်သင်မယ်။
(Hidden Treasures in the Biblical Text, p 11-18 မှ)
Email:   papa.pastor@gmail.com
Wednesday, November 17, 2010
ထူးဆန်းတဲ့ ခရစ်စမတ် ပြဇာတ်တပုဒ် Trouble at the Inn
ထူးဆန်းတဲ့ ခရစ်စမတ် ပြဇာတ်တပုဒ်
"Trouble at the Inn" 
 By Dina Donohue
      အမေရိကန်ပြည် အနောက်အလယ်ပိုင်းဒေသရဲ့ မြို့ကလေးတမြို့မှာ ခရစ်စမတ် ပြဇာတ်တွေ အကြောင်း အခု နောက်ပိုင်း ပြောကြပြီဆိုရင် "ဝေါလေ့စ် ပါလင်း" Wallace Purling ရဲ့ နာမည် အမြဲ ပါလာလေ့ ရှိတယ်။ တင်ဆက်နေကျ သူတို့ မြို့ကလေးရဲ့ ကျောင်းပြဇာတ်မှာ ဝေါလီ Wally ရဲ့ သရုပ်ဆောင်ပုံကတော့ ပြောစမှတ်တွင်လောက်အောင် လွဲချော်သွားတယ်။ ဒါပေမယ့် အဲဒီည ပြဇာတ် သွားကြည့်တဲ့ သူတွေကတော့ ဖြစ်ပျက်ပုံ အတိအကျကို ပြန်ပြောကြရတာ မမောနိုင် မပန်းနိုင်အောင်ပါပဲ။
                       အဲဒီတုန်းက ဝေါလီက ၉ နှစ်။ အသက်နဲ့စာရင် အတန်းက တတန်း နောက်ကျနေတယ်။ ကျောင်းစာမှီဖို့ မလွယ်တဲ့သူလို့ မြို့ထဲကလူအများစုက သိထားတဲ့သူပါ။ လူကောင်က ကြီးကြီး၊ ထုံထုံထိုင်းထိုင်းနဲ့ အလွန်နှေးကွေးသူပါ။ အတန်းဖေါ် ကလေးတွေကတော့ ဝေါလီကို သဘောကျကြတယ်။ သူတို့အားလုံးဟာ ဝေါလီထက် အသက်ငယ်ကြတယ်။ သူများနဲ့ တွဲမကစားတတ်တဲ့ ဝေါလီက ဘောလုံး ဝင်ကန်ချင်တယ်ဆိုရင်တော့ သူတို့ခမျာ စိတ်အတော် ထိန်းကြရရှာတယ်။
                  အများစုက ဝေါလီကို ကွင်းပြင်ထုတ်ထားတာပဲ ကောင်းတယ်လို့ သဘောထားကြတယ်။ ဘာပဲဖြစ်ဖြစ် ဝေါလီက ပါချင်တယ်။ စိတ်မခုတတ်ပေမယ့် ခုန်ဆွခုန်ဆွ လုပ်နေတော့တယ်။ သူဟာ အမြဲ ကူညီတတ်သူပါ။ စေတနာကောင်းတယ်။ ပြုံးပြုံးရွှင်ရွှင် နေတတ်တယ်။ ရှုံးတဲ့သူ၊ နစ်နာနေတဲ့သူဖက်မှာ နားလည်ရခက်လောက်အောင် ဝင်ကူတတ်သူပါ။ အကြီးကလေးတွေက အငယ်ကလေးတွေကို လိုက်ဖမ်းတဲ့အခါ "သူတို့လည်း နေပါစေကွာ။ နှောက်ယှက်တာမှ မဟုတ်ပဲ" လို့ ဝင်ပြောတတ်တယ်။
                  ဒီနှစ် ခရစ်စမတ် ပြဇာတ်မှာတော့ ပလွေတချောင်းကိုင်ပြီးတော့ သိုးထိန်းလုပ်မယ်လို့ ဝေါလီ စိတ်ကူးယဉ်တယ်။ ဒါပေမယ့် ပြဇာတ်ဒါရိုက်တာ "မစ္စ လမ်ဘတ်ဒ်" Miss Lumbard က ဝေါလီကို ပိုအရေးပါတဲ့ ဇာတ်ကောင်နေရာကို ပေးတယ်။ တည်းခိုခန်းပိုင်ရှင်နေရာဆိုရင် စကားပြော အများကြီး မကျက်ရဘူး။ ပြီးတော့ ဝေါလီရဲ့ ကိုယ်လုံးကိုယ်ထည်ကလည်း ယောသပ်ကို ငြင်းတဲ့နေရာမှာ ပိုပြီး မာန်ပါမယ်လို့ စဉ်းစားမိလို့ပါ။
                  အဲဒီ မြို့ကလေးရဲ့ ခရစ်စမတ် ပြဇာတ်ကို ကူညီပံ့ပိုးပေးနေကျ မြို့ထဲက လူအတော် များများကလည်း ခရစ်စမတ်နဲ့ဆိုင်တဲ့ အသုံးအဆောင်တွေ ရှာပြီး ယူလာပေးကြတယ်။ သိုးထိန်း တောင်ဝှေးတွေ၊ နွားစာခွက်တွေ၊ မုတ်ဆိတ်မွေး အတုတွေ၊ ခေါင်းဆောင်းတွေ၊ ဦးထုပ်တွေ၊ သရဖူတွေ၊ ရောင်ခြည်ဖြာဖို့ မီးလုံးကလေးတွေ ရှာယူလာကြတယ်။ ပြဇာတ်စင်တခုလုံး တယောက်တပေါက် ဆူညံနေပြီ။ အဲဒီည စိတ်လှုပ်ရှားတဲ့နေရာမှာတော့ စင်ပေါ်က လူတွေရော၊ စင်အောက်က လူတွေပါ "ဝေါလေ့စ် ပါလင်း" ကို မှီကြမှာ မဟုတ်ဘူး။ အချက်မပြခင် စင်ပေါ်မှာ မမှားရအောင် မစ္စ လမ်ဘတ်ဒ်က အထပ်ထပ် လေ့ကျင့်ပေးထားတာဆိုတော့ သူ့ခမျာ ကုလားကာကြားမှာ ရပ်ပြီး ပြဇာတ်ကို အကြီးအကျယ် စိတ်ဝင်တစား ကြည့်နေခဲ့တာလို့ နောက်ပိုင်း သူတို့ ပြောပြချက်အရ သိရတယ်။
                 ဒီလိုနဲ့ ယောသပ်ထွက်ရမယ့်အချိန် ရောက်လာတယ်။ မာရိကို တည်းခိုခန်း တံခါးဝ အထိ ညင်ညင်သာသာ ကြင်ကြင်နာနာ တွဲခေါ်လာတယ်။ ယောသပ်က နောက်ခံ ပန်းချီကားပေါ်မှာ ဆွဲထားတဲ့ သစ်သားတံခါးကြီးကို ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။ တံခါးနားမှာ အသင့်စောင့်နေသူကတော့ တည်းခိုခန်းပိုင်ရှင်ကြီး ဝေါလီ ပေါ့။
                     ဝေါလီက တံခါးကို ဆွဲဖွင့်လိုက်ပြီး၊ "ဘာလိုချင်သလဲ ဟေ့" လို့ ခပ်ပြတ်ပြတ် အမူအယာနဲ့ မေးလိုက်တယ်။
                 "တည်းခိုစရာ ရှာတာပါ ခင်ဗျာ"
                 "တခြားမှာ သွားရှာကြ" လို့ ဝေါလီက ခပ်တည်တည် ကြည့်ပြီး၊ ခပ်ငေါက်ငေါက် ပြောလိုက်တယ်။ "ငါ့ တည်းခိုခန်းက ပြည့်နေပြီ" ။
                 "ကျွန်တော်တို့ နေရာအနှံ့ ရှာပြီးပါပြီ။ မရပါဘူး ခင်ဗျာ။ ခရီးဝေးက လာကြရလို့ အတော် ပင်ပန်းနေလို့ပါ ဆရာကြီးရယ်"
                 "ဒီ တည်းခိုခန်းမှာ မင်းတို့နေစရာ မရှိဘူး" လို့ ဝေါလီက ခပ်မိုက်မိုက် စိုက်ကြည့်ပြီး ပြောတယ်။
                 "သနားပါဦး၊ တည်းခိုခန်း ဆရာကြီးရယ်။ ဒါ၊ ကျွန်တော့် အမျိုးသမီး မာရိပါ။ သူ့မှာ ကိုယ်ဝန် အရင့်အမာကြီးနဲ့ပါ။ နားဖို့ လိုလို့ပါ။ သူ့အတွက် တနေရာစာလေး၊ ထောင့်တထောင့် ဖြစ်ဖြစ် ရနိုင်ကောင်းပါရဲ့ ခင်ဗျာ။ သူ တအား ပင်ပန်းနေလို့ပါ ဆရာကြီးရယ်"
                 ဒီအခါမှာတော့ ပထမဦးဆုံးအကြိမ်အဖြစ် တည်းခိုခန်းပိုင်းရှင်ကြီး ဝေါလီဟာ သူ့ရဲ့ ခပ်ကြမ်းကြမ်း အမူအယာကို လျှော့ချလိုက်ပြီး မာရိကို ငုံ့ကြည့်လိုက်တယ်။ ကြည့်ပြီး အတော်ကြာအောင် ငြိမ်သက်သွားတယ်။ သူ ငြိမ်တာ ကြာသွားတော့ ပရိတ်သတ်လည်း နဲနဲ ကြောင်သွားတယ်။
                 "မရဘူး။ သွားကြ" လို့ ထောက်ပေးသူက ကုလားကာကြားက တိုးတိုးကလေး ထောက်ပေးတယ်။
                 "မရဘူး" လို့ ဝေါလီ ချက်ချင်း လိုက်ဆိုတယ်။ "သွားကြ"။
                 ယောသပ်က ဝမ်းနည်းစွာနဲ့ မာရိကို သိုင်းဖက်လိုက်တယ်။ မာရိကလည်း သူ့ခေါင်းကို ခင်ပွန်းသည်ရဲ့ ပခုံးအပေါ်မှာ မှီထားလိုက်တယ်။ သူတို့နှစ်ယောက် ထွက်သွားစ ပြုပြီ။ တည်းခိုခန်းပိုင်းရှင်က ပြန်မဝင်သေးဘူး။ တံခါးဝမှာ ဆက်ရပ်နေတုန်းပဲ။ ကယ်သူမဲ့တဲ့ ဇနီးမောင်နှံကို ဆက်ကြည့်နေဆဲပဲ။ သူ့ ပါးစပ်က အဟ သား။ နဖူးကြောက စိုးရိမ်စိတ်ကြောင့် ရှုံ့မဲ့နေပြီ။ သူ့ မျက်ဝန်းမှာ မျက်ရည်တွေ ပီပီပြင်ပြင် ပြည့်လျှံလာတယ်။
                  အဲဒီအချိန်မှာ ရုတ်တရက် ဆိုသလို အခုပြဇာတ်က တခြားခရစ်စမတ် ပြဇာတ်တွေနဲ့ မတူတော့ပဲ ပုံစံကွဲသွားတယ်။
                  "ယောသပ်၊ မသွားနဲ့တော့" လို့ ဝေါလီ လှမ်းခေါ်လိုက်ပြီ။ "မာရိကို ပြန်ခေါ်ခဲ့"။ ဝေါလေ့ ပန်လင်းရဲ့ မျက်နှာဟာ တဖြည်းဖြည်း တောက်ပစွာ ပြုံးလာတယ်။ "မင်းတို့ ငါ့အခန်းကို ယူကြ"။
                  "ပြဇာတ်တော့ ပျက်ပြီ" လို့ မြို့က လူတချို့က ထင်ကြတယ်။ ဒါပေမယ့် တချို့- အတော် များများ တချို့ကတော့ သူတို့ ကြည့်ဖူးသမျှထဲမှာ ဒီခရစ်စမတ် ပြဇာတ်ဟာ အကောင်းဆုံးပဲ လို့ မှတ်ယူခဲ့ကြတယ်။          ။
                   *                             *                            *                              *
(ဒီ ဝတ္ထုတိုကလေး ဖတ်ပြီး အကူအညီလိုအပ်နေသူတွေကို တတ်နိုင်သမျှ ကူညီနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။)
(THE SWORD OF THE LORD, December 17, 2004 စာစောင်မှ ဘာသာပြန်ပါတယ်။)   Pa.  (November 14, 2010)     
Depression စိတ်ဖိစီးမှု
စိတ်ဖိစီးမှုရဲ့ လက္ခဏာရပ်များ
  ၁။ အပြုအမူ နှေးလွန်းခြင်း (သို့) သွက်လွန်းခြင်း (Hyper activity)
  ၂။ ဒေါသထွက်လွယ်၊ စိတ်ဆိုးလွယ်ခြင်း။
  ၃။ စိုရိမ်းလွန်ကဲ၊ ကြောက်ရွံ့တတ်ခြင်း။ ဆူညံသံ၊  ရုတ်တရက် ပြေးလွှားအော်ဟစ်ခြင်း၊ အသေးအမွှား ကိစ္စများကိုပင် သည်းမခံနိုင်ခြင်း။  စိုးရိမ်ခြင်းဟာ သွေးလှည့်ပတ်မှု၊ နှလုံး၊ အကြိတ်များ၊  အာရုံကြောများ ထိခိုက်စေတယ်။ ကိုယ်ခန္ဒာကို  အဆိပ်အတောက်များ ဖြန့်ကျက်စေတယ်။  အကြိတ်များ ဖြစ်ပေါ်စေတယ်။ သွေးပြွန်ကြောများ တောင့်မာစေပြီး၊   နှလုံးအားနည်းစေတယ်။ လူကို အမြန် အိုစာလာစေတယ်။ 
  ၄။ သွေးပေါင်ချိန်တက်ခြင်း/ ကျခြင်း။
  ၅။ စားချင်စိတ် အာသီသ ပျက်ခြင်း/ အစား လွန်ကဲခြင်း။
  ၆။ ရှင်းပြ၍ မရသော ကိုယ်ခန္ဓာ ဝေဒနာများ ဖြစ်ပေါ်တတ်ခြင်း။
-          ခေါင်းကိုက်၊ ဗိုက်နာ၊ ကျောနာ၊ နှလုံးခုန်မြန်ခြင်း/ မူမမှန်ခြင်း။မူးဝေခြင်း၊ ဓမ္မတာ ခက်ခဲခြင်း။
၇။ အိပ်စက်မှု ပုံမှန်မဖြစ်ခြင်း။
-          အိပ်မရ၊ အိပ်မက်အလွန်မက်ခြင်း၊ အိပ်မက်ဆိုး၊ အိပ်စက်မှု မူမမှန်မှု မျိုးစုံ။
  ၈။ သာမန် အပျော်အပါးနှင့် သွားလာလှုပ်ရှားမှုများကိုပင် စိတ်မဝင်းစားတော့ခြင်း။
  ၉။ မြော်လင့်ချက်မဲ့လာ၊ စိတ်ပျက် အားငယ် ငိုချင်လာခြင်း။
  ၁၀။ ကာမဂုဏ် စိတ်မဝင်စားခြင်း။
  ၁၁။ အာရုံစူးစိုက်မရခြင်း၊ မေ့တတ်လာခြင်း။ ဆုတောင်း၊ကျမ်းစာဖတ်ဖို့ပင်  အာရုံမစိုက်နိုင်ခြင်း။
  ၁၂။ တန်ဖိုးမဲ့သလို ခံစားရပြီး၊ ကိုယ့်အပြစ်၊ကိုယ့်အားနည်းမှုများကိုသာ  အမြဲတွေးနေတတ်ခြင်း။
  ၁၃။ ဘုရားသခင်နှင့် ဝေးနေသလို ခံစားရခြင်း။
လက်တွေ့ကျင့်သုံးရန် Practical pointer
  ၁။ ငြင်းတတ်ဖို့ သင်ယူလေ့ကျင့်ပါ။ Learn to say "No". တခုခုလုပ်ဖို့ တောင်းဆိုလာရင် ပြန်မဖြေခင် အရင်စဉ်းစားပါ။ ဘုရားအလိုတော်လား။ သူတပါး စိတ်ကြေနပ်အောင် လိုက်လျောနေတာလား။
  ၂။ ကိုယ်စား ခိုင်းလိုက်ပါ။ Practice delegating. အရာရာကို ကိုယ်လုပ်မှ ပြီးတယ်လို့ မထင်ပါနဲ့။
  ၃။ စုံလင်ဖို့ မကြိုးစားပါနဲ့။ - Stop striving for perfection. တချို့အလုပ်တွေက အရမ်းကြိုးစားဖို့ မတန်ဘူး။ ကိုယ်က လူပဲ။
  ၄။ တချို့ မြော်လင့်ချက်တွေကို လျှော့ချပါ။ Reduce your expectations of others.
တခြားသူတွေကို အားမရ ဖြစ်မနေပါနဲ့။ ကိုယ်က ဘုရားမဟုတ်ဘူး။ ဘုရားသခင်ရဲ့ လက်ထောက်လည်း မဟုတ်ဘူး။ သူတို့လည်း လူတွေပါ။ မစုံလင်ဘူး။ ခွင့်လွှတ် နားလည်ပေးဖို့ လိုပါတယ်။
  ၅။ ကျန်းမာရေးကို ဂရုစိုက်ပါ။ Take care of your health. အစားအသောက် ဂရုစိုက်ပါ။ လေ့ကျင့်ခန်း နေ့တိုင်းလုပ်ပါ။ (လမ်းလျှောက်တာဟာ ကိုယ်ရော၊ စိတ်ပါ ကျန်းမာစေတယ်။) လိုအပ်ရင် ဆရာဝန်ထံ ပြသပါ။ လူကြီးတွေဟာ တနေ့ အိပ်ချိန် ဂနာရီ မှ ၉နာရီ အထိ ရှိသင့်တယ်။
  ၆။ တပတ်မှာ တရက်တော့ ဥပုဒ်နေ့လိုပဲ နားလိုက်ပါ။  တနေ့တည်းမှာပဲ နည်းနည်း နည်းနည်း အချိန်ယူ နားတတ်ပါစေ။ ကျမ်းစာဖတ်၊ အသီးဖျော်ရည်သောက်၊ သီချင်းတပိုဒ်လောက် ညည်းကြည့်ပါ။ ကြည်နူးစရာ ပုံပြင်၊ ဖြစ်ရပ်မှန် ဇာတ်လမ်းကလေးတွေ ဖတ်ပါ။ ခဏလည်စရာ နေရာတခုကို ရှာပါ။ ပန်းပင်စိုက်ပါ။ ခိုးအိပ်တတ်ပါစေ။ နာမည်ကြီး ကျမ်းစာဆရာ Dr. Warren W. Wiersbe က "တခါတလေ ကိုယ်အလုပ်နိုင်ဆုံး ဘုရားတရားအလုပ် Spiritual work ဟာ တရေး အိပ်ခြင်းဖြစ်နေတတ်တယ်" လို့ ဆိုပါတယ်။ ကိုယ်တရေး အိပ်လို့ ကမ္ဘာကြီး ပျက်းစီးမသွားဘူး။ ဘုရားသခင် ထိန်းချုပ်ပေးနေဆဲပါ။
  ရ။ စိုးရိမ်ခြင်းရှိသမျှကို ဘုရားသခင်ထံ အပ်နှံပါ။ သခင်ယေရှုက "ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကို တင်၍ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။" မဿဲ ၁၁: ၂၈- ၃၀။
စိတ်ဖိစီးမှုဟာ နှလုံးရောဂါပြီးရင် ကမ္ဘာမှာ ဒုတိယအဖြစ် အများဆုံးရောဂါပါ။ ကျမ်းစာထဲက လူကောင်းတွေလည်း စိတ်ဖိစီးမှု ခံစားခဲ့ကြရတယ်။ ဥပမာ- ဒါဝိဒ်မင်း။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ၆ ဆ ပိုတွေ့ရပါတယ်။ အမျိုးသမီးတိုင်းလိုလို အပျော့စား စိတ်ဖိစီးမှု(Mild depression) ကြုံရတတ်တယ်။ သားသည်အမေတွေမှာတော့ Baby Blues ဆိုတဲ့ သွေးနုသားနု သွေးလေ ချောက်ခြားတာ ခံစားရတတ်ပါတယ်။ ဒါက မကြာခင် ပြန်ပျောက်တတ်တယ်။  
ဆာလံကျမ်းကိုဖတ်ရှုခြင်းဟာ ဘုရားသဘာဝ၊ ဘုရားသဘော၊ ဘုရားဂုဏ်တော်၊ ဘုရားသစ္စာ၊ ဘုရားမေတ္တာ၊ ဘုရားရဲ့ အတူရှိနေခြင်းတွေကို နားလည်လာစေပါတယ်။ "အို- ငါ့ဝိညာဉ်၊ သင်သည် အဘယ့်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ့်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မြော်လင့်လျှက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါ ချီးမွှမ်းထောပနာ ပြုရလေအံ့သတည်း။" ဆာလံ ၄၂: ၁၁။  - - - - who is the HEALTH of my Countenance and my God.  ("ငါ့ ရုပ်ရည်ကို ကျန်းမာစေတဲ့ ဘုရားသခင်" လို့ ဆိုလိုပါတယ်။)