စိတ်ကောင်း စေတနာကောင်း၊ အတွေးအခေါ်ကောင်းများနဲ့ ယိုင်းပင်းကူညီကြသော နေ့ရက်များသို့ - To See Good Days!
Wednesday, May 30, 2012
စားသောက်ပုံ - Table Manners
စစ်မှန်တဲ့ အပြုအမူတွေဟာ စိတ်နှလုံးထဲက လာပါတယ်။ ကြင်နာတဲ့စကားဟာ ကြင်နာတတ်တဲ့ နှလုံးသားထဲမှ လာပါတယ်။ အပြုအမူ ယဉ်ကျေးနေပေမယ့် သူတပါးကို ညဉ်းတွား အပြစ်တင်လိုက်တာနဲ့ ယဉ်ကျေးတာတွေဟာ အတုအယောင် ဖြစ်တာကို ပြသနေပါတယ်။
အစားအစာ စားတဲ့အခါ ဘုရားသခင်ကို ကျေးဇူးစကား အမြဲဆိုပါ။ ပြင်ဆင်ကျွေးမွေးသူကိုလည်း ကျေးဇူးစကား ပြောပါ။
သူတပါးကို စိတ်ကြည်နူးစေခြင်းဟာ စိတ်ကောင်းရှိကြောင်း ပြနေပါတယ်။ စားသောက်ရာမှာ ကိုယ့်အလို၊ ကိုယ့်ဆန္ဓကို ဘေးဖယ်ထားပါ။ သူတပါးကို အလေးအနက်ထားပါ။ အချိန်မှီ ၀င်ထိုင်ပါ။
ငြိမ်သက်စွာ စားသောက်ပါ။
ကြည်နူးကြည်နူ စားသောက်ပွဲဖြစ်ဖို့ရာ အဓိကက ငြိမ်သက်စွာ စားဖို့လိုပါတယ်။ နည်းနည်းစီသာ ကိုက်စားပါ။ ပါးစပ်ပိတ်ပြီး ၀ါးစားပါ။ သောက်ရေခွက်၊ ဇွန်းခက်ရင်းတို့ကို အသံမမြည်စေပါနဲ့။
အစားအသောက် လက်ဆင့်ကမ်းခြင်း
ပန်းကန်ကို လက်ဆင့်ကမ်းတဲ့အခါ ညာဖက်ကိုသာ ကမ်းရပါတယ်။ လူတိုင်း ကိုယ်စီမရကြသေးရင် မစားရသေးပါ။ စားနေတုန်းအစားအသောက် ထပ်လိုပါက အနီးဆုံး လက်ဆင့်ကမ်းနိုင်သူကို တောင်းပါ။ သူတပါး ပန်ကန်ပေါ်မှ မဖြတ်ကျော်ရပါဘူး။ ထရပ်ပြီးလည်း လှမ်းကျော် မယူရပါဘူး။
လက်သုတ်ဝတ်များ - Napkins:
စားဖို့ အသင့်ဖြစ်တဲ့အခါ ဇွန်းခက်ရင်းရဲ့ ဘယ်ဖက်ရှိ လက်သုတ်ပဝါကို ယူပြီး၊ ပေါင်ပေါ်တင်ခင်းပါ။ ပုဝါသေးရင် အပြည့်ဖြန့်ခင်းပြီး၊ ပုဝါကြီးရင် ခေါက်ဖို့လိုပါတယ်။
အစားအသောက် လှီးဖြတ်ခြင်း
ညာလက်နဲ့ ဓါးကို ကိုင်ပါ။ ဘယ်လက်က ခက်ရင်းနဲ့ အစားအစာကို ထောက်ထားရပါမယ်။ ( ဘယ်သန်များအတွက် မဟုတ်ပါ။ နဲနဲလောက် လှီးဖြတ်ပြီးတဲ့အခါ၊ ဓါးကို ကိုယ့်ပန်းကန်ပေါ်မှာ တင်ပါ။ ပြီးမှ ညာလက်နဲ့ ဇွန်းခက်ရင်းကို ကိုင်ပြီး ဆက်စားပါ။ ဒါကို “Zig Zag” ဇစ်၊ ဇက်ကွေ့ (သို့မဟုတ်) “American Style” `အမေရိကန် စတိုင်လ်´ လို့ ခေါ်ပါတယ်။
ဇွန်းသုံးစွဲပုံ
အချိုရည်ကို ဇွန်းရဲ့ ဘေးဖက်မှ ထည့်ယူပါ။ ဇွနးပေါ်က မထည့်ရပါ။ ဟင်းချိုရည်ကို ဇွန်းနဲ့ လှမ်းယူပါ။ ကလေးတွေက ဇွန်းနဲ့ မှုတ်သောက်နိုင်ပါတယ်။ ဒါပေမယ့် ကျန်တဲ့သူ အားလုံးကတော့ အပေါ်ယံက အေးတဲ့ ဟင်းရည်ကို အသာကျော့ပြီး ခပ်သောက်သင့်ပါတယ်။ ကိုကိုး - လို ပူတဲ့ ဖျော်ရည်ကို သောက်ရင်တော့ တချက်၊ နှစ်ချက် အသာမွှေပါ။အပူရှိန်ကို သိနိုင်ဖို့ တဇွန်းသောက်ကြည့်ပါ။ ပြီးမှ ဇွန်းကို အောက်ခံ အချိုရည်ပြားပေါ်မှာ ချထားပါ။ အချိုရည်ခွက်မှာ ဇွန်းတပ်လျက်နဲ့ ဘယ်တော့မှ မသောက်ပါနဲ့။ ပူနေသေးရင် အချိုရည်ခွက်ကို မှုတ်သောက်မယ့်အစား ခဏစောင့်လိုက်ပါ။
သုံးပြီးတဲ့ ဇွန်း၊ ခက်ရင်း၊ ဓါးများ
တခါသုံးပြီးတဲ့ ဇွန်း၊ ခက်ရင်း၊ ဓါးများကို ကိုယ့်ပန်းကန်ဘောင်ပေါ်မှာ ချထားပါ။ အစားအစား ထပ်တောင်းဖို့ လိုအပ်ရင် ပန်းကန်အလယ်မှာ အစားအစာများချထားနိုင်ဖို့ ဇွန်း၊ ခက်ရင်းတွေကို နေရာရွှေ့ပေးပါ။ ဒါမှ အောက်ကို လွတ်မကျပဲ နေမှာပါ။ သုံးပြီးသား ဇွန်းကို သကြားခွက်ထဲ မထည့်ရပါဘူး။ သုံးပြီးသား ဓါးကိုလည်း ထောပတ်ပန်းကန်ထဲကို မထည့်ရပါဘူး။
ဒါကြောင့် နောက်တခါ စားပွဲမှာ ထိုင်တဲ့အခါ သူတပါး စိတ်အနှောက်အယှက်မရှိ စားတတ်သောက်တတ်ဖို့ သတိရသင့်ပါတယ်။ ။
“No Dogs At The Dinner Table” by Susan Queen – from: Beautiful Christian Teen; May- June, 1996.
Tuesday, May 29, 2012
လက်ဆေးပါ - “Importance of Hand Washing”
လက်ကို ရေနှင့်ဆပ်ပြာဖြင့် ဆေးပါ။ ကူးစက်ရောဂါများကို ကာကွယ်နိုင်သည်။ သန်ကောင်၊ တုတ်ကောင်၊ တုတ်ကွေး၊ အအေးမိ၊ အသဲရောင် အသားဝါ A ၊ ဦးနှောက် အမှေးရောင်နှင့် ကူးစက်တတ်သော ၀မ်းရောဂါများကို တားဆီးပေးနိုင်သည်။
ဘက်တီးရီးယားပိုးကပ်ငြိနေသောလက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိပါက ရောဂါရနိုင်သည်။ တခြားသူများကိုလည်း ကူးစက်စေနိုင်သည်။
အစားအစာပြင်ဆင်ချိန်၊ စားပြီးချိန်နှင့် အိမ်သာအပြန်တို့တွင် လက်ဆေးပါ။ တိရစ္ဆာန်များနှင့် အညစ်အကြေးများကို ကိုင်တွယ်ပြီးသည့်အခါ လက်ဆေးသင့်သည်။ ကလေးကို အညစ်အကြေး သန့်စင်ပေးပြီးသည့်အခါတွင် လက်ဆေးပါ။ ငွေစက္ကူကိုင်ပြီးသည့်အခါနှင့် နှာချေ၊ ချောင်းဆိုးသည့်အခါများတွင် လက်ဆေးဖို့ကောင်းပါသည်။ အိမ်တွင် မကျန်မာသူရှိလျှင်လည်း မကြာခဏ လက်ဆေးဖို့ အရေးကြီးသည်။
လက်အနှံ့ ၁၅ စက္ကန့်ခန့် ပွတ်သပ်ဆေးကြောပါ။ ပွတ်တိုက်မှုနှင့် ဆပ်ပြာတို့ကြောင့် ပိုးမွှားများ ကင်းစင်စေပါသည်။ ပြီးမှ လက်ကို ရေနှင့် ဆေးပြီး အခြောက်ခံပါ။
အများသုံးရေးချိုးခန်းရှိ ရေခလုတ်နှင့် တံခါးလက်ကိုင်တို့ကို ကိုင်တွယ်သည့်အခါတွင်မူ စက္ကူပျော့ကို သုံးပါက လက်ဆေးရ သက်သာစေပါသည်။
( from “ American Mosaic ” – March 2004: “Importance of Hand Washing” )
Sunday, May 20, 2012
SKIN - အရေပြား
ကြက်ဥတလုံးကို ရေနဲ့ဆေးလိုက်ရင် သဘာဝ အကာအကွယ် ပျက်စီးသွားလို့၊ မကြာခင် ဥပျက်သွားပါတယ်။ လူ့အရေပြားဟာလည်း ကိုယ်ခန္ဓာတခုလုံးအတွက် ဘုရားပေးတဲ့ အကွယ်အကာ တံတိုင်းတမျိုး ဖြစ်ပါတယ်။ အပြင်က ၀င်လာမယ့် အန္တာရယ်ရှိ ဘက်တီးရီးယားတွေနဲ့ တခြားအရာတွေကို ကာကွယ်ပေးပါတယ်။ ထို့အပြင် ကိုယ်ခန္ဓာအတွင်း လိုအပ်တဲ့အရာတွေကိုလည်း ထိန်းထားပေးပါတယ်။
အရေပြားဟာ ကိုယ်ခန္ဓာ အပူအအေးကို ထိန်းပေးပါတယ်။ ပူအိုက်ချိန်မှာ ကိုယ်ခန္ဓာ အေးစေဖို့ အရေပြားမှ ချွေးထုတ်ပေးပါတယ်။ ချမ်းအေးချိန်မှာတော့ အရေပြားရှိ အပေါက်ကလေးတွေကို ကျုံ့သွားစေပြီး၊ ကိုယ်တွင်းအပူဓါတ်ကို ထိန်းထားပေးပါတယ်။
တခြားသော ကိုယ်အင်္ဂါတွေလိုပဲ အရေပြားမှာလည်း ပြဿနာတချို့ ရှိတတ်ပါတယ်။ ဆယ်ကျော်သက် လူငယ်တွေမှာ ဖြစ်တတ်တာက ၀က်ခြံပါ။ ၀က်ခြံဟာ ဟော်မုန်းဓါတ်နဲ့ အရေပြားမှာရှိတဲ့ အဆီကြိတ်ကလေးတွေ သက်ရောက်ပုံတဲ့ အခြေအနေပေါ်မူတည်ပြီး ဖြစ်လာတတ်ပါတယ်။ အရေပြားရှိ အဆီပေါက်ကလေးတွေ ပိတ်သွားရာက ဖြစ်ရပါတယ်။
နောက်တမျိုးက အရေပြား ကင်ဆာပါ။ နေလောင်ဒဏ် ကြာရှည်ခံစားရရင် ဖြစ်တတ်ပါတယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ အချိန်အကြာကြီး အလုပ်မလုပ်သင့်ပါ။ ဦးထုပ်နဲ့ အကျီတွေ ၀တ်ထားဖို့လိုပါတယ်။
နောက်တမျိုးက အသားမာပါ။ ခပ်ခြောက်ခြောက်ရှိပြီး ယားတတ်ပါတယ်။ ဒူး၊ မျက်ခုံးနဲ့ ဦးခေါင်းတွေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားစနစ်က အရေပြားဆဲလ်များ အလွန်အကျွံထုတ်လုပ်ရာမှ ဖြစ်ရတယ်လို့ ဆိုပါတယ်။
နှင်းခူဖြစ်ရင်တော့ အရေပြားကို ခြောက်သွေ့စေတဲ့ ဆပ်ပြာကို မသုံးရပါဘူး။ ရေကလည်း အရေပြားကို ခြောက်သွေ့စေလို့ နှင်းခူကို ပိုဆိုးစေပါတယ်။ ဒါကြောင့် နှင်းခူဟာ ကိုယ်အပူချိန် အပြောင်းအလဲ၊ စိတ်အခြေအနေတို့နဲ့လည်း သက်ဆိုင်နေပါတယ်။
တချို့ အရေပြားပြဿနာတွေက ကိုယ်ခန္ဓာကို ဒုက္ခမပေးတတ်ပါ။ ဒါပေမယ့် အရေပြားမျက်နှာပြင်ကို ထိခိုက်တဲ့အတွက် စိတ်ခံစားမှုကို ဒုက္ခပေးနိုင်ပါတယ်။
ဥပမာ - ဗစ်တစ်လစ်ဂိုး ( Vitiligo ) ဆိုတာ အရောင်ဆဲလ်တွေ ပျက်စီးသွားတဲ့ ရောဂါပါ။ ဒီရောဂါက အရေပြားကို အရောင် လုံးဝ ပျောက်သွားစေပါတယ်။ တကိုယ်လုံး ဖြူနေမယ်။ ဆံပင်တွေကိုလည်း ဖြူသွားစေနိုင်ပါတယ်။ တကွက်၊ နှစ်ကွက်၊ (သို့မဟုတ်) ကိုယ်တခြမ်း၊ တကိုယ်လုံး စသဖြင့် ဖြူနေတတ်ပါတယ်။ ကမ္ဘာတဝှန်းမှာ ဗစ်တစ်လစ်ဂိုး ( Vitiligo ) အရောင်ပျက် ဝေဒနာရှင် သန်း ၅၀ ခန့် ရှိပါတယ်။ လူမျိုးမရွေး၊ ကျား/မ မရွေး ဖြစ်တတ်ပါတယ်။
ဒီရောဂါ ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ကိုယ်ခံအားစနစ်နဲ့ ဆိုင်မယ်လို့ ယူဆကြပါတယ်။ ဒီရောဂါဖြစ်တဲ့သူဟာ အရေပြား အရောင်ပျက်သွားတဲ့အတွက် စိတ်ထိခိုက်ရမှာပါ။ ဒါကို နားလည်သူတိုင်က စာနာ အားပေးသင့်ပါတယ်။ ။
From: American Mosaic – March, 2004.
Friday, May 18, 2012
မောရှေ ရဲ့ အံ့ဖွယ် အလုပ်သဘာဝ Amazing Data on Moses
မောရှေနဲ့ သူ့လူတွေ တောအရပ်မှာ လှည့်လည်နေတုန်းကပါ။
လူ ၂ သန်း၊ ၃ သန်းလောက်ကို ကျွေးမွေးကြရတယ်။
နေ့တိုင်း အစားအစာ တန်ချိန် ၁,၅၀၀ ရှိဖို့လိုတယ်။
အဲဒီအစားအသောက်တွေကို နေ့တိုင်း သယ်ယူဖို့ ၁ မိုင်ရှည်တဲ့ ရထား ၂ စီးလိုပါတယ်။
ကန္တာရထဲမှာဆိုတော့ ချက်ပြုတ်ဖို့ ထင်းလိုမယ်။ ထင်းတန်ချိန်က တနေ့ ၄,၀၀၀ နဲ့ ထင်းသယ်ဖို့ ၁ မိုင်ရှည်တဲ့ ရထားတွေ နဲနဲထပ်လိုဦးမယ်။ တောထဲမှာ အနှစ် ၄၀ ကြာတယ်။
ရေလည်း လိုဦးမှာပေါ့။ သောက်ရေနဲ့ သုံးရေအတွက် တနေ့ ရေဂါလံ ၁၁,၀၀၀,၀၀၀ ဂါလံ (ဂါလံ သိန်း ၁၁၀) လိုမယ်။ ရေသယ်ဖို့ မိုင် ၁,၈၀၀ ရှည်တဲ့ ရေတိုင်ကီတွေပါတဲ့ ရထားတစီးလိုပါမယ်။
နောက်တခုက သူတို့ဟာ ပင်လယ်နီကို ညအချိန်မှာ ဖြတ်ကူးကြရမယ်။
ကူးဖြတ်မယ့် လမ်းကျဉ်းကျဉ်းမှာ ၂ ယေက်တတွဲဖြတ်ရင် လူတန်းက မိုင် ၈၀၀ ရှည်လို့ ၃၅ ရက်လုံးလုံး နေ့ရောညပါ ဖြတ်ကြရမယ်။ ပင်လယ်နီကို တညနဲ့ ကူးဖြတ်ဖို့ လူ ၁,၅၀၀ စီ တွဲလျှောက်ကြမယ်ဆိုရင် အကျယ် ၃ မိုင်လိုမယ်။
နောက်ပြဿနာတခုက နေဝင်လို့ ခရီးတထောက်နားတဲ့အခါ နေရာက အမေရိကန်ပြည်က Rhode ပြည်နယ်ရဲ့ ၃ ပုံ ၁ ပုံစာ အကျယ်အဝန်းလိုတယ်။ တနည်းပြောရရင် ရ၅၀ စတုရန်းမိုင် အကျယ်လိုတယ်။ သိပ်ကျယ်တဲ့ စခန်းကို မြင်ယောင်ကြည့်ပါ။
ဒါတွေအားလုံးကို မောရှေဟာ အီဂျစ်ပြည်က ထွက်မလာခင်မှာ စဉ်းစားတွက်ချက်မိပါ့မလား? ကြို တွက်မိမယ် မထင်ဘူး။ မောရှေက ဘုရားသခင်ကို ယုံတယ်။ ဘုရားသခင်ကလည်း သူ့လိုတာတွေကို ဖြည့်စွမ်းပေးခဲ့ပါတယ်။
ကဲ.. ဒါဆို … သင်လိုသမျှ ဖြည့်စွမ်းဖို့ ဘုရားသခင်မှာ အခက်အခဲရှိပါမလား?
ကိုယ်လျှောက်တဲ့လမ်း ကြမ်းတမ်းခက်ခဲနေရင်လည်း ဆုသာတောင်းပါ။ ကျန်တာတွေကို ဘုရားသခင် မ,စ တော်မူမှာပါ။
သစ္စာရှိတဲ့ ခွေးကလေး
ကွယ်လွန်သူ အထက်လွှတ်တော်အမတ် `ဂျော့၊ ဂရေဟမ်၊ ဗက်စ် Senator George Graham Vest က စကားမပြောတတ်တဲ့ ခွေးကလေးတကောင်အတွက် ချေပပေးတဲ့ စကားဟာ အလွန်လှပပြီး သမိုင်းတွင်တဲ့ စကားလေး ဖြစ်ခဲ့ပါတယ်။
ဖြစ်ပုံကတော့ Missouri ပြည်နယ်၊ မြို့ကလေးတမြို့မှာ ရှေ့နေကလေးဘဝနဲ့ ခွေးတကောင် အသတ်ခံရတဲ့အမှုကို ရှေ့နေလိုက်ပေးရပါတယ်။
အထက်လွှတ်တော်အမတ် ဗက်စ်က တရားလိုဖြစ်ပြီး၊ နောင်မှာ ဆရာဝန်အလုပ်ကို ပြောင်းလုပ်သွားခဲ့တဲ့ အထက်လွှတ်တော်အမတ် Senator Francis M. Cockrell က တရားခံဖက်က အကျိုးတော်ဆောင်ဖြစ်တယ်။
လူငယ် ဗက်စ်ဟာ သက်သေထွက်ချက်တွေကို စိတ်မဝင်စား၊ မှတ်ချက်လည်း မပေးပါ။ ဒါပေမယ့် အမှုနောက်ဆုံးနေ့မှာတော့ နူးညံ့ပျော့ပျောင်းတဲ့ အသံနဲ့ အခုလို လျှောက်လှဲခဲ့တယ်။
`လေးစားအပ်တဲ့ တရားသူကြီးမင်းတို့ခင်ဗျား၊ လောကမှာ အကောင်ဆုံးမိတ်ဆွေပင်လျှင် ရန်သူဖြစ်သွားတတ်ပါတယ်။ ကြင်နာစွာ ပြုစုစောင့်လျှောက်လာတဲ့ သားသမီးလည်း ကျေးဇူးမသိ ဖြစ်တတ်ပါတယ်။ အခင်မင်အရင်းနှီးဆုံးလူ၊ ကိုယ့်ဂုဏ်သိက္ခာအတွက် စိတ်အချရဆုံးလူတွေပင်လျှင် ယုံကြည်မှုကို သစ္စာဖေါက်တတ်ကြပါတယ်။
`လက်ထဲရှိတဲ့ငွေဟာလည်း ပျောက်သွားတတ်ပါတယ်။ တကယ်အလိုအပ်ဆုံးအချိန်မှာ အတောင်ပေါက်ပြီး ပျံသွားတတ်ပါတယ်။ လူတွေ လေးစားကြည်ညိုမှုကို ခံရတာဟာလည်း ယုတ်မာတဲ့စိတ်နဲ့ တိုက်ခိုက်တာ ခံရလို့ တခဏချင်းမှာ အစတောင် ရှာမရဖြစ်သွားနိုင်ပါတယ်။ ကိုယ်အောင်မြင်နေတဲ့အချိန် ရှေ့မှာ လာရောက် ဒူးထောက် ဂုဏ်ပြုနေသူတွေဟာ ဆုံးရှုံးမှုတွေ ခေါင်းပေါ်ကျလာချိန်မှာတော့ ကိုယ့်ကို အပြစ်တင်တဲ့ ကျောက်ခဲတွေနဲ့ စပေါက်မယ့်သူတွေ ဖြစ်သွားတတ်ပါတယ်။
`ကိုယ်ကျိုးရှာလွန်းတဲ့ လောကကြီးမှာ လုံးဝကိုယ်ကျိုးမရှာတဲ့သူ၊ ဘယ်တော့မှ မစွန့်ပစ်မသွားတဲ့သူ၊ ကျေးဇူးမကန်း၊ သစ္စာမဖေါက်တဲ့သူဆိုတာ သူရဲ့ခွေးပဲ ဖြစ်ပါတယ်။
“ခွေးဟာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ သူ့သခင်နဲ့ အတူနေပါပေးတယ်။ လေပြင်းတွေတိုက်၊ နှင်းတွေ အကြီးအကျယ်ကျတဲ့ အေးစက်လွန်းတဲ့ မြေပြင်ပေါ်မှာတောင် သူ့သခင်နဲ့ အနီးဆုံးမှာ လာအိပ်သူပါ။ ကြမ်းတမ်းတဲ့ လောကရဲ့ ဘေးဒုက္ခတွေကြောင့် ရလာတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို လျှာနဲ့လျက်ပေးတဲ့သူပါ။ အိပ်မောကျနေတဲ့ သူ့သခင် ဆင်းရဲသားကို ရှင်ဘုရင်တပါးအလား စောင့်ရှောက်ပေးပါတယ်။ စည်းစိမ်ဥစ္စာတွေ အတောင်ပေါက် ပျံသွားတဲ့အချိန်၊ လေးစား အထင်ကြီးခံရတာတွေ တစစီကြွေသွားတဲ့ အချိန်တွေမှာလည်း နေဟာ ကောင်းကင်ယံမှာ သွားမြဲသွားနေသလို သူကတော့ တည်ကြည်နေမြဲပါပဲ။
“အခြေအနေတွေက- သူ့သခင်ကို လူ့အသိုင်းအဝိုင်းက နှင်ထုတ်၊ အပေါင်းအဖေါ်မဲ့၊ အိမ်ယာမဲ့ဖြစ်နေချိန်မှာ သစ္စာရှိတဲ့ခွေးဟာ ဘာအခွင့်အရေးမှ မတောင်းဆိုပဲ၊ သူ့သခင်ကို ကာကွယ်မယ်။ ရန်သူတွေကို တိုက်ခိုက်မယ်။ နောက်ဆုံး သူ့သခင်သေသွားလို့ အလောင်းကို မြေမှာ မြှုပ်နှံပြီး တခြားသူတွေ အသီးအသီး ထွက်သွားကြချိန်မှာတောင် သခင့်မြေပုံဘေးမှာ သစ္စာရှိတဲ့ခွေးကလေးကို တွေ့နိုင်ပါသေးတယ်။ သူ့လက်တွေကြားမှာ သူ့ခေါင်းကို ၀ပ်ထားမယ်။ ၀မ်းနည်းနေရှာပေမယ့် မျက်လုံးတွေကို ဖွင့်ထားရင်း သတိနဲ့ စောင့်ကြည့်ပြီး သေသည့်တိုင်အောင် သစ္စာရှိနေဦးမှာပါ။ ”
အခုလို ရှေ့နေရဲ့ ချေပစကားကို ကြားလိုက်ကြရတဲ့ ပရိတ်သတ်ထဲမှာ မငိုမိတဲ့သူဆိုလို့ နဲနဲပဲ ကျန်ပါတော့တယ်။ ထပ်ချေပစရာ မလိုတော့ပဲ အမှုနိုင်သွားပါပြီ။ တရားသူကြီးက တရားလိုအတွက် စီရင်ချက် ချက်ချင်းချ ပေးလိုက်ပါတော့တယ်။ ။
“Such Tribute Demands a Verdict” – from “SWORD OF THE LORD” Vol. LXX. No. 6, March 12, 2004.
Friday, May 4, 2012
ငြိမ်သက်ခြင်းနဲ့ စစ်တိုက်ခြင်း - Peace and War
`ငြိမ်သက်ခြင်းကို မုန်းသောသူတို့နှင့်အတူ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။ ငါသည်ငြိမ်သက်ခြင်းဘက်မှာနေ၏။ ငါပြောလျှင်မူကား သူတို့သည် စစ်တိုက်ခြင်းငှါ အလိုရှိကြ၏။´ ဆာလံ ၁၂၀း ၆-၇။
“I am for peace: but when I speak, they are for war.” Psalms 120: 6-7.
လူတချို့ အေးအေးဆေးဆေး၊ ချစ်ချစ်ခင်ခင် နေချင်တယ်။ လူူတချို့ကတော့ ရန်လိုတယ်၊ တိုက်ချင်ခိုက်ချင်နေတယ်။
အေးအေးဆေးဆေးနေချင်တဲ့သူတွေဟာ လူအသက်ကို နှမြောတယ်။ အမိ၀မ်းထဲက ကလေးငယ်မှအစ၊ ကလေး၊ လူငယ်၊ လူကြီး၊ အဖိုးအဖွါးအထိ တန်ဖိုးထားကြ၊ ကြင်နာကြတယ်။ ပြုစုကြ၊ ကာကွယ်ပေးကြတယ်။
ရန်လိုသူတွေကတော့ လူ့အသက်ကို တန်ဖိုးမထား၊ ကိုယ့်စိတ်ကြေနပ်ဖို့ပဲ ဦးစားပေးကြတယ်။ အမိ၀မ်းထဲက ကလေးကို လူမထင်၊ ကလေးငယ်တွေကို မသနား၊ လူငယ်တွေကို လမ်းကောင်းမပြ၊ လူကြီးချင်းလည်း မလေးစား၊ အသက်အရွယ်ကြီးသူတွေကိုလည်း မငဲ့ညှာကြပါ။ ကိုယ့်စိတ်ကြိုက် နေရဖို့ တခြားသူတွေကို ထိခိုက်နစ်နာစေကြတယ်။
အေးအေးဆေးဆေးနေချင်သူနဲ့ ရန်လိုသူဟာ အသက်ရှင်ပုံမတူသလို အကျိုးခံစားရပုံလည်း ကွာပါတယ်။
ရျမာရိဘုရင် အာခဇိက ဧလိယကိုဖမ်းဖို့ လူ ၅၀ ကို ဦးဆောင်ရတဲ့ တပ်မှူးကို စေလွှတ်ပါတယ်။ တပ်မှူးဟာ တောင်ပေါ်မှာထိုင်နေတဲ့ ဧလိယကို မြင်တဲ့အခါ - - - `အို- ဘုရားသခင်၏လူ၊ သင်သည်ဆင်းရမည့်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟု ဆို၏။ ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင် သင်နှင့် သင်၏လူငါးကျိပ်တို့ကို လောင်ပါစေ။ ´ ဟု - - - - - ဆိုသည့်အတိုင်း၊ ကောင်းကင်က မီးကျ၍ သူနှင့် သူ၌ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။´ ၄ရာ ၁: ၉-၁၀။
ဒုတိယ တပ်မှူးတယောက်ကို ထပ်လွှတ်တော့ - ` ဘုရားသခင်၏လူ အမြန်ဆင်းခဲ့´ လို့ ဆိုပြန်တယ်။ ကောင်းကင်က မီးကျ၍ သူနှင့် တပ်သား ၅၀ သေရပြန်တယ်။
တတိယတပ်မှူးကို လွှတ်တဲ့အခါ - သူဟာ ဧလိယရှေ့မှာ ဒူးထောက်ပြီးတော့ ` အို- ဘုရားသခင်၏လူ၊ ကျွန်တော်တို့ အသက်ကို နှမြောတော်မူပါ´ လို့ တောင်းပန်ပါတယ်။
ပထမနဲ့ ဒုတိယတပ်မှူးတို့နဲ့အတူ နောက်လိုက်တွေ သေကြရပေမယ့် တတိယတပ်မှူးနဲ့ သူ့လူတွေတော့ ဘေးလွတ်ပြီး၊ ၀မ်းသာကြရပါတယ်။ ဒါကြောင့် ရန်ရှာသူ၊ စစ်တိုက်ချင်သူမဖြစ်ပဲ၊ ငြိမ်းသက်ခြင်းကို မြတ်နိုးပြီး၊ အများအကျိုးပြုသူတယောက်ဖြစ်ဖို့ လမ်းကြောင်းရွေကြပါစို့။ ။
ဝေါဟာရ။ ။
Pro-life = လူ့အသက်ကို တန်ဖိုးထားတဲ့ စိတ်သဘော
Pro- choice = ကိုယ့်အကြိုက်၊ ကိုယ့်သဘောကို ဦးစားပေးတဲ့ စိတ်သဘော
Thursday, May 3, 2012
An Unusual Cat (Burmese)
တခါက ပုံပြင်တပုဒ် ရှိခဲ့ဖူးပါတယ်။ Morocco မော်ရိုကိုနိုင်ငံ၊ Marrakech မာရခဲချ် မြို့စားရဲ့ အိမ်တော်ခန်းမထဲမှာ အငြင်းအခုံတခု ဖြစ်ခဲ့ပါတယ်။ ဘုရင့်တော်ဝင် မိသားစုထဲမှာ မွေးဖွါးကြီးပြင်းလာသူနဲ့ ကိုယ်တိုင်ကြိုးစားပြီး မြင့်မြတ်လာသူတယောက်မှာ ဘယ်သူက ပိုကောင်းမြတ်သလဲ? တချို့က ကိုယ်တိုင်ကြိုးစားခြင်းနဲ့ ဆုံးမ သွန်သင်ခြင်းတွေက ပိုကောင်းမြတ်တဲ့သူတယောက် ဖြစ်လာစေတယ်လို့ ဆိုပါတယ်။ တခြားသူတွေကတော့ မြင့်မြတ်စွာ မွေးဖွါးလာရမယ်လို့ အခိုင်အမာ ဆိုပါတယ်။
နောက်ဆုံးတော့ မြို့စားကြီးက ငြင်းခုံတဲ့ တဖက်စီတိုင်းအတွက် သက်သေ အထောက်အထား စုဆောင်းဖို့ လူ ၂ ယောက်ကို ခန့်ထားလိုက်ပါတယ်။ ရရှိတဲ့ အချက်အလက်တွေကို ကြည့်ပြီး တလ အကြာမှာ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
`ကိုယ်တိုင်ကြိုးစားရမယ်´ ဆိုတဲ့ အဆိုဖက်က မကြာမှီမှာပဲ အထောက်အထားရှာဖို့ ခရီးထွက်လာပါတယ်။ တည သူတည်းခိုရာ တည်းခိုခန်းရဲ့ ခုံရှည်တလုံးမှာ ထိုင်နေတုန်း ကော်ဖီတခွက်မှာ လိုက်ပါတယ်။ သူ သိပ်အံ့ဩ သွားတယ်။ ခဏအကြာမှာ အစိမ်းရောင် ကုလားကာ ကွဲသွားပြီး၊ ကြောင်တကောင်ဟာ နောက်ခြေထောက်ပေါ်မှာ ရပ်ကာ လမ်းလျှောက်လာပါတယ်။ ကြောင်ရဲ့ လက်ထဲမှာ ကော်ဖီတခွက်ပါတဲ့ လင်ဗန်းကလေးတခု ပါလာပါတယ်။
သိပ်ထူးခြားတဲ့ ကြောင်ပါလား? သင်ပေးရင် ရတာပဲ။ ဒါဟာ စည်းကမ်းနဲ့ ပညာရေးက ပေးနိုင်တဲ့အရာရဲ့ သက်သေ အစစ်ပါပဲ။
သူက တည်းခိုခန်းပိုင်ရှင်ကို `ခင်ဗျားမှာ၊ သိပ်လိမ္မာတဲ့ ကြောင်တကောင် ရှိတာပဲ။ ကျွန်တော်ကို ရောင်းပါလားဗျာ။´ လို့ ပြောလိုက်ပါတယ်။ ပိုင်ရှင်က ထူးခြားတဲ့ ကြောင်ကို နှမြောလို့ ငြင်းတယ်။ သူ့ဇနီးကလည်း ကြောင်ကို အတော် သဘောကျနေတယ်။ ဒါပေမယ့် ဒီကြောင်ကို ရမှ ဖြစ်မှာဆိုတော့ စျေးကြီးပေးပါမယ်လို့ ပြောပါတယ်။
ဇနီးသည်နှင့်ပြောဆိုပြီးတဲ့အခါ တည်ခိုခန်းပိုင်ရှင်က သဘောတူလိုက်ပြီး၊ ကြောင်ကို ခြင်းတောင်းငယ်တခုထဲ ထည့်ပြီး ပေးလိုက်ပါတော့တယ်။
ခရီးသွားသူ အိမ်ပြန်ရောက်တဲ့အခါ မွေးရာပါထက် ပညာရေးနဲ့သွန်သင်ပြသမှုက ပိုထိရောက်ကြောင်း သက်သေ တွေ့ခဲ့ပြီဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ သတင်းကြားရပြီးနောက် အဲဒီသက်သေကို ပြိုင်ဘက်ဖြစ်သူက လေ့လာဖေါ်ထုတ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ခရီးသွားက ပြောမပြပါဘူး။ ဒါကြောင့်အစေခံတယောက်ကိုစေလွတ်ပြီး အဲဒီအိမ်ကအစေခံများနှင့် စကားပြောခိုင်းပါတယ်။ ဒီနည်းနဲ့ ကြောင်ရဲ့ ထူးခြားချက်ကို သိသွားပါတယ်။
လအတော်ကြာမှာ မြို့စားကြီး အိမ်တော်ခန်းမထဲ ထိုင်ပြန်ပါတယ်။ နှစ်ဘက်လူတွေ နေရာယူကြပါတယ် “ ကဲ၊ မြင့်မြတ်စွာမွေးဖွားလာတဲ့သူလား (သို့) ကိုယ်တိုင်ကြိုးစားသူလား၊ ဘယ်သူမြင့်မြတ်တယ်ဆိုတာ ဆုံးဖြတ်ကြမယ်” လို့ မြို့စားကြီးက ပြော လိုက်တယ်။
ခရီးသွားက သူ့ခြင်းတောင်းလေးကို ဖွင့်လိုက်လို့ ကြောင်ခုန်ထွက်လာတယ်။ ခိုင်းလိုက်တော့ မြို့စားကြီးကို ဦးညွတ်တယ်၊ ပြီးမှနောက်ခြေနှင့် ရပ်ခါ ရှေ့လက်ပေါ်မှာ ဗန်းကိုတင်ရင်း ကော်ဖီခွက်တင်ပေးဘို့ စောင့်နေပါတယ်။ ပြီးမှ ကော်ဖီခွက်ကို မြို့စားကြီးထံ သယ်လာပါတယ်။
သင်ထားတဲ့ အဲဒီပြကွက်ကို လူတိုင်း အံ့အားသင့်သွားတယ်။ ကြောင်က သူ့သခင်ထံ ပြန်ရောက်လာတဲ့အခါ နောက်ထပ် ကော်ဖီတခွက်ကို ဗန်းပေါ်တင်ပေးလိုက်တယ်။ ပြီးမှ တဖက်မှာရှိတဲ့ ပြိုင်ဘက်ထံ ပို့ခိုင်းလိုက်ပါတယ်။ လိမ္မာတဲ့ကြောင်ကလေး လမ်းတဝက်အရောက်မှာတော့ ပြိုင်ဖက်က အကျီ င်္အောက်က သေတ္တာကလေးကို ထုတ်လိုက်ပါတယ်။ ပြီးတော့ သေတ္တာထဲက ကြွက်တွေကို လွတ်လိုက်ပါတယ်။
ဗန်းနဲ့ကော်ဖီခွက် လွတ်ကျကွဲသွားတယ်။ ပြေးနေတဲ့ ကြွက်တွေရဲ့နောက်ကို ကြောင်က လေးဖက််ထောက် ပြေးလိုက်နေတယ်။ ကြောင်သဘာဝပေါ်လာတဲ့အခါ ပညာသင်ထားတာတွေ အားလုံးပျောက်သွားပါတယ်။ ကြောင်ဖြစ်လို့ ကြောင်လို ပြုမူခြင်းဖြစ်ပါတယ်။
စည်းကမ်းပြသခြင်း၊ မိဘသွန်သင်ခြင်း၊ ဘုရားကျောင်း သွားခြင်းတွေဟာ အပြုအမူများကို၊ တိုးတက်စေ နိူင်ပါတယ်။ ခရစ်ယာန်တယောက်လို့ အများကထင်လောက်အောင် ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ စတဲ့ အလေ့အကျင့်ကောင်းတွေ ရနေနိူင်ပါသည်။ ဒါပေမယ့် အပြုအမူများ၊ အလေ့အကျင့်များဟာ၊ အတွင်းလူကို ပြောင်းလဲမပေးနိူင်ပါ။ လူတိုင်းအပြစ်ထဲမှာမွေးဖွါးလာကြတယ်။ သူတပါးတို့ရှေ့မှာ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ လူတိုင်း အပြစ်သားများသာ ဖြစ်ကြပါတယ်။ (ရောမ ၃း၂၃ နှင့် ရောမ ၅း၁၂ ) ကိုကြည့်ပါ။ ကောင်းစွာသွန်သင်ပြသထားလို့ တတ်ကျွမ်းပေမယ့်လဲ၊ သူ့မှာ ကြောင် သဘာဝတော့ ရှိနေပါသေးတယ်။ ဒါကို ပြောင်းလဲပစ်ဖို့ ကြောင်တကောင်အနေဖြင့် သူ့မှာ တခါပြန်မွေးဖို့ လိုပါတယ်။
“ မဖြစ်နိူင်တာ” ဟု ဆိုချင် ဆိုနိုင်ပါတယ်။ မှန်ပါတယ်။ ကြောင်တကောင်အတွက် မဖြစ်နိူင်ပါ။ သို့သော် သင့်အတွက် ဖြစ်နိူင်ပါတယ်။
သခင်ယေရှုက” ဒုတိယမွေးခြင်းကိုခံရကြမည်” ဟုမိန့်တော်ပါတယ်။ ( ယော၃းရ ) ဘုရားသခင်၏မိသားစုထဲမှာ မွေးဖွားရမယ်။ ဘယ်လိုမွေးမှာလဲ? သင့်စိတ်နှလုံးကို သခင်ယေရှုခရစ်အတွက် ဖွင့်ဟပြီး သင်၏ ကယ်တင်ရှင်အဖြစ် လက်ခံခြင်းဖြင့် ရနိုင်ပါတယ််။
အခုလက်ခံလိုက်မလား? ဘုရားသခင်ထံ ယခုလိုရိုသေစွာ ဆုတောင်းလိုက်ပါ။
ဘုရားသခင် ….. ကျွန်တော် အပြစ်သားပါ။ အကယ်ခံဖို့ လိုပါတယ်။ သခင်ယေရှုဟာ ကားတိုင်မှာ အသေခံပြီး (၃) ရက်မြောက်သောနေ့မှာ ထမြောက်တာကယ်တင်ရှင်အဖြစ် ကျွန်တော့် အပြစ်အကြွေးတွေ ပေးဆပ်ခဲ့တာကို ယုံကြည်ပါတယ်။ အပြစ်တွေကိုခွင့်လွတ်မူပါ။ ကယ်တင်ဖို့သခင်ယေရှုကို အခုအားကိုးလို်က်ပါပြီ။ ဘုရားသားဖြစ်စေပါ။ သခင်ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။
“The Builder”.
Thursday, April 26, 2012
The Money Question - ငွေ - ငွေ - ငွေ
ဆင်းရဲသားရဲ့ ဖြူစင်တဲ့ ဘဝကလေးဟာ သန်းကြွယ်သူဌေးတွေရဲ့ စည်စိမ်းနဲ့ လဲဖို့ လုံးဝမတန်ဘူး။ တချို့က ဆင်းရဲတာဟာ ကြောက်စရာကောင်းတယ်။ ချမ်းသာတာကတော့ ပျော်စရာ လို့ထင်ကြတယ်။ ဒါက အထင်နဲ့ ပြောတာပါ။ တဖက်တည်းက ကြည့်ပြောတာပါ။
တကယ်တော့ သက်တောင့်သက်သာနေရတာထက် ဘာမှ ထူးထူးခြားခြား ပိုခံစားရတာ မရှိပါဘူး။ ရယ်မော ပျော်ရွှင်နေတဲ့ သန်းကြွယ်သူဌေးဆိုတာ အတော်ရှားပါတယ်။ တကယ်တော့ ချမ်းသာလာတာနဲ့ အပြုံးတွေ လွင့်ပါးသွားတော့တာပါပဲ။ - Andrew Carnegie in Watchman Examiner.
သန်းကြွယ်သူဌေးတွေဟာ ပြံုး ခဲတယ်။
ခရစ်ယာန် သန်းကြွယ်သူဌေးကြီး John D. Rockefeller က `သန်းပေါင်းများစွာ ရပေမယ့် မပျော်ဘူးကွာ။ ဒီငွေတွေကို ဟိုတုန်းက တပတ်ကို ၃ ဒေါ်လာစားဘဝ၊ ကိုယ့်ကိုကိုယ် ရောင့်ရဲနေခဲ့တဲ့ ဘဝနဲ့ ပြန်လဲလိုက်ချင်တယ် ´ လို့ ပြောဖူးပါတယ်။
W.H Vanderbilt က ဒေါ်လာ သန်း ၂၀၀ ကို ထိန်းသိမ်း စောင့်ရှောက်ရတာ ဦးနှောက်သိပ်ပင်ပန်းတယ်။ မနိုင်ဝန် ထမ်းနေရတာပဲ။ ဘာမှ ပျော်စရာ မကောင်းဘူး။ ´ လို့ ပြောပါတယ်။
John Jacob Aster ဒေါ်လာ သန်း ၅၀၀ ချန်ထားခဲ့ပေမယ့် အစာအိမ်ဝေဒနာကို ပြင်းထန်စွာခံစားရင် သနားစရာ အသက်ဆုံးရသူပါ။ သူက `လောကမှာ ငါ့ဘဝက အဆိုးဆုံးပဲ။´ လို့ ပြောသွားပါတယ်။
ကားလုပ်ငန်းရဲ့ ဘုရင်တဆူဖြစ်တဲ့ Henery Ford က `အလုပ်လုပ်ရတာပဲ ပျော်စရာကောင်းတာပါ။ အလုပ်လုပ်နေရလို့သာ အသက်ရှင်ပျော်တာပါ။ အလုပ်လုပ်ချိန်မှာ ပိုပျော်တယ်။´ လို့ဆိုပါတယ်။
Burbank နဲ့ တွေ့ဆုံး မေးမြန်းခြင်း
` ခင်ဗျားက ငွေရဖို့ သိပ်စိတ်မဝင်စားဘူးနော်။ ခင်ဗျားရဲ့ နာမည်ကျော် Burbank အာလူးကို ဒေါ်လာ ၁,၅၀ ထဲနဲ့ ရောင်းခဲ့တယ်။ ဒီအာလူးကို တခြားသူတွေက ထုတ်လုပ်လိုက်တော့ ဒေါ်လာ သန်းချီရသွားကြတယ်။ ခင်ဗျား ငယ်ငယ်က ရုံးတရုံးမှာ အလုပ်လုပ်တော့လည်း လူအများစာ လုပ်နိုင်တဲ့စက်ကို တီထွင်ခဲ့တယ်။ ဒါပေမယ့် ဒီစက်နဲ့ ငွေရဖို့ မကြိုးစားဘူး။
`မရေရာသေးတဲ့ စမ်းသပ်မှုတခုကို လုပ်ချင်နေတာနဲ့ အောင်မြင်နေတဲ့ ပျိုးခင်းကြီးတခုကို စွန့်ပစ်လိုက်တယ်။ အပင်သစ်တွေကြီးလာနေမှ တခြားသူတွေကို ပေးလိုက်တယ်။ သူတို့က အဲဒီကနေ ငွေတွေ သဲ့ယူကြတော့တာပေါ့။
`နေတော့လည်း အလယ်အလတ်တန်းစား ဘဝ။ သန်းချီရနိုင်ရဲ့သားနဲ့ တခါတလေ မွဲသွားလိုက်သေးတယ်။ Strawberry Evening Post မှာ ဖတ်လိုက်ရတာကတော့ ခင်ဗျားရဲ့ အပင်မျိုးသစ်တွေဟာ ရေနံတွင်းတွေ၊ ရွှေတွင်းတွေထက်တောင် ချမ်းသာလာစေခဲ့တယ် လို့ ဆိုတယ်။
`ကိုယ်ခံစားခွင့် ရှိလျက်နဲ့ ဘာကြောင့် ဒီအခွင့်အရေးကို မယူတာလဲ? လို့ မေးတဲ့အခါ - - -
Luther Burbank ဆိုတဲ့ အပင်မျိုးသစ် အမေရိကန် တီထွင်ပညာရှင် ဟာ စိတ်ရှုပ်ရှုပ်နဲ့ ကျွန်တော်ကို ကြည့်နေပါတယ်။
`ငွေရှာဖို့ ကျွန်တော်မှာ အချိန်မရှိဘူး´ လို့ ရှေ့ကို စိတ်ပါလက်ပါ ကိုင်းညွှတ်လိုက်ရင်း အခိုင်အမာ ပြောပါတယ်။ `ပန်းကလေးတွေနဲ့ စကားပြောရမယ့် အချိန်မှာ ငွေတွေ ရေတွက်နေရမလား? အပင်မျိုးသစ်တွေ ဖန်တီးရမယ့် အချိန်တွေကို အပင်ရောင်းရင်းနဲ့ အချိန်ကုန်နေရမလား? ကျွန်တော် မြတ်နိုးတဲ့ ဒီအလုပ်ထဲကနေ ကျွန်တော့ စိတ်တွေ ဆွဲယူသွားခံရမှာ စိုးလို့ ငွေကို လိုတာထက် ပိုမလိုချင်ဘူး။
`ဒေါ်လာ သန်းချီပြီး မလိုပါဘူး။ ဘာလုပ်မလဲ? အခု စားဖို့နဲနဲ ရှိရင်တော်ပြီ။ ဘဏ်မှာ ကဏန်း ခုနှစ် လုံးလောက် ထည့်ထား လိုက်ရင် ကျွန်တော် ကလေးတွေကို ချစ်နိုင်တော့မှာ မဟုတ်ဘူး။ နေရောင်ခြည်ကလည်း တခြား သူဌေးတွေအပေါ် ဖြာကျသလောက်ပဲ ကျွန်တော့အပေါ် ဖြာကျမှာပါ။ သူဌေးတွေအတွက် ပန်းတွေ ပိုမလှသလို မြက်တွေလည်း ပို မစိမ်းပေးပါဘူး။
`ငွေကြောင့် မိတ်ဆွေပိုတိုးလာမယ်၊ ပညာပိုတိုးလာမယ်၊ ပိုပျော်လာမယ်ဆိုရင်တော့ ချမ်းသာချင်ပါတယ်။ ဒါပေမယ့် တကယ်တော့ ဒီလိုမဟုတ်ဘူးလေ။ သူများတွေထက် ပိုချမ်းအောင် ကြိုးစားရင်း ကိုယ့်ကိုကိုယ် သတ်သေတဲ့ သူဌေးတွေ မနှစ်ကထက် ဒီနှစ်ပိုများလာတာတွေ့ရတယ်။ ´ လို့ ဆိုပါတယ်။
ငွေကို ဘုရားလို ကိုးကွယ်ရင် ငွေက မြေမှုန့်လို ဖြစ်လာမယ်။ အဲဒီအမှောင်မြစ်ကို ကူးရတဲ့အခါ တံတားရှိမှာ မဟုတ်ပါ။ လောကမှာ ငွေလိုပေမယ့် နောင်ဘဝမှာ ငွေမလိုတော့ပါ။
ငွေကို ကောင်းကင် စည်းစိမ်အဖြစ် သိုထား၊ သိမ်းထား လို့ ရပါတယ်။ ဒါပေမယ့် ဒီလောကမှာ ဘုရားသခင်နဲ့ လူတွေရဲ့ အကျိုးအတွက် သုံးတတ်မှ ရမှာပါ။
From SWORD LXX No. 2
Wednesday, April 25, 2012
What I know and Do not know By Dr. Bob Jones, sr; (Burmese)
What? တနေ့ချင်းမှာ ဘာတွေ ဖြစ်လာမလဲ မသိနိုင်ဘူး။ မနက်ဖနက ကိုယ့်ကို ဘာတွေ စုဆောင်းပေးနေသလဲ မသိနိုင်ပါ။ ဒီနေ့ လုပ်တာတွေကလည်း ဘာဖြစ်ပေါ်လာမလဲ မသိပါဘူး။
Where? ဘဝလမ်းဆုံးမရောက်ခင် ဘယ်ကို လမ်းပြခေါ်နေသလဲ မသိရပါ။ လမ်းရဲ့ ဘယ်နေရာမှာ ၀မ်းနည်းခြင်းတွေ စောင့်နေသလဲ? သေခြင်းက ချောင်းမြောင်းနေသလဲ? မသိရပါ။ ဘယ်နေရာမှာ မကြုံချင်တာတွေ ကြံုရမလဲ မသိပါ။
When? ဘယ်အချိန်မှာ မကျန်းမမာ၊ ရောဂါရမလဲ မသိပါ။ ဘယ်အချိန်မှာ စုံစမ်းနှောက်ယှက်ခြင်းတွေ ဖြတ်သန်းရမလဲ မသိပါ။ ဘယ်အချိန် ကြေကွဲစရာတွေ ရိုက်ခတ်လာမလဲ မသိပါ။ ချစ်ခင်သူတယောက် ဆုံးပါးမယ့်အချိန်လည်း မသိရပါ။ သွားနှင့်သူတွေနဲ့ ဘယ်တော့ ပြန်ဆုံရမလဲ မသိပါ။
Why? ဘဝမှာ ဘာကြောင့် ၀မ်းနည်းစရာတွေ ၀င်လာရသလဲ မသိပါ။ အပြစ်မရှိသူတွေက တခြားသူတွေရဲ့ အပြစ်ကြောင့် ဒုက္ခ ဝေဒနာတွေ ခံစာကြရသလဲ မသိပါ။ လိုတာမရ၊ မလိုချင်တာတွေတော့ ဘာကြောင့် စုပုံရနေသလဲ မသိပါ။
How? တခါတရံ သည်းခံရမယ့် ဝေဒနာတွေကို ဘယ်လို တောင့်ခံရပ်တည်ရမယ်ဆိုတာ မသိပါ။ ဒီုးက္ခတွေကို စိတ်ဝိညာဉ်က ဘယ်လို ဖြတ်ကျော်ရမလဲ မသိပါ။ ကြေကွဲစရာ အဖြစ်ဆိုးတွေ၊ ဒုက္ခတွေကို ဘုရားသခင် မေတ္တာက ဘယ်လို ခွင့်လွှတ်ပေးမလဲ မသိပါ။
Whom? ဒါပေမယ့် တယောက်သောသူကို သိလိုက်ရင် - ဘယ်အရာ What? ဘယ်နေရာ Where? ဘယ်အချိန် When? ဘယ်လို How? ဘာကြောင့် Why? ဆိုတာတွေကို သိဖို့မလိုတော့ဘူး။ `အဘယ်သူကို ယုံကြာ်သည်ကို ငါသိ၏။´ ၂တိ ၁း ၁၂။ သခင်ယေရှုကြောင့် ဘုရားသခင်ကို သိခွင့်ရသွားတယ်။ ဘုရားသခင် ချစ်တတ်တာ သိလာရတယ်။ လူတွေရဲ့ အပြစ်အတွက် သခင်ယေရှု ကားတိုင်မှာ အသေခံရာမှာ ဘုရားမေတ္တာကို သိခွင့် ရလိုက်တယ်။ `ငါတို့ကို ချစ်၍ ငါတို့အတွက် ကိုယ်ကိုကိုယ် စွန့်တော်မူ၏။´ ဘုရားသခင် ပညာရှိတယ်ဆိုတာ သိလိုက်ရပြီ။ ဘုရားသခင်ဟာ ပညာ အားလုံးရဲ့အစ၊ ညဏ်အားလုံးရဲ့ အစပါ။ အစ၊ အဆုံး သိတော်မူတယ်။ ဘုရားသခင်က တန်ခိုးကြီးမားတယ်။ အရာရာဟာ ဘုရားတန်ခိုးတော်ကြောင့် သူ့နှုတ်မိန့်နဲ့ တည်မြဲနေရတယ်။
ချစ်ခြင်း၊ တန်ခိုးနဲ့ ပညာ စုံလင်တော့ ဘုရားသခင်ကို စိတ်ချလက်ချ အားကိုးနိုင်တယ်။
လူမှာ ဘာလိုသလဲ? လူအတွက် အကောင်းဆုံးက ဘာလဲ? ဘုရားသခင် သိပါတယ်။ တခြားအရာတွေ ဘဝထဲ ၀င်လာခွင့် ပေးတော်မူမှာ မဟုတ်ပါဘူး။ ရင်ဆိုင်ဖို့ စွမ်းအားကိုလည်း ဘုရားသခင် ပေးနိုင်ပါတယ်။ ဘုရားသခင်ကို သိထားပြီလား?
The Words We Say တို့ ပြောကြတဲ့ စကားတွေ
နှစ်လုံးတွဲထဲက အရေးကြီးဆုံး စကားကတော့ “Thank you” `ကျေးဇူးတင်ပါတယ်´ဆိုတဲ့ စကားပါ။
“Please” `ကျေးဇူးပြု၍´နှင့် “Thank you” `ကျေးဇူးတင်ပါတယ်´ ဆိုတဲ့ စကားတွေဟာ ဆားနဲ့ ငရုတ်ကောင်းမှုန့်တွေလိုပါပဲ။ နဲနဲဖြူးလိုက်ရုံနဲ့ ဟင်းကို အရသာတိုးစေသလိုပါပဲ။
“Please” `ကျေးဇူးပြု၍´နှင့် “Thank you” `ကျေးဇူးတင်ပါတယ်´ ဆိုတဲ့ စကားတွေကို ခဏခဏ ပြောလေ့မရှိကြပါဘူး။ ကြိုးစားပြောကြည့်လိုက်ပါ။ စာရေးရာမှာလည်း ထည့်ရေးပါ။ အိမ်မှာ၊ ကျောင်းမှာ၊ အလုပ်မှာ၊ ဘုရားကျောင်းမှာ၊ စျေးမှာ နေ့စဉ် စကားပြောကြတဲ့အခါ ထည့်ပြောကြည့်ပါ။
သုံးလုံးတွဲ အရေးအကြီးဆုံး စကားကတော့ “I love you” `ချစ်တယ်၊ သဘောကျတယ်´ ဆိုတဲ့စကား ဖြစ်ပါတယ်။ ‘ဒီစကား ၃ လုံးကို တနေကုန် မပြောဘဲ မနေပါနဲ့။ မသုံးဘဲ ပစ်မထားပါနဲ့။ ပေါပေါသီသီ သုံးပါ။ပိုပိုသာသာ သုံးပါ။ လွတ်လွတ်လပ်လပ် သုံးပါ။ `ချစ်သားတို့၊ ငါတို့သည် အချင်းချင်း ချစ်ကြကုန်အံ့။´ လို့ အသက်ကြီးသူ တမန်တော် ရှင်ယောဟန်က ပြောပါတယ်။
နေ့တိုင်း နေ့တိုင်း ဘုရား မေတ္တာကို Candy သကြားလုံးလို ဝေပေးပါ။ ဘုရားမေတ္တာတော်ကြောင့် ချစ်တဲ့အကြောင်း အနီးအနားက လူတွေကို ပြောပါ။ ချမ်းသာသူနဲ့ နာမည်ကြီးသူတွေကို ပြောပါ။ နိမ့်ကျသူနဲ့ အပယ်ခံတွေကို ပြောပါ။ အသက်ကြီးသူတွေကို ပြောပါ။ ကလေးငယ်တွေကိုလည်း ပြောပါ။ လူတွေကို ပေးစရာ မေတ္တာ မလုံလောက်မှာ စိုးရိမ်နေသလား? အတွေးမလွဲပါနဲ့။ မုဆိုးမရဲ့ ဆီဗူးလိုပဲ မေတ္တာမှာလည်း သူ့အလိုလို ပြန် ပြည့်တတ်တဲ့ အံ့သြဖွယ် နည်းတခုရှိပါတယ်။
အပြောရအခက်ဆုံး စကားများ
အပြောရခက်တဲ့ စကားလုံးတွေလည်း ရှိပါသေးတယ်။ သုံးလုံးတွဲ ပြောရခက်တဲ့ စကားကတော့ “I don’t know” `မသိဘူး´ ဆိုတဲ့ စကားပါ။ ပြောဖို့ ကြုံလာတဲ့အခါ မာနကြောင့် တစ်ဆို့နေပြီး အသံထွက်မလာတော့ပါ။ ကိုယ်မသိတာကို ၀န်ခံတာဟာ မှားသလား?
ဥပမာ။ ကောင်းကောင်းနားမလည်သေးတဲ့ ဘုရားတရား အကြောင်းအရာ တခုကို မေးလာတဲ့အခါ၊ သူများ အထင်သေးခံရမှာ စိုးတာနဲ့ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတတ်ပါတယ်။ `ဟုတ်ကဲ့၊ စဉ်းစားကြည့်ပါတယ်။ ဆုလည်းတောင်းပါတယ်။ ရိုးရိုးသားသား ၀န်ခံရရင် မသိပါဘူး ခင်ဗျာ။ မသိဘဲလည်း ရမ်းမပြောချင်ဘူး ခင်ဗျာ။´ လို့ ပြောတာ မှားပါသလား?
အထင်လွဲခံရမှာ စိုးရိမ်နေသလား? သူတို့ စိတ်ထဲမှာ `တော်သေးတယ်။ သဘောကျစရာ ကောင်းတယ်။ သူ့ကို ယုံကြည်လို့ ရတယ်။ မသိတာကို ၀န်ခံရဲသားပဲ။ သူသိတာ ပြောတဲ့အခါလည်း ယုံလို့ ရနိုင်တာပေါ့´ လို့ ပြောကြမှာပါ။
နှစ်လုံးတွဲ ပြောရခက်တဲ့ စကားကတော့ “I am sorry!” `၀မ်းနည်းပါတယ်။ စိတ်မကောင်းပါဘူး´ ဆိုတဲ့ စကားပါ။ တကယ် ၀မ်းနည်းနေချိန်မှာတောင် `၀မ်းနည်းပါတယ်´ လို့ ပြောဖို့ ခက်ပါတယ်။ စိတ်ထဲကတော့ `၀မ်းနည်းပါတယ်။ ကျွန်တော်မှားသွားပြီ။ ခွင့်လွှတ်ပါနော်´ လို့ တိုးတိုးကလေး ပြောချင်နေပါတယ်။ ကိုယ်ခန္ဓာကတော့ အလိုမကျတဲ့ မာန်ဖီနေတဲ့ ကြောင်အိုတကောင်လို တွန့်ဆုတ်နေတတ်ပါတယ်။
နောက်ဆုံးအနေနဲ့ တလုံးတည်း ပြောရခက်တဲ့ စကားကတော့ “No” `ဟင့်အင်း´ ဆိုတဲ့ အငြင်းစကားပါပဲ။ ဒီနေ့ဟာ ပြီးခဲ့တဲ့နေ့တွေမှာ ဆုံးဖြတ်ချက် ချခဲ့တာတွေရဲ့ အကျိုးကို ခံစားနေရတာပါ။
မနက်ဟာလည်း ဒီနေ့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ မူတည်နေပါတယ်။ ရွေးချယ် ဆုံးဖြတ်ရတာဟာ အလွန်အရေးကြီးတဲ့ အလုပ်ပါ။ ပိုဆိုးတာက ရွေးချယ်မှုတွေကို ငယ်စဉ်ဘဝမှာ လုပ်ကြရတာပါ။ ငယ်ငယ်တုန်းက ရွေးခဲ့တာတွေနဲ့ပဲ တသက်လုံးနေရကြတာ ဖြစ်ပါတယ်။
`မသောက်ဘူး´ လို့ ငြင်းတတ်ရင် ဘယ်တော့မှ အရက်သမား မဖြစ်ပါ။ ´မသုံးဘူး´လို့ ငြင်းရင် မူးယစ်ဆေးသမား မဖြစ်ပါ။ ´မကစားဘူး´ လို့ ပြောရင် လောင်းကစားသမား ဘယ်တော့မှ မဖြစ်ပါ။ သွေးဆောင်တာကို ´ဟင့်အင်း´ လို့ ငြင်းတတ်ရင် လက်ထပ်တဲ့နေ့အထိ ဖြူစင်နေမှာပါ။
“No” ဟာ အင်္ဂလိပ်စကားမှာ အပြောရအခက်ဆုံး စကားပါ။ ဒါပေမယ့် အထိရောက်ဆုံး စကားတခွန်းလည်း ဖြစ်ပါတယ်။ ( From Baptist Trumpet )
Monday, April 23, 2012
ဘာသာရေးအကြောင်း ပြောမယ်ဆိုရင် …….. When We Talk on Religion ……
( လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ ကိုးကွယ်ကြဖို့ရာ အကြံပြု စကားမျှသာ ဖြစ်ပါတယ်။ )
ယဉ်ကျေးတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ယဉ်ကျေးသူဟာ လူမှုရေးမှာ ကောင်းရုံမျှပဲ ရှိပါသေးတယ်။ ဘာသာတရားဟာ လူမှုရေးထက် ပိုသိမ်မွေ့တဲ့အရာပါ။ ဘာသာတရားဆိုတာ တမလွန်အကြောင်း စဉ်းစားတော့မှာ၊ မြင့်မြတ်တဲ့ လမ်းကို လျှောက်တော့မှာ ဖြစ်ပါတယ်။
တချို့က ဆဲတတ်တယ်။ ဒါဟာ မယဉ်ကျေးတာ ဖြစ်လို့၊ ဘာသာတရား နဲ့ကတော့ အဝေးကြီးပါ။ တချို့ကတော့ ယဉ်ယဉ်းလေး ဆဲပြန်တယ်။ ဘာဘဲဖြစ်ဖြစ် ဆဲတာဟာ၊ ဆဲတာပါပဲ။
၂။ သူတပါး ကိုးကွယ်တဲ့ ဘုရားကို မပုတ်ခတ်ပါနဲ့။ Please do not say evil things on other god.
လူသဘောက ကိုယ့်မိဘ မကောင်းရင်တောင်၊ မိဘမကောင်းကြောင်း လာမပြောစေချင်ဘူး။ အဖေ အရက်သမား ဖြစ်ပေမယ့် သားရှေ့မှာ .. `မင်းအဖေ၊ အရက်သမား´ လို့ ပြောရင် စိတ်ကောင်းပါ့မလား?။ လူမှုရေးအရ ရိုင်းသွားမှာပေါ့။
တကယ်တော့ သူဘာသာအယူမှားတာက ကိုယ့်ကို ဘာဒုက္ခမှ မပေးပါဘူး။ ကိုယ့်ဘာသာအယူမှားနေတာက ကိုယ့်အတွက် တကယ့် ပြဿနာပါ။ သူမှားရင် သူတွေ့လိမ့်မယ်။ ကိုယ်မှားတော့ ကိုယ်ကြုံရမှာပါ။
၃။ ကိုယ့်ကိုးကွယ်တဲ့ ဘာသာကို တကမ္ဘာလုံး လိုက်ကိုးကွယ်ဖို့ မမြော်လင့်ပါနဲ့။ Please do not expect that the whole world will convert to your religion.
လောကမှာ အလင်းနဲ့ အမှောင်၊ အမှားနဲ့ အမှန် ရှိနေတာပဲ။ ဘာသာတရားတချို့ တိမ်မြုပ် ပျောက်ကွယ်သွားနိုင်ပေမယ့်၊ မကောင်းတဲ့လူတွေကတော့ ကမ္ဘာကုန်သည်အထိ ရှိကောင်း၊ ရှိနေနိုင်ပါတယ်။ လူလောကမှာ ပြဿနာ အရှုပ်ဆုံးက လူတွေပဲ မဟုတ်လား?
၄။ ကိုယ့်ကိုးကွယ်တဲ့ ဘာသာကို နာမည်ကြီးတဲ့ လူတွေ ( ရုပ်ရှင်မင်းသား၊ မင်းသမီး၊ သူဌေးကြီး၊ အတတ်ပညာရှင်၊ အသိပညာရှင် ) ကိုးကွယ်တာများ အရသာခံ ပြောမနေပါနဲ့။ Please do not say that some peers convert to your religion.
အဲဒီလူတွေ ကိုးကွယ်လိုက်တာနဲ့ ကိုယ့်ဘုရားက ပိုမှန်၊ ပိုတန်ခိုး ရှိသွားမလား? အဲဒီလူတွေ မကိုးကွယ်လို့ကော အလကားနေရင်း မှားသွား၊ တန်ခိုးလျော့သွားမလား? ဘာသာတရားကို ကလေးလိုတွေးရင် အဲဒါမျိုးတွေပြောပြီး ဂုဏ်ယူနေတတ်ပါတယ်။ ဘုရားမပြောနဲ့ လူတောင်၊ သူတပါး ချီးမွှမ်းတာနဲ့ ပိုတော်လာပါ့မလား? ကဲ့ရဲ့လိုကော ညံ့သွားလို့လား? ကဲ့ရဲ့ခြင်း၊ ချီမွမ်းခြင်းဟာ သူတပါးရဲ့ သတ်မှတ်မှုသာ ဖြစ်ပါတယ်။ ကိုယ့်ဘဝအမှန်မှ မဟုတ်ပဲ။ သူများကိုးကွယ်လို့ လိုက်ကိုးကွယ်ရင်၊ သူများမှားရင် ကိုယ်ပါမှားတော့မှာပေါ့။
၅။ တနိုင်ငံလုံး ကိုးကွယ်ဖို့လည်း ဖိအားမပေးပါနဲ့။ Please do not force to set a state religion.
ဦးနုက နိုင်ငံတော် ဘာသာလုပ်ဖို့ အားထုတ်ခဲ့တယ်။ ဒါဟာ ညစ်ပတ်တာပါ။ ( အဲဒါနဲ့ K.I.A တောခိုသွားရော။ တိုင်းပြည်ငြိမ်းချမ်းချင်ရင်၊ အုပ်ချုပ်သူက စ- ညစ်ပတ်တာမျိုး မလုပ်သင့်ပါဘူး။ ) စစ်မှန်တဲ့ ဘာသာရေးသမားဟာ သူ့ဘာသာ သူပဲ လိုက်လျှောက်ပါတယ်။ ကျန်တဲ့သူတွေကို ဖိအားမပေးဘူး။ ဖိတာဟာ အဓမ္မ လုပ်ရပ်ပါ။ ဓမ္မမဟုတ်ဘူး။ တိုင်းပြည်က ဘာ..ဘာသာမှ မကိုးကွယ်ဘူး။ လူတဦးချင်းစီက ကိုယ်ကြိုက်တာ ကိုးကွယ်ကြတာ။ တခြားသူတွေအတွက် လူတယောက်ယောက်က ဆုံးဖြတ်ပေးရတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီး၊ ကိုယ့်ဘာသာ အကျိုးအပြစ် ခံစားကြရတာပါ။
၆။ ဘာသာတရားနဲ့ လူမျိုးရေးကို ရောမပြစ်နဲ့။ Please do not mix up religion with your nationality.
ဒါက လူတချို့ မှားတတ်တဲ့ အမှားပါ။ လူမျိုးဆိုတာ မွေးရာပါဗီဇပါ။ ဘာသာတရားကတော့ မွေးဖွါးပြီး ကြီးပြင်းလာရင်း တမလွန်အကြောင်း တွေးရင်းက လိုက်လျှောက်ဖို့ ရွေးချယ်တဲ့ လမ်းကြောင်းပါ။ ဘာမှမဆိုင်တဲ့ အရာပါ။ ဒါကို မသိဘဲ၊ ငါတို့လူမျိုး၊ ငါတို့ဘာသာဆိုပြီး မိရိုးဖလာအစွဲနဲ့ ပြောနေရင်တော့ ဘာသာတရားဆိုတာ ဘာမှန်းမသိတဲ့သူ ဖြစ်နေမှာပါပဲ။ တကယ်တော့ ဘာသာတရားတခုထဲကိုပဲ မတူတဲ့ လူမျိုး ၂ မျိုး ကိုးကွယ်တဲ့အခါ၊ အဲဒီဘာသာအပေါ် အလေးထားပုံ၊ အသားပေးပုံ ၊ ကျင့်သုံးပုံတွေ ကွာနေတတ်ပါတယ်။ ကွန်မြူနစ်ကို ကျင့်သုံးခဲ့တဲ့ ရုရှားတွေ ဒီမိုကရေစီကျင့်သုံးရင် ဒီမိုကရေစီ သဘာဝ ပျက်တော့မှာပဲလို့ တွေးကြောက်သူတွေ ရှိသလိုပေါ့။ စစ်သွေးကြွတတ်တဲ့ လူမျိုးနဲ့ လိမ်တာကောက်တာ အကျင့်ပါတဲ့ လူမျိုး ၂ မျိုး ဘာသာတခုတည်းကို ကိုးကွယ်ရင် အရည်အသွေးတူ ဖြစ်နေဖို့ မလွယ်နိုင်ပါ။ ဘာသာတရားကို စပျစ်ရည်လို့ သဘောထားရင်၊ လူမျိုးဟာ ထည့်တဲ့ ဗူးတို့၊ ခွက်တို့ ဆိုပါဆို့။ ဗူး၊ ခွက်ကွာရင် အရသာ ကွာတော့မှာပါ။
၇။ လူတွေအပေါ် တကယ်မချစ်တတ်၊ စေတနာနဲ့ မကူညီတတ်ပဲ ဘာသာရေးအကြောင်း မပြောပါနဲ့။ Please help others in need before you talk them on religion.
ဒုက္ခရောက်နေသူတွေကို၊ မကူညီပဲ မျက်နှာလွှဲတတ်သူတွေဟာ ဘာသာတရားနဲ့ အလွန်ဝေးပါတယ်။ လူတွေကို တကယ်စာနာတတ်မှ၊ တကယ်ကူညီတတ်မှ စေတနာမှန်ပါမယ်။ မဟုတ်ရင်တော့ လူတွေကို ကျွန်ပြုနေချင်တဲ့ စိတ်နဲ့ ဘာသာရေးပြောနေတာပါပဲ။ တပါးသူတယောက် ကိုယ့်ဘာသာထဲဝင်လာတာကြည့်ပြီး ပီတိဖြစ်နေရင်တော့ ဘာသာရေးကို ဘောလုံးပွဲလို သဘောထားနေတဲ့ ပွဲကြည့်ပရိတ်သတ်ပဲ။ တရား တကယ်မကျင့်ဘူး။ လူတယောက်ရဲ့ အခုလောလောဆယ် အခက်အခဲကိုတောင် မကူညီချင်ရင်၊ တမလွန်ရေး စေတနာထားတယ်လို့ မပြောပါနဲ့။ ညာနေပြီ။ အဲဒီလို စိတ်ကောင်း၊ နှလုံးကောင်းနဲ့ ဒုက္ခရောက်သူတွေကို ကူညီတာကို ဘယ်ဘာသာတရားကမှ မတားမြစ်ပါဘူး။ ဒါကြောင့် ဘာသာရေးအကြောင်း သူတပါးကို ပြောချင်ရင်၊ လူမှုရေးအရင်လုပ်ပါ။ ဒါမှ သဘာဝကျပါတယ်။
Monday, April 9, 2012
နှလုံးရောဂါ Heart Attack
နှလုံးထဲကို သွေးစီးဆင်းမှု နဲပါးတာ ကြာရှည်လာတဲ့အခါ နဲ့ ရပ်တံ့သွားတဲ့အခါ နှလုံးရောဂါ ဖြစ်လာပါတယ်။ အောက်စီဂျင် ပြတ်တာဟာ နှလုံးကို ပျက်စီးစေပြီး၊ သေစေနိုင်ပါတယ်။
နှလုံးရပ်ခြင်း Cardiac Arrest
ရုတ်တရက် နှလုံးအခုန်ရပ်တဲ့အခါ ဖြစ်တာပါ။ နှလုံးသွေးကြောထဲကို သွေးနဲ့ အောက်စီဂျင် မဝင်တဲ့အခါ ဖြစ်တာပါ။
လေဖြတ်ခြင်း Stroke
ဦးနှောက်ထဲ သွေးစီးဆင်းမှု ပိတ်ဆို့သွားတဲ့အခါ ဖြစ်ပါတယ်။ ဦးနှောက်သွေးကြောများထဲမှ သွေးနဲ့ အဟာရ မစီးဆင်းတာ ကြာတဲ့အခါ ဖြစ်တာပါ။လေဖြတ်ပြီး မီးနစ်ပိုင်း အတွင်းမှာ ဦးနှောက်သွေးကြောတွေ သေစပြုပါတယ်။
Tuesday, March 6, 2012
Good News in the New Year!
1. Many political prisoners in our country were released in January 13, 2012.
2. Our government is seeking to work together with the Lady ( Aung San Su Kyi ), political activists, tribal forces and many foreign countries including United States of America.
3. And it was said “There will be no more censorship in Myanmar after the media law is enacted".
4. Currently a mobile phone connection is sold at 500,000 Kyats ( about US$ 630. ). But a company pleads the President to let them sell a GSM SIM card at 5,000 Kyats ( USD$ 6. ).
5. Car importing was here allowed this January. It will make a better transportation in the country.
For this New Year good news, I hope we will have a better opportunity to spread the Gospel here. Please pray for us!
Sunday, March 4, 2012
Giving - ပေးကမ်းခြင်း
`လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည့်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကို မရကြ။ ထို့ကြောင့် သင်သည် အလှူဒါနကို ပေးသောအခါလျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင် လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာ မှုတ်စေသည့်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။ သင်သည်အလှူဒါနကို ပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ယာလက် ပြုသည့်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။ ´မဿဲ ၆း ၁- ၄။
၂။ မနှမြောနဲ့၊ စေတနာထားပါ။
`လူတိုင်း ကိုယ့်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ။ မလှူပဲ မနေရဟု စိတ်ထင်နှင့် မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။´ ၂ကော ၉::ရ။
၃။ ပိုပိုသာသာ ပေးပါ။
`သူတပါးအား ပေးကြလော့။ ပေးလျှင် သူတပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား အကြင်ချိန် တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ´ လုကာ ၆: ၃၈။
၄။ ဆင်ခြင်ညဏ်နဲ့ ပေးပါ။
`ဘာသာရေး အဆောက်အဦးတွေက ခမ်းနားနေပြီး၊ ဘာသာဝင်တွေရဲ့ ဘဝတွေက နွမ်းပါးနေပြီဆိုရင်၊ အဲဒါ အမှောင်ဖုန်းနေပြီ´ ဆိုတဲ့ စကားဟာ သိပ်မှန်ပါတယ်။ နွမ်းပါးတဲ့သူတွေကို ပေးပါ။ ဘုရားက အဆောက်အဦးတွေကို မမက်ဘူး။ လူတွေကို ချစ်တာပါ။
၅။ မြင့်မြတ်တဲ့ စိတ်နဲ့ ပေးပါ။
ကိုယ့်စိတ်နဲ့ မကိုက်ညီတဲ့ အပြုအမူမျိုး ရှိသူတွေကိုလည်း ပေးကမ်းကူညီပါ။ လူကောင်းတွေက မကောင်းတဲ့လူကို ကြည့်မရတတ်ဘူး။ အဲဒီတော့ မပေးချင်ဘူး။ မကူညီချင်ဘူး။ ပေးကမ်း ကူညီမှန်း သိလို့ ခဏ၊ ခဏ လာတောင်းရင်လည်း မပေးချင်ကြတော့ဘူး။ တခါတလေ ညာတောင်းခံရရင် စေတနာပျက်ပြီးဘယ်တော့မှ မကူညီချင်တော့ဘူး။ လူအများဟာ ဒီအဆင့်ထက် ပိုမကောင်းတတ်ကြဘူး။ တခု သတိရရမှာက သူကောင်းလို့ ပေးတာမဟုတ်ဘူး။ ကိုယ့်မှာ စိတ်ကောင်းနှလုံးကောင်း ရှိလို့ ပေးတာ ဆိုတာပါပဲ။ `ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။ သင်တို့အား ချစ်သောသူတို့အားသာ ချစ်တုန့်ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှလောက် ပြုကြသည်မဟုတ်လော။ - - - - - ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည့်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်း ရှိကြလော့။´ မဿဲ ၅: ၄၅- ၄၈။
ပေးကမ်းကူညီခြင်းရဲ့ အကျိုး
၁။ ကိုယ်လိုရင် ကူညီသူပေါ်မယ်။
`ကရုဏာမရှိသောသူသည် ကရုဏာကို မခံရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းကို အောင်၍ ၀ါကြွားတတ်၏။´ ယာ ၂: ၁၃။ သူများကို သနားတတ်မှ ကိုယ့်ကိုလည်း သနားမှာပါ။
၂။ ကိုယ့်မှအစ သားမြေးတိုင်အောင် ကောင်းစားမယ်။
`ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကို ခံရသည့်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍ စားရသည့်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည့်တိုင်အောင် မမြင်စဖူး။ - သူသည် အစဉ်သနားသောစိတ်ရှိသည်နှင့်၊ - သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ်၍၊ သူ၏ သားမြေးတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြ၏။´ ဆာလံကျမ်း ၃၇: ၂၅- ၂၆။
၃။ ဒီလောကအရာတွေထက် တည်မြဲတဲ့ ကောင်းကင်အရာတွေကို ပိုပြီး စိတ်စွဲလန်း လာမယ်။
`သံချေး၊ ပိုးရွ ဖျက်ဆီး၍ သူခိုးထွင်းဖေါက် ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဌာကို မဆီးပူးကြနှင့်။ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖေါက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဌာကို ဆီးပူးကြလော့။ အကြောင်းမူကား အကြင်အရပ်၌ သင်တို့၏ ဘဏ္ဌာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံး ရောက်တတ်၏။´ မဿဲ ၆: ၁၉- ၂၁။
၄။ ကောင်းကင်ဘုံမှာ မိတ်ဆွေများမယ်။
`သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌ သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကစည်းစိမ်ကို သုံးဆောင်ကြလော့။´
၅။ ကောင်းကင်မှာ ဆုလာဒ်ပြန်ရမယ်။
ဆင်းရဲတဲ့သူကို ကူညီတာဟာ သူ့ကို ဖန်ဆင်းတဲ့ ဘုရားသခင်ကို ကူညီတာပါပဲ။ `အငယ်ဆုံးသောသူတယောက်အား ပြုသမျှအတိုင်း ငါ့ကို ပြုကြပြီ။´ မဿဲ ၂၅: ၄၀။ စားစရာမရှိသူကို စားစရာ၊ အဝတ်မရှိသူကို အဝတ်အထည်နဲ့ စောင်၊ မကျန်းမာသူကို ဆေးဝါးနဲ့ စားစရာ အဟာရ ပေးကြရမှာပါ။ ဘုရားသခင်က ပြန်ဆပ်ပေးမှာပါ။ `ဤသူငယ် တစုံတယောက်အား ရေတခွက်ကိုမျှ ပေး၏။ ထိုသူသည် အကျိုးကို မရဘဲ မနေရာ။´ မဿဲ ၁၀: ၄၂။
Saturday, March 3, 2012
A pair of shoes -
Wednesday, February 22, 2012
ပေးလှူခြင်း - Giving
Sunday, December 4, 2011
ကယ်တင်ခြင်း - Do or Done?
အဲဒီတော့ ဘယ်လိုလုပ်မလဲ? ဘယ်တိုင်းပြည်ကလူကိုပဲ မေးမေး.. `ကောင်းတာလုပ်ရမှာပေါ့´ လို့ပဲ ပြောကြမှာပါ။ ကောင်းတာလုပ်တာဟာ မကောင်းတာတွေ လုပ်နေတာထက်တော့ ပိုကောင်းတာပေါ့လေ။ လူက ကောင်းတာနဲ့ မကောင်းတာကို ချိန်လို့၊ ကောင်းတာများရင် ကောင်းတဲ့အရပ်ရောက်မယ်လို့ အလွယ်ထင်တာပါ။ တကယ်တော့ ကောင်းတာနဲ့ မကောင်းတာဟာ ချေလို့မရပါဘူး။ သပ်သပ်စီနေကြတာပါ။ လူလုပ်တဲ့ ကောင်းမှုကုသိုလ်ဆိုတာ သန့်ရှင်းတဲ့ ဘုရား မျက်စိတော်ရှေ့မှာ လက်ခုစုတ်ပါ။ လူ့လောကမှာပဲ ကြည့်ပါဦး။ မကောင်းတာတွေ တောက်လျှောက်လုပ်ပြီးမှ လူတွေအကျိုးသယ်ပိုးပါမယ်.. ပြစ်ဒဏ်မချပါနဲ့ဆိုရင် ဘယ်တရားပါ့မလဲ? အပြစ်ကြွေးဆိုတာ ပေးဆပ်ရစမြဲပါ။
ဘယ်လောက်ပေးဆပ်ရမလဲ? အပြစ်ကို ကြေအောင်ဆပ်ရရင် သေဒဏ်ပါ။ ကျွန်တော်တို့ လုပ်ခဲ့သမျှ၊ အခုလုပ်နေသမျှ၊ နောင်လုပ်မိဦးမယ့် အပြစ်တွေကို ပေါင်းရင် အမြင့်ဆုံးပြစ်ဒဏ်က သေဒဏ်ပါ။ ဒီဒဏ်ကို အားလုံးအတွက် ပေးဆပ်ဖို့ ကောင်းကင်ကဘုရားက သူ့သားတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်က လူ့လောကကို စေလွှတ်ခဲ့ပါတယ်။ သားတော်ကို လူနာမည် ပေးတဲ့ အခါ `ယေရှု´ လို့ မှည့်ပါတယ်။ အဓိပါယ်က `ကယ်တင်မယ့်သူပါ´။ ကယ်တင်ရှင်က အစပထမမှာ တရားတွေဟောပါတယ်။ မေတ္တာပါ။ ကိုယ့်အပေါ်မကောင်းတဲ့သူတွေ၊ ရန်သူတွေအပေါ်မှာတောင် မေတ္တာထားဖို့ ပြောတာပါ။ ဒါပေမယ့် ကောင်းတာတွေ ပြောပြရုံနဲ့ လူတွေအတွက် မလုံလောက်တော့… အလုပ်တခု လုပ်ပေးရဦးမယ်။ အဲဒါကို မလုပ်ပေးရမချင်း - ငြီးငွေ့နေတယ်လို့ ဆိုပါတယ်။ အဲဒီအလုပ်က- ဘာလဲ?
အားလုံးကိုယ်စား အသေခံပေးဖို့ပါ။ ဘုရားသားတော် အသေခံတဲ့ ကားတိုင်ဆိုတာဟာ တကယ်တော့ လူဆိုးတွေ အပြစ်ရှိသူတွေ နေရမယ့် နေရာပါ။ ကျွန်တော်တို့ကို အပြစ်ပေးရမယ့်နေရာပါ။ သူက လူစားထိုးပေးခဲ့တာပါ။ အဲဒီလို အသေခံချိန်မှာ အသက်စွန့်ခါနီး နောက်ဆုံးစကားတခွန်းပြောခဲ့ပါတယ်။ `အမှုပြီးပြီ´။ အပြစ်ကြွေးတွေကြေပြီလို့ ပြောတာပါ။ အကြီးမားဆုံးပြစ်ဒဏ်ကို ပေးဆပ်ပြီးပါပြီ။ ဒီထက်ဘာမှ လူလုပ်တဲ့ မဖြစ်စလောက်တွေ ပေးစရာမလိုပါဘူး။ ဒါကြောင့် ကောင်းကင်ရောက်ဖို့ အားလုံးလုပ်ပေးခဲ့ပြီ၊ “It is finished” လို့ ပြောခဲ့တာပါ။ ကောင်းကင်ဆိုတာ တကယ်တော့ ဘယ်သူမှ မရောက်ထိုက်ပါဘူး။ ဒါပေမယ့် ဘုရားက အဖေမဟုတ်လား? ကယ်တာပေါ့။ ရအောင် တရားသဖြင့် အသေခံပေးခိုင်းလိုက်တာပေါ့။ ဒါကို လက်ခံတယ်။ မငြင်းဘူးဆို အကယ်ခံတာပါပဲ။ ဘုရားကယ်တာကို လက်ခံတာနဲ့ ဘုရားက ကယ်လိုက်ပါပြီ။ ဒီလောကကြီးသာမကပါဘူး။ ကောင်းကင်နဲ့ ငရဲဆိုတာလည်း ဘုရားလက်ထဲမှာပဲမဟုတ်လား?
ကောင်းကင်ရောက်ဖို့ လူတွေက `တခုခုလုပ်ဖို့´ Do လို့ ပြောနေမှာပါ။ ဘုရားသခင်ကတော့ `ငါလုပ်ပေးပြီးပါပြီကွာ´တဲ့။ Done ပေါ့။ ကဲ.. ကောင်းကင်ရောက်ဖို့ ကောင်နိုးရာရာလေးတွေ လုပ်ရဦးမှာလို့ ထင်နေသေးလား? Do နေတာပေါ့။ အမှန်က Done ပြီးသွားပါပြီ။
သခင်ယေရှုဟာ အသေခံ၊ သဂြိုဟ်ပြီးလို့ ၃ ရက်မြောက်နေမှာ အသက်ရှင်ပြန်ခဲ့ပါပြီး။ လူတွေကို လိုက်လံ နှုတ်ဆက်ပြီး ရက် ၄၀ အကြာမှာ ကောင်းကင်ကိုတက်ကြွခဲ့ပါပြီ။ လူတွေကို ကောင်းကင်က စောင့်နေပါပြီ။
ဒါကြောင့် အခုလို ရိုးရိုးလေးဆုတောင်းလိုက်ပါ။
ဘုရားသခင်….
ကယ်တင်လို့ ကျေးဇူးတင်ပါတယ်။
ကောင်းကင်စာရင်းမှာ နာမည်လေး ရေးမှတ်ပေးပါ´။
လို့ ဆုတောင်းလိုက်ရုံပါပဲ။
မေတ္တာဖြင့်
ဆလိုင်းထိန်ဝင်းအိ
အောင်လံနှစ်ခြင်းအသင်းတော်
အောင်လံ။
Saturday, November 26, 2011
ပျော်ပျော်နေပါ BE HAPPY!
၁။ ရောင့်ရဲပါ။
“ငွေ ကိုတပ်မက်ခြင်းသည် မကောင်းသောအမှု အပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။” လို့ ကျမ်းစာကဆိုပါတယ်။ ငွေမက်တော့ မကောင်းတာလုပ်ဖို့ အသင့်ဖြစ်နေတတ်တယ်။ ငွေမက်တော့ ပူပန် စိတ်တွေ ၀င်လာပြီး မပျော်နိုင်ဖြစ်ရတာပါ။
“ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်းချင်းအငြိုးထား သောစိတ်နှင့် စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ ကောင်း၏။” လို့ ကျမ်းစာကဆိုပါတယ်။ ဒါကြောင့် “စားရန်၊ ၀တ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နှင့် နေကြကုန်အံ့” ဆိုတဲ့ ကျမ်းစကားလိုနေကြရင်တော့ အတော် အတန်ပျော်ရွှင်လာနိုင်မှာပါ။
၂။အကောင်းမြင်တတ်ပါ။
တွေ့ကြုံရတဲ့အခြေအနေတွေအပေါ်မှာ လူတွေရဲ့သဘောထားပုံ နှစ်မျိုးကွဲ နေပါ တယ်။ အကောင်းမြင်သဘော Positive thinking နဲ့ အဆိုးမြင်သဘော Negative thinking တို့ပါပဲ။ ကလေးနှစ်ယောက်ကို လိမ္မော်သီး တစ်လုံးစီ ပေးတဲ့အခါ၊ တစ်ယောက်က လိမ္မော်သီးတစ်လုံးစား ရလို့ ပျော်နေတယ်။ ကျန်တစ်ယောက်ကတော့ နှစ်လုံး မရ လို့ စိတ်ညစ်နေတယ်။ နွားနို့ ဖန်ခွက်တစ်ဝက်စီ ဝေတိုက်တော့၊ တစ်ယောက်က ခွက် တစ်ဝက််သောက်ရလို့ ပျော်နေတယ်။ ကျန်တစ်ယောက်ကတော့ နှစ်ယောက်ဝေရလို့ တစ်ဝက်ပဲရတယ်ဆိုပြီး စိတ်ညစ်နေပါတယ်။
နှင်းဆီခြံနားဖြတ်သွားကြတော့ တစ်ယောက်က “နှင်းဆီပန်းတွေလှလိုက်တာ၊ အတော်မွှေးမှာပဲ” ဆိုပြီး ကျန်တစ်ယောက်ကတော့ “ဆူးတွေနဲ့နော်၊ စူးလိမ့်မယ်” လို့စိုးရိမ်နေပါတယ်။ တောအုပ်တစ်ခုကို ဖြတ်သွားကြရာမှာတော့ ပျားအုံတစ်အုံတွေ့ပါတယ်။ တစ်ယောက်က “ပျားရည်ရှိလောက်တယ်။ အတော်ချိုမှာပဲ” တဲ့။ ကျန်တစ်ယောက်ကတော့ “ပျားတုပ်မယ်နော် သတိထား” လို့စိုးရိမ်နေပါတယ်။ ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ အကောင်းမြင် သဘော နဲ့ကြည့်ပါ။ အတော်အတန်ပျော်ရွှင်လာနိုင်မှာပါ။
ကျွန်တော်တော့ ဘဝတစ်ခုလုံးကောင်းတာတွေလုပ်ဖို့ပဲ ဆုံးဖြတ်အားယူထားပါတယ်။ အကူအညီလိုသူ၊ အခက်ခဲကြံုသူ၊ ဝေဒနာခံစားနေရသူ၊ ဆာလောင်မွတ်သိပ်သူတွေအတွက် တတ်နိုင်သမျှ ကူညီဖို့ အားခဲထားပါတယ်။ ဒီလိုပေးလှူကူညီရာမှာ ဘာသာရေးအဆောက်အဦးတွေထက် ဘာသာဝင်လူတွေကို ပိုပေးလှူကူညီဖို့မြင်တတ်ရမယ်။ “ဘာသာတရားက တအားချမ်းသာနေပြီး၊ ဘာသာဝင်တွေဆင်းရဲနေရင်၊ အဲဒီဘာသာတရားဟာ အမှောင်ဖုံးနေပြီ”လို့ Dr.Curtis Hutson ကဆိုတယ်။ ဘုရားရှိခိုးကျောင်းကြီးတော ့ဟိန်းနေအောင် ဆောက်ထားကြပေမယ့်၊ ဘာသာဝင်မုဆိုးမတွေ၊ မိဘမဲ့၊ မသန်မစွမ်းသူတွေ၊ ဆွေမျိုး ပေါက်ဖော်မဲ့သူတွေ စားရမဲ့သောက်ရမဲ့ဖြစ်နေကြရင် ဘယ်ကောင်းပါ့မလဲ။ ဘုရားသခင်ရဲ့ အဓိကစေတနာက သူချစ်တဲ့လူသားတွေကို ချစ်ကြ၊ ကြင်နာကြ၊ ရိုင်းပင်းကြဖို့ပါ။
ကောင်းတာတွေ ကြိုးစားလုပ်တဲ့အခါ၊ ထူးခြားတာက ကိုယ်မကောင်းတာကို ပိုသိလာတာပါဘဲ။ ကိုယ့်အသိစိတ် Conscience ကပြောလာတာပါ။ ကောင်းတာတွေ လုပ်လေလေ၊ ကိုယ်မကောင်းမှန်းသိ လာလေလေပါ။ တစ်ချို့က “ငါက အခုသာ ကောင်းတာမလုပ်ဖြစ်သေးတာ။ တစ်ချိန်ကျရင်တော့ ကောင်းတာတွေလုပ်ဦးမယ်´ လို့ ပြောတတ်ပါတယ်။ လုပ်ကြည့်ပါ။ ကိုယ်မကောင်းတာကို ပိုပိုသိလာမှာပါ။ ဒါကြောင့် “ကုသိုလ်တပဲ ငရဲတစ်ပိဿာ” လို့ သတိစကားလေး ရှေးလူတွေ ထားခဲ့ကြတာပါ။ အဲဒီတော ကောင်းတာလုပ်ပေမယ့် ပျော်သလားဆိုတော့ အမြဲမပျော်နိုင်ပါဘူး။ အဲဒီအပြင် ကိုယ်ကျေးဇူး ပြုသူတွေထဲမှာ သစ္စာမရှိသူတွေ၊ ကျေးဇူးမသိသူတွေ အကောင်းမမြင်တတ်သူတွေလည်း အများကြီးရှိနေနိုင်သေးတယ် မဟုတ်လား။
၄။အမြဲတည်မယ့် အရာတွေကိုရှာပါ ။
မျက်စိနဲ့မြင်ရတဲ့အရာတွေဟာ မမြဲပါဘူး။ မမြင်ရတာတွေက မြဲပါတယ်။ မြေကြီးနဲ့ဖန်ဆင်းထားတဲ့ ကိုယ်ခန္ဓာဟာ မမြဲပါဘူး။ အဲဒီကိုယ်ထဲက ၀ိညာဉ်ကတော့ ထာဝရတည်မြဲနေပါတယ်။ လက်ရှိ လူ့ဘဝဟာ ခဏတာပါ။ တမလွန်ကတော့ ထာဝရပါ။
အပြစ်ရှိလို့ ငရဲသွားထိုက်ပေမယ့် ဘုရားကကယ်မလို့၊ ဘုရားကျေးဇူးတော်ကြောင့် ငရဲမသွားရ၊ ကောင်းကင်ရောက်မယ်လို့ စိတ်ချရရင်ပျော်စရာပါ။ ဒီလိုပျော်ရအောင် ဘုရားသခင် ပြင်ဆင်ပေးခဲ့ပါပြီ။
ဘုရားသခင်ရဲ့ တစ်ပါးတည်းသောသားတော်ကို ဒီလောကထဲလွှတ်ပြီး၊ လူတွေအတွက် ကိုယ်စားအသေခံပေးခဲ့ပါတယ်။ ကျွန်တော်တို့မွေးတဲ့နေ့ကနေ-သေတဲ့နေ့အထိလုပ်တဲ့ အပြစ်တွေအားလုံးရဲ့ ပြစ်ဒဏ်ကတော့ သေဒဏ်ပါ။ အဲဒီသေဒဏ်ကို ကိုယ်စားအသေခံပေးခဲ့တာပါ။ လူစားထိုးခဲ့တာပါ။ အဲဒီလို အသေခံကယ်ပြီးမှ ဘုရားသခင်ကသားတော်ကို ရှင်ပြန်ထမြောက်အသက်ပြန်ရှင်စေပြီး ကောင်းကင်မှာ နေရာပြန် ပေးခဲ့ပါတယ်။ ဘုရားသားတော်သခင်ယေရှုကယ်တာကို လက်ခံရင်ကောင်းကင်မှာ နေစရာအခန်းတွေ ပြင်ထားပေးမယ်။ မစိုးရိမ်နဲ့လို့ဂတိပေးထားပါတယ်။ တည်မြဲတဲ့ကောင်းကင်အိမ်မှာနေဖို့ အခုလိုဆုတောင်းပါ။
အဘဘုရားသခင်
ကောင်းကင်ဘုံမှာနေချင်ပါတယ်။
သားတော်သခင်ယေရှုကယ်ခဲ့လို့ကျေးဇူးတင်ပါတယ်။
ဆက်လက်မစတော်မူပါ။ အာမင်။
ဒီလိုစိတ်ရင်းမှန်နဲ့ ဆုတောင်းလိုက်တာနဲ့၊ ဘုရားသခင်ဂတိထားတဲ့အတိုင်း ကောင်း ကင်အရပ်မှာ နေရာရသွားပါပြီ။ ၀မ်းသာစရာပါ။ နောက်တစ်ခု ဒီလောကမှာ နေ့တိုင်း ပျော်ရွှင်ဖို့ရာတော့ “သခင်ယေရှု ကျွန်တော့စိတ်ကိုအုပ်စိုးပါ” လို့ နေ့တိုင်း ဆုတောင်း ၀န်ခံရင်တော့ မျက်မြင်အရာတွေအပေါ် ကြည့်ပျော်နေတဲ့အပျော်မျိုးမဟုတ်တော့ပဲ၊ အခြေအနေပေါ်မူမတည်တဲ့ အံ့သြစရာ ပျော်ရွှင်ကြည်နူးမှုတွေ ခံစားလာရမှာပါ။
ပျော်ရွှင်နိုင်ပါစေ။
မေတ္တာဖြင့်၊
ဆရာထိန်ဝင်းအိ၊
အောင်လံနှစ်ခြင်းအသင်းတော်။
BE HAPPY! By. Saya Htein Win Ei
Monday, November 21, 2011
ခရစ်စမတ်လက်ဆောင် - ဝေစာ
လူတွေအတွက် အရေးအကြီးဆုံး၊ အလိုအပ်ဆုံး၊ တန်ဖိုးအကြီးမားဆုံး၊ အကောင်းဆုံး လက်ဆောင်တခုကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ခန့်က ဘုရားသခင် စတင် ပေးသနားခဲ့ပါတယ်။ ဒီကနေ့အထိလည်း ပေးနေဆဲပါပဲ။ အဲဒီလက်ဆောင်ဟာ…….
(၁) အားလုံးအတွက်
ဘုရားသခင်က ဒီလက်ဆောင်ကို စိတ်ကြိုက်လူတချို့ကိုသာ ပေးခဲ့တာမဟုတ်ပါဘူး။ လူမျိုးတမျိုးတည်းကိုသာ ပေးခဲ့တာလည်း မဟုတ်ဘူး။
ယောကျင်္ား မိန်းမမရွေး၊ ပျိုပျိုအိုအို၊ ကလေးတွေတောင် ရနိုင်ပါတယ်။ ပညာတတ်တွေကို ပေးသလို၊ ပညာမတတ်သူတွေလည်း ရနိုင်ပါတယ်။ လှတဲ့သူ ရနိုင်သလို၊ မလှတဲ့သူလည်း ရနိုင်ပါတယ်။ အသားအရာင် မခွဲခြားပဲ၊ အသားဖြူ၊ အသားညို၊ အသားမဲ၊ အသားဝါ လူမျိုးစုံကို ပေးနေတာပါ။
ဘုရားပေးတဲ့ လက်ဆောင်ထိုက်သူဆိုတာ လောကမှာမရှိပါဘူး။ အားလုံးရထိုက်သူတွေပါ။
(၂) လက်ဆောင်
ဘုရားသခင်ပေးတဲ့ လက်ဆောင်ဟာ လောကအရာတွေလို ဟောင်းနွမ်းပျက်စီးမသွားဘူး။ သံချေး၊ ပိုးရွမတက်သလို၊ သူခိုးလည်း ထွင်းဖေါက်မခိုးယူနိုင်ပါဘူး။
ဘာကြောင့်လဲ? ဘုရားသခင်က သူ့ရဲ့ တပါးတည်းသောသားတော်ကို လက်ဆောင်အဖြစ်ပေးနေလို့ပါ။ ဘုရားသခင်ရဲ့သားတော်ဟာ လူ့လောကကို ကြွလာခဲ့ရတယ်။ အကြောင်းက - လူတွေရဲ့ အပြစ်ကြွေးကို ကိုယ်စား အသေခံပေးဆပ်ပေးဖို့ပါ။
အပြစ်ရဲ့အခဟာ သေခြင်းပါ။ အပြစ်လုပ်သူဟာ သေထိုက်ပါတယ်။ ဘုရားသားတော်က အားလုံးကိုယ်စား လူစားထိုးအသေခံပေးခဲ့ရတာပါ။ အသေခံပေးလို့ င်္သဂြိုဟ်ပြီးမှ ၃ ရက်မြောက်တဲ့နေ့မှာ အသက်ပြန်ရှင်တော်မူခဲ့ပါတယ်။ ရက် ၄၀ အကြာမှ ကောင်းကင်ထက််ကို ပြန်လည်တက်ကြွတော်မူခဲ့ပါတယ်။
အဲဒီလိုကြွလာခဲ့တာဟာ `အော်- ငါ့ကို လာကယ်တာပါလား ´ လို့ စိတ်ထဲက အသိအမှတ်ပြုရင်၊ ဘုရားသားတော် ကယ်တင်ရှင်ကို လက်ခံတာ၊ အကယ်ခံတာပါပဲ။
လူလူချင်း လက်ဆောင်ပေးရင် ဘူးတွေနဲ့ ထုပ်ပေးတတ်လို့၊အထဲမှာ ဘာတွေပါသလဲ၊ မုန့်လား? အဝတ်အထည်လား? ပစ္စည်းတခုခုလား? ဆိုပြီး စိတ်လှုပ်ရှားစွာ ဖွင့်ကြရတာပါ။
ဒီလိုပါပဲ။ ဘုရားသခင်က သားတော်ကို ပေးပါတယ်။ သားတော်အထဲမှာ ဘာပါသလဲ? `ထာဝရအသက်´ပါပါတယ်။ `ထာဝရအသက်´ ဆိုတာ ဘာလဲ?..
ထာဝရအသက်ဆိုတာ သေတဲ့နေမှာ ငရဲမလားတော့ဘူး။ အပြစ်ဒဏ်မခံရတော့ဘူး။ မအို၊ မနာ၊ မသေတော့ပဲ ကောင်းကင်ဘုံထက်မှာ ဘုရားသခင်ကို ဖူးမြော်ပြီး၊ ထာဝရ ပျော်ရွှင်စွာ အသက်ရှင်ရခြင်းပါပဲ။
`သားတော်ကိုရသောသူသည် အသက်ကိုရ၏။´
(၃) အခမဲ့
ဘုရားသခင်က ထာဝရအသက်ကို ရောင်းတာမဟုတ်ပါ။ ဒါကြောင့် အလှူငွေများများပေးပြီး ၀ယ်စရာမလိုပါဘူး။
ဆုပေးတာမဟုတ်လို့ ဘုရားကြိုက်မယ်ထင်တာတွေ ကြိုးစားလုပ်ပြီး မြော်လင့်နေဖို့မလိုပါဘူး။
ဘုရားသခင်က သင့်ကို တရားပြနေတာမဟုတ်သလို၊ ပညတ်တွေ ချပြနေတာမဟုတ်ဘူး။
ဘုရားသခင်က လူတွေကို ကောင်းကောင်းနေစေချင်ပေမယ့် အမိ၀မ်းထဲကတည်းက အပြစ်လုပ်ချင်တဲ့ ဗီဇပါနေကြတဲ့ အတွက် ….. `ကောင်းကောင်းနေမှ ပေးမယ်ကွာ´ လို့လည်း အကြပ်ကိုင်တော်မမူပါဘူး။
ဘာသာဝင်ခိုင်းနေတာမဟုတ်ဘူး။ ဘုရားသခင်က သနားလို့ လက်ဆောင်ပေးနေတာပါ။
(၄) လက်ခံကြပါစို့
လက်ဆောင်ဆိုတာ လက်ခံလိုက်ရုံပဲ။ လက်ခံလိုက်ရင် ရတာပါပဲ။ ဘုရားပေးလို့ ကိုယ်ရတာပါ။
ဒါပေမယ့် ပေးတဲ့သူက ဘယ်လောက်ရက်ရက်ရောရော စေတနာနဲ့ပေးပေမယ့် လက်ခံရမယ့်သူက ငြင်းနေရင်တော့ အလကားပဲပေါ့။ ဘုရားကပေးရဲ့သားနဲ့ မရတာဟာ မထိုက်တန်လို့မဟုတ်ပဲ၊ လက်မခံလို့သာ မရတာပါ။ ဘုရားသခင်ပေးတဲ့ လက်ဆောင်ကို လက်ခံဖို့ရာ အခုလို ရိုးရိုးကလေး ဆုတောင်းလိုက်ပါ။
`ဘုရားသခင်
ကျွန်တော် အပြစ်သားပါ။
ငရဲသွားထိုက်ပါတယ်။ ဒါပေမယ့်
သားတော် သခင်ယေရှုကို အခု လက်ခံပါပြီ။
ထာဝရအသက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘ။´
ဒီလို ဆုတောင်းလိုက်တဲ့အခါ ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်ကို ရပါပြီ။ သားတော်ကို ရပြီ။ ထာဝရအသက်ကို ရပြီ။ ဘုရားသခင်က ကျမ်းစာထဲမှာ ဂတိပေးထားပါတယ်။
` ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏။ သားတော်ကိုမရသောသူမူကား အသက်ကိုမရ။´ ၁ ယော ၅: ၁၁-၁၂။
အောင်လံနှစ်ခြင်းအသင်းတော်
စမ်းချောင်းရပ်၊ အောင်လံ။
GOD’S GREATEST GIFT
By Saya Htein Win Ei.
God's Greatest Gift
God gave the world the best, the most important and most needed gift 2,000 years ago. He still gives that Gift to the world.
1. That is for All
God gave the gift not only for a chosen people and not for a nation. Men, women, the old, the young, and even a child can get that Gift. Both the wise and the fool can get the Gift. The Gift is not only for the beautiful but also for the ugly ones.
The white, the black, the yellow and all the people in all colors can get the Gift. No one is unworthy to get that Gift. All are worthy to get the Gift!
2. That is a Gift
God's Gift is neither old nor out of date as worldly things do. Thieves cannot steal the Gift. Also, worms cannot destroy the Gift.
Why?
God gave his only Son as a gift to us. The Son of God came down to us on the earth. He died for us to pay the wage of our sins.
"For the wage of sin is death." – Romans 6: 23. One who does sin should die. But God let his Son die for us. On the third day after the Son died, he rose again! Then He climbed up to heaven again on the 40th day after he rose.
You know he came to save you! And you accept him as your savior. That is, you let him save you.
People give friends gifts in packages. It is so exciting to see what is inside the package. Food? Cloth? Gadget? or Other things? ....
Like that, God gave us his Son. What is in his Son? Everlasting Life! What is everlasting life? It is you will never go to hell when you die. God will not punish you. Seeing God's face, you will live forever in heaven happily and healthily.
"He who has the Son has the life." (1 John 5: 12)
3. That is Free
God does not sell us the Gift. God is not doing fundraising.
That is not a prize that you should earn by doing many good skillful works.
God is not giving you laws. He is not teaching you about the laws. It is true that God wants you to do good works. But God does not press on you to live in the best way you can. He knows you are a born sinner. He knows you were not good even in your mom's womb.
God is not asking you to join a church. He feels pity for you and just giving you a gift.
4. Please accept the Gift
What do you need to get a Gift? Nothing! Just take it! God give you the Gift. You take the Gift! You got it! That's so easy! God give you the Gift free. But if you refuse the Gift, you do not get the Gift. It is not because you are not worthy! It is because you refuse the Gift. If you want the Gift, please pray to God like this.
Dear God,
I am just a sinner.
I deserve to go to hell.
But now I accept God's Son, Jesus Christ as my savior.
Thank you for your Gift, eternal life. Amen.
Once you take the Gift, you get God's Gift. You get the Son of God. You get eternal life. Here is a promise God gave in the Bible for you.
"God has given to us eternal life, and this life is in his Son.
He that has the Son has life;
He that has not the Son of God has not life." (1 John 5: 11- 12)



















