Sunday, September 23, 2012

Ba Din's songs

Ba Din

ဗဒင်ရဲ့ သီချင်းများကို ခံစားကြည့်တဲ့အခါ သံစဉ်ပိုင်းမှာ တေးသွားဟန်တွေ မထပ်အောင် ပုံစံအမျိုးမျိုးနဲ့ ရေးသွားနေရင်းနဲ့ သူရဲ့ ကိုယ်ပိုင်ဟန်လည် မပျောက်မပျက် ပေါ်လွင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် သံစဉ်ထက် သူ့ရဲ့စာသားတွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်မိပါတယ်။

အမှတ်တံဆိပ်။         ။ သီချင်ရေးဆရာတယောက်ရဲ့ နှုတ်ဖျားမှာ အမှတ်တမဲ့ သူရွတ်နေကျ၊ သူတွေးမိနေကျ စကားလုံးတခု ရှိနေတတ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် အစွဲလန်းဆုံး စာသားတခုပါ။ သူ့ရဲ့ Trade Mark စကားလုံးဆိုပါစို့။ ဒါကို သီချင်းရေးဆရာ တယောက်တည်းရဲ့ သီချင်းတွေကိုချဉ်း သပ်သပ်လေ့လာတဲ့အခါ တွေ့ရနိုင်ပါတယ်။ ရေးတဲ့ သီချင်းအတော်များများမှာ အဲဒီစကားလုံးကလေး ပါနေတတ်ပါတယ်။ ဥပမာ၊ သီချင်းရေးဆရာတယောက်က `ကမ္ဘာကြီးက ကျဉ်းလွန်းပါတယ်´ လို့ သူ့ရဲ့သီချင်း အနည်းဆုံး ၂ ပုဒ်လောက်မှာ ရေးခဲ့ပါတယ်။ ( အများစုကတော့ ကမ္ဘာကြီးကျယ်တယ်လို့ စိတ်စွဲနေကြချိန်မှာ သူက ထူးခြားစွာပဲ ကျဉ်းတယ်လို့ ခံစားနေတာပါ။ ဒါက သူ့ စိတ်စွဲနေတဲ့ စကားလုံးဆိုပါစို့။ ) `တစစီကျိုးပဲ့´ တာကိုရေးတဲ့ သီချင်းရေးဆရာဟာ ` အတွင်းကြေ ... အတွင်းကြေ´ လို့ ပြောလာပြန်ပါတယ်။ သီချင်းရေးဆရာတွေ စွဲလန်းနေတဲ့ စကားလုံးတွေက မတူကြပါဘူး။ သပ်သပ်စီရှိကြပါတယ်။ ဒီလိုဆို သီချင်းရေးဆရာ ဗဒင်စွဲလန်းတဲ့ စကားလုံးက ဘာဖြစ်မလဲ? `နေရာ´ ပါ။ ပထမဆုံးထွက်တဲ့ သီချင်းစုရဲ့ ခေါင်းစီးသီချင်းဖြစ်ခဲ့သလို၊ `နေရာ ၁´ နဲ့ `နေရာ ၂´ ဆိုပြီး ၂ ပုဒ် ရေးခဲ့ပါတယ်။ သူ့ရဲ့တခြားသီချင်းတွေမှာလည်း တခါတခါ ပါလာတတ်တဲ့ စကားလုံးဟာ “နေရာ” ပါ။

“မင်းကတော့ ကိုယ့်ဘဝထဲက နေရာ ...
မင်းကတော့ နှလုံးသားရှိတဲ့ နေရာ ....
မင်းကတော့ ကိုယ့်အသက်ရှိတဲ့ နေရာ ... ”

ထူးခြားချက် ။      ။ ဆရာစောဘွဲ့မှူးရဲ့ သီချင်းစာသားတွေမှာ ဟာသလေးတွေ ပါတတ်တာဟာ သူ့ရဲ့ ထူးခြားချက်ပါ။ ဥပမာ - “မင်းဆံပင်ဖြူဖြူမှာ .... စပယ်ကုံးကလေး ပန်ပေးမယ် ... ” အသက်ကြီးကြီး အဖွါးအိုတယောက်ရဲ့ ဆံပင်အဖြူပေါ်မှာ အဖြူရောင် စပယ်ပန်းကုံးကို အဖိုးအိုတယောက် ပန်ပေးတာကို မြင်ရောင်ရင်း ရယ်ချင်လာပါလိမ့်မယ်။

သီချင်းရေးဆရာ ဗဒင်ကတော့ ကဗျာသိပ်ဆန်ပါတယ်။ နောက်ပြီး စာသားနဲ့ ရှုခင်း၊ မြင်ကွင်းတွေကို ကွက်ကွက်ကွင်းကွင်း ပုံဖေါ်ရာမှာ သိပ်တော်ပါတယ်။ “ချစ်အသဲကျော်မလေး” သီချင်းထဲမှာ

 “မိုးရွာပြီးမှ ... နှင်းဆီပွင့်ပေါ် ..... တင်ကျန်တဲ့ ..... မိုးစက်ကလေး ....
တစက်လိုပါ .... ကိုယ့်ချစ်ခြင်းတွေ .... မင်းရင်ထဲမှာ
...နောက်ဆုံးနေရာ .... ရပိုင်ခွင့် ..... ပေးမှာလား? ”

ခေါင်းကိုမော့ကာ ..... သူ့ဆံပင်လေး .....
တင်သပ်လိုက်တာကိုက ..... ဆွဲဆောင်မှု ......တခုလေလား ....... ” ဆိုတဲ့အဖွဲ့မှာ ကဗျာဆန်တာနဲ့အတူ ... မြင်းကွင်းကို ကောင်းကောင်း ပုံဖေါ်နိုင်တာတွေ့ရပါတယ်။

သီချင်းရေးရာ ဗဒင်က ကျွန်တော်တို့ကို လူနေထူထပ်တဲ့ ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားမှတ်တိုင်တွေရှိရာကို မခေါ်ပဲ၊ ဘယ်ကို ခေါ်သလဲကြည့်ပါဦး။ လေယာဉ်ပျံစီးပြီး ခရီးသွားရသလားမှတ်ရပါတယ်။
“ကျေးလက်တောတန်း .... မြိုင်ယံကြား ..... မြို့ပြများလည်း
.... ကျော်လွန်ရင်း ...  မိုင်ထောင်ချီတဲ့ အတွေးတွေရယ် ....
အိုး ..... ပင်လယ်ပြာ .. ရေ မွှာဖြူ ..... လှိုင်းများကြားမှာ ....
ဇင်ယော်လို .... ကျင်လည်ကာ .... ဖြတ်သန်းခြင်း ....
ခရီးဝေး ....   ပျောက်ဆုံးစာရင်းဝင်နေတဲ့ ......
ကျွန်းကလေးတကျွန်း ... တနေရာက ..... ရင်ခုံသံတွေနဲ့ .....
အတူတူ ... ကိုယ်ရှာဖွေနေတဲ့ ... ကိုယ်ဘဝကို .....
ဘယ်နေရာမှာ ... ပြန်လည်တွေ့ရှိမလဲ? .... ”
ဗဒင် - နေရာ ၁ သီချင်း နားထောင်ရန်

“ဘာသာပြန်” ဆိုတဲ့ နာမည်ဆန်းဆန်းနဲ့ သီချင်းကလေးမှာလည်း ..... “တိမ်ဆိုင်တွေရယ် ...
မြူတွေရယ် ... နှင်းထုရယ် ... မနက်ခင်းရယ် ....သဲသဲကွဲကွဲမရှိတဲ့ ပုံရိပ်များရယ် ...
လိမ်မော်ရာသီ ... တောင်ပေါ်မှာ ....လမ်းကျဉ်းငယ်ကလေးများလျှောက်ရသလို ....
အကြင်နာလမ်းဟာ .... ရီဝေဝါးနေတယ် .... မရေရာဘူး ... ဟူး ..... ”
“ရေတခွန်တွေရယ် ...... အော်မြည်ကာ ..... ပြင်းပြစွာ ....
ရိုက်ခတ်စဉ် .... လျှိူ့ဝှက်ချက်နဲ့ပြည့်တဲ့ ..... ရေထွက်ရာ .....
ရေဆန်ကို လှန်ရှာဖွေစဉ် .... ချောင်းများခံ .... အစပြု ..
စီးဆင်းရာ ..... နေရာမျိုးဟာ ..... အကြင်နာ စတင်ရာ ....ညိုမျက်ဝန်းလို့ ...... ”

“အဟောင်းဆိုင်” ဆိုတဲ့ သီချင်းမှာတော့ ....
“လေဟုန်စီးရင်း ..... လရောင်အောက်မှာ ....
ဖေါ်စုံ ... ပိုးစုံးကျူးငယ်ကလေးတို့ရယ် .... ” ညရှုခင်းကို ပုံဖေါ် ရေးထားပါတယ်။

ဝိညာဉ်ရေး ။       ။ လောကီသီချင်းတွေကို ရေးကြ၊ ဆိုကြတဲ့သူတွေက ဘုရားတရားအကြောင်း ပြောတဲ့အခါ၊ ဓမ္မတေးသီချင်းတွေ ဆိုတဲ့အခါ အလွန်သည်းခံနားထောင်ရပါတယ်။ သူတို့ဟာ လောကမှာ
ကျော်ကြားသူတွေဖြစ်ကြတာမှန်ပေမယ့် ဘုရားတရားတော့ သိပ်မသိတတ်ပါဘူး။ မသိတာကို သိသလို ဆရာလုပ်ပြောတာ၊ ဟန်ဆောင်ပြောတာတွေက ဆိုးပါတယ်။

ဒီထက်ပိုဆိုးတာက တေးရေးဗဒင် အရက်သောက်တတ်တာကို သိထားရင် သူရေးတဲ့ ဘုရားတရားသီချင်းဟာ ပိုဆိုမလားလို့ ထင်ရပါတယ်။ ဒီနေရာမှာ လူ့သဘာဝအထင်နဲ့ ခရစ်ယာန်တရားသဘောဟာ အတော်ကွာပါတယ်။ ဒါကြောင့် ဗဒင်ရဲ့ သီချင်းဟာ လွဲနေမလားလို့ စိုးရိမ်စရာပါ။

လူ့သဘာဝက လူဟာ ကောင်းကင်ရောက်ဖို့ ကောင်းတာလုပ်ရမယ်လို့ ယူဆလေ့ရှိပါတယ်။ Do ပေါ့။ ဘုရားသခင်က လူလုပ်လို့ ဘာဖြစ်လာမလဲ? ငါ လုပ်ပေးတယ်။ Done ပါ။ လူက တခုခုလုပ်ပါ။ Do, ဘုရားက ငါလုပ်ပေးပြီးပြီ။ Done ပါ။ ဒါကြောင့် ခရစ်ယာန်တရားက ကိုယ်ကျင့်တရား moral ကို ဦးစားပေး ပြောတာမျိုးမဟုတ်ပါဘူး။ ပညတ် Law တွေကို ပြနေတာမျိုးမဟုတ်ပါဘူး။ သူက ဘုရားကျေးဇူးတော် Grace ကို အဓိကပြောပါတယ်။ လူမတတ်နိုင်တာကို ဘုရားမ,တာကို ပြောတာပါ။ (လူမစွမ်း၊ နတ်,မ, ဆိုသလိုပါပဲ။ လူမစွမ်းလို့  ဘုရားမ, တာပါ။) ခရစ်ယာန်တရားက မကောင်းတဲ့သူ၊ မှားနေတဲ့သူတွေကို ဘုရားကယ်နိုင်တဲ့အကြောင်း၊ ပြုပြင်နိုင်တဲ့အကြောင်းသာ ပြောရတာပါ။ ကဲ ... တေးရေးဗဒင် ဒီအချက်ကို သိခဲ့သလား?
“သိုးမည်းဟောင်းတွေအကြောင်း” မှာ ကြည့်ကြပါစို့။

“ဘုရားကျောင်းလည်း  .... မင်းကမတက်တာ ..... အတော်ကြာပြီ ......”
“မင်းကတော့ .... တို့နဲ့ ပါမလာပဲ ....အမှောင်ထဲမှာ ... ဆက်လျှောက်နေဆဲ .....” လို့ ဘုရားတရားနဲ့ ဝေးနေတဲ့ သူ့သူငယ်ချင်းကို ပြောပါတယ်။
“လောကရဲ့ လမ်းတွေပေါ် .... ဆိုးကြ၊ မိုက်ကြရင်းနဲ့ .....
ရုန်းထွက်တော့ ..... မင်းက ပါမလာပဲ ....
အမှောင်ထဲမှာ .... ဆက်လျှောက်နေဆဲ ... ” လို့ ပေဖေါ်၊ ပေဖက်သူငယ်ချင်းကို ပြောပါတယ်။
“တို့ကတော့ .... တို့ကတော့ .... ဘုရားကျောင်းထဲ ....
ပြန်ရောက်တဲ့အချိန် .....”
“တို့ကတော့ .... တို့ကတော့ .... ဝေးဝေးကနေ ...
ဆုတောင်းပေးမယ် ...” လို့ သူ့သူငယ်ချင်း လူဆိုးလူတေတွေကို အပြစ်မမြင်ပဲ၊ စာနာစွာနဲ့
ဆုတောင်းပေးသူပါ။
“မင်းဆိုးလို့ ဝရင် ... မင်းမိုက်လို့ ဝရင် ....
သိုးမဲဟောင်းကြီးတွေ .. ပြေးထွက်လာပြီး ...
မင်းကို ကြိုနေမယ် ....”
တေးရေးဗဒင်က သူ့သူငယ်ချင်းတွေကို ပြောပါတယ်။ “ငါအခု ဘုရားကျောင်းထဲ ရောက်နေပေမယ့်၊ တချိန်ကတော့ မင်းတို့လို သိုးမည်းတကောင်ပါပဲကွာ” ဒီသီချင်းအရတော့ တေးရေးဗဒင်ဟာ ကိုယ်ကျင့်တရားကို ဦးစားပေးသူ moralist မဟုတ်ဘူး။ စာနာတတ်သူလို့ ဆိုနိုင်ပါတယ်။
နောက်တပုဒ် ... “ထမ်းထုတ်သွားခဲ့ပြီ” မှာတော့ သူ့ဘဝကို ပြောပြလာပါတယ်။
“ညညဆို ကိုယ်မျက်လုံးတွေ .... ကြောင်မနေတော့ဘူး .....
နေ့ဖက်ဆို ... ကိုယ့်ရဲ့စိတ်တွေ ... တိုမနေတော့ဘူး ....
ဘာသာပြန်စာအုပ်များနဲ့ ..... အချိန်ပိုများမှာ ....
အတိတ်က အဖြစ်အပျက်တွေကို ..... ကြိုးစားမေ့ဖို့ ...
မလိုတော့ဘူး .....”
သူ့အရင်က နေပုံထိုင်ပုံတွေပါ။ ဒါပေမယ့် သူ့ဘဝမှာ တနေ့ ထူးထူးခြားခြား ဖြစ်သွားတာလေး ရှိလာတယ်။ ဒါက သူ့ဝိညာဉ်ရေးနဲ့ဆိုင်တယ်။ သူပျော်လို့ ထအော်လာတယ်။

“ကိုယ့်ဘဝကို ... ဘယ်သူ့ဘဝနဲ့မှ ...မလဲဘူး .....ကိုယ့်ဘဝကို ... တွေ့ရှိတဲ့သူ .... ဖြစ်သွားလောက်အောင် ...

ကရာနီမှာ .... အသစ်ပြုပြင်တဲ့ ချစ်မေတ္တာက .... ငါ့ကို
ထမ်းထုတ်သွားခဲ့ပြီ ....” ကြည့်- သူ့ဘဝကို

သူကြေနပ်သွားတယ်။ သူ့ဘဝ နေပျော်သွားပြီ။
“ ဆိုးဝါးတဲ့အတွေးတွေ ... ဝင်ဝင်လာလို့ ....
အားလပ်ချိန်ကလေးတွေ ..... ရင်မဆိုင်ချင်ဘူး .....
ယမကာဆိုင်ထဲသွားပြီး .... အချိန်ပိုများမှာ ....
လက်ရှိကိုယ့်ဘဝနေရာက .... ထွက်ပြေးဖို့လည်း ......
မလိုတော့ဘူး ...... ”  သူ့ရဲ့ အရင်ကအကြောင်းတွေပါ။
“အပေါင်းတွေရှိရာ .... ကိုယ်မလာချင်ဘူး ....
အမျိုးတွေထဲမှာ ...... ကိုယ်မနေချင်ဘူး ....
ကြာရှည်စွာ ... တယောက်တည်းပဲ ... နေလာခဲ့တယ် ....
အသိုင်းဝိုင်းများရဲ့ ..... အပြင်မှာ ....
အခန်းအောင်းဖို့လည်း ..... မလိုတော့ဘူး .....”
ဒီလိုဖြစ်သွားရတာ ဘာကြောင့်လဲ? သူဆက်ပြောပြပါတယ်။
“ကိုယ့်ဘဝကို ဘယ်သူ့ဘဝနဲ့မှ မလဲဘူး .....
ကိုယ့်ဘဝကို...... တွေ့ရှိတဲ့သူ...
ဖြစ်သွားလောက်အောင် .....
ကရာနီမှာ (အရာရာကို) ..... အသစ်ပြုပြင်တဲ့  .....
ချစ်မေတ္တာက ...... ငါ့ကို .....
ထမ်းထုတ်သွားခဲ့ပြီ ...... ”

သိုးမည်းဟောင်းတွေအကြောင်း -သီချင်း
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ တုန်းက .... ကရာနီတောင်ကုန်းအရပ်မှာ ဘုရားသခင်ရဲ့ သားတော် သခင်ယေရှု အသေခံပေးတာကို သူပြောနေတာပါ။  ဘုရားသခင်ရဲ့ သားတော်က လူသားတွေ ကိုယ်စား အပြစ်အတွက် အသေခံပေးခဲ့တာကို သူသိနေပါတယ်။ ကရာနီတောင်ကုန်းပေါ်ကို သခင်ယေရှု သစ်တိုင်ကြီး ထမ်းသွားနေတာဟာ လူတွေရဲ့ အပြစ်တွေကို ထမ်းပိုးခဲ့ရတာပါ။ အပြစ်ကို တရားသဖြင့် ချေဖို့ရာ အပြစ်ကြွေးတွေကို အသေခံပေးဆပ်ဖို့ လိုပါတယ်။ ဒီအတွက် အသက်ပေးခဲ့ရတာပါ။ အဲဒီအသေခံတာမှာ သူ့အတွက် ပါတယ်လို့ တေးရေးဗဒင်က သိမြင်သွားတာပါ။ အဲဒီလို အပြစ်ရှိသူကိုယ်စား အသေခံပေးတာကို သူဘယ်လို ပြောပြသလဲ?
“ငါ့ကို .... ထမ်းထုတ်သွားခဲ့ပြီ ....”
ဒီသီချင်းကို နားထောင်မိစမှာ သူ့တင်စားပုံက ခပ်ပေါ့ပေါ့ ဖြစ်နေတယ်၊ လူငယ်ဆန်လွန်းတယ်၊ မလေးနက်ဖူးလို့ ထင်မိပါတယ်။ ဒါပေမယ့် သူရေးတာက သူ့ဘဝနဲ့ရင်းပြီး၊ သူခံစားသလို ရေးသွားတာပါ။ မြင်ယောင်ကြည့်ပါ။ ကျွန်တော်တို့ အသောက်လွန်ပြီး၊ အရက်ဆိုင်ထဲမှာ မထနိုင်ဖြစ်နေချိန်မှာ ဘယ်လိုအိမ်ပြန်မလဲ? အခင်ဆုံးသူငယ်ချင်းတယောက်က လိုက်လာမှာပဲ။ မထနိုင်တဲ့ ကျွန်တော်တို့ကို ထမ်းထုတ်တွဲခေါ်ရမှာပါပဲ။ တေးရေးဗဒင်က အဲဒီအကြင်နာမျိုးကို ခံစားလိုက်ရတာပါ။ လူကောင်းတွေဟာ ဘုရားမေတ္တာကို သိပ်ပြီးလေးလေးနက် ံစားမိချင်မှ ခံစားမိပါမယ်။ ဆိုးတဲ့ဘဝ၊ ပေတဲ့ဘဝထဲက
ဘုရားမေတ္တာ၊ ဘုရားခွင့်လွှတ်ခြင်းကို ခံစားမိသွားသူတွေကတော့ ကြည်နူးစရာအဖြစ် မမေ့နိုင်စရာပါပဲ။ ဒါကို သီချင်းတပုဒ်တောင် အမှတ်တရ ရေးသွားခဲ့တာပါလား။ လူတိုင်း ဘုရားမေတ္တာကို ကြည်ကြည်နူးနူး ခံစားမိနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။  .....။

Sunday, September 9, 2012

သခွါးသီး - Cucumber

Cucumber - သခွါးသီး
  • သခွါးသီး - - -  ကယ်လိုရီလျော့နည်းစေပါတယ်။
  •  အသားအရေစိုပြေစေတယ်။
  • ၀မ်းပျော့စေတယ်။
  • အဆစ်အမြစ်ရောင်တာကို သက်သာစေတယ်။
  • ကိုယ်ခန္ဓာကို သန့်ရှင်းစေတယ်။
  • သွေးတိုးကျစေတယ်။
  • ဆံပင်သန်စေတယ်။
  • ကိုယ်အလေးချိန်လျော့ကျစေတယ်။
  • ရေဓါတ်များစေတယ်။
  • ၀က်ခြံလျော့ပါးစေတယ်။
  • နှာစေးခြင်းနဲ့ - ပျို့အန်ခြင်းကို သက်သာစေတယ်။
  • အစာအိမ်ပြဿနာများကို သက်သာစေတယ်။
  • မျက်စိအညောင်းသက်သာစေတယ်။
  • နွေရာသီမှာ ကိုယ်ခန္ဓာကို အေးမြနေစေတယ်။
  • သွားနဲ့ သွားဖုံးကို ကျန်းမာစေတယ်။

Sunday, July 8, 2012

ကျန်းမာရေးနဲ့ညီအောင် စားသောက်ပါ။ Nature Remedy

Natural Remedy ( သဘာဝကုထုံး )

၁။ ဟင်းသီးဟင်းရွက်နဲ့ကို ပရိုတိန်း (သို့) ကာဗွန်ဟိုက်ဒရိတ်နဲ့ တွဲစားပါ။
၂။ ဂျုံဖြူနဲ့လုပ်တာတွေကို ပရိုတိန်းနဲ့ တွဲမစားပါနဲ့။
၃။ ရေစိမ်၊ အပင်ပေါက် သစ်စေ့များ၊ ရောနှောထားတဲ့ သစ်စေ့များဟာ ပရိုတိန်းကောင်းကောင်း ဖြစ်လာစေပါတယ်။ သိပ်ကောင်းတဲ့ အင်ဇိုင်းရလာစေပါတယ်။
၄။ အသီးချည်း သပ်သပ်စားပါ။ ထောပတ်သီး၊ ခရမ်းချဉ်သီးနဲ့ ပန်းသီးတို့ကတော့ အင်ဇိုင်းနဲ့ ပက်စ်တင် (အနှစ်) ကြောင့် တခြားအသီးအရွက်တွေနဲ့ တွဲမိပုံရပါတယ်။
၅။ ဖရဲသီးကို သူ့ချည်း သပ်သပ်စားပါ။
၆။ အစာ တလုပ်နဲ့ တလုပ်ကြားမှာ ရေနဲနဲ သောက်တာကလွဲလို့ ရေမသောက်ပါနဲ့။
၇။ အစားအသောက်ပြင်ဆင်နေတုန်း မစားမိစေပါနဲ့။ ရေတခွက်သောက်လိုက်ပါ။ ဖရဲရည် ညှစ်ထည့်နိုင်ပါတယ်။ ချက်ပြုတ်နေတုန်း တငုံ၊ တငုံ သောက်နိုင်ပါတယ်။
၈။ တလုပ်စာတိုင်းမှာ ၂၅ ခါ ဝါးပါ။
၉။ သဘာဝအတိုင်း လတ်လတ်ဆတ်ဆတ်ကို စားပါ။
၁၀။ ဂျံုဖြူ၊ သကြားဖြူ၊ အချိုတု၊ စေးပြစ်အောင်လုပ်ထားတဲ့ နို့မှုန့် ဆီများများနဲ့ ကြော်တဲ့ အစားအစာ၊ ကဖင်းန် နဲ့ ပေါင်းအိုးနဲ့ ချက်ပြုတ်တဲ့ အစားအစာတွေ ရှောင်ပါ။
၁၁။ အစာမကြေတတ်ရင် အသီးအရွက်နဲ့ ဆွတ်ပြုတ်ကို ကြေညက်အောင်လုပ်ပြီး စားသောက်ပါ။
၁၂။ အစာကြေစေမယ့် အင်ဇိုင်း၊ သတ္တုဓါတ်နဲ့ Pro-biotics တွေကို စားပါ။
၁၃။ အေးအေးဆေးဆေး စားပါ။ စိတ်ဖိစီးနေခြင်းဟာ အစာကြေချက်မှုကို အကြီးအကျယ် နှောက်ယှက်တဲ့ တရားခံပါပဲ။
၁၄။ ကိုယ်ခန္ဓာက နားဖို့ ပြောလာတဲ့အခါ၊ နားဖြစ်အောင် နားလိုက်ပါ။ စားချိန်၊ နားချိန် ရစ်သမ်မှန်ပါစေ။
၁၅။ လေ့ကျင့်ခန်းလုပ်တာ၊ သက်တောင့်သက်သာ ကိုယ်ဟန် အနေအထားဟာ အစာအိမ် အကြောအချဉ်တွေကို သန်မာစေတဲ့အတွက် နပ်ဗ်ကြောတွေကို အာရုံကြောမကြီးကနေ အစာအိမ်နဲ့ အူလမ်းကြောင်းတွေအထိ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာကြောင့် အစာကြေချက်မှုကို ကောင်းမွန်စေပါတယ်။

Monday, June 25, 2012

Solving religious problems in peace (Burmese)

" ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။ " - တရားဟောရာကျမ်း ၁၄း ၂၁
Thou shalt not seethe a kid in his mother's milk.
မြင်ယောင်ကြည့်လိုက်ပါ။ ဆိတ်သငယ်ကို အမိနို့ရည်နဲ့ ချက်စားတယ်ဆိုတာ တော်တော် ရက်စက်ရာကျပါတယ်။
ဒါပေမယ့် ဒီကျမ်းစာချက်ဟာ အစားအသောက်ကိုသာ ပြောတာမဟုတ်ပါဘူး။ လူတွေ စိတ်ကောင်း နှလုံးကောင်း ထားဖို့ကိုလည်း ပြောပြနေပါတယ်။ အစားအသောက်ထက် နည်းနည်းပို အရေးကြီးတဲ့ အကြောင်းအရာတွေ တကယ်ရှိနေပါတယ်။ ဆိတ်သငယ်ဆိုတာ အဓိကပြောချင်တဲ့အကြောင်းအရာရဲ့ အရိပ်မျှသာ ဖြစ်ပါတယ်။ ဆိတ်သငယ်က လူတယောက်ကို ပုံဆောင်တယ်ဆိုပါစို့။ အမိနို့ရည်ဆိုတာ သူကြီးပြင်းလာရတဲ့ ဆုံးမစကား၊ သင်ကြားခံယူရတာတွေ၊ အတွေးအခေါ်တွေ၊ ဘာသာတရားအသိတွေ ဖြစ်ပါတယ်။ လူတယောက်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ သူခံယူခဲ့ရတာတွေဟာ အတိုင်းအတာတခုအထိ ဆက်နွယ်နေပေမယ့် လုံးလုံးရောမွှေပစ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ အသိုင်းအဝိုင်းတခုထဲမှာ၊ ကျောင်းတကျောင်းထဲမှာ၊ ဘာသာတရားတခုထဲမှာ အတူကြီးပြင်းခဲ့ရပေမယ့် လူတယောက်နဲ့တယောက်ဟာ စိတ်သဘော တထပ်တည်းမကျနိုင်ပါဘူး။ ဒါကို အတူတူ တတန်းထဲ၊ တမျိုးထဲအဖြစ် ရောပစ်လိုက်တာဟာ မတရားပါဘူး။ စိတ်ထားနူးညံ့သူတိုင်း၊ အကြင်နာတရားရှိသူတိုင်း၊ သဘောထားကြီးမြတ်သူတိုင်း၊ ယဉ်ကျေးသူတိုင်း မလုပ်သင့်တဲ့အရာပါ။ သိပ်ရက်စက်တဲ့ စိတ်သဘောထားပါ။

ဒါကြောင့် လူတယောက်မှားတာနဲ့ သူ့ကိုးကွယ်တဲ့ ဘာသာတရားနဲ့ အသိုင်းအဝိုင်းတခုလုံးကို ရောအပြစ်တင်မယ်ဆိုရင် စိတ်ထားကြမ်းတမ်းလွန်းပါတယ်။ လူတယောက်က ပြစ်မှုတခုကို ကျူးလွန်တဲ့အခါမှာ လုပ်ဆောင်သင့်တာ အဓိက ၂ ခုရှိပါတယ်။

၁။ မြို့ပြဥပဒေအရ အရေးယူပါ။ သင့်တင့်မျှတတဲ့ ပြစ်ဒဏ်ဖြစ်ဖို့ကတော့ အရေးအကြီးဆုံးပေါ့။

၂။ တရားဥပဒေအရ အရေးယူပြီးတဲ့အခါမှာ သူပြစ်မှားသူဟာ တခြားလူမျိုး၊ တခြားဘာသာဝင် ဖြစ်နေရင် ထပ်လုပ်သင့်တာတခု ရှိပါတယ်။ ဥပမာ... ခရစ်ယာန်တယောက်က မူးယစ်ရမ်းကားခဲ့တယ် ဆိုပါစို့။ မြို့ပြဥပဒေအရ အရေးယူပြီးတဲ့အခါ သူတက်တတ်တဲ့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာထံကို မြို့အုပ်ချုပ်ရေးအရာရှိက သွားပြောပြနိုင်တယ်။ `သူ့ကို ပြစ်မှုနဲ့ တရားဥပဒေအရ အရေးယူထားပါပြီ။  သူက ဆရာ့ အသင်းသားလို့ ပြောပါတယ်။ ဒါကြောင့် သေရည်သေရက် ရှောင်ကြဉ်ဖို့၊ စိတ်နူးညံ့သိမ်မွေ့ဖို့၊ ပတ်ဝန်းကျင်ကို လေးစားဖို့ ၂လ၊ ၃လ လောက် ဆရာ့အသင်းတော် ဘုရားကျောင်းမှာ တရားဟောပေးပါဆရာ´ လို့ တောင်းပန်နိုင်ပါတယ်။ အဲဒီအခါ ဆရာကလည်း `ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော်လည်း ရှက်မိပါတယ်။ စိတ်ချပါခင်ဗျာ။ ကျွန်တော် ကြိုးစားသွန်သင်ပါမယ်´ လို့ ပြန်ပြောမှာပါပဲ။ ဒီနေရာမှာ အုပ်ချုပ်ရေး ၀န်ထမ်းက ဘာသာရေးသမားကို အာဏာလာပြနေတာမျိုးကို မလုပ်ရပါဘူး။ ဒါဟာ သိပ်ရိုင်းတဲ့အပြုအမူ ဖြစ်သွားပါလိမ့်မယ်။ အကူအညီတောင်းတာ၊ တောင်းပန်တာပဲ ဖြစ်သင့်ပါတယ်။ ဆရာကလည်း ကိုယ်တိုင်မလုပ်တဲ့ ပြစ်မှုအတွက် ကိုယ့်အသိုင်းအဝန်းကိုယ်စား စိတ်နှိမ့်ချ တောင်းပန်နေရတာပါ။ သူ့အသိုင်းအဝိုင်းကိုလည်း ဒီထက်ပိုကောင်းအောင် သူကြိုးစားနေရတာပါ။

တခါ ဗုဒ္ဓဘာသာဝင်တယောက် လိမ်လည်မယ်၊ လူသတ်မယ်ဆိုပါစို့။ သူကို တရားဥပဒေအရ အရေးယူပါ။ ပြီးရင် မြို့အုပ်ချုပ်ရေးအရာရှိက သူကိုးကွယ်တဲ့ကျောင်းကို သွားပါ။ ဆရာတော်ကို လျှောက်ပါ။ တပည့်တကာတွေကို မုသာဝါဒ ရှောင်ကြဉ်ဖို့၊ လူအသက်ကို မသတ်ဖို့ ၂လ၊ ၃လ လောက် တရားပြဖို့ တောင်းပန်ပါ။ ဆရာတော်ကလည်း ငြင်းမယ်မထင်ပါ။

မူဆလင်တယောက် မတရားပြုကျင့်မှုကို ပြုမိတဲ့အခါ တရားဥပဒေအရ အရေးယူပါ။ သူသွားလေ့ရှိတဲ့ ဗလီကိုသွားပါ။ ဗလီဆရာကို ကာမဂုဏ်ချုပ်တည်းခြင်းတရား၊ မိဘများက လူငယ်များ အရွယ်ရောက်တဲ့အခါ သင့်တော်ရာနဲ့ အိမ်ထောင်ချပေးဖို့၊ အပြစ်မှားခံရသူဟာ အရှက်တကွဲဖြစ်ရတဲ့အပြင် စိတ်ဒဏ်ရာကို ကာလကြာရှည်စွာ ခံစားရလို့ သနားစရာကောင်းတဲ့ အကြောင်းတွေ ၂လ၊ ၃လ လောက် ဟောပြောပေးဖို့ တောင်းပန်ပါ။ သူငြင်းမယ်မထင်ပါ။ ( ဒါတွေက ဥပမာပေးတာပါ။ ) - ဆိုလိုတာကတော့ လူတွေဟာ ကိုယ်အသိုင်းအဝန်းကို ကောင်းအောင် ပြင်ရ၊ တာဝန်ယူကြရမှာပါ။ လူသားတွေရဲ့ အကျိုးကို ပြုစုရမှာပါ။ သူတပါး ဘာသာကို မကောင်းကြောင်း ပြောနေတာဟာ အလုပ်မဟုတ်ပါ။ ရန်လိုနေခြင်းဟာလည်း တရားတကယ်မကျင့်တာကို ပြနေပါတယ်။

တခါတရံမှာ ကိုယ်နဲ့ ဘာသာတူတဲ့ လူတယောက် ကျူးလွန်မိတဲ့ အပြစ်အတွက် ဘာမှမဆိုင်တဲ့သူတွေ အရှက်ရနေ၊ ကြောက်ရွံ့ထိန့်လန့်နေရတာဟာ မဖြစ်သင့်တဲ့အရာပါ။ ရောပြီး အပြစ်ဒဏ်ခံရမယ်ဆိုရင်တော့ ဆိတ်သငယ်ကို အမိနို့ရည်နဲ့ ချက်သလို ဖြစ်နေပါပြီ။ ရက်စက်လွန်းရာကျမှာပါ။ ကိုယ့်အသိုင်းအဝိုင်းကို ကိုယ်ပြုပြင်ခြင်းအားဖြင့်သာ နေထိုင်ရတာ  ပိုပြီး အဆင်ပြေတဲ့ လူအသိုင်းအဝိုင်းတခု ဖြစ်လာစေနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ဥပဒေသဘောမဟုတ်ပါ။ ဥပဒေက လူ့အသိုင်းအဝိုင်းအတွက် အခြေခံလိုအပ်ချက် စည်းကမ်းမျှသာ ဖြစ်ပါတယ်။ တကယ်တော့ အခြေခံထက်ပိုပြီး ကောင်းမွန်စွာ နေထိုင်နိုင်လေ ကောင်းလေပါပဲ။

Saturday, June 16, 2012

Even Bacteria Get Sick - ဘက်တီးရီးယားတွေလည်း ဖျားကြတယ် .....

`ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာကို ခံရသည်ဟု ငါတို့သိကြ၏။´ - ရောမ ၈း ၂၂

သတင်းကောင်းလို့ ပြောမလားပဲ။ ကျွန်တော်တို့ကို ဖျားနာစေတဲ့ ဘက်တီးရီးယားတွေလည်း ဖျားကြပါသတဲ့။ ဖျားရင်တော့ သူတို့လည်း ဆေးသောက်ကြရမှာပဲလို့ ပြောစရာပေါ့လေ.... အဲဒီ ဘက်တီးရီးယားတွေကို ဖျားစေတဲ့အရာတွေဟာ လူတွေအတွက်  လိုနေတဲ့ ဆေးပါပဲ။

ဘက်တီးရီးယားတွေမှာလည်း ရန်သူဘက်တီးရီးယားတွေ ရှိတယ်ဆိုတာကို ၁၉၂၅ ခုနှစ်မှာ တွေ့ရှိခဲ့ပါတယ်။ ဘက်တီးရီးယားတွေရဲ့ ရန်သူပိုးမွှားတွေအကြောင်း သိပ္ပံပညာရှင်တွေ လေ့လာနေကြတော့ နောင်အခါဆိုရင် ပဋိဇီဝ ပိုးသတ်ဆေးတွေ သိပ်သုံးကြ၊ သောက်ကြရမှာ မဟုတ်တော့ပါဘူး။

 နမိုးနီးယား- အအေးမိရောဂါ၊ တီဘီ အဆုတ်ရောဂါ၊  ၀မ်းရောဂါ နဲ့ ဆုံဆို့နာ ရောဂါတွေကို အပြီးတိုင် ကွယ်ပျောက်သွားဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် အဲဒီလောက် ကောင်းတဲ့ဆေးတော့ မတွေ့ခဲ့ကြသေးပါဘူး။

တခါ ဘက်တီးရီးယားတွေက အကောင်းဆုံးဆိုတဲ့ ဆေးတွေကိုတောင် ဆေးယဉ်လာနေတယ်။ အဲဒါကြောင့် ဘက်တီးရီးယားတွေကို ပြန်စားနေတဲ့ ဘက်တီးရီးယားပိုးတွေကို အဓိကထားပြီး စိတ်ဝင်တစား လေ့လာနေတာ ဖြစ်တယ်။ ဒီပိုးက bacteriophage လို့ ခေါ်တယ်။ သူက ဘက်တီးရီးယားပိုးထဲ ရောက်သွားပြီး သူ့အထဲမှာ ထပ်ပွါးပြီး၊ တနာရီလောက်အကြာမှာ ဘက်တီးရီးယားပိုးကို သတ်ပစ်လိုက်ကာ တခြားပိုးတွေထံ ဆက်ကူးသွားပါတယ်။

စမ်းသပ်ကြည့်တော့ အဲဒီ ဘက်တီးရီးယားစားတဲ့ ပိုးတွေက  ပဋိဇီဝ ပိုးသတ်ဆေးတွေထက် ပိုကောင်းနေပါတယ်။ သူတို့က သက်ရှိဆိုတော့ လူတယောက်ကနေ တယောက် ကူးကြပြီးတော့ ရောဂါပြီးအောင် လုပ်ပေးနိုင်ကြပါတယ်။

ဒီအချက်ကို ကြည့်ရင် လူတွေဟာ ဘုရားသခင် ဖန်ဆင်းထားတဲ့ အရာတွေကနေ ပြန်သင်ယူနေကြရတယ် ဆိုတာပါပဲ။      ။

http://www.creationmoments.com/

Friday, June 15, 2012

Alzheimer’s Disease - အယ်လ်ဇိုင်းမား ရောဂါ

၁၉၉၄- နိုဝင်ဘာလမှာ အမေရိကန်သမ္မတဟောင်း ရော်နယ်လ် ရေဂင်က သူ့မှာ အယ်လ်ဇိုင်းမား ရောဂါရှိနေပြီလို့ ပြည်သူတွေကို အသိပေးစာတစောင် ရေးခဲ့ပါတယ်။ သူ့ဘဝရဲ့ နေဝင်ချိန်လို့ သူခေါ်တဲ့ အဲဒီခရီးကို စတင်လျှောက်လှမ်းပြီး ၁၀ နှစ်အကြာ၊ သူ့အသက် ၉၃ နှစ်အရွယ်၊ ၂၀၀၄ ခု၊ ဇွန်လ ၅ ရက်နေ့မှာ ဆုံးပါးသွားပါတော့တယ်။

သူ့စာထဲမှာ အယ်လ်ဇိုင်းမား ရောဂါကို သူကြောက်တဲ့အကြောင်း၊ ကြုံရတဲ့ အခက်အခဲတွေအကြောင်း ရေးထားပါတယ်။ အခုလို လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုတဲ့အတွက် ဒီရောဂါ ခံစားနေရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ပိုနားလည်လာကြလိမ့်မယ်လို့ သူနဲ့ သူ့ဇနီး နန်စီက မြော်လင့်ပါတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ရဲ့ ၄၀ ယောက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ရော်နယ်လ် ရေဂင်ဟာ အယ်လ်ဇိုင်းမား ရောဂါသည်တွေထဲမှာ နာမည်အကြီးဆုံးသူလို့ ဆိုနိုင်ပါတယ်။ အမေရိကန်ပြည်မှာ လူ ၄.၅ သန်းလောက်ဟာ အဲဒီရောဂါကို ခံစားနေကြရတယ်။ နောက်ထပ် သန်းပေါင်းများစွာလည်း ဒီရောဂါကို နောင်နှစ်တွေမှာ ခံစားရဖွယ် ရှိပါတယ်။

ဆရာဝန်တွေက အယ်လ်ဇိုင်းမား ရောဂါကို ဦးနှောက် တဖြည်းဖြည်း ကမောက်ကမ ဖြစ်လာတဲ့ရောဂါလို့ ဆိုပါတယ်။ မှတ်ဉာဏ်နဲ့ ပင်ကိုယ်စွမ်းရည်တွေကို ထိခိုက်စေပါတယ်။ ဆေးမရှိသေးပါဘူး။ ရောဂါဖြစ်လာရင် နေ့စဉ်ဘဝကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း မဲ့လာပါတယ်။ ဖြစ်စမှာတော့ လူတွေရဲ့ နာမည် (သို့မဟုတ်) ပစ္စည်းထားမိတဲ့ နေရာ စတာတွေကို မေ့လာပါတယ်။

ကြာတော့ ပိုပို မေ့လာပါတယ်။ ကိုယ့်မိသားစုရဲ့ နာမည်ကို မေ့လာတယ်။ ကိုယ်ဘယ်သူလဲဆိုတာ မေ့လာတယ်။ နောက်ဆုံးတော့ ဘာတခုမှ မမှတ်မိတော့ဘူး။ ဒါက သူ့ကိုယ်ခန္ဓာက တခြားအစိတ်အပိုင်းတွေ မသေခင်၊ ဦးနှောက်အရင်သေသွားတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ရင် ဒီရောဂါနဲ့ပဲ သေတော့မှာ ဖြစ်ပေမယ့် မသေခင်နှစ်အတော်ကြာ ဝေဒနာခံစားနေရပါတယ်။

အယ်လ်ဇိုင်းမား ရောဂါဟာ Dementia လို့ခေါ်တဲ့ စိတ်မကျန်းမာမှု (သို့) ချွတ်ယွင်းမှုတမျိုး ဖြစ်ပါတယ်။ Dementia ဆိုတာက နေ့စဉ်လုပ်ဆောင်စရာလေးတွေကိုတောင် စဉ်းစား၊ လုပ်ဆောင်နိုင်စွမ်း မရှိတော့တာ ဖြစ်ပါတယ်။ ဒါက ရောဂါတော့ မဟုတ်ပါဘူး။ ရောဂါကြောင့် ဖြစ်လာတဲ့ လက္ခဏာရပ်တွေသာ ဖြစ်ပါတယ်။

တချို့ Dementia တွေဟာ ကုလို့ ရပါတယ်။ အထူးသဖြင့် အရက်၊ မူးယစ်ဆေး၊ မျက်စိဝေဒနာ၊ နားပြဿနာ၊ နှလုံး (သို့) အဆုတ်ပြဿနာ (သို့) ခေါင်း ထိခိုက် ဒဏ်ရာတွေဆိုရင် ကုလို့ရပါတယ်။ တချို့ Dementia အမျိုးအစားတွေကတော့ ဗစ်တာမင်ဓါတ်တွေ (သို့) ဟော်မုန်းတွေရဲ့ ပါ၀င်နှုန်းကို ညှိညွတ်ပေးရုံနဲ့ ကောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် အယ်လ်ဇိုင်းမား ရောဂါဖြစ်သူရဲ့ သေသွားတဲ့ ဦးနှောက် Cells ဆဲလ်တွေကတော့ အစားထိုးလို့ မရနိုင်တော့ပါဘူး။

ရောဂါဖြစ်ရင် စိတ်တိုလာတယ်။ ကြမ်းတမ်းလာတယ်။ အကြောင်းမရှိ သွားလာမယ်။ အသက်ကြီးသူတွေဆိုရင် အိမ်နဲ့ အဝေးကြီးမှာ လျှောက်သွားနေပြီး၊ ဘယ်ကလာလို့၊ ဘယ်ရောက်နေမှန်း မသိတော့ပါ။

အယ်လ်ဇိုင်းမား ရောဂါ တိုးလာပုံက တယောက်နဲ့တယောက် မတူတတ်ပါဘူး။ ဒါပေမယ့် အစပိုင်း ရောဂါ အရိပ်အရောင်တွေက တူပါတယ်။ ကိုယ့်မှာ အပြောင်းအလဲ ရှိလာတွေကို မရိပ်မိတတ်ကြပါဘူး။ တချို့ကတော့ ရိပ်မိပါတယ်။ ဒါကို ဖုန်းကွယ်ဖို့ ကြိုးစားကြပြန်ပါတယ်။

အများစုဖြစ်တတ်တဲ့ အစောပိုင်း လက္ခဏာကတော့ ရေတိုမှတ်ဉာဏ် ဆုံးရှံုးတာဖြစ်ပါတယ်။ ဥပမာ- မနေ့က အဖြစ်အပျက်ကို မေ့တာမျိုးပါ။ သင်ယူဖို့ ခက်လာတယ်။ မှတ်သားဖို့ ခက်လာတယ်။ တဖြည်းဖြည်း စဉ်းစားရတာ ခက်လာတယ်။ ရယ်စရာပြောတဲ့စကားလည်း နားမလည်တော့ပါ။ အချက်အပြုတ်လည်းမရ။ သာမန် အလုပ်ကလေးတခုကိုတောင် မလုပ်တတ်တော့ပါ။

တခြားရောဂါလက္ခဏာကတော့ သာမန်ပြဿနာကလေးတွေကို ဖြေရှင်းရခက်လာမယ်။ ဟင်းအိုးတူးတာတောင် ဘာလုပ်ရမှန်း မသိဖြစ်လာမယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေကို နားမလည်၊ လမ်းလည်း မရှာတတ် ဖြစ်လာမယ်။

ကိုယ်တွေးနေတာ၊ သိနေတာကို ပြန်ပြောပြဖို့ စကားလုံး ရှာရခက်လာမယ်။ နောက်တော့ ရောဂါဖြစ်သူဟာ ပြောင်းလဲလာတယ်။ အေးအေးနေတတ်တဲ့သူက ဆူညံအော်ဟစ်ပြီး၊ ဒေါသကြီးလာတယ်။ စိတ်တိုလာသလို၊ လူတွေကို မယုံတော့ပါဘူး။

ဒီရောဂါဟာ အသက် ၆၅ ကျော်မှ ဖြစ်တတ်တာပါ။ ၅၀ အောက်မှာလည်း ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ အများစုကို တွေ့ရတာကတော့ အသက် ၈၀ အရွယ်မှာဖြစ်ပါတယ်။

၆၅ နှစ်အရွယ်မှာ ၂ ရာခိုင်နှုန်းလောက်ပဲ တွေ့ရပါတယ်။ အသက် ၈၀ မှာတော့ ၂၀ ရာနှုန်းလောက် တွေ့ရပါတယ်။ အသက် ၉၀ အရွယ်မှာတော့ လူဦးရေ တဝက်လောက်မှာ ရောဂါလက္ခဏာတချို့ တွေ့နေရပါတယ်။ လူမျိုးမရွေး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပို ဖြစ်တတ်ပါတယ်။ ဒါကလည်း အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်တာနဲ့လည်း ဆိုင်ပါတယ်။

အယ်လ်ဇိုင်းမား ရောဂါ ရှိ/ မရှိ စမ်းသပ်ဖို့ရာ မလွယ်ပါဘူး။ ဆရာဝန်က ချို့ယွင်းချက်တွေကို အရင်ရှာရပါတယ်။ တခြားချိုကယွင်းချက်တွေပါ တွေ့လာမှ အယ်လ်ဇိုင်းမား ရောဂါလို့ ယူဆရတာပါ။ အယ်လ်ဇိုင်းမားရောဂါရှိတယ်လို့ အသေအချာ ပြောနိုင်ဖို့ကတော့ သေပြီးနောက် ဦးနှောက်ကို ခွဲစိတ် စစ်ဆေးကြည့်မှသာ ရပါတယ်။

ရောဂါရှိကြောင်း သိနိုင်ပုံတွေတော့ တွေ့လာနေပါပြီ။ ဥပမာတခုအနေနဲ့ - လူ ၆၈ ယောက်ရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီးကို လေ့လာခဲ့ပါတယ်။ ရောဂါလက္ခဏာဖြစ်တဲ့ ပရိုတိန်း ၂၃ မျိုးကိုတွေ့ခဲ့ကြပါတယ်။ ဒီပရိုတိန်း စမ်းသပ်မှုဟာ ၉၀ ရာခိုင်နှုန်း မှန်ကန်နေတယ်လို့ ဆိုပါတယ်။

နောက်တွေ့ရှိချက်တခုကတော့ ရောဂါဖြစ်နေသူတွေမှာ F-D-D-N-P လို့ခေါ်တဲ့ ဓါတ်တမျိုးကို တွေ့ရတာပါပဲ။ အသက်ကြီးသူ အယောက် ၈၀ ရဲ့ ဦးနှောက်ကို ဓါတ်မှန်ရိုက် ပုံဖေါ်ပြီး လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလေ့လာချက်ကတော့ အယ်လ်ဇိုင်းမားနဲ့ သာမန် မှတ်ဉာဏ်လျော့နည်းတဲ့ ပြဿနာတွေရဲ့ ကွာခြားချက်ကို လေ့လာရာမှာ ၉၈ ရာခိုင်းနှုန်း မှန်ကန်တယ်လို့ ဆိုပါတယ်။ လူနာအများကြီးကို အကြိမ်ကြိမ် အထပ်ထပ် လေ့လာကြရဦးမယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါပေမယ့် ဒီနည်းတွေနဲ့ ရောဂါရှိကြောင်း စစ်ဆေးကြည့်နိုင်ပြီဆိုမှ အတတ်နိုင်ဆုံး စောစော ကုသနိုင်မှာ ဖြစ်ပါတယ်။       ။

Thursday, June 14, 2012

Mozart - သီချင်းရေးဆရာ မိုဇတ်



၂၀၀၆ ခုနှစ်မှာဆိုရင် ဩစတြီးယန်း သီချင်းရေးဆရာ Wolfgang Amadeus Mozart မွေးဖွါးခဲ့တာ နှစ်ပေါင်း ၂၅၀ ပြည့်ခဲ့ပါပြီ။

ဒီဇင်ဘာ ၅ ရက်နေ့မှာ မိုဇတ် သေတဲ့ နှစ်ပတ်လည်နေ့ကို ကမ္ဘာတဝန်းလုံးက ကျင်းပခဲ့ကြပါတယ်။ သူမသေခင် အပြီးမသတ်ခဲ့နိုင်ခဲ့တဲ့ Requiem ကို အဓိက တင်ဆက်ကြပါတယ်။ Requiem ဆိုတာဟာ သေသူကို ဂုဏ်ပြုတဲ့ သီချင်းပါ။ မကျန်းမမာ ဖြစ်လာတဲ့အတွက် သူ့ကိုယ်သူ ဂုဏ်ပြုဖို့ ရေးထားခဲ့သလားလို့ ထင်မှတ်ရပါတယ်။ ဒါပေမယ့် ဒီသီချင်းဟာ ၀မ်းနည်းစရာ၊ လျှို့ဝှက်နက်နဲရာတွေထက် ပျော်စရာတွေသာ ပိုပါပါတယ်။

မိုဇတ် သီချင်းတွေ ရေးခဲ့တာဟာ ၁၈ ရာစုရဲ့ ဒုတိယ ရာစုဝက်မှာ ဖြစ်ပါတယ်။ အဲဒီခေတ် ဥရောပ ဂီတပညာရှင်တွေဟာ ဘုရင်တွေ၊ မိဖုရားတွေနဲ့ တော်ဝင်မိသားစုတွေအတွက် ဖျော်ဖြေခဲ့ကြပါတယ်။ ဂီတသမားတွေဟာ ငွေကြေးအထောက်အပံံအတွက် လူချမ်းသာတွေအပေါ်မှာ မှီခိုခဲ့ရပါတယ်။

မိုဇတ်ဟာ သူ့မိတ်ဆွေ Joseph Haydn နဲ့တွဲပြီး Classical style ဂန္တဝင်ဂီတမှာ အကောင်းဆုံး စံနမူနာတွေ ဖြစ်ခဲ့ကြပါတယ်။ သူခေတ်မှာ အဲဒီဂီတဟာ အရေးအကြီးဆုံး ဂီတဖျော်ဖြေမှုတမျိုးဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ Classical ဆိုတာ Orchestra သံစုံဝိုင်းတွေမှာ ရေးသားတီးမှုတ်တဲ့ သီချင်းတွေ ဖြစ်ပါတယ်။

တချို့က Symphony 25 in G Minor ဟာ မိုဇတ်ရဲ့ ပထမဦးဆုံး လက်စွမ်းပြ လက်ရာလို့ ဆိုပါတယ်။ အဲဒီသီချင်းရေးချိန်မှာ သူ့အသက်က ၁၇ နှစ်ပါ။

မိုဇတ်ရဲ့ သီချင်းရေးပုံအကြောင်းပြောကြရင် effortless ဆိုတဲ့စကားကို မကြာခဏ သုံးကြပါတယ်။ တကူးတက ကြိုးစားအားထုတ်ထားတာ မဟုတ်ဘူးလို့ ဆိုလိုပါတယ်။ ၁၇၅၆  မှာ သူ့ကို ဩစတြီးယား Austria ပြည် Salzburg မြို့မှာ မွေးပါတယ်။ မွေးပြီးတာနဲ့ သူ့ကို Johannes Chrysostomus Wolfgangus Theophilus Mozart လို့ နာမည်ပေးပါတယ်။ ဒါပေမယ့် သူက `ဘုရားသခင် ချစ်တဲ့သူ´ လို့ ဆိုလိုတဲ့  “Amadeus, or Amade” လို့ ခေါ်တာကို ပိုသဘောကျပါတယ်။

Wolfgang ဟာ Leopold Mozart နဲ့ Anna Maria Pertl တို့ရဲ့ သားသမီး ရ ယောက်ထဲမှာ အငယ်ဆုံး ဖြစ်ပါတယ်။ သားသမီး ၅ ယောက်က ကလေးဘဝမှာပဲ သေဆုံးကြတယ်။ Wolfgang နဲ့ သူ့အမ Maria Anna တို့ပဲ ကျန်ပါတယ်။ နှစ်ယောက်လုံး ငယ်ငယ်က ဂီတမှာ တော်ကြပါတယ်။ မိဘတွေနဲ့အတူ ဥရောပတခွင်မှာ လှည့်လည် ဖျော်ဖြေခဲ့ကြပါတယ်။

Wolfgang ရဲ့ ဖခင်ဟာ နာမည်ကြီး တယောဆရာ ဖြစ်ပါတယ်။ Wolfgang ကို မွေးတဲ့နှစ်မှာပဲ Leopold ဟာ နာမည်ကြီးတဲ့ တယောတီးနည်းစာအုပ် ထုတ်ဝေခဲ့ပါတယ်။ မကြာခင်မှာပဲ Wolfgang ဟာ တူရိယာအမျိုးမျိုးကို ထူးထူးကဲကဲ နိုင်နိုင်နင်းနင်း တီးခတ်နိုင်စွမ်း ပြလာခဲ့ပါတယ်။

ရှစ်နှစ်အရွယ်မှာ Piano စတီးပါတယ်။ တခါတရံ မျက်စိမှိတ်တီးပါတယ်။ Organ နဲ့ တယောကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးပါတယ်။ သူရဲ့ ဂီတအသိက လူကြီးတယောက်ရဲ့ အသိမျိုးပါ။

ခရီးသွားတဲ့အတွက် သူ့ရဲ့ ဂီတပညာ ပိုတိုးတက်လာပါတယ်။ သူ့အဖေက ၁၈ ရာစုရဲ့ ဥရောပမြို့ကြီးတွေမှာ ဖျော်ဖြေခဲ့ပါတယ်။ သူတို့မိသားစုဟာ Lodon, Munich, Vienna, Prague နဲ့ Paris မြို့တွေကို သွားခဲ့ပါတယ်။

၁၇၇၈ မှာတော့ မိသားစုမှာ ၀မ်းနည်းစရာ ကြုံလာပါတယ်။ မိုဇတ်ကလေးက သူ့အမေနဲ့အတူ Paris မှာ အလုပ်ရှာနေချိန်ပါ။ သူ့အမေ ဖျားနာပြီး သေပါတယ်။ ဟိုအဝေးက Salzburg မြို့မှာနေတဲ့ အဖေဖြစ်သူ Leopold က ဘာမှ မကူနိုင်၊ မကယ်နိုင် ဖြစ်သွားပါတယ်။ အမေသေတာ သားကြောင့်လို့ အပြစ်တင်ပါတယ်။

ငယ်ငယ်က Salzburg မြို့မှာနေတုန်း ဂိုဏ်းအုပ်ကြီးထံမှာ Concert Master ပြဇာတ်ဆရာ လုပ်ဖူးပါတယ်။ ဘာသာရေး သီချင်းတွေ ရေးပေးရပါတယ်။ ဒါပေမယ့် သူ့အပေါ်မှာ အလုပ်ရှင် မကောင်းဘူးလို့ ခံစားရတဲ့အတွက် ၁၇၈၁ မှာ အလုပ်ထွက်ခဲ့ပါတယ်။

Salzburg မြို့က အပြီးအပိုင် ထွက်လာခဲ့ပြီး၊ Vienna မြို့ကိုရောက်တော့ သူ့ရဲ့ ဂီတပညာဟာ အထွတ်အထိပ်ကို ရောက်နေပါပြီ။ Vienna မြို့ဟာ Holy Roman Emperor Joseph II နေထိုင်တဲ့မြို့ပါ။ ဥရောပတဝှန်းက ဂီတပညာရှင်တွေဟာ ဧကရာဇ်ကို ဖျော်ဖြေဖို့ လာကြလေ့ရှိပါတယ်။

၁၇၈၂ - မှာ မိုဇတ်ဟာ Constanze Weber နဲ့ ဩစတြီးယန်းမြို့တော်မှာ လက်ထပ်ပါတယ်။ သူ့ဇနီးကို `ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံး နှလုံးသားနဲ့ အတွေ့အကြံု ရင့်ကျက် နှံ့စပ်သူ´ လို့  သူက ဆိုပါတယ်။ Constanze မှာ ကလေး ၆ ယောက်ရှိပေမယ့် ၂ ယောက်သာ ရှင်ပါတယ်။ အခက်အခဲတွေရှိပေမယ့်လည်း ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြပါတယ်။

Vienna  မြို့မှာ မိုဇတ်ဟာ သူ့ရဲ့အကောင်းဆုံး Operas တွေ ရေးခဲ့ပါတယ်။ Opera ဆိုတာ သံစုံဝိုင်းနဲ့ ကပြရတဲ့ ဂီတပြဇာတ်တွေ ဖြစ်ပါတယ်။ တခြားမြို့တွေမှာလည်း ဖျော်ဖြေခဲ့ရပါတယ်။ သူ့ရဲ့ The Marriage of Figaro ဟာ Prague မြို့မှာ လူကြိုက်များခဲ့ပါတယ်။

အဲဒီမြို့မှာပဲ အော်ပရာ နောက်တပုဒ်ရေးဖို့ တောင်းဆိုခံရပါတယ်။ Don Giovanni ပြဇာတ်ကို ရေးခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့အကောင်းဆုံးအော်ပရာလို့  အများက ယူဆကြပါတယ်။ ဒီအော်ပရာဟာ စပိန်စာရေးဆရာ Tirso de Molina ရေးတဲ့ ချစ်တတ်တဲ့ သူရဲကောင်း Don Juan အကြောင်းဖြစ်ပါတယ်။ ဟိုတုန်းက Don Giovanni  သတ်ခဲ့တဲ့ လူတယောက်ရဲ့ ၀ိညာဉ်က လူ့လောကကို ပြန်လာပြီး သူ့ကိုဖမ်းဆီးကာ၊ ငရဲကို ဆွဲချတဲ့အကြောင်း ဖြစ်ပါတယ်။ 

မိုဇတ်ရဲ့ သီချင်းတွေကို ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀၀ ကျော်မျာလည်း ကြားရနိုင်ပါတယ်။ Jean Renoir ရဲ့ The Rules of the Game ဇာတ်ကားကနေ Stanley Kubrick ရဲ့ Eyes Wide Shut ဇာတ်ကားအထိ ပါ၀င်ပါတယ်။

၁၉၈၄ ခုနှစ်မှာ peter Shaffer ရဲ့ Amadeus ဇာတ်ကားဟာ မိုဇာတ်အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အကယ်ဒမီ ၈ ဆု ရပါတယ်။ ဒါပေမယ့် သမိုင်းဆရာတွေကတော့ အီတလီ သီချင်းရေးဆရာ Antonio Salieri ကို မိုဇတ်သေရတဲ့ တရားခံအဖြစ် ပြတာဟာ မမှန်ဘူးလို့ ထောက်ပြကြပါတယ်။ Salieri ဟာ မိတ်ဆွေတယောက်သာ ဖြစ်သလို၊ မိုဇာတ်ရဲ့ သားကို သင်ပြရသူလည်း ဖြစ်ပါတယ်။

 မိုဇတ်ဟာ အသက် ၃၅ နှစ်အရွယ် ၁၇၉၁ ခု၊ ဒီဇင်ဘာ ၅ ရက်မှာ သေဆုံးပါတယ်။ သီချင်းအပုဒ်ပေါင်း ၆၀၀ ကျော် ရေးခဲ့ပါတယ်။ ခေတ်ကာလတလျှောက်လုံးမှာ အကောင်းဆုံးသီချင်းရေးဆရာအဖြစ် မိုဇတ်ကို ပညာရှင်တချို့က ယူဆကြပါတယ်။                ။

Monday, June 4, 2012

ဆံပင် - Hair


ဆံပင်
By Sherry Hutson Camperson

ဆံပင်ဟာ နို့တိုက်သတ္တဝါတွေမှာ ပေါက်တဲ့ အမွေးအမှင်ပါ။ အမွေးနုကလေးကနေ ကြမ်းတမ်းစူးရှတဲ့ ဖြူဆူးအထိ ပုံစံအမျိုးမျိုးနဲ့ ပေါက်ပါတယ်။ ဝေလငါးကတော့ နို့တိုက်သတ္တဝါတွေထဲမှာ အမွေးအမှင် အနည်းဆုံးပါ။

လူမှာ နူးညံ့တိုတောင်တဲ့ အမွေးအမှင်တွေ တကိုယ်လုံး ပေါက်တတ်ပေမယ့် ခေါင်းက ဆံပင်ကတော့ အထူဆုံးပါပဲ။ ကွယ်ကာဖို့နဲ့ နွေးထွေးစေဖို့ ဖြစ်ပါတယ်။ မျက်ခွံပေါ်နဲ့ ခြေဖဝါး၊ လက်ဖဝါးတွေပေါ်မှာတော့ အမွေးအမှင် မပေါက်တတ်ပါဘူး။

ဆံပင်မွေးတိုင်းမှာ အခြေခံအားဖြင့် ၂ ပိုင်းပါပါတယ်။ ဆံပင်ချောင်းနဲ့ အမြစ်ဖြစ်ပါတယ်။ အရေပြားထဲက ထွက်လာတဲ့အခါ အမြစ်ကနေ ဆံပင်ချောင်း ဖြစ်လာပါတယ်။ တလကို ၁ လက်မခွဲ ရှည်ထွက်ပါတယ်။ ၄ နှစ်လောက် ရှည်ထွက်လာပြီးရင် ကျွတ်ထွက်သွားပါတယ်။ အသစ်တချောင်း အစားထိုးပေါက်လာပါတယ်။ ပေါက်လိုက်၊ ကျွတ်လိုက် ပုံမှန်ဖြစ်နေပါတယ်။

ဆံပင်ချောင်းပိုင်းဟာ လုံဝန်းတဲ့ ပုံစံရှိပါတယ်။ နဂို ဆံပင်ကောက်သူတွေကတော့ ပြားတဲ့ပုံစံ ရှိတတ်ပါတယ်။ ဆံပင်နီရင် ခေါင်းမှာ ဆံပင် ၉၀,၀၀၀ ရှိပါတယ်။ နက်ရင် ၁၀၃,၀၀၀ ။ ညိုရင် ၁၀၉,၀၀၀ ။ ရွှေရောင်က ၁၄၀,၀၀၀ ရဲ့ အထက်ရှိပါတယ်။ ပိုနဲနဲ၊ လိုနဲနဲပဲ ကွာပါမယ်။

ဆံပင်ဟာ အရေပြားဆဲလ်တခုသာ ဖြစ်ပြီး၊ သူ့ကို မာကြောသန်မာစေဖို့ ကဲရတင် Keratin ဓါတ် နဲ့ ဖုံးအုပ်ထားပါတယ်။ ဒီဓါတ်ကို လက်သည်း၊ ကြံချို၊ မြင်းခွါနဲ့ ငှက်မွေးတွေမှာ တွေ့ရပါတယ်။

အမြစ်ပိုင်းကတော့ သွေးကြောမျှင်တွေနဲ့ ဆက်နေပါတယ်။ ဆံပင်တချောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တာတွေ အားလုံးပါပါတယ်။ ဘယ်သူနဲ့မှ မတူတဲ့၊ သီးသန့် ပင်ကိုယ်သဘာဝ ဖြစ်စေတဲ့ DNA ပါပါတယ်။ ကိုယ့်ပင်ကိုယ် သဘာဝဖြစ်စေမယ့် အရာအားလုံးဟာ ဆံပင်တချောင်းထဲမှာ ရှိနေပါတယ်။

ဆံပင်တချောင်းကို စနစ်တကျ လေ့လာကြည့်ရင် ကျား/မ၊ လူမျိုး စတဲ့အကြောင်းအရာ များစွာကို ဖေါ်ပြပေးနိုင်ပါတယ်။ ပြစ်မှုဖြစ်ပွါးတဲ့ နေရာမှာတွေ့ရတဲ့ ဆံပင်ကို ဓါတ်ခွဲခန်းပို့ပြီး လေ့လာရင်၊ တရားခံရဲ့ ဖုံးကွယ်ထားတဲ့ အချက်တွေကို သိနိုင်ပါတယ်။

ဘုရားသခင်က ဆံပင် အမြစ်ကနေ၊ ဆံပင်အဖျား အကွဲပိုင်းအထိ ဖန်ဆင်းထားတာပါ။ ခေါင်းပေါ်မှာ ဆံပင်ဘယ်နှစ်ချောင်း ရှိတယ်ဆိုတာ ဘုရားသခင် အတိအကျ ရေတွက်ထားပါတယ်။ ( မဿဲ ၁၀း ၃၀ ) တကယ်တော့ ကိုယ့်ရဲ့အမွေးအမှင်တွေကို ဘုရားသခင် ဖန်ဆင်းထားတာပါ။

ကိုယ့်မှာရှိတဲ့ ဆံပင်အမျိုးအစားအတွက် စိတ်မညစ်ပါနဲ့။ အသားအရောင်၊ မျက်လုံးအရောင်တွေဟာ ဆံပင်ရောင်နဲ့ ဆက်နေကြတာပါ။ တိုတို၊ ရှည်ရှည် ဘုရားပေးတဲ့အတိုင်း နေကြရတာပါ။              ။
From “Hair: The Long and the Short of It” by Sherry Huston Camperson.

Saturday, June 2, 2012

Superstars - စူပါစတားတွေ အကြောင်း


ဆံပင်
By Sherry Hutson Camperson

ဆံပင်ဟာ နို့တိုက်သတ္တဝါတွေမှာ ပေါက်တဲ့ အမွေးအမှင်ပါ။ အမွေးနုကလေးကနေ ကြမ်းတမ်းစူးရှတဲ့ ဖြူဆူးအထိ ပုံစံအမျိုးမျိုးနဲ့ ပေါက်ပါတယ်။ ဝေလငါးကတော့ နို့တိုက်သတ္တဝါတွေထဲမှာ အမွေးအမှင် အနည်းဆုံးပါ။

လူမှာ နူးညံ့တိုတောင်တဲ့ အမွေးအမှင်တွေ တကိုယ်လုံး ပေါက်တတ်ပေမယ့် ခေါင်းက ဆံပင်ကတော့ အထူဆုံးပါပဲ။ ကွယ်ကာဖို့နဲ့ နွေးထွေးစေဖို့ ဖြစ်ပါတယ်။ မျက်ခွံပေါ်နဲ့ ခြေဖဝါး၊ လက်ဖဝါးတွေပေါ်မှာတော့ အမွေးအမှင် မပေါက်တတ်ပါဘူး။

ဆံပင်မွေးတိုင်းမှာ အခြေခံအားဖြင့် ၂ ပိုင်းပါပါတယ်။ ဆံပင်ချောင်းနဲ့ အမြစ်ဖြစ်ပါတယ်။ အရေပြားထဲက ထွက်လာတဲ့အခါ အမြစ်ကနေ ဆံပင်ချောင်း ဖြစ်လာပါတယ်။ တလကို ၁ လက်မခွဲ ရှည်ထွက်ပါတယ်။ ၄ နှစ်လောက် ရှည်ထွက်လာပြီးရင် ကျွတ်ထွက်သွားပါတယ်။ အသစ်တချောင်း အစားထိုးပေါက်လာပါတယ်။ ပေါက်လိုက်၊ ကျွတ်လိုက် ပုံမှန်ဖြစ်နေပါတယ်။

ဆံပင်ချောင်းပိုင်းဟာ လုံဝန်းတဲ့ ပုံစံရှိပါတယ်။ နဂို ဆံပင်ကောက်သူတွေကတော့ ပြားတဲ့ပုံစံ ရှိတတ်ပါတယ်။ ဆံပင်နီရင် ခေါင်းမှာ ဆံပင် ၉၀,၀၀၀ ရှိပါတယ်။ နက်ရင် ၁၀၃,၀၀၀ ။ ညိုရင် ၁၀၉,၀၀၀ ။ ရွှေရောင်က ၁၄၀,၀၀၀ ရဲ့ အထက်ရှိပါတယ်။ ပိုနဲနဲ၊ လိုနဲနဲပဲ ကွာပါမယ်။

ဆံပင်ဟာ အရေပြားဆဲလ်တခုသာ ဖြစ်ပြီး၊ သူ့ကို မာကြောသန်မာစေဖို့ ကဲရတင် Keratin ဓါတ် နဲ့ ဖုံးအုပ်ထားပါတယ်။ ဒီဓါတ်ကို လက်သည်း၊ ကြံချို၊ မြင်းခွါနဲ့ ငှက်မွေးတွေမှာ တွေ့ရပါတယ်။

အမြစ်ပိုင်းကတော့ သွေးကြောမျှင်တွေနဲ့ ဆက်နေပါတယ်။ ဆံပင်တချောင်းမှာ မျိုးရိုးဗီဇနဲ့ဆိုင်တာတွေ အားလုံးပါပါတယ်။ ဘယ်သူနဲ့မှ မတူတဲ့၊ သီးသန့် ပင်ကိုယ်သဘာဝ ဖြစ်စေတဲ့ DNA ပါပါတယ်။ ကိုယ့်ပင်ကိုယ် သဘာဝဖြစ်စေမယ့် အရာအားလုံးဟာ ဆံပင်တချောင်းထဲမှာ ရှိနေပါတယ်။

ဆံပင်တချောင်းကို စနစ်တကျ လေ့လာကြည့်ရင် ကျား/မ၊ လူမျိုး စတဲ့အကြောင်းအရာ များစွာကို ဖေါ်ပြပေးနိုင်ပါတယ်။ ပြစ်မှုဖြစ်ပွါးတဲ့ နေရာမှာတွေ့ရတဲ့ ဆံပင်ကို ဓါတ်ခွဲခန်းပို့ပြီး လေ့လာရင်၊ တရားခံရဲ့ ဖုံးကွယ်ထားတဲ့ အချက်တွေကို သိနိုင်ပါတယ်။

ဘုရားသခင်က ဆံပင် အမြစ်ကနေ၊ ဆံပင်အဖျား အကွဲပိုင်းအထိ ဖန်ဆင်းထားတာပါ။ ခေါင်းပေါ်မှာ ဆံပင်ဘယ်နှစ်ချောင်း ရှိတယ်ဆိုတာ ဘုရားသခင် အတိအကျ ရေတွက်ထားပါတယ်။ ( မဿဲ ၁၀း ၃၀ ) တကယ်တော့ ကိုယ့်ရဲ့အမွေးအမှင်တွေကို ဘုရားသခင် ဖန်ဆင်းထားတာပါ။

ကိုယ့်မှာရှိတဲ့ ဆံပင်အမျိုးအစားအတွက် စိတ်မညစ်ပါနဲ့။ အသားအရောင်၊ မျက်လုံးအရောင်တွေဟာ ဆံပင်ရောင်နဲ့ ဆက်နေကြတာပါ။ တိုတို၊ ရှည်ရှည် ဘုရားပေးတဲ့အတိုင်း နေကြရတာပါ။              ။
From “Hair: The Long and the Short of It” by Sherry Huston Camperson.

Friday, June 1, 2012

The Miracle of Photosynthesis - အံ့ဩစရာကောင်းတဲ့ အစာချက်ခြင်း


 အစိမ်းရောင်အပင်အားလုံး၊ ရေမှော်ပင်တချို့နဲ့ တချို့ ဘက်တီးရီးယားတွေဟာ လေ၊ ရေ၊ အလင်းနဲ့ သတ္တုဓါတ်အနည်းငယ်လောက်နဲ့ အစားအစာချက်လုပ်တတ်ကြပါတယ်။ ဒါကို photosynthesis လို့ခေါ်ပါတယ်။ ဒီလိုအစာ မချက်လုပ်ကြရင်လည်း လူတွေမှာ စားစရာမရှိ၊ ရှူစရာလေမရှိ ဖြစ်ကြရမှာပါ။

အစိမ်းရောင်အပင်တွေက လူနဲ့ တိရစ္ဆာန်တွေ စွန့်ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုတ်ယူပါတယ်။ ရေနဲနဲနဲ့ အစာချက်ပြီးတော့ အောက်စီဂျင်နဲ့ ကာဗွန်ဟိုက်ဒရိတ်ကို ထုတ်လုပ်ပါတယ်။ ထုတ်ယူခဲ့တဲ့ ရေရဲ့ ၄ ပုံ ၃ ပုံကိုလည်း နောင်သုံးဖို့ ပြန်ထုတ်ပေးပါတယ်။

Photosynthesis  ဓါတ်ပြောင်းလဲသွားပုံကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထဲက ကာဗွန်အက်တမ်ကို အောက်စီဂျင်ထဲကနေ ခွဲထုတ်လိုက်ပါတယ်။ ပြီးမှ ရေမော်လီကျူးတခုနဲ့ပေါင်းပြီး ကာဗွန်ဟိုက်ဒရိတ် ဖြစ်လာစေပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ဆိုတာ အစားအစာပါပဲ။ ဒါက ရိုးရိုးကလေးပါ။ ဒါပေမယ့် ဖြစ်ပျက်ပုံကို အသေးစိတ် တဆင့်ချင်းရေးရင်တော့ စာတအုပ်  ဖြစ်သွားပါလိမ့်မယ်။

ဒါကို ဒါ၀င်အယူအဆကိုလက်ခံတဲ့ Evolutionists တွေက အပင်တွေဟာ စွန့်ပစ်ပစ္စည်းတွေထဲက အကျိုးရှိတာတွေ ထုတ်ယူတတ်ပါလားဆိုပြီး အံ့ဩကြတယ်။ အပင်တွေကို လိုက်တုပြီး၊ သိပ္ပံပညာရှင်တွေက အာကသမှာ solar cell အသစ်တမျိုးကို လုပ်ဆောင်လာကြတယ်။ အပင်တွေက သူတို့ရတဲ့ အလင်းကို စွမ်းအင်အဖြစ် ၁၀၀% နီးပါး ပြောင်းလဲပေးနိုင်ပေမယ့်၊ လူတွေ အစွမ်းကုန် ကြိုးစားထားတာကတော့ ၈% ပဲ ထိရောက်ပါတယ်။

အဲဒီတော့ ဖန်ဆင်းခြင်းကို ယုံကြည်တဲ့  Creationists တွေက မေးလာကြတယ်။ လူဦးနှောက်နဲ့ နှစ်ပေါင်းများစွာ ကြိုးစားတာက ၈% ပဲ အကျိုးရှိပြီး၊ ဦးနှောက်မရှိတဲ့ သစ်ပင်တွေက ၁၀၀% နီးပါး အကျိုးရှိနေပါလားပေါ့။

ကဲ... တို့ လူသားတွေ အတော့ကို တော်နေပြီပေါ့နော်...
ရည်ညွှန်း။  http://www.creationmoments.com/radio/transcripts/miracle-photosynthesis

Wednesday, May 30, 2012

စားသောက်ပုံ - Table Manners



စစ်မှန်တဲ့ အပြုအမူတွေဟာ စိတ်နှလုံးထဲက လာပါတယ်။ ကြင်နာတဲ့စကားဟာ ကြင်နာတတ်တဲ့ နှလုံးသားထဲမှ လာပါတယ်။ အပြုအမူ ယဉ်ကျေးနေပေမယ့် သူတပါးကို ညဉ်းတွား အပြစ်တင်လိုက်တာနဲ့ ယဉ်ကျေးတာတွေဟာ အတုအယောင် ဖြစ်တာကို ပြသနေပါတယ်။

အစားအစာ စားတဲ့အခါ ဘုရားသခင်ကို ကျေးဇူးစကား အမြဲဆိုပါ။ ပြင်ဆင်ကျွေးမွေးသူကိုလည်း ကျေးဇူးစကား ပြောပါ။

သူတပါးကို စိတ်ကြည်နူးစေခြင်းဟာ စိတ်ကောင်းရှိကြောင်း ပြနေပါတယ်။ စားသောက်ရာမှာ ကိုယ့်အလို၊ ကိုယ့်ဆန္ဓကို ဘေးဖယ်ထားပါ။ သူတပါးကို အလေးအနက်ထားပါ။ အချိန်မှီ ၀င်ထိုင်ပါ။

ငြိမ်သက်စွာ စားသောက်ပါ။

ကြည်နူးကြည်နူ စားသောက်ပွဲဖြစ်ဖို့ရာ အဓိကက ငြိမ်သက်စွာ စားဖို့လိုပါတယ်။ နည်းနည်းစီသာ ကိုက်စားပါ။ ပါးစပ်ပိတ်ပြီး ၀ါးစားပါ။ သောက်ရေခွက်၊ ဇွန်းခက်ရင်းတို့ကို အသံမမြည်စေပါနဲ့။

အစားအသောက် လက်ဆင့်ကမ်းခြင်း

ပန်းကန်ကို လက်ဆင့်ကမ်းတဲ့အခါ  ညာဖက်ကိုသာ ကမ်းရပါတယ်။ လူတိုင်း ကိုယ်စီမရကြသေးရင် မစားရသေးပါ။ စားနေတုန်းအစားအသောက် ထပ်လိုပါက အနီးဆုံး လက်ဆင့်ကမ်းနိုင်သူကို တောင်းပါ။ သူတပါး ပန်ကန်ပေါ်မှ မဖြတ်ကျော်ရပါဘူး။ ထရပ်ပြီးလည်း လှမ်းကျော် မယူရပါဘူး။

လက်သုတ်ဝတ်များ - Napkins:

စားဖို့ အသင့်ဖြစ်တဲ့အခါ ဇွန်းခက်ရင်းရဲ့ ဘယ်ဖက်ရှိ လက်သုတ်ပဝါကို ယူပြီး၊ ပေါင်ပေါ်တင်ခင်းပါ။ ပုဝါသေးရင် အပြည့်ဖြန့်ခင်းပြီး၊ ပုဝါကြီးရင် ခေါက်ဖို့လိုပါတယ်။

အစားအသောက် လှီးဖြတ်ခြင်း


ညာလက်နဲ့ ဓါးကို ကိုင်ပါ။ ဘယ်လက်က ခက်ရင်းနဲ့ အစားအစာကို ထောက်ထားရပါမယ်။ ( ဘယ်သန်များအတွက် မဟုတ်ပါ။ နဲနဲလောက် လှီးဖြတ်ပြီးတဲ့အခါ၊ ဓါးကို ကိုယ့်ပန်းကန်ပေါ်မှာ တင်ပါ။ ပြီးမှ ညာလက်နဲ့ ဇွန်းခက်ရင်းကို ကိုင်ပြီး ဆက်စားပါ။ ဒါကို “Zig Zag” ဇစ်၊ ဇက်ကွေ့ (သို့မဟုတ်) “American Style” `အမေရိကန် စတိုင်လ်´ လို့ ခေါ်ပါတယ်။

ဇွန်းသုံးစွဲပုံ

အချိုရည်ကို ဇွန်းရဲ့ ဘေးဖက်မှ ထည့်ယူပါ။ ဇွနးပေါ်က မထည့်ရပါ။ ဟင်းချိုရည်ကို ဇွန်းနဲ့ လှမ်းယူပါ။ ကလေးတွေက ဇွန်းနဲ့ မှုတ်သောက်နိုင်ပါတယ်။ ဒါပေမယ့် ကျန်တဲ့သူ အားလုံးကတော့ အပေါ်ယံက အေးတဲ့ ဟင်းရည်ကို အသာကျော့ပြီး ခပ်သောက်သင့်ပါတယ်။ ကိုကိုး - လို ပူတဲ့ ဖျော်ရည်ကို သောက်ရင်တော့ တချက်၊ နှစ်ချက် အသာမွှေပါ။အပူရှိန်ကို သိနိုင်ဖို့ တဇွန်းသောက်ကြည့်ပါ။ ပြီးမှ ဇွန်းကို အောက်ခံ အချိုရည်ပြားပေါ်မှာ ချထားပါ။ အချိုရည်ခွက်မှာ ဇွန်းတပ်လျက်နဲ့ ဘယ်တော့မှ မသောက်ပါနဲ့။ ပူနေသေးရင် အချိုရည်ခွက်ကို မှုတ်သောက်မယ့်အစား ခဏစောင့်လိုက်ပါ။

သုံးပြီးတဲ့ ဇွန်း၊ ခက်ရင်း၊ ဓါးများ

တခါသုံးပြီးတဲ့ ဇွန်း၊ ခက်ရင်း၊ ဓါးများကို ကိုယ့်ပန်းကန်ဘောင်ပေါ်မှာ ချထားပါ။ အစားအစား ထပ်တောင်းဖို့ လိုအပ်ရင် ပန်းကန်အလယ်မှာ အစားအစာများချထားနိုင်ဖို့ ဇွန်း၊ ခက်ရင်းတွေကို  နေရာရွှေ့ပေးပါ။ ဒါမှ အောက်ကို လွတ်မကျပဲ နေမှာပါ။ သုံးပြီးသား ဇွန်းကို သကြားခွက်ထဲ မထည့်ရပါဘူး။ သုံးပြီးသား ဓါးကိုလည်း ထောပတ်ပန်းကန်ထဲကို မထည့်ရပါဘူး။

ဒါကြောင့် နောက်တခါ စားပွဲမှာ ထိုင်တဲ့အခါ သူတပါး စိတ်အနှောက်အယှက်မရှိ စားတတ်သောက်တတ်ဖို့ သတိရသင့်ပါတယ်။              ။
“No Dogs At The Dinner Table” by Susan Queen – from: Beautiful Christian Teen; May- June, 1996.

Tuesday, May 29, 2012

လက်ဆေးပါ - “Importance of Hand Washing”



လက်ဆေးနည်း

လက်ကို ရေနှင့်ဆပ်ပြာဖြင့် ဆေးပါ။ ကူးစက်ရောဂါများကို ကာကွယ်နိုင်သည်။ သန်ကောင်၊ တုတ်ကောင်၊ တုတ်ကွေး၊ အအေးမိ၊ အသဲရောင် အသားဝါ A ၊ ဦးနှောက် အမှေးရောင်နှင့် ကူးစက်တတ်သော ၀မ်းရောဂါများကို တားဆီးပေးနိုင်သည်။

ဘက်တီးရီးယားပိုးကပ်ငြိနေသောလက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိပါက ရောဂါရနိုင်သည်။ တခြားသူများကိုလည်း ကူးစက်စေနိုင်သည်။

အစားအစာပြင်ဆင်ချိန်၊ စားပြီးချိန်နှင့် အိမ်သာအပြန်တို့တွင် လက်ဆေးပါ။ တိရစ္ဆာန်များနှင့် အညစ်အကြေးများကို ကိုင်တွယ်ပြီးသည့်အခါ လက်ဆေးသင့်သည်။ ကလေးကို အညစ်အကြေး သန့်စင်ပေးပြီးသည့်အခါတွင် လက်ဆေးပါ။ ငွေစက္ကူကိုင်ပြီးသည့်အခါနှင့် နှာချေ၊ ချောင်းဆိုးသည့်အခါများတွင် လက်ဆေးဖို့ကောင်းပါသည်။ အိမ်တွင် မကျန်မာသူရှိလျှင်လည်း မကြာခဏ လက်ဆေးဖို့ အရေးကြီးသည်။

လက်အနှံ့ ၁၅ စက္ကန့်ခန့် ပွတ်သပ်ဆေးကြောပါ။ ပွတ်တိုက်မှုနှင့် ဆပ်ပြာတို့ကြောင့် ပိုးမွှားများ ကင်းစင်စေပါသည်။ ပြီးမှ လက်ကို ရေနှင့် ဆေးပြီး အခြောက်ခံပါ။

အများသုံးရေးချိုးခန်းရှိ ရေခလုတ်နှင့် တံခါးလက်ကိုင်တို့ကို ကိုင်တွယ်သည့်အခါတွင်မူ စက္ကူပျော့ကို သုံးပါက လက်ဆေးရ သက်သာစေပါသည်။

( from “ American Mosaic ” – March 2004:  “Importance of Hand Washing” )

Sunday, May 20, 2012

SKIN - အရေပြား


ကြက်ဥတလုံးကို ရေနဲ့ဆေးလိုက်ရင် သဘာဝ အကာအကွယ် ပျက်စီးသွားလို့၊ မကြာခင် ဥပျက်သွားပါတယ်။ လူ့အရေပြားဟာလည်း ကိုယ်ခန္ဓာတခုလုံးအတွက် ဘုရားပေးတဲ့ အကွယ်အကာ တံတိုင်းတမျိုး ဖြစ်ပါတယ်။ အပြင်က ၀င်လာမယ့် အန္တာရယ်ရှိ ဘက်တီးရီးယားတွေနဲ့ တခြားအရာတွေကို ကာကွယ်ပေးပါတယ်။ ထို့အပြင် ကိုယ်ခန္ဓာအတွင်း လိုအပ်တဲ့အရာတွေကိုလည်း ထိန်းထားပေးပါတယ်။

အရေပြားဟာ ကိုယ်ခန္ဓာ အပူအအေးကို ထိန်းပေးပါတယ်။ ပူအိုက်ချိန်မှာ ကိုယ်ခန္ဓာ အေးစေဖို့ အရေပြားမှ ချွေးထုတ်ပေးပါတယ်။ ချမ်းအေးချိန်မှာတော့ အရေပြားရှိ အပေါက်ကလေးတွေကို ကျုံ့သွားစေပြီး၊ ကိုယ်တွင်းအပူဓါတ်ကို ထိန်းထားပေးပါတယ်။

တခြားသော ကိုယ်အင်္ဂါတွေလိုပဲ အရေပြားမှာလည်း ပြဿနာတချို့ ရှိတတ်ပါတယ်။ ဆယ်ကျော်သက် လူငယ်တွေမှာ ဖြစ်တတ်တာက ၀က်ခြံပါ။ ၀က်ခြံဟာ ဟော်မုန်းဓါတ်နဲ့ အရေပြားမှာရှိတဲ့ အဆီကြိတ်ကလေးတွေ သက်ရောက်ပုံတဲ့ အခြေအနေပေါ်မူတည်ပြီး ဖြစ်လာတတ်ပါတယ်။ အရေပြားရှိ အဆီပေါက်ကလေးတွေ ပိတ်သွားရာက ဖြစ်ရပါတယ်။

နောက်တမျိုးက အရေပြား ကင်ဆာပါ။ နေလောင်ဒဏ် ကြာရှည်ခံစားရရင် ဖြစ်တတ်ပါတယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ အချိန်အကြာကြီး အလုပ်မလုပ်သင့်ပါ။ ဦးထုပ်နဲ့ အကျီတွေ ၀တ်ထားဖို့လိုပါတယ်။

နောက်တမျိုးက အသားမာပါ။ ခပ်ခြောက်ခြောက်ရှိပြီး ယားတတ်ပါတယ်။ ဒူး၊ မျက်ခုံးနဲ့ ဦးခေါင်းတွေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားစနစ်က အရေပြားဆဲလ်များ အလွန်အကျွံထုတ်လုပ်ရာမှ ဖြစ်ရတယ်လို့ ဆိုပါတယ်။

နှင်းခူဖြစ်ရင်တော့ အရေပြားကို ခြောက်သွေ့စေတဲ့ ဆပ်ပြာကို မသုံးရပါဘူး။ ရေကလည်း အရေပြားကို ခြောက်သွေ့စေလို့ နှင်းခူကို ပိုဆိုးစေပါတယ်။ ဒါကြောင့် နှင်းခူဟာ ကိုယ်အပူချိန် အပြောင်းအလဲ၊ စိတ်အခြေအနေတို့နဲ့လည်း သက်ဆိုင်နေပါတယ်။

တချို့ အရေပြားပြဿနာတွေက ကိုယ်ခန္ဓာကို ဒုက္ခမပေးတတ်ပါ။ ဒါပေမယ့် အရေပြားမျက်နှာပြင်ကို ထိခိုက်တဲ့အတွက် စိတ်ခံစားမှုကို ဒုက္ခပေးနိုင်ပါတယ်။

ဥပမာ - ဗစ်တစ်လစ်ဂိုး ( Vitiligo ) ဆိုတာ အရောင်ဆဲလ်တွေ ပျက်စီးသွားတဲ့ ရောဂါပါ။ ဒီရောဂါက အရေပြားကို အရောင် လုံးဝ ပျောက်သွားစေပါတယ်။ တကိုယ်လုံး ဖြူနေမယ်။ ဆံပင်တွေကိုလည်း ဖြူသွားစေနိုင်ပါတယ်။ တကွက်၊ နှစ်ကွက်၊ (သို့မဟုတ်) ကိုယ်တခြမ်း၊ တကိုယ်လုံး စသဖြင့် ဖြူနေတတ်ပါတယ်။ ကမ္ဘာတဝှန်းမှာ ဗစ်တစ်လစ်ဂိုး ( Vitiligo ) အရောင်ပျက် ဝေဒနာရှင် သန်း ၅၀ ခန့် ရှိပါတယ်။ လူမျိုးမရွေး၊ ကျား/မ မရွေး ဖြစ်တတ်ပါတယ်။

ဒီရောဂါ ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ကိုယ်ခံအားစနစ်နဲ့ ဆိုင်မယ်လို့ ယူဆကြပါတယ်။ ဒီရောဂါဖြစ်တဲ့သူဟာ အရေပြား အရောင်ပျက်သွားတဲ့အတွက် စိတ်ထိခိုက်ရမှာပါ။ ဒါကို နားလည်သူတိုင်က စာနာ အားပေးသင့်ပါတယ်။          ။
From: American Mosaic – March, 2004.

Friday, May 18, 2012

မောရှေ ရဲ့ အံ့ဖွယ် အလုပ်သဘာဝ Amazing Data on Moses



မောရှေနဲ့ သူ့လူတွေ တောအရပ်မှာ လှည့်လည်နေတုန်းကပါ။

လူ ၂ သန်း၊ ၃ သန်းလောက်ကို ကျွေးမွေးကြရတယ်။
နေ့တိုင်း အစားအစာ တန်ချိန် ၁,၅၀၀ ရှိဖို့လိုတယ်။
အဲဒီအစားအသောက်တွေကို နေ့တိုင်း သယ်ယူဖို့ ၁ မိုင်ရှည်တဲ့ ရထား ၂ စီးလိုပါတယ်။

ကန္တာရထဲမှာဆိုတော့ ချက်ပြုတ်ဖို့ ထင်းလိုမယ်။ ထင်းတန်ချိန်က တနေ့ ၄,၀၀၀ နဲ့ ထင်းသယ်ဖို့ ၁ မိုင်ရှည်တဲ့ ရထားတွေ နဲနဲထပ်လိုဦးမယ်။ တောထဲမှာ အနှစ် ၄၀ ကြာတယ်။

ရေလည်း လိုဦးမှာပေါ့။ သောက်ရေနဲ့ သုံးရေအတွက် တနေ့ ရေဂါလံ ၁၁,၀၀၀,၀၀၀ ဂါလံ (ဂါလံ သိန်း ၁၁၀) လိုမယ်။ ရေသယ်ဖို့ မိုင် ၁,၈၀၀ ရှည်တဲ့ ရေတိုင်ကီတွေပါတဲ့ ရထားတစီးလိုပါမယ်။

နောက်တခုက သူတို့ဟာ ပင်လယ်နီကို ညအချိန်မှာ ဖြတ်ကူးကြရမယ်။

ကူးဖြတ်မယ့် လမ်းကျဉ်းကျဉ်းမှာ ၂ ယေက်တတွဲဖြတ်ရင် လူတန်းက မိုင် ၈၀၀ ရှည်လို့ ၃၅ ရက်လုံးလုံး နေ့ရောညပါ ဖြတ်ကြရမယ်။ ပင်လယ်နီကို တညနဲ့ ကူးဖြတ်ဖို့ လူ ၁,၅၀၀ စီ တွဲလျှောက်ကြမယ်ဆိုရင် အကျယ် ၃ မိုင်လိုမယ်။  

နောက်ပြဿနာတခုက နေဝင်လို့ ခရီးတထောက်နားတဲ့အခါ နေရာက အမေရိကန်ပြည်က Rhode ပြည်နယ်ရဲ့ ၃ ပုံ ၁ ပုံစာ အကျယ်အဝန်းလိုတယ်။ တနည်းပြောရရင် ရ၅၀ စတုရန်းမိုင် အကျယ်လိုတယ်။ သိပ်ကျယ်တဲ့ စခန်းကို မြင်ယောင်ကြည့်ပါ။

ဒါတွေအားလုံးကို မောရှေဟာ အီဂျစ်ပြည်က ထွက်မလာခင်မှာ စဉ်းစားတွက်ချက်မိပါ့မလား? ကြို တွက်မိမယ် မထင်ဘူး။ မောရှေက ဘုရားသခင်ကို ယုံတယ်။ ဘုရားသခင်ကလည်း သူ့လိုတာတွေကို ဖြည့်စွမ်းပေးခဲ့ပါတယ်။

ကဲ.. ဒါဆို … သင်လိုသမျှ ဖြည့်စွမ်းဖို့ ဘုရားသခင်မှာ အခက်အခဲရှိပါမလား?

ကိုယ်လျှောက်တဲ့လမ်း ကြမ်းတမ်းခက်ခဲနေရင်လည်း ဆုသာတောင်းပါ။ ကျန်တာတွေကို ဘုရားသခင် မ,စ တော်မူမှာပါ။

သစ္စာရှိတဲ့ ခွေးကလေး


ကွယ်လွန်သူ အထက်လွှတ်တော်အမတ် `ဂျော့၊ ဂရေဟမ်၊ ဗက်စ် Senator George Graham Vest  က စကားမပြောတတ်တဲ့ ခွေးကလေးတကောင်အတွက် ချေပပေးတဲ့ စကားဟာ အလွန်လှပပြီး သမိုင်းတွင်တဲ့ စကားလေး ဖြစ်ခဲ့ပါတယ်။

ဖြစ်ပုံကတော့ Missouri ပြည်နယ်၊ မြို့ကလေးတမြို့မှာ ရှေ့နေကလေးဘဝနဲ့ ခွေးတကောင် အသတ်ခံရတဲ့အမှုကို ရှေ့နေလိုက်ပေးရပါတယ်။

အထက်လွှတ်တော်အမတ် ဗက်စ်က တရားလိုဖြစ်ပြီး၊ နောင်မှာ ဆရာဝန်အလုပ်ကို ပြောင်းလုပ်သွားခဲ့တဲ့ အထက်လွှတ်တော်အမတ် Senator Francis M. Cockrell က တရားခံဖက်က အကျိုးတော်ဆောင်ဖြစ်တယ်။

လူငယ် ဗက်စ်ဟာ သက်သေထွက်ချက်တွေကို စိတ်မဝင်စား၊ မှတ်ချက်လည်း မပေးပါ။ ဒါပေမယ့် အမှုနောက်ဆုံးနေ့မှာတော့ နူးညံ့ပျော့ပျောင်းတဲ့ အသံနဲ့ အခုလို လျှောက်လှဲခဲ့တယ်။

`လေးစားအပ်တဲ့ တရားသူကြီးမင်းတို့ခင်ဗျား၊ လောကမှာ အကောင်ဆုံးမိတ်ဆွေပင်လျှင် ရန်သူဖြစ်သွားတတ်ပါတယ်။ ကြင်နာစွာ ပြုစုစောင့်လျှောက်လာတဲ့ သားသမီးလည်း ကျေးဇူးမသိ ဖြစ်တတ်ပါတယ်။ အခင်မင်အရင်းနှီးဆုံးလူ၊ ကိုယ့်ဂုဏ်သိက္ခာအတွက် စိတ်အချရဆုံးလူတွေပင်လျှင် ယုံကြည်မှုကို သစ္စာဖေါက်တတ်ကြပါတယ်။

`လက်ထဲရှိတဲ့ငွေဟာလည်း ပျောက်သွားတတ်ပါတယ်။ တကယ်အလိုအပ်ဆုံးအချိန်မှာ အတောင်ပေါက်ပြီး ပျံသွားတတ်ပါတယ်။ လူတွေ လေးစားကြည်ညိုမှုကို ခံရတာဟာလည်း ယုတ်မာတဲ့စိတ်နဲ့ တိုက်ခိုက်တာ ခံရလို့ တခဏချင်းမှာ အစတောင် ရှာမရဖြစ်သွားနိုင်ပါတယ်။ ကိုယ်အောင်မြင်နေတဲ့အချိန် ရှေ့မှာ လာရောက် ဒူးထောက် ဂုဏ်ပြုနေသူတွေဟာ ဆုံးရှုံးမှုတွေ ခေါင်းပေါ်ကျလာချိန်မှာတော့ ကိုယ့်ကို အပြစ်တင်တဲ့ ကျောက်ခဲတွေနဲ့ စပေါက်မယ့်သူတွေ ဖြစ်သွားတတ်ပါတယ်။

`ကိုယ်ကျိုးရှာလွန်းတဲ့ လောကကြီးမှာ လုံးဝကိုယ်ကျိုးမရှာတဲ့သူ၊ ဘယ်တော့မှ မစွန့်ပစ်မသွားတဲ့သူ၊ ကျေးဇူးမကန်း၊ သစ္စာမဖေါက်တဲ့သူဆိုတာ သူရဲ့ခွေးပဲ ဖြစ်ပါတယ်။

“ခွေးဟာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ သူ့သခင်နဲ့ အတူနေပါပေးတယ်။  လေပြင်းတွေတိုက်၊ နှင်းတွေ အကြီးအကျယ်ကျတဲ့ အေးစက်လွန်းတဲ့ မြေပြင်ပေါ်မှာတောင် သူ့သခင်နဲ့ အနီးဆုံးမှာ လာအိပ်သူပါ။ ကြမ်းတမ်းတဲ့ လောကရဲ့ ဘေးဒုက္ခတွေကြောင့် ရလာတဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို လျှာနဲ့လျက်ပေးတဲ့သူပါ။ အိပ်မောကျနေတဲ့ သူ့သခင် ဆင်းရဲသားကို ရှင်ဘုရင်တပါးအလား စောင့်ရှောက်ပေးပါတယ်။ စည်းစိမ်ဥစ္စာတွေ အတောင်ပေါက် ပျံသွားတဲ့အချိန်၊ လေးစား အထင်ကြီးခံရတာတွေ တစစီကြွေသွားတဲ့ အချိန်တွေမှာလည်း နေဟာ ကောင်းကင်ယံမှာ သွားမြဲသွားနေသလို သူကတော့ တည်ကြည်နေမြဲပါပဲ။

“အခြေအနေတွေက- သူ့သခင်ကို လူ့အသိုင်းအဝိုင်းက နှင်ထုတ်၊ အပေါင်းအဖေါ်မဲ့၊ အိမ်ယာမဲ့ဖြစ်နေချိန်မှာ သစ္စာရှိတဲ့ခွေးဟာ ဘာအခွင့်အရေးမှ မတောင်းဆိုပဲ၊ သူ့သခင်ကို ကာကွယ်မယ်။ ရန်သူတွေကို တိုက်ခိုက်မယ်။ နောက်ဆုံး သူ့သခင်သေသွားလို့ အလောင်းကို မြေမှာ မြှုပ်နှံပြီး တခြားသူတွေ အသီးအသီး ထွက်သွားကြချိန်မှာတောင် သခင့်မြေပုံဘေးမှာ သစ္စာရှိတဲ့ခွေးကလေးကို တွေ့နိုင်ပါသေးတယ်။ သူ့လက်တွေကြားမှာ သူ့ခေါင်းကို ၀ပ်ထားမယ်။ ၀မ်းနည်းနေရှာပေမယ့် မျက်လုံးတွေကို ဖွင့်ထားရင်း သတိနဲ့ စောင့်ကြည့်ပြီး သေသည့်တိုင်အောင် သစ္စာရှိနေဦးမှာပါ။ ”

အခုလို ရှေ့နေရဲ့ ချေပစကားကို ကြားလိုက်ကြရတဲ့ ပရိတ်သတ်ထဲမှာ မငိုမိတဲ့သူဆိုလို့ နဲနဲပဲ ကျန်ပါတော့တယ်။ ထပ်ချေပစရာ မလိုတော့ပဲ အမှုနိုင်သွားပါပြီ။ တရားသူကြီးက တရားလိုအတွက် စီရင်ချက် ချက်ချင်းချ ပေးလိုက်ပါတော့တယ်။          ။
“Such Tribute Demands a Verdict” – from “SWORD OF THE LORD” Vol. LXX. No. 6, March 12, 2004.