Saturday, March 5, 2016

The Deity of Christ Resolved: Part I

A Primer from the Word of God

By Dr. Peter L. Banfe

သမ္မာကျမ်းစာထဲမှ ကောက်နှုတ်ဖေါ်ပြထားသော ခရစ်တော်၏ ဘုရားဇာတိတော်
 နိဒါန်း
ခရစ်တော်ရဲ့ဘုရားဇာတိအကြောင်းရေးတဲ့ ဒီစာအုပ်မှာ သခင်ယေရှုခရစ်တော်ရဲ့ ဘုရားဇာတိကို ခိုင်ခိုင်လုံလုံချပြဖို့ ရည်ရွယ်ထားပါတယ်။ အဓိကထောက်ပြမယ့် သက်သေများကတော့ သမ္မာကျမ်းစာထဲမှဖြစ်ပါတယ်။ ဒါပေမယ့် ကနဦးတည်ထောင်ခါစအသင်းတော်အတွင်းမှာ အသင်းတော်ဖခင်များက ကျမ်းစာရဲ့အနက်ကို သူတို့နားလည်တဲ့အတိုင်း ခရစ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီထားတဲ့ အချက်အလက်တွေကိုလည်း ကနဦးအသင်းတော်ဖခင်များရဲဲ့ များပြားတဲ့ မှတ်စုမှတ်တမ်းများထဲက ထုတ်နှုတ်သုံးစွဲထားပါတယ်။

ဒီစာအုပ်မှာ သမ္မာကျမ်းစာဟာ “အပြည့်အဝကြီးမြတ် အခွင့်အာဏာရှိပြီး မေ့ရွလျော့ မပြောင်းလဲနိုင်တဲ့ အတွက် ယုံကြည်ခြင်းနဲ့ လက်တွေ့အသက်ရှင်ဖို့ စံနမူနာဖြစ်တယ်” ဆိုတဲ့ယူဆချက်အပေါ်မှာ အခြေခံထားပါတယ်။ (Watts, 1998) ဒါကြောင့် သမ္မာကျမ်းစာဟာ ဖန်ဆင်းတဲ့ဘုရားသခင်က လူကို ပုံဖေါ်ပြမယ့်သမ္မာတရားကို ဝိညာဉ်တော် မှုတ်သွင်းခြင်းအားဖြင့် ရေးသားပြီး ကျမ်းစာတည်မြဲအောင် စောင့်ရှောက်ထားတယ် ဆိုတဲ့ အချက်ပေါ်မှာ စတင်ရေးသားပါတယ်။ သမ္မာကျမ်းစာဟာ ဘုရားရေးသားတဲ့ စာအုပ်ဖြစ်တယ်။ ဒါကြောင့် ဒီစာအုပ်မှာ လူ့ဇာတိခံယူတဲ့သခင်ယေရှုခရစ်တော်ဟာ ဘုရားသခင်ဖြစ်တယ်ဆိုတာကို ကျမ်းစာချက်အများအပြားနဲ့ ဖေါ်ပြထားပါတယ်။

ခရစ်တော်ရဲ့ဘုရားဇာတိထက် ပိုအခြေခံကျတဲ့သမ္မာတရားမရှိတော့ပါဘူး။ ခရစ်တော်သာ ဘုရားမဟုတ်ရင် ကာရာနီလည်း တန်ခိုးမရှိ။ ယုံကြည်တာလည်း အချည်းနှီးဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့လည်း အပြစ်ထဲမှာ သေနေပါဦးမယ်။ မျှော်လင့်ခြင်းမရှိ၊ ဂတိတော်မရှိ၊ ဘုရားသခင်ရဲ့သားတော် သခင်ယေရှုခရစ်တော် ပူဇော်တဲ့ နှစ်သက်ဖွယ်ရာပူဇော်သက္ကာ ပူဇော်မှုဖြစ်တဲ့ အပြစ်ကင်းတဲ့ကိုယ်ကို တခါတည်းအသွေးသွန်းပြီး ယဇ်ပူဇော်တာ ဟာလည်း ဘာမှအကျိုးမရှိတဲ့ တရားစကားဖြစ်သွားပါလိမ့်မယ်။ ခရစ်တော်ရဲ့ဘုရားဇာတိကိုဖေါ်ပြဖို့ အပိုင်း ရ ပိုင်း ခွဲခြားထားပါတယ်။ ခုနစ်(၇)ဆိုတာ ပြည့်စုံခြင်းကိုဖေါ်ပြတဲ့ သန့်ရှင်းတဲ့နံပါတ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဒီစာအုပ်ကိုရေးတော့မှ ခရစ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း ကျမ်းစာချက်တွေအများကြီးရှိတာကို အခုမှ သတိပြုမိလာပါတယ်။ အဲဒီအချက်တွေကတော့ -
·         ဘုရားဖြစ်ကြောင်း ထင်ထင်ရှားရှားပြောဆိုမှုများ
·         သခင်ယေရှုဟာ ငါတို့နဲ့အတူရှိသော ဘုရားသခင်သားတော်ဖြစ်ကြောင်း သေချာစေတဲ့ပရောဖက်ပြုချက်များ
·         ဘုရားနာမတော်အားလုံးနဲ့ ဘွဲ့နာမအားလုံးကလည်း ဒီအချက်ကို တိုက်ရိုက်ရှင်းရှင်းလင်းလင်း ညွှန်ပြပါတယ်။

·         ကိုယ်တော်တိုင် သူ့အကြောင်းမိန့့်တော်မူချက်များနဲ့ ကျမ်းစာထဲမှသက်သေခံချက်များကလည်း ထောက်ပြပါတယ်။
·         သုံးပါးတဆူဘုရားမှာ ဒုတိယပုဂ္ဂိုလ်အဖြစ် ဘုရားဂုဏ်တော်တွေကိုလည်း တွေ့ရတယ်။
·         အပြစ်မရှိ အံ့ဖွယ်အသက်တာ၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်တက်ကြွခြင်းနဲ့ ဒုတိယအကြိမ် ပြန်ကြွလာမယ်ဆိုတဲ့ မငြင်းနိုင်တဲ့တရားစကားလည်းရှိပါတယ်။
ဒါတွေလေ့လာမှ ယုံကြည်ခြင်းလည်းတိုးလာတာ ခံစားရမိတယ်။

     ခရစ်တော်ရဲ့ဘုရားဇာတိစာအုပ်ကို လေ့လာတဲ့အတွက် ခွန်အားတိုးဖို့ ဆုတောင်းပေးပါတယ်။ ခရစ်တော်ဟာ “ဘုရားသခင်ဖြစ်တော်မူ၏။” (ယောဟန် ၁း၁). “အကျွနု်ပ်ဘုရား အကျွနု်ပ်၏သခင်” (ယောဟန် ၂၀း၂၈)၊ “ငါတို့နှင့်အတူရှိတော်မူသောဘုရား” (မဿဲ ၁း၂၃). “ခပ်သိမ်းသောအရာမဖြစ်မှီ  ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာတည်ကြ၏။” (ကောလောသဲ ၁း၁၇)၊ “သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုလူတို့သည်သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက ထိုသို့ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ” (ရောမ ၁း၃၂). မိမိအသရေကိုစွန့်၍ ဖွားမြင်ခြင်းခံတော်မူ(ဖိလိပ္ပု ၂းရ) တဲ့သူ။ အသေခံရွေးနှုတ်ပေးခြင်းဖြင့် “ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ေ့ရှတော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။” (၂ ကော ၅း၂၁). အရာအားလုံးဟာ ဘုရားသခင်နဲ့ ငါတို့ သခင်ယေရှုခရစ်တော်ကို ချီးမွမ်းဖို့သာဖြစ်ပါစေ။

ခရစ်တော်ရဲ့ဘုရားဇာတိ
ခရစ်တော်ရဲ့ဘုရားဇာတိအကြောင်းကို ဓမ္မပညာရှင် Gresham Machen က ခရစ်တော်ရဲ့ဘုရားဇာတိ ဆိုတဲ့ ခရစ်ယာန်အသုံးအနှုန်းက အတော်ရှင်းပါတယ်။

ခရစ်ယာန်တွေယုံကြည်တာက ဘုရားသခင်၊ ဖန်ဆင်းရှင်၊ စင်္ကြာဝဠာရဲ့အုပ်စိုးသူ ဆိုတာ ရှိတယ်လို့ယုံတယ်။ ဘုရားသခင်က ထာဝရမပြောင်းမလဲ အနန္တတည်တယ်။ ဒါကြောင့် ယေရှုခရစ်တော်ဟာ သခင်လို့ ခရစ်ယာန်တွေကပြောတာဟာ ခရစ်တော်ဘုရားသခင်ဖြစ်ကြောင်း ယုံတယ်လို့ပြောတာဖြစ်တယ်။ သခင်ယေရှုဟာ နာဇရက်မြို့မှာမမွေးဖွားခင်ကတည်းက ရှိခဲ့တယ်။ ထာဝရကာလတလျှောက်လုံး ရှိတယ်။ သုံးပါးတဆူမှာ ဒုတိယပုဂ္ဂိုလ်အဖြစ် ထာဝရမပြောင်းမလဲပဲရှိမယ်လို့ ဆိုလိုတယ်။

ဒါကြောင့် ဘုရားဇာတိဆိုတာက နာဇရက်မြို့သားယေရှုခရစ်ဟာ ဘုရားသခင်ဖြစ်တယ်။ မပြောင်းမလဲ ထာဝရရဲ့ဖန်ဆင်းရှင် စင်္ကြာဝဠာကိုအုပ်စိုးသူဖြစ်တယ်။ ဘုရားသခင်ဖြစ်တယ်။ (ယောဟန် ၁း၁). ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။” (ကောလောသဲ ၂း၉). International Standard Bible Encyclopedia မှာတော့ Saxson စကား “Godhead” ဆိုတာဟာ Latin စကား “Divinity” နဲ့တူပါတယ်။ အခုပိုအသုံးများတာက “Deity” ဖြစ်ပါတယ်။ ဒီလိုအလားတူ အသုံးအနှုန်းတွေကို အခုစကားလုံးမှာလည်း ေ့ရှက article ကိုပေါင်းပြီးတော့ သုံးနှုန်းလာကြပါတယ်။

Charles Hodge က သူ့ရဲ့ Systematic theology စာအုပ်မှာ -
ခရစ်တော်ပြောတာထက်၊ ဂတိပေးတာထက်၊ လုပ်တာထက်ပိုပြီး ဘုရားသခင်က ပိုမပြော၊ ပိုဂတိမပေး၊
ပိုမလုပ်နိုင်ပါဘူး။ ဒါကြောင့် ခရစ်တော်ဟာ အစအဦးမှသည် ခေတ်ကာလတိုင်း နေရာတိုင်းအတွက်
ခရစ်ယာန်တွေရဲ့ ဘုရားသခင်ဖြစ်ပါတယ်။ (Hodge, 1940, pg. 382)

ဒါကြောင့် သာမန်အားဖြင့် Deity of Christ ခရစ်တော်ရဲ့ ဘုရားဇာတိလို့ပြောရင် ခရစ်တော်ဟာ ဘုရားသခင်ဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော် ခမည်းတော်ဘုရားသခင်ထက် ပိုလည်းမပိုဘူး။ လျော့လည်းမလျော့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ဂုဏ်တော်အားလုံးပြည့်စုံတယ်။ ယေရှုခရစ်တော်ဟာ ဘုရားသခင်ဖြစ်တယ်။ လူ့ဇာတိကို အပြည့်အဝခံယူတယ်။ ဒါပေမယ့် ဘုရားဇာတိလည်း အပြည့်အဝဖြစ်တယ်။ ငြင်းခုန်စရာမရှိဘူးလို့ ဆိုလိုတယ်။

I. ဘုရားဖြစ်ကြောင်း ထင်ထင်ရှားရှားမိန့်တော်မူချက်များ
ကျမ်းစာတအုပ်လုံးမှာ မငြင်းနိုင်အောင်ပြည့်စုံတဲ့ ထင်ထင်ရှားရှားမိန့်တော်မူချက်တွေရှိတယ်။ ခရစ်တော်ရဲ့ ဘုရားဇာတိကိုငြင်းဖို့ဆိုရင်တော့ ကျမ်းစာကိုပြန်ရေးခြင်ရေး ဒါမှမဟုတ် ဂရိအနက်အဓိပ္ပါယ်ကို ငြင်းခြင်ရင်ငြင်း တချို့နေရာတွေမှာ (Hebrew)ဟေဗြဲစကား ဂရိဘာသာပြန်တဲ့နည်းစနစ်တွေကို ငြင်းဆန်ခြင်ရင် ငြင်းဆန်မှ ဖြစ်ပါလိမ့်မယ်။ ထင်ထင်ရှားရှားမိန့်မှာထားတဲ့အချက်တွေဟာ သူ့ပင်ကိုယ်ကကို ခိုင်မာကြွယ်ဝတယ်။ ရှင်းလင်းတယ်။ တခြားအရည်အချင်း အပိုင်း၆ပိုင်းနဲ့ ဆက်စပ်ပြီး တွေးယူမယ်ဆိုရင်လည်းရနိုင်တယ်။

ဥပမာအားဖြင့် ယောဟန် ၁း၁ က ခရစ်တော်ဘုရားသခင်ဖြစ်ကြောင်း ခိုင်မာတဲ့ပြောဆိုချက်ဖြစ်တယ်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” ယေဟောဝါသက်သေခံတွေရဲ့ကျမ်းစာဖြစ်တဲ့ The New World Translation က God ဘုရားသခင် ဆိုတဲ့စကားေ့ရှမှာ မတိကျတဲ့ article တခုရှိသင့်တယ်။ a god လို့ပြောသင့်တယ်။ သူတို့က ကျွန်တော်တို့ရဲ့ KJV ကျမ်းစာဟာ မှားတယ်။ သခင်ယေရှုဟာ တခြားတပါးဘုရားအမျိုးဖြစ်တယ်။ (a smaller one) ပိုသိမ်ငယ်တဲ့ဘုရား လို့ဆိုတယ်။

ဒီကျမ်းချက်နဲ့ပတ်သက်တဲ့ ဂရိစာပေစည်းမျဉ်းစည်းကမ်းတွေကို သုံးစွဲပုံဟာ အငြင်းပွါးစရာ အများကြီး ရှိပါတယ်။ ဒီအကြောင်းကို ဒီစာအုပ်မှာမပြောသေးပါဘူး။ တခြားတဘက်မှာလည်း သူတို့အတွေးအခေါ် ယူဆချက်နဲ့ ပတ်သက်ပြီး ငြင်းထားတာရှိပါသေးတယ်။ “the Word was God” နှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။ ဥပမာအားဖြင့်  “a god” ဘုရားတဆူ” လို့ပြောရင် တခြားဘုရားတွေအများကြီးရှိတယ်လို့ ဆိုနိုင်တယ်။ ဂျူးလူမျိုးတွေ၊ ခရစ်ယာန်တွေက ဘုရားသခင်တပါးတည်း ရှိတယ်လို့ ခံယူတဲ့အတွက် ဒါကို ငြင်းနိုင်ပါတယ်။ ယူဆချက်အရပြောရရင် ဘုရားသခင်က အတူမရှိ၊ ဖန်ဆင်းရှင်တပါးတည်းဖြစ်ရင် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်းလွတ်သော အရာတစုံတခုမျှမရှိ” ဆိုတာ ဘယ်လိုပြောမလဲ။ (ယောဟန် ၂၀း ၂၈). မှာ သောမတ်(စ်)က “အကျွနု်ပ်၏အရှင်   အကျွန်ုပ်၏ဘုရားသခင်ပါတကား။” လို့ အခန်းကြီး ၁မှာလိုပဲ ပြောထားပါတယ်။ သခင်ယေရှုကလည်း ဒီစကားကို အတည်ပြုတဲ့အနေနဲ့ “သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ သောမတ်(စ်)စကားကို မပြင်ခဲ့့ပါဘူး။

တမန်တော် 20:28 မှာ -
သင်တို့သည် ကိုယ်ကို သတိနှင့်စောင့်ရှောက်ကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ ဝယ်တော်မူသောအသင်းတော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူသော သိုးတော်စုတစုလုံးကိုလည်း သတိနှင့်စောင့်ကြည့်ကြလော့။ ထင်ရှားတဲ့ဓမ္မပညာရှင် John Gill က “ဝယ်တဲ့သူဟာ ခရစ်တော်ဘုရားသခင်ဖြစ်တယ်။” တခြားထင်ရှားတဲ့ဓမ္မပညာရှင် Matthew Henry က ဒီအချက်ဟာ ခရစ်တော်ဘုရားသခင်ဖြစ်ကြောင်း သက်သေပြတယ်။ သူဟာ အသင်းတော်ကို ကိုယ့်အသွေးနဲ့ ဝယ်တယ်လို့ ပြောထားတယ်။

ဟေဗြဲ ၁း၈ မှာ သားတော်ကိုကား “အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့်စီရင်သောနိုင်ငံဖြစ်ပါ၏။” ၁ယော ၅း၂၀ မှာ “ဘုရားသခင်၏သားတော်သည် ကြွလာ၍ မှန်သောဘုရားသခင်ကို သိသောဉာဉ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သော ဘုရားသခင်၌၎င်း၊ သားတော်ယေရှုခရစ်၌၎င်း ငါတို့သည်တည်လျက်ရှိကြ၏။ ထိုသူသည် မှန်သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရအသက်လည်းဖြစ်တော်မူ၏။

သခင်ယေရှုကိုယ်တိုင်ကလည်း ယောဟန် ၁၀း၂၇-၂၈ မှာ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရ။” ဒါကြောင့် သခင်ယေရှုဟာ မှန်သောဘုရားသခင်နဲ့ ထာဝရအသက်ဖြစ်တယ်။ တမန်တော် ရး၅၉မှာ ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပဌနာပြုလျက် သခင်ယေရှု အကျွနု်ပ်၏ဝိညာဉ်ကိုသိမ်းယူတော်မူပါ” ဟုလျှောက်ဆို၏။ သတေဖန်ဟာ သခင်ယေရှုကို ဘုရားအဖြစ်နဲ့ ဆုတောင်းတယ်။

ဟေရှာယ ရး ၁၄မှာ “ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သူတို့သမီးကညာသည် ပဋ္ဋိသဒ္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့။ ဟီဘရူးစကားကို ဒီနေရာမှာဘာသာပြန်တဲ့အခါ “ငါတို့နှင့်အတူရှိသော ဘုရားသခင်” (သို့) “ငါတို့နဲ့အတူရှိတဲ့သူဟာ ဘုရားသခင်” လို့ ဆိုနိုင်ပါတယ်။ မဿဲ ၁း၂၃မှာ သံသယအားလုံး ပြီးဆုံးသွားအောင် ဘုရား နှုတ်ကပတ်တော်က ဓမ္မသစ်ကျမ်းမှာ သခင်ယေရှုခရစ်ဟာ ဘုရားသခင်ဖြစ်ကြောင်းအတည်ပြုထားပါတယ်။  ဟေရှာယ ၉း၆မှာ “တန်ခိုးကြီးသောဘုရားသခင်” လို့ဆိုတယ်။ တိတု ၂း၁၃မှာ “ကြီးမြတ်သောဘုရားသခင်” လို့ ဆိုတယ်။ တမန်တော် ၁၀း ၃၆၊ ဂလာတိ ၄း၁ နဲ့ ရောမ ၁၀း ၉-၁၃မှာ “အားလုံးအပေါ်ကဘုရားသခင်၊ အားလုံးရဲ့ ဘုရားသခင်” လို့ ဆိုတယ်။

နောက်ဆုံး ၂ပေ ၁း၁နဲ့ တိတု ၂း၁၃ မှာလည်း ခရစ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြထားတယ်။ ပထမကျမ်းပိုဒ်မှာ “ငါတို့ဘုရားသခင်ယေရှုခရစ်” လို့ဆိုတယ်။ နောက်ကျမ်းပိုဒ်မှာတော့ “ကြီးမြတ်သော ဘုရားသခင်တည်းဟူသော ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်” လို့ဆိုတယ်။ ဟေရှာယ ၄၃း၁၁ မှာ “ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၍၊ ငါမှတပါး ကယ်တင်သောသခင်မရှိ” ဆိုတဲ့အချက်ကို စဉ်းစားကြည့်တဲ့အခါ ဘုရားသခင်ဆိုတာ ကယ်တင်ရှင်ဖြစ်တယ်လို့ ရှင်းပြပါတယ်။ ယေရှုခရစ်တော်ဟာ ဘုရားမဖြစ်ရင် ကယ်တင်ရှင်မဟုတ်နိုင်ပါဘူး။ C. Granville Sharp’s ရဲ့ ဂရိ grammar နဲ့ ပတ်သက်တဲ့ စည်းမျဉ်းကတော့ နောက်အဓိကအချက်တချက်ကို ထပ်ရှင်းပါဦးမယ်။

II. ပရောဖက်ပြုချက်များ
The Encyclopedia of Biblical Prophecyက ကျမ်းစာထဲမှာပရောဖက်ပြုချက် ၁၈၁၇ ခုရှိတယ်လို့ ဆိုပါတယ်။ (Encyclopedia ၁၉၈၀) ဓမ္မဟောင်းမှာ ၁၂၃၉၊ ဓမ္မသစ်မှာ ၅၇၈ခု ရှိပါတယ်။ ဒီ့အပြင် ဓမ္မသစ်အကြို မေရှိယအကြောင်း ပရောဖက်ပြုချက်က ၁၉၁ခုရှိပါတယ်။ ဒီပရောဖက်ပြုချက်အားလုံးကိုတော့ ဒီစာအုပ်မှာ လေ့လာ နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ပရောဖက်ပြုချက်တချို့ကို ဓမ္မဟောင်းထဲကနေ ထုတ်နှုတ် ဆွေးနွေးပါမယ်။ ဒါက ခရစ်တော်ဖွားမြင်ခြင်းမခံမှီ နှစ်ပေါင်းရာနဲ့ချီအလိုမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ရှင်မဿဲခရစ်ဝင်ကျမ်းဟာ သခင်ယေရှုရဲ့ဆွေစဉ်မျိုးဆက်စာရင်းကို ရှင်းလင်းစွာရေးထားပါတယ်။ မယုံကြည်တဲ့ဂျူးလူမျိုးတွေကို ခရစ်တော်ဟာ သူတို့စောင့်မျှော်နေတဲ့မေရှိယ ဣသရေလရှင်ဘုရင်ဖြစ်တယ် ဆိုတာကို ပရောဖက်ပြု ဟောပြောတာဖြစ်ပါတယ်။ ဥပမာ မဿဲ ၁း၂၃ ဟာ ဟေရှာယ ရး၁၄ ကို ပြန်ဟောပြောတာ ဖြစ်တယ်။ ခရစ်တော်ဟာ အပျိုကညာမှဖွားမြင်ပြီး “ငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်” လို့ ဆိုလိုတဲ့ “ဧမာနွေလ” အမည် မှည့်မယ်လို့ ပြောခဲ့တာဖြစ်တယ်။

ဟေရှာယ ၅၃ဟာ ခရစ်တော်ရဲ့မွေးဖွားခြင်း၊ ဝေဒနာခံစားခြင်း၊ ကျွန်တော်တို့အပြစ်အတွက် အသေခံခြင်းတွေကို ဖေါ်ပြထားတယ်။ လောကီသားတို့ရဲ့အပြစ်အတွက် အသေသတ်ခြင်းခံရတဲ့ သိုးသူငယ်အဖြစ်လည်း ဒီကျမ်းပိုဒ်မှာဖေါ်ပြထားတယ်။ (ကျမ်းပြိုင် ယောဟန် ၁း၂၉) သူ့ရဲ့နှုတ်ကိုဖွင့်ဟခြင်း မရှိဘူး။ (ကျမ်းပြိုင် မာကု ၁၅း ၃-၆) ငါတို့ပြစ်မှားလွန်ကျူးခြင်းရှိသမျှအတွက် ဝေဒနာခံစားရတဲ့ ကယ်တင်ရှင်ဖြစ်တယ်။ သူ့ရဲ့ဒဏ်ချက်တွေအားဖြင့် ငါတို့အနာ ပျောက်ရတယ်။

မိက္ခာ ၅း၂ မှာ ခရစ်တော်ဟာ ဗက်လင်မြို့မှာမွေးဖွားလာမယ်လို့ ရေးထားတယ်။ (ကျမ်းပြိုင် မဿဲ ၂း၅) ဇာခရိ ၉း၉ ဇာခရိကတော့ ခရစ်တော်ဟာ နှိမ့်ချစွာနဲ့ ယေရုရှလင်မြို့ကို မြည်းစီးပြီး ဘုရင်တပါးအဖြစ် အောင်မြင်စွာ ဝင်ရောက်လာမယ်လို့ ဟောပြောခဲ့တယ်။ (ကျမ်းပြိုင် မဿဲ ၂၁း၂-၅). ဆာလံ ၂၂း ၆-၈ နဲ့ ဟေရှာယ ၅၃း၃ ကတော့ ခရစ်တော်ဟာ ငြင်းပယ်ခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်း၊ နှိပ်စက်ခြင်းကိုခံရမယ် လို့ဆိုထားတယ်။ (မဿဲ ၂၇း၃၉၊ ၄၁-၄၃) ဇာခရိ ၁၃း၆ နဲ့ ဆာလံ ၂၂း၁၄-၁၆ ကတော့ ကားတိုင်မှာ အသေခံရခြင်းကို ဟောပြောထားတယ်။ (ကျမ်းပြိုင် ယောဟန် ၁၉း၁၆- ၁၈) ဆာလံ ၂၂း၁၆ ကတော့ အသေခံခြင်း၊ ကားတိုင်မှာအသတ်ခံရခြင်း စတဲ့ ဝေဒနာတွေအကြောင်း ရေးထားတယ်။ မေရှိယဆာလံဖြစ်တဲ့ ဆာလံ၂၂ ရဲ့ပထမအပိုဒ်ဟာ ခရစ်တော်ရဲ့ နောက်ဆုံးကြွေးကြော်တဲ့ စကားဖြစ်တဲ့ “အကျွနု်ပ်ဘုရား၊ အကျွနု်ပ်ဘုရား အဘယ်ကြောင့် အကျွနု်ပ်ကို စွန့်ပစ်တော်မူသနည်း” ကို ပြန်ရေးထားတယ်။ (ကျမ်းပြိုင် မဿဲ ၂၇း၆) နဲ့ ဆာလံ၂၂း၁၈ မှာတော့ စစ်သားတွေက သူ့ရဲ့ဝတ်လုံကို မဲချယူကြမယ်။ (ကျမ်းပြိုင် မဿဲ ၂၇း၃၅) ဟေရှာယ ၅၃း၉ မှာတော့ ကယ်တင်ရှင်ဟာ သူဌေးရဲ့ သင်္ချိုင်းမှာ သင်္ဂြ ိုလ်ခြင်းခံရမယ်လို့ ပြောထားတယ်။ (ကျမ်းပြိုင် မဿဲ ၂၇း ၅၇-၆၀)

မေရှိယနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေထဲမှာ ထိရောက်တဲ့ ဟေရှာယ ၉း၆ ကတော့

“ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ ထိုသူ၏နာမတော်မူကား အ့ံဩဘွယ်၊ တိုင်ပင်ဖက်၊  တန်ခိုးကြီးသော ဘုရားသခင် ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။”

ဟေရှာယ ၉း၆ ဟာ ယေရှုခရစ်တော် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ရှင်းလင်းပြီး မငြင်းနိုင်တဲ့ သက်သေခံချက်တပုဒ်ဖြစ်တယ်။ သမ္မာကျမ်းစာထဲမှာ မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေ အများကြီးပါတယ်။ ခရစ်တော်၌ ပြည့်စုံလာခဲ့ပြီ။ ခရစ်ဝင်ကျမ်းတွေကလည်း ဒီပရောဖက်ပြုချက်တွေကို မကြာခဏပြန်ကိုးကားတယ်။ ပြည့်စုံတယ်၊ မှန်ကန်တယ်လို့ထောက်ပြတယ်။ သခင်ယေရှုခရစ်တော်ဟာ ဘုရားသခင်ဖြစ်တယ်။ ကြွလာတဲ့ မေရှိယရှင်ဘုရင်ဖြစ်တယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေကို ငြင်းပယ်မယ်ဆိုရင် ဒါဟာ ယုံကြည်ခြင်းတရားကနေ စွန့်ခွါသွားတယ်လို့ ပြောနိုင်ပါတယ်။

III. ဘုရားနာမတော် ဘွဲ့တော်များ
ခရစ်တော်ဘုရားဖြစ်ကြောင်း ထောက်ပြတဲ့တခုကတော့ ဂျူးလူမျိုးခေါင်းဆောင်တွေကို စိတ်ဆိုးစရာ အချက်တချက်ဖြစ်စေတယ်။ ခရစ်တော်ကိုယ်တိုင်က ဘုရားသခင်နဲ့ဆိုင်တဲ့ ဓမ္မဟောင်းဘွဲ့နာမများနဲ့ သူ့ကို ခေါ်လို့ရတယ်လို့ သက်သေပြခဲ့တယ်။ နာမည်ကြီးဓမ္မပညာရှင် R. A. Torreyက ခရစ်တော်ရဲ့ ဘုရားဇာတိနဲ့ ပတ်သက်ပြီး ထောက်ပြဖို့ ပထမအချက်တချက်ကတော့ ကျမ်းစာထဲမှာ ယေရှုခရစ်တော်အတွက်သုံးထားတဲ့ ဘွဲ့အမည်နာမတွေပဲ ဖြစ်ပါတယ်။ ဒီနာမည်တွေကို ထပ်ခါထပ်ခါသုံးထားပြီး ရာနဲ့ချီတဲ့ကျမ်းပိုဒ်တွေမှာ တွေ့ရနိုင်တယ်။ ယေရှု Jesus ဆိုတဲ့နာမ မည်သည်ပင်လျှင် ဘုရားသခင်ရဲ့ကောင်းကင်တမန်က အပျိုကညာမာရိမှာ မွေးဖွားလာတဲ့ သားတော်ကိုမှည့်ဖို့ ပေးတဲ့နာမည်ဖြစ်တယ်။ Jesusဆိုတာက Jeshua or Joshua တို့ရဲ့ ဂရိနာမည် ဖြစ်တယ်။ အဓိပ္ပါယ်က “Jehovah- Saviour” (သို့) “ထာဝရဘုရားကယ်တင်တော်မူတယ်” လို့ဖြစ်တယ်။ သခင်ယေရှုဟာ ထာဝရဘုရားသခင်ရဲ့ နာမတော်တွေနဲ့ ခေါ်လို့ရတယ်ဆိုတာကို ရှင်းလင်းထောက်ပြထားတဲ့ နာမတော်တချို့ကို ဖေါ်ပြသွားပါမယ်။

I AM
သခင်ယေရှုကိုယ်တိုင်က ဂျူးလူမျိုးတွေ နှုတ်ကမထွက်ရဲအောင် ရိုသေကြောက့်ရွံရတဲ့နာမတော်ကို ရွတ်ဆိုခဲ့တယ်။ “YHWH” (Yahweh or Jehovah). Septuagint Greek ဘာသာပြန်ကျမ်းတွေမှာတော့ ဘာသာပြန်ဆရာတွေက I AM လို့ ထွက် ၃း၁၄မှာ ပြန်ဆိုခဲ့တယ်။ “ego eimi”. Received text ကတော့ သခင်ယေရှုကိုယ်တိုင် ယောဟန် ၈း ၅၇- ၅၈ I AM လို့ ပြောတာကို “ego eimi”. လို ဘာသာပြန်ခဲ့တယ်။ သခင်ယေရှုက I AM ဆိုတဲ့နာမည်ကိုသုံးတာဟာ ဂျူးလူမျိုးတွေ ကျောက်ခဲနဲ့ပစ်ပေါက်ဖို့ရာဖြစ်လာတယ်။ သူ့ကိုယ်သူ ထာဝရဘုရားအဖြစ် သုံးနှုန်းလို့ဖြစ်တယ်။ ကျောက်ခဲနဲ့ပေါက်တယ်ဆိုတာ ဓမ္မဟောင်းမှာ ဘုရားကိုကဲ့ရဲ့သူအတွက် အပြစ်ပေးခြင်းဖြစ်တယ်။ (ဝတ် ၂၄း၁၆). တနည်းဆိုရရင် ခရစ်တော်ဟာ သူ့ကိုယ်သူ ထာဝရဘုရားအဖြစ် ရည်ညွှန်းသုံးနှုန်းသွားတာတွေ့ရတယ်။

The Lord
“Lord” ဆိုတဲ့နာမတော်ဟာ ဓမ္မသစ်ကျမ်းမှာ သခင်ယေရှုအတွက် ရာနဲ့ချီပြီးသုံးခဲ့တယ်။ လူကို ရည်ညွှန်းတာ အနေနဲ့ ဓမ္မသစ်ကျမ်းမှာ ၉ ခါတွေ့ရတယ်။ ဒါပေမယ့် သခင်ယေရှုကို ရည်ညွှန်းပုံနဲ့တော့ မတူဘူး။ ဓမ္မဟောင်းကျမ်းမှာ ပထမဦးဆုံးအဖြစ် ကမ္ဘာ ၂း၄မှာ သုံးထားတယ်။ ဒီစကားက ထာဝရဘုရားသခင်ကို ရည်ညွှန်းပြီး အကြိမ်ရာနဲ့ချီသုံးထားတယ်။ ယေဇကျေလမှာတော့ ထာဝရအရှင်ဘုရားသခင်ဟာ ထာဝရဘုရားကို ရည်ညွှန်းပြီး ၁၆ ကြိမ်ရေးထားတယ်။ ဘုရားသခင်ထာဝရဘုရားနဲ့ (Elohim) ဘုရားသခင်အတွက် ချိတ်ဆက်သုံးထားတယ်။ ယေဇကျေလ ၂း ၄၊ ၃း၁၁၊ ၃း၂၇ တို့ကိုကြည့်ပါ။ “Lord” ဆိုတဲ့အသုံးအနှုန်းဟာ သခင်ယေရှုကိုခေါ်ဝေါ်တဲ့အခါ သုံးတာတွေ့ရတယ်။ ဥပမာ ဖိလိတ္တိ ၂း၁၁မှာ “ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောက်၍ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်” တမန်တော် ၁၀း၃၆မှာ “အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှု” လို့ ဖေါ်ပြထားတယ်။ ၁ကော ၂း၈ မှာတော့ ခရစ်တော်ရဲ့ အသေခံခြင်းကို ရည်ညွှန်းပြီး ရှင်ပေါလုက “ထိုပညာကို လောကီမင်းတစုံတယောက်မျှမသိ၊ သိလျှင် ဘုန်းကြီးတော်မူသောသခင်ကို လက်ဝါးကပ်တိုင်မှာမကွပ်မျက်ကြပြီ။”

First and the Last   အဦးဆုံးသောသူနဲ့ နောက်ဆုံးသောသူ
“အဦးဆုံးသောသူနဲ့ နောက်ဆုံးသောသူ” ဆိုတဲ့နာမတော်ဟာလည်း ထိရောက်တဲ့ ဥပမာတခု ဖြစ်တယ်။ ဗျာဒိတ် ၁း၁၃ မှာ “ထိုမီးခွက်ခုနစ်လုံးအလယ်၌ လူသားတော်နှင့်တူသောသူတဦးကို၎င်း မြင်လေ၏။ ထိုသူသည် ခြေတော်တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ရွှေခါးပန်းကိုစည်းလျက်ဖြစ်၏။” ဗျာဒိတ် ၁း၁၇- ၁၈မှာတော့ “ထိုသူကို ငါမြင်သောအခါ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌လဲလျက်နေ၏။ ထိုသူသည် လက်ျာလက်တော်ကို ငါ့အပေါ်သို့ တင်လျက် ကြောက့်ရွံခြင်းမရှိနှင့်။ ငါသည် အဦးဆုံးသောသူ နောက်ဆုံးသောသူဖြစ်၏။ အသက်ရှင်သောသူလည်း ဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက်အသက်နှင့်ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။”

“အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက် အသက်နှင့် ပြည့်စုံ၏။” ဆိုတဲ့စကားဟာ လူသားကို ဘုရားသသခင်ရဲ့သားတော်အဖြစ် ရည်ညွှန်းတာရှင်းပါတယ်။ သခင်ယေရှုဟာ ဗျာဒိတ်ကျမ်းရဲ့ အဓိကအကြောင်းအရာဖြစ်တယ်။ သုံးရက်မြောက်တဲ့နေ့မှာ ထမြောက်တဲ့သခင်ဖြစ်တယ်။ (၁ကော ၁၅း ၄) ဒါကြောင့် ဒီကျမ်းပိုဒ်တွေဟာ သခင်ယေရှုကို “အဦးဆုံးသောသူနဲ့ နောက်ဆုံးသောသူ” အဖြစ် ထောက်ပြထားတယ်။ သို့သော်လည်း ဟေရှာယ ၄၄း၆ မှာတော့ “ဣသရေလအမျိုး၏ရှင်ဘုရင်ထာဝရဘုရား၊ ဣသရေလအမျိုးကို ရွေးနှုတ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည် အဦးဆုံးသောသူ နောက်ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသောဘုရားသခင်မရှိ။ ထာဝရဘုရား “Lord” ဆိုတဲ့စကားဟာ ဟေဗြဲစကား Jehovahကို သုံးထားတာဖြစ်တယ်။ ထာဝရဘုရားမှတပါး အခြားသောဘုရားမရှိ။ သူက “အဦးဆုံးနဲ့နောက်ဆုံးသောသူ” ဖြစ်တယ်။ ဒါကြောင့် ကျမ်းစာက ယေရှုခရစ်တော်ဟာ “အဦးဆုံးနဲ့ နောက်ဆုံးသူ” ဆိုတဲ့ ဘွဲ့နာမထိုက်တန်တဲ့ ထာဝရဘုရားသခင်ဖြစ်ကြောင်း ထောက်ပြနေပါတယ်။

Lord of Lords သခင်တို့၏သခင်
ဗျာဒိတ် ၁၇း၁၄မှာ သိုးသူငယ်တော်ကို သခင်ယေရှုခရစ်အတွက် ရည်ညွှန်းတယ်။ သခင်တို့ရဲ့ သခင်၊ ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ်လည်းခေါ်ထားတယ်။ ၁တိ ၆း ၁၄-၁၅မှာလည်း သခင်တို့ရဲ့သခင်ကို သုံးထားတယ်။ ဒါပေမယ့် တရားဟော ၁၀း၁၇ မှာ ထာဝရဘုရားသခင်ကို “ဘုရားတို့၏ဘုရား၊ သခင်တို့ရဲ့သခင်” လို့ ရည်ညွှန်းထားတယ်။ ဒါကြောင့် ခရစ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း သက်သေပြနိုင်တယ်။ McDowell နဲ့ Larson တို့က ၁တိ ကျမ်းချက်ဟာ ဘုရားသခင်ကိုရည်ညွှန်းတယ်။ ဘုရားသခင်နဲ့ ခရစ်တော်ဟာ သခင်တကာ တို့ရဲ့သခင်ဆိုတဲ့ နာမတော်ကို အတူသုံးစွဲကြတယ်။ သခင်တကာတို့ရဲ့သခင်ဟာ ယေရှုခရစ်တော် ဖြစ်တယ်။ သိုးသူငယ်တော်ဖြစ်တယ်လို့ ဗျာဒိတ် ၁၇း ၁၄ မှာတွေ့ရတယ်။ ဒါကြောင့် အစဉ်အမြဲအသက်ရှင်တဲ့ ဘယ်တော့မှ မသေဆုံးနိုင်တဲ့ ပုဂ္ဂိုလ်တပါးဖြစ်တဲ့ ဘုရားသခင်ရဲ့နာမတော်တွေကို ဝေမျှသုံးစွဲနေတာဖြစ်တယ်။ “Who only hath immortality” နဲ့ “Only Potentate” တန်ခိုးကြီးသော တပါးတည်းသောပုဂ္ဂိုလ် (MaDowell and Larson, 1983) တနည်းပြောရရင် ဒီကျမ်းပိုဒ်တွေဟာ ခရစ်တော်ရဲ့ ဘုရားဇာတိကို ခိုင်လုံကြောင်း သက်သေပြနေပါတယ်။

Savior and Redeemer  ကယ်တင်ရှင်နဲ့ ရွေးနှုတ်သောသခင်
တိတု ၂း၁၄၊ ဂလာတိ ၄း၅၊ ဧဖက် ၁းရ၊ ဟေဗြဲ ၉း၁၂ မှာ ခရစ်တော်ဟာ အသွေးသွန်းပြီး ရွေးနှုတ်တဲ့သခင် ဖြစ်တယ်လို့ ဖေါ်ပြထားတယ်။ “ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကိုရွေးနှုတ်ခြင်းငှါ  ကိုယ်ကိုယ်ကို စွန့်ကြဲတော်မူ၏။” ဓမ္မဟောင်းကျမ်းမှာ ထာဝရဘုရားသခင်ဟာ ဣသရေလအမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့မှ ရွေးနှုတ်တော်မူမယ် လို့ ဖေါ်ပြထားတယ်။ ဆာလံ ရ၈း၃၅ မှာ “ဘုရားသခင်သည် သူတို့ကိုကယ်တင်သောအရှင် (Redeemer) ဖြစ်တော်မူ၏။ ဟေရှာယ ၄၁း၁၄ နဲ့ ၄၃း၁၄ မှာ ဟေရှာယ ၄၇း၄၊ ဟေရှာယ ၄၈း၁၇၊ ဘုရားသခင်ဟာ ရွေးနှုတ်တဲ့သခင်အဖြစ် ဖေါ်ပြထားတယ်။ “ဣသရေလအမျိုးရဲ့သန့်ရှင်းသူ၊ သင့်ကိုရွေးနှုတ်သောသခင်” ယေရှု ခရစ်တော်ဟာ ထာဝရဘုရားသခင်ရဲ့ ရွေးနှုတ်ကယ်တင်ရှင်ဆိုတဲ့နာမတော်ကို ဝေမျှ သုံးစွဲထားတာ တွေ့ရတယ်။

ကျမ်းစာထဲမှာ သခင်ယေရှုခရစ်ကို “Saviour” ကယ်တင်ရှင်” ဆိုတဲ့နာမတော်နဲ့ပဲသုံးထားတယ်။ ဓမ္မဟောင်းကျမ်းထဲမှာ ဘုရားသခင်အတွက်သာ အထူးသဖြင့်သုံးစွဲခွင့်ရှိတဲ့နာမတော်ဖြစ်တယ်။ ဟေရှာယ ၄၃း၁၁၊ ၄၅း၂၁၊ ဟောရှေ ၁၃း၄ မှာ ထာဝရဘုရားသခင်ဟာ ငါတို့ရဲ့ကယ်တင်ရှင်နဲ့ တပါးတည်းသောကယ်တင်ရှင်လို့ ဖေါ်ပြထားတယ်။ ဟေရှာယ ၄၃း၁၁ မှာ “ငါတပါးတည်း ထာဝရဘုရားဖြစ်၍၊ ငါမှတပါးကယ်တင်သောသခင်မရှိ။” ဟေရှာယ ၄၉း၂၆ “ငါထာဝရဘုရားသည်  သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနှုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားဖြစ်ကြောင်း” ဟေရှယ ၆၀း၁၆ ကိုလည်းကြည့်ပါ။

ဒါပေမယ့် လုကာ ၁၉း၁၀မှာ သခင်ယေရှုက “လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်း။” လုကာ ၂း၁၁မှာ “ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သော အရှင်သည် သင်တို့အဘို့အလိုငှါ ဖွားမြင်ခြင်းကိုခံတော်မူပြီ။” ဒီအကြောင်းကို ကာရံတူဆင်တူအနေနဲ့ တိတု မှတ်စာထဲမှာ ၃နေရာတွေ့ရတယ်။ ပထမ ဆင်တူကာရံတူတာက တိတု ၁း၃မှာဖြစ်တယ်။ “ငါတို့ကို ကယ်တင်သော အရှင်ဘုရားသခင်” နောက်ဆက်ဖတ်လိုက်တဲ့အခါ “ငါတို့ကိုကယ်တင်မူသောအရှင် သခင်ယေရှုခရစ်” လို့ တွေ့ရတယ်။ ဒုတိယကာရံတူကိုတော့ အငယ် ၁၀ မှာ “ငါတို့ကိုကယ်တင်တော်မူသောအရှင် ဘုရားသခင်” နောက်ဆက်ဖတ်လိုက်တော့ “ငါတို့ကို ကယ်တင်တေယ်မူသောအရှင် သခင်ယေရှုခရစ်” နောက်ဆုံးကာရံနံပါတ်၃ ကိုတော့ အခန်းကြီး ၃ မှာတွေ့ရတယ်။ အငယ်၄မှာ “ငါတို့ကိုကယ်တင်တော်မူအရှင်ဘုရားသခင်၏ စေတနာတော်” နောက်ဆက်ဖတ်လိုက်တဲ့အခါမှာ “ငါတို့ကိုကယ်တင်မူသောအရှင်ယေရှခရစ်” လို့တွေ့ရတယ်။ ကျမ်းစာအနက်ဖွင့်တဲ့ စည်းကမ်းအတိုင်းဆိုရင် ဒီကာရံတူ ဆင်တူသုံးခုကိုကြည့်လိုက်တဲ့အခါ ဘုရားသခင်ဟာ ကယ်တင်ရှင်ဖြစ်တယ်။ ပြီးတော့ သခင်ယေရှုက ကယ်တင်ရှင်ဖြစ်တယ်။ ဒါကြောင့် သခင်ယေရှုနဲ့ ဘုရားသခင်ဟာ အတူဖြစ်တယ်။ ဒီအခန်းကြီး ၃ ခန်းလုံးမှာ ဘုရားသခင်အတွက် သုံးထားတဲ့ ကယ်တင်ရှင်ဆိုတဲ့နာမကို သခင်ယေရှုအတွက်လည်း သုံးထားတယ်။ ဒါဟာ သခင်ယေရှု ဘုရားသခင်ဖြစ်ကြောင်း ထင်ရှားတဲ့သက်သေဖြစ်တယ်။ နောက်ဆုံး တမန်တော် ၄း ၁၂မှာ “ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သောနာမတစုံတခုမျှ လူတို့တွင်မပေါ်မရှိ။” လို့ ပြတ်ပြတ်သားသားဖေါ်ပြထားတယ်။ ဒါကြောင့် သခင်ယေရှုနဲ့ ထာဝရဘုရားသခင်ဟာ ဟေရှာယ ၄၃း၁၁ မှာ ဖေါ်ပြထားသလို ထာဝရဘုရားသခင်မှတပါး အခြားကယ်တင်ရှင်မရှိ။ ဓမ္မသစ်မှာ သခင်ယေရှုခရစ်မှတပါး တခြား ကယ်တင်ရှင်မရှိလို့ ပြောထားတယ်။

Light   အလင်း
သခင်ယေရှုခရစ်နဲ့ ဘုရားသခင်အတွက် တခြားနာမတော်တခုကတော့ “အလင်း” ဖြစ်တယ်။ ယောဟန် ၁း၄မှာ “ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်တယ်။” ယောဟန် ၃း၁၉မှာ “အလင်းသည် ဤလောကသို့ဝင်၍” ယောဟန် ၉း၅မှာ “ငါသည် ဤလောက၌ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏။” ဒါပေမယ့် ဆာလံ ၂၇း၁မှာ “ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်တောမူသောအရှင်ဖြစ်တော်မူ၏။” လို့တွေ့ရတယ်။ ဒါပေမယ့် သခင်ယေရှုက ဒီနာမနှစ်ခုစလုံးကို သုံးထားတာတွေ့ရတယ်။ ဟေရှာယ ၆၀း၂၀မှာ “ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူ၍” ဒါကြောင့် သခင်ယေရှုဟာ အလင်းဆိုတဲ့နာမတော်ကို ထာဝရဘုရားမှာသုံးသလို သုံးထားပါတယ်။

The Truth    သမ္မာတရား
ယောဟန် ၁၄း၆မှာ “ငါသည် လမ်းခရီးဖြစ်၏ သမ္မာတရားလည်းဖြစ်၏ အသက်လည်းဖြစ်၏။” သခင် ယေရှုက သူဟာ သမ္မာတရားဖြစ်တယ်လို့ပြောထားတယ်။ ယောဟန် ၁း၁၇မှာ “ပညတ်တရားကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့်သစ္စာတရားမူကား ယေရှုခရစ်အားဖြင့်ဖြစ်သတည်း။” သစ္စာတရားဆိုတာ “Truth” အမှန်တရား ဖြစ်ပါတယ်။ ဗျာဒိတ် ၁၉း၁၁ မှာ “သစ္စာဟူသောအမည်ရှိသတည်း” အငယ် ၁၃ ရောက်တော့ “ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသောအမည်ရှိ၏” လို့ ရှင်းရှင်းလင်းလင်းဖေါ်ပြပါတယ်။ “သစ္စာရှိသော သမ္မာ အမည်” ဆိုတဲ့ စကားတွေဟာ နာမတော်ဖြစ်တဲ့အတွက် စာလုံးအကြီးတွေနဲ့ “Faithful and True” လို့ ရေးရပါတယ်။

ဒါပေမယ့် ဆာလံ ၃၁း၅ မှာတော့ “သစ္စာစောင့်တော်မူသောဘုရားသခင် ထာဝရဘုရားလို့” ဆိုတယ်။ တရားဟော ၃၂း၄ မှာ “သစ္စာစောင့်သောဘုရား” လို့တွေ့ရတယ်။ ဆာလံ၂၅း၅ မှာတော့ “ကိုယ်တော်၏ သမ္မာတရား ကို ပြ၍” “ကိုယ်တော်၏သမ္မာတရား Thy Truth” လို့ သုံးနှုန်း ထားတယ်။ ဆာလံသီချင်းတွေထဲမှာ ၁၄ ကြိမ် တွေ့ရတယ်။

ဒါကြောင့် ဘုရားသခင်ဟာ သမ္မာတရားဖြစ်သလို၊ သခင်ယေရှုဟာလည်း သမ္မာတရားဖြစ်တာ ရှင်းပါတယ်။

Judge of All   အားလုံးကိုတရားစီရင်သောသူ
ဟေဗြဲ ၁၂း၂၃မှာ “ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူသောသူ” “Judge” ဆိုတဲ့စကားလုံးကို J အကြီးနဲ့ ရေးထားတယ်။ ထာဝရဘုရားရဲ့ဘွဲ့နာမဖြစ်တယ်။ ဆာလံ ၅၀း ၄-၆မှာ ဘုရားသခင်က လူမျိုးတော်ကို တရားစီရင်တယ်။ ဆာလံ ၉၆း၁၃မှာ “ကိုယ်တော်သည်ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ လူများကိုသစ္စာတော်နှင့်၎င်း စီရင် ဆုံးဖြတ် တော်မူလတံ့။” ဒါပေမယ့် ဒီနာမတော်ကို ခရစ်တော်ကလည်းသုံးစွဲထားတာတွေ့ရတယ်။ ယောဟန် ၅း၂၂  “တရားစီရင်ခြင်း အခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူ၏။” ရောမ ၁၄း၁၀ ၂ကော ၅း၁၀ မှာ “ခရစ်တော်ရဲ့ တရားပလ္လင် judgement seat of Christ” လို့တွေ့ရတယ်။ မဿဲ ၂၅ ခရစ်တော်ဟာ ဘုန်းအသရေရှိတဲ့ ပလ္လင်ပေါ်မှာထိုင်ပြီး တရားစီရင်တယ်။ ၂တိ ၄း၁မှာတော့ “ကိုယ်တော်တိုင်ပေါ်ထွန်း၍ နိုင်ငံတော် ထင်ရှားသော ကာလ၊ အသက်ရှင်သောသူ သေသောသူတို့ကို စစ်ကြောသောကာလ၊ စီရင်တော်မူသောသခင်ယေရှု” လို့ တွေ့ရတယ်။

Shepherd   သိုးထိန်း
 ဓမ္မဟောင်းနဲ့ ဓမ္မသစ်မှာ ထာဝရဘုရားဟာသိုးထိန်းလို့သုံးတာကို သခင်ခရစ်တော်လည်း သုံးထားတယ်။ ဆာလံ ၂၃း၁ မှာ “ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည်ဆင်းရဲမခံရ။” ဆာလံ ၈၀း၁ မှာ သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကိုပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး” ခရစ်တော်ပြန်ကြွလာမှာကို ရည်ညွှန်းတဲ့ အနေနဲ့ ၁ပေ ၅း၄မှာ “သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ” ယောဟန် ၁၀း၁၁နဲ့ ၁၀း၁၄ မှာ “ကောင်းသောသိုးထိန်း” လို့ သခင်ယေရှုက သူ့ကိုသူ ရည်ညွှန်းတယ်။ ဆာလံ ၁၀၀း၃ မှာ “အထံတော်၌ ကျက်စားသော သိုးစုလည်းဖြစ်ကြ၏” လို့  ဣသရေလလူမျိုးကိုရေးထားတယ်။ ဒါပေမယ့် သခင်ယေရှုက ယောဟန် ၁၀း၂၇ မှာ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” သခင်ယေရှုဟာ ကောင်းသောသိုးထိန်းဖြစ်တယ်။ ထာဝရဘုရားသခင်ဟာလည်း ကောင်းသောသိုးထိန်းဖြစ်တယ်။ ဒါကြောင့် သခင်ယေရှုဟာ ထာဝရအသက် ပေးပိုင်တယ်။ ထာဝရဘုရားသခင်ဖြစ်တယ်။

Creator   ဖန်ဆင်းရှင်
သခင်ယေရှုခရစ်က ထာဝရဘုရားလိုပဲ ဖန်ဆင်းရှင်ဆိုတဲ့နာမကိုသုံးတယ်။ “အစအဦီး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။” (ကမ္ဘာ ၁း၁) ဆာလံ ၁၀၂း၂၅၊ ကိုယ်တော်သည် ေ့ရှဦးစွာ မြေကြီးကို တည်တော်မူ၏၊ မိုးကောင်းကင်သည်လည်း လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏။” ဓမ္မသစ်မှာတော့ ဒီကျမ်းစကားကိုပဲ သခင်ယေရှုကို ဘုရားသခင်ရဲ့သားတော်အဖြစ် ရည်ညွှန်းတဲ့အနေနဲ့ ဟေဗြဲ ၁း၁၀ မှာ သုံးထားတယ်။ ဒါကြောင့် ဒီစကားကို တဆက်တည်းပြောတဲ့အနေနဲ့ ဟေဗြဲ ၁း၈ မှာ သခင်ယေရှုကို ရည်ညွှန်းတာ တွေ့ရတယ် (Gill) ။ ယောဟန် ၁း၁ မှာ

“အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိတော်မူ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်သော အရာ တစုံတခုမျှမရှိ။”

ကောလောသဲ ၁း ၁၅-၁၆ မှာ “ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန် ဖြစ်တော်မူ၏။ ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ အကြောင်းမုကား ထိုသားတော်သည် ကောင်းကင်ပေါ် မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဖို့အလိုငှါ၎င်း ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။”

ဒါကြောင့် သခင်ယေရှုခရစ်ဟာ ထာဝရဘုရားသခင်ဆိုတဲ့ နာမကိုလည်း ရတာဖြစ်တယ်။ လူနဲ့ စင်္ကြာဝဠာကြီး တခုလုံးဟာ သခင်ယေရှုရဲ့လက်လို့ခေါ်တဲ့ ဘုရားသခင်ရဲ့လက်တော်နဲ့ ဖန်ဆင်းထားတာဖြစ်တယ်။

IV. What Jesus says about Himself  သခင်ယေရှုပြောသောသူ့အကြောင်း

သခင်ယေရှု သူ့အကြောင်းပြောတာကို ဆက်ရှင်းပြပါမယ်။ ဒီစာအုပ်မှာ သမ္မာကျမ်းစာဟာ မေ့ရွလျော့ မပြောင်းလဲနိုင်တဲ့ ဘုရားနှုတ်ကပတ်တော်အချက်ဖြစ်တယ်ဆိုတာကို သက်သေခံထားတာကြောင့် ကျမ်းစာရဲ့ ဖေါ်ပြခက်တွေပေါ်မှာပဲ အဓိကဦးတည်ပြီးရှင်းပါမယ်။ သမ္မာကျမ်းစာဟာ သခင်ယေရှုခရစ်အကြောင်းကို ဖေါ်ပြတဲ့ ဘုရားသခင်ရဲ့ ဖွင့်ပြချက်ဖြစ်တဲ့အတွက် သခင်ယေရှု ဘယ်လိုမိန့်တော်မူထားတယ်ဆိုတာကို လေ့လာနိုင်ပါတယ်။

သခင်ယေရှုဟာ ဘုရားသခင်ဖြစ်ကြောင်းထောက်ပြတဲ့ နောက်အချက်တချက်ကတော့ သူဟောတဲ့တရား၊ သူ့အသက်တာ လမ်းခရီး သမ္မာတရားနဲ့အသက် ထမြောက်ခြင်း ငါဖြစ်သည်ဆိုတဲ့အတိုင်း ငါဖြစ်သည် ဆိုတဲ့ နာမတွေပဲ ဖြစ်တယ်။ သခင်ယေရှုရဲ့ဧဝံဂေလိဆိုတာဟာ သခင်ယေရှုအကြောင်းပဲဖြစ်တယ်။ သူဟောတဲ့ ဧဝံဂေလိတရားဆိုတာ သူဟာ ကယ်တင်ရှင်ဖြစ်ကြောင်း ပြောတဲ့တရားပဲဖြစ်ပါတယ်။

Believe also in me   ငါ့ကိုလည်းယုံကြည်ကြလော့။
“ငါ ဘုရားသခင်ကို ယုံသလို သင်တို့လည်းယုံကြည်ကြ” ဆိုတဲ့စကားလောက်ကို သခင်ယေရှုမပြောပါဘူး။ “ငါ့ကိုယုံကြည်ကြလော့။ Have faith in me” လို့ပဲပြောတယ်။ (Machen, 1881 – 1937) ယောဟန် ၁၄း၁ မှာ “ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။” ဒါက ဘုရားသခင်ကိုယုံကြည်တာနဲ့ သခင်ယေရှုကို ယုံကြည်တာကို ချိတ်ဆက်ထားတာဖြစ်ပါတယ်။  “ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည် သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။” သူ့ကိုယုံကြည်တာဟာ ထာဝရအသက်နဲ့ အနာငြိမ်းခြင်းရဲ့ပင်မဖြစ်တယ်လို့ ဆိုတယ်။ (ယောဟန် ၁၁း၂၆၊ လုကာ ၈း၄၈) ခရစ်တော်ကိုယုံတာဟာ ပြီးပြည့်စုံခြင်းရဲ့ အခြေခံတရားဖြစ်တယ်။ ယောဟန် ၆း၃၅။ သမ္မာကျမ်းစာဟာ ခရစ်တော်အကြောင်းကိုဦးတည်ပြီး ရေးထားတာဖြစ်တယ်။ ဧဝံဂေလိတရားရဲ့အဓိကအချက်နဲ့ သမ္မာတရားရဲ့အဓိကအချက်ဟာ သခင်ခရစ်တော် ဖြစ်တယ်။ အပြစ်စီရင်ခံရမယ့်အပြစ်သားနဲ့ ကယ်တင်ခံရတဲ့ သန့်ရှင်းသူတို့ရဲ့ခြားနားချက်ဟာ ခရစ်တော်ကို ယုံကြည်ခြင်းအပေါ်မှာ မူတည်တယ်။

They are My Sheep   ငါ၏သိုးများဖြစ်ကြ၏။

ကယ်တင်ခြင်းခံရပြီးသား သန့်ရှင်းသူတွေအကြောင်းကို ယောဟန် ၁၀း၂၇ မှာ သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ယောဟန် ၁၀း၃၊၄ မှာ သခင်ယေရှုက “his own sheep ပိုင်သောသိုးများ” လို့ ပြောထားတယ်။ ဆာလံ ၉၅းရ မှာ “ငါတို့သည်လည်း အထံတော်၌ကျက်စားသောသူ လက်တော်အောက်၌နေသောသိုးစုဖြစ်ကြ၏။” ဆာလံ ၁၀၀း၃ “ငါတို့သည် ထာဝရဘုရား၏လူဖြစ်ကြ၏။ အထံတော်၌ကျက်စားသောသိုးစုလည်းဖြစ်ကြ၏။” ယေဇကျေလ ၃၄း၃၁ “ငါ၏ကျက်စားရာအရပ်၌ရှိသော ငါ၏သိုးတို့ သင်တို့သည်လူဖြစ်ကြ၏။” ဒါပေမယ့် သခင်ယေရှုက သူဟာ သုံးပါးတဆူဘုရားသခင်မှာ သားတော်ဘုရားဖြစ်ကြောင်းကို ခမည်းတော်ပေးတဲ့သိုးတွေကို ငါပိုင်တယ်လို့ ပြောခြင်းအားဖြင့် ဘုရားဇာတိကိုဖေါ်ပြတယ်။ ယောဟန် ၁၀း၂၉

I am the Way the Truth and the Life  လမ်းခရီး သမ္မာတရားနဲ့ အသက်
ကျမ်းစာထဲမှာ သခင်ခရစ်တော်က လလ်းခရီး သမ္မာတရားနဲ့ အသက်ဖြစ်တယ်လို့ပြောတယ်။ ယောဟန် ၁၄း၆။ ယောဟန် ၁၀းရ-၉ မှာ “ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးဖြင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကိုတွေ့လိမ့်မည်။” သခင်ယေရှုဟာ ကောင်းကင်သွားဖို့ ကျဉ်းတဲ့တောလမ်းလည်းဖြစ်တယ်။ မဿဲ ရး၁၃-၁၄။ သူဟာ အပြစ်တရားနဲ့သေခြင်းလက်က လွှတ်ခြင်းအခွင့်ပေးတဲ့ သမ္မာတရားလည်းဖြစ်တယ်။ ရောမ ၈း၂၊ ထာဝရအသက်ပေးတယ်။ ၁ယော ၅း၁၂။ ဒါပေမယ့် ဆာလံ ၂၅း ၄-၅ မှာ “အိုထာဝရဘုရား ကိုယ်တော်၏လမ်းတို့ကို အကျွနု်ပ်အားပြညွှန်၍ ခရီးတော်တို့ကိုသွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွနု်ပ်ကို သွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွနု်ပ်ကို သွန်သင်သောဘုရားသခင်ဖြစ်တော်မူ၏။” ဆာလံ ၈၆း၁၁ ကို လည်းကြည့်ပါ။ ဒါကြောင့် ဘုရားသခင်ဟ လမ်းခရီး သမ္မာတရားနဲ့ အသက်ဖြစ်တယ်။ သခင်ယေရှုကလည်း ဘုရားသခင်ပိုင်တဲ့ ဒီနာမကို သူ့အတွက်သုံးစွဲသွားတယ်။ ဒါကြောင့် သူဟာ ဆုကျေးဇူး ရှိသမျှရဲ့ အရင်းအမြစ် လမ်းခရီး သမ္မာတရားနဲ့ အသက်ဖြစ်တယ်။ သခင်ယေရှုကိုသိတာဟာ ခမည်းတော်ကို သိတာဖြစ်တယ်။

Knowing Jesus is Knowing the Father  သခင်ယေရှုကိုသိတာဟာ ခမည်းတော်ကိုသိတာဖြစ်တယ်။

သခင်ယေရှုက ယောဟန် ၈း၁၉ မှာ “ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်းသိကြလိမ့်မည်။” မှတ်သားရမှာက ခမည်းတော်ကိုသိရင်လို့ မပြောဘူး။ သခင်ယေရှုကိုသိရင် ခမည်းတော်ကို သိတယ်လို့ပဲပြောတယ်။ သားတော်ဘုရားသခင် Logos ကိုသိတာဟာ ထာဝရဘုရားကိုသိတာဖြစ်တယ်။ သူက လမ်းခရီးဖြစ်တယ်။ ခမည်းဘုရားကို သိဖို့ အဓိက အကြောင်းရင်းလည်းဖြစ်တယ်။ “ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” ယောဟန် ၁၄း၆။ ဒါကြောင့် ဘယ်သူမျှ ခမည်းတော်ကို ဒီအတိုင်းမသိဘူး။ သားတော်အားဖြင့်သာ သိနိုင်တယ်။ ခမည်းတော်နဲ့ သားတော်ဟာ တလုံးတဝတည်းဖြစ်တယ်။ ယောဟန် ၁၀း၃၀။

I am the Bread of Life  အသက်မုန့်
ယောဟန် ၆း၅၁ မှာ “ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူ               မည်သည်ကား အစဉ်မပြတ်အသက်ရှင်လိမ့်မည်။” အယ် ၅၄ မှာတော့ “ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကိုနောက်ဆုံးသောနေ့၌ ငါ ထမြောက်စေမည်။ ဘုရားသခင်က ထာဝရအသက်ကို သူ့အားဖြင့်ပေးမယ်လို့ပြောတာမဟုတ်ပဲနဲ့ သခင်ယေရှုအားဖြင့်ထာဝရအသက်ရမယ်။ သခင်ယေရှုက ရှင်ပြန်ထမြောက်အောင်လုပ်ပေးမယ်လို့ ပြောတာဖြစ်တယ်။ လူ့ဇာတိအပြည့်ဖြစ်သလို ဘုရားဇာတိ အပြည့်ဖြစ်တဲ့ ခရစ်တော်ဟာ ဘုရားအလုပ် လုပ်နိုင်သူဖြစ်တယ်။

Blessed are Those Persecuted “for my Sake”   ငါ့အကျိုးအတွက် ညှင်းဆဲခြင်းခံရသူဟာ မင်္ဂလာရှိတယ်။
 မဿဲ ၅း၁၁ မှာ “ငါ့ကြောင့် သင်တို့ကိုကဲဲ့ရ့ညှင်းဆဲ၍ မမှန်ပဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။” သခင်ယေရှုနာမကြောင့် ညှင်းဆဲခံရသူဟာ ဝမ်းမြောက်သင့်တယ်။ ကောင်းကင်မှာ အကျိုးဆုလာဒ်ကြီးတယ် လို့ဆိုတယ်။ သခင်ယေရှုရဲ့နာမတော်ကြောင့် တပည့်တော်တွေအမုန်းခံရမယ်။ မဿဲ ၁၀း၂၂။ မဿဲ ၁၀း၃၉ မှာ ငါ့အကျိုးအတွက်အသက်စွန့်ရသူဟာ အသက်ကိုတွေ့ရတယ်လို့ဆိုတယ်။ ဒီနေရာမှာ သူနဲ့ ဘုရားသခင်ကြား ဘာမှကွာခြားချက်မရှိတော့ဘူး။ သခင်ယေရှုအတွက်ဆင်းရဲခံရရင် ကောင်းကင်မှာ ဆုလာဒ်ရမယ်လို့ ပြောထားတယ်။

Whosever shall be Ashamed of Me  ငါ့ကြောင့် ရှက်ကြောက်တဲ့သူ
လုကာ ၁၄း၂၆ မှာ “အကြင်သူသည် ငါ့ထံသို့လာ၍၊ မိဘ သားမယား ညီအစ်ကိုမောင်နှမတို့ကို၎င်း ထိုမျှမက မိမိအသက်ကို၎င်းမမုန်း ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” ဒီစကားက မာကု ၈း၃၈ က စကားနဲ့တူတယ်။ “မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏။ လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျှက်၊ သန့်ရှင်းသောကောင်းကင်တမန်တို့နှင့် အခြံအရံ ကြွလာသောအခါ ထိုသူကိုရှက်တော်မူလတံ့။” ထင်ရှားတဲ့ဓမ္မပညာရှင် Machenက ဒီလောက်ကြီးမြတ်တဲ့စကားကို ဘယ်သူ ပြောနိုင်မလဲ။ လောကအရာရဲ့ ချည်နှောင်မှုတွေကို ဆွဲယူသွားနိုင်တဲ့ယုံကြည်ခြင်းမျိုး ထာဝရကာလအထိ အားကိုးလို့ရတဲ့ ယုံကြည်ခြင်းမျိုးကိုပေးမယ်လို့ ဘယ်သူပြောနိုင်လဲ။ ဘုရားကလွဲလို့ တခြား ဘယ်သူမှ မပြောနိုင်ဘူး။

Judge  တရားသူကြီး
ယောဟန် 5:22 မှာ “တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူ၏။” ရောမ ၂း၁၆ မှာ “ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မတရားသော အမှုအရာတို့ကို စစ်ကြောစီရင်သောနေ့၌ ထိုသို့စီရင်တော်မူလတံ့။” ဟေရှာယ ၃၃း၂၂ မှာ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီးဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ရှင်ဘုရင်ဖြစ်တော်မူ၍ ငါတို့ကိုကယ်တင်တော်မူလိမ့်မည်။” ဒါကြောင့် ဘုရားသခင်ဟာ တရားစီရင်တဲ့သူ ဖြစ်သလို သူလည်း တရားစီရင်သူဖြစ်တယ်။ ဘုရားသခင် ကယ်တင်ရှင်ဖြစ်သလို သူလည်း ကယ်တင်ဖြစ်တယ်။

That all Men Should Honour the Son, Even as They Honour the Father  ခမည်းတော်ကို ရိုသေသလို သားတော်ကို ရိုသေရမယ်။

ယောဟန် 5:23မှာ “That all men should honour the Son, even as they honour the Father. လူအပေါင်းတို့သည် ခမည်းတော်ကိုရိုသေသည့်နည်းတူ သားတော်ကိုရိုသေစေမည့်အကြောင်း” ဒီနေရာမှာ ခမည်းတော်ကို ရိုသေသလိုမျိုး သားတော်ကိုရိုသေရမယ်လို့ သခင်ယေရှုက ရှင်းရှင်းလင်းလင်းပြောပါတယ်။ အငယ် ၃၉ မှာ ကျမ်းစာဟာ သူ့ရဲ့သက်သေဖြစ်တယ်လို့ဆိုတယ်။ ထာဝရအသက်ရဖို့ လူတွေ သူ့ဆီလာရမယ်လို့ဆိုတယ်။

 V. Divine Birth, Life, Death, Resurrection, Ascension, and Return ဖွားမြင်ခြင်း၊ အသက်တာ၊
အသေခံခြင်း၊ ထမြောက်ခြင်း၊ ကောင်းကင်တက်ကြွခြင်းနဲ့ ဒုတိယအကြိမ်ပြန်ကြွလာခြင်း

ခရစ်တော်ဟာ ဘုရားဖြစ်ကြောင်း နောက်ထပ်ထင်ရှားတဲ့သက်သေတခုကတော့ အ့ံဩဖွယ်ရာ လူ့ဇာတိခံ မွေးဖွားခြင်း၊ သန့်ရှင်းတော်မူခြင်း၊ အပြစ်ကင်းစင်ခြင်း၊ ထူးခြားထင်ရှားတဲ့အသက်တာနဲ့ အသက်ရှင်ခြင်း အံ့ဩဖွယ်ရာ အသက်စွန့်လွှတ်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွခြင်းနဲ့ ဒုတိယအကြိမ်ပြန်ကြွလာမယ့် ဂတိတော်တွေနဲ့ ခြယ်မှုန်းရေးသားထားပါတယ်။

Divine Birth
ဘုရားအဖြစ်မှာ အံ့ဩဖွယ်ရာ လူ့ဇာတိခံမွေးဖွားလာတယ်။ ယောဟန် ၁း၁၄။ ဟေရှာယ ရး၁၄ မှာ “ထိုကြောင့် ထဝရဘုရားသည် ကိုယ်တော်တိုင်နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့၊ သတို့သမီးကညာသည် ပဋိသဒ္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ့ံ။” ခရစ်တော်ဖွားမြင်မယ့်အကြောင်း ကြိုတင်ဟောပြောခဲ့တာဖြစ်တယ်။ ခရစ်တော် ဖွားမြင်ခြင်းနဲ့ ပတ်သက်ပြီး ကနဦးအသင်းတော်များထဲမှာ သဘောတူညီချက်တခုရှိခဲ့တယ်။  ဖွားမြင်ခြင်းဟာ တခြားဘယ်သူမှ အဲဒီလိုမဖွားမြင်ဘူး။ နောင်လည်း အဲဒီလိုမဖွားမြင်ကြဘူး။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အပျိုဝမ်းမှ မွေးဖွားလာတယ်။ မဿဲ ၁း၁၈၊ “ယောသပ်နှင့်ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီ သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။”

မဿဲ ၁း၂၃ မှာ ဟေရှာယ ရး၁၄ ကို ပြန်ပြီးကိုးကားတယ်။ “ကြည့်ရှုလော့၊ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ့ံ။ ဧမာနွေလ အနက်ကား၊ ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင် ဟုဆိုလိုသတည်း။” လုကာ ၁း၂၇ မှာ မာရိကို အပျိုကညာ လို့ဆိုတယ်။ အငယ် ၃၄ မှာ မာရိက သူ့ကိုယ်သူ အပျိုကညာလို့ပြောတယ်။ မာရိမှာ ကိုယ်ဝန်စွဲပြီလို့ ကောင်းကင်တမန်က ပြောပြီးတဲ့နောက်ပိုင်း သူက “ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွနု်ပ်သည် ယောက်ျားနှင့် မဆက်ဆံပါ။” “မဆက်ဆံပါ know not” ဆိုတာဟာ ယောက်ျားနဲ့ ပတ်သက်မှု မရှိဘူးလို့ ဆိုတာဖြစ်တယ်။ ခရစ်တော်ဟာ တခြားသူတွေနဲ့မတူဘူး။ ကိုယ်ခန္ဓာမှာ ဘုရားကျိန်းဝပ်တာဖြစ်သလို ဘုရားဇာတိ လူ့ဇာတိအပြည့်ရှိတယ်။ သာမန်လူတွေမဖြစ်နိုင်တဲ့အရာ သန့်ရှင်းသောဝိညာဉ်တော်က အပျိုကညာမှာ ကျိန်းဝပ်ပြီး မွေးဖွားလာတယ်။

Divine Life (Ministry)  ဘုရားသခင်အသက်ရှင်ပြသော အသက်တာ
သခင်ခရစ်တော်ရဲ့ အသက်တာမှာ ဘုရားဖြစ်ကြောင် းတွေ့ရတယ်။ အပြစ်ကိုမကျူးလွန်နိုင် impeccable. Orthodox ဓမ္မပညာရှင်တွေက ယေရှုခရစ်ဟာ အပြစ်လုံးဝကင်းတယ်လို့ သဘောတူလက်ခံကြတယ်။ Walvoord ဆိုတဲ့ ထင်ရှားတဲ့ ဓမ္မပညာရှင်က “doctorine of the impeccability ခရစ်တော် အပြစ်မပြုနိုင်” ဆိုတဲ့ လူ့ဇာတိ ခံယူခဲ့ရတာ ဖြစ်တဲ့အတွက် စုံစမ်းနှောင့်ရှက်ခြင်းတော့ ခံရနိုင်တယ်လို့ဆိုခဲ့ပါတယ်။ အာဒံလိုသတိမထားရင် လူ့သဘာဝဟာ အပြစ်ပြုမိနိုင်တယ်လို့ဆိုတယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ဘုရားဇာတိက လုံးဝပယ်ရှင်းပေးတဲ့အတွက် အပြစ်မပြုမိနိုင်ဘူးလို့ဆိုတယ်။ ခရစ်တော်ဟာစုံစမ်းခြင်းခံရစဉ်မှာ အပြစ်ထဲကို လုံးဝပါမသွားဘူး။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်တယ်။ Walvoordက ခရစ်တော် အပြစ်မပြုနိုင်ဘူး။ စုံစမ်းခြင်းခံရပေမယ့် ဘုရားသခင်ရဲ့ အပြစ်ကင်းတဲ့ သိုးသူငယ်ဖြစ်တဲ့ အပြစ်ဖြစ်နိုင်စွမ်းမရှိဘူး။ ၂ကော ၅း၂၁ မှာ “အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ေ့ရှ၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။” ၁ပေ ၂း၂၂ မှာ “ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။” ဟေဗြဲ ၄း၁၅ မှာ “ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏။” ခရစ်တော်ဟ လူတွေခံရတဲ့ စုံစမ်းနှောင့်ယှက်ခြင်းတွေကို ဆင်းရဲဒုက္ခတွေကိုခံစားဖူးတယ်။ ဒါပေမယ့် အပြစ်မပြုဘူး။ ခရစ်တော်က အပြစ်ပြုနိုင်သူမဟုတ်ဘူး။

ခရစ်တော်ပြတဲ့ နိမိတ်လက္ခဏာတွေကလည်း ဘုရားဖြစ်ကြောင်းသက်သေပြတယ်။ Sardis မြို့သား Melito Melito of Sardisက တမန်တော်ယောဟန်သေဆုံးပြီးနောက် ရ၇ နှစ်လောက်အကြာမှာရေးသားဖူးတာရှိတယ်။ နှစ်ခြင်းခံပြီးနောက် ခရစ်တော်ရဲ့လုပ်ဆောင်မှုတွေနဲ့ အထူးသဖြင့်နိမိတ်လက္ခဏာတွေဟာ လူ့ဇာတိ ခံတဲ့အထဲမှာ ဘုရားဇာတိရှိကြောင်း လောကသားတွေကို အသေအချာထောက်ပြနေတယ်။ (Melito of Sardis 177 A.D.)

ခရစ်တော်ပြုတဲ့ နိမိတ်လက္ခဏာတွေကို စာရင်းပြုစုမယ်ဆိုရင်တော့ ဒီစာအုပ်နဲ့ မဆန့်နိုင်ဘူး။ ကျမ်းစာက ယောဟန် ၂၁း၂၅ မှာ “ယေရှုပြုတော်မူသော အမှုအရာအများရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြား ရေးသားလျှင် မြေကြီးမဆန့်နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” အမြင်ရှင်းအောင် နိမိတ်လက္ခဏာတွေကို ပြောပြရမယ်ဆိုရင် နားလည်လွဲသွားစရာတွေရှိလာနိုင်တယ်။ သခင်ယေရှုခရစ်က သိပ္ပံရဲ့သဘောတရားတွေကို မျက်ကွယ်ပြုပြီး ရေကနေ စပျစ်ရည်ဖြစ်စေတယ်။ ယောဟန် ၂း၁-၁၁။ ဖျားနာသူကို  ကျန်းမာစေတယ်။ ကန်းသူကို မြင်စေတယ်။ ဆွံ့အသူကို စကားပြောနိုင်စေတယ်။ နားပင်းသူကို ကြားရစေတယ်။ (မဿဲ ၁၁း ၂-၅၊ ၁၅း၃၀၊ မာကု ၁း၃၁၊၃၄၊ ယောဟန် ၉း၁-၇) သေသူကို ပြန်ရှင်စေတယ်။ (လုကာ ရး၁၄-၁၅၊ ၈း၅၄-၅၅၊ ယောဟန် ၁၁း၄၃-၄၄၊ ၅း၂၅) လေနဲ့လှိုင်းတွေကိုငြိမ်စေတဲ့အတွက် သဘာဝတရားအပေါ်မှာ တန်ခိုး ရှိတယ်။ စကားတခွန်းနဲ့ သစ်ပင်ကိုခြောက်သွေ့သွားစေပြီး ရေပေါ်မှာလမ်းလျှေက်ခဲ့တယ်။ (မာကု ၄း၃၉၊၄၁၊ ယောဟန် ၆း၁၉-၂၁) လူတွေကိုမမြင်ရပေမယ့်လည်း သူတို့ဘယ်မှာရှိတယ်ဆိုတာကို သိတော်မူခဲ့တယ်။ (နာသနေလ၊ ယော ၁း၄၈-၄၉)၊ လူတွေမပြောလည်း သူသိတယ်။ (ယော ၄း၂၉) လူဆယ်ယောက်စာတောင် မပြည့်တဲ့ အစားအသောက်နဲ့ လူထောင်ချီပြီးကျွေးနိုင်ခဲ့တယ်။ (မဿဲ ၁၄း၁၅-၂၁၊ ၁၅း၃၂-၃၈) “ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။”

Divine Love of Christ   ခရစ်တော်ရဲ့ဘုရားမေတ္တာ
ယေရှုခရစ်တော်ဟာ စေတနာပါစွာနဲ့ အသက်စွန့်ပူဇော်ခဲ့သူဖြစ်တယ်။ သူ့မေတ္တာကို လူ့ဉာဏ်နဲ့ ပြောဖို့ မလွယ်ဘူး။ ဘုရားသခင်နဲ့တန်းတူဖြစ်တဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာကို ဖေါ်ပြဖို့မလွယ်ဘူး။ ဖိလိပ္ပိ ၂း၆။ ရောမ ၅း၆-၈

“ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။ ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံပေးမည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံဝံ့သောသူရှိကောင်းရှိလိမ့်မည်။ မှန်စေတော့ ငါတို့သည်အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။”

ကျမ်းစာက ၁ပေ ၂း၂၂-၂၄ မှာ ခရစ်တော်ဟာ “ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့၊ ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့၊ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု၊ တရားသဖြင့် စီရင်တော်မူသော သူ၌ ကိုယ်ကိုအပ်နှံတော်မူ၏။” လူဆိုးတွေအတွက် အသက်ကိုပေးခဲ့တာဖြစ်တယ်။ သူ့ကို အတင်းအဓမ္မ အသက်စွန့်ခိုင်းခဲ့တာ မဟုတ်ဘူး။ ယောဟန် ၁၀း၁၈ “ငါ့အသက်ကို အဘယ်သူမျှမလုမယူ၊ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကိုစွန့်ရသောအခွင့်နှင့် နောက်တဖန် အသက်ကို ယူပြန်ရသော အခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူသည်။” စိတ်စေတနာပါလို့ အသက်စွန့်တာ ဖြစ်တယ်။ သူကိုယ်တိုင် လုပ်ခြင်ခဲ့တာဖြစ်တယ်။ နှိမ့်ချခံရချိန် သေလုဆဲဝေဒနာခံစားရချိန်မှာ “အိုအဖ အလိုတော်ရှိလျှင် ဤခွက်ကိုအကျွနု်ပ်မှလွှဲတော်မူပါ။ သို့သော်လည်း အကျွနု်ပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်ပါစေသော။” လုကာ ၂၂း၄၂။

သခင်ယေရှုဟာ ပြောမပြနိုင်လောက်အောင် ကြမ်းတမ်းရက်စက်မှုကိုခံစားခဲ့ရတယ်။ ရက်စက်ခံရတယ်။ အသားအရေကြေမွတဲ့အထိ ရိုက်နှက်ခံရတယ်။ သူ့ကိုထိုးကြိတ်ကြတယ်။ တံထွေးနဲ့ထွေးကြတယ်။ စော်ကားတဲ့ စကားတွေ ပြောတယ်။ မုတ်ဆိတ်မွှေးကို ဆွဲနှုတ်ကြတယ်။ ခေါင်းပေါ်မှာ ဆူးသရဖူးကို အတင်းအဓမ္မ ဆောင်းပေးကြတယ်။ ခေါင်းကသွေးတွေဟာ မျက်နှာတလျှောက် စီးဆင်းလာတယ်။ လက်ဝါးပေါ်မှာ သံတွေ ရိုက်ခဲ့ကြတယ်။ ခြေထောက်မှာလည်း ရိုက်ခဲ့ကြတယ်။ ကျမ်းစာအရကတော့ လူသားတွေအပေါ်မှာထားတဲ့ ဘုရားအမျက်တော်ဟာ သားတော်အပေါ်ကျရောက်ခဲ့တယ်။ အပြစ်သားရဲ့နေရာယူရတဲ့သားတော်ကို လှည့်မကြည့်ပဲ ပစ်ပယ်ခဲ့တယ်။ ဟဗ္ဗက္ကုတ် ၁း၁၃။ ထာဝရမေတ္တာနဲ့ချစ်တဲ့ ထာဝရသားတော်တပါးတည်းကို ဘုရားသခင် စွန့်ပစ်လိုက်တယ်။ ဒီအရာတွေအားလုံး ဒီလိုဖြစ်မယ်ဆိုတာ သခင်ယေရှုသိပြီးသားဖြစ်တယ်။ တပည့်တော်တွေကိုလည်း ကြိုပြောပြပြီးသားဖြစ်တယ်။ သေပြစ်ဒဏ်ကိုခံစားရမယ်ဆိုတာလည်း သိတယ်။ ဒါပေမယ့် သိလျက်နဲ့ ချစ်နေခဲ့တုန်းပဲဖြစ်တယ်။ စေတနာစိတ်နဲ့ အသေခံပေးခဲ့တာဖြစ်တယ်။ လူသားတွေအတွက်တော့ သူ့ရဲ့ချစ်ခြင်းမေတ္တာဟာ စာဖွဲ့လို့မမှီ ပြောမပြနိုင်တဲ့မေတ္တာမျိုးဖြစ်တယ်။ “ထိုသခင်သည် မိမိေ့ရှ၌ ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင်း ရှက်ကြောက်ခြင်းကိုမမှတ်ပဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ ပလ္လင်တော်လက်ျာဘက်၌ ထိုင်နေတော်မူ၏။” ဟေဗြဲ ၁၂း၂။  ဝမ်းမြောက်ခြင်းအကြောင်းကြောင့်။ ဘာအတွက် ဝမ်းမြောက်တာလဲ။ အပြစ်ဝန်ထုပ်လေးလံပြီး ဖောက်ပြန်တဲ့ ကျေးဇူးတရားမသိတတ်တဲ့ လောကီသားတွေကိုကယ်ဖို့ သူ့အသက်ကို စွန့်ခြင်းအားဖြင့် ခမည်းတော်ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေရလို့ ဝမ်းမြောက်တာဖြစ်တယ်။ ကျွန်တော်တို့ အသေခံရမယ့် ကားတိုင်ပေါ်မှာ ကယ်တင်ရှင်ဟာ ဒဏ်ရာတွေနဲ့အရိုက်ခံထားရတယ်။ သူ့ကို လုံးဝမစာနာပဲ အပြစ်ပေးတယ်။ နှိမ့်ချတယ်။ လှောင်ပြောင်တယ်။ ဒါပေမယ့် သခင်ယေရှုက “အိုအဖ၊ ထိုသူတို့၏ အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြ။” လုကာ ၂၃း၃၄။ ဒီလိုထူးဆန်းတဲ့ မေတ္တာတော်ကို လက်ဝါးကပ်တိုင်ပေါ်မှာ ပြခဲ့ပြီ။ ကျွန်တော်တို့အပြစ်တွေအတွက် တခါတည်းနဲ့ ယဇ်ကောင် သိုးသူငယ်လို ပူဇော်ပေးခဲ့ပြီ။ ဒီချစ်ခြင်းမေတ္တာဟာ တခြားမဟုတ်ဘူး။ ဘုရားချစ်ခြင်းမေတ္တာပဲ ဖြစ်တယ်။ 

Monday, February 29, 2016

We must live in the houses we build

ကိုယ်ဆောက်တဲ့ အိမ်

DR. LEE ROBERSON
ဗိသုကာပညာ လေ့လာဖို့ နယူးယော့မြို့ကို ရောက်လာတဲ့ လူငယ်တယောက်၊ နောက်တော့ ဆောက်လုပ်ရေး ကန်ထရိုက်တယောက် ဖြစ်လာပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ဒေါ်လာ သန်းချီ ရလာတယ်။

လမ်းပေါ်မှာ အဝတ်အစား ခပ်နွမ်းနွမ်းနဲ့ အဖိုးကြီးတယောက်ကို တွေ့တယ်။ နယူးယော့မြို့ကို ရောက်ခါစမှာ သူ့ကို ကူညီဖူးတဲ့ မိတ်ဆွေဟောင်းဆိုတာ သတိပြုမိသွားတယ်။ “ဟယ်လို၊ ဂျွန်း။ တွေ့ရတာ ဝမ်းသာလိုက်တာ။ ဘယ်မှာနေလဲ?”
အဖိုးကြီးက ပြန်ဖြေတယ်။
“ခင်ဗျား အမျိုးသမီးရော ရှိသေလား?”
“ရှိတယ်။”
“ကောင်းပြီ။ မနက်ဖြန် ခင်ဗျားတို့ နှစ်ယောက်ကို ကျွန်တော် လာတွေ့မယ်။”

နောက်တနေ့ညမှာတော့ သူဟာ အခန်းငယ်လေးတခုမှာ ထိုင်ရင်း အဖိုးကြီးနဲ့ သူ့ဇနီးကို စကားပြောတယ်။ သူတို့ အခြေအနေကို လေ့လာမိပြီးတဲ့နောက်၊ “ခင်ဗျား၊ အရက်ဖြတ်၊ ဖဲကစားတာဖြတ်၊ ကောင်းကောင်းမွန်မွန်၊ ရိုးရိုးသားသား နေမယ်။ ခင်ဗျား မိန်းမကိုလည်း ဂရုစိုက်မယ်ဆိုရင်၊ ဝင်ငွေ ရအောင် လုပ်ပေးမယ်။”

ဂျွန် သဘောတူတယ်။
“မနက်ဖြန် ကျွန်တော့ ရုံးခန်းကို လာပါ။ အလုပ်ပေမယ်။” လို့ လူငယ်က ဆိုတယ်။

နောက်တနေ့မှာ ရုံးခန်းကို အဖိုးကြီး ရောက်လာတယ်။ လူငယ်က အိမ်ပုံစံနဲ့ အတိုင်းအတာတွေ ပေးပြီး မြို့စွန် ရပ်ကွက်လေးမှာ ဆောက်ခိုင်းလိုက်တယ်။

မိတ်ဆွေ အဖိုးကြီးကို “ကျွန်တော့အတွက် ဒီအချိုးအစားအတိုင်း အိမ်တလုံး ဆောက်ပေးပါ။ ကျသင့်သလောက် ပေးပါမယ်။ ငွေကို ဘဏ်မှာ ခင်ဗျားနာမည်နဲ့ ထည့်ပေးမယ်။ ကုန်ကျစရိတ် တွက်လိုက်ပါ။ ခင်ဗျားကို လစာပေးမယ်။ အိမ်ဆောက်လို့ ပြီးရင် ကျွန်တော့ကို ပြောပါ။”

အဖိုးကြီးက အိမ်ဆောက်ပါတယ်။ ဒါပေမယ့် အရင်လိုပဲ အကျင့်က မကောင်းဘူး။ လိမ်တယ်။ အပေါစား ပစ္စည်းတွေ သုံးတယ်။ ဒေါ်လာရာနဲ့ချီပြီး ခိုးတယ်။

အိမ်ပြီးချိန်မှာ အိမ်အပ်ဖို့ အကြောင်းကြားတယ်။ လူငယ်က “ကျွန်တော် ဒီည ခင်ဗျားအိမ်ကို လာမယ်” လို့ ပြောလိုက်တယ်။

အဲဒီညမှာ လူငယ်ဟာ အဖိုးကြီး လင်မယားနဲ့ စကားပြောတယ်။ “မိတ်ဆွေဟောင်းတွေလည်းဖြစ်၊ ကျွန်တော် နယူးယော့ ရောက်ခါစတုန်းက ပိုက်ဆံရအောင် အလုပ်လည်း ပေးခဲ့ဖူးတော့ ဒီအိမ်နဲ့ မြေကွက်ကို လက်ဆောင်အဖြစ် ပေးချင်တယ်။”

လိမ်ညာထားတဲ့ အဖိုးကြီးဟာ ရှက်သွားပြီး၊ စိတ်ကြေကွဲကာ ငိုပါတော့တယ်။ ဘာဖြစ်လို့လဲလို့ လူငယ်က မေးတဲ့အခါ၊ အဖိုးကြီးက သူ့အပြစ်ဝန်ခံပြီး နောက်ထပ်အခွင့်အရေး ပေးပါဦးလို့ တောင်းပန်တယ်။

လူငယ်က “ဂျွန်း၊ ကျွန်တော် ခွင့်လွှတ်တယ်။ နောက်ထပ် အခွင့်အရေး ပေးပါမယ်။ ခင်ဗျား သင်ခန်းစာ ရလောက်ပြီနဲ့ တူပါတယ်။ ခင်ဗျား လိမ်လို့ ခင်ဗျား ဆောက်တဲ့ အိမ်မှာ ခင်ဗျားနေရမှာကို စိတ်မကောင်းပါဘူး” လို့ ပြန်ပြောပါတယ်။

ဒီဖြစ်ရပ်ရဲ့ သင်ခန်းစာကတော့ လူဟာ ကိုယ်ဆောက်တဲ့ အိမ်မှာ ကိုယ်နေရတယ် ဆိုတဲ့ အချက်ပါပဲ။ We must live on the houses we build. ဘုရားသခင်က အသက်တာတွေကို တည်ဆောက်ဖို့ ကူညီမစ နေပါတယ်။ ကိုယ်ဘဝကို ဘယ်လို တည်ဆောက်နေသလဲ ဆိုတာ စဉ်းစားစရာပါ။

(From Dr. Lee Roberson’s sermon “Fear Not!”)

Wednesday, February 24, 2016

Dr. Russell Anderson

Dr. Russell Anderson
သမိုင်းတလျှောက်မှာ ဘုရားသခင်ရဲ့ လူတွေကို သုံးသလို၊ သူတို့နောက်မှာ ပံပိုးဖို့ သာမန်လူတွေကိုလည်း သုံးပါတယ်။ အများအားဖြင့် ငွေကြေးအားဖြင့် ကူညီရတာပါ။ Dr. Jack Hyles အတွက် Russell Anderson ကို ဘုရားစေလွှတ်ပေးတယ်။ ငွေကြေးနဲ့ပါတ်သက်တဲ့ ဘုရားပေးတဲ့အစွမ်းက သူ့မှာ ထူးခြားပါတယ်။

သမိုင်းတလျှောက် အဦးဆုံး ထင်ရှားတဲ့ အလှူရှင်တယောက်ကတော့ ဖီလဒဲဖီးယားမှ John Wanamaker ပါ။ ၁၈၀၀ ပြည့်နှစ်များမှာ Chain စတိုးဆိုင်တွေ အစီအရီ ဖွင့်ပြီး ဖွံ့ဖြိုး တိုးတက်စေခဲ့တယ်။ ဧဝံဂေလိလုပ်ငန်းတွေကို တသက်လုံး ကူညီခဲ့တယ်။ ဖီလဒဲဖီးယားမှာ ပြိုပျက်နေတဲ့  အကြီးမားဆုံးအဆောက်အဦ ပင်ဆယ်ဗေးနီးယား ဘူတာရုံကြီးကို D. L. Moody ရဲ့ အောင်မြင်တဲ့ တရားပွဲတွေအတွက် ဝယ်ပေးခဲ့တယ်။ ဆေးရုံး၊ ဘုရားကျောင်း၊ ကောလိပ်နဲ့ ဆန်းဒေးစကူးကျောင်းတွေ ဒေါ်လာ သန်း ၂၀ ဖိုး ပေးလှူခဲ့တယ်။

နောက်တယောက်က Henry P. Crowell ပါ။ “The Autocrat of the Breakfast Table” – “မနက်စာ ဆရာကြီး” လို့ ချစ်စနိုး အခေါ်ခံရသူပါ။ ငယ်စဉ်က D. L. Moody တရားဟောတာ ကြားပြီးနောက် “ငါတော့ တရားဟောဆရာ မဖြစ်နိုင်ဘူး။ အောင်မြင်တဲ့ စီးပွါးရေးသမားတော့ ဖြစ်နိုင်တယ်။ ဘုရားအလိုတော်ရှိလို့ ပိုက်ဆံရှာနိုင်ရင် အမှုတော်ထဲမှာ သုံးပါမယ်” လို့ ဆုတောင်းတယ်။ ဒီလိုပဲ သူဆုတောင်းလိုက်တယ်။ အိုဟိုင်အိုးပြည်နယ်၊ ရေဗယ်နာမြို့မှာ ရှိတဲ့ အရှုံးပေါ်နေတဲ့ ကွေကာစက်ရုံကို ဝယ်လိုက်တယ်။ ဆယ်နှစ်အတွင်းမှာ ကွေကာအုပ်ကို လူတွေ ရင်းနှီးကျွမ်းဝင်သွားတယ်။ Mr. Crowell က ဝင်ငွေရဲ့ ၆၀ မှ ရ၀ ရာနှုန်းအထိ အမှုတော်အတွက် ပေးလှူခဲ့ပါတယ်။

မြေသယ်စက်တွေကို အောင်အောင်မြင်မြင် တီထွင်ခဲ့တဲ့ R. G. Letourneau က Forbes မဂ္ဂဇင်း အင်တာဗျူးမှာ ပြောဖူးတယ်။ “ကျွန်တော် လုပ်ချင်တာ နှစ်ခု ရှိတယ်။ စက်တွေ ဒီဇိုင်းဆင်မယ်။ စက်နှိုးပြီး အလုပ်ခိုင်း ကြည့်မယ်။ နောက်တခုက ဧဝံဂေလိကို စက်နှိုးပြီး လူတွေ ပြောင်းလဲအောင် လုပ်တာ ကြည့်ချင်တယ်။” သူသေဆုံးချိန်မှာ တီထွင်မှု မူပိုင်ခွင့် ၃၀၀ ကျော် ပိုင်ဆိုင်ပြီး၊ သူရဲ့ မြေတူးစက်ကြီးက ပေါင် ၂၀၀,၀၀၀ လေးတယ်။ ၃၅ ပေ မြေအနက် တူးမြေင်းကို တူးပေးနိုင်တယ်။ အချင်း ၅ ပေ ရှိတဲ့ သစ်ပင်တွေကို ရွေ့စိုက် ပေးနိုင်တယ်။ ဝင်ငွေရဲ့  ၉၀ ရာနှုန်းကို အမှုတော်အတွက် ပေးလှူရုံသာမက သခင်ယေရှုအကြောင်းကို နေရာတကာမှာ သွားရောက် ဟောပြောနိုင်စွမ်း ရှိတယ်။

William Colgate အကြောင်းကလည်း စိတ်ဝင်စားစရာပါ။ ၁၆ နှစ်အရွယ်မှာ ပိုင်ဆိုင်သမျှလေးကို ထုပ်ပိုးပြီး တိုးတက်ရာရှာဖို့ အိမ်က ထွက်လာခဲ့တယ်။ တူးမြောင်းသင်္ဘော ကပ္ပတိန်အဘိုးကြီးနဲ့ တွေ့တယ်။ အဖေက မကျွေးနိုင်တော့လို့ အိမ်က ထွက်လာရတယ်။ လုပ်တတ်တာကလည်း ဆပ်ပြာနဲ့ ဖယောင်းတိုင်ပဲ လုပ်တတ်တယ် လို့ ပြောပြလိုက်တယ်။ ကပ္ပတိန် အဘိုးကြီးက ဝီလျမ်အတွက် ဒူးထောက် ဆုတောင်းပေးတယ်။ ခရစ်တော်ရဲ့ ကယ်တင်ခြင်းကို ပြောပြတယ်။ ကပ္ပတိန်က “နယူးယော့မြို့မှာ ထိပ်တန်း ဆပ်ပြာသူဌေးတယောက် ပေါ်လာတော့မယ်။ မင်းလည်း ဖြစ်နိုင်တာပေါ့။ လူကောင်းတယောက် ဖြစ်အောင်နေ။ ရိုးသားပါ။ ဘုရားပိုင်တဲ့အရာ ဘုရားကို ပေးလှူ။ ဆပ်ပြာအစစ်ကို ထုတ်။ အချိန်အတွယ်၊ အချိုးအစား မှန်ပါစေ။ ဘုရားကောင်းကြီးပေးရင်၊ မင်း သူဌေးဖြစ်လာမယ်။” လို့ ပြောတယ်။ ဒါကြောင့် ဝီလျမ်ကိုးလ်ဂိတ်ဟာ ဘုရားအမှုတော်အတွက် ဒေါ်လာ သန်းချီပြီး ပေးလှူခဲ့ပါတယ်။

အမှုတော်အတွက် သန်းချီပြီး ပေးလှူတဲ့ သာမန်ယုံကြည်သူတွေ အများကြီး ရှိပါသေးတယ်။ တကယ် ထူးမြတ်သူတွေ ဖြစ်ကြပေမယ့် သမိုင်းတလျှောက် အပေးလှူဆုံးကတော့ Russell Anderson ဖြစ်မယ် ထင်ပါတယ်။ အခုအချိန်အထိ သူဟာ ဒေါ်လာ ၃၅ သန်း အမှုတော်အတွက် ပေးလှူပြီးပါပြီ။ သူဟာ Hyles-Anderson ကောလိပ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

၁၉၆၂ ခုရဲ့ တနင်္ဂနွေ တမနက်မှာ ဒေါက်တာ အင်ဒါဆင်နဲ့ မိသားစု First Baptist Church ကို ဘုရားကျောင်း လာတက်ကြတယ်။ ဘုရားကျောင်းအပြီးမှာ အသင်းသား မုဆိုးမတယောက်က နေ့လည်စာ စားဖို့ စီစဉ်ထားတာ ရှိလား လို့ မေးတယ်။ မရှိဘူးဆိုတော့ သူနဲ့ အိမ်မှာ လိုက်စားဖို့ ခေါ်တယ်။ ဒီလို ဂရုစိုက်တာလေးက Dr. Hyles နဲ့ တသက်တာ မိတ်ဆွေဖြစ်ဖို့ ဇာတ်လမ်း အစပါပဲ။

၁၉၃၁ ခု၊ မေ ၁၆၊ ကင်တာကီပြည်နယ်၊ Hunter ဟန်တာမြို့မှာ မွေးဖွါးတဲ့ ဒေါက်တာ ရပ်ဆယ်၊ အင်ဒါဆင်ဟာ ကင်တာကီမှ ကျောက်မီးသွေး လုပ်သားတယောက် ဖြစ်ခဲ့ပါတယ်။ အဖေ ကျောက်မီးသွေးသမားနဲ့ အိမ်အလုပ် ကြိုးစားလုပ်တဲ့ အမေ့မှာ သားသမီး ၆ ယောက်ရှိတယ်။ ယောကျင်္ားလေး ၄ ယောက်၊ မိန်းကလေး ၂ ယောက်။ သားတယောက်က ငယ်ငယ်မှာ ဆုံးတယ်။ ငယ်ငယ်က ဆင်းဆင်းရဲရဲနဲ့ စခဲ့ရတော့ အလုပ်ကြိုးစားရင် ကျမ်းစာနဲ့အညီ နေထိုင်သူကို ဘုရားကောင်းကြီးပေးတဲ့ စံနမူနာကောင်း တယောက်ပါပဲ။

အင်ဒါဆင်မိသားစုဟာ ကင်တာကီတောင်တန်းပေါ်က အခန်း ၃ ခန်းပါ အိမ်မှာ နေခဲ့ရတယ်။ အခန်း ၃ ခန်းနဲ့ ရေချိုးခန်း ပါတဲ့ အိမ်မျိုး မဟုတ်ဘူး။ အခန်း ၃ ခန်းနဲ့ ပေ ၃၀၀ လောက်ရှည်တဲ့ ခြံပြင်ထွက်တဲ့ လမ်းပါတဲ့အိမ်ပါ။ လျှပ်စစ်မီး မရှိဘူး။ မီးအိမ်ကလေး ထွန်းကြရတယ်။ ရပ်ဆယ်လ် ငယ်ငယ်က အိပ်ရာဆိုတာ သစ်သားပြားပေါ်မှာ စောင်တထည် ခင်းထားတာပဲ ဖြစ်တယ်။

ရှစ်နှစ်အရွယ်ရောက်တော့ ယာခင်းထဲမှာ တနေ့ ဆင့် ၅၀ နဲ့ အလုပ်လုပ်ရတယ်။ ဆောင်းရာသီမှာ ပိုက်ဆံရဖို့ ဖျံ၊ ကြွက်၊ ဝက်ဝံတွေ ထောင်ဖမ်းရတယ်။ အရေခွံကိုတော့ Sear (သို့) Montgomery ရပ်ကွက်မှာ သွားရောင်းရတယ်။ မနက် ၄ နာရီ၊ ၅ နာရီမှာ ထောင်ချောက်တွေ စစ်ဖို့ အိပ်ရာထရတယ်။ အလုပ်ကြိုးစားရမယ်၊ ပိုက်ဆံရဖို့ ဘာမဆို လုပ်မယ်ဆိုတာ ရပ်ဆယ် ငယ်ငယ်ကတည်းက နားလည်နေပါပြီ။

လွှစက်မှာ အလုပ်လုပ်ဖူးသလို၊ တောင်ပေါ်မှာ သစ်ခုတ်သမားလည်း လုပ်ရတယ်။ အလုပ်လုပ်ဖို့ မြည်းအိုကြီး တကောင် ဝယ်လိုက်တော့ အလုပ်မှာ အထောက်အကူပြုတယ်။ အသုံးကျတယ်။ ဒါနဲ့ တနေ့ ၂ ဒေါ်လာ ရလာတယ်။ အထက်တန်း ကျောင်းသားဘဝမှာ စနေနေ့တိုင်း ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ရတယ်။ တခါတရံ ညနေဖက်တွေမှာ လုပ်ရတယ်။ တနေ့ ၂ ဒေါ်လာရတယ်။ အထက်တန်းကျောင်းပြီးတော့ ကျောက်မီးသွေးတွင်းမှာ အချိန်ပြည့် ၆ နှစ် လုပ်တယ်။

၁၉၅၅ မှာ ကျောက်မီးသွေးတွင်းမှ ထွက်ပြီး၊ မီချီဂန်ပြည်နယ်၊ Ypsilanti မြို့ကို ပြောင်းတယ်။ အဲဒီမှာ အလုပ် ၂ ခု လုပ်ရတယ်။ အထပ်သား နံရံဆေးသုတ်နည်း သင်ရတယ်။ အဆက်တွေမှာ တိပ်ကပ်ရတယ်။ တနာရီ ၁ ဒေါ်လာခွဲ ရတယ်။ တနေ့ ၁၂ နာရီ လုပ်ရလေ့ရှိတယ်။ ၁၉၅၇ မှာတော့ ရပ်ဆယ်နဲ့ လူတစုဟာ တယောက် ဒေါ်လာ ၅၀၀ စီ ထည့်ဝင်ပြီး ကိုယ်ပိုင် နံရံကပ် လုပ်ငန်း Drywall တည်ထောင်ကြတယ်။

အလုပ်ကိုပဲ ကြိုးစားနေတဲ့ ရပ်ဆယ်ဟာ ၁၉၅၈ မှာ အိမ်ထောင်ပြုဖို့ အချိန်ယူလိုက်ပါတယ်။ သူကိုယ်တိုင်က ခရစ်ယာန် မဟုတ်ပေမယ့် ခရစ်ယာန်မိန်းကလေး Maxine Ramsey လက်ထပ်ဖို့ စီစဉ်တယ်။ မိန်ကလေးဖက်က ဆရာက လက်ထပ်မပေးလို့ ရပ်ဆယ်က ဆဲတယ်။ တခြားမှာပဲ လက်ထပ်ရတော့တယ်။

အိမ်ထောင်ကျပြီးနောက် ရပ်ဆယ်က ဇနီးသည်ကို အသင်းတော်ထဲက ဆွဲထုတ်ဖို့ အမျိုးမျိုး ကြိုးစားတယ်။ မရဘူး။ မိန်ကလေးက သူ့ဘာသာဖက် မဆွယ်သမျှတော့ အလိုက်သင့်နေဖို့ ရပ်ဆယ် သဘောပေါက်လာတယ်။ နောက်ဆုံးတော့ ရပ်ဆယ်ဟာ ဇနီးသည်နဲ့ Sunday school တက်လာပြီး၊ ၁၉၅၉ မှာ ခရစ်တော်ကို လက်ခံလာတယ်။ ငွေကြေးအဆင်မပြေချိန်မှာပင် ဆယ်ဖို့တဖို့ ပေးလာတယ်။ ၂၀ %၊ ၃၀ %  တိုးပေးလာရင်း ၁၉၇၀ မှာ ၅၀% ပေးလာတယ်။ ၁၉၉၉ တနှစ်တည်းမှာပဲ အမှုတော်အတွက် ဒေါ်လာ ၁၁ သန်း ပေးလှူခဲ့တယ်။

နောက်တော့ မီချီဂန်ပြည်နယ်ကို ပြောင်းရွေ့ပြီး အိမ်ရာဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တယ်။ သူအသက်ကြီးရင် အနားယူမယ့် အိမ်ခန်းမျိုး ၁၀ ခန်း ဆောက်လိုက်တယ်။ သူသက်သေခံတာက “ပထမ ၁၀ ခန်းမပြီးခင်၊ အကုန်ဝယ်သွားရင်၊ မြေထပ်ဝယ်ပြီး နောက်ထပ် ၁၀ ခန်း ထပ်ဆောက်မယ်။ ပထမ ၁၀ ခန်း ဆောက်ဖို့ လူတယောက် ငှါးတယ်။ ဘဏ်က ဒေါ်လာ ၆၀,၀၀၀ ချေးပြီး၊ အဲဒီလူကို အိပ်ထဲက ၅,၀၀၀ ပေးတယ်။ ဒုတိယ ၁၀ ခန်းတွဲမှာတော့ ဘဏ်က ဒေါ်လာ ၆၅,၀၀၀ ချေးတယ်။ ဆောက်ပြီးတော့ လက်ထဲမှာ ဒေါ်လာ ၃,၀၀၀ ကျန်တယ်။ ဒါနဲ့ ငွေထပ်ချေးပြီး နောက် ၅ ခန်း၊ နောက်ထပ် ၁၅ ခန်းနဲ့ ဆောက်လိုက်တာ အခန်း ၆၀ ဖြစ်သွားတယ်။ ပထမတော့ ၁၀ ခန်းပဲ ဆောက်ချင်တာပါ။ ဘုရားက ၆၀ ဖြစ်စေတယ်။ အခန်း ၆၀ ဆောက်ပြီးတဲ့အခါ လက်ထဲမှာ ဒေါ်လာ ၂၅,၀၀၀ ကျန်တယ်။ အကြွေးကင်းတယ်။ ဘဏ်ကို ဘယ်လိုသုံးရမယ်ဆိုတာ ဘုရားသင်ပေးတာပါ။”

ခရစ်ယာန်သမိုင်းမှာတော့ ဒေါက်တာ အင်ဒါဆင်ဟာ ဧဝံဂေလိတရားအတွက် တခြားသူတွေထက် ပိုပေးလှူခဲ့သူပါ။ ကမ္ဘာတဝန်းမှာ အသင်းတော်များစွာ၊ ကောလိပ်ကျောင်းများစွာကို စတင်ခဲ့သူဖြစ်တယ်။ ဧဝံဂေလိတရားအတွက် မရပ်သေးဘူး။ အမေရိကန်ပြည်တဝန်းမှာ သူနဲ့အတူ တရားဟောဖူးပါတယ်။ သူဟာ ကိုယ်တိုင်က ကယ်တင်ခြင်းတရားကို သက်သေခံသူဖြစ်သလို၊ ယုံကြည်ခြင်းတရားကို ကွယ်ကာသူလည်း ဖြစ်တယ်။ fundamentalism ကျမ်းစာကျောင်းများတွေ စာတွေ့မှာ နစ်မြုပ်နေတာကို သူလက်မခံဘူး။ သူက ကျွန်တော့ကို သူ့ မိတ်ဆွေလို့ ခေါ်တယ်။ ဒီခေတ်လူငယ်ကို အရင်ခေတ်က ဘုရားအမှုတော်ဆောင်ကြီးတွေနဲ့ ပြန်ချိတ်ဆက်ပေးနေသူပါ။

Dr. Hyles ကို Dr. Anderson လောက်နားလည်တဲ့သူ ရှားတယ်လို့ ဆိုရပါမယ်။ သူ့စိတ်ကို သိတယ်။ လူငယ်တွေကို သင်ပေးချင်တဲ့ အာသီသကိုလည်း နားလည်တယ်။ သူ့မိတ်ဆွေ Dr. Hyles ရဲ့ အမွေကို ဆက်လက် မြင်နေချင်စိတ် ပြင်းပြသူတယောက်ဖြစ်တယ်။ Dr. Jack Hyles သေပေမယ့်လည်း သူ့မိတ်ဆွေက သူ့ဆန္ဒတွေကို ဆက်လက် အကောင်အထည်ဖေါ်ဖို့ ကြိုးစားနေတယ်။ သူ့မိတ်ဆွေ Dr. Hyles သူလုပ်ခဲ့သမျှ၊ နောင်လုပ်ဦးမယ့်အရာတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ အခုရေးတဲ့စာအုပ် “When Principle was King” ဟာ Dr. Russell Anderson ကို ရည်ရွယ်ရေးသားပါတယ်။
Dr. Bob Gray, Sr.

Sunday, November 15, 2015

Blowing the Whistle on the Wolves By Larry Brown (Burmese)

တောခွေးများအပေါ် တံပိုးမှုတ်ခြင်း

Dr. Larry Brown
 “ထို့ကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့်ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစုလုံးကို သတိနှင့် ကြည့်ရှုကြလော့။ အကြောင်းမူကား ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ ဝင်မည်ကို၎င်း၊ တပည့်တော်များကို သွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌ ပေါ်လာမည်ကို၎င်း ငါသိ၏။ ထို့ကြောင့် စောင့်ရှောက်၍ နေကြလော့။ ငါသည် သုံးနှစ်ပတ်လုံး နေ့ညမပြတ် လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍နေကြာင်းကို အောက်မေ့ကြလော့။” --- တမန်၂၀း၂၈-၃၁ ။

တောခွေးတွေဟာ အန္တရာယ်ရှိတယ်။ တောခွေးတွေကို ရှောင်ဖို့ဆိုရင် တောခွေးတွေကို မှတ်တတ်ဖို့ လိုတယ်။ “ညီအကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်းအကြောင်းကို ပြုတတ်သော သူတို့ကို မှတ်၍ရှောင်ကြလော့ ဟု ငါသတိပေး၏။” ရောမ ၁၆း၁၇

“ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို တစုံတယောက်သောသူသည် နားမထောင်ဘဲနေလျှင်၊ ထိုသူကို မှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ အပေါင်းအဘော် မလုပ်ကြနှင့်။” ၂သက် ၃း၁၄ ။

တောခွေးတွေကို မှတ်ရတာခက်ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကတ်တော်ကို ကိုင်စွဲပြီး မြင်သာထင်သာရှိအောင်၊ မှတ်သားလို့ရအောင် ကျွန်တော်ကြိုးစားပြီး ဆွဲထုတ်ပြပါမယ်။

ဒီတရားဒေသနာဟာ တောခွေးသတ်တဲ့ ဒေသနာတော့ မဟုတ်ပါဘူး။ တောခွေးစိတ်ရှိတဲ့ လူတယောက် အသင်းတော်မှာ ပါဝင်လာတာကို ဘယ်လိုမှ တားလို့မရနိုင်ပါဘူး။ ဒါပေမယ့် တောခွေးလို့တော့ မှတ်ထားနိုင်တယ်။ တောခွေးဆိုတာ ဘယ်လိုလူလဲဆိုတာ အားလုံးသိအောင် လူေ့ရှ ဆွဲထုတ်ပြနိုင်ရင်တော့ ပြဿနာတွေ သိပ်ရှိတော့မှာ မဟုတ်ပါဘူး။ တောခွေးတွေဟာ အရေခြုံ ဟန်ဆောင်တတ်တယ်။ ပုန်းနေတတ်တယ်။ တောခွေးတွေဟာ ပုံပြင်ထဲက တောခွေးလိုပါပဲ။ ပုံပြင်ထဲမှာ မိန်းကလေးက သစ်ပင် ခပ်ငယ်ငယ်ရဲ့ နောက်မှာကွယ်နေတယ်။ အဖွားအိမ်သွားမယ့် လမ်းမှာ တောခွေးတကောင်ရှိတာကို သိထားတယ်။ မသွားရဲတော့ဘူး။ ဒါပေမယ့် တောခွေးက ဟန်ဆောင်ရုပ်ပြောင်းထားတယ်။

အဲဒီတော့ ဒီနေ့ ကျွန်တော်တို့လည်း မြင်သာထင်သာရှိအောင် တောခွေးတွေကို ေ့ရှဆွဲထုတ်လိုက်ကြစို့။

ကျမ်းစာက တောခွေးသုံးမျိုးအကြောင်း ပြောထားပါတယ်။ ဇေဖနိ ၃း၃ မှာ ညဉ့်၌ လှည့်လည်သော တောခွေးများ (evening wolves - ညဦးယံတောခွေးများ) မဿဲရး၁၅ မှာ ကြမ်းတမ်း၊ ဆာလောင်သော တောခွေး- ravenous wolves တမန်တော် ၂၁း၂၉ မှာ grievous  ကြမ်းတမ်းသော တောခွေးများဖြစ်ပါတယ်။

ဇေဖနိ ၃း၃ က ညဦးယံ တောခွေးများဟာ နားလည်ရခက်တဲ့ ယုဒရှကာယုတ်- တွေပါပဲ။ ကိုယ့်ကို အနိုင်လှဲသွားနိုင်သူတွေပါပဲ။ ချောင်မှာထိုင်ပြီး အကြံထုတ် ကမောက်ကမတွေလုပ် စိတ်ပုပ်တဲ့သူပါဘဲ။ ကိုယ့့်ကို ဒုက္ခပေးပေမယ့် အမှုတော်ကိုတော့ သူက ဖျက်မပစ်နိုင်ဘူး။ အဲဒီ ဖျက်လိုဖျက်ဆီးလူဟာ ကိုယ်နဲ့ အနီးကပ်လျှောက်လှမ်းနေသူပါ။ ကိုယ်နဲ့ ရင်းနှီးပြီး ကိုယ့်ကို ဖနောင့်နဲ့ ပေါက်မယ့်သူပါ။ ယုဒဟာ အတွင်းလူတယောက်ပါ။

မဿဲ ရး၁၅ မှာ ဖျက်စီးတတ်တဲ့ ကြမ်းတမ်းဆာလောင်တဲ့ တောခွေးတွေအကြောင်း ပြောထားပါတယ်။

အခု စည်းဝေးကြီးမှာ ကျွန်တော်တို့ရဲ့ အဓိကအကြောင်းအရာက သက်သေခံ ဝိညာဉ်ရယူခြင်းနှင့် နိုးထမှုအတွက်ပါဘဲ။ ဒီမှာ ကြိုးစားခံယူပြီး အသင်းတော်ပြန်၊ ငိုယိုဆုတောင်း တအိမ်ဝင်တအိမ်ထွက် ကြိုးစားသက်သေခံတာတွေကို အားကုန်အင်ကုန် လုပ်ပေမယ့်လည်း၊ အဲဒီ ကြမ်းတမ်းတဲ့တောခွေး ဆာလောင်တဲ့၊ ဖျက်ဆီးတတ်တဲ့ တောခွေးတွေကို မှတ်မထားရင်၊ လုပ်သမျှ အလကားဖြစ်ကုန်မယ်။ ကြိုးစားထားသမျှကို တောခွေးတွေက အကုန်ဆုတ်ဖြဲပစ်မှာပဲ။

တမန်  ၂၀း၂၉ မှာ အကြီးအကျယ် ဝမ်းနည်းစေအောင်လုပ်မယ့် တောခွေးတွေအကြောင်း ပြောထားပါတယ်။

ဘုရားဝတ်မှာ မွေ့လျော်တဲ့ မိတ်ဆွေ သင်းအုပ်တယောက်က- သူနဲ့ သူ့ဇနီးက ကျွန်တော်နဲ့ ကျွန်တော့ဇနီးဆီကို လာပြီး စကားပြောနိုင်မယ့်အချိန်ကို သိချင်တယ်လို့ ဖုန်းနဲ့ တောင်းဆိုလာတယ်။ သူတို့ တံခါးဝကို ဖြတ်လာချိန်မှာပဲ သူ့ဇနီးဟာ အတော်စိတ်မကောင်း ဖြစ်နေမှန်း မြင်သာနေတယ်။

အသင်းတော်မှာ သူကြိုးစားလုပ်နေသမျှကို တိုက်ခိုက်နေတဲ့ ဉာဏ်များတဲ့ လူတယောက် ဦးဆောင်တဲ့ အုပ်စုတစုကြောင့် သူခံရတဲ့ဒုက္ခတွေ အခြေအတင်ဖြစ်လာတဲ့အကြောင်း ပြောပြလာတယ်။ သူက “ကျွန်တော် သက်သေခံပြီး ဝိညာဉ်ရယူနေတဲ့အထိ လူသစ်တွေ ပါဝင်လာတဲ့အထိ သူတို့ပျော်နေပါသေးတယ်။ ပြောပါဦးဆရာ ကျွန်တော်သက်သေခံတာကို မလုပ်စေချင်ကြပဲ- ဘာကြောင့် သင်းအုပ်လို့ ကျွန်တော့ကို ခေါ်နေကြသေးလဲ” လို့ ပြောပါတယ်။

သူက ဆက်ပြီးတော့ “ဆရာ ကျွန်တော်လုပ်နိုင်သမျှ အကောင်းဆုံးတိုက်ခဲ့ပါပြီ။ ဒါပေမယ့် ဒီညနေရောက်တော့ ကျွန်တော့ဇနီး သူက (သူ့ဇနီးက ခေါင်းငိုက်စိုက်ကျပြီး မျက်ရည်တွေ ကျနေတယ်။) --- သေနတ်ကိုယူပြီး သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားပါတော့တယ်။ တခုခုတော့ လုပ်ရတော့မယ်ဆိုတာ ကျွန်တော်သိလိုက်ပါပြီဆရာ” - သူက အသက်တောင်မရှူနိုင်ဘဲ “ဒါပေမယ့် ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ မသိဘူးဆရာ” လို့ ပြောဖူးပါတယ်။

အခြေအနေက အစစအရာရာ ထူးခြားနေတယ်။ အမှုတော်အတွက်ဆို ဘယ်သူမဆို အချိန်အတော်အတန် အောင့်အီးသည်းခံကြဖို့ လိုတာမှန်တယ်။ ပြဿနာဖြစ်ချိန်မှာ ရှောင်ထွက်တာ၊ ပြေးထွက်တာ မလုပ်သင့်ပါဘူး။ ဒါပေမယ့် အခုကိစ္စမှာတော့ ကျွန်တော်က “ငါ့ညီရာ မင်းအဲဒီအသင်းတော်ကို ဦးမဆောင်ခင်ကတည်းက ငါ့ကို တိုင်ပင်ခဲ့ရင်ကောင်းမှာ၊ အဲဒီအသင်းတော်က လူတွေဟာ လူကောင်း ၂ယောက်၊ ၃ယောက်ကို ဖျက်စီးပစ်လိုက်ကြပြီးပြီကွ၊ ငါ့ဇနီးကိုတော့ အဲဒီအသင်းတော်အတွက် မစတေးလိုက်နိုင်ဘူးကွာ။ မင်းလည်း အကောင်းဆုံး ကြိုးစားလုပ်ခဲ့ပြီဘဲ။ သူတို့က သင်းအုပ်လုပ်ခွင့်မပေးရင် ငါတော့ ငါ့ဇနီးနဲ့ ငါ့မိသားစုကိုခေါ်ပြီး၊ ငါ့မြင်း ငါခိုင်းပြီး၊ မိုးကုပ်စက်ဝိုင်းအထိ စီးသွားလိုက်မှာပဲ။ ဒီအသင်းတော်ကို မင်းလက်လွှတ်လိုက်ရရင် တခြားအသင်းတော်တခု ရနိုင်တာပဲ။ မင်းဇနီးနဲ့ သားသမီးတွေကိုတော့ ခါးသည်းတဲ့ဒုက္ခတွေ ဆက်မကြံုပါစေနဲ့တော့” လို့ ပြောလိုက်ပါတယ်။

ငှက်ကလေးတွေ၊ ပျားကလေးတွေနဲ့ နွားတွေဟာ major key နဲ့ သီချင်းဆိုကြ ညဉ်းကြပေမယ့် တောခွေးတွေကတော့ minor key နဲ့ အူတတ်ကြတယ်လို့ လူတယောက်က ပြောဖူးပါတယ်။

တောခွေးတွေအကြောင်း လေ့လာကြည့်တော့ တောခွေးအူသံဟာ ကြောက်စရာကောင်းတဲ့ အသံ သင်းအုပ်ဆရာသိနိုင်တဲ့ အသံတမျိုးလို့ သိလာရပါတယ်။ အသင်းသားတွေက အဲဒီကြောက်လန့်စရာအသံကို မသိပေမယ့် သင်းအုပ်က ခွဲခြားတတ်တယ်။ သင်းအုပ်က ခန္ဓာ၊ နားနဲ့ ကြားတာတော့မဟုတ်ဘူး။ စိတ်ဝိညာဉ်နဲ့ ကြားတာပါ။ အဲဒီတော့ ဒီမနက်မှာ တောခွေးတွေအပေါ် ကျွန်တော် တံပိုးမှုတ်ပါမယ်။

ပထမဦးဆုံး ပြောချင်တဲ့အချက်က -----      

၁  တောခွေးတွေဟာ ဇာတိတပ်မက်မှုတွေရှိတယ်။
တောခွေး မလာစေချင်ရင် တောခွေးနားသွားပြီး အညစ်အကြေး မစွန့်ပါနဲ့။

ကျွန်တော့အိမ်က တဖက်ပိတ်လမ်းကျဉ်းလေးထဲမှာ ရှိတယ်။ နောက်ပိုင်းမှာ တောထဲက critter အကောင်ပလောင်လေးတွေ အများကြီးထွက်လာတယ်။ အိမ်နောက်ဖေး ဆင်ဝင်ပတ်လည်မှာ အများကြီးပဲ။

ကျွန်တော်က ကျွန်တော့ဇနီးကို “Honey ဒီလောက်အများကြီးတခါမှ မမြင်ဖူးဘူးကွာ” လို့ တောင် ပြောမိတော့တယ်။

ကျွန်တော်က စိုးရိမ်ကြီးတတ်တဲ့သူဆိုတော့ ညဖက်မှာ အိပ်ယာကထ ၊ လမ်းလျှောက်ပြီး   ဘုရားသခင်ထံမှာ အဖြေရှာ - ဆုတောင်းစကားပြောလေ့ရှိတယ်။ နောက်ဖေးပြတင်းပေါက်က    လှမ်းကြည့်လိုက်တော့ - တောကြောင် တကောင်ကောင် - ဝပ်နေတာ - ထိုင်နေတာကို မြင်ရတယ်။ ပထမတော့ သိပ်နားမလည်ဘူး။ ကျွန်တော့် ဇနီးက စားကြွင်းစားကျန်တွေ နောက်ဖေးဘက် - လွတ်ပစ်တာ အိမ်ကခွေးကို ချကျွေးတာကို ကျွန်တော် မသိခဲ့ဘူး။

အဲဒီ - အကောင်ပလောင်လေးတွေက . . အဲဒီအကြွင်းအကျန်တွေဆီကို လာအနံံ့ခံတယ်။ အညစ်အကြေးတွေဆီကို လာကြတယ်။ အိမ်ကခွေးက - အကုန်မစားနိုင်ဘူး။ နောက်တော့ - ကျွန်တော့်ဇနီးက - သားသမီးတွေကို မှာထားရတော့တယ်။ ကလေးတွေကလည်း အကြွင်းအကျန် အဟောင်းတွေအပေါ်မှာ - အစာသစ်ကို ထပ်ပစ်ချမပေးကြတော့ဘူး။ အင်း - ဒီလိုဆိုတော့ စနစ်တကျ ဖြစ်သွားတာပေါ့။ ဒါပေမယ့် - အညစ်အကြေးတွေကို တခြားတနေရာမှာ သွားပစ်လိုက်နိုင်ရင် . . အကောင်ပလောင်တွေ အိမ်နားမှာ ထပ်လာတော့မှာ မဟုတ်ဘူး။

အသင်းတော်မှာလည်း အညစ်အကြေးတွေကို ထိန်းတတ်ဖို့လိုတယ်။ အသွေးအသားကိစ္စ သတိထားရမယ်။ တောခွေးအိုကြီးတွေက ပန်းပွင့်တွေ ၊ မြက်ပင်တွေလို အရာမျိုး မစားဘူး။ သူတို့ရှာတာက - အသေတွေ ၊ ဇာတိအရာ ၊ အသွေးအသားအရာတွေပါ။ အသွေးအသားကို သတိထားရမယ်။ ဒါဆို- တောခွေးတွေ ဝိုင်းမနေတော့ဘူး။ အိမ်တော်ကို သန့်သန့်ရှင်းရှင်း ထားဖို့လိုတယ်။

ကျွန်တော်တို့ အသင်းတော်ဟာ လူတိုင်းကို ကြိုဆိုပါတယ်။ ဒါပေမယ့် - သံစုံသီချင်းဆိုချိန် တပင်တိုင် သီချင်းဆိုချိန်နဲ့ သင်ကြားချိန် ၊ အလှူငွေကောက်ခံချိန်တွေမှာ - ပါဝင်သူတိုင်းဟာ သခင်ယေရှုရဲ့ အသက်တာကို အတုယူဖို့လိုတယ်။

ကျွန်တော်တို့ ဆိုတဲ့ သီချင်းဟာ - သခင်ဘုရားရဲ့ ဘုန်းထင်ရှားဖို့ လိုတယ်။ ဇာတိသဘောဆန်တဲ့ - ခေတ်သစ် - ဧဝံဂေလိ - ခပ်လှုပ်လှုပ် - ခပ်ရမ်းရမ်း သီချင်းမျိုးတွေက - ဘုရားဘုန်းတော် ထင်ရှားမှာ မဟုတ်ဘူး။ ကျွန်တော့ အတွက်တော့  အချို့ဘုရားကျောင်းတွေ သွားဖို့၊ နောက်ခံ-တေးဂီတ အသံတွေကြားဖို့ဆိုတာ စိတ်ပျက်မိတယ်။ ဒီလိုတေးဂီတ - သီချင်းတွေကို အသင်တော်မှာ သတိထား- ထိန်းသိမ်းရမယ်။

ကျွန်တော်သွားဖို့ စိတ်ပျက်တဲ့ ဘုရားကျောင်းမျိုးကတော့ - သံစုံသီချင်းဆိုချိန်မှာ - အုပ်စုလိုက် ချီတက်ပြီးဝင်တဲ့  အမျိုးသမီးတွေက မလုံမခြံုဝတ်တဲ့ အသင်းတော်မျိုးပါဘဲ။ အမျိုးသမီးတွေ အဲဒီလို marching လုပ်ပြီး - ချီတက်လာတာကို မြင်ရတော့ အမျိုးသားတွေအဖို့ သင်ထားတဲ့ ကျမ်းစာနဲ့ ကျမ်းချက်တွေ - ဘယ်ဆင်ခြင် နိုင်တော့မလဲ။ အမျိုးသမီးတွေ လုံလုံခြံုခြံု ဝတ်ကြပါ။ လည်ဟိုက်ကလည်း ရှိသင့်သလောက်ပေါ့။ စကတ် ထမီကလည်း ရှိသင့်တဲ့ အရှည်လောက် ဝတ်ကြပါ။

ဒီ Gospel Light နှစ်ခြင်းအသင်းတော်မှာရှိတဲ့ သီချင်းပုံစံမျိုးကို ကျွန်တော် သဘောကျတယ်။ ဒီမှာဆိုတဲ့ သံစုံသီချင်းက အလှပြမဟုတ်ဘူး။ အလှပြ တင်ဆက်မှုတွေ ဖယ်လိုက်ပြီးတော့ အစီစဉ်တိုင်းမှာ ဘုရားသခင်အလိုတော်နဲ့ နည်းလမ််းတွေကို အခွင့်ပေးကြစို့။

၂။  တောခွေးတွေဟာ ဒုက္ခရောက်သူတွေကို သဘောကျတယ်။ ကြည့်ရှုချင်တယ်။
တောခွေးတွေကို လေ့လာကြည့်တော့ သူတို့ဟာ ကျောက်ဆောင်အစွန်နားမှာ လေးလေးကန်ကန် လမ်းလျှောက်ရင်း လူတွေ၊ အရာဝတ္ထုတွေကို အပေါ်စီးက ကြည့်ရတာကို သဘောကျကြတာ တွေ့ရတယ်။

အသင်းတော်မှာ ကြည့်လို့ရှုလို့ ရနိုင်တဲ့နေရာတွေမှာ ထိုင်ဖို့နှစ်သက်တဲ့ တောခွေးတွေကို မြင်ဖူးသလား။ သူတို့ဟာ လက်ပိုက်ပြီး နောက်ပိုင်းမှာ မတ်တပ်ရပ်ချင်ရပ်နေမယ်။ ဧည့်ကြိုအဖွဲ့ထဲမှာ ပါလိမ့်မယ်။ တခြားသူတွေအတွက် ခုံနေရာရှာပေးမယ့်အစား တရားဟောဆရာ တရားစဟောချိန်မှာ အပေါက်ဝဖက်ထွက်ပြီး တရားဟောတာမပြီးမချင်း အနားကလူတွေနဲ့ စ-နောက် နေလိမ့်မယ်။

ကလေးတွေထိန်းဖို့ ကိုယ့်အလှည့်ကျရင် ကိုယ့်အလှည့်ကျရင် သတိထားပါ။ အချို့အမျိုးသမီးတွေက ဘုရားရှိခိုးချိန်မှာမှ ကလေးထိန်းတဲ့အခန်းဖက် လာချင်ကြတယ်။ “ဘုရားသခင်နှင့် စပ်ဆိုင်သောသူသည် ဘုရားသခင်၏ စကားတော်ကို နားထောင်တတ်၏” (ယော၈း၄၇) အသေးအမွှားပြဿနာတခုခု ဖြစ်ပြီဆိုရင်တော့ အဲဒီလူမျိုးက မဟုတ်တဲ့ဘက်က ပါချင်ပြီ။   သတိထားကြစို့။

တောခွေးဟာ အုပ်စုထဲမှာ ဧရာမဘိုးအေကြီး လုပ်ချင်တယ်။ ကော်မတီထဲမှာလည်း ပါချင်တယ်။ ကျမ်းစာထဲမှာ သင်းထောက်လို့ပဲ တွေ့ရတယ်။ ကော်မတီဆိုတာမျိုးကို တခါမှမတွေ့ရ ဘူး။

ကော်မတီဆိုတာက စည်းဝေး ခဏခဏခေါ်ချင်တယ်။ သူတို့က သီချင်းဆိုဖို့တော့ မတောင်းဆိုဘူး။ တခြားသူတွေ ကြားလောက်အောင်တော့ “ဘုရားသခင်က အဆိုကောင်းတဲ့ အသံမပေးလို့ပါ။ ဘုရားသခင် အသုံးပြုခံချင်လိုက်တာ” လို့ ပြောတတ်ပါတယ်။ သူတို့နောက်လိုက် တချို့ကလည်း သူတို့သီချင်းဆိုပါဝင်ဖို့၊ ဒါမှမဟုတ် တခြားပါရမီ အစွမ်း talent တခုခုကိုပြဖို့ တောင်းဆိုတတ်ကြတယ်။

အဲဒီကော်မတီဟာ သင်းအုပ်ဆရာရဲ့ အမှုတော်လုပ်ငန်းထဲမှာပဲ လုပ်ငန်းထဲမှာပဲ လုပ်ငန်းတခု နေရာရှိချင်လာကြတယ်။ ဝိညာဉ်သဘောဆိုပြီး အပြကောင်းချင်တယ်။ “ကိုယ့်အကျိုးစီးပွါးကြောင့် သူ့မျက်နှာကို ထောက်ထားခန့်ညားတတ်သောသူ ဖြစ်ကြ၏” (ယုဒ ၁၆)

လူတယောက်ရဲ့ ပြဿနာအသေးအမွှားအကြောင်း သူတို့ကြားရပြီဆိုရင် ကူညီဖို့ အပြေးအလွှားပါဘဲ။ ကူညီတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့က အသင်းတော်ကို ကူမပေးမယ့် ဘိုးတော်တွေ ဖြစ်ချင်တာက ခက်တယ်။ အဗရှလုံလိုပဲ အဖေရှင်ဘုရင်ထံ လာတဲ့သူတွေကို “မင်းတို့ပြဿနာကို နားထောင်ပေးဖို့ ဘုရင့် ကိုယ်စားလှယ် လွှဲထားသူပါ။” လို့ ပြောပြီး သူတို့လက်တွေကို နမ်း၊ ငါ ဒီပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့” ပြောချင်သူတွေပါ။ ဒါဟာ ကြားဖြတ် ညှို့ယူတာပါပဲ။ အဗရှလုံဟာ ကူမမယ့် ဘိုးတော်လုပ်ချင်သူပါဘဲ။ ဒါမျိုးတွေကို ရှာချင်၊ ကြည့်ချင်နေတတ်သူပါပဲ။

ဒီမှာရှိတဲ့ လက်ထောက်သင်းအုပ်တွေ၊ သင်းထောက်တွေ၊ အခြားအဖွဲ့ဝင်တွေကို ကျွန်တော် ပြောချင်တာက ဘုရားသခင်က ခင်ဗျားတို့ သင်းအုပ်ကို အမှုတော်လုပ်ငန်းတခုလုပ်ဖို့ ခေါ်ထားပါတယ်။ ခင်ဗျားတို့ကိုတော့ သင်းအုပ်ရဲ့အလုပ်ကို ကူညီပြီး ဘုန်းတော်ထင်ရှားဖို့ ခေါ်တယ်။ သူ့လက်တွေ အားမလျော့အောင် ထောက်မကြရမယ်။ ကျမ်းစာမှာ မောရှေဦးဆောင်တဲ့ တိုက်ပွဲကြီးတခုအကြောင်း ပြောထားတယ်။ အာရုန်နဲ့ ဟုရလက်ကို မောရှေလက်နဲ့ ထောက်မတာ မဟုတ်ဘူး။ သူတို့လက်နဲ့သာ မောရှေလက်ကို ထောက်မရတယ်။

တောခွေးတွေကတော့ သင်းအုပ်ကို မရိုသေကြဘူး။ သင်းအုပ်အမိန့်ပေးတာကို သဘောမကျဘူး။ - ဟေဗြဲ ၁၃းရ၊ ၁၇ မှာ ….

“ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့အားဟောပြော၍၊ သင်တို့ကို အုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့။”

“သင်တို့ကို အုပ်သောသူတို့၏ စကားကိုနားထောင်၍ နှိမ့်ချလျက် နေကြလော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့စိတ်ဝိညာဉ်၏ အကျိုးအလိုငှါ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။”

ဒီကျမ်းပိုဒ်မျိုးကိုတော့ တောခွေးတွေ ဖတ်လေ့မရှိပါဘူး။ သင်းအုပ်ဆရာကို မရိုသေကြတဲ့ တောခွေးတွေက “တို့က လူစကားနားထောင်တာမဟုတ်ဘူး။ ဘုရားစကားနားထောင်တာ” လို့ ဆိုတတ်တယ်။ သင်းအုပ်ဆရာစကား နားမထောင်ဘဲ ဘုရားစကား နားထောင်တယ်ဆိုတာ ဟေဗြဲ ၁၃ အရ မဖြစ်နိုင်ဘူး။ ဒုတိယမွေးဖွးပြီး Born again လွတ်လပ်စွာရပ်တည်သူ Independent fundamental အခြေခံ ယုံကြည်ချက်တွေကို ခံယူရပ်တည်တဲ့သူ အနှစ်တထောင်ကာလ မတိုင်မှီ ခရစ်တော် ပြန်ကြွလာမယ်လို့ ယုံတဲ့ဆရာ premillennial preacher ရဲ့ အုပ်စိုးခြင်းကို ဝန်မခံတဲ့့သူဟာ ဘုရားစကား နားထောင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။

မကြာသေးခင်က အသင်းတော်တပါးမှာ သင်းထောက်တယောက်က သင်းအုပ်ကို “ဆရာက တရားပဲဟောပေါ့။ လုပ်စရာရှိတာတွေတော့ ကျွန်တော်တို့ လုပ်မယ်” လို့ ပြောတယ်။ သင်းအုပ်က ကျွန်တော့ကို ပြောတာကြားရအပြီး ကျွန်တော်က အဲဒီသင်းထောက်ရဲ့ အတွေးအခေါ်ကို ပြောင်းပေးလိုက်တယ်။

ဒါက မောရှေကိုပြောတဲ့ တောလည်ရာ ၁၆း၁-၅ ထဲက လူတွေနဲ့တူပါတယ်။ “သင်းအုပ်က သိပ်နေရာယူတာပဲ။ သိပ်အာဏာရှိ၊ သိပ်တာဝန်ရှိချင်နေတာဘဲ” လို့ ပြောသလိုပါပဲ။   

တောခွေးတွေက သင်းအုပ်ကို မလေးစားဘူး။ သူတို့က ၁ပေ ၅း၁-၄ ကို ထောက်ပြပြီး သင်းအုပ်ဆိုတာ သခင်ယေရှုအောက်က လက်ထောက်သိုးထိန်းပဲ။ ၁ကော ၁၁း၁ မှာ “ငါသည် ခရစ်တော်၏ နည်းတူကျင့်သကဲ့သို့ သင်တို့သည်လည်း ငါ့နည်းတူ ကျင့်ကြလော့။” လို့ ပြတတ်ပြန်တယ်။

ဘယ်အသင်းတော်မှာမှ ဦးခေါင်းဟာ သင်းအုပ်တပါးထက် ပိုမရှိဘူး။ လက်ထောက် သင်းအုပ်ပဲဖြစ်ဖြစ်၊ သင်းအုပ်ရဲ့ လက်ထောက်ပဲဖြစ်ဖြစ် သင်းအုပ်ရဲ့အမှုတော်ကို ဘုန်းထင်ရှားစေဖို့ လေးစားဖို့ လိုတယ်။ ဒါမှ အသင်းတော် တိုးပွါးမယ်။

တောခွေးတွေက သင်းအုပ်ရဲ့အခွင့်အာဏာကို လက်မခံချင်ဘူး။ သင်းအုပ်ရဲ့ အခွင့်အာဏာ ပြရတဲ့အခါ သင်းအုပ်စကားကို လူတွေနားထောင်ပြီး သူတို့စကားကို နားမထောင်တဲ့အခါ သူတို့မှာ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။

ကျွန်တော်တော့ တောခွေးအူသံ ကြားရတယ်။ တောခွေးတွေအပေါ်မှာ တံပိုးမှုတ်လိုက်ပြီ လို့ ထင်တယ်။ ဟုတ်တယ်မဟုတ်လား။

၃။  တောခွေးရှိသမျှဟာ ဗိုလ်လုပ်ချင်ကြတယ်။
တောခွေးရှိသမျှဟာ ဗိုလ်လုပ်ချင်ကြတယ်။ သင်းအုပ်ကို သိပ်မလေးစားဘူး။ တောခွေးခေါင်းဆောင်၊ တောခွေးဗိုလ်ကြီးအကြောင်း လေ့လာကြည့်တော့ သူရှိတဲ့အတွက် တခြားတောခွေးတွေက ဝမ်းမြောက်နေမယ်လို့ ထင်ခဲ့တာ။ တကယ်တော့ အဲဒီလိုမဟုတ်ဘူး။ အဲဒီနေရာကို တိုက်ပြီးယူခဲ့တာ။ တောခွေးအုပ်ထဲမှာ အားလုံးက ဗိုလ်လုပ်ချင်သူတွေချည်းပဲ။ ဒါပေမယ့် တောခွေးဗိုလ်ကြီးက တခြားတောခွေးတွေအားလုံးကို သူ့အနားမှာ စုစုဝေးဝေး နေစေချင်တယ်။

တောခွေးတွေက သင်းအုပ်ဆရာကို ဘုရားသခင်ရဲ့လူအဖြစ် မလေးစားချင်ဘူး။ အားလုံးက ဗိုလ်ပဲလုပ်ချင်နေတယ်။ သူပြောတာက “ဆရာနဲ့ အေးအေးဆေးဆေးတွေ့ချင်တာ--- ပြောရမှာတော့ အားနာပါတယ်ဆရာ၊ လူတွေက ကျွန်တော့ကို လာလာပြောနေတော့ ” “ဒီလိုဖြစ်လာပြီဆိုရင်တော့ ကိုယ့်အနားမှာ တောခွေးတကောင် ရောက်နေပြီသာမှတ်။”

“ဆရာ လူတွေက ကျွန်တော့ဆီလာလာပြီး--- တဲ့” တောခွေး ဟုတ်မဟုတ် သေသေချာချာ သိချင်ရင် “ဘယ်သူတွေများလဲ” လို့ ပြန်မေးလိုက်ပါ။ ပြောမပြရင် တောခွေးဆိုတာ သေချာပြီ။

“ဆရာ လူတွေက ကျွန်တော့ဆီ လာလာနေတယ်။ ကျွန်တော် ဆရာ့ကို အကူအညီ ပေးနိုင်သမျှတွေကိုတော့ ဆရာသိစေချင်တယ်။” လို့ ဆိုလာတဲ့အခါ မိတ်ဆွေသဘောမျိုး နေရာ ယူနေပါပြီ။ ဒါက အနမ်းတချက်နဲ့ အပ်နှံမယ့် ယုဒပါပဲ။

“ဆရာ့ကို သိစေချင်တာက--- ” ဆိုတဲ့ စကားအရ သင်းအုပ်ဆီကို မလာဘဲ သူ့ဆီကို သွားနေတဲ့ သူတွေရှိနေတယ်။ အဲဒီပြဿနာကို သူကိုင်တွယ်နေရတယ်ဆိုပြီး ရင်ထဲမှာ ပျော်ရွှင် ဝမ်းမြောက်နေတာပေါ့။ သင်းအုပ် မကိုင်တွယ်နိုင်တာတွေကို သူကိုင်တွယ်နိုင်တယ်ဆိုပြီး ပျော်နေတာပေါ့။

“ဒါကြောင့် ဒီလူတွေ ဘယ်သူဆိုတာ ကျွန်တော်မပြောပြနိုင်ဘူး။ သူတို့က ယုံကြည်စိတ်ချလို့ ပြောပြထားတာ” လို့ ဆိုတတ်တယ်။ ကဲ မိတ်ဆွေတို့ ခင်ဗျားဟာ ဘုရားသခင်ရဲ့ လူကို အပ်နှံသူလား၊ ဘုရားသခင်ရဲ့အသင်းတော်ကို အပ်နှံသူလား။ ဘုရားသခင်ရဲ့ အမှုတော်ကို အပ်နှံသူလား။ သိပ်ရှက်စရာကောင်းပါတယ်။

၄။ တောခွေးတွေဟာ နောက်ကွယ်မှ ကြိုးကိုင်ချယ်လှယ်ကြတယ်။
တောခွေးတွေဟာ အကွယ်အကာ နောက်ကွယ်ကနေ တိုက်ခိုက်တတ်တဲ့ သဘောရှိတယ်။ တောခွေးဗိုလ်ကြီးက ေ့ရှကနေ ခပ်သုတ်သုတ်ကလေး ပြေးနေမယ်။ သူ့ညာဖက်မှာ ပိန်ပိန်ပါးပါး တောခွေးမက ခပ်သုတ်သုတ်ပြေးလိုက်တယ်။

တောခွေးဗိုလ်ကြီးက တောက်လျှောက်ပြေးနေတယ်။ တခါတရံမှာ သူ့ခေါင်းကို ညာဖက်လှည့်လိုက်၊ နောက် ဘယ်ဖက်လှည့်လိုက် လုပ်တယ်။ တောခွေးမက ညာဖက်မှာ နေရာယူရင် သူ့ခေါင်းကို ညာဖက်လှည့်တယ်။ တောခွေးမက ဘယ်ဖက်မှာ နေရာယူရင် သူ့ခေါင်းကို ဘယ်ဖက်လှည့်တယ်။ အဲဒီတော့ လမ်းတလျှောက်လုံးမှာ ဦးဆောင်နေတာက တောခွေးဗိုလ်ကြီး မဟုတ်တော့ဘဲ သူ့ဘေးမှာ ခပ်သုတ်သုတ်ပြေးနေတဲ့ တောခွေးမလေးက အမိန့်ပေးနေသလို ဖြစ်နေတယ်။

သင်းအုပ်ကတော်ဖြစ်ရသူတွေ-- သတိထား။ အဲဒီနေရာကို ရဖို့အတွက် တောခွေးများစွာ သေခဲ့ရတယ်။ သတိမထားရင် ကိုယ့်ခင်ပွန်း သင်းအုပ်ဆရာအသက်တာ သေသွားနိုင်တယ်။

သင်းအုပ်ဆရာတယောက်အကြောင်း ကြားဖူးတယ်။ သူက နှစ်ခြင်းပေးနေတာပါ။ ပြီးတော့ ဘေးတံခါးကနေထွက်ပြီး နှစ်ခြင်းခံပြီးလို့ ထွက်လာသူတွေကို လက်ဆွဲနှုတ်ဆက်ပါတယ်။

အဲဒီမှာ သင်းထောက်တယောက်က ဆေးလိပ်သောက်နေတယ်။ သင်းအုပ်က အထိတ်တလန့်ဖြစ်ပြီး သူ့ကို “အိမ်မှာသောက်တာကတော့ ခင်ဗျားအပိုင်းပေါ့ဗျာ၊ ဘုရားကျောင်းဝမှာတော့ ရပ်မသောက်ပါနဲ့ဗျာ” လို့ ပြောလိုက်တယ်။

သင်းထောက်က စီးကရက်ကို လွင့်ပစ်လိုက်ပြီး “ဒီမှာဆရာ၊ ခင်ဗျား မရောက်ခင်ကတည်းက ကျုပ်က ဒီအသင်းတော်မှာ ရှိနေတာ။ ခင်ဗျားမရှိတဲ့ နောက်ပိုင်းမှာလည်း ကျုပ်ရှိနေချင် ရှိနေဦးမှာပဲ။ ကျုပ်သောက်ချင်တဲ့နေရာ၊ သောက်ချင်တဲ့အချိန်မှာ သောက်ရမှာပဲ” လို့ ပြောတယ်။ သင်းအုပ်က “ကောင်းပြီ၊ ဘုရားသခင် ကြည့်စီရင်ပါလိမ့်မယ်- ဟုတ်လား” လို့ ပြန်ဖြေတယ်။ ပြောတော့

“အင်း- ကောင်းတာပေါ့” လို့ ဖြေတယ်။ အဲဒီအချိန်ဟာ တနင်္ဂနွေမနက်ပါ။ သူက ကုန်တင်ကားမောင်းတဲ့လူပါ။ နောက်တနေ့ သွားရမယ့်နေရာရောက်ဖို့ နာရီအများကြီး ဆက်မောင်းရဦးမှာပါ။

တနင်္လာနေ့မနက် ၂ နာရီ ၃နာရီလောက်မှာ အဲဒီလူရဲ့မိန်းမက သင်းအုပ်ကို ဖုန်းဆက်တယ်။ ငိုပြီးတော့ “ဆရာရေ ဒုက္ခပဲ ဒုက္ခပဲ” လို့ ဆိုတယ်။

“ဘာဖြစ်လို့လဲ” ဆိုတော့ - ခရီးမသွားခင်နားဖို့ တည်းခိုခန်းတခု ရှာထားတယ်။ အိပ်ယာထဲမှာ ဆေးလိပ်သောက်နေလျက်သားနဲ့ အိပ်ပျော်သွားတယ်။ အိပ်ယာမီးလောင်ပြီး သူသေသွားတယ်။ သူသောက်ချင်တဲ့နေရာ၊ သောက်ချင်တဲ့အချိန်မှာ စီးကရက်သောက်ခဲ့သူဟာ၊ ဘုရားသခင်နဲ့မှ ထိပ်တိုက် သွားတွေ့တော့တာကိုး။

Carl Lackey - အကြောင်း ပြောစရာအများကြီး ကျွန်တော့မှာ ရှိပါတယ်။ တခါက လူတယောက်က သူ့ကို ဆန့်ကျင်ဘက်ပြုတယ်။ အဲဒီလူက အနားရောက်လာပြီး ကားပြတင်းပေါက်ကို ချကာ ဆရာ Lackey ကို ကျိန်ဆဲသွားတယ်။ ပြီးတော့ ကားဆက်မောင်းသွားကာ လမ်းဘေးမှတ်တိုင်ကျောက်ကို ကျော်ပြီး သစ်ပင်ကို ဝင်ဆောင့်ကာ သေရတယ်။

ဘုရားသခင်ရဲ့လူကို ဆန့်ကျင်ဘက်ပြုတာကို သတိပြုပါ။ နောက်ကွယ်မှ ကြိုးကိုင်၊ ချယ်လှယ်ချင်သူတွေ သတိထားပါ။

“ငါအမျက်ပျင်းထွက်လျက် သင်တို့ကို ထားဘေးဖြင့် ကွပ်မျက်မည်။ သင်တို့မယားများသည် မုဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသောသူငယ်ဖြစ်ကြလိမ့်မည်။”          ထွက်မြောက်ရာ ၂၂း၂၄။

ဧလိရှဲရဲ့ ငယ်ထိပ်ပြောင်တာကို လှောင်ပြောင်ကြတဲ့ ကလေး ၄၂ ယောက်ကို ဝံမတွေ ထွက်လာပြီး ကိုက်ဖြတ်ပစ်တယ်။ ဘာကြောင့်လဲ ဒီအကြောင်းမတိုင်ခင် ေ့ရှအခန်းကြီးက ဣသရေလလူတွေရဲ့ စိတ်ခံစားချက်ကြောင့်ပါဘဲ။

“လူငါးကျိပ်အုပ်သော တပ်မှူးကိုစေလွှတ်၍၊ တပ်မှူးသည် တောင်ပေါ်မှာထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင်၊ အိုဘုရားသခင်၏လူ သင်သည် ဆင်းရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟု ဆို၏။ ဧလိယကလည်း ငါသည် ဘုရားသခင်၏လူမှန်လျှင် ကောင်းကင်က မီးကျ၍ သင်နှင့် သင််၏လူငါးကျိပ်တို့ကို လောင်ပါစေ ဟု လူငါးကျိပ်အုပ်သော တပ်မှူးအား ဆိုသည့်အတိုင်း ကောင်းကင်က မီးကျ၍ သူနှင့် သူ၌ပါသော လူငါးကျိပ်တို့ကိုလောင်လေ၏” (၄ရာ ၁း၉၊ ၁၀)

ဒါမျိုးနှစ်ကြိမ် ဖြစ်ခဲ့တယ်။ တတိယတပ်မှူးကတော့ မဆိုးဘူး။ ဘုရားသခင်ရဲ့ တရားစီရင်မှုကို ဖြစ်ပေါ်လာစေတဲ့ လူတွေရဲ့စိတ်သဘောကို တွေ့မြင်ရနိုင်တယ်။

သင်းအုပ်အကြောင်းပြောရင် လေးစားစွာပြောရမယ်။ ဘယ်သူမှ အိပ်ယာထဲမှာ “အင်း-မင်းသိလား၊ သင်းအုပ်က အဲဒီလိုလုပ်တယ်။ ဒါပေမယ့် ငါတော့ အဲဒီလိုမလုပ်ချင်ဘူး” လို့တောင် စကားအားဖြင့် မပြောသင့်ဘူး။

၅။  တောခွေးက သင်းအုပ်ကို အသင်းတော်အပေါ် ဦးဆောင်ခွင့်မပြုဘူး။
ကျွန်တော့လက်ထောက် သင်းအုပ်က အရင်က သူသင်းအုပ်လုပ်ဖူးတဲ့ အသင်းတော်မှာ သာသနာပြုဆရာတယောက် စေလွှတ်စရာရှိခဲ့တယ်။ အသင်းသားတွေရဲ့ ယုံကြည်စိတ်ချမှု ရဖို့လိုသေးတယ်လို့ ပြောပြတော့ အသင်းသားတွေက “ဆရာ စစ်ဆေးပြီးပြီလား” လို့ မေးတယ်။ ပြီးတဲ့အကြောင်း ပြောပြတော့ သူတို့က “ကျွန်တော်တို့ ကြားချင်တာက ဒီစကားပဲ” ဆိုပြီး သာသနာပြုဆရာကို စေလွှတ်ဖို့ မဲပေးကြတယ်။

သင်းအုပ်က “အဲဒီ သာသနာပြုဆရာဟာ ဘုရားသခင်ရဲ့ဝတ်မှာ မွေ့လျော်သူတွေအပေါ် လူငယ်တွေက ယုံကြည်မှုမရှိအောင် ဖျက်ချနေတယ်ဆိုတာ ပရိသတ်ကို ကျွန်တော် ပြောမပြချင်ဘူး ဆရာ” လို့ ဆိုတယ်။

တောခွေးဟာ သင်းအုပ်ကို အသင်းတော်ဦးဆောင်ခွင့် မပေးချင်ဘူး။

ကျွန်တော်ကြားဖူးတဲ့ ဖြစ်ရပ်တခုကို ကြားရသလို ပြန်ပြောပြချင်တယ်။ လက်မထပ်ရသေးတဲ့ ၁၅နှစ်အရွယ် ကလေးမတယောက်ဟာ ကလေးရမယ့် အခြေအနေမှာရှိနေပြီ။ သင်းအုပ်က စိတ်ကြေကွဲနေတဲ့ မိသားစုကို ခေါ်တွေ့တယ်။ မိန်းမငယ်က ထွက်သွားပြီး ပြန်မလာဘဲ နေတော့မယ့်သဘော။ သင်းအုပ်ကတော့ သူ့အသက်ကို ကယ်ဖို့နဲ့ ဘုရားသခင်နဲ့ မှန်ကန်စွာ လျှောက်လှမ်းနိုင်ဖို့ ကူမဖို့ ကြိုးစားနေတယ်။

အဲဒီအချိန်မှာ Miss wiggle Jaw - ဒေါ်မေးခါ ရောက်လာတယ်။ “ဆရာ ဒီကိစ္စ ဘယ်လိုလုပ်မလဲ။”

“တခုခုလုပ်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်။”

“ကောင်းပါပြီ တခုခုကို အခု မြန်မြန်လုပ်သင့်တယ်။ ဘယ်မိန်းကလေးမှ အသင်းတော်ထဲမှာ ဒီလို မဖြစ်သင့်ဘူး။ မရှိသင့်ဘူး”

“ဒီကိစ္စ ကျွန်တော်လုပ်နေပါတယ်ခင်ဗျာ။”

“ကောင်းပါပြီ ကျွန်မအထင်တော့ ဒါတော်တော်ဆိုးတဲ့ ပြဿနာပဲ --- စသည်ဖြင့် --- စသည်ဖြင့်--- ပြောသွားပါတယ်။

အဲဒီအမျိုးသမီးက နီးစပ်ရာတွေကို သွေးဆောင်တော့ နောက်လိုက်အုပ်စုလေးတခု ဖြစ်လာတယ်။ ပြီးတော့ မကြေမနပ်အသံတွေ စဖြစ်အောင် လုပ်လာတယ်။

၂ ရက်-၃ ရက်လောက် ဟောင်ပွါ-ဟောင်ပွါ ပြောပြီးနောက်မှာတော့၊ တယောက်ယောက်က ကလေးအဖေဟာ ခင်ဗျားသားဘဲလို့ ကပ်ပြောသွားပါတော့တယ်။

အဲဒီနောက်တော့ သူ့ပါးစပ် ပိတ်သွားတယ်။ သင်းအုပ်က ထုတ်ပစ်တာ၊ ဒေါသထွက်တာတွေ မဖြစ်စေချင်တော့ဘူး။ သင်းအုပ်က လူတွေကို ကူညီမစ၊ ချစ်တတ်သနားတတ် သေလုဆဲဆဲလူတွေကို ပြုစုတတ်ဖို့ပဲ ဖြစ်စေချင်လာတော့တယ်။

အသင်းသားတယောက်က သူ့အိမ်မှာ လူတစုကို ရေကူးဖို့ ခေါ်ချင်တယ်။ သူ့အိမ်မှာ ရေကူးကန်ရှိတယ်။ ဒါပေမယ့် သင်းအုပ်ဆရာက “ဘက်စကက်ဘောတော့ ဘာကြောင့် မကစားလဲ၊ ဒါမှမဟုတ် ဘောလုံးကန်ဖို့ သွားပါလား၊ ဒါမှမဟုတ် တခြားတခုခု ကစားပါလား။

ဆရာက အဲဒီလူဟာ လိင်တူဆက်ဆံသူတယောက်ဆိုတာ ၉၅% လောက် သေချာတာကို သူ့လူတွေကို ပြောမပြနိုင်ခဲ့ဘူး။ ရေကူးရင်း ကောင်လေးတွေ ဖေါက်ပြန်တပ်မက်မှုတွေ ဖြစ်လာမယ့်အရေးက ကာကွယ်ဖို့ သူကြိုးစားနေတယ်ဆိုတာ ပြောမပြနိုင်ခဲ့ဘူး။

ဒါပေမယ့် အဲဒီမှာ တောခွေးတွေ ပါလာပြီ။ တံဖိုးမှုတ်ဖို့ လိုလာပြီ။ “ကောင်းပြီ၊ ကျွန်တော် ရှင်းပြမယ််။ ယောက်ျားလေး၊ မိန်းကလေး ရောပြီး ရေကူးတာ အဝတ်အစားမဲ့ ရောနေတာ မကောင်းဘူး။ ဒါပေမယ့် အိမ်တအိမ်မှာ ယောက်ျားလေးတွေ ရေကူးကြတာတော့ ဘာမှ မကောင်းပါဘူး။

သင်းအုပ်က အသင်းတော်ကို ဦးဆောင်ပါစေ။ ပြောမပြနိုင်ပေမယ့် သူသိတာတွေ ရှိနေတယ်။ သူ့သံသယကို သူပြောလိုက်ပြီး သက်သေမပြနိုင်ရင် အသင်းတော်ကို ကွဲပြားစေသလို ဖြစ်သွားနိုင်တယ်။ အဲဒီလူက အသင်းတော်သံစုံမှာ ဝင်ဆိုနေတဲ့သူ။ ဆရာက အသင်းတော် မပျက်စီးမကွဲပြားဘဲ အဲဒီလူကို ဖယ်ထုတ်ဖို့ ကြိုးစားဖို့ စီစဉ်နေရတယ်။

သင်းအုပ်ဆရာကို အခွင့်ပေးကြပါ။ အသင်းတော်ကို သူဦးဆောင်ပါစေ။

၆။  တောခွေးရန်က ကာကွယ်ဖို့ နည်းလမ်းကောင်းတခု
တောခွေးရန်က ကာကွယ်ဖို့ သင်းအုပ်အတွက် ကာကွယ်နည်းလမ်းကောင်းတခုဟာ တောခွေးစောင့် ခွေးကောင်းကောင်းတကောင်ပါဘဲ။ ခွေးမွေးပွကလေးတွေကို ပြောတာမဟုတ်ဘူး။ ခြေယိုင်ယိုင်နဲ့ ထွက်ထွက်လာတတ်တဲ့ ခွေးမျိုးကိုသာ ဆိုလိုတယ်။ သူ့အမေက ခွေးဘီလူးမျိုး။ သူ့အဖေကိုတော့ သူမတွေ့ဖူးဘူး။ ခွေးလေခွေးလွင့်ထဲကလို့ပဲ သူကြားဖူးတယ်။ သူ့နားရွက်တဖက်က ပဲ့နေပြီ၊ သူလမ်းလျှောက်ရင် သူ့ပုခုံးတွေက နိမ့်တုံမြင့်တုံနဲ့လာတဲ့ တောခွေးစောင့် ခွေးတကောင်ပါပဲ။

သင်းအုပ်တိုင်းမှာ တောခွေးစောင့် ခွေးကောင်းကောင်းတွေ ရှိဖို့လိုတယ်။

အသင်းတော်ကြီးတခုက ကျွန်တော့မိတ်ဆွေ တရားဟောဆရာမှာ အသင်းသား ၁၅၀၀ လောက်ရှိတယ်။ သူက ၆ပေ၃လက်မလောက်ရှိတဲ့ လူတယောက်ကို သက်သေခံပြီး ရလိုက်တယ်။ ကယ်တင်ခြင်းရပြီး သိပ်မကြာခင်မှပဲဲ သူ့ဆရာက သက်သေခံဖို့ခေါ်သွားတယ်။ အဖြစ်အပျက်ကလေးကို သူ့သင်းအုပ်ဆရာ ပြောပြပုံကတော့ ….

“ကျွန်တော်တို့ သက်သေခံဖို့ တနေရာ နှစ်နေရာလောက် သွားတယ်။ ပြီးတော့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အသင်းသားတယောက်ရဲ့အိမ်ကို ဝင်တယ်။

“ခင်ဗျားကို မတွေ့ရတာကြာပြီနော်” လို့ ပြောတော့ အေးစက်စက်နဲ့ “အင်း ဘယ်တွေ့မလဲ” လို့ ပြောပါတယ်။

“တခုခု မှားနေလို့လားဗျာ။”   “အင်း မှားတယ်။”   “ဘာမှားလဲဗျာ။”----

“ဆရာ …… ပြောချင်တာတွေက….  ဆိုပြီး - သိပ်ကြမ်းကြမ်းတမ်းတမ်း ပြောလာတယ်။

အဲဒီလို ပြောနေတုန်း ကျွန်တော့လူသစ်က ဗလကြီးဆိုတော့ လည်တိုင်ကို ဆွဲအစ်လိုက်ပြီး ကြမ်းပြင်ပေါ် ဆွဲလှဲချလိုက်တယ်။ “မင်းအသက်ရှင်နေသေ့ရွ ငါ့ဆရာအကြောင်း ဘယ်တော့မှ မပြောနဲ့ ကြားလား” လို့ ဆိုတယ်။

သူမပြောတော့ဘူး။ ကျွန်တော့အကြောင်းတောင် မကောင်းမတွေးတော့ဘူး။- လို့ ပြောပါတယ်။

ဒီလိုအပြုအမူမျိုး ကြမ်းပြလိုက်တာကို သဘောတူသလား။ မတူပါဘူး။ ဒါပေမယ့် သင်းအုပ်ဆရာတယောက်ဟာ သူ့လူသူ အမြဲတမ်းထိန်းပေးနိုင်စွမ်း မရှိနိုင်ဘူး။

ဒီက သင်းအုပ်တွေမှာလည်း ဘုရားဝတ်မှာမွေ့လျော်တဲ့သူ ၄၊ ၅ယောက်လောက် ရှိသင့်တယ်။ မကြေမနပ် ပြဿနာလုပ်တဲ့လူတယောက်ကို စည်းဝေးခန်းမထဲကနေ မြက်ခင်းပြင်ဘက် ဆွဲထုတ်ပြီး “ဟေ့ မင်း …… တို့ဆရာအကြောင်း မကောင်းပြောနေတာ ကြားရတာ ကောင်းကောင်းမွန်မွန်ပဲ ဖြစ်ချင်တယ်နော်၊ ဒါပေမယ့် တို့ဆရာအကြောင်း မကောင်းပြောတဲ့ မင်းပါးစပ်ပိတ်ထားဖို့ ကြပ်ကြပ်သတိပေးချင်တယ်” လို့ ပြောမယ့်လူစားမျိုးတွေ လိုပါတယ်။

တရားဟောဆရာကို သဘောမကျသူတွေက “ဒီဆရာကို ဘာကြောင့်မဲပေးသလဲ- အ့ံဩတယ်ကွာ” လို့ စပြောလာတတ်တယ်။

တရားဟောဆရာဖက်မှာ ရှိသူတွေက သေသေချာချာ စေ့စေ့ပြန်ကြည့်ပြီး “အေး အံ့ဩစရာတွေ ဖြစ်လာနေတာ ကြာပြီကွ။ ဒါပေမယ့် တို့မှာ ဘုရားကို ကြောက့်ရွံတဲ့ ချစ်တဲ့ သင်းအုပ်တယောက် ရှိနေလို့တော့ စိတ်ပူစရာမလိုပါဘူးကွာ။ ဘုရားသခင်က အသင်းတော် ဦးဆောင်ဖို့ သူ့ကို တာဝန်ပေးထားတာပဲ။ အရေးကြီးတဲ့ ဩဝါဒတွေ cardinal doctrine တွေ မငြင်းရင် နောက်မိန်းမနဲ့ ဖေါက်လွဲဖေါက်ပြန်မရှိရင်၊ ငါတော့ အဲဒီဘုရားသခင်ရဲ့လူနောက်ကို လိုက်ရတာ ပျော်တယ်။ ဘုရားသခင်က တို့ကို အဲဒီလို လူတယောက်ပေးထားတဲ့အတွက် ဝမ်းမသာဘူးလား” လို့ ပြန်မေးရမှာပဲဲ။

ကိုယ့်သင်းအုပ်ဘက်မှာ မရပ်တာ ရှက်စရာပါ။ တောခွေးတွေက သင်းအုပ်ကို အသင်းတော် ဦးဆောင်ခွင့်မပေးရင် အကောင်းဆုံး ကာကွယ်မှုကတော့ တောခွေးစောင့်၊ ခွေးပါပဲဲ။

၇။  တောခွေးရဲ့ တိုက်ခိုက်မှုကြားမှာ ဘယ်လိုရပ်တည်မလဲ?
တောခွေးရဲ့ တိုက်ခိုက်မှုကြားမှာ ရပ်တည်ဖို့ အကောင်းဆုံးနည်းက ဘာလဲ- အခု ဒီပရိတ်သတ်ထဲမှာ ဒဏ်ရာရထားတဲ့သူတွေ ဆိုးဆိုးဝါးဝါးကြံုကြံုနေရသူတွေ ပါပါတယ်။

တောင်ထိပ်က သိုးအိုကြီးဟာ တောခွေးကို လွတ်အောင်မပြေးနိုင်ဘူးဆိုတာ ကျွန်တော် တွေ့လာရတယ်။ ပြန် မတိုက်ခိုက်နိုင်ဘူး။ ဒါပေမယ့် အနံ့ကိုတော့ ကောင်းကောင်းသိတယ်။ တောင်ထိပ်က သိုးအိုကြီးတွေဟာ တောခွေးနံ့ရရင် တောခွေးအခြေအနေကို စူးစမ်းကြည့်တယ်။ ကျောက်တောင်တလျောက် လျှောက်ကြည့်တယ်။ လျှိုတွေထဲ ဆင်းကြည့်တယ်။ ပြီးရင် အထက်ကို တက်ပြေးတော့တယ်။ နောက်တနေ့ဆို ပိုမြင့်တဲ့နေရာရောက်နေပြီ။ နောက်ထပ်တနေ့ဆို ပိုမြင့်မြင့် ရောက်သွားပြန်ပြီ။ အမြင့်တက်ရင်းတက်ရင်းနဲ့ နောက်ဆုံးကျောက်တောင်ထိပ်ကို ရောက်သွားတော့တယ်။

အဲဒီမှာရှိတဲ့ လေနုအေးကို တောခွေးတွေမခံနိုင်ဘူး။ သိပ်မြင့်လွန်းအားကြီးတယ်။ လေက အေးလွန်း၊ ပြင်းလွန်းတယ်။ ဒါပေမယ့် သိုးအိုကြီးတွေက သဘောကျတယ်။ သူတို့အတွက်တော့ သိပ်ကောင်းတဲ့နေရာပဲ။

အခုကနေ နောက် ၅ နှစ်လောက်ကြာရင် ဘုရားအလုပ် မလုပ်တော့မယ့် တရားဟောဆရာတွေ အထောက်အမဖြစ်ခဲ့တဲ့ သင်းအုပ်ဆရာကတော်တွေကို ကျွန်တော် ပြောနေတာပါ။ ဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပေမယ့် ကျောမှာ ဓါးထောက်ခံနေရပြီ။ ကိုယ်ခင်ပွန်း သင်းအုပ်ဆရာရဲ့ အမှုတော်အတွက် စိုးရိမ်စိတ်တွေ ခံစားနေရပြီ။ မိတ်ဆွေဖြစ် ဟန်ဆောင်သူတွေကြောင့် အထဲမှာ ဖိစီးအားနဲ့ ကြေမွသွားရပြီ။

ဒီထက်ပိုဆိုးတာက ဆရာကတော်နဲ့ ဆရာ့ကို ချစ်တယ်လို့ ပြောတဲ့သူတွေကို မြင်ရင်း၊ စောင့်ကြည့်ရင်းနဲ့ ကိုယ့်ယောက်ျားကျောမှာ ထိုးခံရတာပါဘဲ။ ဆရာကတော်တို့ရဲ့ သားသမီး၊ ကလေးတွေ အကြောင်းဆိုပြီး သူတို့ပြောတာတွေလည်း ကြားရတယ်။ ဒါလည်း ကိုယ့်ကို တခုခုတော့ ဒုက္ခပေးတာပါပဲဲ။ ဒီစကားတွေကြောင့် ကိုယ့်မှာ ဘာအကျိုးမှမရနိုင်ဘူး။

ကိုယ့်ခင်ပွန်းဆရာက သက်သေခံ စိတ်ဝိညာဉ်ရယူဖို့ အစီစဉ်အသစ်တွေ စတင်နေလိမ့်မယ်။ ကိုယ်ကလည်း ကြိုးစားပါဝင်ရမှာပေါ့။ ဒါပေမယ့် တိုက်ပွဲကစပြီ။ ဘာလုပ်ရမှန်း သိဖို့ ခက်လာပြီ။

ကျွန်တော့အနေနဲ့ အဖြေ ဒါဇင်ဝက်လောက် ပေးချင်ပေမယ့် မပေးနိုင်ဘူး။ အဖြေတခုပဲ ပေးနိုင်တယ်။ အမြင့်ကို လှမ်းတက်ဖို့ပဲ လိုတယ်။

ကျွန်တော်ဟာ Sword စည်းဝေးကြီးကို နှစ်စဉ်အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ဒီအသင်းတော်ရဲ့ သင်းအုပ် Dr. Bobby Roberson ထံမှာ လက်ထောက်အဖြစ် ရနှစ်ခွဲလောက် လုပ်ဆောင်ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀လောက်တုန်းက လက်ထောက်အဖြစ် ကျွန်တော့ကိို ခေါ်ခဲ့တာပါ။ ကျွန်တော် ဒီကိုရောက်တော့ ဆရာ့မှာ စစ်ပွဲတခုထဲက ထွက်လာတဲ့ပုံမျိုးပါ။ ကျွန်တော် ရှိတုန်းမှာလည်း နောက်တပွဲကို သူရင်ဆိုင်ရသေးတယ်။

ကျွန်တော့ကို ခေါ်တဲ့အတွက် ဆရာ့ကို လူတစုက အပြင်းအထန် ဆန့်ကျင်ကြတယ်။ ကျွန်တော် ဒီမှာနေတုန်းက  လုံးဝ အလုပ် လုပ်မရသလောက်ဘဲ။ ကြိုးစားလုပ်ချင်ပေမယ့် ဘယ်လိုလုပ်ရမလဲ ကျွန်တော်မသိခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်ဟာ Bro. Bobby အတွက် အမြဲသစ္စာရှိခဲ့ပါတယ်။

တနေ့ သူ့အိမ်ကိုသွားခဲ့တာကို သတိရမိတယ်။ Bro. Bobby ကျွန်တော်တို့ -- ဒီလူ-- ဒီလူတွေကို ဘာကြောင့် မဲနဲ့ ပြုတ်သွားစေရတာလဲ” လို့ ပြောတော့ ….

ဆရာ့မှာ မျက်ရည်ဝဲရင်းက “အေး Larry ရေ တို့လုပ်ရင် ရနိုင်ပေမယ့် ဒီမှာရှိတဲ့ လူတချို့က နားမလည်နိုင်ဘူး။ လူကောင်းတချို့ကို စိတ်နာကျင်အောင် လုပ်နေကြပြီ။ အဲဒီလို မဖြစ်စေချင်ဘူးကွာ။ ဒီကိစ္စမှာ တချို့က ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကိုယ်မသိကြဘူးကွ။ လူကောင်းတွေကို ဖျက်ဆီး မပစ်ချင်ဘူးကွာ” လို့ ပြန်ပြောပါတယ်။

ဒါဟာ စနေနေ့ည ညနက်ပိုင်းမှာ ဖြစ်တဲ့ကိစ္စပါ။ ကျွန်တော့ဆရာ အရမ်းစိတ်ပင်ပန်းနေပြီ။ အရင်အဆောက်အဦး ဟောင်းကြီးထဲမှာရှိတဲ့ သူ့ရုံးခန်းထဲက ထွက်လျှောက်လာတယ်။ အခု ဒီခန်းမထဲမှာ မတ်တပ်ရပ်ရင်း သူ့ကြည့်ရတာ သူ့ပုခုံးမှာ တန် ၁သန်းလောက် အလေးချိန် ထမ်းထားရပုံ ပေါက်နေတယ်။

ကျွန်တော်က Bro. Bobby ဆရာဒီပွဲမှာ တော်တော်ပင်ပန်းသွားပြီနော်” လို့ ပြောတယ်။

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျရင်း Larry ဘုရားသခင်က ငါ့လို တောသား တရားဟောဆရာတယောက်ကို ဒီမှာ ဘာကြောင့်ထားသလဲလို့ ခဏခဏ အံ့ဩမိတယ်ကွာ။ တခါတခါ တောင်ပေါ်တက်ပြီး လူ ၁၀၀လောက် အသင်းတော်ကလေးကို ဦးဆောင်ချင်လာတယ်။ ဘယ်လောက် စိတ်သက်သာမလဲကွာ။ ဒါပေမယ့် ရှိသမျှသိုးငယ်ကလေးတွေ အားလုံးနဲ့ သူတို့ရဲ့ ေ့ရှရေးကို တွေးမိပြန်တယ်ကွာ” လို့ ပြောလာတယ်။

ဆရာဟာ ကမ္ဘာမှာ အံ့ဩစရာအကောင်းဆုံး သင်းအုပ်ပါပဲ။ Bro. Bobby အကြောင်း ကောင်းသတင်းတွေ အများကြီး ကြားဖူးကြမှာပါ။ တဝက်ကိုတောင် မှီဦးမှာ မဟုတ်ဘူး။ ကျွန်တော် ရ နှစ်ခွဲလောက် သူနဲ့ အတူ အလုပ်လုပ်ခဲ့၊ နေခဲ့ဖူးတယ်။ သူဟာ တကယ် တော်တဲ့သူပါ။

ကျွန်တော် နားလည်လိုက်တာကတော့ ဘုရားရဲ့မေတ္တာနဲ့ ကောင်းကြီးတွေကို ဝေမျှနေသူ တယောက် ဖြစ်မယ့်အစား စိတ်ညစ်သူ၊ စိတ်ဆိုးသူ ဖြစ်သွားနိုင်ပေမယ့် တခုမှ ဖြစ်မသွားခဲ့ဘူး။ တောခွေးရဲ့ တိုက်ခိုက်မှုကို ခံရချိန်မှာ သူက အမြင့်ကို တက်-တက်သွားတယ်။ အဲဒီမှာ ဝပ်နေပြီးတော့ ဘယ်သူမှ နားလည်မပေးနိုင်ပေမယ့် သခင်ယေရှု နားလည်ပေးနိုင်တာကြောင့် သခင်ဘုရားနဲ့ စကားပြောတော့တယ်။

သင်းအုပ်တွေနဲ့ သင်းအုပ်ကတော်တွေ တိုက်ပွဲမှာ ဒဏ်ရာရပြီး သေနတ်ပြောင်းဝေ့ရှမှာ ရှိနေရသူတွေကို အားပေးချင်ပါတယ်။ တောခွေးအူသံကြားရင် အထက်အရပ်ကို တက်ပါ။ ကျမ်းစာဖတ် သခင်ဘုရားနဲ့ အချိန်ယူပါ။ ဆိုးဆိုးဝါးဝါးတွေ၊ ဆိုးညစ်မိုက်မဲမှုတွေ မဖြစ်စေပါနဲ့။ ဒီနည်းနဲ့ ဘဝပျက်မသွားစေနဲ့။ ဒါတွေကြောင့် အမှုတော်အပျက်မခံပါနဲ့။ ဒီကိစ္စတွေကြောင့် တရားဟောဆရာ လူဆိုးမဖြစ်ကောင်းသလို သင်းအုပ်ကတော် ဆိုးတယ်လို့လည်း မဖြစ်စေပါနဲ့။ အထက်အရပ်ကိုသာ တက်ပါ။ အဲဒီမှာ တောခွေးတွေအတွက် တံပိုးခရာ မှုတ်လာနိုင်ပါလိမ့်မယ်။