Saturday, May 28, 2016

PRAYER by Dr. John R. Rice- Chapter 03

အခန်း ၃

တကယ် တောင်းပါ။

PRAYER IS ASKING 

By Dr. John R. Rice 

(From “Prayer: Asking and Receiving)
 
JOHN R. RICE
“တောင်းကြလော့။ တောင်းလျှင်ရမည်။” - မဿဲ ရး ရ။
“တောင်းသောသူမည်သည်ကား ရ၏။” - မဿဲ ရး ၈။
(ယော ၁၆း ၂၄။ ယာကုပ် ၄း ၂။ မဿဲ ရး ၁၁။ မဿဲ ၂၁း ၂၂။ လုကာ ၁၁း ၁၃။ ယောဟန် ၁၄း ၁၄။)
အနားမှာ ဇနီး၊ သမီး ၆ ယောက်နဲ့ ကိုယ်ရေးအရာရှိ အမျိုးသမီးတွေ အမြဲရှိနေတော့ မိန်းကလေး သဘာဝကို အံဩလို့ မကုန်ဘူး။ အိမ်ထောင်ကျစမှာ ဇနီးနဲ့ သူ့မိတ်ဆွေ မိန်းကလေးက စျေးဝယ်ထွက်ချင်တယ်တဲ့။ ကိုယ်ကလည်း ပိုက်ဆံပြတ်နေတော့ မသွားချင်ဘူး။ ဘာမှ ဝယ်ဖို့ အစီအစဉ် မရှိဘူး။ shop ရုံ သက်သက်ပဲတဲ့။ အဲဒီမှာ မိန်းကလေးဆိုတာ ဘာမှ မဝယ်ဘဲ၊ နေ့တဝက်လောက် shopping ထွက်နိုင်ပါလားလို့ သိလိုက်ရတယ်။

ဆုတောင်းတယ် ဆိုတာလည်း ဒီလိုပါပဲ။ တချို့ တောင်းတော့ တောင်းတယ်။ ဘာမှ မရဘူး။ ရဖို့လည်း မမြော်လင့်ဘူး။ ရဖို့ တောင်းတာလည်း မဟုတ်ဘူး။ ဆုတောင်းတယ်လို့ ပြောပေမယ့် ဘုရားထံက တခုခု ရဖို့ တောင်းတာ မဟုတ်တော့ တကယ် ဆုတောင်းတာ မဟုတ်ဘူး။

ဖိနပ်ဝယ်ရရင် ကျွန်တော် ပျော်တယ်ဆိုတာ မိန်းမနဲ့ သမီးတွေ သိပ်မသိကြဘူး။ ဖိနိပ်ဆိုင်ကို သွား။ စီးနေကျ ခပ်ရိုးရိုး၊ အနက်ရောင်၊ နံပါတ် ၁၀ ကို ယူ။ ပိုက်ဆံ 3. 60 ဒေါ်လာ ပေးလိုက်။ ဖိန်ပ် အဟောင်းကို စက္ကူနဲ့ ထုပ်ပြီး ပြန်လာ။ ဒါတွေ အားလုံးက ၁၀ မိနစ်ပဲ ကြာတယ်။ ကြိုက်တဲ့ ဖိနပ် သွားရှာ၊ ရရင် အိမ်ပြန်လာ၊ ဒါပဲ။ Shopping မလုပ်ဘူး။ ဝယ်လိုက်တာပဲ။ ဆုတောင်းတယ် ဆိုတာ ဒါမျိုးကို ပြောတာပါ။ ဘုရားထံမှ တခုခု တောင်းယူတာပါ။

မဿဲ ရး ရ- ၈ ကို ပြန်ကြည့်ပါ။
“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောူအားလည်း တခါးကို ဖွင့်၏။”

ဆုတောင်းတယ်ဆိုတာ တောင်းတာပါ။ တနည်းက ရှာတာ တခါးခေါက်တာပါ။ တောင်းတဲ့သူဟာ ရဖို့ မြော်လင့်ရမယ်။ တခါးခေါက်ရင် ဖွင့်ဖို့ မြော်လင့်ရမယ်။ ရှာရင် တွေ့ဖို့ မြော်လင့်ရမယ်။ ဒါက သမ္မာကျမ်းစာက ပြောတဲ့ ဆုတောင်းခြင်းပါပဲ။ တောင်းမယ်၊ ရှာမယ်၊ တခါးခေါက်မယ်။ ဆုတောင်းခြင်းအစစ်က တခုခုကို တောင်းတာပါ။
ယာကုပ် ၄း ၂၊ ၃ မှာ ……
“သင်တို့သည် တပ်မက်၍ မရကြ။ လူ့အသက်ကို သတ်၍၎င်း၊ အလွန်လိုချင်သော လောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်း ပြု၍ မရကြ။ အကြောင်းမူကား ဆုမ တောင်းဘဲ နေကြ၏။ ဆုတောင်းလျှင်လည်း ကာမဂုဏ် ခံစားစရာဘို့ ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့် မရကြ။”

မတောင်းလို့ မရ။ တောင်းတော့လည်း လွဲနေလို့ မရကြဘူး။ ရန်ဖြစ်လို့၊ စစ်တိုက်လို့၊ တပ်မက်လို့၊ စိတ်ပူလို့ ဘုရားထံက ဘာမှ မရဘူး။ တောင်းမှ ရတယ်။ ဆုတောင်းတယ်ဆိုတာ တောင်းတာပါ။

တောင်းတယ်၊ ask နဲ့ ပါတ်သက်လို့ ဓမ္မသစ်ကျမ်းထဲမှာ အဓိက စကား နှစ်လုံး ရှိတယ်။ တခုက eperotao ။ တောင်းတယ်၊ မေးတယ် - to ask, to inquire. နောက်တခုက ဆုတောင်းတာကို သုံးတဲ့စကား aiteo ။ တောင်းတယ်၊ တောင့်တတယ်၊ လိုချင်တယ်၊ တောင်းယူတယ်၊ to ask, to crave, to desire, to call for. လို့ ဆိုလိုတယ်။ ဓမ္မသစ်မှာ ဆုတောင်းခြင်းအတွက် ဒီစကားကို အကြိမ် ၃၀ လောက် သုံးထားတယ်။ ask တောင်းတယ် လို့ ဘာသာပြန်နိုင်တယ်။

Modernists တွေက ဆုတောင်းခြင်းဟာ တကယ်ထူးခြားတယ် ဆိုတာ မယုံကြဘူး။ ဒါကြောင့် ဆုတောင်းလို့ အဖြေရတယ် ဆိုလည်း မယုံကြဘူး။ သမ္မာကျမ်းစာက “ပဌနာစကားကို နားထောင်တော်မူသော ဘုရား” တဲ့။ (ဆလာလံ ၆၅း ၂) “ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည် … ” (ဟေဗြဲ ၁၁း ၆)။ Modernists တွေက ဆုတောင်းတာကို မယုံကြတော့ ဆုတောင်းတယ်ဆိုတာ meditation and communion ဆင်ခြင်တယ်၊ ဘုရားဝတ်ပြုတယ် ဆိုတာလောက်ပဲ ထင်ကြတယ်။ ဆုတောင်းရင် စိတ်ထဲ အနေကောင်းတာ လောက်ပဲ သိတယ်။ ဘာသာရေးမှာ ပျော်မွေ့တယ်ပေါ့။ တကယ်တောင်းတာမျိုးကို သူတို့ မကြိုက်ကြဘူး။

နာမည်ကြီး ဒိဌိတယောက်ဖြစ်တဲ့ Dr. Harry Emerson Fosdick က သူ့ရဲ့ The Meaning of Prayer စာအုပ်မှာ ……
“ကလေးဆန်ဆန် တောင်းတာကို ယုံတဲ့သူကလည်း ရှိသေးတယ်” လို့ ဆိုတယ်။ (စာမျက်နှာ ၂၂) “ခပ်ညံ့ညံ့ ဆုတောင်းပုံတွေက တောင်းနေပေမယ့် ဦးနှောက် မပါဘူး။ ဘုရားသခင်ကို ကလေးလို ပူဆာနေတာပဲ။” “ကလေးဆန်ဆန် တောင်းတာဟာ ဘုရားသခင်ထံမှာ ထင်ယောင်ထင်မှား အသနားခံနေတာ ဖြစ်တယ်။” လို့ ဆိုတယ်။ (စာမျက်နှာ ၂၃) အဲဒီဒိဌိက ခရစ်တော် အပျိုကညာမှ မွေးဖွါးတာ၊ အပြစ်အတွက် ပေးဆပ်တာ၊ ကျမ်းစာ အမြဲ စစ်မှန်တာ ကို မယုံဘူး။ Modernists တွေ ဆုတောင်းတာ လှပါတယ်။ ဒါပေမယ့် ဘုရားသခင်ထံက ဘာမှ မရဘူး။ ဘာအပြောင်းအလဲမှလည်း ဖြစ်မလာဘူး။

ယုံကြည်သူတွေလည်း ဒီထောင်ချောက်ထဲမှာ ကျပြီး၊ ဆုတောင်းတာဟာ ဘုရားဝတ်ပြုတာလောက် လို့ ထင်တတ်တယ်။ ဆုတောင်းပြီးရင် စိတ်ထဲ အားရှိသွားရုံ၊ ဆုမတောင်းပဲ တခုခု မလုပ်တတ်ရုံပဲ လို့ ထင်ကြတယ်။ ကျမ်းစာထဲက ဆုတောင်းခြင်းက ဒီလို မဟုတ်ပါဘူး။

တခါက ရှိကာဂိုမှာ ရှိတဲ့ အိမ်တအိမ်ကို ရောက်ဖူးတယ်။ အဲဒီမှာ လျှပ်စစ်မြင်း ရှိတယ်။ ငယ်ငယ်ကတည်းက မြင်း ဝါသနာပါတာ သိကြတော့ စီးကြည့်ဖို့ ပြောကြတယ်။ မြင်းပေါ်တက်၊ ခလုပ်နှိပ်တော့ အသာအယာ ပြေးတယ်။ ခုန်တယ်။  ပတပ်ရပ်တယ်။ အမြီးဝှေ့တယ်။ ခုန်ပေါက်ပြေးနေတဲ့ တကယ့် မြင်းအတိုင်းပါပဲ။  အတုပေါ့။ ခလုပ်နှိပ်လိုက်တာနဲ့ ရပ်သွားတယ်။ ပြန်ဆင်းတဲ့ နေရာဟာ အရင်တက်ခဲ့တဲ့ နေရာမှာပါပဲ။ ဘယ်မှ မရောက်ခဲ့ဘူး။  Modernists ဆုတောင်းတာလည်း ဒီလိုပါပဲ။ တောင်းဖူးရုံပဲ။ ဘာမှ မရဘူး။

I.  ချီးမွမ်းခြင်း၊ ကြည်ညိုခြင်း၊ ဆင်ခြင်ခြင်း၊ နှိမ့်ချခြင်း၊ ဝန်ခံခြင်း မဟုတ်ပါ။ တောင်းခြင်းသာ ဖြစ်တယ်။

ချီးမွမ်းခြင်းတာ ကောင်းပါပေမယ့် ဆုတောင်းတာဟာ ချီးမွမ်းခြင်း Praise မဟုတ်ဘူး။ “ကျေးဇူး ချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။” (ဆာလံ ၅၀း ၂၃) “အသက်ရှိသောသူ အပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။” (ဆာလံ ၁၅၀း ၆) ဒါဝိဒ်က “အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ငါ၏အထဲမှာ ရှိသမျှတို့ သန့်ရှင်းသော နာမတော်ကို ကောင်းကြီးပေးကြလော့။” (ဆာလံ ၁၀၃း ၁) ချီးမွမ်းတာဟာ ကောင်းပါတယ်။ ကျေးဇူးသိတတ်သူတိုင်းရဲ့ တာဝန်ပါ။ ဒါပေမယ့် ချီးမွမ်းတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာဟာ ချီးမွမ်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

ဆုတောင်းတာဟာ adoration ကြည်ညိုတာ မဟုတ်ဘူး။ ကြည်ညိုတာ ကောင်းပါတယ်။ ကောင်းကင်တမန်တွေ ကြည်ညိုရတဲ့ ဘုရားသခင်ကို ကြည်ညိုသင့်ပါတယ်။ ဒါပေမယ့် ကြည်ညိုတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာဟာ ကြည်ညိုတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

ဆုတောင်းတာဟာ meditation ဆင်ခြင်တာ မဟုတ်ဘူး။ နှုတ်ကပတ်တော်ကို နေ့ညမပြတ် ဆင်ခြင်သင့်ပါတယ်။ (ဆာလံ ၁း ၂) နှုတ်ကပတ်တော်ကို တယောက်တည်း ဖတ်ရှု ဆင်ခြင် အချိန်ယူတာ ကောင်းပါတယ်။ ဒီလို အချိန်ယူသင့်ပါတယ်။ ဒါပေမယ့် ဆင်ခြင်တာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ကျမ်းစာက ဒါကို ဆုတောင်းတာလို့ မခေါ်ဘူး။ ဆုတောင်းတာဟာ ဆင်ခြင်တာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

Humiliation ဘုရားသခင်ရှေ့ နှိမ့်ချတာ ကောင်းပေမယ့် နှိမ့်ချတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ယာကုပ် ၄း ၁၀ မှာ “ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင် သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။” “ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့။” (လုကာ ၁၈း ၁၄) ဒီနှစ်ခုက မတူပါဘူး။ “ငါ့နာမဖြင့် သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချ humble သဖြင့် ငါ့မျက်နှာကို ရှာလျှက်၊ pray ဆုတောင်း ပဌနာပြု၍ ….” (၆ ရာ ရး ၁၄) နှိမ့်ချတာက သပ်သပ်၊ ဆုတောင်းတာက သပ်သပ်ပါ။ နှိမ့်ချတာက ဆုတောင်းဖို့ ပြင်ဆင်တာပါ။ နှိမ့်ချတာက ကောင်းပါတယ်။ ဒါပေမယ့် နှိမ့်ချတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

Confession အပြစ်ဝန်ခံတာဟာလည်း ဆုတောင်းခြင်း မဟုတ်ပါဘူး။ အပြစ်ဝန်ခံတာ ကောင်းပါတယ်။ ကျမ်းစာက အပြစ်ဝန်ချဖို့ အကြိမ်များစွာ ပြောပါတယ်။ ) ဝန်ခံတာက သပ်သပ်၊ ဆုတောင်းတာက သပ်သပ်ပါ။ ဒံယေလက “ထိုသို့ အပြစ်ကို confession ဖေါ်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသော prayed ပဌနာဟူမူကား ….. ” (ဒံယေလ ၉း ၄) ဒီနေရာမှာ အပြစ်ဝန်ချတာနဲ့ ဆုတောင်းတာကို တွဲတွေ့ရတယ်။ ဒါပေမယ့် ဝန်ချတောင်းပန်ပြီးတဲ့နောက် စိတ်ကြေကွဲစွာ တောင်းဆိုတာ တွေ့ရတယ်။ ဝန်ချတောင်းပန်တာ ကောင်းပါတယ်။ ဒါပေမယ့် ဝန်ချတောင်းပန်တာဟာ ကပ်သပ်ပြောရရင် ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။ တခြားအရာတွေက ဆုတောင်းတာ မဟုတ်ပါဘူး။

ဖိလိပ္ပိ ၄း ၆ မှာ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။” ဒီမှာလည်း ဆုတောင်းတာက တပိုင်း၊ ကျေးဇူးတော် ချီးမွမ်းတာက တပိုင်းပါ။ သပ်သပ်စီပါ။ ဒါကို သိရင် ဆုတောင်းခြင်းဟာ ပဌနာပြုခြင်း၊ ဝန်ခံခြင်း၊ ကျေးဇူးချီးမွမ်းခြင်းတွေနဲ့ မတူတာ တွေ့လာပါလိမ့်မယ်။ ဒါကြောင့် ဆုတောင်းတာမှာ အဓိကက တောင်းတာပါပဲ။

II. ကျမ်းစာထဲက ဆုတောင်းခြင်းတွေဟာ တောင်းတာပဲ ဖြစ်တယ်။

ပဌနာတော်ကို ကြည့်ပါ။ စံပြ ဆုတောင်း ဖြစ်တယ်။ သခင်ယေရှုက မဿဲ ၆း ၉- ၁၃ မှာ ပေးထားတယ်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွနု်ပ်တို့ အဘ” ဆိုပြီး တောင်းဆိုတာတွေ ဆက်တိုက်လိုက်လာတယ်။
1.    နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ တခြားသူတွေပါ နာမတော်ကို အချည်းအနှီး မပြောဖို့ တောင်းဆိုတာပါ။
2.    “နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။” ဒါလည်း တောင်းဆိုတာပါပဲ။
3.    နေ့စဉ်အစာ ပေးသနားပါ။
4.    သူတပါး အပြစ်ကို လွှတ်သလို၊ ကိုယ့်အပြစ်တွေလည်း လွှတ်ပေးပါ။
5.    အပြစ်သွေးဆောင်ရာသို့ မလိုက် မပါစေပါနှင့်။
6.    မကောင်းသော အမှုအရာမှ ကယ်နှုတ်တော်မူပါ။

အဲဒီနောက်မှာမှ “စိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ တည်နေပါစေသော” လို့ ဆုတောင်းချက်ကို အဖြေပေးရမယ့် အကြောင်း ရိုးရိုးလေး ထောက်ပြပါတယ်။
ပဌနာတော်က အသနားခံတာပါ။ နေ့တိုင်း တောင်းဖို့ပါ။

ဥပမာတွေလည်း ပေးပါတယ်။ ဆုတောင်းတာဟာ “အဆွေ၊ မုန့် သုံးလုံး ချေးပါ။” ဆိုတဲ့ တခါးလာခေါက်သူနဲ့ တူတယ်။ “ရန်သူကို လက်စား ချေပေးပါ” လို့ တောင်းပန်တဲ့ မုဆိုးမနဲ့ တူတယ်။ မုန့်၊ ငါး၊ ဥ ကို တောင်းတဲ့ သားကလေးနဲ့ တူတယ်။ သခင်ယေရှု ပြောတဲ့ ဆုတောင်းခြင်းက သိပ်လွယ်တယ်။ တခုခု တောင်းတတ်တဲ့သူတိုင်း ဆုတောင်း လို့ ရတယ်။

ဓမ္မသစ်ကျမ်းက ဥပမာတွေက ရှင်းတယ်။ လိုချင်တာ တောင်းပြီး ရသွားကြတာပဲ ဖြစ်တယ်။
ဗိမာန်တော်မှာ အခွန်ခံက ဆုတောင်းတယ်။ “အပြစ်သား၊ ကျွန်တော်ကို သနားပါ။” ခွင့်လွှတ်ခြင်း၊ ကယ်တင်ခြင်း ခံရပြီး အိမ်ပြန်သွားတယ်။ (လုကာ ၁၈း ၁၄)

ပေတရုက ဂါလိလဲမှာ ရေနစ်ခါနီး အော်တယ်။ “ကယ်တော်မူပါ” (မဿဲ ၁၄း ၃၀)

မျက်စိကန်းတဲ့ ဗာတိမဲက အော်ဟစ်တယ်။ “ဒါဝိဒ်ရဲ့ သားတော်၊ ကျွနု်ပ်ကို သနားပါ။” (မာကု ၁၀း ၄၇) “မျက်စိ မြင်ချင်တယ်” လို့ အသေအချာ တောင်းတယ်။ (မာကု ၁၀း ၅၁) အလင်းရသွားတယ်။
ကားတိုင်ပေါ်က လူဆိုးက ကယ်တင်ဖို့ ဆုတောင်းတယ်။ “အကျွန်ုပ်ကို အောက့်မေ့တော်မူပါ။” (လုကာ ၂၃း ၄၂) အဲဒီနေ့မှာပဲ သူ့ကို ကယ်ပြီး ပရဒိသုဘုံကို ရောက်ရတယ်။

ခါနာနိ အမျိုးသမီးက “ဒါဝိဒ်ရဲ့ သားတော်၊ သနားတော်မူပါ။” လို့ နတ်ဆိုးစွဲနေတဲ့ သူ့သမီးလေးအတွက် ဆုတောင်းတယ်။ (မဿဲ ၁၅း ၂၂) “မစတော်မူပါ” လို့ ထပ်တောင်းပန်တယ်။ (မဿဲ ၁၅း ၂၅) ဆက်တောင်းနေတော့ သူတောင်းတာ ရတယ်။
ကျမ်းစာထဲမှာ အကဲ့ရဲ့ ခံရတဲ့ ဆုတောင်းခြင်းကတော့ ဖါရိရှဲ ဆုတောင်းတာပဲ။ သူက ကျေးဇူးတော်ပဲ ချီးမွမ်းနေတယ်။ ဘာမှ မတောင်းဘူး။ ဒါမျိုးကို ဘုရားသခင် မုန်းတာ ဖြစ်တယ်။

ကိုယ်က အပြစ်သား။ အားနည်းတယ်။ ဘုရားက အားကြီးတယ်။ တန်ခိုးကြီးတယ်။ ကျေးဇူးပြုတယ်။ ဘုရားနဲ့ လူကြားက အကောင်းဆုံး ဆက်သွယ်ရေးက လူက အမြဲတောင်းနေရမယ်။ ဘုရားက အမြဲ ပေးနေဖို့ပဲ။ ဘုရားအတွက် ဘာတွေ လုပ်မယ်လို့ ပြောနေတာဟာ စိတ်ပျက်စရာပါ။ မယုံကြည်ရာကျတယ်။ ဘုရားရဲ့ ကျေးဇူး၊ မေတ္တာကို လူက အသနားခံခြင်းကသာ အကောင်းဆုံး အသင့်လျော်ဆုံး ဆုတောင်းခြင်းပါ။

ဟန်ဆောင်ဆုတောင်းတာဟာ တကယ်တောင်းနေတာ မဟုတ်ဘူး။
လူအများစုကတော့ ဆုတောင်းရာမှာ shopping ထွက်နေသလိုပဲ။ တကယ် မတောင်းကြဘူး။ ဘာမှလည်း မရဘူး။

ဆုတောင်းခြင်းဟာ လျှောက်လည်ဖို့ စီးတဲ့ အလှကား sedan မဟုတ်ဘူး။ အိမ်ကို ကောင်းကြီးတွေ အပြည့်အနှက် သယ်လာမယ့် truck ကား တစီးသာ ဖြစ်တယ်။ အများစုက ဆုသာတောင်းတယ်၊ ဘာမှ မရကြဘူး။ တကယ်တော့ မတောင်းလို့ မရတာပါ။

III. ဟန်ဆောင်သူဟာ ဘာမှ မတောင်းဘူး။

သင်းအုပ်ဆရာတွေက တနင်္ဂနွေ မနက်မှာ “the morning prayer” ဆုတောင်း တတ်ကြတယ်။ ဒါပေမယ့် ဒါက တကယ် ဆုတောင်းတာ မဟုတ်ဘူး။ စကားလုံး အလှတွေ ရွေးတယ်။ ဘုရားတရား ကိုင်းရှိုင်းတယ်။ တရားဟောချက် ဆန်နေတယ်။ ဘုရားကို ပြောတာ မဟုတ်ဘူး။ ပရိတ်သတ်ကို ပြောနေတယ်။ ဘုရားကို ရိုသေအောင်၊ စိတ်နှစ်သိမ့်အောင်၊ တည်ဆောက်မှု ရှိအောင် ပြောနေတာ ဖြစ်တယ်။ တခုခု ရဖို့ မတောင်းဘူး။ အဲဒီတော့ မရဘူး။ ဆုတောင်းတာလည်း မဟုတ်တော့ဘူးပေါ့။
ဆရာရေ- လူရှေ့မှာ ဆုတောင်းတာ အဖြေရရဲ့လား? ပရိတ်သတ်ရှေ့ ဆုတောင်းတာတွေက အဖြေရဖို့ မဟုတ်ဘူးလား? ဘာတခုမှ မတောင်းရင် ဘာမှ ရမှာ မဟုတ်ဘူး။ သာမန် လုပ်နေကြ ဆုတောင်းတခုကို ရွတ်တတ်လို့ ရွတ်နေတဲ့ သဘောပဲ ဖြစ်ပါလိမ့်မယ်။

ဘာတခုမှ မတောင်းဘဲ ဆုတောင်းတယ် ဆိုတာကတော့ ဆုတောင်းခြင်းကို နားမလည်တာပါပဲ။
အတွေ့အကြုံအရ ပြောရရင် ဆရာတွေ ဆုတောင်းတာက ဆုတောင်းတာ မဟုတ်ဘဲ၊ တရားဟောတာ၊ အားပေး နှိုးဆော်တာ ဖြစ်နေတတ်ပါတယ်။ ဘုရားသခင်ကို လိပ်စာတပ်ပြီး၊ ကမ္ဘာပတ်ပါတော့တယ်။ သခင်ယေရှုအတွက် ကျေးဇူးတင်တယ်။ ဧဝံဂေလိတရားနဲ့ သမ္မာကျမ်းစာအတွက် ကျေးဇူးတင်တယ်။ တိုင်းပြည်အတွက် ကျေးဇူးတင်တယ်။ တရားဒေသနာနဲ့ မိဿဟာယအတွက် ကျေးဇူးတင်တယ် …. လို့ ပြောရင်း ဆုတောင်းချက်သာ ဆုံးသွားတယ်။ ဘာတခုမှ မယ်မယ်ရရ တောင်းမသွားဘူး။ တကယ် စိတ်မကောင်းစရာပါ။

လူအများရှေ့မှာ public prayer ဆုတောင်းရင် အများအားဖြင့် ဆုတောင်းတာ သိပ်မပါပါဘူး။ ဘုရားကို ချီးမွမ်း၊ လူကို နှိုးဆော်၊ ဘာခံစားချက်မှ မပါတဲ့ စကားလုံးလှလှတွေ ရွတ်ကြတာပါပဲ။ အများအားဖြင့် အဲဒီလိုပဲ ဖြစ်နေကြပါတယ်။
တယောက်တည်း ဆုတောင်းချိန် private prayer မှာတော့ ဒီလို မဟုတ်တတ်ပါဘူး။ လူရှေ့ ပြောစရာ မလိုတော့ နဲနဲပို ရိုးသားတတ်ပါတယ်။

လူတွေကို ခွန်အားပေးတာ မမှားပါဘူး။ ကောင်းပါတယ်။ ချီးမွမ်းတာလည်း မမှားပါဘူး။ ဒါပေမယ့် ဒါတွေက ဆုတောင်းတာကို နေရာယူ မသွားသင့်ပါဘူး။ ဒါတွေကို ဆုတောင်းတာလို့ မခေါ်သင့်ဘူး။ တောင်းမှပဲ ဆုတောင်းတာ ဖြစ်ပါတယ်။
လိုတာကို တောင်းရမယ်။ တခုခုကို တောင်းရမယ်။ ရဖို့လည်း မြော်လင့်ရမယ်။ ဘုရားသခင်ထံမှာ ကောင်းကြီးမင်္ဂလာတွေ ကြွယ်ဝတယ်။ ပေးချင်တယ်။ တောင်းမလားလို့ စောင့်နေတယ်။

ကျွန်တော့သမီး အကြီး၊ ၃ နှစ်အရွယ်တုန်းက သူ့အားဖြင့် အထန့်တလန့် နားလည်လာရတာ တခု ရှိတယ်။ စားသောက်ခါနီး ဆုတောင်းတော့ သူက ဆုတောင်းတာ ပြီးမယ့်အချိန်ကို စောင့်နေတယ်။ ပြီးတာနဲ့ “အာမင်၊ အာမင်၊ အာမင်” လို့ ဆိုတယ်။ အံအားသင့်သွားတယ်။ ဆုတောင်းတာ ဆုံးခါနီးတာ သူဘယ်လို သိပါလိမ့်?

ပုံသေ ဆုတောင်းချက် ဖြစ်နေလို့ပေါ့။ ပြောနေကျစကားကို ရွတ်နေလို့ပေါ့။ စိတ်မပါတဲ့ စကားတွေ ပြောနေလို့ပေါ့။ ဗိုက်ဆာနေတဲ့ သမီးက ဆုတောင်းချက်ပြီးအောင် စောင့်ရင်း ဘာပြီးရင်၊ ဘာလာမယ်ဆိုတာ သိနေလို့ပေါ့။ ရှက်သွားမိတယ်။ ပြောနေကျစကားကို ရွတ်နေမိတာကိုး။ ဖါရိရှဲနဲ့ ဘာထူးသေးလဲ? ဆုတောင်းစကား လှလှလေးတွေက အသက်မှမပါပဲ။ ဒါဟာ တကယ်ရှက်စရာပါ။
ကမ္ဘာတဝှန်းမှာ ဒီလိုပဲ တောင်းနေကြတယ်။ လူအများစုအတွက်က ဆုတောင်းတာဟာ ဘုရားတရား ဆင်ခြင်တာထက် မပိုဘူး။ ရမယ်လို့လည်း မထင်ကြပါဘူး။

ဆုတောင်းတာဟာ တောင်းတာပါ။ “တောင်းသောသူမည်သည်ကား ရ၏။” ရှင်ယာကုပ်ကတော့ ဒသင်တို့သည် မရကြ။ အကြောင်းမူကား ဆုမတောင်းဘဲနေကြ၏။”

ဆုတောင်းတာကို အခန်းအနားတွေမှာလည်း သုံးမှာပေါ့။ ဒါပေမယ့် ဆုတောင်းခြင်း အစစ်က တောင်းတာပါ။ ဘုရာထံမှာ တခုခု တောင်းတာပါ။ တကယ်လိုချင်လို့ တောင်းလိုက်တာပါ။
ဟေရှာယ ၄၄း ၃ မှာ “ရေငတ်သောသူအပေါ်မှာ ရေကို ငါသွန်းလောင်း၍ …. ” ဆုတောင်းခြင်း အစစ်ဟာ နှလုံးသားရဲ့ ဆာငတ်မှုက လာတယ်။
မာကု ၁၁း ၂၄ မှာ “သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။”

စိတ်အလိုဆန္ဒဟာ ရိုးသားတဲ့ ဆုတောင်းခြင်းအတွက် အခြေခံပါပဲ။ အသံကျယ်ကျယ် ဆုတောင်းလို့ ရပါတယ်။ တိုးတိုး တောင်းလည်း ရတယ်။ ဒါပေမယ့် စိတ်ထဲက ပါရမယ်။ စကားလုံးတွေလည်း မညီမညာ ဖြစ်ချင်ဖြစ်မယ်။ မျက်ရည်ကျချင်ကျ၊ ညည်းတွားချင် ညည်းတွား။ တိတ်ဆိတ်ချင် တိတ်ဆိတ်။ မြော်ကြည့်ချင် မြော်ကြည့်။ ဒါပေမယ့် စစ်မှန်တဲ့ ဆုတောင်းခြင်းဟာ တခုခုကို တောင်းတာပါ။ လိုချင်လို့ တောင်းတာပါ။ အတုအယောင် တောင်းနေတာတွေက တကယ် စိတ်ပျက်စရာပါ။

တချို့သူတွေ ဆုတောင်းတာကတော့ နတ်ဆရာ ရွတ်ဖတ်နေတာနဲ့ တူနေတယ်။ အသံ အနိမ့်အမြင့် အတက်အကျ တွေနဲ့ လှပနေပါလိမ့်မယ်။ ဒါပေမယ့် ဘာတခုမှ မတောင်းဘူး။ အသံပဲ မြည်တယ်။ ဘုရားကို ရိုသေဟန်ပြပေမယ့် တကယ်က စကားလုံးအလှတွေနဲ့ ဆွဲဆောင်နေတာပါ။
အမျိုးသမီးတယောက် စျေးဆိုင်သွားတဲ့အခါ ကဗျာ မရွတ်ဘူး။
အလံ အချက်ပြသူက ရထားမောင်းတဲ့သူကို ပုံဥမာတွေ၊ စကားလုံး အဆန်းတွေနဲ့ အမိန့် မပေးဘူး။
သူတောင်းစား တယောက်က အစားအစာ တောင်းတဲ့အခါ တိမ်တောက်ချိန်အကြောင်း မပြောဘူး။
လိုတာကို ဘုရားကို ပြောဖို့ပါပဲ။ တခုခုတောင်းပြီး ဆုတောင်းခြင်းကို သင်ယူကြပါစို့။

Monday, March 14, 2016

What Does the Bible Say About Healing? အနာငြိမ်းခြင်း

Dr. Elmer Towns
God Chooses Who Will Heal ဘုရားပျောက်စေချင်တဲ့သူ
လူတိုင်း ရောဂါပျောက်မယ်လို့ ကျမ်းစာက မပြောသလို၊ ရောဂါမှန်သမျှ စာတန်ဆီက လာတယ်၊
ဘုရားနဲ့ဝေးနေလို့ ဖြစ်ရတယ်လို့လည်း မပြောပါ။ ဘုရားအလုပ်လုပ်တာကို လူနားမလည်နိုင်ဘူး။
ဒါပေမယ့် ရောဂါဝေဒနာဟာ ဘုရားအကြံအစည်ထဲမှာတော့ ပါနေပါတယ်။
ဟေရှာယ ၅၅း ၈ မှာ “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့် မတူ။ ငါ၏အကျင့်သည်လည်း
သင်တို့၏အကျင့်နှင့် မတူ။”
ဘုရားနာမကို သုံးပြီး ဟန်ပြအနာရောဂါငြိမ်းပွဲတွေကို လက်မခံပေမယ့် ရောဂါဖြစ်ရင် ဆုတောင်းဖို့တော့
ဘုရားအလိုတော် ရှိတယ် လို့ ယုံကြည်ပါတယ်။
အနာရောဂါငြိမ်းပွဲတွေကို သတိထားကြည့်ရင်၊ သူတို့ သတ်မှတ်ထားသူတွေသာ ရှေ့ကို လာခွင့်ရှိပြီး၊
အများစုက ရောဂါမပျောက်ပါ။ (တချို့ကတော့ ဘာရောဂါမှ မဖြစ်သူတွေပါ။) တချို့က ပွဲစည်အောင်
ပါဝင်နေသူတွေပါ။

Miraculous Healing အံ့ဩဖွယ် အနာငြိမ်းခြင်း

ဒီနေ့ခေတ်မှာလည်း ဘုရားသခင် အနာရောဂါတွေ အံ့ဩဖွယ် ပျောက်စေနိုင်ပါတယ်။ ဒါပေမယ့်
အနာရောဂါငြိမ်းတဲ့ ဆရာတွေလို မဟုတ်ပါဘူး။ သခင်ယေရှုက အနာရောဂါငြိမ်းပွဲတွေ မကျင်းပခဲ့ပါဘူး။
သူ့ထံလာလို့ ရောဂါပျောက်စေတယ်။ ဒါပေမယ့် အဓိကက အပြစ်ရောဂါစွဲနေတဲ့ ဝိညာဉ်ကို
အရင်ပျောက်စေတယ်။ လာတဲ့သူတိုင်း ပျောက်တယ်။ လူနဲနဲပဲ ပျောက်စေတာ မဟုတ်ဘူး။
အနာငြိမ်းဆရာအများစုက ရောဂါဆိုတာ အပြစ်ကြောင့် ဖြစ်တာလို့ ပြောကြတယ်။ ဒီအချက်က
အမြဲတမ်း မှန်တဲ့အချက် မဟုတ်ဘူး။ မပျောက်ရင်လည်း ယုံကြည်ခြင်း မရှိလို့ လို့ ဆိုတတ်တယ်။
ဒါလည်း ကျမ်းစာနဲ့ မညီဘူး။ ယာကုပ် ၅း ၁၄- ၁၅ မှာ အမှုတော်ဆောင်တွေက ယုံကြည်ခြင်းနဲ့
ဆုတောင်းတဲ့အခါ လူနာကို အံ့ဩဖွယ် ကယ်တင်တယ်။ ရောဂါပျောက်စေတယ်လို့ ဆိုတယ်။

God’s Will to Heal ရောဂါပျောက်ဖို့ ဘုရားအလိုတော်
အလိုတော်ရှိမှ ပျောက်ပါတယ်။ အမြဲတမ်း မပျောက်ပါဘူး။ ဆုတောင်းလို့ ရောဂါပျောက်သူတွေ
ကျမ်းစာထဲမှာ အများကြီး ရှိပေမယ့် အမြဲတမ်း ပျောက်တာ မဟုတ်ပါ။ ရှင်ပေါလုက သူ့ဝေဒနာကို
ပျောက်ဖို့ ဆုတောင်းပေမယ့် မပျောက်ဘူး။ သူ့ကို သွန်သင်နေတာက “ငါ့ကျေးဇူးသည် သင့်အဘို့
လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်၏။” ၂ကော ၁၂း ရ- ၁၀။
တိမောသေဟာ ရောဂါဝေဒနာ ခံစားခဲ့ရလို့ ရှင်ပေါလုက ဆေးပါတဲ့စပျစ်ရည် သောက်ဖို့
အကြံပေးခဲ့ရပါတယ်။ ၁တိ ၅း ၂၃။
အနာရောဂါအားဖြင့် ဘုရားသခင် အလုပ်လုပ်တာလည်း ရှိတတ်ပါတယ်။ ယုံကြည်သူခံစားရတဲ့
ရောဂါဝေဒနာအားဖြင့် တခြားသူတွေက ယုံကြည်ခြင်းနဲ့ အားကိုးခြင်းတွေ မြင်လာပြီး ကယ်တင်ရှင်ကို
အားကိုးလာပြီး ကယ်တင်ခြင်းရစေပါတယ်။ လူက ဘုရားစကားနားထောင်ဖို့ အချိန်မရတဲ့အခါ ဘုရားက
လူကို လှဲချပြီး စကားကို နားထောင်စေပါတယ်။ အလိုတော်အတိုင်း ဖြစ်ပါစေလို့
ဝန်ခံဆုတောင်းရမှာပေါ့။

When Suffering is a Mystery ဝေဒနာက နားမလည်နိုင်အောင် နက်နဲနေတဲ့အခါ
တခါတရံ အကြောင်းရင်းကို နားမလည်နိုင်ပါ။ ယောဘဝတ္ထုက ကောင်းစားချိန်မှာလိုပဲ
ဝေဒနာခံရချိန်မှာလည်း ဘုရားကို ချစ်ပြီး အမှုတော်ဆောင်ဖို့ ပြေနေပါတယ်။ ဘုရားကောင်းကြီးပေးလို့
ယောဘက ဘုရားကို ကိုးကွယ်တာလို့ စာတန်က အပြစ်တင်တယ်။ ယောဘက ဆင်းရဲရင်လည်း
ဘုရားကို ချစ်ပြီး ကိုးကွယ်နေဆဲပါပဲ။ “သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည်
ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို
လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ကြရပြီ။” ယာကုပ် ၅း ၁၁။

Remaining Faithful သစ္စာရှိနေခြင်း
ယောဘက သစ္စာရှိတော့ ဘုရားက ကောင်းကြီးပေးပါတယ်။ ကျမ်းစာတချက်မှာတော့ ခရစ်ယာန်တွေ
ဒုက္ခကြုံတဲ့ နှစ်ကာလတွေ ရှိခဲ့တယ်လို့ ဆိုတယ်။
“အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်စီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊
သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍မြတ်သည်နှင့်၊ ယေရှုခရစ်
ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလို့ငှါ ဖြစ်မည်အကြောင်း၊
အထူးထူး အပြားပြားသော စုံစမ်းနှောက်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏ
ခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းခြင်းစိတ် ရှိကြ၏။” - ၁ ပေ ၁း ၆- ရ။
တချို့ကျမ်းပိုဒ်တွေမှာတော့ ခရစ်ယာန်တွေဟာ ညှင်းပမ်းနှိပ်စက်ခြင်းနဲ့ သေခြင်းကို ကြံုရပေမယ့် သစ္စာရှိကြတယ်လို့ ဆိုပါတယ်။ ဟေဗြဲ ၁၁း ၃၁- ၄၀။
ဒီကျမ်းပိုဒ်တွေအရ စုံစမ်းနှောက်ယှက်ခြင်းတွေကြားမှ ကယ်ထုတ်ဖို့ အမြဲတမ်း ဘုရားအလိုတော် ရှိတာ မဟုတ်ဘူးလို့ တွေ့ရပါတယ်။ စုံစမ်းခြင်းထဲမှာ အတူရှိနေပြီး လိုအပ်တာတွေ ဖြည့်စွမ်းပေးတော်မူပါတယ်။  လောကမှာ ကယ်မတာရှိသလို၊ ဘုရားဘုန်းတော် ဝင်းစားပြီး ကယ်ချွတ်တာလည်း ရှိပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဘုရားသခင် အတူရှိနေပြီး ကူမတဲ့အတွက် ငြိမ်သက်ခြင်းနဲ့ စိတ်သက်သာမှုကို အမြဲခံစားရနိုင်ပါတယ်။
by Dr. Elmer Towns

The Deity of Christ Resolved: Part II

Death  သေခြင်း

ပထမအချက်က သခင်ယေရှုရဲ့သေခြင်းဟာ supernatural death, ထူးဆန်းအံ့ဩဖွယ်ရာ သေခြင်း ဖြစ်တယ်။   Walvoord က ထာဝရကာလတလျှောက်လုံးမှာ ခရစ်တော်ရဲ့သေခြင်းနဲ့ နှိုင်းယှဉ်လို့ရတဲ့ အဖြစ်အပျက် ဆိုတာ မရှိဘူး။

 (Walvoord, 1969) ဒီဖြစ်ရပ်ဟာ ထူးဆန်းအ့ံဩဖွယ်ရာကောင်းတဲ့ တခြားအဖြစ်အပျက်တွေနဲ့လည်း တဆက်တည်း တွဲဖြစ်ပျက်ခဲ့တာဖြစ်တယ်။ ကားတိုင်ပေါ်မှာ သခင်ယေရှုက သူ့ရဲ့နောက်ဆုံးစကား “အိုအဖ အကျွနု်ပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွနု်ပ်အပ်ပါ၏။” လုကာ ၂၃း၄၆) ကိုပြောပြီးတဲ့နောက်မှာ
1.    “ဗိမ္မာန်တော်၏ကုလားကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။” မဿဲ ၂၇း ၅၁) ကုလားကာဟာ ရလက်မလောက် ထူတယ်လို့ ဆိုတယ်။
2.    “မြေကြီးလှုပ်လေ၏။” (Ibid)
3.    “ကျောက်များတို့သည် ကွဲပြားကြ၏။” (Ibid)(အပိုင်းပိုင်းကွဲလွင့်တယ်။)
4.    “သင်္ချိုင်းတွင်းတို့သည် ဖွင့်လှစ်သဖြင့်” မဿဲ ၂၇း၅၂
5.    “ကျိန်းစက်လျှက်ရှိသော သန့်ရှင်းသူတို့၏အလောင်းများစွာတို့သည် ထကြ၍၊ ကိုယ်တော်ထမြောက်တော်မူသည်နောက် ထိုသူတို့သည် သင်္ချိုင်းတွင်းမှထွက်၍ သန့်ရှင်းသောမြို့ထဲသို့ ဝင်ပြီးလျှင် လူများစွာတို့အားထင်ရှားကြ၏။” မဿဲ ၂၇း ၅၂-၅၃

ဗိမ္မာန်တော်ကုလားကာဆိုတာ ပဋိညာဉ်သေတ္တာရှိတဲ့ အသန့်ရှင်းဆုံးဌာနကို ပိုင်းခြားထားတဲ့အရာ ဖြစ်တယ်။ ပဋိညာဉ်သေတ္တာမှာ ခေရုဗိမ်တွေရဲ့အတောင်တွေနဲ့ အုပ်မိုးထားပြီး ဘုရားသခင်ဆင်းသက်ရာဖြစ်တယ်။ ဣသရေလ လူမျိုးတွေအတွက် အံ့ဩကြောက့်ရွံဖွယ်ရာအရပ်လည်းဖြစ်တယ်။ အသန့်ရှင်းဆုံးဌာနကို ယဇ်ပရောဟိတ်မင်း တပါးတည်းသာ တနှစ်မှာ တကြိမ်သာ အသွေးနဲ့သာဝင်ခွင့်ရတယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့သိုးသူငယ်တော် ယဇ်ပရောဟိတ်မင်း ကယ်တင်ရှင်ရဲ့ တခါတည်းအပြစ်ဖြေပူဇော်ပေးတာကြောင့် ဘုရားနဲ့လူကြားကွာခြားမှုဟာ ထာဝရ ပေါင်းစည်းခွင့်ရသွားတယ်။ သန့်ရှင်းသူအားလုံးနဲ့ နောင်တရတဲ့ အပြစ်သားအားလုံး ဘုရားသခင် ထံပါး တိုးဝင်ခွင့် ရသွားတယ်။ သခင်ယေရှုအသေခံချိန်မှာ မြေငလျင်လှုပ်တယ်။ ကျောက်တွေလည်း ကွဲလွင့်ကြတယ်။ ဓမ္မရာဇဝင်တတိယစောင် ၁၉း၁၁၊ တောလည်ရာ ၁၆း၃၂) ရောမတပ်မှူးက သခင်ယေရှုကို မြေငလျင်လှုပ်ချိန်မှာ ကြောက့်ရွံတုန်လှုပ်စွာစောင့်ကြည့်နေခဲ့တယ်။ ဒီလိုမျက်မြင်သက်သေတွေ အများကြီးရှိတယ်။ တပ်မှူးက “စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏။” လို့ဆိုတယ်။ သေလွန်တဲ့သူတွေလည်း သင်္ချိုင်းက ပြန်ထ လာကြတယ်။ (ယေဇကျေလ ၃၇း၁၃) ယောဟန် ၅း၂၁ မှာ “ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက် ရှင်ပြန်စေတော်မူသကဲ့သို့ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသောသူရှိသမျှတို့ကို ရှင်စေ၏။” အဲဒီ ထမြောက်သူတွေဟာ တခြားသူတွေထံ သွားရောက်တွေ့ဆုံ ကိုယ်ထင်ပြကြတယ်။ ဒါကြောင့် သခင်ယေရှုခရစ်ရဲ့ အသေခံခြင်းနှင့်အတူ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှတ်အသားအဖြစ် ထူးခြားထင်ရှားတဲ့အဖြစ်အပျက်တွေ တွဲပြီး ဖြစ်ပျက်ခဲ့တယ်။

Resurrection  ထမြောက်ခြင်း
သေခြင်းမှ ခရစ်တော် ထမြောက်တာဟာ ဘုရားဖြစ်ကြောင်း ခိုင်လုံစေတယ်။ (၁ကော ၁၅း၁-၈) ရှင်ပေါလုက ရှင်ပြန်ထမြောက်ခြင်းကို (ကေဖ Cephas) မြင်ခဲ့တယ်။ နောက် တမန်တော် ၁၂ ပါး မြင်တယ်။ နောက် ညီအစ်ကို ငါးရာ တပြိုင်နက်တည်း မြင်တယ်။ နောက် ယာကုပ်၊ တမန်တော်အားလုံး နောက်ဆုံး ရှင်ပေါလုပါ မြင်တယ်လို့ ဆိုတယ်။ ဒီအချက်ကို မြင်ခဲ့ဖူးတဲ့လူငါးရာဟာ အဲဒီအချိန်မှာ အသက်ရှင်လျက်ရှိနေသေးတယ်။ သူတို့ဟာ “အဦးဆုံး မျက်မြင်သက်သေ first hand witness” တွေဖြစ်တယ်။ တမန်တော် ၁း၃ မှာ “အသေခံတော်မူပြီးလျှင် တမန်တော်တို့အား အရက် ၄၀ ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက် မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သောသက်သေအများတို့ဖြင့် ပြတော်မူ၏။” သခင်ယေရှု ကိုယ်တိုင်လည်း သူထမြောက်မယ့်အကြောင်းကို ယောဟန် ၂း၁၉ မှာ ကြိုတင်ပြောထားတယ်။ မဿဲ ၁၂း၄၀ မှာ သခင်ယေရှုက “ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့ လူသားသည် မြေကြီးထဲမှာ သုံးရက် နေရလတံ့။” သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ဟာ သူကိုယ်တိုင် ရှင်ပြန်ထမြောက်လာတဲ့အခါ ဘုရား ဖြစ်ကြောင်း အမှတ်သက်သေ ထင်ထင်ရှားရှားဖြစ်လာတယ်။ ရှင်ပြန်ထမြောက်တဲ့အတွက် ကျွန်တော်တို့ကို ရွေးနှုတ်တာဟာလည်း ခိုင်ခိုင်မာမာ သေချာသွားစေတယ်။ “သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။” (၁ကော ၁၅း ၁၃-၁၄) ရှင်ပြန်ထမြောက်မယ်လို့ ကြိုတင် ပရောဖက် ပြုခဲ့တယ်။ တကယ်လည်း အ့ံဩဖွယ်ရာဖြစ်ခဲ့တယ်။ ဘုန်းတော်ထင်ရှားစရာ၊ ကောင်းကြီးခံရစရာဖြစ်လာတယ်။ ရွေးနှုတ်ခြင်းနဲ့စပ်ဆိုင်တဲ့ မြှော်လင့်ခြင်းရဲ့ဂတိတော်လည်း တံဆိပ်ခတ်ပြီးသား ခိုင်လုံသွားစေတယ်။

Ascension  ကောင်းကင်တက်ကြွခြင်း
နောက်ဆုံး ကောင်းကင်တက်ကြွတာဟာ ဘုရားသခင်ဖြစ်ကြောင်းခိုင်လုံမှုကိုပေးတယ်။ (၂တိ ၄း၁) ခရစ်တော်က တမန်တော်တွေကို နောက်ဆုံးထင်ရှားပြီးတဲ့နောက်မှာ “သခင်ဘုရားသည် အထက်သို့ ဆောင်တော်မူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကိုမျက်ကွယ်အောင်ယူလေ၏။” (တမန်တော် ၁း၉) တမန်တော်တွေ မျှော်ကြည့်နေတုန်းမှာပဲ သခင်ယေရှုဟာ ကောင်းကင်ကိုတက်ကြွသွားတယ်။ ကောင်းကင်တမန်တွေက “ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့တက်ကြွတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” လို့ပြောဆိုတယ်။ ခရစ်တော်က သူ ကောင်းကင်တက်ကြွပြီး ပြန်ကြွလာဦးမယ်လို့ ကြိုတင်ပြောထားခဲ့တယ်။ (ယောဟန် ၁၄း၃) ဒါက သေခြင်းမှမထမြောက်ခင်မှာဖြစ်တယ်။ ထမြောက်ပြီးတဲ့အခါ ကောင်းကင်တက်ကြွမယ်လို့လည်း ကြိုပြောခဲ့တယ်။ (ယောဟန် ၂၀း၁၇)  Walvoord က ကောင်းကင် တက်ကြွခြင်းဟာ မြေကြီးပေါ်က အမှုတော်နဲ့  တက်ကြွပြီးနောက် ကောင်းကင်ကအမှုတော်ကို အရေးကြီးတဲ့ ချိတ်ဆက်မှုဖြစ်တယ်။ (Walvoord 1969)

ကောင်းကင်တက်မယ်လို့ ကြိုဟောထားတယ်။ အတည်ပြုထားတယ်။ တမန်တော်တွေကလည်း ဒီအကြောင်းကို တမန်တော် ၁ မှာ သက်သေခံထားတယ်။ ကောင်းကင်မှာချီးမြှောက်ခြင်းကို ခံယူတော်မူတယ်။ “ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှင့်တော်မူသဖြင့် (တမန်တော် ၂း၃၃၊ ဖိလိပ္ပိ ၂း၉) “ကောင်းကင် သတ္တဝါ၊ မြေကြီးသတ္တဝါ မြေကြီးအောက်၌ရှိသောသတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်” (Ibid အငယ် ၁၀) ဒုတိယ အချက်က သူဟာ တန်ခိုးတော်ရဲ့လက်ျာဘက်မှာ ထိုင်တော်မူတယ်။ (မာကု ၁၄း၆၂) ကောင်းကင်ပေါ်မြေကြီးပေါ် ရှိသမျှ တန်ခိုးကို အပ်နှင်းခံရတယ်။ (မဿဲ ၂၈း၁၈) ကောင်းကင်တက်ကြွတဲ့ ခရစ်တော်ဟာ အရာအားလုံးရဲ့ အထက်မှာ ချီးမြှောက်ခံရတယ်။ အားလုံးရဲ့ ဝတ်ပြုကိုးကွယ်မှုကို ခံရတယ်။ အားလုံးအထက်မှာ တန်ခိုး ခံရတယ်။ ဒါဟာ အနန္တတန်ခိုးရှင် ဘုရားသခင်မှသာ ခံစားခွင့်ရှိတဲ့အရာဖြစ်တယ်။

နောက်ဆုံးအချက်က ကောင်းကင်တက်ကြွတဲ့ခရစ်တော်ဟာ “လူများတို့၏အပြစ်ကိုဆောင်ရွက်၍ မတရားသော သူတို့အဖို့ တောင်းပန်သောကြောင့်” (ဟေရှာယ ၅၃း၁၂)  “အပြစ်စီရင်သောသူကား အဘယ်သူနည်း။ အသေခံသည်သာမက သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌ထိုင်လျက် ငါတို့အဘို့ ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။ (ရောမ ၈း၃၄)  သခင်ယေရှုခရစ်ရဲ့မေတ္တတော်ဟာ သိပ်ကြီးမားတယ်။ အံ့ဩဖွယ်ရာ ဖြစ်တယ်။ သနားကြင်နာခြင်းတွေနဲ့ ပြည့်တယ်။ ကောင်းကင်မှာ ကျွန်တော်တို့ရဲ့ ေ့ရှနေအဖြစ် အံ့ဩဖွယ်ရာမေတ္တာနဲ့ လုပ်ဆောင်ပေးနေတယ်။ အ့ံဩဖွယ်ရာ ကြီးမြတ်တော်မူတယ်။

Promised Return  ပြန်ကြွလာမယ့်ဂတိတော်
နောက်ဆုံးအချက်က သခင်ယေရှုဟာ အသေခံရုံ၊ ထမြောက်ရုံ၊ ကောင်းကင်တက်ကြွရုံသာမက အနန္တတန်ခိုးရှင် ဘုရားသခင် အားလုံးကို တရားစီရင်မယ့်သူအဖြစ် ပြန်ကြွလာမယ်လို့ ဂတိပေးထားတယ်။ (ဟေဗြဲ ၁၂း၂၃) နဲ့ ယောဟန် ၅း၂၂ တပိုဒ်၊ ၂၇ တပိုဒ်ကို နှိုင်းယှဉ်ကြည့်ပါ။) ခရစ်တော်ဟာ လောကီသားတွေကို ဖြောင့်မတ်စွာနဲ့ တရားစီရင်မှာဖြစ်တယ်။ (ဆာလံ ၉၆း၁၃) “မြေကြီးပေါ်မှာလူအပေါင်းတို့သည် ငိုကြွေး မြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကို စီးလျက် ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။” မဿဲ ၂၄း၃၀။

ကောင်းကင်က ပြန်ဆင်းသက်လာတဲ့အခါ “သခင်ဘုရားသည်ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း ဘုုရားသခင်၏ တန်ဘိုးတော်ကိုမှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးဆုံးထမြောက်ကြလိမ့်မည်။” ၁သက် ၄း၁၆။ ဘုရားသခင်၏ တန်ဘိုးဟာ ဣသရေလလူမျိုးတွေ သုံးလေ့ရှိတယ်။ ဘုရားသခင်ကြွမလာခင် ေ့ရှပြေးမှုတ်ရတာဖြစ်တယ်။ လူတွေနဲ့တွေ့ဖို့ ဘုရား ကြွလာတဲ့အခါ လျှပ်စီးလက်တယ်၊ မိုးချုန်းသံတွေလည်းဖြစ်တယ်။ ဒီအချိန်မှာ ဣသရေလလူတွေ အသံကြားတာနဲ့ သိပ်ကြောက်ကြတယ်။ ထွက် ၁၉း၁၆။ ဒီလိုတံပိုးမှုတ်တာကို ယေရိခေါမြို့ရိုးတွေ ဖြိုဖျက်ခါနီးမှာ မှုတ်ခဲ့ဖူးတယ်။ (ယောရှု ၆) မိဒျန်လူတွေကို အောင်မြင်တဲ့အခါ ဂိဒေါင်ရဲ့ တံပိုးလည်း မှုတ်ခဲ့ဖူးတယ်။ တရားသူကြီး ရ။

ခရစ်တော်ကြွလာတဲ့အခါ “ခရစ်တော်၌သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။” ၁သက် ၄း၁၆။ သူတို့က ခရစ်တော်၌ သေလွန်သူတွေ ဖြစ်တယ်။ ခရစ်တော်ရဲ့ လူတွေဖြစ်တယ်။ ခရစ်တော်ပိုင်တဲ့ သူတွေဖြစ်တယ်။ အငယ် ၁၇ မှာတော့ “ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ   အစဉ်မပြတ်နေရကြလိမ့်မည်။” ဒီလူတွေက ခရစ်တော်က သိထားတဲ့သူတွေဖြစ်တယ်။ သိုးသူငယ် မင်္ဂလာဆောင်ပွဲကိုဝင်ဖို့ မင်္ဂလာဆောင်အဝတ်ကို ဝတ်ဆင်ထားသူတွေဖြစ်တယ်။ ဗျာဒိတ် ၁၉းရ-၉၊ မဿဲ ၂၂း၁-၁၄။ ကောင်းကင်တက်တော့ ဘုရားလို တက်တယ်။ တရားစီရင်တော့ တရားသူကြီးလို စီရင်တယ်။ သေတဲ့သူ ရှင်တဲ့သူတွေကို စုဝေးစေတယ်။ သူနဲ့အတူ အမြဲနေဖို့ဖြစ်တယ်။ ခရစ်တော် ပြန်ကြွလာမယ် ဆိုတဲ့ အချက်ကို ကြည့်တဲ့အခါ သူဟာ ထာဝရဘုရားသခင်ဖြစ်တယ်ဆိုတာ ကျမ်းချက်အားဖြင့်အတည်ပြုနိုင်တယ်။

VI. Jesus’ Divine Attributes: သခင်ယေရှုရဲ့ ဘုရားဂုဏ်တော်များ


ခရစ်ဝင်ကျမ်းတွေက သခင်ယေရှုဟာ ထာဝရဘုရားသခင်ရဲ့ ဘုရားဂုဏ်တော်တွေကိုရရှိခဲ့တယ်လို့ ရှင်းရှင်းလင်းလင်း မကွယ်မဝှက် ဖေါ်ပြနေတယ်။

Omnipresent (present everywhere)  နေရာတိုင်းမှာရှိတယ်။
နေရာတိုင်းမှာရှိတယ်လို့ သခင်ယေရှုဆိုတယ်။ McDowell နဲ့ Larson တို့က ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိသလိုမျိုး နေရာတိုင်းမှာကူမနိုင်စွမ်း၊ ကယ်တင်နိုင်စွမ်း၊ ချစ်နိုင်စွမ်း၊ ကာကွယ်နိုင်စွမ်း လိုအပ်မှုတွေကို ဖြည့်ပေးနိုင်စွမ်း ရှိသလိုမျိုး ခရစ်တော်ဟာ နေရာတိုင်းမှာရှိတယ်လို့ ဓမ္မသစ်ကျမ်းက ဖေါ်ပြတယ်။ (McDowell and Larson 1983)

 ဆာလံ ၁၃၉းရ မှာ ထာဝရဘုရားအကြောင်းပြောတဲ့အခါ “ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ပြေးနိုင်ပါမည်နည်း။” ဒါက ထာဝရဘုရားဟာ ကောင်းကင်မှာရော မရဏာနိုင်ငံမှာပါ ရှိနေနိုင်တယ်။ ပယ်လယ် တဘက်စွန်းထိ ရှိနေနိုင်တယ်လို့ ဆိုတယ်။ ယောဟန် ၃း၁၃ မှာ “ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ ရှိနေသော လူသားမှတပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့မတက်ပြီ။” ဒါကြောင့် သခင်ယေရှုဟာ မြေကြီးပေါ်မှာရှိသလို ကောင်းကင်ဘုံမှာလည်း ရှိနိုင်တယ်။ မဿဲ ၁၈း၂၀ မှာ “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကို စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။” သခင်ယေရှုဟာ ကယ်တင်ခြင်း ရပြီးသူတိုင်းရဲ့ စိတ်နှလုံးထဲမှာ ကျိန်းဝပ်တယ်။ ၂ကော ၁၃း၅၊ ယောဟန် ၈း၅၈ မှာ “ငါအမှန််အကန်ဆိုသည်ကား၊ အာဗြံဟံ မဖြစ်မှီ ငါဖြစ်၏။” ဒီစကားက သူဟာ ဘုရားသခင်ရဲ့ ဘွဲ့နာမတော်ကို ယူသုံးတာဖြစ်တယ်။ အချိန်ကာလရဲ့ အပြင်ဘက်မှာကတည်းက သူရှိနေတယ်လို့ပြောတာဖြစ်တယ်။ ဒါကြောင့် သူဟာ ကိုယ်ခန္ဓာအားဖြင့် ကောင်းကင်ပေါ် မြေကြီးပေါ်မှာ နေရာတိုင်းမှာ ရှိနိုင်တယ်။ ဝိညာဉ်အားဖြင့် ကျွန်တော်တို့ရဲ့အလယ်မှာ အခု ရှိနိုင်သလို ကပ်ကာလအဆုံးထိလည်း ရှိနိုင်တယ်။

Omniscience (all-knowing)  အားလုံးသိတယ်။

ခရစ်တော်ဟာ ဘုရားသခင်ရဲ့ အလုံးစုံကိုသိတဲ့ဂုဏ်တော်ကိုလည်းရတယ်။ ဆာလံ ၁၃၉း၁ မှာ “ကိုယ်တော်သည် အကျွနု်ပ်ကိုစစ်ကြော၍ သိတော်မူ၏။ အကျွနု်ပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကိုသိတော်မူ၏။ အကျွနု်ပ် အကြံအစည်တို့ကို အဝေးကပင် သိတော်မူ၏။ အငယ် ၄ မှာ “အကျွနု်ပ်သည် စကားတခွန်းကိုမျှ မမြွက်သော်လည်း အိုထာဝရဘုရား ကိုယ်တော်သည် အကြွင်းမဲ့သိတော်မူ၏။” ဓမ္မရာဇဝင် တတိယစောင် ၈း၃၉ မှာလည်း “ကိုယ်တော်သာလျှင် လူအပေါင်းတို့၏စိတ်နှလုံးသဘောကို သိတော်မူသည်ဖြစ်၍ ဆုတောင်းသော သူတို့၏ စိတ်သဘောကိုသိလျက်” ဒါပေမယ့် သခင်ယေရှုဟာ လူအားလုံးကို သိသလို လူ့အထဲမှာ ဘာရှိလဲ ဆိုတာကိုသိတယ်။ ဒါက ဘုရားသခင်သာ သိနိုင်တဲ့ ဉာဏ်ဖြစ်တယ်။ (ယောဟန် ၂း၂၄၊၂၅) ယောဟန် ၂၁း၁၇ မှာ ပေတရုက “ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။” လို့ သခင်ယေရှုကို ပြောခဲ့ပါတယ်။    R. A. Torrey ထောက်ပြတာကတော့ (Torrey, 1898):

1.    သခင်ယေရှုဟာ လူတွေရဲ့လျှို့ဝှက်ဘဝတွေကိုသိတယ်။ ရေတွင်းမှာတွေ့တဲ့ ရှမာရိအမျိုးသမီး အကြောင်းကို သိတယ်။ ဘာမှဖွက်ထားလို့မရဘူး။ ယောဟန် ၄း ၁၆-၁၉
2.    လူတွေရဲ့လျှို့ဝှက်အတွေးတွေကို သိတယ်။ (မာကု ၂း၈) လုကာ ၅း၂၂ မှာ “ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင် သင်တို့စိတ်ထဲမှာ အဘယ်ကြောင့်ထင်မှတ်ကြသနည်း။ ဖာရိရှဲတွေနဲ့ ကျမ်းတတ်တွေရဲ့ စိတ်အတွေးတွေကိုသိတယ်။ လူအားလုံးကိုသိတယ်။ လူထဲက အရာကိုလည်း သိတော်မူတယ်။ ယောဟန် ၂း၂၄-၂၅။
3.    လူတွေ ဘာလုပ်နေလဲဆိုတာသိတယ်။ သူတို့နဲ့အတူ တနေရာတည်းမှာမရှိပေမယ့် သိတယ်။ ဥပမာ။ နာသနေလက သခင်ယေရှုကို ဘုရားသခင်ရဲ့သားတော်လို့ ခေါ်တယ်။ ဘာကြောင့်လဲ ဆိုတော့ နာသနေလဟာ မလိမ်တတ် မညာတတ်သူဖြစ်တယ်လို့ သခင်ယေရှုက ပြောတယ်။ (ယောဟန် ၁း၄၇-၄၉) အနားမှာ သခင်ယေရှုမရှိခဲ့ပဲနဲ့ နာသနေလဟာ သင်္ဘောသဖန်းပင် အောက်မှာ ရှိနေခဲ့တယ် ဆိုတာကိ ုမြင်တယ်။ ယောဟန် ၁း ၄၇-၄၉။ ဘယ်သူတွေ မယုံကြည်ဘူး ဆိုတာ သိတယ်။ ဘယ်သူက သစ္စာဖောက်မယ်ဆိုတာလည်း သိတယ်။
4.    အနာဂတ်ကိုလည်း ကြိုသိတယ်။ ယောဟန် ၁၆း၃၀ မှာ တပည့်တော်တွေက အလုံးစုံတို့ကို သိတော်မူသည်ကို၎င်း၊ ကိုယ်တော်သည် ဘုရားသခင် အထံတော်မှ ကြွလာတော်မူသည်ကို၎င်း ယုံပါသည်ဟု လျှောက်ကြ၏။” ယောဟန် ၁၃း၁၊ လုကာ ၅း၄-၆ ကိုလည်း ကြည့်ပါ။
5.    ပညာ ဉာဏ်ရတနာအားလုံးဟာ သခင်ယေရှု၌ ဖွက်ထားတာဖြစ်တယ်။ ကောလော ၂း၃။

သခင်ယေရှုဟာ အလုံးစုံကိုသိတဲ့ ဉာဏ်ရှိတဲ့အတွက် တပည့်တော်တွေကို အမှုတော် အစအဦး ကတည်းက ရှင်ပြန်ထမြောက်ပြီး နောက်ပိုင်းအထိ သိထားတယ်။ လုကာ ၅း၄-၁၀ မှာ ရှိမုန်ရဲ့လှေထဲကို ဝင်ခဲ့တယ်။ လှေရဲ့ ညာဘက်မှာ ပိုက်ကွန်ချဖို့ တောင်းဆိုတယ်။ အဲဒီမှာ “အလွန်များစွာသောငါးတို့ကို အုပ်မိသဖြင့်” လို့ တွေ့ရတယ်။ အဲဒီမှာ ပေတရုက ပြတ်ဝပ်ကိုးကွယ်လိုက်တယ်။ ယောဟန် ၂၁း၆ မှာတော့ “ရှင်ပြန်ထမြောက်ပြီးတဲ့အခါ တိဗေရိ ပယ်လယ်ကမ်းခြေမှာ တပည့်တော်တွေကို ပိုက်ကွန်ချခိုင်းပြန်တယ်။ အဲဒီအခါ အလွန်များပြားတဲ့ငါးတွေကို ထပ်မိပြန်တယ်။ ဒီအဖြစ်အပျက်နှစ်ခုလုံးမှာ တပည့်တော်တွေ တညလုံး ငါးဖမ်းပေမယ့် မအောင်မြင်ဘူး။ ဒါကို သခင်ယေရှုကသိတယ်။ သူတို့အကြောင်းလည်းသိတယ်။ နောက်တော်လိုက်မယ့် လူတွေအားလုံးရဲ့အကြောင်းကို သိတော်မူတယ်။

Omnipotence (all powerful)  တန်ခိုုးအလုံးစုံရှိတယ်။
  သခင်ယေရှုဟာ နေရာတိုင်းမှာရှိပြီး အားလုံးကို သိရုံသာမကဘူး တန်ခိုးအရာမှာလည်း အလုံးစုံ ကြွယ်ဝတယ်။ Walvoord က သခင်ယေရှုရဲ့ အနန္တတန်ခိုးတော်တွေဟာ တခြားဘုရားဂုဏ်တော်တွေလိုပဲ အရေးပါတယ်။ တခါတရံမှာ ကိုယ်ခန္ဓာက တန်ခိုးထွက်သလို သဘာဝ တရားအပေါ်မှာလည်း အာဏာရှိကြောင်း မကြာခဏ တွေ့ရတယ်။ (Walvoord, 1969, page 29) ဘုရားတန်ခိုးတော် အလုံးစုံရှိကြောင်းကို ထောက်ပြတဲ့ ကျမ်းချက်တွေကတော့

1.    အပြစ်ကို လွှတ်ပေးနိုင်စွမ်း တန်ခိုးရှိတယ်။ မဿဲ ၉း၆
2.    ကောင်းကင်ပေါ် မြေကြီးပေါ် တန်ခိုးအလုံးစုံကိုခံရတယ်။ မဿဲ ၂၈း၁၈
3.    သဘာဝတရား အပေါ်မှာတန်ခိုးရှိတယ်။ လုကာ ၈း၂၅
4.    သေခြင်းမှ ပြန်ရှင်စေနိုင်တဲ့ တန်ခိုးရှိတယ်။  လုကာ ရး ၁၄-၁၅၊ ၈း၅၄-၅၅၊ ယောဟန် ၁၁း ၄၃-၄၄၊ ၅း၂၅
5.    သူ့ရဲ့အသက်ကို သေရာမှ ပြန်ရှင်နိုင်စွမ်းရှိတယ်။ ယောဟန် ၁၀း၁၈၊ ၂း၁၉
6.    တခြားသူတွေကို ထာဝရအသက်ပေးနိုင်တဲ့တန်ခိုးရှိတယ်။ ယောဟန် ၁၀း၂၈၊ ၁၇း၂) ကိုယ်ခန္ဓာတွေကို ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။ ဖိလိပ္ပိ ၃း၂၁၊ ၁ကော ၁၅း၅၂-၅၇
7.    ကိုယ်ခန္ဓာကိုကျန်းမာစေနိုင်သလို နတ်ဆိုးတွေကိုနှင်ထုတ်နိုင်တယ်။ မာကု ၁း၂၉-၃၄
8.    ကိုယ်ခန္ဓာကိုပြောင်းလဲပေးနိုင်စွမ်း တန်ခိုးရှိတယ်။ ဖိလိပ္ပိ ၃း၂၁
9.    နတ်ဆိုးတွေအပေါ်မှာ အောင်မြင်နိုင်တဲ့တန်ခိုးရှိတယ်။ မဿဲ ၈း၁၆၊ လုကာ ၄း၃၃-၃၆၊ ၈း၃၀-၃၃

သခင်ယေရှုက ဒီတန်ခိုးတွေအားလုံး သူ့မှာရှိကြောင်းပြောတယ်။ မဿဲ ၂၈း၁၈မှာ “ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း စီရင်ပိုင်သောအခွင့်ရှိသမျှတို့ကို ငါခံရပြီ။” သူ့ကိုယ်ပိုင်တန်ခိုးလို့ ဆိုတယ်။ သူ့တန်ခိုးအကြောင်း ပြောတဲ့အခါ “I”, “me”, “my” ငါ့ကို ငါ၏ လို့သုံးထားတယ်။ ဥပမာ လုကာ ၁၀း၁၉ မှာ “သင်တို့သည် မြွေ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင် ရန်သူတို့ကိုနိုင်ရသောအခွင့်ကို ငါပေး၏။” သူ့နာမအားဖြင့် နတ်ဆိုးတွေကို နှင်ထုတ်နိုင်တဲ့အတွက် တပည့်တော်တော်တွေဝမ်းသာကြတယ်။ တပည့်တော်တွေကို သူက တန်ခိုး ပေးလိုက်တာဖြစ်တယ်။ ယောဟန် ၁၀း၉ မှာ “ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့် ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကိုတွေ့ရလိမ့်မည်။” ဒါက သူဟာ ကယ်တင်ခြင်းအတွက် key သော့ချက်ဖြစ်တယ်လို့ ပြောတာဖြစ်တယ်။ ကယ်တင်ခြင်းရဖို့ အဓိကအချက်ဟာ သူပဲလို့ပြောတာဖြစ်တယ်။ ဟေရှာယ ၄၃း၁၁၊ ၄၅း၂၂။ သူ့အားဖြင့်သာရတယ်။ ခမည်းတော်ကဖေါ်ပြတဲ့သူကိုသာ သူရွေးကောက်တာဖြစ်တယ်။ လုကာ ၁၀း၂၂။ သူ့အားဖြင့်သာ ဘုရားကိုသိနိုင်တယ်။ မာကု ၁၆း၁၇-၁၈ မှာ တပည့်တော်တွေကို လောကီနိုင်ငံအရပ်ရပ်သို့ စေလွှတ်တယ်။ တန်ခိုးတွေပေးတယ်။ “သူ့နာမ” ဆိုတဲ့စကားကိုသုံးစွဲခွင့်ပြုတယ်။ လုကာထဲမှာ သခင်ယေရှုက “ခရစ်တော်၏အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။” လို့ အခွင့်ပေးထားတယ်။ လုကာ ၂၄း၄၇။

 Pre-Existent/Eternal ရှေးမဆွမှီကပင်ရှိခြင်း ထာဝရရှိခြင်း
ဘုရားသခင်က ကမ္ဘာမတည်မှီကတည်းကရှိတယ်။ ယေရှုခရစ်တော်လည်း ဒီလိုပါပဲ။ ဆာလံ ၉၀း၂ မှာ ဘုရားသခင်ဟာ ဖန်ဆင်းခြင်းမတိုင်ခင်ကတည်းက ရှိတယ်လို့ဆိုတယ်။ ကမ္ဘာဦး ၁း၁ မှာတော့ “ဘုရားသခင်ဟာ အစအဦး၌ ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။” လို့ဆိုတယ်။ သူတ္တံ ၈း၂၃ မှာ “မြေကြီးမဖြစ်မှီ ရှေးဦးစွာသောကာလ၊ အနန္တကာလမှစ၍ ငါသည်ဘိသိက်ခံပြီ။” ယောဟန် ၁၇း၅ မှာတော့ သခင်ယေရှုက “ဤကမ္ဘာမတည်မရှိမှီကတည်းက ရှိတယ်လို့ဆိုတယ်။” သခင်ယေရှုအကြောင်းကို ယောဟန် ၁း၁ မှာ နှုတ်ကပတ်တော်အဖြစ် “အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။” လို့ဆိုတယ်။ ကောလောသဲ ၁း၁၇ မှာ “သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။” ဒါကြောင့် ခရစ်တော်ဟာ ဘုရားသခင်ကဲ့သို့ ကမ္ဘာမတည်မရှိမှီကတည်းကရှိနေတယ်။

ခရစ်တော်ဟာ ထာဝရကာလတလျှောက်လုံး ဘုရားသခင်ဖြစ်တယ်။ တရားဟော ၃၃း၂၇။  “Elohim” ရှေးဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာဖြစ်၍” လို့တွေ့ရတယ်။ ဟေရှာယ ၄၀း၂၈ မှာ “ထာဝရဘုရားသည် အစဉ်အမြဲတည်သော ဘုရားဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင်အောင်ဖန်ဆင်းသော ဘုရားဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း ပင်ပန်းတော်မူခြင်းမရှိ စစ်၍မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း သင်သည် မသိမကြားဖူးသလော။” ဒီအကြောင်းဟာ “Jehovah” ထာဝရဘုရားကိုရည်ညွှန်းတယ်။ “everlasting” ဆိုတဲ့ စကားအတွက် ဟီးဘရူးအသုံးက “owlam” ဖြစ်တယ်။ ထာဝရဆက်တိုက်တည်တယ်လို့ ဆိုလိုတယ်။ ကမ္ဘာဦး ၂၁း၃၃ မှာ ထာဝရဘုရားသခင်ကို “the everlasting God” ထာဝရအရှင်ဘုရားသခင်” လို့သုံးတယ်။ ဆာလံ ၉၀း၂ မှာတော့ “ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် ဘုရားသခင် ဖြစ်တော်မူ၏”

ထိုနည်းတူ သခင်ယေရှုဟာလည်း ထာဝရတည်တယ်။ ယေရှာယ ၉း၆ မှာ “အကြောင်းမူကား ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ သူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။” ဒီကျမ်းပိုဒ်မှာ သခင်ယေရှုကို “ထာဝရအဖ” လို့ဆိုတယ်။ နောက် ပရောဖက်ပြုချက်တချက်ဖြစ်တဲ့ မိက္ခာ ၅း၂ မှာ မေရှိယဖွားမြင်မယ့် ဇာတိဗက်လင်မြို့အကြောင်းကိုပြောတယ်။ ခရစ်တော်ကို “ထိုသခင်သည် ရှေးကဒ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏။” လို့ဆိုတယ်။ ယောဟန် ၁၇း၂၄ မှာ ထာဝရသားတော်အတွက် ဘုရားသခင်ရဲ့ ထာဝရချစ်ခြင်းမေတ္တာအကြောင်း ပြောထားတယ်။ “အိုအဖ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွနု်ပ်ကိုချစ်၍” ဟေဗြဲဩဝါဒစာမှာလည်း သခင်ယေရှုက “ယေရှုခရစ်သည် မနေ့ ယနေ့ နောင်ကာလအစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။ ဟေဗြဲ ၁၃း၈။ နောက်ဆုံး ဗျာဒိတ် ၁း၈မှာ ထာဝရဘုရားသခင်ကို “kurios” လို့ သုံးထားတယ်။ “ငါသည် အာလဖဖြစ်၏။ ဩမေဂလည်းဖြစ်၏။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန် အတိတ် အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။” ဗျာဒိတ် ၁း၁၁မှာ သားတော်ကို “Alpha and Omega” လို့ နာမည်ပေးထားတယ်။ “အဦးဆုံးသူနဲ့ နောက်ဆုံးသူ” လို့ ဆိုလိုတယ်။ နောက် ဗျာဒိတ် ၁း၁၈မှာ လူသားတော်နဲ့ တူတဲ့သူ လို့ဖေါ်ပြထားတယ်။ သခင်ယေရှုက “ငါသည် အဦးဆုံးသောသူ နောက်ဆုံးသောသူဖြစ်၏။ အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက် အသက်နှင့်ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း အစိုးရ၏။” ဒါကြောင့် သခင်ယေရှုဟာ ထာဝရဘုရားသခင်လိုပဲ ထာဝရတည်တော်မူတာဖြစ်တယ်။”

Immutable (unchangeable )  မပြောင်းလဲနိုင်သော
သခင်ယေရှုက ဘုရားသခင်လိုပဲ မပြောင်းလဲနိုင်တဲ့သဘောရှိတယ်။ မာလခိ ၃း၆ မှာ “ငါသည် ထာဝရဘုရား ဖြစ်၏။ ပြောင်းလဲခြင်းမရှိ၊ ထိုကြောင့် ယာကုပ်အမျိုးသားတို့ သင်တို့သည်ယုံခြင်းသို့မရောက်ကြ။ ယာကုပ် ၁း၁၇ မှာတော့ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏အဘထံတော်ကသက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှလာကြ၏။ ထိုအဖသည် ေ့ရွလျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့်ကင်းလွတ်တော်မူပြီ။” ဘုရားသခင်က ပြောင်းလဲခြင်းမရှိဘူး။ ယောဘ ၂၃း၁၃ မှာ “သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည်နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။ သခင်ယေရှုဟာ ဘုရားသခင်လိုပဲ ပြောင်းလဲခြင်းကင်းသူဖြစ်တယ်။“ယေရှုခရစ်သည် မနေ့ ယနေ့ နောင်ကာလ မပြောင်းလဲပဲနေတော်မူ၏” ဟေဗြဲ ၁၃း၈။ မပြောင်းလဲခြင်းဟာ ဘုရားသခင်ရဲ့ဂုဏ်တော်တပါးဖြစ်တယ်။ ယေရှု ခရစ်တော်ဟာလည်း ကျွန်တော်တို့နဲ့ အတူရှိပြီး မပြောင်းလဲတဲ့ ဂုဏ်တော်ကိုပိုင်ဆိုင်တယ်။

Object of Honor and Worship  ဂုဏ်ပြုခံ ကိုးကွယ်ခံထိုက်သူ
ခရစ်တော်ဟာ ဘုရားသခင်လိုပဲ ဂုဏ်ပြုခံ ကိုးကွယ်ခံထိုက်သူဖြစ်တယ်။ ပထမဦးဆုံးသောပညတ်တော်မှာ ငါမှတပါး အခြားသောဘုရားမကိုးကွယ်ရ။ ထွက် ၂၀း၃။ ရုပ်တုဆင်းတုလည်းမလုပ်ရ ဦးမချရ၊ ဝတ်မပြုရဘူး။ ထာဝရဘုရားဟာ တပါးတည်းသောဘုရားဖြစ်တယ်။ တရားဟော ၆း၄၊ မဿဲ ၁၂း၂၉။ မဿဲ ၄း၁၀ မှာ “ယေရှုကလည်း အချင်းစတန် ငါ့နောက်သို့ဆုတ်လော့ သင်၏ဘုရားသခင် ထာဝရဘုရားကိုကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ဟု ကျမ်းစာလာသည်။” ထွက် ၃၄း၁၄ မှာ အခြားသောဘုရားကို သင်သည် မကိုးကွယ်ရ။ အပြစ်ရှိသည်ဟု ယုံလွယ်သောထာဝရဘုရားသခင်ဖြစ်တော်မူ၏။” ဗျာဒိတ် ၂၂း၉ မှာ ယောဟန်ဟာ ကောင်းကင်တမန်ရဲ့ခြေရင်းမှာ လဲကျသွားတယ်။ ဝတ်ပြုကိုးကွယ်လိုက်တယ်။ ကောင်းကင်တမန်က “မပြုပါနှင့်၊ ငါကား သင်နှင့်လုပ်ဘော်ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင် ဤဂတိစာစောင်စကားကို စောင့်ရှောက်သော သူတို့နှင့် လုပ်ဘော်ဆောင်ဖက်လည်းဖြစ်၏။ ဘုရားသခင်ကိုကိုးကွယ်လော့။ တမန်တော် ၁၀း ၂၆ မှာ ကောနေလိက လဲကျပြီးပြတ်ဝပ်ကိုးကွယ်ဖို့လုပ်တဲ့အခါ ပေတရုက သူ့ကိုမတ်တပ်ရပ်စေပြီး “ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။” ဘုရားသခင်တပါးတည်းသာလျှင် ဝတ်ပြုကိုးကွယ်ခံထိုက်သူဖြစ်တယ်။ ဒါပေမယ့် Robinson က ရှင်းပြတာရှိတယ်။ ရှင်ပေါလုဟာ သခင်ယေရှုထံ ၂၅ ကြိမ်ဆုတောင်းတယ်။ (Robinson 1949, page 134) ဟေဗြဲ ၁း၆ မှာ “တနည်းကား သားဦးကို ဤလောကသို့သွင်းတော်မူသောအခါ ထာဝရဘုရား၏ ကောင်းကင်တမန် အပေါင်းတို့သည် ထိုသူကိုပြတ်ဝပ်ကြစေဟု လာသတည်း။” ဒီကျမ်းပိုဒ်မှာ ပြောနေတဲ့သူက ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်တယ်။ ကောင်းကင်တမန်တွေက ခရစ်တော်ကိုပြတ်ဝပ်ကိုးကွယ်ဖို့ ညွှန်ကြားတာဖြစ်တယ်။ လူတွေကလည်း ယေရှုခရစ်တော်ကို ပြတ်ဝပ်ကိုးကွယ်ကြတယ်။ မဿဲ ၂း၁၁ မှာ အေ့ရှပြည်က ပညာရှိတွေဟာ ခရစ်တော်သူငယ်ကို ပြတ်ဝပ်ကိုးကွယ်ကြတယ်။ မဿဲ ၈း၂ မှာ နူနာစွဲသူဟာ သခင်ယေရှုကို ပြတ်ဝပ် ကိုးကွယ်တယ်။ ယောဟန် ၉း၃၈ မှာ မျက်စိမမြင်တဲ့သူက မျကိစိမြင်ပြီးနောက် သခင်ယေရှုကို ပြတ်ဝပ် ကိုးကွယ်တယ်။ မာကု ၅း၆ မှာ မာရ်နတ်စွဲသူဟာ သခင်ယေရှုကိုပြတ်ဝပ်ကိုးကွယ်တယ်။ ဗျာဒိတ် ၅း၁၂ မှာ ကောင်းကင်တမန်ဟာ သိုးသူငယ်ယေရှုကို ဝတ်ပြုကိုးကွယ်ခံထိုက်သူအဖြစ် ပြောကြတယ်။ “ထိုသူတို့ကလည်း အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသူငယ်သည် တန်ခိုး စည်းစိမ် ပညာအစွမ်းသတ္တိ ဂုဏ်အသရေဘုန်းအာနုဘော် ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူသည်ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။”

ကျမ်းစာက ရှင်းပါတယ်။ သခင်ယေရှုဟာ ဝတ်ပြုကိုးကွယ်ခြင်းကိုခံထိုက်တယ်။ ဘုရားသခင်နဲ့ဆိုင်တဲ့ ဘွဲ့နာမတော်တွေကို ခံထိုက်တယ်။ ရောမ ၁၄း၁၁ မှာ “ကျမ်းစာလာသည်ကား ငါသည် အသက်ရှင်တော်မူသည် ဖြစ်၍ ငါ့ေ့ရှ၌ဒူးထောက်ရမည်။ ဘုရားသခင်ေ့ရှ၌ လူတိုင်း မိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။” း၃-၈ မှာတော့ “Lord” နဲ့ “God” ကို သခင်ဘုရားနဲ့ ဘုရားသခင်ကို အလဲအလှယ်သုံးထားပါတယ်။ ရော မ ၁၄း၁၁ ဟာ ဟေရှာယ ၄၅း၂၃ နဲ့ကျမ်းပြိုင်တခုဖြစ်ပါတယ်။  ဟေရှာယ ၄၅း၂၁ မှာ (Jehovah)ထာဝရဘုရားနဲ့ (Elohim) ဘုရားသခင်ကို အလဲအလှယ်သုံးထားတယ်။ ဒီလိုပဲ  ရောမ ၁၄ မှာလည်း အလဲအလှယ်သုံးထားတယ်။ ဘုရားသခင်ဟာ သခင်ဘုရားဖြစ်သလို သခင်ဘုရားဟာလည်း ဘုရားသခင်ဖြစ်တယ်။ ဒီကျမ်းပိုဒ်တွေဟာ ငါမှတပါး အခြားမရှိ ဆိုတဲ့စကားနဲ့ အဆုံးသတ်ထားတယ်။ အငယ်၂၂ မှာ “မြေကြီးသားအပေါင်းတို့ ငါ့ကိုမြော်ကြည့်၍ ကယ်တင်ခြင်း ကျေးဇူးကိုခံကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသောဘုရားမရှိ။” တမန် ၄း၁၂ ကိုလည်းကြည့်ပါ။ ဟေရှာယ ၄၅ မှာ ဘုရားသခင်နဲ့ ဘုရားသခင်တပါးတည်းကိုသာ ဝတ်ပြုရမယ်ဆိုတာရှင်းပါတယ်။ ဒီနာမည်ကို သခင်ဘုရားအတွက်လည်း သုံးထားတယ်။  ရောမ ၁၄း၁၁ မှာ “ငါအသက်ရှင်တော်မူသည်ဖြစ်၍” လို့ရေးထားတယ်။ ဒီစကားက ဓမ္မဟောင်းကျမ်းမှာ ဘုရားသခင်က ကိစ္စတခုကိုဆုံးဖြတ်တဲ့အခါတိုင်းမှာ သုံးစွဲလေ့ ရှိတဲ့စကားဖြစ်တယ်။ အလေးအနက်ပြောခြင်တဲ့အခါတိုင်းမှာ သုံးတယ်။ ဟေရှာယ ၄၉း၁၈၊ ယေရမိ ၂၂း၂၄ ကို ကြည့်ပါ။ ယေဇကျေလထဲမှာ ၁၆ ခါ တွေ့ရတယ်။ ပထမတကြိမ်က ယေဇကျေလ ၅း၁၁ မှာ “the Lord God” အရှင်ထာဝရဘုရား” လို့နာမကိုပေါင်းသုံးထားတယ်။  ရောမ ၁၄း၁၁ မှာ “ငါ့ေ့ရှ၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်ကို လူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်။” လို့တွေ့ရတယ်။ ဓမ္မဟောင်းမှာ ဒီနာမ နှစ်ခုလုံးကိုသုံးထားတယ်။

ခရစ်တော်ရဲ့ဘုရားဇာတိကို ထပ်မံအတည်ပြုတဲ့ နောက်ကျမ်းချက်ကတော့ ဖိလိပ္ပိ ၂း၁၀ ဖြစ်တယ်။ “အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသောသတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောက်၍ ယေရှုခရစ်သည် သခင်ဖြစ်တော်မူသည်ဟု နှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ ဂုဏ်အသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။” တနည်းဆိုရရင် အခုရှိတဲ့အရာအားလုံးဟာ သခင်ယေရှုေ့ရှမှာဒူးထောက်ပြီး နှုတ်နဲ့ဝန်ခံရမယ်လို့ ဘုရားသခင်အမိန့်ပေးတာဖြစ်တယ်။ ဒီအသုံးအနှုန်းကို ရောမ ၁၄ နဲ့ ဟေရှာယ ၄၆ မှာလည်းတွေ့ရတယ်။ ဟေရှာယမှာဆိုရင် ဘုရားသခင်နဲ့ ဘုရားသခင်တပါးတည်းကိုသာ သုံးနှုန်းထားတာတွေ့ရတယ်။ ဒါကို ဖိလိပ္ပိထဲမှာလည်း တွေ့ရတယ်။ ဖိလိပ္ပိ ၂ ထဲမှာ ဘုရားသခင်က ဖန်ဆင်းထားတဲ့အရာအားလုံး သခင်ယေရှုကို ကိုးကွယ်ဖို့၊ သခင်ယေရှုသာ သခင်ဖြစ်ကြောင်းကို အမိန့်ပေးထားတယ်။ ဒီအသုံးကို ရောမနဲ့ ဟေရှာယထဲမှာ ထာယရအရှင်ဘုရားသခင်အတွက် သုံးထားတယ်။ ဒါက သခင်ယေရှုခရစ်ဟာ ဘုရားဖြစ်ကြောင်း မငြင်းနိုင်တဲ့ အချက်ဖြစ်တယ်။ ဂရိလိုအသုံးအနှုန်း “Lord” ကို ဖိလိပ္ပိ ၂း၁၀ ထဲမှာ  “kurios” လို့သုံးထားတာတွေ့ရတယ်။ ဒီအသုံးအနှုန်းဟာ ရောမ ၁၄ ထဲမှာ ထာဝရအရှင်ဘုရားသခင်အတွက် ခဏခဏ သုံးထားတာတွေ့ရတယ်။

သခင်ယေရှုကလည်း သူ့ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေကို သတိပေးတာ ဆုံးမတာမျိုး ဘယ်တော့မှမလုပ်ဘူး။ တပည့်တော်တွေက သူ့ကိုဝတ်ပြုကိုးကွယ်ကြတယ်။ ခရစ်တော်ရှင်ပြန်ထမြောက်တာကို တွေ့တဲ့အခါ မဿဲ ၂၈း၁၇ မှာ သူတို့ပြတ်ဝပ်ကိုးကွယ်ကြတယ်။ တခါ လုကာ ၂၄း၅၂ မှာ “ကိုယ်တော်ကို ပြတ်ဝပ်ကိုးကွယ်ပြီးမှ” လို့တွေ့ရတယ်။ Warfield ထောက်ပြတာက “ခရစ်ယာန်ဘာသာဆိုတာ ခရစ်တော်ကို အထွဋ်အမြတ်ထား ကိုးကွယ်တာဖြစ်တယ်။” (Warfield, 1929, page 372)

Forgives Sin  အပြစ်ခွင့်လွှတ်ပေးတယ်။

ကျမ်းစာအရ ခရစ်တော်ကအပြစ်လွှတ်သလို ဘုရားသခင်ကအပြစ်လွှတ်တယ်။ ဟေရှာယ ၅၅းရ မှာ “ဆိုးသောသူသည် မိမိလမ်းကို၎င်း၊ မတရားသောသူသည် မိမိအကြံတို့ကို၎င်းစွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင်အထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်။”

ယေရမိ ၃၁း၃၄ မှာ “ထိုသူတို့က ထာဝရဘုရားကိုသိလော့ဟု အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူ တိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့ဒုစရိုက်အပြစ်များကို သည်းခံမည်။ သူတို့ပြုသောဒုစရိုက်အပြစ်များကို မအောက်မေ့ဘဲနေမည်။”

ရာဇဝင်ချုပ်ဒုတိယစောင်  ရး၁၄  “ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့် ငါ့မျက်နှာကို ရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကိုလွှဲရှောင်လျှင်၊ ငါသည်ကောင်းကင်ဘုံ၌နားထောင်မည်။ သူတို့ အပြစ်ကို ဖြေ၍ သူတို့မြေကိုချမ်းသာပေးမည်။

Tertullian ဆိုတဲ့ ရှေးခရစ်ယာန်စာရေးဆရာတယောက်က AD 215 မှာပြောခဲ့ဖူးတယ်။ ဘုရားသခင်တပါးတည်းသာ အပြစ်ကင်းတယ်။ အပြစ်ကင်းတဲ့လူဆိုတာလည်း ခရစ်တော်ပဲရှိတယ်။ ဒါကြောင့် ခရစ်တော်ဟာ ဘုရားဖြစ်တယ်။ အပြစ်ကင်းတဲ့သူကသာ အပြစ်ခွင့်လွှတ်ပေးနိုင်တယ်။ ၂ကော ၅း၂၁။ ယေရှုခရစ်က ဘုရားသခင်အပြစ်ခွင့်လွှတ်သလို ခွင့်လွှတ်ပေးလိမ့်မယ်။ အမိုးပေါ်ကဖောက်ပြီးချတဲ့လူနာကို သခင်ယေရှုက ရောဂါပျောက်ကင်းစေတဲ့အခါ လုကာ ၅း၂၀ မှာ “သင့်အပြစ်ကိုလွှတ်ပြီ” လို့ဆိုတယ်။ ဒီအခိန်မှာ ဖာရိရှဲနဲ့ ဇဒ္ဒုကဲတွေက “ဘုရားကို လွန်ကျူး၍ပြောသောသူကား အဘယ်သူနည်း။ ဘုရားသခင်မှတပါး အဘယ်သူသည် အပြစ်ကိုလွှတ်နိုင်သနည်း။” လို့ပြောလာကြတယ်။ လုကာ ၅း၂၁၊ မာကု ၂းရ ကိုလည်း ကြည့်ပါ။)

မဿဲ ၉း၆ မှာ သခင်ယေရှုက “လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့၊ ကိုယ်အိပ်ရာကိုဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု လက်ခြေသေသောသူအားမိန့်တော်မူ၏။” သခင်ယေရှုက “ခရစ်တော်၏အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။ လုကာ ၂၄း၄၇. ရှိမုန်အိမ်မှာ သခင်ယေရှုက မကောင်းတဲ့ အမျိုးသမီးကို ပြောတဲ့အခါ “သင်သည် အပြစ်တို့နှင့်လွတ်လေပြီ။” လုကာ ရး၄၈။ ကောလောသဲ ၂း၁၃ မှာ ရှင်ပေါလုက သခင်ယေရှု အကြောင်း ပြောတဲ့အခါ “ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းမခံသောအဖြစ်၌၎င်း သေလျက်ရှိနေသာသင်တို့ကို ခရစ်တော်နှင့်အတူအသက်ရှင်စေ၍ သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။” ကျမ်းစာချက်အရ ဘုရားသခင်တပါးတည်းသာ အပြစ်လွှတ်နိုင်တယ်။ ဘုရားသခင်လိုပဲ သခင်ယေရှုမှာ အပြစ်လွှတ်နိုင်တဲ့ တန်ခိုးရှိတာ တွေ့ရတယ်။

Jesus has the Keys to Heaven and Hell   သခင်ယေရှုမှာ ကောင်းကင်နဲ့မရဏာအတွက် သော့ရှိတယ်။


ငရဲကိုချနိုင်တဲ့တန်ခိုးဆိုတာ ဘုရားသခင်နဲ့ ဘုရားလူဖြစ်တဲ့သခင်ယေရှုမှာပဲ အခွင့်ရှိတယ်။ မဿဲ ၁၀း၂၈ မှာ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကြလော့။” ငရဲချနိုင်တဲ့အခွင့်ရှိလို့ ဘုရားကိုကြောက်ရတယ်။ ဆာလံ ၉း၁၇ မှာ “မတရားသောသူနှင့် ဘုရားသခင်ကိုမေ့လျော့သောတပါးအမျိုးသားတို့သည် မရဏာနိုင်ငံသို့ နှင်ချခြင်းကို ခံရကြလိမ့်မည်။” ယေဇကျေလ ၃၁း၁၆ မှာ “မြေတွင်းထဲသို့ အတူဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏာနိုင်ငံ အောက်သို့ ငါနှိမ့်ချသောအခါ နှိမ့်ချသံအားဖြင့် လူအမျိုးမျိုးတို့ကိုငါတုန်လှုပ်စေ၏။ ဧဒင်သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး အမြတ်ဆုံးလေဗနုန်သစ်ပင်မှစ၍ ရေကိုသောက်သမျှသောသစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ရောက်ကြ၏။” ခရစ်တော်မှာလည်း ကောင်းကင်နဲ့ငရဲအတွက် သော့ရှိတယ်။ ဗျာဒိတ် ၁း၁၈။ မဿဲ ၂၅း ၃၁-၄၆ မှာ “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံတို့နှင့် ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ေ့ရှတော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားဆီခွဲထားသကဲ့သို့ လူအပေါင်းတို့ကိုအသီးအခြားခွဲ၍၊ ကျိန်ခြင်းကိုခံရသောသူတို့ မာရ်နတ်နှင့် သူ၏တမန်တို့အဘို့ပြင်ဆင်သောမီးထဲသို့ ငါ့ထံမှခွါသွားကြလော့။” ဆိုးညစ်တဲ့သူတွေကို ထာဝရအပြစ်ပေးတာတွေ့ရတယ်။ ဒီကျမ်းချက်ကို မဿဲ ရး၂၁-၂၃ နဲ့ နှိုင်းယှဉ်ကြည့်ပါ။ “ထိုနေ့၌ကား သခင်၊ သခင်၊ ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော့အခွင့်နှင့် နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော့အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လော့ဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။” “ထိုသို့လျှောက်ကြသောအခါ သူတို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကို ပြုသောသူတို့ ငါ့ထံမှဖယ်ကြဟု အတည့်အလင်း ငါပြောမည်။” ဒါက ဘုရားသခင်နဲ့ ခွဲခွါခြင်းအဖြစ် မပြောင်းလဲတဲ့လူတယောက်ရဲ့နိဂုံးမှာ ထာဝရအပြစ်ဒဏ်ခံရင်း ခရစ်တော်နဲ့ခွဲရတာကို ပြောတာပါ။

နောက်ဆုံး ခရစ်တော်ကြွလာတဲ့အခါ “မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ” လို့ ဆိုတယ်။ မပြောင်းလဲတဲ့လူဟာ မာရ်နတ်အတွက်ထားတဲ့မရဏာကို ချခံရမယ်။ ဒီလူတွေက “ဘုရားသခင်ကိုမသိသောသူ သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတွေဖြစ်တယ်။” ၂သက် ၁း၈-၉။ ဗျာဒိတ် ၂၁း၂၇ မှာ “သိုးသူငယ်၏အသက်စာစောင်၌ စာရင်းမဝင်သောသူ” သခင်ယေရှုရဲ့အသက်စာစောင်ထဲမှာပါမှ ကောင်းကင်ဝင်ခွင့်ရမယ်။ မဟုတ်ရင် မီးငရဲအိုင်မှာပစ်ချခံရမယ်။ ဗျာဒိတ် ၂၀း၁၅။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ကို မသိတော့ ကောင်းကင်နဲ့ငရဲရဲ့ သော့ကိုပိုင်တဲ့ ဘုရားသားတော်ရဲ့အမျက်ကို ရိတ်သိမ်းကြရတယ်။

Salvation and Eternal Life through Jesus  သခင်ယေရှုအားဖြင့်ရတဲ့ ကယ်တင်ခြင်းနဲ့ထာဝရအသက်

သခင်ယရှေုဟာ သူ့ကိုသူ ကယ်တင်ခြင်းနဲ့ ထာဝရအသက်ပေးပိုင်ခွင့်ရှိသူအဖြစ်ပြောတယ်။ ဒါက ဘုရားသခင်တပါးတည်းသာ လုပ်နိုင်တယ်။ လူသာမန်မလုပ်နိုင်ဘူး။ ဒီအခွင့်ကို ဘုရားသခင် တပါးတည်းသာ ရတဲ့အတွက် ဓမ္မဟောင်းကျမ်းထဲမှာ ဖေါ်ပြထားတယ်။ လူသာမန်က ဒီလိုအခွင့်ရှိတယ်ဆိုရင် ဒါက မဖြစ်နိုင်တဲ့အရ ာဖြစ်တယ်။ ဟေရှာယ ၄၅း၂၂ မှာ “မြေကြီးစွန်းသားအပေါင်းတို့ ငါ့ကိုမြော်ကြည့်၍ ကယ်တင်ခြင်း ကျေးဇူးကို ခံကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။” တမန်တော် ၂း၂၁ မှာ “ထိုအခါ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။ ဘုရား ဗျာဒိတ်တော်ရှိ၏။” ဒီကျမ်းချက်နဲ့အပြိုင် ယောလ ၂း၃၂ မှာ “ထိုအခါ ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။” ဒီအခါမှာ ထာဝရဘုရား “Lord” “Jehovah” ကို “Lord” လို့ ဘာသာပြန်ထားတယ်။ ဒါပေမယ့် ကျမ်းစာက ယေရှုခရစ်ဟာ ထာဝရအသက်ပေးပိုင်တယ်လို့ဆိုတယ်။ တမန်တော် ၄း၁၂ မှာ ပေတရုက အုပ်စိုးသူတွေ၊ အသက်ကြီးသူတွေ၊ ကျမ်းတတ်တွေကို တရားဟောတယ်။ သခင်ယေရှုအကြောင်းပြောရာမှာ “ထိုသခင်၏နာမတော်မှတပါး ငါတိုကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် မြေကြီးအောက်လူတို့တွင် မပေါ်မရှိ။ တမန်တော် ၁၆း၃၁မှာ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။” ရောမ ၁း၁၆ မှာ ရှင်ပေါလုက သခင်ခရစ်တော်ရဲ့ ဧဝံဂေလိတရားဟာ “ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်” လို့ဆိုတယ်။ ယောဟန် ၃း၃၆ မှာ သားတော်ကိုယုံရင် ထာဝရအသက် ရတယ်လို့ဆိုတယ်။ ခရစ်တော်ဆိုတာ ကယ်တင်ခြင်း ရစေတဲ့ နာမဖြစ်တယ်။ ထာဝရအသက် ပေးပိုင်တယ်။ ထာဝရဘုရားသခင်ပိုင်တဲ့ ဂုဏ်တော်ကို ရရှိသူဖြစ်တယ်။

VII. Consensus within the Early Church on the Deity of Christ ခရစ်တော်ဘုရားဖြစ်ကြောင်း   ကနဦးအသင်းတော်များ သဘောတူညီချက်

ကနဦးအသင်းတော်များအတွင်းမှာ ခရစ်တော်ဘုရားဖြစ်ကြောင်းဆိုတာ ငြင်းခုန်စရာ လုံးဝမရှိတဲ့ အချက် ဖြစ်တယ်။ ထင်ရှားတဲ့ဓမ္မပညာရှင် William Childs Robinsonက ကနဦးအသင်းတော်ဟာ ခရစ်တော်ကို ဘုရားဇာတိ ခံသူအဖြစ် ယုံကြည်လက်ခံကြတယ်။ ခရစ်ယာန်ဘာသာဟာ ယေရှုခရစ်တော်ကို ကိုးကွယ် ဝတ်ပြုတဲ့ အပေါ်မှာ အခြေခံ တည်ဆောက်ထားတာဖြစ်တယ်။

အခုစာအုပ်ကိုပြုစုရန်အစပိုင်းမှာ orthodox creeds ရှေးဦးခရစ်ယာန်ယုံကြည်ချက်များ ဝန်ခံချက်များ confessions နဲ့ catechisms ဆိုတဲ့ အသင်းတော်မူဝါဒတွေကိုလေ့လာခဲ့တယ်။ ခရစ်ယာန်ခံယူချက်နဲ့ပတ်သက်တဲ့ ကနဦးအသင်းတော်ရဲ့ခံယူချက်ကို ဒီနေ့ခေတ်နဲ့လည်း ဆက်စပ်နိုင်ဖို့လေ့လာခဲ့တယ်။ ခရစ်ယာန်တရားမှာ အခြေခံဩဝါဒ အဓိကတခုက ခရစ်တော်ရဲ့ဘုရားဇာတိဟာ ဘယ်လိုမှငြင်းလို့မရနိုင်တဲ့ အချက်ဖြစ်တယ်။ အသင်းတော်ခံယူချက်များစွာဟာ ဩဝါဒမှားယွင်းတာတွေကို တုံ့ပြန်ခဲ့ကြတာဖြစ်တယ်။ ဥပမာအားဖြင့် (AD 320) လောက်မှာ Arianism ဆိုတဲ့ အယူလွဲမှားမှုတခုပေါ်လာတယ်။ Arius Alxender ဆိုတဲ့သူကို အစွဲပြုပြီး ခေါ်တာ ဖြစ်တယ်။ သူက ခရစ်တော်ကို ဘုရားအဖြစ်ငြင်းပယ်တယ်။ သားတော်လည်း ဖန်ဆင်းခံပဲလို့ဆိုတယ်။ AD 325 မှာ ပထမ Nicaea ကောင်စီက Ariusကို ပြစ်တင်ရှုံ့ချတယ်။ ဒီကောင်စီရဲ့ တုံ့ပြန်ရေးသားချက်တွေကို Nicene Creed ယုံကြည်ချက်လို့ခေါ်တယ်။ ခရစ်တော်ရဲ့ဘုရားဇာတိကို ရှင်းလင်းပြတ်သားစွာခံယူတယ်။ Nicene Creed ရဲ့ အပိုဒ် ၂ မှာ ယေရှုခရစ်ဟာ ဘုရားသခင်ရဲ့တပါးတည်းသောသားတော် ကမ္ဘာမတည်မရှိခင်ကတည်းက ခမည်းတော် ဖြစ်ပွါးစေသူ ဘုရားတကာတို့ရဲ့ဘုရား အလင်းတကာတို့ရဲ့အလင်း ဘုရားစင်စစ်ဖြစ်တယ်။ ဘုရားဖြစ်ပွါးစေသူ ဖြစ်တယ်။ ဖန်ဆင်းထားတာမဟုတ်ဘူး။ ခမည်းတော်ဘုရားနဲ့ တလုံးတဝတည်းဖြစ်တယ်။ အရာအားလုံးကို ဖန်ဆင်းသူလည်း ဖြစ်တယ်။ အားရစရာကောင်းတဲ့ ကနဦးခရစ်ယာန်ခေါင်းဆောင်တွေရဲ့ ဒီယုံကြည်ချက်ဟာ “the logos” ဟာ “Theos” ဘုရားဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်းခံယူကြတယ်။ ကနဦးအသင်းတော်ရဲ့ ရေးသားထားတဲ့ စာအုပ်စာပေတွေကို လေ့လာကြည့်တဲ့အခါ ခရစ်တော်ရဲ့ဘုရားဇာတိကိုတိုက်ခိုက်တဲ့ လွဲမှားတဲ့အယူတွေကို ပြန်လည် ချေပထားတာဖြစ်တယ်။ လွဲမှားတဲ့အယူဆတွေကိုပယ်ရှင်းပြီး ခရစ်တော်ဟာ ဘုရားစင်စစ်ဖြစ်တယ်ဆိုတဲ့ ကျမ်းစာသွန်သင်ချက်ကို ရဲရဲဝံ့ဝံ့ထုတ်ဖေါ်ပြောဆိုကြတယ်။ ကနဦးခရစ်ယာန်တွေရဲ့ ဒီရေးသားချက်တွေ နာမည်ကြီး ဓမ္မပညာရှင်တွေ ယဇ်ပရောဟိတ်တွေ ကျမ်းစာဆရာတွေရဲ့စာပေတွေ တမန်တော် ရှင်ယောဟန် မသေဆုံးမှီအချိန် A.D. 4th ရာစုအချိန်ကတည်းက ရေးသားခဲ့တဲ့စာတွေလည်း စုစည်းလေ့လာခဲ့ပါတယ်။

ဒီစာအုပ်တွေကို ရေးသားခဲ့တဲ့သူတွေကတော့ ကနဦးအသင်းတော်ဖခင်များပဲဖြစ်တယ်။ ရှင်ယောဟန် မသေခင် (AD 92-99) အတွင်း ပထမရာစုရဲ့အဆုံးမှာ ရောမမြို့သား Clement က ကောရိန ္တုမြို့သားတွေကိုရေးတဲ့ ဒုတိယဩဝါဒစာမှာ “ညီအစ်ကိုတို့ ဘုရားသခင်ရဲ့ယေရှုခရစ်အကြောင်းကို စဉ်းစားကြည့်တဲ့အခါ အသက်ရှင်သော သူနဲ့ သေသောသူတို့ကို တရားစီရင်မယ့်သူအဖြစ်နားလည်ရမယ်။ အဲဒီခေတ်နဲ့ တခေတ်တည်းဖြစ်ခဲ့တဲ့ Antioch အန္တိအုတ်မြို့ရဲ့ Bishop သင်းအုပ် Ignatiusက AD 110 လောက်မှာ တမန်တော်ယောဟန်ရဲ့တပည့်ဖြစ်ခဲ့ဖူးတယ်။ Trallians မြို့သားတွေကို ရေးတဲ့ သူ့ရဲ့ဩဝါဒစာမှာ ဘုရားသခင်နဲ့ ယေရှုခရစ်တော်ဆိုတာ ခွဲလို့ရကောင်းတဲ့အရာ မဟုတ်ဘူး။ (Ignatius Bishop of Antioch, 1,c. AD 110) ဧဖက်မြို့သားတွေကိုရေးတဲ့ သူ့ရဲ့ဩဝါဒစာမှာ သခင်ယေရှုကို ထာဝရအသက်ပေးဖို့အတွက် လူ့ဇာတိခံတဲ့ဘုရားကိုယ်တော်တိုင် လို့ဆိုတယ်။ နောက်ပိုင်း Antioch အန္တိအုတ်မြို့ရဲ့ Bishop သင်းအုပ်တပါးဖြစ်တဲ့ Theophilusက ကျမ်းစာက အာဒံဟာ အသံတော်ကို ကြားခဲ့တယ် လို့ဆိုတယ်။ ဒါပေမယ့် တခြားအသံမဟုတ်ဘူး။ ဘုရားသားတော်ကိုယ်တိုင်ဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော် အသံ ဖြစ်တယ်။

AD 17o လောက်မှာ ကနဦးယုံကြည်ခြင်းတရားကို ကာကွယ်သူ Justin Martyr က သူ့ရဲ့ Dialogue with Tropho ဆိုတဲ့ စာအုပ်ထဲမှာ “ခရစ်တော်ဟာ ဘုရင်၊ ယဇ်ပရောဟိတ်၊ ထာဝရဘုရားဖြစ်တယ်။” ခရစ်တော်ဟာ အရာအားလုံးကို ဖန်ဆင်းတဲ့သူဖြစ်တယ်။ အရာအားလုံးမရှိခင်ကတည်းက ဘုရားအဖြစ်ရှိတယ်။ အပျိုကညာမှ လူ့ဇာတိကို ခံယူမွေးဖွားခဲ့တယ်” လို့ဆိုတယ်။ Tatin ဟာ Justin Martyrရဲ့တပည့်ဖြစ်တယ်။ Justin Martyr ဟာ Syria ဆီးရီးယားမြို့ကနေလာပြီး ခရစ်ယာန်ဖြစ်လာသူတယောက်ဖြစ်တယ်။ သူ့ကို ဖမ်းဆီးအကျဉ်းချတဲ့ဂရိတွေကို စာရေးသားတဲ့အခါ “ငါတို့ဟာ မင်းတို့ဂရိတွေကို လှည့်စားနေတာမဟုတ်ဘူး။ အဓိပ္ပါယ်မရှိတာတွေ ပြောတာလည်း မဟုတ်ဘူး။ ဘုရားသခင်ဟာ လူ့ဇာတိကို ခံယူမွေးဖွးလာတယ်လို့ ပြောတာဖြစ်တယ်။

ဒုတိယနှစ်ဝက်ကာလတွေမှာ Irenaeus ပေါ်ထွန်းတယ်။ သူက ယောဟန်ရဲ့ ဟောပြောချက်ကိုကြားဖူးတဲ့ Polycarp ရဲ့သွန်သင်ချက်ကိုကြားရပြီး ခရစ်ယာန်ဖြစ်လာတဲ့သူဖြစ်တယ်။ နောက်ဆုံးမှာ Bishop of Lyons သင်းအုပ်တပါးဖြစ်လာတယ်။ Refutation of Heresies အယူလွဲတွေအတွက် ချေပချက်စာအုပ်ဟာ ထင်ရှားပြီး အရေးပါတဲ့စာအုပ်ဖြစ်တယ်။ Gnostic rivals အယူကို ချေပတဲ့ ကနဦးခရစ်ယာန်စာအုပ်ဖြစ်တယ်။ သူ့စာအုပ်မှာ သခင်ယေရှုခရစ်ဟာ သခင်ဘုရား၊ ဘုရားသခင်၊ ကယ်တင်ရှင်နဲ့ ဘုရင်ဖြစ်တယ်”။ ခရစ်တော်ဟာ လူအပေါင်းတို့ရဲ့ အထက်မှာ ဘုရားသခင်၊ ထာဝရဘုရား၊ ထာဝရဘုရင်၊ တမန်တော်တွေနဲ့ ပရောဖက်တွေပြောတဲ့ လူ့ဇာတိခံယူတဲ့ နှုတ်ကပတ်တော်ဖြစ်တယ်။ တခြားသူတွေလို လူသာမန်မျှသာဖြစ်မယ်ဆိုရင် ကျမ်းစာက ဒီလိုသက်သေ အထောက်အထားတွေကို ရေးထားမှာမဟုတ်ဘူး။ Hippolytus ဟာ ဒုတိယရာစုရဲ့ ကျမ်းစာပညာရှင် ယုံကြည်ခြင်း တရားကို ကွယ်ကာသူဖြစ်တယ်။ gnostic heresy ရဲ့ အဓိပ္ပါယ်မရှိတဲ့သွန်သင်ချက်ကို ထောက်ပြ ရှင်းပြရာမှာ သူ့စာအုပ်ရဲ့သိပ်ကောင်းတဲ့စာအုပ်ဖြစ်တယ်။ သူက “ခရစ်တော်ဟာ အရာအားလုံးရဲ့အထက်မှာ ဘုရားသခင် ဖြစ်တဲ့အတွက် အားလုံးအထက်က ဘုရားသခင်ဖြစ်တယ်။ ဒါကြောင့် သူကရဲရဲဝံ့ဝံ့ပြောတယ်။ ငါ့ခမည်းတော် ပေးသမျှအရာအားလုံး ငါခံရတယ်။ အရာအားလုံးရဲ့အထက်မှာရှိတဲ့ဘုရားသခင်ဖြစ်တယ်။ ဖွားမြင်ခြင်းခံတယ်။ လူ့ဇာတိခံယူတယ်။ ဒါပေမယ့် အစဉ်အမြဲ ဘုရားသခင်ဖြစ်တယ်။ ဒါကြောင့် အနန္တတန်ခိုးရှင်ခရစ်တော်အဖြစ် နာမည်ရတယ်။ (Hippolytus, 190)

Clement of Alexandira ကလည်း Justin Martyr လိုပဲ ဂရိလူမျိုးတယောက်ဖြစ်တယ်။ ခရစ်ယာန် ဖြစ်လာတယ်။ ကျမ်းတတ်တယောက်ဖြစ်တယ်။ သူ့ရဲ့ နောက်ဆုံးဆရာကတော့ Pantaenus ရဲ့ ဟောပြောခြင်းအားဖြင့် ပြောင်းလဲလာတယ်။ Exhortation to the Greeks ဆိုတဲ့ အစမှာနှုတ်ကပတ်တော်၊ နောက်မှာ ခရစ်တော်” ဖြစ်တဲ့ လူသားတွေရဲ့ အစအဦးအတွက် လူတွေရဲ့အကျိုးအတွက် သူက ဘုရားသခင်ဖြစ်လို့ လူ့ဇာတိခံယူတယ်။ ကိုယ်တော် တပါးတည်းသာလျှင် ဘုရားနဲ့လူ အပြည့်အဝဖြစ်တယ်။ ကောင်းမြတ်စုံလင်တဲ့ အရာအားလုံးရဲ့ မူလလည်းဖြစ်တယ်။”

ဒါကြောင့် သူကလည်း တခြားကျမ်းစာရေးတဲ့ ပညာရှင်တွေနည်းတူ ဘုရားဇာတိကိုထောက်ခံသူဖြစ်တယ်။ AD3rd နဲ့ 4th  ရာစုတွေမှာ ခရစ်တော် ဘုရားဖြစ်ကြောင်းကို ထောက်ခံရေးသားကြတဲ့ လေးစားစရာကောင်းတဲ့ ဆရာတွေ ရှိခဲ့ကြတယ်။ Novatian ဟာ ၃ရာစုနှစ်ရဲ့ ကျမ်းတတ်ပညာရှင်ဖြစ်တယ်။

သူက ခရစ်တော်ဟာ ဘုရားဖြစ်တယ်လို့ ကျမ်းစာက အများကြီးပြောထားတယ်။ သခင်ယေရှုဟာ လူ့ဇာတိခံယူပြီး ဘုရားသခင်လည်းဖြစ်တယ်။ (Novatian, 235)

Tertullian ဟာ  A.D. 200 လောက်က ကျမ်းပြုဆရာတယောက်ဖြစ်တယ်။ လက်တင်လိုရေးတဲ့ ပထမဦးဆုံးသောဆရာလည်းဖြစ်တယ်။ သူဟာ ထူးခြားပြောင်မြောက်တဲ့စာတွေ အများကြီးရေးခဲ့တယ်။ Tertullianက “သခင်ယေရှုဟာ လူလည်းဖြစ် ဘုရားသခင်လည်းဖြစ်တယ်။ လူ့အပိုင်းက မွေးဖွားလာရတယ်။ ဘုရားအပိုင်းက မွေးဖို့မလိုဘူး။ ဘုရားနှစ်ဆူ ဒါမှမဟုတ် သခင်နှစ်ပါးလို့ ဘယ်တော့မှမသုံးဘူး။ ခမည်းတော်က ဘုရားသခင်ဖြစ်တယ်။ သားတော်က ဘုရားသခင်ဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်က ဘုရားသခင်ဖြစ်တယ်။ တပါးစီက ဘုရားသခင်ဖြစ်တယ်။” (Tertullian, 215)

Athanasius ဟာ ကနဦးအသင်းတော် စာရေးသူတွေထဲမှာ ကျွန်တော်နောက်ဆုံးလေ့လာမိသူဖြစ်တယ်။ Athanasian ယုံကြည်ချက်ကို ပြုစုရေးသားတဲ့ ထင်ရှားသူဖြစ်တယ်။ Athanasian Creedဟာ သုံးပါးတဆူကို ထူးခြားပြောင်မြောက်စွာ ထောက်ခံရေးသားချက်လည်းဖြစ်တယ်။ Athanasian Creed မှာ Athanasian က ခမည်းတော်ဘုရားသခင်လိုပဲ သူ့ရဲ့နှုတ်ကပတ်တော်ကလည်း အားလုံးအထက်မှာဘုရားဖြစ်တယ်။” (Athanasius, circa 290 -370) ဒါက ခရစ်တော်ဘုရားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ထောက်ခံအတည်ပြုတဲ့အချက်ဖြစ်တယ်။

ကနဦးခရစ်ယာန်စာရေးဆရာ၊ သင်းအုပ်ဆရာ၊ ဓမ္မပညာရှင်၊ ယဇ်ပရောဟိတ်တွေနဲ့ ကျမ်းပြုဆရာတွေက ယေရှုခရစ်ဟာ ကယ်တင်ရှင်၊ ဘုရားသခင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တယ်ဆိုတာကို သက်သေထင်ရှားစွာ ပြနေကြတယ်။

Conclusions  နိဂုံး

ခရစ်တော်ရဲ့ဘုရားဇာတိအကြောင်း သေချာခိုင်လုံဖို့ရန်အတွက် ဒီစာအုပ်ကို လေ့လာရေးသားခဲ့ပါတယ်။ ခရစ်တော်ဘုရားဖြစ်ကြောင်း အဓိကသက်သေအများကတော့ သမ္မာကျမ်းစာထဲမှထုတ်နှုတ်ထားပါတယ်။ ဒါပေမယ့် ကနဦးအသင်းတော်ဖခင်များရဲ့ သဘောတူညီချက်များ ရေးသားတဲ့စာပေများကလည်း အထောက်အကူအဖြစ် ထုတ်နှုတ်ထားပါတယ်။ ဒီလေ့လာချက်တွေရဲ့အခြေခံအဖြစ်နဲ့တော့ သမ္မာကျမ်းစာဟာ အမှားမရှိ မေ့ရွလျော့နိုင် အလုံးစုံမှန်ကန်တဲ့ စီရင်ဆုံးဖြတ်နိုင်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ ယုံကြည်ခြင်းအတွက် လက်တွေ့ ကျင့်သုံးဖို့ရန် အတွက် မပြောင်းလဲနိုင်တဲ့စံဖြစ်တယ်ဆိုတာ အခြေခံအချက်ပေါ်မှာ အဓိကထားလေ့လာခဲ့ပါတယ်။

နာဇရက်မြို့သား ယေရှုခရစ်ဟာ ဘုရားသခင်ဖြစ်တယ်။ အနန္တတန်ခိုးရှင်ဖြစ်တယ်။ မပြောင်းလဲနိုင်တဲ့ ဖန်ဆင်းရှင် စကြဝဠာကိုအုပ်စိုးသူဖြစ်တယ်။ သခင်ယေရှုခရစ်ဟာ ယနေ့ မနေ့ နောင်ကာလ အစဉ်အမြဲဘုရားသခင် ဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ခရစ်တော်ဘုရားဖြစ်ကြောင်းသက်သေပြဖို့ အဓိကအချက် ရ ချက်ကိုလေ့လာခဲ့ပါတယ်။  First, ကြီးမြတ်သောဘုရားနဲ့ ငါတို့ရဲ့ကယ်တင်ရှင်။ (တိတု 2:13) Second, လူ့ဇာတိခံသောဘုရားသခင် ကယ်တင်ရှင်ဖြစ်ကြောင်း ကျမ်းစာရဲ့ပရောဖက်ပြုချက်များ။ Third, သခင်ယေရှုရဲ့နာမတော်နဲ့ ဘွဲ့တော်များ။ Fourth, သခင်ယေရှုကိုယ်တိုင်က သူဘုရားဖြစ်ကြောင်းပြောဆိုမှုများ “အာဗြံဟံမဖြစ်မှီ ငါဖြစ်တယ်” လို့ ပြောဆိုခြင်းဟာ သူ ဘုရားဖြစ်ကြောင်း ရှင်းလင်းစွာပြဆိုတာဖြစ်တယ်။ Fifth, ခရစ်တော်ရဲ့အပြစ်ကင်းစင်ပြီး စုံလင်တဲ့အသက်တာ၊ လူသာမန်တွေမွေးဖွားတာနဲ့မတူတဲ့ဖြစ်ရပ်၊ ရှင်းပြလို့မရနိုင်အောင် သဘာဝထက် သိပ္ပံထက် သာလွန်နက်နဲတဲ့ဖြစ်ရပ်များ လူတွေလိုက်မမှီနိုင်အောင် ထူးခြားပြီး အတ္တကင်းပြီးစွန့်လွှတ်ခဲ့တဲ့ချစ်ခြင်းမေတ္တာ သေခြင်း ရှင်ပြန်ထမြောက်ခြင်း ကောင်းကင်ပြန်လည်တက်ကြွခြင်းနဲ့ ပြန်ကြွလာမှာတွေဟာ သူ့ရဲ့ဘုရားဖြစ်ကြောင်း သက်သေအဖြစ်ထောက်ပြခဲ့တယ်။   Sixth, ဘုရားဂုဏ်တော်တွေဟာ ခရစ်တော်နဲ့ဘုရားသခင် ဂုဏ်တော်အတူ ရှိတာကို ထောက်ပြခဲ့တယ်။ ဒီဂုဏ်တော်များဟာ ကျမ်းစာထဲမှာ ထာဝရဘုရားသခင်တပါးတည်းသာ ပိုင်ဆိုင်တဲ့ ဂုဏ်တော်ဖြစ်တယ်။ ဒါပေမယ့် သခင်ယေရှုကိုလည်း ဒီဂုဏ်တော်တွေပိုင်ဆိုင်ကြောင်း တွေ့ရတယ်။ Seventh, သခင်ယေရှုဟာ လူ့ဇာတိခံတဲ့ဘုရားဖြစ်ကြောင်းကို ကနဦးအသင်းတော်ရဲ့ ထူးခြားတဲ့ယုံကြည်ခြင်းတွေ သဘောတူညီချက်တွေကို ထောက်ပြလေ့လာခဲ့တယ်။ ခရစ်တော်ဘုရားသခင်ဖြစ်တာထက် ပိုပြီး အခြေခံကျတဲ့ တရားမရှိပါဘူး။ ကနဦးအသင်းတော်ကလည်း မှားယွင်းတဲ့သွန်သင်ချက်တွေရဲ့ကြားထဲမှာ ခုခံကာကွယ်ရင်းနဲ့ ခရစ်တော်ဘုရားဖြစ်ကြောင်း ထောက်ပြခဲ့ကြတယ်။

ဒီစာအုပ်ငယ်လေးဟာ ခရစ်တော်ဘုရားသခင်ဖြစ်ကြောင်းကို ခိုင်ခိုင်မာမာသိရှိသွားစေမယ့် ကောင်းကြီး ဖြစ်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ခရစ်တော်ဟာ ဘုရားဖြစ်ကြောင်းကိုငြင်းဆန်တဲ့ အယူလွဲတဲ့သူတွေ၊ လမ်းလွဲတဲ့သူတွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ “မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက့်ရွံသောသဘောနှင့်ပြန်ပြောခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။” ၁ပေ ၃း၁၅။ ဒီကျမ်းစာထဲက အကြောင်းအရာကိုလေ့လာတဲ့အခါ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ထဲမှာ ထိထိတွေ့တွေ့ ခံစားရတယ်။ ကားတိုင်မှသည် ပလ္လင်တော်ေ့ရှအထိ လျှောက်ရာလမ်းတလျှောက်မှာ ခရစ်ယာန်တယောက်အတွက် ကျမ်းစာထဲက စားနုပ်စားပေါက်လေးတွေ ဘုရားသခင်ချထားပေးပါလိမ့်မယ်။ ချထားပေးပါတယ်။ ငရဲမှာ ပေးဆပ် ရမယ့် ဝေဒနာတွေနဲ့ ဒဏ်ကြွေးတွေအတွက် ကိုယ်ကိုကိုယ်လက်ဆောင်အဖြစ်ပေးဆပ်ခဲ့တဲ့ ကယ်တင်ရှင်၊ ဘုရားသခင်၊ ရှင်ဘုရင်၊ ယဇ်ပရောဟိတ်၊ ပရောဖက်ဖြစ်တယ်။ သခင်ယေရှုခရစ်အကြောင်းကို နှုတ်ကပတ်တော်ရဲ့ အလှပန်းချီကားထဲမှာ ကျွမ်းကျင်လှပတဲ့သက်သေအနေနဲ့ ဘုရားသခင်က မွှန်းချယ်ထားတာတွေ့ရတယ်။ ဒီအလှတရားဟာ ဇာတိလူမဟုတ်တဲ့လူ သန့်ရှင်းသောဝိညာဉ်တော် ဖေါ်ပြခြင်းခံရတဲ့သူပါ။ မြင်နိုင်တဲ့ အလှတရား တခု ဖြစ်တယ်။ ဘုရားသခင်ကိုယ်တိုင် မြေပေါ်မှာတံထွေးထွေးပြီး ့ရွှံစေးနဲ့နယ် ကမ်းတဲ့သူရဲ့ မျက်စေ့မှာ သုတ်လိမ်းရင် မျက်စိပြန်မြင်ရတာနဲ့တူတယ်။ ဒီကျမ်းစာကပြောထားတဲ့ အလှပန်းချီကားရဲ့ အ့ံဩဖွယ်ရာ အပြောက် အမွှန်းတွေက ပြောနေတဲ့စကားကတော့  ယေရှုခရစ်တော်ဟာ ဘုရားသခင် ဖြစ်တယ်ဆိုတဲ့ စကားထက် အလှဆင်မွှန်းချယ်ထားတာဖြစ်တယ်။ ကိုယ်တော်ရဲ့ သန့်ရှင်းတဲ့နာမတော်ကို ချီးမွမ်းစရာဖြစ်ကြစေ။ Praise His Holy Name.
By Dr. Peter L. Banfe

Saturday, March 5, 2016

The Deity of Christ Resolved: Part I

A Primer from the Word of God

By Dr. Peter L. Banfe

သမ္မာကျမ်းစာထဲမှ ကောက်နှုတ်ဖေါ်ပြထားသော ခရစ်တော်၏ ဘုရားဇာတိတော်
 နိဒါန်း
ခရစ်တော်ရဲ့ဘုရားဇာတိအကြောင်းရေးတဲ့ ဒီစာအုပ်မှာ သခင်ယေရှုခရစ်တော်ရဲ့ ဘုရားဇာတိကို ခိုင်ခိုင်လုံလုံချပြဖို့ ရည်ရွယ်ထားပါတယ်။ အဓိကထောက်ပြမယ့် သက်သေများကတော့ သမ္မာကျမ်းစာထဲမှဖြစ်ပါတယ်။ ဒါပေမယ့် ကနဦးတည်ထောင်ခါစအသင်းတော်အတွင်းမှာ အသင်းတော်ဖခင်များက ကျမ်းစာရဲ့အနက်ကို သူတို့နားလည်တဲ့အတိုင်း ခရစ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီထားတဲ့ အချက်အလက်တွေကိုလည်း ကနဦးအသင်းတော်ဖခင်များရဲဲ့ များပြားတဲ့ မှတ်စုမှတ်တမ်းများထဲက ထုတ်နှုတ်သုံးစွဲထားပါတယ်။

ဒီစာအုပ်မှာ သမ္မာကျမ်းစာဟာ “အပြည့်အဝကြီးမြတ် အခွင့်အာဏာရှိပြီး မေ့ရွလျော့ မပြောင်းလဲနိုင်တဲ့ အတွက် ယုံကြည်ခြင်းနဲ့ လက်တွေ့အသက်ရှင်ဖို့ စံနမူနာဖြစ်တယ်” ဆိုတဲ့ယူဆချက်အပေါ်မှာ အခြေခံထားပါတယ်။ (Watts, 1998) ဒါကြောင့် သမ္မာကျမ်းစာဟာ ဖန်ဆင်းတဲ့ဘုရားသခင်က လူကို ပုံဖေါ်ပြမယ့်သမ္မာတရားကို ဝိညာဉ်တော် မှုတ်သွင်းခြင်းအားဖြင့် ရေးသားပြီး ကျမ်းစာတည်မြဲအောင် စောင့်ရှောက်ထားတယ် ဆိုတဲ့ အချက်ပေါ်မှာ စတင်ရေးသားပါတယ်။ သမ္မာကျမ်းစာဟာ ဘုရားရေးသားတဲ့ စာအုပ်ဖြစ်တယ်။ ဒါကြောင့် ဒီစာအုပ်မှာ လူ့ဇာတိခံယူတဲ့သခင်ယေရှုခရစ်တော်ဟာ ဘုရားသခင်ဖြစ်တယ်ဆိုတာကို ကျမ်းစာချက်အများအပြားနဲ့ ဖေါ်ပြထားပါတယ်။

ခရစ်တော်ရဲ့ဘုရားဇာတိထက် ပိုအခြေခံကျတဲ့သမ္မာတရားမရှိတော့ပါဘူး။ ခရစ်တော်သာ ဘုရားမဟုတ်ရင် ကာရာနီလည်း တန်ခိုးမရှိ။ ယုံကြည်တာလည်း အချည်းနှီးဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့လည်း အပြစ်ထဲမှာ သေနေပါဦးမယ်။ မျှော်လင့်ခြင်းမရှိ၊ ဂတိတော်မရှိ၊ ဘုရားသခင်ရဲ့သားတော် သခင်ယေရှုခရစ်တော် ပူဇော်တဲ့ နှစ်သက်ဖွယ်ရာပူဇော်သက္ကာ ပူဇော်မှုဖြစ်တဲ့ အပြစ်ကင်းတဲ့ကိုယ်ကို တခါတည်းအသွေးသွန်းပြီး ယဇ်ပူဇော်တာ ဟာလည်း ဘာမှအကျိုးမရှိတဲ့ တရားစကားဖြစ်သွားပါလိမ့်မယ်။ ခရစ်တော်ရဲ့ဘုရားဇာတိကိုဖေါ်ပြဖို့ အပိုင်း ရ ပိုင်း ခွဲခြားထားပါတယ်။ ခုနစ်(၇)ဆိုတာ ပြည့်စုံခြင်းကိုဖေါ်ပြတဲ့ သန့်ရှင်းတဲ့နံပါတ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဒီစာအုပ်ကိုရေးတော့မှ ခရစ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း ကျမ်းစာချက်တွေအများကြီးရှိတာကို အခုမှ သတိပြုမိလာပါတယ်။ အဲဒီအချက်တွေကတော့ -
·         ဘုရားဖြစ်ကြောင်း ထင်ထင်ရှားရှားပြောဆိုမှုများ
·         သခင်ယေရှုဟာ ငါတို့နဲ့အတူရှိသော ဘုရားသခင်သားတော်ဖြစ်ကြောင်း သေချာစေတဲ့ပရောဖက်ပြုချက်များ
·         ဘုရားနာမတော်အားလုံးနဲ့ ဘွဲ့နာမအားလုံးကလည်း ဒီအချက်ကို တိုက်ရိုက်ရှင်းရှင်းလင်းလင်း ညွှန်ပြပါတယ်။

·         ကိုယ်တော်တိုင် သူ့အကြောင်းမိန့့်တော်မူချက်များနဲ့ ကျမ်းစာထဲမှသက်သေခံချက်များကလည်း ထောက်ပြပါတယ်။
·         သုံးပါးတဆူဘုရားမှာ ဒုတိယပုဂ္ဂိုလ်အဖြစ် ဘုရားဂုဏ်တော်တွေကိုလည်း တွေ့ရတယ်။
·         အပြစ်မရှိ အံ့ဖွယ်အသက်တာ၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်တက်ကြွခြင်းနဲ့ ဒုတိယအကြိမ် ပြန်ကြွလာမယ်ဆိုတဲ့ မငြင်းနိုင်တဲ့တရားစကားလည်းရှိပါတယ်။
ဒါတွေလေ့လာမှ ယုံကြည်ခြင်းလည်းတိုးလာတာ ခံစားရမိတယ်။

     ခရစ်တော်ရဲ့ဘုရားဇာတိစာအုပ်ကို လေ့လာတဲ့အတွက် ခွန်အားတိုးဖို့ ဆုတောင်းပေးပါတယ်။ ခရစ်တော်ဟာ “ဘုရားသခင်ဖြစ်တော်မူ၏။” (ယောဟန် ၁း၁). “အကျွနု်ပ်ဘုရား အကျွနု်ပ်၏သခင်” (ယောဟန် ၂၀း၂၈)၊ “ငါတို့နှင့်အတူရှိတော်မူသောဘုရား” (မဿဲ ၁း၂၃). “ခပ်သိမ်းသောအရာမဖြစ်မှီ  ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာတည်ကြ၏။” (ကောလောသဲ ၁း၁၇)၊ “သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုလူတို့သည်သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက ထိုသို့ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ” (ရောမ ၁း၃၂). မိမိအသရေကိုစွန့်၍ ဖွားမြင်ခြင်းခံတော်မူ(ဖိလိပ္ပု ၂းရ) တဲ့သူ။ အသေခံရွေးနှုတ်ပေးခြင်းဖြင့် “ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ေ့ရှတော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။” (၂ ကော ၅း၂၁). အရာအားလုံးဟာ ဘုရားသခင်နဲ့ ငါတို့ သခင်ယေရှုခရစ်တော်ကို ချီးမွမ်းဖို့သာဖြစ်ပါစေ။

ခရစ်တော်ရဲ့ဘုရားဇာတိ
ခရစ်တော်ရဲ့ဘုရားဇာတိအကြောင်းကို ဓမ္မပညာရှင် Gresham Machen က ခရစ်တော်ရဲ့ဘုရားဇာတိ ဆိုတဲ့ ခရစ်ယာန်အသုံးအနှုန်းက အတော်ရှင်းပါတယ်။

ခရစ်ယာန်တွေယုံကြည်တာက ဘုရားသခင်၊ ဖန်ဆင်းရှင်၊ စင်္ကြာဝဠာရဲ့အုပ်စိုးသူ ဆိုတာ ရှိတယ်လို့ယုံတယ်။ ဘုရားသခင်က ထာဝရမပြောင်းမလဲ အနန္တတည်တယ်။ ဒါကြောင့် ယေရှုခရစ်တော်ဟာ သခင်လို့ ခရစ်ယာန်တွေကပြောတာဟာ ခရစ်တော်ဘုရားသခင်ဖြစ်ကြောင်း ယုံတယ်လို့ပြောတာဖြစ်တယ်။ သခင်ယေရှုဟာ နာဇရက်မြို့မှာမမွေးဖွားခင်ကတည်းက ရှိခဲ့တယ်။ ထာဝရကာလတလျှောက်လုံး ရှိတယ်။ သုံးပါးတဆူမှာ ဒုတိယပုဂ္ဂိုလ်အဖြစ် ထာဝရမပြောင်းမလဲပဲရှိမယ်လို့ ဆိုလိုတယ်။

ဒါကြောင့် ဘုရားဇာတိဆိုတာက နာဇရက်မြို့သားယေရှုခရစ်ဟာ ဘုရားသခင်ဖြစ်တယ်။ မပြောင်းမလဲ ထာဝရရဲ့ဖန်ဆင်းရှင် စင်္ကြာဝဠာကိုအုပ်စိုးသူဖြစ်တယ်။ ဘုရားသခင်ဖြစ်တယ်။ (ယောဟန် ၁း၁). ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။” (ကောလောသဲ ၂း၉). International Standard Bible Encyclopedia မှာတော့ Saxson စကား “Godhead” ဆိုတာဟာ Latin စကား “Divinity” နဲ့တူပါတယ်။ အခုပိုအသုံးများတာက “Deity” ဖြစ်ပါတယ်။ ဒီလိုအလားတူ အသုံးအနှုန်းတွေကို အခုစကားလုံးမှာလည်း ေ့ရှက article ကိုပေါင်းပြီးတော့ သုံးနှုန်းလာကြပါတယ်။

Charles Hodge က သူ့ရဲ့ Systematic theology စာအုပ်မှာ -
ခရစ်တော်ပြောတာထက်၊ ဂတိပေးတာထက်၊ လုပ်တာထက်ပိုပြီး ဘုရားသခင်က ပိုမပြော၊ ပိုဂတိမပေး၊
ပိုမလုပ်နိုင်ပါဘူး။ ဒါကြောင့် ခရစ်တော်ဟာ အစအဦးမှသည် ခေတ်ကာလတိုင်း နေရာတိုင်းအတွက်
ခရစ်ယာန်တွေရဲ့ ဘုရားသခင်ဖြစ်ပါတယ်။ (Hodge, 1940, pg. 382)

ဒါကြောင့် သာမန်အားဖြင့် Deity of Christ ခရစ်တော်ရဲ့ ဘုရားဇာတိလို့ပြောရင် ခရစ်တော်ဟာ ဘုရားသခင်ဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော် ခမည်းတော်ဘုရားသခင်ထက် ပိုလည်းမပိုဘူး။ လျော့လည်းမလျော့ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ဂုဏ်တော်အားလုံးပြည့်စုံတယ်။ ယေရှုခရစ်တော်ဟာ ဘုရားသခင်ဖြစ်တယ်။ လူ့ဇာတိကို အပြည့်အဝခံယူတယ်။ ဒါပေမယ့် ဘုရားဇာတိလည်း အပြည့်အဝဖြစ်တယ်။ ငြင်းခုန်စရာမရှိဘူးလို့ ဆိုလိုတယ်။

I. ဘုရားဖြစ်ကြောင်း ထင်ထင်ရှားရှားမိန့်တော်မူချက်များ
ကျမ်းစာတအုပ်လုံးမှာ မငြင်းနိုင်အောင်ပြည့်စုံတဲ့ ထင်ထင်ရှားရှားမိန့်တော်မူချက်တွေရှိတယ်။ ခရစ်တော်ရဲ့ ဘုရားဇာတိကိုငြင်းဖို့ဆိုရင်တော့ ကျမ်းစာကိုပြန်ရေးခြင်ရေး ဒါမှမဟုတ် ဂရိအနက်အဓိပ္ပါယ်ကို ငြင်းခြင်ရင်ငြင်း တချို့နေရာတွေမှာ (Hebrew)ဟေဗြဲစကား ဂရိဘာသာပြန်တဲ့နည်းစနစ်တွေကို ငြင်းဆန်ခြင်ရင် ငြင်းဆန်မှ ဖြစ်ပါလိမ့်မယ်။ ထင်ထင်ရှားရှားမိန့်မှာထားတဲ့အချက်တွေဟာ သူ့ပင်ကိုယ်ကကို ခိုင်မာကြွယ်ဝတယ်။ ရှင်းလင်းတယ်။ တခြားအရည်အချင်း အပိုင်း၆ပိုင်းနဲ့ ဆက်စပ်ပြီး တွေးယူမယ်ဆိုရင်လည်းရနိုင်တယ်။

ဥပမာအားဖြင့် ယောဟန် ၁း၁ က ခရစ်တော်ဘုရားသခင်ဖြစ်ကြောင်း ခိုင်မာတဲ့ပြောဆိုချက်ဖြစ်တယ်။ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” ယေဟောဝါသက်သေခံတွေရဲ့ကျမ်းစာဖြစ်တဲ့ The New World Translation က God ဘုရားသခင် ဆိုတဲ့စကားေ့ရှမှာ မတိကျတဲ့ article တခုရှိသင့်တယ်။ a god လို့ပြောသင့်တယ်။ သူတို့က ကျွန်တော်တို့ရဲ့ KJV ကျမ်းစာဟာ မှားတယ်။ သခင်ယေရှုဟာ တခြားတပါးဘုရားအမျိုးဖြစ်တယ်။ (a smaller one) ပိုသိမ်ငယ်တဲ့ဘုရား လို့ဆိုတယ်။

ဒီကျမ်းချက်နဲ့ပတ်သက်တဲ့ ဂရိစာပေစည်းမျဉ်းစည်းကမ်းတွေကို သုံးစွဲပုံဟာ အငြင်းပွါးစရာ အများကြီး ရှိပါတယ်။ ဒီအကြောင်းကို ဒီစာအုပ်မှာမပြောသေးပါဘူး။ တခြားတဘက်မှာလည်း သူတို့အတွေးအခေါ် ယူဆချက်နဲ့ ပတ်သက်ပြီး ငြင်းထားတာရှိပါသေးတယ်။ “the Word was God” နှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။ ဥပမာအားဖြင့်  “a god” ဘုရားတဆူ” လို့ပြောရင် တခြားဘုရားတွေအများကြီးရှိတယ်လို့ ဆိုနိုင်တယ်။ ဂျူးလူမျိုးတွေ၊ ခရစ်ယာန်တွေက ဘုရားသခင်တပါးတည်း ရှိတယ်လို့ ခံယူတဲ့အတွက် ဒါကို ငြင်းနိုင်ပါတယ်။ ယူဆချက်အရပြောရရင် ဘုရားသခင်က အတူမရှိ၊ ဖန်ဆင်းရှင်တပါးတည်းဖြစ်ရင် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်းလွတ်သော အရာတစုံတခုမျှမရှိ” ဆိုတာ ဘယ်လိုပြောမလဲ။ (ယောဟန် ၂၀း ၂၈). မှာ သောမတ်(စ်)က “အကျွနု်ပ်၏အရှင်   အကျွန်ုပ်၏ဘုရားသခင်ပါတကား။” လို့ အခန်းကြီး ၁မှာလိုပဲ ပြောထားပါတယ်။ သခင်ယေရှုကလည်း ဒီစကားကို အတည်ပြုတဲ့အနေနဲ့ “သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ သောမတ်(စ်)စကားကို မပြင်ခဲ့့ပါဘူး။

တမန်တော် 20:28 မှာ -
သင်တို့သည် ကိုယ်ကို သတိနှင့်စောင့်ရှောက်ကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ ဝယ်တော်မူသောအသင်းတော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူသော သိုးတော်စုတစုလုံးကိုလည်း သတိနှင့်စောင့်ကြည့်ကြလော့။ ထင်ရှားတဲ့ဓမ္မပညာရှင် John Gill က “ဝယ်တဲ့သူဟာ ခရစ်တော်ဘုရားသခင်ဖြစ်တယ်။” တခြားထင်ရှားတဲ့ဓမ္မပညာရှင် Matthew Henry က ဒီအချက်ဟာ ခရစ်တော်ဘုရားသခင်ဖြစ်ကြောင်း သက်သေပြတယ်။ သူဟာ အသင်းတော်ကို ကိုယ့်အသွေးနဲ့ ဝယ်တယ်လို့ ပြောထားတယ်။

ဟေဗြဲ ၁း၈ မှာ သားတော်ကိုကား “အိုဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် နိစ္စထာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည် တရားသဖြင့်စီရင်သောနိုင်ငံဖြစ်ပါ၏။” ၁ယော ၅း၂၀ မှာ “ဘုရားသခင်၏သားတော်သည် ကြွလာ၍ မှန်သောဘုရားသခင်ကို သိသောဉာဉ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သော ဘုရားသခင်၌၎င်း၊ သားတော်ယေရှုခရစ်၌၎င်း ငါတို့သည်တည်လျက်ရှိကြ၏။ ထိုသူသည် မှန်သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရအသက်လည်းဖြစ်တော်မူ၏။

သခင်ယေရှုကိုယ်တိုင်ကလည်း ယောဟန် ၁၀း၂၇-၂၈ မှာ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရ။” ဒါကြောင့် သခင်ယေရှုဟာ မှန်သောဘုရားသခင်နဲ့ ထာဝရအသက်ဖြစ်တယ်။ တမန်တော် ရး၅၉မှာ ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပဌနာပြုလျက် သခင်ယေရှု အကျွနု်ပ်၏ဝိညာဉ်ကိုသိမ်းယူတော်မူပါ” ဟုလျှောက်ဆို၏။ သတေဖန်ဟာ သခင်ယေရှုကို ဘုရားအဖြစ်နဲ့ ဆုတောင်းတယ်။

ဟေရှာယ ရး ၁၄မှာ “ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သူတို့သမီးကညာသည် ပဋ္ဋိသဒ္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့။ ဟီဘရူးစကားကို ဒီနေရာမှာဘာသာပြန်တဲ့အခါ “ငါတို့နှင့်အတူရှိသော ဘုရားသခင်” (သို့) “ငါတို့နဲ့အတူရှိတဲ့သူဟာ ဘုရားသခင်” လို့ ဆိုနိုင်ပါတယ်။ မဿဲ ၁း၂၃မှာ သံသယအားလုံး ပြီးဆုံးသွားအောင် ဘုရား နှုတ်ကပတ်တော်က ဓမ္မသစ်ကျမ်းမှာ သခင်ယေရှုခရစ်ဟာ ဘုရားသခင်ဖြစ်ကြောင်းအတည်ပြုထားပါတယ်။  ဟေရှာယ ၉း၆မှာ “တန်ခိုးကြီးသောဘုရားသခင်” လို့ဆိုတယ်။ တိတု ၂း၁၃မှာ “ကြီးမြတ်သောဘုရားသခင်” လို့ ဆိုတယ်။ တမန်တော် ၁၀း ၃၆၊ ဂလာတိ ၄း၁ နဲ့ ရောမ ၁၀း ၉-၁၃မှာ “အားလုံးအပေါ်ကဘုရားသခင်၊ အားလုံးရဲ့ ဘုရားသခင်” လို့ ဆိုတယ်။

နောက်ဆုံး ၂ပေ ၁း၁နဲ့ တိတု ၂း၁၃ မှာလည်း ခရစ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြထားတယ်။ ပထမကျမ်းပိုဒ်မှာ “ငါတို့ဘုရားသခင်ယေရှုခရစ်” လို့ဆိုတယ်။ နောက်ကျမ်းပိုဒ်မှာတော့ “ကြီးမြတ်သော ဘုရားသခင်တည်းဟူသော ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်” လို့ဆိုတယ်။ ဟေရှာယ ၄၃း၁၁ မှာ “ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၍၊ ငါမှတပါး ကယ်တင်သောသခင်မရှိ” ဆိုတဲ့အချက်ကို စဉ်းစားကြည့်တဲ့အခါ ဘုရားသခင်ဆိုတာ ကယ်တင်ရှင်ဖြစ်တယ်လို့ ရှင်းပြပါတယ်။ ယေရှုခရစ်တော်ဟာ ဘုရားမဖြစ်ရင် ကယ်တင်ရှင်မဟုတ်နိုင်ပါဘူး။ C. Granville Sharp’s ရဲ့ ဂရိ grammar နဲ့ ပတ်သက်တဲ့ စည်းမျဉ်းကတော့ နောက်အဓိကအချက်တချက်ကို ထပ်ရှင်းပါဦးမယ်။

II. ပရောဖက်ပြုချက်များ
The Encyclopedia of Biblical Prophecyက ကျမ်းစာထဲမှာပရောဖက်ပြုချက် ၁၈၁၇ ခုရှိတယ်လို့ ဆိုပါတယ်။ (Encyclopedia ၁၉၈၀) ဓမ္မဟောင်းမှာ ၁၂၃၉၊ ဓမ္မသစ်မှာ ၅၇၈ခု ရှိပါတယ်။ ဒီ့အပြင် ဓမ္မသစ်အကြို မေရှိယအကြောင်း ပရောဖက်ပြုချက်က ၁၉၁ခုရှိပါတယ်။ ဒီပရောဖက်ပြုချက်အားလုံးကိုတော့ ဒီစာအုပ်မှာ လေ့လာ နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ပရောဖက်ပြုချက်တချို့ကို ဓမ္မဟောင်းထဲကနေ ထုတ်နှုတ် ဆွေးနွေးပါမယ်။ ဒါက ခရစ်တော်ဖွားမြင်ခြင်းမခံမှီ နှစ်ပေါင်းရာနဲ့ချီအလိုမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ရှင်မဿဲခရစ်ဝင်ကျမ်းဟာ သခင်ယေရှုရဲ့ဆွေစဉ်မျိုးဆက်စာရင်းကို ရှင်းလင်းစွာရေးထားပါတယ်။ မယုံကြည်တဲ့ဂျူးလူမျိုးတွေကို ခရစ်တော်ဟာ သူတို့စောင့်မျှော်နေတဲ့မေရှိယ ဣသရေလရှင်ဘုရင်ဖြစ်တယ် ဆိုတာကို ပရောဖက်ပြု ဟောပြောတာဖြစ်ပါတယ်။ ဥပမာ မဿဲ ၁း၂၃ ဟာ ဟေရှာယ ရး၁၄ ကို ပြန်ဟောပြောတာ ဖြစ်တယ်။ ခရစ်တော်ဟာ အပျိုကညာမှဖွားမြင်ပြီး “ငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်” လို့ ဆိုလိုတဲ့ “ဧမာနွေလ” အမည် မှည့်မယ်လို့ ပြောခဲ့တာဖြစ်တယ်။

ဟေရှာယ ၅၃ဟာ ခရစ်တော်ရဲ့မွေးဖွားခြင်း၊ ဝေဒနာခံစားခြင်း၊ ကျွန်တော်တို့အပြစ်အတွက် အသေခံခြင်းတွေကို ဖေါ်ပြထားတယ်။ လောကီသားတို့ရဲ့အပြစ်အတွက် အသေသတ်ခြင်းခံရတဲ့ သိုးသူငယ်အဖြစ်လည်း ဒီကျမ်းပိုဒ်မှာဖေါ်ပြထားတယ်။ (ကျမ်းပြိုင် ယောဟန် ၁း၂၉) သူ့ရဲ့နှုတ်ကိုဖွင့်ဟခြင်း မရှိဘူး။ (ကျမ်းပြိုင် မာကု ၁၅း ၃-၆) ငါတို့ပြစ်မှားလွန်ကျူးခြင်းရှိသမျှအတွက် ဝေဒနာခံစားရတဲ့ ကယ်တင်ရှင်ဖြစ်တယ်။ သူ့ရဲ့ဒဏ်ချက်တွေအားဖြင့် ငါတို့အနာ ပျောက်ရတယ်။

မိက္ခာ ၅း၂ မှာ ခရစ်တော်ဟာ ဗက်လင်မြို့မှာမွေးဖွားလာမယ်လို့ ရေးထားတယ်။ (ကျမ်းပြိုင် မဿဲ ၂း၅) ဇာခရိ ၉း၉ ဇာခရိကတော့ ခရစ်တော်ဟာ နှိမ့်ချစွာနဲ့ ယေရုရှလင်မြို့ကို မြည်းစီးပြီး ဘုရင်တပါးအဖြစ် အောင်မြင်စွာ ဝင်ရောက်လာမယ်လို့ ဟောပြောခဲ့တယ်။ (ကျမ်းပြိုင် မဿဲ ၂၁း၂-၅). ဆာလံ ၂၂း ၆-၈ နဲ့ ဟေရှာယ ၅၃း၃ ကတော့ ခရစ်တော်ဟာ ငြင်းပယ်ခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်း၊ နှိပ်စက်ခြင်းကိုခံရမယ် လို့ဆိုထားတယ်။ (မဿဲ ၂၇း၃၉၊ ၄၁-၄၃) ဇာခရိ ၁၃း၆ နဲ့ ဆာလံ ၂၂း၁၄-၁၆ ကတော့ ကားတိုင်မှာ အသေခံရခြင်းကို ဟောပြောထားတယ်။ (ကျမ်းပြိုင် ယောဟန် ၁၉း၁၆- ၁၈) ဆာလံ ၂၂း၁၆ ကတော့ အသေခံခြင်း၊ ကားတိုင်မှာအသတ်ခံရခြင်း စတဲ့ ဝေဒနာတွေအကြောင်း ရေးထားတယ်။ မေရှိယဆာလံဖြစ်တဲ့ ဆာလံ၂၂ ရဲ့ပထမအပိုဒ်ဟာ ခရစ်တော်ရဲ့ နောက်ဆုံးကြွေးကြော်တဲ့ စကားဖြစ်တဲ့ “အကျွနု်ပ်ဘုရား၊ အကျွနု်ပ်ဘုရား အဘယ်ကြောင့် အကျွနု်ပ်ကို စွန့်ပစ်တော်မူသနည်း” ကို ပြန်ရေးထားတယ်။ (ကျမ်းပြိုင် မဿဲ ၂၇း၆) နဲ့ ဆာလံ၂၂း၁၈ မှာတော့ စစ်သားတွေက သူ့ရဲ့ဝတ်လုံကို မဲချယူကြမယ်။ (ကျမ်းပြိုင် မဿဲ ၂၇း၃၅) ဟေရှာယ ၅၃း၉ မှာတော့ ကယ်တင်ရှင်ဟာ သူဌေးရဲ့ သင်္ချိုင်းမှာ သင်္ဂြ ိုလ်ခြင်းခံရမယ်လို့ ပြောထားတယ်။ (ကျမ်းပြိုင် မဿဲ ၂၇း ၅၇-၆၀)

မေရှိယနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေထဲမှာ ထိရောက်တဲ့ ဟေရှာယ ၉း၆ ကတော့

“ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ ထိုသူ၏နာမတော်မူကား အ့ံဩဘွယ်၊ တိုင်ပင်ဖက်၊  တန်ခိုးကြီးသော ဘုရားသခင် ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။”

ဟေရှာယ ၉း၆ ဟာ ယေရှုခရစ်တော် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ရှင်းလင်းပြီး မငြင်းနိုင်တဲ့ သက်သေခံချက်တပုဒ်ဖြစ်တယ်။ သမ္မာကျမ်းစာထဲမှာ မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေ အများကြီးပါတယ်။ ခရစ်တော်၌ ပြည့်စုံလာခဲ့ပြီ။ ခရစ်ဝင်ကျမ်းတွေကလည်း ဒီပရောဖက်ပြုချက်တွေကို မကြာခဏပြန်ကိုးကားတယ်။ ပြည့်စုံတယ်၊ မှန်ကန်တယ်လို့ထောက်ပြတယ်။ သခင်ယေရှုခရစ်တော်ဟာ ဘုရားသခင်ဖြစ်တယ်။ ကြွလာတဲ့ မေရှိယရှင်ဘုရင်ဖြစ်တယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေကို ငြင်းပယ်မယ်ဆိုရင် ဒါဟာ ယုံကြည်ခြင်းတရားကနေ စွန့်ခွါသွားတယ်လို့ ပြောနိုင်ပါတယ်။

III. ဘုရားနာမတော် ဘွဲ့တော်များ
ခရစ်တော်ဘုရားဖြစ်ကြောင်း ထောက်ပြတဲ့တခုကတော့ ဂျူးလူမျိုးခေါင်းဆောင်တွေကို စိတ်ဆိုးစရာ အချက်တချက်ဖြစ်စေတယ်။ ခရစ်တော်ကိုယ်တိုင်က ဘုရားသခင်နဲ့ဆိုင်တဲ့ ဓမ္မဟောင်းဘွဲ့နာမများနဲ့ သူ့ကို ခေါ်လို့ရတယ်လို့ သက်သေပြခဲ့တယ်။ နာမည်ကြီးဓမ္မပညာရှင် R. A. Torreyက ခရစ်တော်ရဲ့ ဘုရားဇာတိနဲ့ ပတ်သက်ပြီး ထောက်ပြဖို့ ပထမအချက်တချက်ကတော့ ကျမ်းစာထဲမှာ ယေရှုခရစ်တော်အတွက်သုံးထားတဲ့ ဘွဲ့အမည်နာမတွေပဲ ဖြစ်ပါတယ်။ ဒီနာမည်တွေကို ထပ်ခါထပ်ခါသုံးထားပြီး ရာနဲ့ချီတဲ့ကျမ်းပိုဒ်တွေမှာ တွေ့ရနိုင်တယ်။ ယေရှု Jesus ဆိုတဲ့နာမ မည်သည်ပင်လျှင် ဘုရားသခင်ရဲ့ကောင်းကင်တမန်က အပျိုကညာမာရိမှာ မွေးဖွားလာတဲ့ သားတော်ကိုမှည့်ဖို့ ပေးတဲ့နာမည်ဖြစ်တယ်။ Jesusဆိုတာက Jeshua or Joshua တို့ရဲ့ ဂရိနာမည် ဖြစ်တယ်။ အဓိပ္ပါယ်က “Jehovah- Saviour” (သို့) “ထာဝရဘုရားကယ်တင်တော်မူတယ်” လို့ဖြစ်တယ်။ သခင်ယေရှုဟာ ထာဝရဘုရားသခင်ရဲ့ နာမတော်တွေနဲ့ ခေါ်လို့ရတယ်ဆိုတာကို ရှင်းလင်းထောက်ပြထားတဲ့ နာမတော်တချို့ကို ဖေါ်ပြသွားပါမယ်။

I AM
သခင်ယေရှုကိုယ်တိုင်က ဂျူးလူမျိုးတွေ နှုတ်ကမထွက်ရဲအောင် ရိုသေကြောက့်ရွံရတဲ့နာမတော်ကို ရွတ်ဆိုခဲ့တယ်။ “YHWH” (Yahweh or Jehovah). Septuagint Greek ဘာသာပြန်ကျမ်းတွေမှာတော့ ဘာသာပြန်ဆရာတွေက I AM လို့ ထွက် ၃း၁၄မှာ ပြန်ဆိုခဲ့တယ်။ “ego eimi”. Received text ကတော့ သခင်ယေရှုကိုယ်တိုင် ယောဟန် ၈း ၅၇- ၅၈ I AM လို့ ပြောတာကို “ego eimi”. လို ဘာသာပြန်ခဲ့တယ်။ သခင်ယေရှုက I AM ဆိုတဲ့နာမည်ကိုသုံးတာဟာ ဂျူးလူမျိုးတွေ ကျောက်ခဲနဲ့ပစ်ပေါက်ဖို့ရာဖြစ်လာတယ်။ သူ့ကိုယ်သူ ထာဝရဘုရားအဖြစ် သုံးနှုန်းလို့ဖြစ်တယ်။ ကျောက်ခဲနဲ့ပေါက်တယ်ဆိုတာ ဓမ္မဟောင်းမှာ ဘုရားကိုကဲ့ရဲ့သူအတွက် အပြစ်ပေးခြင်းဖြစ်တယ်။ (ဝတ် ၂၄း၁၆). တနည်းဆိုရရင် ခရစ်တော်ဟာ သူ့ကိုယ်သူ ထာဝရဘုရားအဖြစ် ရည်ညွှန်းသုံးနှုန်းသွားတာတွေ့ရတယ်။

The Lord
“Lord” ဆိုတဲ့နာမတော်ဟာ ဓမ္မသစ်ကျမ်းမှာ သခင်ယေရှုအတွက် ရာနဲ့ချီပြီးသုံးခဲ့တယ်။ လူကို ရည်ညွှန်းတာ အနေနဲ့ ဓမ္မသစ်ကျမ်းမှာ ၉ ခါတွေ့ရတယ်။ ဒါပေမယ့် သခင်ယေရှုကို ရည်ညွှန်းပုံနဲ့တော့ မတူဘူး။ ဓမ္မဟောင်းကျမ်းမှာ ပထမဦးဆုံးအဖြစ် ကမ္ဘာ ၂း၄မှာ သုံးထားတယ်။ ဒီစကားက ထာဝရဘုရားသခင်ကို ရည်ညွှန်းပြီး အကြိမ်ရာနဲ့ချီသုံးထားတယ်။ ယေဇကျေလမှာတော့ ထာဝရအရှင်ဘုရားသခင်ဟာ ထာဝရဘုရားကို ရည်ညွှန်းပြီး ၁၆ ကြိမ်ရေးထားတယ်။ ဘုရားသခင်ထာဝရဘုရားနဲ့ (Elohim) ဘုရားသခင်အတွက် ချိတ်ဆက်သုံးထားတယ်။ ယေဇကျေလ ၂း ၄၊ ၃း၁၁၊ ၃း၂၇ တို့ကိုကြည့်ပါ။ “Lord” ဆိုတဲ့အသုံးအနှုန်းဟာ သခင်ယေရှုကိုခေါ်ဝေါ်တဲ့အခါ သုံးတာတွေ့ရတယ်။ ဥပမာ ဖိလိတ္တိ ၂း၁၁မှာ “ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောက်၍ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်” တမန်တော် ၁၀း၃၆မှာ “အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှု” လို့ ဖေါ်ပြထားတယ်။ ၁ကော ၂း၈ မှာတော့ ခရစ်တော်ရဲ့ အသေခံခြင်းကို ရည်ညွှန်းပြီး ရှင်ပေါလုက “ထိုပညာကို လောကီမင်းတစုံတယောက်မျှမသိ၊ သိလျှင် ဘုန်းကြီးတော်မူသောသခင်ကို လက်ဝါးကပ်တိုင်မှာမကွပ်မျက်ကြပြီ။”

First and the Last   အဦးဆုံးသောသူနဲ့ နောက်ဆုံးသောသူ
“အဦးဆုံးသောသူနဲ့ နောက်ဆုံးသောသူ” ဆိုတဲ့နာမတော်ဟာလည်း ထိရောက်တဲ့ ဥပမာတခု ဖြစ်တယ်။ ဗျာဒိတ် ၁း၁၃ မှာ “ထိုမီးခွက်ခုနစ်လုံးအလယ်၌ လူသားတော်နှင့်တူသောသူတဦးကို၎င်း မြင်လေ၏။ ထိုသူသည် ခြေတော်တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ရွှေခါးပန်းကိုစည်းလျက်ဖြစ်၏။” ဗျာဒိတ် ၁း၁၇- ၁၈မှာတော့ “ထိုသူကို ငါမြင်သောအခါ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌လဲလျက်နေ၏။ ထိုသူသည် လက်ျာလက်တော်ကို ငါ့အပေါ်သို့ တင်လျက် ကြောက့်ရွံခြင်းမရှိနှင့်။ ငါသည် အဦးဆုံးသောသူ နောက်ဆုံးသောသူဖြစ်၏။ အသက်ရှင်သောသူလည်း ဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက်အသက်နှင့်ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။”

“အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက် အသက်နှင့် ပြည့်စုံ၏။” ဆိုတဲ့စကားဟာ လူသားကို ဘုရားသသခင်ရဲ့သားတော်အဖြစ် ရည်ညွှန်းတာရှင်းပါတယ်။ သခင်ယေရှုဟာ ဗျာဒိတ်ကျမ်းရဲ့ အဓိကအကြောင်းအရာဖြစ်တယ်။ သုံးရက်မြောက်တဲ့နေ့မှာ ထမြောက်တဲ့သခင်ဖြစ်တယ်။ (၁ကော ၁၅း ၄) ဒါကြောင့် ဒီကျမ်းပိုဒ်တွေဟာ သခင်ယေရှုကို “အဦးဆုံးသောသူနဲ့ နောက်ဆုံးသောသူ” အဖြစ် ထောက်ပြထားတယ်။ သို့သော်လည်း ဟေရှာယ ၄၄း၆ မှာတော့ “ဣသရေလအမျိုး၏ရှင်ဘုရင်ထာဝရဘုရား၊ ဣသရေလအမျိုးကို ရွေးနှုတ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည် အဦးဆုံးသောသူ နောက်ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသောဘုရားသခင်မရှိ။ ထာဝရဘုရား “Lord” ဆိုတဲ့စကားဟာ ဟေဗြဲစကား Jehovahကို သုံးထားတာဖြစ်တယ်။ ထာဝရဘုရားမှတပါး အခြားသောဘုရားမရှိ။ သူက “အဦးဆုံးနဲ့နောက်ဆုံးသောသူ” ဖြစ်တယ်။ ဒါကြောင့် ကျမ်းစာက ယေရှုခရစ်တော်ဟာ “အဦးဆုံးနဲ့ နောက်ဆုံးသူ” ဆိုတဲ့ ဘွဲ့နာမထိုက်တန်တဲ့ ထာဝရဘုရားသခင်ဖြစ်ကြောင်း ထောက်ပြနေပါတယ်။

Lord of Lords သခင်တို့၏သခင်
ဗျာဒိတ် ၁၇း၁၄မှာ သိုးသူငယ်တော်ကို သခင်ယေရှုခရစ်အတွက် ရည်ညွှန်းတယ်။ သခင်တို့ရဲ့ သခင်၊ ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ်လည်းခေါ်ထားတယ်။ ၁တိ ၆း ၁၄-၁၅မှာလည်း သခင်တို့ရဲ့သခင်ကို သုံးထားတယ်။ ဒါပေမယ့် တရားဟော ၁၀း၁၇ မှာ ထာဝရဘုရားသခင်ကို “ဘုရားတို့၏ဘုရား၊ သခင်တို့ရဲ့သခင်” လို့ ရည်ညွှန်းထားတယ်။ ဒါကြောင့် ခရစ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း သက်သေပြနိုင်တယ်။ McDowell နဲ့ Larson တို့က ၁တိ ကျမ်းချက်ဟာ ဘုရားသခင်ကိုရည်ညွှန်းတယ်။ ဘုရားသခင်နဲ့ ခရစ်တော်ဟာ သခင်တကာ တို့ရဲ့သခင်ဆိုတဲ့ နာမတော်ကို အတူသုံးစွဲကြတယ်။ သခင်တကာတို့ရဲ့သခင်ဟာ ယေရှုခရစ်တော် ဖြစ်တယ်။ သိုးသူငယ်တော်ဖြစ်တယ်လို့ ဗျာဒိတ် ၁၇း ၁၄ မှာတွေ့ရတယ်။ ဒါကြောင့် အစဉ်အမြဲအသက်ရှင်တဲ့ ဘယ်တော့မှ မသေဆုံးနိုင်တဲ့ ပုဂ္ဂိုလ်တပါးဖြစ်တဲ့ ဘုရားသခင်ရဲ့နာမတော်တွေကို ဝေမျှသုံးစွဲနေတာဖြစ်တယ်။ “Who only hath immortality” နဲ့ “Only Potentate” တန်ခိုးကြီးသော တပါးတည်းသောပုဂ္ဂိုလ် (MaDowell and Larson, 1983) တနည်းပြောရရင် ဒီကျမ်းပိုဒ်တွေဟာ ခရစ်တော်ရဲ့ ဘုရားဇာတိကို ခိုင်လုံကြောင်း သက်သေပြနေပါတယ်။

Savior and Redeemer  ကယ်တင်ရှင်နဲ့ ရွေးနှုတ်သောသခင်
တိတု ၂း၁၄၊ ဂလာတိ ၄း၅၊ ဧဖက် ၁းရ၊ ဟေဗြဲ ၉း၁၂ မှာ ခရစ်တော်ဟာ အသွေးသွန်းပြီး ရွေးနှုတ်တဲ့သခင် ဖြစ်တယ်လို့ ဖေါ်ပြထားတယ်။ “ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကိုရွေးနှုတ်ခြင်းငှါ  ကိုယ်ကိုယ်ကို စွန့်ကြဲတော်မူ၏။” ဓမ္မဟောင်းကျမ်းမှာ ထာဝရဘုရားသခင်ဟာ ဣသရေလအမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့မှ ရွေးနှုတ်တော်မူမယ် လို့ ဖေါ်ပြထားတယ်။ ဆာလံ ရ၈း၃၅ မှာ “ဘုရားသခင်သည် သူတို့ကိုကယ်တင်သောအရှင် (Redeemer) ဖြစ်တော်မူ၏။ ဟေရှာယ ၄၁း၁၄ နဲ့ ၄၃း၁၄ မှာ ဟေရှာယ ၄၇း၄၊ ဟေရှာယ ၄၈း၁၇၊ ဘုရားသခင်ဟာ ရွေးနှုတ်တဲ့သခင်အဖြစ် ဖေါ်ပြထားတယ်။ “ဣသရေလအမျိုးရဲ့သန့်ရှင်းသူ၊ သင့်ကိုရွေးနှုတ်သောသခင်” ယေရှု ခရစ်တော်ဟာ ထာဝရဘုရားသခင်ရဲ့ ရွေးနှုတ်ကယ်တင်ရှင်ဆိုတဲ့နာမတော်ကို ဝေမျှ သုံးစွဲထားတာ တွေ့ရတယ်။

ကျမ်းစာထဲမှာ သခင်ယေရှုခရစ်ကို “Saviour” ကယ်တင်ရှင်” ဆိုတဲ့နာမတော်နဲ့ပဲသုံးထားတယ်။ ဓမ္မဟောင်းကျမ်းထဲမှာ ဘုရားသခင်အတွက်သာ အထူးသဖြင့်သုံးစွဲခွင့်ရှိတဲ့နာမတော်ဖြစ်တယ်။ ဟေရှာယ ၄၃း၁၁၊ ၄၅း၂၁၊ ဟောရှေ ၁၃း၄ မှာ ထာဝရဘုရားသခင်ဟာ ငါတို့ရဲ့ကယ်တင်ရှင်နဲ့ တပါးတည်းသောကယ်တင်ရှင်လို့ ဖေါ်ပြထားတယ်။ ဟေရှာယ ၄၃း၁၁ မှာ “ငါတပါးတည်း ထာဝရဘုရားဖြစ်၍၊ ငါမှတပါးကယ်တင်သောသခင်မရှိ။” ဟေရှာယ ၄၉း၂၆ “ငါထာဝရဘုရားသည်  သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနှုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားဖြစ်ကြောင်း” ဟေရှယ ၆၀း၁၆ ကိုလည်းကြည့်ပါ။

ဒါပေမယ့် လုကာ ၁၉း၁၀မှာ သခင်ယေရှုက “လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်း။” လုကာ ၂း၁၁မှာ “ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သော အရှင်သည် သင်တို့အဘို့အလိုငှါ ဖွားမြင်ခြင်းကိုခံတော်မူပြီ။” ဒီအကြောင်းကို ကာရံတူဆင်တူအနေနဲ့ တိတု မှတ်စာထဲမှာ ၃နေရာတွေ့ရတယ်။ ပထမ ဆင်တူကာရံတူတာက တိတု ၁း၃မှာဖြစ်တယ်။ “ငါတို့ကို ကယ်တင်သော အရှင်ဘုရားသခင်” နောက်ဆက်ဖတ်လိုက်တဲ့အခါ “ငါတို့ကိုကယ်တင်မူသောအရှင် သခင်ယေရှုခရစ်” လို့ တွေ့ရတယ်။ ဒုတိယကာရံတူကိုတော့ အငယ် ၁၀ မှာ “ငါတို့ကိုကယ်တင်တော်မူသောအရှင် ဘုရားသခင်” နောက်ဆက်ဖတ်လိုက်တော့ “ငါတို့ကို ကယ်တင်တေယ်မူသောအရှင် သခင်ယေရှုခရစ်” နောက်ဆုံးကာရံနံပါတ်၃ ကိုတော့ အခန်းကြီး ၃ မှာတွေ့ရတယ်။ အငယ်၄မှာ “ငါတို့ကိုကယ်တင်တော်မူအရှင်ဘုရားသခင်၏ စေတနာတော်” နောက်ဆက်ဖတ်လိုက်တဲ့အခါမှာ “ငါတို့ကိုကယ်တင်မူသောအရှင်ယေရှခရစ်” လို့တွေ့ရတယ်။ ကျမ်းစာအနက်ဖွင့်တဲ့ စည်းကမ်းအတိုင်းဆိုရင် ဒီကာရံတူ ဆင်တူသုံးခုကိုကြည့်လိုက်တဲ့အခါ ဘုရားသခင်ဟာ ကယ်တင်ရှင်ဖြစ်တယ်။ ပြီးတော့ သခင်ယေရှုက ကယ်တင်ရှင်ဖြစ်တယ်။ ဒါကြောင့် သခင်ယေရှုနဲ့ ဘုရားသခင်ဟာ အတူဖြစ်တယ်။ ဒီအခန်းကြီး ၃ ခန်းလုံးမှာ ဘုရားသခင်အတွက် သုံးထားတဲ့ ကယ်တင်ရှင်ဆိုတဲ့နာမကို သခင်ယေရှုအတွက်လည်း သုံးထားတယ်။ ဒါဟာ သခင်ယေရှု ဘုရားသခင်ဖြစ်ကြောင်း ထင်ရှားတဲ့သက်သေဖြစ်တယ်။ နောက်ဆုံး တမန်တော် ၄း ၁၂မှာ “ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သောနာမတစုံတခုမျှ လူတို့တွင်မပေါ်မရှိ။” လို့ ပြတ်ပြတ်သားသားဖေါ်ပြထားတယ်။ ဒါကြောင့် သခင်ယေရှုနဲ့ ထာဝရဘုရားသခင်ဟာ ဟေရှာယ ၄၃း၁၁ မှာ ဖေါ်ပြထားသလို ထာဝရဘုရားသခင်မှတပါး အခြားကယ်တင်ရှင်မရှိ။ ဓမ္မသစ်မှာ သခင်ယေရှုခရစ်မှတပါး တခြား ကယ်တင်ရှင်မရှိလို့ ပြောထားတယ်။

Light   အလင်း
သခင်ယေရှုခရစ်နဲ့ ဘုရားသခင်အတွက် တခြားနာမတော်တခုကတော့ “အလင်း” ဖြစ်တယ်။ ယောဟန် ၁း၄မှာ “ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်တယ်။” ယောဟန် ၃း၁၉မှာ “အလင်းသည် ဤလောကသို့ဝင်၍” ယောဟန် ၉း၅မှာ “ငါသည် ဤလောက၌ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏။” ဒါပေမယ့် ဆာလံ ၂၇း၁မှာ “ထာဝရဘုရားသည် ငါ၏အလင်း ငါ့ကိုကယ်တင်တောမူသောအရှင်ဖြစ်တော်မူ၏။” လို့တွေ့ရတယ်။ ဒါပေမယ့် သခင်ယေရှုက ဒီနာမနှစ်ခုစလုံးကို သုံးထားတာတွေ့ရတယ်။ ဟေရှာယ ၆၀း၂၀မှာ “ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူ၍” ဒါကြောင့် သခင်ယေရှုဟာ အလင်းဆိုတဲ့နာမတော်ကို ထာဝရဘုရားမှာသုံးသလို သုံးထားပါတယ်။

The Truth    သမ္မာတရား
ယောဟန် ၁၄း၆မှာ “ငါသည် လမ်းခရီးဖြစ်၏ သမ္မာတရားလည်းဖြစ်၏ အသက်လည်းဖြစ်၏။” သခင် ယေရှုက သူဟာ သမ္မာတရားဖြစ်တယ်လို့ပြောထားတယ်။ ယောဟန် ၁း၁၇မှာ “ပညတ်တရားကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့်သစ္စာတရားမူကား ယေရှုခရစ်အားဖြင့်ဖြစ်သတည်း။” သစ္စာတရားဆိုတာ “Truth” အမှန်တရား ဖြစ်ပါတယ်။ ဗျာဒိတ် ၁၉း၁၁ မှာ “သစ္စာဟူသောအမည်ရှိသတည်း” အငယ် ၁၃ ရောက်တော့ “ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသောအမည်ရှိ၏” လို့ ရှင်းရှင်းလင်းလင်းဖေါ်ပြပါတယ်။ “သစ္စာရှိသော သမ္မာ အမည်” ဆိုတဲ့ စကားတွေဟာ နာမတော်ဖြစ်တဲ့အတွက် စာလုံးအကြီးတွေနဲ့ “Faithful and True” လို့ ရေးရပါတယ်။

ဒါပေမယ့် ဆာလံ ၃၁း၅ မှာတော့ “သစ္စာစောင့်တော်မူသောဘုရားသခင် ထာဝရဘုရားလို့” ဆိုတယ်။ တရားဟော ၃၂း၄ မှာ “သစ္စာစောင့်သောဘုရား” လို့တွေ့ရတယ်။ ဆာလံ၂၅း၅ မှာတော့ “ကိုယ်တော်၏ သမ္မာတရား ကို ပြ၍” “ကိုယ်တော်၏သမ္မာတရား Thy Truth” လို့ သုံးနှုန်း ထားတယ်။ ဆာလံသီချင်းတွေထဲမှာ ၁၄ ကြိမ် တွေ့ရတယ်။

ဒါကြောင့် ဘုရားသခင်ဟာ သမ္မာတရားဖြစ်သလို၊ သခင်ယေရှုဟာလည်း သမ္မာတရားဖြစ်တာ ရှင်းပါတယ်။

Judge of All   အားလုံးကိုတရားစီရင်သောသူ
ဟေဗြဲ ၁၂း၂၃မှာ “ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူသောသူ” “Judge” ဆိုတဲ့စကားလုံးကို J အကြီးနဲ့ ရေးထားတယ်။ ထာဝရဘုရားရဲ့ဘွဲ့နာမဖြစ်တယ်။ ဆာလံ ၅၀း ၄-၆မှာ ဘုရားသခင်က လူမျိုးတော်ကို တရားစီရင်တယ်။ ဆာလံ ၉၆း၁၃မှာ “ကိုယ်တော်သည်ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ လူများကိုသစ္စာတော်နှင့်၎င်း စီရင် ဆုံးဖြတ် တော်မူလတံ့။” ဒါပေမယ့် ဒီနာမတော်ကို ခရစ်တော်ကလည်းသုံးစွဲထားတာတွေ့ရတယ်။ ယောဟန် ၅း၂၂  “တရားစီရင်ခြင်း အခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူ၏။” ရောမ ၁၄း၁၀ ၂ကော ၅း၁၀ မှာ “ခရစ်တော်ရဲ့ တရားပလ္လင် judgement seat of Christ” လို့တွေ့ရတယ်။ မဿဲ ၂၅ ခရစ်တော်ဟာ ဘုန်းအသရေရှိတဲ့ ပလ္လင်ပေါ်မှာထိုင်ပြီး တရားစီရင်တယ်။ ၂တိ ၄း၁မှာတော့ “ကိုယ်တော်တိုင်ပေါ်ထွန်း၍ နိုင်ငံတော် ထင်ရှားသော ကာလ၊ အသက်ရှင်သောသူ သေသောသူတို့ကို စစ်ကြောသောကာလ၊ စီရင်တော်မူသောသခင်ယေရှု” လို့ တွေ့ရတယ်။

Shepherd   သိုးထိန်း
 ဓမ္မဟောင်းနဲ့ ဓမ္မသစ်မှာ ထာဝရဘုရားဟာသိုးထိန်းလို့သုံးတာကို သခင်ခရစ်တော်လည်း သုံးထားတယ်။ ဆာလံ ၂၃း၁ မှာ “ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည်ဆင်းရဲမခံရ။” ဆာလံ ၈၀း၁ မှာ သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကိုပို့ဆောင်တော်မူသော ဣသရေလသိုးထိန်းကြီး” ခရစ်တော်ပြန်ကြွလာမှာကို ရည်ညွှန်းတဲ့ အနေနဲ့ ၁ပေ ၅း၄မှာ “သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ” ယောဟန် ၁၀း၁၁နဲ့ ၁၀း၁၄ မှာ “ကောင်းသောသိုးထိန်း” လို့ သခင်ယေရှုက သူ့ကိုသူ ရည်ညွှန်းတယ်။ ဆာလံ ၁၀၀း၃ မှာ “အထံတော်၌ ကျက်စားသော သိုးစုလည်းဖြစ်ကြ၏” လို့  ဣသရေလလူမျိုးကိုရေးထားတယ်။ ဒါပေမယ့် သခင်ယေရှုက ယောဟန် ၁၀း၂၇ မှာ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” သခင်ယေရှုဟာ ကောင်းသောသိုးထိန်းဖြစ်တယ်။ ထာဝရဘုရားသခင်ဟာလည်း ကောင်းသောသိုးထိန်းဖြစ်တယ်။ ဒါကြောင့် သခင်ယေရှုဟာ ထာဝရအသက် ပေးပိုင်တယ်။ ထာဝရဘုရားသခင်ဖြစ်တယ်။

Creator   ဖန်ဆင်းရှင်
သခင်ယေရှုခရစ်က ထာဝရဘုရားလိုပဲ ဖန်ဆင်းရှင်ဆိုတဲ့နာမကိုသုံးတယ်။ “အစအဦီး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။” (ကမ္ဘာ ၁း၁) ဆာလံ ၁၀၂း၂၅၊ ကိုယ်တော်သည် ေ့ရှဦးစွာ မြေကြီးကို တည်တော်မူ၏၊ မိုးကောင်းကင်သည်လည်း လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏။” ဓမ္မသစ်မှာတော့ ဒီကျမ်းစကားကိုပဲ သခင်ယေရှုကို ဘုရားသခင်ရဲ့သားတော်အဖြစ် ရည်ညွှန်းတဲ့အနေနဲ့ ဟေဗြဲ ၁း၁၀ မှာ သုံးထားတယ်။ ဒါကြောင့် ဒီစကားကို တဆက်တည်းပြောတဲ့အနေနဲ့ ဟေဗြဲ ၁း၈ မှာ သခင်ယေရှုကို ရည်ညွှန်းတာ တွေ့ရတယ် (Gill) ။ ယောဟန် ၁း၁ မှာ

“အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိတော်မူ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်သော အရာ တစုံတခုမျှမရှိ။”

ကောလောသဲ ၁း ၁၅-၁၆ မှာ “ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန် ဖြစ်တော်မူ၏။ ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ အကြောင်းမုကား ထိုသားတော်သည် ကောင်းကင်ပေါ် မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဖို့အလိုငှါ၎င်း ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။”

ဒါကြောင့် သခင်ယေရှုခရစ်ဟာ ထာဝရဘုရားသခင်ဆိုတဲ့ နာမကိုလည်း ရတာဖြစ်တယ်။ လူနဲ့ စင်္ကြာဝဠာကြီး တခုလုံးဟာ သခင်ယေရှုရဲ့လက်လို့ခေါ်တဲ့ ဘုရားသခင်ရဲ့လက်တော်နဲ့ ဖန်ဆင်းထားတာဖြစ်တယ်။

IV. What Jesus says about Himself  သခင်ယေရှုပြောသောသူ့အကြောင်း

သခင်ယေရှု သူ့အကြောင်းပြောတာကို ဆက်ရှင်းပြပါမယ်။ ဒီစာအုပ်မှာ သမ္မာကျမ်းစာဟာ မေ့ရွလျော့ မပြောင်းလဲနိုင်တဲ့ ဘုရားနှုတ်ကပတ်တော်အချက်ဖြစ်တယ်ဆိုတာကို သက်သေခံထားတာကြောင့် ကျမ်းစာရဲ့ ဖေါ်ပြခက်တွေပေါ်မှာပဲ အဓိကဦးတည်ပြီးရှင်းပါမယ်။ သမ္မာကျမ်းစာဟာ သခင်ယေရှုခရစ်အကြောင်းကို ဖေါ်ပြတဲ့ ဘုရားသခင်ရဲ့ ဖွင့်ပြချက်ဖြစ်တဲ့အတွက် သခင်ယေရှု ဘယ်လိုမိန့်တော်မူထားတယ်ဆိုတာကို လေ့လာနိုင်ပါတယ်။

သခင်ယေရှုဟာ ဘုရားသခင်ဖြစ်ကြောင်းထောက်ပြတဲ့ နောက်အချက်တချက်ကတော့ သူဟောတဲ့တရား၊ သူ့အသက်တာ လမ်းခရီး သမ္မာတရားနဲ့အသက် ထမြောက်ခြင်း ငါဖြစ်သည်ဆိုတဲ့အတိုင်း ငါဖြစ်သည် ဆိုတဲ့ နာမတွေပဲ ဖြစ်တယ်။ သခင်ယေရှုရဲ့ဧဝံဂေလိဆိုတာဟာ သခင်ယေရှုအကြောင်းပဲဖြစ်တယ်။ သူဟောတဲ့ ဧဝံဂေလိတရားဆိုတာ သူဟာ ကယ်တင်ရှင်ဖြစ်ကြောင်း ပြောတဲ့တရားပဲဖြစ်ပါတယ်။

Believe also in me   ငါ့ကိုလည်းယုံကြည်ကြလော့။
“ငါ ဘုရားသခင်ကို ယုံသလို သင်တို့လည်းယုံကြည်ကြ” ဆိုတဲ့စကားလောက်ကို သခင်ယေရှုမပြောပါဘူး။ “ငါ့ကိုယုံကြည်ကြလော့။ Have faith in me” လို့ပဲပြောတယ်။ (Machen, 1881 – 1937) ယောဟန် ၁၄း၁ မှာ “ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။” ဒါက ဘုရားသခင်ကိုယုံကြည်တာနဲ့ သခင်ယေရှုကို ယုံကြည်တာကို ချိတ်ဆက်ထားတာဖြစ်ပါတယ်။  “ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည် သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။” သူ့ကိုယုံကြည်တာဟာ ထာဝရအသက်နဲ့ အနာငြိမ်းခြင်းရဲ့ပင်မဖြစ်တယ်လို့ ဆိုတယ်။ (ယောဟန် ၁၁း၂၆၊ လုကာ ၈း၄၈) ခရစ်တော်ကိုယုံတာဟာ ပြီးပြည့်စုံခြင်းရဲ့ အခြေခံတရားဖြစ်တယ်။ ယောဟန် ၆း၃၅။ သမ္မာကျမ်းစာဟာ ခရစ်တော်အကြောင်းကိုဦးတည်ပြီး ရေးထားတာဖြစ်တယ်။ ဧဝံဂေလိတရားရဲ့အဓိကအချက်နဲ့ သမ္မာတရားရဲ့အဓိကအချက်ဟာ သခင်ခရစ်တော် ဖြစ်တယ်။ အပြစ်စီရင်ခံရမယ့်အပြစ်သားနဲ့ ကယ်တင်ခံရတဲ့ သန့်ရှင်းသူတို့ရဲ့ခြားနားချက်ဟာ ခရစ်တော်ကို ယုံကြည်ခြင်းအပေါ်မှာ မူတည်တယ်။

They are My Sheep   ငါ၏သိုးများဖြစ်ကြ၏။

ကယ်တင်ခြင်းခံရပြီးသား သန့်ရှင်းသူတွေအကြောင်းကို ယောဟန် ၁၀း၂၇ မှာ သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ယောဟန် ၁၀း၃၊၄ မှာ သခင်ယေရှုက “his own sheep ပိုင်သောသိုးများ” လို့ ပြောထားတယ်။ ဆာလံ ၉၅းရ မှာ “ငါတို့သည်လည်း အထံတော်၌ကျက်စားသောသူ လက်တော်အောက်၌နေသောသိုးစုဖြစ်ကြ၏။” ဆာလံ ၁၀၀း၃ “ငါတို့သည် ထာဝရဘုရား၏လူဖြစ်ကြ၏။ အထံတော်၌ကျက်စားသောသိုးစုလည်းဖြစ်ကြ၏။” ယေဇကျေလ ၃၄း၃၁ “ငါ၏ကျက်စားရာအရပ်၌ရှိသော ငါ၏သိုးတို့ သင်တို့သည်လူဖြစ်ကြ၏။” ဒါပေမယ့် သခင်ယေရှုက သူဟာ သုံးပါးတဆူဘုရားသခင်မှာ သားတော်ဘုရားဖြစ်ကြောင်းကို ခမည်းတော်ပေးတဲ့သိုးတွေကို ငါပိုင်တယ်လို့ ပြောခြင်းအားဖြင့် ဘုရားဇာတိကိုဖေါ်ပြတယ်။ ယောဟန် ၁၀း၂၉

I am the Way the Truth and the Life  လမ်းခရီး သမ္မာတရားနဲ့ အသက်
ကျမ်းစာထဲမှာ သခင်ခရစ်တော်က လလ်းခရီး သမ္မာတရားနဲ့ အသက်ဖြစ်တယ်လို့ပြောတယ်။ ယောဟန် ၁၄း၆။ ယောဟန် ၁၀းရ-၉ မှာ “ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးဖြင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကိုတွေ့လိမ့်မည်။” သခင်ယေရှုဟာ ကောင်းကင်သွားဖို့ ကျဉ်းတဲ့တောလမ်းလည်းဖြစ်တယ်။ မဿဲ ရး၁၃-၁၄။ သူဟာ အပြစ်တရားနဲ့သေခြင်းလက်က လွှတ်ခြင်းအခွင့်ပေးတဲ့ သမ္မာတရားလည်းဖြစ်တယ်။ ရောမ ၈း၂၊ ထာဝရအသက်ပေးတယ်။ ၁ယော ၅း၁၂။ ဒါပေမယ့် ဆာလံ ၂၅း ၄-၅ မှာ “အိုထာဝရဘုရား ကိုယ်တော်၏လမ်းတို့ကို အကျွနု်ပ်အားပြညွှန်၍ ခရီးတော်တို့ကိုသွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွနု်ပ်ကို သွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွနု်ပ်ကို သွန်သင်သောဘုရားသခင်ဖြစ်တော်မူ၏။” ဆာလံ ၈၆း၁၁ ကို လည်းကြည့်ပါ။ ဒါကြောင့် ဘုရားသခင်ဟ လမ်းခရီး သမ္မာတရားနဲ့ အသက်ဖြစ်တယ်။ သခင်ယေရှုကလည်း ဘုရားသခင်ပိုင်တဲ့ ဒီနာမကို သူ့အတွက်သုံးစွဲသွားတယ်။ ဒါကြောင့် သူဟာ ဆုကျေးဇူး ရှိသမျှရဲ့ အရင်းအမြစ် လမ်းခရီး သမ္မာတရားနဲ့ အသက်ဖြစ်တယ်။ သခင်ယေရှုကိုသိတာဟာ ခမည်းတော်ကို သိတာဖြစ်တယ်။

Knowing Jesus is Knowing the Father  သခင်ယေရှုကိုသိတာဟာ ခမည်းတော်ကိုသိတာဖြစ်တယ်။

သခင်ယေရှုက ယောဟန် ၈း၁၉ မှာ “ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်းသိကြလိမ့်မည်။” မှတ်သားရမှာက ခမည်းတော်ကိုသိရင်လို့ မပြောဘူး။ သခင်ယေရှုကိုသိရင် ခမည်းတော်ကို သိတယ်လို့ပဲပြောတယ်။ သားတော်ဘုရားသခင် Logos ကိုသိတာဟာ ထာဝရဘုရားကိုသိတာဖြစ်တယ်။ သူက လမ်းခရီးဖြစ်တယ်။ ခမည်းဘုရားကို သိဖို့ အဓိက အကြောင်းရင်းလည်းဖြစ်တယ်။ “ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။” ယောဟန် ၁၄း၆။ ဒါကြောင့် ဘယ်သူမျှ ခမည်းတော်ကို ဒီအတိုင်းမသိဘူး။ သားတော်အားဖြင့်သာ သိနိုင်တယ်။ ခမည်းတော်နဲ့ သားတော်ဟာ တလုံးတဝတည်းဖြစ်တယ်။ ယောဟန် ၁၀း၃၀။

I am the Bread of Life  အသက်မုန့်
ယောဟန် ၆း၅၁ မှာ “ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူ               မည်သည်ကား အစဉ်မပြတ်အသက်ရှင်လိမ့်မည်။” အယ် ၅၄ မှာတော့ “ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကိုနောက်ဆုံးသောနေ့၌ ငါ ထမြောက်စေမည်။ ဘုရားသခင်က ထာဝရအသက်ကို သူ့အားဖြင့်ပေးမယ်လို့ပြောတာမဟုတ်ပဲနဲ့ သခင်ယေရှုအားဖြင့်ထာဝရအသက်ရမယ်။ သခင်ယေရှုက ရှင်ပြန်ထမြောက်အောင်လုပ်ပေးမယ်လို့ ပြောတာဖြစ်တယ်။ လူ့ဇာတိအပြည့်ဖြစ်သလို ဘုရားဇာတိ အပြည့်ဖြစ်တဲ့ ခရစ်တော်ဟာ ဘုရားအလုပ် လုပ်နိုင်သူဖြစ်တယ်။

Blessed are Those Persecuted “for my Sake”   ငါ့အကျိုးအတွက် ညှင်းဆဲခြင်းခံရသူဟာ မင်္ဂလာရှိတယ်။
 မဿဲ ၅း၁၁ မှာ “ငါ့ကြောင့် သင်တို့ကိုကဲဲ့ရ့ညှင်းဆဲ၍ မမှန်ပဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။” သခင်ယေရှုနာမကြောင့် ညှင်းဆဲခံရသူဟာ ဝမ်းမြောက်သင့်တယ်။ ကောင်းကင်မှာ အကျိုးဆုလာဒ်ကြီးတယ် လို့ဆိုတယ်။ သခင်ယေရှုရဲ့နာမတော်ကြောင့် တပည့်တော်တွေအမုန်းခံရမယ်။ မဿဲ ၁၀း၂၂။ မဿဲ ၁၀း၃၉ မှာ ငါ့အကျိုးအတွက်အသက်စွန့်ရသူဟာ အသက်ကိုတွေ့ရတယ်လို့ဆိုတယ်။ ဒီနေရာမှာ သူနဲ့ ဘုရားသခင်ကြား ဘာမှကွာခြားချက်မရှိတော့ဘူး။ သခင်ယေရှုအတွက်ဆင်းရဲခံရရင် ကောင်းကင်မှာ ဆုလာဒ်ရမယ်လို့ ပြောထားတယ်။

Whosever shall be Ashamed of Me  ငါ့ကြောင့် ရှက်ကြောက်တဲ့သူ
လုကာ ၁၄း၂၆ မှာ “အကြင်သူသည် ငါ့ထံသို့လာ၍၊ မိဘ သားမယား ညီအစ်ကိုမောင်နှမတို့ကို၎င်း ထိုမျှမက မိမိအသက်ကို၎င်းမမုန်း ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” ဒီစကားက မာကု ၈း၃၈ က စကားနဲ့တူတယ်။ “မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏။ လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျှက်၊ သန့်ရှင်းသောကောင်းကင်တမန်တို့နှင့် အခြံအရံ ကြွလာသောအခါ ထိုသူကိုရှက်တော်မူလတံ့။” ထင်ရှားတဲ့ဓမ္မပညာရှင် Machenက ဒီလောက်ကြီးမြတ်တဲ့စကားကို ဘယ်သူ ပြောနိုင်မလဲ။ လောကအရာရဲ့ ချည်နှောင်မှုတွေကို ဆွဲယူသွားနိုင်တဲ့ယုံကြည်ခြင်းမျိုး ထာဝရကာလအထိ အားကိုးလို့ရတဲ့ ယုံကြည်ခြင်းမျိုးကိုပေးမယ်လို့ ဘယ်သူပြောနိုင်လဲ။ ဘုရားကလွဲလို့ တခြား ဘယ်သူမှ မပြောနိုင်ဘူး။

Judge  တရားသူကြီး
ယောဟန် 5:22 မှာ “တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူ၏။” ရောမ ၂း၁၆ မှာ “ငါဟောပြောသော ဧဝံဂေလိတရားအတိုင်း ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မတရားသော အမှုအရာတို့ကို စစ်ကြောစီရင်သောနေ့၌ ထိုသို့စီရင်တော်မူလတံ့။” ဟေရှာယ ၃၃း၂၂ မှာ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီးဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ရှင်ဘုရင်ဖြစ်တော်မူ၍ ငါတို့ကိုကယ်တင်တော်မူလိမ့်မည်။” ဒါကြောင့် ဘုရားသခင်ဟာ တရားစီရင်တဲ့သူ ဖြစ်သလို သူလည်း တရားစီရင်သူဖြစ်တယ်။ ဘုရားသခင် ကယ်တင်ရှင်ဖြစ်သလို သူလည်း ကယ်တင်ဖြစ်တယ်။

That all Men Should Honour the Son, Even as They Honour the Father  ခမည်းတော်ကို ရိုသေသလို သားတော်ကို ရိုသေရမယ်။

ယောဟန် 5:23မှာ “That all men should honour the Son, even as they honour the Father. လူအပေါင်းတို့သည် ခမည်းတော်ကိုရိုသေသည့်နည်းတူ သားတော်ကိုရိုသေစေမည့်အကြောင်း” ဒီနေရာမှာ ခမည်းတော်ကို ရိုသေသလိုမျိုး သားတော်ကိုရိုသေရမယ်လို့ သခင်ယေရှုက ရှင်းရှင်းလင်းလင်းပြောပါတယ်။ အငယ် ၃၉ မှာ ကျမ်းစာဟာ သူ့ရဲ့သက်သေဖြစ်တယ်လို့ဆိုတယ်။ ထာဝရအသက်ရဖို့ လူတွေ သူ့ဆီလာရမယ်လို့ဆိုတယ်။

 V. Divine Birth, Life, Death, Resurrection, Ascension, and Return ဖွားမြင်ခြင်း၊ အသက်တာ၊
အသေခံခြင်း၊ ထမြောက်ခြင်း၊ ကောင်းကင်တက်ကြွခြင်းနဲ့ ဒုတိယအကြိမ်ပြန်ကြွလာခြင်း

ခရစ်တော်ဟာ ဘုရားဖြစ်ကြောင်း နောက်ထပ်ထင်ရှားတဲ့သက်သေတခုကတော့ အ့ံဩဖွယ်ရာ လူ့ဇာတိခံ မွေးဖွားခြင်း၊ သန့်ရှင်းတော်မူခြင်း၊ အပြစ်ကင်းစင်ခြင်း၊ ထူးခြားထင်ရှားတဲ့အသက်တာနဲ့ အသက်ရှင်ခြင်း အံ့ဩဖွယ်ရာ အသက်စွန့်လွှတ်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွခြင်းနဲ့ ဒုတိယအကြိမ်ပြန်ကြွလာမယ့် ဂတိတော်တွေနဲ့ ခြယ်မှုန်းရေးသားထားပါတယ်။

Divine Birth
ဘုရားအဖြစ်မှာ အံ့ဩဖွယ်ရာ လူ့ဇာတိခံမွေးဖွားလာတယ်။ ယောဟန် ၁း၁၄။ ဟေရှာယ ရး၁၄ မှာ “ထိုကြောင့် ထဝရဘုရားသည် ကိုယ်တော်တိုင်နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့၊ သတို့သမီးကညာသည် ပဋိသဒ္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ့ံ။” ခရစ်တော်ဖွားမြင်မယ့်အကြောင်း ကြိုတင်ဟောပြောခဲ့တာဖြစ်တယ်။ ခရစ်တော် ဖွားမြင်ခြင်းနဲ့ ပတ်သက်ပြီး ကနဦးအသင်းတော်များထဲမှာ သဘောတူညီချက်တခုရှိခဲ့တယ်။  ဖွားမြင်ခြင်းဟာ တခြားဘယ်သူမှ အဲဒီလိုမဖွားမြင်ဘူး။ နောင်လည်း အဲဒီလိုမဖွားမြင်ကြဘူး။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အပျိုဝမ်းမှ မွေးဖွားလာတယ်။ မဿဲ ၁း၁၈၊ “ယောသပ်နှင့်ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီ သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။”

မဿဲ ၁း၂၃ မှာ ဟေရှာယ ရး၁၄ ကို ပြန်ပြီးကိုးကားတယ်။ “ကြည့်ရှုလော့၊ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ့ံ။ ဧမာနွေလ အနက်ကား၊ ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင် ဟုဆိုလိုသတည်း။” လုကာ ၁း၂၇ မှာ မာရိကို အပျိုကညာ လို့ဆိုတယ်။ အငယ် ၃၄ မှာ မာရိက သူ့ကိုယ်သူ အပျိုကညာလို့ပြောတယ်။ မာရိမှာ ကိုယ်ဝန်စွဲပြီလို့ ကောင်းကင်တမန်က ပြောပြီးတဲ့နောက်ပိုင်း သူက “ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွနု်ပ်သည် ယောက်ျားနှင့် မဆက်ဆံပါ။” “မဆက်ဆံပါ know not” ဆိုတာဟာ ယောက်ျားနဲ့ ပတ်သက်မှု မရှိဘူးလို့ ဆိုတာဖြစ်တယ်။ ခရစ်တော်ဟာ တခြားသူတွေနဲ့မတူဘူး။ ကိုယ်ခန္ဓာမှာ ဘုရားကျိန်းဝပ်တာဖြစ်သလို ဘုရားဇာတိ လူ့ဇာတိအပြည့်ရှိတယ်။ သာမန်လူတွေမဖြစ်နိုင်တဲ့အရာ သန့်ရှင်းသောဝိညာဉ်တော်က အပျိုကညာမှာ ကျိန်းဝပ်ပြီး မွေးဖွားလာတယ်။

Divine Life (Ministry)  ဘုရားသခင်အသက်ရှင်ပြသော အသက်တာ
သခင်ခရစ်တော်ရဲ့ အသက်တာမှာ ဘုရားဖြစ်ကြောင် းတွေ့ရတယ်။ အပြစ်ကိုမကျူးလွန်နိုင် impeccable. Orthodox ဓမ္မပညာရှင်တွေက ယေရှုခရစ်ဟာ အပြစ်လုံးဝကင်းတယ်လို့ သဘောတူလက်ခံကြတယ်။ Walvoord ဆိုတဲ့ ထင်ရှားတဲ့ ဓမ္မပညာရှင်က “doctorine of the impeccability ခရစ်တော် အပြစ်မပြုနိုင်” ဆိုတဲ့ လူ့ဇာတိ ခံယူခဲ့ရတာ ဖြစ်တဲ့အတွက် စုံစမ်းနှောင့်ရှက်ခြင်းတော့ ခံရနိုင်တယ်လို့ဆိုခဲ့ပါတယ်။ အာဒံလိုသတိမထားရင် လူ့သဘာဝဟာ အပြစ်ပြုမိနိုင်တယ်လို့ဆိုတယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ဘုရားဇာတိက လုံးဝပယ်ရှင်းပေးတဲ့အတွက် အပြစ်မပြုမိနိုင်ဘူးလို့ဆိုတယ်။ ခရစ်တော်ဟာစုံစမ်းခြင်းခံရစဉ်မှာ အပြစ်ထဲကို လုံးဝပါမသွားဘူး။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်တယ်။ Walvoordက ခရစ်တော် အပြစ်မပြုနိုင်ဘူး။ စုံစမ်းခြင်းခံရပေမယ့် ဘုရားသခင်ရဲ့ အပြစ်ကင်းတဲ့ သိုးသူငယ်ဖြစ်တဲ့ အပြစ်ဖြစ်နိုင်စွမ်းမရှိဘူး။ ၂ကော ၅း၂၁ မှာ “အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ေ့ရှ၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။” ၁ပေ ၂း၂၂ မှာ “ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။” ဟေဗြဲ ၄း၁၅ မှာ “ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏။” ခရစ်တော်ဟ လူတွေခံရတဲ့ စုံစမ်းနှောင့်ယှက်ခြင်းတွေကို ဆင်းရဲဒုက္ခတွေကိုခံစားဖူးတယ်။ ဒါပေမယ့် အပြစ်မပြုဘူး။ ခရစ်တော်က အပြစ်ပြုနိုင်သူမဟုတ်ဘူး။

ခရစ်တော်ပြတဲ့ နိမိတ်လက္ခဏာတွေကလည်း ဘုရားဖြစ်ကြောင်းသက်သေပြတယ်။ Sardis မြို့သား Melito Melito of Sardisက တမန်တော်ယောဟန်သေဆုံးပြီးနောက် ရ၇ နှစ်လောက်အကြာမှာရေးသားဖူးတာရှိတယ်။ နှစ်ခြင်းခံပြီးနောက် ခရစ်တော်ရဲ့လုပ်ဆောင်မှုတွေနဲ့ အထူးသဖြင့်နိမိတ်လက္ခဏာတွေဟာ လူ့ဇာတိ ခံတဲ့အထဲမှာ ဘုရားဇာတိရှိကြောင်း လောကသားတွေကို အသေအချာထောက်ပြနေတယ်။ (Melito of Sardis 177 A.D.)

ခရစ်တော်ပြုတဲ့ နိမိတ်လက္ခဏာတွေကို စာရင်းပြုစုမယ်ဆိုရင်တော့ ဒီစာအုပ်နဲ့ မဆန့်နိုင်ဘူး။ ကျမ်းစာက ယောဟန် ၂၁း၂၅ မှာ “ယေရှုပြုတော်မူသော အမှုအရာအများရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြား ရေးသားလျှင် မြေကြီးမဆန့်နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” အမြင်ရှင်းအောင် နိမိတ်လက္ခဏာတွေကို ပြောပြရမယ်ဆိုရင် နားလည်လွဲသွားစရာတွေရှိလာနိုင်တယ်။ သခင်ယေရှုခရစ်က သိပ္ပံရဲ့သဘောတရားတွေကို မျက်ကွယ်ပြုပြီး ရေကနေ စပျစ်ရည်ဖြစ်စေတယ်။ ယောဟန် ၂း၁-၁၁။ ဖျားနာသူကို  ကျန်းမာစေတယ်။ ကန်းသူကို မြင်စေတယ်။ ဆွံ့အသူကို စကားပြောနိုင်စေတယ်။ နားပင်းသူကို ကြားရစေတယ်။ (မဿဲ ၁၁း ၂-၅၊ ၁၅း၃၀၊ မာကု ၁း၃၁၊၃၄၊ ယောဟန် ၉း၁-၇) သေသူကို ပြန်ရှင်စေတယ်။ (လုကာ ရး၁၄-၁၅၊ ၈း၅၄-၅၅၊ ယောဟန် ၁၁း၄၃-၄၄၊ ၅း၂၅) လေနဲ့လှိုင်းတွေကိုငြိမ်စေတဲ့အတွက် သဘာဝတရားအပေါ်မှာ တန်ခိုး ရှိတယ်။ စကားတခွန်းနဲ့ သစ်ပင်ကိုခြောက်သွေ့သွားစေပြီး ရေပေါ်မှာလမ်းလျှေက်ခဲ့တယ်။ (မာကု ၄း၃၉၊၄၁၊ ယောဟန် ၆း၁၉-၂၁) လူတွေကိုမမြင်ရပေမယ့်လည်း သူတို့ဘယ်မှာရှိတယ်ဆိုတာကို သိတော်မူခဲ့တယ်။ (နာသနေလ၊ ယော ၁း၄၈-၄၉)၊ လူတွေမပြောလည်း သူသိတယ်။ (ယော ၄း၂၉) လူဆယ်ယောက်စာတောင် မပြည့်တဲ့ အစားအသောက်နဲ့ လူထောင်ချီပြီးကျွေးနိုင်ခဲ့တယ်။ (မဿဲ ၁၄း၁၅-၂၁၊ ၁၅း၃၂-၃၈) “ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။”

Divine Love of Christ   ခရစ်တော်ရဲ့ဘုရားမေတ္တာ
ယေရှုခရစ်တော်ဟာ စေတနာပါစွာနဲ့ အသက်စွန့်ပူဇော်ခဲ့သူဖြစ်တယ်။ သူ့မေတ္တာကို လူ့ဉာဏ်နဲ့ ပြောဖို့ မလွယ်ဘူး။ ဘုရားသခင်နဲ့တန်းတူဖြစ်တဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာကို ဖေါ်ပြဖို့မလွယ်ဘူး။ ဖိလိပ္ပိ ၂း၆။ ရောမ ၅း၆-၈

“ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။ ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံပေးမည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံဝံ့သောသူရှိကောင်းရှိလိမ့်မည်။ မှန်စေတော့ ငါတို့သည်အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။”

ကျမ်းစာက ၁ပေ ၂း၂၂-၂၄ မှာ ခရစ်တော်ဟာ “ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့၊ ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့၊ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု၊ တရားသဖြင့် စီရင်တော်မူသော သူ၌ ကိုယ်ကိုအပ်နှံတော်မူ၏။” လူဆိုးတွေအတွက် အသက်ကိုပေးခဲ့တာဖြစ်တယ်။ သူ့ကို အတင်းအဓမ္မ အသက်စွန့်ခိုင်းခဲ့တာ မဟုတ်ဘူး။ ယောဟန် ၁၀း၁၈ “ငါ့အသက်ကို အဘယ်သူမျှမလုမယူ၊ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကိုစွန့်ရသောအခွင့်နှင့် နောက်တဖန် အသက်ကို ယူပြန်ရသော အခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူသည်။” စိတ်စေတနာပါလို့ အသက်စွန့်တာ ဖြစ်တယ်။ သူကိုယ်တိုင် လုပ်ခြင်ခဲ့တာဖြစ်တယ်။ နှိမ့်ချခံရချိန် သေလုဆဲဝေဒနာခံစားရချိန်မှာ “အိုအဖ အလိုတော်ရှိလျှင် ဤခွက်ကိုအကျွနု်ပ်မှလွှဲတော်မူပါ။ သို့သော်လည်း အကျွနု်ပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်ပါစေသော။” လုကာ ၂၂း၄၂။

သခင်ယေရှုဟာ ပြောမပြနိုင်လောက်အောင် ကြမ်းတမ်းရက်စက်မှုကိုခံစားခဲ့ရတယ်။ ရက်စက်ခံရတယ်။ အသားအရေကြေမွတဲ့အထိ ရိုက်နှက်ခံရတယ်။ သူ့ကိုထိုးကြိတ်ကြတယ်။ တံထွေးနဲ့ထွေးကြတယ်။ စော်ကားတဲ့ စကားတွေ ပြောတယ်။ မုတ်ဆိတ်မွှေးကို ဆွဲနှုတ်ကြတယ်။ ခေါင်းပေါ်မှာ ဆူးသရဖူးကို အတင်းအဓမ္မ ဆောင်းပေးကြတယ်။ ခေါင်းကသွေးတွေဟာ မျက်နှာတလျှောက် စီးဆင်းလာတယ်။ လက်ဝါးပေါ်မှာ သံတွေ ရိုက်ခဲ့ကြတယ်။ ခြေထောက်မှာလည်း ရိုက်ခဲ့ကြတယ်။ ကျမ်းစာအရကတော့ လူသားတွေအပေါ်မှာထားတဲ့ ဘုရားအမျက်တော်ဟာ သားတော်အပေါ်ကျရောက်ခဲ့တယ်။ အပြစ်သားရဲ့နေရာယူရတဲ့သားတော်ကို လှည့်မကြည့်ပဲ ပစ်ပယ်ခဲ့တယ်။ ဟဗ္ဗက္ကုတ် ၁း၁၃။ ထာဝရမေတ္တာနဲ့ချစ်တဲ့ ထာဝရသားတော်တပါးတည်းကို ဘုရားသခင် စွန့်ပစ်လိုက်တယ်။ ဒီအရာတွေအားလုံး ဒီလိုဖြစ်မယ်ဆိုတာ သခင်ယေရှုသိပြီးသားဖြစ်တယ်။ တပည့်တော်တွေကိုလည်း ကြိုပြောပြပြီးသားဖြစ်တယ်။ သေပြစ်ဒဏ်ကိုခံစားရမယ်ဆိုတာလည်း သိတယ်။ ဒါပေမယ့် သိလျက်နဲ့ ချစ်နေခဲ့တုန်းပဲဖြစ်တယ်။ စေတနာစိတ်နဲ့ အသေခံပေးခဲ့တာဖြစ်တယ်။ လူသားတွေအတွက်တော့ သူ့ရဲ့ချစ်ခြင်းမေတ္တာဟာ စာဖွဲ့လို့မမှီ ပြောမပြနိုင်တဲ့မေတ္တာမျိုးဖြစ်တယ်။ “ထိုသခင်သည် မိမိေ့ရှ၌ ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင်း ရှက်ကြောက်ခြင်းကိုမမှတ်ပဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ ပလ္လင်တော်လက်ျာဘက်၌ ထိုင်နေတော်မူ၏။” ဟေဗြဲ ၁၂း၂။  ဝမ်းမြောက်ခြင်းအကြောင်းကြောင့်။ ဘာအတွက် ဝမ်းမြောက်တာလဲ။ အပြစ်ဝန်ထုပ်လေးလံပြီး ဖောက်ပြန်တဲ့ ကျေးဇူးတရားမသိတတ်တဲ့ လောကီသားတွေကိုကယ်ဖို့ သူ့အသက်ကို စွန့်ခြင်းအားဖြင့် ခမည်းတော်ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေရလို့ ဝမ်းမြောက်တာဖြစ်တယ်။ ကျွန်တော်တို့ အသေခံရမယ့် ကားတိုင်ပေါ်မှာ ကယ်တင်ရှင်ဟာ ဒဏ်ရာတွေနဲ့အရိုက်ခံထားရတယ်။ သူ့ကို လုံးဝမစာနာပဲ အပြစ်ပေးတယ်။ နှိမ့်ချတယ်။ လှောင်ပြောင်တယ်။ ဒါပေမယ့် သခင်ယေရှုက “အိုအဖ၊ ထိုသူတို့၏ အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြ။” လုကာ ၂၃း၃၄။ ဒီလိုထူးဆန်းတဲ့ မေတ္တာတော်ကို လက်ဝါးကပ်တိုင်ပေါ်မှာ ပြခဲ့ပြီ။ ကျွန်တော်တို့အပြစ်တွေအတွက် တခါတည်းနဲ့ ယဇ်ကောင် သိုးသူငယ်လို ပူဇော်ပေးခဲ့ပြီ။ ဒီချစ်ခြင်းမေတ္တာဟာ တခြားမဟုတ်ဘူး။ ဘုရားချစ်ခြင်းမေတ္တာပဲ ဖြစ်တယ်။