Wednesday, January 25, 2017

The Foolish Boy - Lahu Story


ကောင်းကင်ရောက်ဖို့ ကောင်းတာတွေ လုပ်မှရမယ်လို့ လူအများထင်တတ်ပါတယ်။ တကယ်တော့ ကောင်းကင်ရောက်ဖို့ကို ဘုရားသားတော်က လာပြီး အသေခံပေးခဲ့ပါပြီ။ ကိုယ်စားအသေခံပြီး အပြစ်ကြွေးကို ဆပ်ပေးခဲ့ပါပြီ။ လူက တခုခု လုပ်မှရမယ်၊ Do လို့ ထင်တယ်။ ဘုရားက ငါ လုပ်ပေးပြီးပြီ၊ Done လို့ ပြောပါတယ်။ ဒါကို နားမလည်ဘဲ မနေသင့်ပါဘူး။ လားဟူပုံပြင်လေးက ရယ်စရာကောင်းပါတယ်။ ဒါပေမယ့် မအ, ဖို့ သတိပေးနေပါတယ်။
The Foolish Boy: A Folktale from the Lahu People of Southeast Asia and China
This folktale warns about the perils of being foolish.It has a startling and rather final ending.
Once, there was a woman with a very foolish son who just stayed home all day.
One day, the boy smelled a neighbor's curry. Its smelled so good that he said, "Mother, I want to eat a delicious curry."
"How can I make a curry at all if you do not bring back any food from the jungle? If you want curry, go look for some food to put in it."
So the boy made a fish trap. But he did not have the patience to wait along. Giving up, sure that the trap was empty, he threw it up into the trees. But there had been a small fish caught in the trap, and an egret landed on the trap and had a nice snack. The boy caught the egret and said to it, "Fly to my home and tell my mother that I said to kill you and make a curry out of you." Then, he let the egret go and watched it fly away.
        He went home. "Mother, did you get the egret? I told it to fly home so could make a curry out of it."
        "Son, if you want food, you first to kill it, then bring it back."
        The next day, the foolish boy found a clump of edible mushrooms. He remembered what his mother said. He beat the mushrooms to a pulp to make sure they were dead, and then he brought the mess home.
        "Son," his mother said, "this type of food needs to be pick one at a time, then carried home in your shoulder bag."
         Off the son went. He found a hive of bees. Even though they stung him very badly, he managed to put them one by one into his shoulder bag and carry them home.
         "Son," his mother said after she, too, had been stung and had chased the bees away with smoke, "for this kind of thing, you must first burn out the hive, then bring it home."
         The next day, the foolish boy found a barking deer, which is  a small deer that makes doglike noise. "I must burn it," the boy said. He set fire to the deer. It barked, leaped into a river, and swam away.
         When the boy told his mother what had happened, she sighed.
         "Son, you must first strike it and kill it, then bring it home."
          So the boy went off into the jungle. He found a Buddhist monk there, struck him over the head, and dragged him home.
          His mother, setting about reviving the stunned monk, said, "Son, this is a holy man. You do not strike him. You bow to him."
          So the boy went off the jungle again. He found a tiger. Remembering what his mother had said, he bowed to it. The tiger ate him.
          And that is why there is a Lahu proverb; Stupid never survives.

(From "World Folklore for Storytellers")

The Foolish Boy: A Folktale from the Lahu People of Southeast Asia and China
လူအ, လေးတယောက်အကြောင်း - အရှေ့တောင်အာရှနဲ့ တရုတ်ပြည်မှာနေထိုင်သော လားဟူလူမျိုးများရဲ့ ပုံပြင်။

ဒီပုံပြင်လေးက မ,အဖို့ သတိပေးထားတာပါ။ ဇာတ်သိမ်းက တမျိုးလေးပါ။
တခါတုန်းက အမျိုးသမီးတယောက်မှာ တနေကုန် အိမ်မှာပဲ ထိုင်နေတဲ့ သားတယောက် ရှိသတဲ့။ တနေ့တော့ ကောင်လေးက ဘေးအိမ်က ဟင်းနံ့ကို ရသတဲ့။ အနံ့လေးက သိပ်မွှေးတော့ - “အမေ၊ ဟင်းကောင်းစားချင်လိုက်တာဗျာ” လို့ ပြောသတဲ့။
“ငါက ဘယ်လိုလုပ် ဟင်းကောင်းချက်မလဲ။ မင်းက တောထဲသွားပြီး ဟင်းချက်စရာမှ မရှာတာ။ ဟင်းကောင်းစားချင်ရင် တောထဲသွားပြီး ဟင်းချက်စရာ ရှာခဲ့။” လို့ ပြောသတဲ့။
ဒါနဲ့ ကောင်လေးဟာ ငါးထောင်ဖို့ ယက်သဲ့တခုကို ရက်သတဲ့။ ဒါပေမယ့် သူက သိပ်မစောင့်နိုင်ဘူး။ ငါးမရဘူးဆိုပြီး လက်လျှော့လိုက်တယ်။ ယက်သဲ့ကိုတော့ ချုံပုတ်ပေါ် လွှင့်ပစ်လိုက်တယ်။ ဒါပေမယ့် ယက်သဲ့ထဲမှာ ငါးသေးသေးတကောင် ပါလာတယ်။ ဗျိုင်းတကောင်က ယက်သဲ့ပေါ် ဆင်းလာပြီး အဆာပြေ စားလိုက်ရသတဲ့။ ကောင်လေးက ဗျိုင်းကို ဖမ်းလိုက်တယ်၊ “အိမ်ကို ပျံပြီး၊ ငါ့အမေကို ပြော။ နင့်ကို သတ်ပြီး ဟင်းကောင်းတခွက် ချက်လို့ ပြော။” ဆိုပြီး၊ ဗျိုင်းကို လွှတ်လိုက်ပြီး၊ ဗျိုင်းပျံပြေးတာကို ငေးကြည့်နေလိုက်ပါတယ်။
အိမ်ရောက်တော့ “အမေ၊ ဗျိုင်းတကောင် မလာဘူးလား? ဟင်းချက်စားဖို့ အိမ်ပြန်သွားလို့ ပြောလိုက်တာ။”
“သားရယ်။ ဟင်းစားချင်ရင် အရင်သတ်ရတယ်။ ပြီးမှ အိမ်ကိုယူလာခဲ့။”
နောက်တနေ့ လူအ,လေးဟာ စားလို့ရတဲ့ မှိုတကျင်းကို တွေ့သတဲ့။ အမေ့စကား သူ သတိရသွားတယ်။ မှိုတွေကို သေအောင် ရိုက်သတ်လိုက်တယ်။ ပြီးမှ မှိုအကြေတွေကို အိမ်ကို ယူလာတော့တယ်။ “သား၊ ဒါမျိုးက တပွင့်ချင်း ကောက်ယူရုံပဲ။ ကျောပိုးအိတ်ထဲ ထည့်ယူလာခဲ့။” လို့ အမေက ပြန်ပြောတယ်။
ဒါနဲ့ သားက သွားပြန်တယ်။ ပျားအုံကြီး တအုံကို တွေ့တယ်။ ပျားတွေ အကြီးအကျယ် တုပ်ပေမယ့် တစုချင်း ကောက်ပြီး ကျောပိုးအိတ်ထဲ ထည့်ပြန်လာခဲ့တယ်။ အမေလည်း ပျားတုတ်ခံရလို့ ပျားတွေကို မီးခိုးနဲ့ မောင်းပြီးမှ “သား၊ ဒါမျိုး အသံမြည်ရင် မီးအရင် ရှို့ရတယ်။ ပြီးမှ ယူခဲ့” လို့ မှာတယ်။
နောက်တနေ့မှာ လူအ,လေးက အသံမြည်နေ၊ တောက်နေတဲ့ သမင်လေးတကောင်ကို တွေ့တယ်။ သူရဲ့တောက်သံက ခွေးဟောင်သံလိုပဲ။ ကောင်လေးက “မီးရှို့မှပဲ” လို့ ဆိုပြီး၊ သမင်ကို မီးရှို့ဖို့ လုပ်တယ်။ သမင်လေးက အော်ပြီး၊ မြစ်ထဲ ခုန်ချ၊ ရေကူးပြေးတော့တယ်။
ကောင်လေးက အမေကို အဖြစ်အပျက် ပြောပြတဲ့အခါ၊ အမေက သက်ပြင်းချတယ်။ “သား၊ ဒါမျိုးဆို၊ ရိုက်သတ်ပြီးမှ အိမ်ကို ယူခဲ့။”
ဒါနဲ့ တောထဲသွားပြန်တော့ သစ်ခေါက်ဆိုးတဲ့ ဝါဖန့်ဖန့် သင်္ကန်းဝတ်ထားတဲ့ ရသေ့တပါးကို တွေ့တယ်။ ခေါင်းကို ရိုက်ပြီး အိမ်ကို ဆွဲခေါ်လာတယ်။ အမေက သတိမေ့နေတဲ့ ရသေ့ကို ပြုစုပြီး - “သား၊ ဒီလို သူတော်စဉ်ဆိုရင် မရိုက်ရဘူး။ ဦးချရတယ်ကွဲ့။” လို့ မှာတယ်။
ဒါနဲ့ ကောင်လေးက တောထဲ သွားပြန်တယ်။ ကျားတကောင်ကို တွေ့တယ်။ အမေပြောတဲ့စကား အမှတ်ရပြီး၊ ကျားရှေ့မှာ ဦးချသတဲ့။ ကျားစာမိပါလေရော။
လားဟူပုံပြင်ပါ။ အ,လွန်းရင် သေတတ်ပါတယ်။

Sunday, November 13, 2016

Biblical Principles for MUSIC AND WORSHIP By Paul Chappell (Burmese)

ဓမ္မသီချင်းနဲ့ ဝတ်ပြုကိုးကွယ်ခြင်း
Dr. Paul Chappell
အသင်းတော်ဟာ ekklesia – a called out assembly ခေါ်ထုတ်ထားတဲ့ အစုအဝေးဖြစ်တာကြောင့် ဓမ္မတေး church music ဟာ ဝိညာဉ်သဘောရှိရမယ်၊ သန့်ရှင်းရပါမယ်။
အကြိုက်က မတူတတ်ပါဘူး။ တချို့က ဂီတသမားရဲ့အကြိုက် ရှိသလို၊ တချို့က နားထောင်သူအကြိုက်၊ တချို့ကတော့ ဆူညံအော်ဟစ်ရုံ joyful noisemaker သက်သက်ပါ။ အကြိုက်ကလည်း ကျမ်းစာနဲ့ ညီဖို့တော့ လိုပါတယ်။ လုပ်ဆောင်သမျှဟာ ဘုန်းတော်ထင်ရှားဖို့ ဖြစ်ရပါမယ်။ (၁ ကော ၁၀း ၃၁)

The Principles

အများအားဖြင့် နှစ်ခြင်းတွေက အလုပ်လုပ်ရင် ကျမ်းစာနဲ့ ညီဖို့ သတိထားတတ်ပေမယ့် ဓမ္မသီချင်း အပါအဝင် တချို့ အကြောင်းအရာတွေမှာ ခံယူပုံလေးတွေ ကွာတတ်တယ်။ အခု Principles တွေဟာ အတိအကျကြီး လိုက်နာဖို့ မဟုတ်ဘဲ သင်ယူမိတာကို ပြန်လည် ဝေမျှခြင်းသာ ဖြစ်တယ်။ ကျမ်းစာနဲ့ ညီသလို၊ ဘုန်းတော် ထင်ရှားမယ်လို့ ယုံကြည်ပါတယ်။
1. ဝတ်ပြုခြင်းနဲ့ ဧဝံဂေလိမှာ တရားဒေသနာ Preaching ကသာ အဓိက ဖြစ်တယ်။

ကယ်တင်ခြင်းကို သီချင်းဖွဲ့ဆိုနိုင်ပေမယ့် ဓမ္မဟောင်းရော၊ ဓမ္မသစ်မှာပါ နှုတ်ကပတ်တော် ဟောပြောခြင်းက အဓိကကျပါတယ်။ - ၁ ကော ၁း ၂၁။

2.   ဓမ္မသီချင်းဟာ ဘုရားနဲ့ သန့်ရှင်းခြင်းကို reflect ရောင်ပြန်ဟပ်ရမယ်။
ခေရုဗိမ် ကောင်းကင်တမန်တွေက ဘုရားသခင် သန့်ရှင်းတယ်လို့ ကောင်းကင်မှာ ကြွေးကြော်ကြတယ်။ ဟေရှာယ (၆း ၃) ဗျာဒိတ်ကျမ်းမှာလည်း သန့်ရှင်းသူတွေက ရွေးနှုတ်ခြင်းနဲ့ သန့်ရှင်းခြင်းအတွက် ကျေးဇူးတော် ချီးမွမ်း သီဆိုကြတယ်။ (ဗျာဒိတ် ၅း ၈- ၁၄) သန့်ရှင်းခြင်းကို လျစ်လျူရှုပြီး အကြိုက်မတူတာပါလို့ မပြောသင့်ပါ။ အကြိုက်ဆိုတာ မှားနေနိုင်ပါတယ်။ လူတယောက်က အကြမ်းဖက်တာကို ကြိုက်နေနိုင်တယ်။ ဒါပေမယ့် အကြမ်းဖက်တာဟာ ကျမ်းစာအရ လွဲမှားတယ်။ ခရစ်ယာန်တွေ ဆိုနေတာနဲ့ပဲ ကြိုက်လိုက်တာဟာ မစဉ်းစားရာ ရောက်ပါတယ်။ ၁ ပေ ၁း ၁၄- ၁၆။
3.   တရားစကားကို အလွန်အကျွံ တင်ဆက်တာ Over Contextualizing ဟာ အန္တရာယ် ရှိပါတယ်။

တရားစကား ကြားစေချင်၊ နားလည်စေချင်တာ သဘာဝပါ။ တင်ဆက်ပုံ Contextualization ကတော့ တရားစကားကို ထုတ်ပိုးတဲ့ Package ပါ။ ဒါပေမယ့် အထုတ်အပိုးကို သိပ်ဦးစားပေးတဲ့အခါ အထဲက တရားက အားလျော့ တတ်တယ်။ တခါတရံဆိုရင် အထုပ်က သိပ်ကောင်းလွန်းနေပြီး၊ အထဲမှာ ဘာမှမပါတာမျိုး ဖြစ်နေတတ်တယ်။ အကာနဲ့ အနှစ်ကို ချိန်ညှိတတ်ဖို့ လိုတယ်။

အသင်းတော်တွေမှာ ခေတ်ပေါ်ဓမ္မတေးတွေကို ဆိုတတ်တယ်။ အဓိကကတော့ ခရစ်တော်ပါဖို့ပါပဲ။ နောက်ဆုံးပေါ် beats တွေကို တီးခတ်ပြီး လူ့အကြိုက်ပဲ လိုက်နေပြီး၊ ဘုရားအကြိုက် မပါဘဲ ဖြစ်နေရင် မကောင်းပါဘူး။ “မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဖေါ်နှင့်။” (သုတ္တံ ၂၄း ၂၁) “meddle not with them that are given to change”. – Proverbs 24; 21. ဆိုတဲ့ ကျမ်းချက်က ဆင်ခြင်စရာ ကောင်းပါတယ်။ အပြောင်းအလဲ Change ဆိုတာ ရှိစမြဲပါ။ ဒါပေမယ့် ပြောင်းလဲရတာက အဆင်အပြင်ကြောင့်ဆိုပြီး တရားက မှေးမှိန်နေတာမျိုး မဖြစ်သင့်ပါဘူး။ ဆာလံ ၂၉း ၂၊ ၁ ကော ၉း ၁၉- ၂၃။

4. ဓမ္မသီချင်းရဲ့ ရည်ရွယ်ချက်ဟာ ဝတ်ပြုဖို့၊ ချီးမွမ်းဖို့၊ ဝမ်းမြောက်ဖို့၊ ဆက်ကပ်ဖို့၊ တည်ဆောက်ဖို့၊ ဧဝံဂေလိနဲ့ ယုံကြည်ခြင်း ခိုင်မြဲဖို့အတွက်သာ ဖြစ်တယ်။
ဝတ်ပြုရာမှာ သီချင်းဟာ ပါစမြဲပါ။ ဒါဝိဒ်က သီချင်းသည်တွေ ခန့်ထားတယ်။ (၅ရာ ၉း ၃၃၊ ၁၅း ၁၆)။ သီချင်းသည် ၄,၀၀၀ ထဲမှာ အာသပ်ကို သီချင်းဆရာအဖြစ် ရွေးချယ်ခဲ့တယ်။ (၅ရာ ၆း ၃၁၊ ၃၉)

ဂီတဟာ ဖျော်ဖြေရေး entertainment သက်သက်ပါ။ ဓမ္မသီချင်းက ဖျော်ဖြေရေးအတွက် မဟုတ်ဘူး။ ကျမ်းစာကပြောတဲ့ ဓမ္မသီချင်းရဲ့ ရည်ရွယ်ချက်တွေက ……
  • Worship ဝတ်ပြုကိုးကွယ်ဖို့ - ၆ ရာ ၂၉း ၂၈။
  • Thanksgiving ကျေးဇူးတော်ချီးမွမ်းဖို့ - ဆာလံ ၁၄၇း ရ။
  • Rejoicing ဝမ်းမြောက် ရွှင်လန်းဖို့ - ဆာလံ ၉၈း ၄- ၅။
  • Consecration ဆက်ကပ်ဖို့ - ဆာလံ ၁၁၁း ၁။
  • Edification တည်ဆောက်ဖို့ - ကောလောသဲ ၃း ၁၆။
  • Evangelism ဧဝံဂေလိအတွက် - ဆာလံ ၄၀း ၃။
  • Preservation of the faith ယုံကြည်ခြင်း ခိုင်ခန့်ဖို့ - ဆာလံ ၁၄၅း ၄- ၅။

5. ကျမ်းစာအရ Psalms ဆာလံသီချင်း၊ Hymns ဓမ္မသီချင်းနဲ့ spiritual songs ( ဓမ္မတေး ) တွေကို ဦးစားပေး သင့်တယ်။
Bible Truth Music ကို တည်ထောင်သူ Dr. Byron Foxx က “We should sing to God, for God, and about God.” - ဘုရားထံ၊ ဘုရားအတွက်၊ ဘုရားအကြောင်း သီချင်းဆိုရမယ်လို့ ပြောဖူးပါတယ်။ Doctrine ခံယူချက်ရော၊ melody သံစဉ်ပါ ရည်ရှည်ခံတဲ့ သီချင်းတွေ သုံးကြရပါမယ်။ - ဧဖက် ၅း ၁၉။

6. Hymn ဓမ္မသီချင်းတွေဟာ ဘုရားကို ကျမ်းစာနဲ့အညီ Celebrate ချီးမြှောက်နေတာ ဖြစ်တယ်။

ဧဖက် ၅း ၁၉ မှာ ပြောတဲ့ “Psalms” ဆာလံဆိုတာက ရှင်းပါတယ်။ အဲဒီခေတ် ပထမရာစုရဲ့ Hymns နဲ့ Spiritual songs ဆိုတာက သတ်မှတ်ရ ခက်တယ်။ Hymns ဓမ္မသီချင်းက ဘုရားဂုဏ်တော် attributes နဲ့ အမှုတော် works ကို အဓိက ချီးမွမ်းတယ်။ Hymns က အသစ်ရယ်၊ အဟောင်းရယ် မဆိုလိုပါ။ ဥပမာ “Consider Christ” ဟာ Hymn ဖြစ်ပြီး၊ “Make a Difference” ဟာ Spiritual song ဖြစ်ပါတယ်။

Reformation ခေတ်က hymns အများစုဟာ ကျမ်းစကားတွေကို ရေးတာ ဖြစ်တယ်။ Isaac Watts က ဓမ္မသစ် doctrine ကို အခြေခံတယ်။ Wesley ညီအကိုက ကျမ်းစကားကို အခြေခံတဲ့ hymns ရ,၀၀၀ ကျော် ရေးတယ်။

Traditional Hymns နဲ့ Gospel songs တွေကို သုံရခြင်းရဲ့ အကြောင်းရင်း နှစ်ချက်ရှိတယ်။ တစ်က Doctrine ကောင်းတွေကို သင်ပေးတယ်။ နှစ်က ကျွန်တော်တို့နဲ့ သားစဉ်မြေးဆက် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်လို့ပါပဲ။ ဆာလံ ၁၀၄း ၃၃- ၃၄။

7. ဓမ္မသီချင်းဟာ melodies သံစဉ်နဲ့ စည်းချက် rhythms မှာ ဘုရားရဲ့ စည်းစနစ်ကျမှု orderliness ကို ရောင်ပြန်ဟပ်နေရမယ်။
အသွေးအသားကို ဆူစေတဲ့ ယိမ်းနွဲ့စေတဲ့ သီချင်းမျိုးကို ရှောင်ရမယ်။ သံစဉ်က ဘုရားထံ ချဉ်းကပ်စေပြီး ဝိညာဉ်သဘောနဲ့ လျှောက်လှမ်းစေရမယ်။ rhythm နဲ့ harmonies ပံ့ပိုးထားတဲ့ dominant (သံမှန်) သံစဉ် ဖြစ်ရမယ်။ ဒီအကြောင်းက သိပ်ကျယ်ပြန့်လွန်းတော့ ကိုယ်ပိုင်ဉာဏ်နဲ့ ပိုင်းခြားဖို့ လိုတယ်။ သန့်ရှင်းသော ဝိညာဉ်တော် ဦးဆောင်စေရမယ်။ ၁ ကော ၁၄း ၄၀၊ ဧဖက် ၅း ၁၉။

8. CCM ခေတ်ပေါ်ဓမ္မတေးဟာ ကျမ်းစာ သွန်သင်ချက်ဖြစ်တဲ့ သီးခြားရပ်တည်ခြင်းကို ငြင်းပယ်နေတယ်။
အသင်းတော်ကို ခေါ်ထုတ်ထားတာ ဖြစ်တဲ့အတွက် လောကနဲ့ bridge ပေါင်းကူးဖို့ မဟုတ်ဘူး။ Stand out ရပ်ပြဖို့ ဖြစ်တယ်။ blend in ရောနှောဖို့ မဟုတ်ဘူး။ ၁ ကော ၆း ၁၇။

9. ဓမ္မတေးဟာ ဘုရားဘုန်းတော်အတွက်သာ ဖြစ်တယ်။ လောကီဆန်ရင် လူ နာမည်ကြီးဖို့ ဖြစ်နေမယ်။
Rock and Roll နဲ့ Jazz ဟာ ဓမ္မတေးမှာ လက်မခံနိုင်စရာ ဖြစ်တယ်။ သံစဉ်နဲ့ rhythm ဟာ စာသားနဲ့အတူ သတင်းစကားကို သယ်ဆောင်တယ်။ တချို့သီချင်းက ဘုရားကို ကိုးကွယ်တာ မှန်ပေမယ့် တချို့သီချင်းတွေက အသွေးအသားကို ဦးစားပေးနေတယ်။ အာရုန် ဦးဆောင်ပြီးး နွားသူငယ်ကို ကိုးကွယ်တဲ့အခါမှာ သီချင်းဆို၊ ကခုန်ကြသလို ဖြစ်နေတယ်။ ထွက် ၃၂း ၁၈- ၁၉။

10.သီချင်းအသစ်တွေလည်း ကောင်းတတ်ပါတယ်။
ကျမ်းစာနဲ့ညီရင် သီချင်းအသစ်လည်း ကောင်းတတ်ပါတယ်။ ကျမ်းစာကလည်း အသစ်သော သီချင်းကို ဆိုကြလော့လို့ မကြာခဏ အားပေးတတ်တယ်။ အသစ်သော သီချင်းဆိုတာ ပုံစံသစ်၊ အဖွဲ့အနွဲ့သစ် ဖြစ်နိုင်တယ်။ သီချင်းအသစ်ဆိုရင် စာသားကို လူတွေ ပုံပြီး အာရုံစိုက်တတ်ကြတယ်။

မရင်းနှီးတဲ့ သီချင်းထက် ရင်းနှီးပြီးသား သီချင်းကို သုံးတာ ပိုကောင်းတတ်တာလည်း သတိပြုရမယ်။ အသစ်ကို ရုတ်တရက် မကြိုက်တတ်တာ သဘာဝပါ။ စာသားက ကျမ်းစာနဲ့ ညီပေမယ့်လည်း ရုတ်တရက် မကြိုက်တတ်ပဲ ဖြစ်နေတတ်ပါတယ်။ ဒါကိုလည်း နားလည်ပေးတတ်ရပါမယ်။ ရောမ ၁၂း ၁၀။ ဆာလံ ၃၃း၃။ ဆာလံ ၁၄၉း ၁။

11.ခံယူချက်မတူတဲ့သူ ရေးတဲ့သီချင်းကို သုံးတာဟာ သူနဲ့ လက်တွဲတာ မဟုတ်ဘူး။ တူညီချက်ကို ထောက်ပြတာ ဖြစ်တယ်။ Not association but identification


သီချင်းပုံစံအရဖြစ်စေ၊ လောကီဆန်တဲ့ လတ်တလော အဖြစ်အပျက်တခုကို ကိုယ်စားပြုနေရင်ဖြစ်စေ ဒီသီချင်းမျိုးကို မသုံးသင့်ဘူး။ ဆိုမိရင်လည်း နောက်မဆိုတော့ဘူး။ တချို့ကလည်း ဆိုတဲ့အဆိုတော် နာမည်သိပ်မရှိတော့တဲ့ အချိန်အထိ ၅ နှစ် (သို့) ရ နှစ်လောက် စောင့်ပြီးမှ သုံးတဲ့သူလည်း ရှိတယ်။ သတိထားပြီး သုံးတတ်ဖို့ လိုတယ်။

သီချင်းကောင်းကို လောကီဆန်တဲ့သူ ဆိုတာလည်း ရှိတတ်တယ်။ လောကီအဆိုတော်က “O Holy Night” နဲ့ “Amazing Grace” သီချင်းတွေကို ဆိုတာမျိုးပေါ့။ သူတို့ကြောင့်တော့ သီချင်းကို မပြစ်ပယ်သင့်ဘူး။

တခါ ခံယူချက်မတူတဲ့သူက ရေးပေမယ့် သူ့ခံယူချက်ကို ဘာမှမဆွဲတဲ့ သီချင်းမျိုးတွေလည်း ရှိတတ်ပါတယ်။

ဥပမာ၊ Bill Gaither ရဲ့ “Because He Lives” သီချင်းဟာ သိပ်ကောင်းတယ်။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း မြော်လင့်ခြင်းတွေ ပေးတယ်။ Bill Gaither ကို Conservative pastors တွေ သိပ်မကြိုက်ပေမယ့် သူ့သီချင်းကိုတော့ သုံးကြပါတယ်။ (The Longer I serve Him နဲ့ Sinner Saved by Grace စတဲ့ Bill Gaither ရဲ့ သီချင်းတွေဟာ ကောင်းပါတယ်။) ခံယူချက်လွဲနေပေမယ့် သီချင်းထဲမှာ အဲဒီခံယူချက်မပါရင် သုံးနိုင်ပါတယ်။

“The Savior Is Waiting” သီချင်းဟာ Ralph Carmichael ရေးတာလို့ သိရပါတယ်။ Carmichael ဟာ “Love Is Surrender” သီချင်းကို ရေးတဲ့သူ ဖြစ်ပါတယ်။ အဲဒီသီချင်းက Carpenter အဖွဲ့ ဆိုတော့ နာမည်ကြီးသွားတယ်။ the Carpenters အဖွဲ့က ၁၉၆၀ နှစ်တွေကနေ ၁၉၈၀ နှစ်တွေအထိ နာမည်ကြီးတဲ့အဖွဲ့ ဖြစ်တယ်။ “Love Is Surrender” ဆိုတဲ့ သီချင်းကို မကြိုက်ပေမယ့်၊ “The Savior Is Waiting” သီချင်းကိုတော့ မဆိုဘဲ မနေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီသီချင်းကို Ralph Carmichael နဲ့ the Carpenters တို့နဲ့ ပါတ်သက်တာကို လူတွေ သိပ်မသိကြတော့ဘူး။ ဒါက idea ပါ။

တချို့ကလည်း Fundamental တွေ ရေးတဲ့ သီချင်းပဲ ဆိုရမယ်လို့ ပြောတတ်ကြတယ်။ Fundamental ထဲမှာပဲ ဘယ်ဟာ ကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူး ပြောဖို့ ပုံသေနည်း မရှိပါဘူး။

တကယ်တော့ ဒီနေ့ ကျွန်တော်တို့ သိပ်ကြိုက်တဲ့ သီချင်းတချို့ဟာ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်သူတွေ ရေးခဲ့တာပါ။ (Holy, Holy, Holy သီချင်းဟာ ရိုးမင်း ကက်သိုလစ်တယောက် ရေးတာပါ။ Blessed Assurance ဟာ မက်သဒစ် စစ်စစ် တယောက် ရေးတာပါ။ Amazing Grace က အင်္ဂလီကန် သင်းအုပ်တယောက် ရေးတာပါ။) မက်သဒစ်ရေးတဲ့ သီချင်းတွေ ဆိုပေမယ့် လူက နှစ်ခြင်း ဖြစ်နေနိုင်ပါသေးတယ်။ ၂ ကော ၆း ၁၄။

12.သီချင်းရေးဆရာ တယောက်ရဲ့ သီချင်းတပုဒ်ကို သုံးတာနဲ့ သူ့သီချင်းအားလုံးကို ထောက်ခံရာ မရောက်ဘူး။
“It Is Well with My Soul” သီချင်းရေးတဲ့ Horatio Spafford ဟာ အဲဒီသီချင်း ရေးတုန်းက သူက ပရက်စ် ဘက်တီးရီးယန်းပါ။ နောက်နှစ်တွေကြာတော့ ကိုယ်ပိုင် Messianic အုပ်စုတစုကို ထောင်တယ်။ မိသားစုနဲ့ ယေရုရှလင်မြို့ကို ပြောင်းပြီး utopian အဖွဲ့ကို တည်ထောင်တယ်။ Universalist တယောက်ဖြစ်လို့ ထာဝရ တရားစီရင်ခြင်းနဲ့ ငရဲအပါအဝင် ကျမ်းစာရဲ့ သွန်သင်ချက်တွေကို ငြင်းပယ်တယ်။ ဒါပေမယ့် “It Is Well with My Soul” သီချင်းကို ဆိုတာဟာ သူ့ရဲ့ ပရက်စ်ဘက်တီးရီးယန်း၊ Universalist တယောက် ဆိုတာကို အားပေးရာ မရောက်ဘူး။ ဘုရားကို ချီးမွမ်းရင်း ယုံကြည်ခြင်းကို အားပေးရုံသာ ဖြစ်တယ်။
လူတယောက်ရဲ့ စကားကို ကိုးကားရင်လည်း သူပြောခဲ့သမျှ စကားအားလုံးကို ထောက်ခံရာ မရောက်ပါဘူး။

13.ဘုရားသခင်ရှေ့မှာ ခံစားသီဆိုတာ ဖြစ်ပေမယ့် ဟန်ဆောင်တာ၊ ပိုပိုကဲကဲ လုပ်တာတော့ မဖြစ်သင့်ပါဘူး။
လောကီအဆိုတော်တွေရဲ့ ဆိုပုံဟန်ပန်တွေကို အတုခိုးဆိုနေတာနဲ့ ဘုရားကို မိတ်ဖွဲ့ဆိုနေတာဟာ မတူပါဘူး။ ၂ ရာ ၆း ၁၆။ ဘုရားအကြိုက်ထက် လူကြိုက်ဖို့အတွက် ဂီတကို အလျှော့ပေးစရာ မလိုပါဘူး။ သိပ်ပြီး စည်းကမ်းကြီးပြီး ဖါရိရှဲလို ခံယူနေဖို့လည်း မကောင်းဘူး။ ရောမ ၁၄း ၃။

14.သင်းအုပ်က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ခံယူရပါမယ်။

နှစ်ခြင်းတွေက ခရစ်တော်ရဲ့ လမ်းပြမှုအတိုင်း အသင်းတော်သွားရမယ်လို့ ယုံကြည်ကြတယ်။ သင်းအုပ်ဆရာ တယောက်နဲ့ တယောက် အကြိုက်တော့ မတူနိုင်ဘူး။အသင်းတော် တပါးနဲ့တပါး သီချင်း ဆိုလေ့ရှိတာချင်း မတူနိုင်ဘူး။ နေရာ ဒေသနဲ့ တခြားအချက်အလက်တွေကြောင့် သီချင်းသဘာဝ ကွဲပြားနိုင်တယ်။ တနေ့မှာတော့ သင်းအုပ်ဆရာဟာ သူအုပ်ချုပ်ခဲ့တဲ့ အသင်းတော်ရဲ့ သီချင်းတွေအတွက် သခင်ဘုရားရှေ့မှာ အစစ်ခံရလိမ့်မယ်။ ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ခံယူမှုနဲ့ ကျမ်းစာနဲ့ ညီ,မညီ စတာတွေ အစစ်ခံရမယ်။ တမန် ၂၀း ၂၈။

15.မတူတဲ့နေရာလေးတွေ ရှိတတ်ပေမယ့် သြဝါဒမှန်မယ်၊ ခရစ်တော်ကို ဦးထိပ်ထားတဲ့ သီချင်းတွေကို ဦးစားပေးရမယ်။
အခုပြောတဲ့အတိုင်း အားလုံးခံယူရမယ်လို့ မပြောလိုဘူး။ ဒါပေမယ့် အသင်းတော်ရဲ့ အဓိကဟာ ဧဝံဂေလိပါ။ သီချင်းမဟုတ်ဘူး ဆိုတာ သတိပြုရပါမယ်။ မဿဲ ၂၈း ၁၉- ၂၀။
သင်းအုပ်တယောက်နဲ့ တယောက် မတူနိုင်ဘူး။ အားကြီးသူ ရှိမယ်။ အားနည်းသူလည်း ရှိမယ်။ ဂီတကလည်း ငြင်းခုံစရာတွေ များတယ်။ ဒါပေမယ့် အသေးအမွှားတွေကို ထားပြီး တယောက်နဲ့ တယောက် အသင့်အတင့် နေတတ်ရမယ်။ ရောမ ၁၄း ၁၀၊ ၁၇- ၁၉။
သီချင်းအကြောင်းပြောရာမှာ တယောက်နဲ့ တယောက် အပြစ်ရှာနေကြတာမျိုး မဟုတ်ဘဲ၊ ဘုရားဘုန်းထင်ရှားဖို့သာ ဦးစားပေးကြရမယ်။

နိဂုံး
ခရစ်တော်အတွက်သာ အဓိကဖြစ်ပြီး၊ ကိုယ့်အသင်းတော်ကြီးလာဖို့ မဟုတ်ဘူးဆိုရင် အခု အချက်အလက်တွေက အထောက်အကူ ပြုနိုင်ပါတယ်။
သီချင်းကလည်း မှန်ဖို့ လိုသလို၊ တဖက်ကလည်း မေတ္တာမပျက် သဘောထားကြီးနိုင်ဖို့ လိုပါတယ်။ ကျမ်းစာအရကတော့ ယုံကြည်သူဟာ ဝိညာဉ်သဘောနဲ့ အသက်ရှင်ရမယ်။ ဝိညာဉ်သဘောရှိတဲ့ သီချင်းတွေ ဆိုရမှာပါပဲ။ အသက်တာမှာ ဘုရားအတူရှိကြောင်း ရောင်ပြန်ဟပ်နေဖို့ လိုပါတယ်။ ဧဖက် ၅း ၁၈- ၁၉။

Thursday, August 25, 2016

One More Night With the Frogs by Hugh Pyle

ဖါးများနဲ့ နောက်တည
One More Night With the Frogs
by Hugh Pyle

Dr. Hugh Pyle
“မောရှေကလည်း ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှ ဘားတို့ကို ပယ်ရှင်းဖျက်ဆီး၍၊ မြစ်၌သာ နေစေခြင်းငှါ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဘို့ အကျွန်ုပ် တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါ ဟု လျှောက်သော်၊ နက်ဖြန်နေ့ တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ်၍၊” - ထွက်မြောက်ရာ ၈း ၉- ၁၀။

 နေရာတကာမှာ ဖါးတွေ။ အိပ်ယာထဲမှာ ဖါးတွေ။ မီးဖိုထဲမှာလည်း ဖါးတွေ။ ဧည့်ခန်းထဲမှာ ဖါးတွေ။ ပေါင်းအိုးထဲမှာ ဖါးတွေ။ မုန့်နှဲတဲ့ ခွက်တွေထဲမှာ ဖါးတွေ။ “မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏ပြည်တလျှောက်လုံးကို ဘားတို့ဖြင့် ဒဏ်ခတ်ဦးမည်။” (ထွက် ၈း ၂) ဘုရားသခင်က သူ့စကားအတိုင်း အလုပ်လုပ်တယ်။ အီဂျစ်အမျိုးသမီးက သူ့မုန့်အိုးကို ဖွင့်လိုက်တဲ့အခါ ငယ်သံပါအောင် အော်ပြီး ဖါးတွေ ထွက်လာတယ်။ အိပ်မလို့ အိပ်ယာခင်းကို ဆွဲလိုက်တဲ့သူက အိပ်ယာအောက်မှာ ဖါးတွေ အပြည့်ဖြစ်နေပြီ။ အင်္ကျီအိပ်ကပ်ထဲ လက်နှိုက်တဲ့သူက အိပ်ထဲမှာ ဖါးတွေ ပြည့်နေပြီ။ အီဂျစ်ကလေးတွေ ကျောင်းသွားတော့ လမ်းမှာ ဖါးတွေကို ခြေထောက်နဲ့ ကန်ကျ။ တယောက်နဲ့တယောက် ရွ့ံနဲ့ ပေါက်တမ်း မကစားဘဲ ဖါးနဲ့ ပေါက်တမ်း ကစားကြတယ်။ နန်းတော်ထဲမှာ ဖါး။ တဲစုတ်လေးမှာ လည်း ဖါး။ ဖါးကလေး၊ ဖါးကြီး အစုံပါပဲ။ ဖါးအော်သံတွေက နားပင်းလုပါပဲ။ အိမ်ထဲမှာ ဖါး၊ ခြံထဲမှာ ဖါး။မြစ်ထဲက တက်လာတဲ့ ဖါးတွေဟာ တောင်လို ပုံနေပြီး ညှီစော်နံနေပြီ။ နောက်ဆုံးတော့ ဖါရောဘုရင် ဒဏ်မခံနိုင်တော့ဘူး။မောရှေကို ခေါ်တယ်။ “ထာဝရဘုရားသည် ဘားတို့ကို ငါနှင့် ငါ့လူတို့ထံမှ ပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကို ငါပေးမည်ဟု ဆို၏။”

မောရှေ ပျော်မှာပေါ့။ ဖါရောဘုရင် စိတ်ပြောင်းပြီကိုး။ ပြောင်းလဲပြီပေါ့။ ဖျက်ဆီးဖို့ အချိန် ပြောပါဆိုတော့ "To morrow!" မနက်ဖြန် တဲ့။ နားမလည်နိုင်စရာပဲ။ သူ့အစားအသောက်ထဲမှာ ဖါးတွေ။ အိပ်ယာမှာ ဖါးတွေ။ အဝတ်အစား တွေထဲမှာ ဖါးတွေ။ တအိမ်လုံးမှာ ဖါးတွေ။ ဘုရားသခင်က ဖါးတွေ ရှင်းပေးတော့မယ်။ ဖါရောမင်းက ပြောလာတယ်။ “မနက်ဖြန်”။ ဒီတညတော့ ဖါးတွေနဲ့ နေချင်သေးတယ်ပေါ့။ ဘာလို့များ ဖါးတွေနဲ့ နောက်ထပ်တည နေချင်ပါလိမ့်။

ဖါရောဘုရင်က “မနက်ဖြန်” တဲ့။ ဘုရားဝိညာဉ်တော်ကတော့ “ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျှက်ရှိသည်ဖြစ်၍၊ ခိုင်မာသော စိတ်နှလုံး မရှိကြနှင့်။” - ဟေဗြဲ ၃း ရ- ၈။ ဖါရောဘုရင်က , "To morrow." “မနက်ဖြန်”။ ဝိညာဉ်တော်က "To day!" ဒီနေ့။

“မနက်ဖြန်” ဆိုတာ လူအများစု ပြောတတ်တဲ့ စကားပဲ။

ဆက်ကပ်ဖို့ လိုတယ်။ ကိုယ့်ကို အဖိုးအခပေးပြီး ရွေးဝယ်ထားတယ်။ (၁ကော ၆း ၂၀) လူက ဘုရားအတွက် အရိုးသားဆုံး ပေးလှူနိုင်တဲ့အရာဟာ ဆက်ကပ်မှု၊ ဝိညာဉ်တော်နဲ့ ပြည့်ဝမှုပဲ။ ဆက်ကပ်ချင်တယ်။ ဒါပေမယ့် မနက်ဖြန်မှ။ မနက်ဖြန်လို့ပဲ ပြောတတ်ကြတယ်။ မအောင်မြင်တဲ့ အသက်တာမှာ ဖါးတွေနဲ့ နောက်တည နေချင်ကြတယ်။

ဘုရားနဲ့ဝေးနေသူကို ပြောကြည့်ပါ။ သူ ဝန်ခံမှာပါ။ “ဟုတ်ကဲ့ ဆရာ။ လုပ်ရမှာပေါ့။ ဘုရားနဲ့ ဝေးကတည်းက ဘဝမှာ ဒုက္ခတွေပဲ ကြုံနေတာ။ ဒီဘဝကို စိတ်ပျက်နေပါပြီ။ လူက မကျန်းမာတော့ဘူး။ စိတ်ညစ်နေပြီ။ ပြဿနာတွေပဲ ကြံုနေရတယ်။ အရင်လို မဟုတ်တော့ဘူး။ သွားပြီ။ ဘုရားထံ လှည့်ပြန်ရမယ်။” ဒီစကားကြားရင် တယ်ဟုတ်ပါလား တွေးမိမယ်။ “ကဲ၊ အခု ဒူးထောက် ဆုတောင်းရအောင်” ဆိုရင်တော့၊ သူက သူ့ဇာတိအလိုဆန္ဒ ဖါးတွေနဲ့ နောက်တည နေချင်ဦးမှာပါ။ လောက အပေးအယူ ဖါးတွေနဲ့ နောက်တည နေချင်ဦးမှာပါ။

နယူးယော့မြို့က ၁၅ နှစ်အရွယ် ကောင်လေးတယောက်ကို မြေအောက် မိလ္လာပိုက်ခန်းထဲမှာ နေတာ တွေ့ကြရတယ်။ အဖေနဲ့ အဆင်မပြေဘူး။ အိမ်မှာ မနေချင်တော့ဘူး။ မသုံးတာကြာပြီဖြစ်တဲ့ မိလ္လာပိုက်ခန်းထဲမှာ လာနေတယ်။ ၂ ပတ်ကြာမှ မွေ့ယာအစုတ်ပေါ်မှာ အိပ်နေတဲ့ သူ့ကို ရဲက တွေ့တယ်။ မိလ္လာခန်းထဲက ကြွက်တွေကြားမှာ ရေနံဆီမီးဖိုအစုတ်ကလေးနဲ့ ချက်ပြုဖို့ ကြိုးစားနေတယ်။ ၂ ပတ် ရှိပြီ။ သူ့ကို ရဲ့ အိမ်ပြန်ပို့တော့ သူ့အဖေက “ဘာဖြစ်လဲကွာ။ အဖေ ခွင့်လွှတ်ပါတယ်။ မနက်ဖြန်ကျရင် အိမ် ပြန်လာခဲ့ပေါ့။” တဲ့။

အသက်တာ လဲကျတဲ့သူတွေလည်း ဒီလိုပါပဲ။ ဘုရားသခင်က ပြန်လာစေချင်ပြီ။ လောက အညစ်အကြေးတွေထဲမှာ ဆက်နေချင်သေးတယ်။ အခု ပြန်လာဖို့ လိုတယ်။ “ကိုယ်အပြစ်တို့ကို ဖေါ်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်ရှိသမျှကို လွှတ်၍၊ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ၊ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏။” (၁ယော ၁း ၉)

ဘာကြောင့် သခင်ယေရှုထံ မလာသလဲ? ခွင့်လွှတ်မယ်။ အပြစ်ဝန်ထုပ် ပင်ပန်းတာတွေ အနားရစေမယ်။ ကယ်တင်မယ် ဆိုပေမယ့် လူက မနက်ဖြန်မှ လာမယ်။

“မနက်ဖြန်” ဆိုတဲ့ စကား လုကာ အခန်းကြီး ၉ မှာ သခင်ယေရှု ၃ ခါ ကြားခဲ့ရတယ်။ လူတယောက်က “သခင် ကိုယ်တော်ကြွတော်မူရာ အရပ်ရပ်သို့ အကျွန်ုပ် လိုက်ပါမည်။” လို့ လျှောက်တယ်။ ကောင်းလိုက်တဲ့ ဂတိပဲ။ ဒါပေမယ့် သခင်ယေရှုက “မြေခွေးသည် မြေတွင်း ရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှ မရှိ။” လို့ ပြောပြတဲ့အခါ ဘာမှ ဆက်မကြားရတော့ဘူး။ ဆက်ကပ်မှုဆိုတာကို နားမလည်ခဲ့ဘဲ ပြောတာကိုး။ အဲဒီတော့ အိမ်မှာ ဖါးတွေနဲ့ နောက်တည ဆက်နေတော့မှာပေါ့။

နောက်တယောက်ကို “ငါ့နောက်သို့ လိုက်လော့” လို့ မိန့်တော်မူတယ်။ (အငယ် ၅၉) ဒါပေမယ့် သူက “သခင်၊ အကျွန်ုပ်အဘကို ရှေးဦးစွာ သွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါ။” ရှေးဦးစွာတဲ့။ သူ့ကိစ္စကို အရင် ဦးစားပေးတာပါ။ အဖေသေလို့ သင်္ဂြိုဟ်တာက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘုရားကို ဦးစားပေးဖို့ လိုပါတယ်။ ကျွန်တော့အထင်တော့ သူ့အဖေက မသေသေးပါဘူး။ လူအများစုက ခရစ်တော်ထက် ကိုယ့်ဆွေမျိုးသားချင်းကို ဦးစားပေးတတ်ကြတယ်။ ဘုရားထက် လူတွေရဲ့ အကြိုက်ကို လိုက်တတ်တယ်။ တနင်္ဂနွေနေ့ ဘုရားကျောင်းသွားရမယ့်အစား တခြားအိမ်မှုကိစ္စတွေကို ဦးစားပေးနေသူတွေ ရှိတတ်ပါတယ်။ “လူသေတို့သည် မိမိလူသေတို့ကို သဂြီုိဟ်ပါလေစေ။ သင်မူကား သွား၍ ဘုရားသခင် နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့။” လို့ သခင်ယေရှု ပြောရသူတွေပါ။

တတိယ တယောက်ကတော့ စွန့်လွှတ်အနစ်နာခံမယ့်ပုံပါ။ “ကိုယ်တော်နောက်သို့ အကျွနု်ပ် လိုက်ပါမည်။ သို့သော်လည်း …..” တဲ့။ အဲဒီ သို့သော်လည်းက ပြဿနာပါပဲ။ အသင်းတော်အများစုက သိုးခြံမဖြစ်ဘဲ ဆိတ်ခြံ ဖြစ်နေပါတယ်။ လုပ်မယ်ဆိုပေမယ့် ဆင်ခြေပေးနေကြတယ်။ “အိမ်၌ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့်ပန်ပါရစေ။” ဒီမှာလည်း အရင်တဲ့။ “ထွန်ကိုင်းကို ကိုင်လျက် နောက်သို့ လှည့်၍ ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်။”

ရေဗက္ခာက ဣဇက်အတွက် သတို့သမီး ဖြစ်ရမှာကို ချက်ချင်း ဆုံးဖြတ်တယ်။ (အပြစ်သားဟာလည်း ကောင်းကင်သတို့သား သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ချက်ချင်း ဆုံးဖြတ်ဖို့ ကောင်းပါတယ်။) မိဘ ဆွေမျိုးတွေက “မိန်းမကလေးသည် အကျွန်ုပ်တို့ထံမှာ၊ ဆယ်ရက်ခန့်လောက် နေပါစေဦး။ နောက်မှ သူ့ကို သွားပါစေမည်ဟု ဆိုကြ၏။” (အပြစ်သား တယောက် ခရစ်တော်ထံ မရောက်ဖို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကြိုးစားကြသလိုပါ။)

အာဗြဟံရဲ့ ကျွန်က အချိန် မဆိုင်းစေချင်တဲ့အခါ၊ သူတို့က မိန်းကလေးကို ချော့ပြောတယ်။ “ရေဗက္ခာ ဒီလူနဲ့ လိုက်သွားမလား” (ကမ္ဘာ ၂၄း ၅၈) ရေဗက္ခာက ရှင်းပါတယ်။ “လိုက်ပါမယ်။” တဲ့။ ဆင်ခြေတွေ မပေးဘူး။

ဖလော်ရီဒါပြည်နယ်က First နှစ်ခြင်းအသင်းတော်မှာ ဖါးတွေအကြောင်း တရား ဟောဖူးတယ်။ လူငယ်တွေ ကယ်တင်ခြင်း ရကြတယ်။ အဲဒီမှာ တခြားအသင်းတော်က မိန်းကလေး တယောက်ပါတယ်။ ကျောင်းမှာ သူက အသင်း ခေါင်းဆောင်ပေါ့။ သူလည်း ကယ်တင်ခြင်းရလို့ ဝမ်းသာနေတယ်။ အဲဒီအသင်းတော်ကနေ သူ ထွက်လိုက်ပြီ။ “ဆရာ၊ ကျွန်မ ဖါးတွေနဲ့ ဆက်မနေနိုင်တော့ဘူး။” တဲ့။

ကဲ၊ ဖါးတွေနဲ့ ဆက်မနေသင့်တဲ့ အကြောင်းရင်း ၃ ချက်လောက် ရှိပါတယ်။ ပထမက …

မနက်ဖြန်မှာ ဖါးတွေ ဆက်ရှိနေနိုင်သေးတယ်။ ဖါးတွေက အမြဲ ဆက်နေနိုင်တယ်နော်။

သူဌေးတယောက် သခင်ယေရှုထံကနေ စိတ်ပျက်စွာနဲ့ ထွက်သွားတယ်။ သူက ငွေကို တပ်မက်နေတယ်။ သူ့ဘဝမှာ ဝမ်းနည်းခြင်းတွေဟာ ဆက်ရှိနေပါတယ်။ ဖါးတွေ ရှိနေဆဲပဲ။

ယောနက ထာဝရဘုရားထံတော်မှ တာရှုမြို့ကို ထွက်သွားတယ်။ (ယောန ၁း ၃) ဘုရားသခင်က နိနဝေမြို့ကို သွားခိုင်းတာပါ။ သူက ပင်လယ်ထဲမှာ နောက်တညနေချင်သူပါ။ ဒါက ပြဿနာပါ။ လေပြင်းမုန်တိုင်းကို လွှတ်လိုက်ပြီ။ သဘောင်္ လူးလိမ့်နေပြီ။ ယောနကို ပင်လယ်ထဲ မပြစ်မချ မချင်း လေမငြိမ်ဘူး။ ဘုရားခန့်ထားတဲ့ ငါးကြီးက ယောနကို မြိုတယ်။ ဒါကြောင့် ယောနဟာ ကမ္ဘာမှာ ပထမဆုံး ရေငုတ်သင်္ဘော စီးတဲ့သူ ဖြစ်သွားတယ်။ ဝေလငါးထဲမှာ နေပြီး၊ မြေထဲပင်လယ်ကို ဖြတ်ခဲ့တယ်။ ယောန ခေါင်းမူးသလား။ ယောနက ခေါင်းမမူးဘဲ ဝေလငါးက မူးသွားတယ်။ သူ့ကို မြိုထားရတာ ပျို့အန်ချင်လာတယ်။ လဲကျတဲ့သူက တော်တော် ဒုက္ခပေးပါတယ်။ ယောနကလည်း တော်တော် ဉာဏ်ကောင်းတဲ့သူ လို့ ပြောရမယ်။ ဒုက္ခရောက်တော့ ဘုရားကို ဆုတောင်းတတ်တယ်။ ဘုရားက ငါးကြီးကို ကမ်းခြေအရောက်ပို့။ ငါးကြီးက အန်ထုတ်ပြီးမှ အနားရ။ ယောနလည်း ကုန်းပေါ် ရောက်လာတယ်။

ဒုတိယအချက် …….  ဖါးထက် ပိုဆိုးတာတွေ ရောက်လာနိုင်တယ်။

ဖါရောမင်းမှာ ပိုဆိုးတာတွေ ဖြစ်လာတယ်။ ဖါးတွေနောက်မှာ ခြင်တွေ၊ ယင်တွေ၊ ကျိုင်းတွေ၊ မီးနဲ့ အမှောင်တွေ ကို ကြံုရတယ်။ နောက်ဆုံးမှာ သားဦးတွေ သေရတယ်။ မာနကြောင့် ကြံုရတာ ဖြစ်တယ်။ “ထိုကာလ၌ လူတို့၏ မောသောမျက်နှာကို နှိမ့်ရမည်။ လူတို့၏ မာနကိုလည်း ရှုတ်ချရမည်။” (ဟေရှာယ ၂း ၁၁) တရားစီရင်တဲ့ အချိန် ရောက်လာတဲ့အခါ ဖါးထက် ဆိုးတာတွေ ကြံုရပါတော့တယ်။

လူအများစုက ငွေမက်တယ်။ ပစ္စည်းဥစ္စာ မက်တယ်။ ကျမ်းစာက “ငွေကို တပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။” (တိမောသေ ၆း ၁၀) ငွေကို သိပ်မက်တဲ့အခါ မိသားစု၊ ကျန်းမာရေး၊ သားသမီး၊ ကိုယ်ကျင့်တရားနဲ့ ဘုရားသခင်ကို ပစ်ပယ်လာတယ်။ ဖါးတွေနဲ့ နေပျော်လာတယ်။ ဒါပေမယ့် ဖါးထက် ဆိုးတာတွေ ရောက်လာပါလိမ့်မယ်။

မိသားစုတစု။ သားလေးရဲ့ ဓါတ်ပုံက ဧည့်ခန်းထက်မှာ ချစ်စရာ။ ဒါပေမယ့် မိဘက ကလေးကို ဂရုမစိုက်။ ငွေပဲ ရှာနေတယ်။ အလုပ် သိပ်ရှုပ်ကြတယ်။ “သင်၏ဒုစရိုက်သည် သင့်ကို ဆုံးမမည်။ သင်၏ဖေါက်ပြန်ခြင်းသည် သင့်ကို အပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားကို စွန့်ပြစ်သောအမှု၊ ငါ့ကို မကြောက်ဘဲ နေသောအမှုသည် မကောင်းသောအမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။” (ယေရမိ ၂း ၁၉) တနေ့တော့ သူတို့အိမ်က စပါးကျည် မီးလောင်တယ်။ အထဲမှာ ကလေးရှိနေတာကို ဘယ်သူမှ မသိကြဘူး။ စိတ်မကောင်းစရာ ဖြစ်လာတယ်။

ဗင်္ဟာဒဒ်က အရက်သောက်နေတယ်။ စစ်တိုက်ရင်း သောက်တယ်။ “စပျစ်ရည်သည် လှည့်စားတတ်၏။ သေရက်စေရက်သည် ရုန်းရင်းခတ်ဖြစ်ခြင်း အမှုကို ဖြစ်စေတတ်၏။” (သုတ္တံ ၂၀း ၁) အဲဒီမှာ ပိုဆိုးတဲ့ ဒုက္ခရောက်လာတယ်။ ရှုရိစစ်တပ်ကြီး ရှုံးနိမ့်ရပြီး ဗင်္ဟာဒဒ်ကိုယ်တိုင်လည်း ဒုက္ခကြံုရတယ်။ အရက်ကြောင့် ဖြစ်ရတာပါ။

တတိယအချက်က - မနက်ဖြန်ဆိုတာ ရှိချင်မှ ရှိတော့မှာပါ။ “နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက်အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။” (သုတ္တံ ၂၇း ၁)

“ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။” (ဟေဗြဲ ၂း ၃) ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေတဲ့ ရက်တွေမှာပဲ လူတွေဟာ ရုတ်တရက် မတော်တဆမှုတွေနဲ့ ထာဝရကာလထဲကို ချက်ချင်းကြီး ရောက်သွားနေကြတယ်။ မနက်ဖြန်ဟာ မသေချာဘူး။ သေချာတာက ဒီနေ့ နောင်တရဖို့ပဲ။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် အားကိုးဖို့ပဲ။ ဘုရားသခင်က ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး။

လူဆိုးတွေ သေရလည်း ဘုရားသခင် မပျော်ပါဘူး။ ဒါပေမယ့် သည်းမခံနိုင်တဲ့အချိန် ရောက်လာတတ်တယ်။ “ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။” (ကမ္ဘာ ၆း ၃) ဂတိတော်ကတော့ “ခမည်းတော်သည် ငါ့အားပေးတော်မူသမျှသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့လာသောသူကို ငါသည် အလျှင်းမပယ်။” (ယောဟန် ၆း ၃၇) ဘုရားက သူ့အပိုင်း သူလုပ်ပါတယ်။ သားတော်ကို စေလွှတ်တယ်။ အသွေးသွန်းတယ်။ အပြစ်အတွက် အဖိုးအခကို ပေးခဲ့တယ်။ နောက်တပိုင်းက ကိုယ့်အပိုင်း။ သခင်ယေရှုကို အားကိုးလိုက်ပါ။ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏” (ယောဟန် ၃း ၃၆)

တင်နက်ဆီးပြည်နယ်မှာ အမျိုးသမီးတယောက် ကယ်တင်ခြင်းတရား ကြားရတယ်။ ဆုတောင်းဖို့ ခေါ်တော့ သူ လက်မြှောက်တယ်။ ဒါပေမယ့် တကယ်တော့ ရှေ့ထွက်မလာဘူး။ နောက်တနေ့ အဲဒီအမျိုးသမီး ရုတ်တရက် ဆေးရုံပို့ရတယ်။ နေ့လည်လောက်မှာ ဆုံးသွားတယ်။ မနက်ဖြန်ဆိုတာ ရှိချင်မှ ရှိတာမျိုးပါ။ လူငယ်တယောက် ကားတာယာ လဲနေတယ်။ ပေါက်ကွဲပြီး မျက်နှာကို မှန်တယ်။ ဆေးရုံပို့ပြီး ၂ ရက် အကြာမှာ ဆုံးတယ်။ မနက်ဖြန်ဆိုတာ မသေချာဘူး။ မာနတ်ကတော့ လူကို ဘုရားသခင်ထံပါး မချဉ်းကပ်အောင် အချိန်ဆွဲခိုင်းလိမ့်မယ်။ ဒါပေမယ့် မနက်ဖြန်ဆိုတာ မသေချာဘူး။

“ယခုပင် နှစ်သက်ဖွယ်သော အချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလ ရှိ၏။” (၂ ကော ၆း ၂)

(ဒီတရားစကားကို ဖတ်ပြီးတဲ့အခါ သခင်ယေရှုခရစ်ကို ကယ်တင်ရှင် အဖြစ် အားကိုးဖို့ တိုက်တွန်းပါရစေ။ ဘဝမှာ ဖါးတွေနဲ့ နောက်တည ထပ်မနေပါနဲ့တော့။ ကိုယ့်အပြစ်ကို ဝန်ခံပြီး၊ သခင်ယေရှုခရစ် ကားတိုင်မှာ အသေခံပေးတဲ့အတွက် ခွင့်လွှတ်ဖို့ တောင်းခံနိုင်ပါပြီ။)

Sunday, June 19, 2016

PRAYER by Dr. John R. Rice- Chapter 04

အခန်း ၄

အဖြေက ရရှိခြင်း

 - THE ANSWER TO PRAYER IS RECEIVING

“ဆုတောင်းသမျှတို့ကို ဘုရားသခင့် ထံတော်မှ ရကြ၏။” - ၁ ယော ၃း ၂၂
“သားသည် မုန့်ကို တောင်းလျှင် မိမိသားအား ကျောက်ကို ပေးမည့်သူ၊ ငါးကို တောင်းလျှင် မြွေကို ပေးမည့်သူ တစုံတယောက်မျှ သင်တို့တွင် ရှိသလော။”-  မဿဲ ရး ၉၊ ၁၀

ဆုတောင်းခြင်းက တောင်းတာ ဆိုရင်၊ အဖြေက ရတာ ဖြစ်ပါတယ်။
ဆရာတွေက သူတို့ တောင်းလို့ မရရင်၊ ယုံကြည်ခြင်း အားနည်းတာကို ဆင်ခြေပေးတတ်တယ်။ “ဘုရားက အဖြေ ပေးပုံ ၃ မျိုး ရှိတယ်။ “Yes,” or “No,” or “Wait awhile.” ခဏစောင့်” လို့ ပြောတယ်” လို့ ဆိုကြတယ်။

ဒါက ခရစ်ယာန်ဆိုတာ ဘုရားအလိုတော် ဝန်ခံရမယ်၊ ဘုရားပေးသမျှနဲ့ ကြေနပ် ရောင့်ရဲ ရမယ် ဆိုတဲ့ သဘောပါ။ ဒါပေမယ့် ဆုတောင်းခြင်းကို ကျမ်းစာက ဒီလို မသွန်သင်ပါဘူး။ ဒါက ဆုတောင်းခြင်းဟာ နက်နဲတယ်၊ ဘုရားအလိုတော် မသိနိုင်ဘူး။များျား ဆုတောင်းဖို့ မလိုဘူး။ အလိုတော် အတိုင်းပေါ့။ ကိုယ့်လိုအင်တွေ မရောနဲ့။ ဘာ ဆုတောင်းစရာ လိုသလဲ? လို့ ပြောသလို ဖြစ်နေတယ်။ ဆုတောင်းတဲ့ အလုပ်ကို မရေမရာ၊ မသေမချာ အလုပ်လို့ ထင်စေရင် ကျမ်းစာနဲ့ လွဲနေပါပြီ။

စဉ်းစာဉာဏ်ရှိသူတိုင်းဟာ ကိုယ့်ဘဝမှာ အစီအစဉ်မကျတာတွေကို ဘယ်လို ရောက်ရဲနိုင်ပါ့မလဲ?  ကားမောင်းပြီး ဆီဆိုင်ကို သွားတယ် ဆိုပါစို့။ “၁၀ ဂါလံ ပေးပါ။” လို့ ပြောလိုက်မယ်။ အတိအကျ ထည့်ပေးတာပဲ လိုချင်တာပေါ့။ ဆိုင်ဝန်ထမ်းက “No, sorry! ခင်ဗျားမှာ ဆီမလိုပါဘူး။ (သို့) တချို့ဆရာတွေ ပြောသလို - “ခဏစောင့်နော်။ ထိုက်တန်လား၊ မတန်လား ကြည့်ရဦးမယ်” လို့ ပြောမယ်ဆိုပါစို့။   (သို့) ဆီမဟုတ်ဘဲ၊ ဆပ်ပြာမြှုပ်တွေ၊ အရက်တွေ၊ ရွံ့တွေ လာထည့်မယ် ဆိုပါစို့။ “Yes,” or “No,” or “Wait awhile” စောင့်ပါဥိး ဆိုတာ တကယ် အဓိပ္ပါယ် မရှိတာပါ။

ယောကျင်္ားလေးက မိန်းကလေးကို နှစ်သက်တယ်။ မိန်းကလေးလည်း စိတ်ဝင်စားတယ်လို့ ထင်လို့ လက်ထက်ခွင့် တောင်းတယ်။ မိန်းကလေးက No တဲ့။ ကောင်လေးက အဖြေရတယ် ဆိုပြီး ပျော်နေမလား? ဒိလိုပဲ ဘုရားထံမှ ဘာမှ မရဘဲ ဘယ်လို ပျော်နိုင်မလဲ။

I.  အဖြေဟာ ရတာပဲလို့ ကျမ်းစာက ဆိုတယ်။

ကိုယ်တောင်းတာကို ရတာဟာ ဆုတောင်းခြင်းရဲ့ အဖြေပဲ။

“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏”
ယောဟန် ၁၆း ၂၄ မှာ - “တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။”
ယာကုပ် ၄း ၂ မှာ - “မရကြ။ အကြောင်းမူကား ဆုမတောင်းဘဲ နေကြ၏။”

ဆုတောင်းခြင်းက တောင်းတာပဲ ဆိုရင်၊ အဖြေက ရတာပါပဲ။
Dr. Charles A. Blanchard က သူရဲ့ Getting Things From God ဆိုတဲ့ စာအုပ်ရဲ့ “What Is an Answer to Prayer?” ဆိုတဲ့ အခန်းမှာ -
“ကိုယ်လိုတိုင်း ဘုရားက ပေးမှာ မဟုတ်ဘူး လို့ ပြောတတ်ကြတယ်။ ပေးတဲ့ပုံက Yes လို့ ပြောတာရှိသလို၊ No လို့ ပြောတာလည်း ရှိတယ်။ No ဆိုတာလည်း Yes လို အဖြေ ပေးတာပါပဲ လို့ ဆိုတတ်တယ်။ ဒီလို သွန်သင်တာ မကောင်းပါဘူး။”

ဒါကို Dr. Blanchard က ဥပမာ ပေးတယ်။ အမေက ကလေးရဲ့ အသက်အတွက် ဆုတောင်းနေတယ်။ ဆုတောင်းသံ ဘုရား လက်မခံဘူး။ ကလေး သေသွားတယ်။ လုပ်ငန်းရှင် တယောက် ခက်ခဲနေလို့ ဆုတောင်းတယ်။ ဘုရားအလိုတော် မရှိလို့ စီးပွါးပျက်သွားတယ်။ စုံစမ်းသွေးဆောင်ခြင်းခံနေရတဲ့ လူတယောက် ဆုတောင်းတယ်။ တောင်းပုံမမှန်လို့ အရှက်ကြုံရပြီး မိသားစု ပြိုကွဲ သွားတယ်။ အသင်းတော်ရှေ့မှာ အရှက်ကွဲတယ်။ အသိုင်းအဝိုင်းကြားမှာ ကိုယ်ကျင့် ပျက်ရတယ်။ ဒီလိုလူတွေအတွက် ဆရာတွေက ဖြေတတ်ပါတယ်။ ဘုရားက ဆုတောင်းတာကို မငြင်းပယ်ပါဘူး။ အဖြေလည်း ပေးပါတယ်။ No လို့ ပေးခဲ့တာပါ လို့ ပြောတတ်ကြတယ်။ Dr. Blanchard ကတော့ ….
“ဒီလို သွန်သင်တာကို ကျွန်တော်တော့ မယုံဘူး။ ကြေကွဲနေတဲ့ မိခင်ကို နှစ်သိမ့်မှု မပေးနိုင်ဘူး။
“အကူအညီလည်း မဖြစ်ဘူး။ ယုံကြည်ခြင်းနဲ့ပင် ဝေးစေနိုင်ပါတယ်။”
Dr. Blanchard က ….
ကိုယ်တောင်းတာ ရမှ အဖြေဖြစ်မှာပေါ့။ နေမကောင်းလို့ ဆုတောင်းတယ်။ ကျန်းမာသွားတယ်။ ငွေကြေးအတွက် ဆုတောင်းတယ်။ ပြေလည်သွားတယ်။ မကောင်းမှုကို ရှေင်ချင်လို့ ဆုတောင်းတယ်။ အောင်မြင်သွားတယ်။ လိုတာတောင်းလို့ ရတာ အဖြေပါပဲ။ No ဆိုတာ အဖြေမှ မဟုတ်ဘဲ။ ဘုရားအဖြေက Yes ပါ။”
Dr. Blanchard က ….
“အဖြေဆိုတာ ရတာပဲ ဖြစ်ရပါမယ်။ Yes or No ဖြစ်မယ်။ တခြား တခုခု ရမယ်ဆိုတာဟာ တောင့်တနေတဲ့ စိတ်နှလုံးကို အလေးမထားသလို ဖြစ်နေပါတယ်။”
Dr. Blanchard ပြောတာ မှန်တယ်။ အဖြေက Yes ပဲ ဖြစ်ရမယ်။ ကောင်းကောင်းမွန်မွန် တောင်းတဲ့သူဟာ Yes လို့ အဖြေရသင့်ပါတယ်။ မရရင် ဘာကြောင့် မရသလဲ ဆန်းစစ်သင့်ပါတယ်။ ကျမ်းစာနဲ့ ချိန်ထိုး၊ ဝိညာဉ်တော် လမ်းပြမှု ခံယူပြီး အဖြေရှာရမယ်။

II.  Yes ဆိုတဲ့အဖြေရဖို့  အလိုတော်နဲ့အညီ ဘယ်လို ဆုတောင်းမလဲ။

အများစုက ဆုတောင်းရင် ဘာမှ မရတတ်ကြဘူး။ ရဖို့လည်း မမြော်လင့်ကြဘူး။ မရေမရာ တောင်းကြတယ်။ တိတိကျကျ မတောင်းဘူး။ ရဖို့ တောင်းကြတာလည်း မဟုတ်ပါဘူး။

ဒါကြောင့်လည်း အလိုတော်ရှိရင်လို့ တောင်းနေကြတာပေါ့။ အလိုတော်ရှိရင် နိုးထစေပါ၊ ခရစ်တော်က ချစ်လို့ အသေခံပေးခဲ့တဲ့ အပြစ်သားတွေလည်း အလိုတော်ရှိရင် ကယ်တင်ပါ၊ ဘုရားက ပေးချင်ပါလျက်နဲ့ အလိုတော်ရှိရင် ပေးပါလို့ တောင်းတတ်ကြတယ်။ ဒါပေမယ့် ဒါက ဘုရားအလိုတော် ဝန်ခံနေတာ မဟုတ်ဘူး။ မယုံကြည်တာကို ပြနေတာ။ အဖြေရမယ်မှန်း မသိဘဲ ဆုတောင်းရင်း အမှောင်မှာ လဲကျနေတာပါ။

ဆရာတယောက်က အပျိုကညာမှ ဖွါးမြင်ခြင်းကို if ဖြစ်ခဲ့ရင်လို့ ပြောရင်၊ ဘုရားဂတိ IF တည်ခဲ့ရင်လို့ ပြောရင်၊ နှုတ်ကပတ်တော်ကို မရေရာ မသေချာ IF လို့ ဟောခဲ့ရင်၊ ဘုရားသခင် နှစ်သက်ပါ့မလား။ ဘုရား ဘယ်ကြိုက်မလဲ။ ဘုန်းတော် ထင်ရှားဖို့လည်း မဖြစ်နိုင်တော့ဘူး။ တိတိကျကျ တောင်းရမယ်။ မုန့်တောင်းရင် မုန့်ကို မြော်လင့်ပါ။  ကျောက်ကို မပေးဘူး။ ငါးကို တောင်းရင် ငါးကို မြောင်လင့်ပါ။ မြွေ မပေးဘူး။ ဥကိုတောင်းရင် ဥကိုပဲ မြော်လင့်ရမယ်။ ကင်းမြီးကောက် မပေးဘူး။ ဆုတောင်းတာဟာ အဖေနဲ့ သား တောင်းလို့ ရသလိုပါပဲ။
ဒီလိုတောင်းတဲ့အခါ လိုအပ်ချက်လေးတွေ ရှိပါတယ်။

1.            အလိုတော် အပြည့်အဝ ဝန်ခံရမယ်။ 

ပုန်ကန်တတ်သူဟာ ပျော်စရာ၊ အောင်မြင်တဲ့ ဆုတောင်းတဲ့ အသက်တာ မရနိုင်ဘူး။ ဆာလံ ၃၇း ၄ မှာ ….
“ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိလော့။သို့ပြုလျင် စိတ်နှလုံး အလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။”

ပဌနာတော်မှာ “နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ ….. အလိုတော်သည် မြေကြီးပေါ်၌ ပြည့်စုံသကဲ့သို့” လို့ စပြီး သင်ပေးပါတယ်။ ဘုရားသခင်ကို ဝန်ခံရမယ်။ ကိုယ်ကိုကိုယ် မပိုင်ဘူး။ ကာရာနီမှာ အသွေးနဲ့ ရွေးဝယ်ထား ခံရသူတွေ ဖြစ်တယ်။ “ဘယ်လို ဆုတောင်းရမလဲ။ သွန်သင်တော်မူပါ။ အလိုတော်ရှိရာကို နားလည်စေပါ။” လို့ နှိမ့်ချမှသာ အောင်မြင်ပါလိမ့်မယ်။ တိတိကျကျ တောင်းပြီး၊ နေတိုင်း တောင်းတာတွေ ရဖို့ လိုပါတယ်။ တပည့်တော်တွေက “ဆုတောင်းစေခြင်းငှါ …. နည်းပေးတော်မူပါ။” လို့ တောင်းပန်ကြတယ်။ (လုကာ ၁၁း ၁) အလိုတော်နဲ့ညီရင် ဘုရားက ပေးချင်ပါတယ်။

ယာကုပ် ၄း ၂ “သင်တို့သည် …. မရကြ။ အကြောင်းမူကား ဆုမတောင်းဘဲ နေကြ၏။” ဆုတောင်းဖို့ ဘုရားက စောင့်နေတာပါ။ “ဆုတောင်းလျှင်လည်း ကာမဂုဏ် ခံစားစရာဘို့ ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့် မရကြ။” ဆိုးညစ်တဲ့ စိတ်နှလုံးက မနှိမ့်ချဘဲ တောင်းမယ်။ တပ်မက်မှုတွေကလည်း ဆုတောင်းကို လွဲသွားစေတယ်။

ယောကျင်္ား ကယ်တင်ခြင်းရဖို့ မိန်းမက ဆုတောင်းတယ်။ ဒါပေမယ့် သူ့စိတ်ထား motives က လွဲနေတယ်။ သူကယ်တင်ခြင်းရရင်တော့ ငါ ပို အဆင်ပြေမယ်။ ဘုရာားကျောင်းလည်း သူက လိုက်ပို့မယ်။ ပိုလည်း ကြင်နာမယ် လို့ မိန်းမက ထင်တယ်။ သူ ဆုတောင်းတယ်။ ဒါပေမယ့် ဘုရားက သူ့ဆုတောင်းကို အဖြေပေးလို့ မရဘူး။ ယောကျင်္ား ကယ်တင်ခြင်းမရခင် မိန်းမရဲ့ စိတ်ထား မှန်ဖို့ လိုနေပါတယ်။ ဒါကြောင့် အများစုရဲ့ ဆုတောင်းတွေကို အဖြေပေးလို့ မရဘူး။ လူမိုက် အားပေး မဖြစ်ဖို့ လိုနေတယ်။ စိတ်နှလုံး ဆက်ကပ်ဖို့ အရေးကြီးပါတယ်။

George C. Stebbins ရဲ့ ဓမ္မသီချင်းစာသားလေးတွေနဲ့ ဆုတောင်းဖို့ လိုပါတယ်။
အလိုတော်ရှိရာ၊ ပြုတော်မူပါ။
ကိုယ်တော်ရှင် အိုးထိန်း၊ ကျွန်ုပ် အိုးမြေ။
ကိုယ်တော်ရှင်မြတ်အား စောင့်နေစဉ်ခါ
သဘောတော်ရှိတိုင်း ပုံသွင်း လုပ်ပေ။

အလိုတော်ရှိရာ၊ ပြုတော်မူပါ။
ယနေ့ စုံစမ်း၍ စစ်တော်မူပါ။
ရှေ့တော်မှာ နှိမ့်ချ ဒူးထောက်စဉ်ခါ
မိုးပွင့်ထက်ဖြူအောင် ဆေးတော်မူပါ။

အလိုတော်ရှိရာ၊ ပြုတော်မူပါ။
ကိုယ်တော်ရှင်မြတ်သာ အုပ်စိုးမူပါ။
ဝိညာဉ်တော်မြတ်နှင့် ပြည့်စေပြီးခါ
ခရစ်တော်ဘုရား စိတ်တွင် ကိန်းပါ။

2.    အလိုတော်သိဖို့ရာ ကျမ်းစာ နားလည်ရမယ်။ ကျမ်းစာသိမှ အလိုတော်နဲ့ ညီမညီ သိနိုင်မယ်။ သခင်ယေရှုက ….

“သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌ တည်လျင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ ရကြလိမ့်မည်။” ယော ၁၅း ရ။

ဆုတောင်းခြင်းဟာ ခရစ်တော်၌ တည်နေဖို့ လိုတယ်။ နှုတ်ကပတ်တော်၌ တည်ရမယ်။ ဆာလံ ၁း ၁- ၃ နဲ့ ယောရှု ၁း ရ-၉ မှာ အရာရာမှာ ကောင်းစားဖို့ရာ နှုတ်ကပတ်တော်ကို နေ့ညမပြတ် ဆင်ခြင်ဖို့ လိုတယ်လို့ ဆိုတယ်။ ဖတ်ရုံသာ မဟုတ်ဘူး။ အထဲမှာ တည်ရမယ်။ မြတ်နိုးရမယ်။ ဆင်ခြင်ရမယ်။ နှုတ်ကပတ်တော်က အသက်တာနဲ့ အတွေးတွေကို ဆေးရောင်းချယ် စေရမယ်။ အဲဒီအခါမှာ ဆုတောင်းလို့ရပြီ။

ဥပမာ၊ ၁ ယော ၁း ၉ ကို ကြည့်ပါ။ “ကိုယ်အပြစ်တို့ကို ဖေါ်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ်ရှိသမျှကို လွှတ်၍၊ ဒုစရိုက် ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ကိုယ်တောင်းပန်ရင် ဘုရားက ချက်ချင်း ခွင့်လွှတ်ရုံမက အပစ်တွေကို ဆေးကြောပေးတယ်။ နှုတ်ကပတ်တော်မှာ ဂတိပေးထားပါတယ်။ ပဌနာတော်မှာလည်း နေ့စဉ်အစာအတွက် တောင်းခွင့် ပေးထားပါတယ်။ ဒါကို သိရင် တောင်းရုံပါပဲ။ အလိုတော်ရှိရင် လို့ ဆုတောင်းတာက လွဲနေတာပါ။ အလိုတော်က ရှိပြီးသားပါ။

တဖက်မှာလည်း ခရစ်ယာန်ဆိုတာ နှုတ်ကပတ်တော်အပေါ်မှာ တည်ကြည်ရမယ်။ ဝိညာဉ်ရေး စိတ်မဝင်စားဘဲ လောကီစည်းစိမ်ပဲ ခံစားချင်လို့ မရပါဘူး။ “နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။” - မဿဲ ၆း ၃၃။ လောကအရာထက် ဝိညာဉ်ရေး ကောင်းကြီးတွေက ပိုအရေးကြီးတယ် ဆိုတာတော့ သိရမှာပေါ့။

နှုတ်ကပတ်တော် မသိရင် ဘုရားအလိုတော်အတိုင်း ဆုတောင်းဖို့ မဖြစ်နိုင်ပါဘူး။ ကျမ်းစာက ကောင်းတာ၊ မှန်တာ၊ သန့်ရှင်းတာကို ပြတယ်။ နေ့ညမပြတ် ဆင်ခြင်ရမယ်။ ကျမ်းစာမှာ အခြေမခံတဲ့ ဆုတောင်းဟာ ဘုရားနှစ်သက်ဖို့ မလွယ်ဘူး။

3.            အလိုတော်အတိုင်း ဆုတောင်းဖို့ ဝိညာဉ်တော် လမ်းပြမှု လိုတယ်။  

ဝိညာဉ်တော် လမ်းမပြရင် ဇာတိစိတ်က ကျမ်းစာဖတ်ပေမယ့် နားမလည်ဘူး။ ဘုရားအလိုတော် မသိဘူး။ ဘုရားအလိုတော်က သိစရာတွေ အများကြီးရှိတယ်။ ကျမ်းစာသားတွေလောက်နဲ့ မသိနိုင်ဘူး။ နောက်တပတ် ဘာတရားဟောရမလဲ? ဘယ်သူ့ကို ကယ်တင်ခြင်းအကြောင်း ပြောရမလဲ? ကားသစ်အတွက် ဆုတောင်းမလား၊ အဟောင်းပဲ ဆက်စီးမလား? သားသမီးတွေကို ဂီတသင်တန်း တက်ခိုင်းရမလား? အလှူငွေကို နိုင်ငံရပ်ခြားကို ပေးပို့ရမလား၊ ကိုယ့်အသင်းတော်ကိုပဲ ပေးရမလား? ဒီနေ့မနက် ဝတ်ပြုခြင်းမှာ ဘယ်ကျမ်းပိုဒ် ဖတ်ရမလဲ? ဒီလုပ်ငန်းသစ်ကို စလုပ်ရင် ကောင်းမလား? မေးခွန်းတွေ ထောင်ချီပြီး ရှိတာပေါ့။ ဒီအခါမှာ ဝိညာဉ်တော်က ဆုတောင်းရာမှာ ကူညီနိုင်တယ်။


“ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟု မသိကြ။ သို့ရာတွင် ငါတို့ ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။ စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီ စောင့်မတော်မူ၏။” - ရောမ ၈း ၂၆- ၂၇။

ဘာတောင်းရမှန်း မသိတော့ ဝိညာဉ်တော်က ဆုတောင်းပေးတယ်။ အသံမထွက်ဘူး။ ညည်းတွားခြင်းသာ ဖြစ်တယ်။ ဝိညာဉ်တော် ဆုတောင်းပေးရင် ရဖို့ သေချာပြီ။ ကောင်းကင်က စတဲ့ ဆုတောင်းသံဟာ ငြင်းဖို့ ခက်တယ်လို့ ဆိုပါတယ်။

ဝိညာဉ်တော်ကို ဥပဇ္စျာယ်ဆရာ Comforter လို့ ခေါ်တယ်။ ယော ၁၄း ၁၆၊ ၂၆။ ယော ၁၅း ၂၆။ ယော ၁၆း ရ) ဒါက ဂရိစကား parakletos လက်တွဲဖေါ် ( one called alongside ) လို့ ဆိုလိုတယ်။ အတူအမြဲ ရှိတယ်။ ယော ၁၄း ၁၇ မှာ “ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ dwell with တည်နေ၍၊ သင်တို့၌ shall be in you ရှိတော်မူသောကြောင့် သင်တို့ သိရကြ၏။” ထမြောင်ခြင်း မတိုင်မှီ ဝိညာဉ်တော်က တမန်တော်တွေနဲ့ dwell with အတူနေတယ်။ ဒါပေမယ့် ဘုန်းထင်ရှားပြီးနောက် ယုံကြည်သူရဲ့ be within us အထဲမှာ နေမယ်။ သခင်ယေရှု ထမြောက်ပြီးနောက် “သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူကြလော့။” လို့ မှုတ်သွင်းလိုက်တယ်။ (ယော ၂၀း ၂၂) အဲဒီအချိန်ကစပြီး ယုံကြည်သူတိုင်းရဲ့ အထဲမှာ ဝိညာဉ်တော် ရှိနေတယ်။ ရောမ ၈း ၉ က “သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြသည် မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကို မရသောသူမည်သည်ကား ခရစ်တော်နှင့် မဆိုင်။”  ၁ ကော ၆း ၁၉- ၂၀ မှာ “အဘယ်သို့နည်း။ သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော၊ သင်တို့ အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကို၎င်း မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။”

သန့်ရှင်းသော ဝိညာဉ်တော်ဟာ ခရစ်တော်ရဲ့ ဝိညာဉ်ဖြစ်တယ်။ ရောမ ၈း ၉။ ကားတိုင် မတိုင်ခင်မှာ ကြေကွဲနေတဲ့ တပည့်တော်တွေကို “ငါသည် သင်တို့ကို မိဘမဲ့ ဖြစ်စေခြင်းငှါ စွန့်ပစ်မည် မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။” - ယော ၁၄း ၁၈။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကြွလာမယ်လို့ ရှင်းပြတယ်။ ယော ၁၄း ၂၆ မှာ .. “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္စျာယ်ဆရာတည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူ၏။”

ဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က ခရစ်တော်ရဲ့ အလိုတော်ကို နားလည်စေပြီး၊ ခရစ်တော်စကားကို မှတ်မိစေတယ်။ ဆက်ကပ်သူဟာ နှုတ်ကပတ်တော် ဆင်ခြင်ချင်လာမယ်။ အလိုတော် သိလာမယ်။ ဝိညာဉ်တော်က လမ်းပြလာမယ်။ ဘုရားနှစ်သက်တဲ့ ဆုတောင်းခြင်း ဖြစ်လာမယ်။ ဘုန်းထင်ရှားဖို့၊ ကောင်းစားဖို့၊ ပျော်ရွှင်ရဖို့ တောင်းစေချင်တာကို စိတ်နှလုံးထဲ သွန်းလောင်းပေးလိမ့်မယ်။ ဒါဆို ရပြီပေါ့။

ဝိညာဉ်တော်ဟာ ခရစ်တော်ရဲ့ ကိုယ်စားဖြစ်တဲ့အတွက် ဝိညာဉ်တော်လမ်းပြတဲ့အတိုင်း ဆုတောင်းသူသာ ခရစ်တော် နာမ၌ လို့ ရိုးသားစွာ ဆုတောင်းနိုင်ပါတယ်။
သခင်ယေရှု နာမ၌ လို့ ရိုးသားစွာ ဆုတောင်းသူဟာ အဖြေရမှာပါ။ ယော ၁၄း ၁၃- ၁၄ မှာ “သင်တို့သည် ငါ၏နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကား ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်း ရှိမည့်အကြောင်းတည်း။ သင်တို့သည် ငါ၏နာမကို အမှီပြု၍ တစုံတခုသော  ANY THING ဆုကို တောင်းလျင်၊ တောင်းသည့်အတိုင်း ငါပြုမည်။” ရှင်းပါတယ်။ သခင်ယေရှု နာမ၌ တောင်းရင် ကောင်းကင်အောက်က ဘယ်အရာမဆို ရနိုင်ပါတယ်။
ဒါပေမယ့် လူတွေက ဘုရားကို ညာတယ်။ သခင်ယေရှု နာမ၌ ဆိုပေမယ့် သခင်ယေရှုရဲ့ အလိုအတိုင်း ဖြစ်ရဲ့လား? မဖြစ်တတ်ပါဘူး။ ဒါကြောင့်လည်း မရကြတာပါ။
ဒါကြောင့် အလိုတော်ရှာ၊ ကျမ်းစာဖတ်၊ ဝိညာဉ်တော် လမ်းပြမှု ခံယူဆိုတဲ့ အချက် ၃ ချက်နဲ့ ညီရင် ဆုတောင်းဖို့ အသင့်ဖြစ်ပါပြီ။

လိုချင်တဲ့အချက်တွေကို သေသေချာချာ စီစစ်လိုက်တော့။ ကိုယ်အလိုလား? ကျမ်းစာနဲ့အညီလား? ဝိညာဉ်တော် လမ်းပြရဲ့လား? ဒီအချက်တွေ ညီရင် ကောင်းကင်ကို မြော်ရင်း ယာကုပ်လို ရဲရဲ ဆုတောင်းလိုက်ပါ။ “ကိုယ်တော်သည် အကျွနု်ပ်ကို ကောင်းကြီးမပေးလျှင်၊ မသွားရဟု ဆို၏။” - ကမ္ဘာ ၃၂း ၂၆

ဒါကို သိပြီဆိုရင် လက်တွေ့ ဆုတောင်းလိုက်ပါ။ တိိကျကျ တောင်းပါ။ နေ့စဉ်နေ့တိုင်း တောင်းသွားပါ။ မြော်လင့်ချက်နဲ့ ရသည်အထိ တောင်းပါ။
“သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။” - ယော ၁၆း ၂၄။
ကိုယ်တောင်းတာ မရရင် ဘာမှားနေလဲ ရှာပါ။ တောင်းတာမရဘဲ အဖြေရပြီလို့ မပြောပါနဲ့။ ဆုတောင်းချက်ကို ပြောင်းရင် ပြောင်း၊ (သို့) အဆီးအတားဖြစ်နေတဲ့ အပြစ်ကို ပြုပြင်ပါ။ အမှားအယွင်း မရှိရင်တော့ ရအောင် တောင်းဖို့ပဲ လိုပါတော့တယ်။

Saturday, May 28, 2016

PRAYER by Dr. John R. Rice- Chapter 03

အခန်း ၃

တကယ် တောင်းပါ။

PRAYER IS ASKING 

By Dr. John R. Rice 

(From “Prayer: Asking and Receiving)
 
JOHN R. RICE
“တောင်းကြလော့။ တောင်းလျှင်ရမည်။” - မဿဲ ရး ရ။
“တောင်းသောသူမည်သည်ကား ရ၏။” - မဿဲ ရး ၈။
(ယော ၁၆း ၂၄။ ယာကုပ် ၄း ၂။ မဿဲ ရး ၁၁။ မဿဲ ၂၁း ၂၂။ လုကာ ၁၁း ၁၃။ ယောဟန် ၁၄း ၁၄။)
အနားမှာ ဇနီး၊ သမီး ၆ ယောက်နဲ့ ကိုယ်ရေးအရာရှိ အမျိုးသမီးတွေ အမြဲရှိနေတော့ မိန်းကလေး သဘာဝကို အံဩလို့ မကုန်ဘူး။ အိမ်ထောင်ကျစမှာ ဇနီးနဲ့ သူ့မိတ်ဆွေ မိန်းကလေးက စျေးဝယ်ထွက်ချင်တယ်တဲ့။ ကိုယ်ကလည်း ပိုက်ဆံပြတ်နေတော့ မသွားချင်ဘူး။ ဘာမှ ဝယ်ဖို့ အစီအစဉ် မရှိဘူး။ shop ရုံ သက်သက်ပဲတဲ့။ အဲဒီမှာ မိန်းကလေးဆိုတာ ဘာမှ မဝယ်ဘဲ၊ နေ့တဝက်လောက် shopping ထွက်နိုင်ပါလားလို့ သိလိုက်ရတယ်။

ဆုတောင်းတယ် ဆိုတာလည်း ဒီလိုပါပဲ။ တချို့ တောင်းတော့ တောင်းတယ်။ ဘာမှ မရဘူး။ ရဖို့လည်း မမြော်လင့်ဘူး။ ရဖို့ တောင်းတာလည်း မဟုတ်ဘူး။ ဆုတောင်းတယ်လို့ ပြောပေမယ့် ဘုရားထံက တခုခု ရဖို့ တောင်းတာ မဟုတ်တော့ တကယ် ဆုတောင်းတာ မဟုတ်ဘူး။

ဖိနပ်ဝယ်ရရင် ကျွန်တော် ပျော်တယ်ဆိုတာ မိန်းမနဲ့ သမီးတွေ သိပ်မသိကြဘူး။ ဖိနိပ်ဆိုင်ကို သွား။ စီးနေကျ ခပ်ရိုးရိုး၊ အနက်ရောင်၊ နံပါတ် ၁၀ ကို ယူ။ ပိုက်ဆံ 3. 60 ဒေါ်လာ ပေးလိုက်။ ဖိန်ပ် အဟောင်းကို စက္ကူနဲ့ ထုပ်ပြီး ပြန်လာ။ ဒါတွေ အားလုံးက ၁၀ မိနစ်ပဲ ကြာတယ်။ ကြိုက်တဲ့ ဖိနပ် သွားရှာ၊ ရရင် အိမ်ပြန်လာ၊ ဒါပဲ။ Shopping မလုပ်ဘူး။ ဝယ်လိုက်တာပဲ။ ဆုတောင်းတယ် ဆိုတာ ဒါမျိုးကို ပြောတာပါ။ ဘုရားထံမှ တခုခု တောင်းယူတာပါ။

မဿဲ ရး ရ- ၈ ကို ပြန်ကြည့်ပါ။
“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောူအားလည်း တခါးကို ဖွင့်၏။”

ဆုတောင်းတယ်ဆိုတာ တောင်းတာပါ။ တနည်းက ရှာတာ တခါးခေါက်တာပါ။ တောင်းတဲ့သူဟာ ရဖို့ မြော်လင့်ရမယ်။ တခါးခေါက်ရင် ဖွင့်ဖို့ မြော်လင့်ရမယ်။ ရှာရင် တွေ့ဖို့ မြော်လင့်ရမယ်။ ဒါက သမ္မာကျမ်းစာက ပြောတဲ့ ဆုတောင်းခြင်းပါပဲ။ တောင်းမယ်၊ ရှာမယ်၊ တခါးခေါက်မယ်။ ဆုတောင်းခြင်းအစစ်က တခုခုကို တောင်းတာပါ။
ယာကုပ် ၄း ၂၊ ၃ မှာ ……
“သင်တို့သည် တပ်မက်၍ မရကြ။ လူ့အသက်ကို သတ်၍၎င်း၊ အလွန်လိုချင်သော လောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်း ပြု၍ မရကြ။ အကြောင်းမူကား ဆုမ တောင်းဘဲ နေကြ၏။ ဆုတောင်းလျှင်လည်း ကာမဂုဏ် ခံစားစရာဘို့ ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့် မရကြ။”

မတောင်းလို့ မရ။ တောင်းတော့လည်း လွဲနေလို့ မရကြဘူး။ ရန်ဖြစ်လို့၊ စစ်တိုက်လို့၊ တပ်မက်လို့၊ စိတ်ပူလို့ ဘုရားထံက ဘာမှ မရဘူး။ တောင်းမှ ရတယ်။ ဆုတောင်းတယ်ဆိုတာ တောင်းတာပါ။

တောင်းတယ်၊ ask နဲ့ ပါတ်သက်လို့ ဓမ္မသစ်ကျမ်းထဲမှာ အဓိက စကား နှစ်လုံး ရှိတယ်။ တခုက eperotao ။ တောင်းတယ်၊ မေးတယ် - to ask, to inquire. နောက်တခုက ဆုတောင်းတာကို သုံးတဲ့စကား aiteo ။ တောင်းတယ်၊ တောင့်တတယ်၊ လိုချင်တယ်၊ တောင်းယူတယ်၊ to ask, to crave, to desire, to call for. လို့ ဆိုလိုတယ်။ ဓမ္မသစ်မှာ ဆုတောင်းခြင်းအတွက် ဒီစကားကို အကြိမ် ၃၀ လောက် သုံးထားတယ်။ ask တောင်းတယ် လို့ ဘာသာပြန်နိုင်တယ်။

Modernists တွေက ဆုတောင်းခြင်းဟာ တကယ်ထူးခြားတယ် ဆိုတာ မယုံကြဘူး။ ဒါကြောင့် ဆုတောင်းလို့ အဖြေရတယ် ဆိုလည်း မယုံကြဘူး။ သမ္မာကျမ်းစာက “ပဌနာစကားကို နားထောင်တော်မူသော ဘုရား” တဲ့။ (ဆလာလံ ၆၅း ၂) “ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည် … ” (ဟေဗြဲ ၁၁း ၆)။ Modernists တွေက ဆုတောင်းတာကို မယုံကြတော့ ဆုတောင်းတယ်ဆိုတာ meditation and communion ဆင်ခြင်တယ်၊ ဘုရားဝတ်ပြုတယ် ဆိုတာလောက်ပဲ ထင်ကြတယ်။ ဆုတောင်းရင် စိတ်ထဲ အနေကောင်းတာ လောက်ပဲ သိတယ်။ ဘာသာရေးမှာ ပျော်မွေ့တယ်ပေါ့။ တကယ်တောင်းတာမျိုးကို သူတို့ မကြိုက်ကြဘူး။

နာမည်ကြီး ဒိဌိတယောက်ဖြစ်တဲ့ Dr. Harry Emerson Fosdick က သူ့ရဲ့ The Meaning of Prayer စာအုပ်မှာ ……
“ကလေးဆန်ဆန် တောင်းတာကို ယုံတဲ့သူကလည်း ရှိသေးတယ်” လို့ ဆိုတယ်။ (စာမျက်နှာ ၂၂) “ခပ်ညံ့ညံ့ ဆုတောင်းပုံတွေက တောင်းနေပေမယ့် ဦးနှောက် မပါဘူး။ ဘုရားသခင်ကို ကလေးလို ပူဆာနေတာပဲ။” “ကလေးဆန်ဆန် တောင်းတာဟာ ဘုရားသခင်ထံမှာ ထင်ယောင်ထင်မှား အသနားခံနေတာ ဖြစ်တယ်။” လို့ ဆိုတယ်။ (စာမျက်နှာ ၂၃) အဲဒီဒိဌိက ခရစ်တော် အပျိုကညာမှ မွေးဖွါးတာ၊ အပြစ်အတွက် ပေးဆပ်တာ၊ ကျမ်းစာ အမြဲ စစ်မှန်တာ ကို မယုံဘူး။ Modernists တွေ ဆုတောင်းတာ လှပါတယ်။ ဒါပေမယ့် ဘုရားသခင်ထံက ဘာမှ မရဘူး။ ဘာအပြောင်းအလဲမှလည်း ဖြစ်မလာဘူး။

ယုံကြည်သူတွေလည်း ဒီထောင်ချောက်ထဲမှာ ကျပြီး၊ ဆုတောင်းတာဟာ ဘုရားဝတ်ပြုတာလောက် လို့ ထင်တတ်တယ်။ ဆုတောင်းပြီးရင် စိတ်ထဲ အားရှိသွားရုံ၊ ဆုမတောင်းပဲ တခုခု မလုပ်တတ်ရုံပဲ လို့ ထင်ကြတယ်။ ကျမ်းစာထဲက ဆုတောင်းခြင်းက ဒီလို မဟုတ်ပါဘူး။

တခါက ရှိကာဂိုမှာ ရှိတဲ့ အိမ်တအိမ်ကို ရောက်ဖူးတယ်။ အဲဒီမှာ လျှပ်စစ်မြင်း ရှိတယ်။ ငယ်ငယ်ကတည်းက မြင်း ဝါသနာပါတာ သိကြတော့ စီးကြည့်ဖို့ ပြောကြတယ်။ မြင်းပေါ်တက်၊ ခလုပ်နှိပ်တော့ အသာအယာ ပြေးတယ်။ ခုန်တယ်။  ပတပ်ရပ်တယ်။ အမြီးဝှေ့တယ်။ ခုန်ပေါက်ပြေးနေတဲ့ တကယ့် မြင်းအတိုင်းပါပဲ။  အတုပေါ့။ ခလုပ်နှိပ်လိုက်တာနဲ့ ရပ်သွားတယ်။ ပြန်ဆင်းတဲ့ နေရာဟာ အရင်တက်ခဲ့တဲ့ နေရာမှာပါပဲ။ ဘယ်မှ မရောက်ခဲ့ဘူး။  Modernists ဆုတောင်းတာလည်း ဒီလိုပါပဲ။ တောင်းဖူးရုံပဲ။ ဘာမှ မရဘူး။

I.  ချီးမွမ်းခြင်း၊ ကြည်ညိုခြင်း၊ ဆင်ခြင်ခြင်း၊ နှိမ့်ချခြင်း၊ ဝန်ခံခြင်း မဟုတ်ပါ။ တောင်းခြင်းသာ ဖြစ်တယ်။

ချီးမွမ်းခြင်းတာ ကောင်းပါပေမယ့် ဆုတောင်းတာဟာ ချီးမွမ်းခြင်း Praise မဟုတ်ဘူး။ “ကျေးဇူး ချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။” (ဆာလံ ၅၀း ၂၃) “အသက်ရှိသောသူ အပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။” (ဆာလံ ၁၅၀း ၆) ဒါဝိဒ်က “အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ငါ၏အထဲမှာ ရှိသမျှတို့ သန့်ရှင်းသော နာမတော်ကို ကောင်းကြီးပေးကြလော့။” (ဆာလံ ၁၀၃း ၁) ချီးမွမ်းတာဟာ ကောင်းပါတယ်။ ကျေးဇူးသိတတ်သူတိုင်းရဲ့ တာဝန်ပါ။ ဒါပေမယ့် ချီးမွမ်းတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာဟာ ချီးမွမ်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

ဆုတောင်းတာဟာ adoration ကြည်ညိုတာ မဟုတ်ဘူး။ ကြည်ညိုတာ ကောင်းပါတယ်။ ကောင်းကင်တမန်တွေ ကြည်ညိုရတဲ့ ဘုရားသခင်ကို ကြည်ညိုသင့်ပါတယ်။ ဒါပေမယ့် ကြည်ညိုတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာဟာ ကြည်ညိုတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

ဆုတောင်းတာဟာ meditation ဆင်ခြင်တာ မဟုတ်ဘူး။ နှုတ်ကပတ်တော်ကို နေ့ညမပြတ် ဆင်ခြင်သင့်ပါတယ်။ (ဆာလံ ၁း ၂) နှုတ်ကပတ်တော်ကို တယောက်တည်း ဖတ်ရှု ဆင်ခြင် အချိန်ယူတာ ကောင်းပါတယ်။ ဒီလို အချိန်ယူသင့်ပါတယ်။ ဒါပေမယ့် ဆင်ခြင်တာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ကျမ်းစာက ဒါကို ဆုတောင်းတာလို့ မခေါ်ဘူး။ ဆုတောင်းတာဟာ ဆင်ခြင်တာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

Humiliation ဘုရားသခင်ရှေ့ နှိမ့်ချတာ ကောင်းပေမယ့် နှိမ့်ချတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ယာကုပ် ၄း ၁၀ မှာ “ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင် သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။” “ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့။” (လုကာ ၁၈း ၁၄) ဒီနှစ်ခုက မတူပါဘူး။ “ငါ့နာမဖြင့် သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချ humble သဖြင့် ငါ့မျက်နှာကို ရှာလျှက်၊ pray ဆုတောင်း ပဌနာပြု၍ ….” (၆ ရာ ရး ၁၄) နှိမ့်ချတာက သပ်သပ်၊ ဆုတောင်းတာက သပ်သပ်ပါ။ နှိမ့်ချတာက ဆုတောင်းဖို့ ပြင်ဆင်တာပါ။ နှိမ့်ချတာက ကောင်းပါတယ်။ ဒါပေမယ့် နှိမ့်ချတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

Confession အပြစ်ဝန်ခံတာဟာလည်း ဆုတောင်းခြင်း မဟုတ်ပါဘူး။ အပြစ်ဝန်ခံတာ ကောင်းပါတယ်။ ကျမ်းစာက အပြစ်ဝန်ချဖို့ အကြိမ်များစွာ ပြောပါတယ်။ ) ဝန်ခံတာက သပ်သပ်၊ ဆုတောင်းတာက သပ်သပ်ပါ။ ဒံယေလက “ထိုသို့ အပြစ်ကို confession ဖေါ်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသော prayed ပဌနာဟူမူကား ….. ” (ဒံယေလ ၉း ၄) ဒီနေရာမှာ အပြစ်ဝန်ချတာနဲ့ ဆုတောင်းတာကို တွဲတွေ့ရတယ်။ ဒါပေမယ့် ဝန်ချတောင်းပန်ပြီးတဲ့နောက် စိတ်ကြေကွဲစွာ တောင်းဆိုတာ တွေ့ရတယ်။ ဝန်ချတောင်းပန်တာ ကောင်းပါတယ်။ ဒါပေမယ့် ဝန်ချတောင်းပန်တာဟာ ကပ်သပ်ပြောရရင် ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။ တခြားအရာတွေက ဆုတောင်းတာ မဟုတ်ပါဘူး။

ဖိလိပ္ပိ ၄း ၆ မှာ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။” ဒီမှာလည်း ဆုတောင်းတာက တပိုင်း၊ ကျေးဇူးတော် ချီးမွမ်းတာက တပိုင်းပါ။ သပ်သပ်စီပါ။ ဒါကို သိရင် ဆုတောင်းခြင်းဟာ ပဌနာပြုခြင်း၊ ဝန်ခံခြင်း၊ ကျေးဇူးချီးမွမ်းခြင်းတွေနဲ့ မတူတာ တွေ့လာပါလိမ့်မယ်။ ဒါကြောင့် ဆုတောင်းတာမှာ အဓိကက တောင်းတာပါပဲ။

II. ကျမ်းစာထဲက ဆုတောင်းခြင်းတွေဟာ တောင်းတာပဲ ဖြစ်တယ်။

ပဌနာတော်ကို ကြည့်ပါ။ စံပြ ဆုတောင်း ဖြစ်တယ်။ သခင်ယေရှုက မဿဲ ၆း ၉- ၁၃ မှာ ပေးထားတယ်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွနု်ပ်တို့ အဘ” ဆိုပြီး တောင်းဆိုတာတွေ ဆက်တိုက်လိုက်လာတယ်။
1.    နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ တခြားသူတွေပါ နာမတော်ကို အချည်းအနှီး မပြောဖို့ တောင်းဆိုတာပါ။
2.    “နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။” ဒါလည်း တောင်းဆိုတာပါပဲ။
3.    နေ့စဉ်အစာ ပေးသနားပါ။
4.    သူတပါး အပြစ်ကို လွှတ်သလို၊ ကိုယ့်အပြစ်တွေလည်း လွှတ်ပေးပါ။
5.    အပြစ်သွေးဆောင်ရာသို့ မလိုက် မပါစေပါနှင့်။
6.    မကောင်းသော အမှုအရာမှ ကယ်နှုတ်တော်မူပါ။

အဲဒီနောက်မှာမှ “စိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ တည်နေပါစေသော” လို့ ဆုတောင်းချက်ကို အဖြေပေးရမယ့် အကြောင်း ရိုးရိုးလေး ထောက်ပြပါတယ်။
ပဌနာတော်က အသနားခံတာပါ။ နေ့တိုင်း တောင်းဖို့ပါ။

ဥပမာတွေလည်း ပေးပါတယ်။ ဆုတောင်းတာဟာ “အဆွေ၊ မုန့် သုံးလုံး ချေးပါ။” ဆိုတဲ့ တခါးလာခေါက်သူနဲ့ တူတယ်။ “ရန်သူကို လက်စား ချေပေးပါ” လို့ တောင်းပန်တဲ့ မုဆိုးမနဲ့ တူတယ်။ မုန့်၊ ငါး၊ ဥ ကို တောင်းတဲ့ သားကလေးနဲ့ တူတယ်။ သခင်ယေရှု ပြောတဲ့ ဆုတောင်းခြင်းက သိပ်လွယ်တယ်။ တခုခု တောင်းတတ်တဲ့သူတိုင်း ဆုတောင်း လို့ ရတယ်။

ဓမ္မသစ်ကျမ်းက ဥပမာတွေက ရှင်းတယ်။ လိုချင်တာ တောင်းပြီး ရသွားကြတာပဲ ဖြစ်တယ်။
ဗိမာန်တော်မှာ အခွန်ခံက ဆုတောင်းတယ်။ “အပြစ်သား၊ ကျွန်တော်ကို သနားပါ။” ခွင့်လွှတ်ခြင်း၊ ကယ်တင်ခြင်း ခံရပြီး အိမ်ပြန်သွားတယ်။ (လုကာ ၁၈း ၁၄)

ပေတရုက ဂါလိလဲမှာ ရေနစ်ခါနီး အော်တယ်။ “ကယ်တော်မူပါ” (မဿဲ ၁၄း ၃၀)

မျက်စိကန်းတဲ့ ဗာတိမဲက အော်ဟစ်တယ်။ “ဒါဝိဒ်ရဲ့ သားတော်၊ ကျွနု်ပ်ကို သနားပါ။” (မာကု ၁၀း ၄၇) “မျက်စိ မြင်ချင်တယ်” လို့ အသေအချာ တောင်းတယ်။ (မာကု ၁၀း ၅၁) အလင်းရသွားတယ်။
ကားတိုင်ပေါ်က လူဆိုးက ကယ်တင်ဖို့ ဆုတောင်းတယ်။ “အကျွန်ုပ်ကို အောက့်မေ့တော်မူပါ။” (လုကာ ၂၃း ၄၂) အဲဒီနေ့မှာပဲ သူ့ကို ကယ်ပြီး ပရဒိသုဘုံကို ရောက်ရတယ်။

ခါနာနိ အမျိုးသမီးက “ဒါဝိဒ်ရဲ့ သားတော်၊ သနားတော်မူပါ။” လို့ နတ်ဆိုးစွဲနေတဲ့ သူ့သမီးလေးအတွက် ဆုတောင်းတယ်။ (မဿဲ ၁၅း ၂၂) “မစတော်မူပါ” လို့ ထပ်တောင်းပန်တယ်။ (မဿဲ ၁၅း ၂၅) ဆက်တောင်းနေတော့ သူတောင်းတာ ရတယ်။
ကျမ်းစာထဲမှာ အကဲ့ရဲ့ ခံရတဲ့ ဆုတောင်းခြင်းကတော့ ဖါရိရှဲ ဆုတောင်းတာပဲ။ သူက ကျေးဇူးတော်ပဲ ချီးမွမ်းနေတယ်။ ဘာမှ မတောင်းဘူး။ ဒါမျိုးကို ဘုရားသခင် မုန်းတာ ဖြစ်တယ်။

ကိုယ်က အပြစ်သား။ အားနည်းတယ်။ ဘုရားက အားကြီးတယ်။ တန်ခိုးကြီးတယ်။ ကျေးဇူးပြုတယ်။ ဘုရားနဲ့ လူကြားက အကောင်းဆုံး ဆက်သွယ်ရေးက လူက အမြဲတောင်းနေရမယ်။ ဘုရားက အမြဲ ပေးနေဖို့ပဲ။ ဘုရားအတွက် ဘာတွေ လုပ်မယ်လို့ ပြောနေတာဟာ စိတ်ပျက်စရာပါ။ မယုံကြည်ရာကျတယ်။ ဘုရားရဲ့ ကျေးဇူး၊ မေတ္တာကို လူက အသနားခံခြင်းကသာ အကောင်းဆုံး အသင့်လျော်ဆုံး ဆုတောင်းခြင်းပါ။

ဟန်ဆောင်ဆုတောင်းတာဟာ တကယ်တောင်းနေတာ မဟုတ်ဘူး။
လူအများစုကတော့ ဆုတောင်းရာမှာ shopping ထွက်နေသလိုပဲ။ တကယ် မတောင်းကြဘူး။ ဘာမှလည်း မရဘူး။

ဆုတောင်းခြင်းဟာ လျှောက်လည်ဖို့ စီးတဲ့ အလှကား sedan မဟုတ်ဘူး။ အိမ်ကို ကောင်းကြီးတွေ အပြည့်အနှက် သယ်လာမယ့် truck ကား တစီးသာ ဖြစ်တယ်။ အများစုက ဆုသာတောင်းတယ်၊ ဘာမှ မရကြဘူး။ တကယ်တော့ မတောင်းလို့ မရတာပါ။

III. ဟန်ဆောင်သူဟာ ဘာမှ မတောင်းဘူး။

သင်းအုပ်ဆရာတွေက တနင်္ဂနွေ မနက်မှာ “the morning prayer” ဆုတောင်း တတ်ကြတယ်။ ဒါပေမယ့် ဒါက တကယ် ဆုတောင်းတာ မဟုတ်ဘူး။ စကားလုံး အလှတွေ ရွေးတယ်။ ဘုရားတရား ကိုင်းရှိုင်းတယ်။ တရားဟောချက် ဆန်နေတယ်။ ဘုရားကို ပြောတာ မဟုတ်ဘူး။ ပရိတ်သတ်ကို ပြောနေတယ်။ ဘုရားကို ရိုသေအောင်၊ စိတ်နှစ်သိမ့်အောင်၊ တည်ဆောက်မှု ရှိအောင် ပြောနေတာ ဖြစ်တယ်။ တခုခု ရဖို့ မတောင်းဘူး။ အဲဒီတော့ မရဘူး။ ဆုတောင်းတာလည်း မဟုတ်တော့ဘူးပေါ့။
ဆရာရေ- လူရှေ့မှာ ဆုတောင်းတာ အဖြေရရဲ့လား? ပရိတ်သတ်ရှေ့ ဆုတောင်းတာတွေက အဖြေရဖို့ မဟုတ်ဘူးလား? ဘာတခုမှ မတောင်းရင် ဘာမှ ရမှာ မဟုတ်ဘူး။ သာမန် လုပ်နေကြ ဆုတောင်းတခုကို ရွတ်တတ်လို့ ရွတ်နေတဲ့ သဘောပဲ ဖြစ်ပါလိမ့်မယ်။

ဘာတခုမှ မတောင်းဘဲ ဆုတောင်းတယ် ဆိုတာကတော့ ဆုတောင်းခြင်းကို နားမလည်တာပါပဲ။
အတွေ့အကြုံအရ ပြောရရင် ဆရာတွေ ဆုတောင်းတာက ဆုတောင်းတာ မဟုတ်ဘဲ၊ တရားဟောတာ၊ အားပေး နှိုးဆော်တာ ဖြစ်နေတတ်ပါတယ်။ ဘုရားသခင်ကို လိပ်စာတပ်ပြီး၊ ကမ္ဘာပတ်ပါတော့တယ်။ သခင်ယေရှုအတွက် ကျေးဇူးတင်တယ်။ ဧဝံဂေလိတရားနဲ့ သမ္မာကျမ်းစာအတွက် ကျေးဇူးတင်တယ်။ တိုင်းပြည်အတွက် ကျေးဇူးတင်တယ်။ တရားဒေသနာနဲ့ မိဿဟာယအတွက် ကျေးဇူးတင်တယ် …. လို့ ပြောရင်း ဆုတောင်းချက်သာ ဆုံးသွားတယ်။ ဘာတခုမှ မယ်မယ်ရရ တောင်းမသွားဘူး။ တကယ် စိတ်မကောင်းစရာပါ။

လူအများရှေ့မှာ public prayer ဆုတောင်းရင် အများအားဖြင့် ဆုတောင်းတာ သိပ်မပါပါဘူး။ ဘုရားကို ချီးမွမ်း၊ လူကို နှိုးဆော်၊ ဘာခံစားချက်မှ မပါတဲ့ စကားလုံးလှလှတွေ ရွတ်ကြတာပါပဲ။ အများအားဖြင့် အဲဒီလိုပဲ ဖြစ်နေကြပါတယ်။
တယောက်တည်း ဆုတောင်းချိန် private prayer မှာတော့ ဒီလို မဟုတ်တတ်ပါဘူး။ လူရှေ့ ပြောစရာ မလိုတော့ နဲနဲပို ရိုးသားတတ်ပါတယ်။

လူတွေကို ခွန်အားပေးတာ မမှားပါဘူး။ ကောင်းပါတယ်။ ချီးမွမ်းတာလည်း မမှားပါဘူး။ ဒါပေမယ့် ဒါတွေက ဆုတောင်းတာကို နေရာယူ မသွားသင့်ပါဘူး။ ဒါတွေကို ဆုတောင်းတာလို့ မခေါ်သင့်ဘူး။ တောင်းမှပဲ ဆုတောင်းတာ ဖြစ်ပါတယ်။
လိုတာကို တောင်းရမယ်။ တခုခုကို တောင်းရမယ်။ ရဖို့လည်း မြော်လင့်ရမယ်။ ဘုရားသခင်ထံမှာ ကောင်းကြီးမင်္ဂလာတွေ ကြွယ်ဝတယ်။ ပေးချင်တယ်။ တောင်းမလားလို့ စောင့်နေတယ်။

ကျွန်တော့သမီး အကြီး၊ ၃ နှစ်အရွယ်တုန်းက သူ့အားဖြင့် အထန့်တလန့် နားလည်လာရတာ တခု ရှိတယ်။ စားသောက်ခါနီး ဆုတောင်းတော့ သူက ဆုတောင်းတာ ပြီးမယ့်အချိန်ကို စောင့်နေတယ်။ ပြီးတာနဲ့ “အာမင်၊ အာမင်၊ အာမင်” လို့ ဆိုတယ်။ အံအားသင့်သွားတယ်။ ဆုတောင်းတာ ဆုံးခါနီးတာ သူဘယ်လို သိပါလိမ့်?

ပုံသေ ဆုတောင်းချက် ဖြစ်နေလို့ပေါ့။ ပြောနေကျစကားကို ရွတ်နေလို့ပေါ့။ စိတ်မပါတဲ့ စကားတွေ ပြောနေလို့ပေါ့။ ဗိုက်ဆာနေတဲ့ သမီးက ဆုတောင်းချက်ပြီးအောင် စောင့်ရင်း ဘာပြီးရင်၊ ဘာလာမယ်ဆိုတာ သိနေလို့ပေါ့။ ရှက်သွားမိတယ်။ ပြောနေကျစကားကို ရွတ်နေမိတာကိုး။ ဖါရိရှဲနဲ့ ဘာထူးသေးလဲ? ဆုတောင်းစကား လှလှလေးတွေက အသက်မှမပါပဲ။ ဒါဟာ တကယ်ရှက်စရာပါ။
ကမ္ဘာတဝှန်းမှာ ဒီလိုပဲ တောင်းနေကြတယ်။ လူအများစုအတွက်က ဆုတောင်းတာဟာ ဘုရားတရား ဆင်ခြင်တာထက် မပိုဘူး။ ရမယ်လို့လည်း မထင်ကြပါဘူး။

ဆုတောင်းတာဟာ တောင်းတာပါ။ “တောင်းသောသူမည်သည်ကား ရ၏။” ရှင်ယာကုပ်ကတော့ ဒသင်တို့သည် မရကြ။ အကြောင်းမူကား ဆုမတောင်းဘဲနေကြ၏။”

ဆုတောင်းတာကို အခန်းအနားတွေမှာလည်း သုံးမှာပေါ့။ ဒါပေမယ့် ဆုတောင်းခြင်း အစစ်က တောင်းတာပါ။ ဘုရာထံမှာ တခုခု တောင်းတာပါ။ တကယ်လိုချင်လို့ တောင်းလိုက်တာပါ။
ဟေရှာယ ၄၄း ၃ မှာ “ရေငတ်သောသူအပေါ်မှာ ရေကို ငါသွန်းလောင်း၍ …. ” ဆုတောင်းခြင်း အစစ်ဟာ နှလုံးသားရဲ့ ဆာငတ်မှုက လာတယ်။
မာကု ၁၁း ၂၄ မှာ “သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။”

စိတ်အလိုဆန္ဒဟာ ရိုးသားတဲ့ ဆုတောင်းခြင်းအတွက် အခြေခံပါပဲ။ အသံကျယ်ကျယ် ဆုတောင်းလို့ ရပါတယ်။ တိုးတိုး တောင်းလည်း ရတယ်။ ဒါပေမယ့် စိတ်ထဲက ပါရမယ်။ စကားလုံးတွေလည်း မညီမညာ ဖြစ်ချင်ဖြစ်မယ်။ မျက်ရည်ကျချင်ကျ၊ ညည်းတွားချင် ညည်းတွား။ တိတ်ဆိတ်ချင် တိတ်ဆိတ်။ မြော်ကြည့်ချင် မြော်ကြည့်။ ဒါပေမယ့် စစ်မှန်တဲ့ ဆုတောင်းခြင်းဟာ တခုခုကို တောင်းတာပါ။ လိုချင်လို့ တောင်းတာပါ။ အတုအယောင် တောင်းနေတာတွေက တကယ် စိတ်ပျက်စရာပါ။

တချို့သူတွေ ဆုတောင်းတာကတော့ နတ်ဆရာ ရွတ်ဖတ်နေတာနဲ့ တူနေတယ်။ အသံ အနိမ့်အမြင့် အတက်အကျ တွေနဲ့ လှပနေပါလိမ့်မယ်။ ဒါပေမယ့် ဘာတခုမှ မတောင်းဘူး။ အသံပဲ မြည်တယ်။ ဘုရားကို ရိုသေဟန်ပြပေမယ့် တကယ်က စကားလုံးအလှတွေနဲ့ ဆွဲဆောင်နေတာပါ။
အမျိုးသမီးတယောက် စျေးဆိုင်သွားတဲ့အခါ ကဗျာ မရွတ်ဘူး။
အလံ အချက်ပြသူက ရထားမောင်းတဲ့သူကို ပုံဥမာတွေ၊ စကားလုံး အဆန်းတွေနဲ့ အမိန့် မပေးဘူး။
သူတောင်းစား တယောက်က အစားအစာ တောင်းတဲ့အခါ တိမ်တောက်ချိန်အကြောင်း မပြောဘူး။
လိုတာကို ဘုရားကို ပြောဖို့ပါပဲ။ တခုခုတောင်းပြီး ဆုတောင်းခြင်းကို သင်ယူကြပါစို့။

Monday, March 14, 2016

What Does the Bible Say About Healing? အနာငြိမ်းခြင်း

Dr. Elmer Towns
God Chooses Who Will Heal ဘုရားပျောက်စေချင်တဲ့သူ
လူတိုင်း ရောဂါပျောက်မယ်လို့ ကျမ်းစာက မပြောသလို၊ ရောဂါမှန်သမျှ စာတန်ဆီက လာတယ်၊
ဘုရားနဲ့ဝေးနေလို့ ဖြစ်ရတယ်လို့လည်း မပြောပါ။ ဘုရားအလုပ်လုပ်တာကို လူနားမလည်နိုင်ဘူး။
ဒါပေမယ့် ရောဂါဝေဒနာဟာ ဘုရားအကြံအစည်ထဲမှာတော့ ပါနေပါတယ်။
ဟေရှာယ ၅၅း ၈ မှာ “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့် မတူ။ ငါ၏အကျင့်သည်လည်း
သင်တို့၏အကျင့်နှင့် မတူ။”
ဘုရားနာမကို သုံးပြီး ဟန်ပြအနာရောဂါငြိမ်းပွဲတွေကို လက်မခံပေမယ့် ရောဂါဖြစ်ရင် ဆုတောင်းဖို့တော့
ဘုရားအလိုတော် ရှိတယ် လို့ ယုံကြည်ပါတယ်။
အနာရောဂါငြိမ်းပွဲတွေကို သတိထားကြည့်ရင်၊ သူတို့ သတ်မှတ်ထားသူတွေသာ ရှေ့ကို လာခွင့်ရှိပြီး၊
အများစုက ရောဂါမပျောက်ပါ။ (တချို့ကတော့ ဘာရောဂါမှ မဖြစ်သူတွေပါ။) တချို့က ပွဲစည်အောင်
ပါဝင်နေသူတွေပါ။

Miraculous Healing အံ့ဩဖွယ် အနာငြိမ်းခြင်း

ဒီနေ့ခေတ်မှာလည်း ဘုရားသခင် အနာရောဂါတွေ အံ့ဩဖွယ် ပျောက်စေနိုင်ပါတယ်။ ဒါပေမယ့်
အနာရောဂါငြိမ်းတဲ့ ဆရာတွေလို မဟုတ်ပါဘူး။ သခင်ယေရှုက အနာရောဂါငြိမ်းပွဲတွေ မကျင်းပခဲ့ပါဘူး။
သူ့ထံလာလို့ ရောဂါပျောက်စေတယ်။ ဒါပေမယ့် အဓိကက အပြစ်ရောဂါစွဲနေတဲ့ ဝိညာဉ်ကို
အရင်ပျောက်စေတယ်။ လာတဲ့သူတိုင်း ပျောက်တယ်။ လူနဲနဲပဲ ပျောက်စေတာ မဟုတ်ဘူး။
အနာငြိမ်းဆရာအများစုက ရောဂါဆိုတာ အပြစ်ကြောင့် ဖြစ်တာလို့ ပြောကြတယ်။ ဒီအချက်က
အမြဲတမ်း မှန်တဲ့အချက် မဟုတ်ဘူး။ မပျောက်ရင်လည်း ယုံကြည်ခြင်း မရှိလို့ လို့ ဆိုတတ်တယ်။
ဒါလည်း ကျမ်းစာနဲ့ မညီဘူး။ ယာကုပ် ၅း ၁၄- ၁၅ မှာ အမှုတော်ဆောင်တွေက ယုံကြည်ခြင်းနဲ့
ဆုတောင်းတဲ့အခါ လူနာကို အံ့ဩဖွယ် ကယ်တင်တယ်။ ရောဂါပျောက်စေတယ်လို့ ဆိုတယ်။

God’s Will to Heal ရောဂါပျောက်ဖို့ ဘုရားအလိုတော်
အလိုတော်ရှိမှ ပျောက်ပါတယ်။ အမြဲတမ်း မပျောက်ပါဘူး။ ဆုတောင်းလို့ ရောဂါပျောက်သူတွေ
ကျမ်းစာထဲမှာ အများကြီး ရှိပေမယ့် အမြဲတမ်း ပျောက်တာ မဟုတ်ပါ။ ရှင်ပေါလုက သူ့ဝေဒနာကို
ပျောက်ဖို့ ဆုတောင်းပေမယ့် မပျောက်ဘူး။ သူ့ကို သွန်သင်နေတာက “ငါ့ကျေးဇူးသည် သင့်အဘို့
လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်၏။” ၂ကော ၁၂း ရ- ၁၀။
တိမောသေဟာ ရောဂါဝေဒနာ ခံစားခဲ့ရလို့ ရှင်ပေါလုက ဆေးပါတဲ့စပျစ်ရည် သောက်ဖို့
အကြံပေးခဲ့ရပါတယ်။ ၁တိ ၅း ၂၃။
အနာရောဂါအားဖြင့် ဘုရားသခင် အလုပ်လုပ်တာလည်း ရှိတတ်ပါတယ်။ ယုံကြည်သူခံစားရတဲ့
ရောဂါဝေဒနာအားဖြင့် တခြားသူတွေက ယုံကြည်ခြင်းနဲ့ အားကိုးခြင်းတွေ မြင်လာပြီး ကယ်တင်ရှင်ကို
အားကိုးလာပြီး ကယ်တင်ခြင်းရစေပါတယ်။ လူက ဘုရားစကားနားထောင်ဖို့ အချိန်မရတဲ့အခါ ဘုရားက
လူကို လှဲချပြီး စကားကို နားထောင်စေပါတယ်။ အလိုတော်အတိုင်း ဖြစ်ပါစေလို့
ဝန်ခံဆုတောင်းရမှာပေါ့။

When Suffering is a Mystery ဝေဒနာက နားမလည်နိုင်အောင် နက်နဲနေတဲ့အခါ
တခါတရံ အကြောင်းရင်းကို နားမလည်နိုင်ပါ။ ယောဘဝတ္ထုက ကောင်းစားချိန်မှာလိုပဲ
ဝေဒနာခံရချိန်မှာလည်း ဘုရားကို ချစ်ပြီး အမှုတော်ဆောင်ဖို့ ပြေနေပါတယ်။ ဘုရားကောင်းကြီးပေးလို့
ယောဘက ဘုရားကို ကိုးကွယ်တာလို့ စာတန်က အပြစ်တင်တယ်။ ယောဘက ဆင်းရဲရင်လည်း
ဘုရားကို ချစ်ပြီး ကိုးကွယ်နေဆဲပါပဲ။ “သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည်
ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို
လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ကြရပြီ။” ယာကုပ် ၅း ၁၁။

Remaining Faithful သစ္စာရှိနေခြင်း
ယောဘက သစ္စာရှိတော့ ဘုရားက ကောင်းကြီးပေးပါတယ်။ ကျမ်းစာတချက်မှာတော့ ခရစ်ယာန်တွေ
ဒုက္ခကြုံတဲ့ နှစ်ကာလတွေ ရှိခဲ့တယ်လို့ ဆိုတယ်။
“အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်စီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊
သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍မြတ်သည်နှင့်၊ ယေရှုခရစ်
ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလို့ငှါ ဖြစ်မည်အကြောင်း၊
အထူးထူး အပြားပြားသော စုံစမ်းနှောက်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏ
ခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းခြင်းစိတ် ရှိကြ၏။” - ၁ ပေ ၁း ၆- ရ။
တချို့ကျမ်းပိုဒ်တွေမှာတော့ ခရစ်ယာန်တွေဟာ ညှင်းပမ်းနှိပ်စက်ခြင်းနဲ့ သေခြင်းကို ကြံုရပေမယ့် သစ္စာရှိကြတယ်လို့ ဆိုပါတယ်။ ဟေဗြဲ ၁၁း ၃၁- ၄၀။
ဒီကျမ်းပိုဒ်တွေအရ စုံစမ်းနှောက်ယှက်ခြင်းတွေကြားမှ ကယ်ထုတ်ဖို့ အမြဲတမ်း ဘုရားအလိုတော် ရှိတာ မဟုတ်ဘူးလို့ တွေ့ရပါတယ်။ စုံစမ်းခြင်းထဲမှာ အတူရှိနေပြီး လိုအပ်တာတွေ ဖြည့်စွမ်းပေးတော်မူပါတယ်။  လောကမှာ ကယ်မတာရှိသလို၊ ဘုရားဘုန်းတော် ဝင်းစားပြီး ကယ်ချွတ်တာလည်း ရှိပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဘုရားသခင် အတူရှိနေပြီး ကူမတဲ့အတွက် ငြိမ်သက်ခြင်းနဲ့ စိတ်သက်သာမှုကို အမြဲခံစားရနိုင်ပါတယ်။
by Dr. Elmer Towns

The Deity of Christ Resolved: Part II

Death  သေခြင်း

ပထမအချက်က သခင်ယေရှုရဲ့သေခြင်းဟာ supernatural death, ထူးဆန်းအံ့ဩဖွယ်ရာ သေခြင်း ဖြစ်တယ်။   Walvoord က ထာဝရကာလတလျှောက်လုံးမှာ ခရစ်တော်ရဲ့သေခြင်းနဲ့ နှိုင်းယှဉ်လို့ရတဲ့ အဖြစ်အပျက် ဆိုတာ မရှိဘူး။

 (Walvoord, 1969) ဒီဖြစ်ရပ်ဟာ ထူးဆန်းအ့ံဩဖွယ်ရာကောင်းတဲ့ တခြားအဖြစ်အပျက်တွေနဲ့လည်း တဆက်တည်း တွဲဖြစ်ပျက်ခဲ့တာဖြစ်တယ်။ ကားတိုင်ပေါ်မှာ သခင်ယေရှုက သူ့ရဲ့နောက်ဆုံးစကား “အိုအဖ အကျွနု်ပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွနု်ပ်အပ်ပါ၏။” လုကာ ၂၃း၄၆) ကိုပြောပြီးတဲ့နောက်မှာ
1.    “ဗိမ္မာန်တော်၏ကုလားကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။” မဿဲ ၂၇း ၅၁) ကုလားကာဟာ ရလက်မလောက် ထူတယ်လို့ ဆိုတယ်။
2.    “မြေကြီးလှုပ်လေ၏။” (Ibid)
3.    “ကျောက်များတို့သည် ကွဲပြားကြ၏။” (Ibid)(အပိုင်းပိုင်းကွဲလွင့်တယ်။)
4.    “သင်္ချိုင်းတွင်းတို့သည် ဖွင့်လှစ်သဖြင့်” မဿဲ ၂၇း၅၂
5.    “ကျိန်းစက်လျှက်ရှိသော သန့်ရှင်းသူတို့၏အလောင်းများစွာတို့သည် ထကြ၍၊ ကိုယ်တော်ထမြောက်တော်မူသည်နောက် ထိုသူတို့သည် သင်္ချိုင်းတွင်းမှထွက်၍ သန့်ရှင်းသောမြို့ထဲသို့ ဝင်ပြီးလျှင် လူများစွာတို့အားထင်ရှားကြ၏။” မဿဲ ၂၇း ၅၂-၅၃

ဗိမ္မာန်တော်ကုလားကာဆိုတာ ပဋိညာဉ်သေတ္တာရှိတဲ့ အသန့်ရှင်းဆုံးဌာနကို ပိုင်းခြားထားတဲ့အရာ ဖြစ်တယ်။ ပဋိညာဉ်သေတ္တာမှာ ခေရုဗိမ်တွေရဲ့အတောင်တွေနဲ့ အုပ်မိုးထားပြီး ဘုရားသခင်ဆင်းသက်ရာဖြစ်တယ်။ ဣသရေလ လူမျိုးတွေအတွက် အံ့ဩကြောက့်ရွံဖွယ်ရာအရပ်လည်းဖြစ်တယ်။ အသန့်ရှင်းဆုံးဌာနကို ယဇ်ပရောဟိတ်မင်း တပါးတည်းသာ တနှစ်မှာ တကြိမ်သာ အသွေးနဲ့သာဝင်ခွင့်ရတယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့သိုးသူငယ်တော် ယဇ်ပရောဟိတ်မင်း ကယ်တင်ရှင်ရဲ့ တခါတည်းအပြစ်ဖြေပူဇော်ပေးတာကြောင့် ဘုရားနဲ့လူကြားကွာခြားမှုဟာ ထာဝရ ပေါင်းစည်းခွင့်ရသွားတယ်။ သန့်ရှင်းသူအားလုံးနဲ့ နောင်တရတဲ့ အပြစ်သားအားလုံး ဘုရားသခင် ထံပါး တိုးဝင်ခွင့် ရသွားတယ်။ သခင်ယေရှုအသေခံချိန်မှာ မြေငလျင်လှုပ်တယ်။ ကျောက်တွေလည်း ကွဲလွင့်ကြတယ်။ ဓမ္မရာဇဝင်တတိယစောင် ၁၉း၁၁၊ တောလည်ရာ ၁၆း၃၂) ရောမတပ်မှူးက သခင်ယေရှုကို မြေငလျင်လှုပ်ချိန်မှာ ကြောက့်ရွံတုန်လှုပ်စွာစောင့်ကြည့်နေခဲ့တယ်။ ဒီလိုမျက်မြင်သက်သေတွေ အများကြီးရှိတယ်။ တပ်မှူးက “စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏။” လို့ဆိုတယ်။ သေလွန်တဲ့သူတွေလည်း သင်္ချိုင်းက ပြန်ထ လာကြတယ်။ (ယေဇကျေလ ၃၇း၁၃) ယောဟန် ၅း၂၁ မှာ “ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက် ရှင်ပြန်စေတော်မူသကဲ့သို့ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသောသူရှိသမျှတို့ကို ရှင်စေ၏။” အဲဒီ ထမြောက်သူတွေဟာ တခြားသူတွေထံ သွားရောက်တွေ့ဆုံ ကိုယ်ထင်ပြကြတယ်။ ဒါကြောင့် သခင်ယေရှုခရစ်ရဲ့ အသေခံခြင်းနှင့်အတူ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှတ်အသားအဖြစ် ထူးခြားထင်ရှားတဲ့အဖြစ်အပျက်တွေ တွဲပြီး ဖြစ်ပျက်ခဲ့တယ်။

Resurrection  ထမြောက်ခြင်း
သေခြင်းမှ ခရစ်တော် ထမြောက်တာဟာ ဘုရားဖြစ်ကြောင်း ခိုင်လုံစေတယ်။ (၁ကော ၁၅း၁-၈) ရှင်ပေါလုက ရှင်ပြန်ထမြောက်ခြင်းကို (ကေဖ Cephas) မြင်ခဲ့တယ်။ နောက် တမန်တော် ၁၂ ပါး မြင်တယ်။ နောက် ညီအစ်ကို ငါးရာ တပြိုင်နက်တည်း မြင်တယ်။ နောက် ယာကုပ်၊ တမန်တော်အားလုံး နောက်ဆုံး ရှင်ပေါလုပါ မြင်တယ်လို့ ဆိုတယ်။ ဒီအချက်ကို မြင်ခဲ့ဖူးတဲ့လူငါးရာဟာ အဲဒီအချိန်မှာ အသက်ရှင်လျက်ရှိနေသေးတယ်။ သူတို့ဟာ “အဦးဆုံး မျက်မြင်သက်သေ first hand witness” တွေဖြစ်တယ်။ တမန်တော် ၁း၃ မှာ “အသေခံတော်မူပြီးလျှင် တမန်တော်တို့အား အရက် ၄၀ ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက် မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သောသက်သေအများတို့ဖြင့် ပြတော်မူ၏။” သခင်ယေရှု ကိုယ်တိုင်လည်း သူထမြောက်မယ့်အကြောင်းကို ယောဟန် ၂း၁၉ မှာ ကြိုတင်ပြောထားတယ်။ မဿဲ ၁၂း၄၀ မှာ သခင်ယေရှုက “ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့ လူသားသည် မြေကြီးထဲမှာ သုံးရက် နေရလတံ့။” သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ဟာ သူကိုယ်တိုင် ရှင်ပြန်ထမြောက်လာတဲ့အခါ ဘုရား ဖြစ်ကြောင်း အမှတ်သက်သေ ထင်ထင်ရှားရှားဖြစ်လာတယ်။ ရှင်ပြန်ထမြောက်တဲ့အတွက် ကျွန်တော်တို့ကို ရွေးနှုတ်တာဟာလည်း ခိုင်ခိုင်မာမာ သေချာသွားစေတယ်။ “သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။” (၁ကော ၁၅း ၁၃-၁၄) ရှင်ပြန်ထမြောက်မယ်လို့ ကြိုတင် ပရောဖက် ပြုခဲ့တယ်။ တကယ်လည်း အ့ံဩဖွယ်ရာဖြစ်ခဲ့တယ်။ ဘုန်းတော်ထင်ရှားစရာ၊ ကောင်းကြီးခံရစရာဖြစ်လာတယ်။ ရွေးနှုတ်ခြင်းနဲ့စပ်ဆိုင်တဲ့ မြှော်လင့်ခြင်းရဲ့ဂတိတော်လည်း တံဆိပ်ခတ်ပြီးသား ခိုင်လုံသွားစေတယ်။

Ascension  ကောင်းကင်တက်ကြွခြင်း
နောက်ဆုံး ကောင်းကင်တက်ကြွတာဟာ ဘုရားသခင်ဖြစ်ကြောင်းခိုင်လုံမှုကိုပေးတယ်။ (၂တိ ၄း၁) ခရစ်တော်က တမန်တော်တွေကို နောက်ဆုံးထင်ရှားပြီးတဲ့နောက်မှာ “သခင်ဘုရားသည် အထက်သို့ ဆောင်တော်မူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကိုမျက်ကွယ်အောင်ယူလေ၏။” (တမန်တော် ၁း၉) တမန်တော်တွေ မျှော်ကြည့်နေတုန်းမှာပဲ သခင်ယေရှုဟာ ကောင်းကင်ကိုတက်ကြွသွားတယ်။ ကောင်းကင်တမန်တွေက “ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့တက်ကြွတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” လို့ပြောဆိုတယ်။ ခရစ်တော်က သူ ကောင်းကင်တက်ကြွပြီး ပြန်ကြွလာဦးမယ်လို့ ကြိုတင်ပြောထားခဲ့တယ်။ (ယောဟန် ၁၄း၃) ဒါက သေခြင်းမှမထမြောက်ခင်မှာဖြစ်တယ်။ ထမြောက်ပြီးတဲ့အခါ ကောင်းကင်တက်ကြွမယ်လို့လည်း ကြိုပြောခဲ့တယ်။ (ယောဟန် ၂၀း၁၇)  Walvoord က ကောင်းကင် တက်ကြွခြင်းဟာ မြေကြီးပေါ်က အမှုတော်နဲ့  တက်ကြွပြီးနောက် ကောင်းကင်ကအမှုတော်ကို အရေးကြီးတဲ့ ချိတ်ဆက်မှုဖြစ်တယ်။ (Walvoord 1969)

ကောင်းကင်တက်မယ်လို့ ကြိုဟောထားတယ်။ အတည်ပြုထားတယ်။ တမန်တော်တွေကလည်း ဒီအကြောင်းကို တမန်တော် ၁ မှာ သက်သေခံထားတယ်။ ကောင်းကင်မှာချီးမြှောက်ခြင်းကို ခံယူတော်မူတယ်။ “ထိုသို့ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှင့်တော်မူသဖြင့် (တမန်တော် ၂း၃၃၊ ဖိလိပ္ပိ ၂း၉) “ကောင်းကင် သတ္တဝါ၊ မြေကြီးသတ္တဝါ မြေကြီးအောက်၌ရှိသောသတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်” (Ibid အငယ် ၁၀) ဒုတိယ အချက်က သူဟာ တန်ခိုးတော်ရဲ့လက်ျာဘက်မှာ ထိုင်တော်မူတယ်။ (မာကု ၁၄း၆၂) ကောင်းကင်ပေါ်မြေကြီးပေါ် ရှိသမျှ တန်ခိုးကို အပ်နှင်းခံရတယ်။ (မဿဲ ၂၈း၁၈) ကောင်းကင်တက်ကြွတဲ့ ခရစ်တော်ဟာ အရာအားလုံးရဲ့ အထက်မှာ ချီးမြှောက်ခံရတယ်။ အားလုံးရဲ့ ဝတ်ပြုကိုးကွယ်မှုကို ခံရတယ်။ အားလုံးအထက်မှာ တန်ခိုး ခံရတယ်။ ဒါဟာ အနန္တတန်ခိုးရှင် ဘုရားသခင်မှသာ ခံစားခွင့်ရှိတဲ့အရာဖြစ်တယ်။

နောက်ဆုံးအချက်က ကောင်းကင်တက်ကြွတဲ့ခရစ်တော်ဟာ “လူများတို့၏အပြစ်ကိုဆောင်ရွက်၍ မတရားသော သူတို့အဖို့ တောင်းပန်သောကြောင့်” (ဟေရှာယ ၅၃း၁၂)  “အပြစ်စီရင်သောသူကား အဘယ်သူနည်း။ အသေခံသည်သာမက သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌ထိုင်လျက် ငါတို့အဘို့ ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။ (ရောမ ၈း၃၄)  သခင်ယေရှုခရစ်ရဲ့မေတ္တတော်ဟာ သိပ်ကြီးမားတယ်။ အံ့ဩဖွယ်ရာ ဖြစ်တယ်။ သနားကြင်နာခြင်းတွေနဲ့ ပြည့်တယ်။ ကောင်းကင်မှာ ကျွန်တော်တို့ရဲ့ ေ့ရှနေအဖြစ် အံ့ဩဖွယ်ရာမေတ္တာနဲ့ လုပ်ဆောင်ပေးနေတယ်။ အ့ံဩဖွယ်ရာ ကြီးမြတ်တော်မူတယ်။

Promised Return  ပြန်ကြွလာမယ့်ဂတိတော်
နောက်ဆုံးအချက်က သခင်ယေရှုဟာ အသေခံရုံ၊ ထမြောက်ရုံ၊ ကောင်းကင်တက်ကြွရုံသာမက အနန္တတန်ခိုးရှင် ဘုရားသခင် အားလုံးကို တရားစီရင်မယ့်သူအဖြစ် ပြန်ကြွလာမယ်လို့ ဂတိပေးထားတယ်။ (ဟေဗြဲ ၁၂း၂၃) နဲ့ ယောဟန် ၅း၂၂ တပိုဒ်၊ ၂၇ တပိုဒ်ကို နှိုင်းယှဉ်ကြည့်ပါ။) ခရစ်တော်ဟာ လောကီသားတွေကို ဖြောင့်မတ်စွာနဲ့ တရားစီရင်မှာဖြစ်တယ်။ (ဆာလံ ၉၆း၁၃) “မြေကြီးပေါ်မှာလူအပေါင်းတို့သည် ငိုကြွေး မြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကို စီးလျက် ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။” မဿဲ ၂၄း၃၀။

ကောင်းကင်က ပြန်ဆင်းသက်လာတဲ့အခါ “သခင်ဘုရားသည်ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း ဘုုရားသခင်၏ တန်ဘိုးတော်ကိုမှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးဆုံးထမြောက်ကြလိမ့်မည်။” ၁သက် ၄း၁၆။ ဘုရားသခင်၏ တန်ဘိုးဟာ ဣသရေလလူမျိုးတွေ သုံးလေ့ရှိတယ်။ ဘုရားသခင်ကြွမလာခင် ေ့ရှပြေးမှုတ်ရတာဖြစ်တယ်။ လူတွေနဲ့တွေ့ဖို့ ဘုရား ကြွလာတဲ့အခါ လျှပ်စီးလက်တယ်၊ မိုးချုန်းသံတွေလည်းဖြစ်တယ်။ ဒီအချိန်မှာ ဣသရေလလူတွေ အသံကြားတာနဲ့ သိပ်ကြောက်ကြတယ်။ ထွက် ၁၉း၁၆။ ဒီလိုတံပိုးမှုတ်တာကို ယေရိခေါမြို့ရိုးတွေ ဖြိုဖျက်ခါနီးမှာ မှုတ်ခဲ့ဖူးတယ်။ (ယောရှု ၆) မိဒျန်လူတွေကို အောင်မြင်တဲ့အခါ ဂိဒေါင်ရဲ့ တံပိုးလည်း မှုတ်ခဲ့ဖူးတယ်။ တရားသူကြီး ရ။

ခရစ်တော်ကြွလာတဲ့အခါ “ခရစ်တော်၌သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။” ၁သက် ၄း၁၆။ သူတို့က ခရစ်တော်၌ သေလွန်သူတွေ ဖြစ်တယ်။ ခရစ်တော်ရဲ့ လူတွေဖြစ်တယ်။ ခရစ်တော်ပိုင်တဲ့ သူတွေဖြစ်တယ်။ အငယ် ၁၇ မှာတော့ “ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ   အစဉ်မပြတ်နေရကြလိမ့်မည်။” ဒီလူတွေက ခရစ်တော်က သိထားတဲ့သူတွေဖြစ်တယ်။ သိုးသူငယ် မင်္ဂလာဆောင်ပွဲကိုဝင်ဖို့ မင်္ဂလာဆောင်အဝတ်ကို ဝတ်ဆင်ထားသူတွေဖြစ်တယ်။ ဗျာဒိတ် ၁၉းရ-၉၊ မဿဲ ၂၂း၁-၁၄။ ကောင်းကင်တက်တော့ ဘုရားလို တက်တယ်။ တရားစီရင်တော့ တရားသူကြီးလို စီရင်တယ်။ သေတဲ့သူ ရှင်တဲ့သူတွေကို စုဝေးစေတယ်။ သူနဲ့အတူ အမြဲနေဖို့ဖြစ်တယ်။ ခရစ်တော် ပြန်ကြွလာမယ် ဆိုတဲ့ အချက်ကို ကြည့်တဲ့အခါ သူဟာ ထာဝရဘုရားသခင်ဖြစ်တယ်ဆိုတာ ကျမ်းချက်အားဖြင့်အတည်ပြုနိုင်တယ်။

VI. Jesus’ Divine Attributes: သခင်ယေရှုရဲ့ ဘုရားဂုဏ်တော်များ


ခရစ်ဝင်ကျမ်းတွေက သခင်ယေရှုဟာ ထာဝရဘုရားသခင်ရဲ့ ဘုရားဂုဏ်တော်တွေကိုရရှိခဲ့တယ်လို့ ရှင်းရှင်းလင်းလင်း မကွယ်မဝှက် ဖေါ်ပြနေတယ်။

Omnipresent (present everywhere)  နေရာတိုင်းမှာရှိတယ်။
နေရာတိုင်းမှာရှိတယ်လို့ သခင်ယေရှုဆိုတယ်။ McDowell နဲ့ Larson တို့က ဘုရားသခင်ဟာ နေရာတိုင်းမှာ ရှိသလိုမျိုး နေရာတိုင်းမှာကူမနိုင်စွမ်း၊ ကယ်တင်နိုင်စွမ်း၊ ချစ်နိုင်စွမ်း၊ ကာကွယ်နိုင်စွမ်း လိုအပ်မှုတွေကို ဖြည့်ပေးနိုင်စွမ်း ရှိသလိုမျိုး ခရစ်တော်ဟာ နေရာတိုင်းမှာရှိတယ်လို့ ဓမ္မသစ်ကျမ်းက ဖေါ်ပြတယ်။ (McDowell and Larson 1983)

 ဆာလံ ၁၃၉းရ မှာ ထာဝရဘုရားအကြောင်းပြောတဲ့အခါ “ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ပြေးနိုင်ပါမည်နည်း။” ဒါက ထာဝရဘုရားဟာ ကောင်းကင်မှာရော မရဏာနိုင်ငံမှာပါ ရှိနေနိုင်တယ်။ ပယ်လယ် တဘက်စွန်းထိ ရှိနေနိုင်တယ်လို့ ဆိုတယ်။ ယောဟန် ၃း၁၃ မှာ “ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ ရှိနေသော လူသားမှတပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့မတက်ပြီ။” ဒါကြောင့် သခင်ယေရှုဟာ မြေကြီးပေါ်မှာရှိသလို ကောင်းကင်ဘုံမှာလည်း ရှိနိုင်တယ်။ မဿဲ ၁၈း၂၀ မှာ “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကို စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။” သခင်ယေရှုဟာ ကယ်တင်ခြင်း ရပြီးသူတိုင်းရဲ့ စိတ်နှလုံးထဲမှာ ကျိန်းဝပ်တယ်။ ၂ကော ၁၃း၅၊ ယောဟန် ၈း၅၈ မှာ “ငါအမှန််အကန်ဆိုသည်ကား၊ အာဗြံဟံ မဖြစ်မှီ ငါဖြစ်၏။” ဒီစကားက သူဟာ ဘုရားသခင်ရဲ့ ဘွဲ့နာမတော်ကို ယူသုံးတာဖြစ်တယ်။ အချိန်ကာလရဲ့ အပြင်ဘက်မှာကတည်းက သူရှိနေတယ်လို့ပြောတာဖြစ်တယ်။ ဒါကြောင့် သူဟာ ကိုယ်ခန္ဓာအားဖြင့် ကောင်းကင်ပေါ် မြေကြီးပေါ်မှာ နေရာတိုင်းမှာ ရှိနိုင်တယ်။ ဝိညာဉ်အားဖြင့် ကျွန်တော်တို့ရဲ့အလယ်မှာ အခု ရှိနိုင်သလို ကပ်ကာလအဆုံးထိလည်း ရှိနိုင်တယ်။

Omniscience (all-knowing)  အားလုံးသိတယ်။

ခရစ်တော်ဟာ ဘုရားသခင်ရဲ့ အလုံးစုံကိုသိတဲ့ဂုဏ်တော်ကိုလည်းရတယ်။ ဆာလံ ၁၃၉း၁ မှာ “ကိုယ်တော်သည် အကျွနု်ပ်ကိုစစ်ကြော၍ သိတော်မူ၏။ အကျွနု်ပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကိုသိတော်မူ၏။ အကျွနု်ပ် အကြံအစည်တို့ကို အဝေးကပင် သိတော်မူ၏။ အငယ် ၄ မှာ “အကျွနု်ပ်သည် စကားတခွန်းကိုမျှ မမြွက်သော်လည်း အိုထာဝရဘုရား ကိုယ်တော်သည် အကြွင်းမဲ့သိတော်မူ၏။” ဓမ္မရာဇဝင် တတိယစောင် ၈း၃၉ မှာလည်း “ကိုယ်တော်သာလျှင် လူအပေါင်းတို့၏စိတ်နှလုံးသဘောကို သိတော်မူသည်ဖြစ်၍ ဆုတောင်းသော သူတို့၏ စိတ်သဘောကိုသိလျက်” ဒါပေမယ့် သခင်ယေရှုဟာ လူအားလုံးကို သိသလို လူ့အထဲမှာ ဘာရှိလဲ ဆိုတာကိုသိတယ်။ ဒါက ဘုရားသခင်သာ သိနိုင်တဲ့ ဉာဏ်ဖြစ်တယ်။ (ယောဟန် ၂း၂၄၊၂၅) ယောဟန် ၂၁း၁၇ မှာ ပေတရုက “ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော်မူ၏။” လို့ သခင်ယေရှုကို ပြောခဲ့ပါတယ်။    R. A. Torrey ထောက်ပြတာကတော့ (Torrey, 1898):

1.    သခင်ယေရှုဟာ လူတွေရဲ့လျှို့ဝှက်ဘဝတွေကိုသိတယ်။ ရေတွင်းမှာတွေ့တဲ့ ရှမာရိအမျိုးသမီး အကြောင်းကို သိတယ်။ ဘာမှဖွက်ထားလို့မရဘူး။ ယောဟန် ၄း ၁၆-၁၉
2.    လူတွေရဲ့လျှို့ဝှက်အတွေးတွေကို သိတယ်။ (မာကု ၂း၈) လုကာ ၅း၂၂ မှာ “ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင် သင်တို့စိတ်ထဲမှာ အဘယ်ကြောင့်ထင်မှတ်ကြသနည်း။ ဖာရိရှဲတွေနဲ့ ကျမ်းတတ်တွေရဲ့ စိတ်အတွေးတွေကိုသိတယ်။ လူအားလုံးကိုသိတယ်။ လူထဲက အရာကိုလည်း သိတော်မူတယ်။ ယောဟန် ၂း၂၄-၂၅။
3.    လူတွေ ဘာလုပ်နေလဲဆိုတာသိတယ်။ သူတို့နဲ့အတူ တနေရာတည်းမှာမရှိပေမယ့် သိတယ်။ ဥပမာ။ နာသနေလက သခင်ယေရှုကို ဘုရားသခင်ရဲ့သားတော်လို့ ခေါ်တယ်။ ဘာကြောင့်လဲ ဆိုတော့ နာသနေလဟာ မလိမ်တတ် မညာတတ်သူဖြစ်တယ်လို့ သခင်ယေရှုက ပြောတယ်။ (ယောဟန် ၁း၄၇-၄၉) အနားမှာ သခင်ယေရှုမရှိခဲ့ပဲနဲ့ နာသနေလဟာ သင်္ဘောသဖန်းပင် အောက်မှာ ရှိနေခဲ့တယ် ဆိုတာကိ ုမြင်တယ်။ ယောဟန် ၁း ၄၇-၄၉။ ဘယ်သူတွေ မယုံကြည်ဘူး ဆိုတာ သိတယ်။ ဘယ်သူက သစ္စာဖောက်မယ်ဆိုတာလည်း သိတယ်။
4.    အနာဂတ်ကိုလည်း ကြိုသိတယ်။ ယောဟန် ၁၆း၃၀ မှာ တပည့်တော်တွေက အလုံးစုံတို့ကို သိတော်မူသည်ကို၎င်း၊ ကိုယ်တော်သည် ဘုရားသခင် အထံတော်မှ ကြွလာတော်မူသည်ကို၎င်း ယုံပါသည်ဟု လျှောက်ကြ၏။” ယောဟန် ၁၃း၁၊ လုကာ ၅း၄-၆ ကိုလည်း ကြည့်ပါ။
5.    ပညာ ဉာဏ်ရတနာအားလုံးဟာ သခင်ယေရှု၌ ဖွက်ထားတာဖြစ်တယ်။ ကောလော ၂း၃။

သခင်ယေရှုဟာ အလုံးစုံကိုသိတဲ့ ဉာဏ်ရှိတဲ့အတွက် တပည့်တော်တွေကို အမှုတော် အစအဦး ကတည်းက ရှင်ပြန်ထမြောက်ပြီး နောက်ပိုင်းအထိ သိထားတယ်။ လုကာ ၅း၄-၁၀ မှာ ရှိမုန်ရဲ့လှေထဲကို ဝင်ခဲ့တယ်။ လှေရဲ့ ညာဘက်မှာ ပိုက်ကွန်ချဖို့ တောင်းဆိုတယ်။ အဲဒီမှာ “အလွန်များစွာသောငါးတို့ကို အုပ်မိသဖြင့်” လို့ တွေ့ရတယ်။ အဲဒီမှာ ပေတရုက ပြတ်ဝပ်ကိုးကွယ်လိုက်တယ်။ ယောဟန် ၂၁း၆ မှာတော့ “ရှင်ပြန်ထမြောက်ပြီးတဲ့အခါ တိဗေရိ ပယ်လယ်ကမ်းခြေမှာ တပည့်တော်တွေကို ပိုက်ကွန်ချခိုင်းပြန်တယ်။ အဲဒီအခါ အလွန်များပြားတဲ့ငါးတွေကို ထပ်မိပြန်တယ်။ ဒီအဖြစ်အပျက်နှစ်ခုလုံးမှာ တပည့်တော်တွေ တညလုံး ငါးဖမ်းပေမယ့် မအောင်မြင်ဘူး။ ဒါကို သခင်ယေရှုကသိတယ်။ သူတို့အကြောင်းလည်းသိတယ်။ နောက်တော်လိုက်မယ့် လူတွေအားလုံးရဲ့အကြောင်းကို သိတော်မူတယ်။

Omnipotence (all powerful)  တန်ခိုုးအလုံးစုံရှိတယ်။
  သခင်ယေရှုဟာ နေရာတိုင်းမှာရှိပြီး အားလုံးကို သိရုံသာမကဘူး တန်ခိုးအရာမှာလည်း အလုံးစုံ ကြွယ်ဝတယ်။ Walvoord က သခင်ယေရှုရဲ့ အနန္တတန်ခိုးတော်တွေဟာ တခြားဘုရားဂုဏ်တော်တွေလိုပဲ အရေးပါတယ်။ တခါတရံမှာ ကိုယ်ခန္ဓာက တန်ခိုးထွက်သလို သဘာဝ တရားအပေါ်မှာလည်း အာဏာရှိကြောင်း မကြာခဏ တွေ့ရတယ်။ (Walvoord, 1969, page 29) ဘုရားတန်ခိုးတော် အလုံးစုံရှိကြောင်းကို ထောက်ပြတဲ့ ကျမ်းချက်တွေကတော့

1.    အပြစ်ကို လွှတ်ပေးနိုင်စွမ်း တန်ခိုးရှိတယ်။ မဿဲ ၉း၆
2.    ကောင်းကင်ပေါ် မြေကြီးပေါ် တန်ခိုးအလုံးစုံကိုခံရတယ်။ မဿဲ ၂၈း၁၈
3.    သဘာဝတရား အပေါ်မှာတန်ခိုးရှိတယ်။ လုကာ ၈း၂၅
4.    သေခြင်းမှ ပြန်ရှင်စေနိုင်တဲ့ တန်ခိုးရှိတယ်။  လုကာ ရး ၁၄-၁၅၊ ၈း၅၄-၅၅၊ ယောဟန် ၁၁း ၄၃-၄၄၊ ၅း၂၅
5.    သူ့ရဲ့အသက်ကို သေရာမှ ပြန်ရှင်နိုင်စွမ်းရှိတယ်။ ယောဟန် ၁၀း၁၈၊ ၂း၁၉
6.    တခြားသူတွေကို ထာဝရအသက်ပေးနိုင်တဲ့တန်ခိုးရှိတယ်။ ယောဟန် ၁၀း၂၈၊ ၁၇း၂) ကိုယ်ခန္ဓာတွေကို ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။ ဖိလိပ္ပိ ၃း၂၁၊ ၁ကော ၁၅း၅၂-၅၇
7.    ကိုယ်ခန္ဓာကိုကျန်းမာစေနိုင်သလို နတ်ဆိုးတွေကိုနှင်ထုတ်နိုင်တယ်။ မာကု ၁း၂၉-၃၄
8.    ကိုယ်ခန္ဓာကိုပြောင်းလဲပေးနိုင်စွမ်း တန်ခိုးရှိတယ်။ ဖိလိပ္ပိ ၃း၂၁
9.    နတ်ဆိုးတွေအပေါ်မှာ အောင်မြင်နိုင်တဲ့တန်ခိုးရှိတယ်။ မဿဲ ၈း၁၆၊ လုကာ ၄း၃၃-၃၆၊ ၈း၃၀-၃၃

သခင်ယေရှုက ဒီတန်ခိုးတွေအားလုံး သူ့မှာရှိကြောင်းပြောတယ်။ မဿဲ ၂၈း၁၈မှာ “ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း စီရင်ပိုင်သောအခွင့်ရှိသမျှတို့ကို ငါခံရပြီ။” သူ့ကိုယ်ပိုင်တန်ခိုးလို့ ဆိုတယ်။ သူ့တန်ခိုးအကြောင်း ပြောတဲ့အခါ “I”, “me”, “my” ငါ့ကို ငါ၏ လို့သုံးထားတယ်။ ဥပမာ လုကာ ၁၀း၁၉ မှာ “သင်တို့သည် မြွေ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင် ရန်သူတို့ကိုနိုင်ရသောအခွင့်ကို ငါပေး၏။” သူ့နာမအားဖြင့် နတ်ဆိုးတွေကို နှင်ထုတ်နိုင်တဲ့အတွက် တပည့်တော်တော်တွေဝမ်းသာကြတယ်။ တပည့်တော်တွေကို သူက တန်ခိုး ပေးလိုက်တာဖြစ်တယ်။ ယောဟန် ၁၀း၉ မှာ “ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့် ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကိုတွေ့ရလိမ့်မည်။” ဒါက သူဟာ ကယ်တင်ခြင်းအတွက် key သော့ချက်ဖြစ်တယ်လို့ ပြောတာဖြစ်တယ်။ ကယ်တင်ခြင်းရဖို့ အဓိကအချက်ဟာ သူပဲလို့ပြောတာဖြစ်တယ်။ ဟေရှာယ ၄၃း၁၁၊ ၄၅း၂၂။ သူ့အားဖြင့်သာရတယ်။ ခမည်းတော်ကဖေါ်ပြတဲ့သူကိုသာ သူရွေးကောက်တာဖြစ်တယ်။ လုကာ ၁၀း၂၂။ သူ့အားဖြင့်သာ ဘုရားကိုသိနိုင်တယ်။ မာကု ၁၆း၁၇-၁၈ မှာ တပည့်တော်တွေကို လောကီနိုင်ငံအရပ်ရပ်သို့ စေလွှတ်တယ်။ တန်ခိုးတွေပေးတယ်။ “သူ့နာမ” ဆိုတဲ့စကားကိုသုံးစွဲခွင့်ပြုတယ်။ လုကာထဲမှာ သခင်ယေရှုက “ခရစ်တော်၏အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။” လို့ အခွင့်ပေးထားတယ်။ လုကာ ၂၄း၄၇။

 Pre-Existent/Eternal ရှေးမဆွမှီကပင်ရှိခြင်း ထာဝရရှိခြင်း
ဘုရားသခင်က ကမ္ဘာမတည်မှီကတည်းကရှိတယ်။ ယေရှုခရစ်တော်လည်း ဒီလိုပါပဲ။ ဆာလံ ၉၀း၂ မှာ ဘုရားသခင်ဟာ ဖန်ဆင်းခြင်းမတိုင်ခင်ကတည်းက ရှိတယ်လို့ဆိုတယ်။ ကမ္ဘာဦး ၁း၁ မှာတော့ “ဘုရားသခင်ဟာ အစအဦး၌ ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။” လို့ဆိုတယ်။ သူတ္တံ ၈း၂၃ မှာ “မြေကြီးမဖြစ်မှီ ရှေးဦးစွာသောကာလ၊ အနန္တကာလမှစ၍ ငါသည်ဘိသိက်ခံပြီ။” ယောဟန် ၁၇း၅ မှာတော့ သခင်ယေရှုက “ဤကမ္ဘာမတည်မရှိမှီကတည်းက ရှိတယ်လို့ဆိုတယ်။” သခင်ယေရှုအကြောင်းကို ယောဟန် ၁း၁ မှာ နှုတ်ကပတ်တော်အဖြစ် “အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။” လို့ဆိုတယ်။ ကောလောသဲ ၁း၁၇ မှာ “သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။” ဒါကြောင့် ခရစ်တော်ဟာ ဘုရားသခင်ကဲ့သို့ ကမ္ဘာမတည်မရှိမှီကတည်းကရှိနေတယ်။

ခရစ်တော်ဟာ ထာဝရကာလတလျှောက်လုံး ဘုရားသခင်ဖြစ်တယ်။ တရားဟော ၃၃း၂၇။  “Elohim” ရှေးဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာဖြစ်၍” လို့တွေ့ရတယ်။ ဟေရှာယ ၄၀း၂၈ မှာ “ထာဝရဘုရားသည် အစဉ်အမြဲတည်သော ဘုရားဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင်အောင်ဖန်ဆင်းသော ဘုရားဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း ပင်ပန်းတော်မူခြင်းမရှိ စစ်၍မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း သင်သည် မသိမကြားဖူးသလော။” ဒီအကြောင်းဟာ “Jehovah” ထာဝရဘုရားကိုရည်ညွှန်းတယ်။ “everlasting” ဆိုတဲ့ စကားအတွက် ဟီးဘရူးအသုံးက “owlam” ဖြစ်တယ်။ ထာဝရဆက်တိုက်တည်တယ်လို့ ဆိုလိုတယ်။ ကမ္ဘာဦး ၂၁း၃၃ မှာ ထာဝရဘုရားသခင်ကို “the everlasting God” ထာဝရအရှင်ဘုရားသခင်” လို့သုံးတယ်။ ဆာလံ ၉၀း၂ မှာတော့ “ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် ဘုရားသခင် ဖြစ်တော်မူ၏”

ထိုနည်းတူ သခင်ယေရှုဟာလည်း ထာဝရတည်တယ်။ ယေရှာယ ၉း၆ မှာ “အကြောင်းမူကား ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ သူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။” ဒီကျမ်းပိုဒ်မှာ သခင်ယေရှုကို “ထာဝရအဖ” လို့ဆိုတယ်။ နောက် ပရောဖက်ပြုချက်တချက်ဖြစ်တဲ့ မိက္ခာ ၅း၂ မှာ မေရှိယဖွားမြင်မယ့် ဇာတိဗက်လင်မြို့အကြောင်းကိုပြောတယ်။ ခရစ်တော်ကို “ထိုသခင်သည် ရှေးကဒ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏။” လို့ဆိုတယ်။ ယောဟန် ၁၇း၂၄ မှာ ထာဝရသားတော်အတွက် ဘုရားသခင်ရဲ့ ထာဝရချစ်ခြင်းမေတ္တာအကြောင်း ပြောထားတယ်။ “အိုအဖ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွနု်ပ်ကိုချစ်၍” ဟေဗြဲဩဝါဒစာမှာလည်း သခင်ယေရှုက “ယေရှုခရစ်သည် မနေ့ ယနေ့ နောင်ကာလအစဉ်အမြဲ မပြောင်းမလဲနေတော်မူ၏။ ဟေဗြဲ ၁၃း၈။ နောက်ဆုံး ဗျာဒိတ် ၁း၈မှာ ထာဝရဘုရားသခင်ကို “kurios” လို့ သုံးထားတယ်။ “ငါသည် အာလဖဖြစ်၏။ ဩမေဂလည်းဖြစ်၏။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန် အတိတ် အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။” ဗျာဒိတ် ၁း၁၁မှာ သားတော်ကို “Alpha and Omega” လို့ နာမည်ပေးထားတယ်။ “အဦးဆုံးသူနဲ့ နောက်ဆုံးသူ” လို့ ဆိုလိုတယ်။ နောက် ဗျာဒိတ် ၁း၁၈မှာ လူသားတော်နဲ့ တူတဲ့သူ လို့ဖေါ်ပြထားတယ်။ သခင်ယေရှုက “ငါသည် အဦးဆုံးသောသူ နောက်ဆုံးသောသူဖြစ်၏။ အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက် အသက်နှင့်ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း အစိုးရ၏။” ဒါကြောင့် သခင်ယေရှုဟာ ထာဝရဘုရားသခင်လိုပဲ ထာဝရတည်တော်မူတာဖြစ်တယ်။”

Immutable (unchangeable )  မပြောင်းလဲနိုင်သော
သခင်ယေရှုက ဘုရားသခင်လိုပဲ မပြောင်းလဲနိုင်တဲ့သဘောရှိတယ်။ မာလခိ ၃း၆ မှာ “ငါသည် ထာဝရဘုရား ဖြစ်၏။ ပြောင်းလဲခြင်းမရှိ၊ ထိုကြောင့် ယာကုပ်အမျိုးသားတို့ သင်တို့သည်ယုံခြင်းသို့မရောက်ကြ။ ယာကုပ် ၁း၁၇ မှာတော့ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏အဘထံတော်ကသက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှလာကြ၏။ ထိုအဖသည် ေ့ရွလျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့်ကင်းလွတ်တော်မူပြီ။” ဘုရားသခင်က ပြောင်းလဲခြင်းမရှိဘူး။ ယောဘ ၂၃း၁၃ မှာ “သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည်နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။ သခင်ယေရှုဟာ ဘုရားသခင်လိုပဲ ပြောင်းလဲခြင်းကင်းသူဖြစ်တယ်။“ယေရှုခရစ်သည် မနေ့ ယနေ့ နောင်ကာလ မပြောင်းလဲပဲနေတော်မူ၏” ဟေဗြဲ ၁၃း၈။ မပြောင်းလဲခြင်းဟာ ဘုရားသခင်ရဲ့ဂုဏ်တော်တပါးဖြစ်တယ်။ ယေရှု ခရစ်တော်ဟာလည်း ကျွန်တော်တို့နဲ့ အတူရှိပြီး မပြောင်းလဲတဲ့ ဂုဏ်တော်ကိုပိုင်ဆိုင်တယ်။

Object of Honor and Worship  ဂုဏ်ပြုခံ ကိုးကွယ်ခံထိုက်သူ
ခရစ်တော်ဟာ ဘုရားသခင်လိုပဲ ဂုဏ်ပြုခံ ကိုးကွယ်ခံထိုက်သူဖြစ်တယ်။ ပထမဦးဆုံးသောပညတ်တော်မှာ ငါမှတပါး အခြားသောဘုရားမကိုးကွယ်ရ။ ထွက် ၂၀း၃။ ရုပ်တုဆင်းတုလည်းမလုပ်ရ ဦးမချရ၊ ဝတ်မပြုရဘူး။ ထာဝရဘုရားဟာ တပါးတည်းသောဘုရားဖြစ်တယ်။ တရားဟော ၆း၄၊ မဿဲ ၁၂း၂၉။ မဿဲ ၄း၁၀ မှာ “ယေရှုကလည်း အချင်းစတန် ငါ့နောက်သို့ဆုတ်လော့ သင်၏ဘုရားသခင် ထာဝရဘုရားကိုကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ဟု ကျမ်းစာလာသည်။” ထွက် ၃၄း၁၄ မှာ အခြားသောဘုရားကို သင်သည် မကိုးကွယ်ရ။ အပြစ်ရှိသည်ဟု ယုံလွယ်သောထာဝရဘုရားသခင်ဖြစ်တော်မူ၏။” ဗျာဒိတ် ၂၂း၉ မှာ ယောဟန်ဟာ ကောင်းကင်တမန်ရဲ့ခြေရင်းမှာ လဲကျသွားတယ်။ ဝတ်ပြုကိုးကွယ်လိုက်တယ်။ ကောင်းကင်တမန်က “မပြုပါနှင့်၊ ငါကား သင်နှင့်လုပ်ဘော်ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင် ဤဂတိစာစောင်စကားကို စောင့်ရှောက်သော သူတို့နှင့် လုပ်ဘော်ဆောင်ဖက်လည်းဖြစ်၏။ ဘုရားသခင်ကိုကိုးကွယ်လော့။ တမန်တော် ၁၀း ၂၆ မှာ ကောနေလိက လဲကျပြီးပြတ်ဝပ်ကိုးကွယ်ဖို့လုပ်တဲ့အခါ ပေတရုက သူ့ကိုမတ်တပ်ရပ်စေပြီး “ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။” ဘုရားသခင်တပါးတည်းသာလျှင် ဝတ်ပြုကိုးကွယ်ခံထိုက်သူဖြစ်တယ်။ ဒါပေမယ့် Robinson က ရှင်းပြတာရှိတယ်။ ရှင်ပေါလုဟာ သခင်ယေရှုထံ ၂၅ ကြိမ်ဆုတောင်းတယ်။ (Robinson 1949, page 134) ဟေဗြဲ ၁း၆ မှာ “တနည်းကား သားဦးကို ဤလောကသို့သွင်းတော်မူသောအခါ ထာဝရဘုရား၏ ကောင်းကင်တမန် အပေါင်းတို့သည် ထိုသူကိုပြတ်ဝပ်ကြစေဟု လာသတည်း။” ဒီကျမ်းပိုဒ်မှာ ပြောနေတဲ့သူက ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်တယ်။ ကောင်းကင်တမန်တွေက ခရစ်တော်ကိုပြတ်ဝပ်ကိုးကွယ်ဖို့ ညွှန်ကြားတာဖြစ်တယ်။ လူတွေကလည်း ယေရှုခရစ်တော်ကို ပြတ်ဝပ်ကိုးကွယ်ကြတယ်။ မဿဲ ၂း၁၁ မှာ အေ့ရှပြည်က ပညာရှိတွေဟာ ခရစ်တော်သူငယ်ကို ပြတ်ဝပ်ကိုးကွယ်ကြတယ်။ မဿဲ ၈း၂ မှာ နူနာစွဲသူဟာ သခင်ယေရှုကို ပြတ်ဝပ် ကိုးကွယ်တယ်။ ယောဟန် ၉း၃၈ မှာ မျက်စိမမြင်တဲ့သူက မျကိစိမြင်ပြီးနောက် သခင်ယေရှုကို ပြတ်ဝပ် ကိုးကွယ်တယ်။ မာကု ၅း၆ မှာ မာရ်နတ်စွဲသူဟာ သခင်ယေရှုကိုပြတ်ဝပ်ကိုးကွယ်တယ်။ ဗျာဒိတ် ၅း၁၂ မှာ ကောင်းကင်တမန်ဟာ သိုးသူငယ်ယေရှုကို ဝတ်ပြုကိုးကွယ်ခံထိုက်သူအဖြစ် ပြောကြတယ်။ “ထိုသူတို့ကလည်း အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသူငယ်သည် တန်ခိုး စည်းစိမ် ပညာအစွမ်းသတ္တိ ဂုဏ်အသရေဘုန်းအာနုဘော် ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူသည်ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။”

ကျမ်းစာက ရှင်းပါတယ်။ သခင်ယေရှုဟာ ဝတ်ပြုကိုးကွယ်ခြင်းကိုခံထိုက်တယ်။ ဘုရားသခင်နဲ့ဆိုင်တဲ့ ဘွဲ့နာမတော်တွေကို ခံထိုက်တယ်။ ရောမ ၁၄း၁၁ မှာ “ကျမ်းစာလာသည်ကား ငါသည် အသက်ရှင်တော်မူသည် ဖြစ်၍ ငါ့ေ့ရှ၌ဒူးထောက်ရမည်။ ဘုရားသခင်ေ့ရှ၌ လူတိုင်း မိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။” း၃-၈ မှာတော့ “Lord” နဲ့ “God” ကို သခင်ဘုရားနဲ့ ဘုရားသခင်ကို အလဲအလှယ်သုံးထားပါတယ်။ ရော မ ၁၄း၁၁ ဟာ ဟေရှာယ ၄၅း၂၃ နဲ့ကျမ်းပြိုင်တခုဖြစ်ပါတယ်။  ဟေရှာယ ၄၅း၂၁ မှာ (Jehovah)ထာဝရဘုရားနဲ့ (Elohim) ဘုရားသခင်ကို အလဲအလှယ်သုံးထားတယ်။ ဒီလိုပဲ  ရောမ ၁၄ မှာလည်း အလဲအလှယ်သုံးထားတယ်။ ဘုရားသခင်ဟာ သခင်ဘုရားဖြစ်သလို သခင်ဘုရားဟာလည်း ဘုရားသခင်ဖြစ်တယ်။ ဒီကျမ်းပိုဒ်တွေဟာ ငါမှတပါး အခြားမရှိ ဆိုတဲ့စကားနဲ့ အဆုံးသတ်ထားတယ်။ အငယ်၂၂ မှာ “မြေကြီးသားအပေါင်းတို့ ငါ့ကိုမြော်ကြည့်၍ ကယ်တင်ခြင်း ကျေးဇူးကိုခံကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသောဘုရားမရှိ။” တမန် ၄း၁၂ ကိုလည်းကြည့်ပါ။ ဟေရှာယ ၄၅ မှာ ဘုရားသခင်နဲ့ ဘုရားသခင်တပါးတည်းကိုသာ ဝတ်ပြုရမယ်ဆိုတာရှင်းပါတယ်။ ဒီနာမည်ကို သခင်ဘုရားအတွက်လည်း သုံးထားတယ်။  ရောမ ၁၄း၁၁ မှာ “ငါအသက်ရှင်တော်မူသည်ဖြစ်၍” လို့ရေးထားတယ်။ ဒီစကားက ဓမ္မဟောင်းကျမ်းမှာ ဘုရားသခင်က ကိစ္စတခုကိုဆုံးဖြတ်တဲ့အခါတိုင်းမှာ သုံးစွဲလေ့ ရှိတဲ့စကားဖြစ်တယ်။ အလေးအနက်ပြောခြင်တဲ့အခါတိုင်းမှာ သုံးတယ်။ ဟေရှာယ ၄၉း၁၈၊ ယေရမိ ၂၂း၂၄ ကို ကြည့်ပါ။ ယေဇကျေလထဲမှာ ၁၆ ခါ တွေ့ရတယ်။ ပထမတကြိမ်က ယေဇကျေလ ၅း၁၁ မှာ “the Lord God” အရှင်ထာဝရဘုရား” လို့နာမကိုပေါင်းသုံးထားတယ်။  ရောမ ၁၄း၁၁ မှာ “ငါ့ေ့ရှ၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်ကို လူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်။” လို့တွေ့ရတယ်။ ဓမ္မဟောင်းမှာ ဒီနာမ နှစ်ခုလုံးကိုသုံးထားတယ်။

ခရစ်တော်ရဲ့ဘုရားဇာတိကို ထပ်မံအတည်ပြုတဲ့ နောက်ကျမ်းချက်ကတော့ ဖိလိပ္ပိ ၂း၁၀ ဖြစ်တယ်။ “အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသောသတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကိုဒူးထောက်၍ ယေရှုခရစ်သည် သခင်ဖြစ်တော်မူသည်ဟု နှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ ဂုဏ်အသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။” တနည်းဆိုရရင် အခုရှိတဲ့အရာအားလုံးဟာ သခင်ယေရှုေ့ရှမှာဒူးထောက်ပြီး နှုတ်နဲ့ဝန်ခံရမယ်လို့ ဘုရားသခင်အမိန့်ပေးတာဖြစ်တယ်။ ဒီအသုံးအနှုန်းကို ရောမ ၁၄ နဲ့ ဟေရှာယ ၄၆ မှာလည်းတွေ့ရတယ်။ ဟေရှာယမှာဆိုရင် ဘုရားသခင်နဲ့ ဘုရားသခင်တပါးတည်းကိုသာ သုံးနှုန်းထားတာတွေ့ရတယ်။ ဒါကို ဖိလိပ္ပိထဲမှာလည်း တွေ့ရတယ်။ ဖိလိပ္ပိ ၂ ထဲမှာ ဘုရားသခင်က ဖန်ဆင်းထားတဲ့အရာအားလုံး သခင်ယေရှုကို ကိုးကွယ်ဖို့၊ သခင်ယေရှုသာ သခင်ဖြစ်ကြောင်းကို အမိန့်ပေးထားတယ်။ ဒီအသုံးကို ရောမနဲ့ ဟေရှာယထဲမှာ ထာယရအရှင်ဘုရားသခင်အတွက် သုံးထားတယ်။ ဒါက သခင်ယေရှုခရစ်ဟာ ဘုရားဖြစ်ကြောင်း မငြင်းနိုင်တဲ့ အချက်ဖြစ်တယ်။ ဂရိလိုအသုံးအနှုန်း “Lord” ကို ဖိလိပ္ပိ ၂း၁၀ ထဲမှာ  “kurios” လို့သုံးထားတာတွေ့ရတယ်။ ဒီအသုံးအနှုန်းဟာ ရောမ ၁၄ ထဲမှာ ထာဝရအရှင်ဘုရားသခင်အတွက် ခဏခဏ သုံးထားတာတွေ့ရတယ်။

သခင်ယေရှုကလည်း သူ့ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေကို သတိပေးတာ ဆုံးမတာမျိုး ဘယ်တော့မှမလုပ်ဘူး။ တပည့်တော်တွေက သူ့ကိုဝတ်ပြုကိုးကွယ်ကြတယ်။ ခရစ်တော်ရှင်ပြန်ထမြောက်တာကို တွေ့တဲ့အခါ မဿဲ ၂၈း၁၇ မှာ သူတို့ပြတ်ဝပ်ကိုးကွယ်ကြတယ်။ တခါ လုကာ ၂၄း၅၂ မှာ “ကိုယ်တော်ကို ပြတ်ဝပ်ကိုးကွယ်ပြီးမှ” လို့တွေ့ရတယ်။ Warfield ထောက်ပြတာက “ခရစ်ယာန်ဘာသာဆိုတာ ခရစ်တော်ကို အထွဋ်အမြတ်ထား ကိုးကွယ်တာဖြစ်တယ်။” (Warfield, 1929, page 372)

Forgives Sin  အပြစ်ခွင့်လွှတ်ပေးတယ်။

ကျမ်းစာအရ ခရစ်တော်ကအပြစ်လွှတ်သလို ဘုရားသခင်ကအပြစ်လွှတ်တယ်။ ဟေရှာယ ၅၅းရ မှာ “ဆိုးသောသူသည် မိမိလမ်းကို၎င်း၊ မတရားသောသူသည် မိမိအကြံတို့ကို၎င်းစွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင်အထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်။”

ယေရမိ ၃၁း၃၄ မှာ “ထိုသူတို့က ထာဝရဘုရားကိုသိလော့ဟု အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူ တိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့ဒုစရိုက်အပြစ်များကို သည်းခံမည်။ သူတို့ပြုသောဒုစရိုက်အပြစ်များကို မအောက်မေ့ဘဲနေမည်။”

ရာဇဝင်ချုပ်ဒုတိယစောင်  ရး၁၄  “ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့် ငါ့မျက်နှာကို ရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကိုလွှဲရှောင်လျှင်၊ ငါသည်ကောင်းကင်ဘုံ၌နားထောင်မည်။ သူတို့ အပြစ်ကို ဖြေ၍ သူတို့မြေကိုချမ်းသာပေးမည်။

Tertullian ဆိုတဲ့ ရှေးခရစ်ယာန်စာရေးဆရာတယောက်က AD 215 မှာပြောခဲ့ဖူးတယ်။ ဘုရားသခင်တပါးတည်းသာ အပြစ်ကင်းတယ်။ အပြစ်ကင်းတဲ့လူဆိုတာလည်း ခရစ်တော်ပဲရှိတယ်။ ဒါကြောင့် ခရစ်တော်ဟာ ဘုရားဖြစ်တယ်။ အပြစ်ကင်းတဲ့သူကသာ အပြစ်ခွင့်လွှတ်ပေးနိုင်တယ်။ ၂ကော ၅း၂၁။ ယေရှုခရစ်က ဘုရားသခင်အပြစ်ခွင့်လွှတ်သလို ခွင့်လွှတ်ပေးလိမ့်မယ်။ အမိုးပေါ်ကဖောက်ပြီးချတဲ့လူနာကို သခင်ယေရှုက ရောဂါပျောက်ကင်းစေတဲ့အခါ လုကာ ၅း၂၀ မှာ “သင့်အပြစ်ကိုလွှတ်ပြီ” လို့ဆိုတယ်။ ဒီအခိန်မှာ ဖာရိရှဲနဲ့ ဇဒ္ဒုကဲတွေက “ဘုရားကို လွန်ကျူး၍ပြောသောသူကား အဘယ်သူနည်း။ ဘုရားသခင်မှတပါး အဘယ်သူသည် အပြစ်ကိုလွှတ်နိုင်သနည်း။” လို့ပြောလာကြတယ်။ လုကာ ၅း၂၁၊ မာကု ၂းရ ကိုလည်း ကြည့်ပါ။)

မဿဲ ၉း၆ မှာ သခင်ယေရှုက “လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့၊ ကိုယ်အိပ်ရာကိုဆောင်၍ ကိုယ်အိမ်သို့သွားလော့ဟု လက်ခြေသေသောသူအားမိန့်တော်မူ၏။” သခင်ယေရှုက “ခရစ်တော်၏အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။ လုကာ ၂၄း၄၇. ရှိမုန်အိမ်မှာ သခင်ယေရှုက မကောင်းတဲ့ အမျိုးသမီးကို ပြောတဲ့အခါ “သင်သည် အပြစ်တို့နှင့်လွတ်လေပြီ။” လုကာ ရး၄၈။ ကောလောသဲ ၂း၁၃ မှာ ရှင်ပေါလုက သခင်ယေရှု အကြောင်း ပြောတဲ့အခါ “ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းမခံသောအဖြစ်၌၎င်း သေလျက်ရှိနေသာသင်တို့ကို ခရစ်တော်နှင့်အတူအသက်ရှင်စေ၍ သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။” ကျမ်းစာချက်အရ ဘုရားသခင်တပါးတည်းသာ အပြစ်လွှတ်နိုင်တယ်။ ဘုရားသခင်လိုပဲ သခင်ယေရှုမှာ အပြစ်လွှတ်နိုင်တဲ့ တန်ခိုးရှိတာ တွေ့ရတယ်။

Jesus has the Keys to Heaven and Hell   သခင်ယေရှုမှာ ကောင်းကင်နဲ့မရဏာအတွက် သော့ရှိတယ်။


ငရဲကိုချနိုင်တဲ့တန်ခိုးဆိုတာ ဘုရားသခင်နဲ့ ဘုရားလူဖြစ်တဲ့သခင်ယေရှုမှာပဲ အခွင့်ရှိတယ်။ မဿဲ ၁၀း၂၈ မှာ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကြလော့။” ငရဲချနိုင်တဲ့အခွင့်ရှိလို့ ဘုရားကိုကြောက်ရတယ်။ ဆာလံ ၉း၁၇ မှာ “မတရားသောသူနှင့် ဘုရားသခင်ကိုမေ့လျော့သောတပါးအမျိုးသားတို့သည် မရဏာနိုင်ငံသို့ နှင်ချခြင်းကို ခံရကြလိမ့်မည်။” ယေဇကျေလ ၃၁း၁၆ မှာ “မြေတွင်းထဲသို့ အတူဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏာနိုင်ငံ အောက်သို့ ငါနှိမ့်ချသောအခါ နှိမ့်ချသံအားဖြင့် လူအမျိုးမျိုးတို့ကိုငါတုန်လှုပ်စေ၏။ ဧဒင်သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး အမြတ်ဆုံးလေဗနုန်သစ်ပင်မှစ၍ ရေကိုသောက်သမျှသောသစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ရောက်ကြ၏။” ခရစ်တော်မှာလည်း ကောင်းကင်နဲ့ငရဲအတွက် သော့ရှိတယ်။ ဗျာဒိတ် ၁း၁၈။ မဿဲ ၂၅း ၃၁-၄၆ မှာ “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံတို့နှင့် ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ေ့ရှတော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားဆီခွဲထားသကဲ့သို့ လူအပေါင်းတို့ကိုအသီးအခြားခွဲ၍၊ ကျိန်ခြင်းကိုခံရသောသူတို့ မာရ်နတ်နှင့် သူ၏တမန်တို့အဘို့ပြင်ဆင်သောမီးထဲသို့ ငါ့ထံမှခွါသွားကြလော့။” ဆိုးညစ်တဲ့သူတွေကို ထာဝရအပြစ်ပေးတာတွေ့ရတယ်။ ဒီကျမ်းချက်ကို မဿဲ ရး၂၁-၂၃ နဲ့ နှိုင်းယှဉ်ကြည့်ပါ။ “ထိုနေ့၌ကား သခင်၊ သခင်၊ ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော့အခွင့်နှင့် နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော့အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လော့ဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။” “ထိုသို့လျှောက်ကြသောအခါ သူတို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကို ပြုသောသူတို့ ငါ့ထံမှဖယ်ကြဟု အတည့်အလင်း ငါပြောမည်။” ဒါက ဘုရားသခင်နဲ့ ခွဲခွါခြင်းအဖြစ် မပြောင်းလဲတဲ့လူတယောက်ရဲ့နိဂုံးမှာ ထာဝရအပြစ်ဒဏ်ခံရင်း ခရစ်တော်နဲ့ခွဲရတာကို ပြောတာပါ။

နောက်ဆုံး ခရစ်တော်ကြွလာတဲ့အခါ “မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ” လို့ ဆိုတယ်။ မပြောင်းလဲတဲ့လူဟာ မာရ်နတ်အတွက်ထားတဲ့မရဏာကို ချခံရမယ်။ ဒီလူတွေက “ဘုရားသခင်ကိုမသိသောသူ သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတွေဖြစ်တယ်။” ၂သက် ၁း၈-၉။ ဗျာဒိတ် ၂၁း၂၇ မှာ “သိုးသူငယ်၏အသက်စာစောင်၌ စာရင်းမဝင်သောသူ” သခင်ယေရှုရဲ့အသက်စာစောင်ထဲမှာပါမှ ကောင်းကင်ဝင်ခွင့်ရမယ်။ မဟုတ်ရင် မီးငရဲအိုင်မှာပစ်ချခံရမယ်။ ဗျာဒိတ် ၂၀း၁၅။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ကို မသိတော့ ကောင်းကင်နဲ့ငရဲရဲ့ သော့ကိုပိုင်တဲ့ ဘုရားသားတော်ရဲ့အမျက်ကို ရိတ်သိမ်းကြရတယ်။

Salvation and Eternal Life through Jesus  သခင်ယေရှုအားဖြင့်ရတဲ့ ကယ်တင်ခြင်းနဲ့ထာဝရအသက်

သခင်ယရှေုဟာ သူ့ကိုသူ ကယ်တင်ခြင်းနဲ့ ထာဝရအသက်ပေးပိုင်ခွင့်ရှိသူအဖြစ်ပြောတယ်။ ဒါက ဘုရားသခင်တပါးတည်းသာ လုပ်နိုင်တယ်။ လူသာမန်မလုပ်နိုင်ဘူး။ ဒီအခွင့်ကို ဘုရားသခင် တပါးတည်းသာ ရတဲ့အတွက် ဓမ္မဟောင်းကျမ်းထဲမှာ ဖေါ်ပြထားတယ်။ လူသာမန်က ဒီလိုအခွင့်ရှိတယ်ဆိုရင် ဒါက မဖြစ်နိုင်တဲ့အရ ာဖြစ်တယ်။ ဟေရှာယ ၄၅း၂၂ မှာ “မြေကြီးစွန်းသားအပေါင်းတို့ ငါ့ကိုမြော်ကြည့်၍ ကယ်တင်ခြင်း ကျေးဇူးကို ခံကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။” တမန်တော် ၂း၂၁ မှာ “ထိုအခါ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။ ဘုရား ဗျာဒိတ်တော်ရှိ၏။” ဒီကျမ်းချက်နဲ့အပြိုင် ယောလ ၂း၃၂ မှာ “ထိုအခါ ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။” ဒီအခါမှာ ထာဝရဘုရား “Lord” “Jehovah” ကို “Lord” လို့ ဘာသာပြန်ထားတယ်။ ဒါပေမယ့် ကျမ်းစာက ယေရှုခရစ်ဟာ ထာဝရအသက်ပေးပိုင်တယ်လို့ဆိုတယ်။ တမန်တော် ၄း၁၂ မှာ ပေတရုက အုပ်စိုးသူတွေ၊ အသက်ကြီးသူတွေ၊ ကျမ်းတတ်တွေကို တရားဟောတယ်။ သခင်ယေရှုအကြောင်းပြောရာမှာ “ထိုသခင်၏နာမတော်မှတပါး ငါတိုကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် မြေကြီးအောက်လူတို့တွင် မပေါ်မရှိ။ တမန်တော် ၁၆း၃၁မှာ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။” ရောမ ၁း၁၆ မှာ ရှင်ပေါလုက သခင်ခရစ်တော်ရဲ့ ဧဝံဂေလိတရားဟာ “ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏တန်ခိုးတော်” လို့ဆိုတယ်။ ယောဟန် ၃း၃၆ မှာ သားတော်ကိုယုံရင် ထာဝရအသက် ရတယ်လို့ဆိုတယ်။ ခရစ်တော်ဆိုတာ ကယ်တင်ခြင်း ရစေတဲ့ နာမဖြစ်တယ်။ ထာဝရအသက် ပေးပိုင်တယ်။ ထာဝရဘုရားသခင်ပိုင်တဲ့ ဂုဏ်တော်ကို ရရှိသူဖြစ်တယ်။

VII. Consensus within the Early Church on the Deity of Christ ခရစ်တော်ဘုရားဖြစ်ကြောင်း   ကနဦးအသင်းတော်များ သဘောတူညီချက်

ကနဦးအသင်းတော်များအတွင်းမှာ ခရစ်တော်ဘုရားဖြစ်ကြောင်းဆိုတာ ငြင်းခုန်စရာ လုံးဝမရှိတဲ့ အချက် ဖြစ်တယ်။ ထင်ရှားတဲ့ဓမ္မပညာရှင် William Childs Robinsonက ကနဦးအသင်းတော်ဟာ ခရစ်တော်ကို ဘုရားဇာတိ ခံသူအဖြစ် ယုံကြည်လက်ခံကြတယ်။ ခရစ်ယာန်ဘာသာဟာ ယေရှုခရစ်တော်ကို ကိုးကွယ် ဝတ်ပြုတဲ့ အပေါ်မှာ အခြေခံ တည်ဆောက်ထားတာဖြစ်တယ်။

အခုစာအုပ်ကိုပြုစုရန်အစပိုင်းမှာ orthodox creeds ရှေးဦးခရစ်ယာန်ယုံကြည်ချက်များ ဝန်ခံချက်များ confessions နဲ့ catechisms ဆိုတဲ့ အသင်းတော်မူဝါဒတွေကိုလေ့လာခဲ့တယ်။ ခရစ်ယာန်ခံယူချက်နဲ့ပတ်သက်တဲ့ ကနဦးအသင်းတော်ရဲ့ခံယူချက်ကို ဒီနေ့ခေတ်နဲ့လည်း ဆက်စပ်နိုင်ဖို့လေ့လာခဲ့တယ်။ ခရစ်ယာန်တရားမှာ အခြေခံဩဝါဒ အဓိကတခုက ခရစ်တော်ရဲ့ဘုရားဇာတိဟာ ဘယ်လိုမှငြင်းလို့မရနိုင်တဲ့ အချက်ဖြစ်တယ်။ အသင်းတော်ခံယူချက်များစွာဟာ ဩဝါဒမှားယွင်းတာတွေကို တုံ့ပြန်ခဲ့ကြတာဖြစ်တယ်။ ဥပမာအားဖြင့် (AD 320) လောက်မှာ Arianism ဆိုတဲ့ အယူလွဲမှားမှုတခုပေါ်လာတယ်။ Arius Alxender ဆိုတဲ့သူကို အစွဲပြုပြီး ခေါ်တာ ဖြစ်တယ်။ သူက ခရစ်တော်ကို ဘုရားအဖြစ်ငြင်းပယ်တယ်။ သားတော်လည်း ဖန်ဆင်းခံပဲလို့ဆိုတယ်။ AD 325 မှာ ပထမ Nicaea ကောင်စီက Ariusကို ပြစ်တင်ရှုံ့ချတယ်။ ဒီကောင်စီရဲ့ တုံ့ပြန်ရေးသားချက်တွေကို Nicene Creed ယုံကြည်ချက်လို့ခေါ်တယ်။ ခရစ်တော်ရဲ့ဘုရားဇာတိကို ရှင်းလင်းပြတ်သားစွာခံယူတယ်။ Nicene Creed ရဲ့ အပိုဒ် ၂ မှာ ယေရှုခရစ်ဟာ ဘုရားသခင်ရဲ့တပါးတည်းသောသားတော် ကမ္ဘာမတည်မရှိခင်ကတည်းက ခမည်းတော် ဖြစ်ပွါးစေသူ ဘုရားတကာတို့ရဲ့ဘုရား အလင်းတကာတို့ရဲ့အလင်း ဘုရားစင်စစ်ဖြစ်တယ်။ ဘုရားဖြစ်ပွါးစေသူ ဖြစ်တယ်။ ဖန်ဆင်းထားတာမဟုတ်ဘူး။ ခမည်းတော်ဘုရားနဲ့ တလုံးတဝတည်းဖြစ်တယ်။ အရာအားလုံးကို ဖန်ဆင်းသူလည်း ဖြစ်တယ်။ အားရစရာကောင်းတဲ့ ကနဦးခရစ်ယာန်ခေါင်းဆောင်တွေရဲ့ ဒီယုံကြည်ချက်ဟာ “the logos” ဟာ “Theos” ဘုရားဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်းခံယူကြတယ်။ ကနဦးအသင်းတော်ရဲ့ ရေးသားထားတဲ့ စာအုပ်စာပေတွေကို လေ့လာကြည့်တဲ့အခါ ခရစ်တော်ရဲ့ဘုရားဇာတိကိုတိုက်ခိုက်တဲ့ လွဲမှားတဲ့အယူတွေကို ပြန်လည် ချေပထားတာဖြစ်တယ်။ လွဲမှားတဲ့အယူဆတွေကိုပယ်ရှင်းပြီး ခရစ်တော်ဟာ ဘုရားစင်စစ်ဖြစ်တယ်ဆိုတဲ့ ကျမ်းစာသွန်သင်ချက်ကို ရဲရဲဝံ့ဝံ့ထုတ်ဖေါ်ပြောဆိုကြတယ်။ ကနဦးခရစ်ယာန်တွေရဲ့ ဒီရေးသားချက်တွေ နာမည်ကြီး ဓမ္မပညာရှင်တွေ ယဇ်ပရောဟိတ်တွေ ကျမ်းစာဆရာတွေရဲ့စာပေတွေ တမန်တော် ရှင်ယောဟန် မသေဆုံးမှီအချိန် A.D. 4th ရာစုအချိန်ကတည်းက ရေးသားခဲ့တဲ့စာတွေလည်း စုစည်းလေ့လာခဲ့ပါတယ်။

ဒီစာအုပ်တွေကို ရေးသားခဲ့တဲ့သူတွေကတော့ ကနဦးအသင်းတော်ဖခင်များပဲဖြစ်တယ်။ ရှင်ယောဟန် မသေခင် (AD 92-99) အတွင်း ပထမရာစုရဲ့အဆုံးမှာ ရောမမြို့သား Clement က ကောရိန ္တုမြို့သားတွေကိုရေးတဲ့ ဒုတိယဩဝါဒစာမှာ “ညီအစ်ကိုတို့ ဘုရားသခင်ရဲ့ယေရှုခရစ်အကြောင်းကို စဉ်းစားကြည့်တဲ့အခါ အသက်ရှင်သော သူနဲ့ သေသောသူတို့ကို တရားစီရင်မယ့်သူအဖြစ်နားလည်ရမယ်။ အဲဒီခေတ်နဲ့ တခေတ်တည်းဖြစ်ခဲ့တဲ့ Antioch အန္တိအုတ်မြို့ရဲ့ Bishop သင်းအုပ် Ignatiusက AD 110 လောက်မှာ တမန်တော်ယောဟန်ရဲ့တပည့်ဖြစ်ခဲ့ဖူးတယ်။ Trallians မြို့သားတွေကို ရေးတဲ့ သူ့ရဲ့ဩဝါဒစာမှာ ဘုရားသခင်နဲ့ ယေရှုခရစ်တော်ဆိုတာ ခွဲလို့ရကောင်းတဲ့အရာ မဟုတ်ဘူး။ (Ignatius Bishop of Antioch, 1,c. AD 110) ဧဖက်မြို့သားတွေကိုရေးတဲ့ သူ့ရဲ့ဩဝါဒစာမှာ သခင်ယေရှုကို ထာဝရအသက်ပေးဖို့အတွက် လူ့ဇာတိခံတဲ့ဘုရားကိုယ်တော်တိုင် လို့ဆိုတယ်။ နောက်ပိုင်း Antioch အန္တိအုတ်မြို့ရဲ့ Bishop သင်းအုပ်တပါးဖြစ်တဲ့ Theophilusက ကျမ်းစာက အာဒံဟာ အသံတော်ကို ကြားခဲ့တယ် လို့ဆိုတယ်။ ဒါပေမယ့် တခြားအသံမဟုတ်ဘူး။ ဘုရားသားတော်ကိုယ်တိုင်ဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော် အသံ ဖြစ်တယ်။

AD 17o လောက်မှာ ကနဦးယုံကြည်ခြင်းတရားကို ကာကွယ်သူ Justin Martyr က သူ့ရဲ့ Dialogue with Tropho ဆိုတဲ့ စာအုပ်ထဲမှာ “ခရစ်တော်ဟာ ဘုရင်၊ ယဇ်ပရောဟိတ်၊ ထာဝရဘုရားဖြစ်တယ်။” ခရစ်တော်ဟာ အရာအားလုံးကို ဖန်ဆင်းတဲ့သူဖြစ်တယ်။ အရာအားလုံးမရှိခင်ကတည်းက ဘုရားအဖြစ်ရှိတယ်။ အပျိုကညာမှ လူ့ဇာတိကို ခံယူမွေးဖွားခဲ့တယ်” လို့ဆိုတယ်။ Tatin ဟာ Justin Martyrရဲ့တပည့်ဖြစ်တယ်။ Justin Martyr ဟာ Syria ဆီးရီးယားမြို့ကနေလာပြီး ခရစ်ယာန်ဖြစ်လာသူတယောက်ဖြစ်တယ်။ သူ့ကို ဖမ်းဆီးအကျဉ်းချတဲ့ဂရိတွေကို စာရေးသားတဲ့အခါ “ငါတို့ဟာ မင်းတို့ဂရိတွေကို လှည့်စားနေတာမဟုတ်ဘူး။ အဓိပ္ပါယ်မရှိတာတွေ ပြောတာလည်း မဟုတ်ဘူး။ ဘုရားသခင်ဟာ လူ့ဇာတိကို ခံယူမွေးဖွးလာတယ်လို့ ပြောတာဖြစ်တယ်။

ဒုတိယနှစ်ဝက်ကာလတွေမှာ Irenaeus ပေါ်ထွန်းတယ်။ သူက ယောဟန်ရဲ့ ဟောပြောချက်ကိုကြားဖူးတဲ့ Polycarp ရဲ့သွန်သင်ချက်ကိုကြားရပြီး ခရစ်ယာန်ဖြစ်လာတဲ့သူဖြစ်တယ်။ နောက်ဆုံးမှာ Bishop of Lyons သင်းအုပ်တပါးဖြစ်လာတယ်။ Refutation of Heresies အယူလွဲတွေအတွက် ချေပချက်စာအုပ်ဟာ ထင်ရှားပြီး အရေးပါတဲ့စာအုပ်ဖြစ်တယ်။ Gnostic rivals အယူကို ချေပတဲ့ ကနဦးခရစ်ယာန်စာအုပ်ဖြစ်တယ်။ သူ့စာအုပ်မှာ သခင်ယေရှုခရစ်ဟာ သခင်ဘုရား၊ ဘုရားသခင်၊ ကယ်တင်ရှင်နဲ့ ဘုရင်ဖြစ်တယ်”။ ခရစ်တော်ဟာ လူအပေါင်းတို့ရဲ့ အထက်မှာ ဘုရားသခင်၊ ထာဝရဘုရား၊ ထာဝရဘုရင်၊ တမန်တော်တွေနဲ့ ပရောဖက်တွေပြောတဲ့ လူ့ဇာတိခံယူတဲ့ နှုတ်ကပတ်တော်ဖြစ်တယ်။ တခြားသူတွေလို လူသာမန်မျှသာဖြစ်မယ်ဆိုရင် ကျမ်းစာက ဒီလိုသက်သေ အထောက်အထားတွေကို ရေးထားမှာမဟုတ်ဘူး။ Hippolytus ဟာ ဒုတိယရာစုရဲ့ ကျမ်းစာပညာရှင် ယုံကြည်ခြင်း တရားကို ကွယ်ကာသူဖြစ်တယ်။ gnostic heresy ရဲ့ အဓိပ္ပါယ်မရှိတဲ့သွန်သင်ချက်ကို ထောက်ပြ ရှင်းပြရာမှာ သူ့စာအုပ်ရဲ့သိပ်ကောင်းတဲ့စာအုပ်ဖြစ်တယ်။ သူက “ခရစ်တော်ဟာ အရာအားလုံးရဲ့အထက်မှာ ဘုရားသခင် ဖြစ်တဲ့အတွက် အားလုံးအထက်က ဘုရားသခင်ဖြစ်တယ်။ ဒါကြောင့် သူကရဲရဲဝံ့ဝံ့ပြောတယ်။ ငါ့ခမည်းတော် ပေးသမျှအရာအားလုံး ငါခံရတယ်။ အရာအားလုံးရဲ့အထက်မှာရှိတဲ့ဘုရားသခင်ဖြစ်တယ်။ ဖွားမြင်ခြင်းခံတယ်။ လူ့ဇာတိခံယူတယ်။ ဒါပေမယ့် အစဉ်အမြဲ ဘုရားသခင်ဖြစ်တယ်။ ဒါကြောင့် အနန္တတန်ခိုးရှင်ခရစ်တော်အဖြစ် နာမည်ရတယ်။ (Hippolytus, 190)

Clement of Alexandira ကလည်း Justin Martyr လိုပဲ ဂရိလူမျိုးတယောက်ဖြစ်တယ်။ ခရစ်ယာန် ဖြစ်လာတယ်။ ကျမ်းတတ်တယောက်ဖြစ်တယ်။ သူ့ရဲ့ နောက်ဆုံးဆရာကတော့ Pantaenus ရဲ့ ဟောပြောခြင်းအားဖြင့် ပြောင်းလဲလာတယ်။ Exhortation to the Greeks ဆိုတဲ့ အစမှာနှုတ်ကပတ်တော်၊ နောက်မှာ ခရစ်တော်” ဖြစ်တဲ့ လူသားတွေရဲ့ အစအဦးအတွက် လူတွေရဲ့အကျိုးအတွက် သူက ဘုရားသခင်ဖြစ်လို့ လူ့ဇာတိခံယူတယ်။ ကိုယ်တော် တပါးတည်းသာလျှင် ဘုရားနဲ့လူ အပြည့်အဝဖြစ်တယ်။ ကောင်းမြတ်စုံလင်တဲ့ အရာအားလုံးရဲ့ မူလလည်းဖြစ်တယ်။”

ဒါကြောင့် သူကလည်း တခြားကျမ်းစာရေးတဲ့ ပညာရှင်တွေနည်းတူ ဘုရားဇာတိကိုထောက်ခံသူဖြစ်တယ်။ AD3rd နဲ့ 4th  ရာစုတွေမှာ ခရစ်တော် ဘုရားဖြစ်ကြောင်းကို ထောက်ခံရေးသားကြတဲ့ လေးစားစရာကောင်းတဲ့ ဆရာတွေ ရှိခဲ့ကြတယ်။ Novatian ဟာ ၃ရာစုနှစ်ရဲ့ ကျမ်းတတ်ပညာရှင်ဖြစ်တယ်။

သူက ခရစ်တော်ဟာ ဘုရားဖြစ်တယ်လို့ ကျမ်းစာက အများကြီးပြောထားတယ်။ သခင်ယေရှုဟာ လူ့ဇာတိခံယူပြီး ဘုရားသခင်လည်းဖြစ်တယ်။ (Novatian, 235)

Tertullian ဟာ  A.D. 200 လောက်က ကျမ်းပြုဆရာတယောက်ဖြစ်တယ်။ လက်တင်လိုရေးတဲ့ ပထမဦးဆုံးသောဆရာလည်းဖြစ်တယ်။ သူဟာ ထူးခြားပြောင်မြောက်တဲ့စာတွေ အများကြီးရေးခဲ့တယ်။ Tertullianက “သခင်ယေရှုဟာ လူလည်းဖြစ် ဘုရားသခင်လည်းဖြစ်တယ်။ လူ့အပိုင်းက မွေးဖွားလာရတယ်။ ဘုရားအပိုင်းက မွေးဖို့မလိုဘူး။ ဘုရားနှစ်ဆူ ဒါမှမဟုတ် သခင်နှစ်ပါးလို့ ဘယ်တော့မှမသုံးဘူး။ ခမည်းတော်က ဘုရားသခင်ဖြစ်တယ်။ သားတော်က ဘုရားသခင်ဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်က ဘုရားသခင်ဖြစ်တယ်။ တပါးစီက ဘုရားသခင်ဖြစ်တယ်။” (Tertullian, 215)

Athanasius ဟာ ကနဦးအသင်းတော် စာရေးသူတွေထဲမှာ ကျွန်တော်နောက်ဆုံးလေ့လာမိသူဖြစ်တယ်။ Athanasian ယုံကြည်ချက်ကို ပြုစုရေးသားတဲ့ ထင်ရှားသူဖြစ်တယ်။ Athanasian Creedဟာ သုံးပါးတဆူကို ထူးခြားပြောင်မြောက်စွာ ထောက်ခံရေးသားချက်လည်းဖြစ်တယ်။ Athanasian Creed မှာ Athanasian က ခမည်းတော်ဘုရားသခင်လိုပဲ သူ့ရဲ့နှုတ်ကပတ်တော်ကလည်း အားလုံးအထက်မှာဘုရားဖြစ်တယ်။” (Athanasius, circa 290 -370) ဒါက ခရစ်တော်ဘုရားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ထောက်ခံအတည်ပြုတဲ့အချက်ဖြစ်တယ်။

ကနဦးခရစ်ယာန်စာရေးဆရာ၊ သင်းအုပ်ဆရာ၊ ဓမ္မပညာရှင်၊ ယဇ်ပရောဟိတ်တွေနဲ့ ကျမ်းပြုဆရာတွေက ယေရှုခရစ်ဟာ ကယ်တင်ရှင်၊ ဘုရားသခင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တယ်ဆိုတာကို သက်သေထင်ရှားစွာ ပြနေကြတယ်။

Conclusions  နိဂုံး

ခရစ်တော်ရဲ့ဘုရားဇာတိအကြောင်း သေချာခိုင်လုံဖို့ရန်အတွက် ဒီစာအုပ်ကို လေ့လာရေးသားခဲ့ပါတယ်။ ခရစ်တော်ဘုရားဖြစ်ကြောင်း အဓိကသက်သေအများကတော့ သမ္မာကျမ်းစာထဲမှထုတ်နှုတ်ထားပါတယ်။ ဒါပေမယ့် ကနဦးအသင်းတော်ဖခင်များရဲ့ သဘောတူညီချက်များ ရေးသားတဲ့စာပေများကလည်း အထောက်အကူအဖြစ် ထုတ်နှုတ်ထားပါတယ်။ ဒီလေ့လာချက်တွေရဲ့အခြေခံအဖြစ်နဲ့တော့ သမ္မာကျမ်းစာဟာ အမှားမရှိ မေ့ရွလျော့နိုင် အလုံးစုံမှန်ကန်တဲ့ စီရင်ဆုံးဖြတ်နိုင်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်။ ယုံကြည်ခြင်းအတွက် လက်တွေ့ ကျင့်သုံးဖို့ရန် အတွက် မပြောင်းလဲနိုင်တဲ့စံဖြစ်တယ်ဆိုတာ အခြေခံအချက်ပေါ်မှာ အဓိကထားလေ့လာခဲ့ပါတယ်။

နာဇရက်မြို့သား ယေရှုခရစ်ဟာ ဘုရားသခင်ဖြစ်တယ်။ အနန္တတန်ခိုးရှင်ဖြစ်တယ်။ မပြောင်းလဲနိုင်တဲ့ ဖန်ဆင်းရှင် စကြဝဠာကိုအုပ်စိုးသူဖြစ်တယ်။ သခင်ယေရှုခရစ်ဟာ ယနေ့ မနေ့ နောင်ကာလ အစဉ်အမြဲဘုရားသခင် ဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ခရစ်တော်ဘုရားဖြစ်ကြောင်းသက်သေပြဖို့ အဓိကအချက် ရ ချက်ကိုလေ့လာခဲ့ပါတယ်။  First, ကြီးမြတ်သောဘုရားနဲ့ ငါတို့ရဲ့ကယ်တင်ရှင်။ (တိတု 2:13) Second, လူ့ဇာတိခံသောဘုရားသခင် ကယ်တင်ရှင်ဖြစ်ကြောင်း ကျမ်းစာရဲ့ပရောဖက်ပြုချက်များ။ Third, သခင်ယေရှုရဲ့နာမတော်နဲ့ ဘွဲ့တော်များ။ Fourth, သခင်ယေရှုကိုယ်တိုင်က သူဘုရားဖြစ်ကြောင်းပြောဆိုမှုများ “အာဗြံဟံမဖြစ်မှီ ငါဖြစ်တယ်” လို့ ပြောဆိုခြင်းဟာ သူ ဘုရားဖြစ်ကြောင်း ရှင်းလင်းစွာပြဆိုတာဖြစ်တယ်။ Fifth, ခရစ်တော်ရဲ့အပြစ်ကင်းစင်ပြီး စုံလင်တဲ့အသက်တာ၊ လူသာမန်တွေမွေးဖွားတာနဲ့မတူတဲ့ဖြစ်ရပ်၊ ရှင်းပြလို့မရနိုင်အောင် သဘာဝထက် သိပ္ပံထက် သာလွန်နက်နဲတဲ့ဖြစ်ရပ်များ လူတွေလိုက်မမှီနိုင်အောင် ထူးခြားပြီး အတ္တကင်းပြီးစွန့်လွှတ်ခဲ့တဲ့ချစ်ခြင်းမေတ္တာ သေခြင်း ရှင်ပြန်ထမြောက်ခြင်း ကောင်းကင်ပြန်လည်တက်ကြွခြင်းနဲ့ ပြန်ကြွလာမှာတွေဟာ သူ့ရဲ့ဘုရားဖြစ်ကြောင်း သက်သေအဖြစ်ထောက်ပြခဲ့တယ်။   Sixth, ဘုရားဂုဏ်တော်တွေဟာ ခရစ်တော်နဲ့ဘုရားသခင် ဂုဏ်တော်အတူ ရှိတာကို ထောက်ပြခဲ့တယ်။ ဒီဂုဏ်တော်များဟာ ကျမ်းစာထဲမှာ ထာဝရဘုရားသခင်တပါးတည်းသာ ပိုင်ဆိုင်တဲ့ ဂုဏ်တော်ဖြစ်တယ်။ ဒါပေမယ့် သခင်ယေရှုကိုလည်း ဒီဂုဏ်တော်တွေပိုင်ဆိုင်ကြောင်း တွေ့ရတယ်။ Seventh, သခင်ယေရှုဟာ လူ့ဇာတိခံတဲ့ဘုရားဖြစ်ကြောင်းကို ကနဦးအသင်းတော်ရဲ့ ထူးခြားတဲ့ယုံကြည်ခြင်းတွေ သဘောတူညီချက်တွေကို ထောက်ပြလေ့လာခဲ့တယ်။ ခရစ်တော်ဘုရားသခင်ဖြစ်တာထက် ပိုပြီး အခြေခံကျတဲ့ တရားမရှိပါဘူး။ ကနဦးအသင်းတော်ကလည်း မှားယွင်းတဲ့သွန်သင်ချက်တွေရဲ့ကြားထဲမှာ ခုခံကာကွယ်ရင်းနဲ့ ခရစ်တော်ဘုရားဖြစ်ကြောင်း ထောက်ပြခဲ့ကြတယ်။

ဒီစာအုပ်ငယ်လေးဟာ ခရစ်တော်ဘုရားသခင်ဖြစ်ကြောင်းကို ခိုင်ခိုင်မာမာသိရှိသွားစေမယ့် ကောင်းကြီး ဖြစ်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ခရစ်တော်ဟာ ဘုရားဖြစ်ကြောင်းကိုငြင်းဆန်တဲ့ အယူလွဲတဲ့သူတွေ၊ လမ်းလွဲတဲ့သူတွေအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ “မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက့်ရွံသောသဘောနှင့်ပြန်ပြောခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။” ၁ပေ ၃း၁၅။ ဒီကျမ်းစာထဲက အကြောင်းအရာကိုလေ့လာတဲ့အခါ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ထဲမှာ ထိထိတွေ့တွေ့ ခံစားရတယ်။ ကားတိုင်မှသည် ပလ္လင်တော်ေ့ရှအထိ လျှောက်ရာလမ်းတလျှောက်မှာ ခရစ်ယာန်တယောက်အတွက် ကျမ်းစာထဲက စားနုပ်စားပေါက်လေးတွေ ဘုရားသခင်ချထားပေးပါလိမ့်မယ်။ ချထားပေးပါတယ်။ ငရဲမှာ ပေးဆပ် ရမယ့် ဝေဒနာတွေနဲ့ ဒဏ်ကြွေးတွေအတွက် ကိုယ်ကိုကိုယ်လက်ဆောင်အဖြစ်ပေးဆပ်ခဲ့တဲ့ ကယ်တင်ရှင်၊ ဘုရားသခင်၊ ရှင်ဘုရင်၊ ယဇ်ပရောဟိတ်၊ ပရောဖက်ဖြစ်တယ်။ သခင်ယေရှုခရစ်အကြောင်းကို နှုတ်ကပတ်တော်ရဲ့ အလှပန်းချီကားထဲမှာ ကျွမ်းကျင်လှပတဲ့သက်သေအနေနဲ့ ဘုရားသခင်က မွှန်းချယ်ထားတာတွေ့ရတယ်။ ဒီအလှတရားဟာ ဇာတိလူမဟုတ်တဲ့လူ သန့်ရှင်းသောဝိညာဉ်တော် ဖေါ်ပြခြင်းခံရတဲ့သူပါ။ မြင်နိုင်တဲ့ အလှတရား တခု ဖြစ်တယ်။ ဘုရားသခင်ကိုယ်တိုင် မြေပေါ်မှာတံထွေးထွေးပြီး ့ရွှံစေးနဲ့နယ် ကမ်းတဲ့သူရဲ့ မျက်စေ့မှာ သုတ်လိမ်းရင် မျက်စိပြန်မြင်ရတာနဲ့တူတယ်။ ဒီကျမ်းစာကပြောထားတဲ့ အလှပန်းချီကားရဲ့ အ့ံဩဖွယ်ရာ အပြောက် အမွှန်းတွေက ပြောနေတဲ့စကားကတော့  ယေရှုခရစ်တော်ဟာ ဘုရားသခင် ဖြစ်တယ်ဆိုတဲ့ စကားထက် အလှဆင်မွှန်းချယ်ထားတာဖြစ်တယ်။ ကိုယ်တော်ရဲ့ သန့်ရှင်းတဲ့နာမတော်ကို ချီးမွမ်းစရာဖြစ်ကြစေ။ Praise His Holy Name.
By Dr. Peter L. Banfe