Friday, March 23, 2018

PRAYER by Dr. John R. Rice- Chapter 05

 အခန်း ၅

စားဝတ်နေရေးအတွက် ဆုတောင်းခြင်း

PRAYING FOR DAILY BREAD

Dr. John R. Rice

 ၁။ အစားအစာ၊ အဝတ်အထည်၊ ငွေကြေး၊ မော်တော်ကားနဲ့ တခြားအရာတွေ တောင်းယူခြင်း

သခင်ယေရှုက တပည့်တော်တွေကို ပဌနာတော်ကို သင်ပေးတယ်။ “အသက်မွေးလောက်သော အစာကို ယနေ့ ပေးသနားတော်မူပါ။” (လုကာ ၁၁း ၂၊ ၃)
 နေ့စဉ်စားစရာအတွက် ဆုတောင်းဖို့ သွန်သင်တယ်။ စားစရာသာမက တခြားလိုတာတွေလည်း ဆုတောင်းဖို့ ဖြစ်တယ်။ မသဲ ၆း ၉- ၁၃ မှာ ပဌနာတော်ကို တွေ့ရတယ်။ “အသက်မွေးလောက်သော အစာကို ယနေ့ ပေးသနားတော်မူပါ။” ဒီအခန်းမှာပဲ မြေကြီးပေါ်မှာ စည်းစိမ်ဥစ္စာ မစုဆောင်းဖို့ မှာတယ်။ “အဘယ်သို့ စားရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်။” မသဲ ၆း ၂၅။ ကောင်းကင်ငှက်တွေအတွက်၊ အစာနဲ့ တောနှင်းပန်းတွေအတွက် အဝတ်ကို ဘုရားသခင် ပြင်ဆင်ပေးထားတယ်။ နေ့စဉ်အစာနဲ့ တခြားလိုတာတွေအတွက် ဆုတောင်းဖို့ လိုတယ်။ ကိုယ်ခန္ဓာလိုအပ်ချက်တွေအတွက် ဆုတောင်းဖို့ လိုတယ်။ နေ့စဉ်စားစရာအတွက် ဆုတောင်းခိုင်းတာဟာ ဘုရားက ပေးချင်လွန်းလို့ ဖြစ်တယ်။ ရဲရဲတောင်းသင့်တယ်။
နေ့တိုင်းစားစရာအတွက် ဘုရားပေးလေ့ရှိတာကို ကျမ်းစာထဲမှာ အံ့ဖွယ်နမိတ်လက္ခဏာတွေအဖြစ် တွေ့ရတယ်။
အစ္စရေးလူမျိုးတွေကို တပတ်မှာ ၆ ကြိမ်၊ နှစ်ပေါင်း ၄၀ လုံးလုံး မန္နမုန့် ကျွေးတယ်။ ထွက် ၁၆း ၃၅။ နေ့တိုင်း ဘုရားကြွေးတာ သတိရစေချင်လို့ အသန့်ရှင်းဆုံးဌာနမှာ မန္နမုန့်အိုးကို သိမ်းစေတယ်။ ဘုရားစေတနာကို သားစဉ်မြေးဆက် သတိရစေဖို့ ဖြစ်တယ်။ ထွက် ၁၆း ၃၂- ၃၄။ အစ္စရေးတွေဟာ အနှစ် ၄၀ လုံး အဝတ်မနွမ်း၊ ဖိနပ်မပြတ်ဘူး။ တရားဟော ၂၉း ၅။ အသားစားချင်တော့ ငုံးတွေ ချပေးတယ်။ ထွက် ၁၆း ၁၃။ တောလည် ၁၁း ၃၁။ ရေဆာတော့ ကျောက်ထဲက ရေပေးတယ်။ တောလည်ရာ ၂၀း ၁၁။ မာရအရပ်မှာ ခါးတဲ့ရေကို ချိုစေတယ်။ ထွက် ၁၅း ၂၅။
အစားအစာနဲ့ အဝတ်အထည်တွေကို ဆုတောင်းယူနိုင်တယ်။ ရှံဆုံက ဖိလိတ္တိလူ ၁၀၀၀ ကို သတ်ချိန်မှာ ရေဆာလို့ သေမတတ်ဖြစ်တယ်။ ဘုရားက ရေကို စီးလာစေတယ်။ တရားသူကြီး ၁၅း ၁၅- ၁၉။
ဧလိယကို ကျီးအတွေလွှတ်ပြီး အစာကျွေးတယ်။ ၃ရာ ၁၇း ၃- ၆။ ကျီးအတွေက တနေ့ ၂ ကြိမ် မုန့်နဲ့အသား ယူလာပေးတယ်။ အဲဒီနောက် ဇရတ်ပမြို့မှာ မုဆိုးမရဲ့ လက်တဆုပ်စာ မုန့်နဲ့ဆီကို ကောင်းကြီးပေးပြီး ကြွယ်ဝစေတယ်။ ၃ရာ ၁၇း ၉- ၁၆။ လူတွေရဲ့ စားဝတ်နေရေးကို ဘုရားက စိတ်ဝင်စားတယ်။ ပေးသနားတယ်။ စိတ်ဓါတ်ကျနေတဲ့ ဧလိယကို ကောင်းကင်တမန်အားဖြင့် မုန့်နဲ့ရေ ပေးတယ်။ ၃ရာ ၁၉း ၅- ရ။
သခင်ယေရှုကိုယ်တိုင်လည်း နေ့စဉ်လိုအပ်မှုတွေအတွက် နမိတ်လက္ခဏာတွေ ပြတယ်။ ပထမဆုံး နမိတ်လက္ခဏာက ဂါလိလဲပြည် ကာနမြို့မင်္ဂလာဆောင်ပွဲမှာ ရေမှ စပျစ်ရည် ဖြစ်စေတယ်။ ယောဟန် ၂း ၁- ၁၀။ ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကို အမှုတော်အတွက် ခေါ်ချိန်မှာ ရေနက်ရာအရပ်သို့ ရွေ့ဦးလော့။ ပိုက်ချခိုင်းတဲ့အခါ ငါးအများကြီး ဖမ်းမိတယ်။ ပိုက်ကွန်စုတ်ပြတ်မတတ် ဖြစ်ရတယ်။ လုကာ ၅း ၄- ၈။ ဒါက အစားအစာအတွက် ဖြစ်တယ်။ လူ ၅၀၀၀ ကို မုန့် ၅ လုံး၊ ငါး ၂ ကောင်နဲ့ ကျွေးခဲ့တယ်။ လူ ၄၀၀၀ ကိုလည်း ကျွေးခဲ့တယ်။ ဒါတွေက အစားအသောက်နဲ့ ပါတ်သက်တဲ့ နိမိတ်လက္ခဏာတွေ ဖြစ်တယ်။ ရှင်ပြန်ထမြောက်ပြီးတဲ့အခါ ဂါလိလဲပြည်ကို သွားတယ်။ တပည့်တော်တွေ တညလုံး ငါးဖမ်းပေမယ့် မရဘူး။ ငါးရစေချိန်မှာ ငါးကြီး ၁၅၃ ကောင်ရကြတယ်။ ယောဟန် ၂၁း ၁၁။
အဲဒီအချိန်မှာ သခင်ယေရှုက မီးဖိုပြီး သူတို့ကို အိုင်နဘေးမှာ နံနက်စာ ပြင်ပေးတယ်။ ယော ၂၁း ၅- ၁၂။ သခင်ဘုရားက အစားအစာကို စိတ်ဝင်စားပြီး၊ ဆာလောင်သူတွေကို ကျွေးမွေးတယ်။
ဖိလိပ္ပိမြို့သားတွေက အစားအစာ ပို့တဲ့အခါ ရှင်ပေါလု ဝမ်းသာတယ်။ ဧပဖြောဒိတ်လက်မှ ရလို့ အားလုံး ပြည့်စုံနေတယ်လို့ ဆိုတယ်။ မွှေးကြိုင်သောအနံ့နဲ့ ဘုရားသခင် နှစ်သက်တဲ့ယဇ် လို့ဆိုတယ်။ ဘုရားသခင်က သင်တို့ လိုသမျှကို ဖြည့်စွမ်းပေးမယ်လို့ ဆိုတယ်။ ဖိိလိပ္ပိ ၄း ၁၈- ၁၉။ ဒီအစားအစာတွေဟာ ကောင်းကင်က ပေးသလို ရှင်ပေါလု ခံစားရတယ်။ ဒီအကျိုးကို သူတို့ ပြန်ခံစားရဦးမယ်လို့ ဂတိပေးတယ်။
ကိုယ်ခန္ဓာနဲ့ ပါတ်သက်တဲ့ အရာတွေ မရနိုင်ဘူးလို့ ထင်နေသူတွေ ရှိတယ်။ တချို့က လောကီ ကောင်းကြီးဆိုတာ အစ္စရေးတွေအတွက်ပါ။ ခရစ်ယာန်က ကောင်းကင်အရာပဲ ရမယ်လို့ ဆိုတယ်။ ဒါက မယုံကြည်လို့ အကြောင်းပြတာပါ။ လူကောင်းတချို့လည်း ဒီလို ပြောတတ်တယ်။ ဒီစကား မမှန်ဘူး။ ဓမ္မသစ်ခေတ်မှာလည်း ဓမ္မဟောင်းခေတ်လိုပဲ ယုံကြည်သူတွေကို ဘုရားက ကျွေးမွေးချင်တယ်။ ဘုရားသခင်က မပြောင်းလဲဘူး။ ယာကုပ် ၁း ၁၇ မှာ “ကောင်းမြတ်စုံလင်သော ဆုကျေးဇူး ရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်မှ သက်ရောက်ရ၏။ ထိုအဘသည် ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။” ဘုရားက စိတ်မပြောင်းလဲဘူး။ ခရစ်ယာန်တွေကို မ,စချင်သေးတယ်။ သားသမီးတွေကို ဂရုစိုက်နေဆဲပဲ။ ပြောင်းလဲမသွားဘူး။
ဝိညာဉ်ရေးကောင်းကြီးတွေကို ဘုရားပေးတာ မှန်ပါတယ်။ ဒါပေမယ့် နေ့စဉ်လိုအပ်နေတဲ့ လောကီအရာတွေကိုလည်း ဘုရားပေးချင်တယ်။
ဂျော့ချ်မူးလယ် George Muller ရဲ့ ဘဝအကြောင်းကို ဖတ်ကြည့်ရင်  အင်္ဂလန်နိုင်ငံ၊ ဘရစ်စ်တိုမြို့မှာ မိဘမဲ့ဂေဟာတွေ ဆောက်တယ်။ ကလေး ၂၀၀၀ ကျော်တယ်။ အဆောက်အဦဆောက်ဖို့၊ နေ့စဉ် စားဖို့၊ အမှုတော်ဆောင်လစာ စတာတွေအတွက် လိုငွေကို အလှူမခံဘဲ၊ ဘယ်သူ့ကိုမှ မတောင်းဘဲ ဆုတောင်းပြီး ဖြေရှင်းတယ်။ အမှုတော်ဆောင် ရာချီပြီး ပံ့ပိုးနိုင်တယ်။ ကျမ်းစာအုပ် ထောင်ချီပြီး ဝေနိုင်တယ်။ ဝေစာ သန်းနဲ့ချီပြီး ထုတ်ဝေတယ်။ မိဘမဲ့ဂေဟာတွေ ဆောက်တယ်။ သူ့အသက်တာမှာ ဆုတောင်းပြီး ဒေါ်လာ ခုနှစ်သန်း ရခဲ့တယ်။ ဘယ်သူ့ကိုမှ အလှူမခံ၊ အကူအညီ မတောင်းခဲ့ဘူး။ (George Muller of Bristol ဆိုတဲ့ A. T. Pierson ရေးတဲ့ စာအုပ်)
ဆုတောင်းရင် အစားအစာ၊ အဝတ်အထည်နဲ့ လိုအပ်သမျှ ဘုရားပေးတယ်ဆိုတာ ဂျော့ချ်မူးလယ်က သက်သေပြခဲ့ပြီ။
လောကီအရာတောင်းတာဟာ ဝိညာဉ်သဘောမရှိတာလို့ မယူဆပါနဲ့။ နေ့စဉ်စားဖို့ ဆုတောင်း အဖြေရသူဟာ သူတပါး ကယ်တင်ခြင်းရဖို့လည်း ပိုဆုတောင်းချင်လာတယ်။
ဘုရားသခင်က သားတော်ကိုပင် ပေးခဲ့တယ်။ လောကီလိုအပ်ချက်တွေကိုလည်း ပေးချင်တယ်။ ရောမ ၈း ၃၂ မှာ “သားတောရင်းကို မနှမြောဘဲ၊ ငါတို့ရှိသမျှ အဖို့အလို့ငှါ စွန့်တော်မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။”

၂။ အစားအစာအတွက် ဆုတောင်းခြင်း အဖြေများ

ဒါက သီအိုရီမဟုတ်ဘူး။ လက်တွေ့ဖြစ်တယ်။ ဒါဝိဒ်က “ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရား နားထောင်၍” ဆာလံ ၃၄း ၆။ “ခြင်္သေ့တို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကိုခံရသော်လည်း၊ ထာဝရဘုရားကို ရှာသောသူတို့၌ ကောင်းသောအရာ တစုံတခုမျှ မလိုရာ။” ဆာလံ ၃၄း ၁၀။ နေ့စဉ်လိုသမျှကို ဆုတောင်းလို့ အဖြေရကြတာတွေ အများကြီးရှိတယ်။ ဘုန်းတော်ထင်ရှားတယ်။ ယုံကြည်သူတွေ ခွန်အားရကြတယ်။ ၁၉၁၆ ခု၊ ဇန်နဝါရီမှာ ကျွန်တော့အသက် ၂၀။ Texas ပြည်နယ်အနောက်ပိုင်းက နွားမွေးတဲ့ Dundee မြို့မှာ ယာခင်းကြီး ရှိတယ်။ ကျောင်းနေဖို့ ဘုရားနိုးဆော်တယ်။ ဒါပေမယ့် ကျောင်းစရိတ် မရှိဘူး။ အဖေ့မှာလည်း မရှိဘူး။ ကျွန်တော့မှာတော့ မြင်းတကောင်နဲ့ မြင်းကုန်းနှီးအပြင် ၉ ဒေါ်လာနဲ့ ၃၅ ဆင့်ပဲ ရှိတယ်။ ဘဏ်မှာ ငွေချေးဖို့ ကြိုးစားတယ်။ သူငယ်ချင်းတွေကို အကူအညီတောင်းတယ်။ မြင်းရောင်းဖို့ ကြိုးစားတယ်။ ဒါပေမယ့် စီးပွါးပျက်တဲ့ ကာလဆိုတော့ မြင်းလည်း ရောင်းမရ။ ပိုက်ဆံလည်း ချေးမရဘူး။ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဆီးနှင်းတွေကျပြီး အရမ်းအေးတယ်။ ဒီအချိန်မှာ ဆုတောင်းဖို့ တောင်ကုန်းလေးကို တက်သွားလိုက်တယ်။ မျက်နှာအပ်ပြီး ဆုတောင်းတယ်။ “တတ်နိုင်သမျှ လုပ်ပြီးပြီ ကိုယ်တော်။ ဧဝံဂေလိတရားလည်း ဟောချင်တယ်။ ဓမ္မသီချင်း အဆိုတော်လည်း ဖြစ်ချင်တယ်။ ဒါမှမဟုတ် ကိုယ်တော်အလိုရှိရာ တခုခု လုပ်ပါမယ်။ ဆယ်ဖို့တဖို့လည်း အမြဲပေးမယ်လို့ ဂတိပေးလိုက်တယ်။ ပေးချင်တဲ့စိတ်ကလည်း ဘုရားထံကလာတာပဲ ဖြစ်မယ်။ ကျောင်းစရိတ်ကို မ,စပါ။ အလိုတော်အတိုင်း ဖြစ်ပါစေ” လို့ ဆုတောင်းလိုက်တယ်။
အဲဒီအချိန်က Dr. R. A. Torrey ရဲ့ How to pray ဆုတောင်းနည်း ဆိုတဲ့စာအုပ်ကို ဖတ်ဖူးတယ်။ ဒီစာအုပ်ကို ခရစ်ယာန်တိုင်း ဖတ်သင့်တယ်။ အမေသေတော့ သူ့လက်ဆွဲအိပ်ကလေး ပို့လိုက်ဖို့ အဖေ့ကို မှာသွားတယ်။ အဲဒီနောက် Texas ပြည်နယ်က Decatur ကောလိပ်ကို သွားတက်တယ်။
ဆုတောင်းတယ်။ ၂၅ မိုင်လောက် ရောက်တဲ့အခါ Texas ပြည်နယ်၊ Archer မြို့က Power State ဘဏ်ကို ရောက်တယ်။ ဘဏ်ငွေကိုင်ကို “ကျောင်းတက်ချင်လို့ မြင်းပေါင်ချင်တယ်” လို့ ပြောလိုက်တယ်။ သူက မြင်းကို မကြည့်ဘဲ “ဘယ်လောက်လိုချင်လဲ” ဆိုပြီး ချက်လက်မှတ်ကို ဆွဲယူတယ်။ တော်တော်အံသြစရာပါ။ တခါမှ မကြုံဖူးဘူး။ “ကျောင်းစရိတ် ပထမအရစ် ဒေါ်လာ ၆၀ လိုတယ်။” ဆိုတော့ …. “ဘယ်လောက်ကြာရင် ပြန်ဆပ်မလဲ” တဲ့။ “၆ လ” လို့ သီးနှံရိတ်မယ့်အချိန်ကိုမှန်းပြီး ပြောလိုက်တယ်။ သူက ၆ လ အချိန်ပေးပြီး၊ ဒေါ်လာ ၆၀ ထုတ်ပေးတယ်။ ဘဏ်ကိုလာတဲ့ တခြားတယောက်က “Mr. Power ခင်ဗျားပြောတော့ ကြပ်တည်းတဲ့ အချိန်မို့ ၃ လထက်ပိုပြီး ဘယ်သူ့ကိုမှ မချေးနိုင်ဘူး .. ဆို။” လို့ ပြောလာတယ်။
“ဒါပေမယ့် ဒီကောင်လေးက ငါ့မိတ်ဆွေရဲ့ သားကွ” လို့ ဘဏ်အရာရှိက ဖြေတယ်။ သူကို ကူညီဖူးတာက စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ ကိုင်းကူး ကိုင်းဆက်နည်းလေး ပြောပြဖူးတာပါ။
ကောလိပ်ရောက်တော့ ကျောင်းအုပ်ဆရာကြီးက အလုပ်မရှိဘူး လို့ ပြောပေမယ့် ဘုရားက အလုပ်တခု ပေးတယ်။ နွားနို့ညှစ်ရတယ်။ စားပွဲထိုးလုပ်ရတယ်။ ဒါပေမယ့် ကျောင်းလစာပေးရမယ့်အချိန် ရောက်ပြန်တော့ အသည်းအသန် ဆုတောင်းရတယ်။ မကြာခင်မှာ Dr. J. L. Ward က ခေါ်တယ်။ သူက သိပ်သဘောကောင်းတယ်။ ကောင်းကြီးပါပဲ။ “John ကျောင်းနောက်ကျတဲ့ ကျောင်းသားတွေကို သချင်္ာသင်ပေးနိုင်မလား။ အက္ခရာနဲ့ ဂျော်မက်တြီမှာ ညံ့နေတယ်။” လို့ ပြောတယ်။ စာသင်ရတယ်။
ဒါပေမယ့် အကျီ င်္၊ ဘောင်းဘီတွေက ပေါက်ပြဲနေတယ်။ ညမှာ ဘောင်းဘီအပေါက် ဖာရတယ်။ ပါးလွန်းတော့ မခိုင်တော့ဘူး။ လမ်းလျှောက်ရင် အဖါရာကွယ်ဖို့ ဦးထုပ်နဲ့ ကာရတယ်။
တညတော့ အခန်းဖေါ် Riley Whatley ကို ပြောတယ်။ “အကျင်္ ီမရှိရင်တော့ ကျောင်းထွက်ရတော့မယ်။ အကျင်္ီတွေက ဖါရာတွေနဲ့ချည်းပဲ။” Riley က ဆုတောင်းဖို့ အကြံပေးတယ်။ အခန်းဖေါ် ၃ ယောက် ဆုတောင်းကြတယ်။ ဘုရားက စိတ်ချမှုပေးတယ်။ အဲဒီညက သောကြာညပါ။ တနင်္ဂနွေနေ့ခင်းမှာ ဟိုအဝေး Texas ပြည်နယ် Gainesville မှာနေတဲ့ ဦးလေးက ဖုန်းခေါ်တယ်။ သူက စေတနာကောင်းတယ်။ သဘောကောင်းတယ်။ “John အဝတ်အစားဝယ်ဖို့ ငွေဘယ်လောက်လိုလဲ” လို့ မေးလာတယ်။ “ကျွန်တော့မှာ အဝတ်အစားဝယ်ဖို့ ငွေလိုတာ ဦးလေး ဘယ်လိုသိသလဲ” လို့ မေးလိုက်တယ်။ “ဟာ ….  ကျောင်းသားတွေမှာ အကျင်္ ီအဝတ်အစား အမြဲလိုတာပဲ” လို့ ပြောလာတယ်။ ၁၅ ဒေါ်လာ လိုတယ်လို့ ပြောတဲ့အခါ ချက်လက်မှတ်မှာ ဒေါ်လာ ၂၀ ပေးတယ်။ အကျင်္ီအပြာရောင်တထည်၊ ဦးထုပ်တလုံး၊ ဖိနပ်တရံကို ဒေါ်လာ ၂၀ နဲ့ ဝယ်လိုက်တယ်။ နောက်ပိုင်းမှာ အဲဒီငွေတွေအားလုံး ပြန်ဆပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဆုတောင်းရင် ရတယ် ဆိုတာက စိတ်ပျော်စရာ ဖြစ်လာတယ်။ ကောလိပ်၊ တက္ကသိုလ်နဲ့ ကျမ်းစာကျောင်း ၂ နှစ် တက်ချိန်မှာပါ ပိုက်ဆံမရှိလို့ ကျောင်းမတက်ရတာမျိုး မရှိတော့ဘူး။ ကျောင်းတက်ဖို့ ေထောက်ပံ့တဲ့သူ ရှိနေတဲ့ဘဝမျိုးပါ။
ဘုရားသခင်က မပြောင်းလဲဘူး။ ဆုတောင်းသံကို နားထောင်ပေးနေတယ်။ ၁၉၄၁၊ ဇန်နဝါရီလ Nebraska ပြည်နယ် Grand Island မှာ ရေဒီယိုအစီအစဉ်တခုမှာ ဟောပြောရင်း အခုန အဖြစ်အပျက်လေးကို ပြောပြဖြစ်တယ်။ Kansas State ကောလိပ်မှာတက်နေတဲ့ ကျောင်းသားတယောက်က စိတ်ညစ်နေတယ်။ အဲဒီရေဒီယိုကို နားထောင်နေတယ်။ သူ့ကျောင်းက  မကောင်းတာ၊ အကျင့်ပျက်နေတာ၊ အယူလွဲနေတာတွေကို စိတ်ညစ်နေတယ်။ Wheaton ကောလိပ်ကို တက်ချင်နေတယ်။ ပိုက်ဆံကမရှိဘူး။ ဘုရားအဖြေပေးတာ ကြားရတော့ သူလည်း ဆုတောင်းတယ်။ အခန်းဖေါ် ဝင်လာချိန်မှာ သူ့အဝတ်အစားတွေ သိမ်းနေပြီ။ ပိုက်ဆံမရှိပေမယ့် ဘုရား မ,စမယ်လို့ သူယုံတယ်။ ကျောင်းစရိတ်နဲ့ အခန်းခကို ဘုရား ဖြည့်စွမ်းမယ်လို့ ဆိုတယ်။ ဒါနဲ့ Wheaton ကောလိပ်ကို သွားတယ်။ ရောက်ပြီး ၂ နာရီအကြာမှာ အလုပ်တခုရတယ်။ ကျောင်းစရိတ် ပေးနိုင်လာတယ်။ ဒီအကြောင်း ကျွန်တော့ကို ပြန်ပြောပြပြီး အခု ကျွန်တော့ရုံးမှာ အလုပ်လုပ်နေတယ်။
၁၉၂၆ မှာ သင်းအုပ်ဘဝ အနားယူပြီး အချိန်ပြည့် ဧဝံဂေလိ အမှုဆောင်လိုက်တယ်။ ပိုဆက်ကပ်ဖို့ လိုလာတယ်။ “ကိုယ်တော့်အလုပ်ကို ကျွန်တော်တာဝန်ယူမယ်။ ကျွန်တော့မိသားစုကို ကိုယ်တော်တာဝန်ယူပေးပါ” လို့ ဆုတောင်းလိုက်တယ်။ အသက်အာမခံ ဒေါ်လာ တသောင်းကို သုံးလိုက်တယ်။ လူကို အားမကိုးဘဲ၊ ဘုရားကိုပဲ အားကိုးဖို့ ဇနီးသည်နဲ့ သဘောတူထားကြတယ်။ ပုံမှန်လစာမရှိဘဲ အလုပ်လုပ်ဖို့ ဆုံးဖြတ်ကြတယ်။ အဲဒီ ၁၅ နှစ်လုံး ကျွန်တော့မိသားစုကို ဘုရား မ,စတယ်။ သမီး ၆ ယောက်၊ အားလုံး ၈ ယောက်ရှိတယ်။ လိုလေသေး မရှိခဲ့ဘူး။ အမှုတော်ဆောင်တွေကို ထောက်ပံ့နိုင်တယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလမှာ စာပေထုတ်ဖို့ ဒေါ်လာ ၃၆၀၀ ပေးနိုင်တယ်။ ပုံနှိပ်စရိတ် တလ ဒေါ်လာ ၁၀၀၀ ပေးရတယ်။ ရေဒီယိုအလုပ်လည်း ရှိတော့ နေ့တိုင်း ပိုက်ဆံကုန်တယ်။ ပြေလည်ပါတယ်။ ဒါတွေအားလုံးဟာ ဆုတောင်းလို့ ရတာဖြစ်တယ်။
၁၉၃၁- ၃၂ မှာ ၆ လတာ ကာလအတွင်း နေ့စဉ် ရေဒီယိုလွှင့်ရတယ်။ တနေ့ ၂၅ ဒေါ်လာကုန်တယ်။ မိသားစုစရိတ်ရှိတယ်။ စာပေထုတ်ရတယ်။ ဒါတွေကို ဆုတောင်းပြီး ဖြေရှင်းရတယ်။ ထောက်မမယ့် အသင်းတော် မရှိဘူး။ အလှုငွေမခံဘူး။ ရေဒီယိုကနေလည်း အလှုငွေထည့်ဖို့ မတောင်းခံဘူး။ ဒီရေဒီယိုဟာ စေတနာရှင်တွေနဲ့ လုပ်ဆောင်တယ်လို့ပဲ ပြောပါတယ်။ ဒါကြောင့် နေ့တိုင်း ဆုတောင်းပြီး ဖြေရှင်းရတယ်။ တနေ့တော့ ဝန်ထမ်းစရိတ် ဒေါ်လာ ၃၀ လိုတယ်လို့ ဆုတောင်းတယ်။ မနက်ပိုင်း စာတွေဝင်လာတော့ အလှုငွေ ၁၃.၅ ဒေါ်လာပါတယ်။ နေ့ခင်းစာတွေမှာတော့ အလှုငွေ မပါဘူး။ မွန်းလွဲပိုင်းစာတွေမှာလည်း အလှုငွေမပါဘူး။ ဒါပေမယ့် အဲဒီနေ့က ဒေါ်လာ ၃၀ လိုတယ်။ အဲဒီအချိန်မှာ အမျိုးသမီးတယောက် ရောက်လာတယ်။ ရေဒီယိုကြောင့် ခွန်အားရတယ်လို့ ပြောတယ်။ တဒေါ်လာ ပေးတယ်။ ဆရာ တရားဟောတာ စိတ်လှုပ်ရှားတယ်။ ဘယ်တော့မှ မမေ့ဘူးတဲ့။ ပြောရင်း မျက်ရည်ကျလာတယ်။ တဒေါ်လာ ပြန်ပေးပါ ဆိုပြီး၊ ၅ ဒေါ်လာပေးတယ်။ ကျွန်မအိမ်နီးချင်း ကက်သလစ် တယောက်လည်း ဆရာ့တရားကြောင့် ခွန်အားရတယ်၊ အခုတော့ ကယ်တင်ခြင်းရပြီနဲ့တူတယ်။ ဆရာ့ရေဒီယိုကြောင့် လူတွေ အကျိုးရှိတယ် ဆိုပြီး၊ ၅ ဒေါ်လာ ပြန်တောင်းကာ ၁၀ ဒေါ်လာပေးတယ်။ နောက်တော့ သူ့အမျိုးသားလည်း ရေဒီယိုကြောင့် ခွန်အားရတဲ့အကြောင်း သူ့အမျိုးသားကလည်း အခုအလှုငွေပေးတာကို ဝမ်းသာမယ်ထင်တယ်လို့ ပြောတယ်။ မျက်ရည်တွေဝဲလာပြီး၊ ၅ ဒေါ်လာရော၊ ၁ ဒေါ်လာရော၊ အကြွေတွေပါ ပေးသွားတယ်။ သူပြန်ပြီးနောက် ကျမ်းစာသင်ခန်းစာ ဆက်ရေးနေတယ်။ စိတ်ထဲမှာတော့ ၁၃.၅ ဒေါ်လာရယ်၊ ၁၀ ဒေါ်လာ၊ ၅ ဒေါ်လာ၊ ၁ ဒေါ်လာနဲ့ ဆင့် ၅၀ ကို ပေါင်းကြည့်တော့ ဒေါ်လာ ၃၀ အတိဖြစ်နေတယ်။ အရမ်းပျော်သွားတယ်။ လိုတာကလည်း ဒေါ်လာ ၃၀ ပဲ ဖြစ်တယ်။ ဒါကြောင့် ဆုတောင်းရင် ဘုရားက ပေးတယ်လို့ အတွေ့အကြံုအရ သိနေတယ်။
၁၉၃၂၊ ဇူလိုင်လ၊ လက်ထဲမှာ ၁၀ ဒေါ်လာအပြည့်တောင်မရှိဘဲ၊ Dallas ကို သွားတယ်။ လေဟာပြင်တရားဟောပွဲ ကျင်းပပြီး၊ အသင်းတော်သစ် စဖို့ဖြစ်တယ်။ ကူညီမယ့်သူ မရှိ။ အသိမိတ်ဆွေ မရှိ။ ထိုင်ခုံနဲ့ လျှပ်စစ်မီးအတွက် ငွေမရှိ။ မြေကွက်လပ်တခုကို ပထမအပတ်အတွက် ၅ ဒေါ်လာနဲ့ ငှါးလိုက်တယ်။ ဝိုင်းကူဖို့ နိုးဆော်လိုက်တယ်။ ထိုင်ခုံတွေ ရောက်လာတယ်။ အလုပ်စနိုင်သွားတယ်။ ဘုရားကျောင်း အကြီးကြီး ဆောက်ဖြစ်သွားပြီး၊ အသင်းသား ၁၄၀၀ ကျော်အထိ တိုးလာတယ်။ ရ နှစ်ခွဲအတွင်း သခင်ယေရှုကို ယုံကြည်သူ ထောင်ချီ ရှိခဲ့တယ်။ စိုးရိမ်ခဲ့ပေမယ့် ဆုတောင်းတဲ့အခါ ဘုရားက ပေးပါတယ်။ ကားတစီးရဖို့ ဆုတောင်းတာ မမြော်လင့်ဘဲ ၃ ရက်အတွင်း ရတယ်။ စီးပွါးရေးကြပ်တည်းတဲ့ကာလဖြစ်ပေမယ့် ဒေါ်လာ ၁၀၀၀ တန် ချက်လက်မှတ် ရောက်လာတယ်။ မမြင်ဖူး၊ မတွေ့ဖူး၊ စကားတခွန်းမှ မပြောဖူးတဲ့ လူတယောက် ပေးတာဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က ဘုရားကို လုံးလုံးအားကိုးမယ်လို့ ဆုံးဖြတ်တဲ့အချိန်ကစပြီး၊ လိုသမျှ ဆုတောင်းပြီး လောကီ အသုံးအဆောင်တွေ အံ့သြဖွယ် ရတယ်။ အခုသတင်းပတ်မှာလည်း ပုံနှိပ်ခ ဒေါ်လာ ၅၀၀ လိုနေတယ်။ C. T. Studd ရဲ့ စာအုပ်ကို ဖတ်နေတုန်း၊ လိုတဲ့ငွေ ဘယ်လောက်လဲလို့ မသိခင်မှာဘဲ ဘဏ်မှာရှိတဲ့ငွေနဲ့ ပေးချေဖို့ ဆုံးဖြတ်လိုက်တယ်။ လက်ထဲမှာ စာအုပ်ဖိုးတွေ ရှိတယ်။ ဒါပေမယ့် မလောက်ဘူး။  အဲဒီချိန်မှာ မစ္စစပီပြည်နယ် အသင်းတော်တပါးက ၂၅ ဒေါ်လာတန် ချက်လက်မှတ်နဲ့ စာတစောင် ပို့လိုက်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူတို့အသင်းတော်မှာ တရားဟောတုန်း ပေးခဲ့တဲ့အလှုငွေထက် ပိုပေးသင့်တယ်ထင်လို့ ထပ်ပေးတာ ဖြစ်တယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ အချိန် timing က ပိုကောင်းပါတယ်။ ဒါနဲ့ ပေးစရာ ဒေါ်လာ ၅၀၀ ကို ပေးနိုင်သွားတယ်။ ကိုယ်လိုသမျှ ငွေကြေးမှအစ ဘုရားပေးတယ်ဆိုတဲ့ သက်သေတခုပါ။ ကိုယ်လိုသမျှ အစားအစာ၊ ငွေကြေးမှအစ ဘုရားက ပေးနေကျပါပဲ။ ဒါကြောင့် ဆုတောင်းရင် အစားအစာ၊ အဝတ်အထည်၊ အလုပ်အကိုင်၊ အကြွေးပေးစရာ ငွေကြေးက အစ ဘုရားပေးတယ်ဆိုတာ ယုံကြည်ပါ။ “သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။” မာကု ၁၁း ၂၄။  အဓိပ္ပါယ်ကတော့ ပိုက်ဆံရမယ်လို့ ပြောတာပါ။ “ငါ၏နာမကို အမှီပြု၍ တစုံတခုသောဆုကို တောင်းလျှင်၊ တောင်းသည့်အတိုင်း ငါပြုမည်။” ယောဟန် ၁၄း ၁၄။ ဒါကလည်း လောကမှာနေစဉ် ကိုယ်လိုတာ ဘာဘဲဖြစ်ဖြစ် ဘုရားသခင်ပေးနိုင်တယ် ဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ရိုးသားစွာ ဆုတောင်းတတ်ဖို့ ဘုရားသခင် သွန်သင်ပေးနိုင်တယ်။ “အသက်မွေးလောက်စောအစာကို ယနေ့ ပေးသနားတော်မူပါ” လို့ ဆုတောင်းတတ်ဖို့ လိုပါတယ်။

Saturday, February 10, 2018

Two Lost Sons - ပျောက်သောသား ၂ ယောက်

ပျောက်သောသား နှစ်ယောက်
Two Lost Sons
by Ray Baker
(2018, January 21, Y.P Service  တွင် ဟောပြောသော တရားဖြစ်ပါသည်။)
ပျောက်သားသားကို  prodigal son လို့ ခေါ်ပါတယ်။ အင်္ဂလိပ် စကားမှာ prodigal ကို သိပ်သုံးလေ့ မရှိဘူး။ ပျောက်သောသား ဥပမာကို ပြောမှပဲ သုံးကြတဲ့အတွက်၊ အင်္ဂလိပ်စကား ပြောနေသူတွေပင် အဲဒီစကားရဲ့ အဓိပ္ပါယ်ကို သိပ်မသိကြဘူး။ prodigal  ရဲ့ အဓိပ္ပါယ်က wasteful အသုံးအဖြုန်းကြီးတာပါ။ ဒီဥပမာမှာ အသုံးအဖြုန်းကြီးတဲ့သားအကြောင်းပဲ သင်ခန်းစာယူတတ်ကြတယ်လို့ ထင်ပါတယ်။ တကယ်တော့ ကိုယ့်မေတ္တာနဲ့ ခွင့်လွှတ်ခြင်းကို မနှမြောဘဲ ဖြုန်းနေတဲ့ အဖေတယောက်လည်း ပါတယ်။ သားအကြီးဆိုတဲ့ အရိုက်အရာကို တန်ဖိုးမထား၊ ကိုယ်ဘဝရဲ့ အခွင့်အရေးကို ဖြုန်းပစ်နေတဲ့ အကိုကြီးလည်း ပါတယ်။

ဟိုးတုန်းက မိတ်ဆွေတယောက် ရှိတယ်။ အသင်းသား ရာနဲ့ချီတဲ့ အသင်းတော် အလတ်တန်းစာမှာ သင်းအုပ်ပါ။ အမှုတော်က အဆင်ပြေသလို၊ ကျမ်းစာကျောင်းလေး တကျောင်းမှာ အချိန်ပိုင်း ဆရာပါ။ တနင်္ဂနွေ တမနက်မှာတော့ သူက တရားဟောဖို့ တက်လာတယ်။ ပျောက်သောသားအကြောင်း ဖတ်တယ်။  “ဒီနေ့ ကျွန်တော် သင်းအုပ်အဖြစ်ကနေ နှုတ်ထွက်ပါတယ်။ ဒီနေ့ ကျွန်တော့မိန်းမကို ထားခဲ့ပြီး နောက်အိမ်ထောင်ပြုတော့မယ်။ ဒီနေ့ ကျွန်တော် ပျောက်သောသား လုပ်တော့မယ်။” လို့ ပြောလိုက်ပါတယ်။ တရားပလ္လင်ပေါ်က ဆင်းပြီး အသင်းတော်ကို စွန့်၊ မိန်းမနဲ့ ဆယ်ကျော်သက် သမီး ၂ ယောက်ကို ထားခဲ့ပြီး ကားမောင်း ထွက်သွားပါတော့တယ်။

တခြားမြို့မှာ နောက်အိမ်ထောင်နဲ့ သနားစရာဘဝနဲ့ အသက်ရှင်တယ်။ သင်းအုပ်ဆရာပဲ လုပ်ဖူးရှာတယ်။ ပညာမတတ်၊ ကျွမ်းကျင်တဲ့အလုပ် မရှိ။ ကားဟောင်း အရောင်းအဝယ် လုပ်ရတယ်။ ဒီမှာတော့ မသိဘူး။ ကားအဟောင်း ရောင်းဝယ်တဲ့သူကို လူတွေ မယုံကြဘူး။ ကားကောင်းတယ်လို့ ပြောပြီး၊ စျေးပိုတောင်းတယ်၊ လိမ်တယ်လို့ လူတွေ ယူဆကြတယ်။

အသင်းတော်ကတော့ ဖရိုဖရဲဖြစ်သွားတာပေါ့။ နှစ်ပေါင်းများစွာ ကုစားဖို့ ကြိုးစားကြပေမယ့် ဒီနေ့ထိ အနာကျက်လှတာတော့ မဟုတ်ဘူး။ မိသားစုလည်း ပြိုကွဲတယ်။ နောက်ပိုင်းမှာ သမီးတယောက်က အိမ်ထောင်ပြုတယ်။ မင်္ဂလာပွဲမှာ အဖေကို မဖိတ်ဘူး။

အခုဥပမာတော်မှာ အဖေတယာက်နဲ့ သားနှစ်ယာက် တွေ့ရတယ်။ တနေ့တော့ သားအငယ်က အဖေ့ထံမှာ အမွေတောင်းတယ်။ သာမန်အားဖြင့် အမွေဆိုတာ အဖေသေမှ ရမှာပါ။ လိမ္မာတဲ့သားသမီးဆိုရင် အဖေ အသက်ရှင်တုန်း၊ ကျန်းမာနေတုန်း အမွေတောင်းမှာ မဟုတ်ဘူး။ သူ့ပုံက အဖေကို သေစေချင်နေတဲ့ပုံပါ။ “အဖေ့ကို သေစေချင်ပြီ။ ဒါမှ ငါအမွေရမယ်။” လို့ ပြောသလို ဖြစ်နေတယ်။ သားအငယ် အမွေတောင်းတာက ရှက်စရာပါ။ မိသားစုအတွက်ရော၊ သူ့ကိုသူပါ သိက္ခာကျစေပါတယ်။ အမွေတောင်းပြီး အိမ်ကထွက်သွားတာဟာ မိဘကို ပြုစုဖို့ ဘုရားပေးတဲ့ အခွင့်အရေးကို ပစ်ပယ်လိုက်တာပါ။

ဘာဘဲဖြစ်ဖြစ် အဖေကတော့ သားငယ်ရဲ့ အရှက်မဲ့တောင်းသမျှကို ပေးတယ်။ ညီအကိုနှစ်ယောက်ကို အမွေခွဲပေးတယ်။ ဓမ္မသစ်ကျမ်းရဲ့ မူရင်းဂရိ အသုံးအနှုန်းက စိတ်ဝင်စားစရာ ကောင်းတယ်။ အဖေက သူ့အသက် life ကို ခွဲပေးတယ်လို့ ဆိုတယ်။ ဒီသားအတွက်တော့ အဖေ့အသက်ဟာ အဓိပ္ပါယ် မရှိတော့ဘူးလို့ ဆိုရမှာပါ။

သားအငယ်က နိုင်ငံရပ်ခြားကို ထွက်သွားတယ်။ ငွေတွေ သုံးဖြုန်းရင်း ဆိုးမိုက်နေတယ်။ ကျမ်းစာကတော့ အတိအကျ မပြောဘူးပေါ့။ နောက်ပိုင်း သူ့အကို စွပ်စွဲချက်အရ ပြည့်တန်ဆာတွေနဲ့ ပျော်ပါးနေတယ် လို့ ဆိုတယ်။ ဟုတ်မှာပါ။ အရက်တွေ သောက်နေမှာပေါ့။ မူးယစ်ဆေးတွေ သုံးမှာပေါ့။ ပြိုင်ကားတွေ ဝယ်။ ဟိုခေတ်ဆိုတော့ ကုလားအုတ်တွေ ဝယ်မှာပေါ့။ ပိုက်ဆံရှိတုန်းတော့ နာမည်ကြီးတာပေါ့။ ဒါပေမယ့် ပိုက်ဆံတွေ ကုန်သွားပြီ။ ဘယ်မှာလဲ သူငယ်ချင်းတွေ? သူလက်ဆောင်တွေ ပေး၊ ဟိုတယ်တွေမှာ ပါတီပွဲတွေ ငွေအကုန်ခံ ကျင်းပပေးခဲ့တဲ့ လူတွေ အခု ဘယ်မှာလဲ? အခုတွေ မတွေ့ရတော့ဘူး။

အိမ်မှာနေတော့ သားဘဝမှာ ရပိုင်ခွင့်နဲ့အတူ တာဝန်တွေ ရှိတယ်။ သူက ရပိုင်ခွင့်ပဲ လိုချင်တယ်။ တာဝန်မယူချင်ဘူး။ တာဝန်တွေကို လုံးလုံးစွန့်ခွါသွားတယ်။ လွတ်လပ်ချင်လို့ အဝေးကို ထွက်လာခဲ့တယ်။ ပိုဆိုးတဲ့ ကျွန်ဘဝရောက်သွားတယ်။ တက်မက်မှုတွေကို မချုပ်ထိန်းနိုင်တော့ အဖေ့မေတ္တာနဲ့ရတဲ့ ကိုယ့်လွတ်လပ်မှုကို အလဲအထပ် လုပ်သွားတယ်။

ကိုယ်အရှက်အကြောက်ဆုံး၊ အရွံမုန်းဆုံးအရာက ဘာဖြစ်မလဲ? မိဘနဲ့မိတ်ဆွေတွေ သိမှာ အကြောက်ဆုံး အဖြစ်က ဘာဖြစ်မလဲ? အဲဒါတွေထက် ပိုဆိုးတာကို ကြုံခဲ့ရရှာတယ်။

အဖေ့ငွေကို ဖြုန်းပြီး အဝေးမှာ ရောက်နေပြီ။ လူရှုပ်ထွေးပြီး စည်ကားနေတဲ့ ဘန်ကောက်မြို့ကြီးလို နေရာမှာပေါ့။ ဒါပေမယ့် ငွေကုန်တော့ တယောက်တည်း ဖြစ်ပြီ။ စိတ်ပျက်စရာအကောင်းဆုံးအလုပ်ကို လုပ်ရရှာပြီ။

လိမ်မာတဲ့ဂျူးလူငယ်တယောက်အတွက် ရှက်စရာအကောင်းဆုံး အလုပ်က ဝက်ကျောင်းရတာပဲ။ ဝက်ကို ညစ်ညူးတယ်လို့ သဘောထားတယ်။ ဝက်ကျောင်းရတယ်ဆိုတာ ကျိန်ခြင်းခံရတာပဲလို့ ဂျူးရဗ္ဗိဆရာ တယောက်က ဆိုတယ်။  ဒီထက်ဆိုးတာ ရှိသေးတယ်။ ဝက်ကျောင်းရရုံမက ဗိုက်ဆာနေတယ်။ ဝက်တွေစားနေတဲ့ ပဲတောင့်ကိုပင် စားချင်နေတယ်။

 နောက်ဆုံးတော့ “ငါ ဘာလို့ ဒီလိုဖြစ်နေရလဲ? ဘယ်လိုလုပ်ရမလဲ” လို့ ကိုယ့်ကိုယ်ကို ပြန်မေးလာတယ်။ အဖေ့အိမ်က အစေခံတွေနဲ့ နှိုင်းယှဉ်မိတယ်။ သူတို့မှာ ငွေကြေး၊ အစားအစာနဲ့အတူ ဂုဏ်သိက္ခာ ရှိတယ်။ ဒါနဲ့ အဖေ့အိမ်ကို ပြန်ပြီး အစေခံကျွန်လိုပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ အရင်ကတော့ မာနနဲ့ အမွေတောင်းတယ်။ အခုတော့ စိတ်လိုလက်ရ အနိမ့်ဆုံးမှာနေပြီး အဖေ့စကားကို အစေခံကျွန်လို နားထောင်မယ်။

အဖေ့အိမ်နားရောက်တာနဲ့ အဖေကမြင်ပြီး ပြေးထွက် နှုတ်ဆက်လာတယ်။ ကျမ်းစာကမပြောပေမယ့် အဖေက သားပြန်အလာကို စောင့်မြော်နေပုံရပါတယ်။

ဂုဏ်သိက္ခာကို ထိန်းတဲ့ အရှေ့တိုင်းအဖေဆိုတာ အိမ်ပြေး သားဆိုးကို သိက္ခာကျခံ ပြေးတွေ့မှာ မဟုတ်ဘူး။ (၁၁း ၂၀) အရှက်သိက္ခာထိန်းချင်ရင် သူ့သားကို အလုပ်လာတောင်းတဲ့ သူတောင်းစားလိုသာ ဆက်ဆံဖို့ ရှိပါတယ်။

ကြိုတွေးထားတဲ့စကားလည်း သားက မပြောဖြစ်ပါဘူး။ အဖေက အစေခံတေါကို ပါတီပွဲကြီး ကျင်းပခိုင်းတယ်။ ပွဲနေ့ပွဲထိုင် ဝတ်ရုံကို ဝတ်ဆင်စေတယ်။ လက်စွပ်စွပ်ပေးတယ်။ လက်စွပ်က အခွင့်အာဏာနဲ့ တာဝန်ရှိသူ ဆိုတဲ့သဘောပေါ့။ ဖိနပ်စီးစေတယ်။ အဲဒီခေတ်က ကျွန်တွေဟာ ဖိနပ်မစီးဘဲ ခြေဗလာနဲ့ အလုပ်လုပ်ရတယ်။

ပွဲကြီးကျင်ပမယ်။ အတီးအမှုတ်နဲ့ အစားအသောက်တွေပါမယ်။ ဆူဖြိုးတဲ့ နွားတကောင်သတ်တယ်။ တရွာလုံးကို ဖိတ်ချင်တာပါ။ မိသားစုတစုအတွက်ဆိုရင် နွားတကောင်ဟာ များတာပေါ့။ နွားကလည်း မွေးနေ့တို့ မင်္ဂလာဆောင်တို့အတွက် မွေးထားတာမျိုးပါ။ ဘာဘဲဖြစ်ဖြစ်လေ၊ သေတဲ့သားက ပြန်ရှင်တော့ မွေးနေ့ပေါ့။

အကို၊ အမတွေ ရှိတဲ့သူ ရှိသလား? ဒီလိုဘဝကို ကျွန်တော် မခံစားဖူးဘူး။ ကျွန်တော်က အကိုအကြီးဆုံး။ ညီနှစ်ယောက် ရှိတယ်။ ကျွန်တော့ဘဝက ဒီဥပမာတော်ထဲက အကိုကြီးလိုပဲ။ ကျွန်တော်က ဘာပြဿနာမှ မလုပ်တဲ့ လူကောင်း။ ကျောင်းစာကြိုးစားတော့ အမှတ်အမြဲကောင်းတယ်။ ညီတွေအဖို့တော့ မလွယ်ဘူး။ အကိုလောက်မတော်ဘူးဆိုပြီး ဆရာတွေရဲ့ အပြောခံရကြတယ်။

 ဥပမာတော်ထဲမှာ အကိုက အိမ်မှာပဲနေတယ်။ သူ့ကိုယ်သူ ထိန်းတယ်။ ပြဿနာမရှာဘူး။ ဒါပေမယ့် ငွေယူပြေးတဲ့ ညီငယ်ကို စိတ်ဆိုးတယ်။ ပြန်လာတော့ အဖေက သူ့အတွက် ငွေတွေ ဖြုန်းနေပြန်တယ်။

အကိုက သူွှအဖေအိမ်မှာလုပ်ရတာကို ကျွန်လို သဘောထား သုံးနှုန်းတယ်။ အခမရဘဲ နှစ်နဲ့ချီပြီး ကျွန်ခံရတယ်တဲ့။ သူက ကျွန်လိုနေတယ်။ သားလို မဟုတ်ဘူး။ အကိုကြီးရဲ့ ပြဿနာက ကိုယ့်ဖြောင့်မတ်ခြင်းပဲ။

သူ့ခမျာ မိတ်ဆွေတွေနဲ့ ပျော်ဖို့ ဆိတ်တကောင်တောင် မရဘူးတဲ့။ ရှိသမျှ သူပိုင်တာ သူမသိရှာဘူး။ သားဆိုတာ ရပိုင်ခွင့်ရော၊ လွတ်လပ်မှုပါ ရှိတာ သူမသိရှာဘူး။

ဒီဖြစ်ရပ်မှာ ထူးဆန်းတဲ့ irony  “ကပြောင်းကပြန်”  ရီစရာတခု ဖြစ်လာတယ်။ အိပ်ပြင်က သားငယ်က အတွင်းရောက်။ အတွင်းက သားကြီးက အပြင် ပြန်ရောက်သွားတယ်။

နောက်ဆုံးမှာ သားကြီး ဘယ်လိုတုန့်ပြန်လဲတော့ မသိရပါဘူး။ စိတ်ပြန်ပြေပြီး ညီကို လက်ခံသလား? အသနားပိုတဲ့ အဖေနဲ့ ညီကို စိတ်ဆိုးနေတုန်းလား? မသိရပါဘူး။

အနက်ဖွင့် Interpretation
ဒီဥပမာတော်ဟာ လုကာ ၁၅ ရဲ့ ပျောက်တဲ့အရာ သုံးခုထဲမှာ ဇာတ်ရှိန်အမြင့်ဆုံးပါပဲ။ ပျောက်သောသိုး၊ ပျောက်သောဒင်္ဂါးနဲ့ ပျောက်သောသားပါ။ သိုးက တရာမှာ တကောင်ပျောက်တယ်။ ၁% ပါ။ ဒင်္ဂါးက ဆယ်ပြားမှာ တပြားပျောက်တယ်။ ၁၀% ပါ။ သားနှစ်ယောက်မှာ တယောက်ပျောက်တယ်။ ၅၀% ပါ။ ကျွန်တော်အထင်တော့ သားနှစ်ယောက်က တနည်းမဟုတ် တနည်းနဲ့ ပျောက်နေကြတာပါ။

ပျောက်သောသိုးရဲ့ အဆုံးမှာ “ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ့်ကိုးယောက်တို့  ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသော လူဆိုးတယောက် သာ၍ ဝမ်းမြောက်ခြင်း ရှိကြသည်။” လုကာ ၁၅း ရ။

ပျောက်သောဒင်္ဂါးရဲ့အဆုံးမှာ “ဘုရားသခင်၏ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတယောက် ဝမ်းမြောက်ခြင်း ရှိကြသည်။” လုကာ ၁၅း ၁၀။

ဒါပေမယ့် ပျောက်သောသားရဲ့အဆုံးမှာတော့ အကိုက ဝမ်းမမြောက်တော့ ပျောက်သောသားတွေ ဖြစ်နေတယ်။

သခင်ယေရှုက အကိုကြီးဆိုတာ ဖါရိရှဲတွေကို ပြောလိုပုံရတယ်။ ကိုယ့်ကိုကိုယ် ကောင်းတယ်လို့ ထင်နေသူတွေလေ။ သန့်ရှင်ဟန်ဆောင်ပေမယ့် အတွင်းမှာက အပြစ်နဲ့ ပြည့်နေတယ်။ ပညတ်တွေကို စောင့်ထိန်းပေမယ့် ပညတ်တွေကို  ငြူစူနေတယ်။ ဘုရားလူမျိုးတော်ရဲ့ ကောင်းကြီးနဲ့ ရပိုင်ခွင့်တွေကို နားမလည်ဘူး။

သခင်ယေရှုက အခွန်ခံတွေ၊ အပြစ်သားတွေနဲ့ အချိန်ယူခဲ့တယ်။ အောက်ဆုံးက လူတွေ။ ဘုရားနဲ့ဝေးတဲ့ ညီငယ်တွေ။ သခင်ယေရှုက အခွန်ခံတွေ၊ အပြစ်သားတွေနဲ့နေတော့ ဖါရိရှဲတွေက ညီကိုသနားတဲ့ အဖေ့မေတ္တာကို အကိုကြီးစိတ်ဆိုးသလို စိတ်ဆိုးကြတယ်။

အဖေကတော့ ချစ်ဆဲ၊ စောင့်ကြည်ဆဲ၊ စောင့်စားနေဆဲဖြစ်တဲ့ ဘုရားသခင်ပါပဲ။ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ အိမ်ပြန်လာသူကို ဘုရားသခင်က ဘယ်တော့မှ မငြင်းပယ်ပါဘူး။

Application သင်ခန်းစာယူခြင်း
အပြစ်သားပြန်လာချိန်မှာ ကောင်းကင်ဘုံမှ အဘဘုရားသခင်က အပြစ်မတင်ဘူး။ အပြစ်မပေးဘူး။ အစေခံကျွန်ဘဝအဖြစ် အဆင့်လျှော့မချဘူး။ ချစ်တဲ့သားတယောက်အဖြစ် လက်ခံပြီး၊ သားတယောက်ရဲ့ အဆောင်ယောင်၊ အခွင့်အရေးတွေ အကုန်ပေးပါတယ်။

တချို့က အကိုကြီးနဲ့ တူမယ်။ စည်းကမ်းအားလုံး လိုက်နာနိုင်တဲ့ ခရစ်ယာန်ကောင်းတွေပါ။ ဒါပေမယ့် စိတ်ထဲမှာ ခါးသည်းနေမယ်။ စိတ်ဆိုးနေတာ နှစ်ချက် ရှိမယ်။ ၁။ စည်းကမ်းတွေများလွန်းလို့ စိတ်ပျက်နေမယ်။ စည်းကမ်းတွေ၊ ပညတ်တွေကို လိုက်နာပါတယ်။ ဒါပေမယ့် မကြိုက်၊ မနှစ်သက်ဘူး။ ကောင်းဟန်ဆောင်နေမယ်။ ၂။ တခြားသူတွေအပေါ်မှာ ပြတဲ့ ဘုရားရဲ့ သနားဂရုဏာကို စိတ်ပျက်နေမယ်။ မဟုတ်တာလုပ်ရင် ဒုက္ခ တွေ့စေချင်မယ်။  ဘုရားကျောင်းမှာ သူရဲကောင်းလို အားရဝမ်းသာ မကြိုဆိုစေချင်ဘူး။

တချို့က ညီငယ်နဲ့ တူမယ်။ စည်းကမ်းတွေ၊ တာဝန်တွေ ဂရုမစိုက်ဘူး။ ကိုယ်သဘောနဲ့ကိုယ် စိတ်ကြိုက် အသက်ရှင်ဖို့ ဆုံးဖြတ်ထားမယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။

ခရစ်ယာန်ဖြစ်ပေမယ့် ဝမ်းမြောက်ခြင်းနဲ့ လွတ်လပ်ခြင်း မခံစားရသူတွေ ရှိမယ်။ ခရစ်ယာန်ဖြစ်ပေမယ့် ဘုရားသခင်ကို ဆန့်ကျင်အသက်ရှင်နေသူလည်း ရှိမယ်။ ခရစ်ယာန်မဟုတ်သေးဘဲ တရားစကားတွေကို စဉ်းစားနေသူလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာဘဲဖြစ်ဖြစ်ပါ။ ဘုရားသခင်က သိပ်ချစ်တတ်တဲ့ အဖေပါ။ သားပြန်လာမယ့် အချိန်ကို မြော်လင့်စောင့်ဆိုင်း၊ အကဲခတ်နေသူပါ။ ဘုရားသခင်ထံ ပြန်လာရင်၊ ပထမဆုံးအကြိမ်ဖြစ်ဖြစ်၊ ၃၁ ကြိမ်မြောက် ဖြစ်ဖြစ်၊ ပျော်ရွှင်စရာနေ့ရက်ပါ။ ပါတီပွဲကြီးပါ။ အပြစ်ရှိတဲ့သူတယောက် နောင်တရရင် ကောင်းကင်မှာ အရမ်းဝမ်းမြောက်ကြပါတယ်။

ထင်ရှားတဲ့အပြစ်ရှိရင် - ဘုရားသခင်ထံ လှည့်ပြန်ပါ။

ဖွက်ထားတဲ့အပြစ်ရှိရင်လည်း - ဘုရားသခင်ထံ လှည့်ပြန်ပါ။

သခင်ယေရှုထံလာဖို့ တခါမှ မဆုံးဖြတ်ရသေးရင် ဘုရားသခင်ကို အဖလို့ ခေါ်ဖို့ခက်နေမှာပါ။ ဒါပေမယ့် “ဒီနေ့ပဲ ပြန်လာပြီ အဖ” လို့ ခေါ်လိုက်ပါ။

Friday, April 28, 2017

သဘာဝတရားရဲ့ အံ့ၾသဘြယ္ရာမ်ား Miracles in Nature by Dr. Walter Lewis Wilson

"ဘုရားသခင်၏ အမှုတော်တို့ကို ဆင်ခြင်လော့။ ကောက်စေတော်မူသော အရာတို့ကို အဘယ်သို့ ဖြောင့်စေနိုင်သနည်း။" - ဒေသနာ ရး ၁၃
မြေပဲစေ့တွေက အစာကို ဘယ်လိုရသလဲ? သူက အခွံနဲ့ ဆက်မနေဘူး။ အခွံနဲ့ဆက်နေတဲ့ မြေပဲစေ့လို့ မရှိဘူး။ သူက အခွံနဲ့ အမြဲလွတ်နေတယ်။ အစာဘယ်လိုရမလဲ? အား ဘယ်လိုရသလဲ?
သူ့မှာ အကာ ၃ မျိုး ရှိပါတယ်။ မြေပဲစေ့မှာ အကာ ပါးပါးလေးတခု ရှိတယ်။ အခွံထဲမှာ နောက်ထပ်တလွှာ ရှိတယ်။ ပြီးတော့ အခွံ ရှိတယ်။ မြေပဲစေ့က အစာ ဘယ်လိုရသလဲဆိုတာဟာ မသိနိုင်ပါဘူး။ အံသြစရာတခုပါ။ စပျစ်ပင်မှာ ဖြောင့်တဲ့အပင်လို့ မရှိပါ။ ဖြောင့်အောင်လည်း စိုက်လို့မရပါ။ သဘာဝကိုက ကောက်တဲ့အမျိုးပါ။ 


Beans ပဲ
Beans ပဲမျိုးမှန်သမျှဟာ အဖြောင့်မနေနိုင်ဘူး။ တိုင်ထောင်ပေးရင် ဘယ်ဖက်ကို အနွယ်တက်လေ့ရှိတယ်။ စားသမျှ ပဲစေ့တွေဟာ ဘယ်ဖက်အနွယ်က ထွက်တယ်။ တိုင်မှာ ဘယ်ထက်ကနေ ညာကို တက်ပြီး ကြီးရတယ်။ ညာဖက်ကနေ ဘယ်ကိုပြန်တက်ဖို့ ထားကြည့်ပါ။ သုံးရက်အကြာမှာ ပဲပင် သေပါလိမ့်မယ်။ သူနေချင်သလို မနေရရင် သေပါတယ်။

အမျိုးသမီးတယောက် ပဲပင်တွေ တိုင်ထောင်ပြီး ဆယ်ဧကလောက် စိုက်ထားတယ်။ သုံးရက်မြောက်နေ့မှာ ပဲပင်တွေ အကုန်လုံး သေတယ်။ စိုက်ပျိုးကျောင်းဆင်း အတော်ဆံးပညာရှင် ၅ ယောက်ကို ခေါ်ပြီး၊  ပြသနာကို အဖြေရှာခိုင်းတယ်။ သူတို့က မြေဆီကို စစ်တယ်။ ပိုးတွေ တွေ့မလားလို့ မှန်ဘီလူးနဲ့ ရှာကြတယ်။ အဖြေမတွေ့ကြဘူး။ ပြသနာက အဲဒီအမျိုးသမီးရဲ့ လူတွေက ညာသန်တွေ။ ပဲပင်တွေကို ညာကနေ ဘယ်ဖက်ကို ခွေထားတယ်။ ဒီလိုလုပ်ရင် သေမှာပဲ။ သုံးရက်နေ့မှာ သေတယ်။


Dandelions တောပေါင်းပင်များ
Dandelions ပေါင်းပင်တွေကို နှိမ်ထားလို့ မရဘူး။ မြက်ပင်တွေ ၂ လက်မရှိရင်၊ သူက ၃ လက်မပဲ။ မြက်ပင်တွေ ၅ လက်မရှိရင်၊ သူက ၆ လက်မရှိလာမယ်။ မြက်ပင် ၁၀ လက်မရှိရင်၊ သူက ၁၁ လက်မ ရှိလာမယ်။ သူက ပတ်ဝန်းကျင် အခြေအနေရဲ့ အထက်မှာ အမြဲရှိနေတဲ့သူ။ ဘာကြောင့် အဲဒီလို ရှိနေသလဲ? မသိနိုင်ပါဘူး။ တခါက ကျောင်းသားတယောက်က သူနားမလည်တဲ့အရာတွေကို သူမယုံဘူးလို့ ပြောလာပါတယ်။ သူ့ကို မေးခွန်းနဲနဲ မေးကြည့်တယ်။ အနက်ရောင် နွားမတကောင်က အစိမ်းရောင် မြက်ကို စားပြီး၊ အဖြူရောင် နွားနို့ ရတယ်။ ကျိုလိုက်တော့ အဝါရောင် ထောပတ်ရ ဘာလို့ရသလဲ? သူမဖြေတတ်ဘူး။

လူက လက်တွေနွေးအောင် လက်ဖဝါးကို ပါးစပ်နဲ့ လေမှုတ်ပေမယ့် ကော်ဖီအေးအောင် ဘာကြောင့် လေနဲ့မှုတ်သလဲ? သူမဖြေနိုင်ဘူး။

လျှပ်စစ်နဲ့ တဖက်က မုန့်ဖုတ်လို့ရပြီး၊ တဖက်က ရေခဲဘာလို့ ထုတ်ရသလဲ? သူမဖြေနိုင်ဘူး။

လူ့ရဲ့အစာအိမ်ဟာ စားသမျှကို အစာချေနေပေမယ့် သူ့ကိုသူတော့ အစာချေမပစ်ဘူး။ ဘာကြောင့်လဲ? မသိနိုင်ပါဘူး။
 

Bananas ငှက်ပျောသီး
ငှက်ဖျောဖီးတိုင်းမှာ အောက်ဆုံးအတန်းဟာ ၂၄ လုံးပါတယ်။အပေါ်တတန်းတိုင်းမှာ တလုံးစီလျော့သွားတယ်။ အောက်ဆုံးအတန်းကတော့ အမြဲတမ်းပဲ ၂၄ လုံး ရှိတယ်။ ဘုရားဖန်ဆင်းတယ်ဆိုတာ အမှုမဲ့အမှတ်မဲ့ ဖြစ်ရပ်မျိုး မဟုတ်ဘူး။ စနစ်ကျတယ်။


Salt and Sugar ဆားနဲ့ သကြား
 ဆားပွင့်အားလုံးဟာ စတုရန်းပုံ လေးထောင့်ညီ အခဲလေးတွေ ဖြစ်တယ်။ တခြားအခဲတွေဟာ စတုရန်းပုံ ရှိမယ်မထင်ဘူး။ အနုကြည့်မှန် မိုက်ခရိုစကုပ်အောက်မှာ စတုရန်းပုံအခဲဆိုရင်၊ သေချာတယ်။ အဲဒါ ဆိုဒီယမ် ကလိုရိုက်ပဲ။ ဆိုဒီယမ်နဲ့ ကလိုရိုဒ် ပေါင်းစပ်ပြီး စတုရန်းပုံ အခဲလေးတွေ ဖြစ်နေတာပါ။ သကြားကတော့ စတုရန်းပုံ မရှိပါဘူး။ သကြားဟာ အရောင်၊ အနံ့၊ အရသာ မရှိတဲ့ အရာသုံးမျိုး ပေါင်းစပ်ပြီး၊ သကြားဖြစ်လာတယ်။ ဒါပေမယ့် စတုရန်းပုံ သကြားခဲလို့ မရှိဘူး။ အခဲတွေက တူညီတဲ့ပုံစံအဖြစ် မရှိကြဘူး။


Bearing of Young သားပေါက်ခြင်း
ခိုနဲ့ ငုံးကလွဲလို့ ကျန်တဲ့ငှက်တွေဟာ သီတင်းပတ် အတိအကျမှာ ဥပေါက်လေ့ရှိတယ်။ ခိုကတော့ ၁၈ ရက်အကြာမှာ ဥကပေါက်ပါတယ်။ ငုံးကတော့ ၂၃ ရက်အကြာမှာ ပေါက်တယ်။ ကျန်တဲ့ငှက်ဥတိုင်းဟာ ရ ရက်၊ ၁၄ ရက်၊ ၂၁ ရက် တရက်ရက်မှာ ပေါက်တယ်။ တပတ်အတွင်းပေါက်တဲ့ ဥ၊ မရှိလောက်ဘူးထင်ပေမယ့်၊ အာလူးပိုးရဲ့ဥက တပတ်၊ ရ ရက်အကြာမှာ ပေါက်ပါတယ်။

အိမ်မွေးကြက်ငှက်တွေထဲမှာ ကြက်က ၃ ပတ်၊ ဘဲက ၄ ပတ်၊ mallard ဆိုတဲ့ ဂတ်ဘဲက ၅ ပတ်အကြာမှာ ဥပေါက်တယ်။  ကြက်တူရွေး၊ ငှက်ကုလားအုတ်နဲ့ alligator မိချောင်းခေါင်းတိုတွေက ၆ ပတ်အကြာမှာ ဥပေါက်ကြတယ်။ သားပေါက်အကြာဆုံးဥကတော့ မြွေဖြစ်တယ်။ သူက ရ ပတ် ကြာတယ်။

တိရစ္ဆာန်တွေလည်း ဒီလိုပါပဲ။ သတင်းပတ်အလိုက် သားပေါက်ကြတယ်။ mouse ဆိုတဲ့ ကြွက်ကလေးတွေက ၂ ပတ်။ rat ဆိုတဲ့ ကြွက်က ၃ ပတ်။ ကြောင်က ၈ ပတ်။ ခွေးက ၉ ပတ်။ မြေခွေးက ၁၀ ပတ်။ ကြောင်မျိုးနွယ်ဝင် ခြင်္သေ့၊ ကျား၊ ကျားသစ် ..... စတာတွေက ၁၃ ပတ်။ မြင်းကတော့ ၃၉ ပတ်ကြာတယ်။ ချန်ပန်ဇီ၊ မျောက်ဝံ၊ ဂေါ်ရီလာ၊ Baboon စတဲ့ မျောက်ကြီးမျိုးတွေက ၃၅ ပတ်ကြာပြီး၊ မျောက်ကလေးတွေကတော့ ၂၂ ပတ် ကြာတယ်။ ဝက်ဝံက ၂၆ ပတ်။ သမင်က ၂၉ ပတ်။ သူတို့အားလုံးဟာ သတင်းပတ် အတိအကျ၊ ရ ရက်ပေါင်း အတိအကျမှာ ပေါက်ကြတယ်။ ဘာကြောင့်လဲ? ဘုရားသခင်က God of order စနစ်ကျလို့ပါ။လူက ၄၀ ပတ်အကြာမှာ ဖွါးပါတယ်။ ဒါဝင်ဟာ တောင်အမေရိကရဲ့ တောင်ပိုင်းတောနက်ထဲကို သွားခဲ့တယ်။ အနိမ့်ကျဆုံးလူသားတွေကို တွေ့တယ်လို့ဆိုတယ်။ အဲဒီမှာ ကလေးတွေဟာ သတင်းပတ် ၄၀ အကြာမှာ မွေးတာတွေ့ရတယ်။ အမေရိကန်ပြည်မှာ လိုပါပဲ။ လူတွေဟာ အမေရိကားမှာနေနေ၊ တောင်အမေရိက တောနက်ထဲမှာနေနေ၊ သတင်းပတ် ၄၀ အကြာမှာ မွေးဖွါးပါတယ်။
 

Seas ပင်လယ်များ
ပင်လယ်ရေလှိုင်းတွေဟာ တမိနစ်မှာ ၁၈ ကြိမ် ရိုက်ခတ်တယ်။ လှိုုင်းအမြင့် ၃ လက်မဖြစ်ဖြစ်၊ ၃ ပေဖြစ်ဖြစ်၊ ပေ ၃၀ ဖြစ်ဖြစ် တမိနစ်ကို ၁၈ ကြိမ် ရိုက်ခတ်တယ်။ ရေငြိမ်သည်ဖြစ်စေ၊ မုန်တိုင်းထန်သည်ဖြစ်စေ ၁၈ ကြိမ် ရိုက်ခတ်တယ်။

သင်္ဘောတွေရဲ့ အလျားဟာ ပေ ၃၀၀ နဲ့ ၄၀၀ ကြား (သို့) ပေ ၆၀၀ နဲ့ ရ၀၀ ကြား (သို့) ပေ ၉၀၀ နဲ့ ၁၁၀၀ ကြားမှာ တည်ဆောက်ကြတယ်။ ဒါက လှိုင်းလုံးတခုနဲ့တခု ပေ ၃၀၀ ခြားတဲ့အတွက် ဖြစ်တယ်။ သင်္ဘောငယ်လျှင် ပေ ၃၀၀ ကွာတဲ့ လှိုင်းလုံး ၂ လုံးကြားမှာ ရောက်မယ်။ နောက်တပြန်အတွက်ဆိုရင် နောက်ထပ် ပေ ၃၀၀ လိုတယ်။ Queen Mary, Queen Elizabeth နဲ့ အမေရိကန်ပြည်ရှိ သင်္ဘောအများစုဟာ ပေ ၁၀၀၀ ရှည်ပါတယ်။ အဲဒီသင်္ဘောတွေဟာ လှိုုင်းလုံး ၄ လုံးကို ဖြတ်ရတယ်။ လှိုုင်းလုံးတခုနဲ့တခု ပေ ၃၀၀ ကွာတော့ အဲဒီလောက်အရှည် တည်ဆာက်ဖို့ လိုတယ်။


Human Beings လူ
လူ့ကိုယ်ခန္ဓာကလည်း အံ့သြစရာပါ။ တချက်တည်းနဲ့ ဆီဖြည့်တဲ့စနစ်ပါနေတယ်။ တနေရာတည်းသော လည်ချောင်းပေါက်မှ အစာထည့်လိုက်တဲ့အခါ အရိုးအဆစ်ပေါင်း ၂၆၄ ခုကို ချောဆီထိုးပေးပါတယ်။ နေ့ထိုင်းချောဆီထိုးရတာပါ။ ဒီအချက်ကို စဉ်းစားကြည့်ပါ။ ကိုယ်ဖါသာကိုယ် ချောဆီထိုးရရင် တချို့အဆစ်တွေကို မေ့ကျန်ခဲ့မှာပဲ။ ဒါဆို အဆစ်တွေ တခုနဲ့တခု မဆက်စပ်တော့ဘဲ၊ အလုပ်လုပ်ဖို့ ခက်လာပါလိမ့်မယ်။ ဒီလိုဖြည့်နေရရင် အချိန်ကြာလွန်းလို့ တခြားဘာအလုပ်မှ မလုပ်နိုင်မှာကို ဘုရားသခင်သိတဲ့အတွက် အလိုအလျောက် ချောဆီထိုးတဲ့စနစ်ကို ထည့်ထားပေးပါတယ်။ လူ့ကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေက သူ့အလုပ်သူ ပုံမှန်လုပ်ပါတယ်။ ဒူး၊ မျက်စိ၊ လည်ပင်း ..... စသည်ဖြင့်ပေါ့။ ဒီနေရာမှာ အသားစားတာ၊ ဟင်းသီးဟင်းရွက် စားတာနဲ့ မဆိုင်ဘူး။ ကိုယ်လက်အင်္ဂါတွေက သူ့အလုပ်သူ လုပ်ကြတယ်။

ပါးစပ်ကို စိုစွတ်အောင် ဖန်းဆင်းထားတဲ့အကြောင်းကို ကျေးဇူးတော်ချီးမွမ်းဖူးသလား? မဟုတ်ရင်၊ မြေပဲဆံအနှစ် ထောပတ်ကို စားကြည့်ပါ။ ၂ နာရီလောက် တခြားဘာမှ မစားနိုင်ဘဲနေမယ်။ လျှာမှာ ဇွန်းနဲ့ခြစ်ယူမှ သက်သာလိမ့်မယ်။

မျက်စိတ်ပိတ်မသွားအောင် မျက်တောင်လေးတွေကို စိုစွတ်နေစေတဲ့အတွက် ဝမ်းမသာဘူးလား? ချုံ့နိုင်၊ ချဲ့နိုင်တဲ့ အရေပြားကလည်း အံ့သြစရာပါ။ ထိမိခိုက်မိရင် အလိုက်သင့် အရေပြားကို ချဲ့လိုက်တဲ့အတွက် ပြုတ်ထွက်မကုန်တာ ဖြစ်တယ်။

အမျိုးသမီးတွေမှာ နှုတ်ခမ်းမွေးတွေ၊ မုတ်ဆိတ်မွေးတွေ မပေါက်တာ မကောင်းဘူးလား? ပေါက်နေရင် မနက်စာအတွက် မီးဖိုချောင်မဝင်နိုင်ဘဲ၊ ရေချိုးခန်းမှာ မုတ်ဆိတ်ရိတ်နေရမယ်။

အရိုးအဆစ်တွေကလည်း ထူးဆန်းတယ်။ လူ့ရဲ့ ခြေနှစ်ချောင်းထဲက အရိုးတွေဟာ သေးပါတယ်။ ဒါပေမယ့် လူတကိုယ်လုံးနဲ့အတူ သူသယ်လာသမျှ ပစ္စည်းတွေကို ထောက်မထားနိုင်တယ်။ ဒါပေမယ့် လမ်းလျှောက်တဲ့အခါ လူတကိုယ်လုံးကို ခြေတချောင်းတည်းအပေါ်မှာ ရပ်နေတာ ဖြစ်တယ်။

လူ့ရဲ့နားကလည်း ထူးဆန်းပါတယ်။ ပျော့ပျော့လေးနဲ့ တောင့်တောင့်လေးနေတယ်။ အသံလှိုင်းတွေက နားရွက်ကို ရိုက်ခတ်တယ်။ ပြီးမှ နားထဲကို သူ့သဘာဝအတိုင်း ဝင်လာတယ်။ နားမှာ အံ့သြစရာတခု ရှိတယ်။ ဖြစ်ပေါ်နေတဲ့အသံတိုင်းကို လူက ကြားတာမဟုတ်ဘူး။

ရေဒီယို အသံလွှင့်ဌာန အများကြီးက မြင့်မားတဲ့ ကြိမ်နှုန်းတွေနဲ့ နေ့စဉ် အသံလွှင့်နေတယ်။ တစက္ကန့်မှာ ကြိမ်နှုန်း ၂ သိန်းလောက်ရှိလိမ့်မယ်။ လွှင့်နေသမျှကို လူတွေ ကြားနေရရင် အကုန်ရူးသွားနိုင်တယ်။ ဒါကြောင့် ရေဒီယိုပညာရှင်တွေက ကြိမ်နှုန်းကို ၅၀၀၀ မှ ၂၅၀၀၀ ကြားကို လျော့ချကြတယ်။ လေထုထဲမှာ ဖြစ်နေသမျှအသံတွေကို မကြားနိုင်အောင် လူ့နားကို ဘုရားဖန်ဆင်းထားတယ်။

Wilson opinion ဝေးလ်ဆင်အယူအဆအကြောင်း ပြောပါဦးမယ်။ နှလုံးရောဂါကြောင့် သွားရင်းလာရင်း၊ ထိုင်နေရင်း သေတဲ့လူတွေ ဘာကြောင့်များသလဲ? အကြောင်းရင်း ၃ ခု ရှိတယ်။

ပထမက ဒီနေ့ခေတ်မှာ လျှပ်စစ်လှိုင်းတွေ ထွက်နေတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ နေ့နေ့ညည အမြဲပါတ်သက်နေရတယ်။

ဒုတိယ- ကားတွေ၊ ဆိုင်ကယ်တွေ .... စတဲ့ လောင်စာဆီသုံးတဲ့ ယာဉ်တွေကထွက်တဲ့ ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေကို နေ့စဉ်နဲ့အမျှ ရှုရှိုက်နေကြရတယ်။

တတိယ - လူတွေက သိပ်မနားတော့ဘူး။ စားမယ်၊ သွားမယ်ပဲ ဖြစ်နေပြီ။ အိမ်မှာ အေးအေးဆေးဆေး မနားကြတော့ဘူး။ ဒီအချက် ၃ ချက်ကြောင့် နှလုံးနဲ့ပါတ်သက်တဲ့ ပြသနာတွေ ဖြစ်ကြရတာပါ။


Ants ပုရွက်ဆိတ်
ပုရွက်ဆိတ်တွေက ထူးခြားတယ်။ "အချင်း လူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွား၍၊ သူ့၏ her ways အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။" - သုတ္တံ ၆း ၆း။

ဘာလို့ her ways လို့ ပြောသလဲ? ပုရွက်ဆိတ်ထီးကို မြင်ဖူးကြမှာ မဟုတ်လို့ပါ။ အထီးက မြေတွင်းထဲမှာပဲနေပြီး၊ အမက အပြင်ထွက် စီးပွါးရှာတယ်။

ထူးဆန်းတာ တခုရှိတယ်။ ပရွက်ဆိတ်မှာ နား ၄ စုံ ရှိတယ်။ ခေါင်းမှာ တစုံ၊ ရှေ့ခြေမှာ တစုံ၊ ရင်ဘတ်မှာ တစုံ၊ ဗိုက်မှာ တစုံ ရှိတယ်။ တကောင်နဲ့တကောင် တွေ့ကြတဲ့အခါ ပါလာသမျှအကုန် ချထားလို်က်တယ်။ တခြားတကောင်ကလည်း သူတပါးယူလာတာကို လုံးဝ ကောက်မကိုင်ဘူး။ ဒါက တကယ်မှတ်သားစရာကောင်းတဲ့ အချက်ပါပဲ။

ကျွန်တော်ကိုယ်တိုင် မှန်ဘီလူးနဲ့ သူတို့ကို စောင့်ကြည့်တဲ့အခါ ဒီအချက်ကို တွေ့ရတယ်။

သူက ရှေ့ခြေနဲ့ တခြားပုရွက်ဆိတ်ရဲ့ ခေါင်းကို စမ်းကြည့်တယ်။ ပြီးတော့ သူအစာကို ဘယ်နေရာက ရလာတယ်ဆိုတာ ပြောပြတယ်။ အဲဒီမှာ အစာရကြတယ်။ လမ်းမှာတွေ့သမျှ ပုရွတ်ဆိတ်တွေကို ဒီနည်းအတိုင်း ပြောပြတယ်။ ဒီလိုနဲ့ အကုန်လုံး အစာရသွားကြတယ်။

သူတို့ထံမှ သင်ယူစရာက ရိုးသားမှုပဲ။ သူတပါးပစ္စည်း မယူနဲ့။ ဘုရားကျေးဇူးခံစားရတာကို ပြောပြပါ။ ကိုယ်တွေ့တဲ့ ပျားရည်၊ အသက်ရေ၊ အသက်မုန့်အကြောင်း ပြောပြပါ။ ခရစ်တော်အကြောင်း ပြောပြပါ။

ဒီလိုနည်းနဲ့ ကျွန်တော်ကယ်တင်ခြင်းရခဲ့တာ ဖြစ်တယ်။ ကျောက်မီးသွေးတွင်းတူးသမားတယောက်က သခင်ယေရှုအကြောင်း ပြောပြတယ်။ သူ့ကို ကျွန်တော် မသိဘူး။ သူက အိုင်အိုဝါကနေ ကဲင်းစပ်ကို ရောက်လာတယ်။ သခင်ယေရှုအကြောင်း ပြောပြတယ်။


Spiders ပင့်ကူများ
"လက်ဖြင့်ကိုင်ဆွဲ၍ နန်းတော် ပင် နေတတ်သော အိမ်မြောင် .... "The spider taketh hold with her hands," သုတ္တံ ၃၀း ၂၈။

ပင့်ကူအထီးကို မြင်ဖူးမှာ မဟုတ်ဘူး။ အမက ပင့်ကူအိမ်ကို ဆောက်တယ်။ အထီးက မဆောက်ဘူး။ အထီးက သိပ်သေးတယ်။ အများအားဖြင့် ပင်အပ်ခေါင်းလောက်ပဲ ရှိမယ်။ ပင့်ကူမက ခြေတွေနဲ့ ပင့်ကူမျှင်တွေ ယက်ပြီး၊ စေးကပ်စေတဲ့အရာကို ပင့်ကူမျှင်ပေါ်မှာ ချထားတယ်။ ပိုးကောင်းလေးတွေ ထောင်ခြောက်မိပြီး သူ့အစာဖြစ်ရတယ်။ ပင့်ကူမျှင်ဟာပိုးစာမျှင်ထက် အဆ ၂၀ ပို ခိုင်တယ်လို့ တွေ့ရတယ်။ ဒါပေမယ့် အများကြီးမရနိုင်တဲ့ အကြောင်းရင်းက ပင့်ကူအထီးနဲ့ အမဟာ အတူ မနေနိုင်ကြဘူး။ အမက အထီးကို သဘောမကျတဲ့အခါ စားပစ်လိုက်တယ်။ သူတို့က အသားစားသတ္တဝါတွေပါ။

နောက်တမျိုးကတော့ Bell Spider ခေါင်းလောင်းပင့်ကူပါ။ သူ့မှာ အမွေးတွေ ရှိတယ်။ ချောင်းထဲကို သွားပြီး သစ်ကိုင်း၊ သစ်ရွက်တခုခုမှာ ခိုတယ်။ ပြီးတော့ ခေါင်းလောင်းပုံ ပင့်ကူအိမ် ဖွဲ့တယ်။ တလက်မလောက် ရှိမယ်။ ရေထဲကို ဆင်းလိုက်တက်လိုက် လုပ်မယ်။ တက်လာရင် လေတွေကို သူ့အမွေးနဲ့ ယူသွားမယ်။ ရေအောက်မှာ ကိုယ်က အမွေးတွေကို ညှစ်ပြီး လေထုတ်ယူမယ်။ နောက်ပြန်တက်ပြီး အမွေးနဲ့ လေယူမယ်။ အဲဒီလိုနဲ့ လေအပြည့်ရသည်အထိ ညှစ်ယူမယ်။ ပြီးမှ ရေမှာမျောလာမယ့် အစာကို ထိုင်စောင့်တယ်။ တွေ့ရင် ဖမ်းယူပြီး ရေပေါ်တက်ကာ လေရှိရာအရပ်မှာ စားသောက်တယ်။ ဒီပညာ သူဘယ်က ရသလဲ?


Butterflies လိပ်ပြာ
ကျောင်းသားတယောက်က လာဇရုဟာ သေပြီး ၄ ရက်လောက်မှာ အလောင်းရစ်ပတ်တဲ့ အဝတ်တွေနဲ့ ပြန်ရှင်လာတာကို မယုံဘူးတဲ့။ အလောင်းထုပ်ပိုးထားတဲ့အဝတ်တွေနဲ့ ဘယ်လို လမ်းလျှောက်မလဲတဲ့။

လိပ်ပြာဟာ ပိုးတုံးလုံးဘဝကနေ ကိုက်ဖြတ်ထွက်ဖို့ သွားမရှိဘူး။ ပိုးတုံးလုံးရဲ့ အမျှင်တွေဟာ လေ၊ ရေ၊ အလင်း၊ အပူ လုံးဝမဝင်နိုင်အောင် ကာကွယ်ထားတယ်။ အဲဒီကနေ ဘယ်လိုပွင့်ထွက်လာသလဲ မသိနိုင်ဘူး။ တွားသွားတဲ့ ပိုးကောင်ဘဝရောက်တဲ့အခါ ခြေ ၁၄ ချောင်း ရှိတယ်။ လိပ်ပြာဘဝရောက်တဲ့အခါ ခြေ ၆ ချောင်းပဲ ရှိတော့တယ်။ ၈ ချောင်း ဘယ်ရောက်သွားသလဲ? မသိနိုင်ဘူး။ အမွေးအမျှင်တွေ ပျောက်ပြီး၊ တောင်ပံတွေနဲ့ ဖြစ်လာတယ်။


Watermelon, Trees, Wheat ဖရဲသီး၊ သစ်ပင်၊ ဂျံု
ဖရဲသီးတိုင်းမှာ အစင်းကြောင်း stripes ၁၀ ကြောင်းစီ ပါပါတယ်။ သစ်ပင်တွေမှာ အရွက်တွေ ဘယ်လိုကြီးလာကြသလဲ?ပန်းသီးပင်မှာ ၅ ရွက်မြေက် အရွက်ဟာ ပထမအရွက်ရဲ့ ဆန့်ကျင်ဖက်ကို ထွက်တယ်။ peach မက်မွန်သီးပင်မှာ ၈ ရွက်မြောက်ဟာ ပထမအရွက်နဲ့ ဆန့်ကျင်ဖက် ထွက်တယ်။ Plum ထန်းပင်မှာ ၄ လက်မြောက်ဟာ ပထမအလက်နဲ့ ဆန့်ကျင်ဖက် ထွက်တယ်။ Ash tree ဆိုတဲ့ သံလွင်ပင်တမျိုးဟာ ၂၂ ရွက်မြေက်အရွက်က ပထမအရွက်ကို ဆန့်ကျင် ထွက်တယ်။ သခင်ယေရှုက ယုံကြည်သူဟာ အဆ ၃၀၊ ၆၀၊ ၁၀၀ ကြီးပွါးရမယ်လို့ ဆိုတယ်။ ဂျံုပင်တွေဟာ ဒီအတိုင်း ကြီးကြရတယ်။ အသေးစား ဂျံုပင်တပင်မှာ အစေ့ ၂၈၊ ၃၀ သို့မဟုတ် ၃၂ ရှိပါလိမ့်မယ်။ အမြဲတမ်း စုံဂဏန်းဖြစ်မယ်။  အပင်ကောင်းရင် ၅၈၊ ၆၀ သို့မဟုတ် ၆၂ ရှိမယ်။  အပင်သန်လို့ ခေါင်းညွတ်ကျနေရင် ၉၈၊ ၁၀၀ သို့မဟုတ် ၁၀၂ ရှိမယ်။ သခင်ယေရှုက သူ့ပြောတဲ့စကားကို သူသိတယ်။


Flies ယင်
အီဂျစ်ပြည်မှာ ယင်တွေကို မောင်းထုတ်တော့ တကောင်မှ မရှိတော့ဘူးလို့ ဆိုတယ်။ (ထွက် ၈း ၃၁)

ယင်ကောင်ရဲ့ မျက်စိမှာ ထောင်ချီတဲ့ မှန်ကူကွက်တွေ ပါတယ်။ နောက်က လိုက်ရိုက်တဲ့အခါ မျက်လုံးအကွက်တထောင်ပါပေမယ့် မခုန်ပျံနိုင်ဘူး။ ပျံပြီး မျက်နှာကြက်မှာတော့ ဇောက်ထိုးနားတယ်။ သူ့ကို ဘာက မျက်နှာကြက်မှာ ကပ်နေစေသလဲ? ဆောင်တွင်းမှာ ယင်ကောင်ဟာ ပြတင်းပေါက်ဘောင်ပေါ်မှာ အေးခဲပြီး သေနေတာ တွေ့ရမယ်။ သူ့ကိုယ်က ကော်တမျိုးက အေးခဲသွားတာ ဖြစ်တယ်။ ယင်ရဲ့ခြေထောက်မှာ အမွေးပွ အချောင်း ၁၅၀ ရှိတယ်။ အဲဒီအမွေးပွတွေက ခြေတဖက် အချောင်း ၁၅၀ နဲ့၊ ပေါင်း အမွေး ၉၀၀ လောက်ဟာ သူ့ခြေချတဲ့နေရာတိုင်းမှ ကော်တမျိုးနဲ့ စေးကပ်နေတာ ဖြစ်တယ်။


Elephants ဆင်
ခြေလေးချောင်းပေါ်မှာ တပြိုင်နက်တည်း ထရပ်နိုင်တာ ဆင်ပဲ ရှိတယ်။ နွားက နောက်ခြေကနေ စရပ်တယ်။ မြင်းက ရှေ့ခြေနဲ့ စရပ်တယ်။

ဆင်ကတော့ ကိုယ်ခန္ဓာကြီးလွန်းလို့ ခြေ ၄ ချောင်းလုံးနဲ့ ရပ်ရတယ်။ ဆင်ရဲ့ နောက်ခြေက ရှေ့ကို ကွေးညွှတ်လိုက်တယ်။ လိပ်ကလွဲလို့ ခြေလေးချောင်းသတ္တဝါတွေဖြစ်တဲ့ မြင်း၊ ခွေး၊ ကြောင်၊ နွား စတာတွေဟာ နောက်ခြေကို နောက်ဖက် ကွေးနိုင်တယ်။ ဆင်ရဲ့ နောက်ခြေကတော့ ရှေ့ကို ကွေးနိုင်တယ်။ ဒါမှ သူ့ကိုယ်ကို ထရပ်နိုင်တယ်။ သူ့နှာမောင်းက ကြွက်သားအကြောပေါင်း ၂၄,၀၀၀ ရှိတယ်။ Fulcrum ဆိုတဲ့ ကုတ်တွေမပါဘဲ ဘာလို့ ဒီလောက်သန်မာသလဲဆိုတာ သိပ္ပံပညာရှင်တွေ နားမလည်ကြဘူး။ နှာမောင်းကြွက်သားတချို့က မေးရိုးနဲ့ ဆက်နေတယ်။ ဒါကလည်း အတော်နဲပါတယ်။ ဆင်တကောင်ဟာ ပေါင် ၆၀၀ လောက်ရှိတဲ့ ကျားတကောင်ကို သူ့နှာမောင်းနဲ့ လွှဲချီပစ်ပေါက်နိုင်တယ်။ (ဆင်တကောင်မွေးဖွါးဖို့ ၈၇ ပတ်ကြာပါတယ်။)


Bees ပျားများ
ပျားလေးတွေကလည်း စိတ်ဝင်စားစရာပါ။ သူ့က နံပါတ် ၃ တွေနဲ့ ဖွဲ့စည်းထားတယ်။ အစာအိမ် ၃ ခု ရှိတယ်။ တခုက အစာအတွက်၊ တခုက ပန်းဝတ်ရည်အတွက်၊ နောက်တခုက ပျားအုံရောက်တဲ့အခါ ပျားရည်သွန်ချဖို့ ဖြစ်တယ်။ ပျားတွေရဲ့ ဦးခေါင်းမှာ မျက်လုံး ၃ လုံး ပါတယ်။ အတောင်ပံ ၃ စုံ ရှိတယ်။ အစွယ် ၃ ချောင်း ပါတယ်။ ၉၊ ၁၂၊ ၁၅၊ ၁၈၊ ၂၁၊ ၂၄ စတဲ့ ရက်တွေမှာ ပျားတွေ ပေါက်တယ်။ အားလုံး ၃ နံပါတ်တွေ ဖြစ်တယ်။ အကောင်ပေါက်ပြီး ၃ ရက်အကြာထိ ပျားအုံထဲမှာနေတယ်။ နောက် ၃ ရက်က ပျားသလက်မှာ နေတယ်။ နောက်တော့ ပျားရည်စုဆောင်းတဲ့အလုပ် လုပ်ကြတယ်။


Birds ငှက်များ
Blue Jay ဆိုတဲ့ ငှက်ကလေးတွေဟာ အာဖရိကတောနက်ထဲမှာ မျောက်တွေ မမှီနိုင်တဲ့ သစ်ကိုင်းအဖျားမှာ အသိုက်ဆောက်ကြတယ်။ အဲဒီဉာဏ် သူတို့ ဘယ်ကရသလဲ?

ဇီးကွက်တွေရဲ့ အတောင်ပံ အမွေးဟာ သိပ်နူးညံ့တယ်။ ညအချိန် အစာရှာတဲ့အခါ အတောင်ပံ အသံပြင်းပြင်း မထွက်စေဖို့ ဖြစ်တယ်။

ကြက်ကလေးတွေ ဥပေါက်လာတဲ့အခါ အချွန်ဖက်က မပေါက်ဘူး။ အချွန်ဖက်က သိပ်မာတယ်။ ဒါကြောင့် ကြက်မက ဥပေါက်တဲ့အခါ အချွန်ဖက်က အရင်ဥချတယ်။ အချွန်ဖက်ဟာ အထိုင်ဖက်ထက် ၂ ဆ မာတယ်။ အထိုင်ဖက်မှာ လေခိုနေတဲ့အခန်းလေး ရှိတယ်။ ရက် ၂၀ အကြာမှာ ဥထဲက ကြက်ကလေးက လေနဲနဲ စရှုတယ်။ ၂၁ ရက်အကြာမှာ အပေါက်ဖေါက်ပြီး၊ အကောင်ပေါက်လာတာ ဖြစ်တယ်။ ကြက်ဥထဲက ကြက်ကလေးရဲ့ အနေအထားဟာ ဘယ်တော့မှ မပြောင်းလဲဘူး။ နှာခေါင်းလေးက လေခိုတဲ့အခန်းလေးဖက်မှာ အမြဲရှိတယ်။ ကြက်ဥရဲ့  အဖြူရောင်အကာတွေက အနှစ်တွေကို ပြောင်းပြန်မဖြစ်အောင် ဥနံရံမှာ ထိန်းချုပ်ပေးထားတယ်။


နိဂုံး
ဘုရားလက်ရာတွေဟာ စုံလင်၊ လှပ၊ အံ့သြဖွယ်ရာဖြစ်တယ်။ ဘုရားသခင်ကို အခွင့်ပေးမယ်ဆိုရင် ကိုယ့်အသက်တာနဲ့ စိတ်နှလုံးကို လှပလာစေနိုင်တယ်။ ဘုရားသခင်ကို အားကိုးပါ။

Wednesday, January 25, 2017

The Foolish Boy - Lahu Story


ကောင်းကင်ရောက်ဖို့ ကောင်းတာတွေ လုပ်မှရမယ်လို့ လူအများထင်တတ်ပါတယ်။ တကယ်တော့ ကောင်းကင်ရောက်ဖို့ကို ဘုရားသားတော်က လာပြီး အသေခံပေးခဲ့ပါပြီ။ ကိုယ်စားအသေခံပြီး အပြစ်ကြွေးကို ဆပ်ပေးခဲ့ပါပြီ။ လူက တခုခု လုပ်မှရမယ်၊ Do လို့ ထင်တယ်။ ဘုရားက ငါ လုပ်ပေးပြီးပြီ၊ Done လို့ ပြောပါတယ်။ ဒါကို နားမလည်ဘဲ မနေသင့်ပါဘူး။ လားဟူပုံပြင်လေးက ရယ်စရာကောင်းပါတယ်။ ဒါပေမယ့် မအ, ဖို့ သတိပေးနေပါတယ်။
The Foolish Boy: A Folktale from the Lahu People of Southeast Asia and China
This folktale warns about the perils of being foolish.It has a startling and rather final ending.
Once, there was a woman with a very foolish son who just stayed home all day.
One day, the boy smelled a neighbor's curry. Its smelled so good that he said, "Mother, I want to eat a delicious curry."
"How can I make a curry at all if you do not bring back any food from the jungle? If you want curry, go look for some food to put in it."
So the boy made a fish trap. But he did not have the patience to wait along. Giving up, sure that the trap was empty, he threw it up into the trees. But there had been a small fish caught in the trap, and an egret landed on the trap and had a nice snack. The boy caught the egret and said to it, "Fly to my home and tell my mother that I said to kill you and make a curry out of you." Then, he let the egret go and watched it fly away.
        He went home. "Mother, did you get the egret? I told it to fly home so could make a curry out of it."
        "Son, if you want food, you first to kill it, then bring it back."
        The next day, the foolish boy found a clump of edible mushrooms. He remembered what his mother said. He beat the mushrooms to a pulp to make sure they were dead, and then he brought the mess home.
        "Son," his mother said, "this type of food needs to be pick one at a time, then carried home in your shoulder bag."
         Off the son went. He found a hive of bees. Even though they stung him very badly, he managed to put them one by one into his shoulder bag and carry them home.
         "Son," his mother said after she, too, had been stung and had chased the bees away with smoke, "for this kind of thing, you must first burn out the hive, then bring it home."
         The next day, the foolish boy found a barking deer, which is  a small deer that makes doglike noise. "I must burn it," the boy said. He set fire to the deer. It barked, leaped into a river, and swam away.
         When the boy told his mother what had happened, she sighed.
         "Son, you must first strike it and kill it, then bring it home."
          So the boy went off into the jungle. He found a Buddhist monk there, struck him over the head, and dragged him home.
          His mother, setting about reviving the stunned monk, said, "Son, this is a holy man. You do not strike him. You bow to him."
          So the boy went off the jungle again. He found a tiger. Remembering what his mother had said, he bowed to it. The tiger ate him.
          And that is why there is a Lahu proverb; Stupid never survives.

(From "World Folklore for Storytellers")

The Foolish Boy: A Folktale from the Lahu People of Southeast Asia and China
လူအ, လေးတယောက်အကြောင်း - အရှေ့တောင်အာရှနဲ့ တရုတ်ပြည်မှာနေထိုင်သော လားဟူလူမျိုးများရဲ့ ပုံပြင်။

ဒီပုံပြင်လေးက မ,အဖို့ သတိပေးထားတာပါ။ ဇာတ်သိမ်းက တမျိုးလေးပါ။
တခါတုန်းက အမျိုးသမီးတယောက်မှာ တနေကုန် အိမ်မှာပဲ ထိုင်နေတဲ့ သားတယောက် ရှိသတဲ့။ တနေ့တော့ ကောင်လေးက ဘေးအိမ်က ဟင်းနံ့ကို ရသတဲ့။ အနံ့လေးက သိပ်မွှေးတော့ - “အမေ၊ ဟင်းကောင်းစားချင်လိုက်တာဗျာ” လို့ ပြောသတဲ့။
“ငါက ဘယ်လိုလုပ် ဟင်းကောင်းချက်မလဲ။ မင်းက တောထဲသွားပြီး ဟင်းချက်စရာမှ မရှာတာ။ ဟင်းကောင်းစားချင်ရင် တောထဲသွားပြီး ဟင်းချက်စရာ ရှာခဲ့။” လို့ ပြောသတဲ့။
ဒါနဲ့ ကောင်လေးဟာ ငါးထောင်ဖို့ ယက်သဲ့တခုကို ရက်သတဲ့။ ဒါပေမယ့် သူက သိပ်မစောင့်နိုင်ဘူး။ ငါးမရဘူးဆိုပြီး လက်လျှော့လိုက်တယ်။ ယက်သဲ့ကိုတော့ ချုံပုတ်ပေါ် လွှင့်ပစ်လိုက်တယ်။ ဒါပေမယ့် ယက်သဲ့ထဲမှာ ငါးသေးသေးတကောင် ပါလာတယ်။ ဗျိုင်းတကောင်က ယက်သဲ့ပေါ် ဆင်းလာပြီး အဆာပြေ စားလိုက်ရသတဲ့။ ကောင်လေးက ဗျိုင်းကို ဖမ်းလိုက်တယ်၊ “အိမ်ကို ပျံပြီး၊ ငါ့အမေကို ပြော။ နင့်ကို သတ်ပြီး ဟင်းကောင်းတခွက် ချက်လို့ ပြော။” ဆိုပြီး၊ ဗျိုင်းကို လွှတ်လိုက်ပြီး၊ ဗျိုင်းပျံပြေးတာကို ငေးကြည့်နေလိုက်ပါတယ်။
အိမ်ရောက်တော့ “အမေ၊ ဗျိုင်းတကောင် မလာဘူးလား? ဟင်းချက်စားဖို့ အိမ်ပြန်သွားလို့ ပြောလိုက်တာ။”
“သားရယ်။ ဟင်းစားချင်ရင် အရင်သတ်ရတယ်။ ပြီးမှ အိမ်ကိုယူလာခဲ့။”
နောက်တနေ့ လူအ,လေးဟာ စားလို့ရတဲ့ မှိုတကျင်းကို တွေ့သတဲ့။ အမေ့စကား သူ သတိရသွားတယ်။ မှိုတွေကို သေအောင် ရိုက်သတ်လိုက်တယ်။ ပြီးမှ မှိုအကြေတွေကို အိမ်ကို ယူလာတော့တယ်။ “သား၊ ဒါမျိုးက တပွင့်ချင်း ကောက်ယူရုံပဲ။ ကျောပိုးအိတ်ထဲ ထည့်ယူလာခဲ့။” လို့ အမေက ပြန်ပြောတယ်။
ဒါနဲ့ သားက သွားပြန်တယ်။ ပျားအုံကြီး တအုံကို တွေ့တယ်။ ပျားတွေ အကြီးအကျယ် တုပ်ပေမယ့် တစုချင်း ကောက်ပြီး ကျောပိုးအိတ်ထဲ ထည့်ပြန်လာခဲ့တယ်။ အမေလည်း ပျားတုတ်ခံရလို့ ပျားတွေကို မီးခိုးနဲ့ မောင်းပြီးမှ “သား၊ ဒါမျိုး အသံမြည်ရင် မီးအရင် ရှို့ရတယ်။ ပြီးမှ ယူခဲ့” လို့ မှာတယ်။
နောက်တနေ့မှာ လူအ,လေးက အသံမြည်နေ၊ တောက်နေတဲ့ သမင်လေးတကောင်ကို တွေ့တယ်။ သူရဲ့တောက်သံက ခွေးဟောင်သံလိုပဲ။ ကောင်လေးက “မီးရှို့မှပဲ” လို့ ဆိုပြီး၊ သမင်ကို မီးရှို့ဖို့ လုပ်တယ်။ သမင်လေးက အော်ပြီး၊ မြစ်ထဲ ခုန်ချ၊ ရေကူးပြေးတော့တယ်။
ကောင်လေးက အမေကို အဖြစ်အပျက် ပြောပြတဲ့အခါ၊ အမေက သက်ပြင်းချတယ်။ “သား၊ ဒါမျိုးဆို၊ ရိုက်သတ်ပြီးမှ အိမ်ကို ယူခဲ့။”
ဒါနဲ့ တောထဲသွားပြန်တော့ သစ်ခေါက်ဆိုးတဲ့ ဝါဖန့်ဖန့် သင်္ကန်းဝတ်ထားတဲ့ ရသေ့တပါးကို တွေ့တယ်။ ခေါင်းကို ရိုက်ပြီး အိမ်ကို ဆွဲခေါ်လာတယ်။ အမေက သတိမေ့နေတဲ့ ရသေ့ကို ပြုစုပြီး - “သား၊ ဒီလို သူတော်စဉ်ဆိုရင် မရိုက်ရဘူး။ ဦးချရတယ်ကွဲ့။” လို့ မှာတယ်။
ဒါနဲ့ ကောင်လေးက တောထဲ သွားပြန်တယ်။ ကျားတကောင်ကို တွေ့တယ်။ အမေပြောတဲ့စကား အမှတ်ရပြီး၊ ကျားရှေ့မှာ ဦးချသတဲ့။ ကျားစာမိပါလေရော။
လားဟူပုံပြင်ပါ။ အ,လွန်းရင် သေတတ်ပါတယ်။

Sunday, November 13, 2016

Biblical Principles for MUSIC AND WORSHIP By Paul Chappell (Burmese)

ဓမ္မသီချင်းနဲ့ ဝတ်ပြုကိုးကွယ်ခြင်း
Dr. Paul Chappell
အသင်းတော်ဟာ ekklesia – a called out assembly ခေါ်ထုတ်ထားတဲ့ အစုအဝေးဖြစ်တာကြောင့် ဓမ္မတေး church music ဟာ ဝိညာဉ်သဘောရှိရမယ်၊ သန့်ရှင်းရပါမယ်။
အကြိုက်က မတူတတ်ပါဘူး။ တချို့က ဂီတသမားရဲ့အကြိုက် ရှိသလို၊ တချို့က နားထောင်သူအကြိုက်၊ တချို့ကတော့ ဆူညံအော်ဟစ်ရုံ joyful noisemaker သက်သက်ပါ။ အကြိုက်ကလည်း ကျမ်းစာနဲ့ ညီဖို့တော့ လိုပါတယ်။ လုပ်ဆောင်သမျှဟာ ဘုန်းတော်ထင်ရှားဖို့ ဖြစ်ရပါမယ်။ (၁ ကော ၁၀း ၃၁)

The Principles

အများအားဖြင့် နှစ်ခြင်းတွေက အလုပ်လုပ်ရင် ကျမ်းစာနဲ့ ညီဖို့ သတိထားတတ်ပေမယ့် ဓမ္မသီချင်း အပါအဝင် တချို့ အကြောင်းအရာတွေမှာ ခံယူပုံလေးတွေ ကွာတတ်တယ်။ အခု Principles တွေဟာ အတိအကျကြီး လိုက်နာဖို့ မဟုတ်ဘဲ သင်ယူမိတာကို ပြန်လည် ဝေမျှခြင်းသာ ဖြစ်တယ်။ ကျမ်းစာနဲ့ ညီသလို၊ ဘုန်းတော် ထင်ရှားမယ်လို့ ယုံကြည်ပါတယ်။
1. ဝတ်ပြုခြင်းနဲ့ ဧဝံဂေလိမှာ တရားဒေသနာ Preaching ကသာ အဓိက ဖြစ်တယ်။

ကယ်တင်ခြင်းကို သီချင်းဖွဲ့ဆိုနိုင်ပေမယ့် ဓမ္မဟောင်းရော၊ ဓမ္မသစ်မှာပါ နှုတ်ကပတ်တော် ဟောပြောခြင်းက အဓိကကျပါတယ်။ - ၁ ကော ၁း ၂၁။

2.   ဓမ္မသီချင်းဟာ ဘုရားနဲ့ သန့်ရှင်းခြင်းကို reflect ရောင်ပြန်ဟပ်ရမယ်။
ခေရုဗိမ် ကောင်းကင်တမန်တွေက ဘုရားသခင် သန့်ရှင်းတယ်လို့ ကောင်းကင်မှာ ကြွေးကြော်ကြတယ်။ ဟေရှာယ (၆း ၃) ဗျာဒိတ်ကျမ်းမှာလည်း သန့်ရှင်းသူတွေက ရွေးနှုတ်ခြင်းနဲ့ သန့်ရှင်းခြင်းအတွက် ကျေးဇူးတော် ချီးမွမ်း သီဆိုကြတယ်။ (ဗျာဒိတ် ၅း ၈- ၁၄) သန့်ရှင်းခြင်းကို လျစ်လျူရှုပြီး အကြိုက်မတူတာပါလို့ မပြောသင့်ပါ။ အကြိုက်ဆိုတာ မှားနေနိုင်ပါတယ်။ လူတယောက်က အကြမ်းဖက်တာကို ကြိုက်နေနိုင်တယ်။ ဒါပေမယ့် အကြမ်းဖက်တာဟာ ကျမ်းစာအရ လွဲမှားတယ်။ ခရစ်ယာန်တွေ ဆိုနေတာနဲ့ပဲ ကြိုက်လိုက်တာဟာ မစဉ်းစားရာ ရောက်ပါတယ်။ ၁ ပေ ၁း ၁၄- ၁၆။
3.   တရားစကားကို အလွန်အကျွံ တင်ဆက်တာ Over Contextualizing ဟာ အန္တရာယ် ရှိပါတယ်။

တရားစကား ကြားစေချင်၊ နားလည်စေချင်တာ သဘာဝပါ။ တင်ဆက်ပုံ Contextualization ကတော့ တရားစကားကို ထုတ်ပိုးတဲ့ Package ပါ။ ဒါပေမယ့် အထုတ်အပိုးကို သိပ်ဦးစားပေးတဲ့အခါ အထဲက တရားက အားလျော့ တတ်တယ်။ တခါတရံဆိုရင် အထုပ်က သိပ်ကောင်းလွန်းနေပြီး၊ အထဲမှာ ဘာမှမပါတာမျိုး ဖြစ်နေတတ်တယ်။ အကာနဲ့ အနှစ်ကို ချိန်ညှိတတ်ဖို့ လိုတယ်။

အသင်းတော်တွေမှာ ခေတ်ပေါ်ဓမ္မတေးတွေကို ဆိုတတ်တယ်။ အဓိကကတော့ ခရစ်တော်ပါဖို့ပါပဲ။ နောက်ဆုံးပေါ် beats တွေကို တီးခတ်ပြီး လူ့အကြိုက်ပဲ လိုက်နေပြီး၊ ဘုရားအကြိုက် မပါဘဲ ဖြစ်နေရင် မကောင်းပါဘူး။ “မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဖေါ်နှင့်။” (သုတ္တံ ၂၄း ၂၁) “meddle not with them that are given to change”. – Proverbs 24; 21. ဆိုတဲ့ ကျမ်းချက်က ဆင်ခြင်စရာ ကောင်းပါတယ်။ အပြောင်းအလဲ Change ဆိုတာ ရှိစမြဲပါ။ ဒါပေမယ့် ပြောင်းလဲရတာက အဆင်အပြင်ကြောင့်ဆိုပြီး တရားက မှေးမှိန်နေတာမျိုး မဖြစ်သင့်ပါဘူး။ ဆာလံ ၂၉း ၂၊ ၁ ကော ၉း ၁၉- ၂၃။

4. ဓမ္မသီချင်းရဲ့ ရည်ရွယ်ချက်ဟာ ဝတ်ပြုဖို့၊ ချီးမွမ်းဖို့၊ ဝမ်းမြောက်ဖို့၊ ဆက်ကပ်ဖို့၊ တည်ဆောက်ဖို့၊ ဧဝံဂေလိနဲ့ ယုံကြည်ခြင်း ခိုင်မြဲဖို့အတွက်သာ ဖြစ်တယ်။
ဝတ်ပြုရာမှာ သီချင်းဟာ ပါစမြဲပါ။ ဒါဝိဒ်က သီချင်းသည်တွေ ခန့်ထားတယ်။ (၅ရာ ၉း ၃၃၊ ၁၅း ၁၆)။ သီချင်းသည် ၄,၀၀၀ ထဲမှာ အာသပ်ကို သီချင်းဆရာအဖြစ် ရွေးချယ်ခဲ့တယ်။ (၅ရာ ၆း ၃၁၊ ၃၉)

ဂီတဟာ ဖျော်ဖြေရေး entertainment သက်သက်ပါ။ ဓမ္မသီချင်းက ဖျော်ဖြေရေးအတွက် မဟုတ်ဘူး။ ကျမ်းစာကပြောတဲ့ ဓမ္မသီချင်းရဲ့ ရည်ရွယ်ချက်တွေက ……
  • Worship ဝတ်ပြုကိုးကွယ်ဖို့ - ၆ ရာ ၂၉း ၂၈။
  • Thanksgiving ကျေးဇူးတော်ချီးမွမ်းဖို့ - ဆာလံ ၁၄၇း ရ။
  • Rejoicing ဝမ်းမြောက် ရွှင်လန်းဖို့ - ဆာလံ ၉၈း ၄- ၅။
  • Consecration ဆက်ကပ်ဖို့ - ဆာလံ ၁၁၁း ၁။
  • Edification တည်ဆောက်ဖို့ - ကောလောသဲ ၃း ၁၆။
  • Evangelism ဧဝံဂေလိအတွက် - ဆာလံ ၄၀း ၃။
  • Preservation of the faith ယုံကြည်ခြင်း ခိုင်ခန့်ဖို့ - ဆာလံ ၁၄၅း ၄- ၅။

5. ကျမ်းစာအရ Psalms ဆာလံသီချင်း၊ Hymns ဓမ္မသီချင်းနဲ့ spiritual songs ( ဓမ္မတေး ) တွေကို ဦးစားပေး သင့်တယ်။
Bible Truth Music ကို တည်ထောင်သူ Dr. Byron Foxx က “We should sing to God, for God, and about God.” - ဘုရားထံ၊ ဘုရားအတွက်၊ ဘုရားအကြောင်း သီချင်းဆိုရမယ်လို့ ပြောဖူးပါတယ်။ Doctrine ခံယူချက်ရော၊ melody သံစဉ်ပါ ရည်ရှည်ခံတဲ့ သီချင်းတွေ သုံးကြရပါမယ်။ - ဧဖက် ၅း ၁၉။

6. Hymn ဓမ္မသီချင်းတွေဟာ ဘုရားကို ကျမ်းစာနဲ့အညီ Celebrate ချီးမြှောက်နေတာ ဖြစ်တယ်။

ဧဖက် ၅း ၁၉ မှာ ပြောတဲ့ “Psalms” ဆာလံဆိုတာက ရှင်းပါတယ်။ အဲဒီခေတ် ပထမရာစုရဲ့ Hymns နဲ့ Spiritual songs ဆိုတာက သတ်မှတ်ရ ခက်တယ်။ Hymns ဓမ္မသီချင်းက ဘုရားဂုဏ်တော် attributes နဲ့ အမှုတော် works ကို အဓိက ချီးမွမ်းတယ်။ Hymns က အသစ်ရယ်၊ အဟောင်းရယ် မဆိုလိုပါ။ ဥပမာ “Consider Christ” ဟာ Hymn ဖြစ်ပြီး၊ “Make a Difference” ဟာ Spiritual song ဖြစ်ပါတယ်။

Reformation ခေတ်က hymns အများစုဟာ ကျမ်းစကားတွေကို ရေးတာ ဖြစ်တယ်။ Isaac Watts က ဓမ္မသစ် doctrine ကို အခြေခံတယ်။ Wesley ညီအကိုက ကျမ်းစကားကို အခြေခံတဲ့ hymns ရ,၀၀၀ ကျော် ရေးတယ်။

Traditional Hymns နဲ့ Gospel songs တွေကို သုံရခြင်းရဲ့ အကြောင်းရင်း နှစ်ချက်ရှိတယ်။ တစ်က Doctrine ကောင်းတွေကို သင်ပေးတယ်။ နှစ်က ကျွန်တော်တို့နဲ့ သားစဉ်မြေးဆက် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်လို့ပါပဲ။ ဆာလံ ၁၀၄း ၃၃- ၃၄။

7. ဓမ္မသီချင်းဟာ melodies သံစဉ်နဲ့ စည်းချက် rhythms မှာ ဘုရားရဲ့ စည်းစနစ်ကျမှု orderliness ကို ရောင်ပြန်ဟပ်နေရမယ်။
အသွေးအသားကို ဆူစေတဲ့ ယိမ်းနွဲ့စေတဲ့ သီချင်းမျိုးကို ရှောင်ရမယ်။ သံစဉ်က ဘုရားထံ ချဉ်းကပ်စေပြီး ဝိညာဉ်သဘောနဲ့ လျှောက်လှမ်းစေရမယ်။ rhythm နဲ့ harmonies ပံ့ပိုးထားတဲ့ dominant (သံမှန်) သံစဉ် ဖြစ်ရမယ်။ ဒီအကြောင်းက သိပ်ကျယ်ပြန့်လွန်းတော့ ကိုယ်ပိုင်ဉာဏ်နဲ့ ပိုင်းခြားဖို့ လိုတယ်။ သန့်ရှင်းသော ဝိညာဉ်တော် ဦးဆောင်စေရမယ်။ ၁ ကော ၁၄း ၄၀၊ ဧဖက် ၅း ၁၉။

8. CCM ခေတ်ပေါ်ဓမ္မတေးဟာ ကျမ်းစာ သွန်သင်ချက်ဖြစ်တဲ့ သီးခြားရပ်တည်ခြင်းကို ငြင်းပယ်နေတယ်။
အသင်းတော်ကို ခေါ်ထုတ်ထားတာ ဖြစ်တဲ့အတွက် လောကနဲ့ bridge ပေါင်းကူးဖို့ မဟုတ်ဘူး။ Stand out ရပ်ပြဖို့ ဖြစ်တယ်။ blend in ရောနှောဖို့ မဟုတ်ဘူး။ ၁ ကော ၆း ၁၇။

9. ဓမ္မတေးဟာ ဘုရားဘုန်းတော်အတွက်သာ ဖြစ်တယ်။ လောကီဆန်ရင် လူ နာမည်ကြီးဖို့ ဖြစ်နေမယ်။
Rock and Roll နဲ့ Jazz ဟာ ဓမ္မတေးမှာ လက်မခံနိုင်စရာ ဖြစ်တယ်။ သံစဉ်နဲ့ rhythm ဟာ စာသားနဲ့အတူ သတင်းစကားကို သယ်ဆောင်တယ်။ တချို့သီချင်းက ဘုရားကို ကိုးကွယ်တာ မှန်ပေမယ့် တချို့သီချင်းတွေက အသွေးအသားကို ဦးစားပေးနေတယ်။ အာရုန် ဦးဆောင်ပြီးး နွားသူငယ်ကို ကိုးကွယ်တဲ့အခါမှာ သီချင်းဆို၊ ကခုန်ကြသလို ဖြစ်နေတယ်။ ထွက် ၃၂း ၁၈- ၁၉။

10.သီချင်းအသစ်တွေလည်း ကောင်းတတ်ပါတယ်။
ကျမ်းစာနဲ့ညီရင် သီချင်းအသစ်လည်း ကောင်းတတ်ပါတယ်။ ကျမ်းစာကလည်း အသစ်သော သီချင်းကို ဆိုကြလော့လို့ မကြာခဏ အားပေးတတ်တယ်။ အသစ်သော သီချင်းဆိုတာ ပုံစံသစ်၊ အဖွဲ့အနွဲ့သစ် ဖြစ်နိုင်တယ်။ သီချင်းအသစ်ဆိုရင် စာသားကို လူတွေ ပုံပြီး အာရုံစိုက်တတ်ကြတယ်။

မရင်းနှီးတဲ့ သီချင်းထက် ရင်းနှီးပြီးသား သီချင်းကို သုံးတာ ပိုကောင်းတတ်တာလည်း သတိပြုရမယ်။ အသစ်ကို ရုတ်တရက် မကြိုက်တတ်တာ သဘာဝပါ။ စာသားက ကျမ်းစာနဲ့ ညီပေမယ့်လည်း ရုတ်တရက် မကြိုက်တတ်ပဲ ဖြစ်နေတတ်ပါတယ်။ ဒါကိုလည်း နားလည်ပေးတတ်ရပါမယ်။ ရောမ ၁၂း ၁၀။ ဆာလံ ၃၃း၃။ ဆာလံ ၁၄၉း ၁။

11.ခံယူချက်မတူတဲ့သူ ရေးတဲ့သီချင်းကို သုံးတာဟာ သူနဲ့ လက်တွဲတာ မဟုတ်ဘူး။ တူညီချက်ကို ထောက်ပြတာ ဖြစ်တယ်။ Not association but identification


သီချင်းပုံစံအရဖြစ်စေ၊ လောကီဆန်တဲ့ လတ်တလော အဖြစ်အပျက်တခုကို ကိုယ်စားပြုနေရင်ဖြစ်စေ ဒီသီချင်းမျိုးကို မသုံးသင့်ဘူး။ ဆိုမိရင်လည်း နောက်မဆိုတော့ဘူး။ တချို့ကလည်း ဆိုတဲ့အဆိုတော် နာမည်သိပ်မရှိတော့တဲ့ အချိန်အထိ ၅ နှစ် (သို့) ရ နှစ်လောက် စောင့်ပြီးမှ သုံးတဲ့သူလည်း ရှိတယ်။ သတိထားပြီး သုံးတတ်ဖို့ လိုတယ်။

သီချင်းကောင်းကို လောကီဆန်တဲ့သူ ဆိုတာလည်း ရှိတတ်တယ်။ လောကီအဆိုတော်က “O Holy Night” နဲ့ “Amazing Grace” သီချင်းတွေကို ဆိုတာမျိုးပေါ့။ သူတို့ကြောင့်တော့ သီချင်းကို မပြစ်ပယ်သင့်ဘူး။

တခါ ခံယူချက်မတူတဲ့သူက ရေးပေမယ့် သူ့ခံယူချက်ကို ဘာမှမဆွဲတဲ့ သီချင်းမျိုးတွေလည်း ရှိတတ်ပါတယ်။

ဥပမာ၊ Bill Gaither ရဲ့ “Because He Lives” သီချင်းဟာ သိပ်ကောင်းတယ်။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း မြော်လင့်ခြင်းတွေ ပေးတယ်။ Bill Gaither ကို Conservative pastors တွေ သိပ်မကြိုက်ပေမယ့် သူ့သီချင်းကိုတော့ သုံးကြပါတယ်။ (The Longer I serve Him နဲ့ Sinner Saved by Grace စတဲ့ Bill Gaither ရဲ့ သီချင်းတွေဟာ ကောင်းပါတယ်။) ခံယူချက်လွဲနေပေမယ့် သီချင်းထဲမှာ အဲဒီခံယူချက်မပါရင် သုံးနိုင်ပါတယ်။

“The Savior Is Waiting” သီချင်းဟာ Ralph Carmichael ရေးတာလို့ သိရပါတယ်။ Carmichael ဟာ “Love Is Surrender” သီချင်းကို ရေးတဲ့သူ ဖြစ်ပါတယ်။ အဲဒီသီချင်းက Carpenter အဖွဲ့ ဆိုတော့ နာမည်ကြီးသွားတယ်။ the Carpenters အဖွဲ့က ၁၉၆၀ နှစ်တွေကနေ ၁၉၈၀ နှစ်တွေအထိ နာမည်ကြီးတဲ့အဖွဲ့ ဖြစ်တယ်။ “Love Is Surrender” ဆိုတဲ့ သီချင်းကို မကြိုက်ပေမယ့်၊ “The Savior Is Waiting” သီချင်းကိုတော့ မဆိုဘဲ မနေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီသီချင်းကို Ralph Carmichael နဲ့ the Carpenters တို့နဲ့ ပါတ်သက်တာကို လူတွေ သိပ်မသိကြတော့ဘူး။ ဒါက idea ပါ။

တချို့ကလည်း Fundamental တွေ ရေးတဲ့ သီချင်းပဲ ဆိုရမယ်လို့ ပြောတတ်ကြတယ်။ Fundamental ထဲမှာပဲ ဘယ်ဟာ ကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူး ပြောဖို့ ပုံသေနည်း မရှိပါဘူး။

တကယ်တော့ ဒီနေ့ ကျွန်တော်တို့ သိပ်ကြိုက်တဲ့ သီချင်းတချို့ဟာ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်သူတွေ ရေးခဲ့တာပါ။ (Holy, Holy, Holy သီချင်းဟာ ရိုးမင်း ကက်သိုလစ်တယောက် ရေးတာပါ။ Blessed Assurance ဟာ မက်သဒစ် စစ်စစ် တယောက် ရေးတာပါ။ Amazing Grace က အင်္ဂလီကန် သင်းအုပ်တယောက် ရေးတာပါ။) မက်သဒစ်ရေးတဲ့ သီချင်းတွေ ဆိုပေမယ့် လူက နှစ်ခြင်း ဖြစ်နေနိုင်ပါသေးတယ်။ ၂ ကော ၆း ၁၄။

12.သီချင်းရေးဆရာ တယောက်ရဲ့ သီချင်းတပုဒ်ကို သုံးတာနဲ့ သူ့သီချင်းအားလုံးကို ထောက်ခံရာ မရောက်ဘူး။
“It Is Well with My Soul” သီချင်းရေးတဲ့ Horatio Spafford ဟာ အဲဒီသီချင်း ရေးတုန်းက သူက ပရက်စ် ဘက်တီးရီးယန်းပါ။ နောက်နှစ်တွေကြာတော့ ကိုယ်ပိုင် Messianic အုပ်စုတစုကို ထောင်တယ်။ မိသားစုနဲ့ ယေရုရှလင်မြို့ကို ပြောင်းပြီး utopian အဖွဲ့ကို တည်ထောင်တယ်။ Universalist တယောက်ဖြစ်လို့ ထာဝရ တရားစီရင်ခြင်းနဲ့ ငရဲအပါအဝင် ကျမ်းစာရဲ့ သွန်သင်ချက်တွေကို ငြင်းပယ်တယ်။ ဒါပေမယ့် “It Is Well with My Soul” သီချင်းကို ဆိုတာဟာ သူ့ရဲ့ ပရက်စ်ဘက်တီးရီးယန်း၊ Universalist တယောက် ဆိုတာကို အားပေးရာ မရောက်ဘူး။ ဘုရားကို ချီးမွမ်းရင်း ယုံကြည်ခြင်းကို အားပေးရုံသာ ဖြစ်တယ်။
လူတယောက်ရဲ့ စကားကို ကိုးကားရင်လည်း သူပြောခဲ့သမျှ စကားအားလုံးကို ထောက်ခံရာ မရောက်ပါဘူး။

13.ဘုရားသခင်ရှေ့မှာ ခံစားသီဆိုတာ ဖြစ်ပေမယ့် ဟန်ဆောင်တာ၊ ပိုပိုကဲကဲ လုပ်တာတော့ မဖြစ်သင့်ပါဘူး။
လောကီအဆိုတော်တွေရဲ့ ဆိုပုံဟန်ပန်တွေကို အတုခိုးဆိုနေတာနဲ့ ဘုရားကို မိတ်ဖွဲ့ဆိုနေတာဟာ မတူပါဘူး။ ၂ ရာ ၆း ၁၆။ ဘုရားအကြိုက်ထက် လူကြိုက်ဖို့အတွက် ဂီတကို အလျှော့ပေးစရာ မလိုပါဘူး။ သိပ်ပြီး စည်းကမ်းကြီးပြီး ဖါရိရှဲလို ခံယူနေဖို့လည်း မကောင်းဘူး။ ရောမ ၁၄း ၃။

14.သင်းအုပ်က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ခံယူရပါမယ်။

နှစ်ခြင်းတွေက ခရစ်တော်ရဲ့ လမ်းပြမှုအတိုင်း အသင်းတော်သွားရမယ်လို့ ယုံကြည်ကြတယ်။ သင်းအုပ်ဆရာ တယောက်နဲ့ တယောက် အကြိုက်တော့ မတူနိုင်ဘူး။အသင်းတော် တပါးနဲ့တပါး သီချင်း ဆိုလေ့ရှိတာချင်း မတူနိုင်ဘူး။ နေရာ ဒေသနဲ့ တခြားအချက်အလက်တွေကြောင့် သီချင်းသဘာဝ ကွဲပြားနိုင်တယ်။ တနေ့မှာတော့ သင်းအုပ်ဆရာဟာ သူအုပ်ချုပ်ခဲ့တဲ့ အသင်းတော်ရဲ့ သီချင်းတွေအတွက် သခင်ဘုရားရှေ့မှာ အစစ်ခံရလိမ့်မယ်။ ဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ခံယူမှုနဲ့ ကျမ်းစာနဲ့ ညီ,မညီ စတာတွေ အစစ်ခံရမယ်။ တမန် ၂၀း ၂၈။

15.မတူတဲ့နေရာလေးတွေ ရှိတတ်ပေမယ့် သြဝါဒမှန်မယ်၊ ခရစ်တော်ကို ဦးထိပ်ထားတဲ့ သီချင်းတွေကို ဦးစားပေးရမယ်။
အခုပြောတဲ့အတိုင်း အားလုံးခံယူရမယ်လို့ မပြောလိုဘူး။ ဒါပေမယ့် အသင်းတော်ရဲ့ အဓိကဟာ ဧဝံဂေလိပါ။ သီချင်းမဟုတ်ဘူး ဆိုတာ သတိပြုရပါမယ်။ မဿဲ ၂၈း ၁၉- ၂၀။
သင်းအုပ်တယောက်နဲ့ တယောက် မတူနိုင်ဘူး။ အားကြီးသူ ရှိမယ်။ အားနည်းသူလည်း ရှိမယ်။ ဂီတကလည်း ငြင်းခုံစရာတွေ များတယ်။ ဒါပေမယ့် အသေးအမွှားတွေကို ထားပြီး တယောက်နဲ့ တယောက် အသင့်အတင့် နေတတ်ရမယ်။ ရောမ ၁၄း ၁၀၊ ၁၇- ၁၉။
သီချင်းအကြောင်းပြောရာမှာ တယောက်နဲ့ တယောက် အပြစ်ရှာနေကြတာမျိုး မဟုတ်ဘဲ၊ ဘုရားဘုန်းထင်ရှားဖို့သာ ဦးစားပေးကြရမယ်။

နိဂုံး
ခရစ်တော်အတွက်သာ အဓိကဖြစ်ပြီး၊ ကိုယ့်အသင်းတော်ကြီးလာဖို့ မဟုတ်ဘူးဆိုရင် အခု အချက်အလက်တွေက အထောက်အကူ ပြုနိုင်ပါတယ်။
သီချင်းကလည်း မှန်ဖို့ လိုသလို၊ တဖက်ကလည်း မေတ္တာမပျက် သဘောထားကြီးနိုင်ဖို့ လိုပါတယ်။ ကျမ်းစာအရကတော့ ယုံကြည်သူဟာ ဝိညာဉ်သဘောနဲ့ အသက်ရှင်ရမယ်။ ဝိညာဉ်သဘောရှိတဲ့ သီချင်းတွေ ဆိုရမှာပါပဲ။ အသက်တာမှာ ဘုရားအတူရှိကြောင်း ရောင်ပြန်ဟပ်နေဖို့ လိုပါတယ်။ ဧဖက် ၅း ၁၈- ၁၉။

Thursday, August 25, 2016

One More Night With the Frogs by Hugh Pyle

ဖါးများနဲ့ နောက်တည
One More Night With the Frogs
by Hugh Pyle

Dr. Hugh Pyle
“မောရှေကလည်း ကိုယ်တော်နှင့် ကိုယ်တော်အိမ်များမှ ဘားတို့ကို ပယ်ရှင်းဖျက်ဆီး၍၊ မြစ်၌သာ နေစေခြင်းငှါ၊ ကိုယ်တော်နှင့် ကိုယ်တော်ကျွန်များ၊ လူများအဘို့ အကျွန်ုပ် တောင်းပန်ရသောအချိန်ကို ချိန်းချက်တော်မူပါ ဟု လျှောက်သော်၊ နက်ဖြန်နေ့ တောင်းပန်လော့ဟု မိန့်တော်မူသည်ဖြစ်၍၊” - ထွက်မြောက်ရာ ၈း ၉- ၁၀။

 နေရာတကာမှာ ဖါးတွေ။ အိပ်ယာထဲမှာ ဖါးတွေ။ မီးဖိုထဲမှာလည်း ဖါးတွေ။ ဧည့်ခန်းထဲမှာ ဖါးတွေ။ ပေါင်းအိုးထဲမှာ ဖါးတွေ။ မုန့်နှဲတဲ့ ခွက်တွေထဲမှာ ဖါးတွေ။ “မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏ပြည်တလျှောက်လုံးကို ဘားတို့ဖြင့် ဒဏ်ခတ်ဦးမည်။” (ထွက် ၈း ၂) ဘုရားသခင်က သူ့စကားအတိုင်း အလုပ်လုပ်တယ်။ အီဂျစ်အမျိုးသမီးက သူ့မုန့်အိုးကို ဖွင့်လိုက်တဲ့အခါ ငယ်သံပါအောင် အော်ပြီး ဖါးတွေ ထွက်လာတယ်။ အိပ်မလို့ အိပ်ယာခင်းကို ဆွဲလိုက်တဲ့သူက အိပ်ယာအောက်မှာ ဖါးတွေ အပြည့်ဖြစ်နေပြီ။ အင်္ကျီအိပ်ကပ်ထဲ လက်နှိုက်တဲ့သူက အိပ်ထဲမှာ ဖါးတွေ ပြည့်နေပြီ။ အီဂျစ်ကလေးတွေ ကျောင်းသွားတော့ လမ်းမှာ ဖါးတွေကို ခြေထောက်နဲ့ ကန်ကျ။ တယောက်နဲ့တယောက် ရွ့ံနဲ့ ပေါက်တမ်း မကစားဘဲ ဖါးနဲ့ ပေါက်တမ်း ကစားကြတယ်။ နန်းတော်ထဲမှာ ဖါး။ တဲစုတ်လေးမှာ လည်း ဖါး။ ဖါးကလေး၊ ဖါးကြီး အစုံပါပဲ။ ဖါးအော်သံတွေက နားပင်းလုပါပဲ။ အိမ်ထဲမှာ ဖါး၊ ခြံထဲမှာ ဖါး။မြစ်ထဲက တက်လာတဲ့ ဖါးတွေဟာ တောင်လို ပုံနေပြီး ညှီစော်နံနေပြီ။ နောက်ဆုံးတော့ ဖါရောဘုရင် ဒဏ်မခံနိုင်တော့ဘူး။မောရှေကို ခေါ်တယ်။ “ထာဝရဘုရားသည် ဘားတို့ကို ငါနှင့် ငါ့လူတို့ထံမှ ပယ်ရှားတော်မူမည်အကြောင်း တောင်းပန်လော့။ ဣသရေလလူတို့သည် ထာဝရဘုရားအား ယဇ်ပူဇော်ရသောအခွင့်ကို ငါပေးမည်ဟု ဆို၏။”

မောရှေ ပျော်မှာပေါ့။ ဖါရောဘုရင် စိတ်ပြောင်းပြီကိုး။ ပြောင်းလဲပြီပေါ့။ ဖျက်ဆီးဖို့ အချိန် ပြောပါဆိုတော့ "To morrow!" မနက်ဖြန် တဲ့။ နားမလည်နိုင်စရာပဲ။ သူ့အစားအသောက်ထဲမှာ ဖါးတွေ။ အိပ်ယာမှာ ဖါးတွေ။ အဝတ်အစား တွေထဲမှာ ဖါးတွေ။ တအိမ်လုံးမှာ ဖါးတွေ။ ဘုရားသခင်က ဖါးတွေ ရှင်းပေးတော့မယ်။ ဖါရောမင်းက ပြောလာတယ်။ “မနက်ဖြန်”။ ဒီတညတော့ ဖါးတွေနဲ့ နေချင်သေးတယ်ပေါ့။ ဘာလို့များ ဖါးတွေနဲ့ နောက်ထပ်တည နေချင်ပါလိမ့်။

ဖါရောဘုရင်က “မနက်ဖြန်” တဲ့။ ဘုရားဝိညာဉ်တော်ကတော့ “ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျှက်ရှိသည်ဖြစ်၍၊ ခိုင်မာသော စိတ်နှလုံး မရှိကြနှင့်။” - ဟေဗြဲ ၃း ရ- ၈။ ဖါရောဘုရင်က , "To morrow." “မနက်ဖြန်”။ ဝိညာဉ်တော်က "To day!" ဒီနေ့။

“မနက်ဖြန်” ဆိုတာ လူအများစု ပြောတတ်တဲ့ စကားပဲ။

ဆက်ကပ်ဖို့ လိုတယ်။ ကိုယ့်ကို အဖိုးအခပေးပြီး ရွေးဝယ်ထားတယ်။ (၁ကော ၆း ၂၀) လူက ဘုရားအတွက် အရိုးသားဆုံး ပေးလှူနိုင်တဲ့အရာဟာ ဆက်ကပ်မှု၊ ဝိညာဉ်တော်နဲ့ ပြည့်ဝမှုပဲ။ ဆက်ကပ်ချင်တယ်။ ဒါပေမယ့် မနက်ဖြန်မှ။ မနက်ဖြန်လို့ပဲ ပြောတတ်ကြတယ်။ မအောင်မြင်တဲ့ အသက်တာမှာ ဖါးတွေနဲ့ နောက်တည နေချင်ကြတယ်။

ဘုရားနဲ့ဝေးနေသူကို ပြောကြည့်ပါ။ သူ ဝန်ခံမှာပါ။ “ဟုတ်ကဲ့ ဆရာ။ လုပ်ရမှာပေါ့။ ဘုရားနဲ့ ဝေးကတည်းက ဘဝမှာ ဒုက္ခတွေပဲ ကြုံနေတာ။ ဒီဘဝကို စိတ်ပျက်နေပါပြီ။ လူက မကျန်းမာတော့ဘူး။ စိတ်ညစ်နေပြီ။ ပြဿနာတွေပဲ ကြံုနေရတယ်။ အရင်လို မဟုတ်တော့ဘူး။ သွားပြီ။ ဘုရားထံ လှည့်ပြန်ရမယ်။” ဒီစကားကြားရင် တယ်ဟုတ်ပါလား တွေးမိမယ်။ “ကဲ၊ အခု ဒူးထောက် ဆုတောင်းရအောင်” ဆိုရင်တော့၊ သူက သူ့ဇာတိအလိုဆန္ဒ ဖါးတွေနဲ့ နောက်တည နေချင်ဦးမှာပါ။ လောက အပေးအယူ ဖါးတွေနဲ့ နောက်တည နေချင်ဦးမှာပါ။

နယူးယော့မြို့က ၁၅ နှစ်အရွယ် ကောင်လေးတယောက်ကို မြေအောက် မိလ္လာပိုက်ခန်းထဲမှာ နေတာ တွေ့ကြရတယ်။ အဖေနဲ့ အဆင်မပြေဘူး။ အိမ်မှာ မနေချင်တော့ဘူး။ မသုံးတာကြာပြီဖြစ်တဲ့ မိလ္လာပိုက်ခန်းထဲမှာ လာနေတယ်။ ၂ ပတ်ကြာမှ မွေ့ယာအစုတ်ပေါ်မှာ အိပ်နေတဲ့ သူ့ကို ရဲက တွေ့တယ်။ မိလ္လာခန်းထဲက ကြွက်တွေကြားမှာ ရေနံဆီမီးဖိုအစုတ်ကလေးနဲ့ ချက်ပြုဖို့ ကြိုးစားနေတယ်။ ၂ ပတ် ရှိပြီ။ သူ့ကို ရဲ့ အိမ်ပြန်ပို့တော့ သူ့အဖေက “ဘာဖြစ်လဲကွာ။ အဖေ ခွင့်လွှတ်ပါတယ်။ မနက်ဖြန်ကျရင် အိမ် ပြန်လာခဲ့ပေါ့။” တဲ့။

အသက်တာ လဲကျတဲ့သူတွေလည်း ဒီလိုပါပဲ။ ဘုရားသခင်က ပြန်လာစေချင်ပြီ။ လောက အညစ်အကြေးတွေထဲမှာ ဆက်နေချင်သေးတယ်။ အခု ပြန်လာဖို့ လိုတယ်။ “ကိုယ်အပြစ်တို့ကို ဖေါ်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်ရှိသမျှကို လွှတ်၍၊ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ၊ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏။” (၁ယော ၁း ၉)

ဘာကြောင့် သခင်ယေရှုထံ မလာသလဲ? ခွင့်လွှတ်မယ်။ အပြစ်ဝန်ထုပ် ပင်ပန်းတာတွေ အနားရစေမယ်။ ကယ်တင်မယ် ဆိုပေမယ့် လူက မနက်ဖြန်မှ လာမယ်။

“မနက်ဖြန်” ဆိုတဲ့ စကား လုကာ အခန်းကြီး ၉ မှာ သခင်ယေရှု ၃ ခါ ကြားခဲ့ရတယ်။ လူတယောက်က “သခင် ကိုယ်တော်ကြွတော်မူရာ အရပ်ရပ်သို့ အကျွန်ုပ် လိုက်ပါမည်။” လို့ လျှောက်တယ်။ ကောင်းလိုက်တဲ့ ဂတိပဲ။ ဒါပေမယ့် သခင်ယေရှုက “မြေခွေးသည် မြေတွင်း ရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှ မရှိ။” လို့ ပြောပြတဲ့အခါ ဘာမှ ဆက်မကြားရတော့ဘူး။ ဆက်ကပ်မှုဆိုတာကို နားမလည်ခဲ့ဘဲ ပြောတာကိုး။ အဲဒီတော့ အိမ်မှာ ဖါးတွေနဲ့ နောက်တည ဆက်နေတော့မှာပေါ့။

နောက်တယောက်ကို “ငါ့နောက်သို့ လိုက်လော့” လို့ မိန့်တော်မူတယ်။ (အငယ် ၅၉) ဒါပေမယ့် သူက “သခင်၊ အကျွန်ုပ်အဘကို ရှေးဦးစွာ သွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါ။” ရှေးဦးစွာတဲ့။ သူ့ကိစ္စကို အရင် ဦးစားပေးတာပါ။ အဖေသေလို့ သင်္ဂြိုဟ်တာက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘုရားကို ဦးစားပေးဖို့ လိုပါတယ်။ ကျွန်တော့အထင်တော့ သူ့အဖေက မသေသေးပါဘူး။ လူအများစုက ခရစ်တော်ထက် ကိုယ့်ဆွေမျိုးသားချင်းကို ဦးစားပေးတတ်ကြတယ်။ ဘုရားထက် လူတွေရဲ့ အကြိုက်ကို လိုက်တတ်တယ်။ တနင်္ဂနွေနေ့ ဘုရားကျောင်းသွားရမယ့်အစား တခြားအိမ်မှုကိစ္စတွေကို ဦးစားပေးနေသူတွေ ရှိတတ်ပါတယ်။ “လူသေတို့သည် မိမိလူသေတို့ကို သဂြီုိဟ်ပါလေစေ။ သင်မူကား သွား၍ ဘုရားသခင် နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့။” လို့ သခင်ယေရှု ပြောရသူတွေပါ။

တတိယ တယောက်ကတော့ စွန့်လွှတ်အနစ်နာခံမယ့်ပုံပါ။ “ကိုယ်တော်နောက်သို့ အကျွနု်ပ် လိုက်ပါမည်။ သို့သော်လည်း …..” တဲ့။ အဲဒီ သို့သော်လည်းက ပြဿနာပါပဲ။ အသင်းတော်အများစုက သိုးခြံမဖြစ်ဘဲ ဆိတ်ခြံ ဖြစ်နေပါတယ်။ လုပ်မယ်ဆိုပေမယ့် ဆင်ခြေပေးနေကြတယ်။ “အိမ်၌ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့်ပန်ပါရစေ။” ဒီမှာလည်း အရင်တဲ့။ “ထွန်ကိုင်းကို ကိုင်လျက် နောက်သို့ လှည့်၍ ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်။”

ရေဗက္ခာက ဣဇက်အတွက် သတို့သမီး ဖြစ်ရမှာကို ချက်ချင်း ဆုံးဖြတ်တယ်။ (အပြစ်သားဟာလည်း ကောင်းကင်သတို့သား သခင်ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ချက်ချင်း ဆုံးဖြတ်ဖို့ ကောင်းပါတယ်။) မိဘ ဆွေမျိုးတွေက “မိန်းမကလေးသည် အကျွန်ုပ်တို့ထံမှာ၊ ဆယ်ရက်ခန့်လောက် နေပါစေဦး။ နောက်မှ သူ့ကို သွားပါစေမည်ဟု ဆိုကြ၏။” (အပြစ်သား တယောက် ခရစ်တော်ထံ မရောက်ဖို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ကြိုးစားကြသလိုပါ။)

အာဗြဟံရဲ့ ကျွန်က အချိန် မဆိုင်းစေချင်တဲ့အခါ၊ သူတို့က မိန်းကလေးကို ချော့ပြောတယ်။ “ရေဗက္ခာ ဒီလူနဲ့ လိုက်သွားမလား” (ကမ္ဘာ ၂၄း ၅၈) ရေဗက္ခာက ရှင်းပါတယ်။ “လိုက်ပါမယ်။” တဲ့။ ဆင်ခြေတွေ မပေးဘူး။

ဖလော်ရီဒါပြည်နယ်က First နှစ်ခြင်းအသင်းတော်မှာ ဖါးတွေအကြောင်း တရား ဟောဖူးတယ်။ လူငယ်တွေ ကယ်တင်ခြင်း ရကြတယ်။ အဲဒီမှာ တခြားအသင်းတော်က မိန်းကလေး တယောက်ပါတယ်။ ကျောင်းမှာ သူက အသင်း ခေါင်းဆောင်ပေါ့။ သူလည်း ကယ်တင်ခြင်းရလို့ ဝမ်းသာနေတယ်။ အဲဒီအသင်းတော်ကနေ သူ ထွက်လိုက်ပြီ။ “ဆရာ၊ ကျွန်မ ဖါးတွေနဲ့ ဆက်မနေနိုင်တော့ဘူး။” တဲ့။

ကဲ၊ ဖါးတွေနဲ့ ဆက်မနေသင့်တဲ့ အကြောင်းရင်း ၃ ချက်လောက် ရှိပါတယ်။ ပထမက …

မနက်ဖြန်မှာ ဖါးတွေ ဆက်ရှိနေနိုင်သေးတယ်။ ဖါးတွေက အမြဲ ဆက်နေနိုင်တယ်နော်။

သူဌေးတယောက် သခင်ယေရှုထံကနေ စိတ်ပျက်စွာနဲ့ ထွက်သွားတယ်။ သူက ငွေကို တပ်မက်နေတယ်။ သူ့ဘဝမှာ ဝမ်းနည်းခြင်းတွေဟာ ဆက်ရှိနေပါတယ်။ ဖါးတွေ ရှိနေဆဲပဲ။

ယောနက ထာဝရဘုရားထံတော်မှ တာရှုမြို့ကို ထွက်သွားတယ်။ (ယောန ၁း ၃) ဘုရားသခင်က နိနဝေမြို့ကို သွားခိုင်းတာပါ။ သူက ပင်လယ်ထဲမှာ နောက်တညနေချင်သူပါ။ ဒါက ပြဿနာပါ။ လေပြင်းမုန်တိုင်းကို လွှတ်လိုက်ပြီ။ သဘောင်္ လူးလိမ့်နေပြီ။ ယောနကို ပင်လယ်ထဲ မပြစ်မချ မချင်း လေမငြိမ်ဘူး။ ဘုရားခန့်ထားတဲ့ ငါးကြီးက ယောနကို မြိုတယ်။ ဒါကြောင့် ယောနဟာ ကမ္ဘာမှာ ပထမဆုံး ရေငုတ်သင်္ဘော စီးတဲ့သူ ဖြစ်သွားတယ်။ ဝေလငါးထဲမှာ နေပြီး၊ မြေထဲပင်လယ်ကို ဖြတ်ခဲ့တယ်။ ယောန ခေါင်းမူးသလား။ ယောနက ခေါင်းမမူးဘဲ ဝေလငါးက မူးသွားတယ်။ သူ့ကို မြိုထားရတာ ပျို့အန်ချင်လာတယ်။ လဲကျတဲ့သူက တော်တော် ဒုက္ခပေးပါတယ်။ ယောနကလည်း တော်တော် ဉာဏ်ကောင်းတဲ့သူ လို့ ပြောရမယ်။ ဒုက္ခရောက်တော့ ဘုရားကို ဆုတောင်းတတ်တယ်။ ဘုရားက ငါးကြီးကို ကမ်းခြေအရောက်ပို့။ ငါးကြီးက အန်ထုတ်ပြီးမှ အနားရ။ ယောနလည်း ကုန်းပေါ် ရောက်လာတယ်။

ဒုတိယအချက် …….  ဖါးထက် ပိုဆိုးတာတွေ ရောက်လာနိုင်တယ်။

ဖါရောမင်းမှာ ပိုဆိုးတာတွေ ဖြစ်လာတယ်။ ဖါးတွေနောက်မှာ ခြင်တွေ၊ ယင်တွေ၊ ကျိုင်းတွေ၊ မီးနဲ့ အမှောင်တွေ ကို ကြံုရတယ်။ နောက်ဆုံးမှာ သားဦးတွေ သေရတယ်။ မာနကြောင့် ကြံုရတာ ဖြစ်တယ်။ “ထိုကာလ၌ လူတို့၏ မောသောမျက်နှာကို နှိမ့်ရမည်။ လူတို့၏ မာနကိုလည်း ရှုတ်ချရမည်။” (ဟေရှာယ ၂း ၁၁) တရားစီရင်တဲ့ အချိန် ရောက်လာတဲ့အခါ ဖါးထက် ဆိုးတာတွေ ကြံုရပါတော့တယ်။

လူအများစုက ငွေမက်တယ်။ ပစ္စည်းဥစ္စာ မက်တယ်။ ကျမ်းစာက “ငွေကို တပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။” (တိမောသေ ၆း ၁၀) ငွေကို သိပ်မက်တဲ့အခါ မိသားစု၊ ကျန်းမာရေး၊ သားသမီး၊ ကိုယ်ကျင့်တရားနဲ့ ဘုရားသခင်ကို ပစ်ပယ်လာတယ်။ ဖါးတွေနဲ့ နေပျော်လာတယ်။ ဒါပေမယ့် ဖါးထက် ဆိုးတာတွေ ရောက်လာပါလိမ့်မယ်။

မိသားစုတစု။ သားလေးရဲ့ ဓါတ်ပုံက ဧည့်ခန်းထက်မှာ ချစ်စရာ။ ဒါပေမယ့် မိဘက ကလေးကို ဂရုမစိုက်။ ငွေပဲ ရှာနေတယ်။ အလုပ် သိပ်ရှုပ်ကြတယ်။ “သင်၏ဒုစရိုက်သည် သင့်ကို ဆုံးမမည်။ သင်၏ဖေါက်ပြန်ခြင်းသည် သင့်ကို အပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားကို စွန့်ပြစ်သောအမှု၊ ငါ့ကို မကြောက်ဘဲ နေသောအမှုသည် မကောင်းသောအမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။” (ယေရမိ ၂း ၁၉) တနေ့တော့ သူတို့အိမ်က စပါးကျည် မီးလောင်တယ်။ အထဲမှာ ကလေးရှိနေတာကို ဘယ်သူမှ မသိကြဘူး။ စိတ်မကောင်းစရာ ဖြစ်လာတယ်။

ဗင်္ဟာဒဒ်က အရက်သောက်နေတယ်။ စစ်တိုက်ရင်း သောက်တယ်။ “စပျစ်ရည်သည် လှည့်စားတတ်၏။ သေရက်စေရက်သည် ရုန်းရင်းခတ်ဖြစ်ခြင်း အမှုကို ဖြစ်စေတတ်၏။” (သုတ္တံ ၂၀း ၁) အဲဒီမှာ ပိုဆိုးတဲ့ ဒုက္ခရောက်လာတယ်။ ရှုရိစစ်တပ်ကြီး ရှုံးနိမ့်ရပြီး ဗင်္ဟာဒဒ်ကိုယ်တိုင်လည်း ဒုက္ခကြံုရတယ်။ အရက်ကြောင့် ဖြစ်ရတာပါ။

တတိယအချက်က - မနက်ဖြန်ဆိုတာ ရှိချင်မှ ရှိတော့မှာပါ။ “နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက်အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။” (သုတ္တံ ၂၇း ၁)

“ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်း တရားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။” (ဟေဗြဲ ၂း ၃) ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေတဲ့ ရက်တွေမှာပဲ လူတွေဟာ ရုတ်တရက် မတော်တဆမှုတွေနဲ့ ထာဝရကာလထဲကို ချက်ချင်းကြီး ရောက်သွားနေကြတယ်။ မနက်ဖြန်ဟာ မသေချာဘူး။ သေချာတာက ဒီနေ့ နောင်တရဖို့ပဲ။ သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် အားကိုးဖို့ပဲ။ ဘုရားသခင်က ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး။

လူဆိုးတွေ သေရလည်း ဘုရားသခင် မပျော်ပါဘူး။ ဒါပေမယ့် သည်းမခံနိုင်တဲ့အချိန် ရောက်လာတတ်တယ်။ “ထာဝရဘုရားကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။” (ကမ္ဘာ ၆း ၃) ဂတိတော်ကတော့ “ခမည်းတော်သည် ငါ့အားပေးတော်မူသမျှသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့လာသောသူကို ငါသည် အလျှင်းမပယ်။” (ယောဟန် ၆း ၃၇) ဘုရားက သူ့အပိုင်း သူလုပ်ပါတယ်။ သားတော်ကို စေလွှတ်တယ်။ အသွေးသွန်းတယ်။ အပြစ်အတွက် အဖိုးအခကို ပေးခဲ့တယ်။ နောက်တပိုင်းက ကိုယ့်အပိုင်း။ သခင်ယေရှုကို အားကိုးလိုက်ပါ။ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏” (ယောဟန် ၃း ၃၆)

တင်နက်ဆီးပြည်နယ်မှာ အမျိုးသမီးတယောက် ကယ်တင်ခြင်းတရား ကြားရတယ်။ ဆုတောင်းဖို့ ခေါ်တော့ သူ လက်မြှောက်တယ်။ ဒါပေမယ့် တကယ်တော့ ရှေ့ထွက်မလာဘူး။ နောက်တနေ့ အဲဒီအမျိုးသမီး ရုတ်တရက် ဆေးရုံပို့ရတယ်။ နေ့လည်လောက်မှာ ဆုံးသွားတယ်။ မနက်ဖြန်ဆိုတာ ရှိချင်မှ ရှိတာမျိုးပါ။ လူငယ်တယောက် ကားတာယာ လဲနေတယ်။ ပေါက်ကွဲပြီး မျက်နှာကို မှန်တယ်။ ဆေးရုံပို့ပြီး ၂ ရက် အကြာမှာ ဆုံးတယ်။ မနက်ဖြန်ဆိုတာ မသေချာဘူး။ မာနတ်ကတော့ လူကို ဘုရားသခင်ထံပါး မချဉ်းကပ်အောင် အချိန်ဆွဲခိုင်းလိမ့်မယ်။ ဒါပေမယ့် မနက်ဖြန်ဆိုတာ မသေချာဘူး။

“ယခုပင် နှစ်သက်ဖွယ်သော အချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလ ရှိ၏။” (၂ ကော ၆း ၂)

(ဒီတရားစကားကို ဖတ်ပြီးတဲ့အခါ သခင်ယေရှုခရစ်ကို ကယ်တင်ရှင် အဖြစ် အားကိုးဖို့ တိုက်တွန်းပါရစေ။ ဘဝမှာ ဖါးတွေနဲ့ နောက်တည ထပ်မနေပါနဲ့တော့။ ကိုယ့်အပြစ်ကို ဝန်ခံပြီး၊ သခင်ယေရှုခရစ် ကားတိုင်မှာ အသေခံပေးတဲ့အတွက် ခွင့်လွှတ်ဖို့ တောင်းခံနိုင်ပါပြီ။)