စိတ်ကောင်း စေတနာကောင်း၊ အတွေးအခေါ်ကောင်းများနဲ့ ယိုင်းပင်းကူညီကြသော နေ့ရက်များသို့ - To See Good Days!
*****
2015 ရွေးကောက်ပွဲမတိုင်ခင် သူလုပ်မယ့်အရာတွေကို ရှင်းပြတဲ့ စာအုပ် ဖြစ်တယ်။
*****
Preface - နိဒါန်း ယုံကြည်လိုက်ပါ - You gotta believe
"ဒီစာအုပ်မျက်နှာဖုံးမှာ စိတ်ဆိုးဆိုး၊ ရုပ်ဆိုးဆိုးနဲ့ပုံကို ဘာလို့သုံးသလဲလို့ တချို့စာဖတ်သူတွေ အံ့ဩကောင်း အံ့ဩလိမ့်မယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ ရိုက်ထားတံ့တွေ ရှိပါတယ်။ ပျော်နေ၊ ကြေနပ်နေ၊ သန့်ပြန့် ခန့်နေတဲ့ ပုံတွေပါ။ မိသားစုကတော့ အဲဒီအထဲက တပုံပုံကို သုံးစေချင်ကြတယ်။ ဓါတ်ပုံဆရာကလည်း တော်ပါတယ်။" ဒါပေမယ့် ဒီပုံနဲ့ မကိုက်ဘူး။ အခုစာအုပ်က ချိနဲ့နေတဲ့ အမေရိကားအကြောင်း ပြောမှာလေ။ အဆင်မသင့်ချင်တော့ ကောင်းကွက်က တကယ့် နည်းနည်းလေးပဲ ရှိတယ်။ အဲဒီတော့ ဝမ်းသာနေမယ့်အစား မပျော်တာ၊ စိတ်တိုနေတာကို ပြနေတဲ့ ပုံကိုပဲ သုံးချင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုက ပျော်ရမယ့် အချိန်မဟုတ်ဘူး။ အမေရိကားကို ပြန်ကြီးမြတ်လာအောင် ပြန်လုပ်ကြရမယ့်အချိန်။ အားလုံးပေါ့။ ဒါက ဒီစာအုပ်ရေးရတဲ့ အကြောင်းရင်းပဲ။ ........... ####### ............
1 *****
WINNING AGAIN အနိုင်ပြန်ရဖို့
အမေရိကား အနိုင်ရဖို့ စလုပ်ရတော့မယ်။ ဘယ်သူမှ မရှုံးချင်၊ အနိုင်ကျင့် မခံချင်ဘူး။ ဒါပေမယ့် ဒီနေ့တော့ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံဟာ ကိုယ့်အစာကို တခြားသူတွေ လုစားတာ ခံနေရတယ်။ ဒါ နိုင်တာမှ မဟုတ်ပဲ။ တို့သမတက ခပ်ပြတ်ပြတ်၊ သဲပေါ်မှာ မျဥ်းကြောင်းဆွဲတယ်။ ဆွဲလည်းပြီးရော ဘာအကျိုးမှ အရာမထင်ဘူး။ တခြားတိုင်းပြည်တွေနဲ့ စကာပြောတော့ရော? ရပ်မပြနိုင်ဘူး။ ထွက်ပြေးအောင် မခြောက်နိုင်ဘူး။ ပိုအရေးကြီးတာက ကိုယ်တိုင်လည်း ထွက် မပြေးတတ်ဘူး။ အလျော့ပေးပြီးရင်း ပေးနေရတယ်။ ဒါက နိုင်နေတာ မဟုတ်ဘူးနော်။ ကျွန်တော်သာ ကိုယ့်စီးပွါးရေးကို ဒီလိုပုံမျိုး လုပ်နေရင် ကိုယ့်ဟာကိုယ် အလုပ်ဖြုတ်ပစ်မယ်။ သမိုင်းမှာ အညံ့ဆုံးသဘောတူညီချက်ဖြစ်တဲ့ အီရန်နဲ့ နူးကလီးယား "စာချုပ်" - ကို ဂျွန် ကယ်ရီ John Kerry စကားပြောတယ်။ သမတ အိုဘားမား ဦးဆောင်ပြီး အောက်လွှတ်တော် ဝန်းရံတယ်။ (သူ့ပါတီက ထောက်ခံမယ်။ အခြေအတင် ဆွေးနွေးရင်ဖြစ်ဖြစ်၊ မဲခွဲရင်ဖြစ်ဖြစ် ဝင်ပါကြလိမ့်မယ်လို့ ထင်လို့ ဖြစ်နိုင်တယ်။ ) ဒီစာချုပ်က ဒီခေတ်အတွက် အရေးအကြီးဆုံးဖြစ်မယ်။ ဝါရှင်တန် ဒီစီရဲ့ ခေါင်းဆောင်တွေ အလွန်ညံ့ဖျင်းလွန်းတော့ ဆွေးနွေးပွဲလည်း မဖြစ်၊ မဲခွဲဖို့လည်း မဖြစ်ခဲ့ဘူး။ Ronald Reagan ရော်နယ် ရီဂင်က ပြောတယ်။ "Trust but verify" "ယုံပေမယ့်လည်း စစ်ရမယ်" တဲ့။ ဒါပေမယ့်လည်း ဒီစာချုပ်ကိစ္စမှာ ဒီအကြံပေးစကားကို တစိတ်တပိုင်းမှ မလိုက်နာဘူး။ အယာတိုလာ ခိုမေနီ လို လူမျိုးကို ဘယ်လို ယုံစားမလဲ? စာချုပ်ချုပ်ဖို့ သဘောတူခါနီး တလ အလိုမှာ အစ္စရေးကို ဖျက်ဆီး ချေမှုန်းဖို့ ပြောနေတုန်းပဲ။ အစ္စရေးက ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ လက်တွဲဖေါ်၊ အဲဒီဒေသတွင်း တည်ငြိမ်အောင် ထိန်းသိမ်းနေတဲ့ မိတ်ဆွေအရင်း။ စစ်ဆေးဖို့ဆိုတော့လည်း နိုင်ငံတကာ အနုမြူအေဂျင်စီက အီရန်ကိစ္စမှာ ဘယ်ဖက်က ရပ်တည်သလဲ လို့ မသိရ။ သိတယ်ဆိုရင်လည်း အများသိအောင် ပြောမပြ။ ဒါက နိုင်တာ မဟုတ်ဘူး။ ပြစ်မှုမြောက်တဲ့ ပေါ့ရော့မှု လို့ပဲ ထင်တယ်။ ဆီးနိတ်လွှတ်တော်အမတ်တိုင်းက ဒီကိစ္စကို ဝေဖန်တော့ (ဒီမိုကရက် တချို့လည်း ဝေဖန်ပါတယ်။) သမတက ဝေဖန်သူတွေကို ရန်သူနဲ့ နှိုင်းတယ်။ တနည်းပြောရရင် မိတ်ဆွေ၊ အပေါင်းအသင်းတွေကို သစ္စာဖေါက် ရောင်းစားပြီး၊ ဝေဖန်သူတွေကို ရန်သူနဲ့ နှိုင်းသည်အထိ သူ့စာချုပ်ကို ကာကွယ်တယ်။ ဒါကို သံတမန်ရေး အောင်မြင်တယ် လို့ ပြောမလား? ISIS တွေကို ဖိတ်ခေါ်ပြီး နေထိုင်ခွင့်ပေးနေတဲ့ ဆီးရီးယားလိုနိုင်ငံက ဒုက္ခသည်တွေကို တံခါးဖွင့် ဝင်ခွင့်ပေးနေတယ်။ ဒီမှာလာနေပြီး တိုင်းပြည်ကို အတွင်းကနေ ဖျက်ဆီးကြလိမ့်မယ်။ ဒါက တခြားနိုင်ငံတွေက လေးစား အတုယူနေကြရတဲ့ တောင်ထိပ်ပေါ်က အလင်းပြနေတဲ့ မြို့ "the shining city on a hill ဆိုတဲ့ အမေရိကားရဲ့ ဒီနေ့လက်ရှိ အခြေအနေ အမှန်ပဲ။ ဆိုတော့ ဒီအခြေအနေကို ဘယ်လိုလုပ်မလဲ? ဘယ်လို အနိုင်ပြန်ရနိုင်မလဲ? နိုင်ဖို့ဆိုရင် နိုင်ရမယ်လို့ စိတ်ဆုံးဖြတ်ထားတဲ့ အစိုးရ ရှိရမယ်။ အောင်မြင်တဲ့ အတွေ့အကြုံ ရှိရမယ်။ ဘယ်လိုလုပ်မလဲဆိုတာ ဒီစာအုပ်မှာ ရေးပြချင်တာပါ။
*****
CRIPPLED AMERICA How to make America great again Donald J. Trump ချိနဲ့နေတဲ့ အမေရိကား အမေရိကားကို ထိပ်တန်းဖြစ်အောင် ပြန်လုပ်မယ်။ *****
မီဒီယာက မုန်းစရာကောင်းတဲ့လူတယောက် ဖြစ်နေတာ အတော်ကြာပြီ။ နိုင်ငံရေးမီဒီယာတွေ တကယ် မရိုးသားမှန်းလည်း ကြာကြာ မလေ့လာလိုက်ရပါဘူး။ ရီပတ်ဘလီကင် စကားစစ်ထိုးပွဲတုန်းက က Fox သတင်းထောက်မ မယ်ဂင် ကဲလီ Megyn Kelly က တော်တော် တွယ်တယ်။ ဒုတိယပွဲရောက်တော့ လူတိုင်းက ကျွန်တော့ကို ဝိုင်းဆော်နေပုံ ပြောလာတယ်။ ပြောမှာပေါ့၊ သူတို့မဲစစ်တမ်းတွေက လျော့လာပြီး ကိုယ့်မဲက တက်လာတာကိုး။ ကိုယ်က ပွဲဆူအောင်လုပ်တဲ့လူ ဖြစ်နေတယ် ထင်တယ်။ ကိုယ့်စိတ်ထဲရှိတာ ပြောတယ်။ စစ်တမ်းကောက်တဲ့သူတွေ ဘာပြောမလဲလို့ စောင့်မနေဘူး။ စစ်တမ်းလည်း မသုံးဘူး။ မီဒီယာက ကိုယ့်ရဲ့ ဖြူစင်ရိုးသားမှုကို သဘောကျကြတယ်။ သူတို့မေးခွန်းတွေကို မရှောင်ဘူး၊ လျစ်လျူမရှုဘူးဆိုတာ သိကြတယ်။ အမှန်အတိုင်းပြောဖို့လည်း ဘာပြဿနာမှ မရှိဘူး။ သမတရွေးပွဲအတွက် စကားစစ်ထိုးပွဲဟာ သာမန်အားဖြင့် လူနှစ်သန်းလောက် စိတ်ဝင်စားတဲ့ပွဲပါ။ ဒါပေမယ့် ပထမညမှာ ကြည့်တဲ့သူ ၂၄ သန်း၊ ဒုတိယညမှာလည်း အဲဒီလောက်ပဲ။ ဒါက Fox News နဲ့ CNN သမိုင်းမှာ လူကြည့်အများဆုံးပွဲပဲ။ NBA ဖိုင်နယ်ပွဲ၊ World Series ကမ္ဘာ့ဖလားပွဲကြီးတွေ၊ NFL ပွဲတွေထက် ကြည့်သူ ပိုများတယ်။ လူတွေ ဘာလို့ကြည့်တယ် ထင်လဲ? ခပ်နှက်နှက် မေးခွန်းတွေ ကြားချင်လို့လား? တချို့နိုင်ငံရေးသမားတွေက နိုင်ချင်လွန်းလို့ နိုင်ငံရေးနယ်ရဲ့အပြင်လူ Outsiders တွေလို့ ဟန်ဆောင်တာ ကြည့်ချင်လို့လား? (ကျွန်တော်ကတော့ တကယ့် အပြင်လူအစစ် outsider ပါ။) လူတွေ လိုတာပဲ ပေးတယ်။ ကြားရထိုက်တဲ့ စကားကို ပြောတယ်။ နိုင်ငံရေးသမားတွေထံက မကြားရဘူး။ အဲဒါ အမှန်တရားပဲ။ တိုင်းပြည်က ဖရိုဖရဲဖြစ်နေချိန်မှာ ဟန်ဆောင်နေဖို့ အချိန် မဟုတ်ဘူး။ Politically correct ဆိုတဲ့ နိုင်ငံရေးအရ အဖိအဖေါ့ စကားတွေ ပြောပြီးအချိန်ဖြုံးဖို့ မဟုတ်ဘူး။ -------
သမ္မာကျမ်းစာထဲရှိ ဣသရေလလူမျိုးရဲ့ ရန်သူများ
ဒီနေ့ ယုံကြည်သူတွေ၊ လူသားတွေ တွေ့ရတဲ့ အခက်အခဲများ၊ ရုန်းကန်ရတာတွေကို ပုံဆောင်ပါတယ်။
ဗာဗုလုန်လူမျိုးဟာ ရှေမအနွယ် (Shemitic origin) ဖြစ်ပြီး ကမ္ဘာ့ ပထမအကြီးဆုံးဖြစ်တဲ့ ဗာဗုလုန် အင်ပါယာကို တည်ထောင်ခဲ့ကြတယ်။ ဗာဗုလုန်မြို့တံခါးဟာ ကြေးဝါရောင် တောက်ပပြီး၊ မြို့ရိုးပေါ်မှာ ရထား ၄ စီး အပြိုင်မောင်းရအောင် ကျယ်တယ်။
ဗာဗုလုန်ပြည်မှာ ကောင်းတာတခု ရှိတယ်။ စစ်သုံ့ပန်းတွေကို တသက်တာ နှိပ်ကွပ်ထားတာ မလုပ်ဘဲ အရည်အချင်းအလိုက် နေရာပေးတယ်။ နန်းတော်ထဲရှိ ဝန်ကြီးရာထူးအထိ နေရာ ရကြတယ်။
တချို့အတုအယောင် ဆရာတွေက ဗာဗုလုန်ကို တော်လှန်ဖို့ နှိုးဆော်ပေမယ့် စစ်မှန်တဲ့ ပရောဖက်တွေကို ဘုရားသခင်စေလွှတ်ပြီး အနှစ် ၇၀ ကြာမယ်၊ အိမ်ဆောက်ကြ၊ အိမ်ထောင်ပြုကြ၊ စီးပွါးရှာကြလို့ ဟောပြောစေတယ်။
ဗာဗုလုန်ရဲ့ အားနည်းချက်က နိုင်ငံရေးနဲ့ ဘာသာရေးကို ရောထွေးခြင်းပဲ။ လူမျိုးရေး မခွဲခြားပေမယ့် အာဏာကြီးထွားလာတဲ့အခါ ဘဝင်မြင့်လာတယ်။ ဘုရင် နေဗုခနေဇာရဲ့ ရုပ်တုကို ထုလုပ်ပြီး တတိုင်းပြည်လုံးကို ကိုးကွယ်စေတယ်။ မှားစေတယ်။ မကိုးကွယ်သူကို ပြစ်ဒဏ်ပေးတယ်။ ဒါဟာ ရွံရှာစရာ ရောနှောခြင်းဖြစ်တယ်။
သူ့ကို ဗျာဒိတ်ကျမ်းမှာ ဗာဗုလုန် - ပြည့်တန်ဆာမကြီးလို့ ခေါ်တယ်။ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေဟာ သပ်သပ်စီ ထားရပါတယ်။ ရောလိုက်တဲ့အခါ ရွံစရာဖြစ်သွားတယ်။
မောရှေက ဣသရေလ (အစ္စရေး) လူမျိုးတွေကို ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့ရတယ်။ အစ္စရေးတွေ အီဂျစ်ပြည်မှာ ကျွန်ခံရတာက စစ်တိုက် ကျွန်ပြု သိမ်းပိုက်ခံရတာ မဟုတ်ဘူး။ အီဂျစ်ပြုမှာ ရောက်သွားရင်း ကျွန်ပြုခံရတာပါ။
အီဂျစ်ပြည်ဟာ လောကနဲ့ လောကီအရာတွေကို ပုံဆောင်ပါတယ်။ လောကမှာကျင်လည်ရင်း အလိုလို လောကဒဏ်ကို ခံစားကြရတာပါ။ ဒါပေမယ့် တခုထူးခြားတာက မောရှေအားဖြင့်ပေးတဲ့ ဘုရားသခင်ရဲ့ ပညတ်တော်ထဲမှာ "အဲဂုတ္တု အမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံခဲ့ဘူးပြီ။" (တရားဟော ၂၃: ၇) ဒါကြောင့် လောကဒဏ်ကို ခံစားရလိုံဆိုပြီး လောကကြီးနဲ့ လောကီသားတွေကို မုန်းဖို့ မဟုတ်ပါဘူး။ "လောကီသားတို့နှင့် အလျဉ်းမပေါင်းဖေါ်ရဟု မဆိုလို။ ထိုသို့ဆိုလျှင် သင်တို့သည် လောကီမှ ထွက်သွားကြရမည်။" ၁ ကော ၅: ၁၀။
အာမလက် လူမျိုးဟာ အသွေးအသားကို ပုံဆောင်တယ်။ အစ္စရေးလူမျိုးတွေ အီဂျစ်ပြည်ကနေ ထွက်လာရာမှာ အာမလက်တွေက ဆီးကြို တိုက်ခိုက်တယ်။ လောကီတပ်မက်မှုတွေကနေ ရုန်းထွက်ရာမှာ အသွေးအသားက ကောင်းကောင်း ဒုက္ခပေးပါတယ်။ "ကောင်းကင်အောက်၌ အာမလက်၏ အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟုမောရှေအား မိန့်တော်မူ၏။" (ထွက်မြောက် ၁၇: ၁၄)
လူကို ဖန်ဆင်းရာမှာ အသွေးအသားဟာ မပါမဖြစ်ပါ။ အသွေးအသားဟာ ဘဝရဲ့ တစိတ်တပိုင်းပဲ ဖြစ်သင့်ပေမယ့် လူတချို့မှာ တဘဝလုံးဖြစ်နေတယ်။ ဘုရားနဲ့ဝေးဖို့လည်း အသွေးအသားက တိုက်ခိုက်တယ်။ ဒါကြောင့် ကောင်းကင်မှာ အသွေးအသား တပ်မက်မှု မလိုတော့ဘူး။ ပယ်ရှင်းမယ်လို့ ဆိုထားပါတယ်။
Philistia ဆိုတဲ့ ဒေသကို အစွဲပြုပြီး ဖိလိတ္တိလူမျိုးလို့ အမည်တွင်လာတယ်။ အဲဒီကနေမှ ဒီနေ့ခေတ် ပါလက်စတိုင်း လူမျိုးဖြစ်လာပါတယ်။ ဓမ္မဟောင်းကျမ်းမှာ သူ့ကို "အရေဖျားလှီးခြင်းမခံတဲ့ လူမျိုး" လို့ ခေါ်တယ်။ (သူကြီး ၁၅: ၁၈။ ၅ ရာ ၁၀: ၄ ... စသည်ဖြင့်) ဧဒုံ၊ အာမုန်၊ မောဘနဲ့အီဂျစ်လူမျိုးတွေက အရေဖျားလှီးကြတယ်။ (ယေရမိ ၉: ၂၅- ၂၆)
ဖိလိတ္တိတွေဟာ B.C ၁၂ ရာစုလောက်မှာ ပါလက်စတိုင်းကို ရောက်လာတဲ့ ပင်လယ်ရေကြောင်းသွားသူတွေ ဖြစ်ပြီး၊ ဂရိယဉ်ကျေးမှုကို သယ်ယူလာကြတယ်။ သူ့နေရာဟာ အစ္စရေးရဲ့ တခြားဒေသတွေလို တောင်ကုန်းတောင်တန်းတွေ မရှိတဲ့ ပင်လယ်ကမ်းခြေ၊ မြေကောင်းလို့ ချမ်းသာကြတယ်။ သံထည်၊ ပန်းပဲအတတ် ကျွမ်းကျင်ကြတယ်။ (၁ ရာ ၁၃: ၁၉- ၂၂)
ဘာသာစကားကတော့ ရှေမအနွယ်ဖြစ်တဲ့အတွက် အစ္စရေးတို့နဲ့ သိပ်ကွာပုံမရပါဘူး။ ဘာသာရေးကတော့ ဒါဂုံ၊ အာရှတရက်နဲ့ ဗေလဇေဗု တို့ကို ကိုးကွယ်ခဲ့ကြတယ်။ (အားလုံးဟာ ရှေမစကားနဲ့ မှည့်ထားတဲ့ နာမည်တွေ ဖြစ်တယ်။)
ရှေးဟောင်း အနုလက်ရာတွေအရ ဖိလိတ္တိတွေဟာ အရက်အလွန်သောက်သူတွေ ဖြစ်တယ်။ ပန်းပဲအတတ်ကို ထိန်းချုပ်ထားတဲ့အတွက် အစ္စရေးတို့ကို လက်နက်မဲ့စေခဲ့တယ်။ ရှောလုမင်းလက်ထက်မှာ ရှောလုနဲ့ သားယောနသန်သာ ဓါးရှိခဲ့တယ်။ ကျန်သူတွေ ဓါးမရှိခဲ့ကြပါ။ (၁ ရာ ၁၃: ၁၉- ၂၂) ဒီနေ့ခေတ်မှာလည်း ဘာသာတရားတခုတည်းပဲ ပြောပြီး တြခားအရာတွေကို လောကီအရာလို့ပြောပြီး ပစ်ပယ်ရင် နောက်ကျပြီး မအောင်မြင်နိုင်ပါ။
Dr. Jeff Fugate |
အရှို - Asho, my people
လီယို ထော စတိုင်း |
Anna
Karenina ဝတ္ထုအောင်မြင်ပေမယ့် ဘာသာရေးမှာ အတွေးအခေါ် လွန်ဆွဲရင်း
စိတ်ဖိစီးမှု ခံစားခဲ့ရတယ်။ ဘဝအဓိပ္ပါယ်ကို ရှာဖွေရင်း၊ Russian Orthodox
Church ကို သွားခဲ့တယ်။ ဒါပေမယ့် အဖြေမရ။ အသင်းတော်လည်း ပျက်စီးနေပြီလို့
ထင်လာတယ်။ ကိုယ်နားလည်သလို တွေးလာတယ်။ ဒါတွေကို ၁၈၈၃ မှာ The Mediator
စာစောင်ကို တည်ထောင်ရင်း ရေးသားဖေါ်ပြလာတယ်။
သူ့အယူအဆတွေကို
ဘုရားကျောင်းက လက်မခံ။ ထုတ်ပယ်လိုက်တယ်။ ထောက်လှမ်းရေးက စောင့်ကြည့်တာလည်း
ခံခဲ့ရတယ်။ သူ့အယူအဆက ပိုက်ဆံရှိရင် သူတပါးကို မဆိုင်းမတွ ပေးပစ်တတ်တယ်။
ဒါကို သူ့မိန်းမက လုံးဝ မကြိုက်။ အိမ်ထောင်မှာ ပြဿနာ ဖြစ်လာတယ်။ နောက်တော့
၁၈၈၁ မတိုင်ရေးခဲ့တဲ့ စာမူခတွေအားလုံးရဲ့ မူပိုင်ခွင့်ကို ပေးလိုက်တယ်။
သူ့ရဲ့
နောက်ဆုံး အနှစ် ၃၀ အတွင်းမှာ သူဟာ ကိုယ်ကျင့်တရားကောင်းတဲ့
ဘုရားတရားသမားလို နေထိုင်တယ်။ သူက အကြမ်းမဖက်ဘဲ အကောင်းအားဖြင့် အဆိုးကို
အနိုင်ယူမယ် လို့ ခံယူတယ်။
နောက်ပိုင်းနှစ်တွေမှာ နိုင်ငံတကာရဲ့
ဆုတံဆိပ်တွေ ရလာတယ်။ ဒါပေမယ့် သူ့ရဲ့ ဘာသာရေး အယူအဆကြောင့် ဖြစ်လာတဲ့
အိမ်ထောင်ရေး မပြေလည်မှုကို ရင်ဆိုင်ခံစားခဲ့ရတယ်။ သူ့အယူအဆတွေကို မိန်းမက
လက်မခံရုံမျှမက အိမ်လာပြီး သင်ယူနေတဲ့ တပည့်တွေကို မကြိုက်တော့ဘူး။
အိမ်ထောင်ရေး မပြေလည်တာက သတင်းစာတွေမှာ ပါလာတယ်။ မိန်းမလက်က
လွတ်ချင်စိတ်နဲ့ ၁၉၁၀၊ ဩဂတ်စ်လမှာ သမီး Aleksandra နဲ့ သူ့ရဲ့ သမားတော်
Dr. Dushan P. Makovitski တို့ကို ခေါ်ပြီး တိတ်တဆိတ် ရှောင်ထွက်လာခဲ့တယ်။
ဒါပေမယ့်
အသက်အရွယ်ကြီးရင့်ပြီဖြစ်လို့ ဒီခရီးစဉ်ဟာ သူ့အတွက် အလွန်ပင်ပန်းခဲ့တယ်။
၁၉၁၀၊ နိုဝင်ဘာမှာတော့ Astapovo မြို့ ၊ ရထားဘူတာရုံ ရုံပိုင်ကြီးတဉီးက
သူ့ကို အိမ်မှာ ခေါ်ထားပြီး အနားယူစေခဲ့တယ်။ သိပ်မကြာဘူး၊ ၁၉၁၀၊ နိုဝင်လာ
၂၀ မှာ ဆုံးပါးပြီး၊ မိဘ ဆွေမျိုးတွေကို သဂ်ြိုဟ်ရာ သူ့တို့ပိုင်
ခြံမြေမှာပဲ သဂ်ြိုဟ်ခဲ့တယ်။ မိန်းမနဲ့ သားသမီး ၈ ယောက် ကျန်ရစ်တယ်။
ထော
စတိုင်းရဲ့ လက်ရာတွေဟာ ဒီနေ့ထက်တိုင် ကမ္ဘာ့ အကောင်းဆုံး စာရင်း
ဝင်နေဆဲအဖြစ် သတ်မှတ်ကြတယ်။ War and Peace ကတော့ သမိုင်းတလျှောက်
အကောင်းဆုံး ဝတ္ထုလို့ မကြာခဏ ပြောနေကြဆဲပါ။ အခုခေတ်ပညာရှင်တွေကလည်း ထော
စတိုင်းဟာ ဇာတ်ကောင်တွေရဲ့ အတွင်းစရိုက် characters' unconscious motives
ကို ဖေါ်ပြရာမှာ သိပ်တော်တယ် လို့ အများက အသိအမှတ် ပြုနေကြဆဲပါ။ လူတွေရဲ့
စရိုက်နဲ့ စိတ်ထား character and purpose ကို နေ့စဉ်အပြုအမူလေးတွေနဲ့
ဖေါ်ပြရာမှာ ဆရာတဆူ၊ ချန်ပီယန် တပါး ဖြစ်ပါတယ်။
အမှန်တရားကို ဘုရားသခင် သိမြင်ပေမယ့် စောင့်ဆိုင်းနေတယ်။
ဘာသာပြန် - ဆလိုင်း ထိန်ဝင်းအိ
ဗလာဒီမာမြို့မှာ အိုင်ဗင် ဒီမီးထရစ် အက်စီနော့ ဆိုတဲ့ လူငယ် ကုန်သည် တယောက် နေထိုင်တယ်။ သူ့မှာ ဆိုင်နှစ်ဆိုင်နဲ့ ကိုယ်ပိုင်အိမ်တလုံး ရှိတယ်။ အက်စီနော့က လူချော၊ ဆံပင်ကောက်ကောက်နဲ့ ဆံပင်ကောင်းတဲ့သူ၊ လူပျော်၊ သီချင်းဆို ဝါသနာပါတဲ့သူ။ ငယ်တုန်းကတော့ အရက်သောက်တာပေါ့။ မူးလာရင် သွေးဆိုးတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးနောက်ပိုင်း မသောက်တော့ဘူး။ တခါတလေက လွဲလို့ပေါ့။
နွေရာသီရောက်တော့
အက်စီနော့က နစ်ဇနီ ဈေးရောင်းပွဲတော်ကို သွားဖို့ မိသားစုကို နှုတ်ဆက်တယ်။
မိန်းမက သူ့ကို "အီဗင် ဒီမီးထရစ် ဒီနေ့ ခရီးမထွက်ပါနဲ့လား။
ရှင့်နဲ့ပါတ်သက်လို့ ကျွန်မ အိပ်မက်ဆိုး မက်တယ်။"
အက်စီနော့က ရယ်တယ်။ "ဈေးပွဲတော် ရောက်ရင် သောက်စားနေမှာ ကြောက်လို့ မဟုတ်လား။"
သူ့မိန်းမက
"ဘာကို ကြောက်သလဲတော့ ကျွန်မ မသိဘူး။ အိပ်မက်မကောင်းမှန်းတော့ သိတယ်။
အိပ်မက်မှာ ရှင်အဲဒီမြို့က ပြန်လာတော့ ရှင့်ဦးထုပ်လည်းချွတ်ရော၊
ကျွန်မမြင်ရတာက ရှင့်ဆံပင်တွေ လုံးလုံးဖြူနေပြီ။"
အက်စီနော့က ရယ်တယ်။ "အဲဒါ ကံကောင်းမယ့် နိမိတ်ပဲ။ ကုန်ပစ္စည်းရှိသမျှ ရောင်းရရင် ဈေးပွဲတော်ကနေ လက်ဆောင်တွေ ပါလာမှာပေါ့ဟာ။"
ဒီလိုနဲ့
မိသားစုကို နှုတ်ဆက်ပြီး မြင်းကို မောင်းသွားတော့တယ်။ လမ်းတဝက်မှာတော့
သိခဲ့ဖူးတဲ့ ကုန်သည်တယောက်နဲ့ တွေ့တယ်။ ညရောက်တော့ တည်းခိုခန်းတခုမှာ
အတူတည်းကြတယ်။ လဘက်ရည် အတူသောက်ကြပြီး တွဲလျက်အခန်းမှာ အိပ်ယာဝင်ကြတယ်။
အက်စီနော့က
နေမြင့်အောင် အိပ်လေ့ မရှိဘူး။ နေအေးတုန်း ခရီးသွားချင်တော့ မိုးမလင်းခင်
မြင်းလှည်းမောင်းတဲ့သူကို နှိုးပြီး မြင်းလှည်းဆင်ဖို့ ပြောတယ်။
ပြီးမှ နောက်ဖက်က အိမ်လေးမှာနေတဲ့ တည်းခိုခန်းပိုင်ရှင်ကို ငွေရှင်းပြီး ခရီးဆက်ခဲ့တယ်။
၂၅
မိုင်လောက်ရောက်လာတဲ့အခါ မြင်းစာကျွေးဖို့ ရပ်လိုက်တယ်။ တည်းခိုခန်းရှေ့
လျှောက်လမ်းပေါ်မှာ ခဏနားတယ်။ ပြီးမှ တည်းခိုခန်းရဲ့ အမိုးအောက်ကို ဝင်တယ်။
နွေးသွားအောင် (လဘက်ရည်သောက်ဖို့) ရေနွေး တကရား မှာလိုက်တယ်။ ဂစ်တာကို
ဆွဲထုတ်ပြီး စတီးတယ်။
ခေါင်းလောင်းသံ ဆူဆူညံညံနဲ့ မြင်းရထားတစီး ရုတ်တရက် ဆိုက်ရောက်လာပြီး အရာရှိတယောက်နဲ့ စစ်သား ၂ ယောက် ဆင်းလာတယ်။ အရာရှိက အက်စီနော့ဆီရောက်လာပြီး ဘယ်သူလဲ၊ ဘယ်ကလာလဲ စတဲ့ မေးခွန်းတွေ စပြီးမေးတယ်။ အက်စီနော့က ပြည့်ပြည့်စုံစုံ ဖြေတယ်။ "လဘက်ရည် သောက်ပါဦးလား ဆရာ" လို့ ပြောတယ်။ ဒါပေမယ့် အရာရှိက ခပ်တင်းတင်း မေးရင်း "ညက ဘယ်မှာ တည်းသလဲ၊ တယောက်တည်းလား၊ အဖေါ် ကုန်သည်ပါသေးလား၊ ဒီမနက် အဲဒီကုန်သည်ကို တွေ့သေးလား၊ မိုးမလင်းခင် တည်းခိုခန်းကနေ ဘာကြောင့် ထွက်လာသလဲ လို့ မေးတယ်။