စိတ်ကောင်း စေတနာကောင်း၊ အတွေးအခေါ်ကောင်းများနဲ့ ယိုင်းပင်းကူညီကြသော နေ့ရက်များသို့ - To See Good Days!
သမ္မာကျမ်းစာထဲရှိ ဣသရေလလူမျိုးရဲ့ ရန်သူများ
ဒီနေ့ ယုံကြည်သူတွေ၊ လူသားတွေ တွေ့ရတဲ့ အခက်အခဲများ၊ ရုန်းကန်ရတာတွေကို ပုံဆောင်ပါတယ်။
ဗာဗုလုန်လူမျိုးဟာ ရှေမအနွယ် (Shemitic origin) ဖြစ်ပြီး ကမ္ဘာ့ ပထမအကြီးဆုံးဖြစ်တဲ့ ဗာဗုလုန် အင်ပါယာကို တည်ထောင်ခဲ့ကြတယ်။ ဗာဗုလုန်မြို့တံခါးဟာ ကြေးဝါရောင် တောက်ပပြီး၊ မြို့ရိုးပေါ်မှာ ရထား ၄ စီး အပြိုင်မောင်းရအောင် ကျယ်တယ်။
ဗာဗုလုန်ပြည်မှာ ကောင်းတာတခု ရှိတယ်။ စစ်သုံ့ပန်းတွေကို တသက်တာ နှိပ်ကွပ်ထားတာ မလုပ်ဘဲ အရည်အချင်းအလိုက် နေရာပေးတယ်။ နန်းတော်ထဲရှိ ဝန်ကြီးရာထူးအထိ နေရာ ရကြတယ်။
တချို့အတုအယောင် ဆရာတွေက ဗာဗုလုန်ကို တော်လှန်ဖို့ နှိုးဆော်ပေမယ့် စစ်မှန်တဲ့ ပရောဖက်တွေကို ဘုရားသခင်စေလွှတ်ပြီး အနှစ် ၇၀ ကြာမယ်၊ အိမ်ဆောက်ကြ၊ အိမ်ထောင်ပြုကြ၊ စီးပွါးရှာကြလို့ ဟောပြောစေတယ်။
ဗာဗုလုန်ရဲ့ အားနည်းချက်က နိုင်ငံရေးနဲ့ ဘာသာရေးကို ရောထွေးခြင်းပဲ။ လူမျိုးရေး မခွဲခြားပေမယ့် အာဏာကြီးထွားလာတဲ့အခါ ဘဝင်မြင့်လာတယ်။ ဘုရင် နေဗုခနေဇာရဲ့ ရုပ်တုကို ထုလုပ်ပြီး တတိုင်းပြည်လုံးကို ကိုးကွယ်စေတယ်။ မှားစေတယ်။ မကိုးကွယ်သူကို ပြစ်ဒဏ်ပေးတယ်။ ဒါဟာ ရွံရှာစရာ ရောနှောခြင်းဖြစ်တယ်။
သူ့ကို ဗျာဒိတ်ကျမ်းမှာ ဗာဗုလုန် - ပြည့်တန်ဆာမကြီးလို့ ခေါ်တယ်။ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေဟာ သပ်သပ်စီ ထားရပါတယ်။ ရောလိုက်တဲ့အခါ ရွံစရာဖြစ်သွားတယ်။
မောရှေက ဣသရေလ (အစ္စရေး) လူမျိုးတွေကို ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့ရတယ်။ အစ္စရေးတွေ အီဂျစ်ပြည်မှာ ကျွန်ခံရတာက စစ်တိုက် ကျွန်ပြု သိမ်းပိုက်ခံရတာ မဟုတ်ဘူး။ အီဂျစ်ပြုမှာ ရောက်သွားရင်း ကျွန်ပြုခံရတာပါ။
အီဂျစ်ပြည်ဟာ လောကနဲ့ လောကီအရာတွေကို ပုံဆောင်ပါတယ်။ လောကမှာကျင်လည်ရင်း အလိုလို လောကဒဏ်ကို ခံစားကြရတာပါ။ ဒါပေမယ့် တခုထူးခြားတာက မောရှေအားဖြင့်ပေးတဲ့ ဘုရားသခင်ရဲ့ ပညတ်တော်ထဲမှာ "အဲဂုတ္တု အမျိုးသားကိုလည်း မမုန်းရ။ သူ၏ပြည်၌ သင်သည် ကျွန်ခံခဲ့ဘူးပြီ။" (တရားဟော ၂၃: ၇) ဒါကြောင့် လောကဒဏ်ကို ခံစားရလိုံဆိုပြီး လောကကြီးနဲ့ လောကီသားတွေကို မုန်းဖို့ မဟုတ်ပါဘူး။ "လောကီသားတို့နှင့် အလျဉ်းမပေါင်းဖေါ်ရဟု မဆိုလို။ ထိုသို့ဆိုလျှင် သင်တို့သည် လောကီမှ ထွက်သွားကြရမည်။" ၁ ကော ၅: ၁၀။
အာမလက် လူမျိုးဟာ အသွေးအသားကို ပုံဆောင်တယ်။ အစ္စရေးလူမျိုးတွေ အီဂျစ်ပြည်ကနေ ထွက်လာရာမှာ အာမလက်တွေက ဆီးကြို တိုက်ခိုက်တယ်။ လောကီတပ်မက်မှုတွေကနေ ရုန်းထွက်ရာမှာ အသွေးအသားက ကောင်းကောင်း ဒုက္ခပေးပါတယ်။ "ကောင်းကင်အောက်၌ အာမလက်၏ အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟုမောရှေအား မိန့်တော်မူ၏။" (ထွက်မြောက် ၁၇: ၁၄)
လူကို ဖန်ဆင်းရာမှာ အသွေးအသားဟာ မပါမဖြစ်ပါ။ အသွေးအသားဟာ ဘဝရဲ့ တစိတ်တပိုင်းပဲ ဖြစ်သင့်ပေမယ့် လူတချို့မှာ တဘဝလုံးဖြစ်နေတယ်။ ဘုရားနဲ့ဝေးဖို့လည်း အသွေးအသားက တိုက်ခိုက်တယ်။ ဒါကြောင့် ကောင်းကင်မှာ အသွေးအသား တပ်မက်မှု မလိုတော့ဘူး။ ပယ်ရှင်းမယ်လို့ ဆိုထားပါတယ်။
Philistia ဆိုတဲ့ ဒေသကို အစွဲပြုပြီး ဖိလိတ္တိလူမျိုးလို့ အမည်တွင်လာတယ်။ အဲဒီကနေမှ ဒီနေ့ခေတ် ပါလက်စတိုင်း လူမျိုးဖြစ်လာပါတယ်။ ဓမ္မဟောင်းကျမ်းမှာ သူ့ကို "အရေဖျားလှီးခြင်းမခံတဲ့ လူမျိုး" လို့ ခေါ်တယ်။ (သူကြီး ၁၅: ၁၈။ ၅ ရာ ၁၀: ၄ ... စသည်ဖြင့်) ဧဒုံ၊ အာမုန်၊ မောဘနဲ့အီဂျစ်လူမျိုးတွေက အရေဖျားလှီးကြတယ်။ (ယေရမိ ၉: ၂၅- ၂၆)
ဖိလိတ္တိတွေဟာ B.C ၁၂ ရာစုလောက်မှာ ပါလက်စတိုင်းကို ရောက်လာတဲ့ ပင်လယ်ရေကြောင်းသွားသူတွေ ဖြစ်ပြီး၊ ဂရိယဉ်ကျေးမှုကို သယ်ယူလာကြတယ်။ သူ့နေရာဟာ အစ္စရေးရဲ့ တခြားဒေသတွေလို တောင်ကုန်းတောင်တန်းတွေ မရှိတဲ့ ပင်လယ်ကမ်းခြေ၊ မြေကောင်းလို့ ချမ်းသာကြတယ်။ သံထည်၊ ပန်းပဲအတတ် ကျွမ်းကျင်ကြတယ်။ (၁ ရာ ၁၃: ၁၉- ၂၂)
ဘာသာစကားကတော့ ရှေမအနွယ်ဖြစ်တဲ့အတွက် အစ္စရေးတို့နဲ့ သိပ်ကွာပုံမရပါဘူး။ ဘာသာရေးကတော့ ဒါဂုံ၊ အာရှတရက်နဲ့ ဗေလဇေဗု တို့ကို ကိုးကွယ်ခဲ့ကြတယ်။ (အားလုံးဟာ ရှေမစကားနဲ့ မှည့်ထားတဲ့ နာမည်တွေ ဖြစ်တယ်။)
ရှေးဟောင်း အနုလက်ရာတွေအရ ဖိလိတ္တိတွေဟာ အရက်အလွန်သောက်သူတွေ ဖြစ်တယ်။ ပန်းပဲအတတ်ကို ထိန်းချုပ်ထားတဲ့အတွက် အစ္စရေးတို့ကို လက်နက်မဲ့စေခဲ့တယ်။ ရှောလုမင်းလက်ထက်မှာ ရှောလုနဲ့ သားယောနသန်သာ ဓါးရှိခဲ့တယ်။ ကျန်သူတွေ ဓါးမရှိခဲ့ကြပါ။ (၁ ရာ ၁၃: ၁၉- ၂၂) ဒီနေ့ခေတ်မှာလည်း ဘာသာတရားတခုတည်းပဲ ပြောပြီး တြခားအရာတွေကို လောကီအရာလို့ပြောပြီး ပစ်ပယ်ရင် နောက်ကျပြီး မအောင်မြင်နိုင်ပါ။
![]() |
| Dr. Jeff Fugate |
အရှို - Asho, my people
| လီယို ထော စတိုင်း |
Anna
Karenina ဝတ္ထုအောင်မြင်ပေမယ့် ဘာသာရေးမှာ အတွေးအခေါ် လွန်ဆွဲရင်း
စိတ်ဖိစီးမှု ခံစားခဲ့ရတယ်။ ဘဝအဓိပ္ပါယ်ကို ရှာဖွေရင်း၊ Russian Orthodox
Church ကို သွားခဲ့တယ်။ ဒါပေမယ့် အဖြေမရ။ အသင်းတော်လည်း ပျက်စီးနေပြီလို့
ထင်လာတယ်။ ကိုယ်နားလည်သလို တွေးလာတယ်။ ဒါတွေကို ၁၈၈၃ မှာ The Mediator
စာစောင်ကို တည်ထောင်ရင်း ရေးသားဖေါ်ပြလာတယ်။
သူ့အယူအဆတွေကို
ဘုရားကျောင်းက လက်မခံ။ ထုတ်ပယ်လိုက်တယ်။ ထောက်လှမ်းရေးက စောင့်ကြည့်တာလည်း
ခံခဲ့ရတယ်။ သူ့အယူအဆက ပိုက်ဆံရှိရင် သူတပါးကို မဆိုင်းမတွ ပေးပစ်တတ်တယ်။
ဒါကို သူ့မိန်းမက လုံးဝ မကြိုက်။ အိမ်ထောင်မှာ ပြဿနာ ဖြစ်လာတယ်။ နောက်တော့
၁၈၈၁ မတိုင်ရေးခဲ့တဲ့ စာမူခတွေအားလုံးရဲ့ မူပိုင်ခွင့်ကို ပေးလိုက်တယ်။
သူ့ရဲ့
နောက်ဆုံး အနှစ် ၃၀ အတွင်းမှာ သူဟာ ကိုယ်ကျင့်တရားကောင်းတဲ့
ဘုရားတရားသမားလို နေထိုင်တယ်။ သူက အကြမ်းမဖက်ဘဲ အကောင်းအားဖြင့် အဆိုးကို
အနိုင်ယူမယ် လို့ ခံယူတယ်။
နောက်ပိုင်းနှစ်တွေမှာ နိုင်ငံတကာရဲ့
ဆုတံဆိပ်တွေ ရလာတယ်။ ဒါပေမယ့် သူ့ရဲ့ ဘာသာရေး အယူအဆကြောင့် ဖြစ်လာတဲ့
အိမ်ထောင်ရေး မပြေလည်မှုကို ရင်ဆိုင်ခံစားခဲ့ရတယ်။ သူ့အယူအဆတွေကို မိန်းမက
လက်မခံရုံမျှမက အိမ်လာပြီး သင်ယူနေတဲ့ တပည့်တွေကို မကြိုက်တော့ဘူး။
အိမ်ထောင်ရေး မပြေလည်တာက သတင်းစာတွေမှာ ပါလာတယ်။ မိန်းမလက်က
လွတ်ချင်စိတ်နဲ့ ၁၉၁၀၊ ဩဂတ်စ်လမှာ သမီး Aleksandra နဲ့ သူ့ရဲ့ သမားတော်
Dr. Dushan P. Makovitski တို့ကို ခေါ်ပြီး တိတ်တဆိတ် ရှောင်ထွက်လာခဲ့တယ်။
ဒါပေမယ့်
အသက်အရွယ်ကြီးရင့်ပြီဖြစ်လို့ ဒီခရီးစဉ်ဟာ သူ့အတွက် အလွန်ပင်ပန်းခဲ့တယ်။
၁၉၁၀၊ နိုဝင်ဘာမှာတော့ Astapovo မြို့ ၊ ရထားဘူတာရုံ ရုံပိုင်ကြီးတဉီးက
သူ့ကို အိမ်မှာ ခေါ်ထားပြီး အနားယူစေခဲ့တယ်။ သိပ်မကြာဘူး၊ ၁၉၁၀၊ နိုဝင်လာ
၂၀ မှာ ဆုံးပါးပြီး၊ မိဘ ဆွေမျိုးတွေကို သဂ်ြိုဟ်ရာ သူ့တို့ပိုင်
ခြံမြေမှာပဲ သဂ်ြိုဟ်ခဲ့တယ်။ မိန်းမနဲ့ သားသမီး ၈ ယောက် ကျန်ရစ်တယ်။
ထော
စတိုင်းရဲ့ လက်ရာတွေဟာ ဒီနေ့ထက်တိုင် ကမ္ဘာ့ အကောင်းဆုံး စာရင်း
ဝင်နေဆဲအဖြစ် သတ်မှတ်ကြတယ်။ War and Peace ကတော့ သမိုင်းတလျှောက်
အကောင်းဆုံး ဝတ္ထုလို့ မကြာခဏ ပြောနေကြဆဲပါ။ အခုခေတ်ပညာရှင်တွေကလည်း ထော
စတိုင်းဟာ ဇာတ်ကောင်တွေရဲ့ အတွင်းစရိုက် characters' unconscious motives
ကို ဖေါ်ပြရာမှာ သိပ်တော်တယ် လို့ အများက အသိအမှတ် ပြုနေကြဆဲပါ။ လူတွေရဲ့
စရိုက်နဲ့ စိတ်ထား character and purpose ကို နေ့စဉ်အပြုအမူလေးတွေနဲ့
ဖေါ်ပြရာမှာ ဆရာတဆူ၊ ချန်ပီယန် တပါး ဖြစ်ပါတယ်။
အမှန်တရားကို ဘုရားသခင် သိမြင်ပေမယ့် စောင့်ဆိုင်းနေတယ်။
ဘာသာပြန် - ဆလိုင်း ထိန်ဝင်းအိ
ဗလာဒီမာမြို့မှာ အိုင်ဗင် ဒီမီးထရစ် အက်စီနော့ ဆိုတဲ့ လူငယ် ကုန်သည် တယောက် နေထိုင်တယ်။ သူ့မှာ ဆိုင်နှစ်ဆိုင်နဲ့ ကိုယ်ပိုင်အိမ်တလုံး ရှိတယ်။ အက်စီနော့က လူချော၊ ဆံပင်ကောက်ကောက်နဲ့ ဆံပင်ကောင်းတဲ့သူ၊ လူပျော်၊ သီချင်းဆို ဝါသနာပါတဲ့သူ။ ငယ်တုန်းကတော့ အရက်သောက်တာပေါ့။ မူးလာရင် သွေးဆိုးတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးနောက်ပိုင်း မသောက်တော့ဘူး။ တခါတလေက လွဲလို့ပေါ့။
နွေရာသီရောက်တော့
အက်စီနော့က နစ်ဇနီ ဈေးရောင်းပွဲတော်ကို သွားဖို့ မိသားစုကို နှုတ်ဆက်တယ်။
မိန်းမက သူ့ကို "အီဗင် ဒီမီးထရစ် ဒီနေ့ ခရီးမထွက်ပါနဲ့လား။
ရှင့်နဲ့ပါတ်သက်လို့ ကျွန်မ အိပ်မက်ဆိုး မက်တယ်။"
အက်စီနော့က ရယ်တယ်။ "ဈေးပွဲတော် ရောက်ရင် သောက်စားနေမှာ ကြောက်လို့ မဟုတ်လား။"
သူ့မိန်းမက
"ဘာကို ကြောက်သလဲတော့ ကျွန်မ မသိဘူး။ အိပ်မက်မကောင်းမှန်းတော့ သိတယ်။
အိပ်မက်မှာ ရှင်အဲဒီမြို့က ပြန်လာတော့ ရှင့်ဦးထုပ်လည်းချွတ်ရော၊
ကျွန်မမြင်ရတာက ရှင့်ဆံပင်တွေ လုံးလုံးဖြူနေပြီ။"
အက်စီနော့က ရယ်တယ်။ "အဲဒါ ကံကောင်းမယ့် နိမိတ်ပဲ။ ကုန်ပစ္စည်းရှိသမျှ ရောင်းရရင် ဈေးပွဲတော်ကနေ လက်ဆောင်တွေ ပါလာမှာပေါ့ဟာ။"
ဒီလိုနဲ့
မိသားစုကို နှုတ်ဆက်ပြီး မြင်းကို မောင်းသွားတော့တယ်။ လမ်းတဝက်မှာတော့
သိခဲ့ဖူးတဲ့ ကုန်သည်တယောက်နဲ့ တွေ့တယ်။ ညရောက်တော့ တည်းခိုခန်းတခုမှာ
အတူတည်းကြတယ်။ လဘက်ရည် အတူသောက်ကြပြီး တွဲလျက်အခန်းမှာ အိပ်ယာဝင်ကြတယ်။
အက်စီနော့က
နေမြင့်အောင် အိပ်လေ့ မရှိဘူး။ နေအေးတုန်း ခရီးသွားချင်တော့ မိုးမလင်းခင်
မြင်းလှည်းမောင်းတဲ့သူကို နှိုးပြီး မြင်းလှည်းဆင်ဖို့ ပြောတယ်။
ပြီးမှ နောက်ဖက်က အိမ်လေးမှာနေတဲ့ တည်းခိုခန်းပိုင်ရှင်ကို ငွေရှင်းပြီး ခရီးဆက်ခဲ့တယ်။
၂၅
မိုင်လောက်ရောက်လာတဲ့အခါ မြင်းစာကျွေးဖို့ ရပ်လိုက်တယ်။ တည်းခိုခန်းရှေ့
လျှောက်လမ်းပေါ်မှာ ခဏနားတယ်။ ပြီးမှ တည်းခိုခန်းရဲ့ အမိုးအောက်ကို ဝင်တယ်။
နွေးသွားအောင် (လဘက်ရည်သောက်ဖို့) ရေနွေး တကရား မှာလိုက်တယ်။ ဂစ်တာကို
ဆွဲထုတ်ပြီး စတီးတယ်။
ခေါင်းလောင်းသံ ဆူဆူညံညံနဲ့ မြင်းရထားတစီး ရုတ်တရက် ဆိုက်ရောက်လာပြီး အရာရှိတယောက်နဲ့ စစ်သား ၂ ယောက် ဆင်းလာတယ်။ အရာရှိက အက်စီနော့ဆီရောက်လာပြီး ဘယ်သူလဲ၊ ဘယ်ကလာလဲ စတဲ့ မေးခွန်းတွေ စပြီးမေးတယ်။ အက်စီနော့က ပြည့်ပြည့်စုံစုံ ဖြေတယ်။ "လဘက်ရည် သောက်ပါဦးလား ဆရာ" လို့ ပြောတယ်။ ဒါပေမယ့် အရာရှိက ခပ်တင်းတင်း မေးရင်း "ညက ဘယ်မှာ တည်းသလဲ၊ တယောက်တည်းလား၊ အဖေါ် ကုန်သည်ပါသေးလား၊ ဒီမနက် အဲဒီကုန်သည်ကို တွေ့သေးလား၊ မိုးမလင်းခင် တည်းခိုခန်းကနေ ဘာကြောင့် ထွက်လာသလဲ လို့ မေးတယ်။
| Charles Wesley |
နားထောင်၊ ကောင်းကင်သား ကြွေးကြော်
၁။ နားထောင်၊ ကောင်းကင်သား ကြွေးကြော်
ခုဖွါးမြင် ဘုရင့်ဘုန်းတော်၊
ကမ္ဘာပေါ်တွင် ငြိမ်သက်စေ၊ ကောင်းကင်ဘုံတွင် ဘုန်းကြီးစေ။
ပြစ်ရှိသူများ ချမ်းသာ၍၊ ဘုရားသခင်နှင့် ဆုံတွေ့၊
ဗက်လင်မြို့တွင် ကယ်တင်ရှင်၊ ဘွားမြင်ပြီ ငါတို့သခင်။
နားထောင်၊ ကောင်းကင်သား ကြွေးကြော်၊ ခုဖွါးမြင် ဘုရင့်ဘုန်းတော်။
၂။ ကောင်းကင်ဘုံသားတို့ဘုရင်၊ ထာဝရ ခရစ်တော်ရှင်၊
ချိန်တန်ကာလ ဆင်းသက်၍၊ ကညာဝမ်း၌ ကိန်းအောင်းလေ၊
လူ့ဇာတိ ကိုယ်တော်မြတ်ဆောင်၊ ကယ်တင်အံ့ငှါ လူတို့ဘောင်။
ဧမာနွေလ ဆင်းသက်ပြီ၊ လူတို့တွင် တည်တော်မူသည်။
နားထောင်၊ ကောင်းကင်သား ကြွေးကြော်၊ ခုဖွါးမြင် ဘုရင့်ဘုန်းတော်။
၃။ ကောင်းကင်ဖွါး ငြိမ်သက်အရှင်၊ တရားမင်း၊ ဘုန်းကြီးဘုရင်။
အလင်း၊ အသက်၊ စည်းစိမ်မျိုး၊ ဘေးဒဏ်ပေါင်း ကင်းရှင်း တန်ခိုး။
ပေးပိုင်ရှင် သခင်မြတ်သည်၊ လူထာဝရ သက်တည်ကြည်၊
ရစိမ့်သောငှါ ကောင်းကင်မှ၊ ဆင်းသက်သည်းခံ ဖွါးမြင်ရ။
နားထောင်၊ ကောင်းကင်သား ကြွေးကြော်၊ ခုဖွါးမြင် ဘုရင့်ဘုန်းတော်။
| စာသား Edmund Sears |
Edmund
Sears ကို Massachusett မက်စက်ချူးဆက်ပြည်နယ်၊ Sandisfield စင်ဒစ်ဖီး
မြို့မှာ ၁၈၁၀ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ မွေးဖွါးပါတယ်။ သူ့အသက် ၆၆ နှစ်မှာ
နယူးယော့ပြည်နယ်၊ စင်ဒစ်ဖီးမြို့ရဲ့ Union College မှ ဘွဲ့၊ ဟားဗတ်မှ
ဒေါက်တာဘွဲ့ရပြီး၊ မက်စက်ချူးဆက်ပြည်နယ်ထဲက Wayland, Lancaster and Weston
စတဲ့ မြို့တွေရဲ့ အသင်းတော်ငယ် ၃ ပါးမှာ သင်းအုပ်လုပ်တယ်။ ၁၈၇၆ မှာ
သေဆုံးတယ်။ သေးသေးမွှားမွှား အချက်လေး တချက်ကလွဲလို့ သူ့ကို လူတွေ
မေ့သွားကြမှာပါ။
၁၈၄၆ မှာ Peace on Earth ဆိုတဲ့ ကဗျာလေးကို ရေးပါတယ်။
ဒီအရင် ၁၈၃၄ မှာရေးတဲ့ ခရစ်စမတ် သီချင်းက လူတွေ သိပ်လက်မခံတော့
အခုကဗျာလေးကို စားပွဲမှာပဲ သိမ်းထားခဲ့တယ်။ Peace on Earth ကဗျာလေးဟာ
စားပွဲမှာပဲ ၃ နှစ်ကြာခဲ့ပေမယ့် ဘုရားသခင်မှာ အကြံအစည် ရှိနေတယ်။
အဲဒီကဗျာလေးကြောင့်သာ အဲဒီတောသား တရားဟောဆရာကို လူတွေ
မှတ်မိစရာဖြစ်သွားပါတယ်။
ဆရာ စီးယားဟာ ဘော့စ်တွန်မြို့
ဘုရားကျောင်းကြီးမှာ အမှုတော်ဆောင်လို့ ရပေမယ့် သူက
ဘတ်ရှိုင်းယားတောင်တန်းတွေမှာပဲ ကြီးပြင်းခဲ့တယ်။ တောသဘာဝကို ချစ်တယ်။
တောအရပ်သဘာဝနဲ့ နွေရက်ရှည်ကနေ ဆောင်ညချမ်းဆီ ရာသီအပြောင်းအလဲတွေက
ဒီကဗျာကို ရေးဖို့ စိတ်ကူးရစေတယ်။
နယူးအဂ်လန်ပြည်နယ်ရဲ့
ဆောင်းညချမ်းမှာ နှင်းပွင့်တွေ တွဲလောင်းကျနေတဲ့ ပြတင်းတံခါးကနေ
စိတ်မြင်ကွင်းမှာ ရှေးခေတ် ယုဒပြည် တောင်းကုန်းပေါ်မှာ ကောင်းကင်တမန်တွေ
ဆင်းသက်လာတာကို မြင်ယောင်မိမယ်။ သိုးထိန်းတွေ ကြောက်ရွံ့သွားတယ်။
ကောင်းကင်အရှင်သခင် ဘုရင့်အမိန့်တော်ပါတယ်။ "မြေကြီးပေါ်မှာ ငြိမ်သက်ခြင်း
ရှိစေသတည်း။ လူတို့အား မေတ္တာ ကရုဏာ ရှိစေသတည်း။" ဒီလို မြင်ယောင်ရင်း
Peace on Earth ကဗျာလေး မွေးဖွါးလာတယ်။
အချိန်ကာလက ဆရာ စီးယားရဲ့
ကဗျာလေးကို ဝါးမြိုသွားပေမယ့် Peace on Earth ကဗျာလေးကို
ဘော့စတွန်မြို့ရဲ့ Christian Register စာစောင် ထုတ်ဝေသူထံ ပို့လိုက်တယ်။
တနှစ်အကြာ ၁၈၅၀ ခုနှစ်မှာတော့ အားလုံးဖတ်စရာ ပုံနှိပ်စာအဖြစ်ပါလာတယ်။
ကဗျာစားသားတွေကို သံစဉ်လေးဖြည့်ပြီး ပျံဝဲစေသူကတော့
ယေးလ်တက္ကသိုလ်ကျောင်းဆင်း၊ နယူးယော့ ထရစ်ဗြူး New York Tribune ရဲ့
ဂီတဝေဖန်ရေးဆရာ Richard Willis ဖြစ်တယ်။ နောက်နှစ်အတော်ကြာမှာတော့ Oliver
Wendell Holmes က "သမိုင်းတလျှောက် ရေးခဲ့သမျှမှာ အကောင်းဆုံး၊ အလှဆုံး
ဓမ္မသီချင်းအဖြစ် ကြေညာလိုက်တယ်။
သီချင်းလေးက လှနေတုန်းပဲ။ သူ့ပေးတဲ့
သတင်းစကားကလည်း ကြားဖို့ လိုနေတုန်းပဲ။ ဒီနေ့ခေတ်မှာတော့ Edmund Sears ရဲ့
ငြိမ်းချမ်းရေးကဗျာလေးကို It Came Upon
the Midnight Clear ခေါင်းစဉ်နဲ့ သီချင်းအဖြစ် ဆိုနေကြပါပြီ။
| သံစဉ် Richard Willis |
“Peace on the earth, good will to men,
From Heav’n’s all-gracious King.”
The world in solemn stillness lay,
To hear the angels sing.
Still through the cloven skies they come
With peaceful wings unfurled,
And still their heav’nly music floats
O’er all the weary world;
Above its sad and lowly plains,
They bend on hov’ring wing,
And ever o’er its Babel sounds
The blessed angels sing.
Yet with the woes of sin and strife
The world has suffered long;
Beneath the angel strain have rolled
Two thousand years of wrong;
And man, at war with man, hears not
The love-song which they bring;
Oh, hush the noise, ye men of strife
And hear the angels sing.
And ye, beneath life’s crushing load,
Whose forms are bending low,
Who toil along the climbing way
With painful steps and slow,
Look now! for glad and golden hours
Come swiftly on the wing.
Oh, rest beside the weary road,
And hear the angels sing!
For lo! the days are hast’ning on,
By prophet seen of old,
When with the ever-circling years
Shall come the time foretold
When Christ shall come and all shall own
The Prince of Peace, their King,
And saints shall meet Him in the air,
And with the angels sing.
၁။ ကြည်လင်လှသော ကောင်းကင်ယံမှာ ..
ကောင်းကင်တမန်များသည်
ရွှေစောင်းများကို ကိုယ်စီကိုင်ကာ
ချီးမွမ်းဧကျူးကြ၏။
ငြိမ်သက်ခြင်းနှင့် အလိုတော်သည်
မြေပေါ်မှာ ရောက်စေသတည်း ။
ကောင်းကင်သီချင်းသံ ကြားစိမ့်ငှါ
တိတ်ဆိတ်လှ မြေပေါ်မှာ ...
၂။ ကောင်းကင်သား သီချင်းသံ သာယာ
ကောင်းကင်မှ ထွက်လာသည်။
မောပန်းလှသော ဤလောကမှာ
ထိုသီချင်းသံ ကြား၏။
ဝမ်းနည်းဘွယ်ရာ ထိုကွင်းပေါ်မှာ
ကောင်းကင်သားများ ဝဲကြ
လောက ရှုပ်ထွေး ဒုက္ခထဲမှာ
ထိုသီချင်းသံ ကြားရ ....
၃။ ပရောဖက်များ ဟောကြားသမျှ
လျင်မြန်စွာ ပြည့်စုံရ
နှစ်များသည် လွန်သွားနေစဉ်ခါ
ဟောချက်အတိုင်း ဖြစ်လာ။
ကောင်းကင်သစ်နှင့် မြေကြီးသစ်လျှင်
ကိုယ်တော်ကို ဝန်ခံစဉ်
ကောင်းကင်သားများ၏ သီချင်းကို
တလောကလုံး ကျူးဆို။