Wednesday, January 19, 2011

Prophecy ကြိုတင် ဟောပြောခြင်း


Prophecy ကြိုတင်ဟောပြောခြင်း


       သမ္မာကျမ်းစာတအုပ်လုံးရဲ့ ၂၅% ကျော်ဟာ Prophecy ကြိုတင် ဟောပြောချက်တွေ ဖြစ်ပါတယ်။ ဒါဟာ တခြားဘာသာတွေရဲ့ ကျမ်းတွေနဲ့ မတူတဲ့ အချက်ပါပဲ။ သမ္မာကျမ်းစာရဲ့သာမန်ကျမ်းပိုဒ်တွေမှာပင် အံ့သြစရာတွေ ရှိနေတတ်ပါတယ်။ ကမ္ဘာဦး ၅ မှာပါတဲ့ ဆွေစဉ်မျိုးဆက် စာရင်းဟာ အဓိပ္ပါယ်ရှိပါတယ်။ အာဒံဆိုတာ လူလို့ အဓိပ္ပါယ်ရပါတယ်။ သူ့သား ရှေသကတော့ ခန့်ထားသော လို့ ဆိုလိုပါတယ်။ သူ့အကို အာဗေလရဲ့ နေရာကို ဆက်ခံဖို့ ခန့်ထားခံရလို့ပါ။ စာရင်းတခုလုံးကတော့ - - -
  1. Adam means "Man". အာဒံ = လူ
  2. Seth means "Appointed". ရှေသ= ခန့်ထားသော
  3. Enosh means "Mortal". ဧနုတ် =  သေတတ်သော
  4. Kenan means "Sorrow". ကာဣနန် = ဝမ်းနည်းခြင်း
  5. Mahalalel means "The blessed God". မဟာလေလ= မင်္ဂလာရှိသော ဘုရားသခင်
  6. Jared means "Shall come down". ယာရက် = ဆင်းလာမယ်။
  7. Enoch means "Teaching". ဧနောက် = သင်ပြခြင်း
  8. Methuselah means "His death shall bring". မသုရှလ = သူ့သေခြင်းက ယူဆောင်လာမယ်။
  9. Lamech means "The despairing". လာမက် = မြော်လင့်ခြင်းမဲ့နေသော
  10. Noah means "Comfort (or rest)". နောဧ = သက်သာခြင်း ( အနားရခြင်း)

ဒါတွေ အားလုံးကို အတူ ဆက်ဖတ်လိုက်တဲ့အခါ လူတွေရဲ့ ပထမဆုံး ဘိုးဘေး ၁၀ ယောက် နာမည်ဟာ ကယ်တင်ရှင် ကြွလာမယ့်အကြောင်းကို ကြိုတင်ပြောထားတဲ့ စကား ဖြစ်နေပါတယ်။
"Man (is) appointed mortal sorrow; (but) the blessed God shall come down, teaching (that) His death shall bring the despairing comfort ( or rest)."
"လူဟာ သေဖို့ ဝမ်းနည်းဖို့ရာ မွေးလာတယ်။ (ဒါပေမယ့်) မင်္ဂလာရှိတဲ့ ဘုရားသခင် ဆင်းလာပြီး၊ မြော်လင့်ချက်မဲ့နေသူတွေကို သူ့သေခြင်းကနေ သက်သာခြင်း ယူဆောင်လာမယ်လို့ သွန်သင်မယ်။
(Hidden Treasures in the Biblical Text, p 11-18 မှ)