Showing posts with label Hymn History. Show all posts
Showing posts with label Hymn History. Show all posts

Monday, September 12, 2022

There Is A Fountain Filled With Blood - အသွေးနှင့် ပြည့်သောတွင်း ပွင့်ပြီ သီချင်း သမိုင်း

 

 


"There Is A Fountain Filled With Blood"
စိတ်ဝေဒနာခံစားခဲ့ရတဲ့ အင်္ဂလိပ် ကဗျာဆရာ၊ ဓမ္မသီချင်းရေးဆရာ ဝီလျံ ကူးပါ William Cowper (pronounced "Cooper" by the English) ရေးတဲ့ သီချင်းလေးပါ။ ဘုရားရဲ့ ရွေးနှုတ်တဲ့ မေတ္တာကို ဖေါ်ပြတဲ့ ထင်ရှားတဲ့ ဓမ္မသီချင်းတပုဒ်ဖြစ်တယ်။
ဝီလျံ ကူးပါ ကို အင်္ဂလန်ပြည် Hertfordshire နယ် Great Berkhamstead မှာ ၁၇၃၁၊ နိုဝင်ဘာ ၁၅ မှာ ေမွးဖွါးခဲ့တယ်။ အဖေက အသင်းတော်လူကြီး၊ အမေက တော်ဝင် အမျိုးအနွယ်။ ငယ်စဉ်က ဥပေဒပညာ သင်ယူပြီး ရှေ့နေ အလုပ် လုပ်ခဲ့တယ်။
ငယ်ငယ်က စာပေပညာတော်ပေမယ့် ကိုယ်ခန္ဓာ မကျန်းမာ၊ စိတ်အထိအခိုက် မခံနိုင်သူ ဖြစ်ခဲ့တယ်။ သူ့ကို စိတ်ဒဏ်ရာရစေတဲ့ အရာတွေထဲမှာ သူ့အသက် ၆ နှစ်မှာ အမေ သေဆုံးတာလည်း ပါတယ်။ အသက်ငယ်ငယ် စိတ်ကြေကွဲဒဏ်ကို မခံစားနိုင်တော့ တသက်လုံး စိတ်ဒဏ်ရာရခဲ့တယ်။ အမေကို တောင့်တနေတယ်။ ဥပေဒဘွဲ့ရ၊ ရှေ့နေ လိုင်စင်ရပေမယ့် အလုပ်ဝင်ဖို့ နောက်ဆုံးစာမေးပွဲကို ကြောက်နေတယ်။ သူ့စိတ်မူမမှန်တာကို သိမှာစိုးတယ်။ ဒါကြောင့် ရှေ့နေမလုပ်တော့ဘဲ ကဗျာတွေ စာတွေပဲ ရေးတော့တယ်။ စာမေးပွဲကြောက်စိတ်အပြင် အချစ်ရေးလည်း အဆင်မပြေတော့ သူ့ကိုယ်သူ သတ်သေဖို့ ကြံစည်လို့ စိတ်ရောဂါဆေးရုံမှာ ၁၈ လ နေရတယ်။
စိတ်ဆေးရုံမှာ အထိန်းသိမ်းခံရပြီး စိတ်ဓါတ်နေချိန်မှာ ကျမ်းစာပဲ ဖတ်နေခဲ့တယ်။
ငယ်ငယ်က ဝိညာဉ်ရေးအခြေအနေတွေ၊ သေရင် ဘယ်ရောက် မလဲ ဆိုတဲ့ မေးခွန်းတွေ စဉ်းစားရင်း ရောမ ၃: ၂၃- ၂၅ ကို ဖတ်မိတယ်။ 
"လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။ ယေရှုခရစ် ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရ၏။ လွန်ခဲ့သော ဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင်၊ ဖြောင့်မတ်တော်မူခြင်းတရားကို ထင်ရှားစေ၍၊ ယေရှုကို ယုံကြည်သောသူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း တရားသဖြင့် ပြုတော်မူခြင်းငှါ၄င်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်းဖြစ်စေဖြင်းငှါ ခန့်ထားတော်မူပြီ။"
အပြစ်ခွင့်လွှတ်ဖို့ ခရစ်တော်ရဲ့ အသွေးတော်ကို ယုံပြီး အပြစ်ခွင့်လွှတ်ခြင်းခံစားရလာတယ်။ သူ့အသက် ၃၃ နှစ်အရွယ် ၁၇၆၄ မှာ ပြောင်းလဲခဲ့တယ်။
"သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။" - ဧဖက် ၂: ၁၃
စိတ်ရောဂါအတော်အတန် သက်သာလာတဲ့အခါ ဧဝံဂေလိဆရာ Morley Unwin ရဲ့ အိမ်မှာ ပြောင်းရွှေ့နေထိုင်တယ်။ အဲဒီမှာ ဝိညာဉ်ခွန်အားရရုံမျှမက ဆရာ Unwin နဲ့ သူ့ဇနီး Mary ရဲ့ ဂရုတစိုက် ပြုစုတာကို ခံရတယ်။
၅ နှစ်အကြာမှ ဆရာ Unwin သေတယ်။ မုဆိုးမဖြစ်သူ ဆရာကတော် Mary မိသားစုဟာ ဆရာ John Newton ရှိရာ အဂ်လန်ပြည် Olney မြို့ကို လာနေဖို့ ဖိတ်ခေါ်ခံရတယ်။ William Cowper ကိုလည်း အတူလာနေဖို့ ဖိတ်ကြတယ်။ အဲဒီရောက်တော့ ဆရာ ဂျွန်း နယူတန် ဦးဆောင်တဲ့ အင်္ဂလိကန်အသင်းတော်မှာ ပါဝင်ကြတယ်။ ဆရာ နယူတန်က Amazing Grace သီချင်းကို ရေးတဲ့သူပါ။
ဆရာ နယူတန်ရဲ့ အိမ်နောက်ဖက်က အိမ်ကလေးမှာ ဝီလျံ ကူးပါ နေတယ်။ ဆရာ နယူတန်နဲ့ ရင်းနှီးလာတယ်။ စိတ်ကျန်းမာရေးလည်း တိုးတက်လာတယ်။ ဘုရားကျောင်းအတွက် ဘုရားတရားနဲ့ဆိုင်တဲ့ ကဗျာတွေ ရေးကြတယ်။
ကယ်တင်ခြင်းရပြီးပေမယ့် ပြန်ဆုံးရှုံးမှာ ကြောက်တဲ့ စိုးရိမ်စိတ်ကို ဝီလျံ ကူးပါ နှစ်အတော်ကြာ ခံစားရတယ်။
ဆရာ နယူတန်နဲ့ ကဗျာတွေ ရေးခဲ့ကြတယ်။
အခု "အသွေးနဲ့ ပြည့်သော တွင်းပြည့်ပြီ" ကဗျာကို သူမသေခင် အချိန်တို ကာလအတွင်း  April 25, 1800 မှာ တယောက်တည်း ထိုင်ခုံမှာ ထိုင်ရင်း ဝိညာဉ်တော်လမ်းပြမှုနဲ့ ဇာခရိ 13:1 ကို ဖတ်ပြီး အပြစ်လွှတ်ခြင်းဟာ ထာဝရအတွက် တခါတည်း အပြီးလွှတ်တာကို ကြေနပ်ခံစားရင်း ရေးခဲ့တယ်။
"ထိုကာလ၌ ... ဒုစရိုက် အပြစ်အညစ်အကြေးကို ဆေးကြောစရာဖို့ စမ်းရေတွင်းသည် ပွင့်လိမ့်မည်။" - ဇာခရိ 13:1
နောင်နှစ်ပေါင်းများစွာကြာမှ အမေရိကားမှာ နေတဲ့ Lowell Mason (1792-1872) က သံစဉ်ထည့်ခဲ့တယ်။
နှစ်ပေါင်း ၂၀၀ ကျော် ယုံကြည်သူတွေကို ကယ်တင်ခြင်း စိတ်ချမှုအတွက် ခွန်အားပေးရင်း၊ ဝေးလွင့်နေတဲ့ အပြစ်သားတွေကို ဘုရားသခင်ထံ ပိုဆောင်းပေးခဲ့တဲ့ သီချင်းဖြစ်ပါတယ်။

Thursday, December 23, 2021

နားထောင်၊ ကောင်းကင်သား ကြွေးကြော် သီချင်းရဲ့ နောက်ခံသမိုင်း

 

Charles Wesley
ဒီကယ်ရို သီချင်းကို Charles Wesley က ၁၇၃၉ မှာ ရေးခဲ့တုန်းက လူကြိုက်များမယ်လို့ မသိခဲ့ဘူး။ အစတုန်းက သီချင်းနာမည်ကို “Hark, how all the welkin ring,” လို့ ပေးခဲ့တယ်။ welkin ဆိုတာက ရှေးအဂ်လိပ်စကား၊ ကောင်းကင်ကို ခေါ်ပါတယ်။ George Whitefield က ၁၇၅၃ မှာ ပထမဆုံး ပုံနှိပ်ဖြန့်ချီတဲ့အခါ ပထမစာကြောင်းကို “Hark! The herald angels sing,” လို့ ပြောင်းလိုက်ရာက အခုအထိ အဲဒီလိုပဲ တွင်သွားပါတယ်။ ပထမ နှစ်ပေါင်း ၁၂၀ လောက်အထိတော့ ဒီသီချင်းကို သံစဉ်အမျိုးမျိုးနဲ့ ဆိုခဲ့ကြတယ်။ ၁၈၅၆ မှာတော့ Gutenberg Festival ပွဲတော် - 1840 အထိမ်းအမှတ် ထုတ်ဝေရာမှာ William Cummings က စာသားကို Felix Mendelssohn ရဲ့ သံစဉ်နဲ့ တွဲလိုက်တယ်။ ဆိုကြသူတွေရော ကြားရသူတွေပါ သူရေးတဲ့သံစဉ်ဟာ ဘုရားတရား စာသားတွေနဲ့ မလိုက်လောက်ဘူးလို့ ထင်ကြသူတွေက ကြိုဆိုကြတော့ Felix Mendelssohn လည်း အံ့အားသင့်လောက်ပါတယ်။
Charles Wesley ရဲ့ သီချင်းက ဘုရားတရား ဓမ္မပညာ အနှစ်ချုပ်ကို ပေးတယ်။ ခရစ်တော်ရဲ့ ဘွဲ့နာမတွေ အများကြီးပါတယ်။ ဘုရင်၊ အရှင်သခင်၊ ငြိမ်သက်ခြင်း အရှင်၊ တရားတော် နေမင်း၊  ထာဝရ အရှင်၊ လူမျိုးတကာတို့ရဲ့ နှစ်လိုဘွယ်ရာ၊ လူ့ဇာတိခံသော ဘုရား၊ ဧမာနွေလ။ ပထမ စာကြောင်းအပြီးမှာပဲ အသစ်ဖွါးမြင်တဲ့ ဘုရင် “the new-born King” ကို ချီးမွမ်းဖို့ နှိုးဆော်တယ်။ နောက်တကြောင်းက "အပျိုကညာမှ ဖွါးမြင်ခြင်း၊ ခရစ်တော်ရဲ့ ဘုရားဇာတိ၊ ကိုယ်ခန္ဓာနဲ့ ရှင်ပြန် ထမြောက်ခြင်း၊ အသစ်ဖွါးမြင်ခြင်းအကြောင်းတွေကို ဖေါ်ပြတယ်။ “Mild he lays his glory by” ဆိုတဲ့ စကားစု နှစ်စုကတော့ ခရစ်တော်ဟာ လူတွေနဲ့ တသားတည်းဖြစ်ဖို့ ဘုန်းစည်းစိမ်ကို စွန့်ပြီး လူ့ဇာတိခံယူကြောင်းကို ဖေါ်ပြတယ်။ “Late in time behold him come” ဆိုတဲ့ စာသားကတော့ "ယခုနောက်ဆုံးသောကာလ၌" သားတော်အားဖြင့် ဘုရားသခင် စကားပြောတယ် ဆိုတဲ့ ‌ဟေဗြဲ ၁း ၂ ကို သတိရစေတယ်။
Hark! the Herald Angels Sing Lyrics

Hark the herald angels sing
"Glory to the newborn King!
Peace on earth and mercy mild
God and sinners reconciled"
Joyful, all ye nations rise

Join the triumph of the skies
With the angelic host proclaim:
"Christ is born in Bethlehem"
Hark! The herald angels sing
"Glory to the newborn King!"

Christ by highest heaven adored
Christ the everlasting Lord!
Late in time behold Him come
Offspring of a Virgin's womb
Veiled in flesh the Godhead see

Hail the incarnate Deity
Pleased as man with man to dwell
Jesus, our Emmanuel
Hark! The herald angels sing
"Glory to the newborn King!"

Hail the heaven-born Prince of Peace!
Hail the Son of Righteousness!
Light and life to all He brings
Ris'n with healing in His wings
Mild He lays His glory by

Born that man no more may die
Born to raise the sons of earth
Born to give them second birth
Hark! The herald angels sing

"Glory to the newborn King!"

နားထောင်၊ ကောင်းကင်သား ကြွေးကြော်

၁။ နားထောင်၊ ကောင်းကင်သား ကြွေးကြော်
ခုဖွါးမြင် ဘုရင့်ဘုန်းတော်၊
ကမ္ဘာပေါ်တွင် ငြိမ်သက်စေ၊ ကောင်းကင်ဘုံတွင် ဘုန်းကြီးစေ။
ပြစ်ရှိသူများ ချမ်းသာ၍၊ ဘုရားသခင်နှင့် ဆုံတွေ့၊
ဗက်လင်မြို့တွင် ကယ်တင်ရှင်၊ ဘွားမြင်ပြီ ငါတို့သခင်။
နားထောင်၊ ကောင်းကင်သား ကြွေးကြော်၊ ခုဖွါးမြင် ဘုရင့်ဘုန်းတော်။ 


၂။ ကောင်းကင်ဘုံသားတို့ဘုရင်၊ ထာဝရ ခရစ်တော်ရှင်၊
ချိန်တန်ကာလ ဆင်းသက်၍၊ ကညာဝမ်း၌ ကိန်းအောင်းလေ၊
လူ့ဇာတိ ကိုယ်တော်မြတ်ဆောင်၊ ကယ်တင်အံ့ငှါ လူတို့ဘောင်။
ဧမာနွေလ ဆင်းသက်ပြီ၊ လူတို့တွင် တည်တော်မူသည်။  
နားထောင်၊ ကောင်းကင်သား ကြွေးကြော်၊ ခုဖွါးမြင် ဘုရင့်ဘုန်းတော်။ 


၃။ ကောင်းကင်ဖွါး ငြိမ်သက်အရှင်၊ တရားမင်း၊ ဘုန်းကြီးဘုရင်။
အလင်း၊ အသက်၊ စည်းစိမ်မျိုး၊ ဘေးဒဏ်ပေါင်း ကင်းရှင်း တန်ခိုး။
ပေးပိုင်ရှင် သခင်မြတ်သည်၊ လူထာဝရ သက်တည်ကြည်၊
ရစိမ့်သောငှါ ကောင်းကင်မှ၊ ဆင်းသက်သည်းခံ ဖွါးမြင်ရ။
နားထောင်၊ ကောင်းကင်သား ကြွေးကြော်၊ ခုဖွါးမြင် ဘုရင့်ဘုန်းတော်။


Monday, December 20, 2021

It Came Upon a Midnight Clear - "ကြည်လင်လှစွာ သန်းခေါင်ယံမှာ"


Edmund Sears
စာသား Edmund Sears


Edmund Sears ကို Massachusett မက်စက်ချူးဆက်ပြည်နယ်၊ Sandisfield စင်ဒစ်ဖီး မြို့မှာ ၁၈၁၀ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ မွေးဖွါးပါတယ်။ သူ့အသက် ၆၆ နှစ်မှာ နယူးယော့ပြည်နယ်၊ စင်ဒစ်ဖီးမြို့ရဲ့   Union College မှ ဘွဲ့၊ ဟားဗတ်မှ ဒေါက်တာဘွဲ့ရပြီး၊ မက်စက်ချူးဆက်ပြည်နယ်ထဲက Wayland, Lancaster and Weston စတဲ့ မြို့တွေရဲ့  အသင်းတော်ငယ် ၃ ပါးမှာ သင်းအုပ်လုပ်တယ်။ ၁၈၇၆ မှာ သေဆုံးတယ်။ သေးသေးမွှားမွှား အချက်လေး တချက်ကလွဲလို့ သူ့ကို လူတွေ မေ့သွားကြမှာပါ။
၁၈၄၆ မှာ Peace on Earth ဆိုတဲ့ ကဗျာလေးကို ရေးပါတယ်။ ဒီအရင် ၁၈၃၄ မှာရေးတဲ့ ခရစ်စမတ် သီချင်းက လူတွေ သိပ်လက်မခံတော့ အခုကဗျာလေးကို စားပွဲမှာပဲ သိမ်းထားခဲ့တယ်။ Peace on Earth ကဗျာလေးဟာ စားပွဲမှာပဲ ၃ နှစ်ကြာခဲ့ပေမယ့် ဘုရားသခင်မှာ အကြံအစည် ရှိနေတယ်။ အဲဒီကဗျာလေးကြောင့်သာ အဲဒီတောသား တရားဟောဆရာကို လူတွေ မှတ်မိစရာဖြစ်သွားပါတယ်။
ဆရာ စီးယားဟာ ဘော့စ်တွန်မြို့ ဘုရားကျောင်းကြီးမှာ အမှုတော်ဆောင်လို့ ရပေမယ့် သူက ဘတ်ရှိုင်းယားတောင်တန်းတွေမှာပဲ ကြီးပြင်းခဲ့တယ်။ တောသဘာဝကို ချစ်တယ်။ တောအရပ်သဘာဝနဲ့ နွေရက်ရှည်ကနေ ဆောင်ညချမ်းဆီ ရာသီအပြောင်းအလဲတွေက  ဒီကဗျာကို ရေးဖို့ စိတ်ကူးရစေတယ်။
နယူးအဂ်လန်ပြည်နယ်ရဲ့ ဆောင်းညချမ်းမှာ နှင်းပွင့်တွေ တွဲလောင်းကျနေတဲ့ ပြတင်းတံခါးကနေ စိတ်မြင်ကွင်းမှာ ရှေးခေတ် ယုဒပြည် တောင်းကုန်းပေါ်မှာ ကောင်းကင်တမန်တွေ ဆင်းသက်လာတာကို မြင်ယောင်မိမယ်။ သိုးထိန်းတွေ ကြောက်ရွံ့သွားတယ်။ ကောင်းကင်အရှင်သခင် ဘုရင့်အမိန့်တော်ပါတယ်။ "မြေကြီးပေါ်မှာ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာ ကရုဏာ ရှိစေသတည်း။" ဒီလို မြင်ယောင်ရင်း Peace on Earth ကဗျာလေး မွေးဖွါးလာတယ်။
အချိန်ကာလက ဆရာ စီးယားရဲ့ ကဗျာလေးကို ဝါးမြိုသွားပေမယ့် Peace on Earth ကဗျာလေးကို ဘော့စတွန်မြို့ရဲ့  Christian Register စာစောင် ထုတ်ဝေသူထံ ပို့လိုက်တယ်။ တနှစ်အကြာ ၁၈၅၀ ခုနှစ်မှာတော့ အားလုံးဖတ်စရာ ပုံနှိပ်စာအဖြစ်ပါလာတယ်။ ကဗျာစားသားတွေကို သံစဉ်လေးဖြည့်ပြီး ပျံဝဲစေသူကတော့ ယေးလ်တက္ကသိုလ်ကျောင်းဆင်း၊ နယူးယော့ ထရစ်ဗြူး  New York Tribune ရဲ့ ဂီတဝေဖန်ရေးဆရာ Richard Willis ဖြစ်တယ်။ နောက်နှစ်အတော်ကြာမှာတော့ Oliver Wendell Holmes က "သမိုင်းတလျှောက် ရေးခဲ့သမျှမှာ အကောင်းဆုံး၊ အလှဆုံး ဓမ္မသီချင်းအဖြစ် ကြေညာလိုက်တယ်။
သီချင်းလေးက လှနေတုန်းပဲ။ သူ့ပေးတဲ့ သတင်းစကားကလည်း ကြားဖို့ လိုနေတုန်းပဲ။ ဒီနေ့ခေတ်မှာတော့ Edmund Sears ရဲ့ ငြိမ်းချမ်းရေးကဗျာလေးကို  It Came Upon
the Midnight Clear ခေါင်းစဉ်နဲ့ သီချင်းအဖြစ် ဆိုနေကြပါပြီ။

သံစဉ် Richard Willis

    It came upon the midnight clear,
    That glorious song of old,
    From angels bending near the earth,
    To touch their harps of gold; 


    “Peace on the earth, good will to men,
    From Heav’n’s all-gracious King.”
    The world in solemn stillness lay,
    To hear the angels sing. 


    Still through the cloven skies they come
    With peaceful wings unfurled,
    And still their heav’nly music floats
    O’er all the weary world; 


    Above its sad and lowly plains,
    They bend on hov’ring wing,
    And ever o’er its Babel sounds
    The blessed angels sing. 


    Yet with the woes of sin and strife
    The world has suffered long;
    Beneath the angel strain have rolled
    Two thousand years of wrong; 


    And man, at war with man, hears not
    The love-song which they bring;
    Oh, hush the noise, ye men of strife
    And hear the angels sing. 


    And ye, beneath life’s crushing load,
    Whose forms are bending low,
    Who toil along the climbing way
    With painful steps and slow, 


    Look now! for glad and golden hours
    Come swiftly on the wing.
    Oh, rest beside the weary road,
    And hear the angels sing! 


    For lo! the days are hast’ning on,
    By prophet seen of old,
    When with the ever-circling years
    Shall come the time foretold 


    When Christ shall come and all shall own
    The Prince of Peace, their King,
    And saints shall meet Him in the air,
    And with the angels sing.

၁။ ကြည်လင်လှသော ကောင်းကင်ယံမှာ ..
ကောင်းကင်တမန်များသည်
ရွှေစောင်းများကို ကိုယ်စီကိုင်ကာ
ချီးမွမ်းဧကျူးကြ၏။
ငြိမ်သက်ခြင်းနှင့် အလိုတော်သည်
မြေပေါ်မှာ ရောက်စေသတည်း ။
ကောင်းကင်သီချင်းသံ ကြားစိမ့်ငှါ
တိတ်ဆိတ်လှ မြေပေါ်မှာ ...
၂။ ကောင်းကင်သား သီချင်းသံ သာယာ
ကောင်းကင်မှ ထွက်လာသည်။
မောပန်းလှသော ဤလောကမှာ
ထိုသီချင်းသံ ကြား၏။
ဝမ်းနည်းဘွယ်ရာ ထိုကွင်းပေါ်မှာ
ကောင်းကင်သားများ ဝဲကြ
လောက ရှုပ်ထွေး ဒုက္ခထဲမှာ
ထိုသီချင်းသံ ကြားရ ....
၃။  ပရောဖက်များ ဟောကြားသမျှ
လျင်မြန်စွာ ပြည့်စုံရ
နှစ်များသည် လွန်သွားနေစဉ်ခါ
ဟောချက်အတိုင်း ဖြစ်လာ။
ကောင်းကင်သစ်နှင့် မြေကြီးသစ်လျှင်
ကိုယ်တော်ကို ဝန်ခံစဉ်
ကောင်းကင်သားများ၏ သီချင်းကို
တလောကလုံး ကျူးဆို။

Monday, December 22, 2014

Silent Night, Holy Night (Burmese)

တိတ်ဆိတ်ည၊ သန့်ရှင်းည

Facts:

 Lyricist စာသား : Joseph Mohr
    Lyrics Date: 1816
    Translator
    Key: C
    Theme အကြောင်းအရာ : Christ's Birth ခရစ်တော်ဖွါးမြင်ခြင်း
    Additional Resources
    Composer တေးသွား :Franz Gruber
    Music Date: 1818
    Tune Title: STILLE NACHT
    Meter: irregular
    Scripture ကျမ်းချက်  :  လုကာ ၂း ၁၆ 

၁၉၁၄ ခုနှစ်ရဲ့ ခရစ်စမတ် အကြိုညနေခင်းမှာပေါ့။ ပထမကမ္ဘာစစ်အတွင်းမှာပေါ့။ ဂျာမန် စစ်သားတွေက နှစ်ဦးပိုင်းကတည်းက ရှေ့တန်းထွက်လာကြရတော့ ခရစ်စမတ်အမှီ အောင်ပွဲနဲ့အတူ အိမ်ပြန်ရကောင်းလောက်ရဲ့လို့ မြော်လင့်နေကြတယ်။ အဲဒီစစ်သားကလေးတွေဟာ ခရစ်စမတ်အမှီ အိမ်ပြန်မရောက်တဲ့အပြင် စစ်ပွဲက ဥရောပနဲ့ ကမ္ဘာတလွှားမှာ ၄ နှစ်ကြာနေခဲ့တယ်။

၁၉၁၄ ဒီဇင်ဘာမှာတော့ မိုင် ၂၀၀ ရှည်လျားတဲ့ ရှေ့တန်းစစ်မျက်နှာက တူးမြောင်းကြီးဟာ အခက်ခဲဆုံး အသေအပျောက် အများဆုံးနေရာ ဖြစ်ခဲ့ပါတယ်။ တူးမြောင်းတလျှောက်ဟာ ရွှံ့တွေ၊ ကြွက်တွေ  ခြင်တွေ ယင်တွေ၊ လူသေအလောင်းတွေနဲ့ ပြည့်နေတယ်။ ၁၉၁၄ ခုနှစ်ရဲ့ ခရစ်စမတ်ကလည်း တကယ်အေးလွန်းတယ်။ နှင်းမှုန်တွေ တိုက်ခတ်နေတယ်။ လူသေအလောင်းတွေ မြှုပ်နေတဲ့ ကတုတ်ကျင်းတွေထဲက ရေကလည်း လေနဲ့အတူ တဝုန်းဝုန်း တိုက်ခတ်နေတယ်။

ဒါပေမယ့် ဒီဇင်ဘာ ၂၄ မှာတော့ အနောက်ဖက်စစ်မျက်နှာက တူးမြောင်းတလျှောက်မှာရှိတဲ့ ဗရစ်တစ်ရှ်နဲ့ စကော စစ်သားတွေဟာ အံ့အားသင့်စရာ သီချင်းသံတသံကို ကြားလိုက်ကြရတယ်။ သီချင်းရဲ့ သံစဉ်ကို သိကြပေမယ့် စာသားကိုတော့ နားမလည်ကြဘူး။ သီချင်းက Silent Night ပါ။ ဂျာမန်တွေဆိုတော့ Stille nacht, heilige nacht တဲ့။

 အံ့အားသင့်စရာဖြစ်ပေမယ့် အဲဒီသီချင်းက နွေးထွေးမှုလည်းရှိနေတော့ အဲဒီဂျာမန်သီချင်းကို အင်္ဂလိပ်လို ပြန်ဆိုလိုက်ကြတယ်။ မကြာခင်မှာပဲ နှစ်ဖက်လုံးမှာ Silent Night သီချင်းကို အားထုတ် ဆိုသံတွေဟာ ကောင်းကင်ယံမှာ ပြည့်လျှံလာပါတော့တယ်။

ရန်သူ့ တူးမြောင်းတလျှာက် လှမ်းကြည့်လိုက်တော့ စစ်သားတွေဟာ ဖယောင်တိုင်တွေကို တိုင်တွေ၊ လှံစွပ်တွေပေါ်မှာ ထွန်းပြီး ထွန်းပြလာကြတယ်။ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ရန်သူစစ်သား တချို့ဟာ ခရစ်စမတ်သစ်ပင်တွေကို သူတို့ရဲ့ဦးခေါင်းတွေပေါ်မှာ တပ်ဆင်လာတယ်။ နှစ်ဖက် စစ်သားတွေဟာ အခုနကပဲ တယောက်နဲ့တယောက် အသေအကြေ သတ်ဖြတ်နေကြပေမယ့် ကတုတ်ကျင်းတွေထဲက စမ်းသပ်ထွက်လာကြတယ်။ ကြောက်စရာ ပစ်ကွင်းထဲကို ထွက်လာကြပြီး သူတို့စစ်ဝတ်တန်ဆာတွေထဲကနေ လက်ဆောင်တွေ အားရဝမ်းသာ ထုတ်လာကြတယ်။ လူသေ အလောင်းတွေကိုလည်း မြှုပ်ပေးလာကြတယ်။
ဖြစ်နိုင်ချေ မရှိတဲ့ကြားကပဲ တနေ့တာ အပစ်အခတ် ရပ်စဲသွားပါတယ်။ စစ်စည်းကမ်းတွေလည်း ဂရုမစိုက်ကြတော့ဘူး။ ဘယ်သူမှလည်း မလိုက်နာကြတော့ဘူး။ တချို့အရာရှိတွေက ဒီလို ညီအကိုလို
 ဖြစ်သွားတာကို ဖျက်ပစ်ဖို့ ကြိုးစားကြပါသေးတယ်။ မြို့ထဲမှာ တပ်သွဲထားတဲ့ သြစတြီးယား စစ်သား တယောက်ကတော့ စစ်အတွင်းမှာ ဒီလို နားလည်မှုမျိုးကို ခွင့်မပြုသင့်ဘူး လို့ ညည်းပါတယ်။ ကဲ ဟစ်တလာ ကြားရင် ဘာလုပ်မလဲ?

တကယ်တော့ ဘုရားသခင်က ဒီသီချင်း အားဖြင့် ခဏတာ ငြိမ်သက်ခြင်း ပေးလိုက်တာပါ။ ဒီသီချင်းကလေး နားထောင်ရင်းနဲ့ ကိုယ်ကြုံရတဲ့ အခြေအနေထဲမှာပဲ သခင်ယေရှုထံ ဆုတောင်းလိုက်ပါ။ ငြိမ်သက်ခြင်းကို ပေးတော်မူပါလိမ့်မယ်။ ဒီငြိမ်သက်ခြင်း peace က ဘုရားသခင်နဲ့ ရန်ငြိမ်းခြင်းလည်း ပါပါတယ်။ တကယ်စစ်မှန်တဲ့ ပျော်ရွှင်ခြင်းရလာပါလိမ့်မယ်။


Hymn Story: သီချင်းသမိုင်းကြောင်း

Joseph Mohr and Franz Gruber
၁၈၁၈ ခု၊ ဒီဇင်ဘာ ၂၄ ရက်နေ့ သြစတြီးယား နိုင်ငံ Oberndorf မြို့မှာ ဖြစ်ပါတယ်။ လက်ထောက် သင်းအုပ်ဆရာ တယောက် သူ့မိတ်ဆွေရဲ့ အိမ်ကို ရောက်လာတယ်။ မိတ်ဆွေက အသင်းတော်လေးရဲ့
 အော်ဂင်ဆရာ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူရေးထားတဲ့ ကဗျာကလေးကို သူယူလာတယ်။
ခရစ်စမတ်အကြိုညရဲ့ သန်းခေါင်ယံ ဝတ်ပြုစည်းဝေးမှာ ဆိုဖို့ သံစဉ်ထည့်ပေးဖို့ တောင်းဆိုတယ်။

  အော်ဂင်ဆရာ Franz Xaver Gruber က အော်ဂင်ပျက်နေတယ်။ ဒီည ဝတ်ပြုစည်းဝေးမှာ သုံးလို့မရနိုင်ဘူးလို့ Fr. Joseph Mohr ကို ပြောပြတယ်။ Fr. Mohr က တဖက်ခန်းထဲကို ဝင်သွားပြီး ဂစ်တာတလက် ပါလာတယ်။  Gruber က ကော့ဒ်တချို့ကို တီးခတ်ကြည့်ရင်း နဲနဲညည်း ကြည့်လိုက်တယ်။ "စာသားထဲမှာ အသံပါနေတာပဲ" လို့ ဝမ်းသာအားရ ပြောလိုက်တယ်။ နာရီအနည်းငယ်အတွင်းမှာပဲ သံစဉ်ရသွားတယ်။  ဒီသီချင်းကို အဲဒီည ဝတ်ပြုစည်းဝေးမှာ ပထမဆုံးအကြိမ်အဖြစ် သူတို့ ၂ ယောက်ဆိုကြတယ်။

 အော်ဂင်ပြင်တဲ့ဆရာ Carl Mauracher က နောက်ပိုင်း ဒီ Carol သီချင်းကို ကြားရတဲ့အခါ သူက
 ကော်ပီတရွက် ယူထားပြီး၊ နယ်တကာ သီချင်းလှည့်ဆိုတဲ့ အဖွဲ့နှစ်ဖွဲ့ကို ပေးလိုက်တယ်။ သူတို့က ခရစ်စမတ်ပြဇာတ်တွေမှာ ဆိုကြတယ်။ ဒီလိုနဲ့ ဒီသီချင်းက ကမ္ဘာပတ်သွားပါတော့တယ်။

The Strasser and Rainer families ဆိုတဲ့ မိသားစုနှစ်စုဟာ ဥရောပတခွင်သွားရောက်ဖျော်ဖြေကြတယ်။ "the Tyrolian folk carol"ဆိုတဲ့ သီချင်းကို ဆိုကြတယ်။  The Rainer family ဆိုတဲ့ မိသားစုကတော့ အဲဒီသီချင်းကို အမေရိကားကို ယူဆောင်လာတယ်။ သူတို့ ပထမဆုံးဆိုဖြစ်တာက ၁၈၃၉ ခုနှစ် နယူးယော့ပြည်နယ် ဂျာမန်ဆိုတဲ့ မြို့မှာပါ။

သီချင်းစာအုပ်ထုတ်ဝေသူတယောက်က အဲဒီသီချင်းကို ၁၈၃၂ ခုနှစ်လောက်မှာ သြစတြီးယားနိုင်ငံ Innsbruck မြို့မှာ Carol သီချင်းအဖြစ်ဆိုတာ ကြားဖူးတယ်။ သူကြိုက်သွားလို့ ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေလိုက်တယ်။ မူရင်းသီချင်းက "Tyrolian folk song" လို့ ဖေါ်ပြပါတယ်။ မူရင်းသီချင်းရေးသူကို လူတွေ မသိကြသေးဘူး။ သံစဉ်ကလည်း မူရင်းနဲ့မတူပဲ နဲနဲပြောင်းထားတယ်။ အဲဒီစာအုပ်ထဲက သံစဉ်အတိုင်းပဲ ဒီကနေ့အထိ တွင်တွင်ကျယ်ကျယ် ဆိုနေကြတာပါ။ ဒါပေမယ့် ၁၉၉၅ ခုနှစ်မှာ "Silent Night" သီချင်းစာရွက်ကို ပြန်တွေ့ကြတယ်။  Fr. Joseph Mohr ရဲ့ လက်ရေးမူရင်းနဲ့ပါ။ မူရင်းသီချင်းရေးဆရာတွေရဲ့ မူရင်းလက်ရာပါ။

"Silent Night ကို ၁၈၆၃ ခုနှစ်မှာ အင်္ဂလိပ်လို ပြန်ဆိုပါတယ်။ ဘယ်သူပြန်သလဲဆိုတာ မသေချာဘူး။ John Young က အပိုဒ် ၁ နဲ့ ၃ ကို ဘာသာပြန်တယ်လို့ တချို့က ဆိုပါတယ်။ Jane Campbell ကလည်း ဘာသာပြန်ခဲ့နိုင်တယ်လို့ ဆိုကြပါတယ်။ အမေရိကန် ဓမ္မသီချင်းစာအုပ် အဖြစ် စတင်ပုံနှိပ်တာကတော့ Charles Hutchins’ Sunday School Hymnal သီချင်းစာအုပ်ပါ။

"Silent Night" ကို ကမ္ဘာပေါ်ရှိ ဘာသာစကားမျိုးစုံနီးပါးနဲ့ ပြန်ဆိုခဲ့ပါပြီ။ အမေရိကားမှာတော့ ခရစ်စမတ်ကာလမှာ ကြားကြရပါတယ်။ ဒါပေမယ့် သြစတြီးယားနိုင်ငံမှာတော့ နိုင်ငံပိုင်သီချင်းအဖြစ် အသိအမှတ်ပြုထားပြီး၊ စီးပွါးဖြစ် ထုတ်ဝေခွင့်မရှိပါဘူး။ မူရင်းသံစဉ်အတိုင်းဆိုဖို့ နိုးဆော်လေ့ရှိပါတယ်။  သြစတြီးယားနိုင်ငံကို သွားရောက်လည်ပတ်ရင် ဒီ carol သီချင်းနဲ့ပတ်သက်လို့ Oberndorf မြို့ရဲ့ ပြတိုက်တွေ၊ အထိမ်းအမှတ်ပြခန်းတွေမှာ လေ့လာနိုင်ပါတယ်။

အော်ဂင် အဆင်မပြေလို့ ဂစ်တာနဲ့ ဖြစ်သလိုရေးလိုက်ရတဲ့ သီချင်းကလေးအတွက် သီချင်းရေးသူ နှစ်ယောက်ကို ကျေးဇူးတင်ကြရမှာပါ။ သီချင်းကလေးက ရိုးပေမယ့် ခရစ်တော် ဖွါးဖြင်တဲ့ညကို ပုံဖေါ်ရာမှာတော့ လှပပါတယ်။
#https://songsandhymns.org/ မှ

Sunday, December 14, 2014

Joy to the world - လောကဝမ်းမြောက် ဘုရားကြွလာ

Joy to the World! The Lord Is Come

လောကဝမ်းမြောက်၊ ဘုရားကြွလာ

Isaac Watts - အိုက်ဇက် ဝပ်စ်
Facts:
    Lyricist စာသား: Isaac Watts
    Lyrics Date: 1719
    Arranger: Lowell Mason
    Key: D
    Theme: Christmas, Christ's birth ခရစ်စမတ်၊ ခရစ်တော် ဖွါးမြင်တော်မူခြင်း
    Composer သံစဉ် : G. F. Handel
    Music Date: 1742
    Arranged Date: 1836
    Tune Title: ANTIOCH
    Meter: C.M.rep
    Scripture: Psalm 98 ဆာလံ ၉၈

Isaac Watts ဟာ အင်္ဂလိပ် ခရစ်ယာန် ဓမ္မသီချင်းရေးဆရာ၊ ဓမ္မပညာရှင်နဲ့ ယုတ္တိဗေဒပညာရှင် တယောက်ဖြစ်ပါတယ်။ သီချင်းရေးရာမှာ အောင်မြင်ပြီး ဧဝံဂေလိကို အထောက်အကူပြုတဲ့ သီချင်းတွေ ရေးခဲ့တယ်။ သူ့ကို အင်္ဂလိပ် ဓမ္မသီချင်းများရဲ့ ဖခင် "Father of English Hymnody" လို့ အသိအမှတ် ပြုကြတယ်။ အပုဒ်ပေါင်း ရ၅၀ လောက် ရေးခဲ့သူပါ။

"Joy to the World" ဆိုတဲ့သီချင်းကို Isaac Watts ရေးဖွဲ့တယ်။ ခရစ်စမတ် သီချင်းတွေထဲမှာ လူကြိုက်များတဲ့ သီချင်းဖြစ်တယ်။ ရေးတုန်းကတော့ Watts က ခရစ်စမတ် သီချင်းရယ်လို့
 ရေးခဲ့တာမဟုတ်ဘူး။ ဆာလံ ၉၈ ကို မှီးရေးခြင်းသာ ဖြစ်ပါတယ်။

 "Shout for joy to the Lord, all the earth . . . for he comes. . ." (vs. 4, 9).
"မြေကြီးသားအပေါင်းတို့  ...... ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ ..... အကြောင်းမူကား ...  ကြွလာတော်မူ၏။"

Watts က ခရစ်တော် ဒုတိယကြွလာခြင်းအကြောင်း ပြောရင်းနဲ့ သူ့စာသားထဲမှာ ခရစ်စမတ်နဲ့ဆိုင်တဲ့ စကားလုံးတွေ ထည့်ထားတယ်။
 "Joy to the world! the Lord is come . . . Let every heart prepare him room." ကိုယ်တော်အတွက် နေရာပေးတယ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ပေးလို့ရပါတယ်။ ပြင်ပအရာတွေ ဆွဲဆောင်လွန်းတဲ့ ခရစ်စမတ်မှာတော့ ပြောဖို့ အလိုဆုံးအချိန်ပေါ့။  ခရစ်တော် ပထမအကြိမ်      ကြွလာရာမှာ နှိမ့်ချစွာလာခဲ့တယ်။ ဒုတိယအကြိမ်ကတော့ တရားစီရင်ဖို့ ဖြစ်ပါတယ်။ ဒီအချက်ကို စဉ်စားရင်း "လောက  ဝမ်းမြောက် ဘုရားကြွလာလို့" "Joy to the world! the Lord is come" နှလုံးသားမှာ ဝမ်းမြောက်နိုင်ပါစေ။

Hymn Story သီချင်းသမိုင်း။

Isaac Watts ဟာ ကျန်းမာရေး ယို့ယွင်းလာတဲ့အတွက် တရားဟောတဲ့ အလုပ်ကို လျှော့ချလိုက်တယ်။ တခြားအလုပ်တခုအဖြစ် ဆာလံသီချင်းတွေကို ခရစ်ယာန်အမြင်နဲ့ ပြန်ရေးလိုက်တယ်။ အသက် ၄၅ နှစ်အရွယ်မှာ ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ ခြံထဲက သစ်ပင်ကြီးအောက်မှာ "Joy to the World" ဆိုတဲ့ နောင်မှာ နာမည်ကြီးလာမယ့် သီချင်းစာသားတွေကို ရေးခဲ့ပါတယ်။ သူ့ရဲ့ 1719 hymnal, Psalms of David ဆိုတဲ့ သီချင်းတွေဟာ ဓမ္မသစ် အသုံးအနှုံးတွေနဲ့ ရေးသားထားပြီး၊ မူလ သီချင်း စာသား ခေါင်းစဉ်ကတော့  "The Messiah's Coming and Kingdom" ဖြစ်ပါတယ်။

 Watts က "Joy to the World" ရေးရာမှာ ဆာလံ ၉၈ ရဲ့ "မြေကြီးသားအပေါင်းတို့  ...... ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ မြစ်တို့သည် လက်ခုပ်တီး၍ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ။ Shout for joy to the Lord all the earth, . . . Let the rivers clap their hands, let the mountains sing together for joy; let them sing before the Lord, for he comes to judge the earth." (vs. 4, 8) ကို အခြေခံခဲ့တယ်။

ဆာလံ ၉၈ ဟာ ဘုရားရဲ့ကွယ်ကာခြင်းနဲ့ ရွေးကောက်ထားသူတွေကို ပြန်လည် နေရာပေးတဲ့ အကြောင်း ဖွဲ့ဆိုထားတယ်။  Watts ရဲ့ သီချင်းကတော့ ဘုရားသားတော် လူ့ဇာတိခံခြင်းကြောင့် ရလာတဲ့ ကယ်တင်ခြင်းကို ချီးမွမ်းထားခြင်း ဖြစ်ပါတယ်။ ဆာလံရော၊ အခုသီချင်းပါ ခရစ်တော် ကြွလာခြင်းကို မြော်လင့်ပါတယ်။  "တရားစီရင်ခြင်းငှါ  ကြွလာတော်မူ၏။" " (v. 9)

"Joy to the World" မှာ တခြား ကျမ်းချက်တွေလည်း ပါပါတယ်။ ကမ္ဘာ ၃း ၁၇၊ ရောမ ၅း ၂၀ နဲ့ လုကာ ၂း ၁၀။ ဒါပေမယ့် မာရိ၊ ယောသပ်၊ သိုးထိန်းတွေ၊ ကောင်းကင်တမန်တွေ၊ ပညာရှိတွေ၊ နွားစာခွက်တွေ မပါပေမယ့်လူတွေ အနှစ်သက်ဆုံး ခရစ်စမတ် carol သီချင်းတပုဒ် ဖြစ်ပါတယ်။ ခရစ်တော် ဖွါးမြင်ခြင်းကို ကျင်းပကြတဲ့ ခရစ်စမတ်ကာလမှာ Watts ရဲ့ ဓမ္မတေးက ကာ်တင်ရှင် ကြွလာလို့ လူတွေ ဝမ်းမြောက်ရတာကို လှလှပပ ပုံဖေါ်ထားပါတယ်။
## https://songsandhymns.org/ မှ

Tuesday, November 20, 2012

There Shall be Showers of Blessing (Burmese)

D. W. Whittle
Daniel W. White စာသား
Ezekiel 34:26 And I will make them and the places round about my hill a blessing; and I will cause the shower to come down in his season; there shall be showers of blessing.
ယေဇကျေလ ၃၄း ၂၆ - “သူတို့ကို၄င်း၊ ငါ၏တောင်တော်ပတ်လည်၌ရှိသော အရပ်တို့ကို၄င်း၊ ငါကောင်းကြီးပေး၍၊ အချိန်တန်လျှင် မိုဃ်းကိုရွာစေသဖြင့်၊ ကောင်းကြီးမိုဃ်းရေ ကျရလိမ့်မည်။” –

Daniel ရဲ့ လက်ရာ သိပ်လှတဲ့ သီချင်းကလေးပါ။ စာသားတွေက ဘုရားသခင်ကိုရှာနေတဲ့ ခရစ်ယာန်တယောက်ကို မြော်လင့်ချက်နဲ့ အားအင်တွေ ပေးစွမ်းနိုင်ပါတယ်။ Daniel W. White ကို ၁၈၄၀ ခု၊ နိုဝင်ဘာ ၂၂ ရက်မှာ မွေးဖွါးပြီး၊ ၁၉၀၁ ခု၊ မတ်လ ၄ ရက်နေ့မှာ သေဆုံးပါတယ်။ White ဟာ ပြည်တွင်းစစ်ကာလမှာ ဗိုလ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ညာဖက်လက်ပြတ်သွားခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဗိုလ်မှူးလက်ပြတ်လို့ ခေါ်ကြပါတော့တယ်။ စစ်အတွင်းမှာပဲ သူကယ်တင်ခြင်းရခဲ့ပါတယ်။ သူကျမ်းစာဖတ်တာကို မြင်ဖူးထားတဲ့ စစ်သားလေးတယောက်က ဆုတောင်းပေးပါလို့ သေခါနီးမှာ သူ့ကို တောင်းဆိုပါတယ်။ တောင်းဆိုစကားကို နာခံရင်း၊ စစ်သားကလေးရဲ့ ဘေးမှာပဲ ခွင့်လွှတ်ခြင်းကို တောင်းခံခဲ့ပါတယ်။ ဗိုလ်မှူး ဝှိုက်ဟာ စစ်သားကလေးနဲ့အတူ ဆုတောင်းကြပါတယ်။ စစ်သားကလေးဟာ အသက်မထွက်ခင်ကလေးမှာ သခင်ခရစ်တော်ကို သိခွင့်၊ တွေ့ခွင့်ရသွားပါတယ်။ ဒီစစ်သားကလေး ဘုရားထံပြန်ဖို့ ဗိုလ်မှူးဝှိုက်ကို ဘုရားအသုံးပြုလိုက်တာပါ။ ဒီအကြောင်းကလေးက ဖတ်လို့ သိပ်ကောင်းတဲ့အကြောင်းလေးပါ။ စစ်ကြီးပြီးတော့ နာရီကုမ္ပဏီတခုမှာ ငွေထိန်းဖြစ်လာပါတယ်။ တိတ်ဆိတ်တဲ့ ကုမ္ပဏီရုံးခန်းထဲမှာပဲ သူ့အသက်တာကို ကယ်တင်ခြင်းတရားအတွက် ဆက်ကပ်ခဲ့ပါတယ်။

ဗိုလ်မှူးဝှိုက်ဟာ ဒီသီခြင်းတပုဒ်သာမကပဲ၊ တခြားသီချင်းနှစ်ပုဒ်ဖြစ်တဲ့ The Banner of the Cross and Christ Liveth in Me တို့ကိုလည်း ရေးသားခဲ့ပါတယ်။

There Shall be Showers of Blessing
Composer: Daniel W. Whittle
There shall be showers of blessing:
This is the promise of love;

James McGranahan သံစဉ်
There shall be seasons refreshing,
Sent from the Savior above.

Refrain

Showers of blessing,
Showers of blessing we need:
Mercy drops round us are falling,
But for the showers we plead.

There shall be showers of blessing,
Precious reviving again;
Over the hills and the valleys,
Sound of abundance of rain.

Refrain

There shall be showers of blessing;
Send them upon us, O Lord;
Grant to us now a refreshing,
Come, and now honor Thy Word.

Refrain

There shall be showers of blessing:
Oh, that today they might fall,
Now as to God we’re confessing,
Now as on Jesus we call!

Refrain

There shall be showers of blessing,
If we but trust and obey;
There shall be seasons refreshing,
If we let God have His way.


ဟောရှေ ၁၀း ၁၂ “ကိုယ့်အဘို့ ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲ၍၊ ဂရုဏာတော်အသီးအနှံကို ရိတ်ကြလော့။ မလုပ်သေးသောလယ်ကို ထွန်ကြလော့။ ထာဝရဘုရားသည် ကြွလာ၍၊ သင်တို့အပေါ်သို့ ဖြောင့်မတ်ခြင်းမိုဃ်းကို ရွာစေတော်မမူမှီတိုင်အောင် ကိုယ်တော်ကို ရှာရသောအချိန် ရောက်လေပြီ။”

Count Your Blessings (Burmese)

“ကောင်းကြီးရေတွက်” သီချင်းအကြောင်း
Johnson Oatman, Jr.; စာသား
Johnson Oatman, Jr.;

သီချင်းစာအုပ်တွေထဲမှာ ပါဝင်လေ့အရှိဆုံး သီချင်းတပုဒ်ပါပဲ။ Sunday School မှာကတည်းက ဆိုကြသလို၊ ဧဝံဂေလိဆန်တဲ့ ဝတ်ပြုစည်းဝေးတွေမှာလည်း ဆိုနေကြဆဲပါပဲ။

Rev. Johnson Oatman, Jr., ဟာ ၁၉ ရာစုနောက်ပိုင်းနဲ့ ၂၀ ရာစုအစပိုင်းမှာ သွက်လက်ပြီး။ အသိအမှတ်ပြုလောက်တဲ့ ဧဝံဂေလိသီချင်းရေးဆရာပါ။ သူ့ကို ၁၈၅၆၊ ဧပြီ ၂၁၊ နယူးဂျာစီပြည်နယ်၊ မက်ဖေါ့မြို့မှာ မွေးဖွါးတယ်။ အဖေက သီချင်းအဆိုကောင်းတော့ ဘုရားကျောင်းက သီချင်းတွေနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးခဲ့တယ်။ ၁၉နှစ်အရွယ်ရောက်တော့ မက်သဒစ်အသင်းတော်မှာ ပါဝင်တယ်။ နောင်နှစ်ပေါင်းများစွာ ကြာတော့ မက်သဒစ် အသိအမှတ်ပြု ဆရာတပါး ဖြစ်လာတယ်။ သီချင်းစာသား ၅,၀၀၀ ကျော်ရေးသားခဲ့ပေမယ်လည်း ကုန်သည်ဘဝမှာ ကျင်လည်ခဲ့သူဖြစ်တယ်။ နောက်ပိုင်းမှာတော့ နယူးဂျာစီပြည်နယ်မှာ အာမခံကုမ္ပဏီကြီးတခုမှာ စီမံခန့်ခွဲသူဖြစ်ခဲ့တယ်။ သူ့ရဲ့ တခြားလူကြိုက်များတဲ့ ဓမ္မသီချင်းတွေကတော့ “Higher ground” (သာ၍ မြင့်ရာ) နဲ့ “No, Not One!”  တို့ဖြစ်တယ်။ 
“Count Your Blessings” ဟာ Oatman ရဲ့ အကောင်းဆုံသီချင်းလို့ မှတ်ယူကြပါတယ်။ ဒီသီချင်းဟာ ၁၈၉၇ မှာ Edwin O. Excell ထုတ်တဲ့ “Song for Young People” သီချင်းစာအုပ်မှာ စတင် ပါဝင်လာပြီး၊ ကမ္ဘာတဝှန်း ဆိုလာကြတယ်။

Edwin Othello Excell သံစဉ်

Edwin Othello Excell
“ကမ္ဘာအမှောင်ဒေသတွေကို နေရောင်ခြည်လို ထွန်းလင်းစေခဲ့တဲ့ သီချင်း” လို့ လူတယောက်က မှတ်ချက်ချ ရေးသားဖူးပါတယ်။
ဒီသီချင်းလောက် ဘယ်အမေရိကန်ဓမ္မသီချင်းမှ အင်္ဂလန်မှာ လူကြိုက်မများဘူးလို့ ဆိုနိုင်မယ် ထင်ပါတယ်။

Gypsy Smith က “လန်ဒန်တောင်ပိုင်းမှာ ဒီသီချင်းကို အမျိုးသားတွေက ဆိုကြတယ်။ ကလေးတွေက လေချွန်ကြတယ်။ အမျိုးသမီးတွေက ကလေးအိပ်ဖို့ ဒီသီချင်းနဲ့ ပုခက်လွှဲကြတယ်” လို့ဆိုပါတယ်။

“Wales ပြည်နယ်မှာ နိုးထမှုဖြစ်တော့ Welsh လူမျိုးတွေရဲ့ အကြိုက်ဆုံးသီချင်းတွေဖြစ်တဲ့ “Guide me, O Thou Great Jehovah” နဲ့ “O That Will be Glory” သီချင်းတွေနဲ့အတူ စည်းဝေးတိုင်းမှာ ဆိုခဲ့တဲ့ သီချင်းပါ။

သံစဉ်ထည့်တဲ့ E. O. Excell က နာမည်ကျော် ဓမ္မတေးရေးဆရာပါ။ သူ့ကို ၁၈၅၁၊ ဒီဇင်ဘာ ၁၃ ရက်၊ Ohio ပြည်နယ်၊ Stark County မှာ မွေးတယ်။ အသက် ၂၀ မှာ အဆိုနည်းပြအဖြစ်နဲ့ နိုင်ငံတဝှန်း လှည့်လည်ရင်း အဆိုသင်တန်းကျောင်းတွေ တည်ထောင်ခဲ့တယ်။ နာမည်ကြီးတဲ့ တောင်ပိုင်း နိုးထမှုဆရာ Sam Jones နဲ့ နှစ်ပေါင်း ၂၀လောက် လက်တွဲခဲ့ပါတယ်။ သူ့ခေတ်မှာ အကောင်းဆုံး သီချင်းရေးဆရာတွေထဲက တယောက်ရယ်လို့ အသိအမှတ်ပြုခံရသူပါ။ ဓမ္မသီချင်းအပုဒ်ပေါင်း ၂,၀၀၀ ကျော် ရေးခဲ့သလို၊ သီချင်းစာအုပ် ၅၀ လောက် ထုတ်ဝေခဲ့တယ်။ ရှီဂါဂိုမှာ အောင်မြင်တဲ့ သီချင်းစာအုပ် ထုတ်ဝေရေးကို ဦးဆောင်ခဲ့သူဖြစ်တယ်။ Gypsy Smith ကို တရားဟောပွဲတခုမှာ ကူညီရင်း ၁၉၂၁ ခု၊ Kentucky ပြည်နယ်၊ Louisville မြို့မှာ ရုတ်တရက် အသက် ရ၀ အရွယ်နဲ့ ဘုန်းတော်ဝင်စားရင်း ကောင်းကင်သီချင်းတွေကြား တိုးဝင်သွားသူပါ။    

Monday, November 19, 2012

Brighten the Corner Where You Are (Burmese)

Ira D. Ogden
Brighten the Corner Where You Are

Composer Ira D. Ogden

Ira D. Ogdon

Ira D. Ogdon (1872-1964) ဟာ ကျောင်းဆရာမဘဝကနေ ဧဝဂေလိလုပ်ငန်းတွေမှာ ပါဝင်နေချင်သူပါ။ မကျန်းမာတဲ့အဖေကို ပြုစုဖို့အတွက် ဒီရည်ရွယ်ချက်ကို စွန့်လွှတ်ခဲ့ရပါတယ်။ ၁၉၁၃ မှာ Ogdon ဟာ တရားဟောစဉ်မြင့်နဲ့ သာသနာပြုနယ်မြေတွေမှာပဲ ဘုရားသခင်အတွက် လုပ်လို့ရတာမဟုတ်ဘူးဆိုတာကို Brighten the Corner Where You Are သီချင်းနဲ့ ခရစ်ယာန်တွေကို သတိပေးခဲ့ပါတယ်။ သူရေးတဲ့ တခြားသီချင်းတွေဖြစ်တဲ့    Carry your Cross With a Smile and What Would Jesus Do?, တို့မှာလည်း ဒီသဘောကိုပဲ အဓိကထား ရေးထားပါတယ်။

ဒီသီချင်းရဲ့ သံစဉ်ကိုတော့ နာမည်ကြီးဂီတဆရာ  Charles Hutchinson Gabriel (1856-1932) က ရေးဖွဲ့ပါတယ်။ . Gabriel  က I Stand Amazed In the Presence အပါအဝင် ဓမ္မသီချင်း အပုဒ် ၂၀ ကျော်အတွက် စာသားတွေ ရေးခဲ့ပြီး၊ လူသိများတဲ့ Will the Circle be Unbroken အပါအဝင် အပုဒ် တရာနီးပါးအတွက် သံစဉ်တွေ ရေးခဲ့ပါတယ်။

Hutchinson Gabriel (1856-1932)




Brighten the Corner Where You Are သီချင်းကို  Sunday schools နဲ့ အသင်းတော်များစွာမှာ ဆိုကြပါတယ်။ အမေရိကန် နာမည်ကြီး Jazz အဆိုတော် Ella Fitzgerald အပါအဝင် အဆိုတော်များစွာကလည်း အသံသွင်းဖြန့်ချီခဲ့ကြပါတယ်။       ။
Brighten the Corner Where You Are

Do not wait until some deed of greatness you may do,
Do not wait to shed your light afar,
To the many duties ever near you now be true,
Brighten the corner where you are.
Refrain:
Brighten the corner where you are!
Brighten the corner where you are!
Someone far from harbor you may guide across the bar;
Brighten the corner where you are!

Just above are clouded skies that you may help to clear,
Let not narrow self your way debar;
Though into one heart alone may fall your song of cheer,
Brighten the corner where you are.
Refrain

Here for all your talent you may surely find a need,
Here reflect the bright and Morning Star;
Even from your humble hand the Bread of Life may feed,
Brighten the corner where you are.
Refrain
“And whatsoever ye do in word or deed, do all in the name of the Lord Jesus, giving thanks to God and the Father by him.” (Colossians 3:17)

Great is Thy Faithfulness (Burmese)

Thomas Obadiah Chisolm
Great  is Thy Faithfulness သီချင်းအကြောင်း
Thomas Obadiah Chisolm (1866-1960) ဟာ လူလတ်ပိုင်းဘဝမှာ ခက်ခက်ခဲခဲ အသက်ရှင်ခဲ့ရသူပါ။ ကျန်းမာရေး ချူချာလွန်းလို့ အလုပ်မလုပ်နိုင်ပဲ၊ အိပ်ယာထဲ လဲနေခဲ့တယ်။ ဝေဒနာခံစားနေရတဲ့ကြားက လိုအပ်ချက်တွေကြောင့် အချိန်ပိုတွေမှာ အလုပ်မျိုးစုံ ပြေးလွှားလုပ်ကိုင်ခဲ့ရပါတယ်။

အသက် ၂၇ နှစ်အရွယ်မှာ ခရစ်တော်ထံ လှည့်ပြန်ပြီးနောက်၊ သောမတ်စ်ဟာ ကျမ်းစာဖတ်ရာမှာ မွေ့လျော်လာပါတယ်။ သူနေမကောင်းတဲ့အချိန်၊ အားနည်းနေချိန်တွေမှာ ဘုရားသခင်က အားပေးမ,စ ပြီး၊ လိုတာတွေ ဖြည့်ဆည်းပေးတာကို ကိုယ်တိုင်ခံစားလာရတယ်။ မြည်တမ်းစကား ၃း ၂၂- ၂၃ ဟာ သူအကြိုက်ဆုံး ကျမ်းပိုဒ်တွေတခု ဖြစ်လာပါတယ်။ “ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့်၊ ငါတို့သည် ဆုံးရုံးခြင်းသို့ မရောက်ပဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။”

သာသနာပြုခရီးတခုမှာ ရောက်နေတုန်း သူရဲ့မိတ်ဆွေရင်း၊ မထင်ရှားတဲ့ ဂီတသမား William Runyan ထံကို စာမကြာခဏရေးခဲ့ပါတယ်။ ကဗျာတွေလည်း ဖလှယ်ခဲ့ကြပါတယ်။ ကဗျာတပုဒ်ကတော့ စိတ်လှုပ်ရှားစရာကောင်းလို့ Runyan အနေနဲ့ သံစဉ်ထည့်ပြီး သီချင်းဖွဲ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Great is Thy Faithfulness သီချင်းကို ၁၉၂၃ မှာ ဖြန့်ချီခဲ့ပါတယ်။

အစပိုင်းမှာတော့ နှစ်ပေါင်းများစွာကြာအောင် သီချင်းက လူသိမများခဲ့ပါဘူး။ နောက်တော့ Moody Bible Institude က ပါမောက္ခတယောက်က အရမ်းကြိုက်ပြီး၊ ကျောင်းရဲ့ ဝတ်ပြုခြင်း အစီအစဉ်တွေမှာ မကြာခဏတောင်းဆိုရာကနေ၊ ကျောင်းသီချင်းနီးပါး ဖြစ်လာပါတယ်။

၁၉၄၅ ခု Billy Graham ဧဝံဂေလိတရားဟောပွဲမှာ George Beverly Shea က Great is Thy Faithfulness ကို စဆိုလိုက်ချိန်မှာတော့ ဒီသီချင်းကို ကမ္ဘာတဝှန်းလုံး ကြားလိုက်ရပါတော့တယ်။

Thomas Chisolm ဟာ ၁၉၆၀ ပြည့်နှစ်၊ အသက် ၉၄ မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ဘဝမှာ O To Be Like နဲ့ Living for Jesus အပါအဝင် သီချင်းတွေနဲ့အတူ၊ ကဗျာ အပုဒ်ပေါင်း ၁,၂၀၀ ကျော်ရေးသားခဲ့ပါတယ်။

“I will sing of the mercies of the Lord for ever: with my mouth will I make known Thy faithfulness to all generations.” (Psalm 89:1)
“အကျွန်ုပ်သည် ထာဝရဘုရား၏ ကရုဏာတော်ကို အစဉ်အမြဲ သီချင်းဆိုပါမည်။ ကိုယ်တော်၏သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်။” – (ဆာလံ ၈၉း ၁)

Great is Thy Faithfulness

Refrain:
Great is Thy faithfulness!
Great is Thy faithfulness!
Morning by morning new mercies I see.
All I have needed Thy hand hath provided;
Great is Thy faithfulness, Lord, unto me!

Great is Thy faithfulness, O God my Father;
There is no shadow of turning with Thee;
Thou changest not, Thy compassions, they fail not;
As Thou hast been, Thou forever will be.
Refrain

Summer and winter and springtime and harvest,
Sun, moon and stars in their courses above
Join with all nature in manifold witness
To Thy great faithfulness, mercy and love.
Refrain

Pardon for sin and a peace that endureth
Thine own dear presence to cheer and to guide;
Strength for today and bright hope for tomorrow,
Blessings all mine, with ten thousand beside!
Refrain
“I will sing of the mercies of the Lord for ever: with my mouth will I make known Thy faithfulness to all generations.” (Psalm 89:1)

Saturday, November 17, 2012

Standing on the promises of God (Burmese)


Russell Kelso Carter
Standing on the Promises of God - “ဂတိတော်၌ တည်နေသည်“ သီချင်းအကြောင်း

သီချင်းရေးသူ ….. Russell Kelso Carter

Russell Kelso Carter (1849-1928) ဟာ စစ်တက္ကသိုယ်တခုမှာ အားကစားထူးချွန်ခဲ့ပါတယ်။ ကျောင်းစာတော်သလို၊ ဆရာအဖြစ်၊ အားကစားနည်းပြအဖြစ်လည်း အောင်မြင်ခဲ့ပါတယ်။ ဆေးကျောင်းတက်ပြီးတဲ့နောက် မက်သဒစ်ဆရာတယောက်အဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆရာဝန်တယောက်အဖြစ် အသက်မွေးခဲ့ပါတယ်။ သူက ဂီတသမားဖြစ်သလို၊ သီချင်းလည်း ရေးခဲ့ပါတယ်။ ၁၈၈၆ မှာ Songs of Perfect Love သီချင်းစာအုပ်ကို John Sweney (1837-1899) နဲ့ ပူးတွဲတည်းဖြတ်ခဲ့ပါတယ်။ ဝက်စလေကတော့ Beulah Land and Fill Me Now သီချင်းတွေကို ရေးသားခဲ့သူပါ။ ဒီသီချင်းစာအုပ်ထဲမှာ Carter ရဲ့ နာမည်အကြီးဆုံးသီချင်း “Standing on the Promises” လည်းပါခဲ့ပါတယ်။

Carter ဟာ အမည်ခံခရစ်ယာန်ဖြစ်နေခဲ့ပေမယ့်၊ တနေ့တော့ သူ့နှလုံးရောဂါက ဘုရားသခင်ရဲ့ ဂတိတော်တွေကို နားလည်စပြုဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အသက် ၃၀ အရွယ်မှာ ကျန်းမာရေးဆိုးရွာလာပြီး၊ သမားတော်တွေက ဘာမှ မတတ်နိုင်တော့ပါဘူး။ Carter ဟာ ကျန်းမာဖို့ ဘုရားသခင်ထံ လှည့်ပြန်ခဲ့ပါတယ်။

သူဟာ ဒူးထောက်ပြီး၊ ကတိသစ္စာပြုလိုက်တယ်။ ပျောက်သည်ဖြစ်စေ၊ မပျောက်သည်ဖြစ်စေ၊ တသက်လုံး ဘုရားသခင်အတွက်ပဲ အသက်ရှင်တော့မယ်လို့ ဂတိထားလိုက်တယ်။ အဲဒီအချိန်ဟာ Carter ရဲ့အထဲမှာ ဘုရားစကားတော်တွေ တကယ် အသက်ဝင်လာတဲ့ အချိန်ပါပဲ။ ဆရာဝန်က ဘာပဲပြောပြော၊ ကိုယ်တိုင် ဘယ်လိုပဲ ခံစားရ၊ ခံစားရ၊ ပျောက်ကင်းစေမယ့် ဘုရားဂတိတော်တွေပေါ်မှာ ရပ်တည်ခဲ့ပါတော့တယ်။ လအတော်ကြာ ရုန်းကန်ခဲ့ပြီးနောက်မှာ ပြန်အားပြည့်လာပါတယ်။ နှလုံးလည်း လုံးဝ ပုံမှန်ပြန်ကောင်းသွားပါတယ်။ နောက်ထပ် နှစ်ပေါင်း ၄၉ နှစ် ကျန်းမာစွာ အသက်ရှင်ခွင့်ရခဲ့ပါတယ်။

 ရောဂါမပျောက်ခင် နှစ်ပေါင်းများစွာကတည်းက ရေးခဲ့တဲ့ “Standing on the Promises” သီချင်းဟာ သူ့အတွက်တော့ စားသားနဲ့ သံစဉ်မျှသာမဟုတ်ပါဘူး။ Carter ရဲ့ တကယ့်ဖြစ်ရပ်၊ ဘဝရဲ့အစိတ်အပိုင်းတခု ဖြစ်နေပါတယ်။

“မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား ဂတိထားတော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။” - ဟေဗြဲ ၁၀း ၂၃  

Standing On the Promises

Standing on the promises of Christ my King,
Through eternal ages let His praises ring,
Glory in the highest, I will shout and sing,
Standing on the promises of God.
Refrain:
Standing, standing,
Standing on the promises of God my Savior;
Standing, standing,
I’m standing on the promises of God.

Standing on the promises that cannot fail,
When the howling storms of doubt and fear assail,
By the living Word of God I shall prevail,
Standing on the promises of God.
Refrain

Standing on the promises I now can see
Perfect, present cleansing in the blood for me;
Standing in the liberty where Christ makes free,
Standing on the promises of God.
Refrain

Standing on the promises of Christ the Lord,
Bound to Him eternally by love’s strong cord,
Overcoming daily with the Spirit’s sword,
Standing on the promises of God.
Refrain

Standing on the promises I cannot fall,
Listening every moment to the Spirit's call
Resting in my Savior as my all in all,
Standing on the promises of God.
Refrain
“Let us hold fast the profession of our faith without wavering; for he is faithful that promised.” (Hebrews 10:23)