Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday, October 24, 2015

အမေရိကန်ရွေးကောက်ပွဲ သမ္မတလောင်းများနဲ့ ယုံကြည်မှု Presidential Candidates in 2015

Republican
ရီပတ်ဗလီကင် ၄၂ ရာနှုန်းက သူတို့ပါတီရဲ့ သမ္မတလောင်းဟာ Donald Trump ဖြစ်မယ်လို့ ထင်ကြတယ်။ ၄၃ % ကတော့ ရွေးကောက်ပွဲကြီးမှာ နိုင်ခြေ အရှိနိုင်ဆုံးသူ ဖြစ်တယ်လို့ သူ့ကို ယူဆကြတယ်။ ၁၅% က Ben Carson ။ ၁၂% က Jeb Bush လို့  ABC News ရဲ့ စစ်တမ်းက ဆိုတယ်။ Marco Rubio က နံပါတ် ၄ နေရာ ရပြီး ထောက်ခံသူ  ၅ % ရှိပါတယ်။ - The Washington Examiner

Conservative group တခုရဲ့ Christian Voting Guide က Biblical qualifications ကျမ်းစာပါ အရည်အချင်းတွေကို ကြည့်ပြီး မဲလမ်းညွှန်ရာမှာတော့ -

Arkansas ပြည်နယ်အုပ်ချုပ်ရေးမှုးဟောင်း Mike Huckabee က "A" ရပြီး၊ Donald Trump က "F" ပဲရတယ်။

ဒီစစ်တမ်းကို USA Christian Church ရဲ့ Pastor Steven Andrew က ကောက်ယူတာဖြစ်ပြီး သမ္မတဖြစ်ဖို့ ကျမ်းစာပါ အရည်အချင်းနဲ့ညီသူ ၄ ယောက်ပဲ ရှိတယ်လို့ ဆိုတယ်။ သမ္မတရားကို မြတ်နိုးမှု truthfulness ၊ လောဘကင်းမှု၊ ဘုရားပေးအခွင့်အရေးတွေကို ကာကွယ်မှု၊ ဘုရားကို ကြောက်ရွံ့ ရိုသေမှု၊ ခရစ်ယာန် ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်မှုတွေနဲ့ တိုင်းတာခဲ့တယ်။ Ted Cruz, Ben Carson, နဲ့ Rand Paul တို့က B- grade ရကြပြီး၊ Huckabee က A ရပါတယ်။

Trump, Carly Fiorina, Marco Rubio, Jeb Bush, Chris Christie, Hillary Clinton, Joe Biden, and Bernie Sanders တို့က F grade ပဲ ရကြပါတယ်။


Mike Huckabee

Mike Huckabee
 “ငွေကုန်ခံနိုင်တာ မကြည့်နဲ့။ လူကြိုက်များတာ မကြည့်နဲ့။ ဘုရားစိတ်တော်နဲ့တွေ့ဖို့ လိုတယ်။ ဘုရားစိတ်တော်နဲ့ တွေ့တဲ့သူ ဦးဆောင်မှ တိုင်းပြည် ကောင်းကြီးခံရမယ်။ Mike Huckabee ကတော့ ဒါဝိဒ်မင်းနဲ့ အနီးစပ်ဆုံးသူ ဖြစ်တယ်” လို့  Pastor Andrew က ဆိုတယ်။ Mike Huckabee ဟာ နှစ်ခြင်း သင်းအုပ်ဆရာ ဖြစ်ခဲ့ဖူးတယ်။

Ted Cruz


Ted Cruz
Evangelicals တွေကြားမှာ လူသိများတဲ့ Ted Cruz ကတော့ "လူကို ပြောင်းလဲစေနိုင်တဲ့ ခရစ်တော်ရဲ့ မေတ္တာကြောင့်သာ မဟုတ်ရင် ကျွန်တော်ဟာ အိမ်မှာ အဖေမရှိဘဲ အမေတယောက်တည်းက

ကြည့်ရှုပြုစုရင်း ကြီးပြင်းလာရသူ ဖြစ်ခဲ့မှာပဲ။" လို့ ဆိုတယ်။ သူ ငယ်ငယ်မှာ အဖေက အရက်သမား။ မိသားစုကို ပစ်ပြီး၊ အိမ်က ထွက်သွားတယ်။ တခြားပြည်နယ်ရောက်တော့ ဧဝံဂေလိတရား ကြားရပြီး၊ ကယ်တင်ခြင်းရကာ အိမ်ပြန်လာခဲ့တယ်။ အခုတော့ သူ့အဖေဟာ သင်းအုပ်ဆရာ Pastor Raphael Cruz ဖြစ်နေပြီ။

Ben Carson



Ben Carson
Ben Carson က Seventh-day Adventist တယောက်ဖြစ်ပြီး၊ အဓိက ခရစ်ယာန် အသင်းတော်များထဲမှာ ပါလေ့မရှိတဲ့ အသင်းတော်ပါ။ သုတ္တံကျမ်းကို ဖတ်ရင်း ဒေါသစိတ်ကို ထိန်းချုပ်လာနိုင်ခဲ့တယ်။ Booker T. Washington အကြောင်းစာအုပ်နဲ့ ဓမ္မဟောင်းကျမ်းထဲက ယောသပ် အကြောင်းဟာ သူ့ကို ပုံသွင်းပေးတဲ့ အကြောင်းအရာတွေလို့ ဆိုတယ်။ “Our land right now is in need of God's healing hands.”  “တို့တိုင်းပြည်ဟာ အခုအချိန်မှာ ဘုရားလက်တော်နဲ့ ကုစားဖို့ လိုနေပြီ။” လို့ ဦးနှောက်ခွဲစိတ် ဆရာဝန်ကြီးဖြစ်ခဲ့တဲ့ Dr. Ben Carson ဆိုပါတယ်။

Jeb Bush


Jeb Bush
Jeb Bush ရဲ့ ဖခင် George H.W. Bush က Episcopalian ။ မိခင် Barbara က Presbyterian ။ အကို George W. Bush က Billy Graham နဲ့ စကားပြောပြီးနောက်ပိုင်း အရင်လို အရက်မသောက်တော့ဘူးဆိုတဲ့ evangelical တယောက်ဖြစ်ပေမယ့် Jeb Bush ရဲ့ ဇနီးက Catholic ဖြစ်တော့၊ Jeb ကလည်း Catholic ပါ။

Donald Trump


Donald Trump

Republican ထဲမှာ ရှေ့ဆုံးက ပြေးနေတဲ့ Trump ဟာ ဘုရားကို ကိုးကွယ်တာ မဟုတ်ဘူး။ ငွေကို ကိုးကွယ်တာလို့ Andrew ဆိုတယ်။ Donald Trump ဟာ Presbyterian တယောက်ဖြစ်တယ်။ ဒါပေမယ့် သူက …. "ဘုရားသခင်ထံမှာ ခွင့်လွှတ်ခြင်းရဖို့ တခါမှ ဆုမတောင်းဖူးဘူး။ အမှားလုပ်မိရင် အမှန်ပြင်ဖို့ပဲ ကြိုးစားတယ်။ ဘုရားကျောင်းသွားရင်ပဲ စပျစ်ရည်သောက်တယ်။ တခြားမှာ မသောက်ဘူး။ မုန့်တဖဲ့ စားတယ်။ ဒါကခွင့်လွှတ်ခြင်း ခံရဖို့လေ။ ဒါတော့ ခဏခဏ လုပ်တယ်။" လို့ ဆိုတယ်။

Oct 15-18 အတွင်းထွက်လာတဲ့ Wall Street Journal/NBC News ရဲ့ စစ်တမ်းတွေအရ Trump ဟာ Republican တွေကြားမှာ လူကြိုက်အများဆုံးအဖြစ် ၂၅% ထောက်ခံမှုရကာ ရှေ့ဆုံးက ပြေးနေပြီး၊ Carson က ၂၂%၊ Huckabee က နောက်ဆုံးနားမှာ ၃% ပဲ ထောက်ခံမှုရပါတယ်။

Trump အနေနဲ့ Republican သမတလောင်းအဖြစ်အရွေးခံရရင် ဦးနှောက်ခွဲစိတ် ဆရာဝန်ကြီးဖြစ်ခဲ့တဲ့ Ben Carson ကို ဒုသမ္မတလောင်းအဖြစ် လက်တွဲမလားလို့ မေးရာမှာတော့
မစဉ်းစားရသေးဘူး လို့ ဆိုတယ်။

"လူတွေထင်သလို ကျွန်တော်တို့ နှစ်ယောက်က ပုံစံမကွာလှပါဘူး။ ရင်းရင်းနှီးနှီးပါပဲ။ ပုံစံချင်းတော့ မတူဘူးပေါ့။ ကျွန်တော် တော်တာရှိသလို၊ သူတော်တာတွေလည်း ရှိတယ်။" "သူ့ကို သဘောကျတယ်။ ကျွန်တော်ကိုလည်း သူသဘောကျပါတယ်။"

Democratic

Bernie Sanders


Bernie Sanders

Vermont ပြည်နယ် senator နဲ့ Democratic သမ္မတလောင်း အသက် ရ၄ နှစ်အရွယ် Bernie Sanders ကတော့ ဂျူးလူမျိုး ဖြစ်တယ်။ ဒီမိုကရက်တစ် ဆိုရှယ်လစ် တယောက် ဖြစ်တယ်။ ဘာသာရေးနဲ့ ဝေးဝေးနေလေ့ ရှိတယ်။

Deeply conservative Christian school ဖြစ်တဲ့ (ကွန်ဆာဗေးတစ် အားကြီးတဲ့ ခရစ်ယာန် ကျောင်းတကျောင်းဖြစ်တဲ့) Liberty University မှာ လာ မဲဆွယ်ရာမှာတော့ ကိုယ်ကျင့်တရား ရှိတာ၊ ရိုးသားတာ၊ သူတပါးအပေါ် ကောင်းဖို့ သင်ယူနေကြတာ ကောင်းတယ် လို့ ဆိုတယ်။ "ကိုယ်ဝန်ဖျက်တာနဲ့ ယောကျင်္ားချင်း လက်ထပ်တာတွေကတော့ ခင်ဗျားတို့ သိပ်အလေးအနက်ထားမှန်း သိပါတယ်။ ဒီနေရာမှာတော့ သဘောထားကွဲပါတယ်။ ဒါပေမယ့် တိုင်းပြည်နဲ့ ကမ္ဘာကြီးအတွက် တခြား အကြောင်းအရာတွေ ရှိသေးတယ်။ သဘောထားတွေ ကွဲလွဲပေမယ့် အတူလက်တွဲ ဖြေရှင်းကြရပါမယ်။"


Hillary Clinton


Hillary Clinton


နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကတော့ ပထမဆုံးအမျိုးသမီး အမေရိကန် သမ္မတဖြစ်ဖို့ ကြိုးစားနေသူ ဒီမိုကရက်ပါ။ သူက Methodist ပါ။ Liberal Democrat ဖြစ်ပေမယ့် ဘာသာရေးအကြောင်း လူသိရှင်ကြား ပြောတတ်တယ်။ သူ့ပါတီထဲက ဘာသာရေးအပေါ် တင်းမာသူတွေကို သဘောထားအမြင် ပြောင်းစေချင်သူ ဖြစ်တယ်။ ဒါပေမယ့် ကိုယ်ဝန်ဖျက်တာ၊ လိင်တူလက်ထပ်တာတွေကို တရားဝင်လက်ခံဖို့ ဘာသာရေးအမြင်တွေကို ပြောင်းလဲစေချင်သူလည်း ဖြစ်နေပြန်ပါတယ်။

သူ့ကို Most godless member of the Senate ဆီးနိတ်မှာ ဘုရားမဲ့အဖြစ်ဆုံး အမျိုးသမီးလို့ ဝေဖန်သူတယောက်က ဆိုတယ်။ Jerry Falwell က Hillary Clinton ဟာ "လူစီဖါက ဒီမိုကရက် သမ္မတလောင်းအဖြစ် အရွေးခံရင်တောင် သူ့လောက် conservative evangelicals  တွေနဲ့ အခြေခံထားတဲ့ Republican တွေရဲ့ ထောက်ခံမှုကို ရမှာ မဟုတ်ဘူး။" လို့ ဆိုဖူးပါတယ်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချသူလို့ ဆိုချင်တာပါ။       ။

Wednesday, February 22, 2012

ပေးလှူခြင်း - Giving



Giving hand

၁။ လူမြင်အောင် မပေးပါနဲ့။ လူမြင်တော့ လူက လေးစားမယ်၊ အထင်ကြီးမယ်။ အဲဒီအကျိုးရပြီဖြစ်လို့၊ ဘုရားက ဘာမှ ထပ်မပေးတော့ဘူး။
`လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည့်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကို မရကြ။ ထို့ကြောင့် သင်သည် အလှူဒါနကို ပေးသောအခါလျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင် လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာ မှုတ်စေသည့်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။ သင်သည်အလှူဒါနကို ပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ယာလက် ပြုသည့်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။ ´မဿဲ ၆း ၁- ၄။
၂။ မနှမြောနဲ့၊ စေတနာထားပါ။
`လူတိုင်း ကိုယ့်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ။ မလှူပဲ မနေရဟု စိတ်ထင်နှင့် မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင် နှစ်သက်တော်မူ၏။´ ၂ကော ၉း ၇။
၃။ ပိုပိုသာသာ ပေးပါ။
`သူတပါးအား ပေးကြလော့။ ပေးလျှင် သူတပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား အကြင်ချိန် တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ´ လုကာ ၆း ၃၈။
၎။ ဆင်ခြင်ညဏ်နဲ့ ပေးပါ။
`ဘာသာရေး အဆောက်အဦးတွေက ခမ်းနားနေပြီး၊ ဘာသာဝင်တွေရဲ့ ဘ၀တွေက နွမ်းပါးနေပြီဆိုရင်၊ အဲဒါ အမှောင်ဖုန်းနေပြီ´ ဆိုတဲ့ စကားဟာ သိပ်မှန်ပါတယ်။ နွမ်းပါးတဲ့သူတွေကို ပေးပါ။ ဘုရားက အဆောက်အဦးတွေကို မမက်ဘူး။ လူတွေကို ချစ်တာပါ။
၅။ မြင့်မြတ်တဲ့ စိတ်နဲ့ ပေးပါ။
ကိုယ့်စိတ်နဲ့ မကိုက်ညီတဲ့ အပြုအမူမျိုး ရှိသူတွေကိုလည်း ပေးကမ်းကူညီပါ။ လူကောင်းတွေက မကောင်းတဲ့လူကို ကြည့်မရတတ်ဘူး။ အဲဒီတော့ မပေးချင်ဘူး။ မကူညီချင်ဘူး။ ပေးကမ်း ကူညီမှန်း သိလို့ ခဏ၊ ခဏ လာတောင်းရင်လည်း မပေးချင်ကြတော့ဘူး။ တခါတလေ ညာတောင်းခံရရင် စေတနာပျက်ပြီးဘယ်တော့မှ မကူညီချင်တော့ဘူး။ လူအများဟာ ဒီအဆင့်ထက် ပိုမကောင်းတတ်ကြဘူး။ တခု သတိရရမှာက သူကောင်းလို့ ပေးတာမဟုတ်ဘူး။ ကိုယ့်မှာ စိတ်ကောင်းနှလုံးကောင်း ရှိလို့ ပေးတာ ဆိုတာပါပဲ။ `ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူ  မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။ သင်တို့အား ချစ်သောသူတို့အားသာ ချစ်တုန့်ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှလောက် ပြုကြသည်မဟုတ်လော။  - - - - - ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည့်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်း ရှိကြလော့။´ မဿဲ ၅း ၄၅- ၄၈။  
ပေးကမ်းကူညီခြင်းရဲ့ အကျိုး
၁။ ကိုယ်လိုရင် ကူညီသူပေါ်မယ်။
`ကရုဏာမရှိသောသူသည် ကရုဏာကို မခံရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းကို အောင်၍ ၀ါကြွားတတ်၏။´ ယာ ၂း ၁၃။ သူများကို သနားတတ်မှ ကိုယ့်ကိုလည်း သနားမှာပါ။
၂။ ကိုယ့်မှအစ သားမြေးတိုင်အောင် ကောင်းစားမယ်။
`ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကို ခံရသည့်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍ စားရသည့်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည့်တိုင်အောင် မမြင်စဖူး။ - သူသည် အစဉ်သနားသောစိတ်ရှိသည်နှင့်၊ - သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ်၍၊ သူ၏ သားမြေးတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြ၏။´ ဆာလံကျမ်း ၃၇း ၂၅- ၂၆။
၃။ ဒီလောကအရာတွေထက် တည်မြဲတဲ့ ကောင်းကင်အရာတွေကို ပိုပြီး စိတ်စွဲလန်း လာမယ်။
`သံချေး၊ ပိုးရွ ဖျက်ဆီး၍ သူခိုးထွင်းဖေါက် ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဌာကို မဆီးပူးကြနှင့်။  သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖေါက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဌာကို ဆီးပူးကြလော့။ အကြောင်းမူကား အကြင်အရပ်၌ သင်တို့၏ ဘဏ္ဌာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံး ရောက်တတ်၏။´ မဿဲ ၆း ၁၉- ၂၁။  
၎။ ကောင်းကင်ဘုံမှာ မိတ်ဆွေများမယ်။
`သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌ သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကစည်းစိမ်ကို သုံးဆောင်ကြလော့။´  
၅။ ကောင်းကင်မှာ ဆုလာဒ်ပြန်ရမယ်။
ဆင်းရဲတဲ့သူကို ကူညီတာဟာ သူ့ကို ဖန်ဆင်းတဲ့ ဘုရားသခင်ကို ကူညီတာပါပဲ။ `အငယ်ဆုံးသောသူတယောက်အား ပြုသမျှအတိုင်း ငါ့ကို ပြုကြပြီ။´ မဿဲ ၂၅း ၄၀။  စားစရာမရှိသူကို စားစရာ၊ အ၀တ်မရှိသူကို အ၀တ်အထည်နဲ့ စောင်၊ မကျန်းမာသူကို ဆေးဝါးနဲ့ စားစရာ အဟာရ ပေးကြရမှာပါ။ ဘုရားသခင်က ပြန်ဆပ်ပေးမှာပါ။ `ဤသူငယ် တစုံတယောက်အား ရေတခွက်ကိုမျှ ပေး၏။ ထိုသူသည် အကျိုးကို မရဘဲ မနေရာ။´ မဿဲ ၁၀း ၄၂။