Tuesday, May 12, 2015

Christian Usages (Burmese)

သမ္မာကျမ်းစာနဲ့ ယုံကြည်ချက်ဆိုင်ရာ ခရစ်ယာန် အသုံးအနှုန်းတွေကို media တွေမှာ လွဲမှားစွာ သုံးနှုန်းတာတွေ တွေ့နေရပါတယ်။ စကားလုံးတွေကလည်း လူမှုရေးမှာ တမျိုး၊ နိုင်ငံရေးမှာ တမျိုး၊ ဘာသာရေးမှာ တမျိုး အဓိပ္ပါယ်မတူဘဲ ပြောင်းသွားတတ်ပါတယ်။ အခု ဖေါ်ပြမယ့် စကားလုံးတွေကို အက္ခရာစဉ်အတိုင်း မသွားဘဲ၊ အဓိပ္ပါယ်နီးစပ်ရာအတိုင်း ဖေါ်ပြသွားပါမယ်။


A'THEIST, n. [Gr. of a priv. and God.] ဘုရားမဲ့

One who disbelieves the existence of a God, or Supreme intelligent Being. ဘုရားရှိတယ်လို့ မယုံသူ။

သူဟာ "theist" လို့ ခေါ်တဲ့ ဘုရားရှိတယ်လို့ လက်ခံသူနဲ့ ဆန့်ကျင်ဖက် ယူသူပါ။ သွန်သင်ကြောင့်ဖြစ်စေ၊ ဘာသာရေးအသိုင်းအဝိုင်းကို မကြေနပ်လို့ ဖြစ်စေ "ဘုရားမဲ့" ဖြစ်တတ်ပါတယ်။ မျက်မြင်မရတဲ့အရာတွေကို ညဏ်မမှီလို့ လက်မခံတာလည်း ဖြစ်နိုင်ပါတယ်။ လက်မခံနိုင်ရုံက ဖြစ်တတ်တယ်လို့ ဆိုရပေမယ့် မရှိဘူးလို့ သူပြောနေတဲ့ ဘုရားကို ဘုရားမရှိကြောင်း ရှာကြံ သက်သေပြရင်း ရန်သူလို တိုက်ခိုက်နေတာကတော့ သူ့ဟာသူ ရှုပ်ထွေးနေတာ၊ ကမောက်ကမဖြစ်နေတာပါ။

"atheism" ဘုရားမဲ့အယူ ဆိုတဲ့ စကားလုံးဟာ မရှိသင့်ဘူးလို့ တချို့က ဆိုကြတယ်။ Sam Harris က သူရဲ့ "Letter to a Christian Nation" ဆိုတဲ့ စာအုပ်မှာ "atheism” ဘုရားမဲ့အယူ ဆိုတဲ့ စကားလုံးဟာ မရှိသင့်ဘူး။ ကိုယ့်ကိုကိုယ် non-astrologer နက္ခတ်ပညာရှင် မဟုတ်သူ၊ non-alchemist ဓါတ်သဘာဝပညာရှင် မဟုတ်သူ လို့ ဆိုင်းဘုတ်မတင့်သင့် သလိုပါပဲ။" လို့ ဆိုတယ်။ "atheist" ဟာ သူမယုံတာကို ယုံကြည်မှုတမျိုး ဖြစ်စေချင်သူပါ။

တသက်လုံး ဘုရားမဲ့ နေပြီးမှ ဒုက္ခရောက်ချိန်၊ သေလုဆဲဆဲမှာ ပြောင်းလဲတာလည်း ရှိတတ်ပါတယ်။  "There are no atheists in foxholes" "ကတုတ်ကျင်းထဲရောက်ရင် ဘုရားမဲ့ မရှိဘူး" ဆိုတဲ့ စကားကလည်း စဉ်းစားစရာပါ။


IN'FIDEL, a. [L. infidelis; in and fidelis; faithful.] ဘာမှ မယုံတတ်သူ

Unbelieving; disbelieving the inspiration of the Scriptures, or the divine institution of Christianity. ဘုရား၊ ကျမ်းစာ၊ တန်ခိုး၊ ကောင်းကင်တမန် စတဲ့ မမြင်ရတဲ့ အရာတွေကို မယုံသူ။

Infidel ဟာ Fidel ရဲ့ ဆန့်ကျင်ဖက်ပါ။ Infidel မယုံတတ်သူဟာ သွန်သင်ချက်ကြောင့် ဖြစ်တတ်သလို၊ မျိုးရိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ "ဂရိလူမျိုးဟာ သတင်းစကားကို ရှာတယ်။ တွေးခေါ်ဆင်ခြင်တယ်။ ဂျူးလူမျိုးက တန်ခိုးနိမိတ် လက္ခဏာကို ရှာတယ်" ဆိုရင်၊ အတွေးအခေါ်မှာ အားနည်းတဲ့ လူမျိုး၊ တန်ခိုးနိမိတ် လက္ခဏာတွေကို အယုံအကြည် မရှိတဲ့ အမျိုးလည်း ရှိတတ်ပါတယ်။ လူတယောက်ဟာ မှာတဲ့အရာတွေကို သူ့ရဲ့ ပင်ကိုယ် သဘာဝကြောင့် ရိုးရိုးကလေး ယုံနေနိုင်သလို၊ တခြားတယောက်ဟာလည်း မှန်နေတဲ့အရာတွေကို သူ့ပင်ကိုယ်သဘာဝကြောင့် ရိုးရိုးကလေးပဲ မယုံနိုင်  ဖြစ်နေနိုင်ပါတယ်။ မှားတယ်မှန်တယ်ဆိုတာထက် ပင်ကိုယ်က ယုံတတ်သူရှိသလို၊ မယုံတတ်သူလည်း ရှိပါတယ်။

Infidel ဆိုတဲ့ စကားကို သဘောထားပြင်းထန်သူ၊ အစွန်းရောက်သူတွေ သုံးရင်တော့ ဒိဌိ ဆိုတဲ့ သဘောရောက်သွားပါတယ်။


Conservative,  a. Preservative; having power to preserve in a safe or entire state, or from loss, waste or injury.  အစဉ်အလာ ထိန်းသိမ်းချင်သူ

Conservative ကို ရှေးရိုးစွဲ (ဝါဒီ) လို့ ပြန်ဆိုတာဟာ မှားပါတယ်။ ရှေးရိုးစွဲတာကတော့ မကောင်းပါဘူးဆိုပြီး မစဉ်းစားဘဲ နားလည်လွဲသွားတတ်ပါတယ်။ တကယ်တော့ conservative ဟာ  ခေတ်နောက်ပြန်ချင်သူ မဟုတ်ဘဲ အစဉ်အလာအရ ကောင်းတဲ့အရာ၊ စောင့်ထိန်းသင့်တာတွေကို စောင့်ထိန်းချင်၊ လက်တွေ့ကျင့်သုံးချင်သူသာ ဖြစ်တယ်။ တချို့ကလည်း conservative တွေဟာ အပြောင်းအလဲကို မလိုလားသူ၊ တီထွင်ဆန်းသစ်မှုတွေကို မနှစ်သက်သူလို့ စွပ်စွဲတတ်ပါတယ်။

နိုင်ငံရေးမှာတော့ conservative ကို right-winger လက်ယာသမား၊ Republican ရီပတ်ဗလီကင် အဖြစ် သုံးနှုံးတတ်ပါတယ်။ တကယ်တော့ ဘယ်လို အစဉ်အလာတွေကို စောင့်ထိန်းချင်နေသလဲ ဆိုတဲ့ အရာကသာ အရေးကြီးပါတယ်။ ကောင်းတဲ့ အစဉ်အလာတွေကို  စောင့်ထိန်းချင်တဲ့ conservative ဟာ ကောင်းတယ်။ မကောင်းတဲ့ အစဉ်အလာတွေကို ဖက်တွယ်ချင်တဲ့ conservative ကတော့ မကောင်းပါဘူး။ ရှေးရိုးစွဲ မဖြစ်ချင်တာနဲ့ပဲ conservative မကောင်းဘူး၊ liberal  ကောင်းတယ်လို့ မစဉ်မစား ဖြစ်သွားတတ်ပါတယ်။

ခရစ်ယာန်မှာ Conservative ဆိုတာ သမ္မာကျမ်းစာကို လေးစားတန်ဖိုးထားသူ၊ ကျမ်းစာကို လက်တွေ့ကျင့်သုံးချင်သူတွေကို ဆိုလိုတယ်။

နှစ်ခြင်းအသိုင်းအဝိုင်းမှာတော့ Conservative ဟာ Southern Baptist Convention တောင်ပိုင်းနှစ်ခြင်း အသင်းချုပ်ထဲမှာ liberals တွေနဲ့ အားပြိုင် လွန်ဆွဲ ရုန်းကန်နေသူတွေကို ပြောတာပါ။ သူဟာ SBC ရဲ့ အပြင်ဖက်မှာ လွတ်လပ်စွာရပ်တည်တဲ့ Independent တွေလို အပြင်ဖက်ကို ထွက်မသွားဘဲ၊  အတွင်းကနေ SBC ကို ပြုပြင်ဖို့ ကြိုးစားရုန်းကန်နေရသူဖြစ်ပါတယ်။ ထွက်သွားသူ မှန်သလား? ကျန်ရစ်သူ မှန်သလား? ဘယ်သူက ပိုအောင်မြင်မလဲ? ဆိုတဲ့ မေးခွန်းတွေ မေးတတ်ကြပေမယ့် သေချာတာကတော့ သူတို့ဟာ ညီအကိုတွေ ဖြစ်တယ်ဆိုတဲ့ အချက်ပါ။
ဆက်ရန်-

No comments:

Post a Comment