Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

Wednesday, July 21, 2021

Preachers and Pandemic - ကပ်ရောဂါကို ဆင်ခြင်ခြင်း (၂)

 Preachers တရားဟောဆရာတွေက ကိုယ့်အသိုင်းအဝန်းကို သတိပေးစရာ၊ ထိန်းသိမ်းစရာတွေ ရှိပါတယ်။
သတိထားစရာတွေက  .....

၁။ စည်းကမ်းရှိတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်ဖို့ လိုပါတယ်။  

ဆိုရှယ်မီဒီယာမှာ တွေ့သမျှကို တချို့က ရှဲနေတယ်။ မူလပြောတဲ့သူ ဘယ်သူမှန်းမသိ။ ဘယ်လောက် တတ်ကျွမ်းနားလည်လဲ မသိ။ စိတ်စေတနာ မှန်ရဲ့လား မသိ။ တွေ့သမျှ ရှဲနေပုံက ဆယ်ကျော်သက်မလေးက မျက်လုံးချင်း ဆုံသမျှ ရင်ခုံနေသလိုဖြစ်နေတယ်။ အဲဒီတော့ မဆန်းစစ်ဘဲ ဖေ့စ်ဘွတ်သုံးရင် ကြာတော့ စိတ်ပူလာမယ်။ ကြောက်လာမယ်။ စိတ်မငြိမ်ရင် အလွဲအမှားတွေ ဖြစ်တတ်ပါတယ်။ 

စကားတခွန်း ကြားဖူးပါတယ်။ "ကိုယ်က ကားဆရာ မဟုတ်ရင်၊ ခရီးသည်တွေ ဘယ်မှာ ဆင်းရမယ် ဆိုတာ မပြောပါနဲ့" တဲ့။ မြင်ယောင်ကြည့်ပါ။ အဝေးပြေးကားတစီးပေါ်မှာ၊ ခရီးသည်တွေကြားမှာ လူတယောက်က ခရီးစဉ်ကို အရမ်းစိတ်လှုပ်ရှားနေတယ်။ လမ်းကြောမသိဘဲ၊ "ဟေ့လူ၊ ခင်ဗျားဆင်းရမယ့်ရွာ ရောက်တော့မယ်၊ ပြင်ထား၊ ကျော်သွားမယ်" လို့ ကားပေါ်ရှိ လူတိုင်းကို ပြောနေတယ် ဆိုပါတော့။ ခရီးသည်တွေ ကမောက်ကမ ဖြစ်ကုန်တော့မှာပါပဲ။ အဲဒီတော့ ကိုယ်က ဆရာဝန်မဟုတ်ရင် ရောဂါအကြောင်း၊ ဆေးအကြောင်းတွေ သိပ်မပြောသင့်ဘူး။ ဆရာဝန်တွေဆိုရင်လည်း တယောက်နဲ့တယောက် အယူအဆ မတူကြတော့ ဘယ်ဟာ ပိုကောင်းမလဲလို့ စဉ်းစားဖို့လိုပါသေးတယ်။

၂။ ကိုယ်ကိုယ်တိုင်က အဆိုးမြင်စိတ် ရှိမနေသင့်ဘူး။

ကိုဗစ်ရောဂါသတင်းကြားရတာနဲ့ တပြိုင်နက် နောက်တပတ် ဆန်းဒေးမှာ ကိုဗစ်နဲ့ပတ်သက်ပြီး တရားစဟောကြပါတော့တယ်။ မဟောတဲ့ဆရာ သိပ်ရှားပါတယ်။ အများစုက အချက်အလက် မရှာဖွေ၊ မလေ့လာဘဲ ခံစားချက်နဲ့ ဟောတတ်ပါတယ်။ အဆုံးသတ်မှာတော့ ကပ်ရောဂါတွေဖြစ်နေပြီ၊ သခင်ဘုရားကြွလာတော့မယ်၊ ဘေးဒဏ်ကြီးကာလ ရောက်တော့မယ်၊ အသင့်ပြင်ကြလို့ နိုးဆော်ကြတယ်။ ဒါဟာ ကျမ်းစာကို သေချာမလေ့လာဘဲ ကိုယ့်ရဲ့အတွင်းစိတ်မှာ အဆိုးမြင်အခံရှိတဲ့သူ - pessimist ဖြစ်နေတာပါ။
စစ်ပွဲတွေ၊ သဘာဝဘေးဒဏ်တွေ၊ ကပ်ရောဂါတွေဟာ ကမ္ဘာဉီးကတည်းက ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲမရှိတဲ့နှစ်၊ သဘာဝဘေး မရှိတဲ့နှစ်၊ ရောဂါဘယ မရှိတဲ့ နှစ်ကာလဟာ မရှိသလောက်ပါပဲ။ တနေရာမှာတော့ ရှိနေစမြဲပါပဲ။ အပြစ်ကြောင့် ကျိန်ခြင်းအမဂ်လာ ခံစားနေရတဲ့ ကမ္ဘာလောကကြီးရဲ့ သဘာဝပါ။  ဘေးဒဏ်ကြီးကာလမှာ ကပ်ရောဂါ၊ စစ်ပွဲ၊ သဘာဝဘေးဏက်တွေ များတာ မှန်ပါတယ်။ ဒါပေမယ့် ယုံကြည်သူက ဘေးဒဏ်ကြီးကာလမှာ ဖြတ်သွားဖို့ မဟုတ်ဘူး။ ချီဆောင်ခြင်းမှာ ပါသွားဖို့၊ သိမ်းဆည်းခံရဖို့ပါ။ ဒါကို တချို့က သူတို့နိုးနိုးကြားကြားရှိနေတယ်ဆိုတဲ့သဘောနဲ့ နောက်ဆုံးသောကာလရောက်တော့မယ်လို့ အလွဲ‌ပြောကြတာပါ။ Dr. John R. Rice ပြောတဲ့စကားလေးက မှတ်သားစရာကောင်းပါတယ်။ "ယုံကြည်သူက နိမိတ်လက္ခဏာ signs တွေကို ကြည့်နေရမှာ မဟုတ်ဘူး၊ ကယ်တင်ရှင် Savior ကို မြော်လင့်နေရမှာ" လို့ ဆိုပါတယ်။  

၃။ အခြေအနေနဲ့ အချိန်အခါကို နားလည်ဖို့ လိုတယ်။

"ကာလအချိန်တို့ကို နားလည်၍ ....... အဘယ်သို့ပြုရမည်ကို သိတတ်သော .... ဣသခါအမျိုးသား (၅ ရာ ၁၂: ၃၂)
ကပ်ရောဂါကို တွေ့ကြုံနေရချိန်မှာ ဘာတွေ လုပ်သင့်သလဲဆိုတာ သိရပါမယ်။
(က) ဘာအကြောင်းကြောင့်မှ လူစုလူဝေး မလုပ်သင့်တာကို သတိထားရပါမယ်။ သာရေး၊ နာရေးမှအစ၊ ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ဘာအရေးကြောင့်မှ လူစုလူဝေးမလုပ်သင့်တာကို သတိထားရပါမယ်။ တခါတလေ မာနတ်ကများ တမင်နိုးဆော်နေသလား မှတ်ရတယ်။ ကပ်ရောဂါကာလမှာ ခဏခဏ လူစုဝေးမိတတ်ကြပါတယ်။
(ခ) ကိုယ်ခံအားကောင်းဖို့ လိုချိန်၊ ကောင်းကောင်းမွန်မွန် စားနိုင်ဖို့ လိုချိန်၊ ပေးဝေငှရမယ့်အချိန်မှာမှ တချို့က အစာရှောင်ဖို့ တိုက်တွန်းနေကြတဲ့သူတွေကိုလည်း တွေ့ရတယ်။ နည်းနည်းတော့ လွဲနေတယ်။ ဣသရေလလူမျိုးတွေ စစ်တိုက်နေရလို့ မောနေချိန်မှာ အနီးအနားမှာ ပျားရည်အလျံပယ် ပေါနေပေမယ့် စစ်ပွဲမပြီးမချင်း ဘာမှ မစားရဘူးလို့ အမိန့်ထုတ်တဲ့ ဘုရင့်သား အာဗရှလုံလို ဖြစ်နေတယ်။ သက်သက်မဲ့ နှောက်ယှက်သလိုဖြစ်ပြီး ပိုပင်ပန်းကြ၊ ဒုက္ခရောက်ကြတာပေါ့။ အလကားနေရင်း စိတ်အားကြီးကြောင်းပြတာ မကောင်းပါဘူး။ ဒါကို ကျမ်းစာက vain glory - အချည်းနှီးသော ကျော်ဇောခြင်း၊ အလကား နာမည်ကြီးချင်တာ လို့ ပြောပါတယ်။ မလုပ်ကြပါနဲ့။

၄။ တတ်နိုင်သမျှ ကူညီရမယ့်အချိန် ဖြစ်ပါတယ်။

အဟာရရှိအောင် ကောင်းကောင်းစားပါလို့ ပြောနေပေမယ့် ဆင်းရဲတဲ့သူက ဘာစားပါ့မလဲ?
ကျန်းမာအောင် ဂရုစိုက်နော် ဆိုပေမယ့် သူကိုယ်တိုင် မလုပ်နိုင် မကိုင်နိုင်သူက ဘယ်လို ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြုစုပါ့မလဲ?
"ညီအကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသော အစာ မရှိသောအခါ၊ သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာ သွားကြလော့။ နွေးကြလော့။ ဝကြလော့ဟုပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျင် အဘယ်အကျိုးရှိသနည်း။" ယာကုပ် ၂: ၁၅- ၁၆။
ဆရာတွေက ဒါကို မေ့နေသလား? အသင်းတော်က ဒါကို မေ့နေသလား? သတိရရမယ့်အချိန်ပါ။

People and Pandemic - ကပ်ရောဂါကို ဆင်ခြင်ခြင်း (၁)

လူအမျိုးမျိုးဆိုတော့ ဆင်ခြင်ပုံ၊ တုန့်ပြန်ပုံ အမျိုးမျိုးပါပဲ။
တချို့က ခပ်ပေါ့ပေါ့ပဲ။ "ကိုဗစ်"" ကို "ငဗစ်" လို့တောင် ပြောင်လှောင် ခေါ်ကြတယ်။ အစပိုင်းမှာ ကိုဗစ်နဲ့ပါတ်သက်လို့ ဟာသအမျိုးမျိုး ထွက်လာတယ်။ ပညာပေး သီချင်းတွေလည်း ပေါပေါပဲပဲ ထွက်လာတယ်။ တချို့က အဲဒီထဲက သီချင်းတပုဒ်ကို ဖုန်း Ring tone အဖြစ်တောင် သုံးလာတယ်။ တကယ်တော့ Covid 19 က အသံကြားရုံနဲ့ကို ကြောက်စရာပါ။ ဒီလိုသီချင်းတွေလည်း မကြားနိုင်ပါ။ ပျော်စရာမှ မဟုတ်တာ။
အစပိုင်း သတင်းကြားခါစမှာကို အမေရိကားနဲ့ ဥရောပမှာ အသေအပျောက် အရမ်းများနေတယ်။ ဗြိတိန်မှာ တော်ဝင်မိသားစုရဲ့ ချားစ်မင်းသား ပိုးကူးစက်ခံရတယ်။ ကူးစက်ခံရသူများလွန်းလို့ ယာယီဆေးရုံတွေ အမြန်ဆောက်ကြရတယ်။
ဒီလောက်ကြောက်စရာကောင်းနေပေမယ့် တချို့က ဘာလုပ်ကြမလဲ ဆိုတာထက် ဘာကြောင့်ဖြစ်သလဲဆိုတာကို ပိုစိတ်ဝင်စားနေခဲ့ကြတယ်။ ဒါကြောင့်မေးခွန်းတွေ မေးခဲ့ကြတယ်။

၁။ သဘာဝအရ လင်းနို့၊ ခွေး စတဲ့ တိရစ္ဆာန်တွေမှ ကူးစက်တာလား?

တကယ်တော့ ဒါတွေက ဂျင်းသီတင်းတွေ ထွက်လာတာ။ အာရုံလွှဲဖို့ ကြိုးစားတာ။ အရေးထဲ တချို့သပ်သပ်လွတ်သမားတွေက အသားငါးစားရင် ဒီလိုရောဂါဆန်းတွေ ဖြစ်လိမ့်မယ်လို့ လော်လိုက်ကြသေးတယ်။ တကယ်တော့ ဒါက ဆေးပညာရှင်တွေရဲ့ အလုပ်ပါ။ သူတို့ အဖြေရှာပါလိမ့်မယ်။ ကိုယ်က ဆေးပညာရှင် မဟုတ်ရင်  ဒါကို ဆုံးဖြတ်ဖို့က ကိုယ့်အလုပ် မဟုတ်ဘူး။

၂။ လူလုပ်တဲ့ ဇီဝလက်နက်လား?

တရုတ်ပြည်က စစ်ဖြစ်လို့ တရုတ်အကြံလားဆိုပြီး သံသယရှိခဲ့ကြတယ်။ အစက စဖြစ်တဲ့ မြို့ကို အစွဲပြုပြီး "ဝူဟန်" ဗိုင်းရပ်လို့ ခေါ်ခဲ့တယ်။ မကြာခင်ပဲ တရုတ်ပြည်ကို အပြစ်တင်မှာစိုးလို့ "Covid 19" လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ပြောင်းခေါ်ခဲ့တယ်။ ဒါပေမယ့် သမတ ဒေါ်နယ်ထရန့်က တမင်ပဲ "China virus" လို့ ခေါ်လိုက်တော့ သူ့ရန်သူတွေက "ဒါက အမုန်းတရား၊ လူမျိုးရေး အစွန်းရောက်" လို့ ဝိုင်းပြီး တိုက်ခိုက်လိုက်ကြတယ်။  ဒါကို ဟုတ်မဟုတ် ဆုံးဖြတ်ဖို့က ထောက်လှမ်းရေးနဲ့ နိုင်ငံရေးသမားက ဆုံးဖြတ်ရမှာပါ။ အချိန် လိုကောင်း လိုမှာပါ။ စုံစမ်းရဦးမှာကိုး။ ဒါဆို ဘာပဲ စဉ်းစားလို့ ရနိုင်မလဲ? 

ရောဂါပိုးရဲ့သဘာဝ။ သူက လေထဲမှာ လွင့်ပျံနေပြီးတော့ ကူးစက်တာ မဟုတ်ဘူးလို့ ဆေးပညာရှင်တွေက ဆိုတယ်။ အနေနီးမှ အသက်ရှုလမ်းကြောင်းကနေ ကူးတယ်။ အဲဒီတော့ လူစုလူဝေးကို ရှောင်ရမယ်။ Social Distance လုပ်ရမယ်။ "Socially Distanced, But spiritually Connected" လို့ အကြံပေးကြတယ်။ "စိတ်ပေါင်း၊ ကိုယ်ခွါ" ပေါ့။ လူစုလူဝေးကို ရှောင်ပါဆိုတော့ ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ? 

A. ပညာရေးမှာ ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်ထားရဖို့ များသွားပြီ။ 

စာသင်တာ၊ ပညာသင်တာ ကောင်းပေမယ့် ပညာနဲ့ တွဲပါလာတတ်တဲ့ ပညာမာနဟာ မကောင်းလှဘူး။ အခုတော့ အ‌ခြေအနေအရ တချို့အရသာလေးတွေ လျော့ရတော့မယ်။ တက္ကသိုလ်ကျော်းတော်ကြီးမှာ ပညာရတနာတွေ ရှာဖွေဆည်းပူးနေတယ်၊ ပညာတတ်အသိုင်းအဝိုင်းမှာ ကျင်လည်နေရပြီ၊ ငါ ပညာတတ်ဖြစ်တော့မယ် ဆိုတဲ့ ဖီလင်လေး လျှော့ရတော့မယ်၊ ပညာမာနရဲ့ အရသာလေး ပျက်တော့မယ်။ အဲဒီတော့ လူစုလူဝေး မဟုတ်ဘဲ ဘယ်လို ပညာသင်မလဲ? ကျောင်းမတက်ဘဲ ဘယ်လို ပညာလေ့လာမလဲ? အခြေအနေက ရှိနေပါပြီ။ အင်တာနက်က လမ်းဖွင့်ပေးနေပါပြီ။ အင်တာနက်ကနေ စာသင်ရမယ်၊ လေ့လာရတော့မယ်။ ဒါကို အများစုက မပြောင်းချင်သေးဘူး။ ကျောင်းသွားတက်မှ၊ ဆရာနဲ့ သင်မှ ဆိုတဲ့ နည်းဟောင်းလေးကို ဖက်တွယ်နေချင်ကြတယ်။ "ကျွန်တော့ကလေးက အဖေနဲ့အမေကို မကြောက်ဘူးဗျ၊ သူ့ဆရာမမှ ကြောက်တာ။" ဆိုတဲ့ နည်းဟောင်းကြီးကို ပြောင်းပစ်၊ ထားပစ်ခဲ့ရမှာ။ အဲဒီတော့ အခြေအနေအရ အိမ်ကနေ စာသင်တဲ့ခေတ်ကို သွားကိုသွားရတော့မှာပါ။ အဲဒီတော့ ကိုဗစ်ကြောင့် ပညာရေးဟာ ပြောင်းကို ပြောင်းရတော့မှာပါ။ 

B. နိုင်ငံရေးမှာလည်း လူစုလူဝေးနဲ့ ဆန္ဒပြတာ၊ လူစုလူဝေးနဲ့ မိန့်ခွန်းပြောတာတွေ လျော့ရပါတော့မယ်။ 

ဒါပေမယ့် လူ့သဘာဝကြောင့် ထင်တယ်။ မလိုတာကို လုပ်ချင်တော့ ကိုဗစ်အစပိုင်းက ကမ္ဘာတဝန်းမှာ ဆန္ဒပြပွဲတွေ ပိုများလာခဲ့တယ် ထင်ရတယ်။ နိုင်ငံရေးအရ မကြေနပ်တာကို လူစုလူဝေး မလုပ်ဘဲ တခြားနည်းနဲ့ ဆန္ဒပြ။ ထုတ်ဖေါ်ကြရမှာပါ။
ဒီနေရာမှာ အမေရိကန်ပါတီကြီးနှစ်ခု အယူအဆ မတူတာကိုလည်း တွေ့ရတယ်။ ဒေါ်နယ်ထရန့်က ကိုဗစ်ပိုးဟာ လေဟာပြင်မှာ ကူးဖို့မလွယ်ဘူး။ ဒါကြောင့် လေဟာပြင်မှာ Mask တပ်ဖို့ မလိုဘူး။ အလုံပိတ်အခန်းတွေ၊ ကုန်တိုက်ကြီးတွေ၊  စားသောက်ဆိုင်၊ ရုံးခန်းတွေရဲ့ အတွင်းမှာသာ တတ်ရမယ်လို့ ဆိုတယ်။ လေသာတဲ့ပြင်ပမှာ မလိုဘူးလို့ ဆိုတယ်။ ဒါကို ဂျိုးဘိုင်ဒန်တို့က အခွင့်ကောင်းယူပြီး ဒေါ်နယ်ထရန့်ဟာ တယူသန်၊ ဆေးပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေကို ပစ်ပယ်တယ်လို့ ဂျင်းထည့်ပါတယ်။ အဲဒီတော့ စကားစစ်ထိုးပွဲမှာ ဒေါ်နယ်ထရန့်က အိပ်ကပ်ထဲက Mask ကို ထုတ်ပြပြီး လိုရင်တပ်ဖို့ ဆောင်ထားပါတယ်လို့ ပြန်ပြောခဲ့တယ်။
ဒီတိုင်းပြည်မှာလည်း ဘယ်အစိုးရတက်တက် အောက်ခြေမှာကို အာဏာရူးက အများသားလား။ သူတို့ချတဲ့ စည်းကမ်း မလိုက်နာရင် ဒဏ်ရိုက်မယ်ဆိုတာချည်းပဲ။ လမ်းပေါ်မှာ လမ်းလျှောက်ရင်၊ စက်ဘီး၊ ဆိုင်ကယ်နဲ့သွားရင်လည်း mask မပါရင် ဒဏ်ရိုက်တယ်။ တကယ်လိုတာက အလုံပိတ် ဆိုင်ခန်းတွေ၊ ရုံးတွေမှာ ဂရုစိုက်ဖို့ လိုတာ မဟုတ်လား? ဒါပေမယ့် နားမလည်ဘဲ အာဏာပဲပြတတ်သူတွေ လူကြီးဖြစ်တဲ့ ခေတ်တိုင်းမှာ သည်းခံနေရတာပါပဲ။

C. ဘာသာရေးမှာ ဘုရားကျောင်းမှာ စုဝေးဝတ်ပြုတာကို သတိထားရတော့မယ်။ 

အရင်ကတော့ ဘုရားကျောင်းမှန်မှန်မတက်ရင် ဘုရားတရား အားနည်းတယ်လို့ ထင်မှတ်ခဲ့ကြတယ်။ ဦးဆောင်သူတွေ အားထုတ်ရင် အားထုတ်သလို အတိုင်းအတာ တခုစီ အောင်မြင်ခဲ့ကြတယ်။ အဲဒီတော့ လူစုတာ ခေတ်စားလာတယ်။ ဒါပေမယ့် ဘုရားသခင့် စိတ်တော်နဲ့ တွေ့ရဲ့လား ဆိုတာတော့ ဆန်းစစ်စရာ ဖြစ်ပါတယ်။ ဘာသာရေးက ကိုယ်ထင်ရာ၊ စိတ်ကြေနပ်ရင်ပြီးရော လုပ်ရတာမျိုး မဟုတ်ဘူးလေ။

အလေ့အလာ၊ အနေအထိုင်တွေ ပြောင်းဖို့ လိုလာပြီ။ ဒါပေမယ့် တချို့က ဒါကို သတိမထားမိဘူး။ ဇွတ်တိုးကြတယ်။ လူမစုရဆိုတဲ့ အစိုးရအမိန့်ကို နားထောင်မလား? ဘုရားသခင့်စကား နားထောင်မလားလို့ ဆင်ခြေပေးကြတယ်။

အမှန်က အခြေအနေကို နားမလည်တာ။ လူ့လောကမှာ သဘာဝရဲ့ စည်းကမ်း - Principle လေးတွေ ရှိတယ်။ လူကနေတဆင့် ကူးနေတော့ လူစုရင် ပိုကူးမှာပေါ့။ ဒီစည်းကမ်း Principle ကို ဖေါက်ရင် အုပ်စိုးသူ သမတ၊ ဝန်ကြီးချုပ်ဟာ သက်တော်စောင့်တွေကြားက ထိပါတယ်။ ဘာသာရေးသမားလည်း တရားစကား အကွာအကွယ်ကြားက ထိပါတယ်။ တခါတရံမှာ တချို့နိုင်ငံရေးသမားဟာ လေပစ်ပြီး ရွေးကောက်ပွဲ အနိုင်ယူသွားတာ ရှိသလို၊ တချို့ဘာသာရေးသမားကလည်း လက်တွေ့လူ့ဘဝနဲ့ ကင်းကွာပြီး အာကာမှာ ဝဲနေတတ်တယ်။
စီလီကွန်ဗဲလီးမှာ ထိပ်တန်းသင်းအုပ်ဆရာတယောက် ရှိတယ်။ သူတို့ပြည်နယ်က လူစုဝေးခွင့် တားမြစ်ထားတယ်။ သူက လက်မခံဘူး။ ဘုရားကျောင်းမှာ လူစုတယ်။ ပြည်နယ်အစိုးရက ဒဏ်ရိုက်တယ်။  ဒေါ်လာ သောင်းချီ ပေးရတယ်။ အခန်းထဲ လူမစုရတော့ ကျောင်းဝိုင်းထဲမှာ ကားတွေပေါ်ကနေ တရားနာကြတယ်။ အာမင်ထူးချင်လာရင် ဟွန်းတီးလိုက်ကြတယ်။ ဒါမျိုးတွေ မြင်ရကြားရရင် မရီရင်တောင် ပြုံးမိကြတာပါပဲ။ နည်းနည်းတော့ များသွားပြီလို့ ထင်စရာပါပဲ။ သူက တော်သေးတယ်။ တချို့က ဒေါ်လာ သန်းနဲ့ချီအောင် ဒဏ်ကြေးပေးကြရတယ်။ တချို့ ထောင်ကျတယ်။ သူတို့ဖက်က ပြန်ပြောတာက ပျော်ပွဲရွှင်ပွဲတွေ၊ ရုပ်ရှင်တွေ၊ သီရက်တာတွေကိုတော့ ဖွင့်ခွင့်ပြုတယ်။ ဘာသာရေးကျတော့ ပိတ်တယ်လို့ ဆိုတယ်။ ဒါပေမယ့် ပေးလိုက်ရတဲ့ အဲဒီဒဏ်ကြေးငွေတွေကို ကိုဗစ်ဝေဒနာခံစားနေရတဲ့ တခြားဆင်းရဲတဲ့ တိုင်းပြည်ကလူတွေကို ကူရရင် ပိုကောင်းမှာပါ။ တကယ်တော့ သူတို့ဟာ ဘာသာရေးယုံကြည်မှုနဲ့ နိုင်ငံသားအခွင့်အရေးကိုပဲ တွေးနေရင်း တခြားဘဝတွေကို မေ့နေကြတာပါ။

Friday, June 22, 2018

G6PD Deficiency ဂလူးကို့စ် ကျတဲ့ ရောဂါ

 ဂျီစစ်ပီဒီ အားနည်းရောဂါ G6PD deficiency
ဂျီစစ်ပီဒီ အားနည်းရောဂါက ကိုယ်ခန္ဓာမှာ G6PD လို့ခေါ်တဲ့ အင်ဇိုင်း ဂလူးကို့စ် - စစ် - ဖေါ့စ်ဖိတ် ဒီဟိုက်ဒရိုးဂျနေ့စ် အလုံအလောက် မရတာကို ခေါ်ပါတယ်။ G6PD က သွေးနီဥ red blood cells (RBCs) တွေ ပုံမှန် အလုပ်လုပ်နိုင်ဖို့ ကူညီရပါတယ်။ အများအားဖြင့် ဆေးတွေသောက်ရတဲ့အခါ၊ မတည့်စာ စားမိတဲ့အခါ၊ မကျန်းမာတဲ့အချိန်တွေမှာ ဒီဓါတ်ချို့တဲ့ပြီး သွေးနီဥအားနည်း ရပါတယ်။
ဒီရောဂါရဲ့ လက္ခဏာကို အများအားဖြင့် မတွေ့ရဘဲ၊ သွေးနီဥတွေ ပျက်စီးသွားပြီး သွေးအားနည်းရောဂါ ဖြစ်မှသာ လက္ခဏာတချို့ တွေ့ရတတ်ပါတယ်။ ဒီအခါ ဖြစ်ရတဲ့ အကြောင်းရင်းကို ပြုပြင် ဖြေရှင်းလိုက်မှ လက္ခဏာတွေ ပျောက်သွားပါတယ်။ ဒီအထဲက အနည်းစု တချို့သာ နာတာရှည် သွေးအားနည်းရောဂါ ဖြစ်သွားနိုင်တယ်။
မှန်မှန်ကန်ကန် ဂရုစိုက်ပေးမယ်ဆိုရင် G6PD သွေးအားနည်းတဲ့ ကလေးဟာလည်း ကျန်းမာသန်စွမ်းတဲ့ ကလေး ဖြစ်နိုင်ပါသေးတယ်။

G6PD သွေးအားနည်းခြင်းအကြောင်း
G6PD က အင်ဇိုင်းတမျိုး ဖြစ်တယ်။ သူက ကာဗွန်ဟိုက်ဒရိတ်တွေကို ခွန်အားအစွမ်းအဖြစ် ပြောင်းပေးနိုင်တယ်။ ဆေးသောက်လို့ သို့မဟုတ် ရောဂါတခုခုကို ခုခံနေရချိန်တွေမှာ အန္တရာယ်ပေးနိုင်တဲ့ ဓါတ်သဘာဝတွေကြားမှ သွေးနီဥကို ကာကွယ်ပေးတာ G6PD ပါ။

G6PD ဂလူးကို့စ် ဓါတ်အားနည်းသူဟာ သွေးနီဥကလည်း G6PD ဂလူးကို့စ် ဓါတ်ကို အလုံအလောက် မထုတ်လုပ်နိုင်၊ ထုတ်ပေးတာကလည်း ကောင်းစွာ အလုပ် မလုပ်နိုင် ဖြစ်တတ်ပါတယ်။ G6PD ဂလူးကို့စ်က ကာကွယ်မပေးနိုင်တော့ သွေးနီဥတွေ အဖျက်ဆီးခံရ၊ ပျက်စီးရတယ်။ သွေးအားနည်းရောဂါ ဖြစ်ပြီဆိုရင် အရိုးထဲမှာ သွေးကြောမျှင် အသစ်တွေကို ထုတ်လုပ်ပေးတဲ့ ရိုးတွင်းချဉ်စီ အပိုင်းတွေက သွေးနီဥတွေ ပြန်ပွါးလာအောင် မလုပ်ပေးနိုင်တော့ဘူး။

G6PD ဂလူးကို့စ်ဓါတ် ကျဆင်းရခြင်း အကြောင်းရင်း
Causes of G6PD Deficiency

G6PD ဂလူးကို့စ်ဓါတ် နည်းရခြင်းဟာ မိဘတပါး သို့မဟုတ် မိဘမျိုးရိုးကြောင့် ဖြစ်ရတယ်။ အားနည်းတဲ့မျိုးရိုးကို လက်ဆင့်ကမ်းတာက X chromosome ပါ။
အာဖရိကန် အမျိုးသားတွေမှာ အဖြစ်များတယ်။ အမျိုးသမီးတွေက ဒီမျိုးရိုးကို သယ်ဆောင်တယ်။ ရောဂါလက္ခဏာတော့ သူတို့မှာ မပြဘူး။ အမျိုးသမီးအနည်းငယ်လောက်သာ ဒီရောဂါကို ခံစားရတယ်။
အီတလီ၊ ဂရိ၊ အာရပ်၊ ဆက်ဖါးဒစ်အနွယ် ဂျူးလူမျိုး အပါအဝင် မြေထဲပင်လယ်ဒေသ လူမျိုးတွေမှာ အများအားဖြင့် ဖြစ်တတ်တယ်။ ဖြစ်တဲ့နှုန်းတော့ မတူဘူး။ အာဖရိကန်တွေက အပျော့စား ဖြစ်ပြီး၊ မြေထဲပင်လယ် အနွယ်တွေက အပြင်းစား ဖြစ်ကြတယ်။

ဘာကြောင့် လူမျိုးတစုတည်းမှာ ပိုဖြစ်ရသလဲ? အာဖရိကနဲ့ မြေထဲပင်လယ်ဒေသမှာ ငှက်ဖျားရောဂါ အဖြစ်များလို့ပါ။ ငှက်ဖျားဖြစ်စေတဲ့ ကပ်ပါးတမျိုးက G6PD ဂလူးကို့စ် ချို့တဲ့နေတဲ့ သွေးကြောတွေထဲမှာ သိပ်မရှင်သန်နိုင်ဘူးလို့ လေ့လာသူတွေ တွေ့ရှိထားကြတယ်။ ဒါကြောင့် သွေးအားနည်းခြင်းက ငှက်ဖျားကို ကာကွယ်နိုင်မယ်လို့ ယုံကြည်ကြတယ်။

G6PD ဂလူးကို့စ်ဓါတ် ကျဆင်းစေတဲ့ အချက်များ  G6PD Deficiency Symptom Triggers

G6PD ဂလူးကို့စ် ချို့ယွင်းတဲ့ ကလေးဟာ သာမန်အားဖြင့် လက္ခဏာ မပြဘူး။ သွေးနီဥတွေ ပျက်စီးလာစေတာကတော့ .......
  • ဖျားနာ။ ကူးစက်ရောဂါ ဖြစ်တဲ့အခါ။
  • အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေး၊ ရောဂါအမြစ်ပြတ်ဆေး (အများအားဖြင့် sulf ဆိုတဲ့ နာမည် ပါတတ်တဲ့) တွေ သောက်ရတဲ့အခါ။
  • ငှက်ဖျားဆေးတွေ သောက်ရတဲ့အခါ (အများအားဖြင့် quine ကွင်းန် ပါတဲ့ဆေးတွေ)
G6PD ဂလူးကို့စ် ချို့ယွင်းတဲ့ ကလေးတချို့ဟာ ဆေးအနည်းအကျဉ်း ဒဏ်ကိုတော့ ခံနိုင်ပါတယ်။ တချို့က လုံးလုံး မခံနိုင်ကြဘူး။ ဆေးဒဏ် ခံနိုင်၊ မခံနိုင်က ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
တချို့အရာတွေကို စားလို့မရ။ တချို့အရာတွေက ကိုင်လို့မရပါ။ ပဲစေ့၊ ပဲတောင့်၊ ပဲအမျိုးမျိုး၊ ပရုပ်လုံး အမျိုးမျိုးမှာပါတဲ့ naphthalene နက်ဖယ်သလင်းဓါတ်တွေ ဖြစ်တယ်။ ကလေးက ပရုပ်လုံးမြိုမိရင် အန္တရယ်ကြီးလို့ မထိမကိုင်ဖို့ သတိထားရမယ်။

အားနည်းခြင်းရဲ့ လက္ခဏာများ  Symptoms of G6PD Deficiency

ဆေးသောက်ထား၊ သွေးနီဥ ပျက်စီးစေတဲ့ ရောဂါရနေပေမယ့် လက္ခဏာက မပြတတ်ဘူး။ စိုးရိမ်စရာ အခြေအနေရောက်မှ သွေးအားနည်းရောဂါ ပုံစံပြတတ်တယ်။
  • ဖြူဖတ်ဖြူရော် (အသားညိုရင် ပါးစပ်မှာ မြင်သာတယ်။ အထူးသဖြင့် လျှာနဲ့ ပါးစပ်)
  • မောဟိုက်နွမ်းနယ်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အသက်ရှုမြန်ခြင်း
  • အသားဝါခြင်း/ အသားအရေနဲ့ မျက်လုံးဝါခြင်း
  • သရက်ရွက်ကြီးခြင်း
  • ဆီးအရောင် လဘက်ရည်ရောင် ညိုခြင်း၊
ဖြစ်စေတဲ့ အကြောင်းရင်းကို ပြုပြင်ဖယ်ရှားလိုက်တာနဲ့ ရောဂါ လက္ခဏာတွေ တပတ်နှစ်ပတ်အတွင်း အမြန်ပျောက်သွားပါလိမ့်မယ်။
လက္ခဏာက အပျော့စားဆိုရင် ဆေးကုဖို့ မလိုပါဘူး။ ကိုယ်ခန္ဓာက ပုံမှန် သွေးနီဥတွေ ထုတ်လွှတ်နေတာကြောင့် အမြန်ပျောက်ပါလိမ့်မယ်။ ရောဂါလက္ခဏာတွေ ကြာနေရင်တော့ ဆေးကုသဖို့ လိုပါတယ်။
ဆေးစစ်ခြင်းနဲ့ ကုသခြင်း  Diagnosis and Treatment

သာမန်အားဖြင့် အခြေအနေ ပိုမဆိုးလာဘဲ၊ ဆေးကုဖို့ မလိုပါ။ ဆရာဝန်က သံသယရှိမှ ဆေးစစ်ပါ။
မိဘ၊ မျိုးရိုးကြောင့် စိုးရိမ်မိပါက ဆရာဝန်ကို ပြောပြပြီး သွေးစစ်ဖို့ လိုပါမယ်။
ကုရတာက လွယ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဖယ်ရှားရုံပါပဲ။ အဖျားအနာကို ကုဖို့၊ ဒါမှမဟုတ် သောက်နေတဲ့ ဆေးတွေ ဖြတ်ထားဖို့ပါပဲ။ နာတာရှည် သွေးအားနည်းရောဂါ ဆိုရင်တော့ ဆေးရုံမှာ အောက်စီဂျင်ပေးဖို့ လိုမယ်။ သွေးသွင်းရနိုင်တယ်။ ဂလူးကို့စ် အားနည်းရာကနေ စိုးရိမ်ရတဲ့ အခြေအနေလည်း ရောက်သွားနိုင်တယ်။

ပြုစုခြင်း  Caring for Your Child
အကောင်းဆုံးက မတည့်တာတွေ ရှောင်ဖို့ပါပဲ။ ဂရုစိုက်ရင် ကျန်းကျန်းမာမာ နေနိုင်ပါတယ်။
Reviewed by: Elana Pearl Ben-Joseph, MD
Date reviewed: May 2013

Monday, March 14, 2016

What Does the Bible Say About Healing? အနာငြိမ်းခြင်း

Dr. Elmer Towns
God Chooses Who Will Heal ဘုရားပျောက်စေချင်တဲ့သူ
လူတိုင်း ရောဂါပျောက်မယ်လို့ ကျမ်းစာက မပြောသလို၊ ရောဂါမှန်သမျှ စာတန်ဆီက လာတယ်၊
ဘုရားနဲ့ဝေးနေလို့ ဖြစ်ရတယ်လို့လည်း မပြောပါ။ ဘုရားအလုပ်လုပ်တာကို လူနားမလည်နိုင်ဘူး။
ဒါပေမယ့် ရောဂါဝေဒနာဟာ ဘုရားအကြံအစည်ထဲမှာတော့ ပါနေပါတယ်။
ဟေရှာယ ၅၅း ၈ မှာ “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့် မတူ။ ငါ၏အကျင့်သည်လည်း
သင်တို့၏အကျင့်နှင့် မတူ။”
ဘုရားနာမကို သုံးပြီး ဟန်ပြအနာရောဂါငြိမ်းပွဲတွေကို လက်မခံပေမယ့် ရောဂါဖြစ်ရင် ဆုတောင်းဖို့တော့
ဘုရားအလိုတော် ရှိတယ် လို့ ယုံကြည်ပါတယ်။
အနာရောဂါငြိမ်းပွဲတွေကို သတိထားကြည့်ရင်၊ သူတို့ သတ်မှတ်ထားသူတွေသာ ရှေ့ကို လာခွင့်ရှိပြီး၊
အများစုက ရောဂါမပျောက်ပါ။ (တချို့ကတော့ ဘာရောဂါမှ မဖြစ်သူတွေပါ။) တချို့က ပွဲစည်အောင်
ပါဝင်နေသူတွေပါ။

Miraculous Healing အံ့ဩဖွယ် အနာငြိမ်းခြင်း

ဒီနေ့ခေတ်မှာလည်း ဘုရားသခင် အနာရောဂါတွေ အံ့ဩဖွယ် ပျောက်စေနိုင်ပါတယ်။ ဒါပေမယ့်
အနာရောဂါငြိမ်းတဲ့ ဆရာတွေလို မဟုတ်ပါဘူး။ သခင်ယေရှုက အနာရောဂါငြိမ်းပွဲတွေ မကျင်းပခဲ့ပါဘူး။
သူ့ထံလာလို့ ရောဂါပျောက်စေတယ်။ ဒါပေမယ့် အဓိကက အပြစ်ရောဂါစွဲနေတဲ့ ဝိညာဉ်ကို
အရင်ပျောက်စေတယ်။ လာတဲ့သူတိုင်း ပျောက်တယ်။ လူနဲနဲပဲ ပျောက်စေတာ မဟုတ်ဘူး။
အနာငြိမ်းဆရာအများစုက ရောဂါဆိုတာ အပြစ်ကြောင့် ဖြစ်တာလို့ ပြောကြတယ်။ ဒီအချက်က
အမြဲတမ်း မှန်တဲ့အချက် မဟုတ်ဘူး။ မပျောက်ရင်လည်း ယုံကြည်ခြင်း မရှိလို့ လို့ ဆိုတတ်တယ်။
ဒါလည်း ကျမ်းစာနဲ့ မညီဘူး။ ယာကုပ် ၅း ၁၄- ၁၅ မှာ အမှုတော်ဆောင်တွေက ယုံကြည်ခြင်းနဲ့
ဆုတောင်းတဲ့အခါ လူနာကို အံ့ဩဖွယ် ကယ်တင်တယ်။ ရောဂါပျောက်စေတယ်လို့ ဆိုတယ်။

God’s Will to Heal ရောဂါပျောက်ဖို့ ဘုရားအလိုတော်
အလိုတော်ရှိမှ ပျောက်ပါတယ်။ အမြဲတမ်း မပျောက်ပါဘူး။ ဆုတောင်းလို့ ရောဂါပျောက်သူတွေ
ကျမ်းစာထဲမှာ အများကြီး ရှိပေမယ့် အမြဲတမ်း ပျောက်တာ မဟုတ်ပါ။ ရှင်ပေါလုက သူ့ဝေဒနာကို
ပျောက်ဖို့ ဆုတောင်းပေမယ့် မပျောက်ဘူး။ သူ့ကို သွန်သင်နေတာက “ငါ့ကျေးဇူးသည် သင့်အဘို့
လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်၏။” ၂ကော ၁၂း ရ- ၁၀။
တိမောသေဟာ ရောဂါဝေဒနာ ခံစားခဲ့ရလို့ ရှင်ပေါလုက ဆေးပါတဲ့စပျစ်ရည် သောက်ဖို့
အကြံပေးခဲ့ရပါတယ်။ ၁တိ ၅း ၂၃။
အနာရောဂါအားဖြင့် ဘုရားသခင် အလုပ်လုပ်တာလည်း ရှိတတ်ပါတယ်။ ယုံကြည်သူခံစားရတဲ့
ရောဂါဝေဒနာအားဖြင့် တခြားသူတွေက ယုံကြည်ခြင်းနဲ့ အားကိုးခြင်းတွေ မြင်လာပြီး ကယ်တင်ရှင်ကို
အားကိုးလာပြီး ကယ်တင်ခြင်းရစေပါတယ်။ လူက ဘုရားစကားနားထောင်ဖို့ အချိန်မရတဲ့အခါ ဘုရားက
လူကို လှဲချပြီး စကားကို နားထောင်စေပါတယ်။ အလိုတော်အတိုင်း ဖြစ်ပါစေလို့
ဝန်ခံဆုတောင်းရမှာပေါ့။

When Suffering is a Mystery ဝေဒနာက နားမလည်နိုင်အောင် နက်နဲနေတဲ့အခါ
တခါတရံ အကြောင်းရင်းကို နားမလည်နိုင်ပါ။ ယောဘဝတ္ထုက ကောင်းစားချိန်မှာလိုပဲ
ဝေဒနာခံရချိန်မှာလည်း ဘုရားကို ချစ်ပြီး အမှုတော်ဆောင်ဖို့ ပြေနေပါတယ်။ ဘုရားကောင်းကြီးပေးလို့
ယောဘက ဘုရားကို ကိုးကွယ်တာလို့ စာတန်က အပြစ်တင်တယ်။ ယောဘက ဆင်းရဲရင်လည်း
ဘုရားကို ချစ်ပြီး ကိုးကွယ်နေဆဲပါပဲ။ “သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည်
ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို
လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ကြရပြီ။” ယာကုပ် ၅း ၁၁။

Remaining Faithful သစ္စာရှိနေခြင်း
ယောဘက သစ္စာရှိတော့ ဘုရားက ကောင်းကြီးပေးပါတယ်။ ကျမ်းစာတချက်မှာတော့ ခရစ်ယာန်တွေ
ဒုက္ခကြုံတဲ့ နှစ်ကာလတွေ ရှိခဲ့တယ်လို့ ဆိုတယ်။
“အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်စီးတတ်သောရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊
သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍မြတ်သည်နှင့်၊ ယေရှုခရစ်
ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလို့ငှါ ဖြစ်မည်အကြောင်း၊
အထူးထူး အပြားပြားသော စုံစမ်းနှောက်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏ
ခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းခြင်းစိတ် ရှိကြ၏။” - ၁ ပေ ၁း ၆- ရ။
တချို့ကျမ်းပိုဒ်တွေမှာတော့ ခရစ်ယာန်တွေဟာ ညှင်းပမ်းနှိပ်စက်ခြင်းနဲ့ သေခြင်းကို ကြံုရပေမယ့် သစ္စာရှိကြတယ်လို့ ဆိုပါတယ်။ ဟေဗြဲ ၁၁း ၃၁- ၄၀။
ဒီကျမ်းပိုဒ်တွေအရ စုံစမ်းနှောက်ယှက်ခြင်းတွေကြားမှ ကယ်ထုတ်ဖို့ အမြဲတမ်း ဘုရားအလိုတော် ရှိတာ မဟုတ်ဘူးလို့ တွေ့ရပါတယ်။ စုံစမ်းခြင်းထဲမှာ အတူရှိနေပြီး လိုအပ်တာတွေ ဖြည့်စွမ်းပေးတော်မူပါတယ်။  လောကမှာ ကယ်မတာရှိသလို၊ ဘုရားဘုန်းတော် ဝင်းစားပြီး ကယ်ချွတ်တာလည်း ရှိပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဘုရားသခင် အတူရှိနေပြီး ကူမတဲ့အတွက် ငြိမ်သက်ခြင်းနဲ့ စိတ်သက်သာမှုကို အမြဲခံစားရနိုင်ပါတယ်။
by Dr. Elmer Towns

Friday, August 28, 2015

သွေးပေါင်ကျတယ် ဆိုတာ (၁) - Low Blood Pressure (1)

 သွေးပေါင်ကျတယ်ဆိုတာ - What is low blood pressure?

သွေးပေါင်ကျ (hypotension) တာကို လူတွေ စိုးရိမ်တတ်ကြတယ်။ တကယ်တော့ စိုးရိမ်စရာ မရှိပါဘူး။ တချို့က သာမန်ထက် သွေးပေါင်ကျနေတတ်တယ်။ ဒါကတကယ်တော့ သတင်းကောင်းပဲ။ သွေးပေါင်ကျရင် လေဖြတ်နိုင်ချေ၊ နှလုံးရောဂါ ဖြစ်နိုင်ချေ နည်းပါတယ်။ ဒါပေမယ့် သွေးပေါင်ကျတာက တခါတရံ ဒုက္ခပေးတဲ့အတွက် ဆရာဝန် (သို့) သူနာပြုဆရာမကို ပြသသင့်ပါတယ်။

ဘယ်လောက်ဆိုရင် သွေးပေါင်ချိန်ကျသလဲ? What is a low blood pressure reading?
90/60 mmHg နဲ့ သူထက်နဲနေရင် သွေးပေါင်ကျပါတယ်။
တနည်းပြောရရင် -
- အပေါ်က ၉၀ ရှိရင်၊ အောက်က ဘယ်လောက်ရှိရှိ သွေးပေါင်ကျတာ ဖြစ်နိုင်တယ်။
- အောက်က ၆၀ ထက် နဲနေရင်၊ အပေါ် ဘယ်လောက်ရှိရှိ သွေးပေါင်ကျတာ ဖြစ်နိုင်တယ်။

ဘာကြောင့် သွေးပေါင်ကျသလဲ? What causes low blood pressure?
တချို့က နဂိုကတည်းက သွေးပေါင်ချိန် နဲကြတယ်။ ဘာကြောင့်လို မပြောနိုင်ပါဘူး။
တချို့ကျန်းမာရေးအခြေအနေတွေနဲ့ သောက်တဲ့ဆေးတွေကြောင့် သွေးပေါင်ကျနိုင်ပါတယ်။

စိုးရိမ်ရသလား? Is low blood pressure dangerous?
အများအားဖြင့်တော့ စိုးရိမ်စရာ မလိုပါဘူး။ တခါတရံတော့ မူးတာ၊ သတိလစ်တာအထိ ဖြစ်တတ်တယ်။
ပုံမှန်ထက် ဆိုးဆိုးဝါးဝါး သွေးပေါင်ချိန် ရုတ်တရက် ထိုးကျသွားရင် အကြောင်းရင်း တခုခုကြောင့် ဖြစ်တဲ့အတွက် ဆရာဝန် (သို့) သူနာပြုဆရာမကို ပြသသင့်ပါတယ်။

ဘယ်လိုကုမလဲ? How is low blood pressure treated?
သွေးပေါင်ကျတဲ့သူအများစုကတော့ ကုဖို့ မလိုပါဘူး။
ဆရာဝန် (သို့) သူနာပြုဆရာမက ကုဖို့လိုတယ်လို့ ယူဆရင်တော့ သွေးကျရတဲ့အကြောင်းရင်းကို ရှာပါလိမ့်မယ်။ ရှာတွေ့တဲ့အခါ ဘယ်လိုကုမလဲဆိုတာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
http://www.bloodpressureuk.org မှ ပြန်ဆိုပါတယ်။

Tuesday, March 19, 2013

Skin Cancer

Dr. Brian Berry of the United States has found new cancer in human beings, caused by Silver Nitro Oxide. Whenever you buy recharge cards, don’t scratch with your nails, as it contains Silver Nitro Oxide coating and can cause skin cancer. Share this message with your loved ones.
Important Health Tips:
1. Answer phone calls with the left ear.
2. Don't take your medicine with cold water....
3. Don't eat heavy meals after 5pm.
4. Drink more water in the morning, less at night.
5. Best sleeping time is from 10pm to 4 am.
6. Don’t lie down immediately after taking medicine or after meals.
7. When phone's battery is low to last bar, don't answer the phone, bcos the radiation is 1000 times stronger.

Can you Share this to people you care about?
I just did,
Kindness costs nothing
But Knowledge is power.

Silver Nitro Oxide ကြောင့် ဖြစ်ရတဲ့ ကင်ဆာအသစ်တမျိုး တွေ့ရတယ်လို့ သိရပါတယ်။ ပိုက်ဆံဖြည့်ကဒ်တွေကို လက်သည်းနဲ့ မခြစ်ပါနဲ့။ သူ့မှာပါတဲ့ Silver Nitro Oxide ဓါတ်က အရေပြားကင်ဆာ ဖြစ်စေနိုင်ပါတယ်။
အရေးကြီးတဲ့ အချက်ကလေးတွေက .....
၁။ ဖုန်းကို ဘယ်ဖက်နားနဲ့ပဲ နားထောင်ပါ။
၂။ ဆေးကို ရေခဲရေနဲ့ မသောက်ပါနဲ့။
၃။ ညနေ ၅ နာရီနောက်ပိုင်း အစားအစာ များများ မစားပါနဲ့။
၄။ မနက်ပိုင်းမှာ ရေများများသောက်ပါ။ ညနေမှာ လျှော့ သောက်ပါ။
၅။ အကောင်းဆုံးအိပ်ချိန်ဟာ ည ၁၀ နာရီနဲ့ မနက် ၄ နာရီကြား ဖြစ်ပါတယ်။
၆။ အစာစားပြီးခါစနဲ့ ဆေးသောက်ပြီးခါစမှာ ချက်ချင်း လှဲမအိပ်ပါနဲ့။
၇။ ဖုန်းဘက်ထရီ သိပ်အားနည်းနေချိန်မှာ ဖုန်းမပြောပါနဲ့။ radiation ရေဒီယိုလှိုင်း ကြိမ်နှုန်းက အဆ ၁,၀၀၀ ပိုပြင်းထန်လို့ပါ။
*Kindness costs nothing
But Knowledge is power.*
အကြင်နာဆိုတာ ပိုက်ဆံ သိပ်မကုန်ပေမယ့် -
အသိပညာပေးတာကတော့ သိပ်အကျိုးရှိပါတယ်။ 

Sunday, September 9, 2012

သခွါးသီး - Cucumber

Cucumber - သခွါးသီး
  • သခွါးသီး - - -  ကယ်လိုရီလျော့နည်းစေပါတယ်။
  •  အသားအရေစိုပြေစေတယ်။
  • ၀မ်းပျော့စေတယ်။
  • အဆစ်အမြစ်ရောင်တာကို သက်သာစေတယ်။
  • ကိုယ်ခန္ဓာကို သန့်ရှင်းစေတယ်။
  • သွေးတိုးကျစေတယ်။
  • ဆံပင်သန်စေတယ်။
  • ကိုယ်အလေးချိန်လျော့ကျစေတယ်။
  • ရေဓါတ်များစေတယ်။
  • ၀က်ခြံလျော့ပါးစေတယ်။
  • နှာစေးခြင်းနဲ့ - ပျို့အန်ခြင်းကို သက်သာစေတယ်။
  • အစာအိမ်ပြဿနာများကို သက်သာစေတယ်။
  • မျက်စိအညောင်းသက်သာစေတယ်။
  • နွေရာသီမှာ ကိုယ်ခန္ဓာကို အေးမြနေစေတယ်။
  • သွားနဲ့ သွားဖုံးကို ကျန်းမာစေတယ်။

Sunday, July 8, 2012

ကျန်းမာရေးနဲ့ညီအောင် စားသောက်ပါ။ Nature Remedy

Natural Remedy ( သဘာဝကုထုံး )

၁။ ဟင်းသီးဟင်းရွက်နဲ့ကို ပရိုတိန်း (သို့) ကာဗွန်ဟိုက်ဒရိတ်နဲ့ တွဲစားပါ။
၂။ ဂျုံဖြူနဲ့လုပ်တာတွေကို ပရိုတိန်းနဲ့ တွဲမစားပါနဲ့။
၃။ ရေစိမ်၊ အပင်ပေါက် သစ်စေ့များ၊ ရောနှောထားတဲ့ သစ်စေ့များဟာ ပရိုတိန်းကောင်းကောင်း ဖြစ်လာစေပါတယ်။ သိပ်ကောင်းတဲ့ အင်ဇိုင်းရလာစေပါတယ်။
၄။ အသီးချည်း သပ်သပ်စားပါ။ ထောပတ်သီး၊ ခရမ်းချဉ်သီးနဲ့ ပန်းသီးတို့ကတော့ အင်ဇိုင်းနဲ့ ပက်စ်တင် (အနှစ်) ကြောင့် တခြားအသီးအရွက်တွေနဲ့ တွဲမိပုံရပါတယ်။
၅။ ဖရဲသီးကို သူ့ချည်း သပ်သပ်စားပါ။
၆။ အစာ တလုပ်နဲ့ တလုပ်ကြားမှာ ရေနဲနဲ သောက်တာကလွဲလို့ ရေမသောက်ပါနဲ့။
၇။ အစားအသောက်ပြင်ဆင်နေတုန်း မစားမိစေပါနဲ့။ ရေတခွက်သောက်လိုက်ပါ။ ဖရဲရည် ညှစ်ထည့်နိုင်ပါတယ်။ ချက်ပြုတ်နေတုန်း တငုံ၊ တငုံ သောက်နိုင်ပါတယ်။
၈။ တလုပ်စာတိုင်းမှာ ၂၅ ခါ ဝါးပါ။
၉။ သဘာဝအတိုင်း လတ်လတ်ဆတ်ဆတ်ကို စားပါ။
၁၀။ ဂျံုဖြူ၊ သကြားဖြူ၊ အချိုတု၊ စေးပြစ်အောင်လုပ်ထားတဲ့ နို့မှုန့် ဆီများများနဲ့ ကြော်တဲ့ အစားအစာ၊ ကဖင်းန် နဲ့ ပေါင်းအိုးနဲ့ ချက်ပြုတ်တဲ့ အစားအစာတွေ ရှောင်ပါ။
၁၁။ အစာမကြေတတ်ရင် အသီးအရွက်နဲ့ ဆွတ်ပြုတ်ကို ကြေညက်အောင်လုပ်ပြီး စားသောက်ပါ။
၁၂။ အစာကြေစေမယ့် အင်ဇိုင်း၊ သတ္တုဓါတ်နဲ့ Pro-biotics တွေကို စားပါ။
၁၃။ အေးအေးဆေးဆေး စားပါ။ စိတ်ဖိစီးနေခြင်းဟာ အစာကြေချက်မှုကို အကြီးအကျယ် နှောက်ယှက်တဲ့ တရားခံပါပဲ။
၁၄။ ကိုယ်ခန္ဓာက နားဖို့ ပြောလာတဲ့အခါ၊ နားဖြစ်အောင် နားလိုက်ပါ။ စားချိန်၊ နားချိန် ရစ်သမ်မှန်ပါစေ။
၁၅။ လေ့ကျင့်ခန်းလုပ်တာ၊ သက်တောင့်သက်သာ ကိုယ်ဟန် အနေအထားဟာ အစာအိမ် အကြောအချဉ်တွေကို သန်မာစေတဲ့အတွက် နပ်ဗ်ကြောတွေကို အာရုံကြောမကြီးကနေ အစာအိမ်နဲ့ အူလမ်းကြောင်းတွေအထိ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာကြောင့် အစာကြေချက်မှုကို ကောင်းမွန်စေပါတယ်။

Saturday, June 16, 2012

Even Bacteria Get Sick - ဘက်တီးရီးယားတွေလည်း ဖျားကြတယ် .....

`ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာကို ခံရသည်ဟု ငါတို့သိကြ၏။´ - ရောမ ၈း ၂၂

သတင်းကောင်းလို့ ပြောမလားပဲ။ ကျွန်တော်တို့ကို ဖျားနာစေတဲ့ ဘက်တီးရီးယားတွေလည်း ဖျားကြပါသတဲ့။ ဖျားရင်တော့ သူတို့လည်း ဆေးသောက်ကြရမှာပဲလို့ ပြောစရာပေါ့လေ.... အဲဒီ ဘက်တီးရီးယားတွေကို ဖျားစေတဲ့အရာတွေဟာ လူတွေအတွက်  လိုနေတဲ့ ဆေးပါပဲ။

ဘက်တီးရီးယားတွေမှာလည်း ရန်သူဘက်တီးရီးယားတွေ ရှိတယ်ဆိုတာကို ၁၉၂၅ ခုနှစ်မှာ တွေ့ရှိခဲ့ပါတယ်။ ဘက်တီးရီးယားတွေရဲ့ ရန်သူပိုးမွှားတွေအကြောင်း သိပ္ပံပညာရှင်တွေ လေ့လာနေကြတော့ နောင်အခါဆိုရင် ပဋိဇီဝ ပိုးသတ်ဆေးတွေ သိပ်သုံးကြ၊ သောက်ကြရမှာ မဟုတ်တော့ပါဘူး။

 နမိုးနီးယား- အအေးမိရောဂါ၊ တီဘီ အဆုတ်ရောဂါ၊  ၀မ်းရောဂါ နဲ့ ဆုံဆို့နာ ရောဂါတွေကို အပြီးတိုင် ကွယ်ပျောက်သွားဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် အဲဒီလောက် ကောင်းတဲ့ဆေးတော့ မတွေ့ခဲ့ကြသေးပါဘူး။

တခါ ဘက်တီးရီးယားတွေက အကောင်းဆုံးဆိုတဲ့ ဆေးတွေကိုတောင် ဆေးယဉ်လာနေတယ်။ အဲဒါကြောင့် ဘက်တီးရီးယားတွေကို ပြန်စားနေတဲ့ ဘက်တီးရီးယားပိုးတွေကို အဓိကထားပြီး စိတ်ဝင်တစား လေ့လာနေတာ ဖြစ်တယ်။ ဒီပိုးက bacteriophage လို့ ခေါ်တယ်။ သူက ဘက်တီးရီးယားပိုးထဲ ရောက်သွားပြီး သူ့အထဲမှာ ထပ်ပွါးပြီး၊ တနာရီလောက်အကြာမှာ ဘက်တီးရီးယားပိုးကို သတ်ပစ်လိုက်ကာ တခြားပိုးတွေထံ ဆက်ကူးသွားပါတယ်။

စမ်းသပ်ကြည့်တော့ အဲဒီ ဘက်တီးရီးယားစားတဲ့ ပိုးတွေက  ပဋိဇီဝ ပိုးသတ်ဆေးတွေထက် ပိုကောင်းနေပါတယ်။ သူတို့က သက်ရှိဆိုတော့ လူတယောက်ကနေ တယောက် ကူးကြပြီးတော့ ရောဂါပြီးအောင် လုပ်ပေးနိုင်ကြပါတယ်။

ဒီအချက်ကို ကြည့်ရင် လူတွေဟာ ဘုရားသခင် ဖန်ဆင်းထားတဲ့ အရာတွေကနေ ပြန်သင်ယူနေကြရတယ် ဆိုတာပါပဲ။      ။

http://www.creationmoments.com/

Friday, June 15, 2012

Alzheimer’s Disease - အယ်လ်ဇိုင်းမား ရောဂါ

၁၉၉၄- နိုဝင်ဘာလမှာ အမေရိကန်သမ္မတဟောင်း ရော်နယ်လ် ရေဂင်က သူ့မှာ အယ်လ်ဇိုင်းမား ရောဂါရှိနေပြီလို့ ပြည်သူတွေကို အသိပေးစာတစောင် ရေးခဲ့ပါတယ်။ သူ့ဘဝရဲ့ နေဝင်ချိန်လို့ သူခေါ်တဲ့ အဲဒီခရီးကို စတင်လျှောက်လှမ်းပြီး ၁၀ နှစ်အကြာ၊ သူ့အသက် ၉၃ နှစ်အရွယ်၊ ၂၀၀၄ ခု၊ ဇွန်လ ၅ ရက်နေ့မှာ ဆုံးပါးသွားပါတော့တယ်။

သူ့စာထဲမှာ အယ်လ်ဇိုင်းမား ရောဂါကို သူကြောက်တဲ့အကြောင်း၊ ကြုံရတဲ့ အခက်အခဲတွေအကြောင်း ရေးထားပါတယ်။ အခုလို လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုတဲ့အတွက် ဒီရောဂါ ခံစားနေရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ပိုနားလည်လာကြလိမ့်မယ်လို့ သူနဲ့ သူ့ဇနီး နန်စီက မြော်လင့်ပါတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ရဲ့ ၄၀ ယောက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ရော်နယ်လ် ရေဂင်ဟာ အယ်လ်ဇိုင်းမား ရောဂါသည်တွေထဲမှာ နာမည်အကြီးဆုံးသူလို့ ဆိုနိုင်ပါတယ်။ အမေရိကန်ပြည်မှာ လူ ၄.၅ သန်းလောက်ဟာ အဲဒီရောဂါကို ခံစားနေကြရတယ်။ နောက်ထပ် သန်းပေါင်းများစွာလည်း ဒီရောဂါကို နောင်နှစ်တွေမှာ ခံစားရဖွယ် ရှိပါတယ်။

ဆရာဝန်တွေက အယ်လ်ဇိုင်းမား ရောဂါကို ဦးနှောက် တဖြည်းဖြည်း ကမောက်ကမ ဖြစ်လာတဲ့ရောဂါလို့ ဆိုပါတယ်။ မှတ်ဉာဏ်နဲ့ ပင်ကိုယ်စွမ်းရည်တွေကို ထိခိုက်စေပါတယ်။ ဆေးမရှိသေးပါဘူး။ ရောဂါဖြစ်လာရင် နေ့စဉ်ဘဝကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း မဲ့လာပါတယ်။ ဖြစ်စမှာတော့ လူတွေရဲ့ နာမည် (သို့မဟုတ်) ပစ္စည်းထားမိတဲ့ နေရာ စတာတွေကို မေ့လာပါတယ်။

ကြာတော့ ပိုပို မေ့လာပါတယ်။ ကိုယ့်မိသားစုရဲ့ နာမည်ကို မေ့လာတယ်။ ကိုယ်ဘယ်သူလဲဆိုတာ မေ့လာတယ်။ နောက်ဆုံးတော့ ဘာတခုမှ မမှတ်မိတော့ဘူး။ ဒါက သူ့ကိုယ်ခန္ဓာက တခြားအစိတ်အပိုင်းတွေ မသေခင်၊ ဦးနှောက်အရင်သေသွားတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ရင် ဒီရောဂါနဲ့ပဲ သေတော့မှာ ဖြစ်ပေမယ့် မသေခင်နှစ်အတော်ကြာ ဝေဒနာခံစားနေရပါတယ်။

အယ်လ်ဇိုင်းမား ရောဂါဟာ Dementia လို့ခေါ်တဲ့ စိတ်မကျန်းမာမှု (သို့) ချွတ်ယွင်းမှုတမျိုး ဖြစ်ပါတယ်။ Dementia ဆိုတာက နေ့စဉ်လုပ်ဆောင်စရာလေးတွေကိုတောင် စဉ်းစား၊ လုပ်ဆောင်နိုင်စွမ်း မရှိတော့တာ ဖြစ်ပါတယ်။ ဒါက ရောဂါတော့ မဟုတ်ပါဘူး။ ရောဂါကြောင့် ဖြစ်လာတဲ့ လက္ခဏာရပ်တွေသာ ဖြစ်ပါတယ်။

တချို့ Dementia တွေဟာ ကုလို့ ရပါတယ်။ အထူးသဖြင့် အရက်၊ မူးယစ်ဆေး၊ မျက်စိဝေဒနာ၊ နားပြဿနာ၊ နှလုံး (သို့) အဆုတ်ပြဿနာ (သို့) ခေါင်း ထိခိုက် ဒဏ်ရာတွေဆိုရင် ကုလို့ရပါတယ်။ တချို့ Dementia အမျိုးအစားတွေကတော့ ဗစ်တာမင်ဓါတ်တွေ (သို့) ဟော်မုန်းတွေရဲ့ ပါ၀င်နှုန်းကို ညှိညွတ်ပေးရုံနဲ့ ကောင်းသွားနိုင်ပါတယ်။ ဒါပေမယ့် အယ်လ်ဇိုင်းမား ရောဂါဖြစ်သူရဲ့ သေသွားတဲ့ ဦးနှောက် Cells ဆဲလ်တွေကတော့ အစားထိုးလို့ မရနိုင်တော့ပါဘူး။

ရောဂါဖြစ်ရင် စိတ်တိုလာတယ်။ ကြမ်းတမ်းလာတယ်။ အကြောင်းမရှိ သွားလာမယ်။ အသက်ကြီးသူတွေဆိုရင် အိမ်နဲ့ အဝေးကြီးမှာ လျှောက်သွားနေပြီး၊ ဘယ်ကလာလို့၊ ဘယ်ရောက်နေမှန်း မသိတော့ပါ။

အယ်လ်ဇိုင်းမား ရောဂါ တိုးလာပုံက တယောက်နဲ့တယောက် မတူတတ်ပါဘူး။ ဒါပေမယ့် အစပိုင်း ရောဂါ အရိပ်အရောင်တွေက တူပါတယ်။ ကိုယ့်မှာ အပြောင်းအလဲ ရှိလာတွေကို မရိပ်မိတတ်ကြပါဘူး။ တချို့ကတော့ ရိပ်မိပါတယ်။ ဒါကို ဖုန်းကွယ်ဖို့ ကြိုးစားကြပြန်ပါတယ်။

အများစုဖြစ်တတ်တဲ့ အစောပိုင်း လက္ခဏာကတော့ ရေတိုမှတ်ဉာဏ် ဆုံးရှံုးတာဖြစ်ပါတယ်။ ဥပမာ- မနေ့က အဖြစ်အပျက်ကို မေ့တာမျိုးပါ။ သင်ယူဖို့ ခက်လာတယ်။ မှတ်သားဖို့ ခက်လာတယ်။ တဖြည်းဖြည်း စဉ်းစားရတာ ခက်လာတယ်။ ရယ်စရာပြောတဲ့စကားလည်း နားမလည်တော့ပါ။ အချက်အပြုတ်လည်းမရ။ သာမန် အလုပ်ကလေးတခုကိုတောင် မလုပ်တတ်တော့ပါ။

တခြားရောဂါလက္ခဏာကတော့ သာမန်ပြဿနာကလေးတွေကို ဖြေရှင်းရခက်လာမယ်။ ဟင်းအိုးတူးတာတောင် ဘာလုပ်ရမှန်း မသိဖြစ်လာမယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေကို နားမလည်၊ လမ်းလည်း မရှာတတ် ဖြစ်လာမယ်။

ကိုယ်တွေးနေတာ၊ သိနေတာကို ပြန်ပြောပြဖို့ စကားလုံး ရှာရခက်လာမယ်။ နောက်တော့ ရောဂါဖြစ်သူဟာ ပြောင်းလဲလာတယ်။ အေးအေးနေတတ်တဲ့သူက ဆူညံအော်ဟစ်ပြီး၊ ဒေါသကြီးလာတယ်။ စိတ်တိုလာသလို၊ လူတွေကို မယုံတော့ပါဘူး။

ဒီရောဂါဟာ အသက် ၆၅ ကျော်မှ ဖြစ်တတ်တာပါ။ ၅၀ အောက်မှာလည်း ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။ အများစုကို တွေ့ရတာကတော့ အသက် ၈၀ အရွယ်မှာဖြစ်ပါတယ်။

၆၅ နှစ်အရွယ်မှာ ၂ ရာခိုင်နှုန်းလောက်ပဲ တွေ့ရပါတယ်။ အသက် ၈၀ မှာတော့ ၂၀ ရာနှုန်းလောက် တွေ့ရပါတယ်။ အသက် ၉၀ အရွယ်မှာတော့ လူဦးရေ တဝက်လောက်မှာ ရောဂါလက္ခဏာတချို့ တွေ့နေရပါတယ်။ လူမျိုးမရွေး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပို ဖြစ်တတ်ပါတယ်။ ဒါကလည်း အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်တာနဲ့လည်း ဆိုင်ပါတယ်။

အယ်လ်ဇိုင်းမား ရောဂါ ရှိ/ မရှိ စမ်းသပ်ဖို့ရာ မလွယ်ပါဘူး။ ဆရာဝန်က ချို့ယွင်းချက်တွေကို အရင်ရှာရပါတယ်။ တခြားချိုကယွင်းချက်တွေပါ တွေ့လာမှ အယ်လ်ဇိုင်းမား ရောဂါလို့ ယူဆရတာပါ။ အယ်လ်ဇိုင်းမားရောဂါရှိတယ်လို့ အသေအချာ ပြောနိုင်ဖို့ကတော့ သေပြီးနောက် ဦးနှောက်ကို ခွဲစိတ် စစ်ဆေးကြည့်မှသာ ရပါတယ်။

ရောဂါရှိကြောင်း သိနိုင်ပုံတွေတော့ တွေ့လာနေပါပြီ။ ဥပမာတခုအနေနဲ့ - လူ ၆၈ ယောက်ရဲ့ ဦးနှောက်နဲ့ အာရုံကြောမကြီးကို လေ့လာခဲ့ပါတယ်။ ရောဂါလက္ခဏာဖြစ်တဲ့ ပရိုတိန်း ၂၃ မျိုးကိုတွေ့ခဲ့ကြပါတယ်။ ဒီပရိုတိန်း စမ်းသပ်မှုဟာ ၉၀ ရာခိုင်နှုန်း မှန်ကန်နေတယ်လို့ ဆိုပါတယ်။

နောက်တွေ့ရှိချက်တခုကတော့ ရောဂါဖြစ်နေသူတွေမှာ F-D-D-N-P လို့ခေါ်တဲ့ ဓါတ်တမျိုးကို တွေ့ရတာပါပဲ။ အသက်ကြီးသူ အယောက် ၈၀ ရဲ့ ဦးနှောက်ကို ဓါတ်မှန်ရိုက် ပုံဖေါ်ပြီး လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလေ့လာချက်ကတော့ အယ်လ်ဇိုင်းမားနဲ့ သာမန် မှတ်ဉာဏ်လျော့နည်းတဲ့ ပြဿနာတွေရဲ့ ကွာခြားချက်ကို လေ့လာရာမှာ ၉၈ ရာခိုင်းနှုန်း မှန်ကန်တယ်လို့ ဆိုပါတယ်။ လူနာအများကြီးကို အကြိမ်ကြိမ် အထပ်ထပ် လေ့လာကြရဦးမယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါပေမယ့် ဒီနည်းတွေနဲ့ ရောဂါရှိကြောင်း စစ်ဆေးကြည့်နိုင်ပြီဆိုမှ အတတ်နိုင်ဆုံး စောစော ကုသနိုင်မှာ ဖြစ်ပါတယ်။       ။

Tuesday, May 29, 2012

လက်ဆေးပါ - “Importance of Hand Washing”



လက်ဆေးနည်း

လက်ကို ရေနှင့်ဆပ်ပြာဖြင့် ဆေးပါ။ ကူးစက်ရောဂါများကို ကာကွယ်နိုင်သည်။ သန်ကောင်၊ တုတ်ကောင်၊ တုတ်ကွေး၊ အအေးမိ၊ အသဲရောင် အသားဝါ A ၊ ဦးနှောက် အမှေးရောင်နှင့် ကူးစက်တတ်သော ၀မ်းရောဂါများကို တားဆီးပေးနိုင်သည်။

ဘက်တီးရီးယားပိုးကပ်ငြိနေသောလက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိပါက ရောဂါရနိုင်သည်။ တခြားသူများကိုလည်း ကူးစက်စေနိုင်သည်။

အစားအစာပြင်ဆင်ချိန်၊ စားပြီးချိန်နှင့် အိမ်သာအပြန်တို့တွင် လက်ဆေးပါ။ တိရစ္ဆာန်များနှင့် အညစ်အကြေးများကို ကိုင်တွယ်ပြီးသည့်အခါ လက်ဆေးသင့်သည်။ ကလေးကို အညစ်အကြေး သန့်စင်ပေးပြီးသည့်အခါတွင် လက်ဆေးပါ။ ငွေစက္ကူကိုင်ပြီးသည့်အခါနှင့် နှာချေ၊ ချောင်းဆိုးသည့်အခါများတွင် လက်ဆေးဖို့ကောင်းပါသည်။ အိမ်တွင် မကျန်မာသူရှိလျှင်လည်း မကြာခဏ လက်ဆေးဖို့ အရေးကြီးသည်။

လက်အနှံ့ ၁၅ စက္ကန့်ခန့် ပွတ်သပ်ဆေးကြောပါ။ ပွတ်တိုက်မှုနှင့် ဆပ်ပြာတို့ကြောင့် ပိုးမွှားများ ကင်းစင်စေပါသည်။ ပြီးမှ လက်ကို ရေနှင့် ဆေးပြီး အခြောက်ခံပါ။

အများသုံးရေးချိုးခန်းရှိ ရေခလုတ်နှင့် တံခါးလက်ကိုင်တို့ကို ကိုင်တွယ်သည့်အခါတွင်မူ စက္ကူပျော့ကို သုံးပါက လက်ဆေးရ သက်သာစေပါသည်။

( from “ American Mosaic ” – March 2004:  “Importance of Hand Washing” )

Sunday, May 20, 2012

SKIN - အရေပြား


ကြက်ဥတလုံးကို ရေနဲ့ဆေးလိုက်ရင် သဘာဝ အကာအကွယ် ပျက်စီးသွားလို့၊ မကြာခင် ဥပျက်သွားပါတယ်။ လူ့အရေပြားဟာလည်း ကိုယ်ခန္ဓာတခုလုံးအတွက် ဘုရားပေးတဲ့ အကွယ်အကာ တံတိုင်းတမျိုး ဖြစ်ပါတယ်။ အပြင်က ၀င်လာမယ့် အန္တာရယ်ရှိ ဘက်တီးရီးယားတွေနဲ့ တခြားအရာတွေကို ကာကွယ်ပေးပါတယ်။ ထို့အပြင် ကိုယ်ခန္ဓာအတွင်း လိုအပ်တဲ့အရာတွေကိုလည်း ထိန်းထားပေးပါတယ်။

အရေပြားဟာ ကိုယ်ခန္ဓာ အပူအအေးကို ထိန်းပေးပါတယ်။ ပူအိုက်ချိန်မှာ ကိုယ်ခန္ဓာ အေးစေဖို့ အရေပြားမှ ချွေးထုတ်ပေးပါတယ်။ ချမ်းအေးချိန်မှာတော့ အရေပြားရှိ အပေါက်ကလေးတွေကို ကျုံ့သွားစေပြီး၊ ကိုယ်တွင်းအပူဓါတ်ကို ထိန်းထားပေးပါတယ်။

တခြားသော ကိုယ်အင်္ဂါတွေလိုပဲ အရေပြားမှာလည်း ပြဿနာတချို့ ရှိတတ်ပါတယ်။ ဆယ်ကျော်သက် လူငယ်တွေမှာ ဖြစ်တတ်တာက ၀က်ခြံပါ။ ၀က်ခြံဟာ ဟော်မုန်းဓါတ်နဲ့ အရေပြားမှာရှိတဲ့ အဆီကြိတ်ကလေးတွေ သက်ရောက်ပုံတဲ့ အခြေအနေပေါ်မူတည်ပြီး ဖြစ်လာတတ်ပါတယ်။ အရေပြားရှိ အဆီပေါက်ကလေးတွေ ပိတ်သွားရာက ဖြစ်ရပါတယ်။

နောက်တမျိုးက အရေပြား ကင်ဆာပါ။ နေလောင်ဒဏ် ကြာရှည်ခံစားရရင် ဖြစ်တတ်ပါတယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ အချိန်အကြာကြီး အလုပ်မလုပ်သင့်ပါ။ ဦးထုပ်နဲ့ အကျီတွေ ၀တ်ထားဖို့လိုပါတယ်။

နောက်တမျိုးက အသားမာပါ။ ခပ်ခြောက်ခြောက်ရှိပြီး ယားတတ်ပါတယ်။ ဒူး၊ မျက်ခုံးနဲ့ ဦးခေါင်းတွေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားစနစ်က အရေပြားဆဲလ်များ အလွန်အကျွံထုတ်လုပ်ရာမှ ဖြစ်ရတယ်လို့ ဆိုပါတယ်။

နှင်းခူဖြစ်ရင်တော့ အရေပြားကို ခြောက်သွေ့စေတဲ့ ဆပ်ပြာကို မသုံးရပါဘူး။ ရေကလည်း အရေပြားကို ခြောက်သွေ့စေလို့ နှင်းခူကို ပိုဆိုးစေပါတယ်။ ဒါကြောင့် နှင်းခူဟာ ကိုယ်အပူချိန် အပြောင်းအလဲ၊ စိတ်အခြေအနေတို့နဲ့လည်း သက်ဆိုင်နေပါတယ်။

တချို့ အရေပြားပြဿနာတွေက ကိုယ်ခန္ဓာကို ဒုက္ခမပေးတတ်ပါ။ ဒါပေမယ့် အရေပြားမျက်နှာပြင်ကို ထိခိုက်တဲ့အတွက် စိတ်ခံစားမှုကို ဒုက္ခပေးနိုင်ပါတယ်။

ဥပမာ - ဗစ်တစ်လစ်ဂိုး ( Vitiligo ) ဆိုတာ အရောင်ဆဲလ်တွေ ပျက်စီးသွားတဲ့ ရောဂါပါ။ ဒီရောဂါက အရေပြားကို အရောင် လုံးဝ ပျောက်သွားစေပါတယ်။ တကိုယ်လုံး ဖြူနေမယ်။ ဆံပင်တွေကိုလည်း ဖြူသွားစေနိုင်ပါတယ်။ တကွက်၊ နှစ်ကွက်၊ (သို့မဟုတ်) ကိုယ်တခြမ်း၊ တကိုယ်လုံး စသဖြင့် ဖြူနေတတ်ပါတယ်။ ကမ္ဘာတဝှန်းမှာ ဗစ်တစ်လစ်ဂိုး ( Vitiligo ) အရောင်ပျက် ဝေဒနာရှင် သန်း ၅၀ ခန့် ရှိပါတယ်။ လူမျိုးမရွေး၊ ကျား/မ မရွေး ဖြစ်တတ်ပါတယ်။

ဒီရောဂါ ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ကိုယ်ခံအားစနစ်နဲ့ ဆိုင်မယ်လို့ ယူဆကြပါတယ်။ ဒီရောဂါဖြစ်တဲ့သူဟာ အရေပြား အရောင်ပျက်သွားတဲ့အတွက် စိတ်ထိခိုက်ရမှာပါ။ ဒါကို နားလည်သူတိုင်က စာနာ အားပေးသင့်ပါတယ်။          ။
From: American Mosaic – March, 2004.

Monday, April 9, 2012

နှလုံးရောဂါ Heart Attack

နှလုံးရောဂါ၊ နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ ခြားနားပုံ

  နှလုံးရောဂါ Heart Attack
နှလုံးထဲကို သွေးစီးဆင်းမှု နဲပါးတာ ကြာရှည်လာတဲ့အခါ နဲ့ ရပ်တံ့သွားတဲ့အခါ နှလုံးရောဂါ ဖြစ်လာပါတယ်။ အောက်စီဂျင် ပြတ်တာဟာ နှလုံးကို ပျက်စီးစေပြီး၊ သေစေနိုင်ပါတယ်။
 

နှလုံးရပ်ခြင်း Cardiac Arrest
ရုတ်တရက် နှလုံးအခုန်ရပ်တဲ့အခါ ဖြစ်တာပါ။ နှလုံးသွေးကြောထဲကို သွေးနဲ့ အောက်စီဂျင် မဝင်တဲ့အခါ ဖြစ်တာပါ။ 


လေဖြတ်ခြင်း Stroke
ဦးနှောက်ထဲ သွေးစီးဆင်းမှု ပိတ်ဆို့သွားတဲ့အခါ ဖြစ်ပါတယ်။ ဦးနှောက်သွေးကြောများထဲမှ သွေးနဲ့ အဟာရ မစီးဆင်းတာ ကြာတဲ့အခါ ဖြစ်တာပါ။လေဖြတ်ပြီး မီးနစ်ပိုင်း အတွင်းမှာ ဦးနှောက်သွေးကြောတွေ သေစပြုပါတယ်။

Wednesday, November 17, 2010

Depression စိတ်ဖိစီးမှု

စိတ်ဖိစီးမှုရဲ့ လက္ခဏာရပ်များ

  ၁။ အပြုအမူ နှေးလွန်းခြင်း (သို့) သွက်လွန်းခြင်း (Hyper activity)

  ၂။ ဒေါသထွက်လွယ်၊ စိတ်ဆိုးလွယ်ခြင်း။

  ၃။ စိုရိမ်းလွန်ကဲ၊ ကြောက်ရွံ့တတ်ခြင်း။ ဆူညံသံ၊  ရုတ်တရက် ပြေးလွှားအော်ဟစ်ခြင်း၊ အသေးအမွှား ကိစ္စများကိုပင် သည်းမခံနိုင်ခြင်း။  စိုးရိမ်ခြင်းဟာ သွေးလှည့်ပတ်မှု၊ နှလုံး၊ အကြိတ်များ၊  အာရုံကြောများ ထိခိုက်စေတယ်။ ကိုယ်ခန္ဒာကို  အဆိပ်အတောက်များ ဖြန့်ကျက်စေတယ်။  အကြိတ်များ ဖြစ်ပေါ်စေတယ်။ သွေးပြွန်ကြောများ တောင့်မာစေပြီး၊   နှလုံးအားနည်းစေတယ်။ လူကို အမြန် အိုစာလာစေတယ်။ 

  ၄။ သွေးပေါင်ချိန်တက်ခြင်း/ ကျခြင်း။

  ၅။ စားချင်စိတ် အာသီသ ပျက်ခြင်း/ အစား လွန်ကဲခြင်း။

  ၆။ ရှင်းပြ၍ မရသော ကိုယ်ခန္ဓာ ဝေဒနာများ ဖြစ်ပေါ်တတ်ခြင်း။

-          ခေါင်းကိုက်၊ ဗိုက်နာ၊ ကျောနာ၊ နှလုံးခုန်မြန်ခြင်း/ မူမမှန်ခြင်း။မူးဝေခြင်း၊ ဓမ္မတာ ခက်ခဲခြင်း။

၇။ အိပ်စက်မှု ပုံမှန်မဖြစ်ခြင်း။

-          အိပ်မရ၊ အိပ်မက်အလွန်မက်ခြင်း၊ အိပ်မက်ဆိုး၊ အိပ်စက်မှု မူမမှန်မှု မျိုးစုံ။

  ၈။ သာမန် အပျော်အပါးနှင့် သွားလာလှုပ်ရှားမှုများကိုပင် စိတ်မဝင်းစားတော့ခြင်း။

  ၉။ မြော်လင့်ချက်မဲ့လာ၊ စိတ်ပျက် အားငယ် ငိုချင်လာခြင်း။

  ၁၀။ ကာမဂုဏ် စိတ်မဝင်စားခြင်း။

  ၁၁။ အာရုံစူးစိုက်မရခြင်း၊ မေ့တတ်လာခြင်း။ ဆုတောင်း၊ကျမ်းစာဖတ်ဖို့ပင်  အာရုံမစိုက်နိုင်ခြင်း။

  ၁၂။ တန်ဖိုးမဲ့သလို ခံစားရပြီး၊ ကိုယ့်အပြစ်၊ကိုယ့်အားနည်းမှုများကိုသာ  အမြဲတွေးနေတတ်ခြင်း။

  ၁၃။ ဘုရားသခင်နှင့် ဝေးနေသလို ခံစားရခြင်း။

လက်တွေ့ကျင့်သုံးရန် Practical pointer

  ၁။ ငြင်းတတ်ဖို့ သင်ယူလေ့ကျင့်ပါ။ Learn to say "No". တခုခုလုပ်ဖို့ တောင်းဆိုလာရင် ပြန်မဖြေခင် အရင်စဉ်းစားပါ။ ဘုရားအလိုတော်လား။ သူတပါး စိတ်ကြေနပ်အောင် လိုက်လျောနေတာလား။

  ၂။ ကိုယ်စား ခိုင်းလိုက်ပါ။ Practice delegating. အရာရာကို ကိုယ်လုပ်မှ ပြီးတယ်လို့ မထင်ပါနဲ့။

  ၃။ စုံလင်ဖို့ မကြိုးစားပါနဲ့။ - Stop striving for perfection. တချို့အလုပ်တွေက အရမ်းကြိုးစားဖို့ မတန်ဘူး။ ကိုယ်က လူပဲ။

  ၄။ တချို့ မြော်လင့်ချက်တွေကို လျှော့ချပါ။ Reduce your expectations of others.

တခြားသူတွေကို အားမရ ဖြစ်မနေပါနဲ့။ ကိုယ်က ဘုရားမဟုတ်ဘူး။ ဘုရားသခင်ရဲ့ လက်ထောက်လည်း မဟုတ်ဘူး။ သူတို့လည်း လူတွေပါ။ မစုံလင်ဘူး။ ခွင့်လွှတ် နားလည်ပေးဖို့ လိုပါတယ်။

  ၅။ ကျန်းမာရေးကို ဂရုစိုက်ပါ။ Take care of your health. အစားအသောက် ဂရုစိုက်ပါ။ လေ့ကျင့်ခန်း နေ့တိုင်းလုပ်ပါ။ (လမ်းလျှောက်တာဟာ ကိုယ်ရော၊ စိတ်ပါ ကျန်းမာစေတယ်။) လိုအပ်ရင် ဆရာဝန်ထံ ပြသပါ။ လူကြီးတွေဟာ တနေ့ အိပ်ချိန် ဂနာရီ မှ ၉နာရီ အထိ ရှိသင့်တယ်။

  ၆။ တပတ်မှာ တရက်တော့ ဥပုဒ်နေ့လိုပဲ နားလိုက်ပါ။  တနေ့တည်းမှာပဲ နည်းနည်း နည်းနည်း အချိန်ယူ နားတတ်ပါစေ။ ကျမ်းစာဖတ်၊ အသီးဖျော်ရည်သောက်၊ သီချင်းတပိုဒ်လောက် ညည်းကြည့်ပါ။ ကြည်နူးစရာ ပုံပြင်၊ ဖြစ်ရပ်မှန် ဇာတ်လမ်းကလေးတွေ ဖတ်ပါ။ ခဏလည်စရာ နေရာတခုကို ရှာပါ။ ပန်းပင်စိုက်ပါ။ ခိုးအိပ်တတ်ပါစေ။ နာမည်ကြီး ကျမ်းစာဆရာ Dr. Warren W. Wiersbe က "တခါတလေ ကိုယ်အလုပ်နိုင်ဆုံး ဘုရားတရားအလုပ် Spiritual work ဟာ တရေး အိပ်ခြင်းဖြစ်နေတတ်တယ်" လို့ ဆိုပါတယ်။ ကိုယ်တရေး အိပ်လို့ ကမ္ဘာကြီး ပျက်းစီးမသွားဘူး။ ဘုရားသခင် ထိန်းချုပ်ပေးနေဆဲပါ။

  ရ။ စိုးရိမ်ခြင်းရှိသမျှကို ဘုရားသခင်ထံ အပ်နှံပါ။ သခင်ယေရှုက "ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကို တင်၍ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။" မဿဲ ၁၁: ၂၈- ၃၀။

စိတ်ဖိစီးမှုဟာ နှလုံးရောဂါပြီးရင် ကမ္ဘာမှာ ဒုတိယအဖြစ် အများဆုံးရောဂါပါ။ ကျမ်းစာထဲက လူကောင်းတွေလည်း စိတ်ဖိစီးမှု ခံစားခဲ့ကြရတယ်။ ဥပမာ- ဒါဝိဒ်မင်း။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ၆ ဆ ပိုတွေ့ရပါတယ်။ အမျိုးသမီးတိုင်းလိုလို အပျော့စား စိတ်ဖိစီးမှု(Mild depression) ကြုံရတတ်တယ်။ သားသည်အမေတွေမှာတော့ Baby Blues ဆိုတဲ့ သွေးနုသားနု သွေးလေ ချောက်ခြားတာ ခံစားရတတ်ပါတယ်။ ဒါက မကြာခင် ပြန်ပျောက်တတ်တယ်။  

ဆာလံကျမ်းကိုဖတ်ရှုခြင်းဟာ ဘုရားသဘာဝ၊ ဘုရားသဘော၊ ဘုရားဂုဏ်တော်၊ ဘုရားသစ္စာ၊ ဘုရားမေတ္တာ၊ ဘုရားရဲ့ အတူရှိနေခြင်းတွေကို နားလည်လာစေပါတယ်။ "အို- ငါ့ဝိညာဉ်၊ သင်သည် အဘယ့်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ့်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မြော်လင့်လျှက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ငါ ချီးမွှမ်းထောပနာ ပြုရလေအံ့သတည်း။" ဆာလံ ၄၂: ၁၁။  - - - - who is the HEALTH of my Countenance and my God.  ("ငါ့ ရုပ်ရည်ကို ကျန်းမာစေတဲ့ ဘုရားသခင်" လို့ ဆိုလိုပါတယ်။)  

အစားအစာနဲ့ အာနိသင်

The functions and Foods of Vitamins and Minerals 

Vitamins ဗိုက်တာမင်များ

Vitamin A = အဖျားအနာကို ခုခံပေးသည်။ အရိုး၊သွား၊ဆံပင်၊ လက်သည်း၊ အရေဖျားတို့ကို အားဖြစ်စေသည်။ မျက်စိကြည်စေသည်။ (မုန်လာဥ၊ အစိမ်းရောင်နှင့် အဝါရောင် ဟင်းရွက်များ၊ ဥများ၊ အာလူးအချိုနှင့် နို့ထွက်ပစ္စည်းများတွင် ပါဝင်သည်။)

Vitamin B1 = ဦးနှောက်၊ မျက်စိ၊ ဆံပင်နှင့် နှလုံးကို အားတိုးစေသည်။ ပိုးမွှားကိုက်ခြင်းကို သက်သာစေသည်။ အစာကြေစေသည်။ (ဝက်သား၊ အသီးအနှံများ၊ နေကြာစေ့နှင့် ပဲစေ့ ပဲတောင့်များတွင် ပါဝင်သည်။)

Vitamin B2 = အသားမျှင် Tissue များကို ကြီးထွားရန် အားပေးသည်။ အရေပြား၊ လက်သည်းနှင့် ဆံပင်ကို ကျန်းမာစေသည်။ (မှိုများ၊ နို့၊ အသား၊ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များတွင် ပါသည်။)

Vitamin B3 = ကိုယ်စိတ် နှစ်ပါး ကျန်းမာစေသည်။ ခေါင်းကိုက်ခြင်းကို လျှော့ပါးစေသည်။ (အစိမ်းရောင် ဟင်းရွက်များ၊ အစေ့အနှံများ၊ ပဲတောင့်များ၊ ဥများ၊ ငါးနှင့် အသားတို့ တွင် ပါဝင်သည်။)

Vitamin B6 = ပရိုတိန်းပါသော အစာများကို အမိုင်နို အက်စစ် (Amino) အဖြစ် ပြောင်းလဲစေသည်။ အစာကြေစေသည်။ အကြောတက်ခြင်း၊ အကြောဆွဲခြင်းကို လျှော့ပါးစေသည်။ (ပျားရည်၊ တဆေး၊ ပဲဖတ်၊ အာလူး၊ ဟင်းရွက်စိမ်းများနှင့် ငါးတို့တွင် ပါဝင်သည်။)

Vitamin C = အဖျားအနာ ကာကွယ်သည်။ အရိုး၊သွား၊ သွားဖုံးတို့ကို သန်မာစေသည်။ သွေးသန့်စေသည်။ (ငရုတ်ကောင်း အချို၊အနီ၊ အစိမ်း၊ လိမ်မော်၊ရှောက် - - စသည့် အသီးများ၊ ခရမ်းချဉ်သီး၊ အာလူး၊ ဟင်းရွက်စိမ်းတို့တွင် ပါသည်။)

Vitamin D = အရိုးနှင့် သွားတို့ကို ခိုင်မာကြီးထွားစေသည်။ သွေးလှည့်ပတ်မှုကို ကူညီသည်။ အအေးမိခြင်းကို Vitamin A နှင့် C တို့ဖြင့် ပူးပေါင်း ကာကွယ်ပေးသည်။ (နို့၊ Tuna ငါး၊ Salmon ငါး၊ ငါးကြီးဆီ၊ ဥများနှင့် ထောပတ်တို့တွင် ပါသည်။)

Vitamin E = အနာကျက်စေသည်။ သွေးအားကောင်းစေသည်။ အဆုတ်ကို ကာကွယ်သည်။ (ဟင်းရွက်စိမ်းများ အာလူး၊ နို့၊ ပဲ တို့တွင် ပါသည်။)

 Vitamin K = သွေးခဲစေသည်။ ဒဏ်ရာ အနာကျက်စေသည်။ (အစေ့အနှံများ၊ ဟင်းရွက်စိမ်းများ၊ အသည်း၊ ဥများနှင့် အာလူးတို့တွင် ပါသည်။)

Minerals သတ္တုဓါတ်များ

Iron (သံဓါတ်) = အဆုတ်နှင့် ကြွက်သားမျှင်များသို့ အောက်စီဂျင် ပို့ပေးသည်။ ကယ်လ်စီယမ်နှင့် ကြေးဓါတ် Copper ကို ခန္ဓာကိုယ်မှ စုတ်ယူရန် ကူညီသည်။ (ဟင်းနုနွယ်၊ အသားများ၊ ချယ်ရီသီး၊ အစေ့အနှံနှင့် အသီးခြောက်များတွင် ပါသည်။)

Calcium (ကယ်လ်စီယမ်) = အရိုးနှင့် သွားတို့ကို တိုးပွါးစေသည်။ နှလုံးကြွက်သားများကို အလုပ်လုပ် လုပ်ဆောင်ရန် ကူညီသည်။ (အစေ့အနှံများ၊ ဟင်းရွက်စိမ်းများနှင့် နို့ထွက်ပစ္စည်းတို့တွင် ပါသည်။)

Magnesium (မဂ္ဂနီစီယမ်)
= အာရုံကြောကို တည်ငြိမ်စေသည်။ အိပ်ပျော်စေသည်။ အစာကြေစေသည်။ အရိုးနှင့် သွားတို့ကို သန်မာစေသည်။ (အစေ့အနှံငယ်များ၊ ထောပတ်သီး၊ ဟင်းရွက်စိမ်း၊ အခွံမာသီးများ၊ စပျစ်သီး၊ ဘယ်ရီသီး( အစေ့ပါသော အရည်ရွန်းသီးများ) တွင်ပါသည်။)

Zinc (သွပ်) = အရိုးနှင့် သွားတို့ကို တိုးပွါးစေသည်။ ဆံပင် အားကောင်းစေသည်။ ရွှေဖရုံစေ့၊ အစေ့အနှံငယ်များ၊ အသည်း၊ ပဲစေ့၊ ပဲတောင့်၊ အကြေးခွံပါသောငါးတို့တွင် ပါသည်။)

Vitamins နှင့် Minerals တို့၏ ကွာခြားချက်


Vitamins တို့သည် ကိုယ်ခန္ဓာတွင် နဲနဲသာလိုသည့် ပုံစံရှိ အရာများ ဖြစ်သည်။ အသက်ရှင်ရန် မရှိမဖြစ် လိုသည်။ ကိုယ်ခန္ဓာထဲ၌ အတုဖန်တီး၍ မရနိုင်ပါ။

Minerals (သတ္တုဓါတ်များ) သည် သဘာဝထဲရှိ ပုံမဲ့အရာများ ဖြစ်သည်။ ကိုယ်ခန္ဓာရှိ အသားမျှင် Tissue များနှင့် အရည်များကို ဖြစ်ေစေသည်။ Tissue များနှင့် အရည်များက Vitamins ၊ ဟိုမုန်း၊ အင်ဇိုင်းတို့နှင့် ပူးတွဲ အလုပ်လုပ်ကြသည်။
# သင့်တော်သော အစာကိုစားပါ။ Vitamin များလျှင် အန္တရာယ်ရှိသည်။
 

Acid, Neutral, Alkaline အက်စစ်၊ အယ်လ်ကာလိုင်း၊ ကြားနေ

ACID Foods အက်စစ်                    NEUTRAL Foods  ကြားနေ          ALKALINE Foods အယ်ကာလိုင်း
All fried foods အကြော်စာ            Apples ပန်းသီး                                Asparagus, Alfalfa ကညွတ်
 Aspirin အကိုက်အခဲပျောက်ဆေး      Apricots တရုတ်ဇီးသီး                    Blackberries
Beef အမဲသား                                  Bananas  ငှက်ပျောသီး                   Broccoli ပန်းဂေါ်ဖီစိမ်း
Beer ဘီယာ                                     Beans   ပဲတောင့်များ                      Cantaloupe သခွါးမွှေးသီး
Butter ထောပတ်                             Blueberries                                   Celery တရုပ်နံနံ
Candy သကြားလုံး                           Buckwheat                                 Cinnamon သစ်ကြံပိုးခေါက်
Cheese ဒိန်ခဲ                              Cauliflower ပန်းဂေါ်ဖီ          Coffee substitutes ကော်ဖီအစားထိုး Chocolate, Cocoa ချောကလက်၊ကိုကိုး၊    Cherries ချယ်ရီ                   Endive. Garlic ကြက်သွန်ဖြူ
Coffee ကော်ဖီ                                 Dates စွံပလွန်သီး                            Grapefruit ဂရိတ်ဖရုသီး
Corn, Cranberries ပြောင်း၊ဘယ်ရီအနီ Eggplants ခရမ်းသီး       Horseradish သင်္ဘောဒန့်သလွန်
Ginger ဂျင်း                                      Eggs ဥများ                             Kale, Kohlrabi ရွက်လိပ်ဂေါ်ဖီ
Ham ဝက်သားခြောက်                     Flaxseed oil ကြိတ်ဆီ                    Lentils ပဲတမျိုး
Jam, jelly ယို၊ ဂျယ်လီ                    Figs သဖန်းသီး                        Lemons, Limes ရှောက်၊သံပုရာ
Ice Cream ရေခဲမုန့်                         Fish ငါး                                           Mangoes သရက်သီး Lobster ပုဇွန်ထုပ်                         Goat cheese ဆိတ်နို့ခဲ                   Mineral water ဓါတ်ဆားရည်
Macaroni ကြာဇံ                              Grapes စပျစ်သီး                            Molasses သကာရည်
Mayonnaise အချဉ်ရည်တမျိုး         Honey ပျားရည်                          Mustard greens မုန်ညှင်းရွက်
Milk နို့                                              Honeydew သခွါးသီး                     Nectarines မက်မွန်သီး
Mussels ဂုံးအမည်း                        Lettuce ဆလပ်ရွက်               Nuts, not roasted သစ်စေ့အစိမ်း
Nuts, roasted သစ်စေ့လှော်           Maple Syrup သကြားသီးရည်         Okra ရုံပတီသီး
Oatmeal လူး၊ဆပ်                            Olive oil သံလွင်ဆီ                        Onions ကြက်သွန်နီ
Oils (Hydrogenated) ဆီ                Oranges လိမ္မော်သီး                       Papayas သင်္ဘောသီး
Pies & pastry သစ်သီးမုန့်                 Peaches မက်မွန်သီး                      Parsley ဟင်းမွှေးရွက်
Peas, Pork  ပဲ၊ ဝက်သား                    Pears သစ်တော်သီး                      Peppers ငရုတ်ကောင်း
Prunes ဇီးသီးခြောက်                         Pineapple နာနတ်သီး                  Potatoes အာလူး
Rice, Rye bread ဆန်၊ ဆန်မုန့်          Plums ဇီးသီး                               Radish မုန်လာဥ
Sauces အချဉ်ရည်                              pumpkin ဖရုံသီး                        Raspberries
Scallops, Shrimp ဂုံး၊ပုဇွန်ဆိတ်       Raisins စပျစ်သီးခြောက်             Sauerkraut မုန်လာ-ဂေါ်ဖီ
Soybeans ပဲပိစပ်                              Rice (Wild, Brown) ဆန်လုံးညို     Sea salt ရိုးရိုးဆား
Soy milk ပဲနို့ရည်                           Strawberries စထရော်ဘယ်ရီသီး   Sweet potatoes ကန်စွန်းဥ
Spaghetti နန်းကြီး၊မြီးရှည်                Turkey ကြက်ဆင်                        Tangerines ပျားလိမ္မော်
Sugar သကြား                                                                                        Tumips
Vanilla နံ့သာပု                                                                                       Watermelon ဖရဲသီး
Veal နွားကလေးသား                                                                              Yams မျောက်ဥ
Vinegar ရှာလကာရည်                                                                           Yogurt ဒိန်ချဉ်

Antibiotics are also acidic as are artificial sweeteners. ပိုးသတ်ဆေးဝါးနှင့် သကြားအစားထိုး အချိုတုများသည် အက်စစ်ဖြစ်သည်။