Showing posts with label Sermon. Show all posts
Showing posts with label Sermon. Show all posts

Sunday, April 24, 2022

Spiritual or Carnal? ဝိညာဉ်လား၊ ဇာတိလား?


Dr. Jeff Fugate

Spiritual or Carnal?

by Dr. Jeff Fugate

Pastor, Clays Mill Baptist Church, Nicolasvillee, Kentucky

ဘုရားစိတ်တော်နဲ့ တွေ့ချင်တဲ့ စိတ်မျိုးရှိကြဖို့ ဆုတောင်းပေးပါတယ်။ ဘုရားက ပြုပြင်၊ လမ်းပြတဲ့ အခါ နားထောင်တတ်ဖို့ လိုတယ်။ ပြုပြင်၊ သွန်သင်တာကို မကြိုက်တာက အထဲက မိုက်မဲတဲ့ ဇာတိသဘောကြောင့် ဖြစ်ရတယ်။ ကိုယ့်အမှားကို ထောက်ပြတာ ကြားရင် အထဲက ပုန်ကန်ချင်တဲ့ စိတ်ကလည်း ထလာတတ်တယ်။ ပုန်ကန်ချင်တဲ့ စိတ်သဘောကို လက်ဝါးကားတိုင်မှာ ရိုက်ထားဖို့ လိုတယ်။ ဝိညာဉ်လူတွေ ဖြစ်ဖို့ ဘုရားသခင် မ-စပါစေ။
ဇာတိကို အခွင့်ပေးရင်း ကျင့်သားရမှာ စိုးရတယ်။ ဆိုရှယ်မီဒီယာကလည်း ဇာတိစိတ်ကို အားပေးနေတာ စိုးရိမ်စရာ ကောင်းတယ်။
"အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့်မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ ကလေးသူငယ်တို့အား၎င်း ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဖွယ်စားဖွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ။ နို့ကိုသာ တိုက်ရ၏။ ယခုပင် သင်တို့သည် မကြေနိုင်ကြသေး။ ယခုပင်လည်း ဇာတိပကတိလူ ဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိသည်ဖြစ်၍ သင်တို့သည် ဇာတိပကတိလူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။ တယောက်က ငါသည် ပေါလုတပည့်ဖြစ်သည်ဟူ၍၎င်း၊ တယောက်က ငါသည် အာပေါလု တပည့်ဖြစ်၏ ဟူ၍၎င်း အသီးသီးပြောကြလျှင် ဇာတိပကတိလူ ဖြစ်ကြသည် မဟုတ်လော။" ၁ ကော ၃: ၁- ၄
သခင်ယေရှုခရစ်ကို ကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ် လက်ခံသူတိုင်းဟာ Saved sinners ကယ်တင်ခြင်းခံရတဲ့ အပြစ်သားတွေ ဖြစ်တယ်။ တခါတလေ ကယ်တင်ခြင်းကို နားလည်လွဲတတ်တယ်။
"အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။ " - ရောမ ၅: ၁၂။
လူဆိုးတွေ ကောင်းလာဖို့အတွက် ကယ်တင်ခြင်းရဖို့လိုတယ် လို့ တချို့ ထင်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ ကယ်တင်ခြင်းက သူ့ကို ကောင်းအောင် လုပ်ပေးတာကိုး။ ဒါပေမယ့် ကယ်တင်ခြင်းဆိုတာ အဲဒါကို ပြောတာ မဟုတ်ဘူး။ လူအားလုံးက မွေးကတည်းက အပြစ်သားပါ။ အပြစ်လုပ်လို့ အပြစ်သား ဖြစ်တာ မဟုတ်ဘူး။ အပြစ်သားမို့ အပြစ်လုပ်မိတာပါ။ လူ့သဘာဝက အပြစ်လုပ်ချင်တယ်။ ကယ်တင်ခြင်းက ဘုရားက လက်ခံတယ်။ ဘုရားသားဖြစ်တယ်။ ဘုရားကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်။ ဒါပေမယ့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရပေမယ့်လည်း အပြစ်သားပဲ။
ရှင်ပေါလုက အပြစ်သားတွေထဲမှာ သူ အကြီးဆုံးဖြစ်ခဲ့ဖူးတယ်လို့ မပြောဘူး။ "အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏" လို့ပဲ ပြောတယ်။ - ၁ တိ ၁: ၁၅။
ဟေရှာယက ငါအကျိုးနည်းခဲ့ဖူးတယ် လို့ မပြောဘဲ၊ "ငါ အကျိုးနည်းပြီ" လို့ ပြောတယ်။ ဟေရှာယ ၆: ၅။
ပေတရုက ကျွန်တော် အပြစ်များခဲ့ဖူးတယ် လို့ ပြောတာ မဟုတ်ဘဲ၊ "အကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။" လို့ ပြောတယ်။ လုကာ ၅: ၈။
သားတော်ဘုရားမပါဘဲ ဘုရားသခင်ရှေ့မှာ ကျွန်တော်တို့ ကောင်းကွက် တကွက်မှ မရှိဘူး။ ဒါကို နားလည်ရင် ဘုရားသခင်က ဘယ်လို၊ ဘာတွေ လုပ်ပေးတယ် ဆိုတာ သိပြီး ကျေးဇူးတော် ချီးမွမ်းလာလိမ့်မယ်။ ကိုယ်က ဘာ၊ ဘာတွေ လုပ်နိုင်တယ် ဆိုတဲ့ မာနတွေ ထားမှာ မဟုတ်ဘူး။ ကယ်တင်ခြင်းရလို့ ဝမ်းသာတယ်။ ဒါပေမယ့် ဘယ်လိုလူဖြစ်လို့၊ ဘာတွေလုပ်လို့ ဆိုပြီး ကယ်တင်ခြင်း ရတာ မဟုတ်ဘူး။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းရတယ်။ မထိုက်တန်တာကို ဘုရား ပေးတယ်။ ကျေးဇူးနဲ့ သနားကရုဏာကို ပေးတယ်။ ဆိုလိုတာက ထိုက်တန်လို့ မဟုတ်ဘူး။ သနားလို့ ပေးတာ။
ကျွန်တော်တို့ကိုယ်စား ကာရာနီ လက်ဝါးကားတိုင်မှာ ကိုယ်စားအသေခံပေးတယ်။ တခါတလေ ကျွန်တော်တို့ အလုပ်ချိန်မှာ တခြားတယောက်က အလုပ် ဝင်ဆင်းပေးတာမျိုး။ သူတပါးအတွက် အလုပ်ဝင်လုပ်ပေးရတာမျိုး ရှိတတ်တယ်။ သခင်ယေရှုက ကျွန်တော်တို့ ကိုယ်စား ဝင်လုပ်ပေးရုံမျှမက လုပ်ခ အကျိုးအမြတ်ကိုလည်း ကျွန်တော်တို့ကို ပေးတယ်။ လူတွေရဲ့အပြစ်အတွက် ကားတိုင်မှာ ပေးဆပ်တယ်။ ပြီးမှ အကျိုးရလာဒ်ကို ကျွန်တော်တို့ကို ခံစားစေတယ်။ ကျွန်တော်တို့က ဘယ်လိုလူ၊ ဘယ်လိုဖြစ်လို့ ကယ်တင်ခြင်းရတာမျိုး မဟုတ်ဘူး။ ကျေးဇူးပြုတယ်၊ သနားလို့ ကယ်တယ်။ အခုတော့ ကောင်းကင်ဘုံ ရှင်ဘုရင်ရဲ့ သားသမီး ဖြစ်ခွင့်ရတယ်။
ကျွန်တော်တို့ ရောက်နိုင်တဲ့ နေရာ ၃ နေရာ ရှိတယ်။
၁။ ဒုတိယ မွေးခြင်း မခံရသေးဘူး။ လက်ဆောင်ဖြစ်တဲ့ ထာဝရအသက်ကို လက်မခံရသေးဘူး။ သခင်ယေရှုကို ကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ်နဲ့ အားမကိုးရသေးဘူး။ ပျောက်ဆုံးနေတဲ့သူ၊ အကျိုးနည်းနေတဲ့သူ၊ မာရ်နတ်အတွက် ပြင်ထားတဲ့ မရဏာနိုင်ငံကို ဆင်းရမယ့်သူ ဖြစ်နေတယ်။
၂။ ကယ်တင်ခြင်းရပြီ။ ဒါပေမယ့် ဇာတိလူ ဖြစ်နေတယ်။ ကယ်တင်ခြင်းရပေမယ့် ဝိညာဉ်လူ မဖြစ်သေးဘူး။ တချို့က ဇာတိလူ ဖြစ်နေတယ်။ ဘုရားကတော့ ဝိညာဉ်သဘော ရှိစေချင်တယ်။ ဇာတိခရစ်ယာန် မဖြစ်စေချင်ဘူး။
၃။ ကယ်တင်ခြင်း ရပြီ၊ ဝိညာဉ်လူလည်း ဖြစ်ပြီ။ သန့်ရှင်းသော ဝိညာဉ်တော်က လူ့စိတ်ထဲမှာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် ဘုရားသားဖြစ်ဖို့ ဝိညာဉ်တော်အားဖြင့် လှုပ်ရှားစေတယ်။ သခင်ယေရှုရဲ့ အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်တယ်။ ဝိညာဉ်တော်က နေစရာ မရှိလို့ လာနေတာမျိုး မဟုတ်ဘူး။ အထဲမှာ အလုပ်လုပ်ဖို့ လာနေတယ်။ Save ကယ်တင်ရုံသာ မဟုတ်ဘူး။ Seal တံဆိပ်ခတ်တယ်။ Secure လုံခြုံမှုလည်း ပေးတယ်။ သန့်ရှင်းစင်ကြယ်စေတယ်။ အဓိပ္ပါယ်က လောကအညစ်အကြေးထဲက ခွဲထုတ်ထားတယ်။ သူနဲ့ တူစေချင်တယ်။
၁ ကော ၃: ၁၆ မှာ ဇာတိခရစ်ယာန်တွေကို မေးခွန်းတခု မေးထားတယ်။ "သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။"
တနည်းပြောရရင် ကျွန်တော်တို့က ဘုရားသခင် ကျိန်းဝပ်ဖို့ ဆောက်ထားတဲ့ အိမ်ဖြစ်တယ်။ ကယ်တင်ခြင်းရပြီ။ ဝိညာဉ်တော် ကျိန်းဝပ်နေပြီ။ ဝိညာဉ်တော် ကျိန်းဝပ်ရခြင်း အကြောင်းရင်း ရည်ရွယ်ချက် ရှိတယ်။ ခရစ်တော်နဲ့ ပိုတူလာဖို့ အသက်တာကို ပြုပြင်ပေးဖို့ ဖြစ်တယ်။ ဝိညာဉ်လူဖြစ်ဖို့ ဝိညာဉ်တော်က ကူညီနိုင်တယ်။ ကယ်တင်ခြင်းရတာနဲ့ ဝိညာဉ်လူ တန်းမဖြစ်ဘူး။ ဝိညာဉ်တော် ကျိန်းဝပ်ပြီးတော့မှ ဝိညာဉ်သဘောရှိတဲ့ ခရစ်ယာန်တွေ ဖြစ်ဖို့  အစွမ်းသတ္တိပေးတယ်။ ဝိညာဉ်လူ ဖြစ်ချင်စိတ် ရှိရမယ်။ ဝိညာဉ်တော်ရဲ့ အလိုကို လက်ခံတတ်ရမယ်။ နားထောင်ရင် ဝိညာဉ်လူ ဖြစ်မယ်လို့ ကျမ်းစာက သွန်သင်တယ်။
ဝိညာဉ်သဘောရှိတဲ့ ခရစ်ယာန်က အနည်းဆုံး အလုပ် ၂ ခု လုပ်တယ်။ ပထမအချက်က ဝိညာဉ်တော် ဦးဆောင်မှုကို လိုက်နာတယ်။ ဒါက (နတ်ပူးသလို) ကတုန်ကရင် ဖြစ်လာတယ်လို့ ပြောတာ မဟုတ်ဘူး။ ဝိညာဉ်တော်ရဲ့ ဓါးဟာ နှုတ်ကပတ်တော် ဖြစ်တယ်။ ဝိညာဉ်တော်ရဲ့  ဦးဆောင်မှုကို ခံယူရင် ကျမ်းစာအတိုင်း လုပ်ချင်လာတယ်။ ဝိညာဉ်လူ ဖြစ်လာတယ်။ ကျမ်းစာက မလုပ်နဲ့ဆိုရင် မလုပ်ဘူး။ ကျမ်းစာအတိုင်း အသက်ရှင်ချင်လာတယ်။ ဝိညာဉ်သဘောရှိသူဟာ ခရစ်တော်ရဲ့ စိတ်သဘောရှိသူ ဖြစ်တယ်။ ခရစ်တော်လို စဉ်းစားတယ်။ နေ့တိုင်း ဆုံးဖြတ်စရာတွေကို ခရစ်တော်လို တွေးလာတယ်။ အိမ်ထောင်ရေးမှာ၊ အိမ်ထောင် ဦးဆောင်တဲ့အခါ၊ သားသမီး ထိန်းကျောင်းတဲ့အခါ၊ အသင်းတော် တာဝန်တွေ လုပ်ဆောင်တဲ့အခါ၊ အလုပ်ထဲမှာ တာဝန်ထမ်းရွက်ရတဲ့အခါ ခရစ်တော်လို တွေးလာတယ်။ ဝိညာဉ်တော် ဦးဆောင်မှုကို လိုက်လျှောက်လာတယ်။ အပြစ်သားဘဝကနေ ကယ်တင်ခြင်းရဖို့ ဘုရားသွေးဆောင်နေတာမျိုး မဟုတ်ဘူး။ ကယ်တင်ခြင်းရပြီး ဇာတိလူကနေ ကယ်တင်ခြင်းရပြီးတဲ့ ဝိညာဉ်လူ ဖြစ်စေချင်တယ်။
သူနဲ့ပါတ်သက်တဲ့ အရေးကြီးတဲ့အချက် ၆ ချက် ရှိတယ်။
၁။ ခရစ်တော်နဲ့ အသွေးတော်ကို ယုံကြည်ခြင်းဖြင့် ဘုရားသားသမီး ဖြစ်ရတယ်။ အထဲမှာ ဝိညာဉ်တော် ကျိန်းဝပ်လာတယ်။
၂။ ဝိညာဉ်လူဖြစ်ဖို့ သန့်ရှင်းသော ဝိညာဉ်တော်က အစွမ်းပေးတယ်။
၃။ ဘုရားသခင်က ဝိညာဉ်လူ ဖြစ်စေချင်တယ်။
၄။ ဝိညာဉ်လူဖြစ်ဖို့ ပထမအချက်က အပြစ်သားဖြစ်တယ်၊ ဆက်ပြီးတော့ အပြစ်သား ဖြစ်နေဦးမယ်။ ဒါပေမယ့် ဘုရားကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရတယ်လို့ နားလည်ရမယ်။
ကျွန်တော်ဆိုရင် ဘုရားကျောင်း အသိုင်းအဝိုင်းမှာပဲ တသက်လုံး ကျင်လည်ခဲ့တယ်။ ဒါပေမယ့် ဘုရားက ကျွန်တော့အပေါ်မှာ အလုပ်လုပ်နေတုန်းပဲ။ ကိုယ်တော်နဲ့ မတူမချင်း ကျွန်တော့အပေါ်မှာ ဘုရား ဆက်အလုပ်လုပ်နေမယ်။
၅။ ဝိညာဉ်လူဖြစ်ဖို့ မလွယ်ဘူး။ ပုံမှန် ရုန်းကန်ရတယ်။ ဒီအချက်ကို စဉ်းစားကြည့်ဖို့ လိုတယ်။ တခါတလေ ပြောမိမယ်။ "ငါ စိတ်ပျက်လာပြီ။ အမြဲတမ်း ရုန်းကန်နေရတယ်။ မှန်တာလုပ်ဖို့၊ ကောင်းတာ လုပ်ဖို့၊ ဝိညာဉ်သဘောရှိဖို့ တချိန်လုံး ကြိုးစားနေရတယ်။" လို့ ပြောမိမယ်။ အဲဒီလိုမျိုး ရှင်ပေါလုလည်း ကြုံခဲ့ရတယ်။ သူ့အထဲမှာရှိတဲ့ မကောင်းတဲ့စိတ်နဲ့ ကောင်းတာလုပ်ချင်တဲ့ စိတ်အကြောင်းကို ပြောပြတယ်။ ကောင်းတာလုပ်ချင်ပေမယ့် မလုပ်ဖြစ်ဘူးလို့ ခဏခဏ ‌ပြောတယ်။ "ထိုသို့ကောင်းသောအကျင့်ကို ငါ ကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။ သို့သော်လည်း ငါ့ကိုယ်အဂ်ါများ၌ ရှိသောတရားတပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြန်တွန်းလှန်သဖြင့် ငါ့ကိုယ်အဂ်ါများ၌ရှိသော အပြစ်တရားလက်သို့  ငါ့ကို ဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။" - ရောမ ၇: ၂၁၊ ၂၃။
ဘုရားအမှုတော်ဆောင်ချင်သူတွေလည်း ရှင်ပေတရုလို ဖြစ်တတ်တယ်။ ခရစ်တော်အတွက် အသက်ပေးချင်စိတ် ရှိပေမယ့် နောက်လမှာ တနာရီတောင် အချိန်ယူ ဆုတောင်းဖို့ မလုပ်နိုင်တော့ဘူး။ ဘုရားအမှုဆောင်ချင်ပေမယ့် တခါတလေ ကိုယ့်အခြေအနေမှာ ကြေနပ်နေတယ်။ ဒီလိုရုန်းကန်ရတာ ကိုယ်တယောက်တည်းတော့ မဟုတ်ဘူး။ ခရစ်တော်နဲ့ တူချင်သူတိုင်း အားလုံး ရုန်းကန်ရတယ်။ ဘာကြောင့်လဲဆိုတော့ အထဲမှာ လူဟောင်းရှိနေတယ်။ အပြစ်လုပ်တဲ့သဘောကို ကားတိုင်မှာ ရိုက်ထားဖို့ လိုတယ်။ ဆာလံဆရာက "အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မယ်။ နိုးသောအခါ ပုံသဏ္ဍန်တော်အားဖြင့် အကျွန်ုပ်ကို ပြည့်စုံရပါလိမ့်မည်။" - ဆာလံ ၁၇: ၁၅။
"ကိုယ်မဖြစ်နိုင်တာကို ကြိုးစားနေရတာ မောပြီ။ ဒါကြောင့် ကိုယ်နေတတ်သလိုပဲ နေတော့မယ်" လို့  တချို့ ပြောကြတယ်။ ဒါက ဘာနဲ့တူလဲ ဆိုတော့ "လေးလမ်းသွား လမ်းမပေါ်မှာ တနာရီ ၅၅ မိုင်နှုန်းနဲ့ မောင်းနေတာ မောပြီ။ တနာရီ မိုင် ၉၀ နှုန်းနဲ့ မောင်းချင်တယ်" လို့ ပြောတာနဲ့ တူတယ်။ အဲဒီလိုမောင်းရင် အဖမ်းခံရမှာပေါ့။ တချို့အမျိုးသမီးတွေ ပြောတတ်တယ်။ "ကျွန်မ ဒီအဝတ်အစားတွေ ဝတ်ပြီးတော့ Standard နဲ့အညီ နေရတာ၊ ကြာတော့လည်း ကိုယ့်စိတ်နဲ့ကိုယ် မဟုတ်ဘူး" လို့  ပြောကြတယ်။ မှန်ပါတယ်။ အဲဒါ ခင်ဗျားစိတ် မဟုတ်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ် နေချင်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဘုရားသားသမီးဖြစ်တယ်။ ကိုယ့်စိတ်ကို လက်ဝါးကားတိုင်မှာ ရိုက်ထားရမယ်။
ရှင်ပေါလုက "အကြောင်းမူကား ငါသည် ကိုယ်ကျင့်သောအကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကို မကျင့်။ ရွံ့ရှာဖွယ်သော အကျင့်ကို ကျင့်၏။" - ရောမ ၇: ၁၅။
တချိန်တုန်းက ရေဒီယို အင်တာဗျူးတခု ဖြေရတယ်။ စစ်တပ်ထဲက လိင်တူကိစ္စ ဖြစ်တယ်။ မေးတဲ့အမျိုးသမီးက "သူတို့က မွေးကတည်းက အဲလို မွေးလာတာ မဟုတ်ဘူးလား" လို့ မေးတယ်။ မွေးကတည်းက စိတ်တိုတတ်၊ ဒေါသထွက်တတ်သူတွေ ရှိတယ်။ ရန်ဖြစ်ကြရင် သူတို့က အဲလို မွေးလာတာပဲ လို့ ပြောရင် ပညာမဲ့တာပေါ့။
ခရစ်ယာန်တယောက်က "ငါ ဒီလို ဟန်ဆောင်နေရတာ မောပြီ။ အဲဒီတော့ လူဟောင်းအတိုင်းပဲ အသက်ရှင်မယ်" လို့  ပြောရင် ဒါဟာ ပညာမဲ့တာပါ။ ကျမ်းစာက ပြောတယ်။ ဇာတိသဘောဟာ သေခြင်းတရား ဖြစ်တယ်။ ဝိညာဉ်လူအဖြစ် အသက်ရှင်ဖို့ ရုန်းကန်ရတယ်။ ဒီလို ရုန်းကန်ရတာ ဘယ်တော့မှ ပြီးမလဲ? သေမှပဲ ပြီးမယ်။ သေရင်တော့ ခရစ်တော်နဲ့တူတဲ့ ခရစ်ယာန် ဖြစ်ရပြီ။
တချို့လည်း ကျမ်းစာကို ဦးထိပ်ထားတဲ့ Fundamental ဖန်ဒမင်တဲလ် အသင်းတော်ထဲက ထွက်ပြီး Walmark အသင်းတော်တွေ၊ 7/11 အသင်းတော်တွေမှာ ပါဝင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအသင်းတော်တွေက သူတို့ကို ဘာဖိအားမှ မပေးဘူး။ ကယ်တင်ခြင်းရပေမယ့် ဇာတိသဘောနဲ့ အသက်ရှင်နေတယ်။ အများစုက performer လို့ခေါ်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေတယ်။ တချို့က စနေည ဘားတွေမှာ တူရိယာ တီးခတ် ဖျော်ဖြေတယ်။ နောက်တနေ့ တနဂ်နွေနေ့မှာ တော့ ဘုရားကျောင်းမှာ တူရိယာ တီးခတ်ပြန်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွမ်းကျင်တဲ့ ဂီတပညာရှင်တွေ ဖြစ်လို့ပါ။ ဝိညာဉ်လူဖြစ်ဖို့ ရုန်းကန်ရတယ်။ ကြိုးတော့ကြိုးစားပေမယ့် မအောင်မြင်ဘူးလို့ ပြောတတ်ကြတယ်။ ရှင်ပေါလုလည်း ဒီလိုပဲ ပြောတယ်။ ဒါပေမယ့် ပြန်ကြိုးစားတယ်။ "ဟန်ဆောင်နေရတာ ပင်ပန်းတယ်။ အဲဒိုလို မနေချင်ဘူး" လို့  မပြောပါနဲ့။ ကိုယ်ဘယ်သူလဲ ဆိုတာ အရေးမကြီးဘူး။ ကိုယ်နေချင်သလို နေဖို့ မဟုတ်ဘူး။ ကိုယ်နေချင်သလို မနေဘဲ ထိန်းချုပ်တာကမှ Character ကိုယ့်ကျင့်တရားပါ။ မှန်တဲ့အရာ၊ လုပ်သင့်တာကို လုပ်တာဟာ Character ကိုယ်ကျင့်တရားပါ။ ရိုးသားမှုဆိုတာ ကိုယ်လုပ်သင့်တာ၊ မှန်တဲ့အရာကို တလောကလုံးက ကြည့်-ကြည့်၊ မကြည့်-ကြည့်၊ လုပ်တာမျိုး ဖြစ်တယ်။ မှန်လို့၊ လုပ်ဖို့လိုလို့ လုပ်ရတာပါ။
၆။ ဝိညာဉ်လူဖြစ်ဖို့ တိုက်တွန်းချင်တယ်။ ခရစ်တော် တွေးသလို တွေးဖို့ လိုတယ်။ "ခရစ်တော်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌ ရှိစေကြလော့။" - ဖိလိပ္ပိ ၂: ၅။ ဝိညာဉ်လူဆိုတာ ဘယ်လိုလူလဲ? ဘုရားခိုင်းရင် ကိုယ်ကြိုက်-ကြိုက်၊ မကြိုက်-ကြိုက် လုပ်တဲ့သူပါ။ အလိုတော်ကို ဆောင်တယ်။ တခါတလေ ကိုယ်မကြိုက်တာ လုပ်ရတာလည်း ရှိမယ်။ ဝိညာဉ်သဘောရှိတယ် ဆိုတာ ကိုယ်လုပ်ချင်တာတွေ နေ့တိုင်းလုပ်တာ မဟုတ်ဘူး။ ဝိညာဉ်သဘောက ဘုရားခိုင်းတာ လုပ်တယ်။ ဒါကို ရှင်ပေါလုက "ပြုအပ်သော ဝတ်" လို့ ပြောတယ်။ - ရောမ ၁၂: ၁။
တချိန်က မာနတ်ရဲ့ မရဏာနိုင်ငံ သွားမယ့် လမ်းကြောင်းပေါ်မှာ ရှိခဲ့တယ်။ ဒါပေမယ့် ဘုရားသားတော်က ကားတိုင် အသေခံပြီး အပြစ်ကြွေး ဆပ်တယ်။ အခု ကောင်းကင်ဘုံရှင် ဘုရားသခင်ရဲ့ သားသမီး ဖြစ်ရတယ်။ ကိုယ့်နာမည်လည်း သိုးသူငယ်ရဲ့ အသက်စာစောင်မှာ ရေးပေးထားပြီ။ အခုအချိန်မှာ သခင်ယေရှုခရစ်တော်ရဲ့ အမွေခံဖြစ်တယ်။ ကောင်းကင်ဘုံမှာ နေစရာ အခန်းရပြီ။ ဘုရားအလိုတော်အတိုင်း လုပ်မယ်လို့ ပြောတတ်ဖို့ လိုတယ်။ ဝိညာဉ်သဘောရှိသူက ဘုရား ဘာလုပ်ပေးခဲ့တယ်၊ နေ့တိုင်း ဘာဆက်လုပ်ပေးနေတယ် ဆိုတာ ရိပ်မိတယ်။ ဝိညာဉ်သဘောရှိသူက ဘုရားစိတ်တော်နဲ့ တွေ့ချင်စိတ် ရှိတယ်။ ဇာတိလူက သူလုပ်ခဲ့တဲ့ အမှားတွေအတွက် စိတ်မကောင်းဖြစ်တယ်။ ဝိညာဉ်လူကလည်း ဒီအချက်ကို ရိပ်မိတယ်။ "ငါသည် ငြိုငြင်သောသူ ဖြစ်ပါသည်တကား။" လို့ ရှင်ပေါလုက ဆိုတယ်။ - ရောမ ၇: ၂၄။
ဇာတိလူက သူလုပ်ခဲ့တဲ့ အမှားတွေအတွက် စိတ်မကောင်းဖြစ်တယ်။ ဝိညာဉ်လူကတော့ သူ့အမှားတွေအတွက် ထိခိုက်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်း ဖြစ်နေတယ်။ "ကိုယ်တော်၊ အဲဒီလူတွေနဲ့  ပေါင်းမိတာ မှားသွားပြီ၊ သူတို့နဲ့ မပေါင်းသင့်ဘူး" လို့  သူ ဆုမတောင်းဘူး။ ဝိညာဉ်လူက "ကျွန်တော် မှားခဲ့တယ်" လို့ပဲ ပြောတယ်။ ဇာတိလူကတော့ သူ့ကိုယ်သူ လူကောင်းတယောက်လို စိတ်ထဲ ခံစားချင်စိတ်တွေ ပေါ်နေတယ်။ ဝိညာဉ်လူကတော့ သူကိုယ်တိုင်ဟာ အပြစ်သားဖြစ်နေသေးတယ်။ ခရစ်တော်နဲ့ တူချင်တယ်။ ဇာတိလူကတော့ လူ့အမြင်မှာ အနေသာချင်တယ်။ အကောင်းဖြစ်စေချင်တယ်။ ဝိညာဉ်လူက ဘုရားသခင်ရှေ့မှာ မျက်နှာသာ ရချင်တယ်။
"အို ဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့  အကျွန်ုပ် လိုက်သည်၊ မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။" - ဆာလံ ၁၃၉: ၂၃၊ ၂၄။
ဇာတိလူက ကောင်းဖို့ ကြိုးစားတယ်။ ဝိညာဉ်လူက နားလည်ဖို့ ကြိုးစားတယ်။ သူဖြစ်သင့်သလောက် မဖြစ်သေးဘူးဆိုတာ သိဖို့ ကြိုးစားတယ်။ ရှေ့ဆက် ကြိုးစားနေတုန်းပဲ။
လူက ပရောဖက်ရှင်နယ် ဂေါက်သီးရိုက်သမားတယောက် ဖြစ်ချင်တဲ့အခါ အကောင်းဆုံး ‌ဂေါက်သီးရိုက်သမားလို ဖြစ်ချင်တယ်။ ပရောဖက်ရှင်နယ် ဘတ်စကက်ဘောသမားတယောက် ဖြစ်ချင်တဲ့အခါ အကောင်းဆုံး ‌ဘတ်စကက်ဘောသမားနဲ့ တူချင်တယ်။ သန်းကြွယ်သူဌေးဖြစ်ချင်ရင် သန်းကြွယ်သူဌေးတွေအကြောင်း ဖတ်လာတယ်။ လူတယောက်က ခရစ်ယာန်ဖြစ်ချင်ချိန်မှာတော့ ဘာကြောင့် လမ်းဘေးကလူထက် နဲနဲပဲသာတဲ့လူ ဖြစ်ချင်ရတာလဲ?
ကျွန်တော် ကောလိပ်ကျောင်းတက်တုန်းက မိုက်ကယ်လ် ဂျော်ဒန်ဟာ အကောင်းဆုံး ဘတ်စကက်ဘော ကစားသမားပါ။ သူစီးတဲ့ ရှူးဖိနပ်မျိုး ဝယ်စီးဖူးတယ်။ ဘာကြောင့်ဝယ်လဲဆိုတော့ အဲဒီဖိနပ်က သူနဲ့လိုက်တာ ကျွန်တော် တွေ့လို့ပါ။ ကျွန်တော်လည်း အကောင်းဆုံး ဘတ်စကက်ဘော ကစားသမား ဖြစ်ချင်တဲ့ ဆန္ဒလည်း ရှိတယ်။ ဒါပေမယ့် ဖိနပ်က ကျွန်တော့ကို မကူညီနိုင်ဘူး။ ခရစ်တော်နဲ့ တူချင်လည်း ဒီလိုပါပဲ။
ဇာတိလူက အပြစ်ကို မြင်တယ်။ ဝိညာဉ်လူက အပြစ်လုပ်စေတဲ့ အကြောင်းရင်း ဗီဇကို မြင်တယ်။ ဇာတိလူက အောင်မြင်ချင်တယ်။ ပန်းတိုင်ရောက်ချင်တယ်။ ဝိညာဉ်လူကတော့ ပန်းတိုင်ကို ပြေးနေတုန်းပဲ။
"ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သော ဆုကို ရခြင်းငှါ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။" - ဖိလိပ္ပိ ၃: ၁၄။
ဇာတိလူက သူ့ကို သူတပါးနဲ့ နှိုင်းယှဉ်တယ်။ သူများထက် ပိုကောင်းတဲ့အလုပ်တွေ လုပ်ဖို့ စဉ်းစားတယ်။ ဝိညာဉ်လူကတော့ သူ့ကိုယ်သူပဲ နှိုင်းယှဉ်တယ်။ ခရစ်တော်နဲ့ ပိုတူချင်လာတယ်။ ဇာတိလူက တခြားသူတွေကို ဝေဖန်တယ်။ ဝိညာဉ်လူကတော့ တခြားလူတွေ ဝိညာဉ်ရေးကြီးထွားလာရင် သဘောကျတယ်။ အသိအမှတ်ပြုတယ်။ ဇာတိလူက ပန်းတိုင်ကို ဦးထိပ်ထားပြီး သူ့ဘာသာသူ ကြိုးစားတယ်။ ဝိညာဉ်လူကတော့ ဘုရားကို ဦးထိပ်ထားပြီး ဝိညာဉ်သဘောနဲ့ အသက်ရှင်တယ်။ ဘုရားကျောင်းသွားပြီး "ဆရာ၊ သိသမျှ ကျွန်တော်တို့ကို အကုန်သင်ပါ။ လိုက်လျှောက်မယ်" လို့  ဆိုတယ်။
ဇာတိလူက သူ့လိုအပ်ချက်ရယ်နဲ့ သူချစ်တဲ့လူတွေရဲ့ လိုအပ်ချက်အတွက်ပဲ အစေစားခံတယ်။ အဓိက ထားတယ်။ ဝိညာဉ်လူကတော့ ခရစ်တော်ရဲ့ မေတ္တာနဲ့ သူမသိတဲ့ တခြားလူတွေရဲ့ လိုအပ်ချက်တွေအတွက် အစေစားခံတယ်။ ဇာတိလူက သူ့မိသားစု ကယ်တင်ခြင်းရတာ မြင်ချင်တယ်။ စိတ်လှုပ်ရှားမယ်။ သူ့မိဘတွေ။ ညီအကိုမောင်နှမ၊ မိတ်ဆွေတွေ Born again ဖြစ်တာ၊ ဘုရားသားဖြစ်တာ မြင်ချင်မယ်။ ဝိညာဉ်လူကတော့ သူ့မြို့ကလူရှိသမျှ၊ ပြည်နယ်တိုင်းက၊ နိုင်ငံတိုင်းက သူမသိတဲ့ လူအားလုံးကို ကယ်တင်ခြင်း ရစေချင်တယ်။ ဇာတိလူက သူ ကောင်းကောင်းလုပ်တဲ့အခါ ဆုရချင်တယ်။ သူနဲ့ထိုက်တန်တဲ့အရာကို လိုချင်တယ်။ ဝိညာဉ်လူကတော့ သူထိုက်တန်တာထက် ဘုရားသခင်က သူ့ကို ပေးပြီးသားဆိုတာ ရိပ်မိတယ်။ ဇာတိလူက သူ့ကို ဦးဆောင်တဲ့သူတွေကို စိတ်ဝင်စားတယ်။ ဝိညာဉ်လူကတော့ ခရစ်တော်နဲ့တူဖို့ စိတ်ဝင်စားတယ်။ ဒါကြောင့် ခရစ်တော်နဲ့တူတဲ့သူတွေရဲ့နောက်ကိုသာ လိုက်လျှောက်တယ်။ ဇာတိလူက သူ့နောက်မှာ ဘယ်သူတွေရှိသလဲလို့ ကြည့်တယ်။ ဝိညာဉ်လူကတော့ သူ့ရှေ့မှာ ဘယ်သူတွေ ရှိသလဲ? ဘာတွေ သင်ယူလို့ရသလဲ လို့ ကြည့်တယ်။
ဇာတိလူက သူ့ကို စိတ်တို၊ ဒေါသထွက်အောင် လုပ်တဲ့သူကို မြင်တယ်။ ဝိညာဉ်လူကတော့ သူ့ကို မကောင်းကြံတဲ့လူရဲ့ နောက်မှာရှိတဲ့ မာနတ်ကို သတိထားမိတယ်။ ဝိညာဉ်လူက ဒါဟာ ဝိညာဉ်ရေး စစ်ပွဲဖြစ်တယ်။ မာနတ်က ခရစ်တော်ရဲ့ စိတ်မျိုး မရှိဘဲ လုပ်နေတယ် လို့  သတိထားမိတယ်။ ဇာတိလူကတော့ သူ့အပြစ်ကို ခွင့်လွှတ်စေချင်တယ်။ ဝိညာဉ်လူကတော့ သူ့ကို ရှုံးနိမ့်စေတဲ့ အဲဒီအပြစ်တွေနဲ့ ဘယ်လိုဝေးဝေးနေမလဲ ရှာကြံတယ်။ ဝိညာဉ်လူက သူ့ကိုယ်သူ ပြည့်စုံတယ်လို့ မထင်ဘူး။ ခရစ်တော်နဲ့ပဲ တူချင်နေတယ်။ သူ့အပြစ်အတွက် နောင်တရတယ်။ နေ့တိုင်း ဘုရားသခင်ရှေ့မှာ ဆေးကြောဖို့ တောင်းခံတယ်။ သန့်ရှင်းစေတယ်။
အထောက်အကူပြုမယ့် အချက် ၄ ချက် ရှိပါတယ်။
၁။ ဘုရားသခင်နဲ့ အတူ လျှောက်လှမ်းရမယ်။ နှုတ်ကပတ်တော် နေ့တိုင် ဖတ်ရမယ်။ ဒါမှ ခရစ်တော်ရဲ့ စိတ်သဘောနဲ့ တူလာမယ်။ ကျမ်းစာမဖတ်ဘဲ ခရစ်တော်ရဲ့ စိတ်သဘောမျိုး ရှိမလာဘူး။ ဆုတောင်းတယ်ဆိုတာ ဘုရားသခင်နဲ့ စကားပြောရုံမျှသာ မဟုတ်ဘူး။ ရှေ့တော်မှောက် တိုးဝင်ပြီးတော့ ကျွန်တော်တို့မှာ ဘာလိုသလဲလို့ ဘုရားသခင်ကို မေးတယ်။ ကျွန်တော်တို့ စိတ်နှလုံးကို ဘုရားသခင် စကားပြောစေတယ်။
၂။ အမှုတော်မှာ ပါဝင်ပါ။ တခြားသူတွေကို ကူညီဖို့ ဘုရားအမှုတော်မှာ ပါဝင်ဖို့ လိုတယ်။
၃။ ဇာတိလူကို စံမတင်ပါနဲ့။ အတုမယူနဲ့။ ချောက်ကမ်းပါးမှာ ရပ်တာ ပျော်စရာ မဟုတ်ဘူး။ ဆံပင်တွေ စည်းကျော်ပြီး လွင့်နေတာ မကောင်းဘူး။ အဝတ်အစားတွေ စည်းကျော်ပြီး လွင့်နေတာ ပျော်စရာ မဟုတ်ဘူး။ အပြုအမူတွေကလည်း စည်းကျော်ပြီး အသက်ရှင်နေတာ မကောင်းဘူး။ စကားတွေလည်း ဘောင်ကျော် ပြောနေတာ မှန်တဲ့ကိစ္စ မဟုတ်ဘူး။ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ အေးဆေးပါ လို့ပြောလို့ မရဘူး။ ဒါဟာ ပုန်ကန်တာပါ။ စည်းဘောင်ကျော်သူတွေနဲ့ အတူတွဲလို့ မရဘူး။
ဇာတိသဘောရှိတဲ့သူက ကိုယ့်ကို ဦးဆောင်တာမျိုး၊ နည်းပေးလမ်းပြ လုပ်တာမျိုး မဖြစ်သင့်ဘူး။ ဝိညာဉ်သဘောရှိတဲ့သူက ဘုရားအလိုတော်အတိုင်းပဲ သွားချင်တယ်။ လူတချို့ လုပ်တတ်တယ်။ သူတို့ ဘာလုပ်သင့်တယ် ဆိုတာကို တခြားသူတွေက မပြောပြကြလို့  ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ရတယ် လို့ ပြောကြတယ်။ ဒါပေမယ့် သူ့တို့သဘောကျ လုပ်လိုက်ရလို့ မှားသွားတယ်လို့  ပြောပြတာသာ ဖြစ်တယ်။ ဒါက သိပ်မှား၊ သိပ်မိုက်ရာ ကျတယ်။ "ဘာလုပ်ရမယ်လို့ ဘယ်သူမှ မပြောဘူးလေ။ ဘယ်ဆရာကမှ မပြောကြဘူး။ အဲတော့ ကျွန်တော် လုပ်ချင်သလိုပဲ လုပ်လိုက်တယ်။" အဲဒီလို ပြောသူတွေ သန်းနဲ့ချီပြီး ရှိတယ်။ အဲလိုလူတွေ ပြုပြင်ဖို့ လိုတယ်။ ကိုယ်သဘောနဲ့ကိုယ် နေသူတွေကို ဘယ်သူမှ လာပြုပြင်မပေးဘူး။ လူတွေဟာ ကိုယ်မြင်တဲ့အရာတွေကို ပုံတူ ကော်ပီလုပ်ပြီး အသက်ရှင်ကြတယ်။
၄။ ဆက်လက်ရုန်းကန်ပါ။ ဒီတိုက်ပွဲမှာ ဆက်လက်ရပ်တည်ဖို့ လိုတယ်။ ခရစ်တော်နဲ့ မတူမချင်း ကြေနပ်နေလို့ မရဘူး။ ရှေ့ဆက်ကြိုးစားရမယ်။ ရှေ့ဆက်အလုပ် လုပ်ရဦးမယ်။ ကိုယ်အောင်မြင်ချင်သလောက် မအောင်မြင်တဲ့ အချိန်တွေ၊ ရှုံးနိမ့်သွားတဲ့ အချိန်တွေလည်း ရှိမယ်။ အဲဒီအချိန်မျိုးတွေမှာ "ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ် လဲသော်လည်း ထဦးမည်။" - သုတ္တံ ၂၄: ၁၆ ကို သတိရပါ။ ကိုယ်က ဇာတိလူ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် "ကြိုးစားရတာ မောပြီ။ ပင်ပန်းပြီ။ ကိုယ်မဟုတ်တဲ့ လူမျိုးဖြစ်အောင်လုပ်ရတာ ပင်ပန်းပြီ" လို့  ပြောတတ်တယ်။ ကိုယ်မဟုတ်တဲ့ လူမျိုးဖြစ်အောင် ကြိုးစားပါ။ ခရစ်တော်နဲ့ တူအောင် ကြိုးစားပါ။

Saturday, February 10, 2018

Two Lost Sons - ပျောက်သောသား ၂ ယောက်

ပျောက်သောသား နှစ်ယောက်
Two Lost Sons
by Ray Baker
(2018, January 21, Y.P Service  တွင် ဟောပြောသော တရားဖြစ်ပါသည်။)
ပျောက်သားသားကို  prodigal son လို့ ခေါ်ပါတယ်။ အင်္ဂလိပ် စကားမှာ prodigal ကို သိပ်သုံးလေ့ မရှိဘူး။ ပျောက်သောသား ဥပမာကို ပြောမှပဲ သုံးကြတဲ့အတွက်၊ အင်္ဂလိပ်စကား ပြောနေသူတွေပင် အဲဒီစကားရဲ့ အဓိပ္ပါယ်ကို သိပ်မသိကြဘူး။ prodigal  ရဲ့ အဓိပ္ပါယ်က wasteful အသုံးအဖြုန်းကြီးတာပါ။ ဒီဥပမာမှာ အသုံးအဖြုန်းကြီးတဲ့သားအကြောင်းပဲ သင်ခန်းစာယူတတ်ကြတယ်လို့ ထင်ပါတယ်။ တကယ်တော့ ကိုယ့်မေတ္တာနဲ့ ခွင့်လွှတ်ခြင်းကို မနှမြောဘဲ ဖြုန်းနေတဲ့ အဖေတယောက်လည်း ပါတယ်။ သားအကြီးဆိုတဲ့ အရိုက်အရာကို တန်ဖိုးမထား၊ ကိုယ်ဘဝရဲ့ အခွင့်အရေးကို ဖြုန်းပစ်နေတဲ့ အကိုကြီးလည်း ပါတယ်။

ဟိုးတုန်းက မိတ်ဆွေတယောက် ရှိတယ်။ အသင်းသား ရာနဲ့ချီတဲ့ အသင်းတော် အလတ်တန်းစာမှာ သင်းအုပ်ပါ။ အမှုတော်က အဆင်ပြေသလို၊ ကျမ်းစာကျောင်းလေး တကျောင်းမှာ အချိန်ပိုင်း ဆရာပါ။ တနင်္ဂနွေ တမနက်မှာတော့ သူက တရားဟောဖို့ တက်လာတယ်။ ပျောက်သောသားအကြောင်း ဖတ်တယ်။  “ဒီနေ့ ကျွန်တော် သင်းအုပ်အဖြစ်ကနေ နှုတ်ထွက်ပါတယ်။ ဒီနေ့ ကျွန်တော့မိန်းမကို ထားခဲ့ပြီး နောက်အိမ်ထောင်ပြုတော့မယ်။ ဒီနေ့ ကျွန်တော် ပျောက်သောသား လုပ်တော့မယ်။” လို့ ပြောလိုက်ပါတယ်။ တရားပလ္လင်ပေါ်က ဆင်းပြီး အသင်းတော်ကို စွန့်၊ မိန်းမနဲ့ ဆယ်ကျော်သက် သမီး ၂ ယောက်ကို ထားခဲ့ပြီး ကားမောင်း ထွက်သွားပါတော့တယ်။

တခြားမြို့မှာ နောက်အိမ်ထောင်နဲ့ သနားစရာဘဝနဲ့ အသက်ရှင်တယ်။ သင်းအုပ်ဆရာပဲ လုပ်ဖူးရှာတယ်။ ပညာမတတ်၊ ကျွမ်းကျင်တဲ့အလုပ် မရှိ။ ကားဟောင်း အရောင်းအဝယ် လုပ်ရတယ်။ ဒီမှာတော့ မသိဘူး။ ကားအဟောင်း ရောင်းဝယ်တဲ့သူကို လူတွေ မယုံကြဘူး။ ကားကောင်းတယ်လို့ ပြောပြီး၊ စျေးပိုတောင်းတယ်၊ လိမ်တယ်လို့ လူတွေ ယူဆကြတယ်။

အသင်းတော်ကတော့ ဖရိုဖရဲဖြစ်သွားတာပေါ့။ နှစ်ပေါင်းများစွာ ကုစားဖို့ ကြိုးစားကြပေမယ့် ဒီနေ့ထိ အနာကျက်လှတာတော့ မဟုတ်ဘူး။ မိသားစုလည်း ပြိုကွဲတယ်။ နောက်ပိုင်းမှာ သမီးတယောက်က အိမ်ထောင်ပြုတယ်။ မင်္ဂလာပွဲမှာ အဖေကို မဖိတ်ဘူး။

အခုဥပမာတော်မှာ အဖေတယာက်နဲ့ သားနှစ်ယာက် တွေ့ရတယ်။ တနေ့တော့ သားအငယ်က အဖေ့ထံမှာ အမွေတောင်းတယ်။ သာမန်အားဖြင့် အမွေဆိုတာ အဖေသေမှ ရမှာပါ။ လိမ္မာတဲ့သားသမီးဆိုရင် အဖေ အသက်ရှင်တုန်း၊ ကျန်းမာနေတုန်း အမွေတောင်းမှာ မဟုတ်ဘူး။ သူ့ပုံက အဖေကို သေစေချင်နေတဲ့ပုံပါ။ “အဖေ့ကို သေစေချင်ပြီ။ ဒါမှ ငါအမွေရမယ်။” လို့ ပြောသလို ဖြစ်နေတယ်။ သားအငယ် အမွေတောင်းတာက ရှက်စရာပါ။ မိသားစုအတွက်ရော၊ သူ့ကိုသူပါ သိက္ခာကျစေပါတယ်။ အမွေတောင်းပြီး အိမ်ကထွက်သွားတာဟာ မိဘကို ပြုစုဖို့ ဘုရားပေးတဲ့ အခွင့်အရေးကို ပစ်ပယ်လိုက်တာပါ။

ဘာဘဲဖြစ်ဖြစ် အဖေကတော့ သားငယ်ရဲ့ အရှက်မဲ့တောင်းသမျှကို ပေးတယ်။ ညီအကိုနှစ်ယောက်ကို အမွေခွဲပေးတယ်။ ဓမ္မသစ်ကျမ်းရဲ့ မူရင်းဂရိ အသုံးအနှုန်းက စိတ်ဝင်စားစရာ ကောင်းတယ်။ အဖေက သူ့အသက် life ကို ခွဲပေးတယ်လို့ ဆိုတယ်။ ဒီသားအတွက်တော့ အဖေ့အသက်ဟာ အဓိပ္ပါယ် မရှိတော့ဘူးလို့ ဆိုရမှာပါ။

သားအငယ်က နိုင်ငံရပ်ခြားကို ထွက်သွားတယ်။ ငွေတွေ သုံးဖြုန်းရင်း ဆိုးမိုက်နေတယ်။ ကျမ်းစာကတော့ အတိအကျ မပြောဘူးပေါ့။ နောက်ပိုင်း သူ့အကို စွပ်စွဲချက်အရ ပြည့်တန်ဆာတွေနဲ့ ပျော်ပါးနေတယ် လို့ ဆိုတယ်။ ဟုတ်မှာပါ။ အရက်တွေ သောက်နေမှာပေါ့။ မူးယစ်ဆေးတွေ သုံးမှာပေါ့။ ပြိုင်ကားတွေ ဝယ်။ ဟိုခေတ်ဆိုတော့ ကုလားအုတ်တွေ ဝယ်မှာပေါ့။ ပိုက်ဆံရှိတုန်းတော့ နာမည်ကြီးတာပေါ့။ ဒါပေမယ့် ပိုက်ဆံတွေ ကုန်သွားပြီ။ ဘယ်မှာလဲ သူငယ်ချင်းတွေ? သူလက်ဆောင်တွေ ပေး၊ ဟိုတယ်တွေမှာ ပါတီပွဲတွေ ငွေအကုန်ခံ ကျင်းပပေးခဲ့တဲ့ လူတွေ အခု ဘယ်မှာလဲ? အခုတွေ မတွေ့ရတော့ဘူး။

အိမ်မှာနေတော့ သားဘဝမှာ ရပိုင်ခွင့်နဲ့အတူ တာဝန်တွေ ရှိတယ်။ သူက ရပိုင်ခွင့်ပဲ လိုချင်တယ်။ တာဝန်မယူချင်ဘူး။ တာဝန်တွေကို လုံးလုံးစွန့်ခွါသွားတယ်။ လွတ်လပ်ချင်လို့ အဝေးကို ထွက်လာခဲ့တယ်။ ပိုဆိုးတဲ့ ကျွန်ဘဝရောက်သွားတယ်။ တက်မက်မှုတွေကို မချုပ်ထိန်းနိုင်တော့ အဖေ့မေတ္တာနဲ့ရတဲ့ ကိုယ့်လွတ်လပ်မှုကို အလဲအထပ် လုပ်သွားတယ်။

ကိုယ်အရှက်အကြောက်ဆုံး၊ အရွံမုန်းဆုံးအရာက ဘာဖြစ်မလဲ? မိဘနဲ့မိတ်ဆွေတွေ သိမှာ အကြောက်ဆုံး အဖြစ်က ဘာဖြစ်မလဲ? အဲဒါတွေထက် ပိုဆိုးတာကို ကြုံခဲ့ရရှာတယ်။

အဖေ့ငွေကို ဖြုန်းပြီး အဝေးမှာ ရောက်နေပြီ။ လူရှုပ်ထွေးပြီး စည်ကားနေတဲ့ ဘန်ကောက်မြို့ကြီးလို နေရာမှာပေါ့။ ဒါပေမယ့် ငွေကုန်တော့ တယောက်တည်း ဖြစ်ပြီ။ စိတ်ပျက်စရာအကောင်းဆုံးအလုပ်ကို လုပ်ရရှာပြီ။

လိမ်မာတဲ့ဂျူးလူငယ်တယောက်အတွက် ရှက်စရာအကောင်းဆုံး အလုပ်က ဝက်ကျောင်းရတာပဲ။ ဝက်ကို ညစ်ညူးတယ်လို့ သဘောထားတယ်။ ဝက်ကျောင်းရတယ်ဆိုတာ ကျိန်ခြင်းခံရတာပဲလို့ ဂျူးရဗ္ဗိဆရာ တယောက်က ဆိုတယ်။  ဒီထက်ဆိုးတာ ရှိသေးတယ်။ ဝက်ကျောင်းရရုံမက ဗိုက်ဆာနေတယ်။ ဝက်တွေစားနေတဲ့ ပဲတောင့်ကိုပင် စားချင်နေတယ်။

 နောက်ဆုံးတော့ “ငါ ဘာလို့ ဒီလိုဖြစ်နေရလဲ? ဘယ်လိုလုပ်ရမလဲ” လို့ ကိုယ့်ကိုယ်ကို ပြန်မေးလာတယ်။ အဖေ့အိမ်က အစေခံတွေနဲ့ နှိုင်းယှဉ်မိတယ်။ သူတို့မှာ ငွေကြေး၊ အစားအစာနဲ့အတူ ဂုဏ်သိက္ခာ ရှိတယ်။ ဒါနဲ့ အဖေ့အိမ်ကို ပြန်ပြီး အစေခံကျွန်လိုပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ အရင်ကတော့ မာနနဲ့ အမွေတောင်းတယ်။ အခုတော့ စိတ်လိုလက်ရ အနိမ့်ဆုံးမှာနေပြီး အဖေ့စကားကို အစေခံကျွန်လို နားထောင်မယ်။

အဖေ့အိမ်နားရောက်တာနဲ့ အဖေကမြင်ပြီး ပြေးထွက် နှုတ်ဆက်လာတယ်။ ကျမ်းစာကမပြောပေမယ့် အဖေက သားပြန်အလာကို စောင့်မြော်နေပုံရပါတယ်။

ဂုဏ်သိက္ခာကို ထိန်းတဲ့ အရှေ့တိုင်းအဖေဆိုတာ အိမ်ပြေး သားဆိုးကို သိက္ခာကျခံ ပြေးတွေ့မှာ မဟုတ်ဘူး။ (၁၁း ၂၀) အရှက်သိက္ခာထိန်းချင်ရင် သူ့သားကို အလုပ်လာတောင်းတဲ့ သူတောင်းစားလိုသာ ဆက်ဆံဖို့ ရှိပါတယ်။

ကြိုတွေးထားတဲ့စကားလည်း သားက မပြောဖြစ်ပါဘူး။ အဖေက အစေခံတေါကို ပါတီပွဲကြီး ကျင်းပခိုင်းတယ်။ ပွဲနေ့ပွဲထိုင် ဝတ်ရုံကို ဝတ်ဆင်စေတယ်။ လက်စွပ်စွပ်ပေးတယ်။ လက်စွပ်က အခွင့်အာဏာနဲ့ တာဝန်ရှိသူ ဆိုတဲ့သဘောပေါ့။ ဖိနပ်စီးစေတယ်။ အဲဒီခေတ်က ကျွန်တွေဟာ ဖိနပ်မစီးဘဲ ခြေဗလာနဲ့ အလုပ်လုပ်ရတယ်။

ပွဲကြီးကျင်ပမယ်။ အတီးအမှုတ်နဲ့ အစားအသောက်တွေပါမယ်။ ဆူဖြိုးတဲ့ နွားတကောင်သတ်တယ်။ တရွာလုံးကို ဖိတ်ချင်တာပါ။ မိသားစုတစုအတွက်ဆိုရင် နွားတကောင်ဟာ များတာပေါ့။ နွားကလည်း မွေးနေ့တို့ မင်္ဂလာဆောင်တို့အတွက် မွေးထားတာမျိုးပါ။ ဘာဘဲဖြစ်ဖြစ်လေ၊ သေတဲ့သားက ပြန်ရှင်တော့ မွေးနေ့ပေါ့။

အကို၊ အမတွေ ရှိတဲ့သူ ရှိသလား? ဒီလိုဘဝကို ကျွန်တော် မခံစားဖူးဘူး။ ကျွန်တော်က အကိုအကြီးဆုံး။ ညီနှစ်ယောက် ရှိတယ်။ ကျွန်တော့ဘဝက ဒီဥပမာတော်ထဲက အကိုကြီးလိုပဲ။ ကျွန်တော်က ဘာပြဿနာမှ မလုပ်တဲ့ လူကောင်း။ ကျောင်းစာကြိုးစားတော့ အမှတ်အမြဲကောင်းတယ်။ ညီတွေအဖို့တော့ မလွယ်ဘူး။ အကိုလောက်မတော်ဘူးဆိုပြီး ဆရာတွေရဲ့ အပြောခံရကြတယ်။

 ဥပမာတော်ထဲမှာ အကိုက အိမ်မှာပဲနေတယ်။ သူ့ကိုယ်သူ ထိန်းတယ်။ ပြဿနာမရှာဘူး။ ဒါပေမယ့် ငွေယူပြေးတဲ့ ညီငယ်ကို စိတ်ဆိုးတယ်။ ပြန်လာတော့ အဖေက သူ့အတွက် ငွေတွေ ဖြုန်းနေပြန်တယ်။

အကိုက သူွှအဖေအိမ်မှာလုပ်ရတာကို ကျွန်လို သဘောထား သုံးနှုန်းတယ်။ အခမရဘဲ နှစ်နဲ့ချီပြီး ကျွန်ခံရတယ်တဲ့။ သူက ကျွန်လိုနေတယ်။ သားလို မဟုတ်ဘူး။ အကိုကြီးရဲ့ ပြဿနာက ကိုယ့်ဖြောင့်မတ်ခြင်းပဲ။

သူ့ခမျာ မိတ်ဆွေတွေနဲ့ ပျော်ဖို့ ဆိတ်တကောင်တောင် မရဘူးတဲ့။ ရှိသမျှ သူပိုင်တာ သူမသိရှာဘူး။ သားဆိုတာ ရပိုင်ခွင့်ရော၊ လွတ်လပ်မှုပါ ရှိတာ သူမသိရှာဘူး။

ဒီဖြစ်ရပ်မှာ ထူးဆန်းတဲ့ irony  “ကပြောင်းကပြန်”  ရီစရာတခု ဖြစ်လာတယ်။ အိပ်ပြင်က သားငယ်က အတွင်းရောက်။ အတွင်းက သားကြီးက အပြင် ပြန်ရောက်သွားတယ်။

နောက်ဆုံးမှာ သားကြီး ဘယ်လိုတုန့်ပြန်လဲတော့ မသိရပါဘူး။ စိတ်ပြန်ပြေပြီး ညီကို လက်ခံသလား? အသနားပိုတဲ့ အဖေနဲ့ ညီကို စိတ်ဆိုးနေတုန်းလား? မသိရပါဘူး။

အနက်ဖွင့် Interpretation
ဒီဥပမာတော်ဟာ လုကာ ၁၅ ရဲ့ ပျောက်တဲ့အရာ သုံးခုထဲမှာ ဇာတ်ရှိန်အမြင့်ဆုံးပါပဲ။ ပျောက်သောသိုး၊ ပျောက်သောဒင်္ဂါးနဲ့ ပျောက်သောသားပါ။ သိုးက တရာမှာ တကောင်ပျောက်တယ်။ ၁% ပါ။ ဒင်္ဂါးက ဆယ်ပြားမှာ တပြားပျောက်တယ်။ ၁၀% ပါ။ သားနှစ်ယောက်မှာ တယောက်ပျောက်တယ်။ ၅၀% ပါ။ ကျွန်တော်အထင်တော့ သားနှစ်ယောက်က တနည်းမဟုတ် တနည်းနဲ့ ပျောက်နေကြတာပါ။

ပျောက်သောသိုးရဲ့ အဆုံးမှာ “ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ့်ကိုးယောက်တို့  ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသော လူဆိုးတယောက် သာ၍ ဝမ်းမြောက်ခြင်း ရှိကြသည်။” လုကာ ၁၅း ရ။

ပျောက်သောဒင်္ဂါးရဲ့အဆုံးမှာ “ဘုရားသခင်၏ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတယောက် ဝမ်းမြောက်ခြင်း ရှိကြသည်။” လုကာ ၁၅း ၁၀။

ဒါပေမယ့် ပျောက်သောသားရဲ့အဆုံးမှာတော့ အကိုက ဝမ်းမမြောက်တော့ ပျောက်သောသားတွေ ဖြစ်နေတယ်။

သခင်ယေရှုက အကိုကြီးဆိုတာ ဖါရိရှဲတွေကို ပြောလိုပုံရတယ်။ ကိုယ့်ကိုကိုယ် ကောင်းတယ်လို့ ထင်နေသူတွေလေ။ သန့်ရှင်ဟန်ဆောင်ပေမယ့် အတွင်းမှာက အပြစ်နဲ့ ပြည့်နေတယ်။ ပညတ်တွေကို စောင့်ထိန်းပေမယ့် ပညတ်တွေကို  ငြူစူနေတယ်။ ဘုရားလူမျိုးတော်ရဲ့ ကောင်းကြီးနဲ့ ရပိုင်ခွင့်တွေကို နားမလည်ဘူး။

သခင်ယေရှုက အခွန်ခံတွေ၊ အပြစ်သားတွေနဲ့ အချိန်ယူခဲ့တယ်။ အောက်ဆုံးက လူတွေ။ ဘုရားနဲ့ဝေးတဲ့ ညီငယ်တွေ။ သခင်ယေရှုက အခွန်ခံတွေ၊ အပြစ်သားတွေနဲ့နေတော့ ဖါရိရှဲတွေက ညီကိုသနားတဲ့ အဖေ့မေတ္တာကို အကိုကြီးစိတ်ဆိုးသလို စိတ်ဆိုးကြတယ်။

အဖေကတော့ ချစ်ဆဲ၊ စောင့်ကြည်ဆဲ၊ စောင့်စားနေဆဲဖြစ်တဲ့ ဘုရားသခင်ပါပဲ။ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ အိမ်ပြန်လာသူကို ဘုရားသခင်က ဘယ်တော့မှ မငြင်းပယ်ပါဘူး။

Application သင်ခန်းစာယူခြင်း
အပြစ်သားပြန်လာချိန်မှာ ကောင်းကင်ဘုံမှ အဘဘုရားသခင်က အပြစ်မတင်ဘူး။ အပြစ်မပေးဘူး။ အစေခံကျွန်ဘဝအဖြစ် အဆင့်လျှော့မချဘူး။ ချစ်တဲ့သားတယောက်အဖြစ် လက်ခံပြီး၊ သားတယောက်ရဲ့ အဆောင်ယောင်၊ အခွင့်အရေးတွေ အကုန်ပေးပါတယ်။

တချို့က အကိုကြီးနဲ့ တူမယ်။ စည်းကမ်းအားလုံး လိုက်နာနိုင်တဲ့ ခရစ်ယာန်ကောင်းတွေပါ။ ဒါပေမယ့် စိတ်ထဲမှာ ခါးသည်းနေမယ်။ စိတ်ဆိုးနေတာ နှစ်ချက် ရှိမယ်။ ၁။ စည်းကမ်းတွေများလွန်းလို့ စိတ်ပျက်နေမယ်။ စည်းကမ်းတွေ၊ ပညတ်တွေကို လိုက်နာပါတယ်။ ဒါပေမယ့် မကြိုက်၊ မနှစ်သက်ဘူး။ ကောင်းဟန်ဆောင်နေမယ်။ ၂။ တခြားသူတွေအပေါ်မှာ ပြတဲ့ ဘုရားရဲ့ သနားဂရုဏာကို စိတ်ပျက်နေမယ်။ မဟုတ်တာလုပ်ရင် ဒုက္ခ တွေ့စေချင်မယ်။  ဘုရားကျောင်းမှာ သူရဲကောင်းလို အားရဝမ်းသာ မကြိုဆိုစေချင်ဘူး။

တချို့က ညီငယ်နဲ့ တူမယ်။ စည်းကမ်းတွေ၊ တာဝန်တွေ ဂရုမစိုက်ဘူး။ ကိုယ်သဘောနဲ့ကိုယ် စိတ်ကြိုက် အသက်ရှင်ဖို့ ဆုံးဖြတ်ထားမယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။

ခရစ်ယာန်ဖြစ်ပေမယ့် ဝမ်းမြောက်ခြင်းနဲ့ လွတ်လပ်ခြင်း မခံစားရသူတွေ ရှိမယ်။ ခရစ်ယာန်ဖြစ်ပေမယ့် ဘုရားသခင်ကို ဆန့်ကျင်အသက်ရှင်နေသူလည်း ရှိမယ်။ ခရစ်ယာန်မဟုတ်သေးဘဲ တရားစကားတွေကို စဉ်းစားနေသူလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာဘဲဖြစ်ဖြစ်ပါ။ ဘုရားသခင်က သိပ်ချစ်တတ်တဲ့ အဖေပါ။ သားပြန်လာမယ့် အချိန်ကို မြော်လင့်စောင့်ဆိုင်း၊ အကဲခတ်နေသူပါ။ ဘုရားသခင်ထံ ပြန်လာရင်၊ ပထမဆုံးအကြိမ်ဖြစ်ဖြစ်၊ ၃၁ ကြိမ်မြောက် ဖြစ်ဖြစ်၊ ပျော်ရွှင်စရာနေ့ရက်ပါ။ ပါတီပွဲကြီးပါ။ အပြစ်ရှိတဲ့သူတယောက် နောင်တရရင် ကောင်းကင်မှာ အရမ်းဝမ်းမြောက်ကြပါတယ်။

ထင်ရှားတဲ့အပြစ်ရှိရင် - ဘုရားသခင်ထံ လှည့်ပြန်ပါ။

ဖွက်ထားတဲ့အပြစ်ရှိရင်လည်း - ဘုရားသခင်ထံ လှည့်ပြန်ပါ။

သခင်ယေရှုထံလာဖို့ တခါမှ မဆုံးဖြတ်ရသေးရင် ဘုရားသခင်ကို အဖလို့ ခေါ်ဖို့ခက်နေမှာပါ။ ဒါပေမယ့် “ဒီနေ့ပဲ ပြန်လာပြီ အဖ” လို့ ခေါ်လိုက်ပါ။

Sunday, June 19, 2016

PRAYER by Dr. John R. Rice- Chapter 04

အခန်း ၄

အဖြေက ရရှိခြင်း

 - THE ANSWER TO PRAYER IS RECEIVING

“ဆုတောင်းသမျှတို့ကို ဘုရားသခင့် ထံတော်မှ ရကြ၏။” - ၁ ယော ၃း ၂၂
“သားသည် မုန့်ကို တောင်းလျှင် မိမိသားအား ကျောက်ကို ပေးမည့်သူ၊ ငါးကို တောင်းလျှင် မြွေကို ပေးမည့်သူ တစုံတယောက်မျှ သင်တို့တွင် ရှိသလော။”-  မဿဲ ရး ၉၊ ၁၀

ဆုတောင်းခြင်းက တောင်းတာ ဆိုရင်၊ အဖြေက ရတာ ဖြစ်ပါတယ်။
ဆရာတွေက သူတို့ တောင်းလို့ မရရင်၊ ယုံကြည်ခြင်း အားနည်းတာကို ဆင်ခြေပေးတတ်တယ်။ “ဘုရားက အဖြေ ပေးပုံ ၃ မျိုး ရှိတယ်။ “Yes,” or “No,” or “Wait awhile.” ခဏစောင့်” လို့ ပြောတယ်” လို့ ဆိုကြတယ်။

ဒါက ခရစ်ယာန်ဆိုတာ ဘုရားအလိုတော် ဝန်ခံရမယ်၊ ဘုရားပေးသမျှနဲ့ ကြေနပ် ရောင့်ရဲ ရမယ် ဆိုတဲ့ သဘောပါ။ ဒါပေမယ့် ဆုတောင်းခြင်းကို ကျမ်းစာက ဒီလို မသွန်သင်ပါဘူး။ ဒါက ဆုတောင်းခြင်းဟာ နက်နဲတယ်၊ ဘုရားအလိုတော် မသိနိုင်ဘူး။များျား ဆုတောင်းဖို့ မလိုဘူး။ အလိုတော် အတိုင်းပေါ့။ ကိုယ့်လိုအင်တွေ မရောနဲ့။ ဘာ ဆုတောင်းစရာ လိုသလဲ? လို့ ပြောသလို ဖြစ်နေတယ်။ ဆုတောင်းတဲ့ အလုပ်ကို မရေမရာ၊ မသေမချာ အလုပ်လို့ ထင်စေရင် ကျမ်းစာနဲ့ လွဲနေပါပြီ။

စဉ်းစာဉာဏ်ရှိသူတိုင်းဟာ ကိုယ့်ဘဝမှာ အစီအစဉ်မကျတာတွေကို ဘယ်လို ရောက်ရဲနိုင်ပါ့မလဲ?  ကားမောင်းပြီး ဆီဆိုင်ကို သွားတယ် ဆိုပါစို့။ “၁၀ ဂါလံ ပေးပါ။” လို့ ပြောလိုက်မယ်။ အတိအကျ ထည့်ပေးတာပဲ လိုချင်တာပေါ့။ ဆိုင်ဝန်ထမ်းက “No, sorry! ခင်ဗျားမှာ ဆီမလိုပါဘူး။ (သို့) တချို့ဆရာတွေ ပြောသလို - “ခဏစောင့်နော်။ ထိုက်တန်လား၊ မတန်လား ကြည့်ရဦးမယ်” လို့ ပြောမယ်ဆိုပါစို့။   (သို့) ဆီမဟုတ်ဘဲ၊ ဆပ်ပြာမြှုပ်တွေ၊ အရက်တွေ၊ ရွံ့တွေ လာထည့်မယ် ဆိုပါစို့။ “Yes,” or “No,” or “Wait awhile” စောင့်ပါဥိး ဆိုတာ တကယ် အဓိပ္ပါယ် မရှိတာပါ။

ယောကျင်္ားလေးက မိန်းကလေးကို နှစ်သက်တယ်။ မိန်းကလေးလည်း စိတ်ဝင်စားတယ်လို့ ထင်လို့ လက်ထက်ခွင့် တောင်းတယ်။ မိန်းကလေးက No တဲ့။ ကောင်လေးက အဖြေရတယ် ဆိုပြီး ပျော်နေမလား? ဒိလိုပဲ ဘုရားထံမှ ဘာမှ မရဘဲ ဘယ်လို ပျော်နိုင်မလဲ။

I.  အဖြေဟာ ရတာပဲလို့ ကျမ်းစာက ဆိုတယ်။

ကိုယ်တောင်းတာကို ရတာဟာ ဆုတောင်းခြင်းရဲ့ အဖြေပဲ။

“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏”
ယောဟန် ၁၆း ၂၄ မှာ - “တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။”
ယာကုပ် ၄း ၂ မှာ - “မရကြ။ အကြောင်းမူကား ဆုမတောင်းဘဲ နေကြ၏။”

ဆုတောင်းခြင်းက တောင်းတာပဲ ဆိုရင်၊ အဖြေက ရတာပါပဲ။
Dr. Charles A. Blanchard က သူရဲ့ Getting Things From God ဆိုတဲ့ စာအုပ်ရဲ့ “What Is an Answer to Prayer?” ဆိုတဲ့ အခန်းမှာ -
“ကိုယ်လိုတိုင်း ဘုရားက ပေးမှာ မဟုတ်ဘူး လို့ ပြောတတ်ကြတယ်။ ပေးတဲ့ပုံက Yes လို့ ပြောတာရှိသလို၊ No လို့ ပြောတာလည်း ရှိတယ်။ No ဆိုတာလည်း Yes လို အဖြေ ပေးတာပါပဲ လို့ ဆိုတတ်တယ်။ ဒီလို သွန်သင်တာ မကောင်းပါဘူး။”

ဒါကို Dr. Blanchard က ဥပမာ ပေးတယ်။ အမေက ကလေးရဲ့ အသက်အတွက် ဆုတောင်းနေတယ်။ ဆုတောင်းသံ ဘုရား လက်မခံဘူး။ ကလေး သေသွားတယ်။ လုပ်ငန်းရှင် တယောက် ခက်ခဲနေလို့ ဆုတောင်းတယ်။ ဘုရားအလိုတော် မရှိလို့ စီးပွါးပျက်သွားတယ်။ စုံစမ်းသွေးဆောင်ခြင်းခံနေရတဲ့ လူတယောက် ဆုတောင်းတယ်။ တောင်းပုံမမှန်လို့ အရှက်ကြုံရပြီး မိသားစု ပြိုကွဲ သွားတယ်။ အသင်းတော်ရှေ့မှာ အရှက်ကွဲတယ်။ အသိုင်းအဝိုင်းကြားမှာ ကိုယ်ကျင့် ပျက်ရတယ်။ ဒီလိုလူတွေအတွက် ဆရာတွေက ဖြေတတ်ပါတယ်။ ဘုရားက ဆုတောင်းတာကို မငြင်းပယ်ပါဘူး။ အဖြေလည်း ပေးပါတယ်။ No လို့ ပေးခဲ့တာပါ လို့ ပြောတတ်ကြတယ်။ Dr. Blanchard ကတော့ ….
“ဒီလို သွန်သင်တာကို ကျွန်တော်တော့ မယုံဘူး။ ကြေကွဲနေတဲ့ မိခင်ကို နှစ်သိမ့်မှု မပေးနိုင်ဘူး။
“အကူအညီလည်း မဖြစ်ဘူး။ ယုံကြည်ခြင်းနဲ့ပင် ဝေးစေနိုင်ပါတယ်။”
Dr. Blanchard က ….
ကိုယ်တောင်းတာ ရမှ အဖြေဖြစ်မှာပေါ့။ နေမကောင်းလို့ ဆုတောင်းတယ်။ ကျန်းမာသွားတယ်။ ငွေကြေးအတွက် ဆုတောင်းတယ်။ ပြေလည်သွားတယ်။ မကောင်းမှုကို ရှေင်ချင်လို့ ဆုတောင်းတယ်။ အောင်မြင်သွားတယ်။ လိုတာတောင်းလို့ ရတာ အဖြေပါပဲ။ No ဆိုတာ အဖြေမှ မဟုတ်ဘဲ။ ဘုရားအဖြေက Yes ပါ။”
Dr. Blanchard က ….
“အဖြေဆိုတာ ရတာပဲ ဖြစ်ရပါမယ်။ Yes or No ဖြစ်မယ်။ တခြား တခုခု ရမယ်ဆိုတာဟာ တောင့်တနေတဲ့ စိတ်နှလုံးကို အလေးမထားသလို ဖြစ်နေပါတယ်။”
Dr. Blanchard ပြောတာ မှန်တယ်။ အဖြေက Yes ပဲ ဖြစ်ရမယ်။ ကောင်းကောင်းမွန်မွန် တောင်းတဲ့သူဟာ Yes လို့ အဖြေရသင့်ပါတယ်။ မရရင် ဘာကြောင့် မရသလဲ ဆန်းစစ်သင့်ပါတယ်။ ကျမ်းစာနဲ့ ချိန်ထိုး၊ ဝိညာဉ်တော် လမ်းပြမှု ခံယူပြီး အဖြေရှာရမယ်။

II.  Yes ဆိုတဲ့အဖြေရဖို့  အလိုတော်နဲ့အညီ ဘယ်လို ဆုတောင်းမလဲ။

အများစုက ဆုတောင်းရင် ဘာမှ မရတတ်ကြဘူး။ ရဖို့လည်း မမြော်လင့်ကြဘူး။ မရေမရာ တောင်းကြတယ်။ တိတိကျကျ မတောင်းဘူး။ ရဖို့ တောင်းကြတာလည်း မဟုတ်ပါဘူး။

ဒါကြောင့်လည်း အလိုတော်ရှိရင်လို့ တောင်းနေကြတာပေါ့။ အလိုတော်ရှိရင် နိုးထစေပါ၊ ခရစ်တော်က ချစ်လို့ အသေခံပေးခဲ့တဲ့ အပြစ်သားတွေလည်း အလိုတော်ရှိရင် ကယ်တင်ပါ၊ ဘုရားက ပေးချင်ပါလျက်နဲ့ အလိုတော်ရှိရင် ပေးပါလို့ တောင်းတတ်ကြတယ်။ ဒါပေမယ့် ဒါက ဘုရားအလိုတော် ဝန်ခံနေတာ မဟုတ်ဘူး။ မယုံကြည်တာကို ပြနေတာ။ အဖြေရမယ်မှန်း မသိဘဲ ဆုတောင်းရင်း အမှောင်မှာ လဲကျနေတာပါ။

ဆရာတယောက်က အပျိုကညာမှ ဖွါးမြင်ခြင်းကို if ဖြစ်ခဲ့ရင်လို့ ပြောရင်၊ ဘုရားဂတိ IF တည်ခဲ့ရင်လို့ ပြောရင်၊ နှုတ်ကပတ်တော်ကို မရေရာ မသေချာ IF လို့ ဟောခဲ့ရင်၊ ဘုရားသခင် နှစ်သက်ပါ့မလား။ ဘုရား ဘယ်ကြိုက်မလဲ။ ဘုန်းတော် ထင်ရှားဖို့လည်း မဖြစ်နိုင်တော့ဘူး။ တိတိကျကျ တောင်းရမယ်။ မုန့်တောင်းရင် မုန့်ကို မြော်လင့်ပါ။  ကျောက်ကို မပေးဘူး။ ငါးကို တောင်းရင် ငါးကို မြောင်လင့်ပါ။ မြွေ မပေးဘူး။ ဥကိုတောင်းရင် ဥကိုပဲ မြော်လင့်ရမယ်။ ကင်းမြီးကောက် မပေးဘူး။ ဆုတောင်းတာဟာ အဖေနဲ့ သား တောင်းလို့ ရသလိုပါပဲ။
ဒီလိုတောင်းတဲ့အခါ လိုအပ်ချက်လေးတွေ ရှိပါတယ်။

1.            အလိုတော် အပြည့်အဝ ဝန်ခံရမယ်။ 

ပုန်ကန်တတ်သူဟာ ပျော်စရာ၊ အောင်မြင်တဲ့ ဆုတောင်းတဲ့ အသက်တာ မရနိုင်ဘူး။ ဆာလံ ၃၇း ၄ မှာ ….
“ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိလော့။သို့ပြုလျင် စိတ်နှလုံး အလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။”

ပဌနာတော်မှာ “နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ ….. အလိုတော်သည် မြေကြီးပေါ်၌ ပြည့်စုံသကဲ့သို့” လို့ စပြီး သင်ပေးပါတယ်။ ဘုရားသခင်ကို ဝန်ခံရမယ်။ ကိုယ်ကိုကိုယ် မပိုင်ဘူး။ ကာရာနီမှာ အသွေးနဲ့ ရွေးဝယ်ထား ခံရသူတွေ ဖြစ်တယ်။ “ဘယ်လို ဆုတောင်းရမလဲ။ သွန်သင်တော်မူပါ။ အလိုတော်ရှိရာကို နားလည်စေပါ။” လို့ နှိမ့်ချမှသာ အောင်မြင်ပါလိမ့်မယ်။ တိတိကျကျ တောင်းပြီး၊ နေတိုင်း တောင်းတာတွေ ရဖို့ လိုပါတယ်။ တပည့်တော်တွေက “ဆုတောင်းစေခြင်းငှါ …. နည်းပေးတော်မူပါ။” လို့ တောင်းပန်ကြတယ်။ (လုကာ ၁၁း ၁) အလိုတော်နဲ့ညီရင် ဘုရားက ပေးချင်ပါတယ်။

ယာကုပ် ၄း ၂ “သင်တို့သည် …. မရကြ။ အကြောင်းမူကား ဆုမတောင်းဘဲ နေကြ၏။” ဆုတောင်းဖို့ ဘုရားက စောင့်နေတာပါ။ “ဆုတောင်းလျှင်လည်း ကာမဂုဏ် ခံစားစရာဘို့ ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့် မရကြ။” ဆိုးညစ်တဲ့ စိတ်နှလုံးက မနှိမ့်ချဘဲ တောင်းမယ်။ တပ်မက်မှုတွေကလည်း ဆုတောင်းကို လွဲသွားစေတယ်။

ယောကျင်္ား ကယ်တင်ခြင်းရဖို့ မိန်းမက ဆုတောင်းတယ်။ ဒါပေမယ့် သူ့စိတ်ထား motives က လွဲနေတယ်။ သူကယ်တင်ခြင်းရရင်တော့ ငါ ပို အဆင်ပြေမယ်။ ဘုရာားကျောင်းလည်း သူက လိုက်ပို့မယ်။ ပိုလည်း ကြင်နာမယ် လို့ မိန်းမက ထင်တယ်။ သူ ဆုတောင်းတယ်။ ဒါပေမယ့် ဘုရားက သူ့ဆုတောင်းကို အဖြေပေးလို့ မရဘူး။ ယောကျင်္ား ကယ်တင်ခြင်းမရခင် မိန်းမရဲ့ စိတ်ထား မှန်ဖို့ လိုနေပါတယ်။ ဒါကြောင့် အများစုရဲ့ ဆုတောင်းတွေကို အဖြေပေးလို့ မရဘူး။ လူမိုက် အားပေး မဖြစ်ဖို့ လိုနေတယ်။ စိတ်နှလုံး ဆက်ကပ်ဖို့ အရေးကြီးပါတယ်။

George C. Stebbins ရဲ့ ဓမ္မသီချင်းစာသားလေးတွေနဲ့ ဆုတောင်းဖို့ လိုပါတယ်။
အလိုတော်ရှိရာ၊ ပြုတော်မူပါ။
ကိုယ်တော်ရှင် အိုးထိန်း၊ ကျွန်ုပ် အိုးမြေ။
ကိုယ်တော်ရှင်မြတ်အား စောင့်နေစဉ်ခါ
သဘောတော်ရှိတိုင်း ပုံသွင်း လုပ်ပေ။

အလိုတော်ရှိရာ၊ ပြုတော်မူပါ။
ယနေ့ စုံစမ်း၍ စစ်တော်မူပါ။
ရှေ့တော်မှာ နှိမ့်ချ ဒူးထောက်စဉ်ခါ
မိုးပွင့်ထက်ဖြူအောင် ဆေးတော်မူပါ။

အလိုတော်ရှိရာ၊ ပြုတော်မူပါ။
ကိုယ်တော်ရှင်မြတ်သာ အုပ်စိုးမူပါ။
ဝိညာဉ်တော်မြတ်နှင့် ပြည့်စေပြီးခါ
ခရစ်တော်ဘုရား စိတ်တွင် ကိန်းပါ။

2.    အလိုတော်သိဖို့ရာ ကျမ်းစာ နားလည်ရမယ်။ ကျမ်းစာသိမှ အလိုတော်နဲ့ ညီမညီ သိနိုင်မယ်။ သခင်ယေရှုက ….

“သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌ တည်လျင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ ရကြလိမ့်မည်။” ယော ၁၅း ရ။

ဆုတောင်းခြင်းဟာ ခရစ်တော်၌ တည်နေဖို့ လိုတယ်။ နှုတ်ကပတ်တော်၌ တည်ရမယ်။ ဆာလံ ၁း ၁- ၃ နဲ့ ယောရှု ၁း ရ-၉ မှာ အရာရာမှာ ကောင်းစားဖို့ရာ နှုတ်ကပတ်တော်ကို နေ့ညမပြတ် ဆင်ခြင်ဖို့ လိုတယ်လို့ ဆိုတယ်။ ဖတ်ရုံသာ မဟုတ်ဘူး။ အထဲမှာ တည်ရမယ်။ မြတ်နိုးရမယ်။ ဆင်ခြင်ရမယ်။ နှုတ်ကပတ်တော်က အသက်တာနဲ့ အတွေးတွေကို ဆေးရောင်းချယ် စေရမယ်။ အဲဒီအခါမှာ ဆုတောင်းလို့ရပြီ။

ဥပမာ၊ ၁ ယော ၁း ၉ ကို ကြည့်ပါ။ “ကိုယ်အပြစ်တို့ကို ဖေါ်ပြတောင်းပန်လျှင်၊ ငါတို့ အပြစ်ရှိသမျှကို လွှတ်၍၊ ဒုစရိုက် ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏။” ကိုယ်တောင်းပန်ရင် ဘုရားက ချက်ချင်း ခွင့်လွှတ်ရုံမက အပစ်တွေကို ဆေးကြောပေးတယ်။ နှုတ်ကပတ်တော်မှာ ဂတိပေးထားပါတယ်။ ပဌနာတော်မှာလည်း နေ့စဉ်အစာအတွက် တောင်းခွင့် ပေးထားပါတယ်။ ဒါကို သိရင် တောင်းရုံပါပဲ။ အလိုတော်ရှိရင် လို့ ဆုတောင်းတာက လွဲနေတာပါ။ အလိုတော်က ရှိပြီးသားပါ။

တဖက်မှာလည်း ခရစ်ယာန်ဆိုတာ နှုတ်ကပတ်တော်အပေါ်မှာ တည်ကြည်ရမယ်။ ဝိညာဉ်ရေး စိတ်မဝင်စားဘဲ လောကီစည်းစိမ်ပဲ ခံစားချင်လို့ မရပါဘူး။ “နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ့။” - မဿဲ ၆း ၃၃။ လောကအရာထက် ဝိညာဉ်ရေး ကောင်းကြီးတွေက ပိုအရေးကြီးတယ် ဆိုတာတော့ သိရမှာပေါ့။

နှုတ်ကပတ်တော် မသိရင် ဘုရားအလိုတော်အတိုင်း ဆုတောင်းဖို့ မဖြစ်နိုင်ပါဘူး။ ကျမ်းစာက ကောင်းတာ၊ မှန်တာ၊ သန့်ရှင်းတာကို ပြတယ်။ နေ့ညမပြတ် ဆင်ခြင်ရမယ်။ ကျမ်းစာမှာ အခြေမခံတဲ့ ဆုတောင်းဟာ ဘုရားနှစ်သက်ဖို့ မလွယ်ဘူး။

3.            အလိုတော်အတိုင်း ဆုတောင်းဖို့ ဝိညာဉ်တော် လမ်းပြမှု လိုတယ်။  

ဝိညာဉ်တော် လမ်းမပြရင် ဇာတိစိတ်က ကျမ်းစာဖတ်ပေမယ့် နားမလည်ဘူး။ ဘုရားအလိုတော် မသိဘူး။ ဘုရားအလိုတော်က သိစရာတွေ အများကြီးရှိတယ်။ ကျမ်းစာသားတွေလောက်နဲ့ မသိနိုင်ဘူး။ နောက်တပတ် ဘာတရားဟောရမလဲ? ဘယ်သူ့ကို ကယ်တင်ခြင်းအကြောင်း ပြောရမလဲ? ကားသစ်အတွက် ဆုတောင်းမလား၊ အဟောင်းပဲ ဆက်စီးမလား? သားသမီးတွေကို ဂီတသင်တန်း တက်ခိုင်းရမလား? အလှူငွေကို နိုင်ငံရပ်ခြားကို ပေးပို့ရမလား၊ ကိုယ့်အသင်းတော်ကိုပဲ ပေးရမလား? ဒီနေ့မနက် ဝတ်ပြုခြင်းမှာ ဘယ်ကျမ်းပိုဒ် ဖတ်ရမလဲ? ဒီလုပ်ငန်းသစ်ကို စလုပ်ရင် ကောင်းမလား? မေးခွန်းတွေ ထောင်ချီပြီး ရှိတာပေါ့။ ဒီအခါမှာ ဝိညာဉ်တော်က ဆုတောင်းရာမှာ ကူညီနိုင်တယ်။


“ငါတို့ မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟု မသိကြ။ သို့ရာတွင် ငါတို့ ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။ စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီ စောင့်မတော်မူ၏။” - ရောမ ၈း ၂၆- ၂၇။

ဘာတောင်းရမှန်း မသိတော့ ဝိညာဉ်တော်က ဆုတောင်းပေးတယ်။ အသံမထွက်ဘူး။ ညည်းတွားခြင်းသာ ဖြစ်တယ်။ ဝိညာဉ်တော် ဆုတောင်းပေးရင် ရဖို့ သေချာပြီ။ ကောင်းကင်က စတဲ့ ဆုတောင်းသံဟာ ငြင်းဖို့ ခက်တယ်လို့ ဆိုပါတယ်။

ဝိညာဉ်တော်ကို ဥပဇ္စျာယ်ဆရာ Comforter လို့ ခေါ်တယ်။ ယော ၁၄း ၁၆၊ ၂၆။ ယော ၁၅း ၂၆။ ယော ၁၆း ရ) ဒါက ဂရိစကား parakletos လက်တွဲဖေါ် ( one called alongside ) လို့ ဆိုလိုတယ်။ အတူအမြဲ ရှိတယ်။ ယော ၁၄း ၁၇ မှာ “ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ dwell with တည်နေ၍၊ သင်တို့၌ shall be in you ရှိတော်မူသောကြောင့် သင်တို့ သိရကြ၏။” ထမြောင်ခြင်း မတိုင်မှီ ဝိညာဉ်တော်က တမန်တော်တွေနဲ့ dwell with အတူနေတယ်။ ဒါပေမယ့် ဘုန်းထင်ရှားပြီးနောက် ယုံကြည်သူရဲ့ be within us အထဲမှာ နေမယ်။ သခင်ယေရှု ထမြောက်ပြီးနောက် “သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူကြလော့။” လို့ မှုတ်သွင်းလိုက်တယ်။ (ယော ၂၀း ၂၂) အဲဒီအချိန်ကစပြီး ယုံကြည်သူတိုင်းရဲ့ အထဲမှာ ဝိညာဉ်တော် ရှိနေတယ်။ ရောမ ၈း ၉ က “သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြသည် မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကို မရသောသူမည်သည်ကား ခရစ်တော်နှင့် မဆိုင်။”  ၁ ကော ၆း ၁၉- ၂၀ မှာ “အဘယ်သို့နည်း။ သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော၊ သင်တို့ အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကို၎င်း မသိကြသလော။ သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူ ဖြစ်သောကြောင့်၊ ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့။”

သန့်ရှင်းသော ဝိညာဉ်တော်ဟာ ခရစ်တော်ရဲ့ ဝိညာဉ်ဖြစ်တယ်။ ရောမ ၈း ၉။ ကားတိုင် မတိုင်ခင်မှာ ကြေကွဲနေတဲ့ တပည့်တော်တွေကို “ငါသည် သင်တို့ကို မိဘမဲ့ ဖြစ်စေခြင်းငှါ စွန့်ပစ်မည် မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။” - ယော ၁၄း ၁၈။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကြွလာမယ်လို့ ရှင်းပြတယ်။ ယော ၁၄း ၂၆ မှာ .. “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္စျာယ်ဆရာတည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူ၏။”

ဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က ခရစ်တော်ရဲ့ အလိုတော်ကို နားလည်စေပြီး၊ ခရစ်တော်စကားကို မှတ်မိစေတယ်။ ဆက်ကပ်သူဟာ နှုတ်ကပတ်တော် ဆင်ခြင်ချင်လာမယ်။ အလိုတော် သိလာမယ်။ ဝိညာဉ်တော်က လမ်းပြလာမယ်။ ဘုရားနှစ်သက်တဲ့ ဆုတောင်းခြင်း ဖြစ်လာမယ်။ ဘုန်းထင်ရှားဖို့၊ ကောင်းစားဖို့၊ ပျော်ရွှင်ရဖို့ တောင်းစေချင်တာကို စိတ်နှလုံးထဲ သွန်းလောင်းပေးလိမ့်မယ်။ ဒါဆို ရပြီပေါ့။

ဝိညာဉ်တော်ဟာ ခရစ်တော်ရဲ့ ကိုယ်စားဖြစ်တဲ့အတွက် ဝိညာဉ်တော်လမ်းပြတဲ့အတိုင်း ဆုတောင်းသူသာ ခရစ်တော် နာမ၌ လို့ ရိုးသားစွာ ဆုတောင်းနိုင်ပါတယ်။
သခင်ယေရှု နာမ၌ လို့ ရိုးသားစွာ ဆုတောင်းသူဟာ အဖြေရမှာပါ။ ယော ၁၄း ၁၃- ၁၄ မှာ “သင်တို့သည် ငါ၏နာမကို အမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကား ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်း ရှိမည့်အကြောင်းတည်း။ သင်တို့သည် ငါ၏နာမကို အမှီပြု၍ တစုံတခုသော  ANY THING ဆုကို တောင်းလျင်၊ တောင်းသည့်အတိုင်း ငါပြုမည်။” ရှင်းပါတယ်။ သခင်ယေရှု နာမ၌ တောင်းရင် ကောင်းကင်အောက်က ဘယ်အရာမဆို ရနိုင်ပါတယ်။
ဒါပေမယ့် လူတွေက ဘုရားကို ညာတယ်။ သခင်ယေရှု နာမ၌ ဆိုပေမယ့် သခင်ယေရှုရဲ့ အလိုအတိုင်း ဖြစ်ရဲ့လား? မဖြစ်တတ်ပါဘူး။ ဒါကြောင့်လည်း မရကြတာပါ။
ဒါကြောင့် အလိုတော်ရှာ၊ ကျမ်းစာဖတ်၊ ဝိညာဉ်တော် လမ်းပြမှု ခံယူဆိုတဲ့ အချက် ၃ ချက်နဲ့ ညီရင် ဆုတောင်းဖို့ အသင့်ဖြစ်ပါပြီ။

လိုချင်တဲ့အချက်တွေကို သေသေချာချာ စီစစ်လိုက်တော့။ ကိုယ်အလိုလား? ကျမ်းစာနဲ့အညီလား? ဝိညာဉ်တော် လမ်းပြရဲ့လား? ဒီအချက်တွေ ညီရင် ကောင်းကင်ကို မြော်ရင်း ယာကုပ်လို ရဲရဲ ဆုတောင်းလိုက်ပါ။ “ကိုယ်တော်သည် အကျွနု်ပ်ကို ကောင်းကြီးမပေးလျှင်၊ မသွားရဟု ဆို၏။” - ကမ္ဘာ ၃၂း ၂၆

ဒါကို သိပြီဆိုရင် လက်တွေ့ ဆုတောင်းလိုက်ပါ။ တိိကျကျ တောင်းပါ။ နေ့စဉ်နေ့တိုင်း တောင်းသွားပါ။ မြော်လင့်ချက်နဲ့ ရသည်အထိ တောင်းပါ။
“သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။” - ယော ၁၆း ၂၄။
ကိုယ်တောင်းတာ မရရင် ဘာမှားနေလဲ ရှာပါ။ တောင်းတာမရဘဲ အဖြေရပြီလို့ မပြောပါနဲ့။ ဆုတောင်းချက်ကို ပြောင်းရင် ပြောင်း၊ (သို့) အဆီးအတားဖြစ်နေတဲ့ အပြစ်ကို ပြုပြင်ပါ။ အမှားအယွင်း မရှိရင်တော့ ရအောင် တောင်းဖို့ပဲ လိုပါတော့တယ်။

Saturday, May 28, 2016

PRAYER by Dr. John R. Rice- Chapter 03

အခန်း ၃

တကယ် တောင်းပါ။

PRAYER IS ASKING 

By Dr. John R. Rice 

(From “Prayer: Asking and Receiving)
 
JOHN R. RICE
“တောင်းကြလော့။ တောင်းလျှင်ရမည်။” - မဿဲ ရး ရ။
“တောင်းသောသူမည်သည်ကား ရ၏။” - မဿဲ ရး ၈။
(ယော ၁၆း ၂၄။ ယာကုပ် ၄း ၂။ မဿဲ ရး ၁၁။ မဿဲ ၂၁း ၂၂။ လုကာ ၁၁း ၁၃။ ယောဟန် ၁၄း ၁၄။)
အနားမှာ ဇနီး၊ သမီး ၆ ယောက်နဲ့ ကိုယ်ရေးအရာရှိ အမျိုးသမီးတွေ အမြဲရှိနေတော့ မိန်းကလေး သဘာဝကို အံဩလို့ မကုန်ဘူး။ အိမ်ထောင်ကျစမှာ ဇနီးနဲ့ သူ့မိတ်ဆွေ မိန်းကလေးက စျေးဝယ်ထွက်ချင်တယ်တဲ့။ ကိုယ်ကလည်း ပိုက်ဆံပြတ်နေတော့ မသွားချင်ဘူး။ ဘာမှ ဝယ်ဖို့ အစီအစဉ် မရှိဘူး။ shop ရုံ သက်သက်ပဲတဲ့။ အဲဒီမှာ မိန်းကလေးဆိုတာ ဘာမှ မဝယ်ဘဲ၊ နေ့တဝက်လောက် shopping ထွက်နိုင်ပါလားလို့ သိလိုက်ရတယ်။

ဆုတောင်းတယ် ဆိုတာလည်း ဒီလိုပါပဲ။ တချို့ တောင်းတော့ တောင်းတယ်။ ဘာမှ မရဘူး။ ရဖို့လည်း မမြော်လင့်ဘူး။ ရဖို့ တောင်းတာလည်း မဟုတ်ဘူး။ ဆုတောင်းတယ်လို့ ပြောပေမယ့် ဘုရားထံက တခုခု ရဖို့ တောင်းတာ မဟုတ်တော့ တကယ် ဆုတောင်းတာ မဟုတ်ဘူး။

ဖိနပ်ဝယ်ရရင် ကျွန်တော် ပျော်တယ်ဆိုတာ မိန်းမနဲ့ သမီးတွေ သိပ်မသိကြဘူး။ ဖိနိပ်ဆိုင်ကို သွား။ စီးနေကျ ခပ်ရိုးရိုး၊ အနက်ရောင်၊ နံပါတ် ၁၀ ကို ယူ။ ပိုက်ဆံ 3. 60 ဒေါ်လာ ပေးလိုက်။ ဖိန်ပ် အဟောင်းကို စက္ကူနဲ့ ထုပ်ပြီး ပြန်လာ။ ဒါတွေ အားလုံးက ၁၀ မိနစ်ပဲ ကြာတယ်။ ကြိုက်တဲ့ ဖိနပ် သွားရှာ၊ ရရင် အိမ်ပြန်လာ၊ ဒါပဲ။ Shopping မလုပ်ဘူး။ ဝယ်လိုက်တာပဲ။ ဆုတောင်းတယ် ဆိုတာ ဒါမျိုးကို ပြောတာပါ။ ဘုရားထံမှ တခုခု တောင်းယူတာပါ။

မဿဲ ရး ရ- ၈ ကို ပြန်ကြည့်ပါ။
“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောူအားလည်း တခါးကို ဖွင့်၏။”

ဆုတောင်းတယ်ဆိုတာ တောင်းတာပါ။ တနည်းက ရှာတာ တခါးခေါက်တာပါ။ တောင်းတဲ့သူဟာ ရဖို့ မြော်လင့်ရမယ်။ တခါးခေါက်ရင် ဖွင့်ဖို့ မြော်လင့်ရမယ်။ ရှာရင် တွေ့ဖို့ မြော်လင့်ရမယ်။ ဒါက သမ္မာကျမ်းစာက ပြောတဲ့ ဆုတောင်းခြင်းပါပဲ။ တောင်းမယ်၊ ရှာမယ်၊ တခါးခေါက်မယ်။ ဆုတောင်းခြင်းအစစ်က တခုခုကို တောင်းတာပါ။
ယာကုပ် ၄း ၂၊ ၃ မှာ ……
“သင်တို့သည် တပ်မက်၍ မရကြ။ လူ့အသက်ကို သတ်၍၎င်း၊ အလွန်လိုချင်သော လောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်း ပြု၍ မရကြ။ အကြောင်းမူကား ဆုမ တောင်းဘဲ နေကြ၏။ ဆုတောင်းလျှင်လည်း ကာမဂုဏ် ခံစားစရာဘို့ ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့် မရကြ။”

မတောင်းလို့ မရ။ တောင်းတော့လည်း လွဲနေလို့ မရကြဘူး။ ရန်ဖြစ်လို့၊ စစ်တိုက်လို့၊ တပ်မက်လို့၊ စိတ်ပူလို့ ဘုရားထံက ဘာမှ မရဘူး။ တောင်းမှ ရတယ်။ ဆုတောင်းတယ်ဆိုတာ တောင်းတာပါ။

တောင်းတယ်၊ ask နဲ့ ပါတ်သက်လို့ ဓမ္မသစ်ကျမ်းထဲမှာ အဓိက စကား နှစ်လုံး ရှိတယ်။ တခုက eperotao ။ တောင်းတယ်၊ မေးတယ် - to ask, to inquire. နောက်တခုက ဆုတောင်းတာကို သုံးတဲ့စကား aiteo ။ တောင်းတယ်၊ တောင့်တတယ်၊ လိုချင်တယ်၊ တောင်းယူတယ်၊ to ask, to crave, to desire, to call for. လို့ ဆိုလိုတယ်။ ဓမ္မသစ်မှာ ဆုတောင်းခြင်းအတွက် ဒီစကားကို အကြိမ် ၃၀ လောက် သုံးထားတယ်။ ask တောင်းတယ် လို့ ဘာသာပြန်နိုင်တယ်။

Modernists တွေက ဆုတောင်းခြင်းဟာ တကယ်ထူးခြားတယ် ဆိုတာ မယုံကြဘူး။ ဒါကြောင့် ဆုတောင်းလို့ အဖြေရတယ် ဆိုလည်း မယုံကြဘူး။ သမ္မာကျမ်းစာက “ပဌနာစကားကို နားထောင်တော်မူသော ဘုရား” တဲ့။ (ဆလာလံ ၆၅း ၂) “ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည် … ” (ဟေဗြဲ ၁၁း ၆)။ Modernists တွေက ဆုတောင်းတာကို မယုံကြတော့ ဆုတောင်းတယ်ဆိုတာ meditation and communion ဆင်ခြင်တယ်၊ ဘုရားဝတ်ပြုတယ် ဆိုတာလောက်ပဲ ထင်ကြတယ်။ ဆုတောင်းရင် စိတ်ထဲ အနေကောင်းတာ လောက်ပဲ သိတယ်။ ဘာသာရေးမှာ ပျော်မွေ့တယ်ပေါ့။ တကယ်တောင်းတာမျိုးကို သူတို့ မကြိုက်ကြဘူး။

နာမည်ကြီး ဒိဌိတယောက်ဖြစ်တဲ့ Dr. Harry Emerson Fosdick က သူ့ရဲ့ The Meaning of Prayer စာအုပ်မှာ ……
“ကလေးဆန်ဆန် တောင်းတာကို ယုံတဲ့သူကလည်း ရှိသေးတယ်” လို့ ဆိုတယ်။ (စာမျက်နှာ ၂၂) “ခပ်ညံ့ညံ့ ဆုတောင်းပုံတွေက တောင်းနေပေမယ့် ဦးနှောက် မပါဘူး။ ဘုရားသခင်ကို ကလေးလို ပူဆာနေတာပဲ။” “ကလေးဆန်ဆန် တောင်းတာဟာ ဘုရားသခင်ထံမှာ ထင်ယောင်ထင်မှား အသနားခံနေတာ ဖြစ်တယ်။” လို့ ဆိုတယ်။ (စာမျက်နှာ ၂၃) အဲဒီဒိဌိက ခရစ်တော် အပျိုကညာမှ မွေးဖွါးတာ၊ အပြစ်အတွက် ပေးဆပ်တာ၊ ကျမ်းစာ အမြဲ စစ်မှန်တာ ကို မယုံဘူး။ Modernists တွေ ဆုတောင်းတာ လှပါတယ်။ ဒါပေမယ့် ဘုရားသခင်ထံက ဘာမှ မရဘူး။ ဘာအပြောင်းအလဲမှလည်း ဖြစ်မလာဘူး။

ယုံကြည်သူတွေလည်း ဒီထောင်ချောက်ထဲမှာ ကျပြီး၊ ဆုတောင်းတာဟာ ဘုရားဝတ်ပြုတာလောက် လို့ ထင်တတ်တယ်။ ဆုတောင်းပြီးရင် စိတ်ထဲ အားရှိသွားရုံ၊ ဆုမတောင်းပဲ တခုခု မလုပ်တတ်ရုံပဲ လို့ ထင်ကြတယ်။ ကျမ်းစာထဲက ဆုတောင်းခြင်းက ဒီလို မဟုတ်ပါဘူး။

တခါက ရှိကာဂိုမှာ ရှိတဲ့ အိမ်တအိမ်ကို ရောက်ဖူးတယ်။ အဲဒီမှာ လျှပ်စစ်မြင်း ရှိတယ်။ ငယ်ငယ်ကတည်းက မြင်း ဝါသနာပါတာ သိကြတော့ စီးကြည့်ဖို့ ပြောကြတယ်။ မြင်းပေါ်တက်၊ ခလုပ်နှိပ်တော့ အသာအယာ ပြေးတယ်။ ခုန်တယ်။  ပတပ်ရပ်တယ်။ အမြီးဝှေ့တယ်။ ခုန်ပေါက်ပြေးနေတဲ့ တကယ့် မြင်းအတိုင်းပါပဲ။  အတုပေါ့။ ခလုပ်နှိပ်လိုက်တာနဲ့ ရပ်သွားတယ်။ ပြန်ဆင်းတဲ့ နေရာဟာ အရင်တက်ခဲ့တဲ့ နေရာမှာပါပဲ။ ဘယ်မှ မရောက်ခဲ့ဘူး။  Modernists ဆုတောင်းတာလည်း ဒီလိုပါပဲ။ တောင်းဖူးရုံပဲ။ ဘာမှ မရဘူး။

I.  ချီးမွမ်းခြင်း၊ ကြည်ညိုခြင်း၊ ဆင်ခြင်ခြင်း၊ နှိမ့်ချခြင်း၊ ဝန်ခံခြင်း မဟုတ်ပါ။ တောင်းခြင်းသာ ဖြစ်တယ်။

ချီးမွမ်းခြင်းတာ ကောင်းပါပေမယ့် ဆုတောင်းတာဟာ ချီးမွမ်းခြင်း Praise မဟုတ်ဘူး။ “ကျေးဇူး ချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။” (ဆာလံ ၅၀း ၂၃) “အသက်ရှိသောသူ အပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။” (ဆာလံ ၁၅၀း ၆) ဒါဝိဒ်က “အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ငါ၏အထဲမှာ ရှိသမျှတို့ သန့်ရှင်းသော နာမတော်ကို ကောင်းကြီးပေးကြလော့။” (ဆာလံ ၁၀၃း ၁) ချီးမွမ်းတာဟာ ကောင်းပါတယ်။ ကျေးဇူးသိတတ်သူတိုင်းရဲ့ တာဝန်ပါ။ ဒါပေမယ့် ချီးမွမ်းတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာဟာ ချီးမွမ်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

ဆုတောင်းတာဟာ adoration ကြည်ညိုတာ မဟုတ်ဘူး။ ကြည်ညိုတာ ကောင်းပါတယ်။ ကောင်းကင်တမန်တွေ ကြည်ညိုရတဲ့ ဘုရားသခင်ကို ကြည်ညိုသင့်ပါတယ်။ ဒါပေမယ့် ကြည်ညိုတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာဟာ ကြည်ညိုတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

ဆုတောင်းတာဟာ meditation ဆင်ခြင်တာ မဟုတ်ဘူး။ နှုတ်ကပတ်တော်ကို နေ့ညမပြတ် ဆင်ခြင်သင့်ပါတယ်။ (ဆာလံ ၁း ၂) နှုတ်ကပတ်တော်ကို တယောက်တည်း ဖတ်ရှု ဆင်ခြင် အချိန်ယူတာ ကောင်းပါတယ်။ ဒီလို အချိန်ယူသင့်ပါတယ်။ ဒါပေမယ့် ဆင်ခြင်တာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ကျမ်းစာက ဒါကို ဆုတောင်းတာလို့ မခေါ်ဘူး။ ဆုတောင်းတာဟာ ဆင်ခြင်တာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

Humiliation ဘုရားသခင်ရှေ့ နှိမ့်ချတာ ကောင်းပေမယ့် နှိမ့်ချတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ယာကုပ် ၄း ၁၀ မှာ “ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင် သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။” “ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့။” (လုကာ ၁၈း ၁၄) ဒီနှစ်ခုက မတူပါဘူး။ “ငါ့နာမဖြင့် သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချ humble သဖြင့် ငါ့မျက်နှာကို ရှာလျှက်၊ pray ဆုတောင်း ပဌနာပြု၍ ….” (၆ ရာ ရး ၁၄) နှိမ့်ချတာက သပ်သပ်၊ ဆုတောင်းတာက သပ်သပ်ပါ။ နှိမ့်ချတာက ဆုတောင်းဖို့ ပြင်ဆင်တာပါ။ နှိမ့်ချတာက ကောင်းပါတယ်။ ဒါပေမယ့် နှိမ့်ချတာဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။

Confession အပြစ်ဝန်ခံတာဟာလည်း ဆုတောင်းခြင်း မဟုတ်ပါဘူး။ အပြစ်ဝန်ခံတာ ကောင်းပါတယ်။ ကျမ်းစာက အပြစ်ဝန်ချဖို့ အကြိမ်များစွာ ပြောပါတယ်။ ) ဝန်ခံတာက သပ်သပ်၊ ဆုတောင်းတာက သပ်သပ်ပါ။ ဒံယေလက “ထိုသို့ အပြစ်ကို confession ဖေါ်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသော prayed ပဌနာဟူမူကား ….. ” (ဒံယေလ ၉း ၄) ဒီနေရာမှာ အပြစ်ဝန်ချတာနဲ့ ဆုတောင်းတာကို တွဲတွေ့ရတယ်။ ဒါပေမယ့် ဝန်ချတောင်းပန်ပြီးတဲ့နောက် စိတ်ကြေကွဲစွာ တောင်းဆိုတာ တွေ့ရတယ်။ ဝန်ချတောင်းပန်တာ ကောင်းပါတယ်။ ဒါပေမယ့် ဝန်ချတောင်းပန်တာဟာ ကပ်သပ်ပြောရရင် ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းတာက တောင်းတာပါ။ တခြားအရာတွေက ဆုတောင်းတာ မဟုတ်ပါဘူး။

ဖိလိပ္ပိ ၄း ၆ မှာ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။” ဒီမှာလည်း ဆုတောင်းတာက တပိုင်း၊ ကျေးဇူးတော် ချီးမွမ်းတာက တပိုင်းပါ။ သပ်သပ်စီပါ။ ဒါကို သိရင် ဆုတောင်းခြင်းဟာ ပဌနာပြုခြင်း၊ ဝန်ခံခြင်း၊ ကျေးဇူးချီးမွမ်းခြင်းတွေနဲ့ မတူတာ တွေ့လာပါလိမ့်မယ်။ ဒါကြောင့် ဆုတောင်းတာမှာ အဓိကက တောင်းတာပါပဲ။

II. ကျမ်းစာထဲက ဆုတောင်းခြင်းတွေဟာ တောင်းတာပဲ ဖြစ်တယ်။

ပဌနာတော်ကို ကြည့်ပါ။ စံပြ ဆုတောင်း ဖြစ်တယ်။ သခင်ယေရှုက မဿဲ ၆း ၉- ၁၃ မှာ ပေးထားတယ်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွနု်ပ်တို့ အဘ” ဆိုပြီး တောင်းဆိုတာတွေ ဆက်တိုက်လိုက်လာတယ်။
1.    နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ တခြားသူတွေပါ နာမတော်ကို အချည်းအနှီး မပြောဖို့ တောင်းဆိုတာပါ။
2.    “နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။” ဒါလည်း တောင်းဆိုတာပါပဲ။
3.    နေ့စဉ်အစာ ပေးသနားပါ။
4.    သူတပါး အပြစ်ကို လွှတ်သလို၊ ကိုယ့်အပြစ်တွေလည်း လွှတ်ပေးပါ။
5.    အပြစ်သွေးဆောင်ရာသို့ မလိုက် မပါစေပါနှင့်။
6.    မကောင်းသော အမှုအရာမှ ကယ်နှုတ်တော်မူပါ။

အဲဒီနောက်မှာမှ “စိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ တည်နေပါစေသော” လို့ ဆုတောင်းချက်ကို အဖြေပေးရမယ့် အကြောင်း ရိုးရိုးလေး ထောက်ပြပါတယ်။
ပဌနာတော်က အသနားခံတာပါ။ နေ့တိုင်း တောင်းဖို့ပါ။

ဥပမာတွေလည်း ပေးပါတယ်။ ဆုတောင်းတာဟာ “အဆွေ၊ မုန့် သုံးလုံး ချေးပါ။” ဆိုတဲ့ တခါးလာခေါက်သူနဲ့ တူတယ်။ “ရန်သူကို လက်စား ချေပေးပါ” လို့ တောင်းပန်တဲ့ မုဆိုးမနဲ့ တူတယ်။ မုန့်၊ ငါး၊ ဥ ကို တောင်းတဲ့ သားကလေးနဲ့ တူတယ်။ သခင်ယေရှု ပြောတဲ့ ဆုတောင်းခြင်းက သိပ်လွယ်တယ်။ တခုခု တောင်းတတ်တဲ့သူတိုင်း ဆုတောင်း လို့ ရတယ်။

ဓမ္မသစ်ကျမ်းက ဥပမာတွေက ရှင်းတယ်။ လိုချင်တာ တောင်းပြီး ရသွားကြတာပဲ ဖြစ်တယ်။
ဗိမာန်တော်မှာ အခွန်ခံက ဆုတောင်းတယ်။ “အပြစ်သား၊ ကျွန်တော်ကို သနားပါ။” ခွင့်လွှတ်ခြင်း၊ ကယ်တင်ခြင်း ခံရပြီး အိမ်ပြန်သွားတယ်။ (လုကာ ၁၈း ၁၄)

ပေတရုက ဂါလိလဲမှာ ရေနစ်ခါနီး အော်တယ်။ “ကယ်တော်မူပါ” (မဿဲ ၁၄း ၃၀)

မျက်စိကန်းတဲ့ ဗာတိမဲက အော်ဟစ်တယ်။ “ဒါဝိဒ်ရဲ့ သားတော်၊ ကျွနု်ပ်ကို သနားပါ။” (မာကု ၁၀း ၄၇) “မျက်စိ မြင်ချင်တယ်” လို့ အသေအချာ တောင်းတယ်။ (မာကု ၁၀း ၅၁) အလင်းရသွားတယ်။
ကားတိုင်ပေါ်က လူဆိုးက ကယ်တင်ဖို့ ဆုတောင်းတယ်။ “အကျွန်ုပ်ကို အောက့်မေ့တော်မူပါ။” (လုကာ ၂၃း ၄၂) အဲဒီနေ့မှာပဲ သူ့ကို ကယ်ပြီး ပရဒိသုဘုံကို ရောက်ရတယ်။

ခါနာနိ အမျိုးသမီးက “ဒါဝိဒ်ရဲ့ သားတော်၊ သနားတော်မူပါ။” လို့ နတ်ဆိုးစွဲနေတဲ့ သူ့သမီးလေးအတွက် ဆုတောင်းတယ်။ (မဿဲ ၁၅း ၂၂) “မစတော်မူပါ” လို့ ထပ်တောင်းပန်တယ်။ (မဿဲ ၁၅း ၂၅) ဆက်တောင်းနေတော့ သူတောင်းတာ ရတယ်။
ကျမ်းစာထဲမှာ အကဲ့ရဲ့ ခံရတဲ့ ဆုတောင်းခြင်းကတော့ ဖါရိရှဲ ဆုတောင်းတာပဲ။ သူက ကျေးဇူးတော်ပဲ ချီးမွမ်းနေတယ်။ ဘာမှ မတောင်းဘူး။ ဒါမျိုးကို ဘုရားသခင် မုန်းတာ ဖြစ်တယ်။

ကိုယ်က အပြစ်သား။ အားနည်းတယ်။ ဘုရားက အားကြီးတယ်။ တန်ခိုးကြီးတယ်။ ကျေးဇူးပြုတယ်။ ဘုရားနဲ့ လူကြားက အကောင်းဆုံး ဆက်သွယ်ရေးက လူက အမြဲတောင်းနေရမယ်။ ဘုရားက အမြဲ ပေးနေဖို့ပဲ။ ဘုရားအတွက် ဘာတွေ လုပ်မယ်လို့ ပြောနေတာဟာ စိတ်ပျက်စရာပါ။ မယုံကြည်ရာကျတယ်။ ဘုရားရဲ့ ကျေးဇူး၊ မေတ္တာကို လူက အသနားခံခြင်းကသာ အကောင်းဆုံး အသင့်လျော်ဆုံး ဆုတောင်းခြင်းပါ။

ဟန်ဆောင်ဆုတောင်းတာဟာ တကယ်တောင်းနေတာ မဟုတ်ဘူး။
လူအများစုကတော့ ဆုတောင်းရာမှာ shopping ထွက်နေသလိုပဲ။ တကယ် မတောင်းကြဘူး။ ဘာမှလည်း မရဘူး။

ဆုတောင်းခြင်းဟာ လျှောက်လည်ဖို့ စီးတဲ့ အလှကား sedan မဟုတ်ဘူး။ အိမ်ကို ကောင်းကြီးတွေ အပြည့်အနှက် သယ်လာမယ့် truck ကား တစီးသာ ဖြစ်တယ်။ အများစုက ဆုသာတောင်းတယ်၊ ဘာမှ မရကြဘူး။ တကယ်တော့ မတောင်းလို့ မရတာပါ။

III. ဟန်ဆောင်သူဟာ ဘာမှ မတောင်းဘူး။

သင်းအုပ်ဆရာတွေက တနင်္ဂနွေ မနက်မှာ “the morning prayer” ဆုတောင်း တတ်ကြတယ်။ ဒါပေမယ့် ဒါက တကယ် ဆုတောင်းတာ မဟုတ်ဘူး။ စကားလုံး အလှတွေ ရွေးတယ်။ ဘုရားတရား ကိုင်းရှိုင်းတယ်။ တရားဟောချက် ဆန်နေတယ်။ ဘုရားကို ပြောတာ မဟုတ်ဘူး။ ပရိတ်သတ်ကို ပြောနေတယ်။ ဘုရားကို ရိုသေအောင်၊ စိတ်နှစ်သိမ့်အောင်၊ တည်ဆောက်မှု ရှိအောင် ပြောနေတာ ဖြစ်တယ်။ တခုခု ရဖို့ မတောင်းဘူး။ အဲဒီတော့ မရဘူး။ ဆုတောင်းတာလည်း မဟုတ်တော့ဘူးပေါ့။
ဆရာရေ- လူရှေ့မှာ ဆုတောင်းတာ အဖြေရရဲ့လား? ပရိတ်သတ်ရှေ့ ဆုတောင်းတာတွေက အဖြေရဖို့ မဟုတ်ဘူးလား? ဘာတခုမှ မတောင်းရင် ဘာမှ ရမှာ မဟုတ်ဘူး။ သာမန် လုပ်နေကြ ဆုတောင်းတခုကို ရွတ်တတ်လို့ ရွတ်နေတဲ့ သဘောပဲ ဖြစ်ပါလိမ့်မယ်။

ဘာတခုမှ မတောင်းဘဲ ဆုတောင်းတယ် ဆိုတာကတော့ ဆုတောင်းခြင်းကို နားမလည်တာပါပဲ။
အတွေ့အကြုံအရ ပြောရရင် ဆရာတွေ ဆုတောင်းတာက ဆုတောင်းတာ မဟုတ်ဘဲ၊ တရားဟောတာ၊ အားပေး နှိုးဆော်တာ ဖြစ်နေတတ်ပါတယ်။ ဘုရားသခင်ကို လိပ်စာတပ်ပြီး၊ ကမ္ဘာပတ်ပါတော့တယ်။ သခင်ယေရှုအတွက် ကျေးဇူးတင်တယ်။ ဧဝံဂေလိတရားနဲ့ သမ္မာကျမ်းစာအတွက် ကျေးဇူးတင်တယ်။ တိုင်းပြည်အတွက် ကျေးဇူးတင်တယ်။ တရားဒေသနာနဲ့ မိဿဟာယအတွက် ကျေးဇူးတင်တယ် …. လို့ ပြောရင်း ဆုတောင်းချက်သာ ဆုံးသွားတယ်။ ဘာတခုမှ မယ်မယ်ရရ တောင်းမသွားဘူး။ တကယ် စိတ်မကောင်းစရာပါ။

လူအများရှေ့မှာ public prayer ဆုတောင်းရင် အများအားဖြင့် ဆုတောင်းတာ သိပ်မပါပါဘူး။ ဘုရားကို ချီးမွမ်း၊ လူကို နှိုးဆော်၊ ဘာခံစားချက်မှ မပါတဲ့ စကားလုံးလှလှတွေ ရွတ်ကြတာပါပဲ။ အများအားဖြင့် အဲဒီလိုပဲ ဖြစ်နေကြပါတယ်။
တယောက်တည်း ဆုတောင်းချိန် private prayer မှာတော့ ဒီလို မဟုတ်တတ်ပါဘူး။ လူရှေ့ ပြောစရာ မလိုတော့ နဲနဲပို ရိုးသားတတ်ပါတယ်။

လူတွေကို ခွန်အားပေးတာ မမှားပါဘူး။ ကောင်းပါတယ်။ ချီးမွမ်းတာလည်း မမှားပါဘူး။ ဒါပေမယ့် ဒါတွေက ဆုတောင်းတာကို နေရာယူ မသွားသင့်ပါဘူး။ ဒါတွေကို ဆုတောင်းတာလို့ မခေါ်သင့်ဘူး။ တောင်းမှပဲ ဆုတောင်းတာ ဖြစ်ပါတယ်။
လိုတာကို တောင်းရမယ်။ တခုခုကို တောင်းရမယ်။ ရဖို့လည်း မြော်လင့်ရမယ်။ ဘုရားသခင်ထံမှာ ကောင်းကြီးမင်္ဂလာတွေ ကြွယ်ဝတယ်။ ပေးချင်တယ်။ တောင်းမလားလို့ စောင့်နေတယ်။

ကျွန်တော့သမီး အကြီး၊ ၃ နှစ်အရွယ်တုန်းက သူ့အားဖြင့် အထန့်တလန့် နားလည်လာရတာ တခု ရှိတယ်။ စားသောက်ခါနီး ဆုတောင်းတော့ သူက ဆုတောင်းတာ ပြီးမယ့်အချိန်ကို စောင့်နေတယ်။ ပြီးတာနဲ့ “အာမင်၊ အာမင်၊ အာမင်” လို့ ဆိုတယ်။ အံအားသင့်သွားတယ်။ ဆုတောင်းတာ ဆုံးခါနီးတာ သူဘယ်လို သိပါလိမ့်?

ပုံသေ ဆုတောင်းချက် ဖြစ်နေလို့ပေါ့။ ပြောနေကျစကားကို ရွတ်နေလို့ပေါ့။ စိတ်မပါတဲ့ စကားတွေ ပြောနေလို့ပေါ့။ ဗိုက်ဆာနေတဲ့ သမီးက ဆုတောင်းချက်ပြီးအောင် စောင့်ရင်း ဘာပြီးရင်၊ ဘာလာမယ်ဆိုတာ သိနေလို့ပေါ့။ ရှက်သွားမိတယ်။ ပြောနေကျစကားကို ရွတ်နေမိတာကိုး။ ဖါရိရှဲနဲ့ ဘာထူးသေးလဲ? ဆုတောင်းစကား လှလှလေးတွေက အသက်မှမပါပဲ။ ဒါဟာ တကယ်ရှက်စရာပါ။
ကမ္ဘာတဝှန်းမှာ ဒီလိုပဲ တောင်းနေကြတယ်။ လူအများစုအတွက်က ဆုတောင်းတာဟာ ဘုရားတရား ဆင်ခြင်တာထက် မပိုဘူး။ ရမယ်လို့လည်း မထင်ကြပါဘူး။

ဆုတောင်းတာဟာ တောင်းတာပါ။ “တောင်းသောသူမည်သည်ကား ရ၏။” ရှင်ယာကုပ်ကတော့ ဒသင်တို့သည် မရကြ။ အကြောင်းမူကား ဆုမတောင်းဘဲနေကြ၏။”

ဆုတောင်းတာကို အခန်းအနားတွေမှာလည်း သုံးမှာပေါ့။ ဒါပေမယ့် ဆုတောင်းခြင်း အစစ်က တောင်းတာပါ။ ဘုရာထံမှာ တခုခု တောင်းတာပါ။ တကယ်လိုချင်လို့ တောင်းလိုက်တာပါ။
ဟေရှာယ ၄၄း ၃ မှာ “ရေငတ်သောသူအပေါ်မှာ ရေကို ငါသွန်းလောင်း၍ …. ” ဆုတောင်းခြင်း အစစ်ဟာ နှလုံးသားရဲ့ ဆာငတ်မှုက လာတယ်။
မာကု ၁၁း ၂၄ မှာ “သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။”

စိတ်အလိုဆန္ဒဟာ ရိုးသားတဲ့ ဆုတောင်းခြင်းအတွက် အခြေခံပါပဲ။ အသံကျယ်ကျယ် ဆုတောင်းလို့ ရပါတယ်။ တိုးတိုး တောင်းလည်း ရတယ်။ ဒါပေမယ့် စိတ်ထဲက ပါရမယ်။ စကားလုံးတွေလည်း မညီမညာ ဖြစ်ချင်ဖြစ်မယ်။ မျက်ရည်ကျချင်ကျ၊ ညည်းတွားချင် ညည်းတွား။ တိတ်ဆိတ်ချင် တိတ်ဆိတ်။ မြော်ကြည့်ချင် မြော်ကြည့်။ ဒါပေမယ့် စစ်မှန်တဲ့ ဆုတောင်းခြင်းဟာ တခုခုကို တောင်းတာပါ။ လိုချင်လို့ တောင်းတာပါ။ အတုအယောင် တောင်းနေတာတွေက တကယ် စိတ်ပျက်စရာပါ။

တချို့သူတွေ ဆုတောင်းတာကတော့ နတ်ဆရာ ရွတ်ဖတ်နေတာနဲ့ တူနေတယ်။ အသံ အနိမ့်အမြင့် အတက်အကျ တွေနဲ့ လှပနေပါလိမ့်မယ်။ ဒါပေမယ့် ဘာတခုမှ မတောင်းဘူး။ အသံပဲ မြည်တယ်။ ဘုရားကို ရိုသေဟန်ပြပေမယ့် တကယ်က စကားလုံးအလှတွေနဲ့ ဆွဲဆောင်နေတာပါ။
အမျိုးသမီးတယောက် စျေးဆိုင်သွားတဲ့အခါ ကဗျာ မရွတ်ဘူး။
အလံ အချက်ပြသူက ရထားမောင်းတဲ့သူကို ပုံဥမာတွေ၊ စကားလုံး အဆန်းတွေနဲ့ အမိန့် မပေးဘူး။
သူတောင်းစား တယောက်က အစားအစာ တောင်းတဲ့အခါ တိမ်တောက်ချိန်အကြောင်း မပြောဘူး။
လိုတာကို ဘုရားကို ပြောဖို့ပါပဲ။ တခုခုတောင်းပြီး ဆုတောင်းခြင်းကို သင်ယူကြပါစို့။

Sunday, November 15, 2015

Blowing the Whistle on the Wolves By Larry Brown (Burmese)

တောခွေးများအပေါ် တံပိုးမှုတ်ခြင်း

Dr. Larry Brown
 “ထို့ကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့်ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစုလုံးကို သတိနှင့် ကြည့်ရှုကြလော့။ အကြောင်းမူကား ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ ဝင်မည်ကို၎င်း၊ တပည့်တော်များကို သွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌ ပေါ်လာမည်ကို၎င်း ငါသိ၏။ ထို့ကြောင့် စောင့်ရှောက်၍ နေကြလော့။ ငါသည် သုံးနှစ်ပတ်လုံး နေ့ညမပြတ် လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍နေကြာင်းကို အောက်မေ့ကြလော့။” --- တမန်၂၀း၂၈-၃၁ ။

တောခွေးတွေဟာ အန္တရာယ်ရှိတယ်။ တောခွေးတွေကို ရှောင်ဖို့ဆိုရင် တောခွေးတွေကို မှတ်တတ်ဖို့ လိုတယ်။ “ညီအကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်းအကြောင်းကို ပြုတတ်သော သူတို့ကို မှတ်၍ရှောင်ကြလော့ ဟု ငါသတိပေး၏။” ရောမ ၁၆း၁၇

“ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို တစုံတယောက်သောသူသည် နားမထောင်ဘဲနေလျှင်၊ ထိုသူကို မှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ အပေါင်းအဘော် မလုပ်ကြနှင့်။” ၂သက် ၃း၁၄ ။

တောခွေးတွေကို မှတ်ရတာခက်ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကတ်တော်ကို ကိုင်စွဲပြီး မြင်သာထင်သာရှိအောင်၊ မှတ်သားလို့ရအောင် ကျွန်တော်ကြိုးစားပြီး ဆွဲထုတ်ပြပါမယ်။

ဒီတရားဒေသနာဟာ တောခွေးသတ်တဲ့ ဒေသနာတော့ မဟုတ်ပါဘူး။ တောခွေးစိတ်ရှိတဲ့ လူတယောက် အသင်းတော်မှာ ပါဝင်လာတာကို ဘယ်လိုမှ တားလို့မရနိုင်ပါဘူး။ ဒါပေမယ့် တောခွေးလို့တော့ မှတ်ထားနိုင်တယ်။ တောခွေးဆိုတာ ဘယ်လိုလူလဲဆိုတာ အားလုံးသိအောင် လူေ့ရှ ဆွဲထုတ်ပြနိုင်ရင်တော့ ပြဿနာတွေ သိပ်ရှိတော့မှာ မဟုတ်ပါဘူး။ တောခွေးတွေဟာ အရေခြုံ ဟန်ဆောင်တတ်တယ်။ ပုန်းနေတတ်တယ်။ တောခွေးတွေဟာ ပုံပြင်ထဲက တောခွေးလိုပါပဲ။ ပုံပြင်ထဲမှာ မိန်းကလေးက သစ်ပင် ခပ်ငယ်ငယ်ရဲ့ နောက်မှာကွယ်နေတယ်။ အဖွားအိမ်သွားမယ့် လမ်းမှာ တောခွေးတကောင်ရှိတာကို သိထားတယ်။ မသွားရဲတော့ဘူး။ ဒါပေမယ့် တောခွေးက ဟန်ဆောင်ရုပ်ပြောင်းထားတယ်။

အဲဒီတော့ ဒီနေ့ ကျွန်တော်တို့လည်း မြင်သာထင်သာရှိအောင် တောခွေးတွေကို ေ့ရှဆွဲထုတ်လိုက်ကြစို့။

ကျမ်းစာက တောခွေးသုံးမျိုးအကြောင်း ပြောထားပါတယ်။ ဇေဖနိ ၃း၃ မှာ ညဉ့်၌ လှည့်လည်သော တောခွေးများ (evening wolves - ညဦးယံတောခွေးများ) မဿဲရး၁၅ မှာ ကြမ်းတမ်း၊ ဆာလောင်သော တောခွေး- ravenous wolves တမန်တော် ၂၁း၂၉ မှာ grievous  ကြမ်းတမ်းသော တောခွေးများဖြစ်ပါတယ်။

ဇေဖနိ ၃း၃ က ညဦးယံ တောခွေးများဟာ နားလည်ရခက်တဲ့ ယုဒရှကာယုတ်- တွေပါပဲ။ ကိုယ့်ကို အနိုင်လှဲသွားနိုင်သူတွေပါပဲ။ ချောင်မှာထိုင်ပြီး အကြံထုတ် ကမောက်ကမတွေလုပ် စိတ်ပုပ်တဲ့သူပါဘဲ။ ကိုယ့့်ကို ဒုက္ခပေးပေမယ့် အမှုတော်ကိုတော့ သူက ဖျက်မပစ်နိုင်ဘူး။ အဲဒီ ဖျက်လိုဖျက်ဆီးလူဟာ ကိုယ်နဲ့ အနီးကပ်လျှောက်လှမ်းနေသူပါ။ ကိုယ်နဲ့ ရင်းနှီးပြီး ကိုယ့်ကို ဖနောင့်နဲ့ ပေါက်မယ့်သူပါ။ ယုဒဟာ အတွင်းလူတယောက်ပါ။

မဿဲ ရး၁၅ မှာ ဖျက်စီးတတ်တဲ့ ကြမ်းတမ်းဆာလောင်တဲ့ တောခွေးတွေအကြောင်း ပြောထားပါတယ်။

အခု စည်းဝေးကြီးမှာ ကျွန်တော်တို့ရဲ့ အဓိကအကြောင်းအရာက သက်သေခံ ဝိညာဉ်ရယူခြင်းနှင့် နိုးထမှုအတွက်ပါဘဲ။ ဒီမှာ ကြိုးစားခံယူပြီး အသင်းတော်ပြန်၊ ငိုယိုဆုတောင်း တအိမ်ဝင်တအိမ်ထွက် ကြိုးစားသက်သေခံတာတွေကို အားကုန်အင်ကုန် လုပ်ပေမယ့်လည်း၊ အဲဒီ ကြမ်းတမ်းတဲ့တောခွေး ဆာလောင်တဲ့၊ ဖျက်ဆီးတတ်တဲ့ တောခွေးတွေကို မှတ်မထားရင်၊ လုပ်သမျှ အလကားဖြစ်ကုန်မယ်။ ကြိုးစားထားသမျှကို တောခွေးတွေက အကုန်ဆုတ်ဖြဲပစ်မှာပဲ။

တမန်  ၂၀း၂၉ မှာ အကြီးအကျယ် ဝမ်းနည်းစေအောင်လုပ်မယ့် တောခွေးတွေအကြောင်း ပြောထားပါတယ်။

ဘုရားဝတ်မှာ မွေ့လျော်တဲ့ မိတ်ဆွေ သင်းအုပ်တယောက်က- သူနဲ့ သူ့ဇနီးက ကျွန်တော်နဲ့ ကျွန်တော့ဇနီးဆီကို လာပြီး စကားပြောနိုင်မယ့်အချိန်ကို သိချင်တယ်လို့ ဖုန်းနဲ့ တောင်းဆိုလာတယ်။ သူတို့ တံခါးဝကို ဖြတ်လာချိန်မှာပဲ သူ့ဇနီးဟာ အတော်စိတ်မကောင်း ဖြစ်နေမှန်း မြင်သာနေတယ်။

အသင်းတော်မှာ သူကြိုးစားလုပ်နေသမျှကို တိုက်ခိုက်နေတဲ့ ဉာဏ်များတဲ့ လူတယောက် ဦးဆောင်တဲ့ အုပ်စုတစုကြောင့် သူခံရတဲ့ဒုက္ခတွေ အခြေအတင်ဖြစ်လာတဲ့အကြောင်း ပြောပြလာတယ်။ သူက “ကျွန်တော် သက်သေခံပြီး ဝိညာဉ်ရယူနေတဲ့အထိ လူသစ်တွေ ပါဝင်လာတဲ့အထိ သူတို့ပျော်နေပါသေးတယ်။ ပြောပါဦးဆရာ ကျွန်တော်သက်သေခံတာကို မလုပ်စေချင်ကြပဲ- ဘာကြောင့် သင်းအုပ်လို့ ကျွန်တော့ကို ခေါ်နေကြသေးလဲ” လို့ ပြောပါတယ်။

သူက ဆက်ပြီးတော့ “ဆရာ ကျွန်တော်လုပ်နိုင်သမျှ အကောင်းဆုံးတိုက်ခဲ့ပါပြီ။ ဒါပေမယ့် ဒီညနေရောက်တော့ ကျွန်တော့ဇနီး သူက (သူ့ဇနီးက ခေါင်းငိုက်စိုက်ကျပြီး မျက်ရည်တွေ ကျနေတယ်။) --- သေနတ်ကိုယူပြီး သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားပါတော့တယ်။ တခုခုတော့ လုပ်ရတော့မယ်ဆိုတာ ကျွန်တော်သိလိုက်ပါပြီဆရာ” - သူက အသက်တောင်မရှူနိုင်ဘဲ “ဒါပေမယ့် ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ မသိဘူးဆရာ” လို့ ပြောဖူးပါတယ်။

အခြေအနေက အစစအရာရာ ထူးခြားနေတယ်။ အမှုတော်အတွက်ဆို ဘယ်သူမဆို အချိန်အတော်အတန် အောင့်အီးသည်းခံကြဖို့ လိုတာမှန်တယ်။ ပြဿနာဖြစ်ချိန်မှာ ရှောင်ထွက်တာ၊ ပြေးထွက်တာ မလုပ်သင့်ပါဘူး။ ဒါပေမယ့် အခုကိစ္စမှာတော့ ကျွန်တော်က “ငါ့ညီရာ မင်းအဲဒီအသင်းတော်ကို ဦးမဆောင်ခင်ကတည်းက ငါ့ကို တိုင်ပင်ခဲ့ရင်ကောင်းမှာ၊ အဲဒီအသင်းတော်က လူတွေဟာ လူကောင်း ၂ယောက်၊ ၃ယောက်ကို ဖျက်စီးပစ်လိုက်ကြပြီးပြီကွ၊ ငါ့ဇနီးကိုတော့ အဲဒီအသင်းတော်အတွက် မစတေးလိုက်နိုင်ဘူးကွာ။ မင်းလည်း အကောင်းဆုံး ကြိုးစားလုပ်ခဲ့ပြီဘဲ။ သူတို့က သင်းအုပ်လုပ်ခွင့်မပေးရင် ငါတော့ ငါ့ဇနီးနဲ့ ငါ့မိသားစုကိုခေါ်ပြီး၊ ငါ့မြင်း ငါခိုင်းပြီး၊ မိုးကုပ်စက်ဝိုင်းအထိ စီးသွားလိုက်မှာပဲ။ ဒီအသင်းတော်ကို မင်းလက်လွှတ်လိုက်ရရင် တခြားအသင်းတော်တခု ရနိုင်တာပဲ။ မင်းဇနီးနဲ့ သားသမီးတွေကိုတော့ ခါးသည်းတဲ့ဒုက္ခတွေ ဆက်မကြံုပါစေနဲ့တော့” လို့ ပြောလိုက်ပါတယ်။

ငှက်ကလေးတွေ၊ ပျားကလေးတွေနဲ့ နွားတွေဟာ major key နဲ့ သီချင်းဆိုကြ ညဉ်းကြပေမယ့် တောခွေးတွေကတော့ minor key နဲ့ အူတတ်ကြတယ်လို့ လူတယောက်က ပြောဖူးပါတယ်။

တောခွေးတွေအကြောင်း လေ့လာကြည့်တော့ တောခွေးအူသံဟာ ကြောက်စရာကောင်းတဲ့ အသံ သင်းအုပ်ဆရာသိနိုင်တဲ့ အသံတမျိုးလို့ သိလာရပါတယ်။ အသင်းသားတွေက အဲဒီကြောက်လန့်စရာအသံကို မသိပေမယ့် သင်းအုပ်က ခွဲခြားတတ်တယ်။ သင်းအုပ်က ခန္ဓာ၊ နားနဲ့ ကြားတာတော့မဟုတ်ဘူး။ စိတ်ဝိညာဉ်နဲ့ ကြားတာပါ။ အဲဒီတော့ ဒီမနက်မှာ တောခွေးတွေအပေါ် ကျွန်တော် တံပိုးမှုတ်ပါမယ်။

ပထမဦးဆုံး ပြောချင်တဲ့အချက်က -----      

၁  တောခွေးတွေဟာ ဇာတိတပ်မက်မှုတွေရှိတယ်။
တောခွေး မလာစေချင်ရင် တောခွေးနားသွားပြီး အညစ်အကြေး မစွန့်ပါနဲ့။

ကျွန်တော့အိမ်က တဖက်ပိတ်လမ်းကျဉ်းလေးထဲမှာ ရှိတယ်။ နောက်ပိုင်းမှာ တောထဲက critter အကောင်ပလောင်လေးတွေ အများကြီးထွက်လာတယ်။ အိမ်နောက်ဖေး ဆင်ဝင်ပတ်လည်မှာ အများကြီးပဲ။

ကျွန်တော်က ကျွန်တော့ဇနီးကို “Honey ဒီလောက်အများကြီးတခါမှ မမြင်ဖူးဘူးကွာ” လို့ တောင် ပြောမိတော့တယ်။

ကျွန်တော်က စိုးရိမ်ကြီးတတ်တဲ့သူဆိုတော့ ညဖက်မှာ အိပ်ယာကထ ၊ လမ်းလျှောက်ပြီး   ဘုရားသခင်ထံမှာ အဖြေရှာ - ဆုတောင်းစကားပြောလေ့ရှိတယ်။ နောက်ဖေးပြတင်းပေါက်က    လှမ်းကြည့်လိုက်တော့ - တောကြောင် တကောင်ကောင် - ဝပ်နေတာ - ထိုင်နေတာကို မြင်ရတယ်။ ပထမတော့ သိပ်နားမလည်ဘူး။ ကျွန်တော့် ဇနီးက စားကြွင်းစားကျန်တွေ နောက်ဖေးဘက် - လွတ်ပစ်တာ အိမ်ကခွေးကို ချကျွေးတာကို ကျွန်တော် မသိခဲ့ဘူး။

အဲဒီ - အကောင်ပလောင်လေးတွေက . . အဲဒီအကြွင်းအကျန်တွေဆီကို လာအနံံ့ခံတယ်။ အညစ်အကြေးတွေဆီကို လာကြတယ်။ အိမ်ကခွေးက - အကုန်မစားနိုင်ဘူး။ နောက်တော့ - ကျွန်တော့်ဇနီးက - သားသမီးတွေကို မှာထားရတော့တယ်။ ကလေးတွေကလည်း အကြွင်းအကျန် အဟောင်းတွေအပေါ်မှာ - အစာသစ်ကို ထပ်ပစ်ချမပေးကြတော့ဘူး။ အင်း - ဒီလိုဆိုတော့ စနစ်တကျ ဖြစ်သွားတာပေါ့။ ဒါပေမယ့် - အညစ်အကြေးတွေကို တခြားတနေရာမှာ သွားပစ်လိုက်နိုင်ရင် . . အကောင်ပလောင်တွေ အိမ်နားမှာ ထပ်လာတော့မှာ မဟုတ်ဘူး။

အသင်းတော်မှာလည်း အညစ်အကြေးတွေကို ထိန်းတတ်ဖို့လိုတယ်။ အသွေးအသားကိစ္စ သတိထားရမယ်။ တောခွေးအိုကြီးတွေက ပန်းပွင့်တွေ ၊ မြက်ပင်တွေလို အရာမျိုး မစားဘူး။ သူတို့ရှာတာက - အသေတွေ ၊ ဇာတိအရာ ၊ အသွေးအသားအရာတွေပါ။ အသွေးအသားကို သတိထားရမယ်။ ဒါဆို- တောခွေးတွေ ဝိုင်းမနေတော့ဘူး။ အိမ်တော်ကို သန့်သန့်ရှင်းရှင်း ထားဖို့လိုတယ်။

ကျွန်တော်တို့ အသင်းတော်ဟာ လူတိုင်းကို ကြိုဆိုပါတယ်။ ဒါပေမယ့် - သံစုံသီချင်းဆိုချိန် တပင်တိုင် သီချင်းဆိုချိန်နဲ့ သင်ကြားချိန် ၊ အလှူငွေကောက်ခံချိန်တွေမှာ - ပါဝင်သူတိုင်းဟာ သခင်ယေရှုရဲ့ အသက်တာကို အတုယူဖို့လိုတယ်။

ကျွန်တော်တို့ ဆိုတဲ့ သီချင်းဟာ - သခင်ဘုရားရဲ့ ဘုန်းထင်ရှားဖို့ လိုတယ်။ ဇာတိသဘောဆန်တဲ့ - ခေတ်သစ် - ဧဝံဂေလိ - ခပ်လှုပ်လှုပ် - ခပ်ရမ်းရမ်း သီချင်းမျိုးတွေက - ဘုရားဘုန်းတော် ထင်ရှားမှာ မဟုတ်ဘူး။ ကျွန်တော့ အတွက်တော့  အချို့ဘုရားကျောင်းတွေ သွားဖို့၊ နောက်ခံ-တေးဂီတ အသံတွေကြားဖို့ဆိုတာ စိတ်ပျက်မိတယ်။ ဒီလိုတေးဂီတ - သီချင်းတွေကို အသင်တော်မှာ သတိထား- ထိန်းသိမ်းရမယ်။

ကျွန်တော်သွားဖို့ စိတ်ပျက်တဲ့ ဘုရားကျောင်းမျိုးကတော့ - သံစုံသီချင်းဆိုချိန်မှာ - အုပ်စုလိုက် ချီတက်ပြီးဝင်တဲ့  အမျိုးသမီးတွေက မလုံမခြံုဝတ်တဲ့ အသင်းတော်မျိုးပါဘဲ။ အမျိုးသမီးတွေ အဲဒီလို marching လုပ်ပြီး - ချီတက်လာတာကို မြင်ရတော့ အမျိုးသားတွေအဖို့ သင်ထားတဲ့ ကျမ်းစာနဲ့ ကျမ်းချက်တွေ - ဘယ်ဆင်ခြင် နိုင်တော့မလဲ။ အမျိုးသမီးတွေ လုံလုံခြံုခြံု ဝတ်ကြပါ။ လည်ဟိုက်ကလည်း ရှိသင့်သလောက်ပေါ့။ စကတ် ထမီကလည်း ရှိသင့်တဲ့ အရှည်လောက် ဝတ်ကြပါ။

ဒီ Gospel Light နှစ်ခြင်းအသင်းတော်မှာရှိတဲ့ သီချင်းပုံစံမျိုးကို ကျွန်တော် သဘောကျတယ်။ ဒီမှာဆိုတဲ့ သံစုံသီချင်းက အလှပြမဟုတ်ဘူး။ အလှပြ တင်ဆက်မှုတွေ ဖယ်လိုက်ပြီးတော့ အစီစဉ်တိုင်းမှာ ဘုရားသခင်အလိုတော်နဲ့ နည်းလမ််းတွေကို အခွင့်ပေးကြစို့။

၂။  တောခွေးတွေဟာ ဒုက္ခရောက်သူတွေကို သဘောကျတယ်။ ကြည့်ရှုချင်တယ်။
တောခွေးတွေကို လေ့လာကြည့်တော့ သူတို့ဟာ ကျောက်ဆောင်အစွန်နားမှာ လေးလေးကန်ကန် လမ်းလျှောက်ရင်း လူတွေ၊ အရာဝတ္ထုတွေကို အပေါ်စီးက ကြည့်ရတာကို သဘောကျကြတာ တွေ့ရတယ်။

အသင်းတော်မှာ ကြည့်လို့ရှုလို့ ရနိုင်တဲ့နေရာတွေမှာ ထိုင်ဖို့နှစ်သက်တဲ့ တောခွေးတွေကို မြင်ဖူးသလား။ သူတို့ဟာ လက်ပိုက်ပြီး နောက်ပိုင်းမှာ မတ်တပ်ရပ်ချင်ရပ်နေမယ်။ ဧည့်ကြိုအဖွဲ့ထဲမှာ ပါလိမ့်မယ်။ တခြားသူတွေအတွက် ခုံနေရာရှာပေးမယ့်အစား တရားဟောဆရာ တရားစဟောချိန်မှာ အပေါက်ဝဖက်ထွက်ပြီး တရားဟောတာမပြီးမချင်း အနားကလူတွေနဲ့ စ-နောက် နေလိမ့်မယ်။

ကလေးတွေထိန်းဖို့ ကိုယ့်အလှည့်ကျရင် ကိုယ့်အလှည့်ကျရင် သတိထားပါ။ အချို့အမျိုးသမီးတွေက ဘုရားရှိခိုးချိန်မှာမှ ကလေးထိန်းတဲ့အခန်းဖက် လာချင်ကြတယ်။ “ဘုရားသခင်နှင့် စပ်ဆိုင်သောသူသည် ဘုရားသခင်၏ စကားတော်ကို နားထောင်တတ်၏” (ယော၈း၄၇) အသေးအမွှားပြဿနာတခုခု ဖြစ်ပြီဆိုရင်တော့ အဲဒီလူမျိုးက မဟုတ်တဲ့ဘက်က ပါချင်ပြီ။   သတိထားကြစို့။

တောခွေးဟာ အုပ်စုထဲမှာ ဧရာမဘိုးအေကြီး လုပ်ချင်တယ်။ ကော်မတီထဲမှာလည်း ပါချင်တယ်။ ကျမ်းစာထဲမှာ သင်းထောက်လို့ပဲ တွေ့ရတယ်။ ကော်မတီဆိုတာမျိုးကို တခါမှမတွေ့ရ ဘူး။

ကော်မတီဆိုတာက စည်းဝေး ခဏခဏခေါ်ချင်တယ်။ သူတို့က သီချင်းဆိုဖို့တော့ မတောင်းဆိုဘူး။ တခြားသူတွေ ကြားလောက်အောင်တော့ “ဘုရားသခင်က အဆိုကောင်းတဲ့ အသံမပေးလို့ပါ။ ဘုရားသခင် အသုံးပြုခံချင်လိုက်တာ” လို့ ပြောတတ်ပါတယ်။ သူတို့နောက်လိုက် တချို့ကလည်း သူတို့သီချင်းဆိုပါဝင်ဖို့၊ ဒါမှမဟုတ် တခြားပါရမီ အစွမ်း talent တခုခုကိုပြဖို့ တောင်းဆိုတတ်ကြတယ်။

အဲဒီကော်မတီဟာ သင်းအုပ်ဆရာရဲ့ အမှုတော်လုပ်ငန်းထဲမှာပဲ လုပ်ငန်းထဲမှာပဲ လုပ်ငန်းတခု နေရာရှိချင်လာကြတယ်။ ဝိညာဉ်သဘောဆိုပြီး အပြကောင်းချင်တယ်။ “ကိုယ့်အကျိုးစီးပွါးကြောင့် သူ့မျက်နှာကို ထောက်ထားခန့်ညားတတ်သောသူ ဖြစ်ကြ၏” (ယုဒ ၁၆)

လူတယောက်ရဲ့ ပြဿနာအသေးအမွှားအကြောင်း သူတို့ကြားရပြီဆိုရင် ကူညီဖို့ အပြေးအလွှားပါဘဲ။ ကူညီတာကတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့က အသင်းတော်ကို ကူမပေးမယ့် ဘိုးတော်တွေ ဖြစ်ချင်တာက ခက်တယ်။ အဗရှလုံလိုပဲ အဖေရှင်ဘုရင်ထံ လာတဲ့သူတွေကို “မင်းတို့ပြဿနာကို နားထောင်ပေးဖို့ ဘုရင့် ကိုယ်စားလှယ် လွှဲထားသူပါ။” လို့ ပြောပြီး သူတို့လက်တွေကို နမ်း၊ ငါ ဒီပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့” ပြောချင်သူတွေပါ။ ဒါဟာ ကြားဖြတ် ညှို့ယူတာပါပဲ။ အဗရှလုံဟာ ကူမမယ့် ဘိုးတော်လုပ်ချင်သူပါဘဲ။ ဒါမျိုးတွေကို ရှာချင်၊ ကြည့်ချင်နေတတ်သူပါပဲ။

ဒီမှာရှိတဲ့ လက်ထောက်သင်းအုပ်တွေ၊ သင်းထောက်တွေ၊ အခြားအဖွဲ့ဝင်တွေကို ကျွန်တော် ပြောချင်တာက ဘုရားသခင်က ခင်ဗျားတို့ သင်းအုပ်ကို အမှုတော်လုပ်ငန်းတခုလုပ်ဖို့ ခေါ်ထားပါတယ်။ ခင်ဗျားတို့ကိုတော့ သင်းအုပ်ရဲ့အလုပ်ကို ကူညီပြီး ဘုန်းတော်ထင်ရှားဖို့ ခေါ်တယ်။ သူ့လက်တွေ အားမလျော့အောင် ထောက်မကြရမယ်။ ကျမ်းစာမှာ မောရှေဦးဆောင်တဲ့ တိုက်ပွဲကြီးတခုအကြောင်း ပြောထားတယ်။ အာရုန်နဲ့ ဟုရလက်ကို မောရှေလက်နဲ့ ထောက်မတာ မဟုတ်ဘူး။ သူတို့လက်နဲ့သာ မောရှေလက်ကို ထောက်မရတယ်။

တောခွေးတွေကတော့ သင်းအုပ်ကို မရိုသေကြဘူး။ သင်းအုပ်အမိန့်ပေးတာကို သဘောမကျဘူး။ - ဟေဗြဲ ၁၃းရ၊ ၁၇ မှာ ….

“ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့အားဟောပြော၍၊ သင်တို့ကို အုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့။”

“သင်တို့ကို အုပ်သောသူတို့၏ စကားကိုနားထောင်၍ နှိမ့်ချလျက် နေကြလော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့စိတ်ဝိညာဉ်၏ အကျိုးအလိုငှါ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။”

ဒီကျမ်းပိုဒ်မျိုးကိုတော့ တောခွေးတွေ ဖတ်လေ့မရှိပါဘူး။ သင်းအုပ်ဆရာကို မရိုသေကြတဲ့ တောခွေးတွေက “တို့က လူစကားနားထောင်တာမဟုတ်ဘူး။ ဘုရားစကားနားထောင်တာ” လို့ ဆိုတတ်တယ်။ သင်းအုပ်ဆရာစကား နားမထောင်ဘဲ ဘုရားစကား နားထောင်တယ်ဆိုတာ ဟေဗြဲ ၁၃ အရ မဖြစ်နိုင်ဘူး။ ဒုတိယမွေးဖွးပြီး Born again လွတ်လပ်စွာရပ်တည်သူ Independent fundamental အခြေခံ ယုံကြည်ချက်တွေကို ခံယူရပ်တည်တဲ့သူ အနှစ်တထောင်ကာလ မတိုင်မှီ ခရစ်တော် ပြန်ကြွလာမယ်လို့ ယုံတဲ့ဆရာ premillennial preacher ရဲ့ အုပ်စိုးခြင်းကို ဝန်မခံတဲ့့သူဟာ ဘုရားစကား နားထောင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။

မကြာသေးခင်က အသင်းတော်တပါးမှာ သင်းထောက်တယောက်က သင်းအုပ်ကို “ဆရာက တရားပဲဟောပေါ့။ လုပ်စရာရှိတာတွေတော့ ကျွန်တော်တို့ လုပ်မယ်” လို့ ပြောတယ်။ သင်းအုပ်က ကျွန်တော့ကို ပြောတာကြားရအပြီး ကျွန်တော်က အဲဒီသင်းထောက်ရဲ့ အတွေးအခေါ်ကို ပြောင်းပေးလိုက်တယ်။

ဒါက မောရှေကိုပြောတဲ့ တောလည်ရာ ၁၆း၁-၅ ထဲက လူတွေနဲ့တူပါတယ်။ “သင်းအုပ်က သိပ်နေရာယူတာပဲ။ သိပ်အာဏာရှိ၊ သိပ်တာဝန်ရှိချင်နေတာဘဲ” လို့ ပြောသလိုပါပဲ။   

တောခွေးတွေက သင်းအုပ်ကို မလေးစားဘူး။ သူတို့က ၁ပေ ၅း၁-၄ ကို ထောက်ပြပြီး သင်းအုပ်ဆိုတာ သခင်ယေရှုအောက်က လက်ထောက်သိုးထိန်းပဲ။ ၁ကော ၁၁း၁ မှာ “ငါသည် ခရစ်တော်၏ နည်းတူကျင့်သကဲ့သို့ သင်တို့သည်လည်း ငါ့နည်းတူ ကျင့်ကြလော့။” လို့ ပြတတ်ပြန်တယ်။

ဘယ်အသင်းတော်မှာမှ ဦးခေါင်းဟာ သင်းအုပ်တပါးထက် ပိုမရှိဘူး။ လက်ထောက် သင်းအုပ်ပဲဖြစ်ဖြစ်၊ သင်းအုပ်ရဲ့ လက်ထောက်ပဲဖြစ်ဖြစ် သင်းအုပ်ရဲ့အမှုတော်ကို ဘုန်းထင်ရှားစေဖို့ လေးစားဖို့ လိုတယ်။ ဒါမှ အသင်းတော် တိုးပွါးမယ်။

တောခွေးတွေက သင်းအုပ်ရဲ့အခွင့်အာဏာကို လက်မခံချင်ဘူး။ သင်းအုပ်ရဲ့ အခွင့်အာဏာ ပြရတဲ့အခါ သင်းအုပ်စကားကို လူတွေနားထောင်ပြီး သူတို့စကားကို နားမထောင်တဲ့အခါ သူတို့မှာ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။

ကျွန်တော်တော့ တောခွေးအူသံ ကြားရတယ်။ တောခွေးတွေအပေါ်မှာ တံပိုးမှုတ်လိုက်ပြီ လို့ ထင်တယ်။ ဟုတ်တယ်မဟုတ်လား။

၃။  တောခွေးရှိသမျှဟာ ဗိုလ်လုပ်ချင်ကြတယ်။
တောခွေးရှိသမျှဟာ ဗိုလ်လုပ်ချင်ကြတယ်။ သင်းအုပ်ကို သိပ်မလေးစားဘူး။ တောခွေးခေါင်းဆောင်၊ တောခွေးဗိုလ်ကြီးအကြောင်း လေ့လာကြည့်တော့ သူရှိတဲ့အတွက် တခြားတောခွေးတွေက ဝမ်းမြောက်နေမယ်လို့ ထင်ခဲ့တာ။ တကယ်တော့ အဲဒီလိုမဟုတ်ဘူး။ အဲဒီနေရာကို တိုက်ပြီးယူခဲ့တာ။ တောခွေးအုပ်ထဲမှာ အားလုံးက ဗိုလ်လုပ်ချင်သူတွေချည်းပဲ။ ဒါပေမယ့် တောခွေးဗိုလ်ကြီးက တခြားတောခွေးတွေအားလုံးကို သူ့အနားမှာ စုစုဝေးဝေး နေစေချင်တယ်။

တောခွေးတွေက သင်းအုပ်ဆရာကို ဘုရားသခင်ရဲ့လူအဖြစ် မလေးစားချင်ဘူး။ အားလုံးက ဗိုလ်ပဲလုပ်ချင်နေတယ်။ သူပြောတာက “ဆရာနဲ့ အေးအေးဆေးဆေးတွေ့ချင်တာ--- ပြောရမှာတော့ အားနာပါတယ်ဆရာ၊ လူတွေက ကျွန်တော့ကို လာလာပြောနေတော့ ” “ဒီလိုဖြစ်လာပြီဆိုရင်တော့ ကိုယ့်အနားမှာ တောခွေးတကောင် ရောက်နေပြီသာမှတ်။”

“ဆရာ လူတွေက ကျွန်တော့ဆီလာလာပြီး--- တဲ့” တောခွေး ဟုတ်မဟုတ် သေသေချာချာ သိချင်ရင် “ဘယ်သူတွေများလဲ” လို့ ပြန်မေးလိုက်ပါ။ ပြောမပြရင် တောခွေးဆိုတာ သေချာပြီ။

“ဆရာ လူတွေက ကျွန်တော့ဆီ လာလာနေတယ်။ ကျွန်တော် ဆရာ့ကို အကူအညီ ပေးနိုင်သမျှတွေကိုတော့ ဆရာသိစေချင်တယ်။” လို့ ဆိုလာတဲ့အခါ မိတ်ဆွေသဘောမျိုး နေရာ ယူနေပါပြီ။ ဒါက အနမ်းတချက်နဲ့ အပ်နှံမယ့် ယုဒပါပဲ။

“ဆရာ့ကို သိစေချင်တာက--- ” ဆိုတဲ့ စကားအရ သင်းအုပ်ဆီကို မလာဘဲ သူ့ဆီကို သွားနေတဲ့ သူတွေရှိနေတယ်။ အဲဒီပြဿနာကို သူကိုင်တွယ်နေရတယ်ဆိုပြီး ရင်ထဲမှာ ပျော်ရွှင် ဝမ်းမြောက်နေတာပေါ့။ သင်းအုပ် မကိုင်တွယ်နိုင်တာတွေကို သူကိုင်တွယ်နိုင်တယ်ဆိုပြီး ပျော်နေတာပေါ့။

“ဒါကြောင့် ဒီလူတွေ ဘယ်သူဆိုတာ ကျွန်တော်မပြောပြနိုင်ဘူး။ သူတို့က ယုံကြည်စိတ်ချလို့ ပြောပြထားတာ” လို့ ဆိုတတ်တယ်။ ကဲ မိတ်ဆွေတို့ ခင်ဗျားဟာ ဘုရားသခင်ရဲ့ လူကို အပ်နှံသူလား၊ ဘုရားသခင်ရဲ့အသင်းတော်ကို အပ်နှံသူလား။ ဘုရားသခင်ရဲ့ အမှုတော်ကို အပ်နှံသူလား။ သိပ်ရှက်စရာကောင်းပါတယ်။

၄။ တောခွေးတွေဟာ နောက်ကွယ်မှ ကြိုးကိုင်ချယ်လှယ်ကြတယ်။
တောခွေးတွေဟာ အကွယ်အကာ နောက်ကွယ်ကနေ တိုက်ခိုက်တတ်တဲ့ သဘောရှိတယ်။ တောခွေးဗိုလ်ကြီးက ေ့ရှကနေ ခပ်သုတ်သုတ်ကလေး ပြေးနေမယ်။ သူ့ညာဖက်မှာ ပိန်ပိန်ပါးပါး တောခွေးမက ခပ်သုတ်သုတ်ပြေးလိုက်တယ်။

တောခွေးဗိုလ်ကြီးက တောက်လျှောက်ပြေးနေတယ်။ တခါတရံမှာ သူ့ခေါင်းကို ညာဖက်လှည့်လိုက်၊ နောက် ဘယ်ဖက်လှည့်လိုက် လုပ်တယ်။ တောခွေးမက ညာဖက်မှာ နေရာယူရင် သူ့ခေါင်းကို ညာဖက်လှည့်တယ်။ တောခွေးမက ဘယ်ဖက်မှာ နေရာယူရင် သူ့ခေါင်းကို ဘယ်ဖက်လှည့်တယ်။ အဲဒီတော့ လမ်းတလျှောက်လုံးမှာ ဦးဆောင်နေတာက တောခွေးဗိုလ်ကြီး မဟုတ်တော့ဘဲ သူ့ဘေးမှာ ခပ်သုတ်သုတ်ပြေးနေတဲ့ တောခွေးမလေးက အမိန့်ပေးနေသလို ဖြစ်နေတယ်။

သင်းအုပ်ကတော်ဖြစ်ရသူတွေ-- သတိထား။ အဲဒီနေရာကို ရဖို့အတွက် တောခွေးများစွာ သေခဲ့ရတယ်။ သတိမထားရင် ကိုယ့်ခင်ပွန်း သင်းအုပ်ဆရာအသက်တာ သေသွားနိုင်တယ်။

သင်းအုပ်ဆရာတယောက်အကြောင်း ကြားဖူးတယ်။ သူက နှစ်ခြင်းပေးနေတာပါ။ ပြီးတော့ ဘေးတံခါးကနေထွက်ပြီး နှစ်ခြင်းခံပြီးလို့ ထွက်လာသူတွေကို လက်ဆွဲနှုတ်ဆက်ပါတယ်။

အဲဒီမှာ သင်းထောက်တယောက်က ဆေးလိပ်သောက်နေတယ်။ သင်းအုပ်က အထိတ်တလန့်ဖြစ်ပြီး သူ့ကို “အိမ်မှာသောက်တာကတော့ ခင်ဗျားအပိုင်းပေါ့ဗျာ၊ ဘုရားကျောင်းဝမှာတော့ ရပ်မသောက်ပါနဲ့ဗျာ” လို့ ပြောလိုက်တယ်။

သင်းထောက်က စီးကရက်ကို လွင့်ပစ်လိုက်ပြီး “ဒီမှာဆရာ၊ ခင်ဗျား မရောက်ခင်ကတည်းက ကျုပ်က ဒီအသင်းတော်မှာ ရှိနေတာ။ ခင်ဗျားမရှိတဲ့ နောက်ပိုင်းမှာလည်း ကျုပ်ရှိနေချင် ရှိနေဦးမှာပဲ။ ကျုပ်သောက်ချင်တဲ့နေရာ၊ သောက်ချင်တဲ့အချိန်မှာ သောက်ရမှာပဲ” လို့ ပြောတယ်။ သင်းအုပ်က “ကောင်းပြီ၊ ဘုရားသခင် ကြည့်စီရင်ပါလိမ့်မယ်- ဟုတ်လား” လို့ ပြန်ဖြေတယ်။ ပြောတော့

“အင်း- ကောင်းတာပေါ့” လို့ ဖြေတယ်။ အဲဒီအချိန်ဟာ တနင်္ဂနွေမနက်ပါ။ သူက ကုန်တင်ကားမောင်းတဲ့လူပါ။ နောက်တနေ့ သွားရမယ့်နေရာရောက်ဖို့ နာရီအများကြီး ဆက်မောင်းရဦးမှာပါ။

တနင်္လာနေ့မနက် ၂ နာရီ ၃နာရီလောက်မှာ အဲဒီလူရဲ့မိန်းမက သင်းအုပ်ကို ဖုန်းဆက်တယ်။ ငိုပြီးတော့ “ဆရာရေ ဒုက္ခပဲ ဒုက္ခပဲ” လို့ ဆိုတယ်။

“ဘာဖြစ်လို့လဲ” ဆိုတော့ - ခရီးမသွားခင်နားဖို့ တည်းခိုခန်းတခု ရှာထားတယ်။ အိပ်ယာထဲမှာ ဆေးလိပ်သောက်နေလျက်သားနဲ့ အိပ်ပျော်သွားတယ်။ အိပ်ယာမီးလောင်ပြီး သူသေသွားတယ်။ သူသောက်ချင်တဲ့နေရာ၊ သောက်ချင်တဲ့အချိန်မှာ စီးကရက်သောက်ခဲ့သူဟာ၊ ဘုရားသခင်နဲ့မှ ထိပ်တိုက် သွားတွေ့တော့တာကိုး။

Carl Lackey - အကြောင်း ပြောစရာအများကြီး ကျွန်တော့မှာ ရှိပါတယ်။ တခါက လူတယောက်က သူ့ကို ဆန့်ကျင်ဘက်ပြုတယ်။ အဲဒီလူက အနားရောက်လာပြီး ကားပြတင်းပေါက်ကို ချကာ ဆရာ Lackey ကို ကျိန်ဆဲသွားတယ်။ ပြီးတော့ ကားဆက်မောင်းသွားကာ လမ်းဘေးမှတ်တိုင်ကျောက်ကို ကျော်ပြီး သစ်ပင်ကို ဝင်ဆောင့်ကာ သေရတယ်။

ဘုရားသခင်ရဲ့လူကို ဆန့်ကျင်ဘက်ပြုတာကို သတိပြုပါ။ နောက်ကွယ်မှ ကြိုးကိုင်၊ ချယ်လှယ်ချင်သူတွေ သတိထားပါ။

“ငါအမျက်ပျင်းထွက်လျက် သင်တို့ကို ထားဘေးဖြင့် ကွပ်မျက်မည်။ သင်တို့မယားများသည် မုဆိုးမဖြစ်၍၊ သားသမီးများသည်လည်း မိဘမရှိသောသူငယ်ဖြစ်ကြလိမ့်မည်။”          ထွက်မြောက်ရာ ၂၂း၂၄။

ဧလိရှဲရဲ့ ငယ်ထိပ်ပြောင်တာကို လှောင်ပြောင်ကြတဲ့ ကလေး ၄၂ ယောက်ကို ဝံမတွေ ထွက်လာပြီး ကိုက်ဖြတ်ပစ်တယ်။ ဘာကြောင့်လဲ ဒီအကြောင်းမတိုင်ခင် ေ့ရှအခန်းကြီးက ဣသရေလလူတွေရဲ့ စိတ်ခံစားချက်ကြောင့်ပါဘဲ။

“လူငါးကျိပ်အုပ်သော တပ်မှူးကိုစေလွှတ်၍၊ တပ်မှူးသည် တောင်ပေါ်မှာထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင်၊ အိုဘုရားသခင်၏လူ သင်သည် ဆင်းရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟု ဆို၏။ ဧလိယကလည်း ငါသည် ဘုရားသခင်၏လူမှန်လျှင် ကောင်းကင်က မီးကျ၍ သင်နှင့် သင််၏လူငါးကျိပ်တို့ကို လောင်ပါစေ ဟု လူငါးကျိပ်အုပ်သော တပ်မှူးအား ဆိုသည့်အတိုင်း ကောင်းကင်က မီးကျ၍ သူနှင့် သူ၌ပါသော လူငါးကျိပ်တို့ကိုလောင်လေ၏” (၄ရာ ၁း၉၊ ၁၀)

ဒါမျိုးနှစ်ကြိမ် ဖြစ်ခဲ့တယ်။ တတိယတပ်မှူးကတော့ မဆိုးဘူး။ ဘုရားသခင်ရဲ့ တရားစီရင်မှုကို ဖြစ်ပေါ်လာစေတဲ့ လူတွေရဲ့စိတ်သဘောကို တွေ့မြင်ရနိုင်တယ်။

သင်းအုပ်အကြောင်းပြောရင် လေးစားစွာပြောရမယ်။ ဘယ်သူမှ အိပ်ယာထဲမှာ “အင်း-မင်းသိလား၊ သင်းအုပ်က အဲဒီလိုလုပ်တယ်။ ဒါပေမယ့် ငါတော့ အဲဒီလိုမလုပ်ချင်ဘူး” လို့တောင် စကားအားဖြင့် မပြောသင့်ဘူး။

၅။  တောခွေးက သင်းအုပ်ကို အသင်းတော်အပေါ် ဦးဆောင်ခွင့်မပြုဘူး။
ကျွန်တော့လက်ထောက် သင်းအုပ်က အရင်က သူသင်းအုပ်လုပ်ဖူးတဲ့ အသင်းတော်မှာ သာသနာပြုဆရာတယောက် စေလွှတ်စရာရှိခဲ့တယ်။ အသင်းသားတွေရဲ့ ယုံကြည်စိတ်ချမှု ရဖို့လိုသေးတယ်လို့ ပြောပြတော့ အသင်းသားတွေက “ဆရာ စစ်ဆေးပြီးပြီလား” လို့ မေးတယ်။ ပြီးတဲ့အကြောင်း ပြောပြတော့ သူတို့က “ကျွန်တော်တို့ ကြားချင်တာက ဒီစကားပဲ” ဆိုပြီး သာသနာပြုဆရာကို စေလွှတ်ဖို့ မဲပေးကြတယ်။

သင်းအုပ်က “အဲဒီ သာသနာပြုဆရာဟာ ဘုရားသခင်ရဲ့ဝတ်မှာ မွေ့လျော်သူတွေအပေါ် လူငယ်တွေက ယုံကြည်မှုမရှိအောင် ဖျက်ချနေတယ်ဆိုတာ ပရိသတ်ကို ကျွန်တော် ပြောမပြချင်ဘူး ဆရာ” လို့ ဆိုတယ်။

တောခွေးဟာ သင်းအုပ်ကို အသင်းတော်ဦးဆောင်ခွင့် မပေးချင်ဘူး။

ကျွန်တော်ကြားဖူးတဲ့ ဖြစ်ရပ်တခုကို ကြားရသလို ပြန်ပြောပြချင်တယ်။ လက်မထပ်ရသေးတဲ့ ၁၅နှစ်အရွယ် ကလေးမတယောက်ဟာ ကလေးရမယ့် အခြေအနေမှာရှိနေပြီ။ သင်းအုပ်က စိတ်ကြေကွဲနေတဲ့ မိသားစုကို ခေါ်တွေ့တယ်။ မိန်းမငယ်က ထွက်သွားပြီး ပြန်မလာဘဲ နေတော့မယ့်သဘော။ သင်းအုပ်ကတော့ သူ့အသက်ကို ကယ်ဖို့နဲ့ ဘုရားသခင်နဲ့ မှန်ကန်စွာ လျှောက်လှမ်းနိုင်ဖို့ ကူမဖို့ ကြိုးစားနေတယ်။

အဲဒီအချိန်မှာ Miss wiggle Jaw - ဒေါ်မေးခါ ရောက်လာတယ်။ “ဆရာ ဒီကိစ္စ ဘယ်လိုလုပ်မလဲ။”

“တခုခုလုပ်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်။”

“ကောင်းပါပြီ တခုခုကို အခု မြန်မြန်လုပ်သင့်တယ်။ ဘယ်မိန်းကလေးမှ အသင်းတော်ထဲမှာ ဒီလို မဖြစ်သင့်ဘူး။ မရှိသင့်ဘူး”

“ဒီကိစ္စ ကျွန်တော်လုပ်နေပါတယ်ခင်ဗျာ။”

“ကောင်းပါပြီ ကျွန်မအထင်တော့ ဒါတော်တော်ဆိုးတဲ့ ပြဿနာပဲ --- စသည်ဖြင့် --- စသည်ဖြင့်--- ပြောသွားပါတယ်။

အဲဒီအမျိုးသမီးက နီးစပ်ရာတွေကို သွေးဆောင်တော့ နောက်လိုက်အုပ်စုလေးတခု ဖြစ်လာတယ်။ ပြီးတော့ မကြေမနပ်အသံတွေ စဖြစ်အောင် လုပ်လာတယ်။

၂ ရက်-၃ ရက်လောက် ဟောင်ပွါ-ဟောင်ပွါ ပြောပြီးနောက်မှာတော့၊ တယောက်ယောက်က ကလေးအဖေဟာ ခင်ဗျားသားဘဲလို့ ကပ်ပြောသွားပါတော့တယ်။

အဲဒီနောက်တော့ သူ့ပါးစပ် ပိတ်သွားတယ်။ သင်းအုပ်က ထုတ်ပစ်တာ၊ ဒေါသထွက်တာတွေ မဖြစ်စေချင်တော့ဘူး။ သင်းအုပ်က လူတွေကို ကူညီမစ၊ ချစ်တတ်သနားတတ် သေလုဆဲဆဲလူတွေကို ပြုစုတတ်ဖို့ပဲ ဖြစ်စေချင်လာတော့တယ်။

အသင်းသားတယောက်က သူ့အိမ်မှာ လူတစုကို ရေကူးဖို့ ခေါ်ချင်တယ်။ သူ့အိမ်မှာ ရေကူးကန်ရှိတယ်။ ဒါပေမယ့် သင်းအုပ်ဆရာက “ဘက်စကက်ဘောတော့ ဘာကြောင့် မကစားလဲ၊ ဒါမှမဟုတ် ဘောလုံးကန်ဖို့ သွားပါလား၊ ဒါမှမဟုတ် တခြားတခုခု ကစားပါလား။

ဆရာက အဲဒီလူဟာ လိင်တူဆက်ဆံသူတယောက်ဆိုတာ ၉၅% လောက် သေချာတာကို သူ့လူတွေကို ပြောမပြနိုင်ခဲ့ဘူး။ ရေကူးရင်း ကောင်လေးတွေ ဖေါက်ပြန်တပ်မက်မှုတွေ ဖြစ်လာမယ့်အရေးက ကာကွယ်ဖို့ သူကြိုးစားနေတယ်ဆိုတာ ပြောမပြနိုင်ခဲ့ဘူး။

ဒါပေမယ့် အဲဒီမှာ တောခွေးတွေ ပါလာပြီ။ တံဖိုးမှုတ်ဖို့ လိုလာပြီ။ “ကောင်းပြီ၊ ကျွန်တော် ရှင်းပြမယ််။ ယောက်ျားလေး၊ မိန်းကလေး ရောပြီး ရေကူးတာ အဝတ်အစားမဲ့ ရောနေတာ မကောင်းဘူး။ ဒါပေမယ့် အိမ်တအိမ်မှာ ယောက်ျားလေးတွေ ရေကူးကြတာတော့ ဘာမှ မကောင်းပါဘူး။

သင်းအုပ်က အသင်းတော်ကို ဦးဆောင်ပါစေ။ ပြောမပြနိုင်ပေမယ့် သူသိတာတွေ ရှိနေတယ်။ သူ့သံသယကို သူပြောလိုက်ပြီး သက်သေမပြနိုင်ရင် အသင်းတော်ကို ကွဲပြားစေသလို ဖြစ်သွားနိုင်တယ်။ အဲဒီလူက အသင်းတော်သံစုံမှာ ဝင်ဆိုနေတဲ့သူ။ ဆရာက အသင်းတော် မပျက်စီးမကွဲပြားဘဲ အဲဒီလူကို ဖယ်ထုတ်ဖို့ ကြိုးစားဖို့ စီစဉ်နေရတယ်။

သင်းအုပ်ဆရာကို အခွင့်ပေးကြပါ။ အသင်းတော်ကို သူဦးဆောင်ပါစေ။

၆။  တောခွေးရန်က ကာကွယ်ဖို့ နည်းလမ်းကောင်းတခု
တောခွေးရန်က ကာကွယ်ဖို့ သင်းအုပ်အတွက် ကာကွယ်နည်းလမ်းကောင်းတခုဟာ တောခွေးစောင့် ခွေးကောင်းကောင်းတကောင်ပါဘဲ။ ခွေးမွေးပွကလေးတွေကို ပြောတာမဟုတ်ဘူး။ ခြေယိုင်ယိုင်နဲ့ ထွက်ထွက်လာတတ်တဲ့ ခွေးမျိုးကိုသာ ဆိုလိုတယ်။ သူ့အမေက ခွေးဘီလူးမျိုး။ သူ့အဖေကိုတော့ သူမတွေ့ဖူးဘူး။ ခွေးလေခွေးလွင့်ထဲကလို့ပဲ သူကြားဖူးတယ်။ သူ့နားရွက်တဖက်က ပဲ့နေပြီ၊ သူလမ်းလျှောက်ရင် သူ့ပုခုံးတွေက နိမ့်တုံမြင့်တုံနဲ့လာတဲ့ တောခွေးစောင့် ခွေးတကောင်ပါပဲ။

သင်းအုပ်တိုင်းမှာ တောခွေးစောင့် ခွေးကောင်းကောင်းတွေ ရှိဖို့လိုတယ်။

အသင်းတော်ကြီးတခုက ကျွန်တော့မိတ်ဆွေ တရားဟောဆရာမှာ အသင်းသား ၁၅၀၀ လောက်ရှိတယ်။ သူက ၆ပေ၃လက်မလောက်ရှိတဲ့ လူတယောက်ကို သက်သေခံပြီး ရလိုက်တယ်။ ကယ်တင်ခြင်းရပြီး သိပ်မကြာခင်မှပဲဲ သူ့ဆရာက သက်သေခံဖို့ခေါ်သွားတယ်။ အဖြစ်အပျက်ကလေးကို သူ့သင်းအုပ်ဆရာ ပြောပြပုံကတော့ ….

“ကျွန်တော်တို့ သက်သေခံဖို့ တနေရာ နှစ်နေရာလောက် သွားတယ်။ ပြီးတော့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အသင်းသားတယောက်ရဲ့အိမ်ကို ဝင်တယ်။

“ခင်ဗျားကို မတွေ့ရတာကြာပြီနော်” လို့ ပြောတော့ အေးစက်စက်နဲ့ “အင်း ဘယ်တွေ့မလဲ” လို့ ပြောပါတယ်။

“တခုခု မှားနေလို့လားဗျာ။”   “အင်း မှားတယ်။”   “ဘာမှားလဲဗျာ။”----

“ဆရာ …… ပြောချင်တာတွေက….  ဆိုပြီး - သိပ်ကြမ်းကြမ်းတမ်းတမ်း ပြောလာတယ်။

အဲဒီလို ပြောနေတုန်း ကျွန်တော့လူသစ်က ဗလကြီးဆိုတော့ လည်တိုင်ကို ဆွဲအစ်လိုက်ပြီး ကြမ်းပြင်ပေါ် ဆွဲလှဲချလိုက်တယ်။ “မင်းအသက်ရှင်နေသေ့ရွ ငါ့ဆရာအကြောင်း ဘယ်တော့မှ မပြောနဲ့ ကြားလား” လို့ ဆိုတယ်။

သူမပြောတော့ဘူး။ ကျွန်တော့အကြောင်းတောင် မကောင်းမတွေးတော့ဘူး။- လို့ ပြောပါတယ်။

ဒီလိုအပြုအမူမျိုး ကြမ်းပြလိုက်တာကို သဘောတူသလား။ မတူပါဘူး။ ဒါပေမယ့် သင်းအုပ်ဆရာတယောက်ဟာ သူ့လူသူ အမြဲတမ်းထိန်းပေးနိုင်စွမ်း မရှိနိုင်ဘူး။

ဒီက သင်းအုပ်တွေမှာလည်း ဘုရားဝတ်မှာမွေ့လျော်တဲ့သူ ၄၊ ၅ယောက်လောက် ရှိသင့်တယ်။ မကြေမနပ် ပြဿနာလုပ်တဲ့လူတယောက်ကို စည်းဝေးခန်းမထဲကနေ မြက်ခင်းပြင်ဘက် ဆွဲထုတ်ပြီး “ဟေ့ မင်း …… တို့ဆရာအကြောင်း မကောင်းပြောနေတာ ကြားရတာ ကောင်းကောင်းမွန်မွန်ပဲ ဖြစ်ချင်တယ်နော်၊ ဒါပေမယ့် တို့ဆရာအကြောင်း မကောင်းပြောတဲ့ မင်းပါးစပ်ပိတ်ထားဖို့ ကြပ်ကြပ်သတိပေးချင်တယ်” လို့ ပြောမယ့်လူစားမျိုးတွေ လိုပါတယ်။

တရားဟောဆရာကို သဘောမကျသူတွေက “ဒီဆရာကို ဘာကြောင့်မဲပေးသလဲ- အ့ံဩတယ်ကွာ” လို့ စပြောလာတတ်တယ်။

တရားဟောဆရာဖက်မှာ ရှိသူတွေက သေသေချာချာ စေ့စေ့ပြန်ကြည့်ပြီး “အေး အံ့ဩစရာတွေ ဖြစ်လာနေတာ ကြာပြီကွ။ ဒါပေမယ့် တို့မှာ ဘုရားကို ကြောက့်ရွံတဲ့ ချစ်တဲ့ သင်းအုပ်တယောက် ရှိနေလို့တော့ စိတ်ပူစရာမလိုပါဘူးကွာ။ ဘုရားသခင်က အသင်းတော် ဦးဆောင်ဖို့ သူ့ကို တာဝန်ပေးထားတာပဲ။ အရေးကြီးတဲ့ ဩဝါဒတွေ cardinal doctrine တွေ မငြင်းရင် နောက်မိန်းမနဲ့ ဖေါက်လွဲဖေါက်ပြန်မရှိရင်၊ ငါတော့ အဲဒီဘုရားသခင်ရဲ့လူနောက်ကို လိုက်ရတာ ပျော်တယ်။ ဘုရားသခင်က တို့ကို အဲဒီလို လူတယောက်ပေးထားတဲ့အတွက် ဝမ်းမသာဘူးလား” လို့ ပြန်မေးရမှာပဲဲ။

ကိုယ့်သင်းအုပ်ဘက်မှာ မရပ်တာ ရှက်စရာပါ။ တောခွေးတွေက သင်းအုပ်ကို အသင်းတော် ဦးဆောင်ခွင့်မပေးရင် အကောင်းဆုံး ကာကွယ်မှုကတော့ တောခွေးစောင့်၊ ခွေးပါပဲဲ။

၇။  တောခွေးရဲ့ တိုက်ခိုက်မှုကြားမှာ ဘယ်လိုရပ်တည်မလဲ?
တောခွေးရဲ့ တိုက်ခိုက်မှုကြားမှာ ရပ်တည်ဖို့ အကောင်းဆုံးနည်းက ဘာလဲ- အခု ဒီပရိတ်သတ်ထဲမှာ ဒဏ်ရာရထားတဲ့သူတွေ ဆိုးဆိုးဝါးဝါးကြံုကြံုနေရသူတွေ ပါပါတယ်။

တောင်ထိပ်က သိုးအိုကြီးဟာ တောခွေးကို လွတ်အောင်မပြေးနိုင်ဘူးဆိုတာ ကျွန်တော် တွေ့လာရတယ်။ ပြန် မတိုက်ခိုက်နိုင်ဘူး။ ဒါပေမယ့် အနံ့ကိုတော့ ကောင်းကောင်းသိတယ်။ တောင်ထိပ်က သိုးအိုကြီးတွေဟာ တောခွေးနံ့ရရင် တောခွေးအခြေအနေကို စူးစမ်းကြည့်တယ်။ ကျောက်တောင်တလျောက် လျှောက်ကြည့်တယ်။ လျှိုတွေထဲ ဆင်းကြည့်တယ်။ ပြီးရင် အထက်ကို တက်ပြေးတော့တယ်။ နောက်တနေ့ဆို ပိုမြင့်တဲ့နေရာရောက်နေပြီ။ နောက်ထပ်တနေ့ဆို ပိုမြင့်မြင့် ရောက်သွားပြန်ပြီ။ အမြင့်တက်ရင်းတက်ရင်းနဲ့ နောက်ဆုံးကျောက်တောင်ထိပ်ကို ရောက်သွားတော့တယ်။

အဲဒီမှာရှိတဲ့ လေနုအေးကို တောခွေးတွေမခံနိုင်ဘူး။ သိပ်မြင့်လွန်းအားကြီးတယ်။ လေက အေးလွန်း၊ ပြင်းလွန်းတယ်။ ဒါပေမယ့် သိုးအိုကြီးတွေက သဘောကျတယ်။ သူတို့အတွက်တော့ သိပ်ကောင်းတဲ့နေရာပဲ။

အခုကနေ နောက် ၅ နှစ်လောက်ကြာရင် ဘုရားအလုပ် မလုပ်တော့မယ့် တရားဟောဆရာတွေ အထောက်အမဖြစ်ခဲ့တဲ့ သင်းအုပ်ဆရာကတော်တွေကို ကျွန်တော် ပြောနေတာပါ။ ဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပေမယ့် ကျောမှာ ဓါးထောက်ခံနေရပြီ။ ကိုယ်ခင်ပွန်း သင်းအုပ်ဆရာရဲ့ အမှုတော်အတွက် စိုးရိမ်စိတ်တွေ ခံစားနေရပြီ။ မိတ်ဆွေဖြစ် ဟန်ဆောင်သူတွေကြောင့် အထဲမှာ ဖိစီးအားနဲ့ ကြေမွသွားရပြီ။

ဒီထက်ပိုဆိုးတာက ဆရာကတော်နဲ့ ဆရာ့ကို ချစ်တယ်လို့ ပြောတဲ့သူတွေကို မြင်ရင်း၊ စောင့်ကြည့်ရင်းနဲ့ ကိုယ့်ယောက်ျားကျောမှာ ထိုးခံရတာပါဘဲ။ ဆရာကတော်တို့ရဲ့ သားသမီး၊ ကလေးတွေ အကြောင်းဆိုပြီး သူတို့ပြောတာတွေလည်း ကြားရတယ်။ ဒါလည်း ကိုယ့်ကို တခုခုတော့ ဒုက္ခပေးတာပါပဲဲ။ ဒီစကားတွေကြောင့် ကိုယ့်မှာ ဘာအကျိုးမှမရနိုင်ဘူး။

ကိုယ့်ခင်ပွန်းဆရာက သက်သေခံ စိတ်ဝိညာဉ်ရယူဖို့ အစီစဉ်အသစ်တွေ စတင်နေလိမ့်မယ်။ ကိုယ်ကလည်း ကြိုးစားပါဝင်ရမှာပေါ့။ ဒါပေမယ့် တိုက်ပွဲကစပြီ။ ဘာလုပ်ရမှန်း သိဖို့ ခက်လာပြီ။

ကျွန်တော့အနေနဲ့ အဖြေ ဒါဇင်ဝက်လောက် ပေးချင်ပေမယ့် မပေးနိုင်ဘူး။ အဖြေတခုပဲ ပေးနိုင်တယ်။ အမြင့်ကို လှမ်းတက်ဖို့ပဲ လိုတယ်။

ကျွန်တော်ဟာ Sword စည်းဝေးကြီးကို နှစ်စဉ်အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ဒီအသင်းတော်ရဲ့ သင်းအုပ် Dr. Bobby Roberson ထံမှာ လက်ထောက်အဖြစ် ရနှစ်ခွဲလောက် လုပ်ဆောင်ဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀လောက်တုန်းက လက်ထောက်အဖြစ် ကျွန်တော့ကိို ခေါ်ခဲ့တာပါ။ ကျွန်တော် ဒီကိုရောက်တော့ ဆရာ့မှာ စစ်ပွဲတခုထဲက ထွက်လာတဲ့ပုံမျိုးပါ။ ကျွန်တော် ရှိတုန်းမှာလည်း နောက်တပွဲကို သူရင်ဆိုင်ရသေးတယ်။

ကျွန်တော့ကို ခေါ်တဲ့အတွက် ဆရာ့ကို လူတစုက အပြင်းအထန် ဆန့်ကျင်ကြတယ်။ ကျွန်တော် ဒီမှာနေတုန်းက  လုံးဝ အလုပ် လုပ်မရသလောက်ဘဲ။ ကြိုးစားလုပ်ချင်ပေမယ့် ဘယ်လိုလုပ်ရမလဲ ကျွန်တော်မသိခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်ဟာ Bro. Bobby အတွက် အမြဲသစ္စာရှိခဲ့ပါတယ်။

တနေ့ သူ့အိမ်ကိုသွားခဲ့တာကို သတိရမိတယ်။ Bro. Bobby ကျွန်တော်တို့ -- ဒီလူ-- ဒီလူတွေကို ဘာကြောင့် မဲနဲ့ ပြုတ်သွားစေရတာလဲ” လို့ ပြောတော့ ….

ဆရာ့မှာ မျက်ရည်ဝဲရင်းက “အေး Larry ရေ တို့လုပ်ရင် ရနိုင်ပေမယ့် ဒီမှာရှိတဲ့ လူတချို့က နားမလည်နိုင်ဘူး။ လူကောင်းတချို့ကို စိတ်နာကျင်အောင် လုပ်နေကြပြီ။ အဲဒီလို မဖြစ်စေချင်ဘူးကွာ။ ဒီကိစ္စမှာ တချို့က ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကိုယ်မသိကြဘူးကွ။ လူကောင်းတွေကို ဖျက်ဆီး မပစ်ချင်ဘူးကွာ” လို့ ပြန်ပြောပါတယ်။

ဒါဟာ စနေနေ့ည ညနက်ပိုင်းမှာ ဖြစ်တဲ့ကိစ္စပါ။ ကျွန်တော့ဆရာ အရမ်းစိတ်ပင်ပန်းနေပြီ။ အရင်အဆောက်အဦး ဟောင်းကြီးထဲမှာရှိတဲ့ သူ့ရုံးခန်းထဲက ထွက်လျှောက်လာတယ်။ အခု ဒီခန်းမထဲမှာ မတ်တပ်ရပ်ရင်း သူ့ကြည့်ရတာ သူ့ပုခုံးမှာ တန် ၁သန်းလောက် အလေးချိန် ထမ်းထားရပုံ ပေါက်နေတယ်။

ကျွန်တော်က Bro. Bobby ဆရာဒီပွဲမှာ တော်တော်ပင်ပန်းသွားပြီနော်” လို့ ပြောတယ်။

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျရင်း Larry ဘုရားသခင်က ငါ့လို တောသား တရားဟောဆရာတယောက်ကို ဒီမှာ ဘာကြောင့်ထားသလဲလို့ ခဏခဏ အံ့ဩမိတယ်ကွာ။ တခါတခါ တောင်ပေါ်တက်ပြီး လူ ၁၀၀လောက် အသင်းတော်ကလေးကို ဦးဆောင်ချင်လာတယ်။ ဘယ်လောက် စိတ်သက်သာမလဲကွာ။ ဒါပေမယ့် ရှိသမျှသိုးငယ်ကလေးတွေ အားလုံးနဲ့ သူတို့ရဲ့ ေ့ရှရေးကို တွေးမိပြန်တယ်ကွာ” လို့ ပြောလာတယ်။

ဆရာဟာ ကမ္ဘာမှာ အံ့ဩစရာအကောင်းဆုံး သင်းအုပ်ပါပဲ။ Bro. Bobby အကြောင်း ကောင်းသတင်းတွေ အများကြီး ကြားဖူးကြမှာပါ။ တဝက်ကိုတောင် မှီဦးမှာ မဟုတ်ဘူး။ ကျွန်တော် ရ နှစ်ခွဲလောက် သူနဲ့ အတူ အလုပ်လုပ်ခဲ့၊ နေခဲ့ဖူးတယ်။ သူဟာ တကယ် တော်တဲ့သူပါ။

ကျွန်တော် နားလည်လိုက်တာကတော့ ဘုရားရဲ့မေတ္တာနဲ့ ကောင်းကြီးတွေကို ဝေမျှနေသူ တယောက် ဖြစ်မယ့်အစား စိတ်ညစ်သူ၊ စိတ်ဆိုးသူ ဖြစ်သွားနိုင်ပေမယ့် တခုမှ ဖြစ်မသွားခဲ့ဘူး။ တောခွေးရဲ့ တိုက်ခိုက်မှုကို ခံရချိန်မှာ သူက အမြင့်ကို တက်-တက်သွားတယ်။ အဲဒီမှာ ဝပ်နေပြီးတော့ ဘယ်သူမှ နားလည်မပေးနိုင်ပေမယ့် သခင်ယေရှု နားလည်ပေးနိုင်တာကြောင့် သခင်ဘုရားနဲ့ စကားပြောတော့တယ်။

သင်းအုပ်တွေနဲ့ သင်းအုပ်ကတော်တွေ တိုက်ပွဲမှာ ဒဏ်ရာရပြီး သေနတ်ပြောင်းဝေ့ရှမှာ ရှိနေရသူတွေကို အားပေးချင်ပါတယ်။ တောခွေးအူသံကြားရင် အထက်အရပ်ကို တက်ပါ။ ကျမ်းစာဖတ် သခင်ဘုရားနဲ့ အချိန်ယူပါ။ ဆိုးဆိုးဝါးဝါးတွေ၊ ဆိုးညစ်မိုက်မဲမှုတွေ မဖြစ်စေပါနဲ့။ ဒီနည်းနဲ့ ဘဝပျက်မသွားစေနဲ့။ ဒါတွေကြောင့် အမှုတော်အပျက်မခံပါနဲ့။ ဒီကိစ္စတွေကြောင့် တရားဟောဆရာ လူဆိုးမဖြစ်ကောင်းသလို သင်းအုပ်ကတော် ဆိုးတယ်လို့လည်း မဖြစ်စေပါနဲ့။ အထက်အရပ်ကိုသာ တက်ပါ။ အဲဒီမှာ တောခွေးတွေအတွက် တံပိုးခရာ မှုတ်လာနိုင်ပါလိမ့်မယ်။