ဧပြီ ၂၉၊ ၂၀၁၁ သောကြာနေ့မှာ Great Britain ရဲ့ တော်ဝင်
 မင်္ဂလာပွဲကို T.V မှာ   ကြည့်လိုက်ရပါတယ်။ ဒီပွဲမှာ စိတ်ဝင်စားစရာတွေ 
တွေ့လိုက်ရတယ်။
 ၁။ အင်္ဂလန်ရဲ့ ဘုရင်မကြီး - " သက်အဟာရ၊ သက်အဟာရ၊
 ကောင်းကင်က ချပေးမူပါ၊  ကောင်းကင်က ချပေးမူပါ၊" ဆိုတဲ့ ဓမ္မသီချင်းကို 
ပရိတ်သတ်ဆိုကြရာမှာ ဘုရင်မကြီးက  စာသားတော်တော် များများကို အလွှတ်ဆိုတာ 
တွေ့လိုက်ရတယ်။  လောကီအရိုက်အရာ ကြီးပေမယ့် ဘုရားတရားနဲ့ သိပ်မဝေးတာ 
ကြည်နူးစရာပါ။
 ၂။ Anglican အသင်းတော်မှ ဦးဆောင်သူများက 
လိုတိုရှင်းပဲ ပြောကြလို့ အင်္ဂလိ်ပ်လူမျိုး ပီသတာ တွေ့ရတယ်။ 
ခဏခဏကြားလိုက်ရတဲ့စကားက Spiritual Blessing ပါ။ ဝိညာဉ်ဆိုတာ ဘာမှန်းမသိတဲ့ 
တချို့ လူမျိုးတွေနဲ့ မတူတဲ့ လူမျိုးစရိုက်ကိုတွေ့ရတယ်။ ဒါက ဘာသာရေးနဲ့ 
မဆိုင်ဘူး။ လူမျိုးရဲ့ စရိုက်ပါ။
 ၃။ In Jesus Christ's name! လို့ 
ဆုတောင်းရာမှာ နာမတော်ကို ထည့်ဆုတောင်းတာ  ခဏခဏ တွေ့ရတယ်။ သိပ်ချိုပါတယ်။ 
ဝိညာဉ်ရေးမှာ နိုးထပါတယ်ဆိုတဲ့ America  မှာတောင် နိုင်ငံတော်ပွဲတွေမှာ 
ဆုတောင်းရင် နာမတော်ပြောခွင့်မရှိချိန်မှာ  တော်ဝင်မိသားစုရဲ့ပွဲမှာ 
ထူးထူးခြားခြား တွေ့ခွင့်ရလိုက်တယ်။
 ၄။ သစ္စာဆိုကြရာမှာတော့ 
သစ္စာဆိုနေတဲ့ သတို့သားကို သတို့သမီးက စေ့စေ့ကြည့်ပြီး ပြုံးနေတာကလည်း 
ကြည်နူးစရာပါ။ တကယ်ပြောနေတာနော် လို့ ပြောနေသလား မှတ်ရတယ်။ ဒါကို 
သတိထားမိသွားတဲ့ မင်းသားက ရှက်ပြုံး ပြုံးလိုက်တာတွေ့ရတယ်။ ဒါက သစ္စာကို 
တန်ဖိုးထားတာပါပဲ။
 ၅။ ပရိတ်သတ်ထဲက လူငယ်တချို့က နဖူးစည်းစာတန်း 
ကိုင်လာတာတွေ့ရပါတယ်။ "Kate – You have taken the King" " Kate - နင်၊ 
ဘုရင်ကြီးကို ရထားပြီ" လို့ ရေးထားတယ်။-  ဘေးမှာ ပုံဆွဲထားတာက Chess - 
စစ်တုရင်ကစားရာမှာပါတဲ့ ရဲတိုက်ရုပ်ကလေးပါ။  မိန်းကလေးတယောက်ရဲ့ ဘဝမှာ 
ဘယ်သူနဲ့ အိမ်ထောင်ကျမလဲ ဆိုတာ သူ့ဘဝရဲ့ နောက်ပိုင်းအတွက် ကံဆိုး၊ 
ကံကောင်းပါပဲ။ အခု Kate က ဘုရင်ကြီးကို ချိန်ထားပြီး၊ ရလိုက်ပြီ  
ဆိုပါတော့။ အောင််နိုင်သူ စစ်သူကြီး Kate ပါ။ Kate က စစ်သားရုပ်ကလေးကို 
မဟုတ်ပဲ၊  ဘုရင်ကြီးကို Check ခဲ့သူပါ။
 ၆။ သတို့သမီး အင်းကျီက 
လုံလုံခြုံခြုံပါ။ တချို့သူတွေလို အပေါ်မပါ၊ ဗလာလုပ်မထားဘူး။  ဒါက 
တော်ဝင်မိသားစုရဲ့ အဆင့်အတန်းကို ပြတယ်။ အနောက်တိုင်းမှာလည်း 
လုံလုံခြုံခြုံ ဝတ်ကြသူတွေ ရှိပါတယ်။
 ရ။ ပရိတ်သတ် ၆သိန်း- 
၁၀မိနစ်လောက်ကလေး လက်ဝှေ့ရမ်းတာမြင်ရဖို့ အပင်ပန်းခံကြတဲ့  သံယောဇဉ်ကို 
တွေ့ရတယ်။ အုပ်စိုးသူကို အုပ်စိုးခံလူတွေက ဒီလောက်ချစ်ကြတာဟာ  အဆန်းပါပဲ။ 
ပိုက်ဆံရှိရုံနဲ့ လူတွေချစ်ကြမှာမဟုတ်ဘူး။  အာဏာရှိရုံနဲ့ လည်း  
လူတွေမချစ်ပါဘူး။ ဒီ ကောင်းချီးက တမျိုးပါ။
 ဒီမင်္ဂလာပွဲကြည့်ရင်း Glory! ဘုန်းအသရေဆိုတာ ဘာလဲ? Glorified! ဘုန်းထင်ရှားတယ်ဆိုတာ ဘာလဲ? တွေးကြည့်စရာပါ။  ။
By Salai Htein Win Ei