စိတ်ကောင်း စေတနာကောင်း၊ အတွေးအခေါ်ကောင်းများနဲ့ ယိုင်းပင်းကူညီကြသော နေ့ရက်များသို့ - To See Good Days!
Wednesday, January 25, 2017
The Foolish Boy - Lahu Story
ကောင်းကင်ရောက်ဖို့ ကောင်းတာတွေ လုပ်မှရမယ်လို့ လူအများထင်တတ်ပါတယ်။ တကယ်တော့ ကောင်းကင်ရောက်ဖို့ကို ဘုရားသားတော်က လာပြီး အသေခံပေးခဲ့ပါပြီ။ ကိုယ်စားအသေခံပြီး အပြစ်ကြွေးကို ဆပ်ပေးခဲ့ပါပြီ။ လူက တခုခု လုပ်မှရမယ်၊ Do လို့ ထင်တယ်။ ဘုရားက ငါ လုပ်ပေးပြီးပြီ၊ Done လို့ ပြောပါတယ်။ ဒါကို နားမလည်ဘဲ မနေသင့်ပါဘူး။ လားဟူပုံပြင်လေးက ရယ်စရာကောင်းပါတယ်။ ဒါပေမယ့် မအ, ဖို့ သတိပေးနေပါတယ်။
The Foolish Boy: A Folktale from the Lahu People of Southeast Asia and China
This folktale warns about the perils of being foolish.It has a startling and rather final ending.
Once, there was a woman with a very foolish son who just stayed home all day.
One day, the boy smelled a neighbor's curry. Its smelled so good that he said, "Mother, I want to eat a delicious curry."
"How can I make a curry at all if you do not bring back any food from the jungle? If you want curry, go look for some food to put in it."
So the boy made a fish trap. But he did not have the patience to wait along. Giving up, sure that the trap was empty, he threw it up into the trees. But there had been a small fish caught in the trap, and an egret landed on the trap and had a nice snack. The boy caught the egret and said to it, "Fly to my home and tell my mother that I said to kill you and make a curry out of you." Then, he let the egret go and watched it fly away.
He went home. "Mother, did you get the egret? I told it to fly home so could make a curry out of it."
"Son, if you want food, you first to kill it, then bring it back."
The next day, the foolish boy found a clump of edible mushrooms. He remembered what his mother said. He beat the mushrooms to a pulp to make sure they were dead, and then he brought the mess home.
"Son," his mother said, "this type of food needs to be pick one at a time, then carried home in your shoulder bag."
Off the son went. He found a hive of bees. Even though they stung him very badly, he managed to put them one by one into his shoulder bag and carry them home.
"Son," his mother said after she, too, had been stung and had chased the bees away with smoke, "for this kind of thing, you must first burn out the hive, then bring it home."
The next day, the foolish boy found a barking deer, which is a small deer that makes doglike noise. "I must burn it," the boy said. He set fire to the deer. It barked, leaped into a river, and swam away.
When the boy told his mother what had happened, she sighed.
"Son, you must first strike it and kill it, then bring it home."
So the boy went off into the jungle. He found a Buddhist monk there, struck him over the head, and dragged him home.
His mother, setting about reviving the stunned monk, said, "Son, this is a holy man. You do not strike him. You bow to him."
So the boy went off the jungle again. He found a tiger. Remembering what his mother had said, he bowed to it. The tiger ate him.
And that is why there is a Lahu proverb; Stupid never survives.
(From "World Folklore for Storytellers")
The Foolish Boy: A Folktale from the Lahu People of Southeast Asia and China
လူအ, လေးတယောက်အကြောင်း - အရှေ့တောင်အာရှနဲ့ တရုတ်ပြည်မှာနေထိုင်သော လားဟူလူမျိုးများရဲ့ ပုံပြင်။
ဒီပုံပြင်လေးက မ,အဖို့ သတိပေးထားတာပါ။ ဇာတ်သိမ်းက တမျိုးလေးပါ။
တခါတုန်းက အမျိုးသမီးတယောက်မှာ တနေကုန် အိမ်မှာပဲ ထိုင်နေတဲ့ သားတယောက် ရှိသတဲ့။ တနေ့တော့ ကောင်လေးက ဘေးအိမ်က ဟင်းနံ့ကို ရသတဲ့။ အနံ့လေးက သိပ်မွှေးတော့ - “အမေ၊ ဟင်းကောင်းစားချင်လိုက်တာဗျာ” လို့ ပြောသတဲ့။
“ငါက ဘယ်လိုလုပ် ဟင်းကောင်းချက်မလဲ။ မင်းက တောထဲသွားပြီး ဟင်းချက်စရာမှ မရှာတာ။ ဟင်းကောင်းစားချင်ရင် တောထဲသွားပြီး ဟင်းချက်စရာ ရှာခဲ့။” လို့ ပြောသတဲ့။
ဒါနဲ့ ကောင်လေးဟာ ငါးထောင်ဖို့ ယက်သဲ့တခုကို ရက်သတဲ့။ ဒါပေမယ့် သူက သိပ်မစောင့်နိုင်ဘူး။ ငါးမရဘူးဆိုပြီး လက်လျှော့လိုက်တယ်။ ယက်သဲ့ကိုတော့ ချုံပုတ်ပေါ် လွှင့်ပစ်လိုက်တယ်။ ဒါပေမယ့် ယက်သဲ့ထဲမှာ ငါးသေးသေးတကောင် ပါလာတယ်။ ဗျိုင်းတကောင်က ယက်သဲ့ပေါ် ဆင်းလာပြီး အဆာပြေ စားလိုက်ရသတဲ့။ ကောင်လေးက ဗျိုင်းကို ဖမ်းလိုက်တယ်၊ “အိမ်ကို ပျံပြီး၊ ငါ့အမေကို ပြော။ နင့်ကို သတ်ပြီး ဟင်းကောင်းတခွက် ချက်လို့ ပြော။” ဆိုပြီး၊ ဗျိုင်းကို လွှတ်လိုက်ပြီး၊ ဗျိုင်းပျံပြေးတာကို ငေးကြည့်နေလိုက်ပါတယ်။
အိမ်ရောက်တော့ “အမေ၊ ဗျိုင်းတကောင် မလာဘူးလား? ဟင်းချက်စားဖို့ အိမ်ပြန်သွားလို့ ပြောလိုက်တာ။”
“သားရယ်။ ဟင်းစားချင်ရင် အရင်သတ်ရတယ်။ ပြီးမှ အိမ်ကိုယူလာခဲ့။”
နောက်တနေ့ လူအ,လေးဟာ စားလို့ရတဲ့ မှိုတကျင်းကို တွေ့သတဲ့။ အမေ့စကား သူ သတိရသွားတယ်။ မှိုတွေကို သေအောင် ရိုက်သတ်လိုက်တယ်။ ပြီးမှ မှိုအကြေတွေကို အိမ်ကို ယူလာတော့တယ်။ “သား၊ ဒါမျိုးက တပွင့်ချင်း ကောက်ယူရုံပဲ။ ကျောပိုးအိတ်ထဲ ထည့်ယူလာခဲ့။” လို့ အမေက ပြန်ပြောတယ်။
ဒါနဲ့ သားက သွားပြန်တယ်။ ပျားအုံကြီး တအုံကို တွေ့တယ်။ ပျားတွေ အကြီးအကျယ် တုပ်ပေမယ့် တစုချင်း ကောက်ပြီး ကျောပိုးအိတ်ထဲ ထည့်ပြန်လာခဲ့တယ်။ အမေလည်း ပျားတုတ်ခံရလို့ ပျားတွေကို မီးခိုးနဲ့ မောင်းပြီးမှ “သား၊ ဒါမျိုး အသံမြည်ရင် မီးအရင် ရှို့ရတယ်။ ပြီးမှ ယူခဲ့” လို့ မှာတယ်။
နောက်တနေ့မှာ လူအ,လေးက အသံမြည်နေ၊ တောက်နေတဲ့ သမင်လေးတကောင်ကို တွေ့တယ်။ သူရဲ့တောက်သံက ခွေးဟောင်သံလိုပဲ။ ကောင်လေးက “မီးရှို့မှပဲ” လို့ ဆိုပြီး၊ သမင်ကို မီးရှို့ဖို့ လုပ်တယ်။ သမင်လေးက အော်ပြီး၊ မြစ်ထဲ ခုန်ချ၊ ရေကူးပြေးတော့တယ်။
ကောင်လေးက အမေကို အဖြစ်အပျက် ပြောပြတဲ့အခါ၊ အမေက သက်ပြင်းချတယ်။ “သား၊ ဒါမျိုးဆို၊ ရိုက်သတ်ပြီးမှ အိမ်ကို ယူခဲ့။”
ဒါနဲ့ တောထဲသွားပြန်တော့ သစ်ခေါက်ဆိုးတဲ့ ဝါဖန့်ဖန့် သင်္ကန်းဝတ်ထားတဲ့ ရသေ့တပါးကို တွေ့တယ်။ ခေါင်းကို ရိုက်ပြီး အိမ်ကို ဆွဲခေါ်လာတယ်။ အမေက သတိမေ့နေတဲ့ ရသေ့ကို ပြုစုပြီး - “သား၊ ဒီလို သူတော်စဉ်ဆိုရင် မရိုက်ရဘူး။ ဦးချရတယ်ကွဲ့။” လို့ မှာတယ်။
ဒါနဲ့ ကောင်လေးက တောထဲ သွားပြန်တယ်။ ကျားတကောင်ကို တွေ့တယ်။ အမေပြောတဲ့စကား အမှတ်ရပြီး၊ ကျားရှေ့မှာ ဦးချသတဲ့။ ကျားစာမိပါလေရော။
လားဟူပုံပြင်ပါ။ အ,လွန်းရင် သေတတ်ပါတယ်။
Subscribe to:
Posts (Atom)