"There Is A Fountain Filled With Blood" 
စိတ်ဝေဒနာခံစားခဲ့ရတဲ့
 အင်္ဂလိပ် ကဗျာဆရာ၊ ဓမ္မသီချင်းရေးဆရာ ဝီလျံ ကူးပါ William Cowper 
(pronounced "Cooper" by the English) ရေးတဲ့ သီချင်းလေးပါ။ ဘုရားရဲ့ 
ရွေးနှုတ်တဲ့ မေတ္တာကို ဖေါ်ပြတဲ့ ထင်ရှားတဲ့ ဓမ္မသီချင်းတပုဒ်ဖြစ်တယ်။ 
ဝီလျံ
 ကူးပါ ကို အင်္ဂလန်ပြည် Hertfordshire နယ် Great Berkhamstead မှာ ၁၇၃၁၊ 
နိုဝင်ဘာ ၁၅ မှာ ေမွးဖွါးခဲ့တယ်။ အဖေက အသင်းတော်လူကြီး၊ အမေက တော်ဝင် 
အမျိုးအနွယ်။ ငယ်စဉ်က ဥပေဒပညာ သင်ယူပြီး ရှေ့နေ အလုပ် လုပ်ခဲ့တယ်။  
ငယ်ငယ်က စာပေပညာတော်ပေမယ့် ကိုယ်ခန္ဓာ မကျန်းမာ၊ စိတ်အထိအခိုက် မခံနိုင်သူ ဖြစ်ခဲ့တယ်။ သူ့ကို စိတ်ဒဏ်ရာရစေတဲ့
 အရာတွေထဲမှာ သူ့အသက် ၆ နှစ်မှာ အမေ သေဆုံးတာလည်း ပါတယ်။ အသက်ငယ်ငယ် 
စိတ်ကြေကွဲဒဏ်ကို မခံစားနိုင်တော့ တသက်လုံး စိတ်ဒဏ်ရာရခဲ့တယ်။ အမေကို 
တောင့်တနေတယ်။ ဥပေဒဘွဲ့ရ၊ ရှေ့နေ လိုင်စင်ရပေမယ့် အလုပ်ဝင်ဖို့ 
နောက်ဆုံးစာမေးပွဲကို ကြောက်နေတယ်။ သူ့စိတ်မူမမှန်တာကို သိမှာစိုးတယ်။ 
ဒါကြောင့် ရှေ့နေမလုပ်တော့ဘဲ ကဗျာတွေ စာတွေပဲ ရေးတော့တယ်။ 
စာမေးပွဲကြောက်စိတ်အပြင် အချစ်ရေးလည်း အဆင်မပြေတော့ သူ့ကိုယ်သူ သတ်သေဖို့ 
ကြံစည်လို့ စိတ်ရောဂါဆေးရုံမှာ ၁၈ လ နေရတယ်။ 
စိတ်ဆေးရုံမှာ အထိန်းသိမ်းခံရပြီး စိတ်ဓါတ်နေချိန်မှာ ကျမ်းစာပဲ ဖတ်နေခဲ့တယ်။ 
ငယ်ငယ်က ဝိညာဉ်ရေးအခြေအနေတွေ၊ သေရင် ဘယ်ရောက် မလဲ ဆိုတဲ့ မေးခွန်းတွေ စဉ်းစားရင်း ရောမ ၃: ၂၃- ၂၅ ကို ဖတ်မိတယ်။ 
"လူအပေါင်းတို့သည်
 ဒုစရိုက်ကို ပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေ ပျက်ကြပြီ။ ယေရှုခရစ် 
ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်
 ဖြောင့်မတ်ရာသို့ ရောက်ရ၏။ လွန်ခဲ့သော ဒုစရိုက်အပြစ်များကို 
မှတ်တော်မမူရာတွင်၊ ဖြောင့်မတ်တော်မူခြင်းတရားကို ထင်ရှားစေ၍၊ ယေရှုကို 
ယုံကြည်သောသူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း တရားသဖြင့် 
ပြုတော်မူခြင်းငှါ၄င်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ 
ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်းဖြစ်စေဖြင်းငှါ ခန့်ထားတော်မူပြီ။" 
အပြစ်ခွင့်လွှတ်ဖို့
 ခရစ်တော်ရဲ့ အသွေးတော်ကို ယုံပြီး အပြစ်ခွင့်လွှတ်ခြင်းခံစားရလာတယ်။ 
သူ့အသက် ၃၃ နှစ်အရွယ် ၁၇၆၄ မှာ ပြောင်းလဲခဲ့တယ်။ 
"သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။" - ဧဖက် ၂: ၁၃ 
စိတ်ရောဂါအတော်အတန်
 သက်သာလာတဲ့အခါ ဧဝံဂေလိဆရာ Morley Unwin ရဲ့ အိမ်မှာ 
ပြောင်းရွှေ့နေထိုင်တယ်။ အဲဒီမှာ ဝိညာဉ်ခွန်အားရရုံမျှမက ဆရာ Unwin နဲ့ 
သူ့ဇနီး Mary ရဲ့ ဂရုတစိုက် ပြုစုတာကို ခံရတယ်။ 
၅
 နှစ်အကြာမှ ဆရာ Unwin သေတယ်။ မုဆိုးမဖြစ်သူ ဆရာကတော် Mary မိသားစုဟာ ဆရာ 
John Newton ရှိရာ အဂ်လန်ပြည် Olney မြို့ကို လာနေဖို့ ဖိတ်ခေါ်ခံရတယ်။ 
William Cowper ကိုလည်း အတူလာနေဖို့ ဖိတ်ကြတယ်။ အဲဒီရောက်တော့ ဆရာ ဂျွန်း 
နယူတန် ဦးဆောင်တဲ့ အင်္ဂလိကန်အသင်းတော်မှာ ပါဝင်ကြတယ်။ ဆရာ နယူတန်က Amazing
 Grace သီချင်းကို ရေးတဲ့သူပါ။ 
ဆရာ
 နယူတန်ရဲ့ အိမ်နောက်ဖက်က အိမ်ကလေးမှာ ဝီလျံ ကူးပါ နေတယ်။ ဆရာ နယူတန်နဲ့ 
ရင်းနှီးလာတယ်။ စိတ်ကျန်းမာရေးလည်း တိုးတက်လာတယ်။ ဘုရားကျောင်းအတွက် 
ဘုရားတရားနဲ့ဆိုင်တဲ့ ကဗျာတွေ ရေးကြတယ်။ 
ကယ်တင်ခြင်းရပြီးပေမယ့် ပြန်ဆုံးရှုံးမှာ ကြောက်တဲ့ စိုးရိမ်စိတ်ကို ဝီလျံ ကူးပါ နှစ်အတော်ကြာ ခံစားရတယ်။ 
ဆရာ နယူတန်နဲ့ ကဗျာတွေ ရေးခဲ့ကြတယ်။ 
အခု
 "အသွေးနဲ့ ပြည့်သော တွင်းပြည့်ပြီ" ကဗျာကို သူမသေခင် အချိန်တို ကာလအတွင်း 
 April 25, 1800 မှာ တယောက်တည်း ထိုင်ခုံမှာ ထိုင်ရင်း 
ဝိညာဉ်တော်လမ်းပြမှုနဲ့ ဇာခရိ 13:1 ကို ဖတ်ပြီး အပြစ်လွှတ်ခြင်းဟာ 
ထာဝရအတွက် တခါတည်း အပြီးလွှတ်တာကို ကြေနပ်ခံစားရင်း ရေးခဲ့တယ်။ 
"ထိုကာလ၌ ... ဒုစရိုက် အပြစ်အညစ်အကြေးကို ဆေးကြောစရာဖို့ စမ်းရေတွင်းသည် ပွင့်လိမ့်မည်။" - ဇာခရိ 13:1
နောင်နှစ်ပေါင်းများစွာကြာမှ အမေရိကားမှာ နေတဲ့ Lowell Mason (1792-1872) က သံစဉ်ထည့်ခဲ့တယ်။ 
နှစ်ပေါင်း
 ၂၀၀ ကျော် ယုံကြည်သူတွေကို ကယ်တင်ခြင်း စိတ်ချမှုအတွက် ခွန်အားပေးရင်း၊ 
ဝေးလွင့်နေတဲ့ အပြစ်သားတွေကို ဘုရားသခင်ထံ ပိုဆောင်းပေးခဲ့တဲ့ 
သီချင်းဖြစ်ပါတယ်။

