စိတ်ကောင်း စေတနာကောင်း၊ အတွေးအခေါ်ကောင်းများနဲ့ ယိုင်းပင်းကူညီကြသော နေ့ရက်များသို့ - To See Good Days!
*****
2015 ရွေးကောက်ပွဲမတိုင်ခင် သူလုပ်မယ့်အရာတွေကို ရှင်းပြတဲ့ စာအုပ် ဖြစ်တယ်။
*****
Preface - နိဒါန်း ယုံကြည်လိုက်ပါ - You gotta believe
"ဒီစာအုပ်မျက်နှာဖုံးမှာ စိတ်ဆိုးဆိုး၊ ရုပ်ဆိုးဆိုးနဲ့ပုံကို ဘာလို့သုံးသလဲလို့ တချို့စာဖတ်သူတွေ အံ့ဩကောင်း အံ့ဩလိမ့်မယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ ရိုက်ထားတံ့တွေ ရှိပါတယ်။ ပျော်နေ၊ ကြေနပ်နေ၊ သန့်ပြန့် ခန့်နေတဲ့ ပုံတွေပါ။ မိသားစုကတော့ အဲဒီအထဲက တပုံပုံကို သုံးစေချင်ကြတယ်။ ဓါတ်ပုံဆရာကလည်း တော်ပါတယ်။" ဒါပေမယ့် ဒီပုံနဲ့ မကိုက်ဘူး။ အခုစာအုပ်က ချိနဲ့နေတဲ့ အမေရိကားအကြောင်း ပြောမှာလေ။ အဆင်မသင့်ချင်တော့ ကောင်းကွက်က တကယ့် နည်းနည်းလေးပဲ ရှိတယ်။ အဲဒီတော့ ဝမ်းသာနေမယ့်အစား မပျော်တာ၊ စိတ်တိုနေတာကို ပြနေတဲ့ ပုံကိုပဲ သုံးချင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုက ပျော်ရမယ့် အချိန်မဟုတ်ဘူး။ အမေရိကားကို ပြန်ကြီးမြတ်လာအောင် ပြန်လုပ်ကြရမယ့်အချိန်။ အားလုံးပေါ့။ ဒါက ဒီစာအုပ်ရေးရတဲ့ အကြောင်းရင်းပဲ။ ........... ####### ............
1 *****
WINNING AGAIN အနိုင်ပြန်ရဖို့
အမေရိကား အနိုင်ရဖို့ စလုပ်ရတော့မယ်။ ဘယ်သူမှ မရှုံးချင်၊ အနိုင်ကျင့် မခံချင်ဘူး။ ဒါပေမယ့် ဒီနေ့တော့ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံဟာ ကိုယ့်အစာကို တခြားသူတွေ လုစားတာ ခံနေရတယ်။ ဒါ နိုင်တာမှ မဟုတ်ပဲ။ တို့သမတက ခပ်ပြတ်ပြတ်၊ သဲပေါ်မှာ မျဥ်းကြောင်းဆွဲတယ်။ ဆွဲလည်းပြီးရော ဘာအကျိုးမှ အရာမထင်ဘူး။ တခြားတိုင်းပြည်တွေနဲ့ စကာပြောတော့ရော? ရပ်မပြနိုင်ဘူး။ ထွက်ပြေးအောင် မခြောက်နိုင်ဘူး။ ပိုအရေးကြီးတာက ကိုယ်တိုင်လည်း ထွက် မပြေးတတ်ဘူး။ အလျော့ပေးပြီးရင်း ပေးနေရတယ်။ ဒါက နိုင်နေတာ မဟုတ်ဘူးနော်။ ကျွန်တော်သာ ကိုယ့်စီးပွါးရေးကို ဒီလိုပုံမျိုး လုပ်နေရင် ကိုယ့်ဟာကိုယ် အလုပ်ဖြုတ်ပစ်မယ်။ သမိုင်းမှာ အညံ့ဆုံးသဘောတူညီချက်ဖြစ်တဲ့ အီရန်နဲ့ နူးကလီးယား "စာချုပ်" - ကို ဂျွန် ကယ်ရီ John Kerry စကားပြောတယ်။ သမတ အိုဘားမား ဦးဆောင်ပြီး အောက်လွှတ်တော် ဝန်းရံတယ်။ (သူ့ပါတီက ထောက်ခံမယ်။ အခြေအတင် ဆွေးနွေးရင်ဖြစ်ဖြစ်၊ မဲခွဲရင်ဖြစ်ဖြစ် ဝင်ပါကြလိမ့်မယ်လို့ ထင်လို့ ဖြစ်နိုင်တယ်။ ) ဒီစာချုပ်က ဒီခေတ်အတွက် အရေးအကြီးဆုံးဖြစ်မယ်။ ဝါရှင်တန် ဒီစီရဲ့ ခေါင်းဆောင်တွေ အလွန်ညံ့ဖျင်းလွန်းတော့ ဆွေးနွေးပွဲလည်း မဖြစ်၊ မဲခွဲဖို့လည်း မဖြစ်ခဲ့ဘူး။ Ronald Reagan ရော်နယ် ရီဂင်က ပြောတယ်။ "Trust but verify" "ယုံပေမယ့်လည်း စစ်ရမယ်" တဲ့။ ဒါပေမယ့်လည်း ဒီစာချုပ်ကိစ္စမှာ ဒီအကြံပေးစကားကို တစိတ်တပိုင်းမှ မလိုက်နာဘူး။ အယာတိုလာ ခိုမေနီ လို လူမျိုးကို ဘယ်လို ယုံစားမလဲ? စာချုပ်ချုပ်ဖို့ သဘောတူခါနီး တလ အလိုမှာ အစ္စရေးကို ဖျက်ဆီး ချေမှုန်းဖို့ ပြောနေတုန်းပဲ။ အစ္စရေးက ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ လက်တွဲဖေါ်၊ အဲဒီဒေသတွင်း တည်ငြိမ်အောင် ထိန်းသိမ်းနေတဲ့ မိတ်ဆွေအရင်း။ စစ်ဆေးဖို့ဆိုတော့လည်း နိုင်ငံတကာ အနုမြူအေဂျင်စီက အီရန်ကိစ္စမှာ ဘယ်ဖက်က ရပ်တည်သလဲ လို့ မသိရ။ သိတယ်ဆိုရင်လည်း အများသိအောင် ပြောမပြ။ ဒါက နိုင်တာ မဟုတ်ဘူး။ ပြစ်မှုမြောက်တဲ့ ပေါ့ရော့မှု လို့ပဲ ထင်တယ်။ ဆီးနိတ်လွှတ်တော်အမတ်တိုင်းက ဒီကိစ္စကို ဝေဖန်တော့ (ဒီမိုကရက် တချို့လည်း ဝေဖန်ပါတယ်။) သမတက ဝေဖန်သူတွေကို ရန်သူနဲ့ နှိုင်းတယ်။ တနည်းပြောရရင် မိတ်ဆွေ၊ အပေါင်းအသင်းတွေကို သစ္စာဖေါက် ရောင်းစားပြီး၊ ဝေဖန်သူတွေကို ရန်သူနဲ့ နှိုင်းသည်အထိ သူ့စာချုပ်ကို ကာကွယ်တယ်။ ဒါကို သံတမန်ရေး အောင်မြင်တယ် လို့ ပြောမလား? ISIS တွေကို ဖိတ်ခေါ်ပြီး နေထိုင်ခွင့်ပေးနေတဲ့ ဆီးရီးယားလိုနိုင်ငံက ဒုက္ခသည်တွေကို တံခါးဖွင့် ဝင်ခွင့်ပေးနေတယ်။ ဒီမှာလာနေပြီး တိုင်းပြည်ကို အတွင်းကနေ ဖျက်ဆီးကြလိမ့်မယ်။ ဒါက တခြားနိုင်ငံတွေက လေးစား အတုယူနေကြရတဲ့ တောင်ထိပ်ပေါ်က အလင်းပြနေတဲ့ မြို့ "the shining city on a hill ဆိုတဲ့ အမေရိကားရဲ့ ဒီနေ့လက်ရှိ အခြေအနေ အမှန်ပဲ။ ဆိုတော့ ဒီအခြေအနေကို ဘယ်လိုလုပ်မလဲ? ဘယ်လို အနိုင်ပြန်ရနိုင်မလဲ? နိုင်ဖို့ဆိုရင် နိုင်ရမယ်လို့ စိတ်ဆုံးဖြတ်ထားတဲ့ အစိုးရ ရှိရမယ်။ အောင်မြင်တဲ့ အတွေ့အကြုံ ရှိရမယ်။ ဘယ်လိုလုပ်မလဲဆိုတာ ဒီစာအုပ်မှာ ရေးပြချင်တာပါ။
*****
CRIPPLED AMERICA How to make America great again Donald J. Trump ချိနဲ့နေတဲ့ အမေရိကား အမေရိကားကို ထိပ်တန်းဖြစ်အောင် ပြန်လုပ်မယ်။ *****
မီဒီယာက မုန်းစရာကောင်းတဲ့လူတယောက် ဖြစ်နေတာ အတော်ကြာပြီ။ နိုင်ငံရေးမီဒီယာတွေ တကယ် မရိုးသားမှန်းလည်း ကြာကြာ မလေ့လာလိုက်ရပါဘူး။ ရီပတ်ဘလီကင် စကားစစ်ထိုးပွဲတုန်းက က Fox သတင်းထောက်မ မယ်ဂင် ကဲလီ Megyn Kelly က တော်တော် တွယ်တယ်။ ဒုတိယပွဲရောက်တော့ လူတိုင်းက ကျွန်တော့ကို ဝိုင်းဆော်နေပုံ ပြောလာတယ်။ ပြောမှာပေါ့၊ သူတို့မဲစစ်တမ်းတွေက လျော့လာပြီး ကိုယ့်မဲက တက်လာတာကိုး။ ကိုယ်က ပွဲဆူအောင်လုပ်တဲ့လူ ဖြစ်နေတယ် ထင်တယ်။ ကိုယ့်စိတ်ထဲရှိတာ ပြောတယ်။ စစ်တမ်းကောက်တဲ့သူတွေ ဘာပြောမလဲလို့ စောင့်မနေဘူး။ စစ်တမ်းလည်း မသုံးဘူး။ မီဒီယာက ကိုယ့်ရဲ့ ဖြူစင်ရိုးသားမှုကို သဘောကျကြတယ်။ သူတို့မေးခွန်းတွေကို မရှောင်ဘူး၊ လျစ်လျူမရှုဘူးဆိုတာ သိကြတယ်။ အမှန်အတိုင်းပြောဖို့လည်း ဘာပြဿနာမှ မရှိဘူး။ သမတရွေးပွဲအတွက် စကားစစ်ထိုးပွဲဟာ သာမန်အားဖြင့် လူနှစ်သန်းလောက် စိတ်ဝင်စားတဲ့ပွဲပါ။ ဒါပေမယ့် ပထမညမှာ ကြည့်တဲ့သူ ၂၄ သန်း၊ ဒုတိယညမှာလည်း အဲဒီလောက်ပဲ။ ဒါက Fox News နဲ့ CNN သမိုင်းမှာ လူကြည့်အများဆုံးပွဲပဲ။ NBA ဖိုင်နယ်ပွဲ၊ World Series ကမ္ဘာ့ဖလားပွဲကြီးတွေ၊ NFL ပွဲတွေထက် ကြည့်သူ ပိုများတယ်။ လူတွေ ဘာလို့ကြည့်တယ် ထင်လဲ? ခပ်နှက်နှက် မေးခွန်းတွေ ကြားချင်လို့လား? တချို့နိုင်ငံရေးသမားတွေက နိုင်ချင်လွန်းလို့ နိုင်ငံရေးနယ်ရဲ့အပြင်လူ Outsiders တွေလို့ ဟန်ဆောင်တာ ကြည့်ချင်လို့လား? (ကျွန်တော်ကတော့ တကယ့် အပြင်လူအစစ် outsider ပါ။) လူတွေ လိုတာပဲ ပေးတယ်။ ကြားရထိုက်တဲ့ စကားကို ပြောတယ်။ နိုင်ငံရေးသမားတွေထံက မကြားရဘူး။ အဲဒါ အမှန်တရားပဲ။ တိုင်းပြည်က ဖရိုဖရဲဖြစ်နေချိန်မှာ ဟန်ဆောင်နေဖို့ အချိန် မဟုတ်ဘူး။ Politically correct ဆိုတဲ့ နိုင်ငံရေးအရ အဖိအဖေါ့ စကားတွေ ပြောပြီးအချိန်ဖြုံးဖို့ မဟုတ်ဘူး။ -------