Wednesday, April 25, 2012

What I know and Do not know By Dr. Bob Jones, sr; (Burmese)


မသိတာတွေ အများကြီးရှိတယ်။ မသိနိုင်တာတွေကလည်း အများကြီးပါ။

What? တနေ့ချင်းမှာ ဘာတွေ ဖြစ်လာမလဲ မသိနိုင်ဘူး။ မနက်ဖနက ကိုယ့်ကို ဘာတွေ စုဆောင်းပေးနေသလဲ မသိနိုင်ပါ။ ဒီနေ့ လုပ်တာတွေကလည်း ဘာဖြစ်ပေါ်လာမလဲ မသိပါဘူး။

Where? ဘဝလမ်းဆုံးမရောက်ခင် ဘယ်ကို လမ်းပြခေါ်နေသလဲ မသိရပါ။ လမ်းရဲ့ ဘယ်နေရာမှာ ၀မ်းနည်းခြင်းတွေ စောင့်နေသလဲ? သေခြင်းက ချောင်းမြောင်းနေသလဲ? မသိရပါ။ ဘယ်နေရာမှာ မကြုံချင်တာတွေ ကြံုရမလဲ မသိပါ။

When? ဘယ်အချိန်မှာ မကျန်းမမာ၊ ရောဂါရမလဲ မသိပါ။ ဘယ်အချိန်မှာ စုံစမ်းနှောက်ယှက်ခြင်းတွေ ဖြတ်သန်းရမလဲ မသိပါ။ ဘယ်အချိန် ကြေကွဲစရာတွေ ရိုက်ခတ်လာမလဲ မသိပါ။ ချစ်ခင်သူတယောက် ဆုံးပါးမယ့်အချိန်လည်း မသိရပါ။ သွားနှင့်သူတွေနဲ့ ဘယ်တော့ ပြန်ဆုံရမလဲ မသိပါ။

Why? ဘဝမှာ ဘာကြောင့် ၀မ်းနည်းစရာတွေ ၀င်လာရသလဲ မသိပါ။ အပြစ်မရှိသူတွေက တခြားသူတွေရဲ့ အပြစ်ကြောင့် ဒုက္ခ ဝေဒနာတွေ ခံစာကြရသလဲ မသိပါ။ လိုတာမရ၊ မလိုချင်တာတွေတော့ ဘာကြောင့် စုပုံရနေသလဲ မသိပါ။

How? တခါတရံ သည်းခံရမယ့် ဝေဒနာတွေကို ဘယ်လို တောင့်ခံရပ်တည်ရမယ်ဆိုတာ မသိပါ။ ဒီုးက္ခတွေကို စိတ်ဝိညာဉ်က ဘယ်လို ဖြတ်ကျော်ရမလဲ မသိပါ။ ကြေကွဲစရာ အဖြစ်ဆိုးတွေ၊ ဒုက္ခတွေကို ဘုရားသခင် မေတ္တာက ဘယ်လို ခွင့်လွှတ်ပေးမလဲ မသိပါ။

Whom? ဒါပေမယ့် တယောက်သောသူကို သိလိုက်ရင် - ဘယ်အရာ What? ဘယ်နေရာ  Where?  ဘယ်အချိန် When? ဘယ်လို How? ဘာကြောင့် Why? ဆိုတာတွေကို သိဖို့မလိုတော့ဘူး။ `အဘယ်သူကို ယုံကြာ်သည်ကို ငါသိ၏။´ ၂တိ ၁း ၁၂။ သခင်ယေရှုကြောင့် ဘုရားသခင်ကို သိခွင့်ရသွားတယ်။ ဘုရားသခင် ချစ်တတ်တာ သိလာရတယ်။ လူတွေရဲ့ အပြစ်အတွက် သခင်ယေရှု ကားတိုင်မှာ အသေခံရာမှာ ဘုရားမေတ္တာကို သိခွင့် ရလိုက်တယ်။  `ငါတို့ကို ချစ်၍ ငါတို့အတွက် ကိုယ်ကိုကိုယ် စွန့်တော်မူ၏။´  ဘုရားသခင် ပညာရှိတယ်ဆိုတာ သိလိုက်ရပြီ။ ဘုရားသခင်ဟာ ပညာ အားလုံးရဲ့အစ၊ ညဏ်အားလုံးရဲ့ အစပါ။ အစ၊ အဆုံး သိတော်မူတယ်။ ဘုရားသခင်က တန်ခိုးကြီးမားတယ်။ အရာရာဟာ ဘုရားတန်ခိုးတော်ကြောင့် သူ့နှုတ်မိန့်နဲ့ တည်မြဲနေရတယ်။

ချစ်ခြင်း၊ တန်ခိုးနဲ့ ပညာ စုံလင်တော့ ဘုရားသခင်ကို စိတ်ချလက်ချ အားကိုးနိုင်တယ်။

လူမှာ ဘာလိုသလဲ? လူအတွက် အကောင်းဆုံးက ဘာလဲ? ဘုရားသခင် သိပါတယ်။ တခြားအရာတွေ ဘဝထဲ ၀င်လာခွင့် ပေးတော်မူမှာ မဟုတ်ပါဘူး။ ရင်ဆိုင်ဖို့ စွမ်းအားကိုလည်း ဘုရားသခင် ပေးနိုင်ပါတယ်။  ဘုရားသခင်ကို သိထားပြီလား?

No comments:

Post a Comment