Did You Know?
by Eric W. Hayden,
former pastor of Metropolitan Tabernacle, London
From Christian History Magazine, Issue 29, pp. 2-3.
Copyright © 1991 by CHRISTIAN HISTORY.
1.
Charles Haddon Spurgeon ဟာ သမိုင်းတလျှောက်လုံးမှာ လူဖတ်အများဆုံး
တရားဟောဆရာ ဖြစ်တယ်။ ဒီနေ့ခေတ်မှာ တခြားခရစ်ယာန်ဆရာတွေရဲ့ စာအုပ်တွေထက်
သူ့စာအုပ်တွေ ပိုပြီးရှာလို့ ရလွယ်တယ်။
2. Spurgeon ရဲ့
တရားတပုဒ်ထဲက စာရွက်ကလေးတရွက်ကို ဖတ်မိတာနဲ့ အမျိုးသမီး တယောက်
ပြောင်းလဲခဲ့တယ်။ ဒီစာရွက်က သူဝယ်တဲ့ ထောပတ်ပုလင်းကို ပတ်ထားတဲ့ စက္ကူပါ။
3. Spurgeon ဟာ The Pilgrim's Progress စာအုပ်ကို ၆ နှစ်သားအရွယ်ကတည်းက ဖတ်ခဲ့ပြီး၊ အကြိမ် ၁၀၀ ကျော် ဖတ်ခဲ့တယ်။
4.
The New Park Street Pulpit and The Metropolitan Tabernacle Pulpit—
ဆိုတဲ့ သူအမှုတော်ဆောင်စဉ်မှာ ဟောတဲ့တရားတွေက ၆၃ တွဲ ရှိတယ်။
အဲဒီတရားတွေမှာ ပါတဲ့ စာလုံးရေ ၂၀-၂၅ သန်းဟာ အတွဲ ၂၇ တွဲပါတဲ့ ၉
ကြိမ်မြောက်တည်းဖြတ်ထုတ်တွေတဲ့ Encyclopedia Britannica နဲ့ ညီမျှတယ်။
သူ့ရဲ့အဲဒီစာအုပ်တွဲဟာ ခရစ်ယာန်သမိုင်း တလျှောက်မှာ စာရေးဆရာ
တယောက်တည်းရေးတဲ့ စာအုပ်တွေထဲမှာ အရှည်လျားဆုံး စာအုပ်တွဲ ဖြစ်တယ်။
5. Spurgeon ရဲ့ အမေမှာ သားသမီး ၁၇ ယောက် ရှိပြီး၊ ၉ ယောက်က ကလေးဘဝမှာပဲ ဆုံးပါးကြတယ်။
6.
Charles Spurgeon အသက် ၁၀ အရွယ်မှာ လာလည်တဲ့ သာသနာပြုဆရာ Richard Knill က
ပြောဖူးတယ်။ Spurgeon ဟာ တနေ့သောအခါ လူထောင်ပေါင်းများစွာကို တရားဟောမယ်။
လန်ဒန်မှာရှိတဲ့ ခွဲထွက်လာတဲ့ အသင်းတော်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ Rowland
Hill's chapel မှာ တရားဟောရမယ်လို့ ဆိုဖူးပါတယ်။ ဒီစကားအတိုင်း
ဖြစ်လာခဲ့တယ်။
7. Spurgeon ကောလိပ်ကျောင်းဝင်ခွင့် မရခဲ့ပါဘူး။
ဝန်ထမ်းအမျိုးသမီးငယ်က အခန်းမှား ပြမိတဲ့အတွက် သူ့ကို အင်တာဗျူးဖို့
စောင့်နေတဲ့ ကျောင်းအုပ်ကြီးနဲ့ လွဲသွားရတယ်။ (နောက်ပိုင်းမှာတော့
ဘုရားသခင်က သူ့ကို “ကြီးစွာသောအရာတို့ကို ကိုယ့်အဖို့ ရှာသလော။ မရှာနှင့်။”
လို့ ပြောသလို ခံစားရတဲ့အတွက် နောက်ထပ်ပြန်မလျှောက်တော့ဘူး။)
8.
Spurgeon ရဲ့ကိုယ်ပိုင် စာကြည့်တိုက်ဟာစာအုပ်အတွဲပေါင်း ၁၂,၀၀၀ ရှိတယ်။
အုပ်ရေ ၁,၀၀၀ က ၁,၇၀၀ မတိုင်ခင်က ပုံနှိပ်တဲ့စာအုပ်တွေပါ။
အဲဒီစာကြည့်တိုက်ရဲ့ ၅,၁၀၃ အုပ်ကို လေလံတင်ကာစမှာ William Jewell College
in Liberty, Missouri မှာ ထားတယ်။ နောက်ပိုင်း ၂၀၀၆ ခုနှစ်မှာ Midwestern
Baptist Theological College & Seminary ကို ပြောင်းရွှေ့ခဲ့တယ်။
9. အသက် ၂၀ မတိုင်မှာ တရားအကြိမ် ၆၀၀ ဟောပြီးပြီ။
10.
Spurgeon တရားဟောရာကို ဝန်ကြီးချုပ် W. E. Gladstone, တော်ဝင်မိသားစုများ၊
ပါလီမန်အမတ်များ၊ စာရေးဆရာ John Ruskin ၊ Florence Nightingale နဲ့
နောင်မှာ အမေရိကန်သမတ ဖြစ်လာမယ့် ဗိုလ်ချုပ် James Garfield တို့
လာခဲ့ဖူးတယ်။
11. New Park Street Church အသင်းတော်က Spurgeon ကို
၆လ အစမ်းခန့်ဖို့ ဖိတ်ခေါ်တယ်။ ဒါပေမယ့် သူက ၃လ ပဲလာမယ်။
“ပရိတ်သတ်မကြိုက်ပဲနေမယ်၊ အရှုပ်မဖြစ်ချင်ဘူး။” လို့ တောင်းဆိုခဲ့တယ်။
12.
၁၈၅၄ ခုနှစ် New Park Street Church အသင်းတော်ကို ရောက်ချိန်မှာတော့
အသင်းသား ၂၃၂ ယောက်ရှိပါတယ်။ ၃၈ နှစ်အကြာ သူ့သက်တမ်းအဆုံးမှာတော့ ၅,၃၁၁ အထိ
တိုးပွါးခဲ့တယ်။ သူ့သက်တမ်းအတွင်း လူပေါင်း ၁၄,၄၆၀ ယောက် အသင်းတော်မှာ
ပါဝင်လာကြတယ်။ အသင်းတော်ကလည်း ကမ္ဘာအကြီးဆုံး Independent
အသင်းတော်ဖြစ်သွားခဲ့တယ်။
13. Spurgeon ဟာ တပတ်ကို ၆ အုပ်လောက်ဖတ်နိုင်ပြီး၊ ဖတ်ပြီးသမျှကိုလည်း နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ မှတ်မိနေတတ်တယ်။
14. Spurgeon ဟာ ပရိသတ် ၂၃,၆၅၄ ယောက်ကို မိုက်ခရိုဖုန်းမပါ၊ အသံချဲ့စက်မပါဘဲ ဟောပြောခဲ့တယ်။
15.
Spurgeon ဟာ pastors' college ကိုစတင်တည်ထောင်ခဲ့ပြီး၊ သူ့သက်တမ်းအတွင်း
ကျောင်းသား ၉၀၀ ကို သင်ပြခဲ့တယ်။ အခုထိလည်း ဆက်တိုးပွါးနေဆဲပါ။
16.
၁၈၆၅ ခုနှစ်မှာ Spurgeon ရဲ့ တရားဒေသနာပေါင်း ၂၅,၀၀၀ ကို အပတ်စဉ်
ရောင်းချရတယ်။ အဲဒီတရားတွေကို ဘာသာစကား ၂၀ ကျော်နဲ့ ဘာသာပြန်ခဲ့ရတယ်။
17.
Spurgeon ရဲ့ စာအုပ် အနည်းဆုံး ၃ အုပ်လောက်ဟာ (အတွဲများစွာပါဝင်တဲ့
Metropolitan Tabernacle Pulpit series အပါအဝင်) အုပ်ရေ ၁,၀၀၀,၀၀၀ ကျော်
ရောင်းရတယ်။ အဲဒီထဲက တအုပ်ကတော့ Moody Press က ပွဲဦးထွက်စာအုပ်အဖြစ်
ထုတ်တဲ့ All of Grace စာအုပ်ဖြစ်တယ်။ အခုထိလည်း ရောင်းရအကောင်းဆုံး
စာရင်းဝင်နေဆဲပါပဲ။
18. Spurgeon ဟာ သူ့သက်တမ်းအတွင်းမှာ လူပေါင်း ၁၀,၀၀၀,၀၀၀ (သိန်း ၁၀၀) ခန့်ကို တရားဟောခဲ့တယ်။
19. Spurgeon ဟာ သူတရားဟောနေတုန်း အတွေးစ ၈ မျိုးလောက် တပြိုင်နက်တည်း ရခဲ့တယ်လို့ ဆိုဖူးတယ်။
20.
Spurgeon က Agricultural Hall မှာ လျှပ်စစ်မဲ့ တူရိယာတွေကို
အသံစမ်းနေတုန်း “ဤလောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို
ကြည့်လော့။” လို့ အော်လိုက်တယ်။ အဲဒီခန်းမရဲ့ ထုတ်တန်းပေါ်မှာ
အလုပ်လုပ်နေတဲ့ အလုပ်သမားတယောက်က ကြားပြီး၊ ခရစ်တော်ကို ရရှိခဲ့တယ်။
21.
Spurgeon ရဲ့ဇနီး Susannah Thompson ဟာ အသက် ၃၃ နှစ်အရွယ်မှာ မကျန်းမမာ
ဖြစ်နေခဲ့ပြီး၊ ခင်ပွန်းသည် တရားဟောရာကို လာရောက်နိုင်လေ့ သိပ်မရှိခဲ့ဘူး။
22.
Spurgeon ဟာ ဆာလံကျမ်းကို နှစ်ပေါင်း ၂၀ လေ့လာခဲ့ပြီး၊
ဆာလံကျမ်းအနက်ဖွင့် The Treasury of David ကို ရေးသားခဲ့ပါတယ်။ (ဒါက
ဆာလံကျမ်းကို ၁ မှ ၁၅၀ ထိ အနက်ဖွင့်ထားတဲ့ ကျမ်းဖြစ်တယ်။)
23.
Spurgeon ဟာ သူ့အသင်းတော်ရဲ့ ဘုရားကျောင်း The Metropolitan Tabernacle ကို
ဂရိလက်ရာများနဲ့ ဆောက်လုပ်ဖို့ တိုက်တွန်းခဲ့တယ်။ အကြောင်းကတော့
ဓမ္မသစ်ကျမ်းကို ဂရိစကားနဲ့ ရေးထားလို့ပါ။ ဒီဆုံးဖြတ်ချက်ဟာ ကမ္ဘာတဝှန်းက
ဘုရားကျောင်းလက်ရာတွေအပေါ် လွမ်းမိုးခဲ့တယ်။
24. Spurgeon ရဲ့ တနင်္ဂနွေနေ့ မနက်ဟောမယ့်တရားဟာ စနေညမရောက်မချင်း ရွေးပြီးလေ့ မရှိသေးပါဘူး။
25.
Spurgeon ရဲ့ တရားဒေသနာအတွက် တရားဟောစဉ်မြင့်ရှိရာကို မှတ်စုစာရွက်
တမျက်နှာထက် ပိုယူသွားလေ့ မရှိဘူး။ ဒါပေမယ့် တမိနစ်ကို စကားလုံး ၁၄၀
နှုန်းနဲ့ မိနစ် ၄၀ လောက် ဟောပြောတယ်။
26. Spurgeon ဟာ တခါတည်းပဲ
သင်းအုပ်ဝတ်ရုံကို ဝတ်ဖူးတယ်။ အဲဒီအချိန်က ဂျနီဗာကို ရောက်တုန်း၊ ဂျွန်း၊
ကယ်လ်ဗင်းရဲ့ တရားဟောစဉ်မြင့်မှာ တရားဟောတုန်းက ဖြစ်တယ်။
27. Spurgeon ဟာ ဖိတ်ခေါ်တာတွေထဲက တချို့ကို လက်ခံရင်းနဲ့ တပတ်ကို ၁၀ ကြိမ် တရားဟောရတယ်။
28.
Spurgeon ဟာ တရုတ်ပြည်ကို သာသနာပြုတဲ့ Hudson Taylor နဲ့ မကြာခဏ
တွေ့ဆုံတတ်သလို၊ မိဘမဲ့ကလေးကျောင်း တည်ထောင်တဲ့ George Muller နဲ့လည်း
မကြာခဏ တွေ့ဆုံတတ်တယ်။
29. Spurgeon မှာ အမွှာညီအကို သားနှစ်ယောက်
ရှိတယ်။ နှစ်ယောက်လုံး တရားဟောဆရာတွေ ဖြစ်လာတယ်။ Thomas က သူ့အဖေရဲ့
နေရာမှာ Tabernacle ရဲ့ သင်းအုပ်အဖြစ်ဆက်ခံတယ်။ Charles, Jr. က
ဖခင်တည်ထောင်ခဲ့တဲ့ မိဘမဲ့ကလေးကျောင်းကို ဆက်လက်ဦးစီးတယ်။
30.
Spurgeon ရဲ့ဇနီး Susannah က သူ့ကို Tirshatha လို့ခေါ်တယ်။
(ပါရှင်းအင်ပါယာ လက်အောက်က ယုဒလူမျိုး ဘုရင်ခံတပါးရဲ့ နာမည်ပါ။
“ကြီးမြတ်သော” လို့ ဆိုလိုတယ်။)
31. Spurgeon ဟာ တနေ့ကို ၁၈ နာရီ
အလုပ်လုပ်ပါတယ်။ ထင်ရှား စွန့်စားတဲ့ သာသနာပြုဆရာ David Livingstone က
သူ့ကို တခါက မေးဖူးပါတယ်။ “တနေ့တည်း လူ ၂ယောက်စာ အလုပ်လုပ်ဖို့
ဘယ်လိုများ စီစဉ်သလဲ? “ကျွန်တော်တို့ဟာ ၂ ယောက်ဆိုတာ ဆရာမေ့နေတာကိုး။” လို့
Spurgeon က ပြန်ဖြေတယ်။
32. Spurgeon က ကျွန်စနစ်ကို
ပြင်းပြင်းထန်ထန် ဝေဖန်လွန်းတဲ့အတွက် အမေရိကန် ထုတ်ဝေသူတွေပင်
သူ့တရားတွေမှာ ဝေဖန်မှုတချို့ကို ဖြုတ်ပယ်စပြုခဲ့ကြတယ်။
33.
Spurgeon က လူသစ်တွေ နေရာရဖို့ သူ့အသင်းသားတွေကို နောက်တပတ်တနင်္ဂနွေမှာ
ဘုရားကျောင်းမတက်ဖို့ တခါတရံ ပြောရတတ်တယ်။ ၁၈၉၇ ခုနှစ်ရဲ့ တခုသော ဝတ်ပြု
စည်းဝေးမှာတော့ ပါဝင်နေကျ အသင်းသားတွေဟာ လူသစ်တွေ အထဲဝင်နိုင်ဖို့၊ လာနေကျ
အသင်းသားတွေက အပြင်ထွက်ပေးကြရတယ်။ ဘုရားကျောင်း ချက်ချင်းပြန်ပြီး
လူပြည့်ပြန်တယ်။
စိတ်ကောင်း စေတနာကောင်း၊ အတွေးအခေါ်ကောင်းများနဲ့ ယိုင်းပင်းကူညီကြသော နေ့ရက်များသို့ - To See Good Days!
Monday, August 4, 2014
Saturday, August 2, 2014
Charles H. Spurgeon ... The Prince of Preachers
English Nonconformist ဖြစ်ပြီး၊ Kelvedon, Essex မှာ ၁၈၃၄၊
ဇွန်လ ၁၉ ရက်မှာ မွေးဖွါးတယ်။ သူ့အဖိုးဟာ Essex က သင်းအုပ်ဖြစ်ပြီး၊ အဖေ
John Spurgeon က Upper Street, Islington မှာနေတဲ့ Independent
အမှုတော်ဆောင်ပါ။ Charles Spurgeon က ခရစ်တော်ထံ သူသိမြင်လာပုံကို အခုလို
ကိုယ်တိုင်မှတ်တမ်း ရေးထားခဲ့တယ်။
Charles Haddon Spurgeon
1834- 1892
Spurgeon ခရစ်တော်ကို သိလာရပုံ
ကလေးဘဝမှာ စိတ်ရှုပ်ထွေးနေတာ ၅ နှစ်လောက်ကြာပြီ။ ဘုရားသခင်ရဲ့ တရားတော်ကို ကြောက်ရွံ့နေတဲ့သူတိုင်းကို ကိုယ်ချင်းစာတယ်။ သနားမိတယ်။ Bunyan ရဲ့ "Grace Abounding" အကြောင်းအရာတွေက ကျွန်တော့ဘဝ လိုလို ဖြစ်နေတယ်။ ကျွန်တော် မကြုံဖူးတာတွေ သူကြုံရသလို၊ သူမကြုံဖူးတာတွေလည်း ကျွန်တော် ကြုံရတယ်။
ဘဝက မဲမှောင်နေသလို ခံစားရတယ်။ ဘုရားမကြိုက်တာတွေ လုပ်မိလို့ မြော်လင့်ချက်မဲ့နေတယ်။ ဆုတောင်းတယ်။ အဖြေမရဘူး။ ကျမ်းစာဖတ်တယ်။ တွေ့တဲ့ ဂတိတော်တွေက ကြောက်စရာ ဆိုတာထက်တောင် ထိတ်လန့်စရာကောင်းနေတယ်။ ဘုရားအသုံးပြုတဲ့ သူတွေအကြောင်း ဖတ်တယ်။ ဒါပေမယ့် သူတို့နဲ့ ကျွန်တော်ဘဝက ဘာမှမဆိုင်ဘူး ဖြစ်နေတယ်။ စိတ်ညစ်တဲ့ အကြောင်းရင်းက ကယ်တင်ခြင်းအကြောင်း မသိတာပါ။ ခရစ်ယာန်တိုင်းပြည်မှာနေတယ်။ မိဘတွေကလည်း ခရစ်ယာန်ပါ။ ဒါပေမယ့် ကယ်တင်ခြင်းကို ကောင်းကောင်း၊ ရှင်းရှင်း မသိဘူး။ အခမဲ့ ရတယ်ဆိုတာလည်း မသိဘူး။
မြို့ထဲက ဘုရားကျောင်းမှန်သမျှ အကုန်တက်ကြည့်တယ်။ ဒါပေမယ့် ကယ်တင်းခြင်း အကြောင်း ကောင်းကောင်း မဟောကြဘူး။ သူတို့ကိုတော့ အပြစ်မတင်ချင်ဘူး။ ဆရာတယောက်က ဘုရားသခင် ကြီးမြတ်ကြောင်း ဟောတယ်။ စိတ်ဝင်တစား နားထောင်မိတယ်။ ဒါပေမယ့် အပြစ်ရှိသူတယောက် ကယ်တင်ခြင်းရချင်နေတာကို သူ့တရားက ဘာလာလုပ်ပေးနိုင်ပါ့မလဲ? တခြားဆရာတယောက်က လေးစားစရာကောင်းတယ်။ သူက ပညတ်တော်အကြောင်းပဲ အမြဲတမ်းဟောတယ်။ ဒါပေမယ့် မျိုးကြဲစေချင်တဲ့ နှလုံးသားကို သူက ထွန်ပဲထွန်နေတော့ ဘာလုပ်မလဲ? တခြားဆရာတယောက်ကတော့ လက်တွေ့ကျတယ်။ ဒါပေမယ့် သူဟောတာ နားထောင်တော့ ခြေထောက်မရှိတဲ့ လူတစုကို စစ်ချီဖို့ အမိန့်ပေးနေတာနဲ့ အတော် တူနေတယ်။ ဘယ်လိုလုပ်မလဲ? သူတက်တက်ကြွကြွ နိုးဆော်နေလည်း ကျွန်တော့အတွက်က အလကားပဲ။ “သခင်ယေရှုကို ယုံကြည်လော့။ သို့ပြုလျှင် သင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် ကျွန်တော်က ခရစ်တော်မှာ ဘယ်အချက်ကို ယုံရမလဲ မသိခဲ့ဘူး။
တခါတလေ တွေးမိတယ်။ ဘုရားသခင်ကောင်းမြတ်လို့ တနင်္ဂနွေ တမနက်မှာ နှင်းမုန်တိုင်းတွေ မလွှတ်ခဲ့ရင် ကျွန်တော့ဘဝ မှောင်နေတုန်း၊ အခုထိ စိတ်ပျက်နေတုန်း ဖြစ်နေမှာပဲ။ အဲဒီတုန်းက ဘုရားရှစ်ခိုးကျောင်းကို သွားနေတယ်။ ဆက်ပြီး ဝေးဝေး မသွားနိုင်တော့တဲ့အခါ လမ်းချိုးတခုမှာရှိတဲ့ Primitive မက်သဒစ် ဘုရားကျောင်းကလေးဖက် သွားလိုက်တယ်။ အဲဒီမှာ လူက တဒါဇင် (သို့) ၁၅ ယောက်လောက်ပဲရှိတယ်။ သူတို့ဆရာက အဲဒီမနက်က မလာဘူး။ ကျွန်တော့အထင်တော့ သူက နှင်းမုန်းတိုင်းမိနေတာ။ ဆင်းရဲသားတယောက်_ ဖိနပ်ချုပ်သမားလို၊ စက်ချုပ်သမားလို လူတယောက် တရားတက်ဟောသွားတယ်။
အင်း၊ ဆရာဆိုတာတော့ ကျောင်းဆင်းတယောက် ဖြစ်သင့်တာပေါ့နှော်။ ဒါပေမယ့် အဲဒီလူက ဘာကျောင်းမှ မတက်ဖူးတဲ့သူ။ သူ့ကျမ်းစာချက်တချက်ကလွဲလို့ တခြားဘာမှ သူ့မှာပြောစရာ မရှိလို့ သူ့ကိုပဲ ပြန်ပြီး ကျေးဇူးတင်ရပါသေးတယ်။ သူဖတ်တဲ့ ကျမ်းစာချက်က “မြေကြီးသားအပေါင်းတို့ ငါ့ကို မြော်ကြည့်၍ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။” အဲဒီလူက အသံထွက်တောင် မှန်အောင် မဖတ်နိုင်ရှာဘူး။ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး။
သူ့ကျမ်းပိုဒ်မှာ မြော်လင့်စရာတချက်တော့ ပါမယ်လို့ ထင်ခဲ့တယ်။ သူက “မိတ်ဆွေတို့၊ ဒီကျမ်းပိုဒ်က သိပ်ရှင်းတဲ့ကျမ်းပိုဒ်တပိုဒ်ပဲ။ “ကြည့်” တဲ့။ ကြည့်ဖို့ဆိုတာ သိပ်အားစိုက်စရာ မလိုဘူး။ လက်တွေ၊ ခြေတွေ မြှောက်စရာမလိုဘူး။ ကြည့်လိုက်ရုံကလေးပဲ။ ကြည့်တတ်ဖို့များ ကောလိပ်ကျောင်းတက်ပြီး သင်စရာ မလိုပါဘူး။ ကြည့်ဖို့ဆိုတာ ပိုက်ဆံအများကြီး မလိုပါဘူး။ လူတိုင်းကြည့်လို့ရတယ်။ ကလေးလည်း ကြည့်လို့ရတယ်။ ကြည့်လို့ပဲ ကျမ်းစာကလည်း ပြောတာပါ။ ဆက်ပြောတယ်။ "Look unto Me" “ငါ့ကို ကြည့်” တဲ့။
သူ ဆက်ပြောပါတယ်။ “အေး... တို့အများစုက ကိုယ့်ကိုကိုယ်ပဲ ကြည့်နေကြတာ။ ကိုယ့်ကိုကိုယ် ကြည့်လို့ ဘာမှမရဘူး။ စိတ်သက်သာရာလည်း မရနိုင်ဘူး။ တချို့က ခမည်းတော် ဘုရားသခင်ကို ကြည့်ကြတယ်။ မဟုတ်ဘူး။ သခင်ယေရှုက ပြောတယ်။ “ငါ့ကို မြော်ကြည့်ပါ။” တချို့က ပြောတတ်တယ်။ “ဝိညာဉ်တော် အလုပ်လုပ်တာ စောင့်ဦးမယ်” ... တဲ့။” အခုပြောနေတာက အဲဒီအတွက် မဟုတ်ပါဘူး။ ခရစ်တော်ကို မြော်ကြည့်ပါ။ “ငါ့ကို မြော်ကြည့်ပါ။” တဲ့။
အဲဒီနောက် သူကျမ်းပိုဒ်ကို ဒီလိုဆက်တယ်။ “ငါ့ကို မြော်ကြည့်ပါ။ ငါ့မှာ သွေးတွေက ယိုစီးနေတယ်။ ငါ့ကို ကားတိုင်မှာ ချိတ်ဆွဲထားတယ်။ ကြည့်။ ငါ သေပြီးတော့ သင်္ဂြိုဟ်ခံရတယ်။ ငါ့ကို ကြည့်။ ငါ ပြန်ရှင်လာတယ်။ ငါ့ကို ကြည့်။ ငါ ကောင်းကင်ပေါ် ပြန်တက်တယ်။ ခမည်းတော် ဘုရားသခင်ရဲ့ လက်ယာဖက်မှာ ထိုင်ရတယ်။ ကဲ ... ငါ့ကို ကြည့်လိုက်ပါ။ ငါ့ကို ကြည့်လိုက်စမ်းပါ။
ဒီလောက်ကလေးပဲ ပြောပြီးတော့၊ ဆယ်မိနစ်လောက်ပဲ အချိန်ယူတယ်။ ပြီးမှ ကျွန်တော့ကို ကြည့်တယ်။ သူစိမ်းဖြစ်မှန်း သိသွားပုံရတယ်။ “ကောင်းလေး၊ မင်းကြည့်ရတာ အတော်သနားစရာပဲ။” သူပြောတာ ဟုတ်တယ်။ ဒါပေမယ့် ဒီအရင်က ဒီလို တရားဟော စဉ်မြင့်ကနေ ကျွန်တော့ မျက်နှာအမူယာကို ဝေဖန်တာ မကြုံဖူးဘူး။ ဒါပေမယ့် သူစကားက အတော်ထိချက်ပြင်းတယ်။ သူကဆက်ပြီးတော့ “အခုပြောတဲ့ ကျမ်းပိုဒ်ကို မနာခံရင်တော့ မင်း ဆက်ပြီး သနားစရာ ဖြစ်နေဦးမှာပဲ။
အသက်ရှင်ရင်လည်း သနားစရာ၊ သေတော့လည်း သနားစရာ ဖြစ်နေမှာပဲ။ ဒါပေမယ့် အခု နားထောင်လိုက်ရင်တော့ အခု အကယ်ခံရမှာပဲ။”
အဲဒီနောက်မှာ သူက တရားဟောဆရာတယောက်လို အော်ပြီး ဟောတယ်။ “ကောင်လေး၊ ယေရှုခရစ်တော်ကို မြော်ကြည့်လိုက်။” ကျွန်တော် မော့ကြည့်လိုက်တယ်။ အဲဒီမှာ တိမ်တိုက်တွေ လွင့်သွားတယ်။ အမှောင်တွေ လွင့်သွားတယ်။ အဲဒီအချိန်မှာ အလင်းကို မြင်ရတာပဲ။ အဲဒီအချိန်မှာ ထရပ်ပြီးတော့ အသွေးတော်အကြောင်း၊ ကိုယ်တော်တပါးတည်းကို ရိုးရိုးကလေး ယုံကြည် မြော်ကြည့်တဲ့ အကြောင်းတွေကို စိတ်လှုပ်ရှားပြီး သီချင်းဆိုခဲ့တယ်။ အင်း.. အရင်ကတည်းက ဒီလို ပြောပြကြရင် အကောင်းသားပေါ့။ ခရစ်တော်ကို အားကိုးပါ၊ အကယ်ခံရပါလိမ့်မယ်။
(Spurgeon ကိုယ်တိုင်ရေးတဲ့ မှတ်တမ်းဖြစ်ပါတယ်။)

Subscribe to:
Posts (Atom)