Charles Haddon Spurgeon
1834- 1892
Spurgeon ခရစ်တော်ကို သိလာရပုံ
ကလေးဘဝမှာ စိတ်ရှုပ်ထွေးနေတာ ၅ နှစ်လောက်ကြာပြီ။ ဘုရားသခင်ရဲ့ တရားတော်ကို ကြောက်ရွံ့နေတဲ့သူတိုင်းကို ကိုယ်ချင်းစာတယ်။ သနားမိတယ်။ Bunyan ရဲ့ "Grace Abounding" အကြောင်းအရာတွေက ကျွန်တော့ဘဝ လိုလို ဖြစ်နေတယ်။ ကျွန်တော် မကြုံဖူးတာတွေ သူကြုံရသလို၊ သူမကြုံဖူးတာတွေလည်း ကျွန်တော် ကြုံရတယ်။
ဘဝက မဲမှောင်နေသလို ခံစားရတယ်။ ဘုရားမကြိုက်တာတွေ လုပ်မိလို့ မြော်လင့်ချက်မဲ့နေတယ်။ ဆုတောင်းတယ်။ အဖြေမရဘူး။ ကျမ်းစာဖတ်တယ်။ တွေ့တဲ့ ဂတိတော်တွေက ကြောက်စရာ ဆိုတာထက်တောင် ထိတ်လန့်စရာကောင်းနေတယ်။ ဘုရားအသုံးပြုတဲ့ သူတွေအကြောင်း ဖတ်တယ်။ ဒါပေမယ့် သူတို့နဲ့ ကျွန်တော်ဘဝက ဘာမှမဆိုင်ဘူး ဖြစ်နေတယ်။ စိတ်ညစ်တဲ့ အကြောင်းရင်းက ကယ်တင်ခြင်းအကြောင်း မသိတာပါ။ ခရစ်ယာန်တိုင်းပြည်မှာနေတယ်။ မိဘတွေကလည်း ခရစ်ယာန်ပါ။ ဒါပေမယ့် ကယ်တင်ခြင်းကို ကောင်းကောင်း၊ ရှင်းရှင်း မသိဘူး။ အခမဲ့ ရတယ်ဆိုတာလည်း မသိဘူး။
မြို့ထဲက ဘုရားကျောင်းမှန်သမျှ အကုန်တက်ကြည့်တယ်။ ဒါပေမယ့် ကယ်တင်းခြင်း အကြောင်း ကောင်းကောင်း မဟောကြဘူး။ သူတို့ကိုတော့ အပြစ်မတင်ချင်ဘူး။ ဆရာတယောက်က ဘုရားသခင် ကြီးမြတ်ကြောင်း ဟောတယ်။ စိတ်ဝင်တစား နားထောင်မိတယ်။ ဒါပေမယ့် အပြစ်ရှိသူတယောက် ကယ်တင်ခြင်းရချင်နေတာကို သူ့တရားက ဘာလာလုပ်ပေးနိုင်ပါ့မလဲ? တခြားဆရာတယောက်က လေးစားစရာကောင်းတယ်။ သူက ပညတ်တော်အကြောင်းပဲ အမြဲတမ်းဟောတယ်။ ဒါပေမယ့် မျိုးကြဲစေချင်တဲ့ နှလုံးသားကို သူက ထွန်ပဲထွန်နေတော့ ဘာလုပ်မလဲ? တခြားဆရာတယောက်ကတော့ လက်တွေ့ကျတယ်။ ဒါပေမယ့် သူဟောတာ နားထောင်တော့ ခြေထောက်မရှိတဲ့ လူတစုကို စစ်ချီဖို့ အမိန့်ပေးနေတာနဲ့ အတော် တူနေတယ်။ ဘယ်လိုလုပ်မလဲ? သူတက်တက်ကြွကြွ နိုးဆော်နေလည်း ကျွန်တော့အတွက်က အလကားပဲ။ “သခင်ယေရှုကို ယုံကြည်လော့။ သို့ပြုလျှင် သင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။” ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် ကျွန်တော်က ခရစ်တော်မှာ ဘယ်အချက်ကို ယုံရမလဲ မသိခဲ့ဘူး။
တခါတလေ တွေးမိတယ်။ ဘုရားသခင်ကောင်းမြတ်လို့ တနင်္ဂနွေ တမနက်မှာ နှင်းမုန်တိုင်းတွေ မလွှတ်ခဲ့ရင် ကျွန်တော့ဘဝ မှောင်နေတုန်း၊ အခုထိ စိတ်ပျက်နေတုန်း ဖြစ်နေမှာပဲ။ အဲဒီတုန်းက ဘုရားရှစ်ခိုးကျောင်းကို သွားနေတယ်။ ဆက်ပြီး ဝေးဝေး မသွားနိုင်တော့တဲ့အခါ လမ်းချိုးတခုမှာရှိတဲ့ Primitive မက်သဒစ် ဘုရားကျောင်းကလေးဖက် သွားလိုက်တယ်။ အဲဒီမှာ လူက တဒါဇင် (သို့) ၁၅ ယောက်လောက်ပဲရှိတယ်။ သူတို့ဆရာက အဲဒီမနက်က မလာဘူး။ ကျွန်တော့အထင်တော့ သူက နှင်းမုန်းတိုင်းမိနေတာ။ ဆင်းရဲသားတယောက်_ ဖိနပ်ချုပ်သမားလို၊ စက်ချုပ်သမားလို လူတယောက် တရားတက်ဟောသွားတယ်။
အင်း၊ ဆရာဆိုတာတော့ ကျောင်းဆင်းတယောက် ဖြစ်သင့်တာပေါ့နှော်။ ဒါပေမယ့် အဲဒီလူက ဘာကျောင်းမှ မတက်ဖူးတဲ့သူ။ သူ့ကျမ်းစာချက်တချက်ကလွဲလို့ တခြားဘာမှ သူ့မှာပြောစရာ မရှိလို့ သူ့ကိုပဲ ပြန်ပြီး ကျေးဇူးတင်ရပါသေးတယ်။ သူဖတ်တဲ့ ကျမ်းစာချက်က “မြေကြီးသားအပေါင်းတို့ ငါ့ကို မြော်ကြည့်၍ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။” အဲဒီလူက အသံထွက်တောင် မှန်အောင် မဖတ်နိုင်ရှာဘူး။ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး။
သူ့ကျမ်းပိုဒ်မှာ မြော်လင့်စရာတချက်တော့ ပါမယ်လို့ ထင်ခဲ့တယ်။ သူက “မိတ်ဆွေတို့၊ ဒီကျမ်းပိုဒ်က သိပ်ရှင်းတဲ့ကျမ်းပိုဒ်တပိုဒ်ပဲ။ “ကြည့်” တဲ့။ ကြည့်ဖို့ဆိုတာ သိပ်အားစိုက်စရာ မလိုဘူး။ လက်တွေ၊ ခြေတွေ မြှောက်စရာမလိုဘူး။ ကြည့်လိုက်ရုံကလေးပဲ။ ကြည့်တတ်ဖို့များ ကောလိပ်ကျောင်းတက်ပြီး သင်စရာ မလိုပါဘူး။ ကြည့်ဖို့ဆိုတာ ပိုက်ဆံအများကြီး မလိုပါဘူး။ လူတိုင်းကြည့်လို့ရတယ်။ ကလေးလည်း ကြည့်လို့ရတယ်။ ကြည့်လို့ပဲ ကျမ်းစာကလည်း ပြောတာပါ။ ဆက်ပြောတယ်။ "Look unto Me" “ငါ့ကို ကြည့်” တဲ့။
သူ ဆက်ပြောပါတယ်။ “အေး... တို့အများစုက ကိုယ့်ကိုကိုယ်ပဲ ကြည့်နေကြတာ။ ကိုယ့်ကိုကိုယ် ကြည့်လို့ ဘာမှမရဘူး။ စိတ်သက်သာရာလည်း မရနိုင်ဘူး။ တချို့က ခမည်းတော် ဘုရားသခင်ကို ကြည့်ကြတယ်။ မဟုတ်ဘူး။ သခင်ယေရှုက ပြောတယ်။ “ငါ့ကို မြော်ကြည့်ပါ။” တချို့က ပြောတတ်တယ်။ “ဝိညာဉ်တော် အလုပ်လုပ်တာ စောင့်ဦးမယ်” ... တဲ့။” အခုပြောနေတာက အဲဒီအတွက် မဟုတ်ပါဘူး။ ခရစ်တော်ကို မြော်ကြည့်ပါ။ “ငါ့ကို မြော်ကြည့်ပါ။” တဲ့။
အဲဒီနောက် သူကျမ်းပိုဒ်ကို ဒီလိုဆက်တယ်။ “ငါ့ကို မြော်ကြည့်ပါ။ ငါ့မှာ သွေးတွေက ယိုစီးနေတယ်။ ငါ့ကို ကားတိုင်မှာ ချိတ်ဆွဲထားတယ်။ ကြည့်။ ငါ သေပြီးတော့ သင်္ဂြိုဟ်ခံရတယ်။ ငါ့ကို ကြည့်။ ငါ ပြန်ရှင်လာတယ်။ ငါ့ကို ကြည့်။ ငါ ကောင်းကင်ပေါ် ပြန်တက်တယ်။ ခမည်းတော် ဘုရားသခင်ရဲ့ လက်ယာဖက်မှာ ထိုင်ရတယ်။ ကဲ ... ငါ့ကို ကြည့်လိုက်ပါ။ ငါ့ကို ကြည့်လိုက်စမ်းပါ။
ဒီလောက်ကလေးပဲ ပြောပြီးတော့၊ ဆယ်မိနစ်လောက်ပဲ အချိန်ယူတယ်။ ပြီးမှ ကျွန်တော့ကို ကြည့်တယ်။ သူစိမ်းဖြစ်မှန်း သိသွားပုံရတယ်။ “ကောင်းလေး၊ မင်းကြည့်ရတာ အတော်သနားစရာပဲ။” သူပြောတာ ဟုတ်တယ်။ ဒါပေမယ့် ဒီအရင်က ဒီလို တရားဟော စဉ်မြင့်ကနေ ကျွန်တော့ မျက်နှာအမူယာကို ဝေဖန်တာ မကြုံဖူးဘူး။ ဒါပေမယ့် သူစကားက အတော်ထိချက်ပြင်းတယ်။ သူကဆက်ပြီးတော့ “အခုပြောတဲ့ ကျမ်းပိုဒ်ကို မနာခံရင်တော့ မင်း ဆက်ပြီး သနားစရာ ဖြစ်နေဦးမှာပဲ။
အသက်ရှင်ရင်လည်း သနားစရာ၊ သေတော့လည်း သနားစရာ ဖြစ်နေမှာပဲ။ ဒါပေမယ့် အခု နားထောင်လိုက်ရင်တော့ အခု အကယ်ခံရမှာပဲ။”
အဲဒီနောက်မှာ သူက တရားဟောဆရာတယောက်လို အော်ပြီး ဟောတယ်။ “ကောင်လေး၊ ယေရှုခရစ်တော်ကို မြော်ကြည့်လိုက်။” ကျွန်တော် မော့ကြည့်လိုက်တယ်။ အဲဒီမှာ တိမ်တိုက်တွေ လွင့်သွားတယ်။ အမှောင်တွေ လွင့်သွားတယ်။ အဲဒီအချိန်မှာ အလင်းကို မြင်ရတာပဲ။ အဲဒီအချိန်မှာ ထရပ်ပြီးတော့ အသွေးတော်အကြောင်း၊ ကိုယ်တော်တပါးတည်းကို ရိုးရိုးကလေး ယုံကြည် မြော်ကြည့်တဲ့ အကြောင်းတွေကို စိတ်လှုပ်ရှားပြီး သီချင်းဆိုခဲ့တယ်။ အင်း.. အရင်ကတည်းက ဒီလို ပြောပြကြရင် အကောင်းသားပေါ့။ ခရစ်တော်ကို အားကိုးပါ၊ အကယ်ခံရပါလိမ့်မယ်။
(Spurgeon ကိုယ်တိုင်ရေးတဲ့ မှတ်တမ်းဖြစ်ပါတယ်။)

No comments:
Post a Comment