There is a
little girl in our Christian school. Her name is Pa Pa. She comes from a
divorced family. Her mother could not provide her three children even daily
food. And mom came and gave me the girl and her brother to be adopted. I
refused to do so. I said her “I will care your two children. But please do not
give me your children. Please come and visit to the children as you can. Now
they lost their father. But they still have a mother. Please do not make them
to be not only fatherless, but also motherless. I will give you the money you
need to visit to the children.” I do the things I can do.
One day, one
of my school teachers said me “Pa Pa knows that her mother will come here. She
said “Mom will come!” If she says so, in the next day her Mom comes to us.” The
teacher asked me “Why does she know it?” I replied him “I don’t know it. You
should ask her.”
Her mother
works in a far village. She has no phone to talk with her children. It is out
of contact. But the little girl prays to God to see her mother when she misses
Mom. She prays again and again. Then she says “Mom will come here!” Every time
when she says so, in the next day, Mom comes to see her children. Oh! Prayers do the things we cannot do!
တချို့က ပြောတတ်တယ်။ "ဆုတောင်းလို့ ဘာရမတုန်း" တဲ့။ တကယ်တော့ သူတို့ ဆုမတောင်းဖူးလို့ပါ။ ဆုတောင်းပြီး အဖြေမရဖူးလို့ပါ။
တို့ ခရစ်ယာန်ကျောင်းမှာ မိန်းကလေးငယ်လေး တယောက်ရှိတယ်။ သူ့နာမည်က ပပ။ မိဘတွေက အိမ်ထောင်ကွဲနေတယ်။ ကလေး ၃ ယောက်ကို အမေက ကျွေးမွေးပြုစုဖို့ ခက်လာတယ်။ တနေ့ သူ့အမေ ကျွန်တော့ထံ ရောက်လာပြီး၊ ကလေး ၂ ယောက်ကို မွေးစားဖို့ ပေးလာတယ်။ ကျွန်တော် ငြင်းလိုက်တယ်။ "ကလေး ၂ ယောက်ကို ပြုစုကျွေးမွေးပါမယ်။ ဒါပေမယ့် ပေးတော့ မပေးပါနဲ့။ ကလေးတွေဆီကို ခဏခဏ လာလယ်ပါ။ အခု သူတို့မှာ အဖေ မရှိတော့ဘူး။ ဒါပေမယ့် အမေတော့ ရှိသေးတယ်။ အဖေရော၊ အမေပါ မရှိတဲ့ဘဝဖြစ်အောင် မလုပ်ပါနဲ့။ ကလေးတွေဆီကို လာလည်ဖို့ စရိတ်ပေးပါမယ်။" လို့ ပြောခဲ့ပါတယ်။ ဒါဟာ ကျွန်တော် လုပ်နိုင်တာကို လုပ်လိုက်တာပါ။
တနေ့... ကျောင်းက ဆရာတယောက်က ပြောလာတယ်။ "ပပ က သူ့အမေလာမယ်ဆိုတာ သိနေတယ်။ "အမေ လာလိမ့်မယ်။" လို့ သူပြောရင်၊ နောက်တနေ့ သူ့အမေ လာတော့တာပဲ။ သူ ဘယ်လိုလုပ် သိနေပါလိမ့်?" တဲ့။
ကျွန်တော်က "မသိဘူးလေ... သူ့ကို မေးကြည့်ပါလား?" လို့ ပြောမိတယ်။
သူ့အမေက အလှမ်းဝေးတဲ့ ရွာကလေးမှာ အလုပ်လုပ်နေပါတယ်။ သားသမီးတွေနဲ့ စကားပြောစရာ ဖုန်းမရှိဘူး။ ဆက်သွယ်လို့ မရဘူး။ ဒါပေမယ့် သမီးကလေးက သူ့အမေကို လွမ်းတဲ့အခါ ခဏခဏ ဆုတောင်းတယ်။ အဲဒီမှာ သူပြောလာတော့တာပါပဲ။ "အမေ လာလိမ့်မယ်။" ဒီလိုပြောလာပြီဆိုရင်တော့ နောက်တနေ့မှာ သူ့အမေက သားသမီးတွေကို တွေ့ဖို့ ရောက်လာတော့တာပါပဲ။ ကဲ .... တို့ မတတ်နိုင်တာတွေကို ဆုတောင်းခြင်းက လုပ်ပေးနိုင်တယ် မဟုတ်လား?
No comments:
Post a Comment