Tuesday, October 5, 2010

Live one day at a time. An article by Dr. Curtis Hutson တနေ့စာ တနေ့စာပဲ အသက်ရှင်ပါ

 လူအများစုက အတိတ်မှာရော အနာဂတ်မှာပါ အသက်ရှင်နေကြတယ်။ သူတို့က ဖြစ်လေ့ရှိခဲ့တာတွေကို ပြောတတ်ကြသလို၊ ဖြစ်လာမယ့်အရာတွေကိုလည်း ပြောကြပါတယ်။ ဒါနဲ့ပဲ လက်ရှိဘဝကို လက်လွတ်သွားကြတယ်။

သခင်ယေရှုက မဿဲ ၆:  ၃၄ မှာ " ယခုနေ့၌ ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့အဖို့ လောက်ပေ၏။ " တနည်းပြောရရင် မနက်ဖန်ကို ချေငှါး မသုံးနဲ့ လို့ ပြောတာပါ။

စိုးရိမ်တယ်ဆိုတာဟာ ဒီနေ့ရဲ့ အားအင်တွေကို မနက်ဖန်အတွက် ကြိုသုံးပစ်လိုက်တာပဲ လို့ အကြံပြုကြတယ်။

ဆိုရိုစကားလေးတခွန်း ဖတ်ဖူးတယ်။ "Yesterday is a canceled check; tomorrow is a promissory note; today is the only cash you have, so spend it wisely." " ပြီးခဲ့တဲ့နေ့ဟာ ပယ်ဖျက်လိုက်တဲ့ ချက်လက်မှတ်၊ မနက်ဖန်ဆိုတာကတော့ ဂတိပေးထားတဲ့ စာရွက်၊ ဒီနေ့ဆိုတာကမှ ကိုယ်ပိုင်တဲ့ ကိုယ့်လက်ထဲကငွေ၊ ပညာသတိနဲ့ သုံးရမယ် " လို့ ဆိုတယ်။

မိတ်ဆွေတယောက်က မေးဖူးတယ်။ "ဆင်တကောင်ကို ဘယ်လိုစားရမလဲ သိလား "
" မသိဘူး " လို့ ကျွန်တော်ဖြေတယ်။
သူက ပြုံးပြီးတော့ " တခါစားရင် တကိုက်ပဲ စား " "One bite at a time." တဲ့။

ဘုရားကျောင်း ဆိုင်းဘုတ်တခုမှာ ဖတ်ဖူးတာတခုရှိတယ်။ " တဂိုက်ချင်း သွားရတာ ခက်တယ်။ တလက်မချင်း သွားရတာက လွယ်တယ် " လို့ ဆိုတယ်။

တရားဟော ၃၃: ၂၅ မှာပါတဲ့ သမ္မာကျမ်းစာရဲ့ ဂတိတော်ကတော့ " သင်၏ နေ့ရက်ကာလ ဖြစ်သည့်အတိုင်း သင့်အစွမ်းသတ္တိ ဖြစ်လိမ့်မည်။ " " …. And as thy days, so shall thy strength be. "

Dr. Tom Malone တခါကပြောဖူးတယ်။ သင့်ခွန်အားတိုးသလောက် သင့်နေ့ရက် တိုးပွါးမယ်လို့ မပြောလို့ ဝမ်းသာလိုက်တာလို့ ဆိုတယ်။

No comments:

Post a Comment