Monday, September 13, 2010

ပျားရည် နဲနဲ ယူသွားပါ

ချမ်းအေးလှတဲ့ နိုဝင်ဘာတရက်မှာ  တရားသူကြီးတဦးဟာ အမှုတခုကြားနာစီရင်ဖို့ တရားရုံးကို သွားပါတယ်။ ကုန်လှောင်ရုံကြီးတခုနားအရောက် ကလေးငယ်တယောက်က "သတင်းစာတွေ၊ သတင်းစာတွေ " လို့အော်နေတာ မြင်ရပါတယ်။  သူ့ခမျာ ချမ်းနေအေးနေပေမယ့် " ဆရာ၊ သတင်းစာ ဝယ်ပါဦး ခင်ဗျာ " လို့အော်ပြောနေဆဲပါပဲ။
 တရားသူကြီးက မေးတယ်။ " မင်း ဖေဖေ ဘာလုပ်လဲ သား "
" ကျွန်တော်မှာ အဖေ မရှိပါဘူး။ "
ဒါနဲ့ တရားသူကြီးက မေးပြန်တယ်။ " မင်းမေမေကော ဘာလုပ်သလဲ သား "
" မေမေက အဝတ်လျှော်ပါတယ်။ ဒါပေမယ့် နေမကေင်းတာ ကြာပါပြီ။ ကျွန်တော် လုပ်နိုင်သမျှ အကုန် လျှောက်လုပ်နေတာပါ။ ဒါပေမယ့် တခါတလေ သိပ်အေးလွန်းတော့ သတင်းစာ အကုန်မရောင်းရတာပါ။ "
တရားသူကြီးက မေးတယ်။ " သားမှာ ဘယ်နှစ်စောင် ကျန်သေးလဲ။ "
" ရှစ်စောင်ပါ။ "
" ဦး အကုန်လုံး ယူမယ် " လို့  တရားသူကြီးက ပြောလိုက်ပါတယ်။ အိတ်ဆောင် စာအုပ်ကလေးကို ထုတ်ပြီတော့ ပိုက်ဆံတချို့ ထုတ်ပေးလိုက်တယ်။ ရှစ်စောင်ဖိုးထက် မကဘူး။
" ကဲ၊ သား အိမ်ပြန်တော့။ ခြေထောက်တွေ နွေးနွေးထွေးထွေးထား။ မနက်စာလည်း စားလိုက်။ မင်း မချမ်းဘူးလား။ " လို့ ပြောလိုက်တယ်။
ကလေးက " ကျွန်တော် ချမ်းတာက " လို့ပြောရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာပါတယ်။ တရားသူကြီးကို မော့ကြည့်ရင်း " ဦးနဲ့ မတွေ့ခင်ကပါ၊ အခုတော့ ကျွန်တော် မချမ်းတော့ပါဘူး။ " လို့ ပြောတယ်။
အဲဒီ နည်းနည်းပါးပါး အကြင်နာကလေးဟာ နောင် ကိုယ်မတွေ့ရတော့မယ့်၊ မသိရတော့မယ့် သူတယောက်ကို အကြီးအကျယ် ဝမ်းမြောက်စေနိုင်တယ်။ နောင်မှာ တရားဟောဆရာကြီးတပါး ( သို့ ) သမ္မတ တယောက်ဖြစ်လာအောင် လူတယောက်ကိုတခုခု ပေးနိုင်ပါတယ်။
( From " Take a little honey with you " by Dr. Harvey H. Springer , 1907- 1962 )


                 တည… မူးဒီအသင်းတော်က သင်းထောက်တယောက် ဘုရားကျောင်းက ပြန်လာတယ်။ သုညအောက်အထိ အေးခဲနေချိန်ပါ။ ကလေးတယောက် ဖိနပ်မပါဘဲ ချိုင်းထောက်ကို အားပြုရင်း သတင်းစာရောင်းနေတာ တွေ့လိုက်ရတယ်။ အိပ်ကပ်ကို နှိုက်ကြည့်တော့ ရှိသမျှကို အထူးအလှူငွေအတွက် ပေးခဲ့ပြီးပြီ။ ပန်းသီးတလုံးတော့ ရှိတယ်။ အိပ်ကပ်ထဲက ပန်းသီးကို ထုတ်ပေးလိုက်တယ်။ ခဏ စကားပြောပြီးတော့ ကလေးကို သူ့အိမ်ရှိရာ ခေါ်လာခဲ့တယ်။
                နောက်တော့ အဲဒီကလေးဟာ မူးဒီအသင်းတော်မှာ ကယ်တင်ခြင်းရပြီး၊ လူချမ်းသာတယောက်အဖြစ် ကြီးပြင်းလာတယ်။ သူဟာ Sunday post စာစောင်အရ အာမခံကုမ္ပဏီတခုကို ဒေါ်လာ ၅၃ သန်းနဲ့ ရောင်းချခဲ့သူပါ။ သူ့ရဲ့ ဆယ်ဖို့တဖို့ အလှူငွေနဲ့ ကမ္ဘာတဝန်းက သာသနာပြုဆရာတွေကို ထောက်ပံ့ခဲ့တယ်။
               ကောင်ကလေးကို ကူညီခဲ့တဲ့လူဟာ သူ့ကျန်းမာရေးကြောင့် Phoenix ဖီးနစ်မြို့ကို ပြောင်းခဲ့တယ်။ အဲဒီမြို့မှာ သူ့ရဲတိုက်ကြီးကို တွေ့နိုင်ပါတယ်။ အဲဒီရဲတိုက်ကြီးကို ကလေးလေး တဖြစ်လဲ Mr. Johnson ဆောက်တာပါ။ Pepsi Cola အချိုရည်ဟာ သူထုတ်တာပါ။ နိုင်ငံခြား တိုင်းပြည်တခုရောက်တိုင်း၊ အဲဒီတိုင်းပြည်ရဲ့ ဘာသာစကားနဲ့ ကျမ်းစာ ဘာသာပြန်ထားတာ တွေ့ရရင်၊ ဘာသာပြန်ကျမ်းစာ ၁၀၀ မှာ ၉၉ ကျမ်းလောက်ဟာ Mr. Johnson ပေးလှူခဲ့ အဖွဲ့အစည်းအားဖြင့် ဖြစ်လာတာပါ။ ရေဒီယိုမှာ Charles Fuller နှစ်ပေါင်းများစွာ တရားဟောအလုပ် ဆက်လုပ်နိုင်တာ အံ့သြစရာပါ။ တနင်္လာမနက်တိုင်းမှာ  Mr. Johnson ရယ်၊ သူ့ဇနီး (ဒါမှမဟုတ်) သူ့သမီးတို့ဟာ Mr. Fuller ရဲ့ ရုံခန်းကိုသွားပြီး၊ "ဒီနေ့၊ ဆရာ ဘာလိုသလဲ" လို့ မေးတယ်။ ပြီးရင် ချက်လက်မှတ် ထုတ်ပေးပါတယ်။ ရေဒီယိုအတွက် ပေးစရာတွေ အမြဲပေးနိုင်ခဲ့တယ်။ Mr. Johnson အသက်ရှင်ချိန်တလျှောက်လုံး သူတို့မှာ ဘာတခုမှ မလိုအောင် ဖြည့်ပေးခဲ့တယ်။
               ဒါတွေအားလုံးရဲ့ အစက ဘာလဲ။ အကူအညီလိုအပ်နေတဲ့ ချိုင်းထောက်နဲ့ ကောင်ကလေးကို သင်းထောက်တယောက်က ရှီကာဂြိုမို့လမ်းမပေါ်မှာ အကြင်နာ ပျားရည် ပေးခဲ့တာပါပဲ။      ။
"Take a little honey with you"  by Dr. Harvey H. Springer ( 1907- 1962)

No comments:

Post a Comment