Friday, September 3, 2010

Love your Enemy - Son of Hamas ရန်သူကိုပင် ချစ်ပါ

Son of Hamas  သူ့အကြောင်းက စိတ်ဝင်စားစရာကောင်းပါတယ်။ နာမည်က Moseb Hassan Yousef ။ ပါလက်စတိုင်းဒေသ အနောက်ဖက်ကမ်းခြေကပါ။ အဖေက Hamas အဖွဲ့ကို တည်ထောင်ခဲ့သူတွေထဲက တယောက်။ အစ္စရေးတွေရဲ့ ဖမ်းဆီး၊ နှိပ်စက်၊ အကျဉ်းချခံရပြီးနောက်၊ ဟားမတ်စ်တွေကလည်း အချင်းချင်း ပြန်နှိပ်စက်တာတွေ မြင်လာတဲ့နောက်မှာ အစ္စရေး ထောင်လှမ်းရေး Shin Bet အဖွဲ့ အတွက် S-p-y လုပ်ဖို့ သဘောတူခဲ့ပါတယ်။ သူ့ကို Green Prince အစိမ်းရောင် မင်းသားကလေးလို့ လျှို့ဝှက်နာမည်နဲ့ ခေါ်ခဲ့ကြပါတယ်။

အဲဒီနောက် သမ္မာကျမ်းစာကို စတင် လေ့လာခဲ့ပါတယ်။ မဿဲ ၅: ၄၃- ၄၅ မှာ ပြောတဲ့ သခင်ယေရှုရဲ့ စကားကို စွဲလန်းသွားတယ်။ " ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ ဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသောငှါ၊ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ "  ခရစ်ယာန်မဖြစ်သေးပေမယ့် ဒီစကားတွေက သူ့ဘဝကို အစ္စရေးတွေအတွက် S-p-y လုပ်ရင်း၊ သူ့အဖေအတွက်လည်း ကာကွယ်ပေးဖို့ ဖြစ်လာစေခဲ့တယ်။ နောက်ပိုင်းမှာ သူ ခရစ်ယာန် ဖြစ်လာခဲ့တယ်။ သူ့ရဲ့ အင်္ဂလိပ်နာမည်ကတော့ Joseph ပါ။ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းဖို့ သူ့ အမြင််ကတော့  " ရန်သူကို ချစ်ပါ " " Love your enemies " ဖြစ်ပါတယ်။   

   


ဥရောပရဲ့ ဖိနှိပ်မှုခံခဲ့ရတဲ့ အစ္စရေးဟာ ပါလက်စတိုင်းကို ဖိနှိပ်လာတယ်။ ဖိနှိပ်ရာက လွတ်လာတဲ့ မူဆလင်ဟာ ဖိနှိပ်သူဖြစ်လာပြန်တယ်။ အဲဲဒီတော့ တကယ့် ရန်သူအစစ်က ကိုယ့်အထဲမှာပါ။ ပါလက်စတိုင်း ပြဿနာကို အဖြေမရှာနဲ့ဦး။ တယောက်နဲ့ တယောက် အရင်ဖက်ရဲဖို့ ကြိုးစာပါဦးလို့ သူကဆိုပါတယ်။  အဖြေက သမ္မာတရား၊ ချစ်ခြင်းမေတ္တာနဲ့ ခွင့်လွှတ်ခြင်းပါတဲ့။ သူဟာ အခုတော့ ကယ်လီဖိုးနီးယားမှာ နေပြီး၊ နှစ်ခြင်းအသင်းတော်တပါးမှာ ပါဝင်နေတယ်။ သူဟာ အမေရိကန် စာရေးဆရာတယောက်ရဲ့ အကူအညီယူပြီး သူ့အကြောင်းကို Son of Hamas ဆိုတဲ့ စာအုပ်အဖြစ် ထုတ်ဝေလိုက်တယ်။ စာအုပ်တန်ဖိုးက ၂၆.၉၉ ဒေါ်လာပါ။  www.sonofhamas.com ဆိုတဲ့ Website ကိုလည်း တင်ထားတယ်။ အဲဒီမှာ စာအုပ်ရဲ့ အခန်း ၁ ကို စာဖိုင်အပြင်၊ အသံဖိုင်ပါ ရနိုင်တယ်။ ဒီအပြင် သူနဲ့ Dr. Jack Schaap   ရဲ့ တနာရီ ၁၅ မိနစ်စာ အင်တာဗြူး အသံဖိုင်ကိုလည်း အခမဲ့ ရနိုင်တယ်။

ဒီကြားထဲ အရေးထဲ အရာပေါ်တာကတော့ အမေရိကန် Homeland security ဌာနပါပဲ။ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီးသူ့ကို ပြည်နှင်ဒဏ်ပေးချင်နေတယ်။ ပြည်နှင်ဒဏ်ပေးရင်တော့ သူ့ကို ဟိုရောက်ရင် သတ်ကြမှာပဲ။  အမှန်က သူရောက်လာတာ မသိကြပဲ၊ သူကိုယ်တိုင် သွားရောက်သတင်းပို့မှ သိကြတာကို ရှက်ရမ်းရမ်းတာလို့ ဆိုပါတယ်။ သူကတော့ " ဒါဟာ အခု အချိန်မှာ မဖြစ်သင့်သေးဘူး။ ဒါပေမယ့် ကျွန်တော့်နိုင်ငံကို ကျွန်တော် ချစ်ပါတယ်။ ကျွန်တော့် လူမျိုးကို ကျွန်တော် ချစ်ပါတယ်။ ကျွန်တော့် မိဘ ညီအကို မေင်နှမတွေက အဲဒီမှာပါ။ ကျွန်တော် သိပ် သတိရပါတယ်။ ကျွန်တော် ပုန်း ရှောင်ဖို့ မကြိုးစားဘူး။ ကျွန်တော် လုပ်နေတာကို ကျွန်တော်ယုံကြည်တယ်။ ဟိုတုန်းကတောင် မှားတဲ့ ရည်ရွယ်ချက်တွေနဲ့ သေသွားနိုင်တာပဲ။ အခု မှန်ကန်တဲ့ ရည်ရွယ်ချက်အတွက် အသက်ပေးရမယ်ဆိုရင်လည်း ပေးပါမယ် " လို့ ဆိုတယ်။

No comments:

Post a Comment