Monday, June 7, 2010

JOKES - ဟာသ

ပိုတာပေါ့
ကလေးနှစ်ယောက် သူ့အဖေတော်တယ်၊ ငါ့အဖေတော်တယ်နဲ့ အပြိုင် ငြင်းနေတယ်။
Billy - ဘေးလီ ။  ။ အတ္တလန်တိတ် သမုဒ္ဒရာကို သိတယ်နော် ? ။ အေး၊ အဲဒီ သမုဒ္ဒရာဖြစ်ဖို့ ငါ့အဖေက ဂွက်ကြီး တူးခဲ့တာကွ။
Gerry - ဂယ်ရီ ။  ။ ဒါ ဘာဟုတ်သေးလို့လဲ ? ။ ပင်လယ်သေဆိုတာ သိသလား?။  အေး၊ အဲဒီ ပင်လယ်ကို သေအောင် သတ်ခဲ့တာ ငါ့အဖေကွ။       ။

ထူးခြားတဲ့ ကပြားခွေး
" မင်းခွေးက ဘာအမျိုးလဲ " လို့ လမ်းဖြတ်သွားသူတယောက်က  အမျိုးအမည်မတပ်ထားတဲ့ ခွေးကိုကြည့်ပြီး၊ ခွေးပိုင်ရှင် ကလေးငယ်ကို မေးတယ်။
" ဂျာမန် ရဲ ခွေးပါ " လို့ ခပ်ကြွားကြွားဖြေတယ်။
" သိပ်မတူဘူးကွ " လို့ မှတ်ချက်ချတဲ့အခါ - - -
" သူက စ ပိုင် ခွေးလေ " လို့ အတည်ပေါက် ပြန်ဖြေတယ်။        ။

နားရွက်မီးလောင်သူ
နားရွက်မီးလောင်ထားတဲ့သူတယောက် ဆရာဝန်ထံ သွားတယ်။
" ဘာဖြစ်သလဲ " လို့ ဆရာဝန်က မေးတယ်။
" အော်၊ ကျွန်တော်က မှာ ဘောလုံးပွဲကြည့်နေတုန်း၊ ကျွန်တော့် အမျိုးသမီးက မီးပူတိုက်နေတယ်။ သူက မီးပူကို တယ်လီဖုန်းနားမှာ ချထားတယ်။ တယ်လီဖုန်းမြည်တော့ ကျွန်တော်က မီးပူကို ကောက်ကိုင်ပြီး ထူးမိတာပါပဲ။
ဆရာဝန်က ခေါင်းငြိမ့်တယ်။ " ဒါပေမယ့် ကျန်တဲ့ နားတဖက်က ဘယ်လိုဖြစ်တာလဲ ? "
" ဖုန်းချလို့မှ ဘာမှမကြာသေးဘူး ဆရာရယ်၊ အဲဒီလူက ဖုန်းထပ်ခေါ်တယ်ဗျာ။   ။

အနားယူရမှာပါ
  ဆရာဝန် ။   ။ ကျွန်တော် သေသေချာချာ စစ်ဆေးပြီးပါပြီ။ ခင်ဗျား အနားယူဖို့ပဲ လိုတာပါ။
အမျိုးသမီး ။   ။ ဒါပေမယ့် ကျွန်မမှာ ဆေးလိုတယ်။ ကျွန်မ လျှာကို ကြည့်ကြည့်ပါ ဆရာ။
  ဆရာဝန် ။   ။ အင်း၊ အဲဒီလျှာလည်း နားဖို့ လိုတယ်။     ။

ဖါရောဘုရင် စစ်မြင်းရထားစီးပြီး အပြန် -
Pharaoh Coming Home From A Chariot Ride
John Jasper ရဲ့ ဟောပြောပုံက အသက်ပါတယ်။ သမ္မာကျမ်းစာထဲက သူရဲကောင်းတွေနဲ့ လူဆိုးတွေဟာ သူ့ဒေသနာကြောင့် စင်မြင့်တလျှောက် ဖြတ်လျှောက်လာသလို ထင်ရစေတယ်။ စစ်မြင်းရထားစီးပြီး ပြန်တဲ့ ဖါရောဘုရင်အကြောင်း ပြောပြပုံကလေးကတော့ - - - -

" နန်းတော်တခုလုံး ဖါးတွေနဲ့ ပြည့်နေပြီ။ ဖါရောဘုရင်ရဲ့ စစ်ခြေထောက်သံဟာ ကျောက်သလင်း ကြမ်းပြင်ပေါ်မှာ ညံသွားတယ်။ ဖါးတွေကတော့ ပတ်ချာလည်မှာ အပြည့်ပဲ။ အကောင်းစား ထိုင်ခုံတွေပေါ်မှာ၊ တန်းလျားရှည်တွေပေါ်မှာ၊ စန္ဒယားကြီးပေါ်မှာ၊ ဟ - ဟ -ဟ ၊ ဖါးတွေက မုန့်တွေအပေါ်မှာ ကစားနေကြ၊ အသားတုံးတွေအပေါ်မှာ ဝပ်နေကြပြီ။ ဖါရောက ရှုပ်ရှက်ခပ်နေတဲ့ အခြေအနေကို တုတ်တချောင်းနဲ့ ရှင်းဖို့   ကြိုစားတယ်။ ဖါးတကောင်ကို ရိုက်ပစ်တယ်။ အဲဒီအချိန်မှာ သူ့မိဖုရားက အကြီးအကျယ် အော်ပြောလာတယ်။ " ဖါရောမင်း - - - ဒီဖါးကြီးတွေကို ရှင်ဘာမှ မလုပ်နိုင်ရင်၊ ကျွန်မ အမေ့အိမ်ပြန်တော့မယ်"  ။        ။

 ဝန်မခံချင်သူ
လူတယောက်က တောထဲမှာ ဦးတည်ရာမဲ့ လျှောက်သွားနေသူတယောက်ကို တွေ့တော့ " ခင်ဗျား၊ လမ်းပျောက်နေသလား " လို့မေးတယ်။ အဲဒီလူက " မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော် လမ်းမပျောက်ဘူး။ အိမ်ပျောက်နေတာပါ။ " တဲ့။   အဖြစ်မှန်ကို ဝန်မခံချင်တဲ့ အပြစ်သားရဲ့ သဘာဝတမျိုးပါပဲ။     ။

ဆင်သားစားနည်း
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ပြည်နယ်က စီးပွါးရေးသမားတယောက်က " ဆင်တကောင်ကို ဘယ်လိုစားရမလဲ" လို့ မေးတယ်။
" မသိဘူး " လို့ ဖြေတော့ -
" တခါစားရင်၊ တကိုက်ပဲ စား " တဲ့ ။         ။

လုပ်ပုံက
အိမ်နီးချင်း။       ။ မင်းရဲ့သားက ဖျော်ရည်ဆိုင် ဖွင့်လို့ပါလား ?
ဖခင် ။         ။   အေး၊ အစိုးရ လို ပေါ့ကွာ။ သူ့အမေက သံပရာသီးနဲ့ သကြားစိုက်ရတယ်။ ငါကတော့ သူလိုတာ ပြေးဝယ်ပေးရတာပေါ့။        ။

အလုပ်ရှုပ်လွန်းသူ
အလုပ်များနေသော အရာရှိ။       ။  ငါ့ခဲတံ ဘယ်မှာပါလိမ့် ?
အတွင်းရေးမှူး။      ။ ဆရာ့နား နောက်မှာပါ။
အရာရှိ။       ။ ကဲ - လာပါဦးကွယ်။ မင်းသိတဲ့အတိုင်း ငါသိပ်အလုပ်ရှုပ်နေတာဆိုတော့။ ဘယ်ဖက်နားပါလိမ့်ကွာ။        ။

သခင်ယေရှုကြွလာချိန်မှာ သင်ဘာလုပ်နေချင်သလဲ ?
What Would You Like to Be Doing When Jesus Come?
ခရစ်ယာန်ဖခင်တယောက်က သခင်ဘုရားဟာ တနေ့မှာ သူချစ်တဲ့သူတွေကို ကောင်းကင် အရောက် ခေါ်ဆောင်ဖို့ ကြွလာလိမ့်မယ်လို့ သူ့သားသမီးတွေကို ပြောပြနေတယ်။ စောင့်မြော်နေရင်း သူတို့အသက်တာကလေးတွေမှာ အကျိုးရှိစေဖို့အတွက်  သခင်ယေရှုကြွလာရင် ဘာလုပ်နေချင်သလဲလို့ တယောက်ချင်းကို မေးလိုက်တယ်။

အကြီးဆုံးသားက ထင်းကောက်နေချင်တယ် .. တဲ့။
နောက်တယောက်က အိမ်စာလုပ်နေချင်တယ်။
သမီးအကြီးက ပန်းကန်တွေ ဆေးနေချင်တယ်။
ဒါပေမယ့် သမီးငယ်ကလေးကတော့ ငိုနေချင်သတဲ့။
"သခင်ယေရှုကြွလာတာဟာ ငိုစရာမဟုတ်ဘူး သမီးရဲ့ " လို့ အဖေကပြောတော့ ....
" ဟုတ်တယ်လေ၊ ဖေဖေရဲ့။ ဒါမှ - သခင်ယေရှုက သမီးရဲ့ မျက်ရည်တွေကို သုတ်ပေးနိုင်မှာပေါ့။ " လို့ ပိုင်ပိုင်နိုင်နိုင် ဖြေပါတယ်။
--   From Listen, July 1981.

နားလည်အောင် ပြောပြပြန်တော့
မိခင်က သူ့သမီးငယ်ကလေးကို Dr. H. A. Ironside အကြောင်း မကြာခဏ ပြောပြတယ်။ ထူးခြားတဲ့ တရားဟောဆရာကြီး  A great preacher လို့ ပြောပြတယ်။ တနေ့ သမီးငယ်လေးဟာ Dr. Ironside ရဲ့ တရားပွဲကို သွားတယ်။ ဟောနေကြအတိုင်း ရိုးရိုးပဲဟောတယ်။ ဘုရားကျောင်းမှ အပြန်မှာတော့ " မေမေ၊ မေမေပြောတော့   Dr. Ironside က အရမ်းထူးခြားတဲ့ တရားဟောဆရာကြီးတဲ့။ ဘာမှလည်း မထူးခြားပါလား မေမေရယ်။ သူပြောနေတာတွေ သမီး အားလုံးနားလည်လိုက်တာပဲ။ " လို့ ပြောလာတယ်။

နောက်ပိုင်း ဒီအကြောင်း ပြောမိကြတဲ့အခါ Dr. Ironside က " ကျွန်တော်ကို ချီးကျူးတဲ့ စကားတွေထဲမှာ ဒီစကားက အကောင်းဆုံးပဲဗျာ "  လို့ ပြောဖူးပါတယ်။      ။

ရုပ်ရှင်မင်းသမီးနဲ့ ဒေါက်တာ မေယို   Actress versus Dr. Mayo
ရုပ်ရှင်မင်းသမီး ဘေးလီ ဘတ်ခ်ဟာ အတ္တလန်တိတ်သမုဒ္ဒရာခရီးစဉ်မှာ ပျော်ရွှင်ကြည်နူးနေတုန်း နောက်က စားပွဲမှာ လေးစားဖွယ် လူတယောက် အအေးမိတဲ့ ဝေဒနာကို အပြင်းအထန် ခံစားနေရတာကို သတိပြုမိသွားတယ်။
" မသက်သာဘူးလား " လို့ မင်းသမီးက ကြင်ကြင်နာနာ မေးတယ်။
အဲဒီလူက ခေါင်းငြိမ့်ပြတယ်။
"ဘာလုပ်ရမယ်ဆိုတာ ကျွန်မ ပြောပြမယ်။ ရှင့်အခန်းကို ပြန်။ လိမ်မော်ရည် များများသောက်။ အက်စပရင် ၅ ပြား သောက်။ ရှိသမျှစောင်တွေ ယူခြုံလိုက်။ ဒါဆို အချမ်းပျောက်ပြီး ချွေးထွက်လာမယ်။ ကျွန်မက နားလည်လို့ ပြောတာနော်။ ကျွန်မက ဟောလိဝုဒ်က ရုပ်ရှင်မင်းသမီး ဘေးလီ ဘတ်ခ်ပါ " လို့ ပြောပါတော့တယ်။
အဲဒီလူက ရင်းရင်းနှီးနှီး ပြုံးပြပြီးတော့ ပြောပါတယ်။ " ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် မေယို အထူးကုဆေးခန်းကြီးက  ဒေါက်တာ မေယို ပါ။"      ။         ။  :)

No comments:

Post a Comment