Wednesday, August 4, 2010

Curtis Hutson, Biography (Burmese)

Curtis Hutson  ကားတစ် ဟတ်ဆန် 

1934 - 1995       ၁၉၃၄ - ၁၉၉၅

"လူအများက သခင်ယေရှု အသေခံဖို့ လိုတယ်၊ ဒါပေမယ့် မလုံလောက်ဘူးလို့ သွန်သင်ကြတယ်။ ဒါပေမယ့်  ကိုယ့်ကိုကိုယ် ကယ်နိုင်အောင် ကူညီဖို့ သခင်ယေရှု ကြွလာရတာမဟုတ်ဘူး။ အပြစ်သားတွေကို ကယ်ဖို့ လာရတာပါ။ စရံပေးတာ မဟုတ်ဘူး။ " ငါတော့ ပေးပြီးပြီဟေ့၊ မင်း ဆက်ပေးပေတော့" လို့ မပြောဘူး။ အကြေဆပ်ခဲ့တာပါ။ ကိုယ့်ကိုကိုယ် ကယ်တင်နိုင်မယ့် နည်းလမ်းကို မြင်အောင်ပြဖို့ ကြွလာခဲ့တာ မဟုတ်ဘူး။ ကယ်အောင်လာခဲ့တာ။ ကိုယ့်ကိုကိုယ် ကယ်ဖို့ မကြိုးစားနဲ့၊ လက်လွှတ်ထားလိုက်၊ မထိနဲ့။ ပေးတဲ့အတိုင်း လက်ခံလိုက်။ တန်ခိုးကြီးတဲ့ ဘုရားသခင်က လက်ဆောင်အဖြစ် ပေးနေတယ်။ ယူထားလိုက်ပါ။" 

၁၉၆၁ ခုနှစ်မှာ စာပို့ ဝန်ထမ်းဘဝနဲ့ အသင်းတော် သေးသေးကလေးမှာ သင်းအုပ်ဆရာလုပ်ရင်း Sword of the Lord Conference ကိုတက်ရောကပြီး၊ စိတ်ထက်သန်လာတယ်။ အလုပ်ထွက်ပြီး ဝိညာဉ်ကယ်တင်ရေးတွေ လုက်ဆောင်ဖို့ စတင်ခဲ့တယ်။ သူ့ရဲ့ Forrest Hills Baptist Church of Decatur, Georgia ဟာ အသင်းသား ၄၀ ကနေ ရ,၉၀၀ အထိဖြစ်လာပါတယ်။ ၁၉၇၂ မှာတော့ အမေရိကန်ပြည်ရဲ့ Sunday school အမြန်ဆုံး တိုးပွါးနေတဲ့ အသင်းတော်အဖြစ် အသိအမှတ် ပြုခံရတယ်။ အဲဒီမှာ သင်းအုပ်အဖြစ်လုပ်ခဲ့တဲ့ နောက်ဆုံး ၄ နှစ်တာမှာတော့ Georgia ဂျော်ဂျီယာပြည်နယ်ရဲ့ အကြီးမားဆုံး Sunday school ဖြစ်လာတယ်။

သင်းအုပ်အဖြစ်နဲ့ ၂၁ နှစ် အကြာမှာ Dr. Hutson ဆိုတဲ့ တကယ် သက်သေခံတဲ့ the great soul winner ဟာ တတိုင်းပြည်လုံးအတွက် လုပ်ဆောင်ချင်လာတဲ့အခါ ဧဝံဂေလိလုက်ငန်းမှာ အချိန်ပြည့် ပါဝင်လာတယ်။ အမေရိကန်ပြည်ရဲ့ အသင်းတော်ကြီးတချို့မှာ မြို့တွင်း၊ ဒေသတွင်း နိုးထမှုဖြစ်အောင် ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။ ဝတ်ပြုစည်းဝေးတခုထဲမှာ လူ ၆၂၅ ယောက် ခရစ်တော်ကို အားကိုးခဲ့ကြတယ်။ ဂ ရက်ကြာ စည်းဝေးတခုမှာတော့ ၁,၅၀၂ ယောက် ကယ်တင်ခြင်းအတွက် ဆုံးဖြတ်ချက် ချကြတယ်။

Dr. John R. Rice က တောင်းဆိုတာကြောင့်  Dr. Hutson ဟာ ၁၉၇၈ မှာ THE SWORD OF THE LORD မဂ္ဂဇင်းရဲ့ တွဲဖက် အယ်ဒီတာ ဖြစ်လာတယ်။ ၁၉၈၀ ခု  Dr. Rice ကွယ်လွန်ချိန်အထိ အားထုတ် လုပ်ဆောင်ခဲ့တယ်။ Dr. Rice သေချိန်မှာ   Dr. Hutson ဟာ the Sword of the Lord Foundation ရဲ့ ဥက္ကဌ Sword of the Lord Conferences ရဲ့ ဒါရိုက်တာ ဖြစ်လာတယ်။. Dr. Hutson ဟာ the Sword ministries ရဲ့ ဦးဆောင်သူအဖြစ်နဲ့ပဲ ၁၉၉၅၊ မတ်လမှာ ကွယ်လွန်တယ်။ တရားဟောဆရာတွေ၊ အသင်းသားတွေ ထောင်ချီပြီး ပြောင်းလဲသလို၊ ခရစ်တော်ထံ ထောင်ပေါင်းများစွာ ရရှိ ပြောင်းလဲကြတယ်။

အယ်ဒီတာအနေနဲ့ Dr. Hutson ဟာ အပေးအယူ မလုပ်တဲ့လမ်းကို ရဲရဲကြီး လျှောက်ခဲ့သူပါ။ liberals and modernists လစ်ဘရယ်နဲ့ မော်ဒန်းနစ်တွေကို ဆန့်ကျင်ပြီး fundamentalists ဖန်ဒါမင်တာလစ် ( မူရင်းတရားမြတ်နိုးသူ)တွေအတွက် ထိရောက်အောင် အမှားကင်းကင်းနဲ့ ရှင်းရှင်းလင်းလင်း ဟောပြောခဲ့တယ်။

ဖန်ဒါမင်တာလစ် တယောက်အနေနဲ့ သမ္မာကျမ်းစာကို မူရင်းမှာ မှုတ်သွင်းရေးသားထားခြင်း၊ အပျိုကညာမှ ဖွါးမြင်ခြင်းနဲ့ ခရစ်တော်ရဲ့ ဘုရားဇာတိ၊ အပြစ်အတွက် ကိုယ်စားအသေခံပေးခြင်း၊ ခန္ဓာနဲ့ တကွ ရှင်ပြန်ထမြောက်ခြင်း၊ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရခြင်း၊ ခရစ်တော် ဒုတိယအကြိမ် ကိုယ်ခန္ဓာနဲ့တကွ ကြွလာခြင်း စတဲ့ အဓိက ယုံကြည်ခြင်းတရားတွေကို ကိုင်စွဲခဲ့တယ်။ သီးခြားရပ်တည်ခြင်းကို ဒေသနာရော၊ လူကိုယ်တိုင်ပါ ကျင့်သုံးတယ်။

Sword Conference ရဲ့ ဒါရိုက်တာအဖြစ်နဲ့လည်း အောင်မြင်တဲ့ သင်းအုပ်ဆရာ အများအပြားကို Sword Conference ရဲ့ အကျိုးဆက်အဖြစ် မြင်တွေ့ရတယ်။

Dr. Hutson မှာ ဆွဲဆောင်မှုရှိတဲ့ တရားဟောဟန် ရှိတယ်။ ပုံဥပမာပေးရာမှာ တော်ပြီး၊ ဟာသညဏ်ကောင်းတယ်။ ကယ်တင်ခြင်းကို ရှင်းရှင်းလင်းလင်း အဟောကောင်းတာကြောင့် ဧဝံဂေလိဆရာအဖြစ်၊ စည်းဝေကြီး တရားဟောဆရာအဖြစ် အတော် ဖိတ်ကြားခံရတယ်။ အပြစ်သားတွေကို ဆွဲဆောင်ရာမှာ တော်ပြီး၊ ပိုက်ဆွဲကျွမ်းတဲ့ ဆရာလည်း ဖြစ်တယ်။ စည်းဝေတိုင်းမှာ လူ ဆယ်ဂဏန်းနဲ့ချီပြီး ခရစ်တော်ထံ ချဉ်းကပ်ကြတယ်။ သူ့တရားက ခရစ်ယာန်တွေကို ကယ်တင်ခြင်းအကြောင်းပြောဖို့ နိုးဆော်တယ်။ သူသေခါနီးအထိ ကယ်တင်ခြင်းအကြောင်းကို အားနည်းလွန်းလို့ မထိုင်နိုင်၊ စကားမပြောနိုင်ချိန်မှာပင် လေသံလေးနဲ့ တိုးတိုးလေး ကြိုးစားပြောခဲ့တယ်။

Dr. Hutson ဟာ စာအုပ်ကောင်း၊ စာအုပ်ကလေး အတော်များများကို ရေးခဲ့တယ်။ ကျယ်ကျယ်ပြန့်ပြန့် ပုံနှိပ်ရသလို၊ နိုင်ငံခြားဘာသာစကားတွေနဲ့လည်း ဘာသာပြန်ခဲ့ရတယ်။ 

Dr. Hutson မှာ ဇနီး Gerri နဲ့ သားသမီး ၄ ယောက်ကျန်ရစ်တယ်။ သမီး ၃ ယောက်၊ သားတယောက်၊ မြေးက ၁၄ ယောက်ပါ။ သမီး ၃ ယောက်လုံးက တရားဟောဆရာတွေနဲ့ အိမ်ထောင်ကျကြတယ်။ သားကတော့  the Middle Tennessee Baptist Church in Murfreesboro, Tennessee ရဲ့ သင်းအုပ်ဆရာ Dr. Tony Hutson ပါ။     ။

No comments:

Post a Comment