Thou shalt not seethe a kid in his mother's milk.
မြင်ယောင်ကြည့်လိုက်ပါ။ ဆိတ်သငယ်ကို အမိနို့ရည်နဲ့ ချက်စားတယ်ဆိုတာ တော်တော် ရက်စက်ရာကျပါတယ်။
ဒါပေမယ့် ဒီကျမ်းစာချက်ဟာ အစားအသောက်ကိုသာ ပြောတာမဟုတ်ပါဘူး။ လူတွေ စိတ်ကောင်း နှလုံးကောင်း ထားဖို့ကိုလည်း ပြောပြနေပါတယ်။ အစားအသောက်ထက် နည်းနည်းပို အရေးကြီးတဲ့ အကြောင်းအရာတွေ တကယ်ရှိနေပါတယ်။ ဆိတ်သငယ်ဆိုတာ အဓိကပြောချင်တဲ့အကြောင်းအရာရဲ့ အရိပ်မျှသာ ဖြစ်ပါတယ်။ ဆိတ်သငယ်က လူတယောက်ကို ပုံဆောင်တယ်ဆိုပါစို့။ အမိနို့ရည်ဆိုတာ သူကြီးပြင်းလာရတဲ့ ဆုံးမစကား၊ သင်ကြားခံယူရတာတွေ၊ အတွေးအခေါ်တွေ၊ ဘာသာတရားအသိတွေ ဖြစ်ပါတယ်။ လူတယောက်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ သူခံယူခဲ့ရတာတွေဟာ အတိုင်းအတာတခုအထိ ဆက်နွယ်နေပေမယ့် လုံးလုံးရောမွှေပစ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ အသိုင်းအဝိုင်းတခုထဲမှာ၊ ကျောင်းတကျောင်းထဲမှာ၊ ဘာသာတရားတခုထဲမှာ အတူကြီးပြင်းခဲ့ရပေမယ့် လူတယောက်နဲ့တယောက်ဟာ စိတ်သဘော တထပ်တည်းမကျနိုင်ပါဘူး။ ဒါကို အတူတူ တတန်းထဲ၊ တမျိုးထဲအဖြစ် ရောပစ်လိုက်တာဟာ မတရားပါဘူး။ စိတ်ထားနူးညံ့သူတိုင်း၊ အကြင်နာတရားရှိသူတိုင်း၊ သဘောထားကြီးမြတ်သူတိုင်း၊ ယဉ်ကျေးသူတိုင်း မလုပ်သင့်တဲ့အရာပါ။ သိပ်ရက်စက်တဲ့ စိတ်သဘောထားပါ။
ဒါကြောင့် လူတယောက်မှားတာနဲ့ သူ့ကိုးကွယ်တဲ့ ဘာသာတရားနဲ့ အသိုင်းအဝိုင်းတခုလုံးကို ရောအပြစ်တင်မယ်ဆိုရင် စိတ်ထားကြမ်းတမ်းလွန်းပါတယ်။ လူတယောက်က ပြစ်မှုတခုကို ကျူးလွန်တဲ့အခါမှာ လုပ်ဆောင်သင့်တာ အဓိက ၂ ခုရှိပါတယ်။
၁။ မြို့ပြဥပဒေအရ အရေးယူပါ။ သင့်တင့်မျှတတဲ့ ပြစ်ဒဏ်ဖြစ်ဖို့ကတော့ အရေးအကြီးဆုံးပေါ့။
၂။ တရားဥပဒေအရ အရေးယူပြီးတဲ့အခါမှာ သူပြစ်မှားသူဟာ တခြားလူမျိုး၊ တခြားဘာသာဝင် ဖြစ်နေရင် ထပ်လုပ်သင့်တာတခု ရှိပါတယ်။ ဥပမာ... ခရစ်ယာန်တယောက်က မူးယစ်ရမ်းကားခဲ့တယ် ဆိုပါစို့။ မြို့ပြဥပဒေအရ အရေးယူပြီးတဲ့အခါ သူတက်တတ်တဲ့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာထံကို မြို့အုပ်ချုပ်ရေးအရာရှိက သွားပြောပြနိုင်တယ်။ `သူ့ကို ပြစ်မှုနဲ့ တရားဥပဒေအရ အရေးယူထားပါပြီ။ သူက ဆရာ့ အသင်းသားလို့ ပြောပါတယ်။ ဒါကြောင့် သေရည်သေရက် ရှောင်ကြဉ်ဖို့၊ စိတ်နူးညံ့သိမ်မွေ့ဖို့၊ ပတ်ဝန်းကျင်ကို လေးစားဖို့ ၂လ၊ ၃လ လောက် ဆရာ့အသင်းတော် ဘုရားကျောင်းမှာ တရားဟောပေးပါဆရာ´ လို့ တောင်းပန်နိုင်ပါတယ်။ အဲဒီအခါ ဆရာကလည်း `ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော်လည်း ရှက်မိပါတယ်။ စိတ်ချပါခင်ဗျာ။ ကျွန်တော် ကြိုးစားသွန်သင်ပါမယ်´ လို့ ပြန်ပြောမှာပါပဲ။ ဒီနေရာမှာ အုပ်ချုပ်ရေး ၀န်ထမ်းက ဘာသာရေးသမားကို အာဏာလာပြနေတာမျိုးကို မလုပ်ရပါဘူး။ ဒါဟာ သိပ်ရိုင်းတဲ့အပြုအမူ ဖြစ်သွားပါလိမ့်မယ်။ အကူအညီတောင်းတာ၊ တောင်းပန်တာပဲ ဖြစ်သင့်ပါတယ်။ ဆရာကလည်း ကိုယ်တိုင်မလုပ်တဲ့ ပြစ်မှုအတွက် ကိုယ့်အသိုင်းအဝန်းကိုယ်စား စိတ်နှိမ့်ချ တောင်းပန်နေရတာပါ။ သူ့အသိုင်းအဝိုင်းကိုလည်း ဒီထက်ပိုကောင်းအောင် သူကြိုးစားနေရတာပါ။
တခါ ဗုဒ္ဓဘာသာဝင်တယောက် လိမ်လည်မယ်၊ လူသတ်မယ်ဆိုပါစို့။ သူကို တရားဥပဒေအရ အရေးယူပါ။ ပြီးရင် မြို့အုပ်ချုပ်ရေးအရာရှိက သူကိုးကွယ်တဲ့ကျောင်းကို သွားပါ။ ဆရာတော်ကို လျှောက်ပါ။ တပည့်တကာတွေကို မုသာဝါဒ ရှောင်ကြဉ်ဖို့၊ လူအသက်ကို မသတ်ဖို့ ၂လ၊ ၃လ လောက် တရားပြဖို့ တောင်းပန်ပါ။ ဆရာတော်ကလည်း ငြင်းမယ်မထင်ပါ။
မူဆလင်တယောက် မတရားပြုကျင့်မှုကို ပြုမိတဲ့အခါ တရားဥပဒေအရ အရေးယူပါ။ သူသွားလေ့ရှိတဲ့ ဗလီကိုသွားပါ။ ဗလီဆရာကို ကာမဂုဏ်ချုပ်တည်းခြင်းတရား၊ မိဘများက လူငယ်များ အရွယ်ရောက်တဲ့အခါ သင့်တော်ရာနဲ့ အိမ်ထောင်ချပေးဖို့၊ အပြစ်မှားခံရသူဟာ အရှက်တကွဲဖြစ်ရတဲ့အပြင် စိတ်ဒဏ်ရာကို ကာလကြာရှည်စွာ ခံစားရလို့ သနားစရာကောင်းတဲ့ အကြောင်းတွေ ၂လ၊ ၃လ လောက် ဟောပြောပေးဖို့ တောင်းပန်ပါ။ သူငြင်းမယ်မထင်ပါ။ ( ဒါတွေက ဥပမာပေးတာပါ။ ) - ဆိုလိုတာကတော့ လူတွေဟာ ကိုယ်အသိုင်းအဝန်းကို ကောင်းအောင် ပြင်ရ၊ တာဝန်ယူကြရမှာပါ။ လူသားတွေရဲ့ အကျိုးကို ပြုစုရမှာပါ။ သူတပါး ဘာသာကို မကောင်းကြောင်း ပြောနေတာဟာ အလုပ်မဟုတ်ပါ။ ရန်လိုနေခြင်းဟာလည်း တရားတကယ်မကျင့်တာကို ပြနေပါတယ်။
တခါတရံမှာ ကိုယ်နဲ့ ဘာသာတူတဲ့ လူတယောက် ကျူးလွန်မိတဲ့ အပြစ်အတွက် ဘာမှမဆိုင်တဲ့သူတွေ အရှက်ရနေ၊ ကြောက်ရွံ့ထိန့်လန့်နေရတာဟာ မဖြစ်သင့်တဲ့အရာပါ။ ရောပြီး အပြစ်ဒဏ်ခံရမယ်ဆိုရင်တော့ ဆိတ်သငယ်ကို အမိနို့ရည်နဲ့ ချက်သလို ဖြစ်နေပါပြီ။ ရက်စက်လွန်းရာကျမှာပါ။ ကိုယ့်အသိုင်းအဝိုင်းကို ကိုယ်ပြုပြင်ခြင်းအားဖြင့်သာ နေထိုင်ရတာ ပိုပြီး အဆင်ပြေတဲ့ လူအသိုင်းအဝိုင်းတခု ဖြစ်လာစေနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ဥပဒေသဘောမဟုတ်ပါ။ ဥပဒေက လူ့အသိုင်းအဝိုင်းအတွက် အခြေခံလိုအပ်ချက် စည်းကမ်းမျှသာ ဖြစ်ပါတယ်။ တကယ်တော့ အခြေခံထက်ပိုပြီး ကောင်းမွန်စွာ နေထိုင်နိုင်လေ ကောင်းလေပါပဲ။

No comments:
Post a Comment